၁၁၅) မယုံကြည်သူများကို ခွဲခြားခြင်း အခြေခံသဘောတရားများ

(၁) လူ့ဇာတိခံယူခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ အမှုတော်တို့အပေါ် တစ်သမတ်တည်း သံသယသဘောထား ထားရှိသူ မည်သူမဆိုနှင့် ဘုရားသခင်၌ မိမိတို့၏ ယုံကြည်ခြင်းက အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ အပေါ်မျှသာ မှီခိုသည့်သူ မည်သူမဆိုသည် မယုံကြည်သူတစ်ဦး ဖြစ်သည်။

(၂) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုသည့်သူ၊ တရားဒေသနာများနှင့် မိတ်သဟာယတို့ကို နားမထောင်သကဲ့သို့ မိမိတို့၏ တာဝန်ကို စိတ်ပါလက်ပါ မလုပ်ဆောင်ဘဲ အပျက်သဘောဆောင်ခြင်းကို ဖြန့်ရင်း စဉ်ဆက်မပြတ် စောဒကတက်သူ မည်သူမဆိုသည် မယုံကြည်သူတစ်ဦး ဖြစ်သည်။

(၃) သမ္မာတရားကို မရှာဖွေသကဲ့သို့ ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် ယင်းကို လက်မခံဘဲ ကိစ္စရပ်များနှင့် ပါဝင်သည့် လူများကို ထိုးထွင်းသိမြင်ဖို့ ကြိုးစားသူနှင့် စည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာသောသူ မည်သူမဆိုသည် မယုံကြည်သူတစ်ဦး ဖြစ်သည်။

(၄) တရားစီရင်ခံရခြင်း သို့မဟုတ် ပြစ်တင်ဆုံးမခံရခြင်း သို့မဟုတ် ပြုပြင်ခံရခြင်း သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို လက်မခံသောသူ မည်သည်မဆိုနှင့် ဘုရားသခင်အတွက် ကြည်ညိုခြင်း စိတ်နှလုံးတစ်ခု မရှိသကဲ့သို့ သူ့ကို အနည်းငယ်မျှ ကျိုးနွံနာခံခြင်း မရှိသူ မည်သူမဆိုသည် မယုံကြည်သူတစ်ဦး ဖြစ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏ အမှုအားလုံး၌ သင်ယုံကြည်မှု ထားရှိရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ့ကို နာခံရမည်။ အကယ်၍ သင်မနာခံနိုင်လျှင်၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယင်းက အရေးမပါတော့ချေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ မနာခံခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့နာခံနိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်” မှ

ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတို့သည် အသိစိတ် ခံစားချက်တစ်ခု ရှိ၏၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်း၊ ဘုရားသခင် လုပ်သမျှအားလုံး မှန်ကန်ပြီး လူသားအဖို့ အကျိုးကျေးဇူး ရှိကြောင်းကို ၎င်းတို့ ယုံကြည်ကြ၏။ ၎င်းတို့သည် အမှားတစ်စုံတစ်ရာလုပ်မိပြီး သမ္မာတရားကို ချိုးဖောက်မိပါက၊ ၎င်းတို့၏ အတွင်းစိတ်နှလုံး နက်ရှိုင်းသော နေရာတွင် အပြစ်တင်ခြင်း၊ အကြွေးတင်ရှိခြင်းနှင့် မချိတင်ကဲဝေဒနာ ခံစားချက် တစ်ခုကို ၎င်းတို့ ခံစားရသည်။ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်သူတို့ အတွက်မူ၊ ၎င်းတို့၌ အသိစိတ်ခံစားချက်တစ်ခု ရှိမရှိ ဆိုသည့်မေးခွန်ကို ဘေးဖယ်ထားပြီး၊ ပထမဦးစွာ ဘုရားသခင်၏ တည်ရှိခြင်းနှင့် သူ၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားအကြောင်းကို ပြောကြစို့။ နံပါတ်တစ်အနေဖြင့် ဘုရားသခင်၏ တည်ရှိခြင်းနှင့်ပတ်သက်၍ ၎င်းတို့၏ အမြင်မှာ အဘယ်နည်း။ “ဘုရားသခင် တည်ရှိသည်ဟု သင်တို့ ပြောကြသည်- သို့သော် ဘုရားသခင် အဘယ်မှာနည်း။ သူ့ကို ငါ မမြင်ရ။ ဘုရားသခင် တစ်ပါးရှိသည် မရှိသည်ကို ငါမသိ။ သူ့ကို ယုံကြည်သော သူတို့က ရှိသည်ဟု ပြောကြသည်၊ မယုံကြည်သောသူတို့က မရှိဟု ပြောကြသည်။” ယင်းမှာ ၎င်းတို့၏ အမြင်ဖြစ်သည်။ သို့သော် ထပ်၍ဆင်ခြင်သုံးသပ်ရာတွင် ၎င်းတို့က “ဤလူများအားလုံးက သူ့ကို ယုံကြည်ကြပြီး သူ့အဖို့ သက်သေခံကြသည်၊ ထို့ကြောင့် ဘုရားသခင် ရှိကောင်းရှိနိုင်သည်။ ထိုသို့ဖြစ်သည်ဟု ငါထင်၏။ ရှိပါလျှင်၊ ငါသည် တစ်ပတ်ရိုက်ကာ ကောင်းချီးမင်္ဂလာ ခံစားရပြီးဖြစ်လိမ့်မည်။ မှန်ကန်သော စွန့်စားမှုကို ငါ ပြုလုပ်ပြီးဖြစ်လိမ့်မည်” ဟု ဆိုကြသည်။ ၎င်းတို့သည် ကံစမ်းလျက်၊ စွန့်စားလျက်၊ ရေလိုက်ငါးလိုက်သာ ရှိကြလေသည်။ ထိုအရာက ၎င်းတို့ကို တစ်ခုတစ်လေ ဆုံးရှုံးနစ်နာစေမည်ကို ၎င်းတို့ မတွေးကြချေ။ ဘုရားသခင် တည်ရှိခြင်း ရှိမရှိဆိုသည့်အပေါ် ၎င်းတို့၏ သဘောထားနှင့် အမြင်မှာ ဤကဲ့သို့ ဖြစ်သည်။ “ဘုရားသခင် တစ်ပါးရှိသလော၊ မရှိသလော။ ကျွန်ုပ် မပြောနိုင်ပေ။ သူ အတိအကျ အဘယ်မှာတည်ရှိသည်ကို ကျွန်ုပ် မသိပေ။ များလှစွာသော လူတို့၏ သက်သေခံချက်ကြသော်လည်း၊ ယင်းက မှန်သလော၊ မှားသလော။” ၎င်းတို့၏ စိတ်ထဲတွင်၊ ဤအရာအားလုံးနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာ ရှိ၏။ ၎င်းတို့ မသေချာ နိုင်ကြသောကြောင့် သံသယပွားကြလေသည်။ ပြီးလျှင် ထိုသို့သော သံသယပွားခြင်း နှင့် မသေချာမှုတို့နှင့်အတူ၊ ဘုရားသခင်က သမ္မာတရားကို ပြောဆိုပြီး ဖော်ပြသည့်အခါ သူ၏နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ၎င်းတို့ ခံယူကြပါသလော။ ရံဖန်ရံခါ၊ သိချင်စိတ်ပြင်းပြခြင်းဖြင့် ၎င်းတို့ နားထောင်ကောင်း နားထောင်ကြလိမ့်မည်၊ တစ်ခဏမျှ ထိုအရာတို့ကို တွေးဆပြီး ထိုသို့ လုပ်ဆောင်ပြီး သောအခါ ၎င်းတို့က၊ “ဤစကားများသည် သမ္မာတရားလော။ ၎င်းတို့၌ တန်ခိုးနှင့် အာဏာရှိသည်ဟု ဆိုကြ၏- ယင်းကို ကျွန်ုပ် အဘယ်ကြောင့် မကြားရသနည်း သို့မဟုတ် အဘယ်ကြောင့် မခံစားရသနည်း။ သိရသရွေ့၊ ၎င်းတို့က လူတို့ကို ပြောင်းလဲပေးနိုင်သည်- သို့ဆိုလျှင် ၎င်းတို့က အဘယ်ကြောင့် ငါ့ကို မပြောင်းလဲ သေးသနည်း။ ငါသည် စားခြင်းနှင့် အိပ်ခြင်းကို နှစ်သက်ဆဲဖြစ်သည်။ ယခင်အတိုင်းပင် ငါသည် စိတ်တိုတတ်ပြီး၊ မည်သည့်အရာကိုမျှ သာ၍ စွမ်းဆောင်နိုင်ခြင်း ရှိမလာသေးပေ။ အဆင်းနီသော နဂါးကြီးက သူ၏ နှိပ်စက်ညှဉ်းပန်းမှု ဘေးသင့်စေသည့်အခါ ငါ ကြောက်နေဆဲဖြစ်သည်။ ငါသည် မဟာလူသား ဖြစ်မလာသေးပေ။ အဆိုအရတော့ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရား ဖြစ်သည်။ အပြုသဘောဆောင်သောအရာ ဆိုသည်မှာ အဘယ်နည်း။ ယင်းက လူတို့အနေဖြင့် ကောင်းမြတ်ပြီး ရိုးသားကြဖို့ရန် တောင်းဆိုခြင်းဖြစ်သည်။ ရိုးသားသော လူများသည် လူနုံလူအများဖြစ်၏။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့ လူတို့ကို စေခိုင်းထား၏။ ဆိုလိုသည်မှာ သင် မကောင်းမှု လုပ်သည့်အခါ၊ သင်သည် မိမိကိုယ်ကိုယ် ထိန်းရမည်၊ မိမိကိုယ်ကိုယ် ချုပ်ချယ်ထားရမည်ဖြစ်ပြီး မကောင်းသော အရာများကို မလုပ်ဆောင်ရပေ- လူမည်မျှက ယင်းကို လုပ်ဆောင်နိုင်သနည်း။ လူသား၏ သဘာဝမှာ မကောင်းသောအရာများကို လုပ်ဆောင်ဖို့၊ တစ်ကိုယ်ကောင်းဆန်ဖို့ဖြစ်သည်။ မိမိကိုယ်သာ မိမိကိုးကွယ်ရာဖြစ်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သည်။ ဤလောကထဲတွင် မည်သူမျှ မိမိကိုယ်ကိုယ်မှလွဲ၍ မည်သူ့ကိုမျှ မစဉ်းစားကြပေ။ သင်၏ ကံကြမ္မာသည် သင့်လက်ထဲတွင် ရှိသည်။ ပျော်ရွှင်မှုအတွက် ကြိုးပမ်းဖို့မှာ သင့်သဘောဖြစ်သည်။ အယောက်တိုင်းက ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကြပါက၊ လောကလူတို့သည် ခြိုးခြံသော အကျင့်ရှိသည့် ဘုန်းကြီးများနှင့် သီလရှင်များ ဖြစ်သွားကြလိမ့်မည် မဟုတ်လော။ သို့ဆိုလျှင် ရှင်သန်ခြင်း၌ အဘယ်အရာသည် ပျော်ရွှင်ဖွယ်ရာ ကောင်းလိမ့်မည်နည်း။” ဟု တွေးကြသည်။ ဤသည်မှာ သမ္မာတရား အပေါ် ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းသောနေရာက သဘောထား ဖြစ်သည် မဟုတ်လော။ “လူတို့သည် မိမိတို့ကိုယ်ကိုယ်အတွက် မကြိုးပမ်း၊ မရုန်းကန်ပါက၊ ချမ်းသာကြွယ်ဝမှုနှင့် အသိအမှတ်ပြုခြင်းတို့အတွက် ၎င်းတို့ အသက်မရှင်ကြပါက ဘဝသည် မည်သည့်အဓိပ္ပါယ်ရှိလိမ့်မည်နည်း။” ယင်းမှာ ထိုသို့သောလူများ၊ မယုံကြည်သူများ၏ အမြင်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအပေါ် မယုံကြည်သူများ၏ သဘောထားဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို မသိကြ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားနှင့် တန်းတူမဟုတ်သကဲ့သို့ သမ္မာတရားသည် အသက်တာနှင့် တန်းတူမဟုတ်ပေ။ ၎င်းတို့၏ စိတ်နှလုံးများအတွင်း နက်ရှိုင်းသောနေရာထဲတွင် သမ္မာတရားကို မည်သည့်အရာဖြစ်သည်ဟု ၎င်းတို့ စဉ်းစားကြသနည်း။ ၎င်းတို့ကို သဘာဝလွန် ဖြစ်စေသော အရာတစ်စုံတစ်ခု၊ ၎င်းတို့ကို အစွမ်းသတ္တိများပေးနိုင်ပြီး ပါရမီရှိစေနိုင်သော အရာတစ်စုံတစ်ခု၊ ၎င်းတို့ကို ရုပ်ပိုင်းဆိုင်ရာ အကျိုးပြုသည့်အရာ၊ ၎င်းတို့၏ ဘဝများကို သာ၍ ပျော်ရွှင်စေနိုင်သောအရာ၊ ၎င်းတို့ကို အကြီးမားဆုံး ဖြစ်နိုင်သမျှ အကျိုးဖြစ်စေ နိုင်သော အရာတစ်စုံတစ်ခု ဖြစ်သည့် သမ္မာတရားပင် ဖြစ်သည်။ ၎င်းတို့ တွေးထင်ကြသည်မှာ- ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များသည် သာမန် ဆန်လွန်း၏။ အသေးအဖွဲများမျှသာ၊ မပြောပလောက်သည့်အရာများ ဖြစ်သည်။ လူတို့ကို ရိုးသားကြဖို့၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ဖို့၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေဖို့ တောင်းဆိုခြင်း- ယင်းမှာ အလွန်ခက်ခဲသည်။ ဤအရာကို မည်သူမျှ မလုပ်ဆောင်နိုင်ချေ။ လူတို့သည် လေဟာနယ်ထဲတွင် အသက်မရှင်ကြပေ။ ၎င်းတို့တွင် ဆန္ဒများနှင့် စိတ်ခံစားချက် အမြောက်အမြားရှိသည်။ မည်သူမျှ ဤနှုတ်ကပတ်တော်များကို အသက်ရှင် နေထိုင်နိုင်ခြင်း မရှိပေ။ မယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားဖြစ်သည်ဟု မယုံကြည်ကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အသက်ဖြစ်သည်ကို ၎င်းတို့ မယုံကြည်ကြချေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူသားမျိုးနွယ်၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များက လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲပေးနိုင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်ခွင့်ပေးနိုင်သည်ကို သာ၍ပင် မယုံကြည်ကြပေ။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သဘောထား ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့စိတ်နှလုံး၏ နက်ရှိုင်းသောနေရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု လက်မခံသကဲ့သို့ ယင်းတို့ကို သမ္မာတရားအဖြစ် လက်မခံဖူးကြချေ။ အားလုံးခြုံကြည့်သော်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ်၊ ၎င်းတို့၏ တည်ရှိခြင်းနှင့် အပြုအမူတို့၏ ဦးတည်ရာနှင့် ရည်ရွယ်ချက်တို့အဖြစ် ၎င်းတို့ လက်မခံကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားဖြစ်သည်ဟု လက်မခံသူတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်နိုင်ကြသလော။ ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့ အမှန်တကယ် ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) ဘုရားသခင်တည်ရှိခြင်းကို မယုံကြည်သောသူတို့သည် ဤလောကထဲ၌ သမ္မာတရားလည်းရှိသည်ဟု ယုံကြည်နိုင်ကြသလော။ သမ္မာတရား၏ တည်ရှိခြင်းကို မယုံကြည်သောသူတို့သည် လူသားမျိုးနွယ်က ကယ်တင်ခံရနိုင်သည်ဟု ယုံကြည်နိုင်ကြသလော။ (မယုံကြည်နိုင်ကြပါ။) ယင်းထဲက မည်သည့်အရာကိုမျှ ၎င်းတို့ မယုံကြည်ပါက၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှန်တရားကို ၎င်းတို့ ယုံကြည်နိုင်ကြသလော။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ၎င်းတို့ ယုံကြည်နိုင်သလော။ (မယုံကြည်နိုင်ပါ။) ၎င်းတို့သည် လုံးလုံးလျားလျား မယုံကြည်သူများ ဖြစ်ကြလေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “တာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်းက အနည်းဆုံးအနေဖြင့် အသိစိတ်တစ်ခု လိုအပ်သည်” မှ

ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူတို့၏ယုံကြည်ခြင်း မည်သည့်အခါမျှ အသိအမှတ်ပြုမခံရသော လူတချို့ ရှိလေသည်။ တစ်နည်းအားဖြင့် ဘုရားသခင်က ထိုလူများသည် သူ၏နောက်လိုက်များ ဖြစ်သည်ဟု အသိအမှတ်မပြုပေ၊ အဘယ်ကြောင့်ဆိုသော် သူသည် ၎င်းတို့၏ ယုံကြည်မှုများကို ချီးကျူးခြင်းမရှိသောကြောင့်ဖြစ်ပေသည်။ ဤလူများမှာမူ ဘုရားသခင်နောက်သို့ နှစ်ပေါင်းမည်မျှ သူတို့လိုက်ခဲ့ပြီးသည်ဖြစ်စေ ၎င်းတို့၏ အတွေးများနှင့် အမြင်များမှာ မည်သည့်အခါမျှ ပြောင်းလဲခြင်း မရှိပါပေ။ ၎င်းတို့သည် မယုံကြည်သူများကဲ့သို့ပင် ဖြစ်ကာ မယုံကြည်သူများ၏ နိယာမများနှင့် အမှုအရာများ လုပ်ပုံလုပ်နည်းများအပြင် မယုံကြည်သူများ၏ အသက်ရှင်သန်ရေးနှင့် ယုံကြည်မှုဆိုင်ရာ ပညတ်ချက်များကို လိုက်နာစောင့်ထိန်းကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ၎င်းတို့၏ အသက်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်းမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ကြောင်း မည်သည့်အခါမျှ ယုံကြည်ခဲ့ခြင်းမရှိ၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် မည်သည့်အခါမျှ ရည်ရွယ်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်ကို ၎င်းတို့၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ လက်ခံခဲ့ခြင်း မရှိကြပေ။ ဘုရားသခင်အား ယုံကြည်ခြင်းကို အပျော်တမ်း ဝါသနာတစ်မျိုးအဖြစ် ၎င်းတို့က မှတ်ယူကြပြီး ဘုရားသခင်ကို ဝိညာဉ်ရေးရာ အာဟာရအဖြစ်မျှသာ သဘောထားကြသည်။ သို့ဖြစ်၍ ၎င်းတို့က ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် အနှစ်သာရကို ကြိုးစား၍ နားလည်ဖို့ မထိုက်တန်ပါဟု ထင်ကြသည်။ စစ်မှန်သောဘုရားသခင်နှင့် စပ်လျဉ်းသော အရာမှန်သမျှမှာ ဤလူတို့နှင့် မသက်ဆိုင်ပါဟု ဆိုနိုင်ပါသည်။ ၎င်းတို့သည် အာရုံစိုက်မှုပေးရန် စိတ်ဝင်စားခြင်း မရှိသည့်အပြင် စိတ်အနှောင့်အယှက်လည်း မခံနိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်နှလုံးထဲ၌ “ဘုရားသခင်ကို မျက်မြင်မရ၊ ကိုင်တွယ်၍မရသဖြင့် မတည်ရှိပါ။” ဟူ၍ ၎င်းတို့အား အမြဲပြောနေသည့် အလွန်ပြင်းထန်သော အသံတစ်သံရှိနေသည်။ ဤကဲ့သို့သော ဘုရားသခင်မျိုးကို နားလည်ရန် ကြိုးစားခြင်းမှာ သူတို့ကြိုးပမ်းရကျိုးနပ်မည် မဟုတ်သည့်အပြင်၊ ထိုသို့ပြုလုပ်ခြင်းမှာ ၎င်းတို့ မိမိကိုယ်ကိုယ်သာ အရူးလုပ်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် အမှန်တကယ် မည်သည့်ရပ်တည်မှုမျှ မထားဘဲ ဘုရားသခင်ကို စကားလုံးများဖြင့်သာ အသိအမှတ်ပြုခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် အမှန်တကယ် မည်သည့် လုပ်ရပ်ဆောင်ချက်၌မျှ ပေးဆပ်မှုမရှိခြင်းအားဖြင့် မိမိကိုယ်ကိုယ် တော်လှပြီဟု ယုံကြည်နေကြသည်။ ဘုရားသခင်သည် ဤသို့သောလူတို့အပေါ် မည်ကဲ့သို့ ထင်မြင်ယူဆသနည်း။ သူသည် ၎င်းတို့အား မယုံကြည်သူများအဖြစ် ရှုမြင်သည်။ လူအချို့က “မယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နိုင်သလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းရွက်နိုင်သလော။ ၎င်းတို့က ‘ကျွန်ုပ်သည် ဘုရားသခင်အတွက် အသက်ရှင်မည်’ ဟူသော စကားများကို ဆိုနိုင်သလော။” ဟု မေးကြသည်။ လူသားများက ယေဘုယျအားဖြင့် မြင်သောအရာမှာ လူတို့ အပေါ်ယံခင်းကျင်းသည့် ပြသချက်များပင် ဖြစ်သည်။ ၎င်းတို့သည် လူတို့၏ အနှစ်သာရကို မမြင်ကြပေ။ သို့သော်လည်း ဘုရားသခင်သည် ဤအပေါ်ယံ ပြသချက်များကို မကြည့်ပေ။ သူသည် ၎င်းတို့၏ အတွင်းမှ အနှစ်သာရကိုသာ ကြည့်သည်။ ထို့ကြောင့် ဤသည်မှာ ဤလူတို့အပေါ် ဘုရားသခင်ထားသည့် သဘောထားနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” မှ

အဓိကအကျဆုံးမှာ၊ ဘုရားသခင်အားယုံကြည်ခြင်း၌ သင်နားလည်ထားရမည့် အချက်တစ်ခုရှိ၏- ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်၏နာမတော်ကို ယုံကြည်ခြင်းသက်သက်သာ မဟုတ်ဘဲ၊ သင့်စိတ်ကူးရှိ မရေရာသော ဘုရားသခင်ကို ယုံကြည်ခြင်း သာ၍ပင် မဟုတ်ပေ။ ထိုအစား ဘုရားသခင်သည် စစ်မှန်ကြောင်းကို သင်ယုံကြည်ရမည်။ ဘုရားသခင်၏အနှစ်သာရ၊ သူ၏စိတ်သဘောထား၊ ထို့ပြင် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို သင်ယုံကြည်သင့်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို အုပ်စိုးကြောင်းနှင့် သင်၏ကံကြမ္မာကို သူအုပ်စိုးကြောင်း သင်ယုံကြည်ရမည်။ ဤသို့ဆိုလျှင် အဘယ်အရာကို ယုံကြည်ခြင်းအဖြစ် မှတ်ယူနိုင်သနည်း။ လူတို့အနေဖြင့် ယုံကြည်ခြင်း၌ ဧကန်စင်စစ် ပူးပေါင်းပါဝင်ပြီး လက်တွေ့လုပ်ဆောင်သင့်သည့် ရှုထောင့်တစ်ခု မရှိသလော။ သာဓကအားဖြင့်၊ အချို့လူများသည် ၎င်းတို့အပေါ်ကျရောက်သော အခြေအနေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြပြီး ထိုအရာက ၎င်းတို့၏ ဝိညာဉ်ရေးရာ၌ သေးငယ်သော ဝရုန်းသုန်းကား အခြေအနေ တစ်ခုခုကို ဖြစ်စေသည်၊ ထိုအခါ ၎င်းတို့အနေဖြင့် “ဤကဲ့သို့ ငါဖြစ်သွားရသည်မှာ ဘယ်သူဘယ်ဝါကြောင့်ပင် ဖြစ်သည်။ ထိုသူသာ ချစ်တီးခေါင်း သန်းမရှာခဲ့ပါလျှင် ဤမျှလောက် အရှက်တကွဲဖြစ်ရလိမ့်မည်မဟုတ်” ဟူ၍ တွေးကြ၏။ ၎င်းတို့သည် ရှုထောင့်ပေါင်းစုံမှ ဆင်ခြေပေးရန် ကြိုးစားကြပြီး အဆုံး၌ အခြားသူတစ်ယောက်အပေါ် အပြစ်ဖို့ကြသည်။ ထိုသို့အားဖြင့် ၎င်းတို့သည် စိတ်အေးသွားကြပြီး ပြဿနာမှာ ပြေလည်သွားပြီဖြစ်ကြောင်း၊ အခက်အခဲမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း တွေးထင်ကြသည်။ ပြဿနာများကို ဤနည်းဖြင့် ဖြေရှင်းခြင်းအား သင်မည်ကဲ့သို့သဘောရသနည်း။ ဤနည်းကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ဦးသည် သမ္မာတရားကို ရနိုင်သလော။ ထိုအရာက ဘုရားသခင်အပေါ် နာခံခြင်းသဘောထားကို ပြသလော။ ထိုသို့သောလူများက မည်သည့်ရှုထောင့်နှင့် မည်သည့်နည်းလမ်းများဖြင့် ဘုရားသခင်ကို ယုံကြည်ကြသနည်း။ “ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို အုပ်စိုး၏၊ အရာခပ်သိမ်းနှင့် ဖြစ်ရပ်ခပ်သိမ်းတို့သည် သူ၏လက်တော်၌ ရှိ၏” ဟူသော နှုတ်ကပတ်တော်များကို ၎င်းတို့အနေဖြင့် ၎င်းတို့၏ နေ့စဉ်အသက်တာ၌ ကျင့်သုံးထားသလော။ ၎င်းတို့သည် လူ့ဉာဏ်ကို အသုံးပြု၍ ပြဿနာကို ခွဲခြမ်းစိတ်ဖြာကြသောအခါ၊ လူ့နည်းလမ်းများဖြင့် ကိစ္စရပ်ကို ဖော်ပြဆွေးနွေးကြသောအခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ ယုံကြည်နေကြသလော၊ လူများ၊ ကိစ္စရပ်များနှင့် အခြင်းအရာများအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီမံမှုတို့ကို ၎င်းတို့နာခံနေကြသလော။ (မဟုတ်ပါ။) ပထမအနေဖြင့် ၎င်းတို့သည် နာခံခြင်းမရှိ၊ ဒုတိယအနေဖြင့် ၎င်းတို့သည် သာ၍ပင် ကြီးလေးသော အမှားကို လုပ်ကြသည်- ၎င်းတို့အတွက် ဘုရားသခင်စီစဉ်ပေးသော အခြေအနေအပြင် လူများ၊ ကိစ္စရပ်များနှင့် အခြင်းအရာများကို ဘုရားသခင်ထံမှ ၎င်းတို့လက်မခံနိုင်ကြ၊ ၎င်းတို့သည် အပေါ်ယံကိုကျော်၍ မကြည့်ကြ။ အခြေအနေက အပြင်ပန်းအားဖြင့် မည်သို့ပုံပေါ်သည်ကိုသာ ၎င်းတို့ကြည့်ကြသည်၊ ထိုအချိန်မတိုင်မီတွင် လူ့ဉာဏ်ကိုအသုံးပြု၍ ယင်းအခြေအနေကို ခွဲခြမ်းစိတ်ဖြာကြပြီး လူ့နည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုးစားကြသည်။ ဤသည်မှာ အမှားကြီးပင်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သို့လျှင် ထိုသို့ဖြစ်ရသနည်း။ အရာခပ်သိမ်းသည် ဘုရားသခင်၏ အုပ်စိုးခြင်းကိုခံရကြောင်း ၎င်းတို့မယုံကြပေ။ ၎င်းတို့က “အရာခပ်သိမ်းသည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံရသည်လော။ ဘုရားသခင်သည် အလွန်များလှစွာသော အရာများအပေါ် အုပ်စိုးနိုင်သလော။ ယင်းမှာ အယူဝါဒကို မျက်ကန်း အသုံးချခြင်းသာဖြစ်သည်။ ငါ၌ ဖြစ်ပျက်သွားသောအရာသည် တစ်မူထူး၏၊ ယင်းမှာ ခြွင်းချက်ဖြစ်၏” ဟု မိမိဘာသာ တွေးထင်ကြသည်။ ဤအရာမှာ ခြွင်းချက်ဖြစ်၏၊ ထိုအရာမှာ ခြွင်းချက်ဖြစ်၏။ ၎င်းတို့၏အမြင်တွင် အရာအားလုံးမှာ ခြွင်းချက်ဖြစ်နေ၏၊ မည်သည့်အရာ တစ်ခုတလေကမျှ ဘုရားသခင်၏ အုပ်စိုးခြင်းကို မခံရဘဲ အရာအားလုံးမှာ လူသားထံမှ အခြေခံ၍ ပေါ်ပေါက်လာ၏ဟု ၎င်းတို့မြင်၏။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းလော။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း၏ အနှစ်သာရကို ထင်ဟပ်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းပေါ် အုပ်စိုးနိုင်ကြောင်း၊ သို့မဟုတ် ဘုရားသခင်သည် အရာအားလုံး၊ ဖြစ်ရပ်အားလုံးနှင့် အခြေအနေအားလုံးကို စီစဉ်နိုင်ကြောင်း ၎င်းတို့မယုံကြပေ။ ဘုရားသခင်ထံမှ ဤအရာများကို ၎င်းတို့ လက်မခံနိုင်ကြ။ ဤအခြေအနေများက ကြုံရာကျပန်း ဖြစ်ပွားလာခြင်းသာ ဖြစ်ကြောင်း၊ လူ့လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ဘုရားသခင်စီစဉ်ထားခြင်း မဟုတ်ကြောင်းကို ၎င်းတို့ခံစားကြရသည်။ ထိုသို့ဆိုလျှင် ၎င်းတို့ယုံကြည်ခြင်း၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သနည်း။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်တကား။ မယုံကြည်သူများ၏အမြင်မှာ ဘုရားသခင်ထံမှ တစ်စုံတစ်ရာကိုမျှ လုံးဝလက်မခံဘဲ ထိုအစား ၎င်းတို့ကြုံကြိုက်ရသမျှကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အလို့ငှာ လူ့ရှုထောင့်များ၊ လူ့တွေးခေါ်မှု အလေ့အထများအပြင် လူ့နည်းလမ်းများကို အသုံးချ၍ အလေးအနက်စဉ်းစားရန်နှင့် ဦးနှောက်ခြောက်အောင် စဉ်းစားကြရန်ဖြစ်သည်။ ဤသည်မှာ မယုံကြည်သူတစ်ဦး ပြုသောအရာဖြစ်၏။ အနာဂတ်၌ ဤကဲ့သို့သောလူစားမျိုးနှင့် သင်တို့ကြုံဆုံရသောအခါ ၎င်းတို့နှင့်ပတ်သက်၍ ထိုးထွင်းသိမြင်မှု တစ်ခုခု သင်တို့၌ စတင်ပြီးရှိသင့်သည်။ အကြောင်းအခြင်းအရာများ ပေါ်ပေါက်လာသောအခါ မယုံကြည်သူများသည် ၎င်းတို့၏ဦးနှောက်များကို အသုံးချခြင်းနှင့် စိတ်ကူးများ ထုတ်ကြခြင်းအရာ၌ ကျွမ်းကျင်ကြ၏၊ ၎င်းတို့သည် လက်ရှိကိစ္စရပ်ကို အစဉ်တစိုက် လေ့လာကြပြီး လူ့နည်းလမ်းများကို အသုံးပြု၍ ဖြေရှင်းရန် ကြိုးစားကြသည်၊ ထို့အပြင် ၎င်းတို့သည် အကျိုးသင့်အကြောင်းသင့်ပြောရန်နှင့် စာတန်၊ သို့မဟုတ် ဥပဒေ၏ ဒဿနအမြင်များကို လိုက်နာရန် နှစ်သက်ကြသည်။ ဘုရားသခင်သည် အရာအားလုံးအပေါ် အုပ်စိုးကြောင်း၊ သို့မဟုတ် ဘုရားသခင်က အရာခပ်သိမ်းကို ပြုလုပ်ကြောင်း ၎င်းတို့ယုံကြည်ကြရန် မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်းကိုပင် ၎င်းတို့မယုံကြည်ကြပေ။ ဘုရားသခင်စီစဉ်ပေးထားသော မည်သည့်အခြေအနေမျိုးကိုမျှ၊ သို့တည်းမဟုတ် ၎င်းတို့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်ထားသည့် မည်သည့်အရာကိုမျှ ဘုရားသခင်ထံမှ ၎င်းတို့လုံးဝလက်မခံထားကြပေ။ လူသားမျိုးနွယ်၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိကြောင်း၊ ထို့ပြင် သူ၏အုပ်စိုးခြင်းနှင့် သူ၏စီစဉ်ခြင်းများကို ၎င်းတို့နာခံလိုကြောင်းကို ၎င်းတို့သည် များသောအားဖြင့် မလျှော့တမ်း ပြောဆိုကြ၏။ သို့သော်လည်း အကြောင်းအခြင်းအရာတစ်ခုနှင့် ၎င်းတို့ကြုံကြိုက်ရသောအခါ ၎င်းတို့ယုံကြည်သည်မှာ ထိုအရာများ မဟုတ်ပေ၊ အမှုအရာများကို ၎င်းတို့နားလည်ကြသည်မှာ ထိုကဲ့သို့မဟုတ်ပေ၊ ထို့ပြင် ၎င်းတို့သည် ထိုနည်းအတိုင်း လုံးဝမနာခံကြပေ။ မယုံကြည်သူမှာ ဤကဲ့သို့ပင် ဖြစ်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းနှင့် ဘုရားသခင်အပေါ် မှီခိုခြင်းအားဖြင့်သာ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းနိုင်၏” မှ

အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော နှလုံးသား မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများနှင့် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို နာခံခြင်း သို့မဟုတ် ချစ်ကြောက်ရိုသေခြင်းရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ မယုံကြည်သူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် မယုံကြည်သူထက်ပင် ပို၍ ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

ဘုရားသခင်အား သူတို့ ယုံကြည်ရာတွင် အကယ်၍ လူတို့သည် သူ၏ရှေ့မှောက်၌ မကြာခဏ အသက်မရှင်ကြလျှင်၊ သူတို့သည် သူ့အတွက် မည်သည့်ကြောက်ရွံ့မှုမျှ ရှိနိုင်မည် မဟုတ်ကြသောကြောင့်၊ မကောင်းမှုကို ရှောင်ကြဉ်နိုင်စွမ်း ရှိမည် မဟုတ်ကြချေ။ ဤအမှုအရာများသည် ဆက်နွှယ်လျက် ရှိကြ၏။ စိတ်ထဲတွင် သင်သည် ဘုရားသခင်ရှေ့တွင် မကြာခဏ အသက်ရှင်လျှင်၊ သင် ထိန်းချုပ်ခံရလိမ့်မည်ဖြစ်ပြီး၊ အမှုအရာများစွာတို့တွင် သူ့ကို သင် ကြောက်ရွံ့လိမ့်မည်။ သင် အလွန်ဝေးဝေး သွားလိမ့်မည်မဟုတ်၊ သို့မဟုတ် အသောက်အစား အပျော်အပါး၌ မွေ့လျော်သော မည်သည့်အရာကိုမျှ သင် လုပ်ဆောင်လိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင် စက်ဆုပ်သော မည်သည့်အရာကိုမျှ သင် လုပ်ဆောင်လိမ့်မည် မဟုတ်၊ သို့မဟုတ် အသိတရားမရှိသော စကားများကို သင် ပြောဆိုလိမ့်မည် မဟုတ်။ ဘုရားသခင်၏ စိစစ်ခြင်းကို သင် လက်ခံပြီး ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို သင် လက်ခံလျှင်၊ ဆိုးညစ်သော အရာများစွာကို လုပ်ဆောင်ခြင်းအား သင် ရှောင်ရှားလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ မကောင်းသောအကျင့်ကို သင် ရှောင်ကြဉ်ပြီးလိမ့်မည် မဟုတ်လော။ အကယ်၍ ဘုရားသခင်ကို သင်၏ယုံကြည်မှု၌ စိတ်ရှုပ်ထွေးသည့် အခြေအနေတစ်ခု မကြာခဏ ရှကာ၊ သူသည် သင်၏စိတ်နှလုံးထဲ၌ ရှိမရှိ မသိသကဲ့သို့၊ သင်၏စိတ်နှလုံးထဲ၌ မည်သည့်အရာကို လုပ်ဆောင်လိုကြောင်း မသိပါက၊ ဘုရားသခင်ရှေ့၌ ငြိမ်သက်ခြင်း ရနိုင်စွမ်း မရှိဘဲ သင့်၌ တစ်စုံတစ်ရာဖြစ်သောအခါတိုင်း ဘုရားသခင်ထံ ဆုမတောင်းသကဲ့သို့ သမ္မာတရားကို မရှာဖွေပါက၊ သင်၏အလိုအတိုင်း မကြာခဏ ပြုမူလုပ်ဆောင်ခြင်း၊ သင်၏စာတန်ဆိုင်ရာ စိတ်သဘောထားအတိုင်း အသက်ရှင်ပြီး သင်၏မာနကြီးသော စိတ်သဘောထားကို ဖော်ထုတ်ခြင်း၊ ဘုရားသခင်၏ စိစစ်ခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းကို လက်မခံခြင်းနှင့် ဘုရားသခင်ကို မနာခံခြင်းပြုပါက၊ ဤကဲ့သို့သော လူတို့၏ စိတ်နှလုံးထဲ၌ စာတန်ရှေ့၌ အစဉ် ရှင်သန်ရလိမ့်မည်ဖြစ်ပြီး စာတန်နှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ယင်းကဲ့သို့ လူများသည် ဘုရားသခင်ကို အနည်းငယ်မျှ ကြည်ညိုခြင်း မရှိကြချေ။ ၎င်းတို့သည် မကောင်းမှုကို အမှန်ပင် မရှောင်နိုင်ကြသည့်အပြင် ၎င်းတို့သည် မကောင်းသောအရာများကို မပြုသော်လည်း၊ ၎င်းတို့တွေးသမျှမှာ မကောင်းသောအရာ ဖြစ်နေဆဲဖြစ်၍၊ ၎င်းမှာ သမ္မာတရားနှင့် စပ်ဆက်မှုမရှိသည့်အပြင် သမ္မာတရားနှင့်လည်း ဆန့်ကျင်၏။ ထို့ကြောင့် ယင်းကဲ့သို့ လူများ၌ အခြေခံအားဖြင့် ဘုရားသခင်နှင့် ဆက်နွှယ်မှုမရှိသလော။ ၎င်းတို့သည် ဘုရားသခင်၏အုပ်စိုးခြင်းကို ခံကြရသော်လည်း ၎င်းတို့သည် သူ့ရှေ့တွင် မည်သည့်အခါမျှ သတင်းပို့ကြခြင်း မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သည့်အခါမျှ သဘောမထားခဲ့ကြပေ၊ ၎င်းတို့သည် သူ့ကို ၎င်းတို့အပေါ် အုပ်စိုးသော ဖန်ဆင်းရှင်အဖြစ် မည်သည့်အခါမျှ သဘောထားကြခြင်း မရှိပေ၊ ၎င်းတို့သည် သူ့ကို ၎င်းတို့၏ ဘုရားသခင်နှင့် ၎င်းတို့၏အရှင်သခင်အဖြစ် မည်သည့်အခါမျှ အသိအမှတ်ပြုခဲ့ကြခြင်း မရှိသည့်အပြင် ၎င်းတို့သည် သူ့ကို အလွန် စိတ်ထက်ထက်သန်သန် ကိုးကွယ်ရန် မည်သည့်အခါမျှ စဉ်းစားခဲ့ဖူးခြင်း မရှိကြပေ။ ယင်းကဲ့သို့ လူများသည် ဘုရားသခင်ကို ကြောက်ရွံခြင်းဟူသော အဓိပ္ပာယ်ကို နားမလည်ကြသည့်အပြင် မကောင်းမှုကျူးလွန်ခြင်းမှာ ၎င်းတို့၏အခွင့်အရေး ဖြစ်သည်ဟု ထင်ကြပြီး “ငါ လုပ်လိုသည်ကို ငါလုပ်မည်။ ငါ့ကိစ္စ ငါရှင်းမည်၊ အခြားမည်သူနှင့်မျှမဆိုင်” ဟု ၎င်းတို့က ဆိုကြ၏။ သို့ရာတွင် ၎င်းတို့သည် ဘုရားသခင်၌ယုံကြည်ခြင်းကို မန္တန်တရားအမျိုးအစားတစ်ခု၊ ဟိတ်ဟန်ပုံစံတစ်ခုအဖြစ် သဘောထားနေကြသည်။ ဤအရာမှာ ၎င်းတို့ကို မယုံကြည်သူများ မဖြစ်စေသလော။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲတွင် ဤလူတို့ကို မည်သည့်အမည် မှည့်သနည်း။ တစ်နေ့လုံး၊ ၎င်းတို့ တွေးသမျှ အားလုံးသည် ဆိုးယုတ်၏။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်၏ ကိုယ်ကျင့်တရား ပျက်သူများဖြစ်ပြီး၊ ထိုသို့သော လူတို့ကို သူ၏ အိမ်တော်သားများအဖြစ် သူ အသိအမှတ်မပြုပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ရှေ့တွင် အချိန်ပြည့် အသက်ရှင်မှသာ ကယ်တင်ခြင်းလမ်းကို သင်လျှောက်နိုင်မည်” မှ

အမှုကိစ္စများ ဖြစ်ပေါ်သည့်အခါ လူအချို့သည် အခြားသူများနှင့် အခြေအနေများကို အစဉ် ဝေဖန်လေ့ရှိသည်။ ဤသည်မှာ ပြဿနာကြီးတစ်ခု ဖြစ်သည်။ အခြားသူများသည် ၎င်းတို့ကို မညှာမတာ ဆက်ဆံနေသည်၊ သို့မဟုတ် အခြားသူများက ၎င်းတို့အတွက် အမှုကိစ္စများကို တမင်သက်သက် ခက်ခဲအောင် လုပ်သည်ဟု ၎င်းတို့က အစဉ်တွေးကြသည်၊ သို့မဟုတ် ၎င်းတို့က အခြားသူများကို အမှားလိုက်ရှာကြသည်။ ဤသည်မှာ အစွဲရှိခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အားထုတ်ကြိုးပမ်းမှုမျှ မပြုဘဲ အခြားသူများ ရှေ့တွင်၊ သို့မဟုတ် အခြားသူများ အလယ်တွင် သိက္ခာဆယ်ဖို့နှင့် မှန်ကန်ကြောင်းပြဖို့ အစဉ် ကြိုးစားနေကြသည်၊ ထို့ပြင် အမှုကိစ္စများကို အမှားပြင်ဖို့ လူ့နည်းလူ့ဟန်များကိုသာ အစဉ် အသုံးပြုလိုကြသည်။ ဤသည်မှာ အသက်ဝင်ရောက်ခြင်းအတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်ပေသည်။ သင်သည် ဤနည်းဖြင့် ပြုမူကာ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ဤနည်းဖြင့် ယုံကြည်ပါက သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိနိုင်မည်မဟုတ်ပေ၊ အကြောင်းမှာ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ မည်သည့်အခါမျှ မလာသောကြောင့် ဖြစ်သည်။ သင့်ရှေ့တွင် ဘုရားသခင်ချမှတ်ပေးထားသည့် အရာများအားလုံးကို လက်ခံဖို့ ဘုရားသခင်ရှေ့မှောက်သို့ သင်မည်သည့်အခါမျှ မလာပေ၊ ယင်းကို ဖြေရှင်းဖို့ သမ္မာတရားကိုလည်း သင်မည်သည့်အခါမျှ မကျင့်သုံးပေ။ ယင်းအစား သင်သည် ထိုအရာကို ဖြေရှင်းဖို့ လူ့နည်းလူ့ဟန်များကိုသာ အစဉ် အသုံးပြုလိုသည်။ ဘုရားသခင်၏ အမြင်တွင်မူ သင်သည် သူ့ထံမှ အလွန်ဝေးကွာပေသည်— သင်၏စိတ်နှလုံးသာလျှင် သူ့ထံမှ ဝေးကွာနေသည် မဟုတ်၊ သင်၏ဖြစ်ခြင်းတစ်ခုလုံးသည်လည်း သူ၏မျက်မှောက်တော်၌ မရှင်သန်နေပေ။ ဤသည်မှာ အခြားသူများနှင့် အခြေအနေများကို ဝေဖန်သည့်လူများကို ဘုရားသခင်မြင်သည့်ပုံစံ ဖြစ်သည်။ လူအချို့က စကားပြောလိမ္မာပြီး အတွေးမြန်ကြသည်။ ၎င်းတို့က “ငါစကားပြောကောင်းသည်။ အခြားလူများအနီးတွင် ငါရှိနေချိန်၌ ၎င်းတို့အားလုံးက ငါ့ကို မနာလိုဖြစ်ပြီး အားကျကြသည်။ ၎င်းတို့က ငါ့ကို ချီးမြှောက်ကြပြီး ယေဘုယျအားဖြင့် ငါ့ကို နာခံကြသည်” ဟု တွေးကြသည်။ ဤသည်မှာ အသုံးတည့်သလော။ အခြားလူများ အလယ် သင်၏ဂုဏ်ဒြပ်သည် အခြေခိုင်ပြီးဖြစ်သော်လည်း သင်သည် ဘုရားသခင်ရှေ့မှောက် ရောက်သည့်အခါ သူက သင့်ကို အစဉ် လျစ်လျူရှုလိမ့်မည်။ သင်သည် မယုံကြည်သူတစ်ဦးဖြစ်ပြီး သင်သည် သမ္မာတရားအပေါ် ရန်လိုသည်ဟု သူက ပြောလိမ့်မည်။ သင်သည် သဘောကျလောက်အောင် သွက်လက်ညက်ညောသည့် နည်းလမ်းဖြင့် အခြားသူများအလယ်တွင် ပြုမူသည်၊ ပြီးလျှင် သင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး အမှုကိစ္စများကို အလွန် ကိုင်တွယ်နိုင်စွမ်းရှိသည်၊ ထို့ပြင် သင်သည် မည်သူနှင့်မဆို သင့်မြတ်နိုင်သည်— သို့သော် အဆုံး၌ ဘုရားသခင်ထံမှ ထိုသို့သော အကဲဖြတ်မှုကြောင့် သင်သည် ပွဲသိမ်းသွားလိမ့်မည်။ သင့်အတွက် ကောင်းမွန်သည့် အဆုံးသတ် ရှိလိမ့်မည် မဟုတ်ဘဲ သင်၏ကံကြမ္မာသည် သတ်မှတ်ခံရပြီးဖြစ်လိမ့်မည်။ ဘုရားသခင်က “ဤသည်မှာ ကောင်းချီးမင်္ဂလာများ ရရှိဖို့ငှာ ဘုရားသခင်ကို ယုံကြည်ခြင်း နဖူးစည်းစာတန်းကို ဝှေ့ယမ်းနေသည့် မယုံကြည်သူ ဖြစ်သည်။ ဤသူသည် သမ္မာတရားအပေါ် ရန်လိုသည်။ ၎င်းသည် သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အခါကမျှ အားထုတ်ကြိုးပမ်းခြင်း မရှိသကဲ့သို့ သမ္မာတရားကို မည်သည့်အခါကမျှ လက်မခံဖူးပေ” ဟု ပြောလိမ့်မည်။ ဤကဲ့သို့ အကဲဖြတ်ခြင်းမျိုးကို သင်မည်သို့ သဘောရသနည်း။ ယင်းမှာ သင်တို့အလိုရှိသည့်အရာတစ်ခု ဖြစ်သလော။ ဧကန်မဟုတ်ချေ။ လူအချို့ကမူ “မည်သို့ဖြစ်ဖြစ်ပါ။ ဘုရားသခင်ကို ကျွန်ုပ်တို့မြင်၍ရနိုင်သည်လည်း မဟုတ်။ ကျွန်ုပ်တို့၏ လက်ဆုပ်လက်ကိုင် အပြနိုင်ဆုံး အရာသည် ကျွန်ုပ်တို့အနီးရှိ လူများနှင့် သင့်မြတ်နေခြင်း ဖြစ်သည်။ ဤပေါင်းသင်းဆက်ဆံရေးများကို ကျွန်ုပ်တို့ အလုပ်ဖြစ်အောင် မလုပ်ပါက အုပ်စုထဲတွင် အဆင်ပြေဖို့ ခက်ခဲလိမ့်မည်။ အနည်းဆုံးအနေဖြင့် ဤလူများနှင့် ကျွန်ုပ်တို့ ရင်းနှီးကျွမ်းဝင်ဖို့နှင့် ၎င်းတို့နှင့် ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားဖို့ လိုအပ်သည်။ မနက်ဖြန်ကိစ္စကို မနက်ဖြန်ကျမှ ပြော၍ရပါသည်” ဟု ပြောလျက် ဂရုစိုက်ချင်မှ စိုက်ပေလိမ့်မည်။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်သူများ ဟုတ်သေးသလော။ (မဟုတ်ပါ။) လူတစ်ဦးသည် ဘုရားသခင်ရှေ့မှောက်၌ မကြာခဏ နေထိုင်ပြီး အချိန်တိုင်း၊ ကိစ္စတိုင်းတွင် သမ္မာတရားကို ရှာဖွေဖို့ ဘုရားသခင်ရှေ့သို့ လာရောက်ရမည်၊ ထိုသို့အားဖြင့် အဆုံး၌ ဘုရားသခင်က “သင်သည် သမ္မာတရားကို ချစ်သည့်သူတစ်ဦးဖြစ်၏။ သင်သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာနှင့် ကြည်နူးဖွယ်ရာဖြစ်သည်။ ဘုရားသခင်က သင်၏စိတ်နှလုံးနှင့် အပြုအမူတို့ကို မြင်ပြီးဖြစ်သည်” ဟု ပြောနိုင်ရန် ဖြစ်သည်။ ဤအကဲဖြတ်ခြင်းကို သင်မည်သို့သဘောရသနည်း။ ထိုသို့သောလူများသာ ဘုရားသခင်၏ လက်ခံမှုကို ရနိုင်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ ရှေ့မှောက် အမြဲအသက်မရှင်နိုင်သူတို့မှာ မယုံကြည်သူများဖြစ်သည်” မှ

လူများစွာတို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ သမ္မာတရားကို လိုက်စားခြင်းလည်း မရှိချေ။ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို မည်သည့်အရာအဖြစ် သဘောထားသနည်း။ ၎င်းတို့သည် ယင်းကို အလုပ်အဖြစ်၊ သို့မဟုတ် ဝါသနာတစ်ခုအဖြစ်၊ သို့မဟုတ် စိတ်ဝင်စားမှု တစ်ခုအဖြစ် သဘောထားကြသည်။ ဘုရားသခင်က ၎င်းတို့ကို ပေးထားသည့် လုပ်ငန်းဆောင်တာတစ်ခုအဖြစ်ဖြစ်စေ၊ အငန်းအတာတစ်ခုအဖြစ်ဖြစ်စေ သဘောမထားကြ၊ သို့မဟုတ် ၎င်းတို့တာဝန်ယူရမည့် တာဝန်တစ်ခုအဖြစ် သဘောမထားကြ၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်ကာလတစ်လျှောက်တွင် သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်ဖို့ ကြိုးစားရန်မှာမူ ဝေလာဝေးပင်ဖြစ်၏။ ထို့ကြောင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့် ကာလတစ်လျှောက်တွင် ဆင်းရဲဒုက္ခ အနည်းငယ်ကို ခံစားရသဖြင့် စိတ်ပြောင်းကာ ထိုတာဝန်မှ မည်သို့ခေါင်းရှောင်ရမည်ကို စတင်တွေးတောသူအချို့ ရှိသည်။ ၎င်းတို့သည် အခက်အခဲတစ်ခု၊ သို့မဟုတ် ဆုတ်ဆိုင်းမှုတစ်ခုကို ကြုံတွေ့သည့်အခါ နောက်ကြောင်းပြန်လှည့်ကြ၏၊ ထို့အတူ ထိုတာဝန်မှ ကြိုးစားပြီး ခေါင်းရှောင်ဖွယ်လည်း ရှိ၏။ သမ္မာတရားကို ရှာဖွေမည့်အစား ၎င်းတို့သည် ထွက်ပေါက် အကြောင်း တွေးတောကြသည်။ ၎င်းတို့သည် လိပ်နှင့်တူ၏။ တစ်စုံတစ်ခုဖြစ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏အခွံထဲတွင် ပုန်းကွယ်ကာ ထိုကိစ္စပြီးစီးသွားသည့်အချိန်မှသာ တစ်ဖန် ထွက်လာကြသည်။ ထိုသို့သောလူများစွာ ရှိလေသည်။ အထူးသဖြင့် တာဝန်တစ်ခုကို တာဝန်ယူ ထမ်းဆောင်ခိုင်းသည့်အခါ ယင်းကို မည်သို့သစ္စာရှိစွာ ထမ်းဆောင်ဖို့၊ မည်သို့လျောက်ပတ်စွာ လုပ်ဆောင်ဖို့၊ သို့မဟုတ် ဤအလုပ်ကို မည်သို့ကောင်းစွာ အပြီးသတ်ဖို့ သေချာစဉ်းစားခြင်း မရှိသည့်သူအချို့ ရှိကြသည်။ ထိုအစား ၎င်းတို့၏တာဝန်ကို မည်သို့အချောင်ခိုဖို့၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းကို မည်သို့ ရှောင်ရှားဖို့၊ ၎င်းတို့၏တာဝန်ကို မည်သို့ရှင်းထုတ်ဖို့၊ ပြဿနာတစ်ခု၊ သို့မဟုတ် ရှုံးနိမ့်မှုတစ်ခု ဖြစ်ပေါ်သည့်အခါ မည်သို့လုံးလုံးရှောင်နေဖို့ကို ၎င်းတို့တွေးကြသည်။ ၎င်းတို့ ပထမဆုံးတွေးသည့်အရာမှာ ၎င်းတို့၏ လွတ်မြောက်လမ်း ဖြစ်သည်။ အခြားအရာအားလုံးထက်ပို၍ ၎င်းတို့၏ အကြိုက်များနှင့် မက်မောခြင်းများကိုသာ ၎င်းတို့ ဆင်ခြင်စဉ်းစားကြကာ ၎င်းတို့၏တာဝန်ကို မည်သို့ လုပ်ဆောင်နိုင်သည်နှင့် မည်သို့သစ္စာရှိစွာ လုပ်ဆောင်နိုင်သည်ကို ဆင်ခြင်စဉ်းစားခြင်း မရှိကြပေ။ ထိုသို့သော လူများသည် သမ္မာတရားကို ရရှိနိုင်သလော။ ၎င်းတို့သည် သမ္မာတရားတွင် မည်သည့်လုံ့လစိုက်ထုတ်မှုမျှ မရှိကြပေ။ ၎င်းတို့အတွက် တစ်ပါးခြံက မြက်သည် အမြဲစိမ်းနေတတ်၏။ ယနေ့တွင် ၎င်းတို့က ဤအရာကို လုပ်ချင်သည်၊ နောက်တစ်နေ့တွင် ၎င်းတို့က ထိုအရာကို လုပ်ချင်ကြသည်။ လူတိုင်း၏ တာဝန်သည် ၎င်းတို့လုပ်ဆောင်နေသည့် တာဝန်ထက် သာ၍ကောင်းပုံရနေပြီး ထိုတာဝန်အားလုံးသည် သာ၍လွယ်ကူပုံရနေသည်။ ၎င်းတို့သည် သမ္မာတရားတွင် အကယ်ပင် မည်သည့်လုံ့လစိုက်ထုတ်မှုမျှ မရှိကြပေ။ ၎င်းတို့၌ ထိုသို့သောအတွေးများ ရှိသည့်အခါ ပြဿနာက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့သုံးသပ်ခြင်း မရှိသကဲ့သို့ ပြဿနာကို ဖြေရှင်းခြင်းလည်း မရှိကြပေ။ မည်သူက ထင်ပေါ်ကျော်ကြားမှုကို ရထားသည်၊ မည်သူက အထက်၏အသိအမှတ်ပြုခြင်းကို ခံထားရသည်၊ မည်သူက အထက်နှင့် ဆွေးနွေးပြောဆိုခွင့်ရသည်၊ မည်သူက ၎င်းတို့ အလုပ်လုပ်သည့်အခါ ကိုင်တွယ်ဖြေရှင်းခံရဖို့ မလိုအပ် စသည်တို့ကိုသာ ကြည့်လျက် ၎င်းတို့သည် အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများကိုသာ အစဉ် အာရုံစိုက်ကြသည်။ ၎င်းတို့အမြဲ တွေးနေကြသည်မှာ ဤအရာများသာ ဖြစ်သည်။ ဤအရာများကိုသာ အမြဲတွေးတောနေသည့်သူများသည် ၎င်းတို့၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နိုင်သည်ဟု သင်တို့ဆိုမည်လော။ ယင်းမှာ မည်သည့်အခါမျှ ဖြစ်လာမည် မဟုတ်ပေ။ ထို့ကြောင့် ဤနည်းဖြင့် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သူများသည် မည်သည့်လူစားမျိုး ဖြစ်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသလော။ ပထမဦးစွာ သေချာသည့်အရာ တစ်ခုရှိလျှင် ယင်းမှာ ဤလူစားမျိုးသည် သမ္မာတရားကို မလိုက်စားခြင်းပင် ဖြစ်၏။ ၎င်းတို့ လိုက်စားသည်မှာ ဘုရားအိမ်တော်တွင် မျက်နှာသာရဖို့ ခယဝယ လုပ်ခြင်း၊ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ခံစားခြင်း၊ လူမြင်ခံရပြီး သတိထားခံရလျက်၊ လူသိများအောင် လုပ်ခြင်းတို့သာ ဖြစ်သည်— ယင်းက လူ့အဖွဲ့အစည်း၌ ရှိနေခြင်းနှင့် မည်သည့်ကွာခြားချက်မျှ မရှိပေ။ ၎င်းတို့သည် အဖြစ်အနေအားဖြင့် မည်သည့်လူစားမျိုးဖြစ်ကြသနည်း။ ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြ၏။ မယုံကြည်သူများသည် လောကထဲ၌ အလုပ်လုပ်သည့်အလား ဘုရားသခင်၏အိမ်တော်ထဲ၌ တာဝန်ထမ်းဆောင်ကြသည်။ မည်သူက ရာထူးတိုးခံရသည်၊ မည်သူ့ကို အဖွဲ့ခေါင်းဆောင် လုပ်စေသည်၊ မည်သူ့ကို အသင်းတော်ခေါင်းဆောင် လုပ်စေသည်၊ မည်သူ့ကို အလုပ်နေရာတစ်ခုသို့ ခန့်အပ်သည်၊ မည်သူက သူ၏အလုပ်၌ အားလုံး၏ အသိအမှတ်ပြုခြင်းခံရကာ ချီးကျူးခြင်းနှင့် မြှောက်စားခြင်းခံရသည်― ဤအရာများမှာ သူတို့ တန်ဖိုးထားသည့်အရာများဖြစ်သည်― ကုမ္ပဏီထဲမှာကဲ့သို့ပင် မည်သူက ရာထူးတိုးခံရသည်၊ မည်သူက လစာတိုးသည်၊ မည်သူက သူ့ကြီးကြပ်သူများ၏ အသိအမှတ်ပြုခြင်းခံရပြီး မည်သူက ခေါင်းဆောင်များနှင့် ရင်းနှီးသိကျွမ်းသည်တို့မှာ လူတို့တန်ဖိုးထားသည့်အရာများ ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်ထဲ၌ တစ်နေကုန် ထိုသို့သောအရာများကို လိုက်စားခြင်းနှင့် တန်ဖိုးထားခြင်းမှာ မယုံကြည်သူများ ပြုလုပ်သည့်အရာနှင့် တူညီသည်မဟုတ်လော။ ထိုကဲ့သို့သော လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားသော၊ မိမိ၏တာဝန်ကို ထမ်းဆောင်ရာ၌ သမ္မာတရားကို နားလည်ရန် မရှာဖွေသော ပုံမှန်မယုံကြည်သူတစ်ဦးဖြစ်ပြီး သစ္စာရှိသင့်သကဲ့သို့ မရှိနိုင်ပေ။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)” မှ

လူအချို့သည် တရားစီရင်မှုကို မဆိုထားနှင့်၊ သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား ၎င်းတို့သည် တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သော လူများကို တန်ခိုးအာဏာ ရှာဖွေသူများဟု ခေါ်သည်။ ၎င်းတို့သည် ကမ္ဘာလောကထဲက လွှမ်းမိုးမှုရှိသော ဂိုဏ်းဂဏများကိုသာ ရှာဖွေကြပြီး၊ ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ ရှာဖွေကြသည်။ ၎င်းတို့ သမ္မာတရား၏ လမ်းခရီးကို လက်ခံကြပြီး ဖြစ်သော်လည်း၊ တစ်ဝက်တစ်ပျက်သာ ယုံကြည်နေကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် စိတ်များအားလုံးကို ပေးနိုင်စွမ်း မရှိကြချေ၊ ၎င်းတို့၏ နှုတ်များက ဘုရားသခင်အတွက် အသုံးခံခြင်းကို ပြောဆိုကြသော်လည်း၊ ၎င်းတို့မျက်လုံးများသည် ကြီးမြတ်သည့် သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ကာ၊ ခရစ်တော်ကို အာရုံမစိုက်ကြပေ။ သူတို့၏ နှလုံးသားများသည် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အသရေတို့အပေါ်သာ အစွဲအလမ်းကြီးနေသည်။ ထိုသို့သော သေးသိမ်သည့် လူတစ်ဦးသည် အလွန်များစွာသော သူတို့ကို သိမ်းပိုက်နိုင်စွမ်းရှိမည်၊ သိပ်မထူးခြားသော သူတစ်ဦးက လူသားကို စုံလင်စေနိုင်မည်ဆိုသည်တို့မှာ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲက ဤအညတရများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ အကယ်၍ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ပါက၊ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်မည် ဖြစ်ပြီး၊ လူအားလုံး ထိန်းမနိုင်သိမ်းမရ ရယ်မောကြမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်စေဖို့ ရွေးချယ်ခဲ့ပါက၊ ထိုကြီးမြတ်သော လူများသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်လာကြလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ ရှုထောင့်များသည် မယုံကြည်မှုဖြင့် စွန်းထင်းသည်။ မယုံကြည်ခြင်းထက်၊ ၎င်းတို့သည် ယုတ္တိမရှိသော သားရဲတိရစ္ဆာန်များ သက်သက် ဖြစ်ကြပေသည်။ အကြောင်းမှာ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများကိုသာ အထင်ကြီးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို စိုးစဉ်းမျှ အလေးမထားကြပေ။ ၎င်းတို့သည် ခရစ်တော်ကို၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းသော သစ္စာဖောက်များ သက်သက် ဖြစ်ကြပေသည်။

သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို သင် လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ရိုသေလေးစားခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ၊ သမ္မာတရားကို တန်ဖိုးမထားသူ အားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ လက်ခံမှုကို မည်သည့်အခါမျှ ရကြမည် မဟုတ်ပေ။ သင်၏ အတွင်းတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု သင် မည်မျှရှိသည်ကို ယခု သင် ပိုင်းခြားသိမြင်ပြီးပြီလော။ ထို့ကြောင့် သင့်ကို ငါတိုက်တွန်းသည်- သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ပြီးဖြစ်သည့်အတွက်၊ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံသင့်သည်။ စိတ်နှစ်ခွမဖြစ်နှင့်၊ သို့မဟုတ် စိတ်မပါ့တပါ မဖြစ်နှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့် လူတစ်ဦးနှင့်မျှ မသက်ဆိုင်ဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံးနှင့် မိမိကိုယ်ကိုယ် သူ့ထံဆက်ကပ်ပြီး သစ္စာရှိသောသူများအားလုံးနှင့် သက်ဆိုင်သည်ကို သင် နားလည်သင့်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော” မှ

အရှေ့သို့- ၁၁၄) လူသားကို လှည့်ဖြားသည့် နတ်ဆိုးများကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၁၆) အမျိုးမျိုးသော ဆိုးယုတ်သည့် လူများကို ခွဲခြားခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ ကမ္ဘာပေါ်သို့ကြွလာပြီနှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

၃၂၉ လူသားရဲ့စစ်မှန်သော နှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိ လာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာ ထိုသူတို့ ဘုရားကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်