၁၁၄) လူသားကို လှည့်ဖြားသည့် နတ်ဆိုးများကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ခရစ်တော် သို့မဟုတ် ကောင်းကင်တမန်တစ်ပါးကို တူအောင်တုသည့်သူ မည်သူမဆိုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အနည်းငယ်မျှ မကိုက်ညီသည့် ဆိုးယုတ်သော စကားများကို မကြာခဏ ထုတ်ပြောသောသူ မည်သူမဆိုသည် လူသားကို လှည့်ဖြားသည့် နတ်ဆိုးတစ်ပါး ဖြစ်သည်။

(၂) မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ ချစ်သားသမီးများ၊ သူ၏ သားဦးများ၊ ကောင်းကင်တမန်များ သို့မဟုတ် စကားပြောကာ အလုပ်လုပ်ရန် လာပြီးဖြစ်သကဲ့သို့ ဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ်မှားနေသော အရာမျိုးစုံကို ပြောဆိုသည့် ပရောဖက်များသည် လူသားကို လှည့်ဖြားသည့် နတ်ဆိုးများ ဖြစ်သည်။

(၃) မိမိတို့၏ သိနားလည်မှုသည် အထူးသဖြင့် အဓိပ္ပာယ်မရှိသည့်သူအားလုံး၊ မိစ္ဆာဒိဌိအယူဝါဒများနှင့် အတွေးမှားများကို စဉ်ဆက်မပြတ် ပျံ့လွင့်စေပြီး အချက်အလက်များကို လွဲချော်စေသောသူများနှင့် ခရစ်တော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငြင်းပယ်သောသူ အားလုံးသည် လူသားကို လှည့်ဖြားသည့် နတ်ဆိုးများ ဖြစ်သည်။

(၄) သဘာဝလွန်သောအရာအပေါ် အာရုံစိုက်သူ၊ အသံများကို ကြားပြီး ရူပါရုံများ မကြာခဏ မြင်သည့်သူနှင့် အပြစ်ကို သတိပြုမိကာ ထောက်ပြနိုင်သူနှင့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို ပြုနိုင်သောသူအားလုံးသည် လူသားကို လှည့်ဖြားသည့် နတ်ဆိုးများ ဖြစ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယနေ့တွင် လူသားကို သဘာဝလွန်သည့် အမှုအရာများဖြင့် လှည့်ဖြားသည့် ဆိုးညစ်သော ဝိညာဉ်အချို့ ရှိပေသည်။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်က လက်ရှိ လုပ်ဆောင်ခြင်းမရှိသည့် အလုပ်မှတစ်ဆင့် လူကို လှည့်ဖြားဖို့ သူတို့အပိုင်းမှ တုပခြင်းသာ ဖြစ်သည်။ လူများစွာတို့သည် နိမိတ်လက္ခဏာများကို ဆောင်ရွက်ကြပြီး နာမကျန်းဖြစ်သူများကို အနာရောဂါပျောက်ကင်းစေကာ နတ်ဆိုးများကို နှင်ထုတ်ကြသည်။ မျက်မှောက်ခေတ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သောအလုပ်ကို မလုပ်ဆောင်တော့သည့်အတွက်၊ ဤအရာများသည် နတ်ဆိုးများ၏ လုပ်ဆောင်ချက်သာ ဖြစ်သည်၊ ပြီးလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ထိုအချိန်မှစ၍ လိုက်လံတုပကြသူများ အားလုံးသည် ဧကန်စင်စစ် ဆိုးညစ်သော ဝိညာဉ်များဖြစ်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်က ထိုသို့သော ပုံစံဖြင့် မလုပ်ဆောင်သော်လည်း ထိုအချိန်က ဣသရေလတွင် လုပ်ဆောင်သည့် အလုပ်အားလုံးမှာ သဘာဝလွန်သည့် သဘာဝတစ်ခု၏ လုပ်ဆောင်ချက်ဖြစ်ပြီး၊ ယခုတွင် ထိုသို့သော လုပ်ဆောင်ချက် တစ်ခုသည် စာတန်၏ တုပခြင်းနှင့် အယောင်ဆောင်ခြင်းဖြစ်ကာ သူ၏ နှောင့်ယှက်မှုဖြစ်သည်။ သို့ရာတွင်၊ သင့်အနေဖြင့် သဘာဝလွန်ဖြစ်ရပ် ဟူသမျှက ဆိုးညစ်သော ဝိညာဉ်များထံမှ လာသည်ဟု ပြော၍မရနိုင်ပေ- ဤကား ဘုရားသခင်၏အမှု၏ ခေတ်အပေါ်တွင် မူတည်ပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

မျက်မှောက်ခေတ်အတွင်းတွင် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ပြသနိုင်သကဲ့သို့၊ နတ်ဆိုးများကိုလည်း နှင်ထုတ်နိုင်ပြီး၊ မကျန်းမာသူများကိုလည်း အနာငြိမ်းစေနိုင်ကာ နိမိတ်လက္ခဏာများစွာ ဆောင်ရွက်နိုင်သည့် လူတစ်ဦး ထွက်ပေါ်လာပါက၊ ဤလူက ၎င်းသည် ကြွလာပြီဖြစ်သော ယေရှုဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ ယေရှုကို အတုခိုးသည့် နတ်ဆိုးများက ဖြစ်ပေါ်စေသည့် အတုတစ်ယောက် ဖြစ်ပေမည်။ ဤအရာကို အမှတ်ရလော့။ ဘုရားသခင်သည် တူညီသော အမှုကို ထပ်မလုပ်ပေ။ ယေရှု၏ အမှုအဆင့်သည် ပြီးစီးနှင့်ပြီးသားဖြစ်ပြီး၊ ဘုရားသခင်သည် အမှု၏ထိုအဆင့်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ဆောင်ရွက်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသည် လူသား၏ အယူအဆများနှင့် ညှိ၍မရနိုင်ပေ။ ဥပမာအားဖြင့် မေရှိယတစ်ဦး၏ ကြွလာခြင်းကို ဓမ္မဟောင်းကျမ်းက ကြိုတင်ဟောကိန်း ထုတ်ထားပြီး၊ ဤပရောဖက်ပြုချက်၏ အကျိုးဆက်မှာ ယေရှု၏ ကြွလာခြင်းဖြစ်ခဲ့သည်။ ဤအရာဖြစ်ပျက်နှင့်ပြီးဖြစ်လျက်၊ နောက်ထပ် မေရှိယတစ်ဦး ကြွလာရန်မှာ မှားယွင်းပေမည်။ ယေရှုသည် တစ်ကြိမ်ကြွလာနှင့်ပြီး ဖြစ်ကာ ဤအကြိမ်၌ ယေရှုနောက်တစ်ဖန် ကြွလာရန်မှာ မှားယွင်းပေမည်။ ခေတ်တိုင်းအတွက် နာမတစ်ခုရှိပြီး နာမ အသီးသီးသည် ထိုခေတ်၏ ဇာတ်ဆောင်စရိုက်ကို သရုပ်ဖော်ခြင်း ပါရှိလေသည်။ လူသား၏ အယူအဆများတွင်၊ ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို အမြဲပြသရမည်၊ မကျန်းမာသောသူများကို အမြဲ အနာငြိမ်းစေရမည်ဖြစ်ပြီး နတ်ဆိုးများကို အမြဲ နှင်ထုတ်ရမည်ဖြစ်ကာ၊ ယေရှုကဲ့သို့ အမြဲဖြစ်ရမည် ဖြစ်သည်။ သို့သော်လည်း ဤအကြိမ်တွင်၊ ဘုရားသခင်သည် ထိုသို့ လုံးဝမဟုတ်ပေ။ အကယ်၍ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသနေဆဲဖြစ်ခဲ့ပါက၊ နတ်ဆိုးများကို ဆက်လက် မောင်းထုတ်နေဆဲဖြစ်ပြီး၊ မကျန်းမာသောသူများကို အနာငြိမ်းစေဆဲ ဖြစ်ခဲ့ပါက- သူသည် ယေရှုကဲ့သို့နည်းတူ အတိအကျ လုပ်ဆောင်ခဲ့မည်ဆိုပါက- ဘုရားသခင်သည် တူညီသော အလုပ်တစ်ခုကို ထပ်လုပ်နေခြင်း ဖြစ်မည်ဖြစ်သကဲ့သို့၊ ယေရှု ပြုခဲ့သော အမှုသည် မည်သည့်အရေးပါမှု သို့မဟုတ် မည်သည့်တန်ဖိုးမျှ ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ခေတ်တိုင်းတွင် အမှု၏ အဆင့်တစ်ခုကို ဆောင်ရွက်လေသည်။ သူ့အမှု၏ အဆင့်အသီးသီး ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ မကြာမီ နတ်ဆိုးများက ယင်းကို လိုက်တုကြပြီး၊ စာတန်သည် ဘုရားသခင်နောက် ထပ်ကြပ်မကွာ စတင် လိုက်သည့်နောက်တွင်၊ ဘုရားသခင်သည် မတူကွဲပြားသော နည်းစနစ်တစ်ခုကို ပြောင်းလဲလေသည်။ ဘုရားသခင်သည် သူ့အမှု၏ အဆင့်တစ်ဆင့်ကို ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို နတ်ဆိုးများက လိုက်တုကြလေသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း” မှ

ဆိုးညစ်သော ဝိညာဉ်များ၏ ဝင်ပူးခြင်းကို ခံရပြီး “ငါသည် ဘုရားဖြစ်သည်” ဟု အာပေါင်အာရင်းသန်သန် ကြွေးကြော်ကြသူ အချို့ ရှိ၏။ သို့ရာတွင် သူတို့သည် မိမိတို့ကိုယ်စားပြုသည့်အရာတွင် မှားယွင်းကြသည့်အတွက် အဆုံး၌ ထုတ်ဖော်ခြင်းကို ခံကြရသည်။ သူတို့သည် စာတန်ကို ကိုယ်စားပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ကို အရေးမထားပေ။ သင်သည် မိမိကိုယ်ကိုယ်မည်မျှပင် မြင့်မားစွာ ချီးမြှောက်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှပင် ပြင်းပြင်းထန်ထန် ဟစ်ကြွေးသည်ဖြစ်စေ၊ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး၊ စာတန်နှင့် သက်ဆိုင်သောသူ ဖြစ်သည်။ “ငါသည် ဘုရားသခင်ဖြစ်သည်၊ ငါသည် ဘုရားသခင်၏ ချစ်တော်မူသော သားတော်ဖြစ်သည်” ဟု ဘယ်သောအခါမျှ ငါမဟစ်ကြွေးပေ။ သို့သော် ငါပြုသည့်အမှုသည် ဘုရားသခင်၏ အမှုဖြစ်၏။ ငါဟစ်အော်ဖို့ လိုသလော။ ချီးမြှောက်ခြင်း မလိုအပ်ပေ။ ဘုရားသခင်သည် သူ၏အလုပ်ကို သူကိုယ်တိုင်လုပ်ပြီး၊ လူသားက သူ့ကို အဆင့်အတန်းတစ်ခု နှင်းအပ်ပေးရန်၊ သို့မဟုတ် ချီးမြှောက်သည့် ဂုဏ်ပုဒ်တစ်ခုပေးရန် မလိုအပ်ပေ။ သူ၏ အမှုက သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုပေသည်။ ဗတ္တိဇံမခံမီတွင် ယေရှုသည် ဘုရားသခင်ကိုယ်တော်တိုင် မဟုတ်ခဲ့လေသလော။ သူသည် လူ့ဇာတိခံယူထားသည့် ဘုရားသခင် မဟုတ်ခဲ့လေသလော။ သူသည် သက်သေကို ရရှိပြီးနောက်မှသာ ဘုရားသခင်၏ တစ်ပါးတည်းသောသားတော် ဖြစ်လာခဲ့သည်ဟု ပြော၍မရနိုင်သည်ကား ဧကန်မုချ ဖြစ်၏။ သူသည် မိမိ၏အမှုကို မစတင်မီ အချိန်ကြာမြင့်စွာကတည်းက၊ ယေရှုဟု အမည်တွင်သည့် လူတစ်ဦး ရှိခဲ့သည် မဟုတ်လော။ သင်သည် အသစ်သော လမ်းကြောင်းများကို မဆောင်ကြဉ်းနိုင် သို့မဟုတ် ဝိညာဉ်တော်ကို ကိုယ်စားမပြုနိုင်ပေ။ သင်သည် ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သူပြောသည့် နှုတ်ကပတ်တော်များကို သင်မဖော်ပြနိုင်။ ဘုရားသခင် ကိုယ်တော်တိုင်၏အမှုကို သင် မလုပ်ဆောင်နိုင်သကဲ့သို့ ဝိညာဉ်တော်၏ အလုပ်ကို သင်မလုပ်နိုင်ပေ။ ဘုရားသခင်၏ ဉာဏ်ပညာ၊ အံ့ဖွယ်ရာနှင့် ဉာဏ်မမီနိုင်မှုများ၊ ပြီးလျှင် လူသားကို ဘုရားသခင် ပြစ်တင်ဆုံးမသည့် စိတ်သဘောထား အလုံးစုံ- ဤအရာအားလုံးသည် သင်၏ ဖော်ပြနိုင်စွမ်းကို ကျော်လွန်သည်။ သို့ဖြစ်ရာ ဘုရားသခင်ဖြစ်သည်ဟု အခိုင်အမာဆိုရန် ကြိုးစားခြင်းသည် အချည်းနှီး ဖြစ်လိမ့်မည်၊ သင်သည် နာမည်သာရှိပြီး မည်သည့် အနှစ်သာရမျှ ရှိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တော်တိုင် လာပြီးဖြစ်သော်လည်း၊ မည်သူမျှ သူ့ကိုမမှတ်မိပေ၊ သို့သော် သူသည် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်ပြီး၊ ဝိညာဉ်တော်ကို ကိုယ်စားပြုခြင်းကိုလည်း ဆက်လက် လုပ်ဆောင်သည်။ သင့်အနေဖြင့် သူ့ကို လူသားဟုခေါ်သည်ဖြစ်စေ ဘုရားသခင်ဟု ခေါ်သည်ဖြစ်စေ၊ သခင်ဟုခေါ်သည်ဖြစ်စေ ခရစ်တော်ဟု ခေါ်သည်ဖြစ်စေ၊ သို့မဟုတ် သူ့ကို အစ်မဟု ခေါ်သည်ဖြစ်စေ၊ အရေးမကြီးပေ။ သို့သော်လည်း သူပြုသည့်အမှုမှာ ဝိညာဉ်တော်၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ကိုယ်စားပြုသည်။ လူသားက သူ့ကို ခေါ်ဆိုသည့် အမည်နာမကို သူဂရုမစိုက်ပေ။ ထိုအမည်နာမသည် သူ၏အလုပ်ကို အဆုံးအဖြတ်ပေးနိုင်သလော။ သင်သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ၊ ဘုရားသခင်နှင့် ပတ်သက်သရွေ့ သူသည် ဘုရားသခင်၏ဝိညာဉ်တော်၏ လူ့ဇာတိခံ ကိုယ်ခန္ဓာ ဖြစ်သည်။ သူသည် ဝိညာဉ်တော်ကို ကိုယ်စားပြုပြီး ဝိညာဉ်တော်၏ထောက်ခံမှုကို ရသည်။ အကယ်၍ သင်သည် ခေတ်သစ်တစ်ခုအတွက် လမ်းခရီး မဖန်တီးနိုင်ပါက၊ ခေတ်ဟောင်းကို အဆုံးမသတ်နိုင်ပါက၊ ခေတ်သစ်ကို မဖွင့်လှစ်ပေးနိုင်ပါက၊ အသစ်သော အလုပ်ကို မလုပ်ဆောင်နိုင်ပါက၊ သင့်ကို ဘုရားသခင်ဟု ခေါ်၍မရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” မှ

ဘုရားသခင်နှင့်သက်ဆိုင်သော သိနားလည်မှုအချို့ ရှိသောအခါ သူ့အတွက် လိုလိုလားလား ဆင်းရဲဒုက္ခခံနိုင်ကြပြီး၊ သူ့အဖို့ မိမိတို့၏ အသက်တာများကို ဆက်ကပ်နိုင်ကြသည်။ သို့သော်၊ စာတန်သည် ၎င်းတို့အတွင်းရှိ အားနည်းချက်များကို ထိန်းချုပ်နေဆဲဖြစ်ပြီး၊ သူတို့အား ဒုက္ခခံစားစေနိုင်ဆဲ ဖြစ်၏။ နတ်ဆိုးတို့သည် လူတို့ကို နှောင့်ယှက်ရင်းနှင့် ၎င်းတို့ကို စိတ်ဇဝေဇဝါ ဖြစ်စေ၍ အသိစိတ်ကင်းမဲ့သွားစေပြီး အနေရခက်စေပြီး ကဏ္ဍအားလုံးတွင် နှောင့်ယှက်မှုခံရရန် သူတို့အတွင်း၌ အလုပ်လုပ်နိုင်ဆဲဖြစ်၏။ လူတို့အတွင်း၌ စာတန်က ထိန်းချုပ်နိုင်ပြီး ကြိုးကိုင်ခြယ်လှယ်နိုင်သော စိတ် သို့မဟုတ် ဝိညာဉ်နှင့်ဆိုင်သည့် အရာများ ရှိနေသေး၏။ ဤသည်မှာ သင်သည် နာမကျန်းဖြစ်ပြီး သောကရောက်ရသည့် အကြောင်းရင်း ဖြစ်ပြီး၊ မိမိကိုယ်ကိုယ် သေကြောင်းကြံရန် သင့်အတွက် ဖြစ်နိုင်ကာ ရံဖန်ရံခါ လောကကြီးသည် တိတ်ဆိတ်ခြောက်ကပ်သည် သို့မဟုတ် ဘဝက အဓိပ္ပာယ်ကင်းမဲ့သည်ဟု သင် ခံစားရလေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဤလူသား ဆင်းရဲဒုက္ခများသည် စာတန်၏ ထိန်းချုပ်မှုအောက်၌ ရှိနေသေး၏၊ ၎င်းတို့သည် လူသား၏ သေနိုင်လောက်သော အားနည်းချက်များထဲမှ တစ်ခုအဖြစ် ပါဝင်သည်။ စာတန်သည် သူဖျက်ဆီး၍ နင်းခြေခဲ့ပြီးသော ထိုအရာများကို အသုံးပြုနိုင်ဆဲဖြစ်၏၊ ယင်းတို့မှာ လူသားမျိုးနွယ်ကိုဆန့်ကျင်၍ စာတန်အသုံးပြုနိုင်သော လက်နက်များပင်ဖြစ်၏။...နတ်ဆိုးများသည် သူတို့၏အလုပ်ကို လုပ်ကိုင်နိုင်ရန် အခွင့်အရေးတိုင်းကို တွယ်ကပ်ကြ၏။ ၎င်းတို့သည် အတွင်းမှ သင့်ကို စကားပြောနိုင်ကြ၏၊ သို့မဟုတ် သင်၏နားထဲသို့ တီးတိုးပြောနိုင်ကြသည်၊ သို့မဟုတ်ပါက ၎င်းတို့သည် သင်၏အတွေးများနှင့် စိတ်ကို ကစဉ့်ကလျား ဖြစ်စေနိုင်သည်။ ထို့ပြင် သင် မခံစားနိုင်ဖို့အလို့ငှာ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏တို့ထိမှုကို ဖုံးဖိထားနိုင်သည်။ ထို့နောက် သူတို့သည် သင့်ကို ဂနာမငြိမ် ဖြစ်စေပြီး စိတ်ထိခိုက်ခြင်းတို့ ဖြစ်စေလျက်၊ သင်၏အတွေးအခေါ်ကို ရှုပ်ထွေးစေခြင်း၊ သင်၏ဦးနှောက်ကို ကြောင်တောင်တောင် ဖြစ်စေခြင်းတို့အားဖြင့် သင့်အား စတင်နှောင့်ယှက်လေသည်။ ယင်းမှာ လူတို့အပေါ် နတ်ဆိုးများပြုသော အလုပ်ပင်ဖြစ်၏။ ထိုအရာကို ၎င်းတို့ မသိမြင်နိုင်ပါက၊ ၎င်းတို့ကိုယ်တိုင် ကြီးမားသောအန္တရာယ်ထဲ ရောက်စေလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လောကီ ဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အရေးပါမှု” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

လူတို့ကို လှည့်ဖြားဖို့ စကားပြောရန် ခရစ်တော်ကို တုပသောသူ မည်သူမဆိုသည် အယောင်ဆောင် ခရစ်‌တော် ဖြစ်သည်။ အယောင်ဆောင် ခရစ်တော်အားလုံးသည် နတ်ဆိုးများ၏ ဝင်ပူးခြင်း ခံရပြီး ၎င်းတို့သည် လှည့်ဖြားသောသူများ ဖြစ်သည်။ လူတို့ကို လှည့်ဖြားဖို့အလို့ငှာ စဉ်ဆက်မပြတ် စကားပြောဆိုနေသော အယောင်ဆောင် ခရစ်တော်တစ်ဦးကို သင် မည်သို့ ရိပ်စားနိုင်သနည်း။ သင်သည် ၎င်းတို့၏ စကားတချို့ကို ကြည့်ရုံမျှကြည့်ပါက၊ သင် ပြင်းပြင်းထန်ထန် စဉ်းစားကောင်း စဉ်းစားမည်ဖြစ်ပြီး၊ နတ်ဆိုးများက မည်သည့်အရာ အမှန်တကယ် လုပ်ဆောင်ရန် ရည်ရွယ်သည်ကို လုံးလုံးလျားလျား နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဤနတ်ဆိုးကို ဆက်လက်ခြေရာခံပြီး၊ ၎င်းတို့ ပြောဆိုပြီးသမျှတိုင်းကို ယေဘုယျအားဖြင့် သိမြင်ပါက၊ ၎င်းတို့ မည်သည့်အရာ အမျိုးအစားဖြစ်သည်၊ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေသည်၊ မည်သည့်အရာကို အမှန်တကယ် ပြောနေသည်၊ လူတို့ကို မည်သည့်အရာ အလုပ်ဆောင်ဖို့ ၎င်းတို့ ကြံနေသည်ဆိုသည်နှင့် လူတို့ကို ၎င်းတို့ မည်သည့်လမ်းကြောင်း ပေးနေကြသည်ဆိုသည်တို့ကို မြင်ဖို့ အလွန်လွယ်ကူလာသည်။ ဤအရာများကို ချင့်ချိန်နိုင်စွမ်းသည် လွယ်ကူလာသည်။ နတ်ဆိုးများ၏ စကားများတွင် အခြေခံအားဖြင့် တူညီသည့် ထူးခြားသော ပင်ကိုလက္ခဏာများ ရှိသည်ကို ငါတို့ မြင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စကားအသုံးအနှုန်းများကိုသာ အတုခိုးနိုင်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ အနှစ်သာရကို ၎င်းတို့ မပိုင်ဆိုင်ကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဆက်စပ်သည့် အကြောင်းအရာတစ်ခုနှင့် ရည်ရွယ်ချက်တစ်ခု ရှိသည်။ ဘုရားမိန့်မြွက်ချက်များ၏ အဆုံးစွန် ရည်ရွယ်ချက်နှင့် အကျိုးတရားများမှာ အလွန်ရှင်းလင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဩဇာအာဏာနှင့် တန်ခိုး ပိုင်ဆိုင်ကြောင်း၊ ယင်းတို့က တစ်ဦးတစ်ယောက်၏ စိတ်နှလုံးကို ထိတွေ့နိုင်ကာ ဝိညာဉ်ကို တို့ထိနိုင်ကြောင်း လူတို့က မြင်နိုင်သည်။ သို့သော် နတ်ဆိုးများ၏ စကားများနှင့် စာတန်၏ စကားများမှာ ဆက်စပ်အကြောင်းအရာ မရှိသကဲ့သို့ အကျိုးတရားမရှိပေ- ယင်းတို့သည် ရေသေအိုင်တစ်ခုကဲ့သို့ ဖြစ်ပြီး၊ ယင်းတို့ကို ဖတ်ပြီးနောက်တွင် လူတို့သည် မိမိတို့စိတ်နှလုံးများ၌ နောက်ကျိသွားကြသည်။ ယင်းတို့မှ မည်သည့်အရာကိုမျှ ၎င်းတို့ မရရှိကြချေ။ ထို့ကြောင့်၊ နတ်ဆိုးမျိုးစုံသည် သမ္မာတရား လုံးဝ ကင်းမဲ့ကြသကဲ့သို့၊ အတွင်းတွင် သေချာပေါက် နောက်ကျိပြီး မှောင်မိုက်လေသည်။ ၎င်းတို့၏ စကားများက လူတို့ထံ အလင်းကို မဆောင်ကြဉ်းနိုင်သကဲ့သို့၊ ၎င်းတို့ လိုက်လျှောက်သင့်သည့် လမ်းကြောင်းကို မပြနိုင်ပေ။ နတ်ဆိုးများက ၎င်းတို့၏ ရည်မှန်းချက်များကိုဖြစ်စေ မည်သည့်အရာကို ပြီးမြောက်ဖို့ ၎င်းတို့ ကြိုးစားနေကြသည်ကိုဖြစ်စေ ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ပေ။ သမ္မာတရား အနှစ်သာရ သို့မဟုတ် အရင်းအမြစ်နှင့်စပ်လျဉ်းသည့် မည်သည့်အရာကိုမျှ မဖော်ပြပေ။ အနည်းဆုံး မဟုတ်ပါ။ လူတို့ နားလည်သင့် သို့မဟုတ် ရရှိသင့်သည့် မည်သည့်အရာကိုမျှ နတ်ဆိုးများ၏ စကားများတွင် ရှာမတွေ့နိုင်ပေ။ ထို့ကြောင့် နတ်ဆိုးများ၏ စကားများသည် လူတို့ကို လှည့်ဖြားရုံလှည့်ဖြားနိုင်ပြီး ၎င်းတို့ကို နောက်ကျိခြင်းနှင့် မှောင်မိုက်မှု၊ အပျက်သဘောဆောင်ခြင်းနှင့် စိတ်ပျက်ခြင်းတို့ကိုသာ ယူဆောင်နိုင်သည်။ ယင်းတို့သည် လူတို့အား မည်သည့် အာဟာရကိုမျှ လုံးဝ မထောက်ပံ့နိုင်ပေ။ ဤအရာမှ နတ်ဆိုးများ၏ သဘာဝ အနှစ်သာရမှာ ဆိုးယုတ်မှု၊ မှောင်မိုက်မှုနှင့်ဆိုင်သော အနှစ်သာရဖြစ်ပြီး၊ အသက်ပါခြင်း မဲ့ကာ၊ ထိုအစား သေခြင်းအနံ့ထွက်နေသည်ကို ငါတို့ မြင်နိုင်သည်။ ယင်းတို့သည် ကျိန်ခြင်းခံရသင့်သည့် အပျက်သဘောဆောင်သောအရာများ ဧကန် ဖြစ်ကြသည်။ ၎င်းတို့၏ စကားတွင် သမ္မာတရား လုံးဝ မရှိချေ။ ယင်းသည် အားလုံး အဓိပ္ပာယ်မရှိသကဲ့သို့၊ လူတို့အား ယင်ကောင်သေကို စားလိုက်မိသည့်အလား စက်ဆုပ်ကာ မနှစ်သက်မှုကို ခံစားစေသည့် ဆိုးယုတ်သော ဟောပြောချက် ဖြစ်သည်။ လူတို့သည် သမ္မာတရားကို လိုက်စားခြင်းတွင် ရှိပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်ရန် အရည်အချင်း ပိုင်ဆိုင်ပါက၊ ၎င်းတို့သည် နတ်ဆိုးများ၏ စကားများကို ဖတ်ရှုသည်နှင့် သိမြင်နိုင်ကြလိမ့်မည်။ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်ရန် အစွမ်းအစ မရှိကြသူများသည် နတ်ဆိုးများ၏ ဆိုးယုတ်သော စကားများအားဖြင့် သေချာပေါက် လှည့်ဖြားခံရကြလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အသိဉာဏ်ပွင့်လင်းစေပြီးဖြစ်ကာ အလင်းပေးပြီးသောသူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သိနားလည်မှုတစ်ခု ရှိပြီး၊ သမ္မာတရားအချို့ကို သိနားလည်သော လူအားလုံးသည် နတ်ဆိုးများ၏ ဆိုးယုတ်သော စကားများကို အလိုအလျောက် သိမြင်နိုင်ကြလိမ့်မည်။ နတ်ဆိုးများမှာ သမ္မာတရား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း သို့မဟုတ် တန်ခိုး အာဏာ သို့မဟုတ် ဩဇာအာဏာ အနည်းငယ်မျှပင် လုံးလုံးလျားလျား ကင်းမဲ့သည်ကို နတ်ဆိုးများ ပြောဆိုသည့် မည်သည့်စကားများတွင်မဆို ၎င်းတို့ မြင်နိုင်ကြလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ယှဉ်သည့်အခါ၊ ခြားနားချက်မှာ အမှန်တကယ်ပင် ကောင်းကင်နှင့် မြေကြီးကြား ကွာခြားချက် ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၁၁၃) အမျိုးမျိုးသော နတ်ဆိုးများကို ခွဲခြားခြင်း အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၁၅) မယုံကြည်သူများကို ခွဲခြားခြင်း အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၉ ကိုယ်ကျိုးမငဲ့သော ဘုရားရဲ့မေတ္တာနဲ့သဘောသဘာဝ

၁ဘုရား သူ့ရဲ့အကောင်းဆုံးအရာကို ပေးအကောင်းဆုံးအရာများ သူလေ ပေးအပ် မိမိဒုက္ခဝေဒနာကို ဘယ်တော့မှ ဖွင့်မပြော တိတ်ဆိတ်စွာ သူလေ စောင်မျှော်ကာ...

၁၂၇ ဘုရားသခင်သည် သူ၏စိတ်သဘောထားအလုံးစုံကို နောက်ဆုံးသော ကာလတွင် ဖွင့်ပြခဲ့ပြီ

၁ကမ္ဘာကိုဖန်ဆင်း ကတည်းက ဘုရားသခင်၏ဝိညာဉ်သည် ကြီးမားသောအမှု အမြဲ သူ ပြုလုပ်ခဲ့သည်။သူသည် ကွဲပြား သော တိုင်းနိုင်ငံများ နှင့်အို...ခေတ်အဆက်ဆက်...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ ကမ္ဘာပေါ်သို့ကြွလာပြီနှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်