၃၃) အဆင်းနီသော နဂါးကြီးကို စွန့်လွှတ်ခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် အတိဒုက္ခများကို ဖြတ်သန်းစေခြင်းအားဖြင့်သာ၊ အဆင်းနီသော နဂါးကြီး၏ အကျည်းတန်သော မျက်နာထားနှင့် ၎င်း၏ ဆိုးယုတ်မှု၊ ဖောက်ပြန်ရေး အနှစ်သာရတို့ကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပြီး၊ ၎င်းကို မိမိတို့၏ စိတ်နှလုံးမှ မုန်းတီးနိုင်ပေသည်။

(၂) ဘုရားမဲ့ဝါဒ၊ ရုပ်ဝတ္ထုဝါဒနှင့် ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဥ်ကဲ့သို့သော အဆင်းနီသော နဂါးကြီး၏ သဘောတရားများအားလုံးမှာ ဆိုးယုတ်ပြီး ဖောက်ပြန်ရေးဝါဒီဖြစ်ကာ မလျော်ကန်သည်ကို သတိပြုမိဖို့ လိုအပ်သည်။

(၃) အဆင်းနီသော နဂါးကြီး၏ အတွေးမှားများနှင့် အဆိပ်အမြောက်အများသည် တရုတ်နိုင်ငံ၏ လူများကို လှည့်ဖြားကာ ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်မှာ ၎င်းတို့သည် ဆိုးဆိုးရွားရွား အကျည်းတန်ကြပြီး ယခုတွင် မကောင်းဆိုးဝါးများနှင့် သားရဲများ ဖြစ်လာကြပြီး ဖြစ်သည်။

(၄) အဆင်းနီသော နဂါးကြီးကို စွန့်လွှတ်ဖို့ရန်အတွက်၊ သမ္မာတရားများစွာ နားလည်ဖို့၊ အဆင်းနီသော နဂါးကြီး၏ မာယာကို ရိပ်စားမိနိုင်ဖို့နှင့် စစ်မှန်သော အတွေ့အကြုံသက်သေခံချက်ဖြင့် စာတန်ကို အရှက်ရစေဖို့ လိုအပ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အဆင်းနီသော နဂါးကြီး၏ သရုပ်သကန်များမှာ ငါ့အားခုခံခြင်း၊ ငါ့နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်တို့ကို နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း၊ ငါ့အား မကြာခဏ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ငါ၏စီမံခန့်ခွဲမှုအား နှောင့်ယှက်ရန်အတွက် အကြံအစည်များကို အသုံးပြုရန် ကြိုးစားခြင်းတို့ ဖြစ်ကြသည်။ စာတန်အား အောက်ပါအတိုင်း သိသာထင်ရှားစေသည်- အာဏာအတွက် ငါနှင့် အားထုတ်ယှဉ်ပြိုင်ခြင်း၊ ငါရွေးချယ်ထားသည့် လူတို့ကို ပိုင်ဆိုင်လိုခြင်းနှင့် ငါ၏လူတို့ကို လှည့်စားရန်အတွက် အပျက်သဘောဆောင်သော စကားလုံးများကို ထုတ်ပြန်ခြင်းတို့ ဖြစ်သည်။ မာရ်နတ်၏ သိသာထင်ရှားချက်များမှာ (ငါ၏ နာမကို လက်မခံသောသူများ၊ မယုံကြည်သူများ အားလုံးသည် မာရ်နတ်များ ဖြစ်ကြသည်။) အောက်ပါအတိုင်းဖြစ်သည်- ဇာတိပကတိ၏ သာယာမှုများကို အငမ်းမရလိုချင်ခြင်း၊ မကောင်းသော တပ်မက်မှုများ၌ မွေ့လျော်ခြင်း၊ စာတန်၏ ချည်နှောင်မှု၌ နေထိုင်ခြင်း၊ အချို့က ငါ့ကို အာခံခြင်းနှင့် အချို့က ငါ့ကို ပံ့ပိုးခြင်း တို့ရှိသည် (သို့သော် သူတို့သည် ငါချစ်မြတ်နိုးသော သားများဖြစ်ကြောင်း သက်သေမပြကြပေ)။ ကောင်းကင်တမန်မင်း၏ သရုပ်သကန်များမှာ အောက်ပါအတိုင်း ဖြစ်သည်- စော်ကားမော်ကား ပြောဆိုခြင်း၊ ဘုရားတရား မကြည်ညိုခြင်း၊ လူတို့ကို ဩဝါဒပေးရန် မကြာခဏ ငါ၏လေသံကို တုပခြင်း၊ အပြင်ပန်းအရ ငါအား အတုခိုးရန်ကိုသာ အာရုံစိုက်ခြင်း၊ ငါစားသည့်အရာကို စား၍ ငါသုံးသည့်အရာကို သုံးခြင်းတို့ ဖြစ်ကြသည်။ အတိုချုပ်ရသော် ငါနှင့်အဆင့်အတန်း တူရန် လိုလားပြီး ရည်မှန်းချက်ကြီးသော်လည်း၊ ငါ၏အစွမ်းအစနှင့် ငါ၏အသက်ကင်းမဲ့ကာ၊ စွန့်ပစ်ပစ္စည်း အပိုင်းအစသက်သက် ဖြစ်ခြင်းတို့ ဖြစ်ကြသည်။ စာတန်၊ မာရ်နတ်နှင့် ကောင်းကင်တမန်မင်းတို့ အားလုံးသည် အဆင်းနီသော နဂါးကြီး၏ သာဓကများ စစ်စစ်ဖြစ်ကြသောကြောင့် ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်း နှင့် ရွေးချယ်ခြင်းကို မခံရသောသူများအားလုံးသည် အဆင်းနီသော နဂါးကြီး၏ သားသမီးများ ဖြစ်ကြသည်- ဤသည်မှာ ၎င်းဖြစ်သည့်ပုံစံ တကယ်ဖြစ်သည်။ ဤအရာများအားလုံးသည် ငါ၏ရန်သူများ ဖြစ်ကြသည်။ (သို့သော်လည်း စာတန်၏ နှောင့်ယှက်ဖျက်ဆီးခြင်းများကို ဖယ်ထုတ်ထားသည်။ သင်၏ သဘာဝသည် ငါ၏ အရည်အသွေးဖြစ်လျှင် ယင်းကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ယခုတွင် သင်တို့သည် ဇာတိပကတိ၌ အသက်ရှင်လျက် ရှိနေသေးသောကြောင့် မကြာခဏဆိုသလိုပင် စာတန်၏ ဖြားယောင်းသွေးဆောင်ခြင်းများကို ရင်ဆိုင်ရမည်- ဤသည်မှာ မလွဲမသွေဖြစ်သည်- သို့သော် သင်တို့သည် အမြဲသတိရှိရမည်။) ထို့ကြောင့် ငါသည် ငါ၏ သားဦးများမှလွဲ၍ အဆင်းနီသော နဂါးကြီး၏ သားသမီးများ အားလုံးကို စွန့်ပစ်မည်။ သူတို့၏ဗီဇသည် မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ၊ ယင်းသည် စာတန်၏ အရည်အသွေးဖြစ်သည်။ ယင်းသည် သူတို့ ထင်ရှားစေသည်မှာ မာရ်နတ်ဖြစ်ပြီး ယင်းသည်သူတို့ အသက်ရှင်လိုက်လျှောက်သည့် ကောင်းကင်တမန်မင်း ဖြစ်သည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။ ငါပြောသည့် အဆင်းနီသော နဂါးကြီးသည် ကြီးမားသော အနီရောင် နဂါးကြီးမဟုတ်ပေ။ ထို့ထက် ၎င်းသည် ငါ့အား ဆန့်ကျင်ပြုသော ဝိညာဉ်ဆိုးပင်ဖြစ်ပြီး “အဆင်းနီသော နဂါးကြီး” ဟူသည်မှာ ပမာပြုသုံးနှုန်းထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်မှလွဲ၍ ဝိညာဉ်များအားလုံးသည် ဝိညာဉ်ဆိုးများဖြစ်ကြပြီး အဆင်းနီးသော နဂါးကြီး၏ သားသမီးများဖြစ်သည်ဟုလည်း ဆိုနိုင်လေသည်။ ဤအရာအားလုံးမှာ လူတိုင်းအတွက် ရှင်းလင်းပြတ်သားသင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

တရုတ်နိုင်ငံသည် နိုင်ငံများအားလုံးအနက် ခေတ်နောက်အကျဆုံး ဖြစ်သည်။ ယင်းသည် အဆင်းနီသောနဂါးကြီး ရစ်ခွေလျက် လဲလျောင်းသော မြေဖြစ်သည်၊ ယင်းသည် ရုပ်တုများကို ကိုးကွယ်သောသူများနှင့် မှော်အတတ်တွင် ပါဝင်သောသူများ အများဆုံးရှိပြီး၊ ဘုံကျောင်းများ အများဆုံးရှိကာ၊ ညစ်ညူးသော မကောင်းဆိုးရွားများ နေထိုင်သော နေရာတစ်ခု ဖြစ်သည်။ သင်သည် ထိုနေရာ၌ မွေးခဲ့၏၊ ထိုနေရာအားဖြင့် သင်သည် ပညာတတ်မြောက်ခဲ့ပြီး၊ ယင်း၏ လွှမ်းမိုးမှုဖြင့် ပြည့်နှက်ခဲ့သည်။ သင်သည် ယင်း၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကာ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသည်၊ သို့သော် နိုးထစေခြင်း ခံရပြီးနောက်တွင် သင်သည် ထိုအရာကို စွန့်လွှတ်ပြီး၊ ဘုရားသခင်၏ လုံးဝ ရယူခြင်းကို ခံရသည်။ ဤသည်မှာ ဘုရားသခင်၏ဘုန်းအသရေဖြစ်ပြီး၊ ဤသည်မှာ အမှု၏ ဤအဆင့်က ကြီးမားသော အရေးပါမှုရှိသည့် အကြောင်းရင်းဖြစ်သည်။ ဘုရားသခင်သည် ဤမျှကြီးမားသော အတိုင်းအတာရှိသည့် အမှုကို လုပ်ဆောင်ပြီး ဖြစ်သည်၊ နှုတ်ကပတ်တော်များစွာ ပြောဆိုပြီးဖြစ်ကာ၊ သူသည် သင်တို့ကို နောက်ဆုံးတွင် လုံးဝ ရယူလိမ့်မည်ဖြစ်သည်- ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့်ဆိုင်သည့် အမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သင်တို့သည် ဘုရားသခင်နှင့် စာတန် စစ်ပွဲ၏ “အောင်ပွဲလက်ရပစ္စည်းများ” ဖြစ်သည်။ သမ္မာတရားကို သင် သာ၍နားလည်ပြီး သင်၏ အသင်းတော်အသက်တာ ပို၍ ကောင်းမွန်လေလေ၊ အဆင်းနီသော နဂါးကြီးသည် ရှုံးနိမ့်ရလေလေ ဖြစ်သည်။ ဤအရာများအားလုံးသည် ဝိညာဉ်လောက၏ ကိစ္စရပ်များဖြစ်သည်- ယင်းတို့သည် ဝိညာဉ်လောက၏ တိုက်ပွဲများဖြစ်ပြီး၊ ဘုရားသခင် အောင်နိုင်သည့်အခါ စာတန်သည် အရှက်ရပြီး လဲကျလိမ့်မည်။ ဘုရားသခင်၏အမှု၏ ဤအဆင့်သည် ကြီးမားသော အရေးပါမှုရှိသည်။ သင်တို့အနေဖြင့် စာတန်၏ လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်ကြဖို့၊ သန့်ရှင်းသော မြေတွင် အသက်ရှင်နိုင်ကြဖို့၊ ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ကြဖို့နှင့် အလင်း၏ ဦးဆောင်မှုနှင့် လမ်းပြမှုတို့ ရှိနိုင်ကြဖို့အလို့ငှာ၊ ဘုရားသခင်သည် ထိုသို့သော ဧရာမအတိုင်းအတာဖြင့် အမှုကို လုပ်ဆောင်ပြီး ဤလူစုကို လုံးဝ ကယ်တင်လေသည်။ ထို့နောက် သင်၏ အသက်တာအဖို့ အဓိပ္ပါယ်ရှိသည်။ သင်တို့စားသည့်အရာနှင့် ဝတ်သည့်အရာသည် မယုံကြည်သူများနှင့် ခြားနားသည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို နေထိုင်သည်- ပြီးလျှင် ၎င်းတို့သည် မည်သည့်အရာကို မွေ့လျော်ကြသနည်း။ ၎င်းတို့သည် ၎င်းတို့၏ “ဘိုးဘေးပိုင် အမွေအနှစ်” နှင့် သူတို့၏ “အမျိုးသားရေးစိတ်ဓာတ်” တို့ကိုသာ မွေ့လျော်ကြသည်။ ၎င်းတို့သည် လူ့သဘာဝ စိုးစဉ်းကလေးမျှပင် မရှိကြလေပြီ။ သင်တို့၏ အဝတ်အစားများ၊ စကားများနှင့် အပြုအမူများသည် ၎င်းတို့နှင့် လုံးဝခြားနားသည်။ နောက်ဆုံးတွင်၊ သင်တို့သည် ညစ်ညူးခြင်းမှ လုံးဝ လွတ်မြောက်ကြလိမ့်မည်၊ စာတန်၏ သွေးဆောင်ခြင်းတွင် နောက်ထပ် အမိခံရတော့မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ နေ့စဉ်ထောက်ပံ့မှုကို ရရှိကြလိမ့်မည် ဖြစ်သည်။ သင်တို့သည် အစဉ်မပြတ် သတိထားသင့်သည်။ သင်တို့သည် ညစ်ညမ်းသောနေရာ၌ အသက်ရှင်ကြသော်လည်း၊ ညစ်ညမ်းမှုနှင့် မစွန်းထင်းကြသကဲ့သို့၊ ဘုရားသခင်၏ ကြီးမားသော ကွယ်ကာမှုကို ရရှိလျက် ဘုရားသခင်နှင့်အတူ အသက်ရှင်နိုင်ကြလေသည်။ ဘုရားသခင်သည် သင်တို့ကို ဤအဝါရောင်မြေ ပေါ်တွင် အားလုံးထဲမှ ရွေးချယ်ထားလေသည်။ သင်တို့သည် ကောင်းချီး အခံစားရဆုံးလူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အဝတ်အစားဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ ဤကမ္ဘာလောကတွင်၊ လူသားသည် နတ်ဆိုး၏ အဝတ်အထည်ကို ဆင်မြန်းသည်၊ နတ်ဆိုးထံမှ အစားအစာကို စားပြီး၊ ယင်း၏ ညစ်ညမ်းခြင်း၌ လုံးလုံးလျားလျား နင်းချေခြင်းခံလာရလျက်၊ နတ်ဆိုး၏ ကြိုးဆွဲရာကလျက် အလုပ်လုပ်ကာ အစေခံလေသည်။ သင်သည် အသက်၏အဓိပ္ပါယ်ကို သဘောမပေါက်ပါက သို့မဟုတ် စစ်မှန်သော လမ်းခရီးကို မရရှိပါက၊ ဤသို့အသက်ရှင်ခြင်း၌ မည်သည့် အဓိပ္ပာယ် ရှိသနည်း။ သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၂)” မှ

ထိပ်ဖျားမှ အောက်ခြေအထိနှင့် အစအဦးမှ အဆုံးအထိ စာတန်သည် ဘုရားသခင်၏ အမှုကို နှောင့်ယှက်နေခဲ့ပြီးဖြစ်ကာ သူ့ကို ဆန့်ကျင်လျက် ပြုမူနေခဲ့ပြီး ဖြစ်သည်။ “ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်” နှင့် ပတ်သက်သည့် ဤပြောဆိုဆွေးနွေးခြင်း၊ အဖိုးထိုက်တန်သော “ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာ”၊ “တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့၏ သွန်သင်မှုများ”နှင့် “ကွန်ဖြူးရှပ်ဝါဒ၏ ဂန္တဝင် ကျမ်းများနှင့် ကံကျွေးချစနစ်ဆန်သော ထုံးတမ်းများ” အားလုံးသည် လူသားကို ငရဲထဲသို့ ခေါ်ဆောင်သွားပြီးဖြစ်သည်။ မျက်မှောက်ခေတ် အဆင့်မြင့် သိပ္ပံပညာနှင့် နည်းပညာတို့အပြင် အလွန်တိုးတက်သော စက်မှုလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် စီးပွားရေးတို့ကို မည်သည့် နေရာမှာတွင်မျှ မတွေ့မြင်ရပေ။ ယင်းထက်၊ ၎င်း လုပ်ဆောင်သမျှမှာ ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်ရန်၊ ဆန့်ကျင်ရန်နှင့် ဖြိုဖျက်ရန်အလို့ငှာ ရှေးကာလ၏ “မျောက်ဝံများ” အားဖြင့် ဖြန့်ခဲ့သည့် ကံကျွေးချစနစ်ဆိုင်ရာ ထုံးတမ်းများကို အလေးပေးရန် ဖြစ်သည်။ ၎င်းသည် လူသားကို ယနေ့ထိတိုင် ဆက်လက် ဒုက္ခပေးသည်သာမက၊ လူသားကို အကောင်လိုက်ဝါးမျို ရန်ပင် ဆန္ဒရှိလေသည်။ ကံကျွေးချစနစ်နှင့်ဆိုင်သည့် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ သွန်သင်မှုများကို တစ်ဆင့်ပေးခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှု၏ အသိပညာကို လက်ဆင့်ကမ်းခြင်းတို့သည် လူသားကို နတ်ဆိုး အကြီး အသေးများအဖြစ်သို့ ပြောင်းလဲစေလျက်၊ လူသားမျိုးနွယ်ကို ကူးစက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဘုရားသခင်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံသောသူ နည်းပါးပေသည်၊ ဘုရားသခင်၏ ကြွလာခြင်းကို အထူးအားရ ရွှင်လန်းစွာ ကြိုဆိုကြမည့်သူ နည်းပါးပေသည်။ လူသားမျိုးနွယ်၏ မျက်နှာသည် လူသတ်မည့်အကြံနှင့် ပြည့်နေပြီး နေရာတိုင်းတွင်၊ သတ်ဖြတ်လိုသည့် အငွေ့အသက်က လေထုထဲတွင် ပျံ့နှံ့နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဤနယ်မြေမှ နှင်ထုတ်ရန် ကြိုးစားကြသည်၊ လက်ထဲတွင် ဓားများ၊ ဓါးရှည်များဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို “အမြစ်ဖြတ်ချေမှုန်း” ရန် စစ်ပွဲအခင်းအကျင်းဖြင့် မိမိတို့ကိုယ်ကိုယ် စီမံကြလေသည်။ ဘုရားသခင်မရှိဟု လူသားသည် စဉ်ဆက်မပြတ် သွန်သင်ခြင်းခံရသည့်နေရာ၊ ရုပ်တုဆင်းတုများ ပျံ့နှံ့သည့်နေရာဖြစ်သည့် ဤနတ်ဆိုး၏ နယ်မြေအနှံ့ရှိ အားလုံးနှင့် အပေါ်လေထုသည် မီးလောင်နေသော စာရွက်များနှင့် အမွှေးနံ့သာတို့၏ ညှီစို့စို့အနံ့ဖြင့် စိမ့်ဝင်ပျံ့နှံ့နေပြီး ထိုအနံ့မှာ အသက်ရှူရကျပ်စေသည်အထိ အလွန်ပင်ထူထပ်ပေသည်။ ယင်းမှာ အဆိပ်ရှိသော မြွေ၏ ထွန့်ထွန့်လူးခြင်းဖြင့် လေနှင့်ပါလာသည့် အနည်အနှစ်တို့၏ အနံ့ဆိုးကဲ့သို့ဖြစ်သည်မှာ မပျို့အန်ဘဲ မနေနိုင်သည်အထိ ဖြစ်သည်။ ဤအရာအပြင်၊ ဝေးကွာလှသော ငရဲမှ လာသည်ဟု ထင်ရသော အသံတစ်ခုဖြစ်သည့်၊ ကျမ်းစာများကို သံပြိုင်ရွတ်ဆိုနေကြသည့် ဆိုးယုတ်သော မကောင်းဆိုးဝါးများ၏ အသံကို ယဲ့ယဲ့ကြားရသည်မှာ ကျောမချမ်းဘဲမနေနိုင်သည်အထိ ဖြစ်သည်။ နယ်မြေကို ကာမဂုဏ်အာရုံ သာယာကြည်နူးမှု လောကကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေလျက်၊ ဤနယ်မြေထဲက နေရာတိုင်းတွင် သက်တံရောင်စုံရှိသည့် ရုပ်တုဆင်းတုများ ထားရှိသော်လည်း၊ နတ်ဆိုးများ၏ ရှင်ဘုရင်သည် ၎င်း၏ ယုတ်မာသော အကြံအစည် အောင်မြင်သွားသည့်အလား ကောက်ကျစ်စဉ်းလဲစွာ ရယ်မောပြီးရင်း ရယ်မောနေပေသည်။ ထိုအချိန်အတောအတွင်းတွင်၊ လူသားသည် လုံးဝ သတိမမူမိသကဲ့သို့၊ အသိမဲ့လာပြီး ရှုံးနှိမ့်မှုဖြင့် သူ၏ဦးခေါင်း ငိုက်စိုက်ကျသည့် အခြေအနေအထိ နတ်ဆိုးက သူ့ကို ဖျက်ဆီးနှင့်ပြီးဖြစ်သည်ကို သူသည် မည်သည့် အရိပ်အမြွက်မျှ မသိပေ။ ၎င်းသည် ဘုရားသခင်နှင့်ပတ်သက်သည့် အရာတိုင်းကို တစ်ချက်တည်းနှင့် ရှင်းလင်းဖယ်ရှားရန်နှင့် ဘုရားသခင်ကို နောက်တစ်ဖန် ဖျက်ဆီးရမ်းကားပြီး လုပ်ကြံသတ်ဖြတ်ရန် ဆန္ဒရှိလေသည်။ ၎င်းသည် ဘုရားသခင်၏အမှုကို ဖြိုဖျက်ရန်နှင့် နှောင့်ယှက်ရန် ကြံစည်လေသည်။ ၎င်းသည် ဘုရားသခင်ကို တန်းတူအဆင့်အတန်း ဖြစ်ရန် အဘယ်သို့အခွင့်ပြုနိုင်မည်နည်း။ ကမ္ဘာမြေပေါ်တွင် လူတို့အကြား ၎င်း၏အလုပ်ကို ဘုရားသခင် “ဝင်ရောက်စွက်ဖက်ခြင်း” ကို ၎င်းသည် အဘယ်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏ အကျည်းတန်သော မျက်နှာကို ဖော်ထုတ်ရန် ဘုရားသခင်အား အဘယ်သို့နှင့် ခွင့်ပြုနိုင်မည်နည်း။ ၎င်း၏ အလုပ်ကို ဘုရားသခင်က ကစဉ့်ကလျားဖြစ်စေရန် ၎င်းသည် အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ဒေါသဖြင့် ယမ်းပုံမီးကျဖြစ်နေသော ဤနတ်ဆိုးသည် ကမ္ဘာမြေပေါ်ရှိ ၎င်း၏ အင်ပါယာနန်းတော်အပေါ် ဘုရားသခင်အား ထိန်းချုပ်ခွင့် အဘယ်သို့ ပေးနိုင်မည်နည်း။ ၎င်းထက် သာလွန်သော ကိုယ်တော်၏အင်အားကို ၎င်းသည် ဘယ်သို့ လိုလိုလားလား ဦးညွှတ်နိုင်မည်နည်း။ ၎င်း၏ အကျည်းတန်းသော မျက်နှာသည် အဖြစ်ကိုအဖြစ်အတိုင်း ဖော်ထုတ်ခံရပြီးဖြစ်သည်၊ သို့ဖြစ်၍ လူတစ်ဦးအနေဖြင့် ရယ်ရမည်၊ ငိုရမည်ဆိုသည်ကို မသိသကဲ့သို့ ယင်းသည် ပြောဆိုဖို့ရန် အမှန်တကယ် ခက်ခဲလေသည်။ ဤသည်မှာ ၎င်း၏ အနှစ်သာရဖြစ်သည် မဟုတ်လော။ အကျည်းတန်သော ဝိညာဉ်ဖြင့်၊ ၎င်းသည် မယုံနိုင်လောက်အောင်ပင် လှပသည်ဟု ၎င်းက ယုံကြည်ဆဲဖြစ်သည်။ ပြစ်မှုထဲက ဤကြံရာပါ အုပ်စု။ ကမ္ဘာလောကသည် ပြောင်းလဲလွယ်ပြီး မတည်တံ့သော နေရာဖြစ်လာကာ၊ လူသား၏ နှလုံးသားသည် ကြောက်လန့်မှုနှင့် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်သည်အထိ ၎င်းတို့သည် အမှုအရာများကို အလွန် မွှေနှောက်ကြလျက်၊ ၎င်းတို့သည် အပျော်အပါး၌ မွေ့လျော်ရန်နှင့် ရုတ်ရုတ်သဲသဲဖြစ်စေဖို့၊ သေမျိုးဖြစ်သော နယ်ပယ်ထဲသို့ ဆင်းသက်လာကာ၊ ၎င်းတို့သည် လူသားကို အလွန်ကစားခဲ့ကြသည်မှာ လူသား၏ သွင်ပြင်သည် အလွန့်အလွန် အကျည်းတန်လျက် စိုက်ကွင်း၏ လူမဆန်သော သားရဲတစ်ကောင်၏ သွင်ပြင်ဖြစ်လာပြီးဖြစ်ကာ၊ ယင်းမှ မူလက သန့်ရှင်းသောလူ၏ နောက်ဆုံး အရိပ်အယောင်သည် ပျောက်ဆုံးသွားပြီးဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် အချုပ်အခြာအာဏာကို သိမ်းပိုက်ရန်ပင် ဆန္ဒရှိကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို အလွန် ပိတ်ဆို့ကြသည်မှာ အရှေ့သို့ နည်းနည်းမျှ တိုးရန် အနိုင်နိုင်ဖြစ်ပြီး၊ ၎င်းတို့သည် လူသားကို ကြေးနီနှင့် သံမဏိတံတိုင်းများတမျှ တင်းကျပ်စွာ ပိတ်ထား၏။ များစွာသော ဆိုးရွားသည့် အပြစ်များကို ကျူးလွန်ပြီး များစွာသော ကပ်ဘေးဒုက္ခများ ဖြစ်စေပြီးနောက်၊ ၎င်းတို့သည် ပြစ်တင်ဆုံးမခြင်းမှလွဲ၍ အခြားတစ်စုံတစ်ရာကို မျှော်လင့်နေကြသေး သလော။ မကောင်းဆိုးဝါးများနှင့် ဆိုးယုတ်သော ဝိညာဉ်များသည် ကမ္ဘာမြေပေါ်၌ အချိန်ကာလတစ်ခုကြာအောင် ဒေါသတကြီး လျှောက်ရမ်းနေခဲ့ပြီး ဘုရားသခင်၏အလိုနှင့် အပင်ပန်းခံ အားထုတ်မှုတို့ကို ပိတ်ပင်ထားခဲ့သည်မှာ ၎င်းတို့သည် ထွင်းဖောက် မရနိုင်ပေ။ အမှန်ပင်၊ ဤသည်မှာ သေထိုက်သော အပြစ်ပါတကား။ ဘုရားသခင်သည် အဘယ်သို့ မစိုးရိမ်ဘဲနှင့် နေနိုင်မည်နည်း။ ဘုရားသခင်သည် အဘယ်သို့ အမျက်ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို ဆိုးရွားစွာ တားဆီးပြီး ဆန့်ကျင်ခဲ့ကြသည်။ ပုန်ကန်လိုက်လေတကား။ မကောင်းဆိုးဝါး ကြီးငယ်တို့သည်ပင် ခြင်္သေ့နောက် ထပ်ကျပ်မခွာလိုက်သည့် ခွေးအများကဲ့သို့ ပြုမူကြပြီး ၎င်းတို့ သွားကြသည်နှင့်အမျှ အတားအဆီးများကို ဖန်တီးရင်း ဆိုးယုတ်သော ရေစီးကြောင်းနောက် လိုက်ကြလေသည်။ သမ္မာတရားကို သိလျက်၊ ၎င်းတို့သည် သမ္မာတရားကို တမင်သက်သက် ဆန့်ကျင်ကြသည်၊ အဓမ္မလူများပါတကား။ ဤသည်မှာ ယခုတွင် ၎င်းတို့၏ ငရဲဘုရင်သည် မင်းမြောက်ပလ္လင်သို့ တက်ကြွခဲ့ပြီး ၎င်းတို့သည် အခြားသူများ အားလုံးကို အထင်အမြင်သေးခြင်းဖြင့် ဆက်ဆံရင်း ဘဝင်ခိုက် လာကြပြီး မိမိဘာသာ အားရကျေနပ်လာကြသည့်အလား ဖြစ်သည်။ ၎င်းတို့ထဲတွင် မည်မျှသည် သမ္မာတရားကို ရှာဖွေပြီး ဖြောင့်မတ်ခြင်းတရားကို လိုက်လျှောက်ကြသနည်း။ ၎င်းတို့ အားလုံးသည် ဘဝင်ခိုက်ကာ ကိုယ်ကျောကိုယ်သပ်ခြင်းဖြင့် ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်းရင်းနှင့် ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း ဝက်များနှင့် ခွေးများထက် သာ၍မကောင်းသည့် နောက်ချေးပုံအလယ်တွင် နံဟောင်သော ယင်ကောင်တစ်အုပ်ကို ဦးဆောင်သော သားရဲများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့ ကိုယ်တိုင်က နံဟောင်သော ယင်ကောင်များထက် မပိုသည်ကို မသိသလောက်ဖြစ်လျက်၊ ၎င်းတို့၏ ငရဲဘုရင်သည် အားလုံးထဲမှ အကြီးမြတ်ဆုံးသော ရှင်ဘုရင်ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ သို့သော်လည်း ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို အပုပ်ချဖို့ မိမိတို့၏မိဘများအဖြစ် ရှိနေကြသည့် ဝက်များနှင့် ခွေးများ၏ တန်ခိုးအာဏာကို အသုံးချကြသေးသည်။ အလွန်သေးငယ်သော ယင်ကောင်များအနေဖြင့်၊ ၎င်းတို့သည် ၎င်းတို့၏မိဘများကို သွားရှိသော ဝေလငါးများ တမျှ ကြီးမားသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့ကိုယ်တိုင်က သေးငယ်လှသော်လည်း၊ ၎င်းတို့၏မိဘများမှာ ၎င်းတို့ထက် အဆသန်းရာပေါင်းများစွာ သာ၍ကြီးမားသော မသန့်ရှင်းသည့် ဝက်များနှင့်ခွေးများ ဖြစ်သည်ကို မသိသလောက် ဖြစ်သည်။ မိမိတို့ကိုယ်တိုင်၏ နိမ့်ကျခြင်းကို သတိမမူဘဲလျက်၊ ၎င်းတို့သည် အနာဂတ်မျိုးဆက်များကို ပေါက်ပွားစေရန် အချည်းနှီး စဉ်းစားရင်း၊ အရှက်ရခြင်းကို သတိမမူဘဲ ဒေါသတကြီး လျှောက်ရမ်းဖို့ ထိုဝက်များနှင့် ခွေးများမှ ထွက်သော ပုပ်ပွသည့် အနံ့ဆိုးအပေါ် အားထားလေသည်။ ၎င်းတို့၏ ကျောပေါ်တွင် တောင်ပံစိမ်းများဖြင့်၊ (ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည်ဟု ၎င်းတို့ အခိုင်အမာဆိုခြင်းကို ရည်ညွှန်း၏)၊ ၎င်းတို့သည် သွေးနားထင်ရောက်ကြပြီး၊ နေရာတကာတွင် မိမိတို့၏ အလှတရားနှင့် ဆွဲဆောင်မှုတို့ကို ကြွားဝါကြသော်လည်း၊ မိမိတို့ ကိုယ်တိုင်၏ ခန္ဓာကိုယ်များပေါ်က မစင်ကြယ်မှုများကို လူသားအပေါ်သို့ လျှို့ဝှက်စွာ ပစ်ကြလေသည်။ ထို့အပြင်၊ ၎င်းတို့ကိုယ်တိုင်၏ မစင်ကြယ်မှုများကို ဖုံးကွယ်ရန် သက်တံရောင် တောင်ပံတစ်စုံကို ၎င်းတို့ အသုံးပြုနိုင်ကြသည့်အလား၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်နှင့်ပတ်သက်၍ အလွန့်အလွန် ကျေနပ်နေကြပြီး၊ ဤနည်းများဖြင့် ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်၏ တည်ရှိခြင်းအပေါ် သူတို့၏ ဖိနှိပ်ခြင်းကို ယူဆောင်လာကြလေသည် (ဤသည်မှာ ဘာသာရေးလောကထဲက ဖြစ်အင်များနောက်ကွယ်တွင် ဖြစ်နေသည့်အရာကို ရည်ညွှန်းသည်)။ ယင်ကောင်တစ်ကောင်၏ တောင်ပံများသည် နှစ်သက်ကြည်နူးဖွယ် လှပသလောက်၊ ယင်ကောင်ကိုယ်၌ကမူ နောက်ဆုံးတွင် အညစ်အကြေးများ နှင့်ပြည့်သော ဝမ်းဗိုက်နှင့် ရောဂါပိုးများနှင့် ဖုံးလွှမ်းနေသည့် ခန္ဓာကိုယ်ဖြင့် သေးငယ်သည့် သတ္တဝါတစ်ကောင်ထက် ဘာမျှ မပိုသည်ကို လူသားသည် မည်သို့သိမည်နည်း။ မိဘများအနေဖြင့် ၎င်းတို့၌ရှိကြသည့် ဝက်များနှင့်ခွေးများ၏ ခွန်အားကိုမှီ၍၊ ၎င်းတို့သည် နယ်မြေတစ်လျှောက် ၎င်းတို့၏ ကြမ်းကြုတ်ရက်စက်မှုတွင် အထိန်းအကွပ်မဲ့လျက် ဒေါသတကြီး ပတ်ရမ်းကြလေသည် (ဤသည်မှာ စစ်မှန်သောဘုရားသခင်နှင့် သမ္မာတရားကို ပုန်ကန်ဖို့ ဘုရားသခင်ကို နှိပ်စက်ညှဉ်းပန်းသည့် ဘာသာရေး အရာရှိများက တိုင်းနိုင်ငံအစိုးရ၏ အားကောင်းသော အထောက်အပံ့ကို အမှီပြုသည့် နည်းလမ်းကို ရည်ညွှန်း၏)။ ယင်းမှာ ယုဒလူမျိုး ဖာရိရှဲတို့၏ တစ္ဆေများသည် ဘုရားသခင်နှင့်အတူ အဆင်းနီသော နဂါးကြီး၏ တိုင်းနိုင်ငံ၊ ၎င်းတို့၏ အသိုက်ဟောင်းဆီသို့ ပြန်လာကြခဲ့သည့်အလား ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်ထောင်ပေါင်း အချို့က ၎င်းတို့၏ အလုပ်ကို ပြန်လည်လုပ်ကိုင်ရင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း နောက်တစ်လှည့်ကို စတင်ကြပြီ ဖြစ်သည်။ ဤအကျင့်ပျက်အုပ်စုသည် အဆုံးတွင် ကမ္ဘာမြေပေါ်၌ ပျက်စီးကြဖို့ သေချာ၏။ နှစ်ထောင်ပေါင်းအချို့ကြာပြီးနောက်၊ မသန့်ရှင်းသော ဝိညာဉ်များသည် သာ၍ပင် ကောက်ကျစ်လာပြီး လှည့်ဖြားတတ်လာပုံ ရလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုကို တိတ်တဆိတ် လျော့ပါးစေဖို့ နည်းလမ်းများကို စဉ်ဆက်မပြတ် တွေးတော နေကြသည်။ လှည့်စားမှုများနှင့် မာယာပေါများစွာဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အော်ဟစ်လုနီးပါးဖြစ်သည်အထိ ဆွပေးရင်း၊ လွန်ခဲ့သော နှစ်ထောင်ပေါင်းအချို့က အဖြစ်ဆိုးကို ၎င်းတို့၏ မွေးရပ်ဌာနေတွင် ပြန်လည်လုပ်ဆောင်ရန် ဆန္ဒရှိကြလေသည်။ ၎င်းတို့ကို အမြစ်ဖြတ်သုတ်သင်ခြင်းငှာ ဘုရားသခင်သည် တတိယကောင်းကင်ဘုံသို့ ပြန်ကြွမသွားဖို့ရန် မိမိကိုယ်ကိုယ် မနည်းထိန်းနေရ၏။ လူသားသည် ဘုရားသခင်ကို ချစ်ရန်အတွက်၊ သူသည် ဘုရားသခင်၏ အလိုကို သဘောပေါက်ရမည်၊ သူ၏ဝမ်းမြောက်မှုများနှင့် ဝမ်းနည်းခြင်းများကို သိရှိရမည်ဖြစ်ပြီး၊ သူစက်ဆုပ်သည့်အရာ မည်သည့်အရာဖြစ်သည်ကို နားလည်ရမည် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းသည် လူသား၏ ဝင်ရောက်ခြင်းကို သာ၍ စေ့ဆော်လိမ့်မည်။ ဘုရားသခင်၏ အလိုဆန္ဒ အောင်မြင်ခြင်းသို့ ရောက်ရှိနိုင်ဖို့အလို့ငှာ၊ လူသား၏ ဝင်ရောက်မှု မြန်ဆန်လေလေ၊ ဘုရားသခင်၏ အလိုသည် မြန်မြန် ဖြည့်ဆည်းခံရလေလေ ဖြစ်ပြီး၊ လူသားသည် နတ်ဆိုးတို့၏ ရှင်ဘုရင်ကို ရှင်းလင်းစွာ ရိပ်စားမိလေလေ ဖြစ်ကာ ဘုရားသခင်ထံ ချဉ်းကပ်လေလေ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

၎င်းတို့၏ ကြီးမားသည့် စိတ်ဒဏ်ရာ ခံစားရပြီးဖြစ်သော နှလုံးသား ပြုပြင်ခံရပြီး၊ ထိုသို့ဖြင့် မကောင်းမှုဒုစရိုက်၏ အကြီးအကျယ် ထိခိုက်နစ်နာစေခြင်း ခံရပြီးဖြစ်သော ၎င်းတို့၏ ဝိညာဉ်ကို ကယ်နုတ်သည်အထိ လူအသီးသီး၏ စိတ်ဝိညာဉ်ကို ပြုပြင်ရန်၊ လူအသီးသီး၏ စိတ်ဝိညာဉ်ကို ပြောင်းလဲရန်အလို့ငှာ နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ကြိမ်ဖန်များစွာ ငါပြောဆိုပြီးဖြစ်သည်။ ယင်းမှာ လူတို့၏ စိတ်ဝိညာဉ်များကို နိုးထစေရန်၊ ၎င်းတို့၏ အေးစက်သော နှလုံးသားများကို အရည်ပျော် ကျစေရန်နှင့် ၎င်းတို့အား အားသစ်လောင်းခံရခွင့် ပေးရန်အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အကြီးမြတ်ဆုံးသော အလို ဖြစ်သည်။ လူသား၏ အသက်တာနှင့် အတွေ့အကြုံများ မည်မျှ မြင့်မားသည်၊ သို့မဟုတ် မည်မျှ နက်နဲသိမ်မွေ့သည်ဆိုသည်ကို ပြောဆိုခြင်းအား ဘေးဖယ်ထားလော့။ လူတို့၏ နှလုံးသားများ နိုးကြားစေခြင်း ခံရပြီးသောအခါ၊ ၎င်းတို့၏ အိပ်မက်များမှ ၎င်းတို့ နိုးထစေခြင်း ခံရပြီး အဆင်းနီသော နဂါးကြီးက ဖြစ်ပေါ်စေသည့် အန္တရာယ်ကို အပြည့်အဝ ကောင်းစွာ သိရှိကြသည့်အခါတွင်၊ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် အမှု ပြီးစီးပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်၏အမှု ပြီးဆုံးသည့် နေ့ရက်သည် လူသားက ဘုရားသခင်အား ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်သို့ တရားဝင် စတင်သောနေ့ရက်လည်း ဖြစ်သည်။ ဤအချိန်တွင် ဘုရားသခင်၏ အမှုတော်သည် အဆုံးသတ်သို့ ရောက်လာပြီး ဖြစ်လိမ့်မည်- ဘုရားသခင် လူ့ဇာတိခံယူသော အမှုသည် လုံးလုံး ပြီးဆုံးသွားပြီး ဖြစ်လိမ့်မည်ဖြစ်ပြီး လူသားသည် သူ ဆောင်ရွက်သင့်သည့် တာဝန်ကို တရားဝင် စတင် ဆောင်ရွက်လိမ့်မည်— လူသားသည် သူ၏ အမှုတော်ကို ထမ်းဆောင်လိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင် အမှု၏ အဆင့်များ ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ဤအရာများကို သိခြင်းနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်အပေါ်တွင် အသင်တို့၏ ဝင်ရောက်ရန် လမ်းကြောင်းကို စမ်းတဝါးဝါး ရှာသင့်သည်။ ဤအရာအားလုံးသည် သင်တို့ နားလည်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် မကောင်းဆိုးဝါးများ စုစည်းရာ ဤနေရာမှ- ရွေးနုတ်ခံရပြီးဖြစ်သည့်၊ အမှောင်အင်အားစုများ အောက်တွင် အသက်ရှင်ဆဲ ဖြစ်သကဲ့သို့ မိမိကိုယ်ကိုယ် မည်သည့်အခါတွင်မျှ မလှုံ့ဆော်ဖူးသည့်- လူသား၏ ပြည့်စုံသည့် ကယ်တင်ခြင်း ဖြစ်သည့်အတွက်၊ လူသား၏ ဝင်ရောက်ခြင်းသည် သူ၏ နှလုံးသား နက်နက်အတွင်း အပြောင်းအလဲများ ဖြစ်ပေါ်ပြီးသည့်အခါမှသာ တိုးတက်ပေလိမ့်မည်။ ယင်းမှာ အဆင်းနီသော နဂါးကြီးကို လုံးလုံး အလဲထိုးရင်း၊ ဘုရားသခင်၏ နိုင်ငံတော်ကို တည်ထောင်ကာ ဘုရားသခင်၏ စိတ်နှလုံးကို ဆောလျင်စွာ အနားယူစေရင်း၊ လူသည် နှစ်ပေါင်းထောင်ချီသည့် အပြစ်မှ လွတ်မြောက်ပြီး ဘုရားသခင်၏ ချစ်မြတ်နိုးခြင်း ခံရရန်အလို့ငှာ ဖြစ်သည်။ ယင်းသည် သင်တို့၏ ရင်ဘတ်ကို ဖောင်းကြွစေသော အမုန်းတရားကို မခြွင်းမချန် ရင်ဖွင့်ရန်၊ ထိုမှိုတက်နေသော ရောဂါပိုးများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန်၊ နွားထီး သို့မဟုတ် မြင်းတစ်ကောင်၏ ဘဝနှင့် ခြားနားခြင်းမရှိသည့် ဤဘဝကို သင်တို့အား စွန့်ခွာခွင့်ပေးရန်၊ နောက်ထပ် ကျွန်တစ်ဦး မဖြစ်တော့ရန်၊ အဆင်းနီသော နဂါးကြီး၏ စိတ်ကြိုက် နင်းခြေခြင်းနှင့် အမိန့်ပေး စေခိုင်းခြင်း မခံရတော့ရန် ဖြစ်သည်။ သင်တို့သည် ဤကျရှုံးသော တိုင်းနိုင်ငံနှင့် သက်ဆိုင်တော့မည် မဟုတ်၊ သင်တို့သည် အလွန်ယုတ်မာသည့် အဆင်းနီသော နဂါးကြီးနှင့် သက်ဆိုင်တော့မည် မဟုတ်သကဲ့သို့၊ ယင်း၏ ကျွန်ပြုခြင်းလည်း ခံရတော့မည် မဟုတ်ပေ။ မကောင်းဆိုးဝါးများ၏ အသိုက်သည် ဘုရားသခင်၏ အပိုင်းပိုင်း ဆုတ်ဖြဲခြင်းကို ဧကန်မုချ ခံရလိမ့်မည်ဖြစ်ပြီး သင်တို့သည် ဘုရားသခင်၏ နံဘေးတွင် ရပ်ရကြလိမ့်မည်— သင်တို့သည် ဘုရားသခင်နှင့် သက်ဆိုင်ကြပြီး ဤကျွန်များ၏ အင်ပါယာနှင့် မသက်ဆိုင်ကြပေ။ ဘုရားသခင်သည် ကြာမြင့်စွာကတည်းက ဤအမှောင် လူမှုအဖွဲ့အစည်းကို သူ၏ အရိုးများထိတိုင် စက်ဆုပ်ရွံရှာပြီး ဖြစ်သည်။ ဘုရားသခင်သည် အံသွားခဲကြိတ်သည်၊ ဤဆိုးယုတ်သည့် အလွန်ယုတ်မာသော မြွေအိုအနေဖြင့် တစ်ဖန် လုံးဝ မထကြွဖို့ရန်နှင့် လူသားကို တစ်ဖန် လုံးဝ မနှိပ်စက်ရန်အလို့ငှာ၊ ယင်းအပေါ် သူ၏ ခြေများကိုချဖို့ စိတ်ထက်သန်လေသည်။ ဘုရားသခင်သည် ယင်း၏ အတိတ်က လုပ်ရပ်များကို ခွင့်လွှတ်မည်မဟုတ်၊ လူသားအား ၎င်း၏ လှည့်ဖြားမှုကို သည်းခံလိမ့်မည် မဟုတ်သကဲ့သို့၊ ခေတ်ကာလများ တစ်လျှောက် ၎င်း၏ အပြစ် တစ်ခုစီတိုင်းအတွက် ဆပ်ပေးစေလိမ့်မည်။ ဘုရားသခင်သည် ဆိုးညစ်မှုအားလုံး၏ ဤခေါင်သူကြီးအား စိုးစဉ်းမျှ အသက်ရှူချောင်ခွင့် ပေးလိမ့်မည်မဟုတ်၊ သူသည် ၎င်းကို လုံးလုံးလျားလျား ဖျက်ဆီးလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)” မှ

နေရာများစွာတွင်၊ ဘုရားသခင်သည် သိနိမ်ပြည်တွင် အောင်မြင်သူများ အုပ်စုတစ်စုကို သူရရှိနေလိမ့်မည်ဟု ပရောဖက်ပြုထားပြီးဖြစ်သည်။ အောင်မြင်သူများကို ရရှိမည်မှာ ကမ္ဘာ၏ အရှေ့ပိုင်းဖြစ်သည့်အတွက်၊ သူ၏ ဒုတိယအကြိမ် လူ့ဇာတိခံခြင်းတွင် ဘုရားသခင် ခြေချသည့်နေရာမှာ အဆင်းနီသော နဂါးကြီးမှ ခွေလျက် လဲလျောင်းသော နေရာအတိအကျဖြစ်သည့် သိနိမ်ပြည် ဖြစ်သည်မှာ သေချာပေသည်။ ထိုနေရာတွင်၊ အဆင်းနီသောနဂါးကြီးအနေဖြင့် လုံးလုံးလျားလျား နှိမ်နင်းခံရကာ အရှက်ရစေဖို့၊ ဘုရားသခင်သည် ယင်း၏ သားစဉ်မြေးဆက်များကို ရယူလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် အလွန်အမင်း ဆင်းရဲဒုက္ခခံရသည့် ဤလူများကို နိုးထစေဖို့၊ ၎င်းတို့ကို လုံးလုံး နိုးထစေဖို့၊ မြူထဲမှ ၎င်းတို့ကို ထွက်လျှောက်စေကာ အဆင်းနီသော နဂါးကြီးကို ငြင်းပယ်စေဖို့ အလိုရှိ၏။ ဘုရားသခင်သည် ၎င်းတို့ကို မိမိတို့၏ အိပ်မက်မှ နိုးထစေဖို့၊ အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို သိစေဖို့၊ ၎င်းတို့၏ နှလုံးသားတစ်ခုလုံးကို ဘုရားသခင်ထံ ပေးအပ်စေဖို့၊ အမှောင်အင်အားများ၏ ဖိနှိပ်မှုမှ တိုးထွက်စေဖို့၊ ကမ္ဘာ၏ အရှေ့အရပ်တွင် ထရပ်ကာ၊ ဘုရားသခင် အောင်မြင်ခြင်း သက်သေဖြစ်လာစေဖို့ အလိုရှိပေသည်။ ဤနည်းဖြင့်သာ၊ ဘုရားသခင်သည် ဘုန်းအသရေ ရရှိလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)” မှ

နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ဖုံးအုပ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သည့် နားလည်မှု ရှိကြသနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော အလိုကို နားလည်နိုင်သနည်း။ ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။ ဘုရားသခင်၏ အမှုကို မည်သူ လက်ခံယုံကြည်ပြီနည်း။ ဘုရားသခင်၏ အမှုအတွက် မည်သူသည် ၎င်းတို့၏ အသက်ကို စွန့်လွှတ်ပြီနည်း သို့မဟုတ် အသွေးသွန်းပြီးပြီနည်း။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ကြာ၊ မိဘများမှသည် သားသမီးများအထိ၊ ကျွန်ပြုခံရသော လူသားသည် ဘုရားသခင်အား မပြောမဆို ကျွန်ပြုကြပြီး ဖြစ်သည်— အဘယ်သို့လျှင် ဤအရာသည် အမျက်ဒေါသကို မနှိုးဆော်ဘဲရှိနိုင်မည်နည်း။ နှစ်ထောင်ပေါင်းများစွာကြာသည့် အမုန်းတရားကို နှလုံးသားထဲတွင် စုစည်းထားသည်၊ ထောင်ချီနှစ်ကာလကြာ အပြစ်ရှိခြင်းကို နှလုံးသားထက်တွင် ရေးထွင်းထားသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆော်ဘဲ ရှိနိုင်မည်နည်း။ ဘုရားသခင်၏ရန်သူကို လုံးဝ ဇီဝိန်ချုပ်စေလျက် ၎င်းအား နောက်ထပ် သောင်းကျန်းခွင့်မပြုတော့သကဲ့သို့၊ ၎င်းဆန္ဒရှိသလောက် ပြဿနာများ နောက်ထပ် ဖန်တီးခွင့် မပေးတော့ဘဲ ဘုရားသခင်အတွက် လက်စားချေကြလော့။ ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။ ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိပ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့်မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။ လူသားတို့ အလယ်တွင် နွေးထွေးမှုကား အဘယ်မှာနည်း။ လူတို့အလယ်တွင် ကြိုဆိုခြင်းကား အဘယ်မှာနည်း။ ဘုရားသခင်၌ ထိုသို့သော အသည်းအသန် တောင့်တခြင်းအား အဘယ်ကြောင့် ဖြစ်စေသနည်း။ ဘုရားသခင်အား အဘယ်ကြောင့် အထပ်ထပ် အော်ခေါ်စေသနည်း။ ဘုရားသခင်အား သူ၏ ချစ်လှစွာသော သားအတွက် စိတ်ပူစေရန် အဘယ်ကြောင့် အတင်းအကျပ် ပြုရသနည်း။ ဤမှောင်မိုက်သော လူ့အဖွဲ့အစည်းတွင် ၎င်း၏ ဆိုးရွားသည့် အစောင့်ခွေးများတို့သည် အဘယ်ကြောင့် ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာလောကအလယ်တွင် လွတ်လပ်စွာ ဝင်ထွက်သွားလာ ခွင့်မပြုရသနည်း။ နာကျင်မှုနှင့် ဆင်းရဲဒုက္ခတို့ အလယ်၌ အသက်ရှင်သော လူသားသည် အဘယ်ကြောင့် နားမလည်ရသနည်း။ သင်တို့အတွက် ဘုရားသခင်သည် ကြီးစွာသော ညှဉ်းဆဲခြင်းကို ကြံ့ကြံ့ခံပြီးဖြစ်သည်၊ ကြီးစွာသော နာကျင်မှုဖြင့် သူသည် သူ၏ ချစ်လှစွာသောသား၊ သူ၏ အသွေးနှင့် အသားကို သင်တို့အား နှင်းအပ်ပြီးဖြစ်သည်— ထို့ကြောင့် သင်တို့သည် အဘယ်ကြောင့် မသိကျိုးကျွန်ပြုကြသေးသနည်း။ အယောက်တိုင်း၏ သိသာထင်ရှားသော အမြင်တွင်၊ သင်တို့သည် ဘုရားသခင်၏ ကြွရောက်လာခြင်းကို ငြင်းပယ်ကြပြီး ဘုရားသခင်၏ ခင်မင်ရင်းနှီးမှုကို ငြင်းခဲ့ကြ၏။ အဘယ်ကြောင့် သင်တို့သည် အလွန် လွန်လွန်ကဲကဲ ဖြစ်ကြသနည်း။ သင်တို့သည် ဤသို့သော မှောင်မိုက်သည့် လူ့အဖွဲ့အစည်းထဲတွင် မတရားမှုများကို ကြံ့ကြံ့ခံရန် လိုလားနေကြသလော။ နှစ်ထောင်ချီသော မုန်းတီးမှုဖြင့် သင်တို့၏ ဝမ်းဗိုက်များကို ဖြည့်ရမည့်အစား၊ သင်တို့သည် မိမိတို့ကိုယ်မိမိ နတ်ဆိုးတို့မင်း၏“ချေး” နှင့် အဘယ်ကြောင့် သိပ်ထည့်ကြသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)” မှ

ဘုရားသခင်၏ အမှုအဖို့ အတားအဆီးများမှာ မည်မျှ ကြီးမားသနည်း။ တစ်ဦးတစ်လေက သိဖူးပါသလော။ အရိုးစွဲနေသည့် အယူသီးသော အသားအရောင်ခွဲခြားမှုဖြင့် ပိတ်လှောင်ခံထားရသည့် လူများကြောင့်၊ အဘယ်သူသည် ဘုရားသခင်၏ စစ်မှန်သော စရိုက်ကို သိကျွမ်းနိုင်စွမ်းရှိသနည်း။ အလွန်တိမ်ပြီး အဓိပ္ပာယ် မရှိသည့် ဤခေတ်နောက်ကျော့သော ယဉ်ကျေးမှုဆိုင်ရာ အသိပညာကြောင့်၊ ၎င်းတို့သည် ဘုရားသခင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို အဘယ်သို့ အပြည့်အဝ နားလည်နိုင်ကြမည်နည်း။ ၎င်းတို့အား မျက်နှာချင်းဆိုင် ပြောဆိုပြီး၊ ပါးစပ်ချင်းတေ့ကာ အားဖြည့်ပေးချိန်တွင်ပင်၊ ၎င်းတို့ မည်သို့ နားလည်နိုင်ကြမည်နည်း။ တစ်ခါတစ်ရံတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လျစ်လျူရှုခံရပြီးဖြစ်သည့်အလား ဖြစ်သည်။ လူများသည် တုံ့ပြန်မှု စိုးစဉ်းမျှ မရှိကြပေ၊ ၎င်းတို့၏ ဦးခေါင်းများကို လှုပ်ယမ်းကြပြီး မည်သည့်အရာကိုမျှ နားမလည်ကြချေ။ ဤအရာသည် အဘယ်သို့ စိတ်ပူစရာ မဖြစ်ဘဲ ရှိနိုင်မည်နည်း။ ဤ “အလှမ်းဝေး သည့်၊ ရှေးကျသော ယဉ်ကျေးမှုဆိုင်ရာ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အသိပညာ” သည် ထိုသို့သော အသုံးမကျသည့် လူတစ်စုကို ပြုစုပျိုးထောင်ပြီးဖြစ်သည်။ ဤရှေးကျသော ယဉ်ကျေးမှု— အဖိုးတန်သော အမွေအနှစ်— ဆိုသည်မှာ အမှိုက်ပုံတစ်ခုပါတကား။ ယင်းသည် အမြဲ တည်တံ့သော အရှက်တရား တစ်ခု ဖြစ်လာခဲ့သည်မှာ ကြာပြီဖြစ်ပြီး ထုတ်ပြောပြရန် မထိုက်သင့်ပါတကား။ ယင်းသည် လူတို့ကို ဘုရားသခင်အား ဆန့်ကျင်ခြင်းနှင့်ဆိုင်သည့် လှည့်ကွက်များနှင့် နည်းနိဿယများကို သင်ပေးပြီးဖြစ်ကာ၊ အမျိုးသား ပညာရေး၏ “နည်းစနစ်ကျ၍ နူးညံ့သိမ်မွေ့သော လမ်းပြမှု” သည် လူများကို ဘုရားသခင်အား သာ၍ပင် မနာခံစေပြီး ဖြစ်သည်။ ဘုရားသခင်၏ အမှု အစိတ်အပိုင်း အသီးသီးသည် အလွန့်အလွန် ခက်ခဲလှပြီး ကမ္ဘာပေါ်က သူ့အမှု၏ အဆင့်အသီးသီးသည် ဘုရားသခင်အား စိတ်သောက ရောက်နေစေပြီးဖြစ်သည်။ ကမ္ဘာပေါ်တွင် သူ၏ အမှုသည် ခက်ခဲလှသည်တကား။ ကမ္ဘာပေါ်ရှိ ဘုရားသခင်၏ အမှုအဆင့်များတွင် ကြီးစွာသော ဆင်းရဲဒုက္ခတို့ ပါဝင်သည်— လူသား၏ အားနည်းချက်၊ ချို့ယွင်းချက်များ၊ ကလေးဆန်မှု၊ မသိနားမလည်မှုနှင့် လူသားနှင့် သက်ဆိုင်သည့် အရာရာတိုင်းအတွက် ဘုရားသခင်သည် စေ့စပ်သေချာသော အစီအစဉ်များနှင့် စဉ်းစဉ်းစားစားလုပ်တတ်သော ထည့်သွင်းစဉ်းစားခြင်းတို့ကို ပြုလုပ်သည်။ လူသားသည် တစ်ဦးတစ်ယောက်က မခံချိမခံသာဖြစ်အောင် မလုပ်ဝံ့ သို့မဟုတ် ရန်မစဝံ့သော စက္ကူကျား တစ်ကောင်ကဲ့သို့ ဖြစ်သည်။ ထိလိုက်ရုံမျှဖြင့် သူသည် ပြန်ကိုက်လေသည်၊ သို့မဟုတ်ပါက လဲကျပြီး မိမိလမ်းကို ပျောက်တော့သည်၊ ယင်းမှာ အာရုံစူးစိုက်မှု အနည်းငယ်မျှ ဆုံးရှုံးလိုက်သည်နှင့် ဒုံရင်း အခြေအနေသို့ ပြန်ရောက်သည့်အလား၊ သို့မဟုတ်ပါက ဘုရားသခင်အား လျစ်လျူရှုသည့်အလား၊ သို့မဟုတ် သူ၏ ဝက်များ၊ ခွေးများနှင့်တူသည့် မိဘများထံသို့ ၎င်းတို့ ခန္ဓာကိုယ်များ၏ မစင်ကြယ်သော အရာများတွင် မွေ့လျော်ရန် ပြေးသွားသည့်အလား ဖြစ်လေသည်။ ကြီးမားသည့် အဟန့်အတားတစ်ခုပါတကား။ သူ၏ အမှု အဆင့်တိုင်းနီးပါးတွင်၊ ဘုရားသခင်သည် သွေးဆောင်ဖြားယောင်းခြင်း ခံရပြီး၊ အဆင့်တိုင်း နီးပါး၌ ကြီးစွာသော အန္တရာယ်ကို ဘုရားသခင် စွန့်စားရင်ဆိုင်ရသည်။ သူ၏ နှုတ်ကပတ်တော်များသည် စစ်မှန်ပြီး၊ ရိုးသားကာ မလိုတမာစိတ် မရှိပေ၊ သို့သော် မည်သူသည် ယင်းတို့ကို လက်ခံရန် လိုလားနေပါသနည်း။ မည်သူသည် အပြည့်အဝ ကျိုးနွံနာခံရန် လိုလားနေပါသနည်း။ ယင်းသည် ဘုရားသခင်၏ နှလုံးသားအား ကြေကွဲစေသည်။ သူသည် လူသားအတွက် နေ့ရောညပါ ပင်ပင်ပန်းပန်းလုပ်ဆောင်သည်၊ လူသား၏ အသက်တာအတွက် သူသည် ပူပန်သောကဖြင့် ပတ်ချာဝိုင်း ခံရပြီး၊ လူသား၏ အားနည်းချက်ကို သူ စာနာလေသည်။ သူ၏ အမှုအဆင့်အတိုင်းတွင် သူသည် သူပြောသော နှုတ်ကပတ်တော်တိုင်းအတွက် များစွာသော အလှည့်အပြောင်းများကို ကြံ့ကြံ့ခံရပြီးဖြစ်သည်။ သူသည် ဆုပ်လည်းဆူး၊ စားလည်းရူးသော အခြေအနေတွင် အမြဲရောက်ရပြီး၊ လူသား၏ အားနည်းမှု၊ မနာခံမှု၊ ကလေးဆန်မှုနှင့် ခုခံနိုင်မှု အားနည်းခြင်းတို့ကို...နေ့ရောညပါ အဖန်တလဲလဲ တွေးလေသည်။ ဤအရာကို မည်သူသည် သိဖူးသနည်း။ မည်သူ့ကို သူ ယုံကြည်စိတ်ချနိုင်သနည်း။ မည်သူသည် နားလည်နိုင်မည်နည်း။ သူသည် လူသား၏ အပြစ်များနှင့် လူသား၏ သတ္တိမရှိမှု၊ သူရဲဘောနည်းခြင်းကို အမြဲတစေ စက်ဆုပ်ရွံရှာပြီး၊ သူသည် လူသား၏ ခုခံနိုင်မှုမရှိခြင်းအတွက် အမြဲတစေ စိုးရိမ်ပူပန်ကာ လူသား၏ အရှေ့တွင်ရှိသည့် လမ်းကြောင်းအား ချင့်ချိန် စဉ်းစားလေသည်။ သူသည် လူသား၏ စကားများနှင့် လုပ်ဆောင်ချက်ကို လေ့လာသည်နှင့်အမျှ၊ သူသည် သနားကရုဏာနှင့် အမျက်ဒေါသတို့ဖြင့် အမြဲပြည့်ကာ ဤအရာများ၏ မြင်ကွင်းက သူ့နှလုံးသားထံ နာကျင်မှု အမြဲဆောင်ကြဉ်းလေသည်။ အဆုံးတွင်တော့၊ အပြစ်မဲ့သော သူတို့သည် တိုး၍ ထုံထိုင်းကြပြီးဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အတွက် အမှုအရာများကို အဘယ်ကြောင့် ခက်ခဲအောင် အမြဲပြုရမည်နည်း။ ချည့်နဲ့သော လူသားသည် ဇွဲလုံ့လ လုံးဝ ကင်းမဲ့လေသည်။ ဘုရားသခင်သည် သူ့အပေါ် ထိုသို့သော မရပ်စဲသော အမျက်ဒေါသ အဘယ်ကြောင့် အမြဲ ရှိသင့်သနည်း။ အားနည်းကာ အစွမ်းမဲ့သော လူသားသည် အသက်ပါခြင်း စိုးစဉ်းမျှ မရှိကြတော့ပေ။ အဘယ်ကြောင့် ဘုရားသခင်သည် သူ၏ မနာခံမှုအတွက် သူ့ကို အမြဲ အပြစ်ဆိုသင့်သနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ခြိမ်းခြောက်မှုများကို မည်သူသည် ခံရပ်နိုင်သနည်း။ အဆုံးတွင် လူသားသည် အကြမ်းမခံသကဲ့သို့၊ လူသားအနေဖြင့် မိမိကိုယ်မိမိ ဖြည်းညှင်းစွာ ဆင်ခြင် သုံးသပ်နိုင်ရန်အလို့ငှာ၊ အသည်းအသန် ဘေးကျပ်နံကျပ် အခြေအနေများကို ရင်ဆိုင်ရလျက်၊ ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို သူ့နှလုံးသား နက်နက်ထဲသို့ မြိုသိပ်ထားလိုက်ပြီဖြစ်သည်။ သို့တိုင် စိုးရိမ်ဖွယ်ဖြစ်သည့် ဒုက္ခ၌ရှိသော လူသားသည် ဘုရားသခင်၏ အလိုကို တန်ဖိုးထားလေးမြတ်မှု စိုးစဉ်းမျှ မရှိချေ။ လူသားသည် နတ်ဆိုးတို့၏ ဘုရင်အို၏ နင်းခြေခြင်းကို ခံရပြီးဖြစ်သည်၊ သို့သော် သူသည် လုံးဝ သတိမူမိပေ၊ သူသည် ဘုရားသခင်ကို အမြဲ ဆန့်ကျင်သည်၊ သို့မဟုတ်ပါက သူသည် ဘုရားသခင်အပေါ် ပူလည်းမပူသကဲ့သို့ အေးလည်းမအေးပေ။ ဘုရားသခင်သည် အလွန် များစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီးဖြစ်သော်လည်း၊ မည်သူသည် ယင်းတို့ကို လေးလေးနက်နက် ခံယူဖူးသနည်း။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ပေ၊ သို့သော် သူသည် စိုးရိမ်ခြင်း မရှိသကဲ့သို့၊ တမ်းတခြင်းမရှိဘဲဖြစ်ကာ နတ်ဆိုးအို၏ အနှစ်သာရကို အမှန်တကယ် မသိရှိဖူးပေ။ လူတို့သည် မရဏနိုင်ငံ၊ ငရဲထဲတွင် အသက်ရှင်ကြသော်လည်း၊ မိမိတို့ကိုယ်မိမိ ပင်လယ်ကြမ်းပြင်၏ နန်းတော်ထဲတွင် နေကြရသည်ဟု ယုံကြည်ကြလေသည်။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြရသော်လည်း၊ မိမိတို့ကိုယ်ကိုယ် တိုင်းပြည်၏ “မျက်နှာသာပေးခြင်း” ခံရသည်၁၀ ဟု တွေးထင်ကြလေသည်။ ၎င်းတို့သည် နတ်ဆိုး၏ ကဲ့ရဲ့လှောင်ပြောင်ခြင်းကို ခံကြရသော်လည်း၊ မိမိတို့ကိုယ်ကိုယ် ဇာတိပကတိ၏ အသာလွန်ဆုံးသော ပညာသားပါမှုကို ပျော်မွေ့ကြရသည်ဟု တွေးထင်ကြသည်။ ညစ်ပတ်ကာ အောက်တန်းကျသော ယုတ်ညံ့သူတစ်သိုက် ဖြစ်ကြသည်တကား။ လူသားသည် ကံမကောင်း အကြောင်းမလှမှုဖြင့် ကြုံရပြီး ဖြစ်သော်လည်း၊ သူသည် ယင်းကို မသိသကဲ့သို့၊ ဤမှောင်မိုက်သော လူ့အဖွဲ့အစည်းထဲတွင် ကံခေခြင်း တစ်ခုပြီးနောက်တစ်ခု ခံစားရ၁၁ လေသည်၊ သို့သော် သူသည် ယင်းကို လုံးဝ သတိမပြုမိသေးပေ။ သူသည် ကိုယ့်ကိုယ်ကိုယ် ညှာတာခြင်းနှင့် ကျွန်သဘောဆန်သော စိတ်သဘောထားမှ မိမိကိုယ်ကိုယ် မည်သည့်အချိန်တွင် ဖယ်ရှားလိမ့်မည်နည်း။ အဘယ်ကြောင့် သူသည် ဘုရားသခင်၏ နှလုံးသားအား အလွန် ဂရုမစိုက်ရသနည်း။ သူသည် ဤဖိနှိပ်မှုနှင့် ဒုက္ခဆင်းရဲကို တိတ်တဆိတ် လျစ်လျူရှုသလော။ အမှောင်မှ အလင်းသို့ သူပြောင်းလဲနိုင်သည့် နေ့ရက်ကို သူသည် မတောင့်တသလော။ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားတို့အပေါ် မတရားမှုများကို နောက်တစ်ဖန် ကုစားရန် သူသည် ဆန္ဒမရှိသလော။ လူတို့သည် သမ္မာတရားအား စွန့်ပယ်ကာ အမှန်တရားများအား ပြောင်းလဲပစ်သည်ကို သူသည် ကြည့်ရှုပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဖို့ လိုလားနေသလော။ ဤညှဉ်းပန်းနှိပ်စက်မှုကို ကြံ့ကြံ့ခံမြဲ ကြံ့ကြံ့ခံရသည်ကို သူပျော်လေသလော။ သူသည် ကျွန်ဖြစ်ရန် လိုလားနေသလော။ သူသည် ဤကျရှုံးသော ပြည်ကြီး၏ ကျွန်များနှင့် အတူတကွ ဘုရားသခင်၏ လက်ထဲတွင် ပျက်စီးဆုံးရှုံးရန် လိုလားနေသလော။ သင်၏ စိတ်ဆုံးဖြတ်ချက်ကား အဘယ်မှာနည်း။ သင်၏ ရည်မှန်းချက်ကား အဘယ်မှာနည်း။ သင်၏ ဂုဏ်သိက္ခာကား အဘယ်မှာနည်း။ သင်၏ သမာဓိကား အဘယ်မှာနည်း။ သင်၏ လွတ်လပ်ခြင်းကား အဘယ်မှာနည်း။ သင်သည် နတ်ဆိုးတို့၏ ရှင်ဘုရင်၊ အဆင်းနီသော နဂါးကြီးအဖို့ သင်၏ဘဝ တစ်ခုလုံးကို စွန့်လွှတ်ရန်၁၂ သင် လိုလားနေသလော။ ၎င်းအား သင့်ကို သေသည်တိုင်အောင် ညှဉ်းဆဲခွင့်ပေးရသည်ကို သင် ပျော်ရွှင်သလော။ နက်နဲရာ၏ မျက်နှာပြင်သည် ပရမ်းပတာဖြစ်ကာ မှောင်မိုက်စဉ်တွင်၊ ထိုသို့သော ဒုက္ခဝေဒနာကို ခံစားနေရသော အများပြည်သူများသည် ကောင်းကင်ဘုံသို့ ဟစ်ကြွေးကြကာ ကမ္ဘာမြေကြီးကို တိုင်တန်းကြလေသည်။ မည်သည့်အချိန်တွင် လူသားသည် သူ၏ ဦးခေါင်းကို မြင့်မြင့် မော့နိုင်လိမ့်မည်နည်း။ လူသားသည် ပိန်လှီကာ ပိန်ချုံးချည့်နဲ့လေသည်၊ သူသည် ဤရက်စက်ပြီး ဖိနှိပ်ညှဉ်းပန်းသော နတ်ဆိုးနှင့် မည်သို့ ရင်ဆိုင်နိုင်မည်နည်း။ သူသည် တတ်နိုင်သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်အား အဘယ်ကြောင့် သူ၏ အသက်တာကို မပေးရသနည်း။ အဘယ်ကြောင့် လူသားသည် ချီတုံချတုံဖြစ်သေးသနည်း။ ဘုရားသခင်၏ အမှုကို သူသည် မည်သည့် အချိန်တွင် ပြီးစီးနိုင်မည်နည်း။ ထိုသို့ဖြင့် ရောက်တတ်ရာရာ နှိပ်စက်ခံရာ ဖိနှိပ်ခံရလျက်၊ သူ၏ ဘဝ တစ်ခုလုံးသည် နောက်ဆုံးတွင် အချည်းနှီး ကုန်ဆုံးပြီးဖြစ်လိမ့်မည်။ အဘယ်ကြောင့် သူသည် ရောက်လာရန် ထိုသို့ အလောတကြီး ဖြစ်ပြီး၊ ထွက်ခွာသွားရန် ထိုသို့ အလျင်လိုရသနည်း။ ဘုရားသခင်အား ပေးရန် သူသည် အဘယ်ကြောင့် တန်ဖိုးရှိသောအရာ တစ်စုံတစ်ခုကို မသိမ်းထားရသနည်း။ နှစ်ထောင်ချီ မုန်းတီးခြင်းကို သူသည် မေ့လျော့လေပြီလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)” မှ

နှစ်ထောင်ပေါင်း အချို့ လွှမ်းခြုံသည့် ရှေးဟောင်းယဉ်ကျေးမှုနှင့် သမိုင်းနှင့်ဆိုင်သော အသိပညာသည် လူသား၏အတွေးအခေါ်၊ အယူအဆများနှင့် သူ၏ စိတ်ပိုင်းဆိုင်ရာ အမြင်တို့ကို အလွန်တင်းကျပ်စွာ ပိတ်ထားခဲ့သည်မှာ သြဇာမသက်ရောက်နိုင်သော အရာနှင့် မပျက်စီးနိုင်သောအရာ၁၃ ဖြစ်စေဖို့ ဖြစ်သည်။ လူတို့သည် ဘယ်သောအခါမျှ အလင်း မမြင်နိုင်သည့် မြေအောက် အကျဉ်းတိုက်များထဲသို့ ဘုရားသခင်၏ နှင်ထုတ်ခြင်းကို ခံကြရပြီးဖြစ်သည့်အလားပင်၊ ငရဲ၏ ဆယ့်ရှစ်ခုမြောက် သံသရာထဲ၌ အသက်ရှင်ကြလေသည်။ ကံကျွေးချစနစ်ဆိုင်ရာ အတွေးအခေါ်သည် လူတို့ကို ဖိနှိပ်ထားလွန်းသည်မှာ ၎င်းတို့သည် အသက်ရှူနိုင်ရုံမျှဖြစ်ပြီး မွန်းကျပ်လျက်ရှိကြပေသည်။ ၎င်းတို့သည် ခုခံရန် ခွန်အား စိုးစဉ်းမျှပင် မရှိကြချေ။ ၎င်းတို့ လုပ်ဆောင်သမျှမှာ တိတ်ဆိတ်စွာ ခံရပ်ပြီးရင်း ခံရပ်ဖို့သာ ဖြစ်သည်။...မည်သူမျှ ဖြောင့်မတ်ခြင်းနှင့် တရားမျှတမှု အတွက် ရုန်းကန်ရန် သို့မဟုတ် ရပ်တည်ရန် လုံးဝမဝံ့ရဲကြချေ။ လူတို့သည် ကံကျွေးချစနစ်ဆိုင်ရာ ကျင့်ဝတ်များ၏ ထိုးနှက်မှုများနှင့် မတရားဖိနှိပ်မှုအောက်၌ တိရစ္ဆာန်တစ်ကောင်ထက် ဆိုးရွားသော အသက်တာကို တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ရှင်သန်ကာမျှ ရှင်သန်ကြလေသည်။ ၎င်းတို့သည် လူ့လောကထဲတွင် ပျော်ရွှင်မှုကို ခံစားရန် ဘုရားသခင်ကို ရှာဖွေဖို့ မည်သည့်အခါမှ မတွေးတောဖူးကြပေ။ ယင်းမှာ လူတို့သည် ညှိုးနွမ်းခြောက်သွေ့သော ဝါညိုညို ဆောင်းဦးရွက်ကြွေများကဲ့သို့ ဖြစ်သည်အထိ ရိုက်ချခံကြရပြီး ဖြစ်သည်။ လူတို့သည် အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့၏ မှတ်ဉာဏ်ကို ဆုံးရှုံးခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့သည် လူ့လောကဟု ခေါ်ဆိုသော ငရဲနှင့်အတူ ပျက်စီးဆုံးရှုံးနိုင်ကြဖို့အလို့ငှာ နောက်ဆုံးသော နေ့ရက် ရောက်ရှိလာခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့ တောင့်တသည့် နောက်ဆုံးသော နေ့ရက်သည် အေးအေးလူလူရှိသော ငြိမ်သက်ခြင်းကို လူသား မွေ့လျော်မည့် နေ့ရက်ဖြစ်သည့်အလား ဤငရဲတွင် ခိုကိုးရာမဲ့စွာ အသက်ရှင်ကြလေသည်။ ကံကျွေးချ စနစ်ဆိုင်ရာ ကျင့်ဝတ်များသည် လူသား၏ ခုခံရန် အစွမ်းတန်ခိုးကို သာ၍အားနည်းစေရင်း လူသား၏အသက်တာကို “မရဏနိုင်ငံ” ထဲသို့ ယူဆောင်သွားပြီဖြစ်သည်။ ဖိနှိပ်မှု မျိုးစုံတို့သည် လူသားကို ဘုရားသခင်ထံမှ ဝေးသထက်ဝေးသွားစေလျက်၊ မရဏထဲသို့ သာ၍နက်ရှိုင်းစွာ တစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းဖို့ တွန်းလေသည်၊ ယနေ့ထိတိုင် ၎င်းသည် ဘုရားသခင်အဖို့ သူစိမ်းလုံးလုံးပင် ဖြစ်သွားပြီးဖြစ်ကာ ၎င်းတို့ဆုံတွေ့ကြသောအခါ သူ့ကို အလျင်အမြန် ရှောင်ရှားလေသည်။ လူသားသည် ဘုရားသခင်ကို မည်သည့် အခါတွင်မျှ မသိဖူးသကဲ့သို့၊ သူ့ကို ယခင်က မမြင်ဖူးသည့်အလား သူ့ကို အရေးမစိုက်ဘဲ တစ်ဖက်တွင် တစ်ကိုယ်တည်း ရပ်နေစေရစ်လေသည်။ သို့တိုင် ဘုရားသခင်သည် သူ၏ မချုပ်တည်းနိုင်သော အမျက်ဒေါသကို လူသားအပေါ် မည်သည့် အခါတွင်မျှ မကျရောက်စေဘဲလျက်၊ တိတ်ဆိတ်စွာ စောင့်ဆိုင်းရုံမျှ စောင့်ဆိုင်းရင်း၊ စကားတစ်ခွန်း မဟဘဲ၊ လူသားအနေဖြင့် နောင်တရရန်နှင့် အသစ်တဖန် စတင်ရန် လူ့အသက်တာ၏ ရှည်လျားသော ခရီးလမ်းတစ်လျှောက်လုံးတွင် ဘုရားသခင်သည် လူသားကို စောင်းဆိုင်းလျက်ရှိနေပြီးဖြစ်သည်။ ဘုရားသခင်သည် လူ့လောက၏ ဆင်းရဲဒုက္ခများကို လူသားနှင့်အတူ မျှဝေခံစားဖို့ လူ့လောကထဲသို့ အချိန်ကြာမြင့်စွာက ကြွလာခဲ့ပေသည်။ လူသားနှင့်အတူ အသက်ရှင်ပြီးဖြစ်သော နှစ်ကာလများအားလုံးတွင်၊ သူ၏ တည်ရှိခြင်းကို မည်သူမျှ ရှာဖွေတွေ့ရှိခြင်း မရှိလေပြီ။ ဘုရားသခင်သည် သူကိုယ်တိုင် ယူဆောင်လာသည့် အမှုကို ဆောင်ရွက်နေစဉ်တွင်၊ လူ့လောကထဲရှိ ယုတ်ညံ့ခြင်း၏ ဝေဒနာကို တိတ်တဆိတ် သည်းခံ၍သာ နေလေသည်။ သူသည် ယခင်က လူသား လုံးဝမကြုံတွေ့ဖူးသည့် ဆင်းရဲဒုက္ခများကို ကြုံရရင်း၊ ခမည်းတော် ဘုရားသခင်၏ အလိုနှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက် ဆက်လက်သည်းခံလေသည်။ လူသား၏ရှေ့မှောက်တွင် ဘုရားသခင်သည် လူသားကို တိတ်ဆိတ်စွာ စောင့်ဆိုင်းခဲ့ကာ လူသား၏ ရှေ့မှောက်တွင် သူသည် ခမည်းတော် ဘုရားသခင်၏ အလိုအတွက်နှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်များအတွက်လည်း မိမိကိုယ်ကိုယ် နှိမ့်ချခဲ့သည်။ ရှေးဟောင်းယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် အသိပညာသည် လူသားကို ဘုရားသခင်၏ မျက်မှောက်မှ ခိုးကြောင်ခိုးဝှက် ခိုးယူသွားပြီးဖြစ်ကာ သူ့ကို နတ်ဆိုးတို့၏ ရှင်ဘုရင်နှင့် ၎င်း၏ သားများထံ လွှဲအပ်လိုက်ပြီး ဖြစ်သည်။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းက တို့သည် လူသား၏ အတွေးအခေါ်နှင့် အယူအဆတို့ကို အခြားသော ပုန်ကန်ခြင်းခေတ်ထဲသို့ ဆောင်ယူသွားပြီးဖြစ်ကာ၊ ထိုစာအုပ်၊ ဂန္တဝင်မှတ်တမ်းတို့ကို ပြုစုခဲ့ကြသူများကို ယခင်ထက် တိုး၍ လွန်လွန်ကဲကဲ မြှောက်စားမှု ပေးစေရင်းနှင့် အကျိုးဆက်အနေဖြင့် ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အယူအဆများကို တိုး၍ ပိုမိုဆိုးရွားစေလေသည်။ လူသားက မသိဘဲနှင့်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် ဘုရားသခင်ကို လူသား၏ စိတ်နှလုံးမှ သနားကြင်နာမဲ့စွာ မောင်းထုတ်ပြီး၊ ထို့နောက် ယင်းကို ၎င်းကိုယ်တိုင် အားရဝမ်းသာဖြင့် သိမ်းပိုက်လေသည်။ ထိုအချိန်ကတည်းက၊ လူသားသည် နတ်ဆိုးတို့ ရှင်ဘုရင်၏ အကျည်းတန်ကာ ဆိုးယုတ်သော ဝိညာဉ်နှင့် မျက်နှာကို ပိုင်ဆိုင်လာခဲ့၏။ ဘုရားသခင်ကို မုန်းတီးခြင်းသည် ၎င်း၏ ရင်တွင်ပြည့်ကာ၊ လူသား လုံးဝ ဝါးမျိုခံခဲ့ရသည်အထိ နတ်ဆိုးများ၏ ရှင်ဘုရင်၏ မလိုတမာစိတ်သည် လူသားအတွင်းတွင် တစ်နေ့ပြီးတစ်နေ့ ပျံ့နှံ့လေသည်။ လူသားသည် လွတ်လပ်မှု အနည်းငယ်မျှ မရှိတော့သကဲ့သို့၊ နတ်ဆိုးတို့၏ ရှင်ဘုရင်၏ ထောင်ချောက်မှ လွတ်မြောက်ရန် နည်းလမ်း လုံးဝ မရှိခဲ့ပေ။ လူသားသည် ထိုနေရာတွင်ပင် အဖမ်းခံရပြီး၊ ၎င်း၏ မျက်မှောက်တွင် အညံ့ခံကာ ပြိုလဲကျရုံမှလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပေ။ ကြာမြင့်စွာသောအချိန်က၊ လူသား၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ကနဦးအဆင့်တွင် ရှိဆဲဖြစ်ခဲ့ချိန်တွင်၊ နတ်ဆိုးတို့၏ ရှင်ဘုရင်သည် လူသားကို “သိပ္ပံနှင့် နည်းပညာကို သင်ယူပါ။ ခေတ်နှင့်အမီလိုက်ခြင်း လေးချက်ကို နားလည်ပါ။ ပြီးလျှင် လောက၌ ဘုရားသခင်ဟူသည် မရှိ” ဟူသကဲ့သို့သော ယုတ္တိအမှားများကို သွန်သင်ရင်း၊ ယင်းအထဲ၌ ဘုရားမဲ့ဝါဒီနှင့်ဆိုင်သည့် အကျိတ်၏ အစေ့ကို စိုက်ပျိုးခဲ့သည်။ ထိုမျှသာမက၊ ၎င်းသည် မိမိတို့၏ နိုင်ငံအဖို့ သစ္စာရှိသည့် အမှုထမ်းခြင်းကို ပေးဖို့ရန် ကလေးဘဝမှ ပြင်ဆင်ထားဖို့ အယောက်စီတိုင်းကို တောင်းဆိုရင်း၊ “လှပသော ဇာတိမြေကို တည်ဆောက်ဖို့ ကျွန်ုပ်တို့၏ ဝီရိယရှိသော အားထုတ်မှုကို အမှီပြုကြစို့” ဟု အခွင့်အခါသင့်တိုင်း အော်ဟစ်လေသည်။ ဂုဏ်ပြုလေးစားမှုအားလုံးကို (ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို သူ၏ လက်၌ ထိန်းသိမ်းထားခြင်းအတွက် ဘုရားသခင်နှင့်သက်ဆိုင်သော ဂုဏ်ပြုလေးစားမှုကို) မဆိုင်းမတွ ပိုင်စိုးပိုင်နင်း မိမိကိုယ်ကိုယ် ပေးသည့်နေရာဖြစ်သည့် ၎င်း၏ မျက်မှောက်သို့ လူသားသည် မရည်ရွယ်ပါဘဲနှင့် ခေါ်ဆောင်လာခြင်း ခံခဲ့ရလေသည်။ ၎င်းသည် မည်သည့်အခါတွင်မျှ ရှက်စိတ် တစ်ခုတစ်လေ မရှိခဲ့ပေ။ ထို့အပြင်၊ ၎င်းသည် ဘုရားသခင်၏လူတို့ကို အရှက်မရှိ ဖမ်းဆီးကာ၊ စားပွဲပေါ်သို့ ကြွက်တစ်ကောင်ကဲ့သို့ ခုန်တက်ကာ လူသားအား ၎င်းကို ဘုရားသခင်ကဲ့သို့ ကိုးကွယ်စေသည့် နေရာဖြစ်သော ၎င်း၏အိမ်ထဲသို့ ပြန်လည် တရွတ်တိုက် ဆွဲခေါ်လေသည်။ ထင်ရာစိုင်းသူတစ်ဦး ပါတကား။ ၎င်းသည် “လောကကြီး၌ ဘုရားသခင် ဟူသည် မရှိ။ လေသည် သဘာဝနိယာမများအရ အသွင်ပြောင်းလဲခြင်းများမှ လာသည်။ မိုးရေဆိုသည်မှာ ရေငွေ့က အေးသောအပူချိန်များနှင့် ဆုံတွေ့လျက်၊ ကမ္ဘာမြေပေါ်သို့ ကျသည့် မိုးစက်များအဖြစ်သို့ ငွေ့ရည်ဖွဲ့သည့်အခါ ဖြစ်လာသည်။ မြေငလျင်ဆိုသည်မှာ ဘူမိဗေဒဆိုင်ရာ ပြောင်းလဲခြင်းများကြောင့် ကမ္ဘာ့မျက်နှာပြင် တုန်ခါခြင်း ဖြစ်သည်၊ မိုးခေါင်ခြင်းဆိုသည်မှာ နေမင်း၏ မျက်နှာပြင်ပေါ်က အဏုမြူ ဒြပ်မှုန်များ ပြိုကွဲပျက်စီးမှုအားဖြင့် ဖြစ်ပေါ်လာသော လေထုထဲရှိ ခြောက်သွေ့မှုကြောင့် ဖြစ်သည်။ ဤအရာများသည် သဘာဝ ဖြစ်စဉ်များ ဖြစ်သည်။ ဤအရာအားလုံးတွင်၊ ဘုရားသခင်၏ လုပ်ဆောင်ချက် အဘယ်မှာ ရှိပါသနည်း” ဟူသကဲ့သို့သော မတော်တရော် တုန်လှုပ်ဖွယ် အရာများကို ဟစ်ကြော်လေသည်။ ၎င်းသည် အောက်ပါ ထွက်ဆိုချက်များကဲ့သို့သော မဖွင့်ဟသင့်သည့် ထွက်ဆိုချက်များကို ကြွေးကြော်သောသူများပင် ရှိလေသည်- “လူသားမှာ ရှေးအတိတ်ကာလက မျောက်ဝံများမှ ဆင်းသက်လာပြီး၊ ယနေ့ လောကကြီးသည် ခန့်မှန်းခြေအားဖြင့် လွန်ခဲ့သော ကပ်ကမ္ဘာမှ စတင်သည့် ရှေးကျသော လူ့အဖွဲ့အစည်းများ တစ်ခုပြီးတစ်ခုမှ လာသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားခြင်း သို့မဟုတ် ကျရှုံးခြင်းသည် ထိုနိုင်ငံ၏ ပြည်သူများ လက်ထဲတွင် လုံးဝ မူတည်သည်” ဟူ၍ ဖြစ်သည်။ နောက်ခံအကြောင်းအရာတွင်၊ ၎င်းသည် လူသားကို ၎င်းအား ဂါရဝပြုစေဖို့ ယင်းကို နံရံပေါ်၌ ချိတ်ဆွဲစေသည် သို့မဟုတ် စားပွဲပေါ် တင်စေလေသည်။ ၎င်းက “ဘုရားသခင် မရှိ” ဟု ဟစ်အော်သည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏နေရာတွင် ရပ်တည်ပြီး နတ်ဆိုးတို့၏ ရှင်ဘုရင် အခန်းကဏ္ဍကို ခံယူလျက် ဘုရားသခင်ကို ကမ္ဘာ၏ အကန့်အသတ် အတိုင်းအတာ ပြင်ပသို့ ရုတ်တရက် ကြမ်းတမ်းစွာ တွန်းထုတ်ခြင်းဖြင့်၊ ၎င်းသည် မိမိကိုယ်ကိုယ် ဘုရားသခင်အဖြစ် သတ်မှတ်လေသည်။ ကျိုးကြောင်း လုံးဝ ကင်းမဲ့လှပေတကား။ ၎င်းသည် လူတစ်ယောက်ကို မခံမရပ်နိုင်အောင် ၎င်းအား တကယ်ကို မုန်းတီးစေသည်။ ဘုရားသခင်နှင့် ၎င်းတို့သည် မပြေနိုင်သော ရန်သူများဖြစ်ပုံရပြီး နှစ်ဦး အတူတကွ မတည်ရှိနိုင်ပေ။ ၎င်းသည် ပညတ်တရား လက်လှမ်းမမီသည့်ပြင်ပတွင် လွတ်လွတ်လပ်လပ် သွားလာစဉ်တွင်၁၄ ၎င်းသည် ဘုရားသခင်ကို မောင်းထုတ်ရန် ကျိတ်ကြံလေသည်။ ၎င်းမှာ နတ်ဆိုးတို့၏ ရှင်ဘုရင် ဖြစ်လိုက်လေသည်တကား။ ၎င်း၏ တည်ရှိမှုကို အဘယ်သို့ သည်းခံ၍ရနိုင်မည်နည်း။ ၎င်းသည် ဘုရားသခင်၏ အမှုကို ကမောက်ကမဖြစ်စေပြီး လုံးလုံး ဖရိုဖရဲ၁၅ ဖြစ်ကျန်ရစ်စေသည်အထိ အနားယူမည်မဟုတ်သည်မှာ ၎င်းသည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သာ၍ပင် အင်တိုက်အားတိုက် ချဉ်းကပ်လျက်၊ ငါးသေလျှင်သေ သို့မဟုတ် ကွန်ပျက်လျှင်ပျက်ဆိုသည်အထိ ဘုရားသခင်ကို အကြိတ်အနယ် နောက်ဆုံးပွဲသိမ်းသည်အထိ ဆန့်ကျင်လိုသည့်အလား ဖြစ်သည်။ ၎င်း၏ အကျည်းတန်သော မျက်နှာသည် ကြာမြင့်စွာကတည်းက လုံးလုံးလျားလျား ဖော်ထုတ်ခြင်းခံခဲ့ရပြီး ယခုတွင်မူ ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး၁၆ ဆိုးဆိုးရွားရွား အခြေအနေတွင် ရှိသော်လည်း၊ ၎င်းသည် ဘုရားသခင်ကို တစ်လုတ်စာ ဝါးမျိုခြင်းဖြင့်သာ မိမိ၏ စိတ်နှလုံးထဲတွင် လှောင်ထားသော အမုန်းကို သက်သာရာ ရစေနိုင်မည့်အလား၊ ဘုရားသခင်အပေါ် မိမိ၏ မုန်းတီးခြင်းကို လျှော့မည်မဟုတ်ပေ။ ဘုရားသခင်၏ ဤရန်သူကို ငါတို့သည် မည်သို့ သည်းခံနိုင်မည်နည်း။ ၎င်း၏ အမြစ်ဖြတ် ချေမှုန်းခံရခြင်းနှင့် လုံးလုံးလျားလျား သုတ်သင်ခံရခြင်းသည်သာ ငါတို့အသက်တာ၏ အလိုဆန္ဒကို အောင်မြင်ခြင်းသို့ ရောက်ရှိစေလိမ့်မည်ဖြစ်သည်။ ၎င်းကို ဆက်လက် ပြေးလွှားသောင်းကျန်းခွင့် အဘယ်သို့ ပေးနိုင်ရမည်နည်း။ ယင်းသည် လူသားကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်မှာ လူသားသည် ကောင်းကင်နေမင်းကို မသိသည့်အတိုင်းအတာ အထိဖြစ်ပြီး၊ ထုံထိုင်းကာ ခံစားချက်ကင်းမဲ့လာပြီဖြစ်သည်။ လူသားသည် ပုံမှန် လူသား ဆင်ခြင်တုံတရား ဆုံးရှုံးပြီဖြစ်သည်။ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုအားလုံးကို ဖယ်ထုတ်ဖို့နှင့် ဘုရားသခင်၏ အမှုကို မကြုံစဖူးသော ခံညားထည်ဝါမှုသို့ အဆောတလျင် ရောက်ရှိစေခွင့်ပြုရန်၊ ၎င်းကို ဖျက်ဆီးဖို့နှင့် ၎င်းကို မီးရှို့ပစ်လိုက်ဖို့ ငါတို့၏ ဖြစ်တည်ခြင်း တစ်ခုလုံးကို အဘယ်ကြောင့် ငါတို့ မဆက်ကပ်ကြသနည်း။ ဤလူယုတ်မာ အုပ်စုသည် လူ့လောကထဲသို့ လာကြပြီး ယင်းကို ဝရုန်းသုန်းကားအခြေအနေသို့ အခြေဆိုက်စေပြီဖြစ်သည်။ ၎င်းတို့သည် လူသားတို့၏ အလောင်းကောင်များကို ဝါးမျိုနိုင်ဖို့အလို့ငှာ လူသားတို့ကို အစိတ်စိတ် အမွှာမွှာ ရိုက်ခတ်ခံရစေဖို့ တွန်းချရန် တိတ်တဆိတ် စီစဉ်ရင်း၊ လူသားမျိုးနွယ်အားလုံးကို ချောက်ကမ်းပါး အစွန်းသို့ ခေါ်ဆောင်ခဲ့ကြသည်။ ၎င်းတို့သည် အန်စာတစ်ချက်ပစ်ကာ အရာရာကို လောင်းကြေးထပ်ရင်း၁၇ ဘုရားသခင်၏ အစီအစဉ်ကို ဖြိုခွဲရန်နှင့် ဘုရားသခင်နှင့် ယှဉ်ပြိုင်မှုထဲသို့ ဝင်ရောက်ရန် အချည်းနှီး မျှော်လင့်လေသည်။ ဤသည်မှာ လုံးဝလွယ်ကူသည် မဟုတ်ချေ။ အဆုံးတွင်တော့၊ အယုတ်မာဆုံးသော ပြစ်မှုများအဖို့ အပြစ်ရှိသော နတ်ဆိုးတို့၏ ရှင်ဘုရင်အတွက် ကားတိုင်သည် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဘုရားသခင်သည် လက်ဝါးကပ်တိုင်နှင့် မသက်ဆိုင်ပေ။ သူသည် ထိုကားတိုင်ကို မာရ်နတ်အတွက် ဘေးသို့ ပစ်လိုက်နှင့်ပြီး ဖြစ်သည်။ ဘုရားသခင်သည် ယခုမတိုင်မီ ယခင်ကြာမြင့်စွာ ကတည်းက အောင်နိုင်လျက် ထွက်ပေါ်ပြီးဖြစ်ကာ လူသားမျိုးနွယ်၏ အပြစ်များအပေါ် ပူဆွေးခြင်းကို မခံစားရတော့ဘဲ၊ လူသားမျိုးနွယ် အားလုံးထံ ကယ်တင်ခြင်းကို ဆောင်ယူလာမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှုတော်နှင့် ဝင်ရောက်ခြင်း (၇)” မှ

သင်တို့သည် အဆင်းနီသောနဂါးကြီးကို အမှန်တကယ် မုန်းတီးသလော။ သင်တို့သည် အမှန်တကယ်၊ ရိုးသားစစ်မှန်စွာ ယင်းကို မုန်းတီးသလော။ ငါသည် ကြိမ်ဖန်များစွာ သင်တို့ကို အဘယ်ကြောင့် မေးလေပြီနည်း။ ငါသည် အဘယ်ကြောင့် ဤမေးခွန်းကို သင်တို့အား အဖန်ဖန် မေးမြဲမေးနေရသနည်း။ သင်တို့၏ နှလုံးသားထဲတွင် အဆင်းနီသောနဂါးကြီး၏ မည်သည့်ပုံရိပ် ရှိသနည်း။ ယင်းကို အမှန်တကယ် ဖယ်ရှားပြီးပြီလော။ ၎င်းကို သင်တို့၏ဖခင်အဖြစ် သင်တို့ အမှန်ပင် မမှတ်ယူပေဘူးလော။ ငါ၏မေးခွန်းများထဲက ငါ၏ရည်ရွယ်ချက်ကို လူအပေါင်းတို့ သိမြင်သင့်သည်။ ယင်းမှာ လူတို့၏ ဒေါသကို ဆွပေးရန်မဟုတ်သကဲ့သို့၊ လူသားတို့အလယ် ပုန်ကန်မှုကို လှုံ့ဆော်ရန် မဟုတ်၊ လူသားသည် မိမိ၏ ကိုယ်ပိုင် ထွက်ပေါက်ကို ရှာတွေ့နိုင်ရန် မဟုတ်ဘဲ၊ လူအားလုံးကို အဆင်းနီသောနဂါးကြီး၏ ကျေးကျွန်ဘဝမှ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေခွင့်ပေးရန် ဖြစ်သည်။ သို့သော် မည်သူမျှ မပူပန်သင့်ပေ။ အားလုံးသည် ငါ၏စကားများဖြင့် ပြီးမြောက်ရလိမ့်မည်။ မည်သည့်လူသားမျှ မပါဝင်နိုင်သကဲ့သို့၊ ငါ ဆောင်ရွက်မည့် အမှုကို မည်သည့်လူသားမျှ မလုပ်ဆောင်နိုင်။ ငါသည် နယ်မြေအားလုံး၏ လေထုကို သန့်စင်စေမည်ဖြစ်ပြီး ကမ္ဘာမြေပေါ်တွင် နတ်ဆိုးတို့ကို အရိပ်အယောင် အားလုံးကို အမြစ်ဖြတ်မည်။ ငါသည် စတင်နှင့်ပြီဖြစ်ကာ၊ အဆင်းနီသောနဂါးကြီး၏ နေထိုင်ရာနေရာတွင် ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ငါ့အမှု၏ ပထမအဆင့်ကို စတင်မည်။ ထို့ကြောင့် ငါသည် နယ်မြေအားလုံးကို ကြည့်ရှုသည့်အတွက်၊ စကြဝဠာတစ်ခုလုံးအပေါ်သို့ ငါ၏ ပြစ်တင်ဆုံးမခြင်း ကျရောက်ပြီးဖြစ်ကာ အဆင်းနီသောနဂါးကြီးနှင့် ညစ်ညူးသော ဝိညာဉ်မျိုးစုံတို့သည် ငါ၏ ပြစ်တင်ဆုံးမမှုမှ လွတ်မြောက်နိုင်စွမ်း မရှိသည်ကို တွေ့နိုင်ပေသည်။ မြေကြီးပေါ်တွင် ငါ၏အမှု ပြီးစီးသည့်အခါ၊ ဆိုလိုသည်မှာ တရားစီရင်ရာကာလ အဆုံးသတ်သည့်အခါတွင်၊ ငါသည် အဆင်းနီသောနဂါးကြီးကို တရားဝင် ပြစ်တင်ဆုံးမမည်။ ငါ၏လူတို့သည် အဆင်းနီသောနဂါးကြီးအပေါ် ငါ၏ဖြောင့်မတ်သည့် ပြစ်တင်ဆုံးမမှုကို တွေ့ကြရလိမ့်မည်၊ ငါ၏ဖြောင့်မတ်မှုကြောင့် ချီးမွမ်းခြင်းကို ဧကန်မုချ သွန်းလောင်းကြလိမ့်မည် ဖြစ်ပြီး၊ ငါ၏ဖြောင့်မတ်ခြင်းကြောင့် ငါ၏ သန့်ရှင်းသော နာမကို ဧကန်မုချ အစဉ်ချီးကျူးထောမနာ ပြုကြလိမ့်မည်။ ထို့ကြောင့် သင်တို့သည် သင်တို့၏တာဝန်ကို တရားဝင် ထမ်းဆောင်ကြလိမ့်မည် ဖြစ်ပြီး၊ နယ်မြေတစ်လျှောက်လုံးတွင် ငါ့ကို ကာလအစဉ်အဆက် တရားဝင် ချီးမွမ်းကြလိမ့်မည်။

တရားစီရင်ခြင်း ကာလသည် ယင်း၏ အထွတ်အထိပ်သို့ ရောက်သောအခါ၊ ငါ၏အမှုကို အဆုံးသတ်ဖို့ ငါအလျင်အမြန် ဆောင်ရွက်မည် မဟုတ်ဘဲ၊ ယင်းထဲသို့ ပြစ်တင်ဆုံးမခြင်း ကာလ၏ သက်သေအထောက်အထားကို ပေါင်းစပ်လိမ့်မည်ဖြစ်ပြီး၊ ဤသက်သေအထောက်အထားကို ငါ၏လူအပေါင်းတို့အား တွေ့မြင်ခွင့်ပေးမည်။ ဤအရာတွင် သာ၍ကြီးမားသော အကျိုးအမြတ် ဖြစ်ထွန်းလိမ့်မည်။ ဤသက်သေအထောက်အထားသည် အဆင်းနီသောနဂါးကြီးအား ငါ၏ ပြစ်တင်ဆုံးမသည့် နည်းလမ်းဖြစ်ပြီး၊ ငါ၏လူများသည် ငါ၏စိတ်သဘောထားကို ပို၍ သိကြစေဖို့အလို့ငှာ၊ ၎င်းတို့၏ကိုယ်ပိုင် မျက်စိများဖြင့် ယင်းကို ငါရှုမြင်စေမည်။ ငါ၏ လူများက ငါ့ကို မွေ့လျော်ကြချိန်သည် အဆင်းနီသောနဂါးကြီး ပြစ်တင်ဆုံးမခံရသည့်အချိန် ဖြစ်သည်။ အဆင်းနီသောနဂါးကြီး၏လူများကို ထကြွစေပြီး ၎င်းကို တော်လှန်စေခြင်းသည် ငါ၏အစီအစဉ်ဖြစ်ပြီး၊ ဤသည်မှာ ငါ၏လူများကို ငါစုံလင်စေသည့်နည်းစနစ်ဖြစ်ကာ ငါ၏ လူအားလုံးအတွက် ယင်းသည် အသက်တာ၌ ကြီးထွားဖို့ ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၈” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

ဘုရားသခင်သည် လူသားမျိုးနွယ်အပေါင်းတို့က ၎င်းတို့၏ “ဘိုးဘေးများ”ကို အမှန်တကယ် သိရှိနိုင်ကြဖို့အလို့ငှာ၊ ဤလူတို့အား နတ်ဆိုးများ၏ ဒုစရိုက်များကို လုံးဝ ရိပ်စားမိနိုင်စေရင်း၊ လူသားမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းကို စုံလင်စေရန် ဝိညာဉ်ဆိုးများ၏ အလုပ် တစ်စိတ်တစ်ပိုင်းကို အသုံးပြုဖို့ ဘုရားသခင် ရည်ရွယ်၏။ ဤနည်းဖြင့်သာ လူသားများသည် နတ်ဆိုးတို့၏ နောင်လာနောက်သားတို့ကိုသာမက၊ နတ်ဆိုးတို့၏ ဘိုးဘေးများကိုပင် စွန့်ပစ်ရင်း၊ လုံးဝ ရုန်းထွက်လွတ်မြောက် နိုင်ကြပေသည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါင်းတို့က အဆင်းနီသောနဂါးကြီး၏ စစ်မှန်သော ပုံသဏ္ဌာန်ကို သိကြဖို့အလို့ငှာ၊ ၎င်း၏ မျက်နှာဖုံးကို အပြည့်အဝ ဆွဲချွတ်ဖို့ရန်နှင့် ၎င်း၏စစ်မှန်သော ပုံသဏ္ဌာန်ကို မြင်စေရန်အလို့ငှာ၊ အဆင်းနီသောနဂါးကြီးကို လုံးဝ အနိုင်ယူရာတွင် ဘုရားသခင်၏ စစ်မှန်သော ရည်ရွယ်ချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် စွမ်းဆောင်ရရှိလိုသည့်အရာဖြစ်သည်၊ ယင်းသည် ကမ္ဘာမြေပေါ် သူ လုပ်ဆောင်ပြီးသမျှ အမှုအားလုံး၏ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်ဖြစ်ပြီး၊ ယင်းမှာ လူသားမျိုးနွယ်အပေါင်းတို့၌ ပြီးမြောက်ဖို့ သူ ရည်မှန်းသည့်အရာ ဖြစ်သည်။ ဤအရာကို ဘုရားသခင်၏ရည်ရွယ်ချက်အား အသုံးတော်ခံရန် အရာခပ်သိမ်းကို ဆော်ဩစည်းရုံးခြင်းအဖြစ် သိရပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၁” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

ဘုရားသခင်အတွက်သက်သေခံပြီး အဆင်းနီသော နဂါးကြီးကို အရှက်ရစေရန်အတွက် လူတစ်ဦး၌ အခြေခံသဘောတရားတစ်ခု ရှိရမည်ဖြစ်ပြီး သတ်မှတ်ချက်တစ်ခုနှင့် ပြည့်မီရမည်- စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုချစ်ကာ သူ၏နှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ရမည်။ အကယ်၍ သင်သည် နှုတ်ကပတ်တော်များထဲသို့ မဝင်ရောက်ပါက၊ စာတန်ကို အရှက်ရစေရန် မည်သို့မျှဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ သင်၏အသက်တာ၌ ကြီးထွားခြင်းအားဖြင့်၊ သင်သည် အဆင်းနီသော နဂါးကြီးကို စွန့်လွှတ်ပြီး၊ ယင်းအပေါ် လုံးဝအရှက်ကွဲစေလေသည်။ ဤအရာသည်သာ အဆင်းနီသော နဂါးကြီးကို အမှန်တကယ် အရှက်ရစေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့ လိုလားလေလေ၊ ဘုရားသခင်ကို သင်၏ ချစ်ခြင်းနှင့် အဆင်းနီသော နဂါးကြီးကို သင်၏စက်ဆုပ်ရွံ့ရှာခြင်းသက်သေသည် ကြီးမားလေလေ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နာခံလေလေ၊ သမ္မာတရားကို သင်၏တောင့်တမှုနှင့် သက်ဆိုင်သော သက်သေသည် ကြီးမားလေလေ ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို မတောင့်တသော သူများသည် အသက်မရှိသော သူများဖြစ်ကြသည်။ ထိုသို့သော သူများသည် ဘာသာတရားနှင့်သက်ဆိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ပြင်ပတွင်ရှိကြသူများ ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် သာ၍ နက်နဲသော အသိပညာတစ်ခု ရှိကြလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မတောင့်တပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် သင်မစားသောက်နိုင်သကဲ့သို့၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် အသိပညာ မရှိပါက၊ ဘုရားသခင်ကို သက်သေခံရန် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် နည်းလမ်း မရှိချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်” မှ

ယနေ့တွင် သင်သည် စုံလင်စေခြင်းခံရဖို့ ကြိုးစားနိုင်သည်၊ သို့မဟုတ် သင်၏ အပြင်ပန်း လူ့သဘာဝတွင် ပြောင်းလဲမှုများနှင့် သင်၏ အရည်အချင်း၌ တိုးတက်မှုများကို ရှာဖွေနိုင်သော်လည်း၊ အဓိက အရေးကြီးသည်မှာ ယနေ့ ဘုရားသခင် လုပ်ဆောင်သော အရာတိုင်းသည် အဓိပ္ပာယ်ရှိပြီး အကျိုးကျေးဇူးရှိသည်ကို သင် နားလည်နိုင်ဖို့ ဖြစ်သည်- ယင်းက ညစ်ညမ်းသောမြေတွင် မွေးဖွားသော သင့်အား ညစ်ညမ်းမှုမှ လွတ်မြောက်စေနိုင်ပြီး ယင်းကို ဖယ်ရှားစေနိုင်သည်၊ ယင်းက စာတန်၏ စွမ်းအားကို သင့်အား အနိုင်ယူစေနိုင်ပြီး၊ စာတန်၏ မှောင်မိုက်သော စွမ်းအားကို ချန်ထားစေနိုင်လေသည်။ ဤအရာများကို အာရုံစိုက်ခြင်းဖြင့်၊ သင်သည် ဤညစ်ညမ်းသောမြေ၌ ကွယ်ကာခံရပေသည်။ နောက်ဆုံးတွင်၊ သင်သည် မည်သည့်သက်သေကို ပေးရန် တောင်းဆိုခံရလိမ့်မည်နည်း။ သင်သည် ညစ်ညမ်းသော မြေတွင် မွေးဖွားသော်လည်း၊ မည်သည့်အခါမျှ တစ်ဖန် ညစ်ညူးမှုဖြင့် ညစ်ပေခြင်း မရှိဖို့၊ စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်သော်လည်း၊ သင့်ကိုယ်သင် စာတန်၏စွမ်းအား ကင်းမဲ့ဖို့၊ စာတန်၏ ပိုင်ဆိုင်ခြင်းမခံရသကဲ့သို့၊ နှောင့်ယှက်ခြင်းလည်း မခံရဖို့ရန်နှင့် အနန္တတန်ခိုးရှင်၏ လက်ထဲတွင် အသက်ရှင်ဖို့၊ သင်သည် သန့်ရှင်းလာနိုင်လေသည်။ ဤသည်မှာ သက်သေခံချက်နှင့် စာတန်နှင့် တိုက်ပွဲတွင် အောင်မြင်ခြင်း သက်သေဖြစ်သည်။ သင်သည် စာတန်ကို စွန့်ပစ်နိုင်သည်၊ သင် အသက်ရှင် နေထိုင်သည့်အရာတွင် စာတန်ဆန်သော စိတ်သဘောထားကို ထုတ်ဖော်မပြတော့ဘဲ၊ ယင်းအစား လူသားကို ဖန်ဆင်းချိန်တွင် ဘုရားသခင်က လူသားအား ရရှိရန် တောင်းဆိုခဲ့သည့်အရာ- ပုံမှန်လူ့သဘောသဘာဝ၊ ပုံမှန် အသိစိတ်၊ ပုံမှန် ထိုးထွင်းသိမြင်မှု၊ ဘုရားသခင်ကိုချစ်ဖို့ ပုံမှန် သန္နိဌာန်နှင့် ဘုရားသခင်အား သစ္စာစောင့်သိခြင်းတို့ကို သင် အသက်ရှင်နေထိုင်ပေသည်။ ယင်းမှာ ဘုရားသခင်၏ အဖန်ဆင်းခံ တစ်ဦး၏ ထွက်ဆိုသည့် သက်သေခံချက် ဖြစ်သည်။ သင်က၊ “ကျွန်ုပ်တို့သည် ညစ်ညမ်းသည့်မြေတစ်ခုတွင် မွေးဖွားကြသော်လည်း၊ ဘုရားသခင်၏ ကွယ်ကာမှု၊ သူ၏ ဦးဆောင်မှုကြောင့်၊ ပြီးလျှင် ကျွန်ုပ်တို့ကို သူ သိမ်းပိုက်ပြီး ဖြစ်သောကြောင့် စာတန်၏ စွမ်းအားကို ကျွန်ုပ်တို့ ဖယ်ရှားပြီး ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့ နာခံနိုင်ကြသည်မှာလည်း ဘုရားသခင်၏ သိမ်းပိုက်ခံရခြင်း၏ အကျိုးရလဒ်ဖြစ်ပြီး ယင်းသည် ကျွန်ုပ်တို့ ကောင်းမြတ်သောကြောင့်၊ သို့မဟုတ် ဘုရားသခင်ကို ကျွန်ုပ်တို့ အလိုအလျောက် ချစ်ခဲ့သောကြောင့် မဟုတ်ပေ။ ယနေ့ ငါတို့ သိမ်းပိုက်ခံရသည်မှာ၊ သူ့အဖို့ သက်သေခံနိုင်ပြီး သူ့ကို အစေခံနိုင်သည်မှာ ဘုရားသခင်က ကျွန်ုပ်တို့ကို ရွေးချယ်ပြီး ရှေးမဆွက ခွဲခန့်မှတ်သား ထားခဲ့သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ ကယ်တင်ခံရပြီး စာတန်၏ အုပ်စိုးမှုမှ ကယ်လွှတ်ခံရပြီးဖြစ်ကာ ညစ်ညူးမှုကို ချန်ရစ်ထားနိုင်ပြီး အဆင်းနီးသော နဂါးကြီး၏ တိုင်းပြည်တွင် သန့်စင်ခံရနိုင်ကြသည်မှာလည်း သူသည် ကျွန်ုပ်တို့ကို ရွေးပြီး ကွယ်ကာခဲ့သောကြောင့် ဖြစ်သည်။” ဟု ဆိုပေသည်။ ထို့အပြင် အပြင်ပန်းအားဖြင့် သင် အသက်ရှင်နေထိုင်သောအရာက သင်သည် ပုံမှန် လူ့သဘောသဘောဝကို ပိုင်ဆိုင်သည်ကို ပြသသည်၊ သင် ပြောဆိုသည့်အရာတွင် အသိစိတ်ရှိပြီး သင်သည် ပုံမှန်လူတစ်ဦး၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ပေသည်။ အခြားသူများက သင့်ကို မြင်သည့်အခါ၊ “ဤသည်မှာ အဆင်းနီသော နဂါးကြီး၏ ပုံရိပ်မဟုတ်သလော။” ဟု ၎င်းတို့ကို သင် မဆိုစေသင့်ပေ။ ညီအစ်မများ၏ အကျင့်စရိုက်က ညီအစ်မနှင့် လျော်ကန်ခြင်းမရှိ၊ ညီအစ်ကိုများ၏ အကျင့်စရိုက်က ညီအစ်ကိုနှင့် လျော်ကန်ခြင်း မရှိသကဲ့သို့၊ သင်သည် သန့်ရှင်းသူတို့၏ တင့်တယ်လျောက်ပတ်သော အကျင့်စရိုက်များ တစ်ခုမျှ မရှိပေ။ ထိုအခါ လူတို့က၊ “ဘုရားသခင်က သူတို့ကို မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်သည်ဟု ဆိုသည်မှာ အံ့သြစရာ မရှိပါ။ သူသည် လုံးဝမှန်ကန်ပေ၏။” ဟု ဆိုကြလိမ့်မည်။ အကယ်၍ လူများက သင့်ကို ကြည့်ပြီး၊ “ဘုရားသခင်က သင်တို့ကို မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်သည်ဟု ဆိုသော်လည်း၊ သင်တို့ အသက်ရှင်နေထိုင်နေသည့်အရာက သင်တို့သည် စာတန်၏ စွမ်းအားကို နောက်ချန်ထားပြီးဖြစ်သည်ကို သက်သေပြသည်။ ထိုအရာများက သင်တို့အထဲတွင် ရှိနေဆဲဖြစ်သော်လည်း၊ သင်တို့သည် ၎င်းတို့ကို ကျောခိုင်းနိုင်သည်၊ ဤအရာက သင်တို့သည် လုံးဝသိမ်းပိုက်ခံရပြီး ဖြစ်သည်ကို ပြသည်။”ဟု ဆိုပါက၊ သိမ်းပိုက်ခြင်းခံရပြီး ကယ်တင်ခြင်းခံရသော သင်တို့က၊ “ကျွန်ုပ်တို့သည် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်သည်မှာ မှန်သော်လည်း၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကယ်တင်ခံရပြီး ဖြစ်သည်၊ မောဘ၏ သားစဉ်မြေးဆက်များသည် အတိတ်က စွန့်ပစ်ခံခဲ့ရကာ ကျိန်ခြင်းခံခဲ့ရပြီး၊ တစ်ပါးအမျိုးသားတို့အလယ်တွင် ဣသရေလူမျိုးများ၏ နယ်နှင်ဒဏ်ပေးခြင်းခံခဲ့ရသော်လည်း၊ ယနေ့ ကျွန်ုပ်တို့ကို ဘုရားသခင် ကယ်တင်ခဲ့လေသည်။ လူအားလုံးထဲတွင် ကျွန်ုပ်တို့သည် ဖောက်ပြန်ပျက်စီးဆုံးဖြစ်ကြသည်မှာ မှန်ပေသည်- ဤအရာကို ဘုရားသခင်က အမိန့်ပေးထားခြင်းဖြစ်သည်၊ ဤသည်မှာ အမှန်တရား ဖြစ်ပြီး အားလုံး ငြင်းမရသောအရာ ဖြစ်သည်။ သို့သော် ယနေ့တွင် ထိုလွှမ်းမိုးမှုမှ ကျွန်ုပ်တို့ လွတ်မြောက်ပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဘိုးဘေးများကို မုန်းတီးစက်ဆုပ်ကြပြီး ဘုရားသခင်၏ အလိုအတိုင်း ဆောင်ရွက်ရင်းနှင့် ကျွန်ုပ်တို့နှင့်ဆိုင်သည့် သူ၏ သတ်မှတ်ချက်များကို စွမ်းဆောင်ရရှိရင်း၊ ပြီးလျှင် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းခြင်းအား ရရှိရင်း၊ ကျွန်ုပ်တို့ ဘိုးဘေးများကို ကျောခိုင်းစွန့်ခွာဖို့၊ လုံးဝ စွန့်ပစ်ဖို့နှင့် ဘုရားသခင်၏ အစီအစဉ်များ အားလုံးကို လိုက်နာဖို့ လိုလိုလားလား ရှိကြသည်။ မောဘသည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပါသည်၊ ဘုရားသခင်၏ အလိုအတိုင်း သူမဆောင်ရွက်ခဲ့သကဲ့သို့၊ ဘုရားသခင်၏ မုန်းတီးခြင်းကို ခံခဲ့ရသည်။ သို့သော် ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်၏ စိတ်နှလုံးကို ဂရုစိုက်ရမည် ဖြစ်ပြီး ယနေ့တွင် ဘုရားသခင်၏ အလိုကို ကျွန်ုပ်တို့ နားလည်သည့်အတွက်၊ ဘုရားသခင်ကို ကျွန်ုပ်တို့ သစ္စာမဖောက်နိုင်သကဲ့သို့၊ ကျွန်ုပ်တို့၏ ဘိုးဘေးဟောင်းများကို စွန့်ပယ်ရမည် ဖြစ်သည်။” ဟု ဆိုမည် ဖြစ်သည်။ ယခင်က အဆင်းနီသော နဂါးကြီးကို စွန့်ပယ်ဖို့အကြောင်း ငါပြောခဲ့ပြီး၊ ယနေ့တွင် အဓိကမှာ လူတို့၏ဘိုးဘေးဟောင်းများကို စွန့်ပယ်ခြင်း အကြောင်း ဖြစ်သည်။ ဤသည်မှာ လူတို့ သိမ်းပိုက်ခြင်း၏ သက်သေခံချက် တစ်ခုဖြစ်ပြီး ယနေ့ သင် မည်သို့ ဝင်ရောက်သည် ဖြစ်စေ၊ ဤကဏ္ဍ၌ သင်၏သက်သေခံချက် ချို့တဲ့မနေရ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)” မှ

အောက်ခြေမှတ်စု(များ)-

၁။ “ဝါးမျို” ဆိုသည်မှာ လူတို့ကို အလုံးစုံ အဓမ္မပြုသော နတ်ဆိုးတို့ ရှင်ဘုရင်၏ ကြမ်းကြုတ်သည့် အပြုအမူကို ရည်ညွှန်းသည်။

၂။ “ပြစ်မှုထဲက ဤကြံရာပါ” ဆိုသည်မှာ “လူရမ်းကားတစ်သိုက်” နှင့် အမျိုးအစားတူသည်။

၃။ “ဒုက္ခပြဿနာမျိုးစုံကို လှုံ့ဆော်ရင်း” ဆိုသည်မှာ မာရ်နတ်နှင့်ဆိုင်သော လူတို့သည် ဘုရားသခင်၏ အမှုကို ဟန့်တားကာ ဆန့်ကျင်ရင်း မည်သို့ သောင်းကျန်းကြမ်းတမ်းပုံကို ရည်ညွှန်းသည်။

၄။ “သွားရှိသော ဝေလငါးများ” ဆိုသည်မှာ သရော်သည့်အနေဖြင့် သုံးထားခြင်း ဖြစ်သည်။ ယင်ကောင်များသည် သေးငယ်လွန်းလှသည်မှာ ဝက်များနှင့် ခွေးများသည် ၎င်းတို့အတွက် ဝေလငါးများတမျှ ကြီးမားပုံကို တင်စားခြင်း ဖြစ်သည်။

၅။ “ဆိုးညစ်မှုအားလုံး၏ ခေါင်သူကြီး” သည် နတ်ဆိုးအိုကို ရည်ညွှန်းသည်။ ဤစကားစုသည် အလွန်အမင်း မနှစ်သက်ခြင်းကို ဖော်ပြသည်။

၆။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း” သည် နတ်ဆိုးက လူတို့အား ဘေးပြုရန် သုံးသော နည်းစနစ်များကို ရည်ညွှန်းသည်။

၇။ “အလွန်အကျွံ စောင့်ကြပ်ခြင်း ခံရ၏” ဆိုသည်မှာ မာရ်နတ်က လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းစနစ်များသည် အထူးသဖြင့် ရက်စက်ပြီး၊ လူတို့ကို အလွန်တရာ ထိန်းချုပ်သည်မှာ ၎င်းတို့သည် လှုပ်ရှားရန် နေရာမရှိသည်ကို ညွှန်ပြသည်။

၈။ “အလှမ်းဝေး” ဆိုသည်ကို ပြောင်လှောင်သရော်သည့် သဘောနှင့် သုံးထားခြင်းဖြစ်သည်။

၉။ “နည်းစနစ်ကျ၍ နူးညံ့သိမ်မွေ့သော လမ်းပြမှု” ဆိုသည်ကို လှောင်ပြောင်သရော်သည့်သဘောဖြင့် သုံးထားခြင်း ဖြစ်သည်။

၁၀။ “‘မျက်နှာသာပေးခြင်း’ ခံရသည်” ဆိုသည်ကို ထုံထိုင်းပုံရပြီး ကိုယ့်ကိုယ်ကိုယ် သိခြင်းမရှိသော လူများကို သရော်လှောင်ပြောင်ရန် သုံးထားခြင်း ဖြစ်သည်။

၁၁။ “ကံခေခြင်း တစ်ခုပြီးနောက်တစ်ခု ခံစားရ” ဆိုသည်မှာ လူများသည် အဆင်းနီသော နဂါးကြီး၏ တိုင်ပြည်တွင် မွေးဖွားခဲ့ကြပြီး ၎င်းတို့သည် မိမိတို့၏ ဦးခေါင်းများကို မြင့်မြင့် မမော့နိုင်ကြခြင်းကို ညွှန်ပြသည်။

၁၂။ “သင်၏ဘဝ တစ်ခုလုံးကို စွန့်လွှတ်ရန်” ဆိုသည်မှာ ယုတ်ညံ့သော အဓိပ္ပာယ်တစ်ခုဖြင့် ဆိုလိုခြင်း ဖြစ်သည်။

၁၃။ လူတို့အနေဖြင့် မိမိတို့၏ အသိပညာ၊ ယဉ်ကျေးမှုနှင့် ဝိညာဉ်ရေးရာ အမြင်များ တင်းကျပ်လွန်းသည်ကို ဆိုလိုရင်း၊ “မပျက်စီးနိုင်သောအရာ” ကို ဤနေရာတွင် သရော်သည့်စကားအဖြစ် ရည်ရွယ်သည်။

၁၄။ “ပညတ်တရား လက်လှမ်းမမီသည့်ပြင်ပတွင် လွတ်လွတ်လပ်လပ် သွားလာစဉ်တွင်” ဆိုသည်မှာ နတ်ဆိုးက ဒေါသပေါက်ကွဲပြီး လျှောက်ရမ်းသည်ကို ဖော်ညွှန်းပါသည်။

၁၅။ “လုံးလုံး ဖရိုဖရဲ” ဆိုသည်မှာ မာရ်နတ်၏ ကြမ်းကြုတ်သော အပြုအမူသည် မြင်ရန် မခံမရပ်နိုင်စရာ ဖြစ်ပုံကို ရည်ညွှန်းသည်။

၁၆။ “ပွန်းပဲ့ကာ ရိုက်ချိုးခံရပြီး” ဆိုသည်မှာ နတ်ဆိုးတို့၏ရှင်ဘုရင်၏ အကျည်းတန်သော မျက်နှာကို ရည်ညွှန်းသည်။

၁၇။ “အန်စာတစ်ချက်ပစ်ကာ အရာရာကို လောင်းကြေးထပ်ရင်း” ဆိုသည်မှာ နောက်ဆုံးတွင် အနိုင်ရခြင်းငှာ မျှော်လင့်ချက်များဖြင့် လောင်းကြေးတစ်ခုတွင် မိမိ၏ ရှိသမျှငွေကို ပုံအောခြင်းဟု ဆိုလိုသည်။ ဤသည်မှာ နတ်ဆိုး၏ မကောင်းသည့် ယုတ်မာသော အကြံအစည်များအတွက် တင်စားမှုတစ်ခု ဖြစ်သည်။ ဤစကားအသုံးအနှုန်းကို သရော်သည့်အနေဖြင့် သုံးထားပေသည်။

က။ စာအုပ်လေးအုပ်နှင့် ဂန္တဝင်ကျမ်းငါးကျမ်းတို့သည် တရုတ်နိုင်ငံတွင် အားထားရသော ကွန်ဖြူးရှပ်ဝါဒ စာအုပ်များဖြစ်သည်။

အရှေ့သို့- ၃၂) စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို အောင်မြင်ကျော်လွှားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၃၄) စာတန်၏ စွမ်းအားကို ချိုးဖျက်လွတ်မြောက်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်