၁၇) ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ စိစစ်မှုကို အချိန်တိုင်း လက်ခံလော့။ အရာခပ်သိမ်းတွင်၊ မိမိကိုယ်ကိုယ် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ သုံးသပ်ဆင်ခြင်လော့၊ သင်၏ စကားနှင့် လုပ်ရပ်တိုင်းကို နားလည်ပြီး သင်၏ စိတ်နှလုံးကို ဖွင့်ချလျက် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းလော့။

(၂) လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးအပေါ် သင်၏ ဆက်ဆံမှုကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေပြုရန် လိုအပ်သည်။ အယူအဆများ သို့မဟုတ် စိတ်ကူးအား သင်၏ လုပ်ရပ်ကို ဦးဆောင်လမ်းပြခွင့် မပေးနှင့်။ ကိစ္စရပ်များအားလုံးတွင် သမ္မာတရားကို ရှာဖွေနိုင်ပြီး၊ အခြေခံသဘောတရားအတိုင်း သင် ပြုမူနိုင်သည့်နေရာသို့ ရောက်ရှိနိုင်စေလော့။

(၃) ဘုရားသခင်က မိမိတို့အား မည်သို့ တရားစီရင်သည်၊ မည်သို့စမ်းသပ်ပြီး စစ်ဆေးသည်ကို ပဓာနမထားဘဲ၊ ပြီးလျှင် ယင်းကို မိမိတို့ နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ဘုရားသခင်ထံ ကျိုးနွံနာခံသင့်သည်။ အယူအဆများ ထွက်ပေါ်ပါက၊ သမ္မာတရားကို ရှာဖွေဖို့ ၎င်းတို့ အလျင်အမြန်ပြုသင့်သည်။

(၄) ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ပညတ်ချက်များကို နားလည်ဖို့၊ သူ၏ စိတ်သဘောထားကို စစ်မှန်စွာ သိရှိလာဖို့နှင့် သူ့ကို ကြောက်ရွံ့မှု ဖြစ်ပေါ်စေဖို့ လိုအပ်ပေသည်။ ထိုသို့ဖြင့်သာ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်းအား ရှောင်ရှားနိုင်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဖန်ဆင်းခံသတ္တဝါအစစ်အမှန်သည် ဖန်ဆင်းရှင်က မည်သူဖြစ်သည်ကို သိရမည်။ လူသားအား မည်သည့်အတွက် ဖန်ဆင်းထားသည်ကို သိရမည်။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ဝတ္တရားများအား မည်သို့လုပ်ဆောင်ရမည်ကို သိရမည်။ ဖန်ဆင်းရာအားလုံး၏ အရှင်သခင်အား မည်သို့ကိုးကွယ်ရမည်ကို သိရမည်။ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များ၊ ဆန္ဒများနှင့် တောင်းဆိုချက်များကို နားလည်၍ သဘောပေါက်ကာ သိကျွမ်းပြီး အရေးစိုက်ရမည်။ ထို့အပြင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဖြစ်သည့် ဖန်ဆင်းရှင်၏ လမ်းစဉ်အတိုင်း လုပ်ဆောင်ရမည်။

ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုသည်မှာ အဘယ်နည်း။ မကောင်းသောအကျင့်ကို မည်သို့ရှောင်နိုင်သနည်း။

“ဘုရားသခင်ကို ကြောက်ရွံ့ခြင်း” ဆိုသည်မှာ ဖော်ပြမရနိုင်လောက်အောင် ဆိုးရွားသော ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ကို မဆိုလိုသကဲ့သို့၊ ရှောင်ဖယ်ခြင်းလည်း မဟုတ်သည့်အပြင်၊ ခပ်ဝေးဝေးနေခြင်းလည်းမဟုတ်ပေ၊ ထို့ပြင် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်း၊ သို့မဟုတ် အယူသီးခြင်းလည်း မဟုတ်ပေ။ ယင်းထက် ၎င်းသည် ကြည်ညိုခြင်း၊ မြတ်နိုးလေးစားခြင်း၊ ယုံကြည်ကိုးစားခြင်း၊ နားလည်သဘောပေါက်ခြင်း၊ အရေးစိုက်ခြင်း၊ နာခံခြင်း၊ အထွတ်အမြတ်ထားခြင်း၊ ချစ်ခြင်းတို့ဖြစ်သည်၊ ထို့အပြင် အကြွင်းမဲ့ပြီး ညည်းညူခြင်းကင်းသော ဝတ်ပြုကိုးကွယ်မှု၊ အတုံ့အလှယ်ပေးဆပ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့လည်းဖြစ်သည်။ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာမရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော ကြည်ညိုခြင်း၊ စစ်မှန်သော ယုံကြည်ကိုးစားခြင်း၊ စစ်မှန်သော နားလည်သဘောပေါက်ခြင်း၊ စစ်မှန်သော အရေးစိုက်ခြင်း၊ သို့မဟုတ် စစ်မှန်သော နာခံခြင်းတို့ ရှိလိမ့်မည် မဟုတ်ဘဲ၊ ထိတ်လန့်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်း၊ မယုံသင်္ကာဖြစ်ခြင်း၊ အထင်မှားခြင်း၊ ရှောင်တိမ်းခြင်းနှင့် ရှောင်ရှားခြင်းတို့သာ ရှိနေလိမ့်မည်။ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာမရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော အထွတ်အမြတ်ထားခြင်းနှင့် အတုံ့အလှယ်ပေးဆပ်ခြင်းတို့ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင်ကို စစ်မှန်သော သိကျွမ်းမှု မရှိပါက လူသားမျိုးနွယ်၌ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ ရှိလိမ့်မည် မဟုတ်ဘဲ၊ မျက်စိစုံမှိတ် ပုဂ္ဂိုလ်ရေးရာ ကိုးကွယ်ခြင်းနှင့် အယူသီးခြင်းတို့သာ ရှိလိမ့်မည်။ ဘုရားသခင်ကို စစ်မှန်သော သိကျွမ်းမှု မရှိပါက လူသားမျိုးနွယ်သည် ဘုရားသခင်၏ လမ်းစဉ်အတိုင်း မပြုမူနိုင်သကဲ့သို့၊ ဘုရားသခင်ကို မကြောက်နိုင်၊ သို့မဟုတ် မကောင်းသောအကျင့်ကိုလည်း မရှောင်နိုင်ပေ။ အပြန်အလှန်အားဖြင့် လူတို့လုပ်ဆောင်သမျှ အမှုကိစ္စတိုင်းနှင့် အပြုအမူတိုင်းသည် ပုန်ကန်မှုနှင့် အာခံမှု၊ ဘုရားသခင်ကို သွားပုပ်လေလွင့် အပြစ်တင်ယိုးစွပ်မှုများအပြင် ဘုရားသခင်ကို အပုပ်ချသည့် ဝေဖန်အကဲဖြတ်မှုများနှင့် ပြည့်နေလိမ့်မည်ဖြစ်ပြီး သမ္မာတရားအပြင် ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်တို့နှင့် ဆန့်ကျင်သည့် ဆိုးယုတ်သော အပြုအမူနှင့် ပြည့်နေလိမ့်မည်။

လူသားမျိုးနွယ်၌ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကိုးစားခြင်း ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏နောက်ကို လိုက်ခြင်းနှင့် သူ့အပေါ်မှီခိုရာတွင် စစ်မှန်လာလိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကိုးစားပြီး မှီခိုခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော သိနားလည်ခြင်းနှင့် သဘောပေါက်ခြင်းတို့ ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် သဘောပေါက်ခြင်းနှင့်အတူ သူ့ကို အစစ်အမှန် အရေးစိုက်ခြင်း တွဲပါလာသည်။ ဘုရားသခင်ကို အစစ်အမှန် အရေးစိုက်ခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော နာခံခြင်း ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် နာခံခြင်းဖြင့်သာ လူသားမျိုးနွယ်၌ စစ်မှန်သော အထွတ်အမြတ်ထားခြင်း ရှိနိုင်သည်။ ဘုရားသခင်ကို အစစ်အမှန် အထွတ်အမြတ်ထားခြင်းဖြင့်သာ လူသားမျိုးနွယ်၌ အကြွင်းမဲ့ပြီး ညည်းညူခြင်းကင်းသော စစ်မှန်သည့် အတုံ့အလှယ်ပေးဆပ်ခြင်း ရှိနိုင်သည်။ စစ်မှန်သည့် ကိုးစားခြင်းနှင့် မှီခိုခြင်း၊ စစ်မှန်သည့် နားလည်မှုနှင့် အရေးစိုက်ခြင်း၊ စစ်မှန်သည့် နာခံခြင်း၊ စစ်မှန်သည့် အထွတ်အမြတ်ထားခြင်းနှင့် အတုံ့အလှယ်ပေးဆပ်ခြင်းတို့ဖြင့်သာ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို အမှန်တကယ် သိကျွမ်းလာနိုင်ပြီး ဖန်ဆင်းရှင်၏ ကိုယ်ပိုင်လက္ခဏာကို အမှန်တကယ် သိကျွမ်းလာနိုင်သည်။ ဖန်ဆင်းရှင်အား ၎င်းတို့ အမှန်တကယ် သိကျွမ်းလာသည့်အခါမှသာ လူသားမျိုးနွယ်သည် ၎င်းတို့အထဲ၌ စစ်မှန်သည့် ကိုးကွယ်မှုနှင့် ကျိုးနွံနာခံခြင်းတို့ နိုးကြားလာအောင် လုပ်နိုင်မည် ဖြစ်သည်။ ၎င်းတို့၌ ဖန်ဆင်းရှင်ကို စစ်မှန်သည့် ကိုးကွယ်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ ရှိသည့်အခါမှသာ လူသားမျိုးနွယ်သည် မိမိတို့၏ ဆိုးယုတ်သော လမ်းများကို အမှန်တကယ် ဘေးဖယ်ထားနိုင်ကြလိမ့်မည်၊ တစ်နည်းအားဖြင့်ဆိုလျှင် မကောင်းသောအကျင့်ကို ရှောင်နိုင်ကြလိမ့်မည်။

ဤတွင် “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” လုပ်ငန်းစဉ်တစ်ခုလုံး ပါဝင်၏၊ ထို့ပြင် ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း၏ အကြောင်းအရာ အလုံးစုံလည်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းသို့ ရောက်ရန်အတွက် ကျော်ဖြတ်ရမည့် လမ်းကြောင်းလည်း ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏” မှ

မည်သည့်လမ်းကြောင်းမျိုးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်း အတိအကျ ဖြစ်သနည်း။ ယင်း၌ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ ကြိုးစားခြင်းနှင့် သူ့ကို လုံးလုံးလျားလျားနှင့် အပြည့်အဝ ကျိုးနွံနာခံခြင်းတို့ ပါဝင်သည်။ ယင်း၌ လှည့်ဖြားခြင်း၊ ခုခံခြင်း၊ သို့မဟုတ် ပုန်ကန်ခြင်း အရိပ်လက္ခဏာတစ်ခုတလေမျှ မရှိဘဲ၊ ဘုရားသခင်ကို စစ်မှန်စွာ စိုးရွံ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ပါဝင်သည်။ ယင်းသည် နှလုံးသား လုံးဝဖြူစင်ခြင်းနှင့် ဘုရားသခင်အပေါ် လုံးဝသစ္စာစောင့်သိကာ နာခံခြင်းဖြစ်သည်။ ဤသစ္စာစောင့်သိခြင်းနှင့် နာခံခြင်းတို့သည် အကြွင်းမဲ့ဖြစ်ရမည်၊ အထိုက်အလျောက် မဖြစ်ရ။ ယင်းသည် အချိန်အပေါ်ဖြစ်စေ၊ နေရာအပေါ်ဖြစ်စေ၊ တစ်ဦးတစ်ယောက် မည်မျှအိုမင်းသည်ဆိုသည့်အပေါ်ဖြစ်စေ မမူတည်ပေ။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်း ဖြစ်၏။ ဤရှာဖွေခြင်းလမ်းကြောင်းကို သင်လျှောက်လှမ်းနေစဉ်တွင်၊ သင်သည် ဘုရားသခင်ကို တဖြည်းဖြည်း သိလာလိမ့်မည်ဖြစ်ပြီး သူ၏လုပ်ဆောင်ချက်များကို တွေ့ကြုံရလိမ့်မည်။ သူ၏ဂရုစိုက်ခြင်းနှင့် ကွယ်ကာမှုတို့ကို သင်ခံစားရလိမ့်မည်၊ သူ၏တည်ရှိခြင်း အမှန်တရားကို သင်ခံစားရလိမ့်မည်ဖြစ်ပြီး သူ၏အချုပ်အခြာအာဏာကို ခံစားရလိမ့်မည်။ ထိုအခါမှသာ အရာခပ်သိမ်းတွင် သင်သည် ဘုရားသခင်၏ တည်ရှိခြင်းကို နောက်ဆုံး၌ ခံစားရလိမ့်မည် ဖြစ်သည့်အပြင် သင်၏နံဘေးရှိ သူ၏မျက်မှောက်တော်ကို သင်ခံစားရလိမ့်မည်။ ထို့နောက်တွင်သာ သင်၌ ဤသဘောပေါက်ခြင်းမျိုး ရှိလိမ့်မည်။ ဤလမ်းမျိုးကို သင်မရှာဖွေပါက၊ ဤအရာများနှင့် သက်ဆိုင်သည့် အသိပညာကို မည်သည့်အခါတွင်မျှ သင်ရရှိလိမ့်မည်မဟုတ်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည်” မှ

ပထမဦးစွာ ဘုရားသခင်၏ စိတ်နေသဘောထားသည် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ ဖြစ်ကြောင်းကို ငါတို့သိကြသည်။ သူသည် လူတို့ အလိုရှိသည့်အတိုင်း ထိန်းချုပ်ခြင်းခံရမည့် ရုပ်သေးရုပ်တစ်ခု ဖြစ်ဖို့မဆိုနှင့်၊ တစ်စုံတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံရမည့် သိုးတစ်ကောင် မဟုတ်ပေ။ သူသည် သြဇာပေးခံရမည့် ဘာမျှမရှိသော လေပွေတစ်ခုလည်း မဟုတ်ပေ။ သင်သည် ဘုရားသခင်တည်ရှိကြောင်းကို အမှန်တကယ်ယုံကြည်ပါက၊ သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသင့်ပြီး ဘုရားသခင်၏ အနှစ်သာရမှာ ဒေါသထွက်အောင် လုပ်ရမည့်အရာတစ်ခု မဟုတ်ကြောင်းကို သင် သိသင့်ပေသည်။ ဤဒေါသကို စကားတစ်လုံးအားဖြင့်၊ သို့မဟုတ် အတွေးတစ်ခု အားဖြင့်၊ သို့မဟုတ် ဆိုးညစ်သော အပြုအမူတစ်မျိုးမျိုးအားဖြင့်ဖြစ်စေ၊ သို့မဟုတ် လူတို့၏အမြင်နှင့် လူသားတို့၏ ကိုယ်ကျင့်တရားအားဖြင့် အတန်အသင့်ဖြစ်သော သိမ်မွေ့သည့် အပြုအမူအားဖြင့်ဖြစ်စေ ဖြစ်ပွားစေနိုင်သည်။ သို့တည်းမဟုတ် ယင်းကို သြဝါဒတစ်ခု သို့မဟုတ် အယူအဆသဘောတရား တစ်ခုအားဖြင့် နှိုးဆွပေးနိုင်သည်။ သို့သော်လည်း ဘုရားသခင်ကို သင် ဒေါသ ထွက်စေပြီးသည်နှင့် တစ်ပြိုင်နက် သင်၏ အခွင့်အရေးပျောက်ဆုံးပြီး သင်၏ နောက်ဆုံးနေရက်များ ရောက်ရှိလာပြီဖြစ်သည်။ ဤသည်မှာ ဆိုးဝါးသော အရာတစ်ခုပင်။ အကယ်၍ ဘုရားသခင်အား ပုန်ကန်ပြစ်မှား၍ မရသည်ကို သင် နားမလည်ပါက၊ သင်သည် ဘုရားသခင်ကို မကြောက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး သင်သည် သူ့အား အချိန်တိုင်းလိုလို ပြစ်မှားနေခြင်း ဖြစ်နိုင်သည်။ သင်သည် ဘုရားသခင်အား မည်ကဲ့သို့ ကြောက်ရွံ့ရမည်ကို မသိပါက၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း မရှိသည့်အပြင် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း လမ်းကြောင်းပေါ်သို့ မိမိကိုယ်ကိုယ် မည်သို့ထားရှိရမည်ကို သိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ပြစ်မှား၍မရကြောင်း သတိပြုမိလာပြီး အသိနိုးကြားသည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်းမှာ အဘယ်အရာ ဖြစ်ကြောင်း သိလိမ့်မည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” မှ

ဘုရားသခင်၏ အနှစ်သာရတွင် ချစ်ခြင်းမေတ္တာ၏ အခြေခံသဘောတရားပါဝင်ပြီး သူသည် တစ်ဦးတစ်ယောက်စီတိုင်းအား သနားကရုဏာစိတ် ရှိသော်လည်း၊ သူ၏ အနှစ်သာရမှာ ဂုဏ်သိက္ခာရှိသောသူလည်း ဖြစ်သည် ဟူသည့်အချက်ကို လူတို့ လျစ်လျူရှုပြီး မေ့လျော့ကြပြီးဖြစ်သည်။ သူ့၌ ချစ်ခြင်းမေတ္တာရှိ၏ ဟူသည်မှာ သူ့အထဲ၌ ခံစားချက်များ သို့မဟုတ် တုံ့ပြန်ချက်တစ်ခုကို နှိုးဆွခြင်းမရှိဘဲ၊ လူတို့က သူ့ကို လွတ်လပ်စွာ ပြစ်မှားနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်သည့်အပြင် သူ၌ သနားခြင်းကရုဏာ ရှိ၏ ဟူသည်မှာ လူတို့ကို သူဆက်ဆံသည့်ပုံစံ၌ အခြေခံစည်းမျဉ်းများ မရှိပါဟု ဆိုလိုခြင်း မဟုတ်ပေ။ ဘုရားသခင်သည် အသက်ရှင်နေသည်၊ သူသည် အမှန်တကယ် တည်ရှိသည်။ သူသည် စိတ်ကူးဖြင့်ပုံဖော်ထားသော ရုပ်သေးရုပ်တစ်ရုပ် မဟုတ်သကဲ့သို့၊ အခြားအရာဝတ္ထု တစ်ခုခုလည်း မဟုတ်ပေ။ သူသည် တည်ရှိသည့်အတွက်၊ ငါတို့သည် သူ့စိတ်နှလုံး၏ဖွင့်ဟချက်ကို အချိန်တိုင်း ဂရုတစိုက် နားထောင်သင့်ကာ၊ သူ၏ စိတ်နေသဘောထားကို သေချာစွာ အာရုံစိုက်ပြီး သူ၏ ခံစားချက်များကို နားလည်လာသင့်သည်။ ငါတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ရန်အတွက် လူသား၏ စိတ်ကူးများကို အသုံးမပြုသင့်သကဲ့သို့၊ ဘုရားသခင်အား လူသား၏ စိတ်ကူးများအပေါ် အခြေခံ၍ လူ့နည်းဟန်ဖြင့် လူတို့ကို ဆက်ဆံစေကာ၊ သူ့အပေါ် လူ့ထင်မြင်ချက်များ သို့မဟုတ် ဆန္ဒပြုချက်များကို မသွတ်သွင်းသင့်ပေ။ အကယ်၍ သင် ဤသို့ပြုပါက၊ သင်သည် ဘုရားသခင်ကို ဒေါသထွက်စေခြင်း၊ သူ၏ အမျက်ဒေါသကို ဆွဲဆောင်ခြင်းနှင့် သူ၏ ဂုဏ်သိက္ခာကို စိန်ခေါ်ခြင်းပင် ဖြစ်နေပေသည်။ ထို့ကြောင့် ဤကိစ္စ၏ ကြီးလေးမှုကို သင်တို့ နားလည် လာပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်တို့ အယောက်စီတိုင်းကို သင်တို့၏ လုပ်ဆောင်ချက်များ၌ သတိထားရန်နှင့် ချင့်ချိန်တတ်ရန် ငါတိုက်တွန်းသည်။ သင်တို့၏ စကားပြောခြင်း၌လည်း သတိထားပြီး ချင့်ချိန်မှု ရှိကြလော့၊ ဘုရားသခင်ကို သင်တို့ မည်ကဲ့သို့ ဆက်ဆံသည်နှင့်စပ်လျဉ်း၍ သင်တို့သည် ပို၍သတိထားပြီး ပို၍ချင့်ချိန်လေ ပို၍ကောင်းလေ ဖြစ်လေသည်။ သင်သည် ဘုရားသခင်၏ သဘောထားမှာ မည်သည့်အရာ ဖြစ်သည်ကို နားမလည်သောအခါ၊ မဆင်မခြင်စကားပြောခြင်းမှ ရှောင်ကြဉ်လော့၊ သင်၏ လုပ်ဆောင်ချက်များ၌ မဆင်မခြင် မပြုနှင့်၊ ထို့ပြင် ပေါ့ပေါ့တန်တန် အမည်ပေးသမုတ်ခြင်း မပြုနှင့်။ ပို၍ပင် အရေးကြီးသည်မှာ ထင်ရာမြင်ရာ မည်သည့် ကောက်ချက်ချခြင်းများကိုမျှ မပြုလေနှင့်။ ထို့အစား သင်သည် စောင့်ဆိုင်းပြီး ရှာဖွေသင့်သည်။ ဤလုပ်ဆောင်ချက်များမှာလည်း ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အကယ်၍ အရာခပ်သိမ်းထက် ဤအရာကို သင်ရရှိနိုင်ပြီး အရာခပ်သိမ်းထက် ဤသဘောထားကို သင်ပိုင်ဆိုင်နိုင်ပါက၊ ဘုရားသခင်သည် သင်၏ မိုက်မဲခြင်း၊ မသိနားမလည်ခြင်းနှင့် အမှုအရာများနောက်ကွယ်မှ အကြောင်းအရင်းများအား နားလည်မှု ကင်းမဲ့ခြင်းတို့အတွက် သင့်ကို အပြစ်တင်မည်မဟုတ်ပေ။ ထို့ထက် ဘုရားသခင်အား ပြစ်မှားမိမည်ကို ကြောက်ရွံ့ခြင်းနှင့်ယှဉ်သော သင်၏ သဘောထား၊ သူ၏ ရည်ရွယ်ချက်များအပေါ် ရိုသေလေးစားခြင်းနှင့် သူ့အားနာခံရန် ဆန္ဒရှိခြင်းတို့ကြောင့် ဘုရားသခင်က သင့်ကို အောက်မေ့မည်၊ သင့်ကို လမ်းပြပြီး ဉာဏ်အလင်းပွင့်စေမည်၊ သို့မဟုတ် သင်၏ မရင့်ကျက်ခြင်းနှင့် မသိနားမလည်ခြင်းကို သည်းခံမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူ့အပေါ် သင်၏သဘောထားမှာ သူ့ကို မိမိသဘောကျ တရားစီရင်ခြင်း သို့မဟုတ် ဘုရားသခင်၏ အတွေးအခေါ်များကို ထင်ရာမြင်ရာ မှန်းဆခြင်းနှင့် အဓိပ္ပာယ်ဖွင့်ခြင်းဖြင့် မထီမဲ့မြင်ပြုမည်ဆိုပါက၊ ဘုရားသခင်သည် သင့်ကို စီရင်ချက်ချမည်၊ ဆုံးမပဲ့ပြင်မည်၊ ထို့ပြင် အပြစ်ဒဏ်ပင် ခတ်လိမ့်မည်။ သို့မဟုတ်ပါက သူသည် သင့်ကို သုံးသပ်ချက် ပေးကောင်းပေးမည် ဖြစ်သည်။ ဤသုံးသပ်ချက်တွင် သင်၏ အဆုံးသတ် ပါဝင်ကောင်းပါဝင်လိမ့်မည်။ ထို့ကြောင့် ငါသည် နောက်ထပ်တစ်ကြိမ် အသားပေး၍ ပြောလိုသည်- သင်တို့ အယောက်စီတိုင်းသည် ဘုရားသခင်ထံမှ လာသောအရာ မှန်သမျှအပေါ် သတိရှိပြီး ဆင်ခြင်မြော်တွေးသင့်သည်။ မဆင်မခြင် စကားမပြောနှင့်၊ ထို့ပြင် သင်၏ လုပ်ဆောင်ချက်များ၌ သတိလက်လွတ် မဖြစ်စေနှင့်။ တစ်စုံတစ်ခုကို သင်မပြောမီ ရပ်ဆိုင်းပြီး ဆင်ခြင်သင့်သည်- ကျွန်ုပ်၏ ဤလုပ်ဆောင်ချက်က ဘုရားသခင်ကို ဒေါသထွက်စေမည်လော။ ဤအရာကို လုပ်ရာတွင် ဘုရားသခင်ကို ကျွန်ုပ် ကြောက်ရွံ့ရိုသေ ပါ၏လော။ သာမန်ကိစ္စရပ်များ၌ပင်လျှင် ဤမေးခွန်းများကို ဆက်၍ သင် နားလည်သဘောပေါက်ရန် ကြိုးစားပြီး ၎င်းတို့ကို ဆင်ခြင်သုံးသပ်ရန် အချိန်ပိုယူသင့်သည်။ အကယ်၍ သင်သည် ဤနိယာမများနှင့်အညီ ကဏ္ဍတိုင်း၊ အမှုအရာတိုင်း၊ အချိန်တိုင်းတွင် အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ပြီး အထူးသဖြင့် သင် တစ်စုံတစ်ခုကို နားမလည်သောအခါ၊ ထိုကဲ့သို့သော သဘောထားကို ခံယူနိုင်ပါက ဘုရားသခင်သည် သင့်ကို အမြဲလမ်းပြပြီး လိုက်လျှောက်ရန် လမ်းကြောင်း တစ်ခုကို သင့်အား ပေးမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” မှ

စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲမှ ပါဝင်သည့် အကြောင်းအရာကို သင်တို့ ပိုမို နားလည်လာကြစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့ သိရှိအောင် အားထုတ်ရန် ငါ တိုက်တွန်းသည်။ သို့မဟုတ်လျှင် သင်တို့အနေဖြင့်နှုတ်များကို ပိတ်ထားရန်နှင့် လျှာအရိုးမရှိတိုင်း ဟိတ်ဟန်ထွားသောစကားများ လွန်စွာပြောခြင်းကိုတားမြစ်ရန် ခက်ခဲပြီး၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် အလင်း၏ မျက်မှောက်ကို ဆုံးရှုံးရလျက်၊ ဘုရားသခင်၏ စိတ်သဘောထားကို အမှုမဲ့အမှတ်မဲ့ ပြစ်မှားမိကာ အမှောင်ထဲသို့ ကျဆင်းရလိမ့်မည်။ သင်တို့သည် သင်တို့၏ အပြုအမူများ၌ ကိုယ်ကျင့်တရား မကောင်းသောကြောင့်၊ မပြောသင့် မလုပ်သင့်သည့် အရာများကို သင်ပြောမိလုပ်မိသောကြောင့်၊ ထိုက်သင့်သော ဒဏ်ခတ်မှုကို သင်ခံရလိမ့်မည်။ သင်သိသင့်သည့် အချက်မှာ သင်သည် အပြောနှင့်အလုပ်၌ သိက္ခာမဲ့သော်ငြားလည်း၊ ဘုရားသခင်က ထိုကိစ္စရပ်နှစ်ခုစလုံး၌ လွန်စွာသိက္ခာရှိသူဖြစ်သည်။ သင့်ကို ဒဏ်ခတ်ရခြင်း အကြောင်းရင်းမှာလည်း သင်သည် လူသားတစ်ဦးကို စော်ကားမိခဲ့ခြင်း မဟုတ်၊ ဘုရားသခင်ကို စော်ကားမိခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သင့်ဘဝ၌ သင်သည် ဘုရားသခင်၏ စိတ်သဘောထားအား ပြစ်မှားစော်ကားခြင်းကို များစွာ ကျူးလွန်မိလျှင်၊ ငရဲသားဖြစ်ရန် သေချာသည်။ လူသားအတွက် သမ္မာတရားနှင့် မကိုက်ညီသည့် လုပ်ဆောင်ချက် အနည်းငယ်ကိုသာ ကျူးလွန်မိပြီး သည်ထက်မပိုပုံ ရနိုင်သည်။ သို့ရာတွင် ဘုရားသခင်၏ အမြင်၌ သင်သည် သင့်အတွက် အပြစ်ဖြေရာယဇ် မရှိတော့သောသူတစ်ဦး ဖြစ်နှင့်ပြီးသည်ကို သတိပြုမိသလော။ သင်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို တစ်ကြိမ်ထက်ပို ဖောက်ဖျက်ပြီးသည့်အပြင် နောင်တရသည့် အရိပ်လက္ခဏာ မပြခဲ့ခြင်းကြောင့် ဘုရားသခင်က လူသားအား အပြစ်ပေးသည့်ငရဲသို့ သင် ကျဆင်းသွားရမည်မှာ မလွဲဧကန် ဖြစ်သည်။ ဘုရားသခင်၏ နောက်သို့လိုက်စဉ် လူနည်းစုတစ်စုက ကိုယ်ကျင့်တရား ဖောက်ဖျက်သည့် လုပ်ရပ်အချို့ကို ကျူးလွန်မိကြသည်၊ သို့ရာတွင် ကိုင်တွယ်ဖြေရှင်းပြီး၊ လမ်းပြခြင်း ခံရပြီးသည့်နောက်တွင်၎င်းတို့သည် ၎င်းတို့၏ စာရိတ္တပျက်စီးမှုကို တဖြည်းဖြည်း သိမြင်လာကြပြီးနောက် စစ်မှန်မှု လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိလာကာ ယနေ့အထိ ကောင်းကောင်း အသိတရားရှိစွာ ဆက်လက် နေထိုင်သွားကြသည်။ ထိုကဲ့သို့သော လူသားများသည် အဆုံး၌ ကျန်ရှိနေမည့် သူများ ဖြစ်ကြသည်။ သို့သော် ငါရှာဖွေနေသည်မှာ ရိုးသားသူများဖြစ်သည်၊ အကယ်၍ သင်သည် ရိုးသားသူ တစ်ယောက်ဖြစ်ပြီး အခြေခံသဘောတရားအတိုင်း ပြုမူသူဖြစ်လျှင် သင်သည် ဘုရားသခင်၏ လူယုံတော် တစ်ယောက် ဖြစ်နိုင်သည်။ သင်၏ပြုမူချက်များတွင် သင်သည် ဘုရားသခင်၏ စိတ်နေသဘောထားကို မပြစ်မှားမိဘဲ၊ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေကာ ဘုရားသခင်ကို ကြည်ညိုသည့်နှလုံးသား ရှိသူဖြစ်လျှင် သင်၏သက်ဝင်ယုံကြည်မှုသည် စံချိန်မီသည်။ ဘုရားသခင်ကို မကြည်ညိုဘဲ၊ ကြောက်ရွံ့တုန်လှုပ်သည့် စိတ်နှလုံးမရှိသူ မည်သူမဆိုသည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အလွယ်တကူ ချိုးဖောက်ဖြစ်လိမ့်မည်။ လူအများအပြားက ၎င်းတို့၏စိတ်အားထက်သန်မှု အင်အားကြောင့် ဘုရားသခင်ထံတွင် အစေခံကြသော်လည်း၊ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို နားမလည်ကြဘဲ၊ သူ၏ နှုတ်ကပတ်တော်များ၏ သွယ်ဝိုက်ပြောဆိုမှုကို အရိပ်အမြွက်မျှ သိနားလည်ဖို့ သာ၍ နည်းပါးနေသေးသည်။ ထို့ကြောင့် ၎င်းတို့၏ ရည်ရွယ်ချက်ကောင်းများဖြင့် အဆုံး၌ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မကြာခဏ နှောင့်ယှက်တတ်သည့် အရာများလုပ်ဆောင်ကြပေသည်။ ပြင်းထန်ဆိုးရွားသော ကိစ္စများ၌ ထိုသူတို့ကိုဖယ်ရှားပြီး ဘုရားသခင်၏နောက်သို့ထပ်မံ လိုက်ပါ ခွင့်မပြုတော့ဘဲ၊ အဆုံး၌ ဘုရားသခင်၏ အိမ်တော်နှင့် ဆက်နွှယ်မှု အားလုံးတို့ကို ဖြတ်တောက်ကာ ငရဲသို့ပစ်ချခံရသည်။ ဤလူများသည် ဘုရားသခင်၏ အိမ်တော်၌ ၎င်းတို့၏ မသိနားမလည်သော ရည်ရွယ်ချက်ကောင်းများ၏ ခွန်အားဖြင့် လုပ်ကိုင်ကြပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဒေါသဖြစ်စေခြင်းဖြင့် အဆုံးသတ်ကြ၏။ လူတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ၎င်းတို့၏အကြီးအကဲများနှင့် သခင်များကို အလုပ်အကျွေး ပြုပုံများ ယူဆောင်လာပြီး၊ ဤနေရာ၌ ၎င်းတို့ကို သက်သောင့်သက်သာ အလွယ်ကလေးနှင့် အသုံးချနိုင်မည်ဟု အချည်းနှီးတွေးထင်ကြကာ ထည့်သွင်း လုပ်ဆောင်ရန် ကြိုးပမ်းကြသည်။ ဘုရားသခင်ထံတွင် သိုး၏ စိတ်သဘောထားမရှိဘဲ၊ ခြင်္သေ့၏ စိတ်သဘောထားသာ ရှိသည်ကို ထိုသူတို့ မည်သည့်အခါမျှ မတွေးမိခဲ့ကြပေ။ ထို့ကြောင့် ဘုရားသခင်နှင့် ပထမဦးဆုံး ပတ်သက်သူများသည် ဘုရားသခင်နှင့် ဆက်သွယ်ပြောဆို၍ မရနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှလုံးသားသည် လူသား၏နှလုံးသားနှင့် မတူသောကြောင့်ဖြစ်သည်။ သမ္မာတရား များစွာကို သင်နားလည်ပြီးသည့် နောက်မှသာ ဘုရားသခင် အကြောင်းကို သင် အဆက်မပြတ် သိနိုင်လာလိမ့်မည်။ ဤအသိသည် စကား အသုံးအနှုန်းများ၊ အယူဝါဒများတို့ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ၊ ဘုရားသခင်က သင့်ကို ကျေနပ်ပီတိဖြစ်သည့် သက်သေ အဖြစ်လည်းကောင်း၊ ဘုရားသခင် ထံပါးသို့ ယုံကြည်မှုရှိရှိ ဝင်ရောက်နိုင်ခြင်းအတွက် ရတနာတစ်ပါး အနေဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။ သင့်ထံတွင် လက်တွေ့ကျသော အသိမရှိ၊ သမ္မာတရားနှင့် ပြည့်စုံခြင်းလည်း မရှိပါက၊ သင်၏ ပြင်းပြသော အစေခံမှုသည် သင့်ထံသို့ ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ရွံရှာမှုတို့သာ ယူဆောင်လာ ပေးနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်” မှ

ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော သူများ၏ စိတ်နှလုံးထဲတွင် ကိုယ်တော်အမြဲရှိနေပြီး ထိုသူတို့သည် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော စိတ်နှလုံးများနှင့် ဘုရားသခင်ကိုချစ်သော စိတ်နှလုံးများကို ၎င်းတို့အတွင်း၌ အစဉ်အမြဲ သယ်ဆောင်ထားကြသည်။ ဘုရားသခင်ကို ယုံကြည်သော သူများသည် အမှုအရာများကို သတိနှင့် နှိုင်းနှိုင်းချိန်ချိန် လုပ်သင့်ပြီး၊ သူတို့လုပ်သမျှ အရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်သင့်ကာ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေနိုင်ရမည်။ ထိုသူတို့သည် မိမိတို့ သဘောရှိ လုပ်ဆောင်လျက် ခေါင်းမမာသင့်ပေ။ ထိုသို့ပြုခြင်းမှာ သန့်ရှင်းသူများ၏ ကျင့်ဝတ်နှင့် မအပ်စပ်ပေ။ လူများသည် အရပ်တကာတွင် ဘုရားသခင်၏ အောင်လံကိုလွှင့်ထူလျက် ကြွားလုံးထုတ်ပြီး၊ အကျိုးအမြတ် ထုတ်နေရင်း၊ နေရာတကာ ဒေါသတကြီး လျှောက်ရမ်းနေ၍မရပေ၊ ထိုသို့ပြုခြင်းသည် ပုန်ကန်မှုအပြုဆုံးသော အမူအကျင့်ဖြစ်သည်။ မိသားစုများ၌ ၎င်းတို့၏ စည်းကမ်းများရှိသလို နိုင်ငံများ၌လည်း ဥပဒေများရှိသည်- ဘုရားသခင်၏ အိမ်တော်တွင် သာ၍ပင် ရှိသည် မဟုတ်လော။ စံနှုန်းများက ပိုမို တင်းကျပ်သည် မဟုတ်လော။ ပိုများသော စီမံခန့်ခွဲမှုအမိန့်များ သာ၍ပင် ရှိသည် မဟုတ်လော။ လူများသည် မိမိတို့အလိုရှိသော အရာကို လွတ်လပ်စွာ လုပ်နိုင်သည်၊ သို့သော် ဘုရားသခင်၏ စီမံခန့်ခွဲမှုအမိန့်များကို သဘောရှိ ပြောင်းလဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် လူများ၏ စော်ကားမှုကို သည်းမခံသော ဘုရားဖြစ်သည်။ သူသည် လူများကို သေစေသော ဘုရားဖြစ်သည်။ ဤအရာကို လူများက အကယ်ပင် မသိသေးဘူးလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

ခေတ်ကာလတိုင်း၌ ဘုရားသခင်သည် လူသားများကြား အမှုပြုနေစဉ် သူတို့အပေါ် နှုတ်ကပတ်တော်အချို့ကို ပေးအပ်ကာ သမ္မာတရားအချို့ကို သူတို့အား ပြောပြသည်။ ဤသမ္မာတရားများသည် လူတို့ လိုက်နာ စောင့်ထိန်းသင့်သည့် လမ်းခရီး၊ သူတို့ လျှောက်လှမ်းရမည့် လမ်းခရီး၊ သူတို့အား ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်စေနိုင်သော လမ်းခရီး၊ ထို့ပြင် လူတို့ လက်တွေ့လုပ်ဆောင်သင့်ပြီး ၎င်းတို့၏ အသက်တာများထဲနှင့် ၎င်းတို့၏ အသက်တာခရီးများ တစ်လျှောက်လုံးတွင် လိုက်နာစောင့်ထိန်းသင့်သော လမ်းခရီးအဖြစ် အသုံးတော်ခံသည်။ ဤအကြောင်းရင်းများကြောင့် ဘုရားသခင်သည် လူသားတို့အပေါ် ဤမိန့်မြွက်ချက်များကို ဖော်ပြခြင်း ဖြစ်သည်။ ဘုရားသခင်ထံမှလာသော ဤနှုတ်ကပတ်တော်များကို လူတို့ လိုက်နာစောင့်ထိန်းသင့်ပြီး ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမှာ အသက်ကို လက်ခံရယူခြင်းပင် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ၎င်းတို့အား လိုက်နာစောင့်ထိန်းခြင်းမရှိ၊ ၎င်းတို့အား လက်တွေ့လုပ်ဆောင်ခြင်း မရှိသည့်အပြင် မိမိတို့၏ အသက်တာထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ခြင်း မရှိပါက၊ ဤသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပေ။ ထို့ပြင် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မရှိပါက၊ သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကိုရှောင်ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ကျေနပ်စေနိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကျေနပ်စေနိုင်ခြင်း မရှိသော လူတို့က သူ၏ချီးကျူးခြင်းကို ရရှိနိုင်မည် မဟုတ်သည့်အပြင် ဤကဲ့သို့သောလူတို့၌ အဆုံးသတ် မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” မှ

သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာရမည်၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်၍ ဆင်ခြင်တွေးတောရမည်ဖြစ်ပြီး၊ သင့်အပေါ် သူ၏ ဆုံးမပဲ့ပြင်ခြင်းနှင့် လမ်းပြခြင်းကို လက်ခံရမည်။ သင်သည် သင့်အတွက် ဘုရားသခင် စီစဉ်ထားပေးသော ပတ်ဝန်းကျင်များ၊ လူများ၊ အမှုအရာများနှင့် အကြောင်းအရာများကို ကျိုးနွံနာခံနိုင်စွမ်း ရှိရမည်ဖြစ်ပြီး၊ သင် တကယ်နားမလည်သည့် အကြောင်းအရာများနှင့် ပတ်သက်လာလျှင် သင်သည် သမ္မာတရားကိုရှာဖွေရင်း မကြာခဏ ဆုတောင်းရမည်၊ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်းအားဖြင့်သာလျှင် ရှေ့ဆက်ရမည့်လမ်းကို သင်ရှာတွေ့နိုင်မည်။ သင်သည် ဘုရားသခင်ကို ကြည်ညိုလေးစားခြင်း၌ တည်ပြီး သင်ပြုလုပ်သင့်သည့်အရာကို သတိထားကာ လုပ်ဆောင်ရမည်၊ သင်သည် ဘုရားသခင်၏ရှေ့မှောက်၌ မကြာခဏ အေးချမ်းစွာ ရှိနေရမည်ဖြစ်ကာ၊ အပျော်အပါး၌ မွေ့လျော်ခြင်း မရှိရပေ။ အနည်းဆုံးအနေဖြင့် သင်၌ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ သင်၏ ပထမဆုံး တုံ့ပြန်မှုမှာ သင့်ကိုယ်သင် ငြိမ်သက်စေဖို့ရန်၊ ပြီးလျှင် ချက်ချင်း ဆုတောင်းဖို့ရန် ဖြစ်သင့်သည်။ ဆုတောင်းခြင်း၊ စောင့်စားခြင်းနှင့် ရှာဖွေခြင်းအားဖြင့် သင်သည် ဘုရားသခင်၏ အလိုတော်အား နားလည်ခြင်းကို ရယူနိုင်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်အား ကြည်ညိုလေးစားခြင်းကို ပြသည့် သဘောထားပင်ဖြစ်သည် မဟုတ်သလော။ အတွင်းစိတ်၌ သင်သည် ဘုရားသခင်ကို ကြည်ညိုလေးစားပြီး ဘုရားသခင်ကို ကျိုးနွံနာခံလျှင်၊ ထို့ပြင် ဘုရားသခင်၏ရှေ့မှောက်၌ ငြိမ်သက်ပြီး သူ၏ အလိုတော်ကို နားလည်သဘောပေါက်နိုင်လျှင်ကား၊ ဤနည်းအတိုင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်းအားဖြင့် သင်သည် ကာကွယ်ပေးခြင်းခံရနိုင်မည်။ သင်သည် စုံစမ်းသွေးဆောင်ခြင်းကို ကြုံတွေ့ရမည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်ကို နှောင့်ယှက်သည့်အရာများကို ပြုလုပ်လိမ့်မည် မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို နှိုးဆွပေးလောက်အောင်လည်း သင်ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်ကိုကြောက်ရွံ့သော နှလုံးသားနှင့်အတူ သင်သည် ဘုရားသခင်ကို စော်ကားပြစ်မှားဖို့ ကြောက်ရွံ့လိမ့်မည်၊ စုံစမ်းသွေးဆောင်ခြင်းကို သင်ရင်ဆိုင်ရသည့် အခိုက်တွင် သင်သည် ကြောက်ရွံ့ခြင်းနှင့် တုန်လှုပ်လျက် ကိုယ်တော်၏ရှေ့မှောက်၌ အသက်ရှင်လိမ့်မည်ဖြစ်ပြီး၊ အရာခပ်သိမ်းတွင် သင်သည် ကိုယ်တော့်ကို ကျိုးနွံနာခံပြီး ကျေနပ်စေနိုင်မည်ဟု မျှော်လင့်လိမ့်မည်။ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်း၊ ထိုကဲ့သို့သော အခြေအနေ၌ မကြာခဏ အသက်ရှင်နေထိုင်ခြင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အေးချမ်းစွာနေခြင်းအားဖြင့်သာလျှင် သင်သည် စုံစမ်းသွေးဆောင်ခြင်းနှင့် ဆိုးယုတ်ခြင်းအကြောင်းကို စဉ်းစားစရာပင် မလိုဘဲ ၎င်းမှ သင့်ကိုယ်သင် ကင်းကွာစေနိုင်စွမ်း ရှိလိမ့်မည်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်းမှာ အပေါ်ယံစည်းကမ်းများကို လိုက်နာခြင်းအကြောင်း မဟုတ်ပေ။ ယင်းထက် သင်သည် ပြဿနာတစ်ခုကို ရင်ဆိုင်ရသည့်အခါ၊ ပထမဦးစွာ ၎င်းကို ဘုရားသခင် စီစဉ်ထားသော အခြေအနေတစ်ခု၊ သင့်အား သူပေးအပ်ထားသော ဝတ္တရားတစ်ခု သို့မဟုတ် သင့်အား သူ ယုံကြည်အပ်နှံထားသော အလုပ်တာဝန်တစ်ခုအဖြစ် သင်ရှုမြင်ခြင်းကို ဆိုလိုသည်။ ဤပြဿနာကို သင်ရင်ဆိုင်နေရသောအခါ၊ ၎င်းကို ဘုရားသခင်က သင့်အပေါ်ထားရှိသော စမ်းသပ်မှုတစ်ခုအဖြစ်ပင်လျှင် မြင်သင့်သည်။ ဤပြဿနာကို သင်ကြုံတွေ့ရသောအခါ၊ သင်၏စိတ်နှလုံးထဲ၌ စံနှုန်းတစ်ခု သင်ရှိရမည်ဖြစ်ပြီး၊ ဤကိစ္စသည် ဘုရားသခင်ထံမှ လာခဲ့ခြင်းဖြစ်သည်ဟု သင်ထင်မြင်ယူဆရမည်။ သင်သည် ဘုရားသခင်ကို ဆက်လက်၍ သစ္စာစောင့်သိလျက် သင်၏ဝတ္တရားကို ဖြည့်ဆည်းနိုင်မည့် နည်းလမ်းအားဖြင့် ဤကိစ္စရပ်ကို မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းမည့် အကြောင်းကိုလည်းကောင်း၊ ဘုရားသခင်ကို ဒေါသမထွက်စေဘဲ သို့မဟုတ် သူ၏ စိတ်နေသဘောထားကို မပြစ်မှားဘဲ ၎င်းကို မည်သို့ပြုလုပ်ရမည့် အကြောင်းကိုလည်းကောင်း စဉ်းစားရမည်။...ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းရန် ငါတို့ သို့မဟုတ် ငါတို့ဝန်းကျင်၌ ဖြစ်ပျက်သည့် မည်သည့်အရာကိုမဆို၊ အသေးအမွှား အမှုအရာများကိုပင်လျှင် ငါတို့လက်လွှတ်၍ မရပေ။ ငါတို့သည် ၎င်းကို အာရုံစိုက်သင့်သည်ဟု စဉ်းစားသည်ဖြစ်စေ မစဉ်းစားသည်ဖြစ်စေ၊ အခြေအနေ တစ်ခုခုက ငါတို့ကို ရင်ဆိုင်နေပါက၊ ၎င်းကို ငါတို့ လက်မလွှတ်သင့်ပေ။ ဖြစ်ပျက်သည့်အရာ အားလုံးကို ငါတို့အတွက် ဘုရားသခင်ပေးထားသော စစ်ဆေးမှုများအဖြစ် ရှုမြင်သင့်ပေသည်။ အမှုအရာများအား ဤသို့ရှုမြင်ခြင်းကို သင် မည်သို့သဘောထားသနည်း။ အကယ်၍ သင်၌ ဤသဘောထားမျိုး ရှိပါက၊ ၎င်းက သင်သည် စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်လိုသည်ဟူသော အဖြစ်မှန်တစ်ခုကို အတည်ပြုသည်။ သင်၌ ဘုရားသခင်ကို ကျေနပ်စေရန် ဤဆန္ဒရှိပါက၊ သင်လက်တွေ့လုပ်ဆောင်သော အရာမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းဟူသော စံနှုန်းနှင့် အလှမ်းဝေးလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” မှ

အသက်ဝင်ရောက်မှုကို လိုက်စားသည့်အခါ လူတစ်ဦး နားလည်သင့်သည့် အခြေခံအရာမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင် မြွက်ဆိုသည့် နှုတ်ကပတ်တော်များအားလုံးထဲ၌၊ ၎င်းတို့၏ အကြောင်းအရာသည် မည်သည့်အရာဖြစ်စေ၊ လူတို့အတွက် သူ သတ်မှတ်သည့်အရာများနှင့် သူ၏စံနှုန်းများက အဘယ်အရာဖြစ်သည်ကို သိရှိအောင်ပြုလုပ်သင့်ပြီး၊ ၎င်းတို့အထဲမှနေ၍ လက်တွေ့ကျင့်သုံးမှုလမ်းကြောင်းတစ်ခုကို ရှာဖွေသင့်သည်။ သင်၏ ကျင့်ကြံမှုနှင့် အသက်တာထဲရှိ ရှုထောင့်ကို ယင်းတို့နှင့် တိုက်ဆိုင်စစ်ဆေးသည့်အပြင် သင်၏ အခြေအနေများနှင့် ဖော်ပြချက်များအားလုံးကိုလည်း စစ်ဆေးလော့။ ပို၍အရေးကြီးသည်မှာ သင်သည် မည်သည့်အရာများကို လုပ်ဆောင်သင့်ကြောင်း၊ သင်သည် သင့်တာဝန်များကို ထမ်းဆောင်စဉ် ဘုရားသခင်၏ အလိုတော်ကို မည်သို့ဖြည့်ဆည်းသင့်ကြောင်းနှင့်၊ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လုံးဝ အညီ မည်သို့ကျင့်ကြံပြုမူသင့်ကြောင်းတို့ကို ဤအရာများနှင့် တိုက်ဆိုင် စစ်ဆေးသင့်ပေသည်။ သမ္မာတရား စစ်မှန်မှုနှင့်ပြည့်ဝသော လူတစ်ဦးဖြစ်လော့။ ကျမ်းစောင်းတရားများ၊ အယူဝါဒများနှင့် ဘာသာရေးအယူအဆများနှင့် မိမိကိုယ်ကို တပ်ဆင်သော သူတစ်ဦးမျှ မဖြစ်စေနှင့်။ ဝိညာဉ်ရေးရာကို အယောင်မဆောင်နှင့်၊ ဝိညာဉ်ရေးဆန်သကဲ့သို့ ဟန်ဆောင်သောလူ မဖြစ်စေနှင့်။ သင်၏ အခြေအနေများကို အကဲဖြတ်ခြင်းအတွက် အခြေခံတစ်ခုအနေဖြင့် လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အာရုံစိုက်ရမည်ဖြစ်ပြီး ထို့နောက် အခြေအနေအရပ်ရပ်တိုင်းကို သင်တုံ့ပြန်ပြုမူသည့် ရှုထောင့်များနှင့် သဘောထားများကို ပြောင်းလဲရမည်။ နောက်ဆုံးတွင်ကား သင်သည် အခြေအနေတိုင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း ရှိလိမ့်မည်ဖြစ်ပြီး၊ မဆင်မခြင် လုပ်ဆောင်ခြင်း သို့မဟုတ် သင့်ကိုယ်ပိုင်စိတ်ကူးများနောက်လိုက်ခြင်း၊ အမှုအရာများကို သင့်စိတ်ဆန္ဒများအတိုင်း ပြုလုပ်ခြင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၌ အသက်ရှင်ခြင်း နောက်ထပ်ပြုလုပ်မည် မဟုတ်တော့ချေ။ ထိုအစား သင်၏ လုပ်ရပ်များနှင့် စကားလုံးများ အားလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော်များအပေါ် အခြေခံပြီး သမ္မာတရားနှင့်အညီ ဖြစ်လိမ့်မည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်အား ကြောက်ရွံ့ခြင်းနှလုံးသား တဖြည်းဖြည်း ဖြစ်လာစေလိမ့်မည်။ ဘုရားသခင်ကိုကြောက်ရွံ့သော နှလုံးသားမှာ တစ်စုံတစ်ဦးက သမ္မာတရားကို လိုက်စားနေစဉ်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ယင်းသည် ကန့်သတ်ထိန်းချုပ်ခြင်းမှ မလာပေ။ ကန့်သတ်ထိန်းချုပ်ခြင်းမှ ပေါ်ပေါက်သမျှမှာ အမူအကျင့်တစ်မျိုးသာ ဖြစ်သည်၊ ယင်းသည် အပြင်ပန်းကန့်သတ်ချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့ခြင်းဟူသည် သူ့၌ မိမိ၏ ယုံကြည်ခြင်းဖြစ်စဉ်တွင် သမ္မာတရားအား နားလည်ခြင်း၊ သမ္မာတရားနှင့်အညီ လက်တွေ့ကျင့်သုံးခြင်း၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တဖြည်းဖြည်း တိုး၍လျှော့ချခြင်းနှင့် မိမိအနေဖြင့် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာနိုင်ဖို့အလို့ငှာ မိမိ၏ အခြေအနေများကို နည်းနည်းချင်းစီ တိုးတက်စေခြင်းတို့မှ လာလေသည်၊ ဤသည်မှာ စစ်မှန်သောကြောက်ရွံ့ခြင်း ပေါ်ပေါက်လာစေသည့် ဖြစ်စဉ်ဖြစ်သည်။ အချိန်ကျလာသောအခါ သင်သည် ဘုရားသခင်အား ကြောက်ရွံ့ခြင်းသည် အဘယ်အရာဖြစ်သည်ကို သိလိမ့်မည်ဖြစ်သည်၊ ပြီးလျှင် လူတစ်ဦးအနေဖြင့် ဘုရားသခင်အတွက် စစ်မှန်သော ကြောက်ရွံ့ခြင်းမရှိမီနှင့် သူ့အတွက် သူ ကြောက်ရွံ့ခြင်းကို မပြမီ၊ ရှိရမည့် သဘောထားမျိုးနှင့် အခြေအနေမျိုးကိုလည်းကောင်း၊ လူတစ်ဦး ပိုင်ဆိုင်ရမည့် စိတ်သဘောထားမျိုးကိုလည်းကောင်း အတွင်း၌ သင်ခံစားရလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်” မှ

ယောဘသည် ဘုရားသခင်၏ အမှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ဖူးရန်မဆိုထားနှင့်၊ ဘုရားသခင်၏ မျက်နှာကို မြင်ဖူးခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ပြောဆိုသော စကားများကို ကြားဖူးခဲ့ခြင်း မရှိပေ၊ သို့သော် သူ၏စမ်းသပ်မှုများအတောအတွင်းတွင် ဘုရားသခင်ကို သူ၏ကြောက်ရွံ့ခြင်းနှင့် သူ၏သက်သေခံချက်ကို အားလုံး မျက်မြင်တွေ့ကြရကာ၊ ယင်းတို့သည် ဘုရားသခင်၏ချစ်ခြင်း၊ နှစ်သက်ခြင်းနှင့် ချီးကျူးခြင်းကို ခံရလေသည်၊ ပြီးလျှင် လူတို့သည် ယင်းတို့ကို အားကျကြပြီး သဘောကျကြကာ၊ ယင်းထက်ပို၍ပင် ၎င်းတို့၏ ချီးမွမ်းခြင်းများကို သီဆိုကြလေသည်။ သူ၏အသက်တာနှင့် ပတ်သက်၍ ကြီးမြတ်သည့်အရာ သို့မဟုတ် သာမန်ထက် လွန်ကဲသည့်အရာ မည်သည့်အရာမျှမရှိခဲ့ပေ။ သာမန်လူ တစ်ဦးတစ်လေကဲ့သို့ပင်၊ သူသည် နေထွက်ချိန် အလုပ်သွားပြီး နေဝင်ချိန် အနားယူရန် အိမ်ပြန်လာရင်း၊ သာမည အသက်တာ တစ်ခုကို အသက်ရှင်ခဲ့သည်။ ကွဲပြားခြားနားမှုမှာ သူ့ဘဝ၏ အချို့သော သာမည ဆယ်စုနှစ်များတစ်လျှောက်လုံးတွင် အခြားမည်သည့်လူကမျှ မရရှိဖူးသကဲ့သို့၊ ဘုရားသခင်၏လမ်းခရီးကို ထိုးထွင်းသိမြင်မှုတစ်ခု သူရရှိခဲ့ပြီး ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် အချုပ်အခြာအာဏာကို သဘောပေါက်ကာ နားလည်ခဲ့သည်။ သူသည် မည်သည့်သာမန်လူမျှထက် သာ၍ မလိမ္မာမပါးနပ်ခဲ့ပေ၊ သူ၏အသက်တာသည် အထူးသဖြင့် ဇွဲမကြီးခဲ့သည့်အပြင်၊ သူသည် မမြင်ရသော အထူး ကျွမ်းကျင်မှုများလည်း မရှိခဲ့ပေ။ သို့သော် သူအမှန်တကယ် ပိုင်ဆိုင်ခဲ့သည်မှာ ရိုးသားပြီး ကြင်နာစိတ်ရှိကာ၊ ဖြောင့်မတ်သော လူ့သဘာဝ၊ မျှတမှု၊ ဖြောင့်မတ်ခြင်းတရားနှင့် အပြုသဘောဆောင်သော အရာများကို နှစ်သက်သော လူ့သဘာဝ တစ်ခု ဖြစ်သည်- ဤအရာများထဲမှာ မည်သည့်အရာကိုမျှ သာမန်လူ အများစုက မပိုင်ဆိုင်ကြပေ။ သူသည် ချစ်ခြင်းနှင့် မုန်းခြင်းကြား ပိုင်းခြားသိမြင်ခဲ့သည်၊ တရားသော အသိစိတ်တစ်ခု ရှိခဲ့သည်၊ အလျှော့မပေးတတ်သကဲ့သို့ ဇွဲကောင်းခဲ့ပြီး၊ သူ၏ စဉ်းစားတွေးခေါ်မှုတွင် အသေးစိတ်ကို စေ့စေ့စပ်စပ် အာရုံစိုက်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာမြေပေါ်က သူ၏ သာမည အချိန်ကာလ တစ်လျှောက်လုံးတွင် ဘုရားသခင် ပြုခဲ့ပြီးသော သာမန်ထက် လွန်ကဲသည့် အမှုအရာများ အားလုံးကို သူမြင်ခဲ့ရပြီး ဘုရားသခင်၏ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို မြင်ခဲ့ရသည်၊ ဘုရားသခင်၏ ပူပန်မှု၊ သဘောထားကြီးမှုနှင့် လူသားအတွက် ကွယ်ကာမှုတို့ကို သူမြင်ခဲ့ရပြီး အထွတ်အမြတ်ဖြစ်သော ဘုရားသခင်၏ ဂုဏ်အသရေရှိခြင်းနှင့် ဩဇာအာဏာကို သူမြင်ခဲ့ရလေသည်။ မည်သည့် ပုံမှန်လူကိုမဆို ကျော်လွန်သည့် ဤအရာများကို ယောဘရနိုင်ခဲ့သည့် ပထမဆုံး အကြောင်းရင်းမှာ သူသည် ဖြူစင်သော စိတ်နှလုံးရှိခဲ့ပြီး၊ သူ၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်ကာ ဖန်ဆင်းရှင်၏ ဦးဆောင်မှုကို ခံခဲ့ရသောကြောင့် ဖြစ်သည်။ ဒုတိယ အကြောင်းရင်းမှာ သူ၏လိုက်စားမှုဖြစ်သည်- အပြစ်အနာအဆာကင်းကာ စုံလင်ခြင်းနှင့် ကောင်းကင်ဘုံ၏အလိုနှင့် ကိုက်ညီသည့်၊ ဘုရားသခင်၏ ချစ်ခြင်းကိုခံရကာ မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦးဖြစ်ခြင်းနှင့်သက်ဆိုင်သော သူ၏ လိုက်စားခြင်း ဖြစ်သည်။ ယောဘသည် ဘုရားသခင်ကို မမြင်နိုင်စဉ်တွင် သို့မဟုတ် ဘုရားသခင်၏ စကားများကို မကြားနိုင်စဉ်တွင် ဤအရာများကို ပိုင်ဆိုင်ပြီး လိုက်စားခဲ့သည်။ သူသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးသော်လည်း၊ အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသော နည်းလမ်းများကို သူသိလာခဲ့ပြီးဖြစ်ကာ ထိုသို့ ဘုရားသခင်ပြုသော ဉာဏ်ပညာကို နားလည်ခဲ့သည်။ ယောဘသည် ဘုရားသခင် ပြောဆိုသော စကားများကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးသော်လည်း၊ သူသည် လူကို ဆုချီးမြှင့်ခြင်းနှင့် လူသားထံမှ ယူဆောင်သွားခြင်း လုပ်ဆောင်ချက် အားလုံးက ဘုရားသခင်ထံမှ လာသည်ကို သိခဲ့သည်။ သူ၏ အသက်တာ နှစ်များမှာ အခြားသော မည်သည့် သာမန်လူမဆို၏ နှစ်များနှင့် မကွာခြားခဲ့သော်လည်း၊ သူ၏ အသက်တာ သာမည ဖြစ်ခြင်းကို အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် ပတ်သက်သည့် သူ၏အသိပညာကို ထိခိုက်ဖို့ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းခရီးနောက် သူ၏လိုက်လျှောက်ခြင်းအပေါ် ထိခိုက်စေရန် သူအခွင့်မပေးခဲ့ပေ။ သူ၏အမြင်တွင်၊ အရာခပ်သိမ်း၏ နိယာမများသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြင့် ပြည့်လျက်ရှိပြီး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို လူတစ်ဦး အသက်တာ၏ မည်သည့် အစိတ်အပိုင်း၌မဆို မြင်၍ရနိုင်ခဲ့သည်။ သူသည် ဘုရားသခင်ကို မြင်ခဲ့ဖူးခြင်း မရှိသော်လည်း၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် နေရာတကာ၌ ရှိသည်ကို သူသဘောပေါက်နိုင်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်၌ သူ၏ သာမည အချိန်ကာလအတောအတွင်း၊ သူ၏ အသက်တာ၏ နေရာတိုင်းတွင် ဘုရားသခင်၏ သာမန်ထက် လွန်ကဲပြီး အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များကို သူ မြင်နိုင်ခဲ့သကဲ့သို့ သဘောပေါက်နိုင်ခဲ့ပြီး၊ ဘုရားသခင်၏ အံ့သြဖွယ်ကောင်းသော အစီအစဉ်များကို မြင်နိုင်ခဲ့သည်။ ဘုရားသခင်၏ ကွယ်ဝှက်ခြင်းနှင့် နှုတ်ဆိတ်ခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် ယောဘ၏ နားလည်သဘောပေါက်ခြင်းအား မတားဆီးခဲ့သကဲ့သို့၊ ယင်းတို့သည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် သူ၏ အသိပညာကို မထိခိုက်ခဲ့ပေ။ သူ၏ နေ့စဉ် အသက်တာ ကာလတစ်လျှောက်လုံးတွင် သူ၏ ဘဝသည် ခပ်သိမ်းသောအရာတို့၏ အလယ်၌ ကွယ်ဝှက်နေသော ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သဘောပေါက်မိခြင်း ဖြစ်ခဲ့ပေသည်။ သူ၏ နေ့စဉ် အသက်တာထဲတွင် အရာခပ်သိမ်း အလယ်၌ နှုတ်ဆိတ်နေသော်လည်း၊ အရာခပ်သိမ်း၏ ဥပဒေသများကို စိုးမိုးခြင်းဖြင့် သူ၏ စိတ်နှလုံး သဘောထားနှင့် သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြသော ဘုရားသခင်၏ စိတ်နှလုံး သဘောထားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ကြားပြီး နားလည်ခဲ့သည်။ ထိုအခါတွင် အကယ်၍ လူတို့သည် ယောဘကဲ့သို့ အလားတူ လူ့သဘာဝနှင့် လိုက်စားမှုရှိပါက၊ ယောဘကဲ့သို့ အလားတူ သဘောပေါက်ခြင်းနှင့် အသိပညာကို ရရှိနိုင်ပြီး၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့်သက်ဆိုင်သည့် အလားတူ သိနားလည်မှုနှင့် အသိပညာတို့ကို ယောဘကဲ့သို့ ရရှိနိုင်သည်ကို သင်တို့ မြင်ရပေသည်။ ဘုရားသခင်သည် ယောဘထံ မပေါ်ထွန်ဖူးခဲ့ သို့မဟုတ် သူ့ကို စကားမပြောခဲ့ဖူးသော်လည်း၊ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်နိုင်ခဲ့သကဲ့သို့၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ခဲ့သည်။ တစ်နည်းအားဖြင့် လူသားထံ ဘုရားသခင် ပေါ်ထွန်းလာခြင်း သို့မဟုတ် စကားပြောဆိုခြင်း မရှိဘဲ၊ အရာခပ်သိမ်းအလယ် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာတို့သည် ဘုရားသခင်၏ တည်ရှိခြင်း၊ တန်ခိုးနှင့် ဩဇာအာဏာကို သိလာရန် လူသားအတွက် လုံလောက်ပြီး ဘုရားသခင်၏တန်ခိုးနှင့် ဩဇာအာဏာသည် လူအား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီးကို လိုက်လျှောက်စေဖို့ လုံလောက်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

“ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်း” နှင့် ဘုရားသခင်ကို သိခြင်းတို့သည် မြောက်မြားစွာသော ကြိုးမျှင်တို့ဖြင့် ခွဲ၍မရနိုင်အောင် ချိတ်ဆက်နေပြီး ၎င်းတို့အကြား ဆက်နွှယ်မှုမှာ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် မကောင်းသော အကျင့်ကို ရှောင်ခြင်းအား ရရှိလိုပါက ဦးစွာပထမ ထိုသူ၌ ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့မှု ရှိရမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်ကို စစ်မှန်သော ကြောက်ရွံ့ခြင်း ရရှိလိုပါက ဦးစွာပထမ ထိုသူ၌ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာရှိရမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာ ရရှိလိုပါက ဦးစွာပထမ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံရမည်၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ရမည်၊ ဘုရားသခင်၏ ရိုက်နှက်ဆုံးမခြင်းနှင့် ပဲ့ပြင်ခြင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံရမည် ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံလိုပါက ဦးစွာပထမ ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ဆုံရမည်၊ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် ဆုံရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများပါဝင်သော ပတ်ဝန်းကျင်မျိုးစုံ ပုံစံဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းငှာ အခွင့်အရေးများပေးပါရန် ဘုရားသခင်အား တောင်းလျှောက်ရပေမည်။ အကယ်၍ တစ်ဦးတစ်ယောက်အနေဖြင့် ဘုရားသခင်နှင့်၊ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တေ့တေ့ဆိုင်ဆိုင် ဆုံချင်ပါက ဦးစွာပထမ ထိုသူသည် ရိုးစင်းကာ ရိုးသားသော နှလုံးသား၊ သမ္မာတရားကို လက်ခံရန် အဆင်သင့်ဖြစ်မှု၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံလိုသည့် စိတ်ဆန္ဒ၊ မကောင်းသောအကျင့်ကို ရှောင်ရန် ဆုံးဖြတ်ချက်နှင့် သတ္တိ၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန် ပြင်းပြသည့် ဆန္ဒတို့ကို ပိုင်ဆိုင်ထားရမည်။...ဤနည်းအားဖြင့် ရှေ့သို့ တစ်လှမ်းချင်း လှမ်းခြင်းဖြင့် သင်သည် ဘုရားသခင်ထံ သာ၍ တိုးဝင်ချဉ်းကပ်လာလိမ့်မည်၊ သင့်နှလုံးသားသည် ပို၍သန့်စင်လာလိမ့်မည်ဖြစ်ပြီး သင့်အသက်တာနှင့် ရှင်သန်ခြင်းတန်ဖိုးတို့သည် ဘုရားသခင်နှင့်ဆိုင်သည့် သင်၏အသိ နောက်ပိုင်းတွင် တိုး၍ အဓိပ္ပာယ်ရှိမည်ဖြစ်ကာ ပို၍ပင် တောက်ပ အရောင်လက်လာလိမ့်မည်။ တစ်နေ့၊ ဖန်ဆင်းရှင်မှာ ပဟေဠိမဟုတ်တော့ကြောင်း၊ ဖန်ဆင်းရှင်သည် သင့်ထံမှ မည်သည့်အခါမျှ ပုန်းကွယ်မနေခဲ့ကြောင်း၊ ဖန်ဆင်းရှင်သည် သူ့မျက်နှာအား သင့်ထံမှ မည်သည့်အခါမျှ ဖုံးကွယ်မထားကြောင်း၊ ဖန်ဆင်းရှင်သည် သင်နှင့် လုံးဝ မဝေးကွာကြောင်း၊ ဖန်ဆင်းရှင်သည် သင့်အတွေးများထဲတွင် စဉ်ဆက်မပြတ် တမ်းတသော်လည်း သင့်ခံစားချက်များဖြင့် လက်လှမ်းမမီနိုင်သည့်သူ မဟုတ်တော့ကြောင်း၊ သင့်အသက်တာကို ပံ့ပိုးပေးရင်း၊ သင်၏ကံကြမ္မာကို ထိန်းချုပ်ပေးရင်း သူသည် သင်၏လက်ဝဲနှင့် လက်ျာနှစ်ဖက်ကို ဧကန်စင်စစ်စောင့်ရှောက်နေကြောင်း သင်ခံစားလာရလိမ့်မည်။ သူသည် ဝေးလံလှသော မိုးကုပ်စက်ဝိုင်းတွင် ရှိနေသည်မဟုတ်သကဲ့သို့ မိမိကိုယ်ကို တိမ်တောင်မြင့်မြင့်ကြားတွင် ဝှက်ထားသည်လည်း မဟုတ်ပေ။ သူသည် သင်၏အရာအားလုံးကို ဦးဆောင်လျက် သင့်နံဘေးတွင် ရှိနေသည်။ သူသည် သင်၌ရှိသမျှ အရာခပ်သိမ်းဖြစ်ပြီး သင်၌ရှိသည့် တစ်ခုတည်းသောအရာ ဖြစ်သည်။ ထိုကဲ့သို့သော ဘုရားသခင်သည် သင့်စိတ်နှလုံးဖြင့် သူ့ကိုချစ်ခွင့်၊ သူ့ကို ဖက်တွယ်ခွင့်၊ သူ့ကို နီးကပ်စွာ ဆုပ်ကိုင်ခွင့်၊ သူ့ကို ကြည်ညိုခွင့်၊ သူ့ကို ဆုံးရှုံးရမည်အား ကြောက်ရွံ့ခွင့်တို့ကို ပေးပြီး သူ့ကို စွန့်ခွာရန်၊ သူ့ကို မနာခံရန်၊ သူ့ကို ရှောင်ဖယ်ရန်၊ သို့မဟုတ် သူ့ကို ခပ်ဝေးဝေးတွင်ထားရန် မလိုမလား ဖြစ်စေသည်။ သူ့ကို အရေးစိုက်ရန်၊ နာခံရန်၊ သင့်ကို သူပေးသမျှအား တုံ့ပြန်ရန်နှင့် သူ၏အုပ်စိုးမှုကို ကျိုးနွံနာခံရန်သာ သင်လိုချင်တော့သည်။ သင်သည် သူ၏လမ်းညွှန်မှု၊ ပံ့ပိုးမှု၊ စောင့်ကြည့်မှုနှင့် ကာကွယ်စောင့်ရှောက်မှုတို့ကို ခံယူရန် မငြင်းပယ်တော့သကဲ့သို့၊ သင့်အတွက် သူဆုံးဖြတ်ပေးပြီး ဘိသိက်ပေးသည့် အရာတို့ကိုလည်း သင်မငြင်းပယ်တော့ပေ။ သူ့နောက်လိုက်ရန်၊ သူ၏အဖော်ပြုခြင်း၌ သူ၏အနီးအနားတွင် နေရန်သာ သင်လိုချင်၏၊ သူ့ကို သင်၏ တစ်ခုတည်းသော အသက်အဖြစ် လက်ခံရန်၊ သင်၏ တစ်ဦးတည်းသော သခင်၊ တစ်ဦးတည်းသော ဘုရားသခင်အဖြစ် လက်ခံရန်သာ သင်လိုချင်လေတော့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏” မှ

အရှေ့သို့- ၁၆) ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ချီးမြှောက်ခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၈) ဘုရားသခင်အပေါ် မှီခိုခြင်းနှင့် ကြည်ညိုခြင်းတို့၏ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါ...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်