၁၂၇) အခြားသူများကို မေတ္တာဖြင့် ကူညီခြင်း၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေခံကာ မတူညီသော လူအမျိုးအစားများအကြား ပိုင်းခြားသိမြင်ရန် လိုအပ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သည့် လူကောင်းများကို မေတ္တာဖြင့် အပြန်အလှန် ဆက်ဆံလော့၊ တစ်ဦးနှင့်တဦး မှန်ကန်စွာ ဆက်ဆံပြီး တစ်ဦးကိုတစ်ဦး ကူညီလော့။

(၂) အခြားသူများကို မေတ္တာဖြင့် ကူညီသောသူသည် အခြားဖုန်းကွယ်ထားသော ရည်ရွယ်ချက် အတွက် သို့မဟုတ် တစ်စုံတစ်ခုကို ပြန်လည်ရရှိလိုသောသဘောဖြင့် မပြုသင့်ပါ။ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ သူတို့၏ တာဝန်ကို ကောင်းစွာ ပြုရန် နှင့် အခြားသူများကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ရန်သာ အဓိကထားကာ ပြုသင့်သည်။

(၃) လူတို့သည် တစ်ဦးနှင့်တစ်ဦး ကူညီသောအခါ၊ အခြားသူ၏ အခက်အခဲများကို အသီးသီး နားလည်သင့်သည်၊ သူတို့မှ လျော်ကန်သည်ဟုခံစားသော၊ လက်ခံနိုင်သော နည်းလမ်းများအားဖြင့် တစ်ဦးနှင့်တစ်ဦး၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်။

(၄) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေခံကာ အခြားသူများကို သာတူညီမျှ ဆက်ဆံသင့်သည်။ အခြားသူများကို ပုံသေကားကျ ရှုမြင်ရန် မိမိ၏ ယူဆချက်များ နှင့် စိတ်ကူးများကို အသုံးမပြုရပါ သို့မဟုတ် သူတို့၏ ပစ်မှားခြင်းများကို အခြေခံကာ ပြစ်တင်ရှုံ့ချခြင်းမပြုရပါ။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်တို့သည် သမ္မာတရားအပေါ် အာရုံစိုက်ရမည်။ ထိုအခါမှသာ အသက်ထဲသို့ သင်တို့ ဝင်ရောက်လိမ့်မည်။ သူတစ်ပါးတို့၏ လုပ်ရပ်များသည် သမ္မာတရားနှင့် ကွဲလွဲသည်ဟု ရှာဖွေတွေ့ရှိရလျှင် ကျွန်ုပ်တို့သည် အဆုံးစွန်သော ချစ်ခြင်းဖြင့် ၎င်းတို့ကို သမ္မာတရားအတွက် ကြိုးပမ်းရန် ကူညီရမည်။ သူတစ်ပါးတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး အမှုအရာများအပေါ် ၎င်းတို့လုပ်ဆောင်သည့်ပုံစံ၌ အခြေခံသဘောတရားများရှိလျှင် ကျွန်ုပ်တို့သည် ၎င်းတို့ထံမှ သင်ယူပြီး အတုယူဖို့ ကြိုးစားသင့်သည်။ ဤသည်မှာ အပြန်အလှန် ချစ်ခြင်းတရားဖြစ်သည်။ ဤသည်မှာ အသင်းတော်တွင် သင်၌ရှိရမည့် သွင်ပြင်အခြေအနေမျိုး ဖြစ်သည်- လူတိုင်းက သမ္မာတရားကို အာရုံစိုက်ပြီး ယင်းကို ကြိုးပမ်းရရှိဖို့ အားထုတ်ကြသည်။ လူများသည် မည်မျှ ကြီးသည် ငယ်သည်က အရေးမကြီးသကဲ့သို့၊ ၎င်းတို့သည် ဝါရင့်ယုံကြည်သူများ ဟုတ်မဟုတ် သို့မဟုတ် ၎င်းတို့ မည်မျှ စွမ်းဆောင်နိုင်ခြင်းရှိသည်တို့က အရေးမကြီးပေ။ သင် ကြည့်ရမည့်အရာများက မည်သည့်လူများက မှန်ကန်စွာ စကားပြောသည်၊ မည်သည့်လူများက သမ္မာတရားနှင့် ကိုက်ညီသည်၊ မည်သည့်လူများက ဘုရားသခင်၏အိမ်တော်၏ အကျိုးစီးပွားများနှင့် ပတ်သက်၍ တွေးတောနေသည်နှင့်၊ မည်သည့်သူက သူ၏အလုပ်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အထားရှိဆုံးဖြစ်သည်၊ မည်သည့်လူများက အပြုသဘောဆောင်သည့်အရာများ နှင့်ပတ်သက်၍ နားလည်မှုများစွာရှိသည်၊ မည်သည့်လူများ၌ ဖြောင့်မတ်ခြင်း အသိစိတ်တစ်ခုရှိပြီး မည်သည့်လူများက အဖိုးအခ ပေးဆပ်ဖို့ လိုလားကြသည်တို့ဖြစ်ပေသည်။ ထိုသို့သောလူများသည် ၎င်းတို့၏ ညီအစ်ကို မောင်နှမများ၏ ထောက်ပံ့ခြင်းခံရသင့်ပြီး ဩဘာပေးခြင်း ခံရသင့်သည်။ သမ္မာတရားကို လိုက်စားခြင်းမှ လာသည့် ဤအကျင့်သိက္ခာရှိသော သွင်ပြင်အခြေအနေသည် အသင်းတော်အတွင်း၌ ပျံ့နှံ့ရမည်ဖြစ်သည်။ ဤနည်းဖြင့် သင်၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်က ကောင်းကြီးမင်္ဂလာများနှင့် လမ်းညွှန်ချက်တို့ကို ပေးအပ်လိမ့်မည်။ အသင်းတော် အတွင်း၌ ပျံ့နှံ့နေသည့် သွင်ပြင်အခြေအနေသည် သူတစ်ပါးအကြောင်း အတင်းအဖျင်ပြောခြင်း၊ အချင်းချင်းစိတ်ဆိုးကာ အပြစ်တင်ခြင်း၊ အချင်းချင်း အာဃာတအစွဲအလမ်းထားခြင်း၊ အချင်းချင်း မနာလိုဖြစ်ခြင်းနှင့် အချင်းချင်း အငြင်းပွားခြင်းတို့ ဖြစ်ပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့၌ သေချာပေါက် အလုပ်လုပ်မည် မဟုတ်ပေ။ အချင်းချင်း ခုခံတွန်းလှန်ပြီး တိတ်တဆိတ် ခိုက်ရန်ဖြစ်ပွားခြင်း၊ လှည့်စားခြင်း၊ လိမ်လည်ခြင်းနှင့် အချင်းချင်း မတော်မတရား လျှို့ဝှက်ပူးပေါင်းကြံစည်ခြင်း- ဤသည်မှာ ဆိုးယုတ်မှု၏ သွင်ပြင်အခြေအနေ ဖြစ်သည်။ ထိုသို့သော သွင်ပြင်အခြေအနေတစ်ခုက အသင်းတော်ထဲ၌ ပျံ့နှံ့နေပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် သူ၏အလုပ်ကို သေချာပေါက် လုပ်လိမ့်မည် မဟုတ်ချေ။ သခင်ယေရှုက ဆက်နွှယ်မှုရှိသည့် စာကြောင်း အချို့ကို ပြောခဲ့သည်။ ယင်းက မည်သည့်အရာဖြစ်သည်ကို သင်တို့ မှတ်မိနိုင်သလော။ (“တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။” (ရှင်မဿဲခရစ်ဝင် ၁၈:၁၉-၂၀)) ဤသည်မှာ သမ္မာတရားဖြစ်သည်။ ဘုရားသခင်သည် သူပြောသကဲ့သို့ လုပ်ဆောင်သည်။ သင်သည် သူ၏ အလိုတော်ကို ဆန့်ကျင်လုပ်ဆောင်ပြီး သူပြောသည့် အတိုင်း မလုပ်ဆောင်ပါက၊ သူသည် သင်နှင့် ဝေးကွာလိမ့်မည်။ ထို့ကြောင့် သင်သည် သူတစ်ပါး၏ အမှားများကို အစဉ်ကြည့်ရှုပြီး အခြားသူများနှင့် ပတ်သက်သည့် သင်သဘောမကျသည့်အရာများကိုသာ အာရုံစိုက်လိမ့်မည်၊ ပြီးလျှင် သင့်ကို အခြားသူများက မနှစ်သက်သည့်အချက်ကို မကြာခဏ အာရုံစိုက်မိလိမ့်မည်။ ဤသည်မှာ ပြဿနာများကို ဖြစ်စေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်မလုပ်ပါက၊ ဘုရားသခင်က သင့်ကို ကောင်းချီးမပေးသကဲ့သို့ လမ်းမညွှန်ပါက၊ သင်သည် သင်၏ကိုယ်ပိုင် ခွန်အားနှင့် အထုံပါရမီများနှင့် အရည်အချင်းများကိုသာ အားကိုးပါက၊ သင်လုပ်သည့် မည်သည့်အရာမျှ ကောင်းစွာ ပြီးမြောက် လိမ့်မည် မဟုတ်ပေ၊ သင်လုပ်သည့် မည်သည့်အရာမျှ ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီလိမ့်မည် မဟုတ်ပေ၊ ပြီးလျှင် သင်မည်မျှ အလုပ်ကြိုးစားပါစေ၊ ယင်းမှာ အင်အားကို ဖြုန်းတီးခြင်းတစ်ခုသာ ဖြစ်လိမ့်မည်။ သင်တို့သည် ဤသည်ကို အတွေ့အကြုံမှတစ်ဆင့် ဖြည်းဖြည်းချင်း သင်ယူလာလိမ့်မည်။ သင်တို့ လုပ်ဆောင်သမျှ၌၊ သင်တို့သည် သဘောတညီတညွတ်တည်း ရှိရမည်။ သင်တို့သည် မည်သို့ သဘောတညီတညွတ်တည်း ရှိနိုင်သနည်း။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်။ သို့မှသာလျှင် သင်တို့သည်- အားလုံးအတူတကွ၊ ပြီးလျှင် သဘော တညီတညွတ်တည်း— တုတ်ချောင်း တစ်စည်းကဲ့သို့ သန်စွမ်းလာမည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရာ၌ သင်၏စိတ်နှလုံး၊ ဉာဏ်နှင့် ဝိညာဉ်တို့ကို အသုံးပြုသည့်အခါမှသာ သင်၌လူသားပုံသဏ္ဌာန်ရှိလိမ့်မည်” မှ

သင်သည် အခြားသူများနှင့် အပြန်အလှန် ဆက်ဆံသည့်အခါ၊ ၎င်းတို့ကို သင်၏စစ်မှန်သော စိတ်နှလုံးနှင့် မှန်ကန်မှုဖြင် ဦးစွာ သိမြင်သိမှတ်ရမည်။ အခြားသူများနှင့်ဆက်သွယ်ပြောဆိုပြီး အတူတကွ အလုပ်လုပ်ရာ၌ တစ်စုံတစ်ဦး၏ စကားများသည် ဝတ်ကျေတမ်းကျေဖြစ်သည်၊ စကားကြီးစကားကျယ်များ ဖြစ်သည်၊ အာလာပသလ္လာပ ဖြစ်သည်၊ မြှောက်လုံးပင့်လုံးများ ဖြစ်သည်၊ တာဝန်မဲ့ပြီး စိတ်ကူးသက်သက် ဖြစ်သည်ဆိုပါက သို့မဟုတ် ၎င်းတို့သည် အခြားသူများ၏ အခွင့်အရေးပေးခြင်း ရရှိရန် ကြိုးစားဖို့သက်သက်သာ ပြောပါက၊ ၎င်းတို့၏ စကားများသည် ရိုးသားမှုကင်းမဲ့လေသည်၊ ပြီးလျှင် ၎င်းတို့သည် အနည်းငယ်မျှပင် မရိုးသားကြပေ။ ထိုအခြားသူများသည် မည်သူဖြစ်ပါစေ၊ ဤသည်မှာ ၎င်းတို့၏ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံသည့် ပုံစံဖြစ်သည်။ ထိုသို့သောသူတစ်ဦးသည် ရိုးသားသော နှလုံးသား ရှိသလော။ ဤသည်မှာ ရိုးသားသော လူတစ်ဦး မဟုတ်ပေ။ တစ်စုံတစ်ဦးတွင် ချို့ယွင်းချက်အချို့ ရှိပြီး ၎င်းတို့က သင့်အား “ကျွန်ုပ်သည် အဘယ့်ကြောင့် အလွန် အပျက်သဘောဆောင်ရသည်ကို ပြောပါဦး။ ကျွန်ုပ် သဘောကို မပေါက်နိုင်ပါ။” ဟု ရိုးသားစွာနှင့် စိတ်ရင်းအတိုင်း ပြောသည်။ ပြီးလျှင် အမှန်တွင် သင်သည် သင်၏စိတ်နှလုံးထဲ၌ ၎င်းတို့၏ ပြဿနာကို နားလည်သော်လည်း ၎င်းတို့ကို မပြောဘဲ၊ ထိုအစား “ဘာမျှမဟုတ်ပါ။ ကျွန်ုပ်လည်း မကြာခဏ အပျက်သဘောဆောင်လေ့ရှိသည်။” ဟု ပြောသည်ဟု ဆိုကြပါစို့။ ဤစကားများသည် ယင်းတို့ကို ကြားရသူအဖို့ ကြီးစွာ နှစ်သိမ့်မှုတစ်ခုဖြစ်သော်လည်း၊ သင်၏ သဘောထားသည် စိတ်ရင်းအတိုင်း ဖြစ်သလော။ မဟုတ်ပေ၊ စိတ်ရင်းအတိုင်း မဖြစ်ပေ။ သင်သည် ၎င်းတို့အား သာ၍ သက်တောင့်သက်သာရှိပြီး နှစ်သိမ့်ခြင်း ခံရစေရန်အလို့ငှာ၊ အခြားသူတစ်ဦးနှင့် ဝတ်ကျေတမ်းကျေ ဆက်ဆံနေခြင်း ဖြစ်သည်၊ သင်သည် ယင်းတို့နှင့် ရိုးသားစွာ စကားပြောခြင်းမှ ရှောင်ကြဉ်နေသည်။ ၎င်းတို့သည် ၎င်းတို့၏အပျက်သဘောဆောင်ခြင်းကို စွန့်ခွာနိုင်ဖို့အလို့ငှာ သင်သည် ၎င်းတို့ကို အလွန်စိတ်ထက်သန်စွာ ကူညီနေခြင်း မဟုတ်ပေ။ ၎င်းတို့ကို နှစ်သိမ့်ဖို့ကြိုးစားပြီး သင်တို့ကြားတွင် မည်သည့် စိတ်ဝမ်းကွဲခြင်း သို့မဟုတ် ပဋိပက္ခမျှ မရှိစေဖို့ သေချာစေဖို့အလို့ငှာသာ၊ သင်သည် ၎င်းတို့နှင့် ပြဿနာနည်းနိုင်သမျှ နည်းအောင် ကြိုးစားနေခြင်းသာ ဖြစ်သည်- ပြီးလျှင် ဤသည်မှာ ရိုးသားသည့်လူတစ်ယောက် ဖြစ်ခြင်း မဟုတ်ပေ။ ထို့ကြောင့် ရိုးသားသည့်လူတစ်ယောက် အနေဖြင့် ဤအခြေအနေမျိုး ကြုံတွေ့သည့်အခါ၊ သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်တွေ့ပြီးဖြစ်သည့်အရာကို ၎င်းတို့အား ပြောပြီး ဖော်ထုတ်လော့။ “ကျွန်ုပ်တွေ့ပြီးဖြစ်သည့်အရာနှင့် ကျွန်ုပ် တွေ့ကြုံပြီးဖြစ်သည့်အရာကို သင့်အား ပြောပြမည်။ ကျွန်ုပ် ပြောသည့်အရာသည် မှားသည် သို့မဟုတ် မှန်သည်ကို သင်ဆုံးဖြတ်ပါ။ ယင်းကမှားယွင်းပါက၊ ယင်းကို သင် လက်ခံဖို့ မလိုပါ။ ယင်းက မှန်ပါက၊ သင်လက်ခံမည်ဟု ကျွန်ုပ် မျှော်လင့်ပါသည်။ သင်ကြားရခက်သည့်အရာနှင့် သင့်ကို နာကျင်စေသည့် အရာတစ်စုံတစ်ခုကို ကျွန်ုပ် ပြောပါက၊ သင်သည် ဘုရားသခင်ထံမှ လက်ခံနိုင်မည်ဟု ကျွန်ုပ်မျှော်လင့်သည်။ ကျွန်ုပ်၏ရည်ရွယ်ချက်နှင့် ရည်မှန်းချက်မှာ သင့်ကိုကူညီဖို့သာ ဖြစ်သည်။ ပြဿနာကို ကျွန်ုပ် ရှင်းရှင်းလင်းလင်း တွေ့မြင်သည်။ သင်သည် စော်ကားခံရသည်ဟု ခံစားရပြီးဖြစ်သည်။ မည်သူမျှ သင့်ကို မြှောက်ပင့်မပေးပေ၊ ပြီးလျှင် လူတိုင်းက သင့်ကို အထင်သေးသည်ဟု လည်းကောင်း၊ သင်သည် တိုက်ခိုက်ခြင်း ခံရနေရသည်ဟုလည်းကောင်း၊ သင်သည် တစ်ခါမျှ ထိုသို့မတရားသဖြင့်အပြုမခံရဖူးဟုလည်းကောင်း သင်တွေးထင်သည်။ ယင်းကို သင်သည်းမခံနိုင်ဘဲ၊ အပျက်သဘောဆောင်လာသည်။ သင်မည်သည့်အရာကို တွေးထင်သနည်း- ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာဖြစ်သလော။” ပြီးလျှင် ဤသည်ကို ကြားလျက်၊ ယင်းမှာ အမှန်ပင်ဖြစ်သည်ဟု ၎င်းတို့က ထင်ကြသည်။ ဤသည်မှာ သင်၏စိတ်နှလုံးထဲ၌ အမှန်တကယ် ရှိသည့်အရာဖြစ်သော်လည်း၊ သင်သည် ရိုးသားသည့်သူတစ်ဦး မဟုတ်ပါက၊ ယင်းကို သင် ပြောလိမ့်မည် မဟုတ်ပေ။ သင်က “ကျွန်ုပ်လည်း မကြာခဏ အပျက်သဘောဆောင်လေ့ရှိသည်။” ဟု ပြောလိမ့်မည် ဖြစ်ပြီး၊ လူတိုင်းသည် အပျက်သဘောဆောင်တတ်သည်ဟု အခြားသူတစ်ဦးက ကြားသည့်အခါ၊ ၎င်းတို့က ဤသည်မှာ ပုံမှန်ဖြစ်သည်ဟု တွေးထင်ကြသည်၊ ပြီးလျှင် အဆုံး၌ ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းကို မစွန့်ခွာကြပေ။ သင်သည် ရိုးသားသည့်လူတစ်ယောက် ဖြစ်ပြီး ၎င်းတို့ကို ရိုးသားသော သဘောထားတစ်ခုနှင့် ရိုးသားသော စိတ်နှလုံး တစ်ခုတို့ဖြင့် ကူညီပါက၊ ၎င်းတို့အား သမ္မာတရားကို နားလည်စေဖို့နှင့် ၎င်းတို့၏ အပျက်သဘောဆောင်ခြင်ကို ချန်ထားဖို့ သင်ကူညီနိုင်လိမ့်မည် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်” မှ

အကယ်၍ သင်သည် ညီအစ်ကို သို့မဟုတ် မောင်နှမတစ်ဦးနှင့် ကောင်းသော ဆက်ဆံရေးရှိပြီး သူတို့၌ မည်သည့်အရာ မှားယွင်းနေကြောင်း ထောက်ပြရန် သင့်ကို တောင်းဆိုလျှင် သင် ယင်းကို အဘယ်သို့ ပြုသင့်သနည်း။ ဤသည်မှာ ကိစ္စရပ်အတွက် သင်အသုံးပြုသော ချဥ်းကပ်နည်းနှင့် ဆက်စပ်သည်။ သင်၏ ချဥ်းကပ်နည်းမှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း ချဥ်းကပ်နည်းလော၊ သို့မဟုတ် ဘဝနေထိုင်မှုဆိုင်ရာ ဒဿနများကို သင် အသုံးပြုသလော။ အကယ်၍ သင်သည် “သင်သည် နယ်ပယ်တိုင်းတွင် ကောင်းမွန်ပြီး ကျွန်ုပ်ထက် သာလွန်သည်။ သင်သည် အခက်အခဲများကို သည်းခံနိုင်ပြီး သင်၏အစွမ်းအစမှာ ကောင်းမွန်ပေသည်။ သင့်အနေဖြင့် အပျက်သဘောဆောင်စရာ မလိုအပ်ပါပေ။ သင်သည် လွန်စွာ ကောင်းမွန်ပေသည်။ နှိမ့်ချရန်အတွက် မည်သည့်အကြောင်း ရှိသနည်း။” ဟု ဆိုလျှင်၊ အကယ်၍ ယင်းတို့၌ မှားယွင်းသောအရာများ ရှိသည်ကို သင် ရှင်းလင်းစွာ မြင်တွေ့ရသော်လည်း သင်တို့နှစ်ဦးကြားထဲက ငြိမ်းချမ်းရေးကို မထိခိုက်စေရန်အလို့ငှာ သင့်အနေဖြင့် ၎င်းတို့ဖြစ်နေသည့်အတိုင်း ရှင်းလင်းစွာ မပြောလျှင်ကား သင်သည် ဘဝနေထိုင်မှုဆိုင်ရာ ဒဿနာကို အသုံးချနေပြီဖြစ်သည်။ ထိုကဲ့သို့သော ကိစ္စရပ်အတွက် ကွဲပြားသော ချဥ်းကပ်နည်းကို အသုံးပြုသောသူတစ်ဦးက “ကျွန်ုပ်၏ ဝိညာဥ်ရင့်ကျက်မှုက ယခုတွင် သေးငယ်ပြီး သင်၏ ပြဿနာများကို လုံးစေ့ပတ်စေ့ နားမလည်ပါ။ နားလည်သောအခါ ကျွန်ုပ် သင့်ကို ပြောပါမည်။” ဟု ဆိုတတ်သည်။ ဤသည်မှာ တစ်ပါးသူများကို အရူးလုပ်ရန် ကြိုးစားနေခြင်း မဟုတ်သလော။ သူတို့သည် မည်သည့်အရာကိုမျှ အမှန်တကယ် လုံးစေ့ပတ်စေ့ လုံးဝ နားမလည်နိုင်သလော။ သူတို့သည် ထိုကိစ္စအပေါ် ထင်မြင်ချက် လုံးဝ မရှိဘဲ နေထိုင်သလော။ သူတို့တွင် ထင်မြင်ချက်များ ရှိပါသည်။ သူတို့က စိတ်ဆိုးစရာ ဖြစ်စေမည် ကြောက်သောကြောင့် သူတို့ကို မပြောခြင်းသာ ဖြစ်သည်။ သူတို့က သင့်ကို ဘာမျှမပြောသည့်အပြင် သင့်ကိုယ်သင် အဆင်ပြေသည်ဟု ထင်အောင်ပြုလုပ်ကာ ထိုကိစ္စရပ်ကို သင် နားမလည်နိုင်အောင် ချန်ရစ်ထားလေသည်။ သင်သည် တစ်နေ့နေ့တွင် ကျရှုံးပြီး လဲကျစေပြီး သင်နောက်ကွယ်တွင် ရယ်မောနေကောင်း ရယ်မောနေလိမ့်မည်။ ထိုသို့ဖြစ်လာသောအခါ နှိုင်းယှဥ်ကြည့်လျှင် သူတို့မှာ ပို၍ကောင်းမွန်နေပုံပေါက်မည်။ ဤသည်မှာ သူတို့ သင့်အပေါ် လှည့်စားသည့်ပုံစံ ဖြစ်သည်။ ထိုကဲ့သို့သောလူက မဆိုးဝါးသလော။ ဤ ချဥ်းကပ်ပုံနှစ်ခုအနက် မည်သည်က နှစ်သက်စရာကောင်းသနည်း။ ယင်းတို့နှစ်ခုလုံးက အော်ဂလီဆန်စရာကောင်းသည်။ မည်သည့်အရာမျှ နှစ်သက်စရာမကောင်းပေ။ လူအချို့က သူတို့ အမှန်တရားကို ပြောရမည်ဟု ဆိုကြသည်။ သူတို့သည် “သင်သည် လူဆိုးတစ်ဦးဖြစ်ပြီး ဆိုးယုတ်ပေသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် သင် ကယ်တင်ခြင်းခံရမည်မဟုတ်ကြောင်း ကျွန်ုပ်ပြောနိုင်သည်။” ဟု ဆိုကြသည်။ သူတို့က ရိုးသားစွာ စကားပြောသော်လည်း ထိုကဲ့သို့သော လူတစ်ဦးက သူတို့စိတ်ထဲတွင် ထိုသို့မထင်ဘဲ သူတို့ “ကျွန်ုပ် ဤအရာကိုပြောလျှင် သင် သေချာပေါက် မာနကြီးခြင်း သို့မဟုတ် မောက်မာခြင်း ရှိမည်မဟုတ်ပေ။” ဟူ၍ ပြောရာ၌ ဖုံးကွယ်ထားသော အကြောင်းရင်းရှိသည့် အရိပ်အယောင်ရှိပေသည်။ ဤချဥ်းကပ်နည်းလည်း မှားသည်၊ ယင်းက တစ်ပါးသူများ၏ စိတ်ခံစားချက်များကို ထည့်သွင်းစဥ်းစားခြင်း မရှိသကဲ့သို့ အကျိုးဆက်များကို ဆင်ခြင်သုံးသပ်ခြင်း မရှိပေ။ ဤသို့သောလူမျိုး၏ စိတ်သဘောထားကို သင် မည်သို့ထင်သနည်း။ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသလော။ မနေကြပါ၊ ဤနည်းအတိုင်း ပြုမူခြင်းက သူတစ်ပါးကို အပျက်သဘော ဆောင်စေခြင်း သို့မဟုတ် ထိမိလဲကျစေခြင်း ရှိနိုင်လေသည်။ ဤအရာက သူတို့လျှောက်သော လမ်းကြောင်းကို အသည်းအသန် ဟန့်တားလိမ့်မည်။ လူတစ်ဦးက ဤအရာများအားလုံးကို ဆင်ခြင်သုံးသပ်ရမည်။ ဤချဥ်းကပ်နည်းသည်လည်း မကောင်းပါပေ။ ထိုအထဲ၌ စိတ်သဘောထားတစ်ခု ပါရှိသည်။ ယင်းမှာ သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားထဲမှနေ၍ စကားပြောခြင်း သို့မဟုတ် လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ သမ္မာတရားနိယာမအရ ပြုမူကျင့်ကြံခြင်းလည်း မဟုတ်ပါချေ။

သို့ဆိုလျှင် သမ္မာတရားနိယာမအရ ဤကိစ္စရပ်ကို သင် အဘယ်သို့ ချဥ်းကပ်သင့်သနည်း။ မည်သည့်လုပ်ဆောင်ချက်က သမ္မာတရားနှင့် ညီညွှတ်သနည်း။ ဆက်စပ်သော အခြေခံသဘောတရားများ မည်မျှရှိသနည်း။ သင်သည် အခြေခံသဘောတရားများအပေါ် ခိုင်မာသော နားလည်သဘောပေါက်မှု ရှိရမည်။ ပထမဦးစွာ တစ်ပါးသူများကို ထိမိ၍ လဲကျစေခြင်း မပြုနှင့်။ သင်သည် တစ်ပါးသူတို့၏ အားနည်းချက်များနှင့် သူတို့အား မည်သည့်စကားပြောနည်းက သူတို့အား ထိမိ၍လဲကျစေခြင်း မရှိစေမည့်နည်းလမ်းကို ဦးစွာ စဥ်းစားရမည်။ ဤသည်မှာ စဥ်းစားသုံးသပ်ရမည့် အသေးငယ်ဆုံးပင် ဖြစ်သည်။ ထို့နောက် အမှုအရာများ၏ အပြုသဘောဘက်ကို သင် စဥ်းစားသင့်သည်- သူတစ်ပါးကို ကူညီရန် သင် ဘာလုပ်နိုင်သနည်း။ သူတို့အား ကူညီခြင်း၏ ရည်ရွယ်ချက်မှာ သူတို့အနေဖြင့် ဘုရားသခင်၏ အလိုတော်ကို နားလည်ရန်၊ သူတို့ကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ရန်နှင့် ထိုမျှ ခက်ခဲသော အခြေအနေများကို သူတို့အား ချန်ရစ်ထားစေပြီး သင် ရရှိထားသကဲ့သို့ သမ္မာတရားကို ရရှိစေရန်ဖြစ်သည်။ ဤသည်မှာ အကြင်နာတတ်ဆုံးသော နှလုံးသားရှိသည့် အကောင်းဆုံးလူစားမျိုး ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ပထမအနေဖြင့် သူတို့ကို ထိမိ၍လဲကျစေခြင်း မရှိလေနှင့်။ ဒုတိယအနေဖြင့် သူတို့ကို ကူညီနိုင်စွမ်းရှိလော့။ တတိယအနေဖြင့် သူတို့အား သမ္မာတရားကို ရရှိခွင့်ပြုလော့။ သင်သည် ဤနိယာမသုံးခုကို နားလည်သဘောပေါက်ရမည်။ သို့တိုင် ယင်းတို့ကို အတိအကျ မည်သို့ ဓမ္မသတ်ပြုထားသနည်း။ သူတစ်ပါးတို့၏ အခက်အခဲကို သင် အမှန်တကယ် နားလည်သလော။ ဤသည်မှာ နောက်ပြဿနတစ်ခုပင် မဟုတ်လော။ သင်သည်- “သူတို့ပြဿနာ၏ အရင်းအမြစ်က အဘယ်နည်း။ ကျွန်ုပ် သူတို့ကို ကူညီနိုင်မည်လော။ အကယ်၍ ကျွန်ုပ် မကူညီနိုင်ဘဲ ထင်ရာမြင်ရာနှင့် သတိလက်လွတ် စကားပြောမိလျှင် သူတို့ကို ကျွန်ုပ် လမ်းမှား ညွှန်ပြမိနိုင်မည်။ ထို့ထက်ပို၍ ဤလူက သမ္မာတရားကို မည်မျှကောင်းစွာ နားလည်နိုင်ပြီး သူတို့၏ အစွမ်းအစက အဘယ်နည်း။ သူတို့ ခေါင်းမာသလော။ သူတို့က ဝိညာဥ်ရေးကိစ္စများကို နားလည်သလော။ သူတို့ သမ္မာတရားကို လက်ခံနိုင်သလော။ သူတို့ သမ္မာတရားကို လေ့လာလိုက်စားသလော။ အကယ်၍ ကျွန်ုပ်သည် သူတို့ထက် သာလွန်ပြီး သူတို့နှင့်အတူ ပြောဆိုဆွေးနွေးနေသေးလျှင် သူတို့ထဲ၌ မနာလိုမှု သို့မဟုတ် အပျက်သဘောဆောင်ခြင်း ပေါ်ပေါက်လာမည်လော။” ဟုလည်း စဥ်းစားရမည်။ ဤမေးခွန်းများအားလုံးကို စဥ်းစားသုံးသပ်ရမည်။ ဤသည်မှာ လူ့သဘောသဘာဝနှင့်ဆိုင်သော အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် ဤကိစ္စကို သင် ကြုံရသောအခါ သင်သည် ဤအရာများကို ဦးစွာ စဥ်းစားပြီးမှ အပြုသဘောဆောင်သော၊ လိုလားတက်ကြွသော စိတ်ဖြင့် သူတို့ကို သွားဆွေးနွေးရမည်ဖြစ်ပြီး၊ ထိုသို့ပြုသောအခါ ဆုတောင်းပြီး သူတို့အား မည်သို့ကူညီရမည်၊ ဤနိယာမများကို သင် မည်သို့ လိုက်နာရမည်နှင့် သူတို့သည် မိမိတို့၏ အခက်အခဲကို ချန်ရစ်ထားပြီး အကျိုးရရှိစေရန် သင် မည်သို့ကူညီနိုင်ရမည်တို့ကို ရှာဖွေရမည်။ ဤသည်မှာ ပြုလုပ်ရမည့် ရိုးစင်းသောအရာ မဟုတ်လော။ ယင်းက ရိုးသားမှန်ကန်မှု လိုအပ်သည်။ အကယ်၍ လူတစ်ဦးက ယင်းသည် မရှိမဖြစ် အနည်းဆုံး ထင်မြင်ချက်ပေးရန်နှင့် “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး ဘုရားသခင်ကိုချစ်လော့။ သူ၏ ချစ်ခြင်းမေတ္တာကို သင် ပြန်ပေးဆပ်ရမည်။ ထို့အတွက် မည်သည့်အရာက သိပ်ခက်ခဲနေသနည်း။ သင်က မည်သည့်အရာ၌ အပျက်သဘော ဆောင်သနည်း။” ဟု ဆိုရန်အတွက်သာ လုံလောက်သည်ဟု ခံစားမိလျှင် သူတို့ပြုလုပ်နေသည့်အရာမှာ ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်ပြီး သူတစ်ပါးအား သူတို့ဆက်ဆံပြုမူခြင်းက မရိုးဖြောင့်ပါပေ။ ထိုကဲ့သို့သော လူတို့သည် ရိုးသားဖြောင့်မှန်မှုမရှိ၊ စိတ်ရင်း၌ မကြင်နာတတ်၊ သူတစ်ပါးတို့အပေါ် စာနာထောက်ထားမှု ကင်းမဲ့ပြီး သူတစ်ပါးတို့အတွက် မေတ္တာတရား မရှိကြပေ။ အကယ်၍ သင်၌ အမှန်တကယ် အသိတရားရှိလျှင် ဂရုတစိုက် စဥ်းစားပြီးလျှင် “သူတို့ ကျွန်ုပ်ကို တောင်းဆိုခဲ့သည့်အတွက် သူတို့သည် အတော်ပင် ခက်ခဲသောအဆင့်၌ ရှိနေရမည်။ သူတို့သည် သာမန်အားဖြင့် အလွန်စိတ်အားထက်သန်စွာ လိုက်လျှောက်ကြပြီး သူတို့၏တာဝန်ကို ထမ်းဆောင်စဥ် အလွန် အပြုသဘောဆန်ကြသည်။ အကယ်၍ ဤအခက်အခဲက သူတို့ကို အမှန်တကယ် ထိမိ၍ လဲကျစေလျှင် သို့မဟုတ် အပျက်သဘော ဆောင်စေပြီး သူတို့၏တာဝန်ကို ထိခိုက်လျှင် ယင်းမှာ သူတို့အတွက် သို့မဟုတ် ဘုရားသခင်၏အိမ်တော်အတွက် အကျိုးရှိမည်မဟုတ်ပေ။ သူတို့၏ပြဿနာ ပြေလည်ဖို့ရန်အတွက် ကျွန်ုပ် သူတို့ကို အဘယ်သို့ ကူညီရမည်နည်း။” ဟု တွေးဆရမည်ဖြစ်သည်။ သင်သည် ဤအရာကို တွေးဆပြီးလျှင် သင့်စိတ်နှလုံးထဲ၌ ရှေ့ကလမ်းကို ရှာတွေ့လျက် ပြုလုပ်ရမည့်အရာကို သင်သိပြီး သူတို့နှင့်အတူ သင် ပြောဆိုဆွေးနွေးရမည်။ တစ်ခါတစ်ရံ သင်ကိုယ်တိုင်ကလည်း တွေးဆခြင်း၊ ရှာဖွေခြင်းနှင့် ဆုတောင်းခြင်းကို ပြုလုပ်နေပြီး အကြောင်းအရာကို လုံးစေ့ပတ်စေ့ နားမလည်နိုင်သေးသဖြင့် သင်၏ ပထမဆုံးသော ပြောဆိုဆွေးနွေးချက်က အပြည့်အဝ ရှင်းလင်းနေမည်မဟုတ်ပေ။ သင်သည် မှန်ကန်သော စကားလုံးများကို ပြောဆိုဖို့ စဥ်းစားရန်နှင့် တစ်ပါးသူကို စိတ်ဓာတ်မြှင့်တင်ပေးပြီး အပျက်သဘောဆောင်လာသည့်ဟန် မတူမည့်အကြောင်း၊ သူတို့သည် ရှေ့ကလမ်းကြောင်းကို ရှာတွေ့နိုင်မည့်အကြောင်း ဤအရာများကို သင် မည်သို့ပြောနိုင်မည့်ပုံစံကို စဥ်းစားရန် အချိန်ယူရပေမည်။ ဤအရာများ အားလုံးက သတိထားသော ထင်မြင်ချက် လိုအပ်ပြီး သူတို့က သင့်အနေဖြင့် ယင်းတို့ကို ဂရုတစိုက် တွေးဆဖို့ အားထုတ်မှုပြုရန် လိုအပ်သည်။ ထို့အတွက်ကြောင့် သင်သည် ဂရုတစိုက် တွေးဆသည်၊ သင် ဆုတောင်းပြီးရင်းတောင်းသည်ဆိုလျှင် သင်ပြောသည့် စကားလုံးများက အစတွင် များစွာ အဆီအငေါ်တည့်ချင်မှတည့်မည် ဖြစ်သော်လည်း၊ သင် ပြောနေရင်းဖြင့် သင်ဆိုလိုသည့်အရာက ပို၍ပို၍ ထင်ရှားလာပြီး ရှင်းလင်းလာမည်၊ ထို့ပြင် အကြောင်းအရာကို သင် လုံးစေ့ပတ်စေ့ နားလည်သည့်အခါ သူတစ်ပါးကလည်း နားလည်လိမ့်မည်။ သင်သည် ပြဿနာကို ဖြေရှင်းသည့်အခါ သမ္မာတရားနိယာမအတိုင်း လုပ်ဆောင်သည်ဆိုလျှင် သင်သည်လည်း သမ္မာတရားရှုထောင့်တစ်ခုကို ရယူနိုင်မည်ဖြစ်ပြီး သူတစ်ပါးအတွက် အကူအညီဖြစ်နေစဥ်မှာပင် စိတ်ဓာတ်မြှင့်တင်ခြင်း ခံရလိမ့်မည်။ ဤသည်မှာ လူသားက သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ ဘုရားသခင်က သူ့ကို ပေးသော အထူးအရေးပေးမှုပင် ဖြစ်ပြီး လူသားကို ခိုင်မြဲစေသည့် အထူးအခွင့်အရေးပင် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏” မှ

သင်တို့၏နေ့စဉ်အသက်တာတွင် မည်သည့်အခြေအနေများနှင့် အခြေအနေမည်မျှ၌ သင်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့သူဖြစ်ပြီး မည်သည့်အရာများ၌ ဘုရားသခင်ကို ကြောက်ရွံ့သူ မဖြစ်သနည်း။ သင်တို့သည် လူများကို မုန်းတီးနိုင်စွမ်းရှိသလော။ သင်တို့သည် တစ်စုံတစ်ဦးကို မုန်းတီးသည့်အခါ ထိုလူကို ချေမှုန်းခြင်း၊ သို့မဟုတ် လက်စားချေခြင်းတို့ လုပ်နိုင်သလော။ (လုပ်နိုင်ပါသည်။) သို့ဆိုလျှင် သင်တို့သည် အတော်အတန် ကြောက်ဖို့ကောင်းသည်တကား။ သင်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့သူများ မဟုတ်။ သင့်အနေဖြင့် ထိုသို့သော အမှုအရာများကို လုပ်ဆောင်နိုင်ခြင်းက သင်၏စိတ်သဘောထားသည် အတော်အတန် လေးနက်သည့် အတိုင်းအတာအထိပင် အတော်ယုတ်မာနေကြောင်း ဆိုလိုသည်။ ချစ်ခြင်းမေတ္တာနှင့် မုန်းတီးမှုတို့မှာ ပုံမှန် လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် အရာများဖြစ်သော်လည်း၊ သင် ချစ်သည့်အရာနှင့် မုန်းသည့်အရာများကြား ရှင်းရှင်းလင်းလင်း သင် ခွဲခြားရပေမည်။ သင်၏ စိတ်နှလုံးတွင်၊ ဘုရားသခင်ကို သင် ချစ်သင့်သည်၊ သမ္မာတရားကို ချစ်သင့်သည်၊ အပြုသဘောဆောင်သည့် အရာများကို ချစ်သင့်ပြီး၊ သင်၏ ညီအစ်ကို မောင်နှမများကို ချစ်သင့်သည်၊ နတ်ဆိုးစာတန်ကိုမူ သင် မုန်းသင့်သည်၊ အပျက်သဘောဆောင်သော အရာများကို သင် မုန်းသင့်သည်၊ အန္တိခရစ်များကို မုန်းသင့်ပြီး ဆိုးယုတ်သော လူတို့ကို မုန်းသင့်သည်။ သင်၏ ညီအစ်ကို မောင်နှမများအတွက် မုန်းတီးမှုကို သင် သိုထားပါက၊ သင်သည် ၎င်းတို့ကို ဖိနှိပ်လေ့ရှိလိမ့်မည် ဖြစ်ပြီး ၎င်းတို့အပေါ် လက်တုန့်ပြန်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ အလွန် ထိတ်လန့်စရာ ဖြစ်ပေမည်။ လူအချို့သည် မုန်းတီးမှု အတွေးများနှင့် ဆိုးယုတ်သည့် စိတ်ကူးများသာ ရှိကြ၏။ တစ်ခဏ ကြာပြီးနောက်၊ ထိုသို့သော လူတို့သည် ၎င်းတို့ မုန်းတီးသည့် လူနှင့် အဆင်မပြေနိုင်တော့ပါက ထိုသူနှင့် ကင်းအောင် စတင်၍ နေလိမ့်မည် သို့သော်၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ရှိပြီး သူ့ကို ကြည်ညိုကြသောကြောင့်၊ ဤအရာကို ၎င်းတို့၏ တာဝန်များအား သက်ရောက်ခွင့် မပေးကြပေ၊ သို့မဟုတ် ၎င်းတို့၏ ပုံမှန်လူလူချင်း ဆက်ဆံရေးများကို လွှမ်းမိုးခွင့် မပေးကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း မပြုချင်ကြသကဲ့သို့၊ ထိုသို့ လုပ်ဆောင်မိမည်ကို စိုးရွံ့ကြလေသည်။ ဤလူတို့သည် တစ်စုံတစ်ဦးနှင့် ပတ်သက်သည့် အမြင်အချို့ သိုထားကောင်းသိုးထားမည် ဖြစ်သော်လည်း၊ ထိုအတွေးများကို လုံးဝ မလုပ်ဆောင်ကြပေ၊ သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားရန် လိုလားခြင်းမရှိဘဲ မပြောသင့်သည့် စကားတစ်လုံးကိုမျှပင် လုံးဝ မပြောဆိုကြချေ။ ဤသည်မှာ မည်သည့် အပြုအမူမျိုးနည်း။ ဤသည်မှာ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းနှင့် အမှုအရာများကို ကိုယ်ကျင့်တရားနှင့် သမာသမတ်ကျမှုဖြင့် ကိုင်တွယ်ခြင်း ဥပမာတစ်ခု ဖြစ်ပေသည်။ သင်သည် တစ်စုံတစ်ဦး၏ ပင်ကိုစရိုက်နှင့် သဟဇာတဖြစ်ကောင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ကို သင် မနှစ်သက်ကောင်း မနှစ်သက်နိုင်သော်လည်း၊ သူနှင့်အတူ သင် အလုပ်လုပ်သည့်အခါ၊ သင်သည် သမာသမတ်ကျမြဲကျကာ သင်၏တာဝန်ကို လုပ်ဆောင်ရာတွင် သင်၏ စိတ်ပျက်မှုများအတွက် ဒေါသထွက်မည်မဟုတ်၊ သင်၏ တာဝန်ကို စတေးလိမ့်မည် မဟုတ်၊ သို့မဟုတ် သင်၏စိတ်ပျက်မှုများကြောင့် ဘုရားသခင်၏မိသားစု အကျိုးစီးပွားများအပေါ် ဆိုးရွားစွာ ပြုမူလိမ့်မည်မဟုတ်ပေ။ သင်သည် အမှုအရာများကို အခြေခံသဘောတရားအတိုင်း လုပ်ဆောင်နိုင်သည်။ ထိုသို့ဖြစ်သည့်အတွက် သင်သည် ဘုရားသခင်အတွက် အခြေခံ ကြည်ညိုမှုတစ်ခု ရှိပေသည်။ သင်သည် ထို့ထက် အနည်းငယ် သာ၍ရှိပါက၊ တစ်စုံတစ်ဦးသည် အပြစ်အနာအဆာများ သို့မဟုတ် အားနည်းချက်များ အချို့ ရှိသည်ကို သင် မြင်သည့်အခါ- သူက သင့်ကို ပြစ်မှားလျှင်ပင် သို့မဟုတ် သင်၏ ကိုယ်ကျိုးများကို ထိခိုက်စေလျှင်ပင်- သူ့ကို သင်ကူညီနိုင်ဆဲ ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းက သာ၍ပင် ကောင်းလိမ့်မည်။ ယင်းမှာ သင်သည် လူ့သဘာဝ၊ သမ္မာတရား၏ စစ်မှန်မှုနှင့် ဘုရားသခင်ကို ကြည်ညိုခြင်းပိုင်ဆိုင်သော လူတစ်ဦးဖြစ်သည်ဟု ဆိုလိုပေလိမ့်မည်။ သင်သည် သင်၏လက်ရှိ ဝိညာဉ်ရင့်ကျက်မှုဖြင့် ဤသည်ကို မစွမ်းဆောင်မရရှိနိုင်သော်လည်း အခြေခံသဘောတရားအတိုင်း အမှုအရာများကို လုပ်ဆောင်နိုင်ကာ ပြုမူနေထိုင်နိုင်ပြီး လူများကို ဆက်ဆံနိုင်ပါက ဤသည်ကိုလည်း ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအဖြစ် ထည့်တွက်နိုင်သည်။ ဤသည်မှာ အခြေခံအကျဆုံးဖြစ်၏။ သင်သည် ဤအရာကို မစွမ်းဆောင်မရရှိနိုင်ဘဲ သင့်ကိုယ်သင် မထိန်းချုပ်နိုင်ပါက သင်သည် ကြီးစွာသော အန္တရာယ်ရှိနေပြီး အတော်ကြောက်ဖို့ကောင်းနေသည်။ သင့်ကို ရာထူးတစ်ခုပေးအပ်ပါက သင်သည် လူများကို အပြစ်ပေးပြီး ၎င်းတို့အကျပ်ရိုက်အောင် လုပ်နိုင်သည်။ ထို့နောက်တွင် သင်သည် အချိန်မရွေး အန္တိခရစ်တစ်ဦးဖြစ်သွားနိုင်ဖွယ် ရှိလိမ့်မည်။ မည်သို့သော လူစားမျိုးသည် အန္တိခရစ်တစ်ဦး ဖြစ်လာသည့်သူ ဖြစ်သနည်း။ ထိုသူသည် သုတ်သင်ဖယ်ရှင်းခြင်း ခံရမည့်သူဖြစ်သည် မဟုတ်လော။ လူတစ်ဦးသည် ကောင်းသည် ဆိုးသည်၊ ပြီးလျှင် သူ သို့မဟုတ် သူမကို မည်သို့ ဆက်ဆံသင့်သည် ဆိုသည်အတွက်မူ၊ လူတို့သည် အပြုအမူနှင့်ဆိုင်သည့် မိမိတို့၏ ကိုယ်ပိုင် အခြေခံသဘောတရားများ ရှိသင့်ကြ၏။ သို့သော်၊ ထိုလူ၏ရလဒ်က မည်သည့်အရာဖြစ်မည် ဆိုသည်အတွက်မူ- သူ သို့မဟုတ် သူမသည် ဘုရားသခင်၏ အပြစ်ပေးခံရခြင်းဖြင့် အဆုံးသတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ၊ သို့မဟုတ် သူ သို့မဟုတ် သူမသည် တရားစီရင်ခံရကာ ပြစ်တင်ဆုံးမခံရခြင်းဖြင့် အဆုံးသတ်သည်ဖြစ်စေ၊ မသတ်သည်ဖြစ်စေ- ယင်းသည် ဘုရားသခင်၏ အရေးကိစ္စဖြစ်၏။ လူတို့ ဝင်ရောက်မစွက်ဖက်သင့်ပေ။ ဘုရားသခင်သည် သူ့ကိုယ်စား သင့်ကို ပဏာမခြေလှမ်း လှမ်းခွင့်ပေးလိမ့်မည် မဟုတ်ပေ။ ထိုသူကို မည်သို့ ဆက်ဆံရမည်မှာ ဘုရားသခင်၏ အရေးကိစ္စဖြစ်သည်။ ထိုသို့သော လူများ မည်သည့် ရလဒ်မျိုးကို ရှိလိမ့်မည်ကို ဘုရားသခင် မဆုံးဖြတ်သေးသရွေ့၊ ၎င်းတို့ကို မနှင်ထုတ်သေးသကဲ့သို့၊ ၎င်းတို့ကို အပြစ်မပေးသေးသရွေ့၊ ပြီးလျှင် ၎င်းတို့ ကယ်တင်ခြင်းခံရသရွေ့၊ သင်သည် ၎င်းတို့ကို ချစ်ခြင်းမေတ္တာဖြင့် စိတ်ရှည်စွာ ကူညီသင့်ပေသည်။ ထိုသို့သော လူတို့၏ ရလဒ်ကို ဆုံးဖြတ်ဖို့ သင် မမျှော်လင့်သင့်သကဲ့သို့၊ ၎င်းတို့ကို ထိထိရောက်ရောက် နှိမ်နှင်းဖို့ သို့မဟုတ် အပြစ်ပေးဖို့ရန် လူ့နည်းလမ်းများကို သင် အသုံးမပြုသင့်ပေ။ ထိုသို့သော လူတို့ကို သင် ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်နိုင်သည် သို့မဟုတ် ၎င်းတို့ကို ကူညီဖို့ရန် သင်၏ စိတ်နှလုံးကို ဖွင့်ပြီး အူလှိုက်သည်းလှိုက် မိတ်သဟာယဖွဲ့ခြင်းဖြင့် ပါဝင်ပေးနိုင်သည်။ သို့သော်၊ ဤလူတို့ကို အပြစ်ပေးခြင်း၊ ဖယ်ကြဉ်ခြင်းနှင့် အမှုဆင်ခြင်းတို့ကို သင် စဉ်းစားပါက၊ သင် ဒုက္ခရောက်လိမ့်မည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်လော။ ထိုသို့သော အတွေးများရှိခြင်းသည် စိတ်ပြင်းထန်ခြင်းမှ ဖြစ်ပေါ်ပေသည်။ ထိုသို့သော အတွေးများသည် စာတန်ထံမှ လာပြီး လူသား၏မကျေမချမ်းဖြစ်မှုအပြင် လူသား၏ မနာလိုခြင်းနှင့် စက်ဆုပ်ခြင်းတို့မှ ပေါ်ပေါက်၏။ ထိုသို့သော အပြုအမူသည် သမ္မာတရားနှင့် မကိုက်ညီပေ။ ဤသည်မှာ သင့်ကို ဒဏ်ခတ်ခံစေရမည့် အရာတစ်ခုဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် မကိုက်ညီပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်” မှ

အရှေ့သို့- ၁၂၆) ညီအစ်ကို မောင်နှမများအကြား ချစ်ခြင်း အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၂၈) မိမိ၏ ညီအစ်ကိုမောင်နှမများကို ဆက်ဆံရမည့် နည်းလမ်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်