၉၉) ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ခွဲခြားခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် လူသား၏ စိစစ်ခြင်းနှင့် ရှင်းပြချက်များ၏ ရလဒ်တစ်ခု လုံးလုံးလျားလျား ဖြစ်ပေသည်။ ယင်းတို့သည် ပေါ့တန်ပြီး လက်တွေ့မကျသကဲ့သို့ အလုံးစုံအနေဖြင့် လူသား အယူအဆများနှင့် စိတ်ကူးစိတ်သန်းများထဲတွင် ရေတွက်ခံရပေသည်။

(၂) ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသည် လူသား၏ စိတ်နှင့် အတွေးများမှ ဖြစ်ပေါ်သည်။ ယင်းတို့သည် အနည်းဆုံးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် တူညီသကဲ့သို့ လူတို့ကို တို့ထိနိုင်ကာ အကျိုးကျေးဇူး ဆောင်ကြဉ်းနိုင်ပေသည်။

(၃) ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသည် စည်းမျဉ်းများနှင့် အပြင်ပန်းအရာများသာ ဖြစ်သည်။ ယင်းတို့သည် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းနှင့် ယင်း၏ အခြေခံသဘောတရားများ ကင်းမဲ့ပြီး၊ လူသားကို လွတ်မြောက်ခြင်းသို့ ဦးဆောင်သည်ထက်၊ သူ့ကို အချုပ်အနှောင်များတွင် ထားရှိသည်။

(၄) ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို မကြာခဏ ဟောပြောသောသူတို့သည် မိမိတို့ကိုယ်ကိုယ် လုံးဝ မသိကြချေ။ ၎င်းတို့သည် အခြေခံသဘောတရားအတိုင်း ပြုမူလာရန် မဆိုထားနှင့်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏အလုပ်နှင့်နှုတ်ကပတ်တော်တို့သည် သင်တို့၏ စိတ်သဘောထား၌ အပြောင်းအလဲတစ်ရပ် ဖြစ်စေရန် ရည်ရွယ်သည်။ ကိုယ်တော်၏ပန်းတိုင်သည် သင်တို့အား ဘုရား၏အလုပ်နှင့် နှုတ်ကပတ်တော်ကို နားလည်စေရန် သို့မဟုတ် သိရှိစေရန်သက်သက် မဟုတ်ပေ။ ယင်းသည် မလုံလောက်ပေ။ သင်သည်နားလည်နိုင်စွမ်းရှိသူ ဖြစ်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ရန် အခက်အခဲ မရှိသင့်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော် အများစုကို လူ့ဘာသာစကားဖြင့် ရေးသားထားသည့်အပြင် ကိုယ်တော်သည် အင်မတန်ရိုးရှင်းစွာ စကားပြောသောကြောင့် ဖြစ်သည်။ ဥပမာ ဘုရားသခင်က သင့်အား မည်သည့်အရာကို နားလည်စေချင်ပြီး လက်တွေ့လုပ်ဆောင်စေချင်သည်ကို သင်သည် ကောင်းမွန်စွာ သင်ယူနိုင်စွမ်းရှိသည်။ ဤသည်မှာ နားလည်နိုင်စွမ်းရှိသော သာမန်လူတစ်ယောက် တတ်နိုင်သည့် အရာပင်တည်း။ အထူးသဖြင့် ယခုအဆင့်တွင် ဘုရားသခင် မြွက်ဟနေသည့် နှုတ်ကပတ်တော်များသည် ထူးခြားစွာ ရှင်းလင်းလွယ်ကူနေသည်။ ထို့အပြင် ဘုရားသခင်သည် လူများမစဉ်းစားမိသော အရာများစွာနှင့် လူသား၏ အခြေအနေ အမျိုးမျိုးတို့ကို ထောက်ပြနေသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် အလုံးစုံကို ခြုံငုံမိကာ လပြည့်ဝန်း၏အလင်းရောင်ပမာ ကြည်လင်နေပေသည်။ သို့ဖြစ်၍ ယခုလူများသည် အကြောင်းအရာများစွာကို နားလည်ကြ သော်ငြားလည်း၊ လိုအပ်နေဆဲဖြစ်သည့် အရာတစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ လူများသည် သူတို့ရရှိနိုင်ရန် ပြုထားသော မည်သည့်အရာကိုမဆို ခံယူရန်သက်သက် စောင့်စားနေမည့်အစား သမ္မာတရား၏ လက္ခဏာသွင်ပြင် အလုံးစုံကို မိမိကိုယ်တိုင် အသေးစိတ်ခံစားရမည်။ ပိုပြီးအသေးစိတ် စူးစမ်းရှာဖွေရမည်။ ဤသို့မဟုတ်ပါက သူတို့သည် ကပ်ပါးကောင်များထက် အနည်းငယ် သာရုံသာ ရှိလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသည့်တိုင် ယင်းကို လက်တွေ့လုပ်ဆောင်ခြင်း မရှိ။ ထိုကဲ့သို့သော လူစားသည် သမ္မာတရားကို မချစ်ခင်ဘဲ ၎င်းကို အဆုံးတွင် ဖယ်ရှားပေမည်။ ၁၉၉၀ဝန်းကျင်၏ ပေတရုတစ်ယောက်ကဲ့သို့ ဖြစ်ရန် သင်တို့ တစ်ဦးချင်းစီသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်သင့်ကာ သင်တို့၏တွေ့ကြုံမှုများထဲ မှန်ကန်သော ဝင်ရောက်မှု ရှိသင့်ပြီး ဘုရားသခင်နှင့်သင်၏ ပူးပေါင်းဆောင်ရွက်မှုထဲ ဉာဏ်အလင်းပွင့်မှုကို ပိုများများ ရယူသင့်သည်။ ယင်းသည် သင်တို့ကိုယ်တိုင်၏ ဘဝထဲ ထာဝရတိုးပွားလာမည့် အထောက်အပံ့ပင်ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အများအပြားကို ဖတ်ရှု လေ့လာပြီးသော်လည်း စာသားများ၏ အဓိပ္ပာယ်ကို နားလည်ရုံရှိပြီး သင်တို့၏ လက်တွေ့အတွေ့အကြုံများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တိုက်ရိုက်သိခြင်းကင်းမဲ့ပါက၊ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိမည်မဟုတ်ပေ။ သင်နှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက် မဟုတ်ဘဲ၊ အသက်ကင်းမဲ့သော ကျမ်းဟောင်းတရားများသာ ဖြစ်ပေလိမ့်မည်။ သင်သည်အသက်မဲ့သော ကျမ်းဟောင်း တရားများကိုသာ လိုက်နာပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အနှစ်သာရကို နားလည်သဘောပေါက်နိုင်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏အလိုတော်ကိုလည်း သင်နားလည်မည် မဟုတ်ပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို သင်၏ လက်တွေ့အတွေ့အကြုံများတွင် ကြုံတွေ့သည့် အခါမှသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ဝိညာဉ်ဆိုင်ရာ အဓိပ္ပာယ်သည် မိမိကိုယ်ကိုယ် သင့်အား ဖွင့်ပြပေးမည်ဖြစ်ပြီး၊ အတွေ့အကြုံမှသာ သင်သည် သမ္မာတရားများစွာ၏ ဝိညာဉ်ဆိုင်ရာအဓိပ္ပာယ်ကို သဘောပေါက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်၏ နက်နဲရာတို့ကို သိမြင်နိုင်ပေမည်။ သင်သည် ၎င်းကို လက်တွေ့ကျင့်သုံးခြင်း မပြုလျှင် ကိုယ်တော်၏ နှုတ်ကပတ်တော်သည် မည်မျှပင် ရှင်းလင်းစေကာမူ သင် နားလည်သဘောပေါက်သည့်အရာမှာ သင့်အတွက် ဘာသာရေး လုပ်ထုံးလုပ်နည်း ဖြစ်လာခဲ့သည့် အဓိပ္ပာယ်မဲ့သော ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်ပေသည်။ ယင်းသည် ဖာရိရှဲတို့လုပ်ကိုင်ခဲ့သည့်အရာ မဟုတ်လော။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးပြီး တွေ့ကြုံခံစားပါက ယင်းသည် သင့်အတွက် လက်တွေ့ကျလာလိမ့်မည်။ သင်သည် လက်တွေ့ကျင့်သုံးရန် မကြိုးစားပါက ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်အတွက် တတိယမိုးကောင်းကင် ပုံပြင်ထက် အနည်းငယ် သာရုံသာ ရှိပေလိမ့်မည်။ အမှန်အားဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သင်တို့ကြုံတွေ့ပြီး ကိုယ်တော်၏ ရယူခြင်းကို ခံရခြင်း၊ သို့မဟုတ် ပို၍ရှင်းလင်းအောင် ဆိုရလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကိုယ်တော်၏ နှုတ်ကပတ်တော်ကို သိရှိနားလည်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ကြုံတွေ့ပြီး အသက်ရှင်နေထိုင်ခြင်း ဖြစ်သည်။ ယင်းသည် သင်တို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း နောက်ကွယ်မှ အမှန်တရားဖြစ်သည်။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ထာဝရအသက်ကို မျှော်လင့်ပါလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်အတွင်း၌ ရှိနေသောအရာကဲ့သို့ လက်တွေ့ကျင့်သုံးရန် ကြိုးစားခြင်း မရှိပါက၊ သင်သည် မိုက်မဲသည်။ ယင်းသည် စားသောက်ပွဲကြီးကိုသွားပြီး အစားအစာကို ကြည့်ရုံကြည့်ခဲ့ပြီး အရသာရှိသောအရာများကို တစ်ခုတလေပင် ကိုယ်တိုင်ကိုယ်ကျ မမြည်းစမ်းဘဲ အလွတ်ကျက်မှတ်ခြင်းနှင့် တူသည်။ ထိုကဲ့သို့သော လူစားသည် လူမိုက်တစ်ဦးမဟုတ်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်” မှ

လူသားသည် သူတွေ့ကြုံပြီး မြင်ရသောအရာကို မိတ်သဟာယပြုနိုင်သည်။ ၎င်းတို့ မတွေ့ကြုံဖူးသည့်အရာ၊ မမြင်ဖူးသည့်အရာ သို့မဟုတ် ၎င်းတို့၏ တွေးခေါ်မှုက လက်လှမ်းမမီနိုင်သောအရာ၊ ထိုအရာများသည် ၎င်းတို့၏အတွင်းတွင် မရှိသောအရာများဖြစ်သဖြင့် ၎င်းတို့ကို မည်သူမျှ မိတ်သဟာယ မပြုနိုင်ပေ။ အကယ်၍ လူသားဖော်ပြသောအရာသည် သူ၏တွေ့ကြုံမှုမှ မဟုတ်ပါက၊ ယင်းသည် သူ၏ စိတ်ကူးစိတ်သန်း သို့မဟုတ် အယူဝါဒ ဖြစ်ပေသည်။ ရှင်းရှင်းပြောရလျှင်၊ သူ၏စကားများတွင် မည်သည့် လက်တွေ့အရှိတရားမျှ မရှိပေ။ သင်သည် လူ့အဖွဲ့အစည်း၏ အရာများနှင့် မည်သည့်အခါမျှ ထိတွေ့မှုရှိမလာခဲ့ပါက၊ သင်သည် လူ့အဖွဲ့အစည်း၏ ရှုပ်ထွေးသော ဆက်ဆံရေးများကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုနိုင်မည် မဟုတ်ပေ။ သင်သည် မိသားစုမရှိလျှင်၊ အခြားသူများသည် မိသားစု အရေးကိစ္စများအကြောင်း ဆွေးနွေးကြမည်ဆိုပါက၊ ၎င်းတို့ပြောနေသည့်အရာ အများစုကို သင်နားလည်မည် မဟုတ်ပေ။ ထို့ကြောင့် လူသား မိတ်သဟာယ ပြုသောအရာနှင့် သူ လုပ်ဆောင်သောအလုပ်သည် သူ၏ အတွင်းဖြစ်တည်မှုကို ကိုယ်စားပြုပေသည်။ အကယ်၍ လူတစ်ယောက်သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ၎င်း၏ သိနားလည်မှုကို မိတ်သဟာယ ပြုသော်လည်း၊ ယင်းနှင့်သက်ဆိုင်သည့် အတွေ့အ‌ကြုံ သင်၌ မရှိခဲ့ပါက၊ သင်သည် ထိုအရာ၌ တစ်ရာ ရာခိုင်နှုန်း သေချာဖို့ မဆိုထားနှင့်၊ သူ၏ အသိပညာကို သင်ငြင်းဝံ့မည် မဟုတ်ချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ မိတ်သဟာယသည် သင် လုံးဝ မတွေ့ကြုံဖူးသော အရာတစ်ခု၊ သင် လုံးဝ မသိဖူးသကဲ့သို့၊ သင်၏စိတ်က စိတ်မကူးနိုင်သည့် အရာတစ်ခု ဖြစ်သောကြောင့်တည်း။ ၎င်းတို့၏ အသိပညာမှ၊ သင် ရယူနိုင်သမျှမှာ အနာဂတ်တွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံဖို့ လမ်းကြောင်းတစ်ခု ဖြစ်ပေသည်။ သို့သော် ဤလမ်းကြောင်းသည် အယူဝါဒဆိုင်ရာ အသိပညာထဲမှ တစ်ခုသာ ဖြစ်နိုင်၏။ ယင်းသည် သင်ကိုယ်တိုင်၏ အတွေ့အကြုံကို အစားထိုးနိုင်ဖို့မဆိုထားနှင့်၊ သင်ကိုယ်တိုင်၏သိနားလည်မှုကို အစားမထိုးနိုင်ပေ။ ၎င်းတို့ပြောသောအရာသည် အတော် မှန်သည်ဟု သင်ထင်ကောင်းထင်မည် ဖြစ်သော်လည်း၊ သင်၏ အတွေ့အကြုံတွင် ယင်းသည် နည်းလမ်းများစွာ လက်တွေ့မကျသည်ကို သင် တွေ့ရပေသည်။ သင် ကြားသောအရာထဲမှ အချို့သည် လုံးဝ လက်တွေ့မကျသည်ကို သင် ခံစားရကောင်း ခံစားရပေမည်။ ထိုအချိန်တွင် သင့်အနေဖြင့် ထိုအရာနှင့် ပတ်သက်၍ အယူအဆများ သိုထားပြီး၊ ယင်းကို သင် လက်ခံသော်လည်း အလွန် အင်တင်တင်ဖြင့်သာ လုပ်ဆောင်ပေသည်။ သို့ရာတွင် သင်ကိုယ်တိုင်၏ အတွေ့အကြုံတွင်၊ သင့်ကို အယူအဆများ ရရှိစေသည့် အသိပညာသည် သင်၏ လက်တွေ့လုပ်ဆောင်မှု နည်းလမ်း ဖြစ်လာပြီး၊ သင် လက်တွေ့လုပ်ဆောင်လေလေ သင်ကြားသည့် နှုတ်ကပတ်တော်များ၏ စစ်မှန်သော တန်ဖိုးနှင့် အဓိပ္ပာယ်ကို သင်နားလည်လေလေ ဖြစ်သည်။ သင်ကိုယ်တိုင်၏ အတွေ့အကြုံ ရှိပြီးသည့်နောက်တွင်၊ သင်သည် တွေ့ကြုံခဲ့သည့်အရာမှ သင် ရှိသင့်သည့် အသိပညာနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ပေသည်။ ထို့အပြင်၊ သင်သည် မိမိတို့၏ အသိပညာစစ်မှန်ပြီး လက်တွေ့ကျသော သူများနှင့် မိမိတို့၏အသိပညာက သုံးမရဘဲ၊ အယူဝါဒအပေါ်အခြေခံထား သူတို့ကြားလည်း ခွဲခြားနိုင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သင်ပြောဆိုသော အသိပညာသည် သမ္မာတရားနှင့် ကိုက်ညီခြင်းရှိမရှိသည် သင်၌ ယင်းနှင့်သက်ဆိုင်သည့် လက်တွေ့ကျသော အတွေ့အကြုံ ရှိမရှိဆိုသည့်အပေါ် ကြီးစွာ မူတည်လေသည်။ သင့်အတွေ့အကြုံတွင် သမ္မာတရားရှိပါက၊ သင်၏အသိပညာသည် လက်တွေ့ကျပြီး တန်ဖိုးရှိလိမ့်မည်။ သင်၏ အတွေ့အကြုံမှတစ်ဆင့်၊ သင်သည် ချင့်ချိန်နိုင်စွမ်းနှင့် ထိုးထွင်းသိမြင်မှုကိုလည်း ရရှိနိုင်ပြီး၊ သင်၏ အသိပညာ နက်သထက်နက်လာနိုင်ကာ၊ မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင် ရမည်ဆိုသည်နှင့်ပတ်သက်၍ သင်၏ဉာဏ်ပညာနှင့် သာမန်အသိတို့ တိုးပွားနိုင်ပေသည်။ သမ္မာတရားကို မပိုင်ဆိုင်သော လူတို့ ဖော်ပြသည့် အသိပညာသည် မည်မျှပင် မြင့်မားကောင်း မြင့်မားပါစေ၊ အယူဝါဒ ဖြစ်ပေသည်။ ဤလူစားမျိုးသည် ဇာတိပကတိနှင့်ဆိုင်သည့် ကိစ္စများနှင့် ပတ်သက်လာသည့်အခါ၊ အလွန် ဉာဏ်ရည်ဉာဏ်စွမ်း ကောင်းနိုင်သော်လည်း၊ ဝိညာဉ်ရေးရာကိစ္စများနှင့် ပတ်သက်လာသည့်အခါ၊ ခွဲခြားခြင်း မပြုနိုင်ကြချေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော လူတို့သည် ဝိညာဉ်ရေးရာ ကိစ္စများအားလုံးတွင် အတွေ့အကြုံမရှိသောကြောင့် ဖြစ်သည်။ ဤသူတို့သည် ဝိညာဉ်ရေးရာ ကိစ္စများတွင် ဉာဏ်အလင်း မရသောသူများဖြစ်ပြီး ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ကြပေ။ သင်သည် မည်သည့်အသိပညာမျိုးကို ဖော်ပြသည်ဖြစ်စေ၊ သင်၏ ဖြစ်တည်မှု ဖြစ်နေသရွေ့ ယင်းသည် သင်၏ ပုဂ္ဂိုလ်ရေးအတွေ့အကြုံ၊ သင်၏ စစ်မှန်သော အသိပညာ ဖြစ်သည်။ အယူဝါဒကိုသာ ပြောဆိုသူများ- သမ္မာတရားကိုဖြစ်စေ လက်တွေ့အရှိတရားကိုဖြစ်စေ မပိုင်ဆိုင်သူများ- သည် နက်ရှိုင်းသည့် ဆင်ခြင်ခြင်းမှတစ်ဆင့် ၎င်းတို့၏ အယူဝါဒကို ရရှိပြီး၊ ယင်းသည် ၎င်းတို့၏ နက်ရှိုင်းသော ပြန်လည်တွေးဆခြင်း အကျိုးဆက်ဖြစ်သောကြောင့်၊ ၎င်းတို့ ဆွေးနွေးသောအရာကိုလည်း ၎င်းတို့၏ဖြစ်တည်မှုဟု ခေါ်ဆိုနိုင်ပေသည်။ သို့ရာတွင် ယင်းသည် အယူဝါဒသာဖြစ်ပြီး၊ စိတ်ကူးစိတ်သန်းထက် မပိုပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားပါက၊ သူသည် မည်သည့်အခါတွင်မျှ သမ္မာတရားကို နားလည်လိမ့်မည်မဟုတ်။ သင့်အနေဖြင့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို အကြိမ်တစ်သောင်း ပြောဆိုနိုင်သော်လည်း၊ ယင်းတို့သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်ဦးမည် ဖြစ်သည်။ လူအချို့က၊ “ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်”ဟုသာ ဆိုကြသည်။ ဤနှုတ်ကပတ်တော်များကို အကြိမ်တစ်သောင်း သင် ပြန်ရွတ်ပြလျှင်ပင်၊ ယင်းသည် အချည်းနှီးဖြစ်ဦးမည်ဖြစ်သည်။ သင်သည် ယင်း၏ အဓိပ္ပာယ်ကို လုံးဝသိနားလည်မှု မရှိပေ။ အဘယ်ကြောင့် ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ဟု ဆိုထားသနည်း။ ဤအရာနှင့် ပတ်သက်၍ သင် အတွေ့အကြုံမှ ရရှိပြီးဖြစ်သည့် အသိပညာကို သင် ရှင်းလင်းစွာပြောဆိုနိုင်ပါသလော။ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့နှင့်သက်ဆိုင်သော စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ပြီးပြီလော။ သင့်အနေဖြင့် ၎င်းတို့ကို တွေ့ကြုံခံစားဖို့နှင့် အသိပညာရရှိဖို့ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို မြွက်ဆိုခဲ့ခြင်း ဖြစ်သည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ဖွင့်ဟခြင်းမျှသည် အချည်းနှီးဖြစ်၏။ သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ပြီး ဝင်ရောက်သည်နှင့် တစ်ပြိုင်နက်သာ၊ မိမိကိုယ်ကိုယ် သိရှိနိုင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားမလည်ပါက၊ သင်သည် မိမိကိုယ်ကိုယ် မသိရှိနိုင်ပေ။ သမ္မာတရား ရှိသည့်အခါမှသာ သင် သိမြင်နိုင်ပေသည်။ သမ္မာတရားမရှိဘဲနှင့်၊ သင် မသိမြင်နိုင်ပေ။ သမ္မာတရား ရှိသည့်အခါမှသာ၊ ကိစ္စရပ်တစ်ခုကို သင် ပြည့်ဝစွာ နားလည်နိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ ကိစ္စရပ်တစ်ခုကို သင် နားမလည်နိုင်။ သမ္မာတရား ရှိသည့်အခါမှသာ မိမိကိုယ်ကိုယ် သင် သိရှိနိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်သည် မိမိကိုယ်ကိုယ် မသိရှိနိုင်။ သမ္မာတရား သင် ရှိသည့်အခါမှသာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်၏ စိတ်သဘောထား မပြောင်းလဲနိုင်ပေ။ သမ္မာတရား သင်၌ ရှိသည့်နောက်တွင်သာ၊ ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေခံနိုင်သည်။ သမ္မာတရားမရှိဘဲနှင့်၊ ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေမခံနိုင်။ သမ္မာတရား သင်၌ ရှိသည့်နောက်တွင်သာ၊ ဘုရားသခင်ကို သင် ကိုးကွယ်နိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်၏ကိုးကွယ်မှုသည် ဘာသာရေး ထုံးတမ်းဓလေ့များ ဆောင်ရွက်ခြင်းထက် ဘာမျှပိုလိမ့်မည်မဟုတ်။ ဤအရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို ရရှိခြင်းအပေါ် တည်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

အယူဝါဒကိုသာ နားလည်ခြင်းသည် အသုံးမတည့်ပေ။ ယင်းက အသက်တာ ပြောင်းလဲမှုကို မဖြစ်စေနိုင်ပေ။ ဘုရားနှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်ခြင်းမျှသည် သမ္မာတရားကို နားလည်ခြင်းနှင့် မညီမျှပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များတွင် ရှင်းလင်းဖော်ပြထားသည့် ထိုမရှိမဖြစ်သောအရာများက သမ္မာတရားဖြစ်သည်။ လူများက သေချာပေါက် နားလည်ခြင်း မရှိကောင်း မရှိနိုင်သော်လည်း သူ၏မိန့်မြွက်ချက် တစ်ကြောင်းချင်းစီတွင် သမ္မာတရားပါဝင်သည်။ ဥပမာအားဖြင့် ဘုရားသခင်က “သင်တို့သည် ရိုးသားသော လူများ ဖြစ်ရမည်” ဟု ပြောသည့်အခါ ဤထုတ်ပြန်ချက်တွင် သမ္မာတရား ပါဝင်သည်။ “သင်တို့သည် ဘုရားသခင်ရှေ့မှောက်တွင် ကျိုးနွံနာခံသည့် လူများ၊ ဘုရားသခင်ကို ချစ်သည့်လူများနှင့် ဘုရားသခင်ကို ကိုးကွယ်သည့်လူများ ဖြစ်လာရမည်။ သင်တို့သည် လူသားများအနေဖြင့် မိမိတို့၏တာဝန်များကို ဖြည့်ဆည်းရမည်” ကဲ့သို့သော သူ့ထံမှ ထုတ်ပြန်ချက်များ၌ သမ္မာတရားများ သာ၍ပင် ပါရှိသည်။ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ဝါကျတစ်ခုချင်းစီတိုင်းတွင် သမ္မာတရားများစွာ ပါဝင်သည်၊ ပြီးလျှင် ဤသမ္မာတရား ထုတ်ပြန်ချက်တစ်ခုချင်းစီ၏ အနှစ်သာရကို ရှင်းပြဖို့ များစွာ အချိန်ယူရသည်။ တစ်စုံတစ်ဦးသည် ဤအခြေအနေသို့ ရောက်ရှိသည့်အခါမှသာလျှင် သမ္မာတရားနှင့် သက်ဆိုင်သည့် နားလည်မှုတစ်ခုကို ရသည်ဟု သဘောထားနိုင်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ယင်းတို့၏ တိုက်ရိုက် အဓိပ္ပာယ်အတိုင်းသာ နားလည်ပြီး ရှင်းပြပါက သင်၏နားလည်မှုသည် သမ္မာတရားနှင့်သက်ဆိုင်သည့် နားလည်မှု တစ်ခု မဟုတ်ပေ။ သင်သည် အယူဝါဒဖြင့်သာ ကြွားဝါနေခြင်း ဖြစ်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

သမ္မာတရားကို နားမလည်၊ သို့မဟုတ် မချစ်ကြသည့် လူတို့သည် သမ္မာတရားကို အနက်ပြန်ခြင်းတစ်ခုကဲ့သို့၊ သဘောတရားတစ်ခုကဲ့သို့ မကြာခဏ ယူဆတတ်ကြ၏- ၎င်းတို့သည် မည်သည့်အရာ ဖြစ်လာကြသနည်း။ ဘုရားသခင်ကို နှစ်ကာလများကြာ ယုံကြည်ပြီးနောက်၊ ပြဿနာတစ်ခုကို ၎င်းတို့ကြုံရသည့်အခါ၊ ယင်းကို အရှိအတိုင်း မမြင်နိုင်ကြသကဲ့သို့ သမ္မာတရားကို မကျိုးနွံမနာခံနိုင်ကြ၊ သို့မဟုတ် မရှာဖွေနိုင်ကြချေ။ လူတို့က ၎င်းတို့နှင့်အတူ မိတ်သဟာယပြုကြသည့်အခါ၊ ၎င်းတို့သည် ၎င်းတို့၏ “ကျော်ကြားသည့် ဉာဏ်ပညာစကားများ” ဖြင့် ဖြေကြသည်- “ထားလိုက်ပါ- အရာရာကို ကျွန်ုပ်နားလည်သည်။ သင် လမ်းပင်မလျှောက်နိုင်မီကတည်းက ကျွန်ုပ်တရားဟောလာခဲ့သည်။” ဤသည်တို့မှာ ၎င်းတို့၏ ကျော်ကြားသောစကားများ ဖြစ်သည်။ အရာရာကို ၎င်းတို့နားလည်ပါက၊ ပြဿနာတစ်ခုကို ၎င်းတို့ကြုံရသည့်အခါ ယင်းကို အဘယ်ကြောင့် မကိုင်တွယ်နိုင်ကြသနည်း။ ထိုအရာကို သင် နားလည်ပါက၊ အဘယ်ကြောင့် သင် လက်တွေ့မလုပ်ဆောင်နိုင်သနည်း။ အဘယ်ကြောင့် ပြဿနာက သင့်ကို ခြေချော်စေသနည်း၊ သင်သည် ထိုအရာနှင့်ပတ်သက်၍ အဘယ်ကြောင့် အကျပ်ရိုက်နေသနည်း။ သင် နည်းလည်သည်လော၊ နားမလည်သည်လော။ သင် နားလည်ပါက၊ အဘယ်ကြောင့် မနာခံနိုင်သနည်း။ သင် နားလည်ပါက၊ အဘယ်ကြောင့် လက်မခံနိုင်သနည်း။ သမ္မာတရားကို သိနားလည်ပြီးနောက်တွင် လူတို့လုပ်ဆောင်သင့်သည့် ပထမဆုံးသော အရာမှာ အဘယ်နည်း။ ၎င်းတို့နာခံသင့်၏၊ အခြား မည်သည့်အရာမျှမဟုတ်။ လူအချို့က၊ “အရာရာကို ကျွန်ုပ်နားလည်သည်။ မည်သူမျှ ကျွန်ုပ်ကို မိတ်သဟာယမပြုသင့်ပါ- မည်သူမျှ၏ အကူအညီကိုမျှ ကျွန်ုပ်မလိုအပ်ပါ” ဟု ပြောကြသည်။ ၎င်းတို့သည် အခြားသူများ၏ ကူညီမှုကို စွန့်လွှတ်နိုင်ကြသော်လည်း၊ ၎င်းတို့အားနည်းသည့်အခါ၊ ၎င်းတို့နားလည်သည့် အယူဝါဒသည် လုံးဝ အချည်းနှီးဖြစ်ပြီး၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်မှုကိုပင် ၎င်းတို့ ရပ်လိုက်ကြသည်မှာ ကရုဏာသက်စရာဖြစ်၏။ အချို့က ဘုရားသခင်ကို ယုံပင်မယုံကြည်ချင်ကြတော့ပေ။ ၎င်းတို့သည် ဓမ္မပညာဆိုင်ရာ သီအိုရီကို ဟောကြားရင်း ဤနှစ်များအားလုံးကို ကုန်ဆုံးခဲ့ကြသော်လည်း၊ မဆိုင်းမတွပင် ၎င်းတို့၏ ယုံကြည်ခြင်းကို ၎င်းတို့လက်လျော့လိုက်ကြပြီး၊ ချက်ချင်း တပ်ခေါက်လိုက်ကြသည်။ ဤအရာတွင် ဝိညာဉ်ရင့်ကျက်မှု ရှိသလော။ (မရှိပါ။) ဝိညာဉ်ရင့်ကျက်မှုမရှိခြင်းသည် အသက်မရှိခြင်းကို ဆိုလိုသည်။ အကယ်၍ သင်၌ အသက်ရှိခဲ့ပါက၊ ထိုသေးငယ်သော ပြဿနာကို သင် ကြုံရချိန်တွင် ယင်းကို သင် အဘယ်ကြောင့် မကိုင်တွယ်နိုင်မည်နည်း။ သင်သည် စကားပြောကောင်းသည် မဟုတ်လော။ သို့ဆိုလျှင် မိမိကိုယ်ကို စည်းရုံးသိမ်းသွင်းကြည့်လော့။ သင်သည် မိမိကိုယ်ကိုပင် မစည်းရုံးမသိမ်းသွင်းနိုင်ပါက၊ မည်သည့်အရာကို သင်နားလည်သနည်း။ ယင်းမှာ သမ္မာတရားလော။ သမ္မာတရားက လူတို့၏ စစ်မှန်သော ပြဿနာများကို ဖြေရှင်းနိုင်ပြီး လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း ဖြေရှင်းပေးနိုင်၏။ သင် နားလည်သည့် “သမ္မာတရား” က သင်ကိုယ်တိုင်၏ အခက်အခဲများကိုပင် အဘယ်ကြောင့် မဖြေရှင်းပေးနိုင်သနည်း။ ထို့ကြောင့် သင် နားလည်သည်မှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းသည် အယူဝါဒဖြစ်၏။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ဆိုးယုတ်ပြီး မသိမသာ အန္တရာယ်ပေးတတ်ကာ လှည့်ဖြားတတ်ကြ၏ (အပိုင်း ၃)” မှ

အချို့သူများသည် အမှုဆောင်၍ တရားဟောကာ၊ ဘုရားသခင်၏ မိန့်မြွက်ချက်များအပေါ် အပေါ်ယံအားဖြင့် မိတ်သဟာယပြုနေကြသည့်ပုံပေါ်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အနက် အဓိပ္ပာယ်များကိုသာ ဆွေးနွေးနေကြခြင်းဖြစ်ပြီး၊ ခြေခြေမြစ်မြစ် ဖြစ်သော အရာတစ်ခုမျှ ပြောဆိုခြင်း မရှိပေ။ သူတို့၏ ဒေသနာများသည် ဘာသာစကား ပြဋ္ဌာန်းစာအုပ်မှ သင်ကြားမှုများ ကဲ့သို့၊ တစ်ချက်ပြီးတစ်ချက်နှင့် တစ်ကဏ္ဍပြီးတစ်ကဏ္ဍ စီစဉ်ထားပြီး၊ ၎င်းတို့ပြီးဆုံးသွားသည့်အခါ၊ လူတိုင်းက “ဤသူသည် လက်တွေ့အရှိတရားကိုပိုင်ဆိုင်၏။ သူသည် အလွန်ကောင်းမွန်စွာနှင့် အင်မတန် အသေးစိတ်ကျကျ ဟောကြား၏” ဟုပြောလျက် ချီးကျူးထောမနာပြုကြ၏။ ထိုသို့သော လူများ ဟောကြားပြီးသောအခါ၊ အခြားသူများကို ၎င်းတို့၏ တရားဒေသနာများကို စုဆောင်ပြီး လူအယောက်တိုင်းဆီသို့ပို့ရန် ပြောဆိုကြလေသည်။ ဤအရာကို လုပ်ဆောင်ရာတွင်၊ ၎င်းတို့သည် အခြားသူများကို လှည့်စားနေပြီး ၎င်းတို့ဟောကြားသမျှသည် မှားယွင်းသော အတွေးများသာ ဖြစ်သည်အထိ ရောက်ရှိကြပြီးဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ ဟောကြားနေပြီး ၎င်းတို့၏ တရားဒေသနာများက သမ္မာတရားနှင့် ကိုက်ညီပုံရ၏။ သို့သော် သာ၍စေ့စပ်သေချာစွာ ပိုင်းခြားသိမြင်ကြည့်ပါက၊ ထိုအရာများသည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် လွဲမှားသော တွေးခေါ်မြော်မြင်မှုနှင့်အတူ လူသား၏ စိတ်ကူးစိတ်သန်းအချို့နှင့် အယူအဆများအပြင်၊ ဘုရားသခင်အား ဘောင်ခတ်ထားသည့် အရာတစ်ချို့မှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ကြောင်း သင်တို့တွေ့လိမ့်မည်။ ဤ တရားဟောကြားမှုမျိုးသည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်းတစ်ရပ်နှင့် ညီမျှသည်မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်သည့် အစေခံခြင်းဖြစ်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

သင်တို့သည် သမ္မာတရားအား ပေါင်းရုံးဖော်ပြရာ၌ သွေဖည်လေပြီ။ ဤပေါင်းရုံးဖော်ပြခြင်းမှန်သမျှကို သင်တို့ပြုလုပ်သည့်နောက်တွင် ယင်းက စည်းမျဥ်းများကိုသာ ထွက်ပေါ်စေပြီဖြစ်သည်။ သင်တို့၏ “သမ္မာတရားကို ပေါင်းရုံးသုံးသပ်ခြင်း” သည် သမ္မာတရားမှ လူတို့အသက်ရရှိစေရန်၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားများအတွင်း ပြောင်းလဲမှု ရရှိစေရန် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ယင်းအစား လူတို့အား သမ္မာတရားအတွင်းမှ အသိပညာနှင့် အယူဝါဒအချို့ကို ကျွမ်းကျင်တတ်မြောက်သွားစေသည်။ သူတို့သည် ဘုရားသခင်၏ အမှုတော်နောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်ပြီးပုံရသော်လည်း တကယ်တမ်းတွင်မူ သူတို့သည် နှုတ်ကပတ်တော်အချို့နှင့် အယူဝါဒအချို့ကိုသာ ကျွမ်းကျင်တတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား၏ သွယ်ဝိုက်သောအဓိပ္ပာယ်ကို နားမလည်ပေ၊ ယင်းသည် ဓမ္မပညာလေ့လာခြင်း၊ သို့မဟုတ် ကျမ်းစာဖတ်ခြင်းနှင့် ကွဲပြားခြင်း မရှိပေ။ သင်တို့သည် ဤစာအုပ်များ သို့မဟုတ် ထိုစာပေများကို ပြုစုပြီးလျှင် အယူဝါဒ၏ ဤလက္ခဏာသွင်ပြင် သို့မဟုတ် အသိပညာ၏ ထိုလက္ခဏာသွင်ပြင်ကို လက်ဝယ်ပိုင်ဆိုင်လာကြသည်။ သင်တို့သည် အယူဝါဒများအကြောင်း ထူးကဲပြောင်မြောက်စွာ ဟောပြောသူများဖြစ်ကြ၏၊ သို့သော် သင်တို့ စကားပြောပြီးသောအခါ မည်သည့်အရာဖြစ်ပျက်ပါသနည်း။ ထိုအခါ လူတို့သည် တွေ့ကြုံခံစားနိုင်ကြခြင်း မရှိပေ၊ သူတို့၌ ဘုရားသခင်၏ အမှုတော်ကို နားလည်ခြင်းမရှိဘဲ ၎င်းတို့ကိုယ်ကို နားလည်မှု တစ်စုံတစ်ရာလည်း မရှိပေ။ အဆုံးတွင် ၎င်းတို့ရရှိသွားမည့် အရာအားလုံးမှာ ပုံသေနည်းများနှင့် စည်းမျဉ်းများသာဖြစ်၍ ၎င်းတို့သည် ထိုအရာအနည်းငယ်အကြောင်း ပြောဆိုနိုင်ပြီး အခြားမည်သည့်အရာကိုမျှ ပြောဆိုနိုင်ခြင်း မရှိပေ။ အကယ်၍ ဘုရားသခင်သည် အသစ်သောတစ်စုံတစ်ရာကို ပြုလုပ်ခဲ့ပါက သင်သိသမျှ အယူဝါဒအားလုံးကို ထိုအရာနှင့် ကိုက်ညီအောင် လုပ်နိုင်မည်လော။ သင်၏ထိုအရာများသည် စည်းမျဉ်းများသာဖြစ်၍ သင်သည် လူတို့အား ဓမ္မပညာကို လေ့လာခိုင်းနေခြင်းသာဖြစ်ကာ ၎င်းတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သို့မဟုတ် သမ္မာတရားကို တွေ့ကြုံခံစားခွင့် ပြုနေခြင်း မဟုတ်ပေ။ ထို့ကြောင့် သင်တို့ပြုစုသော ထိုစာအုပ်များသည် အခြားသူများကို ဓမ္မပညာနှင့် အသိပညာ၊ ပုံသေနည်းသစ်များနှင့်၊ စည်းမျဉ်းများနှင့် လုပ်ရိုးလုပ်စဉ်များအတွင်းသို့သာ ခေါ်ဆောင်လာနိုင်၏။ ၎င်းတို့သည် လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာနိုင်ခြင်း မရှိ၊ သို့တည်းမဟုတ် သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို နားလည်ခွင့် မပြုနိုင်ပေ။ ထိုမေးခွန်းများကို တစ်ခုပြီးတစ်ခု ထုတ်ပြီးနောက် သင်ဖြေဆိုပြီး အကြမ်းဖော်ပြချက်များနှင့် အကျဉ်းချုပ်များကို သင်ချရေးခြင်းအားဖြင့် ယင်းကဲ့သို့သော လုပ်ဆောင်ပုံက သင်၏ ညီအစ်ကိုမောင်နှမများကို အလွယ်တကူ နားလည်စေလိမ့်မည်ဟု သင်ထင်နေ၏။ ဤအချက်များသည် မှတ်မိရန် လွယ်ကူသည့်အပြင် တစ်ချက်ကြည့်ရုံမျှဖြင့် ရှင်းနေကာ ယင်းသည် အမှုအရာများကို လုပ်ဆောင်ရာ၌ လွန်စွာကောင်းမွန်သော နည်းလမ်းတစ်ရပ်ဖြစ်သည်ဟု သင်ထင်၏။ သို့ရာတွင် ၎င်းတို့နားလည်နေသည်မှာ သမ္မာတရား၏ သွယ်ဝိုက်သောအဓိပ္ပာယ် အစစ်အမှန် မဟုတ်၊ လက်တွေ့အရှိတရားနှင့် မကိုက်ညီပေ၊ ယင်းသည် စကားလုံးများနှင့် အယူဝါဒများသာဖြစ်၏။ ထို့ကြောင့် ဤအရာများကို သင်လုံးဝ မလုပ်ဆောင်လျှင် ပိုကောင်းလိမ့်မည်။ ဤသို့ပြုနေခြင်းသည် လူတို့အား အသိပညာကို နားလည်ပြီး ကျွမ်းကျင်တတ်မြောက်စေရန် ဦးဆောင်နေခြင်းဖြစ်၏။ သင်သည် အခြားသူများအား အယူဝါဒများအတွင်း၊ ဘာသာရေးအတွင်းသို့ ခေါ်ဆောင်လာပြီး ဘာသာရေးအယူဝါဒများအတွင်း ဘုရားသခင်နောက်လိုက်စေ၍ ဘုရားသခင်အား ယုံကြည်စေခြင်းဖြစ်၏။ ယင်းမှာ ပေါလုကဲ့သို့ပင် ဖြစ်နေခြင်း မဟုတ်လော။ သမ္မာတရားကို သိခြင်းအရာ၌ ကျွမ်းကျင်တတ်မြောက်ခြင်းသည် အထူးသဖြင့် အရေးပါပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကျမ်းပိုဒ်များစွာကို အာဂုံဆောင်နိုင်ခြင်းသည်လည်း ထို့အတူဖြစ်သည်ဟု သင်ထင်လေသည်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူတို့ မည်သို့နားလည်သည်မှာ လုံးဝအရေးမကြီးပေ။ လူတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို အလွတ်ကျက်နိုင်ရန်၊ သြဝါဒများစွာကို ပြောဆိုနိုင်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ ပုံသေနည်းများစွာကို ရှာဖွေတွေ့ရှိနိုင်ရန် အလွန်အမင်း အရေးကြီးသည်ဟု သင်တို့ထင်ကြသည်။ ထို့ကြောင့် လူတိုင်းသည် တူညီသော အသိပညာရှိ၍ တူညီသော စည်းမျဉ်းများကို စောင့်ထိန်းစေရေးအတွက်၊ လူတိုင်း တူညီသော ဓမ္မတေးသီချင်း စာရွက်တစ်ရွက်တည်းမှ သီဆိုနေရန်၊ တူညီသော အကြောင်းအရာများကို ပြောဆိုနေရန်နှင့် တူညီသော အယူဝါဒများအကြောင်း ပြောနေရန် သင်တို့အနေဖြင့် ဤအရာများကို အမြဲစနစ်တကျ စီမံလိုသည်၊ ဤသည်မှာ သင်တို့၏ ရည်မှန်းချက်ဖြစ်သည်။ သင်တို့ ဤသို့ပြုနေခြင်းသည် လူတို့နားလည်မှု ရရှိစေရန်အတွက်ဖြစ်သည်ဟု ထင်ရသော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ဤအရာသည် လူတို့အား ဘုရားသခင့်နှုတ်ကပတ်တော်၏ သမ္မာတရားပြင်ပရှိ စည်းမျဉ်းများအလယ်သို့ ခေါ်ဆောင်နေခြင်းဖြစ်သည်ကို သင်တို့လုံးဝမသိပေ။ လူတို့အား သမ္မာတရားကို စစ်မှန်စွာ နားလည်ခွင့်ပြုရန် သင်သည် ၎င်းကို လက်တွေ့အရှိတရား၊ အမှုတော်တို့နှင့် ချိတ်ဆက်ကာ၊ လက်တွေ့ကျသော ပြဿနာများကို ဘုရားသခင့်နှုတ်ကပတ်တော်များ၏ သမ္မာတရားနှင့်အညီ ဖြေရှင်းရမည်။ ဤနည်းအားဖြင့်သာလျှင် လူတို့သည် သမ္မာတရားကို နားလည်ကာ လက်တွေ့အရှိတရားအတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး၊ ဤကဲ့သို့သော ရလဒ်တစ်ခုကို ရရှိခြင်းသည်သာ လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ အမှန်တကယ် ခေါ်ဆောင်လာခြင်းဖြစ်သည်။ သင်ပြောဆိုသမျှ အကြောင်းအရာသည် ဝိညာဉ်ရေးရာ အယူအဆများ၊ အယူဝါဒများနှင့် စည်းမျဉ်းများသာ ဖြစ်လျှင်၊ သင်သည် သမ္မာတရား၏ တိုက်ရိုက်အဓိပ္ပာယ်အပေါ်ကိုသာ လုံ့လစိုက်ထုတ်လျှင် လူတို့အား တူညီသော အကြောင်းအရာများကို ပြောစေခြင်းနှင့် တူညီသော စည်းမျဉ်းများကို လိုက်နာစေခြင်းသာ သင်အထမြောက်နိုင်မည်၊ သို့သော် လူတို့အား သမ္မာတရားကို နားလည်စေရန် လမ်းပြနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် လူတို့အား ၎င်းတို့ကိုယ်ကို ပိုမိုကောင်းမွန်စွာ နားလည်စေနိုင်မည် မဟုတ်ဘဲ၊ နောင်တရခြင်းနှင့် ပြောင်းလဲခြင်းတို့ ရရှိစေနိုင်မည် မဟုတ်ပေ။ ဝိညာဉ်ရေးရာ သဘောတရားများအကြောင်း ပြောနိုင်ခြင်းသည် လူများ၏ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် အစားထိုးနိုင်ပါက၊ အသင်းတော်များကို ဦးဆောင်ရန် သင်တို့အား လိုအပ်မည် မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား မရှိပါက ဘုရားသခင်ကို အလွယ်တကူ ပုန်ကန်ပြစ်မှားမိနိုင်သည်” မှ

ခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်သောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားလည်နိုင်သည့် အရည်အချင်းနှင့် သမ္မာတရားကို နားလည်နိုင်သည့် အစွမ်းအစကို ပိုင်ဆိုင်လျှင် ၎င်းတို့ကိုယ်တိုင် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို နားလည်ပြီး သူ့နှုတ်ကပတ်တော်တို့၏ လက်တွေ့အရှိတရားသို့ ဝင်ရောက်နိုင်ကြရုံသာမက ၎င်းတို့ဦးဆောင်သောသူတို့အား ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို နားလည်ခြင်းနှင့် ဘုရားသခင့်နှုတ်ကပတ်တော်တို့၏ လက်တွေ့အရှိတရားသို့ ဝင်ရောက်ခြင်းတို့၌ အကြံပေးကာ လမ်းပြပြီး ကူညီပေးနိုင်ကြသည်။ သို့ရာတွင် ထိုကဲ့သို့သော အစွမ်းအစသည် အယောင်ဆောင်ခေါင်းဆောင်များ၌ မရှိသောအရာစင်စစ်ပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို နားမလည်ကြပေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် မည်သည့်အခြေအနေများကို ညွှန်းဆိုနေသည်၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို လူတို့ဖွင့်ပြသည့်အခါ၊ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် နာကြည်းခြင်း ဖြစ်ပေါ်သည့်အခါ ၎င်းတို့သည် မည်သည့်အခြေအနေကို ဖော်ပြသည်၊ သို့မဟုတ် လူကို လှုံ့ဆော်ပေးသည့် အရင်းခံအကြောင်းများ စသည်တို့ကို မသိကြပေ။ ၎င်းတို့သည် အမှုအရာများကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်ယှဉ်ပြီး နှိုင်းဆချင့်ချိန်နိုင်စွမ်း မရှိကြဘဲ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အပေါ်ယံအဆင့်ရှိ နှုတ်ကပတ်တော်များ၊ စည်းမျဉ်းများနှင့် လူသိများသော စကားလုံးအနည်းငယ်တို့မျှကိုသာ နားလည်နိုင်ကြသည်။ အခြားလူများနှင့် မိတ်သဟာယဖွဲ့သည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်တစ်ပိုဒ်ကို မှတ်သားထားပြီးနောက် ယင်း၏အပေါ်ယံအဓိပ္ပာယ်ကို ရှင်းပြကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အပေါ် အယောင်ဆောင်ခေါင်းဆောင်များ၏ နားလည်မှု၊ သိမြင်မှုနှင့် လက်ခံမှုတို့သည် ဤမျှလောက်သာ အကန့်အသတ်ရှိသည်။ ၎င်းတို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်သည့်အရည်အချင်း ကင်းမဲ့ကြသည်။ ဤနှုတ်ကပတ်တော်တို့၏ တိုက်ရိုက်အဆင့်ရှိ လူအားလုံးအတွက် သိသာထင်ရှားမှုရှိသော စကားအသုံးအနှုန်းနှင့် အဓိပ္ပာယ်အတိမ်အနက်တို့ကို ၎င်းတို့နားလည်ရုံမျှသာရှိပြီး— အကျိုးဆက်အနေဖြင့် နှုတ်ကပတ်တော်တို့ကို နားလည်သဘောပေါက်သွားပြီဟု ၎င်းတို့ထင်မြင်ကြသည်။ ထိုနည်းတူ ၎င်းတို့သည် နေ့စဥ်အသက်တာတွင် သူတစ်ပါးတို့ကို ဆိုဆုံးမပြီး “ကူညီ” ရန်အတွက် ဘုရားသခင့်နှုတ်ကပတ်တော်တို့၏ တိုက်ရိုက်အဓိပ္ပာယ်ကို အသုံးပြုကြကာ ဤသို့ပြုခြင်းဖြင့် ၎င်းတို့သည် ၎င်းတို့၏အလုပ်ကို လုပ်နေကြခြင်းဖြစ်ကြောင်း၊ ဘုရားသခင့်နှုတ်ကပတ်တော်တို့ကို စားသောက်ခြင်းအရာ၌၊ ဘုရားသခင့်နှုတ်ကပတ်တော်တို့၏ လက်တွေ့အရှိတရားသို့ ဝင်ရောက်ခြင်းအရာ၌ လူတို့ကို လမ်းပြပေးနေကြခြင်းဖြစ်ကြောင်း ယုံကြည်ကြသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ပြဿနာအချို့ကို လူတို့ကြုံတွေ့ရသောအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် ဤအပိုဒ်ကို စားသောက်ရန်နှင့် အခြားပြဿနာကို ကြုံတွေ့ရသည့်အခါ ဘုရားသခင်၏နှုတ်ကပတ်တော် အခြားအပိုဒ်ကို စားသောက်ရန်ပြောလျက် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို အခြားသူများအား မကြာခဏ မိတ်သဟာယပြုကြပြီး ဘုရားနှုတ်ကပတ်တော်တို့ကို နည်းမျိုးစုံဖြင့် ဝေငှပေးကြသည်။ လူတို့ထံ၌ ဘုရားသခင်ကို နားလည်မှုလွဲခြင်းများ ဖြစ်ပေါ်သည့်အခါတွင် အယောင်ဆောင်ခေါင်းဆောင်များက “ကြည့်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဤကိစ္စနှင့်ပတ်သက်၍ လုံးဝရှင်းလင်းပြီး နားလည်လွယ်၏။ မည်သို့ဖြစ်၍ ဘုရားသခင်ကို သင်နားလည်မှုလွဲနေရသေးသနည်း။ အကြင်မည်သောအရာကို လိုက်နာရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မတောင်းဆိုထားသလော၊ ထိုထိုသောအရာကို လိုက်နာရန် မတောင်းဆိုထားသလော” ဟူ၍ ပြောဆိုကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့နားလည်ပြီး ဝင်ရောက်ရမည်ကို ၎င်းတို့သည် လူတို့အား ဤနည်းအတိုင်း သင်ကြားပေးကြလေသည်။ ၎င်းတို့၏လမ်းညွှန်မှုအောက်တွင် လူများစွာတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို အာဂုံဆောင်နိုင်စွမ်း ရှိလာကြပြီး ပြဿနာတစ်ခုကို ကြုံရသည့်အခါ ဘုရားနှုတ်ကပတ်တော်အချို့ကို ပြန်အမှတ်ရနိုင်စွမ်း ရှိလာကြသည်။ သို့သော် ထိုသူတို့အနေဖြင့် မည်မျှပင် ဖတ်ရှုပြီး အာဂုံဆောင်သည်ဖြစ်စေ ဘုရားသခင်၏နှုတ်ကပတ်တော်တို့က မည်သည့်အရာအား ညွှန်းဆိုသည်ကို မသိရှိကြဆဲပင်ဖြစ်သည်။ အမှန်တကယ် ဒုက္ခဝန်းရံနေသည့်အခါတွင်၊ သို့မဟုတ် သံသယအချို့ရှိသည့်အခါတွင် ၎င်းတို့သိကာ မှတ်မိသည့် ဘုရားသခင်၏နှုတ်ကပတ်တော်တို့က ၎င်းတို့၏ အခက်အခဲများကို မဖြေရှင်းပေးနိုင်ပေ။ ဤအရာက ပြဿနာတစ်ခုကို ဖော်ပြသည်­— ၎င်းတို့နားလည်သည့် ဘုရားသခင်၏နှုတ်ကပတ်တော်များသည် အယူဝါဒသက်သက်သာဖြစ်ပြီး စည်းမျဉ်းတစ်မျိုးမျိုးမျှသာ ဖြစ်သည်၊ ၎င်းတို့သည် လက်တွေ့အရှိတရား မဟုတ်သကဲ့သို့ သမ္မာတရားလည်းမဟုတ်။ ထို့ကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို စားသောက်ခြင်းနှင့် ဘုရားသခင့်နှုတ်ကပတ်တော်တို့၏ လက်တွေ့အရှိတရားသို့ ဝင်ရောက်ခြင်းတို့တွင် လူတို့အပေါ် အယောင်ဆောင်ခေါင်းဆောင်တို့၏ လမ်းပြမှုသည် ဘုရားသခင့်နှုတ်ကပတ်တော်တို့၏ တိုက်ရိုက်အဓိပ္ပာယ်ကို လူတို့အား သင်ကြားခြင်း၌သာ ကန့်သတ်ထားသည်။ ယင်းသည် လူတို့ကို ဘုရားသခင်၏နှုတ်ကပတ်တော်များထံမှ ဉာဏ်အလင်းရအောင် ပြုလုပ်ပေးနိုင်စွမ်းမရှိသကဲ့သို့ လူတို့အတွင်း၌ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေသည်ကို သိအောင်လည်း မလုပ်ပေးနိုင်ပေ။ လူတို့တွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတိုင်း ၎င်းတို့ဖွင့်ပြသော စိတ်သဘောထားနှင့် အနှစ်သာရ၊ ယင်းတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုပြီး မည်သို့ဖြေရှင်းနိုင်ပုံ၊ ပြီးလျှင် လူတို့တွင် ထိုအရာများ ဖြစ်ပျက်သည့်အခါတိုင်း ၎င်းတို့၏ အခြေအနေများက မည်သို့ရှိပုံ၊ ထိုအခြေအနေများကို မည်သို့ဖြေရှင်းနိုင်ပုံ၊ ဤအရာနှင့်ပတ်သက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ပြောထားပုံ၊ သူ့နှုတ်ကပတ်တော်များက မည်သည့်အရာကို တောင်းဆိုထားပုံ၊ အခြေခံစည်းမျဉ်းများက မည်သည်တို့ဖြစ်ပုံ၊ ယင်းတွင် သမ္မာတရားက ဘယ်အရာဖြစ်ပုံ— ဤအရာတစ်ခုကိုမျှ ၎င်းတို့နားမလည်ကြပေ။ ၎င်းတို့လုပ်သမျှမှာ လူတို့ကို တိုက်တွန်းခြင်းသာဖြစ်သည်။ “ဘုရားသခင်၏နှုတ်ကပတ်တော်များကို ပို၍ စားသောက်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်များ၌ သမ္မာတရားပါဝင်သဖြင့် သူ၏နှုတ်ကပတ်တော်များကို ပို၍ နားထောင်လျှင် အချိန်ကြာလာသည်နှင့်အမျှ သမ္မာတရားကို နားလည်လာလိမ့်မည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ အရေးကြီးသည့် အပိုင်းများသည် သင်နားမလည်သည့် အရာများပင်ဖြစ်သည်၊ ထို့ကြောင့် သင့်အနေဖြင့် ပို၍ ဆုတောင်းသင့်၏၊ ပို၍ ရှာဖွေသင့်၏။ ပို၍ နားထောင်သင့်၏၊ ပို၍ ဆင်ခြင်စဉ်းစားသင့်၏။” အယောင်ဆောင်ခေါင်းဆောင်များသည် ထိုကဲ့သို့ တိုက်တွန်းခြင်းများကို မပြီးနိုင်မစီးနိုင် ပြောကြသည်။ ပြဿနာတစ်မျိုးမျိုး ပေါ်လာသည့်အခါတိုင်းတွင် ၎င်းတို့သည် တစ်ပုံစံတည်းကိုသာ ပြောသဖြင့် ယင်းနောက်တွင် လူတို့သည် ပြဿနာ၏ အနှစ်သာရကို မသိမြင်ကြသေးဘဲ ဘုရားသခင်၏နှုတ်ကပတ်တော်တို့အား မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိရှိကြသေးပေ။ ၎င်းတို့အနေဖြင့် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တိုက်ရိုက်စည်းမျဉ်းများနှင့် အဓိပ္ပာယ်များကိုသာ လိုက်နာပြီး ဘုရားသခင့်နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၏ သမ္မာတရား အခြေခံသဘောတရားများ၊ သမ္မာတရားက တောင်းဆိုသည့် လက်တွေ့အရှိတရားနှင့် ပတ်သက်လာလျှင်မူ နားမလည်ကြပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁)” မှ

လူအများစုက စကားစုများနှင့် သြဝါဒတို့ကို ပြောတတ်ကြသည်၊ သူတို့အားလုံးမှာ တစ်ချိန်မဟုတ် တစ်ချိန်၌ ထိုသို့ပြုကြလေပြီ။ နှုတ်ကပတ်တော်များနှင့် သြဝါဒတို့အား သာမန်ပြောဆိုသော လူအမျိုးအစားတို့ကို ဝိညာဉ်ရင့်ကျက်မှု နည်းပါးပြီး သမ္မာတရားကို နားမလည်သောသူများအဖြစ် မှတ်ယူသင့်သည်။ သူတို့သည် အကြာကြီး အချိန်မယူသရွေ့၊ ထို့ပြင် သူတို့သည် ယင်းကို တမင်တကာပြုလုပ်နေခြင်း မဟုတ်သရွေ့၊ တစ်ခုတည်းသော သဘောထားဖြစ်အောင် ကြိုးစားနေခြင်း မဟုတ်သရွေ့၊ လူတိုင်းက သူတို့ကို ပြောချင်ရာပြောခွင့်ပေးရန် တောင်းဆိုနေခြင်း မဟုတ်သရွေ့၊ လူတို့က သူတို့ကို အထင်ကြီးလေးစားစေရန် လှည့်ဖြားနေခြင်း မဟုတ်သရွေ့ ဤအရာတွင် အာရုံဖျက်မှုများနှင့် နှောင့်ယှက်မှုများ မပါဝင်ပေ။ လူအများစုက နှုတ်ကပတ်တော်များနှင့် သြဝါဒတို့ကို ပြောကြခြင်းသည် ဘာမျှမထူးခြားသောကြောင့် ၎င်းအတွက် အတော်ပင် မသင့်လျော်သော ဝေါဟာရကို အသုံးပြုရလျှင် ယင်းက ခွင့်ပြုနိုင်စရာ ဖြစ်သည်။ ယင်းကို ခွင့်လွှတ်၍ရနိုင်ပြီး အလေးအနက် သဘောထားရန် မလိုချေ။ သို့သော် လူတချို့၏ နှုတ်ကပတ်တော်များနှင့် သြဝါဒတို့ကို မိန့်မြွက်ချက်က တမင်သက်သက်ဖြစ်သော အခြေအနေတစ်ခု ရှိသည်။ သူတို့က မည်သည့်အရာကို တမင်သက်သက် ပြုလုပ်သနည်း။ သူတို့သည်လည်း သမ္မာတရားစစ်မှန်မှု ကင်းမဲ့ပြီး အခြားသူများကဲသို့ပင် နှုတ်ကပတ်တော်များနှင့် သြဝါဒတို့ကို ပြောခြင်း၊ ဆောင်ပုဒ်များကို ထပ်ခါတလဲလဲပြောခြင်း၊ စိတ်ကူးယူဆခြင်း အစရှိသည်တို့ကို ပြုတတ်ကြသည်၊ သို့သော် ခြားနားချက်တစ်ခုရှိ၏― သူတို့က နှုတ်ကပတ်တော်များနှင့် သြဝါဒတို့ကို ပြောသောအခါ လူတို့ထံမှ သူတို့လိုချင်သော အခြားအရာတစ်ခု ရှိလေသည်။ သူတို့သည် လူတို့၏ အထင်ကြီးခြင်းကို အမြဲပင် ခံလိုပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ သို့မဟုတ် အခြားသူတစ်ဦးဦးတို့ကို အမြဲပင် ကြိုးစား၍ ဖက်ပြိုင်အံတုကြသည်။ ပို၍ပင် အဓိပ္ပာယ်မရှိသည်က သူတို့အနေဖြင့် မည်သို့ပြောဆိုပြီး မည်သည့်အရာကို ပြောသည်ဖြစ်စေ လူတို့က သူတို့ကို အထင်ကြီးစေလိုသည်အထိပင် လိုချင်ကြလေသည်။ သူတို့၌ လူတို့ကို သိမ်းသွင်းရန်၊ လူတို့ကို လှည့်ဖြားရန်၊ သူတို့အား အထင်ကြီးအောင် ပြုလုပ်ရန်မှတစ်ပါး အခြားရည်ရွယ်ချက် မရှိကြပေ။ သို့ပြုလျှင် လူတို့အား သူတို့ကို အထင်ကြီးအောင် ပြုလုပ်ရာ၌ သူတို့၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့၏စိတ်ထဲ၌ မိမိကိုယ်ကို အဆင့်အတန်းနှင့် သြဇာတိက္ကမ ပေးရန်ပင်။ သူတို့သည် အဖွဲ့ထဲတွင် ပြိုင်ဘက်ကင်းလိုသည်၊ ထိပ်ဆုံးဖြစ်လိုသည်၊ သူတို့သည် ထူးခြားပြီး သာလွန်သည့်သူ ဖြစ်လိုကြကာ၊ မိမိ၏စကားလုံးများ၌ သြဇာအာဏာပါသော ပုဂ္ဂိုလ်ထူးတစ်ဦးဦး ဖြစ်လိုကြပေသည်။ သဘာဝအားဖြင့် ထိုအခြေအနေမျိုးသည် နှုတ်ကပတ်တော်များနှင့် သြဝါဒကို သာမန်ပြောခြင်းနှင့် ခြားနားလေသည်။ သူတို့၌ အာရုံဖျက်မှုများနှင့် နှောင့်ယှက်မှုများ ပါဝင်သည်။ နှုတ်ကပတ်တော်များနှင့် သြဝါဒတို့ကို သာမန်ပြောဆိုခြင်းမှ သူတို့ကို မည်သည့်အရာက ခြားနားစေသနည်း။ ယင်းမှာ ဤလူတို့က ဤအရာများကို အမြဲပင် ပြောလိုကြခြင်းဖြစ်သည်၊ သူတို့ အဘယ်အခွင့်အရေးရရ ထိုသို့ပြုကြခြင်းဖြစ်သည်။ အစည်းအဝေးတစ်ခု ရှိသရွေ့၊ လူများစုဝေးနေပြီး သူတို့၌ ပရိသတ်ရှိနေသရွေ့ သူတို့က စကားထပြောတတ်ကြကာ စကားပြောရန် ပြင်းပြသော ဆန္ဒကြီး သူတို့၌ ရှိကြသည်။ ထိုသို့ပြုရာ၌ သူတို့၏ရည်ရွယ်ချက်မှာ ဤအရာမှ သိနားလည်မှုနှင့် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကို ညီအစ်ကိုမောင်နှမများ ရရှိရန်အလို့ငှာ သူတို့၏ စိတ်နှလုံးထဲရှိ နှုတ်ကပတ်တော်များ၊ သူတို့သင်ယူထားသော အရာများ၊ သူတို့၏ အတွေ့အကြုံများ၊ အသိပညာ၊ ထိုးထွင်းသိမြင်မှုများတို့ကို ဝေငှရန် မဟုတ်ချေ။ ထို့အစား သူတို့၏ရည်ရွယ်ချက်မှာ ဝါကြွားရန်၊ သူတို့က အဘယ်မျှ ပါရမီရှိပြီး ကြံရည်ဖန်ရည်ရှိကြောင်း လူတို့ကို ပြသရန်၊ သူတို့တော်ကြောင်း၊ အကြားအမြင်များကြောင်း၊ ပညာကောင်းကောင်း တတ်ကြောင်း၊ သူတို့က အခြားသူများထက် မြင့်မြတ်ကြောင်း၊ သူတို့သည် ပါရမီထူးပြီး သာမာန်လူပုဂ္ဂိုလ် မဟုတ်ကြောင်း လူတို့ကို ပြသရန်အတွက် ထိုအရာကို အခွင့်အလမ်းတစ်ခုအဖြစ် အသုံးပြုရန် ဖြစ်၏၊ ထို့နောက်တွင် လူတို့က မည်သည့်ပြဿနာရှိရှိ သူတို့ကို တိုင်ပင်ဆွေးနွေးပြီး သူတို့ကို မေးခွန်းများမေးကာ သူတို့ကို ရှာဖွေမည်ဖြစ်လေသည်။ အသင်းတော်တွင် ပြဿနာတစ်ခုခု ရှိတိုင်း သူတို့သည် ညီအစ်ကိုမောင်နှမများက ပထမဦးဆုံး တွေးမိသောသူများ ဖြစ်ပြီး ညီအစ်ကိုမောင်နှမများက သူတို့မပါလျှင် ဘာမျှမစွမ်းဆောင်နိုင်ဘဲရှိကာ သူတို့ခွင့်ပြုချက် မရှိလျှင် ဘာမျှမလုပ်ဆောင်ရဲဘဲ ရှိကြမည်ဖြစ်သည်။ ဤသည်မှာ ထိုကဲ့သို့သောလူတို့ လိုချင်သော အကျိုးသက်ရောက်မှု ဖြစ်သည်။ နှုတ်ကပတ်တော်များနှင့် သြဝါဒတို့ကို ပြောဆိုရာ၌ သူတို့၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့ကို အမိဖမ်းရန်၊ လူတို့ကို ထိန်းချုပ်ရန်ဖြစ်ကာ နှုတ်ကပတ်တော်များနှင့် သြဝါဒတို့ကို ဟောပြောခြင်း၏ ပန်းတိုင်မှာမူ သူတို့အသုံးချသော နည်းလမ်းများနှင့် ချဉ်းကပ်မှုများတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် နှုတ်ကပတ်တော်များနှင့် သြဝါဒတို့ကို ပြောသည်မှာ သူတို့၌ သမ္မာတရားစစ်မှန်မှု မရှိ၍၊ သို့မဟုတ် သမ္မာတရားစစ်မှန်မှုကို သူတို့နားမလည်၍မဟုတ်ဘဲ၊ လူတိုင်း၏ စိတ်နှလုံးထဲ၌ ကြည်ညိုမှုနှင့် လေးစားမှု ဖြစ်ပေါ်လာစေရန်၊ သူတို့အား လူတို့ကြောက်ရွံ့အောင်နှင့် သူတို့၏ စိုးမိုးမှုနှင့် ထိန်းချုပ်မှုကို လက်ခံအောင် ပြုလုပ်ရန်ပင် ဖြစ်ပေသည်။ ဤသဘောမျိုးရှိသော နှုတ်ကပတ်တော်များနှင့် သြဝါဒတို့အား ပြောဆိုခြင်းက အာရုံဖျက်မှုများနှင့် နှောင့်ယှက်မှုများကို ဖြစ်ပွားစေသည်။ အသင်းတော်၏ အသက်တာထဲ၌ ထိုကဲ့သို့သောလူတို့ကို ချုပ်တည်းသင့်ပြီး သူတို့၏ နှုတ်ကပတ်တော်များနှင့် သြဝါဒတို့အား ပြောခြင်း အမူအကျင့်ကို ထိန်းချုပ်ကာ ဆက်လုပ်ခွင့် မပေးသင့်ပေ။ “ထိုသို့သောလူတို့ကို ချုပ်တည်းရမည်ဆိုလျှင် သူတို့ကို စကားပြောရန် အခွင့်အရေး ပေးသင့်သလာ” ဟု လူအချို့က ဆိုကြသည်။ မျှမျှတတဖြစ်အောင် သူတို့ကို စကားပြောရန် အခွင့်အရေးပေးနိုင်သော်လည်း နည်းလမ်းဟောင်းကို သူတို့ပြန်သွားသည်နှင့်တစ်ပြိုင်နက်၊ ဆိုလိုသည်မှာ သူတို့သည် စတင်ကြွားဝါပြီး သူတို့၏ ဆန္ဒဇောများက ထပ်မံ၍ တောက်လောက်လာသည့်အခါ သူတို့ကို ဖြတ်ပြောပစ်လော့။ အကယ်၍ သူတို့သည် ဤသို့ မကြာခဏဖြစ်ပါက၊ သူတို့၏ ဆန္ဒဇောများ မကြာခဏ တောက်လောင်ပါက၊ ထို့ပြင် သူတို့တွင် ပြင်းပြသည့်ဆန္ဒကို အောင့်အည်းရန် အခက်အခဲရှိပါက ဘာလုပ်သင့်သနည်း။ သူတို့ကို လုံးလုံးချုပ်ချယ်ပြီး စကားမပြောစေနှင့်။ အကယ်၍ သူတို့သည် စကားစပြောပြောချင်း လူတို့နားမထောင်ချင်ပါက၊ အကယ်၍ သူတို့သည် ပါးစပ်ဟဟချင်း လူတို့က သူတို့၏ ကိုယ်နှုတ်အမူအရာ၊ ကိုယ်နေဟန်ထား၊ ဟန်ပန်အမူအရာ၊ စကားပြောဆိုပုံအပြင် သူတို့စကားပြောရာ၌ မျက်လုံးထဲက ထုတ်ဖော်ပြသမှုနှင့် သူတို့၏ အသံနေအသံထားတို့ကိုပင် လက်သင့်မခံကြပါက ထိုပြဿနာက စိုးရိမ်စရာဖြစ်ပေပြီ။ အမှုအရာများက ဤမျှ ဆိုးရွားသွားပြီဆိုလျှင် အသင်းတော်ထဲမှ ညီအစ်ကိုမောင်နှမအများစုက ဤလူတို့ကို ခွဲခြားမြင်တွေ့ထားပြီ ဖြစ်သောကြောင့် ထိုသူတို့သည် အသင်းတော်များထဲ၌ အဖြည့်ခံအဖြစ် လုပ်ဆောင်ခြင်းအတွက် လက်ခုပ်သြဘာပေးခြင်းကို ခံယူသင့်သလော။ ထို့ပြင် အကယ်၍ သူတို့သည် ဤအရာအတွက် လက်ခုပ်သြဘာကို ခံယူလျှင် ယင်းက သူတို့၏ အစေခံခြင်း အဆုံးသတ်ပြီဖြစ်သည်ကို ဆိုလိုသလော။ သူတို့၏ အစေခံခြင်းက အဆုံးသတ်ပြီဆိုလျှင် သူတို့ကို ဖယ်ရှားသင့်လေသည်။ သူတို့ကို ဇက်ကြိုးထိန်းထား၍ မရနိုင်ပေ။ သူတို့ပါးစပ်ဟလျှင်ဟချင်း ထူးမခြားနားသော အကြောင်းအရာဟောင်းများ ထွက်လာသည်၊ သူတို့ပါးစပ်ဟလျှင်ဟချင်း စာတန်မာရ်နတ်၏ အကျည်းတန်သော မျက်နှာက ထွက်ပေါ်လာသည်။ သူတို့ကို ချုပ်တည်းရန် မဖြစ်နိုင်ပေ။ ဤသည်မှာ မည်ကဲ့သို့သောလူစားမျိုး ဖြစ်သနည်း။ ထိုအမျိုးအစားမှာ အန္တိခရစ်တစ်ဦးပင် ဖြစ်သည်။ အကယ်၍ သူတို့ကို စောစီးစွာ နုတ်ပယ်လျှင် လူအများစုက သူတို့စိတ်ထဲတွင် အယူအဆများ ရှိကာ “ဘုရားသခင်၏ အိမ်တော်က အကြင်နာကရုဏာ ကင်းမဲ့သည်။ ၎င်းက လူတို့ကို စောင့်ကြည့်အကဲခတ်ခြင်းပင် မပြု၊ တစ်ခါတည်း နုတ်ပယ်ပစ်လိုက်ပြီး သူတို့ကို မည်သည့်အခွင့်အရေးမျှ မပေး။ သူတို့ပြုခဲ့သမျှမှာ မသိနားမလည်သောအရာ အနည်းငယ်ကို ပြောခြင်းသာ ဖြစ်ကာ သူတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အနည်းငယ်ကို လှစ်ပြခဲ့ကြပြီး အနည်းငယ် မာနထောင်လွှားခဲ့ကြခြင်းသာ ဖြစ်၏၊ သို့သော်လည်း သူတို့၏ အရင်းခံအကြောင်းများက မဆိုးပါပေ။ သူတို့ကို ဤသို့ဆက်ဆံသည်မှာ တရားမျှတမှု မရှိပါ” ဟု ဆိုကြလိမ့်မည်။ သို့သော် လူအများစုက သူတို့ကို ရိပ်စားမိထားပြီး သူတို့၏ သရုပ်မှန်အတိုင်း သူတို့ကို မြင်နိုင်သောအခါ ထိုသို့ကောက်ကျစ်စဉ်းလဲသော လူတို့ကို အသင်းတော်များထဲ၌ သောင်းကျန်းမွှေ့ယမ်းပြီး အာရုံဖျက်မှုများနှင့် အနှောင့်အယှက်များ ဖြစ်ပွားစေရန် ခွင့်ပြုနေသေးသည်မှာ သင့်လျော်သလော။ (မသင့်လျော်ပါ။) ဤသည်မှာ ညီအစ်ကိုမောင်နှမများအားလုံးအတွက် တရားမျှတမှု မရှိပေ။ ထိုအခြေအနေမျိုး၌ကား ထိုလူတို့ကို နုတ်ပယ်ပြီး ယင်းကို အဆုံးသတ်လိုက်လော့။ သူတို့၏ အစေခံခြင်းက အဆုံးသတ်ပြီဖြစ်ပြီး လူအများစုက သူတို့၏ သရုပ်မှန်အတိုင်း သူတို့ကို သိနေနိုင်ပြီဖြစ်၍ သူတို့ကို သင်ယခုနုတ်ပယ်ပါက အများစုက ထိုကိစ္စနှင့်ပတ်သက်၍ ဘာမျှပြောစရာရှိလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်ကို မကျေမနပ်ပြောခြင်း၊ သို့မဟုတ် နားလည်မှုလွဲခြင်း ရှိမည်မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၃)” မှ

ခေါင်းဆောင်များနှင့် အမှုတော်ဆောင်အချို့တိုသည့် အသင်းတော်တွင်း၌ တည်ရှိသည့် ပြဿနာ အစစ်အမှန်များကို မမြင်နိုင်ကြပေ။ စည်းဝေးပွဲတစ်ခု၌ ရှိစဉ်တွင်၊ ၎င်းတို့သည် ပြောထိုက်သည့်အရာ တစ်ခုမျှ မရှိဟု ခံစားရသောကြောင့်၊ ၎င်းတို့သည် မတတ်သာ၍သာ လက်ခံပြီး ကျမ်းဟောင်းတရားနှင့် အယူဝါဒအချို့ကို ဖွင့်ဟကြသည်။ ၎င်းတို့ ပြောနေသည့်အရာသည် အယူဝါဒမျှသာ ဖြစ်သည်ကို ၎င်းတို့ ကောင်းစွာ သိသော်လည်း၊ ယင်းကို မည်သည့်နည်းဖြင့်မဆို ပြောကြလေသည်။ အဆုံး၌ ၎င်းတို့သည်၏စကားများသည် ပေါ့ပြက်သည်ကို ၎င်းတို့ပင် ခံစားရလာပြီး ၎င်းတို့၏ ညီအစ်ကို မောင်နှမများက ယင်းတို့ကို နားထောင်သည်နှင့်အညီ၊ သူတို့သည်လည်း ဤလူများက ငြီးငွေ့ဖွယ် ကောင်းသည်ကို ခံစားရပေသည်။ ဤသည်မှာ ဖြစ်ပျက်သည့်ပုံစံ ဖြစ်သည် မဟုတ်လော။ ၎င်းတို့က ထိုစကားများကို ပြောဖို့ မိမိတို့ကိုယ်ကိုယ် အတင်းအကျပ် စေခိုင်းရပါက၊ တစ်ဖက်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့အပေါ်တွင် အလုပ်မလုပ်ဘဲ၊ အခြားတစ်ဖက်တွင် ၎င်းတို့၏ စကားများသည် အခြားသူများအတွက် အကျိုးအမြတ် လုံးဝ မရှိပေ။ သင်သည် သမ္မာတရားကို တွေ့ကြုံပြီးခြင်း မရှိသေးသော်လည်း၊ ယင်းနှင့်ပတ်သက်၍ သင်ပြောလိုဆဲ ဖြစ်ပါက၊ သင်မည်သည့်အရာကို ပြောပါစေ၊ သင်သည် သမ္မာတရားကို ကျော်၍ ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ပေ။ သင်နောက်ထပ် ပြောသမျှသည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်သည်။ ယင်းတို့သည် အတော်အတန် ဉာဏ်အလင်းပေးသည်ဟု သင်တွေးနိုင်သော်လည်း၊ ယင်းတို့သည် အယူဝါဒများသာ ဖြစ်သည်။ ယင်းတို့သည် သမ္မာတရား စစ်မှန်မှု မဟုတ်သကဲ့သို့ ၎င်းတို့ မည်မျှ ကြိုးစားပါစေ၊ နားထောင်နေသည့် မည်သူမဆိုသည် ယင်းတို့မှ မည်သည့် စစ်မှန်ခြင်းကို နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ နားထောင်နေစဉ်တွင် သင်ပြောသည့် အရာသည် အတော်အတန် မှန်ကန်သည်ဟု ၎င်းတို့ ခံစားရနိုင်သော်လည်း၊ နောက်ပိုင်းတွင် ၎င်းတို့က ယင်းကို လုံးလုံး မေ့သွားလိမ့်မည်။ သင်၏အခြေအနေ အမှန်နှင့်ပတ်သက်ပြီး သင်စကားမပြောပါက၊ သင်သည် လူများ၏စိတ်နှလုံးများကို တို့ထိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့က သင်ပြောသည့်အရာကို သတိရလိုလျှင်ပင်၊ ယင်းကို မေ့သွားကြလိမ့်မည်၊ ပြီးလျှင် သင်သည် ၎င်းတို့ကို ကူညီနိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် စကားပြောလိုသော်လည်း သမ္မာတရားကို ကျော်ဖြတ်နိုင်သည့် နည်းလမ်းတစ်ခုဖြင့် အမှုအရာများနှင့်ပတ်သက်၍ စကားမပြောနိုင်ဟု ခံစားရသည့် ဤအခြေအနေမျိုးကို ကြုံတွေ့သည့်အခါ၊ ပြီးလျှင် သင်သည် ပဓာနကျသည့် အရာများနှင့် ပတ်သက်၍ မည်သည့်အသိမျှ မရှိသော်လည်း အယူဝါဒဆိုင်ရာ အသိပညာ အနည်းငယ်မျှသာရှိပြီး အခြားသူများက သင်မဖြေနိုင်သည့် ပဓာနကျသည့် သဘာဝ တစ်ခုနှင့်သက်ဆိုင်သည့် မေးခွန်းများကို စတင်ဆွေးနွေးပါက၊ သင်သည် မည်သည့်အရာမျှ လုံးဝ မပြောသည်က သာ၍ ကောင်းလိမ့်မည်။ သင်သည် စည်းဝေးပွဲတစ်ခုတွင် အကြောင်းအရာတစ်ခုအကြောင်း ဆွေးနွေးနေနိုင်ပြီး၊ သင်သည် ယင်းနှင့်ပတ်သက်၍ အတော်အတန် သိကျွမ်းမှုရှိကြောင်းနှင့် စစ်မှန်သော အရာအချို့အကြောင်း မိတ်သဟာယပြုနိုင်ကြောင်းတို့ကို ခံစားရသည့် အချိန်များလည်း ရှိသည်။ သို့ရာတွင် သင်သည် ယင်းကို အတော် အပေါ်ယံသာ ဆွေးနွေးပါက၊ လူတိုင်းက သင်ပြောနေသည့်အရာကို နားလည်လိမ့်မည် ဖြစ်သော်လည်း၊ အခြားသူများသည် အချို့သော အမှုအရာများကို တွေ့ကြုံပြီးခြင်း မရှိနိုင်သေးဘဲ၊ သင်သည်လည်း တွေ့ကြုံမပြီးနိုင်သေးသောကြောင့်၊ သင်၌ သာ၍နက်ရှိင်းသော အဆင့်၌ ပြောစရာ မည်သည့်အရာမျှ မရှိပေ။ ထိုသို့သော အခြေအနေတစ်ခုတွင် သင်သည် စကားဆက်ပြောနေဖို့ သင့်ကိုယ်သင် မတွန်းသင့်ပေ။ ထို့ထက် သင်သည် အကြောင်းအရာနှင့်သက်ဆိုင်၍ လူတိုင်းကို မိတ်သဟာယ ပြုခိုင်းနိုင်သည်။ ယင်းသည် အယူဝါဒသာ ဖြစ်သည်ဟု သင်တွေးထင်ပါက၊ ယင်းနှင့်ပတ်သက်ပြီး ပြောဖို့ အသုံးမတည့်သကဲ့သို့၊ လူများသည်လည်း ယင်းမှ တည်ဆောက်နိုင်မည် မဟုတ်ပေ။ ဤအခြေအနေတွင် သင်မည်သည့်အရာကို ပြောသည်ဖြစ်စေ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို လုပ်ဆောင်မည် မဟုတ်ဘဲ၊ သင်သည် မလျှော့တမ်းပြောဆိုနေသည့်အခါ၊ သင်သည် အဓိပ္ပာယ်မရှိဘဲ စံသွေသောအရာများကို အဆုံး၌ ပြောနိုင်ပြီး လူများကို လမ်းလွဲစေနိုင်သည်။ လူများသည် အတော် နက်ရှိုင်းသည့် အကြံဉာဏ်များကို အချိန်တိုအတွင်း လုံးဝ နားမလည်နိုင်ပေ။ လူအများစုတွင် အလွန်ညံ့ဖျင်းသော အခြေခံအုတ်မြစ် ရှိပြီး ညံ့ဖျင်းသော အစွမ်းအစ ရှိကြသည်၊ ပြီးလျှင် ၎င်းတို့ကြားသည့်အရာကို အလွယ်တကူ မကျက်မှတ်နိုင်ပေ။ သို့ရာတွင် ၎င်းတို့သည် အဓိပ္ပာယ် မရှိဘဲ၊ နည်းမှန်ပြီး အယူအဆဆိုင်ရာ စိတ်ကူးများကိုသာ လက်ခံဖို့ အတော်အတန် မြန်ဆန်ဆဲဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ထူးခြားပေတကား။ ထို့ကြောင့် ဤအချက်တွင် သင်သည် အထူး အာရုံစိုက်ရမည် ဖြစ်သည်။ လူများသည် အချည်းနှီးဖြစ်ပြီး တစ်ခါတစ်ရံတွင် ၎င်းတို့၏ ဝင့်ဝါခြင်းအားဖြင့် စိုးမိုးခြယ်လှယ်ခြင်းခံကြရသည်။ ၎င်းတို့ပြောသည့်အရာသည် အယူဝါဖြစ်သည်ကို ၎င်းတို့ ကောင်းစွာ သိသော်လည်း၊ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများက သတိမပြုမိနိုင်ဟု ယုံကြည်လျက်၊ ယင်းကို မည်သည့်နည်းဖြင့်မဆို ဆက်ပြောနေကြသည်။ သိက္ခာဆယ်ဖို့ အားထုတ် ကြိုးပမ်းရာတွင်၊ ၎င်းတို့သည် ထိုအရာများကို လျစ်လျူရှုပြီး၊ ထိုအစား လက်ရှိ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ကိုသာ အာရုံစိုက်ကြသည်။ ဤသည်မှာ လူများကို လှည့်စားနေခြင်းသာ မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်နေခြင်းဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်သည့် လူတစ်ယောက်ဖြစ်ပါက၊ သင်သည် ထိုနည်းလမ်းဖြင့် နောက်ထပ် စကားပြောဆို၍ မရနိုင်ကြောင်းနှင့် အကြောင်းအရာကို သင် ပြောင်းလဲသင့်ကြောင်း ခံစားရလျက်၊ အတွင်း၌ အပြစ်တင်ခြင်းကို ခံစားရလိမ့်မည် ဖြစ်သည်။ သင်သည် သင်တွေ့ကြုံပြီးသည့် အရာတစ်စုံတစ်ခုနှင့်ပတ်သက်၍ မိတ်သဟာယပြုနိုင်သကဲ့သို့ သမ္မာတရားနှင့်ပတ်သက်၍ သင်၌ ရှိသည့် အသိပညာအချို့အကြောင်း သင် ပြောနိုင်သည်။ သင်သည် တစ်စုံတစ်ခုအကြောင်း ရှင်းလင်းစွာ မပြောနိုင်ပါက၊ ယင်းနှင့်ပတ်သက်၍ သင်တို့အားလုံး အတူတကွ မိတ်သဟာယပြုနိုင်ပေသည်။ လူတစ်ဦးကိုသာ စကားပြောနေစေခြင်းသည် မည်သည့်အခါမျှ ကောင်းသောအရာမဟုတ်ပေ။ သင်သည် အတွေ့အကြုံကင်းမဲ့သောကြောင့်၊ သင်သည် တစ်စုံတစ်ခုကို မည်မျှ စိတ်ကူးပြီး အကြံရနိုင်ပါစေ၊ သင်ပြောသည့်အရာသည် အဆုံး၌ အယူဝါဒနှင့် လူ့အယူအဆများသာ ဖြစ်လိမ့်မည် ဖြစ်သည်။ သမ္မာတရားအဖြစ် အမျိုးအစား ခွဲခြားနိုင်သည့်ထိုအရာများကို တွေ့ကြုံရမည် ဖြစ်သည်။ အတွေ့အကြုံမရှိပါက၊ မည်သူမျှ သမ္မာတရား၏ အနှစ်သာရကို လုံးလုံးလျားလျား နားမလည်နိုင်ပေ၊ သမ္မာတရားကို တွေ့ကြုံခြင်းနှင့်သက်ဆိုင်သည့် အခြေအနေများကို ရှင်းရှင်းလင်းလင်း ရှင်းချက် ထုတ်နိုင်ရန်မှာ သာ၍ နည်းပါးလေသည်။ တစ်စုံတစ်ဦးသည် စကားပြောဖို့ စစ်မှန်သည့်အရာတစ်ခု မရှိမီ သမ္မာတရားနှင့်သက်ဆိုင်သည့် အတွေ့အကြုံ ရှိရမည်ဖြစ်ပြီး အတွေ့အကြုံမရှိခြင်းသည် လက်ခံနိုင်ဖွယ် မရှိပေ။ သင်၌ အတွေ့အကြုံရှိလျှင်ပင်၊ ယင်းကို အတိုင်းအတာတစ်ခုဖြင့် ကန့်သတ်ထားပြီး သင်သည် ကန့်သတ်ထားသည့် အခြေအနေအချို့အကြောင်းကိုသာ ပြောနိုင်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။” မှ

ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ဟောကြားခြင်းနှင့် သက်ဆိုင်သည့် ပြဿနာကို ဖြေရှင်းဖို့ လမ်းကြောင်းတစ်ခု သင်တို့၌ ယခု ရှိပြီလော။ ထိုပြဿနာကို ဖြေရှင်းဖို့၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်။ သင်သာ၍ လုပ်ဆောင်လေ— သမ္မာတရားနှင့် လက်တွေ့လုပ်ဆောင်ခြင်းတွင် သင်သာ၍ ကြိုးပမ်းအားထုတ်မှု စိုက်ထုတ်လေ— သင့်အတွင်း၌ ရှိသည့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများက သာ၍ နည်းပါးလေဖြစ်သည်။ စစ်မှန်ခြင်း မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ ၎င်းသည် သမ္မာတရားအားလက်တွေ့ကျင့်သုံးခြင်း ဆောင်ရွက်စဥ်တွင် လူတို့သည် အတွေ့အကြုံအမျိုးအမျိုးရှိကြပြီး အမျိုးမျိုးသောအခြေအနေများ ပေါ်ပေါက်စေစဉ် ဖြစ်ပေါ်လာသည်။ လူတို့သည် သူတို့၏ အမျိုးမျိုးသော အခြေအနေများကို ချဉ်းကပ်ပုံ၊ မည်သည့်အတွေးအခေါ်နှင့် အမြင်များသူတို့၌ရှိသည်ဆိုသည်နှင့် ၎င်းတို့ကိုဖြေရှင်းရန် သမ္မာတရားကို မည်ကဲ့သို့ရှာဖွေသည်ဆိုသည့်အရာ၌ ပြောင်းလဲခြင်း လုပ်ငန်းစဉ်တစ်ရပ် ရှိ၏။ ဤလုပ်ငန်းစဉ်သည် စစ်မှန်ခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်အား လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခံစားခြင်းလမ်းစဥ်အတိုင်း မသွားဘဲ ၎င်းတို့အား အဓိပ္ပာယ်ရင်းအတိုင်းနှင့် အယူဝါဒဆိုင်ရာ အဆင့်တွင်သာ သိရုံနှင့် နားလည်ရုံမျှနှင့်သာဆိုလျှင် သင်၏ အဓိပ္ပာယ်ရင်းအတိုင်း သိနားလည်မှုနှင့် သင်၏တိုက်ရိုက် အတွေ့အကြုံအကြား ကွာဟမှုရှိသဖြင့် သင်၌ရှိသောအရာသည် အယူဝါဒသာဖြစ်ပေသည်။ အယူဝါဒ မည်ကဲ့သို့ ပေါ်ပေါက်လာသနည်း။ လူတစ်ဦးသည် ဘုရားသခင်၏နှုတ်ကပတ်တော်အား လက်တွေ့ကျင့်သုံးခြင်းမရှိဘဲ နားလည်ရုံ၊ ဆန်းစစ်ရုံ၊ အဓိပ္ပာယ်ရင်းအတိုင်း ရှင်းလင်းရုံမျှသာရှိသည့်အပြင် ၎င်းတို့ကို သွန်သင်သောအခါ အယူဝါဒ ပေါ်ပေါက်လာခြင်းဖြစ်၏။ အယူဝါဒသည် အစစ်အမှန်အရှိတရား ဖြစ်လာနိုင်သလော။ သင်သည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းမရှိလျှင် ၎င်းကို မည်သည့်အခါမျှ သင်နားလည်မည် မဟုတ်ပေ။ အဓိပ္ပာယ်ရင်းအတိုင်း ရှင်းလင်းပြခြင်းမျှသည် အစဥ်အမြဲ အယူဝါဒသာလျှင် ဖြစ်ပေမည်။ သို့သော် သင်လက်တွေ့လုပ်ဆောင်မည်၊ တွေ့ကြုံမည်၊ ခံစားမည်၊ သင်ယူမည်ဆိုလျှင် ထိုသို့အားဖြင့် ထွက်ရှိသော ဉာဏ်ပညာ၊ အတွေးများ၊ အကြံဉာဏ်များနှင့် အတွေ့အကြုံများသည် လက်တွေ့ကျလိမ့်မည်။ အစစ်အမှန်အရှိတရားသည် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရရှိသည်။ လက်တွေ့လုပ်ဆောင်ခြင်း မရှိလျှင် အစစ်အမှန်အရှိတရားသည် အစဉ်ကင်းမဲ့နေသည်။ “ကျွန်ုပ်သည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းမရှိသော်လည်း လက်တွေ့ကျသော ဒေသနာများကို ဟောကြားနိုင်ပါသေး၏” ဟူ၍ တစ်စုံတစ်ဦးက ပြောဖူးသလော။ သင်ဟောပြောသည့် အကြောင်းရာသည် အခိုက်အတန့်တွင် မှန်သယောင်ရှိပြီး လက်တွေ့ကျသယောင် ရှိသော်လည်း နောက်ပိုင်းတွင် ၎င်းတို့သည် လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သည့် လမ်းကြောင်း ရှိမည်မဟုတ်ပေ။ သင်နားလည်သမျှ အရာအားလုံးသည် ထို့ကြောင့် အယူဝါဒသာဖြစ်ဆဲ ဖြစ်၏။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်း မရှိဘဲ လက်တွေ့အတွေ့အကြုံလည်းမရှိ သို့မဟုတ် သမ္မတရားအား နားလည်သဘောပေါက်ခြင်းမရှိလျှင် အခြားတစ်စုံတစ်ဦး၌ သင်ယခင်ကမစဉ်းစားခဲ့ဖူးသည့် အခြေအနေတစ်ခု ပေါ်လာသည့်အချိန်တွင် ၎င်းအား မည်ကဲ့သို့ဖြေရှင်းရမည်ကို သင်သိမည်မဟုတ်ပေ။ လူတစ်ဦးသည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခဲသည့်အခါ ထိုသူသည် မည်သည့်အခါ၌မျှ ၎င်းကိုနားလည်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ သမ္မတရားကို လက်တွေ့ကျင့်သုံးမှုအား တိုးမြှင့်ခြင်းဖြင့်သာလျှင် ၎င်းကို စစ်မှန်စွာနားလည်နိုင်ပြီး ထိုအခါမှသာလျှင် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံသဘောတရားများကို ထိုသူတို့နားလည်သဘောပေါက်နိုင်သည်။ သင်သည် သမ္မာတရားအား တွေ့ကြုံခံစားခြင်းမရှိလျှင် အယူဝါဒကိုသာ သင်ဟောပြောနိုင်မည်မှာ မှန်ပေသည်။ သင်သည် စည်းကမ်းများကို လိုက်နာသည့်အတိုင်းပင် အခြားသူများကို လိုက်နာရန် သင်ပြောလိမ့်မည်။ လက်တွေ့လုပ်ဆောင်မှု၏ အစစ်အမှန်တရားနှင့် အတွေ့အကြုံမရှိဘဲ မည်သည့်အခါမျှ အစစ်အမှန်တရားအား သင်သွန်သင်နိုင်မည်မဟုတ်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် လေ့လာခြင်းနှင့် မတူပေ။ လေ့လာခြင်းဆိုသည်မှာ ရေးထားသည့်စာများကို အစဉ်သဖြင့် ဝါယမစိုက်ထုတ်ခြင်း ဖြစ်သည်။ စကားလုံးများကို မှတ်စုရေးသားခြင်း၊ အလွတ်ကျက်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းတို့မျှက ကောင်းပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကမူ ဖြောင့်ဖြောင့်ကြီးပင် ဆန့်ကျင်ဘက်ဖြစ်၏။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၌ ရလဒ်များ စွမ်းဆောင်ရရှိဖို့ လက်တွေ့ကျသည့် အတွေ့အကြုံအပေါ် မှီခိုရမည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကိုဖြေရှင်းရန် လမ်းကြောင်း” မှ

လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက လုံးဝမြင့်မားခြင်းမရှိပေ။ အကယ်၍ လူတို့သည် အားစိုက်ထုတ်မှု အနည်းငယ်မျှပင် လုပ်ဆောင်ပါက၊ သူတို့သည် “အောင်မှတ်” တစ်ခု ရရှိကြလိမ့်မည်။ အမှန်တကယ်တွင် သမ္မာတရားကို နားလည်ခြင်း၊ သိရှိခြင်းနှင့် သဘောပေါက်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းထက် သာ၍ရှုပ်ထွေးပေသည်။ သမ္မာတရားကို သိရှိခြင်းနှင့် သဘောပေါက်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး နောက်တွင် လာပေသည်။ ယင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်သည့် အဆင့်များနှင့် နည်းလမ်း ဖြစ်သည်။ သင်မနာခံဘဲ အဘယ်သို့ နေနိုင်သနည်း။ အမှုအရာများကို သင့်နည်းလမ်းအတိုင်း လုပ်ဆောင်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သင်ရရှိနိုင်သလော။ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏ သာယာပျော်ရွှင်မှုအတွက် အမှုပြုသလော၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ သင်၏ မပြည့်စုံခြင်းများအပေါ် အခြေခံကာ အမှုပြုသလော။ ဤအရာကို သင် ရှင်းလင်းစွာ မမြင်နိုင်ပါက အဓိပ္ပါယ်မရှိပေ။ လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၌ များစွာ အားစိုက်ကြသော်လည်း၊ အသိပညာသာရှိပြီး၊ နောက်ပိုင်းတွင် စစ်မှန်သောလမ်းကြောင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ မပြောနိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ အသိပညာ ပိုင်ဆိုင်ခြင်းသည် သမ္မာတရားပိုင်ဆိုင်ခြင်းနှင့် သဘောညီသည်ဟု သင်ထင်သလော။ ယင်းသည် ရှုပ်ထွေးသည့် ရှုထောင့်အမြင် မဟုတ်လော။ သင်သည် ကမ်းခြေပေါ်က သဲများတမျှ အသိပညာအကြောင်းကို များစွာ ပြောဆိုနိုင်သည့်တိုင် ထိုအရာထဲမှ မည်သည့်အရာ၌မျှ စစ်မှန်သောလမ်းကြောင်း တစ်ခုတစ်လေ မပါရှိပေ။ ဤအရာ လုပ်ဆောင်ခြင်းဖြင့် လူတို့ကို အရူးလုပ်ဖို့ သင် ကြိုးစားနေခြင်း မဟုတ်လော။ သင်သည် ယင်းကို ထောက်ခံဖို့အနှစ်သာရ မရှိဘဲလျက် အဓိပ္ပါယ်မရှိသည့်ဟန်ပြတစ်ခု ပြုလုပ်နေခြင်း မဟုတ်လော။ ထိုသို့သော အပြုအမူအားလုံးသည် လူတို့အဖို့ အန္တရာယ်ရှိ၏။ အယူအဆ မြင့်လေလေ၊ ပြီးလျှင် စစ်မှန်မှု ကင်းမဲ့လေလေ၊ ယင်းက လူတို့ကို လက်တွေ့အရှိတရားသို့ ပို့ဆောင်နိုင်စွမ်း မရှိလေလေ ဖြစ်သည်။ သဘောတရားတစ်ရပ်သည် မြင့်မားလေလေ၊ ယင်းက သင့်ကို ဘုရားသခင်အား ပိုမို အာခံကာ ဆန့်ကျင်စေလေလေ ဖြစ်သည်။ အမြင့်မားဆုံးသော အယူအဆများကို တန်ဖိုးရှိသည့် ရတနာများသဖွယ် သဘောမထားနှင့်။ ယင်းတို့သည် မသိမသာနှင့် ပျက်စီးစေပြီး၊ မည်သည့်အသုံးဝင်မှုကိုမျှ မပေးပေ။ လူအချို့သည် အမြင့်မားဆုံးအယူအဆများကို ပြောဆိုကောင်း ပြောဆိုနိုင်ပေလိမ့်မည်- သို့ရာတွင် ဤလူတို့သည် ထိုအယူအဆများကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြုံဖူးကြသောကြောင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြသည့်အတွက် ဤအယူအဆများထဲတွင် စစ်မှန်မှု မပါရှိပေ။ ထိုသို့သောလူများသည် အခြားသူများကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်သွားနိုင်စွမ်း မရှိကြသကဲ့သို့၊ ၎င်းတို့ကို လမ်းလွဲစေခြင်းသာ ဖြစ်စေလိမ့်မည်။ ဤသည်မှာ လူတို့အဖို့ အန္တရာယ်ရှိသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် သင်သည် လူတို့၏ လက်ရှိ ပြဿနာများကို ဖြေရှင်းနိုင်ရမည်ဖြစ်ပြီး ၎င်းတို့အား ဝင်ရောက်မှုကို ရရှိခွင့်ပေးနိုင်ရမည်။ ဤအရာသည်သာ ဆက်ကပ်အပ်နှံခြင်းဟု မှတ်ယူ၍ရပြီး ထိုအခါမှသာ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်ရန် အရည်အချင်း ပြည့်မီမည်ဖြစ်သည်။ ဟိတ်ဟန်များသော၊ စိတ်ကူးယဉ်ဆန်သော စကားများကို အမြဲမပြောနှင့်၊ ပြီးလျှင် အခြားသူတို့ကို သင့်အား နာခံလာအောင်ပြုရန် မသင့်လျော်သည့် လက်တွေ့လုပ်ဆောင်မှု များစွာကို အသုံးမပြုလေနှင့်။ ထိုသို့လုပ်ဆောင်ခြင်းသည် အကျိုးရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့အား သာ၍စိတ်ရှုပ်ထွေးစေနိုင်သည်။ ဤသို့ ဆက်လက် လုပ်ဆောင်ခြင်းသည် လူတို့အား သင့်ကို စက်ဆုပ်စေသည့် အယူဝါဒများစွာကို ဖြစ်ပေါ်စေလိမ့်မည်။ ယင်းမှာ လူသား၏ အားနည်းချက်ဖြစ်ပြီး၊ အမှန်တကယ် အရှက်ရစရာ ဖြစ်သည်။ သို့ဖြစ်၍ အမှန်တကယ် တည်ရှိသည့် ပြဿနာများ အကြောင်းကို ပို၍ပြောဆိုလော့။ အခြားလူတို့၏ အတွေ့အကြုံများကို သင်၏ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ ဆက်ဆံကာ အခြားသူများ ကြည်ညိုလေးစားစေဖို့ ထိုအတွေ့အကြုံများကို မပြလေနှင့်။ သင့်အနေဖြင့် သင်ကိုယ်တိုင်၏၊ သီးခြား ထွက်ပေါက်ကို ရှာဖွေရမည်။ ဤသည်မှာ လူအသီးသီး လက်တွေ့ လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်မှုအပေါ် သာ၍အာရုံစိုက်လော့” မှ

အရှေ့သို့- ၉၈) လူတစ်ဦးက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်ကို ခွဲခြားခြင်း အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၀၀) လူတစ်ဦးက သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်ကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

၆၂၈ ဘုရားသခင်အားဖြင့် စုံလင်သောသူဖြစ်ဖို့ ဘာသာရေးအတွေးအခေါ်တို့ကို စွန့်လွှတ်ပါ

၁ဘုရား နှုတ်ကပတ်တော်၏ စစ်ကြောစီရင်၊ ဆုံးမခြင်းကို သင်လက်ခံလျှင် ဘာသာရေးလမ်းစဉ်များကိုဖယ်ရှားထား၊နူတ်ကပတ်တော်ကို ဟောင်းနွမ်းသော အယူအဆနှင့်...

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်