၅၁) ကျရှုံးခြင်းများနှင့် နိမ့်ကျပျက်စီးခြင်းများကို ကိုင်တွယ်ဖြေရှင်းခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) ကျရှုံးခြင်းများနှင့် နိမ့်ကျပျက်စီးခြင်းများ၏ ဇာစ်မြစ်ကို ခွဲခြမ်းစိတ်ဖြာပြီး နားလည်ရန် လိုအပ်သည်။ မာနထောင်လွှားသော သဘာဝ၊ ကြောင်းကျိုးမဆီလျော်မှုများနှင့် အခြေအမြစ်မရှိသော အစွဲအလမ်းများ ရှိသူတို့သည် မလွဲဧကန် ကျရှုံးကာ နိမ့်ကျပျက်စီးလိမ့်မည်ဖြစ်ကြောင်း သိသင့်၏။

(၂) ကျရှုံးခြင်းများနှင့် နိမ့်ကျပျက်စီးခြင်းများတွင် ဘုရားသခင်၏ ကောင်းမွန်သော အလိုတော်တည်ကြောင်း သိရန်လိုအပ်သည်။ ယင်းတို့သည် မိမိကိုယ်မိမိသိရန် အကောင်းဆုံး အခွင့်အလမ်းများ ဖြစ်ကြပြီး မကြာခဏဆိုသလို တစ်စုံတစ်ယောက်ကို ဘဝတစ်ဆစ်ချိုး ပြောင်းလဲရန် ဦးတည်ပေးသည်။

(၃) သမ္မာတရားကို လိုက်စားရာတွင် အကြင်သူသည် စိတ်ပိုင်းဖြတ်မှု ရှိရမည်။ ကျရှုံးခြင်းများနှင့် နိမ့်ကျပျက်စီးခြင်းများသည် ကြောက်ရွံ့ရန် မဟုတ်။ အကယ်၍ တစ်စုံတစ်ယောက်သည် သမ္မာတရားကို လက်ခံရန်၊ သို့မဟုတ် ကျိုးနွံနာခံရန် အမြဲမတတ်နိုင်ပါက ထိုသူသည် ကယ်တင်ခံရနိုင်မည် မဟုတ်။

(၄) မိမိတို့၏ ကျရှုံးခြင်းများမှ သင်ခန်းစာတို့ကို တွက်ချက်ထုတ်ယူကာ ပြစ်မှားခြင်းတစ်စုံတစ်ရာတို့ကို ပြုပြင်ရန်အလို့ငှာ သမ္မာတရားကို ရှာဖွေသင့်သည်။ အကြင်သူသည် စစ်မှန်စွာ နောင်တရနေသမျှ ကာလပတ်လုံး ဘုရားသခင်က ထိုသူကို ကယ်တင်မည်မှာ ဧကန်မုချပင် ဖြစ်၏။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်က သင့်အား မိုးသက်မုန်တိုင်းများ၊ ဆင်းရဲဒုက္ခများ၊ အခက်အခဲများ အမျိုးအစားအားလုံးနှင့် ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများ အတော်များများကို တွေ့ကြုံစေသည်၊ ယင်းမှာ သင်သည် နောက်ဆုံးတွင် ဤအရာများကို တွေ့ကြုံခြင်းဖြစ်စဉ်တွင်၊ ဘုရားသခင် ပြောဆိုသမျှတိုင်းက မှန်ကန်ကြောင်းနှင့် သင်၏ ယုံကြည်မှုများ၊ အယူအဆများ၊ စိတ်ကူးစိတ်သန်းများ၊ အသိပညာ၊ အတွေးအခေါ်ဆိုင်ရာ သဘောတရားများ၊ အတွေးအမြင်များ၊ လောကတွင် သင် သင်ယူပြီးသည့်အရာနှင့် သင်၏ မိဘများက သင်ကြားပေးပြီးသည့်အရာအားလုံး မှားယွင်းကြောင်းကို သင် ရှာဖွေတွေ့ရှိလာစေရန်ဖြစ်သည်။ ယင်းတို့သည် သင့်ကို ဘဝ၌ မှန်သော လမ်းကြောင်းပေါ်သို့ မပို့ဆောင်နိုင်ပေ၊ ယင်းတို့သည် သင့်ကို သမ္မာတရား နားလည်ဖို့နှင့် ဘုရားသခင်၏ ရှေ့မှောက်သို့ လာဖို့ မဦးဆောင်နိုင်ဘဲ၊ သင် လျှောက်သော လမ်းကြောင်းသည် ကျရှုံးခြင်း လမ်းကြောင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က နောက်ဆုံးတွင် သင့်ကို သဘောပေါက်စေမည့် အရာ ဖြစ်သည်။ သင့်အတွက်၊ ဤသည်မှာ လိုအပ်သော ဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ ကယ်တင်ခြင်းကို တွေ့ကြုံခြင်း ဖြစ်စဉ်အတောအတွင်း သင် ရရှိသင့်သည့်အရာ ဖြစ်သည်။ သို့သော် ယင်းက ဘုရားသခင်ကို ဝမ်းနည်းစေသည်- လူတို့သည် ပုန်ကန်တတ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပိုင်ဆိုင်ကြသောကြောင့်၊ ဤဖြစ်စဉ်ကို ၎င်းတို့ ကြုံရမည်ဖြစ်ပြီး ဤဆုတ်ဆိုင်းမှုများကို တွေ့ကြုံရမည်ဖြစ်သည်။ သို့သော် တစ်စုံတစ်ဦးသည် သမ္မာတရားကို အမှန်တကယ် ချစ်ပါက၊ ထိုသူသည် ဘုရားသခင်၏ ကယ်တင်ခံရခြင်းကို အမှန်တကယ် လိုလားနေပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်း နည်းစနစ်အမျိုးမျိုးကို- ဥပမာအားဖြင့် စမ်းသပ်မှုများ၊ ပဲ့ပြင်ဆုံးမမှု၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို- လက်ခံရန် လိုလားနေပါက၊ ထိုသို့ ဆင်းရဲဒုက္ခခံရန် ၎င်းက စိတ်ပိုင်းဖြတ်ထားပါက၊ ၎င်းသည် ဤအဖိုးအခ ပေးရန် လိုလားနေပါက၊ ဘုရားသခင်သည် အမှန်တွင် ၎င်းအား ဤမျှအခက်အခဲကို ခံစားစေရန် ဆန္ဒမရှိသကဲ့သို့၊ ဤမျှ ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးမှုများ ကြုံစေဖို့လည်း ဆန္ဒမရှိပေ။ သို့သော် လူတို့သည် ပုန်ကန်လိုလွန်းကြသည်။ ၎င်းတို့သည် ကောက်ကွေ့သော လမ်းကြောင်းကို လျှောက်လိုကြသည်၊ ဤအခက်အခဲများကို ၎င်းတို့ ခံစားရန် လိုလားနေကြသည်။ ယင်းမှာ လူသားက ဖြစ်နေသည့် အရာမျိုးသာ ဖြစ်ပြီး၊ ၎င်းတို့သည် အတွေ့အကြုံ မျိုးစုံကို ရရှိပြီး ဤအခြေအနေများမှ အမျိုးမျိုးသော သင်ခန်းစာများ သင်ယူကာ၊ ဆိုးယုတ်သော အရာမျိုးစုံ၏ အနှစ်သာရကို သတိပြုမိကြဖို့အလို့ငှာ၊ ၎င်းတို့ကို စဉ်ဆက်မပြတ် ဖေးမဖို့ ဘုရားသခင်သည် လူတို့ကို စာတန်ထံ လွှဲအပ်ပြီး၊ အမျိုးမျိုးသော အခြေအနေများတွင် ထားရှိဖို့မှလွဲ၍ ရွေးချယ်စရာ မရှိချေ။ နောက်ပိုင်းတွင်၊ ၎င်းတို့ ပြန်တွေးတောကြည့်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို တွေ့ရှိကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း၊ ဘုရားသခင်သည်သာ အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့အရှိတရား ဖြစ်ကြောင်းနှင့် ဘုရားသခင်သည်သာ လူသားကို အမှန်တကယ် ချစ်သောသူဖြစ်ကာ လူသားအပေါ် ဘုရားသခင်ထက် မည်သူမျှ သာ၍ မကောင်းကြောင်း သို့မဟုတ် သာ၍ မပြုစုမစောင့်ရှောက်ကြောင်းကို ၎င်းတို့ အသိအမှတ်ပြုကြလေသည်။ လူတို့သည် နောက်ဆုံးတွင် မည်သည့်အတိုင်းအတာထိ ဖေးမခံရကြသနည်း။ သင်က “ကျွန်ုပ်သည် အခြေအနေမျိုးတိုင်းကို တွေ့ကြုံပြီးဖြစ်ကာ ကျွန်ုပ်အား သမ္မာတရားကို သိနားလည်စေသည့်၊ ကျွန်ုပ်အား သမ္မာတရားကို မွေ့လျော်စေနိုင်သည့်၊ သမ္မာတရား စစ်မှန်မှုထဲသို့ ကျွန်ုပ်ကို ဝင်ရောက်စေနိုင်သည့် အခြေအနေတစ်ခု၊ လူတစ်ဦး၊ ကိစ္စရပ် သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ မရှိပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်းသာ နာခံစွာ ကျွန်ုပ် လက်တွေ့လုပ်ဆောင်နိုင်သည်၊ နာခံစွာ လူသား၏ နေရာတွင် နေထိုင်နိုင်သည်၊ အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အဆင့်အတန်းနှင့် တာဝန်တို့ကို လိုက်နာစောင့်ထိန်းနိုင်သည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို နာခံစွာ လက်ခံနိုင်ပြီး၊ ညည်းညူခြင်းတစ်ခုမျှမရှိဘဲ သို့မဟုတ် ရွေးချယ်မှု တစ်ခုမျှမရှိဘဲ၊ ပြီးလျှင် ကျွန်ုပ်ကိုယ်တိုင်၏ တောင်းဆိုချက်များ သို့မဟုတ် စိတ်ဆန္ဒများမရှိဘဲ ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ လာနိုင်သည်” ဟု ပြောသည့် အတိုင်းအတာအထိ ဖြစ်သည်။ ၎င်းတို့ ဤအဆင့်ကို ရောက်ရှိပြီးချိန်တွင်၊ လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် ဦးညွှတ်ကြပြီး ဘုရားသခင်သည် ၎င်းတို့အတွက် တွေ့ကြုံဖို့ နောက်ထပ် အခြေအနေများ တစ်ခုတလေမျှ ဖန်တီးရန် မလိုအပ်ပေ။ ထို့ကြောင့် မည်သည့်လမ်းကြောင်းကို သင် လျှောက်ရန် ဆန္ဒရှိသနည်း။ ၎င်းတို့၏ ခံစားချက်အရဖြစ်သော စိတ်ဆန္ဒများတွင် မည်သူမျှ အခက်အခဲကို ခံစားရန် ဆန္ဒမရှိကြသကဲ့သို့၊ ဆုတ်ဆိုင်းမှုများ၊ ကျရှုံးခြင်း၊ အခက်အခဲ၊ စိတ်ပျက်မှုများနှင့် မိုးသက်မုန်တိုင်းများကို မည်သူမျှ မတွေ့ကြုံချင်ပေ။ သို့သော် အခြားနည်းလမ်း မရှိပေ။ လူသားထဲက အမှုအရာများသည်- သူ၏ သဘာဝ အနှစ်သာရ၊ သူ၏ ပုန်ကန်လိုခြင်း၊ သူ၏ အတွေးများနှင့် ရှုထောင့်အမြင်များသည်- အလွန် ခက်ခဲရှုပ်ထွေးလှ၏။ နေ့တိုင်း၊ ယင်းတို့သည် သင့်အထဲတွင် ရောထွေးပြီး ရစ်ပတ်လာကြကာ၊ သင်၏အတွင်းတွင် ဒေါသထွက်စေနေကြသည်။ သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ အနည်းငယ်သာ ဝင်ရောက်သည်၊ သမ္မာတရား အနည်းငယ်ကို သင် နားလည်ပြီး၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရ၊ သင်၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို အောင်မြင်ကျော်လွှားဖို့ အစွမ်း ကင်းမဲ့လေသည်။ ထို့ကြောင့်၊ သင်သည် အခြားသော နည်းလမ်းကို လက်ခံရုံ- ကျရှုံးမှုနှင့် စိတ်ပျက်ခြင်းတို့ကို စဉ်ဆက်မပြတ် တွေ့ကြုံခံစားဖို့နှင့် “ကျွန်ုပ် ပင်ပန်းပြီ၊ စိတ်ကုန်ပြီ၊ ဤကဲ့သို့ ကျွန်ုပ် အသက်မရှင်ချင်ပါ။ ဤကျရှုံးမှုများကို ကျွန်ုပ် မကြုံချင်ပါ၊ ဖန်ဆင်းရှင်ရှေ့သို့ နာခံမှုဖြင့် ကျွန်ုပ် လာချင်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် နားထောင်မည်၊ သူ ပြောသည့်အရာကို ကျွန်ုပ် လုပ်မည်။ ဤအရာသည်သာ ဘဝတွင် မှန်ကန်သော လမ်းကြောင်းဖြစ်သည်”ဟု သင် ပြောသည့်နေ့တစ်နေ့ထိ၊ အညစ်အကြေးတွင် လှုပ်ရှားရင်း၊ အခက်အခဲကြောင့် လူးလှိမ့်လျက် စဉ်ဆက်မပြတ် လဲကျရုံ မှလွဲ၍ ရွေးချယ်စရာ မရှိပေ။ ကျရှုံးမှုကို သင် အပြည့်အဝ ဝန်ခံသည့်နေ့တွင်သာ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာလိမ့်မည်။ ဤအရာမှ ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သည့် တစ်စုံတစ်ရာကို သင် သိလာသလော။ လူသားအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သူသည် လူသားအတွက် အကောင်းဆုံး ဖြစ်စေချင်သည်။ မည်သည့် ပတ်ဝန်းကျင်ကို သူ စီစဉ်ပါစေ၊ သို့မဟုတ် သင်လုပ်ဆောင်ဖို့ မည်သည့်အရာ သူ စေခိုင်းပါစေ၊ အကောင်းဆုံးရလဒ်ကို မြင်ရန် သူ အမြဲ ဆန္ဒရှိပေသည်။ တစ်စုံတစ်ရာကို သင် ဖြတ်သန်းရပြီး ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးမှုကို သင် ကြုံရသည်ဆိုပါစို့။ သင် ကျရှုံးပြီး၊ ထို့နောက် သင့်ကိုယ်သင် အဆုံးသတ်လေပြီဟုထင်ခြင်း၊ စာတန်၏ ဆွဲယူသွားခြင်းကို သင်ခံရလေပြီ၊ ယင်းအခြေအနေမှ သင်သည် မိမိ၏ ခြေထောက်များကို တစ်ဖန် လုံးဝ မမြင်ရသကဲ့သို့ စိတ်ပျက်လက်ပျက်ဖြစ်ခြင်းထဲသို့ ကျဆင်းသွားပြီဟု ထင်ခြင်းကို ဘုရားသခင်သည် မြင်ရန် ဆန္ဒမရှိပေ၊ ဤရလဒ်ကို ဘုရားသခင် မြင်လိုစိတ်မရှိပေ။ မည်သည့်အရာကို မြင်ရန် ဘုရားသခင် ဆန္ဒရှိသနည်း။ ဤကိစ္စရပ်တွင် သင် ကျရှုံးပြီး ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ သင်သည် သမ္မာတရားကို ရှာဖွေနိုင်သည်၊ သင်၏ ကျရှုံးခြင်းအတွက် အကြောင်းရင်းကို ရှာတွေ့နိုင်သည်။ သင်သည် ဤကျရှုံးမှုနှင့်ဆိုင်သည့် အမှန်တရားကို လက်ခံပြီး ယင်းမှာ တစ်စုံတစ်ရာကို ရယူသည်၊ သင်ခန်းစာတစ်ခုကို သင် သင်ယူသည်၊ ထိုနည်းဖြင့် ဆောင်ရွက်ဖို့မှာ မှားယွင်းသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ဆောင်ရွက်ခြင်းသည်သာ မှန်ကန်သည်ဆိုသည်ကို သင် သဘောပေါက်သည်။ သင်က “ကျွန်ုပ်သည် ဆိုးသကဲ့သို့ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ ရှိပါသည်။ ကျွန်ုပ်အထဲတွင် ပုန်ကန်လိုမှုရှိသည်၊ ကျွန်ုပ်သည် ဘုရားသခင် ပြောဆိုသည့် ဖြောင့်မတ်သော လူများမှ အနည်းငယ် အလှမ်းဝေးပြီး ဘုရားသခင်ကို ကြောက်ရွံ့သည့် နှလုံးသားတစ်ခု ကျွန်ုပ်၌ မရှိပါ” ဟု သဘောပေါက်လေသည်။ သင်သည် ဖြစ်ရပ်တစ်ခု၊ ကိစ္စရပ်၏ မှန်ကန်သော အချက်တစ်ခုကို သဘောပေါက်ပြီး အမှုအရာများကို သင် နားလည်ကာ ဤဆုတ်ဆိုင်းမှုနှင့် ကျရှုံးမှုမှတစ်ဆင့် ကြီးထွားသည်။ ဤသည်မှာ ဘုရားသခင် မြင်လိုသည့်အရာ ဖြစ်သည်။ “ကြီးထွား” ဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်က သင့်ကို ရယူနိုင်ပြီး သင်သည် ကယ်တင်ခြင်းကို ရရှိနိုင်သည်ဟု ဆိုလိုပေသည်။ ယင်းက သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းကြောင်းပေါ် ခြေချခြင်းဆီသို့ သင်သည် ခြေတစ်လှမ်း သာ၍ နီးကပ်လာသည်ဟု ဆိုလိုပေသည်။ ဤသည်မှာ ဘုရားသခင် မြင်ရန် ဆန္ဒရှိသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပြီး၊ သူ၏ လုပ်ဆောင်ချက်အားလုံး၌ လူတို့ မကြာခဏ အသိအမှတ်မပြုနိုင်သည့် သူ၏ ကွယ်ဝှက်ထားသော ချစ်ခြင်းမေတ္တာ ပါရှိသည်။ လူသားသည် သဘောထားကျဉ်းမြောင်းပြီး သိမ်ဖျင်းကာ၊ သူ၏ စိတ်နှလုံးသည် အပ်ပေါက်လောက် ကျဉ်းမြောင်းလေသည်။ ဘုရားသခင်က သူ့ကို အသိအမှတ်မပြုသည့်အခါ သို့မဟုတ် သူ့အတွက် ကျေးဇူးတော် သို့မဟုတ် ကောင်းချီးမင်္ဂလာ မရှိသည့်အခါ၊ သူသည် ဘုရားသခင်ကို အပြစ်တင်သည်။ သို့သော် ဘုရားသခင်သည် လူသားနှင့် ဘာမဟုတ်တာလေးကို မငြင်းခုံပေ။ သူသည် ကျေးဇူးတော်နှင့် အကျိုးကျေးဇူးတို့အား မည်သို့ ရရှိသည်၊ လူသားအဖို့ ကျေးဇူးတော်က မည်သည့်အရာကို ဆိုလိုသည်ဆိုသည်နှင့် ယင်းမှ လူသားက မည်သည့်အရာကို ရယူနိုင်သည်ဆိုသည်တို့ကို လူသားအား သိစေသည့် ပတ်ဝန်းကျင်များကို ခင်းကျင်းလေသည်။ အလွန်အကျွံစားသည့်အခါ သင်၏ ကျန်းမာရေးအတွက် မကောင်းဟု ဘုရားသခင် ပြောသည့် ကောင်းမွန်သော အရာအချို့ကို သင် စားဖို့ နှစ်သက်သည်ဟု ဆိုပါစို့။ သင်သည် နားမထောင်ဘဲ ယင်းကို မရမက စားနေပြီး ဘုရားသခင်က ထိုရွေးချယ်မှုကို လွတ်လွတ်လပ်လပ် ပြုလုပ်ဖို့ သင့်အား အခွင့်ပေး၏။ အကျိုးဆက်အနေဖြင့်၊ သင် နေမကောင်းဖြစ်လေသည်။ ဤအရာကို အကြိမ်အချို့ တွေ့ကြုံပြီးသည့်နောက်တွင်၊ မှန်ကန်သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်၊ သူပြောသမျှအားလုံး မှန်ကန်ပြီး သူ၏ နှုတ်ကပတ်တော်များအတိုင်း သင် လက်တွေ့လုပ်ဆောင်ရမည် ဆိုသည်တို့ကို သင် နားလည်လာသည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်း ဖြစ်သည်။ ထို့ကြောင့် လူတို့ ဖြတ်သန်းရသည့် ဤဆုတ်ဆိုင်းမှုများ၊ ကျရှုံးမှုများနှင့် ဝမ်းနည်းမှုများသည် မည်သည့်အရာ ဖြစ်လာကြသနည်း။ ဘုရားသခင်၏ အပတ်တကုတ် လုပ်ရသော ရည်မှန်းချက်ကို သင် အသိအမှတ်ပြုပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မှန်ကန်ကြောင်းကိုလည်း သင် ယုံကြည်ကာ သေချာသည်။ ဘုရားသခင်၌သင်၏ ယုံကြည်ခြင်း ကြီးထွားလာသည်။ အခြားတစ်စုံတစ်ရာလည်း ရှိပေ၏- ဤကျရှုံးခြင်းကာလကို တွေ့ကြုံခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ မှန်ကန်ခြင်းနှင့် တိကျခြင်းတို့ကို သင် သဘောပေါက်လာသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို သင် မြင်ပြီး၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားကို နားလည်‌လေသည်။ ထို့ကြောင့်၊ ကျရှုံးမှုကို တွေ့ကြုံခြင်းသည် လူတို့အတွက် ကောင်းပေသည်၊ ယင်းသည် နာကျင်စရာ တစ်ခုလည်း ဖြစ်သော်လည်း၊ ၎င်းတို့ကို ဖေးမသည့် အရာတစ်ခု ဖြစ်သည်။ သို့သော် ထိုသို့ ဖေးမခံရခြင်းက နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ပြန်သွားစေသည်၊ သူ၏ နှုတ်ကပတ်တော်များကို လက်ခံစေပြီး၊ ယင်းတို့ကို သမ္မာတရားအဖြစ် သဘောထားစေသည်၊ ထိုအခါ ထိုသို့သော ဖေးမခြင်း၊ ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးခြင်းတို့ကို အချည်းနှီး တွေ့ကြုံရခြင်း မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင် မြင်ရန် ဆန္ဒရှိသည့်အရာ ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေါလု၏ သဘောသဘာဝနှင့် အနှစ်သာရကို ထိုးထွင်းသိမြင်နည်း” မှ

အကြိမ်များစွာ ကျရှုံးခြင်းနှင့် ပြိုလဲကျခြင်းသည် ဆိုးသည့် အရာမဟုတ်သလို၊ ဖော်ထုတ်ခံနေရခြင်းသည်လည်း ဆိုးသည့် အရာ မဟုတ်ပါ။ သင် ကိုင်တွယ်ဖြေရှင်းခံရသည်ဖြစ်စေ၊ ပြုပြင်ခံရသည်ဖြစ်စေ၊ သို့မဟုတ် ဖော်ထုတ်ခံရသည်ဖြစ်စေ၊ ဤအရာကို တစ်ချိန်လုံး သင် မှတ်မိရမည်- ဖော်ထုတ်ခံရခြင်းဆိုသည်မှာ သင်သည် ရှုတ်ချခံနေရခြင်း ဖြစ်သည်ဟု မဆိုလိုပေ။ ဖော်ထုတ်ခံနေရခြင်းသည် ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်၊ မိမိကိုယ်ကိုယ် သိရှိရန် ယင်းမှာ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။ ယင်းက သင်၏ ဘဝအတွေ့အကြုံတွင် အလှည့်အပြောင်းတစ်ခုကို ယူဆောင်လာနိုင်သည်။ ထိုအရာမရှိဘဲ၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော အမှန်တရားကို သိနားလည်ခြင်းသို့ရောက်နိုင်ဖို့ အခွင့်အရေးရော အခြေအနေကိုပါ ပိုင်ဆိုင်လိမ့်မည်မဟုတ်သလို ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာကိုလည်း သင်ပိုင်ဆိုင်လိမ့်မည်မဟုတ်။ သင့်အတွင်းရှိ အမှုအရာများ၊ သတိပြုမိဖို့ ခဲယဉ်းပြီး တူးဖော်ဖို့ ခက်ခဲသည့် သင့်အတွင်းရှိ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် ထိုရှုထောင့်များအားလုံးကို သင် သိရှိလာနိုင်လျှင်၊ ဤသည်မှာ ကောင်းသော အရာတစ်ခု ဖြစ်သည်။ သင့်ကိုယ်သင် အမှန်တကယ် သိရှိလာနိုင်ခြင်းသည် သင်၏လမ်းများကို ပြုပြင်ပြီး လူသစ်တစ်ဦးဖြစ်လာဖို့ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်၊ ယင်းမှာ သင့်အနေဖြင့် အသက်တာသစ်ကို ရရှိရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် အမှန်တကယ် သိရှိသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားက တစ်ဦးတစ်ယောက်၏ အသက်ဖြစ်လာသည့်အခါ၊ အမှန်ပင် တန်ဖိုးရှိသည့်အရာဖြစ်သည်ကို သင် တွေ့မြင်နိုင်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားအတွက် သင် ဆာငတ်လိမ့်မည်ဖြစ်ပြီး စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ လွန်စွာ ကြီးမြတ်သည့်အရာတစ်ခု ဖြစ်ပေ၏။ သင်ကျရှုံးသည့်အခါတိုင်း သို့မဟုတ် လဲကျသည့်အခါတိုင်း ဤအခွင့်အရေးကို သင် ဆုပ်ကိုင်နိုင်ပြီး အလွန်စိတ်ထက်သန်စွာ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကာ မိမိကိုယ်ကိုယ် စစ်မှန်သည့် သိကျွမ်းမှု ရရှိလျှင်၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်များကြားတွင်၊ သင်သည် ပြန်ထရပ်နိုင်လိမ့်မည်။ ဤအတိုင်းအတာကို သင်ဖြတ်ကျော်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ရှေ့ဆက် ကြီးမားသည့် ခြေလှမ်းကို သင် လှမ်းနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်” မှ

သင်၏ ကျရှုံးခြင်း၊ အားနည်းခြင်းနှင့်ဆိုင်သော အတွေ့အကြုံများစွာနှင့် သင်၏ အပျက်သဘောဆောင်သော အချိန်များအားလုံးကို ဘုရားသခင်၏ စမ်းသပ်မှုများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အရာရာတိုင်းသည် ဘုရားသခင်မှ လာပြီး၊ ခပ်သိမ်းသော အမှုအရာများနှင့် အဖြစ်အပျက်များမှာ သူ၏လက်ထဲတွင်ရှိသောကြောင့် ဖြစ်သည်။ သင်ကျရှုံးသည်ဖြစ်စေ သို့မဟုတ် သင်အားနည်းပြီး ခလုတ်တိုက်သည်ဖြစ်စေ ထိုအရာအားလုံးမှာ ဘုရားသခင်အပေါ် တည်မှီပြီး သူ၏လက်ထဲ၌ ရှိနေသည်။ ဘုရားသခင်၏အမြင်၌ ဤသည်မှာ သင့်အား စမ်းသပ်မှုတစ်ခုဖြစ်ပြီး ထိုအရာကို သင်သတိမပြုမိပါက ယင်းသည် စုံစမ်းသွေးဆောင်ခြင်း ဖြစ်လာလိမ့်မည်။ လူတို့ သတိပြုသင့်သော အခြေအနေနှစ်မျိုးရှိသည်- တစ်ခုမှာ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာပြီး အခြားတစ်ခု၏ ဖြစ်နိုင်ခြေအရင်းအမြစ်က စာတန်ပင်ဖြစ်သည်။ တစ်ခုမှာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အလင်းပေးပြီး သင့်ကိုယ်သင်သိရန်၊ သင့်ကိုယ်သင် ရွံမုန်းပြီး နောင်တရရန်နှင့် ဘုရားသခင်အပေါ် စစ်မှန်သောချစ်ခြင်းမေတ္တာ ရှိနိုင်ရန်၊ ဘုရားသခင်အား ကျေနပ်စေရာ၌ သင်၏စိတ်နှလုံးကို ပိုင်းဖြတ်ထားစေရန် အခွင့်ပေးသည့် အခြေအနေ တစ်ခုဖြစ်သည်။ အခြားတစ်ခုမှာ သင်သည် သင့်ကိုယ်သင်သိသော်လည်း၊ အပျက်သဘောဆောင်ကာ အားနည်းသည့် အခြေအနေတစ်ခု ဖြစ်သည်။ ဤအခြေအနေကို ဘုရားသခင်၏ စစ်ဆေးခြင်းဖြစ်သည်၊ ထို့ပြင် ယင်းကို စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ အကယ်၍ ဤသည်မှာ သင့်အား ဘုရားသခင်၏ ကယ်တင်ခြင်းဖြစ်သည်ဟု သင်အသိအမှတ်ပြုပြီး သင်သည် ယခု သူ့အပေါ် အလွန်တရာ အကြွေးတင်နေကြောင်း ခံစားရပါက၊ သင်သည် ယခုမှစ၍ သူ့ကို အကြွေးပြန်ဆပ်ရန်နှင့် ထိုသို့သော ဆိုးယုတ်ခြင်းထဲသို့ နောက်ထပ်မကျဆင်းတော့ရန် ကြိုးစားပါက၊ သူ၏ နှုတ်ကပတ်တော်များအား စားသောက်ရာ၌ သင်ကြိုးပမ်းအားထုတ်ပါက၊ ထို့ပြင် သင်သည် သင့်ကိုယ်သင် ချို့တဲ့လိုအပ်သည်ဟု အမြဲတမ်းယူဆပြီး တောင့်တသောစိတ်နှလုံးရှိပါက၊ ဤသည်မှာ ဘုရားသခင်၏ စမ်းသပ်မှုပင်ဖြစ်သည်။ ဒုက္ခခံရခြင်း အဆုံးသတ်ပြီး သင် နောက်ထပ်တစ်ဖန် ရှေ့သို့ တက်လှမ်းနေသည့်နောက်တွင်၊ ဘုရားသခင်သည် သင့်ကို ဆက်လက်၍ ဦးဆောင်လမ်းပြမည်၊ အလင်းပေးမည်၊ ဉာဏ်အလင်းဖွင့်ပေးပြီး အားကောင်းစေမည်။ သို့သော် အကယ်၍ သင်သည် ယင်းကို အသိအမှတ်မပြုဘဲ အပျက်သဘောဆောင်လျက် မျှော်လင့်ချက် ပျက်သုဉ်းသည်အထိ သင့်ကိုယ်သင် တကယ်ကို ပစ်ပယ်ထားပါက၊ ဤနည်းအတိုင်း သင်တွေးထင်ပါက စာတန်၏ စုံစမ်းသွေးဆောင်ခြင်းမှာ သင့်အပေါ် ကျရောက်ပြီးဖြစ်လိမ့်မည်။ ယောဘသည် စမ်းသပ်မှုများကို ကြုံရသည့်အခါ ဘုရားသခင်နှင့် စာတန်တို့သည် တစ်ဦးနှင့်တစ်ဦး အလောင်းအစားလုပ်ခဲ့ကြပြီး ယောဘအား ဖိစီးနှိပ်စက်ရန် စာတန်ကို ဘုရားသခင် အခွင့်ပေးခဲ့သည်။ ယောဘကို စမ်းသပ်ခဲ့သည်မှာ ဘုရားသခင်ပင် ဖြစ်ခဲ့သော်လည်း၊ သူ့အပေါ်ကျရောက်လာသူမှာ အမှန်တွင် စာတန်ဖြစ်ခဲ့သည်။ စာတန်အတွက်မှာမူ ယင်းသည် ယောဘကို အစုံအစမ်းပြုခြင်း ဖြစ်ခဲ့သော်လည်း၊ ယောဘမှာ ဘုရားသခင်ဘက်တွင် ရှိခဲ့သည်။ အကယ်၍ ထိုသို့မဟုတ်ခဲ့ပါက ယောဘမှာ စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်ခဲ့ပြီး ဖြစ်မည်။ လူတို့သည် စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် ဘေးအန္တရာယ်ထဲသို့ ကျရောက်သွားကြသည်။ စစ်ဆေးမှုခံရခြင်းကို ဘုရားသခင်ထံမှ စမ်းသပ်မှုဖြစ်သည်ဟု ဆိုနိုင်သော်လည်း၊ အကယ်၍ သင်သည် ကောင်းမွန်သောအခြေအနေ၌ ရှိမနေပါက၊ ယင်းကို စာတန်ထံမှ စုံစမ်းသွေးဆောင်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ အကယ်၍ သင်သည် ရူပါရုံအကြောင်း မရှင်းလင်းပါက၊ စာတန်သည် သင့်ကိုစွပ်စွဲကာ ရူပါရုံနှင့်ဆိုင်သော ကဏ္ဍတွင် သင့်ကို ကာဆီးထားလိမ့်မည်။ သင်မသိလိုက်မီ စုံစမ်းသွေးဆောင်ခြင်းထဲသို့ သင်ကျရောက်သွားမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” မှ

“အဆုံးထိတိုင် လိုက်လျှောက်သောသူသည် ကယ်တင်ခံရလိမ့်မည်။” ဟု ဆိုထားသော်လည်း၊ ဤအရာကို လက်တွေ့လုပ်ဆောင်ဖို့ လွယ်ကူပါသလော။ မလွယ်ကူသကဲ့သို့၊ လူအချို့သည် အဆုံးထိ မလိုက်လျှောက်နိုင်ကြချေ။ စမ်းသပ်မှု၊ စုံစမ်းသွေးဆောင်ခြင်း၊ သို့မဟုတ် နာကျင်ခြင်း ကြုံရသည့် အချိန် ရောက်ကောင်း ရောက်လာလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် လဲကျကာ ရှေ့သို့ မဆက်နိုင်တော့ဘဲ ရှိကောင်းရှိနိုင်သည်။ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သင်၏ သန္နိဋ္ဌာန်ကို ကိုင်လှုပ်နိုင်သည့်အရာများ၊ သင်၏ စိတ်နှလုံး၌ နေရာယူနိုင်သည့်အရာများ၊ သို့မဟုတ် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်းကို ကန့်သတ်နိုင်သည့်အရာများ နှင့် သင်၏ ရှေ့ဆက် တိုးတက်မှု ဖြစ်သည့် နေ့တိုင်း ဖြစ်ပေါ်သည့်အရာများအားလုံးသည်- လုံ့လဝီရိယရှိသည့် စိစစ်ကုစားမှု လိုအပ်ပေသည်။ ၎င်းတို့ကို သေချာစွာ ဆန်းစစ်သင့်ပြီး ၎င်းတို့၏ သမ္မာတရားကို ရှာဖွေသင့်ပေသည်။ ဤအရာများ အားလုံးသည် အတွေ့အကြုံနယ်ပယ်အတွင်း ဖြစ်ပျက်သည့် အရာများအားလုံးဖြစ်သည်။ အချို့လူတို့သည် ၎င်းတို့အပေါ် အပျက်သဘောဆောင်ခြင်း ကျရောက်သောအခါ၊ ၎င်းတို့၏ တာဝန်မှ နုတ်ထွက်ကြပြီး ဆုတ်ဆိုင်းမှုတစ်ခုချင်းစီ နောက်ပိုင်းတွင် ပြန်ထဖို့ ၎င်းတို့၏ခြေဖြင့်ပင် ပြန်တွားမသွားနိုင်ကြပေ။ ဤလူအားလုံးတို့သည် သမ္မာတရားကို မချစ်သော လူနုံလူအများဖြစ်ကြပြီး၊ ၎င်းတို့သည် တစ်သက်တာလုံး ယုံကြည်ခြင်းဖြင့်ပင် ယင်းကို ရကြလိမ့်မည် မဟုတ်ပေ။ ယင်းကဲ့သို့ လူနုံလူအများသည် အဆုံးတိုင် အဘယ်သို့ လိုက်နိုင်မည်နည်း။ အလားတူအရာသည် သင့်ထံ ဆယ်ကြိမ် ဖြစ်ပျက်သော်လည်း၊ ထိုအရာမှ သင် ဘာမျှမရရှိပါက၊ သင်သည် သာမန်မျှ၊ အသုံးမကျသော လူတစ်ဦးဖြစ်သည်။ ပါးနပ်ချက်ချာသော လူများနှင့် ဝိညာဉ်ရေးရာကိစ္စများကို နားလည်သော စစ်မှန်သော အရည်အချင်းရှိသူများမှာ သမ္မာတရားကို ရှာဖွေသောသူများ ဖြစ်သည်၊ ၎င်းတို့ထံ တစ်စုံတစ်ရာ ဆယ်ကြိမ် ဖြစ်ပျက်ပါက၊ ထိုကိစ္စများထဲမှ ရှစ်ကြိမ်တွင်၊ လှုံ့ဆော်အားပေးမှုတစ်ချို့ကို ၎င်းတို့ ရရှိနိုင်ကြပေမည်၊ သင်ခန်းစာတစ်ချို့ကို သင်ယူနိုင်ကြပေမည်၊ ဉာဏ်အလင်းပေးခြင်း အချို့ကို ရရှိကာ တိုးတက်မှု အချို့ကို ပြုလုပ်ကောင်း ပြုလုပ်နိုင်ကြပေမည်။ ဝိညာဉ်ရေးရာကိစ္စများကို နားမလည်သော လူနုံလူအတစ်ဦးအပေါ် အမှုအရာများ ဆယ်ကြိမ် ဖြစ်သောအခါ၊ တစ်ကြိမ်မျှ ၎င်းတို့၏ ဘဝကို အကျိုးရှိစေလိမ့်မည်မဟုတ်၊ တစ်ကြိမ်တစ်ခါမျှ ၎င်းတို့ကို ပြောင်းလဲစေလိမ့်မည်မဟုတ်သကဲ့သို့၊ တစ်ကြိမ်တစ်ခါမျှ သဘာဝကို နားလည်စေလိမ့်မည်မဟုတ်၊ ယင်းမှာ ၎င်းတို့အတွက် အဆုံးသတ်ဖြစ်ပေသည်။ ၎င်းတို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်းတွင်၊ ၎င်းတို့ လဲကျကြသည်၊ ၎င်းတို့ လဲကျသည့်အခါတိုင်းတွင်၊ ၎င်းတို့ကို အားပေးဖို့နှင့် ချော့ဖို့ အခြားတစ်စုံတစ်ဦးကို ၎င်းတို့ လိုအပ်ကြသည်။ အားပေးခြင်းနှင့် ချော့မော့ခြင်း မရှိဘဲ၊ ၎င်းတို့ မထနိုင်ကြပေ။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အကြိမ်တိုင်းတွင် ၎င်းတို့ လဲကျမည့် အန္တရာယ်တွင် ရှိကြပါက၊ ပြီးလျှင် အကြိမ်တိုင်းတွင် ၎င်းတို့အနေဖြင့် ၎င်းတို့ စွန့်ပစ်ခံရမည့် အန္တရာယ်ရှိပါက၊ ဤသည်မှာ ၎င်းတို့အတွက် အဆုံးသတ်ဖြစ်သည် မဟုတ်လော။ ထိုသို့သော အသုံးမကျသည့် ဤလူများကို ကယ်တင်ရန်အတွက် အခြားအကြောင်းပြချက် တစ်ခုတစ်လေ ရှိသေးသလော။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ကယ်တင်ခြင်းမှာ သမ္မာတရားကို ချစ်သောသူတို့အား ကယ်တင်ခြင်း၊ လိုအင်ဆန္ဒနှင့် သန္နိဋ္ဌာန်ရှိသည့် ၎င်းတို့၏ တစ်စိတ်တစ်ဒေသနှင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို တမ်းတသော ၎င်းတို့၏ တစ်စိတ်တစ်ဒေသကို ကယ်တင်ခြင်း ဖြစ်သည်။ လူတစ်ဦး၌ စိတ်ဆုံးဖြတ်ချက်သည် ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းနှင့် သမ္မာတရားကို တမ်းတပြီး အသိတရား ပိုင်ဆိုင်သည့် ၎င်းတို့ စိတ်နှလုံးထဲရှိ ၎င်းတို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး ရရှိရန်၊ ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းသည် ဆေးကြောသန့်စင်ခံရပြီး ၎င်းတို့၏အသက်စိတ်သဘောထား ပြောင်းလဲနိုင်ရန်အလို့ငှာ ဘုရားသခင်သည် လူတို့၏ ဤတစ်စိတ်တစ်ဒေသကို ကယ်တင်ပြီး ယင်းမှတစ်ဆင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲလေသည်။ သင်သည် သင့်အတွင်း၌ ဤအရာများ မရှိလျှင်၊ ကယ်တင်မခံရနိုင်ပေ။ အကယ်၍ သင်အတွင်း၌ သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းနှင့် အလင်းအတွက် ပြင်းပြသောဆန္ဒမရှိပါက၊ သင် မကောင်းမှုနှင့် ကြုံတွေ့သည့်အခါတိုင်း၊ သင်သည် မကောင်းသောအရာများကို စွန့်ပစ်လိုစိတ် မရှိသကဲ့သို့၊ အခက်အခဲကို ခံစားရန် စိတ်ဆုံးဖြတ်ချက် မရှိပေ၊ ထို့အပြင် သင်၏အသိတရားသည် ထုံထိုင်းနေပါက၊ သမ္မာတရားကို လက်ခံနိုင်သော သင်၏စွမ်းရည်မှာလည်း ထုံထိုင်းကာ၊ သင်သည် သမ္မာတရား၊ ဖြစ်ပေါ်နေသော အဖြစ်အပျက်များနှင့် မယဉ်ပါးပါက၊ ပြီးလျှင် ကိစ္စရပ်အားလုံးတွင် သင်သည် မသိမြင်တတ်သကဲ့သို့၊ အမှုအရာများကို သင့်ဘာသာ မကိုင်တွယ်နိုင်ပါက၊ သို့မဟုတ် မဖြေရှင်းနိုင်ပါက၊ ကယ်တင်ခြင်းခံရရန် မဖြစ်နိုင်ပေ။ ထိုသို့သော လူတစ်ဦးသည် ၎င်းတို့ကို ထောက်ခံရန် တစ်စုံတစ်ခုမျှမရှိ၊ ဆက်လက်လုပ်ဆောင်ရန် ထိုက်တန်သောအရာ တစ်စုံတစ်ခုမျှ မရှိပေ။ ၎င်းတို့၏ အသိစိတ်က ထုံထိုင်းသည်၊ ၎င်းတို့၏ စိတ်က မကြည်လင်ပေ၊ ပြီးလျှင် သမ္မာတရားကို ၎င်းတို့ မချစ်ကြသကဲ့သို့၊ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ဖြောင့်မတ်ခြင်းကို မတမ်းတကြပေ၊ ဘုရားသခင်သည် သမ္မာတရားကိုမည်မျှပင် ရှင်းရှင်းလင်းလင်း သို့မဟုတ် ပွင့်ပွင့်လင်းလင်း ပြောစေကာမူ၊ ၎င်းတို့သည် သေဆုံးနှင့်ပြီးဖြစ်ကြသည့်အလား တုံ့ပြန်ခြင်းမရှိကြပေ။ အမှုအရာများသည် ၎င်းတို့အတွက် ဆုံးခန်းတိုင်ပြီ မဟုတ်သလော။ ၎င်းတို့ထဲတွင် ထွက်သက်ဝင်သက် ကျန်ရှိသော လူတစ်ဦးသည် အသက်ရှူကူခြင်းဖြင့် ကယ်တင်၍ရနိုင်သော်လည်း၊ အကယ်၍ ၎င်းတို့သည် သေဆုံးနှင့်ပြီး ၎င်းတို့၏ဝိညာဉ် ထွက်သွားခဲ့ပြီးပါက၊ အသက်ရှူကူခြင်းသည် မည်သို့မျှ အလုပ်ဖြစ်မည်မဟုတ်ပေ။ အကယ်၍ သင်သည် ပြဿနာတစ်ခုကို ကြုံတွေ့ရသည့်အချိန်တိုင်း၊ ထိုပြဿနာမှ နောက်တွန့်သွားကာ၊ ရှောင်ဖယ်ဖို့ ကြိုးစားပါက၊ ဤသည်မှာ သင်သည် သက်သေခံခြင်း မရှိသေးသည်ကို ဆိုလိုသည်။ ဤသို့ဖြင့် သင့်ကို မည်သည့်အခါမျှ ကယ်တင်၍ရမည် မဟုတ်ဘဲ၊ သင် ကြီးစွာ ဒုက္ခရောက်လေပြီ။ ပြဿနာတစ်ခု သင့်အပေါ် ကျရောက်သောအခါ၊ သင့်အနေဖြင့် ခေါင်းအေးအေးထားကာ မှန်ကန်သော ချဉ်းကပ်မှုရှိရမည်ဖြစ်ပြီး၊ ရွေးချယ်မှုတစ်ခုကို သင် ပြုလုပ်ရမည်။ ပြဿနာကို ဖြေရှင်းရန်သမ္မာတရားကို အသုံးပြုဖို့ သင် သင်ယူသင့်သည်။ ပုံမှန်အချိန်များတွင်၊ သမ္မာတရား အချို့ကို နားလည်ခြင်းသည် အဘယ်အသုံးဝင်သနည်း။ ယင်းမှာ သင်၏ ဝမ်းကို ပြည့်စေရန်မဟုတ်ပေ၊ ပြီးလျှင် ယင်းသည် သင့်ကို တစ်စုံတစ်ရာ ပြောစေရန်မျှမဟုတ်သကဲ့သို့၊ အခြားသူများ၏ ပြဿနာများကို ဖြေရှင်းရန်လည်း မဟုတ်ပေ။ သာ၍ အရေးကြီးသည်မှာ၊ ယင်း၏ အသုံးဝင်မှုသည် သင်ကိုယ်တိုင် ပြဿနာများ၊ သင်ကိုယ်တိုင်၏ အခက်အခဲများကို ဖြေရှင်းရန် ဖြစ်ပြီး- သင်ကိုယ်တိုင်၏ အခက်အခဲများကို သင် ဖြေရှင်းပြီးမှသာ၊ အခြားသူများ၏ အခက်အခဲများကို သင် ဖြေရှင်းနိုင်ပေသည်။ ပေတရုကို အသီးအပွင့်ဖြစ်သည်ဟု အဘယ့်ကြောင့် ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် သူ၌ ထိုက်တန်သော အရာများ၊ စုံလင်စေရန် ထိုက်တန်သောအရာများ ရှိသောကြောင့် ဖြစ်သည်။ သူသည် သမ္မာတရားကို ရှာဖွေဖို့ စိတ်ဆုံးဖြတ်ထားခဲ့ပြီး လိုအင်ဆန္ဒ ခိုင်မာခဲ့ပေသည်။ သူ၌ ဆင်ခြင်တုံတရားရှိခဲ့၏၊ အခက်အခဲကို ခံစားရန် လိုလိုလားလား ရှိခဲ့သကဲ့သို့၊ သူသည် စိတ်နှလုံးထဲတွင် သမ္မာတရားကို ချစ်ကာ ဖြစ်လာသည့်အရာကို သူ လက်မလွှတ်ခဲ့ပေ။ ဤအရာအားလုံးမှာ အားသာချက်များဖြစ်သည်။ သင်သည် ဤအားသာချက်များထဲမှ မည်သည့်အရာမျှ မရှိပါက၊ ဒုက္ခရောက်ပြီဟု ဆိုလိုပေသည်။ သင်သည် တွေ့ကြုံနိုင်စွမ်းမရှိသကဲ့သို့ မည်သည့်အရာမျှ မရှိပေ၊ ပြီးလျှင် အခြားသူများ၏ အခက်အခဲများကို သင် မဖြေရှင်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်သည် မည်သို့ ဝင်ရောက်ရမည်ကို မသိသောကြောင့် ဖြစ်သည်။ အမှုအရာများ သင့်အပေါ် ကျရောက်သည့်အခါ၊ သင်သည် စိတ်ရှုပ်ထွေးလေသည်။ သင် စိတ်သောကရောက်သည်၊ ငိုကြွေးသည်၊ အပျက်သဘောဆောင်လာသည်၊ ထွက်ပြေးသွားပြီး၊ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မှန်ကန်စွာ သင် မကိုင်တွယ်နိုင်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်ဇဝေဇဝါဖြစ်နေသောလူများကို မကယ်တင်နိုင်ပေ” မှ

လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရမည်။ သူသည် သူ၏ သဘာဝ၊ သူ မည်သည့်အရာကို ပြုလုပ်ထားသည်နှင့် သူလျှောက်ခဲ့သည့် လမ်းကြောင်း၊ သို့မဟုတ် သူ၏ ပြစ်မှားခြင်းများနှင့် အမှားများကို သိနားလည်ခြင်း ရှိကာ၊ ယင်းတို့ကို ခွဲခြမ်းလေ့လာရမည်။ ထိုမျှမက လူသည် ထိုသို့သောအရာများကို အဘယ့်ကြောင့် ပြုလုပ်နိုင်စွမ်း ရှိကြောင်းနှင့် ထိုသို့သော အရာများအား ပြုလုပ်ခြင်း၏ သဘောသဘာဝက မည်သည့်အရာ ဖြစ်ကြောင်းကို ရှင်းလင်းစွာ သိမြင်ရမည်။ သူသည် ဘုရားသခင်က လူသားအတွက် မည်သည့်အရာ အတိအကျကို ရည်ရွယ်ထားကြောင်းကိုလည်း နားလည်ရပေမည်။ လူသားသည် သူ ပြုလုပ်ထားသည့် အမှားများအတွက် လိပ်ပြမလုံခြင်း၊ အကြွေးတင်ခြင်း သို့မဟုတ် စွဲချက်တင်ခံရခြင်းတို့ကို ခံစားကောင်း ခံစားနိုင်သည်၊ သို့သော် သူသည် အပျက်သဘောဆောင်သော အခြေအနေ၌ အမြဲတမ်း တွယ်ငြိနေသည်ဆိုလျှင် အဆင်ပြေမည်လော။ ဤကဲ့သို့သော ကိုင်တွယ်ဖြေရှင်းနည်း သို့မဟုတ် ထိုသို့သော ထင်မြင်ချက်မျိုးမှာ မှန်ကန်ပါသလော။ ယင်းက သမ္မာတရားနှင့် ညီညွတ်ပါသလော။ သင်၏ အခြေအနေက ဤအရာမှ အမှန်တကယ် ပေါ်ထွက်လာပြီလော။ ယင်းက အမှန်တကယ် ကုစားခြင်းခံရပြီလော။ သို့မဟုတ် ထိုအတိတ်၏ အကြောင်းအရာက သင်၏ လက်ရှိ လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် သင် လျှောက်လှမ်းနေသော လမ်းကြောင်းအပေါ် အကျိုးသက်ရောက်မှု ရှိနေသေးသလော၊ ယင်းက မပျော်ရွှင်သော စိတ်နေစိတ်ထားကို ပေးသလော။ သင်သည် ယင်း၏ သက်ရောက်မှုကို မကြာခဏ ခံစားရပါက သင်၏စိတ်နှလုံးထဲတွင် ထိုအကြောင်းအရာက အပြည့်အဝ မပြေလည်သေးကြောင်းနှင့်၊ ယင်း၏ အနှစ်သာရကို သင် သိရှိလာခြင်း မရှိသေးကြောင်း သို့မဟုတ် ယင်းမှ သင်ရရှိသင့်သော သင်ခန်းစာကို မရရှိသေးကြောင်း ဤအရာက ပြသလေသည်။ ဤသည်မှာ ဘုရားသခင်ကို မသိခြင်းကိစ္စသာလျှင် မဟုတ်၊ လူသား၏ သဘာဝ သို့မဟုတ် အနှစ်သာရကို ဖြစ်ပေါ်စေသည့် အရာတစ်ခုပင် ဖြစ်သည်။ ယခုတွင် မည်သည့်ပြဿနာကို စဥ်းစားသုံးသပ်ဖို့ အပူတပြင်း ဖြစ်နေသနည်း။ ယင်းမှာ ရှေ့လျှောက်လမ်းကြောင်းကို လျှောက်လှမ်းရမည့်ပုံစံပင် ဖြစ်ကာ၊ ထိုအခန်းက ပြီးဆုံးပြီဖြစ်သည်။ ဘုရားသခင်သည် လူသားက သမ္မာတရားကို အဆုံးစွန် လက်ခံပြီး သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းနိုင်ခြင်းရှိမရှိ ဟူသည့်အပေါ် လူသား၏ ဖောက်ပြန်ပျက်စီးခြင်း ဖော်ပြချက်များကို သုံးသပ်လေသည်။ ထိုမျှမက လူတို့သည် စာတန်၏ သားစဥ်မြေးဆက်များ ဖြစ်ကြပြီး ဘုရားသခင်၏ စိတ်နေသဘောထားကို ၎င်းတို့ ပုန်ကန်ပြစ်မှားခဲ့သည်ဖြစ်စေ၊ မပြစ်မှားခဲ့သည်ဖြစ်စေ ၎င်းတို့၏ သဘာဝအနှစ်သာရက အတူတူပင်ဖြစ်သည်။ သင်က တစ်စုံတစ်ခုကို ပြလုပ်ခဲ့စေကာမူ အခြားလူတစ်ယောက်က ယင်းကိုပြုလုပ်ရန်သာ အခွင့်အရေး မရရှိခဲ့ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်လေသည်။ ထို့အပြင် ထိုအရာကို ပြုလုပ်ခဲ့သော သင့်အနေဖြင့် ဘုရားသခင်၏ ရှေ့မှောက်၌ သင် ခံယူသင့်သော သဘောထား၊ သူ၏ရှေ့မှောက်၌ သင် တင်ပြသင့်သည့် အဖြေများနှင့် သူလိုချင်သောအရာအကြောင်းတို့ကို သင့်စိတ်နှလုံးထဲတွင် ရှင်းလင်းနေရမည်။ ဤအရာများကို သင် လုံးလုံး နားလည်ပြီး ယင်းတို့ကို ရှင်းလင်းမှုအတိဖြင့် သဘောထားသည့်အခါ သင် အားထုတ်သင့်သည့်အတိုင်း အားထုတ်ကြိုးပမ်းပြီး ထိုအရာ၏ လွှမ်းမိုးခြင်းနှင့် ထိန်းချုပ်ခြင်းကို မခံနှင့်၊ သို့သော် သင်ပြုသင့်သည့်အတိုင်း ရှေ့လျှောက် လမ်းကြောင်းကို လျှောက်လော့။ ယင်းကို အပြီးအပြတ် ချန်ထားခဲ့ပြီးလျှင် သင်ပြုသင့်သည့်အတိုင်း သင့်တာဝန်ကို ထမ်းဆောင်လော့။ သဘောထားတစ်ခုအနေဖြင့် ယခုတွင် သင်၏ တာဝန်ထမ်းဆောင်ခြင်းမှာ အတိတ်က ပြစ်မှားခြင်းများအတွက် ပြေရာပြေကြောင်းပြုလုပ်ရန် နည်းလမ်းတစ်ခုဖြစ်သည်။ ဤသည်မှာ အပျက်သဘောဆောင်သော သဘောထားဖြစ်ပြီး ယင်းက နှစ်လိုဖွယ် သိပ်မကောင်းသော်လည်း သင်၌ရှိသင့်သော အနိမ့်ဆုံးလက်ခံနိုင်ဖွယ် ပုံသေအမြင် ဖြစ်သည်။ အခြားသဘောတစ်ခုအနေဖြင့် သင်သည် လိုလာားတက်ကြွမှု ရှိရမည်ဖြစ်ပြီး- “ကျွန်ုပ်သည် အတိတ်က မည်သည့်အရာ ပြုလုပ်ခဲ့ပါစေ၊ ယခုတွင် ဘုရားသခင်၏ အလိုတော်နှင့် သမ္မာတရားကို ကျွန်ုပ်နားလည်ပြီ။ ကျွန်ုပ် စွမ်းဆောင်နိုင်သမျှကို ဘုရားသခင်အား ဆက်ကပ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်သင့်သည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်သင့်ပြီး ကျွန်ုပ်၏တာဝန်ကို ကောင်းစွာ လုပ်ဆောင်သင့်သည်။ ယင်းက ဖန်ဆင်းခံသတ္တဝါတစ်ဦး ပြုလုပ်သင့်သည့်အရာပင် ဖြစ်သည်။” ဟု ဆိုလေသည်။ သင်သည် အပြုသဘောဆောင်သော သဘောထားမှတစ်ဆင့် ဝင်ရောက်ရမည်။ သင်၌ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ရှိသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ခြင်းအားဖြင့် သူ၏ စိတ်နေသဘောထာားကို သင် ပုန်ကန်ပြစ်မှားမိသည်ဖြစ်စေ သင်သည် မိမိကိုယ်ကိုယ် ပြန်လည်ဆင်ခြင်သုံးသပ်ပြီး သမ္မာတရားကို ရှာဖွေရမည်။ သင်၏ သင်ခန်းစာကို လေ့လာပြီး အတိတ်က အပျက်သဘောဆောင်သော အရာအား သင့်ကို လွှမ်းမိုးခွင့်မပြုလေနှင့်။ ယင်းကို အပြီးအပြတ် ချန်ရစ်ထားလော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏” မှ

ငါတို့၏ အခြေအနေများ မည်မျှ ပြင်းထန်ပါစေ၊ မည်သည့်အခက်အခဲမျိုး ငါတို့အပေါ် ကျရောက်ပါစေ၊ မည်မျှအားနည်းပါစေ၊ သို့မဟုတ် ငါတို့ မည်မျှ အပျက်သဘောဆောင်ပါစေ ငါတို့၏ စိတ်သဘောထား အပြောင်းအလဲတွင်ဖြစ်စေ၊ ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များထဲတွင်ဖြစ်စေ ယုံကြည်မှု ဆုံးရှုံး၍ မရဟု ငါတို့ စိတ်ပိုင်းဖြတ်သင့်သည်။ ဘုရားသခင်သည် လူသားထံ ကတိများ ပြုလေပြီ ယင်းတို့ကို ယူဆောင်ဖို့ သန္နိဋ္ဌာန်ရှိရမည်။ ဘုရားသခင်သည် သူရဲဘောကြောင်သူများကို မနှစ်သက်ပေ၊ စိတ်ဓာတ်ကြံ့ခိုင်သောလူများကို သူ နှစ်သက်သည်။ အကယ်၍ သင်သည် ကြီးစွာသော ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ခြင်း၊ ကွေ့ကောက်သော လမ်းများစွာကို လျှောက်လှမ်းခြင်း သို့မဟုတ် လမ်းခရီးတစ်လျှောက်တွင် ပြစ်မှားမှု များစွာရှိခဲ့ခြင်း သို့မဟုတ် ဘုရားသခင်ကို ခုခံခဲ့ခြင်း ရှိခဲ့သော်လည်း၊ သို့မဟုတ် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို အနည်းငယ် စော်ကားပြောဆိုခြင်း သို့မဟုတ် သူ့ကို အပြစ်တင်ခြင်း ရှိကြသော လူအချို့ ရှိသော်လည်း၊ ဘုရားသခင်သည် ဤအရာကို မကြည့်ပေ။ လူတစ်ဦးသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ပြောင်းလဲနိုင်ခြင်း ရှိမရှိကိုသာ ဘုရားသခင် ကြည့်သည်။ သမ္မာကျမ်းစာတွင် ပျောက်သောသား ပြန်လာခြင်း အကြောင်း ဇာတ်လမ်းတစ်ခု ပါရှိသည်။ သခင်ယေရှုက ထိုပုံဥပမာကို အဘယ့်ကြောင့် ပြောခဲ့သနည်း။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ အလိုတော်သည် ရိုးသားသည်။ သူက လူများအား နောင်တရဖို့နှင့် ပြောင်းလဲဖို့ အခွင့်အရေးများ ပေးသည်။ ဤဖြစ်စဉ်အတောအတွင်းတွင် သူက လူများကို နားလည်ပြီး၊ ၎င်းတို့၏ အားနည်းချက်များနှင့် ၎င်းတို့ ဖောက်ပြန်ပျက်စီးခြင်း၏ အတိုင်းအတာတို့နှင့် သက်ဆိုင်သည့် နက်နဲသော အသိပညာတစ်ခု ရှိလေသည်။ ၎င်းတို့သည် လဲကျပြီး ရှုံးနိမ့်မည်ကို သူသိထားသည်။ ယင်းက ကလေးများ လမ်းလျှောက်သင်သကဲ့သို့ဖြစ်သည်။ သင်၏ခန္ဓာကိုယ် မည်မျှသန်စွမ်းပါစေ၊ သင်လဲကျသည့် အချိန်များနှင့် သင်ချော်လဲသည့်အချိန်များ ရှိပေလိမ့်မည်။ မိခင်တစ်ဦးက သူ၏ ကလေးကို သိသကဲ့သို့ လူတို့ကို ဘုရားသခင် နားလည်။ သူသည် လူတစ်ဦးချင်း၏ အခက်အခဲများ၊ အားနည်းချက်များကိုသာမက ၎င်းတို့၏ လိုအပ်ချက်များကိုပါ နားလည်သည်။ ထိုမျှမက စိတ်သဘောထား ပြောင်းလဲမှုကို ဝင်ရောက်ခြင်း ဖြစ်စဉ်၌ လူများ ကြုံတွေ့ရမည့် အခက်အခဲများ နှင့် မည်သည့် အားနည်းချက်များကို ၎င်းတို့ ခံစားရမည်၊ ပြီးလျှင် မည်သည့်ကျရှုံးခြင်းများ ဖြစ်မည်ကို သူနားလည်သည်- ဘုရားသခင်သည် ဤအရာနှင့်ပတ်သက်၍ စုံလင်သော နားလည်မှုရှိပေသည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့၏ အတွင်းနှလုံးသားကို မြင်တော်မူ၏ဟု ဆိုထားခြင်းဖြစ်သည်။ သင် မည်မျှ အားနည်ပါစေ၊ ဘုရားသခင်၏ နာမကို မစွန့်သရွေ့၊ ဘုရားသခင် သို့မဟုတ် ဤလမ်းကို သင်ကျောခိုင်းခြင်း မပြုသရွေ့ သင်သည် စိတ်သဘောထား ပြောင်းလဲမှုကိုရရန် အခွင့်အရေးတစ်ခု အမြဲ ရှိလိမ့်မည်။ အကယ်၍ ငါတို့၌ စိတ်သဘောထား ပြောင်းလဲမှုကို ရရန် အခွင့်အရေးတစ်ခု ရှိပါက ငါတို့၌ ငါတို့၏ ဆက်လက်ရှင်သန်ရေးအတွက် မျှော်လင့်ချက် ရှိသည်။ အကယ်၍ ငါတို့၌ ဆက်လက်ရှင်သန်ရေးအတွက် မျှော်လင့်ချက်ရှိပါက ငါတို့၌ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့် မျှော်လင့်ချက် ရှိသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်သဘောထားထား ပြောင်းလဲခြင်းနှင့် စိတ်သဘောထား ပြောင်းလဲသည့် လမ်းကြောင်း” မှ

အရှေ့သို့- ၅၀) မိမိကိုယ်မိမိ စွန့်လွှတ်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၅၂) မိမိကိုယ်မိမိ သင့်တင့်လျောက်ပတ်စွာ သုံးသပ်ဝေဖန်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၂ အနားယူခြင်းသို့ ဝင်ရောက်တဲ့ လူသားတို့ရဲ့ တစ်ခုတည်းသော လမ်းကြောင်း

၁ ဘုရားရဲ့အပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းနောက်ဆုံးအနားယူခြင်းမှာ ကြံ့ခိုင်ခြင်းရှိသူတို့ ဝင်ရောက်မည်စာတန်ရဲ့လွမ်းမိုးမှုမှ...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၈၀၈ ပေတရုဟာ ဘုရားကို အသိဆုံးသူ

၁ပေတရုက ဘုရားသခင်ကို နှစ်ပေါင်းများစွာ သစ္စာရှိခဲ့ချိန်ညည်းညူ တဲ့စိတ်တော့သူ၌ မရှိလေပါယောဘတောင်သူ့ ကိုမမှီခဲ့နိုင်ပါအခြားသူတော်စင်တွေဆို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်