၁၁၈) အန္တိခရစ် မကောင်းဆိုးဝါးများကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) အန္တိခရစ် မကောင်းဆိုးဝါးများ အားလုံးသည် မည်သူကိုမျှ ကျိုးနွံနာခံခြင်းမရှိဘဲ၊ မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ မချီးမြှောက်သကဲ့သို့၊ သူ့ကို သက်သေလည်းမခံဘဲ အခြားသူတို့ကို လှည့်ဖြားသည့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ဟောပြောရာတွင် ပါရမီအရှိဆုံး ဖြစ်ကြလေသည်။

(၂) အန္တိခရစ် မကောင်းဆိုးဝါးများအားလုံးသည် သမ္မာတရားကို မုန်းတီးကာ ခုခံကြလေသည်။ ၎င်းတို့သည် အနည်းငယ်မျှ မိမိတို့ကိုယ်ကိုယ် မသိကြချေ၊ မိမိတို့ကိုယ်ကိုယ် ထိုးထွင်းသိမြင်မှု မရှိကြသကဲ့သို့ အထူးသဖြင့် မာနထောင်လွှားကာ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူကြလေသည်။

(၃) အန္တိခရစ် မကောင်းဆိုးဝါးများသည် ခိုးကြောင်းခိုးဝှက် ပြုမူကြသည်၊ တစ်ကိုယ်ကောင်းဆန်စွာနှင့် အာဏာရှင်ဆန်စွာ ပြုမူကြပြီး လူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမပြုကြပေ။ ၎င်းတို့က အခြားသူများအား ၎င်းတို့ကိုသာ နာခံစေသည်၊ သမ္မာတရားကို သို့မဟုတ် ဘုရားသခင်ကို မနာခံစေပေ။

(၄) အန္တိခရစ် မကောင်းဆိုးဝါးများသည် ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် ပြုပြင်ခြင်းကို လုံးဝ လက်မခံကြပေ။ ၎င်းတို့သည် မည်သည့် အပြစ်နှင့်ပတ်သက်၍မျှ နောင်တ သဘောထားမျိုး လုံးဝ မရှိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် အယူအဆများကို ဖြန့်ဝေပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ ဝေဖန်ကြသည်။

(၅) အန္တိခရစ် မကောင်းဆိုးဝါးတစ်ဦး ဖြစ်သည့်သူ မည်သူမျှ ဘုရားသခင် တည်ရှိခြင်းကို မယုံကြည်ပေ။ ၎င်းတို့က ခရစ်တော်နှင့် သမ္မာတရားကို စက်ဆုပ်ပြီး အခြေခံသဘောတရားများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ၊ ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည်။

(၆) အန္တိခရစ် မကောင်းဆိုးဝါးများသည် ဘာသာရေး ထုံးတမ်းဓလေ့များနှင့် လုပ်ဆောင်ချက်များတွင်သာ ပါဝင်ပတ်သက်လျက်၊ အသင်းတော် ဘဏ္ဍာရေးကို အစဉ် ထိန်းချုပ်လိုကြသည်၊ ဘုရားသခင်အဖို့ လှူဖွယ်ပစ္စည်းများကို သိမ်းပိုက်လိုပြီး ဘုရားအိမ်တော်၏ အလုပ်ကို အစဉ် တားမြစ်ပိတ်ဝင်လိုကြသည်။

(၇) အန္တိခရစ် မကောင်းဆိုးဝါးများထဲတွင် ပါဝင်သည့် သူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူနှင့် သက်ဆိုင်သည့် အရိုးစွဲနေသော အမုန်းတရား သိုထားကြပြီး၊ သူ၏ နေရာကို ယူဖို့ မျှော်လင့်ချက်ဖြင့် သူ့ကို သိက္ခာချရန်၊ အသရေဖျက်ရန်နှင့် တိုက်ခိုက်ရန် နည်းစနစ်မျိုးစုံကို အသုံးပြုကြလေသည်။

(၈) အန္တိခရစ် မကောင်းဆိုးဝါးများသည် တန်ခိုးအာဏာနှင့် အကျိုးအမြတ်အတွက် ရေကုန်ရေခန်း ကြိုးစားခြင်းတွင်သာ စိတ်ဝင်စားကြသည်။ ၎င်းတို့သည် အခြားသူတို့ကို လှည့်ဖြားဖို့၊ ထောင်ဖမ်းဖို့နှင့် ထိန်းချုပ်ဖို့- မိမိတို့၏ ကိုယ်ပိုင် နိုင်ငံများကို တည်ထောင်ဖို့၊ ဘုရားအိမ်တော်ကို မိမိတို့၏ ကိုယ်ပိုင် အိမ်ထောင်ဖြစ်စေဖို့၊ အမြဲ ကြိုးစားကြသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အန္တိခရစ်နှင့်ပတ်သက်သည့် ဘုရားသခင်၏ အနက်ဖွင့်ဆိုမှုမှာ အဘယ်နည်း။ ဘုရားသခင်ကို ရန်လိုသူ တစ်ဦး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရန်သူဖြစ်သည်။ ဘုရားသခင်ကို ရန်လိုသည့်သူတစ်ဦး၊ သမ္မာတရားကို ရန်လိုသည့်၊ ဘုရားသခင်ကို စက်ဆုပ်ရွံရှာသည့်၊ ပြီးလျှင် အပြုသဘောဆောင်သည့် အရာမှန်သမျှကို လုံးလုံး စက်ဆုပ်ရွံရှာသည့်သူ တစ်ဦး၊ ဤသည်မှာ တဒင်္ဂမျှသာ စိတ်ဓာတ်ပျော့ညံ့ကာ၊ မိုက်မဲပြီး ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များတွင် အနည်းငယ် မှားယွင်းသကဲ့သို့၊ သမ္မာတရားနှင့် မကိုက်ညီသည့် အနည်းငယ် အဓိပ္ပာယ်မရှိသော နားလည်မှုတစ်ခုဖြင့် သာမန်လူတစ်ဦး မဟုတ်ပေ။ ၎င်းတို့သည် ဤကဲ့သို့သော လူစားမျိုး မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်တစ်ဦး၊ ဘုရားသခင်၏ ရန်သူတော်တစ်ဦး ဖြစ်သည်။ သူ၏ အခန်းကဏ္ဍသည် အပြုသဘောဆောင်သည့်အရာ အားလုံးကို လုံးဝမုန်းသည့်၊ သမ္မာတရားအားလုံးကို မုန်းသည့်၊ ပြီးလျှင် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရ အားလုံးကို မုန်းသည့်သူတစ်ဦး၏ အခန်းကဏ္ဍ ဖြစ်သည်။ ဘုရားသခင်သည် ဤအခန်းကဏ္ဍ ရှိသူ တစ်ဦးကို မည်သို့ ဆက်ဆံသနည်း။ ဘုရားသခင်သည် ၎င်းတို့ကို မကယ်တင်ပေ။ ထိုသို့သောလူများသည် သဘာဝအားဖြင့် သမ္မာတရားကို အထင်သေးပြီး စက်ဆုပ်ရွံရှာသည်။ ဤနေရာတွင် ဖော်ထုတ်ခံရသည့် အရာသည် မာနထောင်လွှားခြင်း၊ အနည်းငယ် တင်းမာခြင်း သို့မဟုတ် အသေးအဖွဲ လှည့်စားမှုတို့ကဲ့သို့သော အရာများဖြစ်သည့် လူအမြောက်အများ၏ သာမန်ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား မဟုတ်ပေ။ ဤနေရာတွင် ဖော်ထုတ်ခံရသည့်အရာသည် ဆိုးယုတ်မှု၊ ကြမ်းကြုတ်ရက်စက်ခြင်းနှင့် သမ္မာတရားအပေါ် အလွန် မုန်းတီးစက်ဆုပ်ခြင်း ဖြစ်သည်၊ ဤသည်တို့မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အကြားတွင် အစိုးရိမ်ရဆုံးသော သရုပ်သကန်များနှင့် စိတ်သဘောထားများ ဖြစ်ပြီး၊ ယင်းတို့သည် စာတန်အတွက် ထုံးစံအကျဆုံးနှင့် ပဓာနအကျဆုံး အရာများဖြစ်၏။ ဤသည်မှာ သမ္မာတရားအပေါ် စစ်မှန်သော ခြိမ်းခြောက်မှု တစ်ခုကို မဖြစ်စေသကဲ့သို့၊ ကုံလုံသော အင်အားစုတစ်ခုထဲသို့ ပေါင်းစည်းနိုင်ခြင်းလည်း မရှိသည့် သာမန် ဖောက်ပြန်ပျက်စီးသော လူများတွင် ရှိသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရေးမပါသည့် ထုတ်ဖော်ချက် မဟုတ်ချေ၊ ဤသည်မှာ ဘုရားသခင်ကို ရန်လိုသည့် အင်အားတစ်ခု ဖြစ်သည်။ ယင်းတို့သည် အသင်းတော်ကို နှောင့်ယှက်ပြီး ထိန်းချုပ်နိုင်ပြီး၊ ယင်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အမှုတော်ကို ဖျက်ဆီးပြီး ကြားဝင်နှောင့်ယှက်နိုင်သည်။ ဤသည်မှာ သာမန် ဖောက်ပြန်ပျက်စီးသည့် လူများ လုပ်ဆောင်သည့် အရာတစ်ခု ဖြစ်သလော။ လုံးဝ မဟုတ်ချေ၊ ထို့ကြောင့် သင်သည်လည်း ယင်းကို လျှော့မတွက်သင့်ပေ။ ဆိုးယုတ်သော စိတ်သဘောထားတစ်ခုရှိသည့် လူအချို့လည်း ရှိသည်၊ ၎င်းတို့အနက် အချို့က အတ္တကြီးစွာနှင့် စက်ဆုပ်ဖွယ်ကောင်းစွာ ပြုမူကြသည်၊ အချို့က အခြားသူများက ၎င်းတို့အား ဩဇာပေးသည်ကို ခွင့်မပြုဘဲ၊ “လူများက ကျွန်ုပ်ကို မစော်ကားပါက၊ ကျွန်ုပ်သည် ၎င်းတို့ကို မစော်ကားပါ။” ဟု တွေးတောသည့် အလွန့်အလွန် ကောက်ကျစ်စွာ ပြုမူကြသည်။ အန္တိခရစ်များသည် ဤသည်မှ မည်သို့ ကွဲပြားခြားနားသနည်း။ ၎င်းတို့၏ အဓိက စိတ်သဘောထားသည် မာနထောင်လွှားခြင်း မဟုတ်ဘဲ၊ လုံးလုံးလျားလျား ဆိုးယုတ်မှုဖြစ်သည်။ ပြီးလျှင် ဤဆိုးယုတ်မှုကို အဓိကအားဖြင့် မည်သို့ ထင်ရှားပြသသနည်း။ ယင်းကို ၎င်းတို့၏ အမှုအရာများ လုပ်ဆောင်သည့် ထူးခြားဆန်းကြယ်သော နည်းလမ်းတွင် တွေ့မြင်နိုင်သည်၊ ယင်းကို ဉာဏ်အချို့၊ အသိပညာအချို့၊ ပြီးလျှင် လူမှုရေးအတွေ့အကြုံအချို့ရှိသည့် သာမန်လူများ သတိပြုမိဖို့ ခက်ခဲသည်။ ဤသည်မှာ ဆိုးယုတ်မှုသို့ မြင့်တက်သွားသည်၊ ပြီးလျှင် ယင်းမှာ လှည့်စားမှု မဟုတ်ပေ။ ၎င်းတို့သည် မထင်မရှားလှည့်ကွက်များ နှင့် ပရိယာယ်များ ပြုနိုင်သည်၊ ပြီးလျှင် ယင်းတို့ကို လူအများစုထက် “ပိုတော်”၍ လုပ်ဆောင်နိုင်သည်။ သာမန်လူအများစုသည် ၎င်းတို့နှင့် မယှဉ်နိုင်ကြဘဲ၊ ၎င်းတို့နှင့်မဆက်ဆံနိုင်ပေ။ ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြစ်သည်။ သာမန်လူများသည် ၎င်းတို့နှင့် မဆက်ဆံနိုင်ဟု အဘယ်ကြောင့်ပြောခဲ့သနည်း။ ယင်းမှာ ၎င်းတို့၏ ဆိုးယုတ်မှုသည် အလွန်ဆိုးရွားလှသည်မှာ လူများကို လှည့်စားဖို့ ၎င်းတို့ထံတွင် အလွန်ကြီးမားသော စွမ်းအား ပိုင်ဆိုင်သောကြောင့် ဖြစ်လေသည်။ ကျွန်ုပ်တို့သည် အန္တိခရစ်များ၏ သရုပ်သကန်များအကြောင်း အဘယ်ကြောင့် မိတ်သဟာယပြုနေကြသနည်း။ အကြောင်းမှာ အန္တိခရစ်များသည် လူများကို အလွန် လှည့်စားနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ရုတ်တရက် ပေါ်ပေါက်မှုတစ်ခု၌ ယင်း၏ ရောဂါကူးစက်ခြင်းမှတစ်ဆင့် များစွာတို့ကို ဒုက္ခပေးပြီး သတ်ဖြတ်နိုင်သည့် သေစေလောက်သော ကပ်ဆိုးကဲ့သို့၊ လူတသီတတန်းကြီးကို တစ်ပြိုင်နက်တည်း လှည့်စားသည်။ ယင်းသည် အလွန်တရာ ကူးစက်တတ်ပြီး ကျယ်ပြန့်စွာ ရောက်ရှိသည်၊ ပြီးလျှင် ယင်း၏ကူးစက်နိုင်ခြင်းနှင့် သေဆုံးမှုနှုန်းတို့သည် သာမန်ရောဂါများ၏ ကူးစက်နိုင်ခြင်းနှင့် သေဆုံးမှုနှုန်းတို့ထက် ပို၍ ကြီးမားလေသည်။ ဤသည်တို့မှာ ပြင်းထန်သော အကျိုးဆက်များ မဟုတ်လော။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ထူးဆန်းပြီး ပဟေဠိဆန်သော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏” မှ

ဘုရားသခင် လူ့ဇာတိမခံယူခဲ့သေးသည့် အချိန်ကာလတွင်၊ ဘုရားသခင်ကို လူသားက ဆန့်ကျင်ခြင်း ရှိ၊ မရှိဆိုသည်ကို တိုင်းတာမှုမှာ ကောင်းကင်ဘုံ၌ရှိသော မမြင်နိုင်သည့် ဘုရားသခင်ကို လူသားက ကိုးကွယ်ကာ ကြည်ညိုခြင်း ရှိ၊ မရှိဆိုသည့်အပေါ် အခြေခံခဲ့ပေသည်။ ထိုအချိန်က လူသားသည် ဘုရားသခင်ကို မမြင်နိုင်သကဲ့သို့ ဘုရားသခင်၏ ပုံသဏ္ဌာန် မည်သည့်အရာနှင့်တူသည် သို့မဟုတ် သူမည်သို့ စကားပြောဆိုခဲ့ပြီး အမှုပြုခဲ့သည်ကို မသိခဲ့ကြသောကြောင့်၊ ဘုရားသခင်အား ဆန့်ကျင်ခြင်းကို အနက်ဖွင့်သည့် နည်းလမ်းမှာ လုံးဝ လက်တွေ့မကျခဲ့ပေ။ လူသားသည် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ လုံးဝ မရှိခဲ့သကဲ့သို့၊ ဘုရားသခင်သည် လူသားထံ မပေါ်ထွန်းသေးသောကြောင့် ဘုရားသခင်၌ မရေမရာ ယုံကြည်ခဲ့သည်။ ထို့ကြောင့်၊ လူသားသည် ဘုရားသခင်ကို မိမိ၏ စိတ်ကူးစိတ်သန်းဖြင့် မည်သို့ ယုံကြည်သည်ဖြစ်စေ၊ လူသားသည် ဘုရားသခင်ကို လုံးဝ မမြင်နိုင်ခဲ့သောကြောင့်၊ ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချခြင်း မပြုသကဲ့သို့ လူသားအပေါ် များလှစွာသော တောင်းဆိုချက်များ မပြုခဲ့ပေ။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူပြီး၊ လူသားတို့ကြား အမှုပြုရန် ကြွလာသောအခါ အားလုံးသည် သူ့ကို ရှုမြင်ကြရပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ကြားကြရကာ၊ သူ၏ လူ့ဇာတိခန္ဓာအတွင်းမှ ဘုရားသခင် ပြုသော လုပ်ဆောင်ချက်များကို မြင်ကြရ၏။ ထိုအခိုက်အတန့်တွင်၊ လူသား၏ အယူအဆအားလုံးသည် အမြှုပ်ဖြစ်သွားသည်။ လူ့ဇာတိ၌ ဘုရားသခင် ပေါ်ထွန်းသည်ကို မြင်ပြီးသောသူများအတွက်မူ၊ သူ့ကို လိုလားစွာ နာခံကြပါက၊ ၎င်းတို့ ရှုတ်ချခံရလိမ့်မည်မဟုတ်၊ သူ့ကို တမင်တကာ ဆန့်ကျင်သောသူတို့မှာမူ ဘုရားသခင်၏ ရန်ဘက်အဖြစ် သတ်မှတ်ခံရလိမ့်မည်။ ထိုသို့သောလူများသည် အန္တိခရစ်များ၊ ဘုရားသခင်ကို တမင် ဆန့်ကျင်သော ရန်သူများ ဖြစ်ကြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်သောသူ မည်သူမဆိုသည် ဘုရားသခင်ကို ဆန့်ကျင်သောသူဖြစ်ပြီး၊ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို သိနားလည်လာသော်လည်း၊ ဘုရားသခင်ကို ကျေနပ်စေဖို့ မကြိုးစားကြသေးသူသည် ဘုရားသခင်၏ ရန်ဘက်တစ်ဦးအဖြစ် သာ၍ပင် ယူဆခံရပေသည်။ ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ကောင်းမွန်သည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့- သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ပြီး၊ ၎င်းတို့၏ စိတ်ကူးများက လမ်းပြထားခြင်း ဖြစ်သည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ မဟောပြောနိုင်ပါက၊ လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ၊ သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ လူသားတစ်ဦးသည် ဘုရားသခင်ကို သူတို့၏ယုံကြည်ခြင်း၌ ကြားခံဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

အထက်မှ အလုပ်အစီအစဉ်များအပေါ် ၎င်းတို့၏ သဘောထားတွင် လုံးလုံး မထီမဲ့မြင်လုပ်လွန်းသော သူအချို့ရှိကြသည်။ ၎င်းတို့က “အထက်က အလုပ် အစီအစဉ်များကို ပြုလုပ်သည်။” “ပြီးလျှင် ကျွန်ုပ်တို့က အလုပ်လုပ်လျက် အောက်၌ ရှိကြသည်။ ပြောခဲ့သည့် အရာအချို့နှင့် အလုပ်တာဝန်အချို့တို့ကို ပြောင်းလွယ်ပြင်လွယ် အကောင်အထည် ဖော်၍ ရနိုင်ပေသည်၊ ယင်းတို့ ကျွန်ုပ်တို့ထံ ကျရောက်လာသည့်အခါ၊ ယင်းတို့ကို ပြင်၍ ရနိုင်သည်။ တကယ်တမ်းတွင် အထက်က အပြောများသာရှိပြီး၊ ကျွန်ုပ်တို့က လက်တွေ့ကျသည့်အလုပ်ကို လုပ်နေသူများ ဖြစ်ကြသည်။ အသင်းတော်ရှိ အခြေအနေကို ကျွန်ုပ်တို့ နားလည်သော်လည်း၊ အထက်က နားမလည်သောကြောင့်၊ ကျွန်ုပ်တို့ကို ပေးထားသည့် အသင်းတော်၏ လူများနှင့် အလုပ်တို့သည် ကျွန်ုပ်တို့ သင့်တော်သလို လုပ်ဆောင်ဖို့ ကျွန်ုပ်တို့၏အလုပ်များ ဖြစ်သည်။ ကျွန်ုပ်တို့ သဘောရှိ လုပ်ဆောင်နိုင်သည်၊ ပြီးလျှင် မည်သူမျှ ဝင်စွက်ခွင့်မရှိ။” ဟု တွေးကြသည်။ ထိုသို့သောလူများအဖို့၊ ဘုရားသခင်ကို အစေခံခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားသည် ဤအရာဖြစ်သည်- “ကျွန်ုပ်က တစ်စုံတစ်ခုသည် မှန်ကန်သည်ဟု တွေးထင်ပါက၊ ယင်းကို ကျွန်ုပ် အာရုံစိုက်မည်။ တစ်စုံတစ်ခုသည် လုပ်ကိုင်ရန်မဖြစ်နိုင်ဟု ကျွန်ုပ်တွေးထင်ပါက၊ ယင်းကို ကျွန်ုပ် လျစ်လျူရှုမည်။ သင့်ကို ကျွန်ုပ် ခုခံလိုပါက ခုခံနိုင်သည်၊ သို့မဟုတ် ဆန့်ကျင်ပြီးလျှင် ကျွန်ုပ် မလုပ်ချင်သည့် မည်သည့်အရာကိုမျှ ကျွန်ုပ် အကောင်အထည်ဖော်ဖို့ သို့မဟုတ် လုပ်ဆောင်ဖို့ မလိုအပ်ပေ။ သင်ပြောသည့် တစ်စုံတစ်ရာကို မသင့်လျော်ဟု ကျွန်ုပ်တွေးထင်ပါက၊ ယင်းကို သင့်ကိုယ်စား ကျွန်ုပ် တည်းဖြတ်ပေးမည်၊ ပြီးလျှင် ကျွန်ုပ် စိစစ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ အောက်သို့ ကျွန်ုပ် လက်ဆင့်ကမ်းပေးလိုက်မည်။ ကျွန်ုပ် အတည်မပြုရသေးသည့် မည်သည့်အရာကိုမျှ ပုံနှိပ်ဖို့ ပို့ခွင့်မရှိ။” အခြားနေရာတိုင်းတွင် ၎င်းတို့သည် အထက်မှ အစီအစဉ်များကို ယင်းတို့၏နဂိုမူလ ပုံစံအတိုင်း ဖြန့်ဖြူးသော်လည်း၊ ဤလူကမူ ၎င်းတို့ဦးဆောင်သည့် ဒေသရှိ လူများထံသို့ ၎င်းတို့ အလုပ်အစီအစဉ်၏ တည်းဖြတ်ထားသည့်ပုံစံကို ပေးပို့သည်။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်ကို ဘေးဖယ်ထားဖို့ အမြဲ ဆန္ဒရှိသည်၊ ပြီးလျှင် လူတိုင်းက ၎င်းတို့နောက်ကို လိုက်ဖို့နှင့် ၎င်းတို့ကို ယုံကြည်ဖို့ အသည်းအသန် ဆန္ဒရှိကြသည်။ ၎င်းတို့အမြင်ပုံတွင် ဘုရားသခင်သည် အချို့အပိုင်းများတွင် ၎င်းတို့နှင့် တန်းတူမဟုတ်ပေ၊ ၎င်းတို့သည်လည်း ဘုရားသခင် ဖြစ်သင့်ပြီး လူတိုင်းက ၎င်းတို့ကို ယုံကြည်သင့်သည်။ ယင်းမှာ ၎င်းတို့ လုပ်ဆောင်သည့်အရာ၏ သဘာဝ ဖြစ်သည်။ သင်တို့ ဤအရာကို နားလည်ခဲ့ပါက၊ ထိုသို့သောလူတစ်ဦး ဖယ်ရှားခြင်းခံရပြီး အစားထိုးခြင်းခံရသည့်အခါ၊ သင် ငိုကြွေးဦးမည်လော။ ၎င်းတို့အတွက် သင် စာနာဦးမည်လော။ “အထက်မှ လုပ်ဆောင်သည့်အရာသည် မလိုအပ်သကဲ့သို့ တရားမမျှတပေ၊ ဤမျှဒုက္ခခံရပြီးသူတစ်ဦးကို အထက်က အဘယ်သို့များ ထုတ်ပစ်နိုင်သနည်း။” ဟု သင် တွေးဦးမည်လော။ ၎င်းတို့က မည်သူ့အတွက် ဒုက္ခခံခဲ့သနည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်ဒြပ်အတွက် ဒုက္ခခံခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို အစေခံနေခြင်းလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ကျိုးနွံနာခံသလော။ ၎င်းတို့သည် စာတန်၏ လက်ပါးစေများသာ ဖြစ်ပြီး၊ ၎င်းတို့၏ အလုပ်သည် နတ်ဆိုး၏ စိုးမိုးမှု ဖြစ်သည်။ ယင်းက ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ဖျက်ဆီးပြီး သူ၏အမှုကို နှောင့်ယှက်သည်။ ယင်းမှာ မည်ကဲ့သို့သော ယုံကြည်မှုမျိုးနည်း။ ၎င်းတို့သည် နတ်ဆိုးတစ်ပါးသာ၊ အန္တိခရစ်တစ်ဦးသာ ဖြစ်ကြသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း ဆိုသည်မှာ အဘယ်နည်း။” မှ

မည်သည့်လူစားမျိုးက မိမိ၏ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်သနည်း။ (အန္တိခရစ်တစ်ဦး ဖြစ်ပါသည်။) ထိုသို့သော လူတစ်ဦးကို “အန္တိခရစ်တစ်ဦး” ဟု အဘယ်ကြောင့်ခေါ်သနည်း။ ပထမဦးစွာ၊ “အန္တိ” ဆိုသည်မှာ ဆန့်ကျင်လိုပြီး ရန်မူလိုခြင်းကို ဆိုလိုကာ ယင်းသည် ခရစ်တော်အပေါ်၊ ဘုရားသခင်အပေါ်နှင့် သမ္မာတရားအပေါ် ဆန့်ကျင်လိုခြင်း ပါဝင်၏။ “ဆန့်ကျင်လိုပြီး ရန်မူလို” သည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (တိုက်ရိုက်ဆန့်ကျင်ရပ်တည်ခြင်းဖြစ်သည်။) (အမုန်းတရားရှိခြင်း ဖြစ်သည်။) ဘုရားသခင်ကို မုန်းတီးပြီး သူ့ကို တိုက်ရိုက်ဆန့်ကျင်ကြသည့် လူတို့သည် သမ္မာတရားကို လက်ခံနိုင်ကြသလော။ သမ္မာတရားကို ၎င်းတို့ချစ်နိုင်ကြသလော။ သေချာပေါက် မလုပ်နိုင်ကြချေ။ ၎င်းတို့ မိမိတို့ကိုယ်ကို ဖော်ပြသည့် ပထမဦးဆုံးသော နည်းလမ်းမှာ သမ္မာတရားကို မချစ်ရန် ဖြစ်သည်။ တစ်စုံတစ်ဦးက သမ္မာတရားကို ပြောဆိုသည့်အခါတိုင်းတွင် ၎င်းတို့သည် ထိုလူ၏မျက်နှာကို စေ့စေ့ကြည့်ပြီး မည်သည့်အရာကိုမျှ ဗြောင်မဖော်ပြကြဘဲ၊ ၎င်းတို့၏စိတ်နှလုံးထဲတွင် သမ္မာတရားကို ၎င်းတို့လက်မခံကြသကဲ့သို့ စိတ်ထဲတွင် ယင်းကို ၎င်းတို့ခုခံကြ၏။ ခုခံနေစဉ်တွင်၊ အပြုသဘောဆောင်သော အရာအားလုံးနှင့် စပ်လျဉ်း၍- ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ၎င်းတို့၏ တာဝန်များကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်း၊ ရိုးသားသော လူများဖြစ်ခြင်း၊ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေခြင်း၊ အစရှိသည်တို့နှင့် စပ်လျဉ်း၍- ၎င်းတို့၌ နှလုံးသွင်းအရဖြစ်သော တမ်းတမှု၊ သို့မဟုတ် ချစ်ခြင်း အနည်းငယ်မျှ ရှိကြသလော။ အနည်းငယ်မျှ မရှိချေ။ ထို့ကြောင့်၊ ဤသဘာဝအနှစ်သာရမျိုး ၎င်းတို့ရှိကြသည်ကို ထောက်ဆသော်၊ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို တိုက်ရိုက်ဆန့်ကျင်ရပ်တည်နေကြပြီး ဖြစ်ပေသည်။ ထို့ကြောင့် မလွဲမဧကန်ပင် ထိုသို့သော လူများသည် ရင်ထဲတွင် သမ္မာတရား၊ သို့မဟုတ် အပြုသဘောဆောင်သော အရာတစ်ခုတလေကိုမျှ မချစ်ပေ။ ဥပမာအားဖြင့်၊ ခေါင်းဆောင်မှု ရာထူးများတွင်ရှိသည့် လူတို့သည် ၎င်းတို့ညီအစ်ကိုမောင်နှမများ၏ အမျိုးမျိုးသော အယူအဆများကို လက်ခံနိုင်ရမည်၊ ညီအစ်ကိုမောင်နှမများထံ မိမိတို့ကိုယ်ကို လမ်းဖွင့်ပေး၍ ညီအစ်ကိုမောင်နှမများ၏ အပြစ်တင်ခြင်းကို လက်ခံနိုင်ရမည်ဖြစ်ကာ ဂုဏ်ဒြပ်ကို မယူရပေ။ အန္တိခရစ်တစ်ဦးသည် ဤမှန်ကန်သော လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းအားလုံးကို မည်သို့တွေးထင်မည်နည်း။ သူက၊ “ညီအစ်ကိုမောင်နှမများ၏ အယူအဆများကို ကျွန်ုပ်ကြားနာမည်ဆိုပါက၊ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်နေဦးမည်လော။ ထိုအခါ ကျွန်ုပ်၌ ဂုဏ်ဒြပ်နှင့် ဩဇာတိက္ကမတို့ ရှိပါဦးမည်လော။ ကျွန်ုပ်ကို လူတို့ကြောက်ရွံ့စေရန် ကျွန်ုပ်ပြုနိုင်ဦးမည်လော။ လူတို့ကို ကျွန်ုပ်အား ကြောက်ရွံ့အောင် ကျွန်ုပ်မပြုနိုင်ပါက၊ ပြီးလျှင် ကျွန်ုပ်၌ ဩဇာတိက္ကမ မရှိပါက၊ မည်သည့်အလုပ်ကို ကျွန်ုပ်လုပ်ဆောင်နိုင်မည်နည်း” ဟု ပြောကောင်းပြောမည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ပိုင်ဆိုင်သည့် စိတ်သဘောထားမျိုး အတိအကျဖြစ်သည်။ သူသည် အသေးငယ်ဆုံးသော နည်းလမ်းဖြင့်ပင် သမ္မာတရားကို လက်မခံသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်တစ်ခုက သာ၍မှန်ကန်လေလေ၊ ယင်းကို သူသာ၍ခုခံလေလေ ဖြစ်သည်။ ဤမှန်ကန်သော လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်များက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများ ဖြစ်သည်ဟု သူဝန်မခံပေ။ သူယုံကြည်သည့်အတိုင်းဆိုပါက သမ္မာတရားမှာ အဘယ်နည်း။ ယင်းမှာ တစ်ဦးတစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ဖိနှိပ်ချုပ်ခြယ်မှု၊ ဒုစရိုက်အမှုများ၊ ရက်စက်သော နည်းလမ်းများနှင့် လျှို့ဝှက်သိုသိပ်သော နည်းလမ်းများကို အမြဲအသုံးပြုသင့်သည်၊ သမ္မာတရား၊ ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ မသုံးသင့်ဟူ၍ ဖြစ်သည်။ သူ၏နည်းလမ်းမှာ ဆိုးယုတ်သော နည်းလမ်းတစ်ခု ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်၏ အမျိုးနှင့် သက်ဆိုင်သော သူတို့၏ သဘာဝ အနှစ်သာရဖြစ်ပြီး ယင်းသည် အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့် နည်းလမ်းနှင့် ၎င်းတို့၏ လုပ်ရပ်များနောက်ကွယ်က တွန်းအား၊ ယင်းလုပ်ရပ်များ ပေါက်ဖွားသည့် အရင်းအမြစ်လည်း ဖြစ်၏။ ဤသည်မှာ ၎င်းတို့၏ အရင်းခံအကြောင်းအပြင် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် တူသောအရာ ဖြစ်သည်။ ၎င်းတို့ မကြာခဏ ထုတ်ဖော်ပြသည့်၊ ၎င်းတို့၏ အရင်းခံအကြောင်းများနှင့် ရည်ရွယ်ချက်များ၏ အနှစ်သာရမှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရ- သမ္မာတရားအပေါ် မနှစ်သက်ခြင်းနှင့် မုန်းတီးခြင်း- အတိအကျဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အနှစ်သာရ ဖြစ်၏။ သို့ဆိုလျှင် သမ္မာတရားနှင့် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို မုန်းတီးခြင်းအား ဆိုလို၏။ ဥပမာအားဖြင့်၊ ဖန်ဆင်းခြင်းခံရသည့် အရာတစ်ခုအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းသင့်သည်။ ဘုရားသခင်က မည်သည့်အရာ ပြောမည်ဖြစ်စေ၊ လူသားများသည် ဖန်ဆင်းခြင်းခံရသည့် အရာများဖြစ်သည့်အတွက် လူတို့သည် ကျိုးနွံနာခံသင့်ကြ၏။ သို့သော် အန္တိခရစ်တစ်ဦးက မည်သို့တွေးထင်သနည်း။ “ကျွန်ုပ်က ဖန်ဆင်းခြင်းခံ အရာတစ်ခုဖြစ်သည်မှာ မမှန်သည်ကား မဟုတ်ပါ၊ သို့သော် ကျိုးနွံနာခံခြင်းနှင့် ပတ်သက်လာသည့်အခါ၊ ယင်းသည် အခြေအနေပေါ် မူတည်သည်။ ပထမနှင့် ဦးဆုံးအနေဖြင့်၊ ယင်းတွင် ကျွန်ုပ်အတွက် အကျိုးကျေးဇူးအချို့ ရှိရမည်။ ကျွန်ုပ်ကို အကျိုးယုတ်စေရမည် မဟုတ်၊ ထို့ပြင် ကျွန်ုပ်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကျွန်ုပ်ဦးစားပေးရမည်။ ဆုလာဘ်များနှင့် ကြီးမားသော ကောင်းချီးမင်္ဂလာများ ရရန်ရှိပြီး ကိုယ်တော်က ကျွန်ုပ်ကို ကျိုးနွံနာခံစေလိုပါက၊ အဆင်ပြေပါသည်၊ သို့သော် ဆုလာဘ်များ မရှိဘဲနှင့် ခရီးပန်းတိုင်တစ်ခု မရှိဘဲ၊ ကျွန်ုပ်မကျိုးနွံမနာခံနိုင်ပါ။” ယင်းမှာ အန္တိခရစ်တစ်ဦး မြင်သည့်ပုံ ဖြစ်သည်။ နောက်ထပ် ဥပမာတစ်ခုအနေဖြင့်၊ ဘုရားသခင်သည် လူတို့ကို ရိုးသားစေမည်ဖြစ်သော်လည်း၊ အန္တိခရစ်တစ်ဦးက ဤအရာနှင့်သက်ဆိုင်၍ မည်သည့်အရာကို တွေးသနည်း။ “မိုက်မဲသူများသာ ရိုးသားကြသည်။ လိမ္မာပါးနပ်သော လူများက မရိုးသားကြပါ။” ဤအယူအဆများ၌ သမ္မာတရားကို လက်ခံခြင်းမရှိသည့် အန္တိခရစ်၏သဘောထားတစ်ခု ပါဝင်သလော။ ဤသဘောထားမျိုး၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်း၏အနှစ်သာရမှာ သမ္မာတရားကို မုန်းတီးခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရ အတိအကျဖြစ်ပြီး ၎င်းတို့၏ အနှစ်သာရက မည်သည့်လမ်းကြောင်းမျိုး ၎င်းတို့လျှောက်လှမ်းကြသည်ကို ဆုံးဖြတ်ပေးကာ အပြန်အလှန်အနေဖြင့် ၎င်းတို့လျှောက်သည့် လမ်းကြောင်းက ဤတာဝန်မျိုးကို ၎င်းတို့ဖြည့်ဆည်းနေစဉ် ၎င်းတို့လုပ်ဆောင်ကြမည့်အရာကို ဆုံးဖြတ်ပေးလေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်” မှ

လူအချို့၌ အန္တိခရစ်တစ်ဦး၏ သရုပ်သကန်အချို့ ရှိကြပြီး အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ပွင့်အံထွက်ခြင်းအချို့ ရှိကြသည်၊ သို့ရာတွင် ၎င်းတို့သည် သမ္မာတရားကိုလည်း လက်ခံပြီး၊ အသိအမှတ်ပြုကြကာ၊ သမ္မာတရားကို ချစ်ကြသည်။ ၎င်းတို့သည် ကယ်တင်ခြင်း ခံရမည့်သူများ ဖြစ်နိုင်ချေရှိသည်။ ၎င်းတို့၏ အပြင်ပန်းသဏ္ဌာန် မည်သို့ရှိပါစေ၊ ၎င်းတို့၏ သဘာဝ အနှစ်သာရအားဖြင့် သမ္မာတရားအပေါ် ရန်လိုပြီး မုန်းတီးသည့်သူအချို့ ရှိသည်။ သင့်အနေဖြင့် သမ္မာတရားအကြောင်း ပြောသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့ကို တရားဟောကြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် သာ၍ စိတ်အနှောင့်အယှက်ဖြစ်ပြီး သာ၍ အတိုက်အခံ ဖြစ်လာသည်။ ၎င်းတို့သည် စတင်ငိုက်မျဉ်းသည်၊ ၎င်းတို့သည် အိပ်မောကျသည်၊ ၎င်းတို့သည် ပျင်းရိငြီးငွေ့ပြီး ၎င်းတို့နားလည်သည့်အချိန်တွင်ပင် စိတ်ပါဝင်စားခြင်း မရှိကြချေ။ သို့မဟုတ် ၎င်းတို့သည် အပြင်ပန်းတွင် ဇွဲရှိပုံပေါ်သော်လည်း၊ သမ္မာတရားကို ကွဲပြားခြားနားသည့် သဘောထားဖြင့်၊ သို့မဟုတ် အသိပညာနှင့် အယူအဆ တောင်ပုံရာပုံဖြင့် အကဲဖြတ်ကြသည်။ ဤသည်မှာ မှန်ကန်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များ မည်မျှကို ဖတ်ရှုပြီးဖြစ်စေ၊ ဒေသနာမည်မျှကို နားထောင်ပြီးဖြစ်စေ၊ နောက်ဆုံးတွင် ၎င်းတို့၏စိတ်သဘောထား၌ အနည်းဆုံးသော ပြောင်းလဲမှု မည်သည့်အခါမျှ ရှိမည်မဟုတ်ပေ၊ ထိုသဘောထားမှာ ဂုဏ်ဒြပ်နှင့် လောကီဆိုင်ရာ အမှုအရာများကို လိုက်စားခြင်းဖြစ်ကာ၊ ဘုရားသခင်ကို မလိုမုန်းထားမှုနှင့် သမ္မာတရားကို ရန်လိုမှုတို့ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်၏ ဉာဉ်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် လူများကို ၎င်းတို့ဘက်သို့ စည်းရုံးသိမ်းသွင်းဖို့ ရည်ရွယ်ကြောင်း၊ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းအတွက် ဘုရားသခင်နှင့် တုပယှဉ်ပြိုင်ဖို့၊ လူများကို လှည့်စားဖို့ မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံကြောင်းနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် စာတန်နှင့် အန္တိခရစ်တို့၏ လုပ်ဆောင်ချက်များဖြစ်ကြောင်း သင်ပြောသည့်အခါ၊ ၎င်းတို့သည် ထိုသို့သော ပြစ်တင်ရှုတ်ချခြင်းကို လက်ခံသလော။ ၎င်းတို့လက်မခံပေ။ ၎င်းတို့က “ငါ့အနေနှင့် ဤနည်းလမ်းဖြင့်ပြုမူသည်မှာ မှန်ကန်ပြီး လျော်ကန်သည်။ ဤသည်မှာ အမှုအရာများကို ငါလုပ်ဆောင်သည့် ပုံစံဖြစ်သည်။ သင်ငါ့ကို သဘောရှိ ပြစ်တင်ရှုတ်ချပြီး ဝေဖန်နိုင်သည်- ဤလိုက်စားမှု၊ ဤလိုအင်ဆန္ဒ၊ သို့မဟုတ် အမှုအရာများကို လုပ်ဆောင်သည့် ဤနည်းလမ်းကို ငါစွန့်ပစ်မည်မဟုတ်” ဟု တွေးလေသည်။ ယင်းမှာ အတည်ပြုပြီးဖြစ်လေပြီ။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြ၏။ သင်ပြောသည့် မည်သည့်အရာကမျှ ၎င်းတို့၏ အမြင်ရှုထောင့်ကို မပြောင်းလဲနိုင်သကဲ့သို့၊ ၎င်းတို့၏ အရင်းခံအကြောင်းများနှင့် ရည်ရွယ်ချက်များ၊ သို့မဟုတ် ၎င်းတို့၏ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကိုလည်း မပြောင်းနိုင်ပေ။ ယင်းသည် အန္တိခရစ်စစ်စစ်တစ်ဦး၏ သဘာဝ အနှစ်သာရဖြစ်လေသည်။ ၎င်းတို့၏ အခြေအနေများ မည်သို့ပြောင်းလဲပါစေ၊ သို့မဟုတ် ၎င်းတို့အနီးအနားမှ လူများ၊ ကိစ္စများနှင့် အမှုအရာများ မည်သို့ပြောင်းလဲပါစေ၊ သို့မဟုတ် အချိန် မည်သို့ပြောင်းလဲပါစေ၊ ဘုရားသခင်ပြသသည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပဓာနမထားဘဲ၊ ပြီးလျှင် ဘုရားသခင်က ၎င်းတို့အား ကျေးဇူးတော်မည်မျှ ပေးပါစေ- သူက ၎င်းတို့ကို အပြစ်ဒဏ်ပေးလျှင်ပင်- ၎င်းတို့၏ ရည်ရွယ်ချက်များသည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ လူသားတစ်ဦးဖြစ်ခြင်း နည်းလမ်းနှင့် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတို့သည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့၊ သမ္မာတရားကို ၎င်းတို့၏ ရန်လိုသော သဘောထားသည်လည်း ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ၎င်းတို့လုပ်ဆောင်နေသည့်အရာသည် မိမိတို့ကိုယ်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းဖြစ်ပြီး လူများကို လှည့်စားဖို့ ကြိုးစားနေခြင်း ဖြစ်ကြောင်း အခြားသူများက ထောက်ပြသည့်အခါ၊ ၎င်းတို့သည် ၎င်းတို့၏ စကားပြောသည့်ဟန်ပန်ကို အခြားသူများက အမှားရှာမတွေ့နိုင်သည့်၊ ပြီးလျှင် မည်သူကမျှ မသိမြင်နိုင်သည့် ဟန်ပန်တစ်ခုသို့ ပြောင်းလဲလိုက်သည်။ ၎င်းတို့သည် ၎င်းတို့၏ စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်ရန်နှင့် ၎င်းတို့၏လျှို့ဝှက်သော ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိရန် သာ၍ ပါးနပ်သော နည်းလမ်းများကိုပင် အသုံးပြုလေသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးတွင် ပြသသည့် အရာဖြစ်ပြီး ယင်းသည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရမှ ပေါက်ဖွားလာသည်။ ၎င်းတို့သည် အပြစ်ဒဏ်ပေးခြင်းခံရလိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏အဆုံးသတ် ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် ကျိန်ဆဲခံရပြီး၊ အပြစ်စီရင်ခြင်းခံရကြောင်း ၎င်းတို့အား ဘုရားသခင်က ပြောလျှင်ပင်၊ ဤအရာက ၎င်းတို့၏ အနှစ်သာရကို ပြောင်းလဲနိုင်မည်လော။ ယင်းက သမ္မာတရားအပေါ် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းနိုင်မည်လော။ ယင်းက ဂုဏ်ဒြပ်၊ ကြွယ်ဝမှုနှင့် သြဇာတိက္ကမတို့ကို ၎င်းတို့၏ နှစ်သက်ခြင်းအား ပြောင်းလဲနိုင်မည်လော။ မပြောင်းလဲနိုင်ချေ။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သောလူများကို ဘုရားသခင်ကို ကိုးကွယ်သည့် သာမန်လူ့သဘာဝရှိသည့် လူများအဖြစ်သို့ ပြောင်းလဲခြင်းသည် ဘုရားသခင်၏အမှု ဖြစ်သည်။ ယင်းကို စွမ်းဆောင်ရရှိနိုင်ပေသည်။ သို့သော် မကောင်းဆိုးဝါးများ၊ လူ့အရေကို ခြုံထားသော်လည်း စာတန်ဆန်သော အနှစ်သာရ ရှိသည့် လူများ၊ စာတန်၏စခန်းတွင် စာတန်ကို ကိုးကွယ်ပြီး ဘုရားသခင်ကို ရန်လိုသူများကို သာမန်လူများအဖြစ်သို့ ပြောင်းလဲရန်မှာ ဖြစ်နိုင်သလော။ ယင်းမှာ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤသို့သော အမှုမျိုးကို မလုပ်ဆောင်ချေ။ ဤလူများသည် ဘုရားသခင် ကယ်တင်သည့်သူများထဲတွင် မပါဝင်ပေ။ သို့ဆိုလျှင် ဘုရားသခင်သည် ထိုသို့သောလူများကို မည်သို့သတ်မှတ်သနည်း။ ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ခြင်း၊ သို့မဟုတ် ကယ်တင်ခြင်းကို ခံရသည့်သူများ မဟုတ်ကြပေ။ ဘုရားသခင်သည် ထိုသို့သောလူများကို မလိုချင်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်တွင် ရှိပြီးဖြစ်သည်မှာ မည်မျှကြာမြင့်ပါစေ၊ ၎င်းတို့ မည်မျှဒုက္ခခံပြီးဖြစ်ပါစေ၊ ၎င်းတို့ မည်မျှပြီးမြောက် အောင်မြင်ပြီးဖြစ်ပါစေ၊ ၎င်းတို့၏ ရည်ရွယ်ချက်များ မပြောင်းလဲပေ။ ၎င်းတို့သည် ၎င်းတို့၏ ရည်မှန်းချက်များ၊ သို့မဟုတ် လိုအင်ဆန္ဒများကို ဘေးဖယ်ထားကြမည် မဟုတ်ချေ၊ ဂုဏ်ဒြပ်နှင့် လူများအတွက် ဘုရားသခင်နှင့် တုပယှဉ်ပြိုင်ရန် ၎င်းတို့၏ အရင်းခံအကြောင်းနှင့် အာသာဆန္ဒတို့ကို စွန့်လွှတ်ရန်မှာ သာ၍နည်းပါးပေသည်။ ထိုသို့သော လူများသည် ရှင်သန်နေသည့် အန္တိခရစ်များ ဖြစ်ကြလေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်” မှ

အန္တိခရစ်အားလုံးသည် နောင်တရမည့်အစား သေသာအသေခံကြမည်။ ၎င်းတို့သည် ဘုရားသခင်ကို သေသည်အထိ ခုခံဖို့နှင့် အဆုံးထိတိုင်အောင် တိုက်ခိုက်ဖို့ သစ္စာကတိပြုထားလေသည်။ ဘုရားသခင် တစ်ပါးရှိကြောင်း၊ သူသည် လူသားကို ဖန်ဆင်းခဲ့ကြောင်းနှင့် လူသားမျိုးနွယ်ကို သူကယ်တင်နိုင်ကြောင်းတို့ကို ၎င်းတို့သည် စိတ်ထဲတွင် အသိအမှတ်ပြုသော်လည်း၊ ၎င်းတို့၏သဘာဝသည် ၎င်းတို့ရွေးချယ်ထားပြီးဖြစ်သော လမ်းကြောင်းကို ပြောင်းလဲနိုင်စွမ်းမရှိ ဖြစ်စေပြီး၊ ဘုရားသခင်ကို ၎င်းတို့၏ ရန်လိုမှုနှင့်သက်ဆိုင်သည့် အမှန်တရားကို ပြောင်းလဲနိုင်စွမ်း မရှိဖြစ်စေသည်။ ထို့ကြောင့် အန္တိခရစ်များ၏ အပြုအမူနှင့်သက်ဆိုင်သည့် အနှစ်သာရသည် ရာထူးအဆင့်အတန်း ရှိခြင်း၊ လူများကို သိမ်းသွင်းစည်းရုံးခြင်းနှင့် လူများကို ၎င်းတို့နောက်လိုက်စေပြီး ကြည်ညိုစေခြင်းတို့နှင့်ပတ်သက်သည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့ နည်းလမ်းများနှင့် နည်းစနစ်များကို အစဉ်အသုံးပြုဖို့ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့သည် လူသားမျိုးနွယ်နှင့်ပတ်သက်၍ ဘုရားသခင်နှင့် တမင်သက်သက် ယှဉ်ပြိုင်နေခြင်း မဟုတ်သည်မှာ ဖြစ်နိုင်သည်၊ သို့ရာတွင် တစ်ခုတော့ သေချာပေသည်။ ၎င်းတို့သည် လူသားများအတွက် ဘုရားသခင်နှင့် မယှဉ်ပြိုင်သည့်အခါတွင်ပင်၊ လူများအလယ်တွင် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာတို့ကို ရရှိဖို့ ဆန္ဒရှိဆဲဖြစ်သည်။ ၎င်းတို့သည် ရာထူးအဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်နေသည်ကို ၎င်းတို့သဘောပေါက်သည့် နေ့ရက်အချိန် ရောက်လာပြီး၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းလျှင်ပင်၊ လူများအလယ်တွင် ရာထူးအဆင့်အတန်း ရရှိဖို့နှင့် အသိအမှတ်ပြုခြင်းခံရဖို့ အခြားနည်းစနစ်များကို အသုံးပြုဆဲဖြစ်သည်။ တိုတိုပြောရလျှင်၊ အန္တိခရစ်များ လုပ်သမျှအရာအားလုံးသည် ၎င်းတို့၏တာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်မှု တစ်ခုပါဝင်ပုံရပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သော နောက်လိုက်များဖြစ်ပုံရသော်လည်း၊ လူများကို ထိန်းချုပ်ဖို့- ပြီးလျှင် လူများအလယ်တွင် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာရဖို့- ၎င်းတို့၏ ရည်မှန်းချက်သည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သို့မဟုတ် လုပ်ဆောင်သည်ဖြစ်စေ၊ ပြီးလျှင် လူများကို သူမည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်တို့နှင့် လိုက်လျောညီထွေဖြစ်သည့် နည်းလမ်းတစ်ခုဖြင့် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကို မလုပ်ဆောင်ပေ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်များကို မဖြည့်ဆည်းပေ၊ သူ၏မိန့်မြွက်ချက်များနှင့် သမ္မာတရားကို နားလည်သဘောပေါက်ခြင်း၏ ရလဒ်တစ်ခုအနေဖြင့် တန်ခိုးအာဏာနှင့် ရာထူးအဆင့်အတန်းကို ၎င်းတို့၏ လိုက်စားခြင်းကိုလည်း ၎င်းတို့မစွန့်ပယ်ပေ။ တစ်လျှောက်လုံးတွင် ၎င်းတို့၏ ရည်မှန်းချက်က ၎င်းတို့ကို ဖမ်းစားထားကာ၊ ၎င်းတို့၏ အပြုအမူနှင့် အတွေးအခေါ်များကို ထိန်းချုပ်ပြီး ညွှန်ကြား၍ ၎င်းတို့လျှောက်သည့် လမ်းကြောင်းကို သတ်မှတ်ပေးသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ သရုပ်သကန် ဖြစ်သည်။ ဤနေရာတွင် မည်သည့်အရာကို အလေးထား ပြောထားသနည်း။ လူအချို့က “အန္တိခရစ်များသည် လူများကို ရရှိဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်သူများ၊ သူ့ကို အသိအမှတ်မပြုသူများဖြစ်ကြသည် မဟုတ်ပါသလား” ဟု မေးကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုကောင်း ပြုနိုင်မည်၊ ၎င်းတို့သည် သူ၏တည်ရှိမှုကို စစ်မှန်စွာ အသိအမှတ်ပြုပြီး ယုံကြည်ကောင်း ယုံကြည်နိုင်မည်၊ ပြီးလျှင် ၎င်းတို့သည် သူ့နောက်ကို လိုက်ဖို့နှင့် သမ္မာတရားကို ရရှိအောင်အားထုတ်ဖို့ လိုလားကောင်း လိုလားနိုင်မည်၊ သို့ရာတွင် တစ်ခုတော့ မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် တန်ခိုးအာဏာနှင့် ရာထူးအဆင့်အတန်းအတွက် ၎င်းတို့၏ ရည်မှန်းချက်ကို မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ၊ ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားကြောင့်ဖြစ်စေ ထိုအရာများကို ၎င်းတို့၏လိုက်စားမှုကိုလည်း မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်ပေ။ ဤသည်တို့မှာ အန္တိခရစ်များ၏ ထူးခြားသောလက္ခဏာများ ဖြစ်သည်။ လူတစ်ယောက်သည် မည်မျှဒုက္ခခံစားပြီးဖြစ်ပါစေ၊ သမ္မာတရားမည်မျှကို ၎င်းတို့နားလည်ပြီးဖြစ်ပါစေ၊ သမ္မာတရား စစ်မှန်မှုများမည်မျှကို ၎င်းတို့ဝင်ရောက်ပြီးဖြစ်ပါစေ၊ ပြီးလျှင် ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာမည်မျှကို ၎င်းတို့ ပိုင်ဆိုင်ပြီးဖြစ်ပါစေ၊ ဤအပြင်ပန်းဖြစ်စဉ်နှင့် သရုပ်သကန်များထက် ကျော်လွန်၍၊ ၎င်းတို့သည် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာတို့အတွက် ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုက်စားခြင်းတို့ကို မည်သည့်အခါမျှ ထိန်းချုပ်မည် မဟုတ်ပေ၊ သို့မဟုတ် စွန့်လွှတ်မည် မဟုတ်ပေ၊ ပြီးလျှင် ဤအရာက ၎င်းတို့၏ သဘာဝအနှစ်သာရကို အတိအကျ သတ်မှတ်ပေးလေသည်။ ထိုသို့သောလူများကို အန္တိခရစ်များအဖြစ် ဘုရားသခင်၏ သမုတ်ခြင်းတွင် အမှားစိုးစဉ်းမျှ မရှိပေ။ ယင်းကို ၎င်းတို့၏ တကယ့်သဘာဝ အနှစ်သာရအားဖြင့် သတ်မှတ်ထားပြီးဖြစ်သည်။ လူအချို့က အန္တိခရစ်တစ်ဦးသည် လူသားမျိုးနွယ်နှင့်ပတ်သက်၍ ဘုရားသခင်နှင့် ယှဉ်ပြိုင်ဖို့ကြိုးစားသူ မည်သူမဆိုဖြစ်သည်ဟု ယုံကြည်ဖူးကောင်း ယုံကြည်ဖူးလိမ့်မည်။ သို့သော် တစ်ခါတစ်ရံတွင် အန္တိခရစ်များသည် ဘုရားသခင်နှင့် သေချာပေါက် ယှဉ်ပြိုင်ဖို့ မလိုအပ်ပေ။ ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာအတွက် ၎င်းတို့၏အသိပညာ၊ နားလည်သဘောပေါက်ခြင်းနှင့် လိုအပ်ချက်တို့သည် သာမန်လူများ၏ အသိပညာ၊ နားလည်သဘောပေါက်ခြင်းနှင့် လိုအပ်ချက်တို့နှင့် ခြားနားသောသူများ ဖြစ်ရန်သာ လိုသည်။ သာမန်လူများသည် ကြွားဝါလွန်းနိုင်သည်။ ၎င်းတို့သည် အခြားသူများ၏ချီးမွမ်းခြင်းခံရဖို့နှင့် အထင်ကြီးခံရစေဖို့ ကြိုးစားနိုင်သည်၊ ပြီးလျှင် ၎င်းတို့သည် ရာထူးကောင်းအတွက် ယှဉ်ပြိုင်ဖို့ ကြိုးစားနိုင်သည်။ ဤသည်မှာ သာမန်လူများ၏ ရည်မှန်းချက်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ရာထူးများ ဆုံးရှုံးလျက်၊ ခေါင်းဆောင်များအဖြစ်မှ အစားထိုးခံရသည့်အခါ၊ ယင်းကို ၎င်းတို့ မေ့လိုက်ကြသည်။ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ပြောင်းလဲမှုတစ်ခု၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုတွင် ကြီးထွားရင့်ကျက်မှုအချို့၊ သမ္မာတရားထဲသို့ ဝင်ရောက်မှုနှင့်သက်ဆိုင်သည့် ကြိုးပမ်းအားထုတ်ရရှိခြင်းအချို့၊ သို့မဟုတ် သမ္မာတရားအပေါ် သာ၍ နက်ရှိုင်းသော နားလည်သဘောပေါက်မှု ရရှိခြင်းတို့ကြောင့်၊ ၎င်းတို့၏ ရည်မှန်းချက်သည် ဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။ ၎င်းတို့လျှောက်သည့် လမ်းကြောင်းနှင့် ၎င်းတို့ခရီးနှင်သည့် ဦးတည်ချက်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ပြီး၊ အဆင့်အတန်းနှင့် တန်ခိုးအာဏာတို့ကို ၎င်းတို့၏ လိုက်စားခြင်းသည် ပျောက်ကွယ်သွားသည်။ ၎င်းတို့၏ လိုအင်ဆန္ဒများသည်လည်း ဖြည်းဖြည်းချင်း လျော့နည်းသွားလေသည်။ သို့ရာတွင် အန္တိခရစ်များကမူ ကွဲပြားခြားနားကြသည်။ ၎င်းတို့သည် အဆင့်အတန်းနှင့် တန်ခိုးအာဏာကို ၎င်းတို့၏ လိုက်စားမှုကို မည်သည့်အခါမျှ စွန့်ပစ်နိုင်ခြင်း မရှိပေ။ မည်သည့်အချိန်တွင်မဆို၊ မည်သည့်ပတ်ဝန်းကျင်တွင်မဆို၊ ပြီးလျှင် ၎င်းတို့အနီးအနားတွင် မည်သည့်လူများရှိပြီး၊ ၎င်းတို့မည်သည့်အသက်အရွယ်ရှိပြီဖြစ်စေ၊ ၎င်းတို့၏ရည်မှန်းချက်သည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ရည်မှန်းချက်က မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်သည်ကို မည်သည့်အရာက ညွှန်ပြသနည်း။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များဖြစ်သည်ဟု ဆိုကြစို့။ ၎င်းတို့က အသင်းတော်ရှိ လူတိုင်းကို ထိန်းချုပ်လိုမည် ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့ခေါင်းဆောင်မဟုတ်သည့် နောက်ထပ် အသင်းတော်တစ်ခုသို့ သွားကောင်း သွားနိုင်သော်လည်း၊ ထိုရာထူးအဆင့်အတန်းအတွက် ၎င်းတို့တမ်းတဆဲ ဖြစ်လေသည်။ ထိုသို့သောလူများ မည်သည့်နေရာသို့သွားသည်ဖြစ်စေ၊ ၎င်းတို့သည် တန်ခိုးအာဏာကို စွဲကိုင်လိုကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ရည်မှန်းချက်ဖြင့် ပြည့်လျှမ်းမနေသလော။ ၎င်းတို့ပြသည့်အရာသည် သာမန်လူ့သဘာဝ၏နယ်ပယ်ကို ကျော်လွန်သွားသည်။ ဤသည်နှင့်ပတ်သက်၍ မူမမှန်သည့်အရာတစ်ခု မရှိသလော။ ယင်းနှင့်ပတ်သက်၍ မူမမှန်သည့်အရာမှာ အဘယ်နည်း။ ၎င်းတို့ပြသည့်အရာသည် သာမန်လူ့သဘာဝက ပြသသင့်သည့်အရာ မဟုတ်ပေ။ ၎င်းတို့သည် မည်သည့်အရာကို ပြသနည်း။ ဤသည်ကို ပြသဖို့ ဖြစ်စေသည့်အရာမှာ အဘယ်နည်း။ ယင်းကို ၎င်းတို့၏ သဘာဝက ဖြစ်စေသည်။ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြသည်။ ဤသည်မှာ သာမန်ဖောက်ပြန်ပျက်စီးခြင်းနှင့် မတူပေ။ ကွဲပြားခြားနားချက် ရှိလေသည်။ အန္တိခရစ်များသည် အဆင့်အတန်းနှင့် တန်ခိုးအာဏာကို ၎င်းတို့လိုက်စားရာ၌ ဘာမဆိုလုပ်ကြမည်ဖြစ်သည်။ ၎င်းတို့သည် ထိုအရာ၏ လုံးဝဖမ်းစားခြင်း ခံထားရသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ အနှစ်သာရဖြစ်သည်။ ယင်းသည် ၎င်းတို့၏ နဂိုမူလ ပုံသဏ္ဌာန်ဖြစ်ပြီး၊ ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝဖြစ်သည်။ ၎င်းတို့သည် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရုံမျှသာ ယှဉ်ပြိုင်ခြင်း မဟုတ်ဘဲ၊ အဆင့်အတန်းအတွက် လူများနှင့်လည်း ယှဉ်ပြိုင်သည်။ အခြားသူများက လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ၊ သို့တည်းမဟုတ် သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ၊ အန္တိခရစ်များသည် သူတို့၏ ဆန္ဒများကို အရေးမထားဘဲ၊ သူတို့ကို ထိန်းချုပ်ဖို့နှင့် သူတို့၏ ခေါင်းဆောင်များဖြစ်ဖို့ တက်ကြွစွာ ကြိုးစားကြလေသည်။ အန္တိခရစ်များသည် မည်သည့်နေရာ သွားပါစေ ကြီးကြပ်သူ ဖြစ်လိုပြီး ဆုံးဖြတ်ချက်ချလိုသည်။ ဤသည်မှာ ၎င်းတို့၏သဘာဝလော။ လူများက သင့်ကို နားထောင်လိုသလော။ ၎င်းတို့က သင့်ကို ရွေးချယ်ခဲ့သလော။ ၎င်းတို့က သင့်ကို ရွေးကောက်ခဲ့သလော။ သင်ဆုံးဖြတ်ချက်ချသည်ကို ၎င်းတို့က သဘောတူသလော။ ဤလူများကို မည်သူမျှ ဆုံးဖြတ်ချက်မချစေလိုဘဲ၊ မည်သူမျှ ၎င်းတို့ကို နားမထောင်လိုသော်လည်း၊ ၎င်းတို့သည် ဆုံးဖြတ်ချက်ချဖို့ ကြိုးစားဆဲ ဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သလော။ ၎င်းတို့သည် လုံးဝ အရှက်ကင်းမဲ့ကြပြီး အားတုံ့အားနာဖြစ်ခြင်း မရှိကြပေ။ ထိုသို့သော လူများသည် ခေါင်းဆောင်ဖြစ်သည့်အခါ၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ ခေါင်းဆောင်များ မဖြစ်သည့်အခါတွင်လည်း ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် လူတို့ကို ဝေခွဲမရဖြစ်စေပြီး သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ကာ ထိန်းချုပ်လေ၏” မှ

မိမိတို့၏အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားနှင့် အနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ— ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်တစ်ဦးလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က “ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်ဒြပ်ကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ဂုဏ်ဒြပ်ရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော” ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ထိုနည်းအားဖြင့် ကြိုးစားမည် မဟုတ်ချေ။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပယိကတစ်ခုဖြစ်ဖို့ မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ချေ။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် ကြိုးစားအားထုတ်သည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့ကြိုးစားအားထုတ်ပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့လိုက်စားသည့် ရည်ရွယ်ချက်ဖြစ်သည်၊ ၎င်းတို့၏ စိတ်နှလုံးများ၌ မစွန့်လွှတ်နိုင်သည့် ၎င်းတို့လိုက်စားသော ပန်းတိုင်လည်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ကို သာမန်လူတစ်အုပ်ကြားတွင် ထည့်ထားလျှင် ၎င်းတို့တွေးသမျှသည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က ယုံကြည်မှုကို ရရှိသည့်အခါ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ဘုရားသခင်အား ယုံကြည်ခြင်းအရာကို လိုက်စားခြင်းနှင့် သဘောညီမျှသည်ဟု ၎င်းတို့က မြင်ကြသည်။ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်ဟု ဆိုနိုင်သည်။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း ဆိုနိုင်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းပေါ်တွင် ၎င်းတို့က ကုံလုံသော အဆင့်အတန်းကို မရရှိသေးဟု ခံစားရပါက— ၎င်းတို့ကို မည်သူကမျှ ရိုသေလေးမြတ်ခြင်း မရှိသကဲ့သို့ အထင်မကြီးပါက၊ ၎င်းတို့သည် အခြားသူများကြားတွင် ချီးမြှောက်ခြင်း မခံရပါဘဲ ၎င်းတို့၌ စစ်မှန်သော တန်ဖိုးမရှိပါက— ၎င်းတို့သည် များစွာ စိတ်ဓာတ်ကျပြီး ဘုရားသခင်ကို ယုံကြည်ခြင်း၌ မည်သည့်အရေးပါမှု၊ သို့မဟုတ် မည်သည့်တန်ဖိုးမျှ မရှိဟု ယုံကြည်ကြသည်။ “ငါယုံကြည်သည့် လမ်းခရီးကို ဘုရားသခင်က မနှစ်သက်သလော။ ငါသည် အသက်ကို မရရှိသေးသလော။” ၎င်းတို့၏ စိတ်များထဲတွင် ၎င်းတို့က ဤအရာများနှင့် ပတ်သက်၍ မကြာခဏ တွက်ချက်နေကြသည်။ ၎င်းတို့က ဘုရားအိမ်တော်၌ဖြစ်စေ၊ ၎င်းတို့ရှိသည့် ပတ်ဝန်းကျင်၌ဖြစ်စေ ရာထူးတစ်ခုကို မည်သို့ရရှိနိုင်ပုံ၊ မြင့်မားသော ဂုဏ်သတင်းနှင့် ဩဇာအာဏာအဆင့်တစ်ခုကို ၎င်းတို့ မည်သို့ရရှိနိုင်ပုံ၊ ၎င်းတို့ကို လူများက နားထောင်အောင် မည်သို့လုပ်နိုင်ပြီး ၎င်းတို့ စကားပြောသည့်အခါတွင် ၎င်းတို့ကို မြှောက်ပင့်အောင် မည်သို့လုပ်နိုင်ပုံ၊ ၎င်းတို့ပြောသည့်အတိုင်း ထိုလူများကို မည်သို့လုပ်ခိုင်းနိုင်ပုံ၊ အုပ်စုတစ်စုထဲတွင် အမှုကိစ္စများနှင့်ပတ်သက်၍ ၎င်းတို့က မည်သို့ တစ်ဖက်သတ်ပြောနိုင်ပြီး ၎င်းတို့၏ တည်ရှိမှုကို အခြားသူများက ဂရုမူလေးစားအောင် မည်သို့လုပ်ဆောင်နိုင်ပုံတို့ကို စီစဉ်နေကြသည်။ ဤသည်မှာ ၎င်းတို့၏စိတ်များထဲတွင် ၎င်းတို့ မကြာခဏ တွေးတောသည့် အရာဖြစ်သည်။ ဤသည်မှာ ထိုကဲ့သို့သော လူများ စွမ်းဆောင်ရရှိဖို့ ကြိုးစားအားထုတ်သည့် အရာဖြစ်သည်။ ၎င်းတို့က ထိုကဲ့သို့သော အရာများအကြောင်း အဘယ့်ကြောင့် အစဉ်တွေးတောနေကြသနည်း။ သမ္မာတရားကို ကြားပြီးသည့်နောက်၊ ဒေသနာများကို နားထောင်ပြီးသည့်နောက်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် နားမလည်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့သည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ယူဆချက်တို့ကို အမှန်တကယ် မပြောင်းလဲနိုင်သလော။ ဤသည်မှာ လူများ၏ သဘာဝနှင့် အနှစ်သာရတို့နှင့် သက်ဆိုင်သည့် ပြဿနာ တစ်ခုဖြစ်ပေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထင်ရှားကျော်ကြားမှု ရစေဖို့...၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။... (အပိုင်း ၃)” မှ

အန္တိခရစ်တစ်ဦး၏ အနှစ်သာရနှင့်သက်ဆိုင်သည့် အသိသာဆုံးသော ဝိသေသလက္ခဏာများထဲမှ တစ်ခုမှာ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အာဏာရှင်စနစ်ကို အုပ်ချုပ်မင်းလုပ်နေသည့် အာဏာရှင်များကဲ့သို့ဖြစ်သည်- ၎င်းတို့သည် မည်သူ့ကိုမျှ နားမထောင်ပေ၊ ၎င်းတို့သည် လူတိုင်းကို အထင်သေးပြီး၊ အခြားတစ်စုံတစ်ဦး ပြောသည့်အရာ၊ လုပ်ဆောင်သည့်အရာ၊ ထိုသူတို့တွင်ရှိသည့် ထိုးထွင်းအမြင်၊ ထိုသူတို့၏အမြင်ရှုထောင့်၊ ထိုသူတို့၏ အားသာချက်များ အားလုံးသည် ၎င်းတို့အမြင်တွင် နိမ့်ကျသည်။ ၎င်းတို့အတွက် မည်သူတစ်ဦးတစ်ယောက်မျှ ၎င်းတို့ လုပ်ဆောင်လိုသည့်အရာတွင် ပါဝင်ဖို့ မသင့်တော်သကဲ့သို့၊ သူတို့သည် ဆွေးနွေးတိုင်ပင်ဖို့ သို့မဟုတ် အကြံပြုချက်များ ပေးဖို့ အရည်အချင်းမပြည့်မီပုံ ရသည်- ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားမျိုး ဖြစ်သည်။ ဤသည်မှာ ညံ့ဖျင်းသော လူ့သဘာဝ ဖြစ်သည်ဟု လူအချို့က ပြောကြသည်- ယင်းက အဆန်းတကြယ် မဟုတ်သည့် ညံ့ဖျင်းသော လူ့သဘာဝ မည်သို့များ ဖြစ်နိုင်သနည်း။ ဤသည်မှာ စာတန်၏ စိတ်သဘောထားတစ်ခု လုံးလုံး ဖြစ်သည်။ ဤစိတ်သဘောထားမျိုးသည် အလွန့်အလွန် ခက်ထန်သည်။ ၎င်းတို့၏ သဘာဝသည် အလွန့်အလွန် ခက်ထန်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အန္တိခရစ်များက အသင်းတော်၏ အကျိုးစီးပွားအပါအဝင်၊ ဘုရားအိမ်တော်၏အမှုတို့ကို မည်သူတစ်ဦးတစ်ယောက်၏ ကြားဝင်နှောင့်ယှက်ခြင်းမျှ မပါဘဲ၊ ၎င်းတို့ လုံးလုံး စီမံခန့်ခွဲသင့်သည့် ၎င်းတို့၏ကိုယ်ပိုင်အဖြစ်၊ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုအဖြစ် ယူဆကြသည်။ ထို့ကြောင့် ဘုရားသခင်အိမ်တော်၏ အမှုကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့ တွေးသည့်တစ်ခုတည်းသော အရာများမှာ ၎င်းတို့၏ အကျိုးစီးပွားများ၊ ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်ဒြပ်နှင့် ဩဇာတိက္ကမတို့သာ ဖြစ်သည်။ ၎င်းတို့အမြင်တွင် ၎င်းတို့၏ဂုဏ်ဒြပ်နှင့် ဂုဏ်သတင်းကို ဒုက္ခပေးမည့်ဟန်ရှိသည့်သူ မည်သူကိုမဆို ၎င်းတို့ ငြင်းပယ်သည်။ ၎င်းတို့သည် ထိုသူတို့ကို ဖိနှိပ်ပြီး ဝိုင်းပယ်ထားကြသည်။ အသင်းတော်အဖို့ အသုံးတည့်ပြီး အထူးတာဝန်အချို့ကို ထမ်းဆောင်ခြင်းအတွက် အသုံးတည့်ပြီး သင့်တော်သည့်သူများကိုပင် ၎င်းတို့က ကြဉ်ထားပြီး ဖိနှိပ်ထားသည်။ ၎င်းတို့သည် ဘုရားသခင်အိမ်တော်၏ အမှုတော်အတွက် သို့မဟုတ် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများအတွက် အရေးထားခြင်း စိုးစဉ်းမျှ မရှိပေ။ တစ်စုံတစ်ဦးက ၎င်းတို့၏ ဂုဏ်အဆင့်အတန်းအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်ပါက၊ ၎င်းတို့ကို ကျိုးနွံနာခံခြင်းမရှိပါက၊ ၎င်းတို့ကို အာရုံမစိုက်နေပါက၊ ၎င်းတို့သည် ထိုသူကို ကြဉ်ထားကြပြီး ခပ်ခွာခွာနေကြသည်။ ထိုသူတို့ကို ၎င်းတို့နှင့် ပူးပေါင်းခွင့်မပေးဘဲ၊ ၎င်းတို့တာဝန်ရှိသည့် အလုပ်နယ်ပယ်အတွင်း သူတို့ကို မည်သည့်အရေးပါသည့် အခန်းကဏ္ဍ၌မျှ ပါဝင်ခွင့်မပြုသကဲ့သို့၊ သင့်ကို မည်သည့်အရေးပါသည့် အသုံးဝင်မှုကိုမျှ ဖြစ်ခွင့်မပေးပေ။ ဤလူများ၏ လုပ်ဆောင်ချက်များက မည်မျှ ချီးကျူးထိုက်ပါစေ သို့မဟုတ် ဘုရားသခင်အိမ်တော်အတွက် ထိုသူများက မည်မျှ ကြီးမြတ်သည့် အရာကို လုပ်ဆောင်ခဲ့ပါစေ၊ အန္တိခရစ်များက ယင်းကို ဖုံးဖိထားသည်၊ လျှောချပြီး ညီအစ်ကိုမောင်နှမများရှေ့တွင် မပြစေဘဲ၊ ညီအစ်ကိုမောင်နှမများကို အသိမပေးဘဲထားသည်။ ထို့အပြင် အန္တိခရစ်များသည် ဤလူများ၏ အားနည်းချက်များနှင့် ဖောက်ပြန်ပျက်စီးခြင်းများကို ညီအစ်ကိုမောင်နှမများ အလယ်တွင် မကြာခဏ စတင် ပြောဆိုဆွေးနွေးသည်၊ ဤလူများသည် မာနထောင်လွှားကြောင်း၊ ထိုသူတို့သည် လူများ၊ အရေးကိစ္စများနှင့် ပတ်သက်၍ စိတ်ဆိုးညည်းညူကြကြောင်း၊ ထိုသူတို့သည် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်နိုင်ချေ ရှိကြောင်း၊ ထိုသူတို့သည် ဘုရားသခင်အိမ်တော်အစား အပြင်လူများကို ကူညီတတ်ကြောင်း၊ ထိုသူတို့သည် မသိနားမလည်ကြောင်း စသည်ဖြင့် ၎င်းတို့က ပြောကြသည်။ ဤလူများကို ကြဉ်ပြီး ဖိနှိပ်ဖို့ ၎င်းတို့တတ်နိုင်သမျှ ဆင်ခြင်မျိုးစုံကို ရှာဖွေကြသည်။ အမှန်တွင် ဤလူများထဲမှ လူအချို့သည် အထူးကျွမ်းကျင်မှုများရှိကြသကဲ့သို့၊ အချို့တွင် သေးငယ်သော အမှားတစ်ခုရှိကြသည်။ ယေဘုယျအားဖြင့် ထိုသူတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ သင့်တော်သည်၊ တာဝန်တစ်ခုကို ထမ်းဆောင်သူများအတွက် အခြေခံသဘောတရားများနှင့် ထိုသူတို့ ကိုက်ညီကြသည်၊ သို့သော် အန္တိခရစ်များ၏အမြင်တွင်၊ ၎င်းတို့က “ဤအရာကို ကျွန်ုပ်မည်သို့မျှ သည်းမခံနိုင်ပါ။ သင်သည် ကျွန်ုပ်နှင့်ယှဉ်ပြိုင်ဖို့ ကျွန်ုပ်၏ အဖွဲ့ထဲတွင် အခန်းကဏ္ဍတစ်ခု လိုချင်သည်။ ယင်းမှာ မဖြစ်နိုင်ပေ၊ စဉ်းတောင်မစဉ်းစားလေနှင့်။ သင်သည် ကျွန်ုပ်ထက် သာ၍ တတ်နိုင်စွမ်းသည်၊ ကျွန်ုပ်ထက် သာ၍ ရှင်းလင်းစွာ ပြောဆိုနိုင်သည်၊ ကျွန်ုပ်ထက် သာ၍ ပညာတတ်ပြီး ကျွန်ုပ်ထက် လူကြိုက်များသည်။ ကျွန်ုပ်၏ ထင်ရှားကျော်ကြားမှုနှင့်ဩဇာအာဏာကို သင် လုယူသွားပါက ကျွန်ုပ် မည်သို့လုပ်ရမည်နည်း။ သင်သည် ကျွန်ုပ်အား သင်နှင့်တွဲဖက်၍ အလုပ်လုပ်စေလိုသလော။ စဉ်းတောင်မစဉ်းစားလေနှင့်။” ၎င်းတို့သည် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများကို ဆင်ခြင်ထောက်ထားနေခြင်းလော။ မဟုတ်ပေ။ ၎င်းတို့ တွေးတောသမျှ အရာအားလုံးသည် ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်ဒြပ်ကို ထိန်းသိမ်းနိုင်ခြင်း ရှိမရှိသာ ဖြစ်သောကြောင့် ၎င်းတို့သည် ဤလူများကို အသုံးပြုခြင်းထက် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများကိုသာ ထိခိုက်စေလိမ့်မည်။ ဤသည်မှာ ကြဉ်ထားခြင်း ဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)” မှ

အန္တိခရစ်များ၏ဆိုးယုတ်မှုတွင် အဓိက ထူးခြားသော လက္ခဏာ တစ်ခုရှိသည်— ယင်းကို မည်သို့ပိုင်းခြားသိမြင်ပုံနှင့် သက်ဆိုင်သည့် လျှို့ဝှက်ချက်ကို သင့်တို့အား ငါဝေမျှမည်။ လျှို့ဝှက်ချက်မှာ ဤအရာဖြစ်သည်— ပထမဦးစွာ ၎င်းတို့၏ အပြောအဆိုတွင်ဖြစ်စေ၊ ၎င်းတို့၏အပြုအမူတွင်ဖြစ်စေ ၎င်းတို့သည် သင့်အတွက် ဉာဏ်မမီနိုင်ပေ။ ၎င်းတို့ကို သင်အဓိပ္ပာယ်မကောက်နိုင်ပေ။ သင့်ကို ၎င်းတို့ စကားပြောနေသည့်အခါတွင် ၎င်းတို့၏မျက်လုံးများက အမြဲပင် ကစားနေပြီး ၎င်းတို့အနေဖြင့် မည်သည့်အကြံအစည်မျိုး လျှို့ဝှက်ကြံစည်နေသည်ကို သင်မသိနိုင်ပေ။ ၎င်းတို့က အလွန် “စစ်မှန်” ပြီး “ရိုးသား” သည့်ပုံပေါ်သည့်အခါတွင်ပင် ၎င်းတို့ကို သင်မတွက်ဆနိုင်သေးပေ။ သင်၏စိတ်နှလုံးထဲ၌ အထူး ခံစားချက်တစ်ခု ရှိသည်၊ ၎င်းတို့၏ အတွေးများအတွင်း နက်ရှိုင်းသော သိမ်မွေ့နက်နဲမှု၊ ဉာဏ်မမီသော နက်ရှိုင်းမှု ရှိသည်ဆိုသည့် ခံစားမှုတစ်ခုဖြစ်သည်။ ၎င်းတို့က သိုဝှက်ပြီး ဆန်းကြယ်ပုံရသည်။ ဤသည်မှာ ပထမဆုံး ထူးခြားသော လက္ခဏာဖြစ်ပြီး ဤတစ်ခုတည်းကပင် ဆိုးယုတ်မှု၏ ထူးခြားသောလက္ခဏာဖြစ်လေသည်။ အန္တိခရစ်များ၏ ဆိုးယုတ်မှုနှင့်သက်ဆိုင်သည့် ဒုတိယ ထူးခြားသောလက္ခဏာမှာ ထင်ယောင်ထင်မှား အလွန်ဖြစ်စေသော နည်းလမ်းများဖြင့် ၎င်းတို့ပြောဆိုပြုမူကြခြင်း ဖြစ်သည်။ ဤထင်ယောင်ထင်မှား ဖြစ်စေခြင်းကို မည်သည့်နေရာတွင် တွေ့မြင်နိုင်သနည်း။ ၎င်းတို့သည် အခြားသူများ၏စိတ်သဘောကို နားလည်ခြင်း၌ အထူးသဖြင့် ကျွမ်းကျင်သည့်အချက်၊ ၎င်းတို့၏စကားများသည် သာယာနာပျော်ဖွယ်ဖြစ်ပြီး မှန်ကန်ပုံရသည့်အချက်တွင် တွေ့မြင်နိုင်ပေသည်။ ၎င်းတို့သည် နက်နဲသော အယူအဆများကို အသေးစိတ်ရှင်းပြပြီး စိတ်ခံစားချက်များ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ သဘောတရားတို့၏ ရှုထောင့်များမှ အခြားသူများ လက်ခံနိုင်ဖွယ်ရှိသည့် အရာများဖြစ်သော မှန်ကန်သည့်အရာများကို ပြောသည်။ သို့ရာတွင် သင် ပိုင်းခြားသိမြင်သင့်သည့် အရာတစ်ခုရှိ၏။ ၎င်းတို့ပြောဆိုသည့် သာယာနာပျော်ဖွယ် အရာများအားလုံးကို ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ လိုက်နာခြင်း မရှိပေ။ ဥပမာအနေဖြင့် ရိုးသားသည့်သူတစ်ဦး မည်သို့ဖြစ်ရမည်၊ ပြဿနာတစ်ခုနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ မည်သို့ဆုတောင်းရမည်၊ သို့မဟုတ် သင့်အသက်တာ၌ ဘုရားသခင်ကို မည်သို့ စိုးမိုးခွင့်ပေးရမည်တို့ကို ၎င်းတို့က သင့်အား ပြောသည်ဆိုပါစို့— ၎င်းတို့ကိုယ်တိုင် ပြဿနာများနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ကိုသာ ကြည့်လော့။ ၎င်းတို့က ဦးနှောက်ခြောက်ခံ စဉ်းစားရင်း ဟိုဟိုသည်သည် လုပ်ဆောင်လျက် ၎င်းတို့၏အကြံဉာဏ်များ၊ ၎င်းတို့၏ အတွေးအခေါ်များနှင့် ၎င်းတို့၏စွမ်းရည်များအပေါ် မှီခို အားထားကြသည်။ အခြားသူများက ၎င်းတို့ကို အစေခံစေဖို့၊ ၎င်းတို့၏အရေးကိစ္စများကို ကိုင်တွယ်စေဖို့ ၎င်းတို့က တတ်နိုင်သမျှ ကြိုးစားကြသည်။ ၎င်းတို့မလုပ်ဆောင်သည့် အရာမှာ ဘုရားသခင်ထံ ဆုတောင်းခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် လူများအနေဖြင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို မည်သို့လက်ခံသင့်ပြီး ကျိုးနွံနာခံသင့်ကြောင်းတို့ကို စိတ်ထဲကမပါဘဲ ပြောကြသော်လည်း ၎င်းတို့၏ကိုယ်ပိုင်ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါတွင် ၎င်းတို့လုပ်ဆောင်သည့် ပထမဆုံး လုပ်ရပ်မှာ ထွက်ပေါက်ရှာခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကို လက်မခံကြပေ— လူများမြင်သည့်အရာမှာ ၎င်းတို့သည် မိမိတို့၏ လုပ်ရပ်များ၌ ကျိုးနွံနာခံခြင်း မရှိဘဲ မိမိတို့ကိုယ်ကိုအတွက် ထွက်ပေါက်ရှာဖို့ ကြိုးစားခြင်းသာ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ဆိုးယုတ်သောဘက် ဖြစ်သည်၊ ယင်းက ၎င်းတို့၏ ထင်ယောင်ထင်မှားဖြစ်စေသော သွင်ပြင်လက္ခဏာ၏ နောက်ကွယ်တွင် တည်ရှိနေသည်။ ၎င်းတို့၏အလုပ်တွင် တစ်ခါတစ်ရံ ၎င်းတို့သည် ညဉ့်နက်သည်အထိ အလုပ် လုပ်သော်လည်း၊ သို့မဟုတ် အစားအစာနှင့် အိပ်စက်ခြင်းတို့ကိုပင် ရှောင်ကြဉ်ကြသော်လည်း ဘုရားအိမ်တော်က ပြုလုပ်သည့် စီစဉ်မှုကို ရင်ဆိုင်ရသည့်အခါ ယင်းကို အကောင်အထည်ဖော်ခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း မရှိသကဲ့သို့ သမ္မာတရားကိုလည်း ၎င်းတို့လက်မခံကြပေ။ ၎င်းတို့ထုတ်ဖော်ပြသည့် နောက်ထပ် အပြုအမူတစ်ခုမှာ ညီအစ်ကိုမောင်နှမများက ၎င်းတို့ သဘောမတူသည့် ထင်မြင်ချက်တစ်ခုကို ဖော်ပြသည့်အခါ ၎င်းတို့သည် လှည့်ပတ်ပြောဆိုလျက် ယင်းကို အလွန် ဝေ့ဝိုက်သော နည်းလမ်းဖြင့် ငြင်းပယ်ကြခြင်း ဖြစ်သည်။ ယင်းက ၎င်းတို့သည် သင်၏အကြံဉာဏ်ကို အလွန် အလေးအနက်ထားသည်ဟု သင့်အား ခံစားရစေသည်။ ၎င်းတို့က လူတိုင်းနှင့် မိတ်သဟာယဝေမျှကာ ယင်းကို ဆွေးနွေးကြသော်လည်း နောက်ဆုံးခြုံငုံ၍ ကြည့်လိုက်လျှင် ၎င်းတို့ပြောသည့်အတိုင်းသာ သင်လုပ်ဆောင်ရဆဲ ဖြစ်လေသည်။ အခြားသူများ၏ အကြံဉာဏ်များကို ငြင်းဆိုဖို့၊ အခြားသူများက ၎င်းတို့ကို သဘောတူလက်ခံပြီး ၎င်းတို့ ပြောသည့်အတိုင်း လုပ်စေဖို့ ၎င်းတို့က အစွမ်းကုန် ကြိုးစားလိမ့်မည်။ ဤသည်မှာ သမ္မာတရား အခြေခံသဘောတရားများကို ရှာဖွေခြင်း ဖြစ်သလော။ ၎င်းတို့ လက်တွေ့လက်ဆောင်နေသည့် အခြေခံသဘောတရားမှာ အဘယ်အရာနည်း။ ယင်းမှာ ၎င်းတို့ကို လူတိုင်းက နားထောင်အောင်နှင့် ကျိုးနွံနာခံအောင် လုပ်ရန်ဖြစ်ပြီး အခြားသူများကို နားထောင်ခြင်းသည် ၎င်းတို့ကို နားထောင်ခြင်းလောက် မည်သည့်အခါမျှ မကောင်းကြောင်း၊ ၎င်းတို့၏အကြံဉာဏ်များသည် အကောင်းဆုံး၊ အမြင့််မြတ်ဆုံး ဖြစ်ကြောင်းနှင့် ၎င်းတို့သည်သာလျှင် သမ္မာတရားဖြစ်ပြီး ၎င်းတို့ပြောသည့်အရာသည် အကြွင်းမဲ့ မှန်ကန်ကြောင်းတို့ ဖြစ်သည်။ ဤသည်မှာ ဆိုးယုတ်ခြင်း မဟုတ်လော။ အန္တိခရစ်တစ်ဦး၏ဆိုးယုတ်မှုနှင့်သက်ဆိုင်သည့် တတိယမြောက် ထူးခြားသော လက္ခဏာမှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို သက်သေခံသည့် အချိန်တိုင်း— ၎င်းတို့၏အရည်အသွေး၊ ၎င်းတို့ပေးဆပ်ခဲ့သည့် အဖိုးအခနှင့် အပြင်ပန်းတွင် ၎င်းတို့ကောင်းစွာ လုပ်ဆောင်ခဲ့သည့် လူတိုင်းမြင်နိုင်သော အရာအချို့၊ သို့မဟုတ် ၎င်းတို့နှင့်အတူ အခြားသူများအတွက် အကျိုးဖြစ်စေနိုင်သည့် အရာအချို့တို့ကို သက်သေခံတိုင်း— ဤအရာများအားလုံးကို ၎င်းတို့ပြောပြီးသည့်အခါတိုင်းတွင် ၎င်းတို့သည် အလွန်စွမ်းရည်ပြည့်ဝသည့်တိုင် ဘုရားသခင်ကို သက်သေခံနိုင်ဆဲဖြစ်သည်ဟု သင့်အား မြင်စေလျက် ၎င်းတို့က “ဘုရားသခင် ကျေးဇူးတော်ပင် ဖြစ်သည်။ ဤအရာအားလုံးကို ကိုယ်တော်က ပြုခဲ့သည်” ကဲ့သို့သော အထူးသဖြင့် ဝိညာဉ်ရေးဆန်သည့်အရာ တစ်ခုခုကို ပြောခြင်းအားဖြင့် အဆုံးသတ်ကြသည်၊ အမှန်တကယ်တွင် ၎င်းတို့က မိမိတို့ကိုယ်ကို သက်သေခံနေခြင်းဖြစ်ပြီး ဘုရားသခင်ကို အလျဉ်းသင့်၍ ပါလာသည့် စကားညှပ်အဖြစ်သာ ပြုနေခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို စိုးစဉ်းမျှ သက်သေခံခြင်းမရှိဘဲ မိမိတို့ကိုယ်ကိုသာ သက်သေခံဖို့ အခွင့်အရေးတစ်ခုအနေဖြင့် ဤအရာကို အသုံးချနေခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စဉ်းလဲသော လှည့်ကွက်တစ်ခု မဟုတ်လော။ ဤသည်မှာ ဆိုးယုတ်မှု မဟုတ်လော။ ဤအရာသုံးခုကို အခြေခံအဖြစ်ထား၍ အန္တိခရစ်များကို အလွယ်တကူ ပိုင်းခြားသိမြင်နိုင်ပေသည်။

အန္တိခရစ်များ၏ နောက်ထပ် အဓိက ထူးခြားသော လက္ခဏာတစ်ခုရှိသေးသည်၊ ယင်းက ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားနှင့် အနှစ်သာရတို့၏ အဓိက ဖော်ပြချက်များထဲမှ တစ်ခုလည်းဖြစ်၏။ ၎င်းတို့သည် ဒေသနာများနှင့် မိတ်သဟာယပြုမှုကို ကြားသည်ဖြစ်စေ၊ မကြားသည်ဖြစ်စေ၊ သို့မဟုတ် ဝတ်ပြုစည်းဝေးပွဲများတွင် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ— အခြားညီအစ်ကို မောင်နှမများသည် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းအပေါ်၊ စီရင်ခံရခြင်း၊ ပြစ်တင်ဆုံးမခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခံရခြင်းတို့ကို လက်ခံမှုအပေါ်၊ တာဝန်များကို ကောင်းစွာထမ်းဆောင်ခြင်းအပေါ်၊ ဖန်ဆင်းခံတစ်ဦးနှင့် သင့်တော်သည့် အနေအထားတွင် ရပ်တည်ခြင်းအပေါ်၊ ထို့ပြင် ကောင်းချီးမင်္ဂလာများကို ၎င်းတို့၏လိုချင်တောင့်တစိတ်ကို လက်လွှတ်ခြင်းတို့အပေါ် မည်သို့မိတ်သဟာယဖွဲ့သည်ဖြစ်စေ ဤအရာအပေါ် အန္တိခရစ်တို့၏ သဘောထားမှာ အဘယ်နည်း။ အခြားသူများက မည်သို့မိတ်သဟာယပြုပါစေ၊ သို့မဟုတ် လူမည်မျှက ၎င်းတို့၏မိတ်သဟာယကို ဝေမျှပါစေ အန္တိခရစ်များသည် ဂုဏ်အဆင့်အတန်းနှင့် ကောင်းချီးမင်္ဂလာများကို လိုက်စားဖို့ ၎င်းတို့၏ကြံရွယ်ချက်ကို မည်သည့်အခါမျှ မပြောင်းလဲပေ။ ဤအကြောင်းကြောင့် ကာလအတန်ကြာ ၎င်းတို့အလုပ်လုပ်ပြီးသည့် အချိန်တိုင်းတွင် ဘုရားအိမ်တော်အဖို့ မည်သည့်ကူညီဖြည့်ဆည်းမှုကို ၎င်းတို့ပြုလုပ်ပြီး ညီအစ်ကိုမောင်နှမများအတွက် မည်သည့် အရေးကိစ္စများကို ၎င်းတို့ကိုင်တွယ်ခဲ့သည်ဟူ၍ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် အရာများကို ရေတွက်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အစဉ်ပင် တိတ်တခိုး တွက်ချက်ကာ ၎င်းတို့၏စိတ်နှလုံးအတွင်း၌ ရေတွက်နေပြီး ဘုရားသခင်ကို ဈေးဆစ်နေကြသည်။ ၎င်းတို့သည် အဘယ့်ကြောင့် ဤအရာများနှင့်ပတ်သက်ပြီး ဈေးဆစ်ကြသနည်း။ ယင်းက ကနဦးမှစ၍ ၎င်းတို့လိုက်စားရာနှင့် ၎င်းတို့ယုံကြည်ရာ၌ ၎င်းတို့၏ပန်းတိုင်သည် ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာတွင် ကောင်းချီးမင်္ဂလာများနောက်လိုက်ဖို့ အစဉ် ဖြစ်နေခဲ့သောကြောင့်ပင်တည်း။ ၎င်းတို့သည် ဒေသနာများကို နှစ်ပေါင်းမည်မျှ နားထောင်ခဲ့ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်မည်မျှကို ၎င်းတို့စားသောက်ခဲ့ပါစေ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိရန်ဟူသည့် ၎င်းတို့၏ဆန္ဒနှင့် ကြံရွယ်ချက်တို့ကို မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်ချေ။ တာဝန်ကျေသော ဖန်ဆင်းခံ တစ်ဦးဖြစ်ဖို့၊ ဘုရားသခင်၏အုပ်စိုးမှုနှင့် အစီအစဉ်များကို လက်ခံဖို့ ၎င်းတို့ကို သင်တောင်းဆိုပါက ၎င်းတို့သည် “ယင်းက မှန်ကန်သည့် လမ်းကြောင်းမဟုတ်၊ ယင်းက ကျွန်ုပ် လိုက်စားနေသင့်သည့် အရာမဟုတ်။ ကျွန်ုပ် လိုက်စားနေသည့်အရာမှာ တိုက်လှန်ခြင်းကို ကျွန်ုပ် ပြုပြီးသည့်အခါ၊ လိုအပ်သော အားထုတ်ကြိုးစားမှုကို ပြုပြီး လိုအပ်သော ဆင်းရဲဒုက္ခကို ကျွန်ုပ်ခံစားပြီးသည့်အခါ၊ ဘုရားသခင်၏ စံနှုန်းနှင့်အညီ အမှုအရာမှန်သမျှကို ကျွန်ုပ် ပြုပြီးသွားသောအခါ ဘုရားသခင်က ကျွန်ုပ်ကို အဘယ်ဆုလာဘ် ပေးမည်၊ ကျွန်ုပ်သည် စောင့်ရှောက်ခံရသည့် သူများထဲမှတစ်ဦး ဖြစ်မဖြစ်၊ ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်၌ မည်သည့်ရာထူးမျိုးကို ကျွန်ုပ် ရမည်နှင့်၊ ကျွန်ုပ်၏ နောက်ဆုံးပန်းတိုင်သည် မည်သည့်အရာ ဖြစ်မည်တို့ဖြစ်၏” ဟု ပြောကြသည်။ သင်မည်သို့မိတ်သဟာယပြုပါစေ ၎င်းတို့ စိတ်ထဲ သိုထားသည့် ဤကြံရွယ်ချက်နှင့် တောင့်တမှုတို့ကို သင်မည်သည့်အခါမျှ ပပျောက်စေနိုင်မည် မဟုတ်။ ၎င်းတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်သည်။ ဤဆိုးယုတ်မှုမျိုးအတွင်းတွင် ကိန်းအောင်းနေသည့် ကြမ်းကြုတ်ရက်စက်သော စိတ်သဘောထား တစ်မျိုးမျိုးရှိသည် မဟုတ်လော။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ဆိုးယုတ်ပြီး မသိမသာ အန္တရာယ်ပေးတတ်ကာ လှည့်ဖြားတတ်ကြ၏ (အပိုင်း ၂)” မှ

၎င်းတို့၏အခြေအနေများက မည်သို့ဖြစ်နေပါစေ ဘုရားသခင်၏ လူ့ဇာတိခံခန္ဓာဖြစ်သည့် ဤသာမန်လူပုဂ္ဂိုလ်သည် ၎င်းတို့အတွက် မလိုလားအပ်သူဖြစ်သည်၊ ဘုရားသခင်ကို ၎င်းတို့ သိကျွမ်းခြင်းအတွက် အဟန့်အတားဖြစ်သည်ဟု အန္တိခရစ်တို့က အစဉ်ခံစားကြရသည်။ ၎င်းတို့က “လူသားများက ခရစ်တော်နှင့် ထိတွေ့ဆက်ဆံမိသည်နှင့်တစ်ပြိုင်နက် နှိုင်းယှဉ်ကြည့်လျှင် ငါတို့သည် အလွန်အရေးမပါသူများနှင့် အလွန် ဖောက်ပြန်ပျက်စီးသူများ ဖြစ်ကြောင်း ခံရခက်အောင် သူဖော်ထုတ်ပြသည်။ ငါတို့သည် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံခြင်း မရှိသရွေ့ အလွန်သန့်ရှင်းကြ၏၊ သို့သော်လည်း ခရစ်တော်နှင့် ထိတွေ့ဆက်ဆံမိသည်နှင့် တစ်ပြိုင်နက် ငါတို့သည် အလွန်ချို့တဲ့သည်ဟု မိမိတို့ကိုယ်မိမိ ခံစားရသည်။ ခရစ်တော်နှင့်မတွေ့ဆုံမီတွင် ငါတို့သည် အမှုအရာများစွာကို နားလည်ကြပြီး ငါတို့၏ ဝိညာဉ်ရင့်ကျက်မှုက ကြီးမားသည်။ ဤခရစ်တော်သည် အလွန်ပင် ဒုက္ခပေးလွန်းလှသည်” ဟု မိမိဘာသာ တွေးကြသည်။ ထိုသို့ဖြင့် ၎င်းတို့၌ အားလပ်ချိန်ရှိသည့်အခါ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” ကို တတ်နိုင်သလောက် ဖတ်ခြင်းသာ အကောင်းဆုံး ဖြစ်မည်ဟု ယုံကြည်ကြသည်။ မည်သည့်နည်းလမ်းကို ၎င်းတို့အသုံးပြုပါစေ၊ ၎င်းတို့၏ အခြေအနေ မည်သို့ရှိပါစေ အန္တိခရစ်များ၏ အဓိက သရုပ်သကန်မှာ ၎င်းတို့က ဘုရားသခင်၏ လူ့ဇာတိခံခြင်းနှင့် သက်ဆိုင်သည့် အချက်နှင့် ခရစ်တော်၏နှုတ်တော်မှ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည် ဆိုသည့်အချက်ကို ငြင်းပယ်ဖို့ ကြိုးစားခြင်း ဖြစ်သည်။ ယင်းက လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရကို ငြင်းပယ်ခြင်းနှင့် ခရစ်တော်၏နှုတ်တော်မှ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဆိုသည့်အချက်ကို ငြင်းပယ်ခြင်းက ၎င်းတို့အား ကယ်တင်ခြင်း မျှော်လင့်ချက် ပေးဘိသည့်အလားပင် ဖြစ်သည်။ ၎င်းတို့၏မွေးရာပါ သဘာဝ၌ အန္တိခရစ်များနှင့် ဘုရားသခင်၏ လူ့ဇာတိခံခန္ဓာတို့က မီးနှင့်ရေကဲ့သို့ အခြေခံအားဖြင့် သဟဇာတမဖြစ်သကဲ့သို့ မည်သည့်အခါမျှ ဆက်စပ်ညီညွတ်၍ မရပေ။ ဤအန္တိခရစ်တို့က ယုံကြည်သည့်အရာမှာ “ခရစ်တော် ဆက်လက်တည်ရှိနေသမျှ ကာလပတ်လုံး ငါ၏နေ့ရက် ရောက်လာမည်ဆိုသည့် မျှော်လင့်ချက် ရှိမည်မဟုတ်ဘဲ ငါသည် စီရင်ခံရပြီး သုတ်သင်ဖယ်ရှင်းခံရမည့် အန္တရာယ်၊ ဖျက်ဆီးခံရပြီး အပြစ်ဒဏ်ပေးခံရမည့် အန္တရာယ်နှင့် ကြုံရလိမ့်မည်။ သို့သော် လူများက သူ့ကို မကြည်ညိုသည်မှာ သူ့ကို မေ့လျော့ပြီး ၎င်းတို့၏စိတ်ထဲတွင် သူ့ကို ချောင်ထိုးထားသည်အထိ ဤခရစ်တော်က မိန့်မြွက်ချက်များကို မပြုသမျှကာလပတ်လုံး၊ သို့မဟုတ် သူ၏အမှုတော်ကို မလုပ်ဆောင်သမျှကာလပတ်လုံး ငါ့အတွက် အခွင့်အရေးရှိလိမ့်မည်” ဟု ဖြစ်သည်။ အန္တိခရစ်များ၏ သဘာဝနှင့် အနှစ်သာရမှာ ၎င်းတို့သည် ခရစ်တော်ကို မမုန်းတီး မစက်ဆုပ်ဘဲ မနေနိုင်ကြခြင်းဖြစ်သည်။ ၎င်းတို့က ၎င်းတို့၏ပင်ကိုစွမ်းရည် ပမာဏနှင့် ၎င်းတို့အရည်အချင်း အဆင့်တို့ဖြင့် ခရစ်တော်ကို မိမိတို့ဘာသာ နှိုင်းယှဉ်ကြသည်၊ ပြီးလျှင် မည်သူ့စကားက ပို၍ အာဏာရှိပြီး မည်သူက ပို၍ တတ်စွမ်းနိုင်သည်ကို ကြည့်ရန် သူ့ကို တုပြိုင်ကြသည်။ ခရစ်တော်ကဲ့သို့ ထပ်တူအမှုအရာကို ပြုလုပ်ခြင်းဖြင့် ခရစ်တော်သည် ၎င်းတို့နည်းတူ လူသားတစ်ဦးဖြစ်သော်လည်း သူ၌ သာမန်လူတစ်ဦး၏ ပင်ကိုစွမ်းရည်၊ သို့မဟုတ် သင်ယူတတ်မြောက်ထားမှုပင် မရှိဟု လူများကို ပြရန် ၎င်းတို့ကြိုးစားကြသည်။ အန္တိခရစ်များသည် ခရစ်တော်နှင့် အဘက်ဘက်မှ ဖက်ပြိုင်အံတု၍ ယှဉ်ပြိုင်ကြလေသည်။ ခရစ်တော်သည် ဘုရားသခင်ဖြစ်သည်၊ ဘုရားဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ပြီး သမ္မာတရား၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ဆိုသည့် အချက်ကို ၎င်းတို့က အဘက်ဘက်မှ ငြင်းပယ်ဖို့ ကြိုးစားကြသည်။ ညီအစ်ကိုမောင်နှမများအကြား ခရစ်တော် ဩဇာလွှမ်းမိုးခြင်းမှ တားဆီးဖို့၊ သူ၏နှုတ်ကပတ်တော်များက ၎င်းတို့အကြား အသီးအပွင့်ဖြစ်ထွန်းသွားခြင်းမှ ဟန့်တားဖို့၊ ထို့အပြင် ခရစ်တော်ပြုသည့် အရာများ၊ သူပြောကြားသည့် နှုတ်ကပတ်တော်များ၊ လူများကို သူတောင်းဆိုသည့်အရာများနှင့် သူတို့နှင့်ပတ်သက်၍ သူထားရှိသည့် မျှော်လင့်ချက်များက လူတို့ကြားတွင် အကောင်အထည်ပေါ်လာခြင်းမှ ဟန့်တားဖို့ နည်းလမ်းများ ရှာဖွေရန် ၎င်းတို့သည် ဦးနှောက်ခြောက်အောင် စဉ်းစားကြ၏။ ယင်းက ခရစ်တော်ရှိနေခြင်းဖြင့် ဤအန္တိခရစ်များက ဖယ်ထားခံရမည့်အလား၊ စီရင်ခံရကာ စွန့်လွှတ်ခံရ၍ မှောင်မိုက်သော ထောင့်တစ်ထောင့်တွင် ချောင်ထိုးထားခံရသည့် အသင်းတော်အတွင်းမှ လူများကို ကိုယ်စားပြုသူများ ဖြစ်လာမည့်အလားပင် ဖြစ်တော့သည်။ အန္တိခရစ်များသည် အနှစ်သာရအားဖြင့် ခရစ်တော်ကို လုံးလုံးလျားလျား မလိုလားလွန်းလှ၍ ၎င်းတို့သည် ဆက်စပ်ညီညွတ်၍ မရသည်ကို သရုပ်သကန်မျိုးစုံမှ တွေ့မြင်နိုင်ပေသည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်ကို ခရစ်တော်ထံမှ ခွဲထွက်ရန်နှင့် သူ့ကို ဆန့်ကျင်ရန်၊ ခရစ်တော်ကို အနိုင်ယူပြီး သူ့ကို ထိုးလှဲချရန်၊ ခရစ်တော်ပြုထားသည့် အမှုတော် မတည်ရှိတော့စေဖို့၊ အခြေမခိုင် ဖြစ်လာစေဖို့နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများအကြား အသီးအပွင့်ဖြစ်ထွန်းလာခြင်း မရှိနိုင်စေဖို့ လုပ်ဆောင်ရန် လိုအင်ဆန္ဒဖြင့် မွေးဖွားလာကြသည်။ ခရစ်တော်သည် မည်သည့်အမှုကို လုပ်ဆောင်နေပါစေ၊ မည်သည့်နေရာတွင် သူအလုပ်လုပ်နေပါစေ ထိုအရာ လုံးလုံးပျက်စီးပြီး အသီးအပွင့်မရှိသည်ကို ၎င်းတို့မြင်လိုကြသည်။ သို့သော် ဤအရာတစ်ခုမျှ ၎င်းတို့ဆန္ဒရှိသည့်အတိုင်း ဖြစ်မလာသည့်အခါ ၎င်းတို့၏စိတ်နှလုံးတွင် မှောင်မိုက်ခြင်းနှင့် စိတ်ဓာတ်ကျခြင်း ရှိလာသည်။ ဤသည်မှာ မှောင်မိုက်သော ကာလဖြစ်ပြီး ၎င်းတို့၏နေ့ရက်သည် မည်သည့်အခါမျှ ရောက်လာမည်မဟုတ်ဟု ၎င်းတို့ခံစားကြရ၏။ ၎င်းတို့ ဖယ်ထားခံရသည်ဟု ခံစားကြရသည်။ ဘုရားသခင်ကို ၎င်းတို့၏ ဆန့်ကျင်ခြင်းနှင့် ရန်လိုခြင်း အနှစ်သာရသည် ကျင့်ယူထားသည့်အရာ ဖြစ်ကြောင်းကို အန္တိခရစ်များ၏ ဤသရုပ်သကန်များက ပြသလော။ (မပြပါ။) ထိုသို့ဆိုလျှင် ယင်းမှာ မွေးရာပါဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်ဖြစ်သည့် လူများအတွက် သမ္မာတရားကို လက်ခံဖို့၊ ခရစ်တော်ကို သည်းခံဖို့ မဖြစ်နိုင်ပေ။ အပြင်ပန်းမှ ကြည့်ပါက ၎င်းတို့က တစ်စုံတစ်ခုကိုမျှ ပြောထားပုံ၊ သို့မဟုတ် လုပ်ထားပုံ မပေါ်ဘဲ ၎င်းတို့သည်လည်း ကိုယ့်တာဝန်ပိုင်း ကိုယ်ကျေအောင် ထမ်းဆောင်နိုင်စွမ်းရှိပြီး အရိုးခံဖြစ်သော ဟန်ပန်ဖြင့် အဖိုးအခ ပေးနိုင်စွမ်း ရှိလေသည်။ သို့ရာတွင် အခွင့်အရေးရသည်နှင့်တစ်ပြိုင်နက်၊ အချိန်အခါ သင့်သည်နှင့်တစ်ပြိုင်နက် အန္တိခရစ်များ၏ ခရစ်တော်နှင့် အခြေခံအားဖြင့် သဟဇာတမကျသည့် အခြေအနေများသည် စတင်ပေါ်ပေါက်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို အန္တိခရစ်တို့၏ ဆိုင်ပြိုင်တိုက်လှန်မှု၊ ဘုရားသခင်နှင့် ၎င်းတို့၏ သဘောထားကွဲလွဲမှုတို့နှင့်ဆိုင်သည့် အမှန်တရားသည် ပီပီပြင်ပြင် သိသာထင်ရှားလာလိမ့်မည်။ ဤအရာများအားလုံးသည် အန္တိခရစ်များ ရှိသော နေရာများတွင် ယခင်က ဖြစ်ပျက်ခဲ့ပြီးဖြစ်ကာ ဘုရားသခင့် နောက်ဆုံးသောကာလ အမှုတော်၏ ဤနှစ်များအတွင်းတွင် အထူးသဖြင့် များပြားလာသည်။ လူများစွာက ယင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရပြီးဖြစ်လေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို လူသိရှင်ကြား မထီမဲ့မြင်ပြုပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၄)” မှ

သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏ အမှုအားလုံး၌ သင်ယုံကြည်မှု ထားရှိရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ့ကို နာခံရမည်။ အကယ်၍ သင်မနာခံနိုင်လျှင်၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယင်းက အရေးမပါတော့ချေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ မနာခံခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့နာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော “ရတနာများ” ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော “နှိမ်နင်း၍မရသည့် သူရဲကောင်းများ” ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ “အလေးထားအပ်ပြီး မချိုးဖောက်အပ်သော” တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ “ဘုရင်များ” ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။ စိတ်နှလုံးထဲ၌ နာခံမှု စိုးစဉ်းမျှမရှိသော ဤအာဏာရှင်များကို မဆိုထားဘိ၊ နာခံမှု တစ်ဝက်တစ်ပျက်သာ ရှိသူများပင် အဆုံးတိုင်အောင် ရှေ့မဆက် နိုင်ကြပါတကား။ ဘုရားသခင်၏ အမှုကို လူသားက အလွယ်တကူ မရရှိနိုင်ပေ။ သူတို့၌ရှိသော ခွန်အားမှန်သမျှ အသုံးပြုခြင်းအားဖြင့်ပင် လူတို့သည် ယင်း၏ တစ်စိတ်တစ်ပိုင်းမျှကိုသာ ရရှိနိုင်မည်ဖြစ်ပြီး၊ အဆုံးသတ်တွင် စုံလင်အောင်ပြုခြင်းကို ရရှိခွင့်ပြုမည် ဖြစ်သည်။ ထိုသို့ဆိုသော် ဘုရားသခင်၏အမှုကို ဖျက်ဆီးရန်ကြိုးစားသော ကောင်းကင်တမန်မင်း၏ သားသမီးများသည် မည်သို့ဖြစ်လိမ့်မည်နည်း။ သူတို့၌ ဘုရားသခင်၏ရယူခြင်းကို ခံရဖို့ မျှော်လင့်ချက်သည် သာ၍ပင် နည်းသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်” မှ

ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများသည် အန္တိခရစ်များကို မည်သို့ဆက်ဆံသင့်သနည်း။ ၎င်းတို့သည် ထိုသူတို့ကို ခွဲခြားသိမြင်ရမည်၊ ဖော်ထုတ်ရမည်၊ တိုင်ကြားရမည်ဖြစ်ပြီး နှင်ထုတ်ရမည် ဖြစ်သည်။ အန္တိခရစ်တစ်ဦးက ခေါင်းဆောင်မှု နေရာတစ်ခုသို့ မည်သို့ရောက်လာသည်ဖြစ်စေ၊ သူသည် အစဉ် ဘုရားသခင်ကို ခုခံသူတစ်ဦး ဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦး၏ ခေါင်းဆောင်မှုကို လက်ခံရမည်မဟုတ်သကဲ့သို့၊ သူလုပ်ဆောင်သည့်အရာမှာ သင့်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဦးဆောင်ဖို့ မဟုတ်သည့်အတွက်၊ သူ့ကို ခေါင်းဆောင်တစ်ဦးအဖြစ် သင်အသိအမှတ်မပြုရ။ သူသည် သင့်ကို ငရဲသို့ ဆွဲချလိုပြီး သူလျှောက်လှမ်းနေသည့် အန္တိခရစ်များ၏ တူညီသော လမ်းကြောင်းတစ်လျှောက် သင့်ကို တရွတ်တိုက်ဆွဲလို၏။ ဘုရားသခင်အား ဆန့်ကျင်ခုခံခြင်းနှင့် ဘုရားသခင်၏ အမှုကို နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့တွင် သူသည် သင့်ကို သူနှင့်အတူ ပူးပေါင်းစေသည်။ သင်သည် သူနှင့်အတူ ရွှံ့နွံထဲတွင် လူးလိမ့်ပျော်မြူးလာဖို့အလို့ငှာ သူသည် သင့်ကို သုတ်ယူကာ ဆွဲလေသည်။ ဤအရာကို သင်လိုက်လျောမည်လော။ သင်လိုက်လျောပါက၊ ထို့ပြင် သင်သည် သူနှင့် အပေးအယူလုပ်ပါက၊ သနားကရုဏာအတွက် သူ့ကို တောင်းခံပါက၊ သို့မဟုတ် သူ၏ သိမ်းပိုက်ခြင်းကို ခံရပါက၊ သင်သည် သက်သေမခံလေပြီ၊ ပြီးလျှင် သင်သည် သမ္မာတရားနှင့် ဘုရားသခင် နှစ်ခုလုံးကို သစ္စာဖောက်သော လူတစ်ဦးဖြစ်ပြီး- ထိုသို့သော လူတို့ကို ကယ်တင်၍ မရနိုင်ပေ။ ကယ်တင်ခြင်းရရှိဖို့အလို့ငှာ လူတစ်ဦးပြည့်မီရမည့် သတ်မှတ်ချက်များမှာ အဘယ်နည်း။ ပထမဦးစွာ၊ ၎င်းတို့သည် ဆိုးယုတ်သော အန္တိခရစ်များကို ခွဲခြားရန် အစွမ်းအစကို ပိုင်ဆိုင်ရမည်။ ၎င်းတို့၌ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာ ရှိရမည်။ ဘုရားသခင်ကို ၎င်းတို့ စစ်မှန်စွာ ယုံကြည်နိုင်ပြီး လူကို ကိုးကွယ်ခြင်း၊ သို့မဟုတ် လူနောက်လိုက်ခြင်းအား ရှောင်ကြဉ်နိုင်သည်မှာ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာအား ပိုင်ဆိုင်ခြင်းအားဖြင့်သာ ဖြစ်သည်။ အန္တိခရစ်များကို ခွဲခြားနိုင်သော လူတို့သာ ဘုရားသခင်ကို အမှန်တကယ် ချစ်ဖို့နှင့် သူ့နောက် လိုက်ပြီး သက်သေခံဖို့ အစွမ်းအစ ရှိပေသည်။ အန္တိခရစ်များကို ခွဲခြားဖို့အလို့ငှာ၊ လူတို့သည် ပထမဦးစွာ လူများနှင့် အမှုအရာများကို ပြီးပြည့်စုံသော ရှင်းလင်းမှုနှင့် သိနားလည်မှုတို့ဖြင့် တွေ့မြင်ရန် သင်ယူရမည်။ ၎င်းတို့သည် အန္တိခရစ်များ၏ အနှစ်သာရကို သိမြင်နိုင်ရမည်ဖြစ်ပြီး ၎င်းတို့၏ လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်များ၊ လှည့်စားချက်များ၊ အတွင်း အရင်းခံအကြောင်းများနှင့် ရည်မှန်းချက်များအားလုံးကို ရိပ်စားမိရမည်။ ဤအရာကို သင်လုပ်ဆောင်နိုင်ပါက၊ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်ပေသည်။ ကယ်တင်ခြင်းကို သင်ရရှိလိုပါက၊ သင်အောင်မြင်ရမည့် ပထမဆုံးသော စစ်ဆေးမှုမှာ စာတန်ကို မည်သို့ အနိုင်ယူရမည်ဆိုသည်နှင့် ပြင်ပလောကမှ ရန်လိုသော အင်အားစုများနှင့် ဝင်ရောက်စွက်ဖက်ခြင်းတို့ကို မည်သို့အောင်မြင်ကျော်လွှားကာ အောင်နိုင်ရမည်ဆိုသည်တို့ကို သင်ယူဖို့ ဖြစ်သည်။ သင်သည် စာတန်၏ အင်အားစုများကို ဆန့်ကျင်တိုက်ပွဲဝင်ရာတွင် အဆုံးထိ မဆုတ်မနစ် လုံ့လထုတ်ရန် ဝိညာဉ်ရင့်ကျက်မှုနှင့် လုံလောက်သော သမ္မာတရားတို့ကို ပိုင်ဆိုင်ပြီး ၎င်းတို့ကို အနိုင်ယူပြီးသည်နှင့်တစ်ပြိုင်နက်- ထိုအခါတွင်သာ- သင်သည် သမ္မာတရားကို မှန်မှန်လိုက်စားနိုင်ပြီး ထိုအခါမှသာ သင်သည် သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ပေးအပ်ခံရခြင်း လမ်းကြောင်းပေါ် တည်ကြည်ခိုင်မာစွာနှင့် မတော်တဆ ထိခိုက်ခြင်း မရှိဘဲ ခြေလှမ်းနိုင်ပေသည်။ သင်သည် ဤစစ်ဆေးမှုကို မအောင်မြင်နိုင်ပါက၊ သင်သည် ကြီးမားသော အန္တရာယ်တွင်ရှိနေပြီး အန္တိခရစ်၏ ဖမ်းဆီးခံရကာ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်လာရနိုင်ဖွယ်ရှိသည်ဟု ဆိုနိုင်ပေသည်။ သင်တို့ကြားတွင် သမ္မာတရား လိုက်စားနေသည့် လူများကို တားဆီးပြီး ခြေထိုးကြသူအချို့ လတ်တလောတွင် ရှိနိုင်ခြေရှိပြီး ၎င်းတို့သည် လူတို့၏ရန်သူများ ဖြစ်၏။ ဤအရာကို သင်လက်ခံသလော။ ဤအချက်ကို ရင်မဆိုင်ဝံ့သကဲ့သို့ ယင်းကို အမှန်တရားအဖြစ်လည်း လက်မခံဝံ့သည့် သူများ ရှိ၏။ လက်တွေ့အရှိတရားတွင်၊ အသင်းတော်ထဲ၌ ဤအရာများ ဧကန်အမှန် တည်ရှိ၏။ လူတို့က ၎င်းတို့ကို မသိမြင်နိုင်ခြင်းသာ ဖြစ်သည်။ အကယ်၍ သင်သည် ဤစစ်ဆေးမှုကို- အန္တိခရစ်များနှင့်ဆိုင်သော စစ်ဆေးမှုကို- မအောင်မြင်နိုင်ပါက၊ သင်သည် အန္တိခရစ်များ၏ လှည့်ဖြားခြင်းနှင့် ထိန်းချုပ်ခြင်း ခံရပေသည်၊ သို့မဟုတ် ၎င်းတို့၏ ဆင်းရဲဒုက္ခခံစေခြင်း၊ ညှဉ်းဆဲခြင်း၊ တွန်းထုတ်ခြင်း၊ ဖိနှိပ်ခြင်းနှင့် စော်ကားခြင်းတို့ကို ခံရပေသည်။ နောက်ဆုံးတွင်၊ သင်၏ အလွန်တန်ဖိုးနည်းသည့် သေးငယ်သောဘဝသည် ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ညှိုးခြောက်သွားလိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိတော့မည် မဟုတ်သကဲ့သို့၊ “ဘုရားသခင်သည် ဖြောင့်ပင်မဖြောင့်မတ်တော်မူပါ။ ဘုရားသခင် အဘယ်မှာနည်း။ ဤလောကတွင် ဖြောင့်မတ်ခြင်းသော်လည်းကောင်း၊ အလင်းသော်လည်းကောင်း မရှိသကဲ့သို့ လူသားမျိုးနွယ်ကို ဘုရားသခင်၏ ကယ်တင်ခြင်းကဲ့သို့သော အရာမျိုး မရှိပါ။ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ နေ့ရက်များကို အလုပ်သွားခြင်းနှင့် ငွေရှာခြင်းဖြင့် ဖြတ်သန်းပါက ပိုကောင်းဦးမည်” ဟု ပြောရင်း သူ့ကို သင်စွန့်ခွာလိမ့်မည်။ သင်သည် ဘုရားသခင်ကို ငြင်းပယ်ပြီး သူတည်ရှိကြောင်း မယုံကြည်တော့ပေ။ သင်ကယ်တင်ခြင်းရမည်ဆိုသည့် မျှော်လင့်ချက်တစ်ခုတလေ လုံးဝ ကုန်ဆုံးသွား၏။ ထို့ကြောင့် သင်သည် ကယ်တင်ခြင်း ရရှိနိုင်သည့် နေရာသို့ ရောက်ရှိလိုပါက၊ သင်အောင်မြင်ရမည့် ပထမဆုံး စစ်ဆေးချက်မှာ စာတန်ကို ရိပ်စားမိနိုင်ခြင်းဟူသော စစ်ဆေးချက်တစ်ခု ဖြစ်ပြီး၊ သင်သည် ထရပ်ကာ စာတန်ကို ဖော်ထုတ်ကာ စွန့်ပစ်ဖို့ သတ္တိလည်း ရှိရမည်။ သို့ဆိုလျှင် စာတန် အဘယ်မှာရှိသနည်း။ စာတန်သည် သင့်နံဘေးနှင့် သင်၏ ဘက်ပေါင်းစုံတွင် ရှိသည်။ သူသည် သင့်စိတ်နှလုံးအတွင်းတွင်ပင် အသက်ရှင်နေနိုင်သည်။ သင်သည် စာတန်၏ စိတ်သဘောထားအတွင်းတွင် အသက်ရှင်နေပါက၊ သင်သည် စာတန်နှင့် သက်ဆိုင်သည်ဟု ဆိုနိုင်၏။ သင်သည် ဝိညာဉ်လောကနှင့်ဆိုင်သည့် စာတန်ကို မမြင်နိုင်၊ သို့မဟုတ် မထိတွေ့နိုင်သော်လည်း လက်တွေ့ဘဝတွင် တည်ရှိသည့် စာတန်သည် နေရာတကာတွင် ရှိ၏။ သမ္မာတရားကို အလွန်မုန်းတီးသည့်လူ မည်သူမဆိုသည် ဆိုးယုတ်ပြီး သမ္မာတရားကို လက်မခံသည့် မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် မည်သည့်အမှုတော်ဆောင်မဆိုသည် အန္တိခရစ်နှင့် ဆိုးယုတ်သော လူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ရှင်သန်နေသည့် စာတန်များဖြစ်ကြသည် မဟုတ်လော။ ဤလူများမှာ သင်ကိုးကွယ်ပြီး ကြည်ညိုသည့်သူများစင်စစ် ဖြစ်နေနိုင်၏။ ၎င်းတို့မှာ သင့်ကို ဦးဆောင်သော လူများ၊ သို့မဟုတ် သင်၏စိတ်နှလုံးထဲတွင် သင်ကြာမြင့်စွာ တောင့်တနေခဲ့ရသူများ၊ လေးစားနေခဲ့ရသူများ၊ ယုံကြည်ကိုးစားပြီး အားကိုးနေခဲ့ရသူများ ဖြစ်နိုင်သည်။ သို့သော်၊ စင်စစ်အားဖြင့် ၎င်းတို့သည် သင်၏လမ်းတွင် တားဆီးနေပြီး ကယ်တင်ခြင်းမရအောင် သင့်ကိုဟန့်တားနေသည့် လမ်းဆို့များဖြစ်သည်။ ၎င်းတို့သည် အန္တိခရစ်များဖြစ်ကြ၏။ ၎င်းတို့သည် သင်၏ဘဝနှင့် သင်လျှောက်လှမ်းသည့် လမ်းကြောင်းတို့ကို ထိန်းချုပ်နိုင်ပြီး၊ ကယ်တင်ခြင်း ပေးအပ်ခံရမည့် သင်၏အခွင့်အရေးကို ဖျက်ဆီးနိုင်သည်။ ၎င်းတို့ကို သင်မခွဲခြားနိုင်သကဲ့သို့ မရိပ်စားမိနိုင်ပါက၊ အချိန်မရွေး၊ သင်သည် ၎င်းတို့၏ ထောင်ချောက်များထဲသို့ ထိုးစိုက်ကျနိုင်သည်၊ သို့မဟုတ် ၎င်းတို့၏ ဖမ်းဆီးခြင်းနှင့် ခေါ်ဆောင်သွားခြင်းကို ခံရနိုင်ပေသည်။ ထို့ကြောင့်၊ သင်သည် ကြီးမားသော အန္တရာယ်တွင် ရှိ၏။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်” မှ

အရှေ့သို့- ၁၁၇) အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အမှုတော်ဆော်များကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၁၉) ဖာရိရှဲများကို ခွဲခြားခြင်း အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၆ နောက်ဆုံးသောကာလတွင် ဘုရားသည် အရာခပ်သိမ်းကို အထူးသဖြင့် နှုတ်ကပတ်တော်အားဖြင့် ပြီးမြောက်စုံလင်စေမည်

၁ နောက်ဆုံးနေ့ရက်ကာလ ဘုရားလူ့ဇာတိခံယူချိန်သူသည် အလုံးစုံကို ဖွင့်ပြ၍ စုံလင်စေဖို့နှုတ်ကပတ်တော်ကို အဓိက အသုံးပြုနှုတ်ကပတ်တော်၌သာ...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်