၁၀၁) လူတစ်ဦးက အရည်အချင်း ရှိမရှိဆိုသည်ကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့နားလည်နိုင်သည်၊ ပြီးလျှင် ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် အခြေအနေနှင့် လက်တွေ့ကျသော ပြဿနာတို့ကို ပေါင်းစပ်ခြင်းမှတစ်ဆင့် သမ္မာတရားကို သတိပြုမိနိုင်ပြီး၊ ထိုသို့ဖြင့် လက်တွေ့လုပ်ဆောင်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများကို ရှာတွေ့နိုင်ခြင်း ရှိမရှိကို ကြည့်လော့။

(၂) လူတစ်ဦး၏ မိမိကိုယ်ကိုယ် သိကျွမ်းခြင်းသည် လက်တွေ့ကျကာ၊ စစ်မှန်ပြီး တိကျခြင်းရှိမရှိဆိုသည်ကို ကြည့်လော့။ ညံ့ဖျင်းသော အရည်အချင်းရှိသူများသည် ပေါ့တန်သည့် အယူဝါဒကိုသာ ပြောမည်ဖြစ်ပြီး စစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ချေ။

(၃) လူတစ်ဦးသည် မည်မျှ အလုပ်လုပ်နိုင်စွမ်းရှိသည်ကို ကြည့်လော့။ ကောင်းမွန်သော အရည်အချင်း ရှိသူများသည် သမ္မာတရားအရ လက်တွေ့လုပ်ဆောင်ခြင်းနှင့်သက်ဆိုင်သည့် တိကျမှန်ကန်သည့် အခြေခံသဘောတရားများကို သဘောပေါက်နိုင်ပြီး ပြဿနာမျိုးစုံကို ဖြေရှင်းနိုင်သည်။

(၄) လူတစ်ဦးသည် မည်မျှ ထိုးထွင်းသိမြင်နိုင်စွမ်း ရှိသည်ကို ကြည့်လော့၊ ၎င်းတို့သည် သမ္မာတရား အခြေခံသဘောတရားအရ လူအမျိုးအစား အသီးသီးကို ခွဲခြားနိုင်ခြင်း ရှိမရှိနှင့် ဖြစ်ရပ် အမျိုးအစားတိုင်းနှင့် လူမှုရေး တိုးတက်မှုတိုင်း၏ အခရာကို မြင်နိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူများ၏အစွမ်းအစကို ငါတို့သည် မည်သို့ တိုင်းတာအကဲဖြတ်ကြမည်နည်း။ တိကျမှန်ကန်မှုအရှိဆုံး နည်းလမ်းမှာ သမ္မာတရားကို ၎င်းတို့နားလည်သည့် အတိုင်းအတာအပေါ် အခြေပြု၍ ၎င်းတို့၏ အစွမ်းအစကို တိုင်းတာအကဲဖြတ်ခြင်း ဖြစ်သည်။ လူအချို့က အထူးပြုဘာသာရပ်တစ်ခုခုကို အလွန်လျင်မြန်စွာ သင်ယူနိုင်သော်လည်း သမ္မာတရားကို ကြားသည့်အခါ ၎င်းတို့သည် နားဝေတိမ်တောင်ဖြစ်ပြီး ငိုက်မျဉ်းကြသည်၊ ယင်းက ၎င်းတို့ကို ခေါင်းခြောက်စေသည်၊ ၎င်းတို့ကြားသည့် မည်သည့်အရာကိုမျှ ၎င်းတို့မမှတ်မိကြသကဲ့သို့ ၎င်းတို့ကြားနေသည့်အရာကို ၎င်းတို့ နားမလည်ကြပေ— ညံ့ဖျင်းသော အစွမ်းအစဆိုသည်မှာ ဤအရာပင် ဖြစ်သည်။ လူအချို့ဆိုလျှင် ၎င်းတို့၌ ညံ့ဖျင်းသော အစွမ်းအစရှိသည်ဟု သင်ပြောပါက သဘောမတူကြပေ။ အလွန်ပညာတတ်ပြီး နှံ့စပ်ခြင်းက ၎င်းတို့တွင် အစွမ်းအစကောင်း ရှိသည်ကို ဆိုလိုခြင်းဖြစ်သည်ဟု ၎င်းတို့တွေးထင်ကြသည်။ ပညာကောင်းကောင်း တတ်ထားခြင်းက မြင့်မားသော အစွမ်းအစ ရှိခြင်းကို လက်တွေ့ပြသလော။ လက်တွေ့မပြချေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို လူတို့နားလည်သည့် အတိုင်းအတာတွင် အခြေပြုကာ ၎င်းတို့၏ အစွမ်းအစကို တိုင်းတာပေသည်။ ဤသည်မှာ ယင်းကို လုပ်ဆောင်ဖို့ စံနှုန်းအကျဆုံးနှင့် မှန်ကန်တိကျမှု အရှိဆုံးသော နည်းလမ်းဖြစ်သည်။ တစ်စုံတစ်ဦး၏ အစွမ်းအစကို အခြားသော နည်းလမ်း တစ်စုံတစ်ရာဖြင့် တိုင်းတာအကဲဖြတ်ဖို့ ကြိုးစားခြင်းက အချည်းနှီးပင် ဖြစ်သည်။ လူအချို့သည် ကျလောက်အောင် အပြောကောင်းပြီး ဇဝနဉာဏ်ရှိကြသည်၊ ပြီးလျှင် ၎င်းတို့သည် သူတစ်ပါးနှင့် ရင်းနှီးသင့်မြတ်ဖို့ ကြိုးစားရာတွင် အမှန်တကယ် တော်ကြသည်— သို့ရာတွင် ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး ဒေသနာများကို နားထောင်သည့်အခါ မည်သည့်အရာကိုမျှ နားမလည်ကြပေ။ ၎င်းတို့၏ကိုယ်ပိုင် အတွေ့အကြုံများနှင့် သက်သေခံချက်တို့အကြောင်း ၎င်းတို့ ပြောဆိုသည့်အခါ ၎င်းတို့သည် မကျွမ်းကျင်သေးသူများမျှသာ ဖြစ်ကြောင်း မိမိတို့ကိုယ်ကို ထုတ်ဖော်ပြကြသည်၊ ပြီးလျှင် ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည်ကို အားလုံးက ခံစားရလေသည်။ ဤသည်တို့မှာ အစွမ်းအစကောင်း ရှိသူများ မဟုတ်ကြပေ။ ထို့ကြောင့် ထိုသို့သောလူများသည် ဘုရားသခင်၏ အိမ်တော်အတွက် အပြင်ပန်း အရေးကိစ္စအချို့ကို ကိုင်တွယ်နိုင်သည့် အရည်အချင်း ရှိသလော။ ဘုရားသခင်၏အိမ်တော်အတွက် အမှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်း— တစ်နည်းအားဖြင့်ပြောသော် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်း။ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် သမ္မာတရား၊ ဘုရားသခင်၏အမှုတော်၊ အပြုအမူဆိုင်ရာ အခြေခံသဘောတရားများနှင့် လူအမျိုးမျိုးကို ဆက်ဆံသည့် နည်းလမ်းများ၊ စည်းစနစ်များ ပါဝင်ပြီး ဤအရေးကိစ္စများ အားလုံးသည် အကြင်သူ၏ မိမိတာဝန်ကို မိမိထမ်းဆောင်ခြင်းတွင် ထိရောက်မှုနှင့် လုံလောက်မှု ရှိမရှိဆိုသည်နှင့် ဆက်နွှယ်နေပေသည်။ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သည့် ဤအရေးကိစ္စများတွင် သမ္မာတရားပါဝင်သလော။ ယင်းတို့တွင် သမ္မာတရားပါဝင်သော်လည်း သင်သည် သမ္မာတရားကို နားမလည်ဘဲ သင်၏သေးသိမ်သော လှည့်ကွက်များနှင့် အကြံအစည်များပေါ်တွင် မှီခိုနေဆဲဖြစ်ပါက ဤတာဝန်ကို သင့်တော်စွာ ထမ်းဆောင်နိုင်မည်လော။ သင်သည် ယင်းကို ဘုရားသခင်၏ အလိုတော်အတိုင်း လုပ်ဆောင်နိုင်မည်လော။ မဟုတ်ပေ။ တစ်စုံတစ်ဦးက အမှုအရာအချို့တွင် တိမ်းစောင်းချွတ်ချော်ခြင်း မရှိလျှင်ပင် ယင်းမှာ ၎င်းတို့ လုပ်ဆောင်နေသည့်အရာသည် သမ္မာတရား မပါဝင်သောကြောင့် ဖြစ်နိုင်ပြီး အပြင်ပန်းအရာတစ်ခုသက်သက်သာ ဖြစ်သောကြောင့် ဖြစ်နိုင်သည်။ ၎င်းတို့ကို အခြေခံသဘောတရားအတိုင်း တစ်စုံတစ်ခုကို သွားလုပ်ခိုင်းပြီး မမျှော်လင့်သည့် အခြေအနေ ဖြစ်ပေါ်လာပါက ၎င်းတို့သည် မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိကြပေ။ ၎င်းတို့က ၎င်းတို့၏ အတွေ့အကြုံများပေါ်တွင် အခြေပြု၍ ယင်းကို ကိုင်တွယ်ဖြေရှင်းနိုင်သင့်သည်ဟု ထင်ကြသော်လည်း ထိုသို့ လုပ်ဆောင်ခြင်းသည် အနှောင့်အယှက်နှင့် တုံ့ဆိုင်းမှုတို့ကို ဖြစ်ပေါ်စေသည်။ ယင်းက အမှုအရာများကို ရှုပ်ထွေးစေသည်။ ဤနေရာတွင် တစ်စုံတစ်ရာ မမှားယွင်းနေသလော။ ယင်းကို ဖြစ်စေသည့် အကြောင်းအရင်းမှာ အဘယ်နည်း။ ဤသည်မှာ ၎င်းတို့၏ နားလည်မှုက မရှင်းသောကြောင့်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်း မရှိသောကြောင့်နှင့် ၎င်းတို့သည် အခြေခံသဘောတရားများကို သဘောမပေါက်ကြသောကြောင့် ဖြစ်သည်။ သမ္မာတရား၊ သို့မဟုတ် အခြေခံသဘောတရားများ ပါဝင်သည့် တစ်စုံတစ်ခုကို ကြုံတွေ့သည့်အခါ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ရမည်မှန်း မသိကြပေ။ ၎င်းတို့၏ကိုယ်ပိုင် လူ့အကြံဉာဏ်များ ပေါ်လာပြီး ၎င်းတို့သည် ဘုရားအိမ်တော်၏ အမှုနှင့် အကျိုးစီးပွားတို့ကို နောက်ဆုံးတွင် ထိခိုက်စေကာ အရှက်တကွဲ ဖြစ်ရသည်။ လူသား၏ အတွေ့အကြုံများနှင့် နည်းစနစ်များသည် အလုပ်ဖြစ်သလော။ (မဖြစ်ပါ။) သို့ဆိုလျှင် ၎င်းတို့၌ ကြွားဝါစရာ အကြောင်း အဘယ်ရှိသနည်း။ မသိနားမလည်ဘဲ ဝိညာဉ်ရေးရာ နားလည်မှုကင်းမဲ့ကာ သမ္မာတရားကို နားလည်ဖို့ အစွမ်းအစမရှိသော ဤလူများသည် ဤသို့လေလုံးထွားလိမ့်ဦးမည်— “ဤအရေးကိစ္စနှင့် ဆက်နွှယ်သည့် သမ္မာတရားကို ကျွန်ုပ်နားမလည်ဟူသည်မှာ မမှန်ပေ။ စိတ်ထဲတွင် ကျွန်ုပ်နားလည်၏။ ကျွန်ုပ်သည် မလုပ်ဆောင်မီတွင် ထိုအရေးကိစ္စကို သိပ်မစဉ်းစားသောကြောင့်သာ ဖြစ်သည်။ ကျွန်ုပ်သာ ပို၍ ကြိုးပမ်းအားထုတ်ပြီး အသေးစိတ် စဉ်းစားဆင်ခြင်ခဲ့ပါက ကောင်းကောင်း လုပ်ခဲ့ပြီးဖြစ်လိမ့်မည်ပင်။ ယခင်က လောကီ၌ ထိုသို့သော အရေးကိစ္စများကို ကိုင်တွယ်ဖို့ ဤနည်းစနစ်များကို ကျွန်ုပ် အသုံးပြုလေ့ရှိသည်။ သို့ရာတွင် ဘုရားသခင်၏ အိမ်တော်က ကျွန်ုပ်အား ယင်းတို့ကို အသုံးပြုခြင်းမှ တားမြစ်ထားသောကြောင့် ကျွန်ုပ် အဘယ်အရာကို လုပ်ရမည်မှန်း မသိ၍ ထိုနည်းလမ်းဖြင့်သာ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် အမှားအနည်းငယ် ကျွန်ုပ်ပြုမိသည်မှာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ပေသည်။” ထိုသို့သော လူများသည် မိမိတို့ကိုယ်ကို သိကျွမ်းသည့် အသိကို ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) ၎င်းတို့သည် အဘယ်ကြောင့် မိမိတို့ကိုယ်ကို မသိကျွမ်းသနည်း။ ဤသည်မှာ သမ္မာတရားနှင့် တစ်ခုတလေ ပတ်သက်ဆက်နွှယ်သလော။ ဤသည်မှာ သခင်ယေရှုကို ခုခံပြီးသည့်နောက်ပိုင်း ပေါလု၏တုံ့ပြန်ချက်နှင့် အလားတူဖြစ်သည့် အသိပညာမဲ့ခြင်းပင်ဖြစ်သည် မဟုတ်လော။ ဤလူများသည် မိမိတို့ကိုယ်ကို မသိကျွမ်းဘဲ ထိုအရေးကိစ္စ၌ သမ္မာတရားကို ရှာဖွေရမည့်အစား ၎င်းတို့သည် ပြဿနာကို ကုစားဖို့နှင့် ဖုံးကွယ်ဖို့ နည်းလမ်းများကို ကြိုးစားတွေးတောကြသည်။ ၎င်းတို့က အပြုအမူဆိုင်ရာ အမှား၊ သို့မဟုတ် အပြစ်တစ်ခုမျှသာ ဖြစ်သည့် အမှားတစ်ခု ပြုမိထားရုံမျှဖြစ်ကြောင်း၊ ယင်းသည် သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်သကဲ့သို့ သမ္မာတရားကို နားလည်မှုကင်းမဲ့ခြင်းကြောင့်လည်း မဟုတ်ကြောင်း တွေးထင်ကြသည်။ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစ ရှိခြင်း၏ စံနမူနာတစ်ခု ဖြစ်သည်။ ဤကဲ့သို့လူများ၌ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတွင် ၎င်းတို့အမှားလုပ်မိခြင်းမျှသာ ဖြစ်သည်၊ ထို့ထက်မပိုဟု ယုံကြည်လျက် အပြစ်တင်ဖို့ အပြင်ပန်းဖြစ်စဉ်အချို့ကို ရှာဖွေကြသည်၊ သို့မဟုတ် ၎င်းတို့သည် အမှားတစ်ခု လုပ်မိခြင်းသက်သက်သာ ဖြစ်သည်ဟု ယုံကြည်လျက်၊ ယင်းသည် ၎င်းတို့၏ကိုယ်ပိုင် အပြုအမူကြောင့် ဖြစ်သည်ဟု ၎င်းတို့ မှတ်ယူကြသည်။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မိမိတို့ကိုယ်ကို သိကျွမ်းလာရမည်ဖြစ်ကြောင်းကို မည်သည့်အချိန်တွင်မျှ နားမလည်ကြပေ။ ၎င်းတို့ကို မည်သည့်အမှားများ ထောက်ပြပါစေ၊ ၎င်းတို့အတွင်း၌ ရှိသည့် မည်သည့်အရာကို ထုတ်ဖော်ပြပါစေ၊ သို့မဟုတ် ၎င်းတို့ကို မိတ်သဟာယပြုပါစေ ၎င်းတို့သည် မည်သည့်သမ္မာတရား အခြေခံသဘောတရားများကို ၎င်းတို့ချိုးဖောက်ထားကြောင်း၊ သို့မဟုတ် ၎င်းတို့လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားများမှာ မည်သည့်အရာ ဖြစ်ကြောင်းတို့ကို သတိမပြုမိကြဆဲပင် ဖြစ်သည်— ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်စွမ်း လုံးလုံး မရှိကြပေ။ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစရှိခြင်းဟု ဆိုလိုသည့်အရာဖြစ်သည်။ သင်သည် သမ္မာတရားအပေါ် မည်မျှရှင်းလင်းစွာ မိတ်သဟာယပြုပြသည်ဖြစ်စေ ၎င်းတို့က ယင်းမှာ သမ္မာတရားဖြစ်သည်ကို နားမလည်ကြသေးဘဲ သမ္မာတရားကို ဖုံးကွယ်ဖို့၊ သမ္မာတရားကို ငြင်းပယ်ဖို့နှင့် ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိသည်ကို ငြင်းပယ်ဖို့ ၎င်းတို့၏ ကိုယ်ပိုင်အကြောင်းပြချက်များနှင့် ဆင်ခြေများကို အသုံးပြုဆဲဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အမှားမည်မျှကို ပြုသည်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမည်မျှကို ထုတ်ဖော်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ဖြစ်ပေါ်စေသော ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် အခြေအနေ မည်မျှက ဆက်စပ်နေသည်ဖြစ်စေ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဖြစ်သည်ကို သဘောမပေါက်ကြသေးပေ၊ ၎င်းတို့၏ အဖြစ်အနေက မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့သဘောမပေါက်ကြသကဲ့သို့ ဤအရေးကိစ္စကို မည်သို့နားလည်သင့်သည်၊ သမ္မာတရားကို မည်သို့ရှာဖွေသင့်သည်နှင့် သမ္မာတရား၏ မည်သည့်ရှုထောင့်ကို ရရှိသင့်သည်တို့ကိုလည်း ၎င်းတို့သဘောမပေါက်ကြပေ။ ၎င်းတို့သည် ဤအရာတစ်ခုတလေကိုမျှ မသိကြဘဲ ၎င်းတို့၏စိတ်ဝိညာဉ်များက ခံစားချက်ကင်းမဲ့နေကြပြီး ဤအမှုအရာများနှင့်ပတ်သက်၍ အသိစိတ် စိုးစဉ်မျှ ၎င်းတို့တွင် မရှိကြပေ။ ညံ့ဖျင်းသော အစွမ်းအစဆိုသည်မှာ ဤအရာပင် ဖြစ်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

အစွမ်းအစကောင်း ရှိသည့်လူများတွင် မည်သည့်အရာက ထင်ရှားပေါ်လွင်သနည်း။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်လာသည်မှာ မည်မျှကြာနေဖြစ်စေ ဒေသနာတစ်ခုကို ၎င်းတို့ကြားသည့်အခါ ၎င်းတို့ ယနေ့ နားထောင်နေသည့် ဤဒေသနာနှင့် သမ္မာကျမ်းစာတွင် ပြောထားသည့်အရာတို့အကြား ကွာခြားချက်ကို ခွဲခြားသိမြင်နိုင်စွမ်း ရှိကြသည်— ဤဒေသနာသည် သာ၍ နက်နဲ၏၊ သာ၍ အသေးစိတ်ကျ၏ဟု ဖြစ်သည်၊ ပြီးလျှင် နောက်ပိုင်းတွင် ၎င်းတို့၏ တကယ့်အသက်တာများ၌ ယင်းကို စတင် ကျင့်သုံးကြလေသည်။ ဥပမာအားဖြင့် ဘုရားသခင်က ရိုးသားဖို့ပြောသည်။ အစတွင် ၎င်းတို့သည် ၎င်းတို့စိတ်နှလုံးထဲ၌ ရှိသည့်အရာမှန်သမျှကို ပြောလျက် ဤစည်းမျဉ်းကို ဖက်တွယ်ထားခြင်းထက် မည်သည့်အရာမျှ မလုပ်ဆောင်ကြပေ။ သို့သော် ဒေသနာများကို ၎င်းတို့ နားထောင်သည်နှင့်အမျှ ၎င်းတို့၏ကိုယ်ပိုင် တကယ့် ဘဝအတွေ့အကြုံများမှ အမှုအရာများကို အဆက်မပြတ် ဖြည်းဖြည်းချင်း အနှစ်ချုပ်လာသည်မှာ နောက်ဆုံးတွင် ၎င်းတို့ကြုံရပြီး တွေ့ကြုံသည့်အရာမှ သမ္မာတရား၏ ဤရှုထောင့်— ရိုးသားခြင်း— သည် မည်သည့်အရာဖြစ်သည်နှင့် ယင်း၏စစ်မှန်မှုသည် မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့သဘောပေါက်သွားကြတော့သည်။ ၎င်းတို့သည် ဘုရားသခင်ပြောကြားသည့် နှုတ်ကပတ်တော်များနှင့် ဒေသနာများတွင် ထည့်သွင်းဆွေးနွေးထားသည့် သမ္မာတရားများကို ၎င်းတို့၏ တကယ့်အသက်တာများတွင် ကျင့်သုံးနိုင်ကြသည်၊ ပြီးလျှင် ယင်းတို့ကို ၎င်းတို့၏ လက်တွေ့အရှိတရားဖြစ်စေကာ မိမိတို့ကိုယ်တိုင် ဖြည်းဖြည်းချင်း သာ၍နက်ရှိုင်းစွာ သဘောပေါက်စေဖို့ ဤတကယ့်အတွေ့အကြုံများကို အသုံးပြုသည်။ တစ်နည်းဆိုရလျှင် ၎င်းတို့သည် ၎င်းတို့ကြားသည့် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ဒေသနာများအတွင်းတွင် ပါဝင်သည့် သမ္မာတရားကို နားလည်နိုင်ပြီး ဤသမ္မာတရားသည် အနှစ်သာရမဲ့သည့် အယူဝါဒတစ်ခုခုမဟုတ်၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်းတစ်ခုခု၊ သို့မဟုတ် သဘောတရားတစ်ခုခုတို့ မဟုတ်ဘဲ ၎င်းတို့၏တကယ့်အသက်တာများတွင် ၎င်းတို့ ကြုံတွေ့ရသည့် အခက်အခဲများ၊ ၎င်းတို့ထုတ်ဖော်ပြသည့် အခြေအနေများနှင့် ဆက်စပ်နေသည်ကို ၎င်းတို့ သဘောပေါက်နိုင်သည်။ ဤအခြေအနေများကို ၎င်းတို့က စစ်ဆေးနိုင်ကာ ဘုရားသခင်ထုတ်ဖော်ပြသည့်အရာနှင့် နှိုင်းယှဉ်ပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်သည်။ အစွမ်းအစကောင်းဆိုသည်မှာ ဤအရာပင် ဖြစ်သည်။ အစွမ်းအစကောင်း၏ အဓိက သရုပ်သကန်မှာ အဘယ်နည်း။ ၎င်းတို့သည် ဒေသနာများကို နားထောင်သည့်အခါ ပြောသွားသည့် အရာကို ၎င်းတို့နားလည်နိုင်ပြီး ဤစကားများနှင့် ၎င်းတို့၏ တကယ့်အခြေအနေများအကြား ဆက်စပ်မှုက မည်သည့်အရာ ဖြစ်သည်၊ ၎င်းတို့ထဲတွင် ဤစကားများက မည်သည့်အခန်းကဏ္ဍကို ဆောင်ရွက်သည်တို့ကို နားလည်နိုင်ပြီး မိမိတို့ကိုယ်ကို ဤစကားများဖြင့် အစစ်ဆေးခံနိုင်ပေသည်။ ထို့အပြင် ၎င်းတို့၏ တကယ့်အသက်တာများတွင် ၎င်းတို့သည် လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများကို နားလည်နိုင်ပြီး ဤအခြေခံသဘောတရားများကို ၎င်းတို့ကြုံတွေ့ရသည့် အခက်အခဲတိုင်း၊ သို့မဟုတ် ကိစ္စတိုင်းတွင် ကျင့်သုံးနိုင်ကြသည်။ ထိုးထွင်းအမြင်ရှိခြင်းဆိုသည်မှာ ဤအရာကို ဆိုလိုသည်။ ထိုသို့သော ထိုးထွင်းအမြင်များရှိသည့် လူများသာလျှင် စစ်မှန်သော အစွမ်းအစကောင်း ရှိကြသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

လူတစ်ဦး၏ အစွမ်းအစက ကောင်းသည်၊ ဆိုးသည်ကို အကဲဖြတ်သည့်အခါ ၎င်းတို့၏နေ့စဉ်အသက်တာများတွင် အရာခပ်သိမ်းအပေါ် ၎င်းတို့၏သဘောထားကို ကြည့်လော့— သို့မဟုတ် ၎င်းတို့ထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်နှင့် သဘောထားကို၊ ၎င်းတို့ လိုက်နာသင့်သည့် အခြေခံသဘောတရားများကို၊ ၎င်းတို့ခံယူသင့်သည့် နေရာကို၊ ပြီးလျှင် ၎င်းတို့ရှိသင့်သည့် သဘောထားကို နားလည်နိုင်ခြင်း ရှိမရှိ ကြည့်လော့။ သင်သည် ဤအရာအားလုံးကို နားလည်နိုင်ပါက သင်၌ အစွမ်းအစရှိသည်။ သင်နားလည်သည့်အရာသည် သင်၏ တကယ့်အသက်တာတွင် သင့်အတွက် ဘုရားသခင်စီစဉ်သည့် အရာအားလုံးနှင့် လားလားမျှ မသက်ဆိုင်ပါက သင်၌ အစွမ်းအစ မရှိ၊ သို့မဟုတ် သင့်အစွမ်းအစက ညံ့ဖျင်း၏။ ပေတရုနှင့် ယောဘတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုသည် မည်သို့ဖြစ်လာသနည်း၊ ပြီးလျှင် ၎င်းတို့သည် နောက်ဆုံးတွင် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုမှ ၎င်းတို့ရရှိသည့်အရာကို မည်သို့ရရှိခဲ့ပြီး ၎င်းတို့ရိတ်သိမ်းခဲ့သည့်အရာကို မည်သို့ရိတ်သိမ်းခဲ့သနည်း။ ယနေ့ သင်တို့အကျိုးခံစားရသည့် အရာကို ၎င်းတို့မခံစားခဲ့ရပေ။ သင်တို့၌ သင်တို့အတွက် ထောက်ပံ့ဖို့၊ ထောက်ခံအားပေးဖို့၊ သင်တို့ကို ကူညီဖို့ တစ်စုံတစ်ဦး အစဉ်ရှိသည်၊ သင်တို့အတွက် နောက်ဆုံးစစ်ဆေးပေးဖို့ တစ်စုံတစ်ဦး အစဉ် ရှိလေသည်။ ၎င်းတို့နားလည်ခဲ့သည့် သမ္မာတရား အများစုသည် ၎င်းတို့၏နေ့စဉ်အသက်တာများတွင် ၎င်းတို့ နားလည်သဘောပေါက်ခဲ့သည့်အရာ၊ တွေ့ကြုံခဲ့သည့်အရာ၊ ဖြည်းဖြည်းချင်း သဘောပေါက်ခဲ့ပြီး ဖြတ်ကျော်ခဲ့ရသည့်အရာများမှ ရရှိခဲ့ခြင်း ဖြစ်သည်။ မြင့်မားသည့် အစွမ်းအစရှိခြင်းမှာ ဤအရာပင် ဖြစ်လေသည်။ လူများက ထိုသို့သော အစွမ်းအစကို မပိုင်ဆိုင်ဘဲ သမ္မာတရားနှင့် ကယ်တင်ခြင်းအပေါ် ဤသဘောထား မရှိသည့်အခါ ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်စွမ်း မရှိကြပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

သာမန်အစွမ်းအစရှိသည့်လူများတွင် မည်သည့်အရာက ထင်ရှားပေါ်လွင်သနည်း။ ဒေသနာတစ်ခုကို တစ်ကြိမ် နားထောင်ခြင်းက ၎င်းတို့တွင် မည်သည့်စွဲမှတ်စရာမျှ မဖြစ်စေပေ။ ၎င်းတို့ထံ၌ အမှုအရာများ ဖြစ်ပျက်ပါက ယင်းတို့ကို မည်သို့ကိုင်တွယ်ရမည်၊ သို့မဟုတ် မည်သည့်အရာ လုပ်ဆောင်ရမည်ကို ၎င်းတို့မသိကြသေးပေ။ ၎င်းတို့လုပ်နိုင်သည့်အရာမှာ အနှစ်သာရမဲ့သည့် အယူဝါဒများကို ပြောခြင်းနှင့် စည်းမျဉ်းများကို ဖက်တွယ်ဖို့သာ ဖြစ်ကြသည်။ ဒေသနာတစ်ခုကို နှစ်ကြိမ်နားထောင်ခြင်းက ၎င်းတို့တွင် စွဲမှတ်စရာအချို့ ဖြစ်စေသော်လည်း ၎င်းတို့ထံ၌ အမှုအရာများ ဖြစ်ပျက်သည့်အခါတွင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိကြဆဲပင် ဖြစ်၏၊ ၎င်းတို့သည် စည်းမျဉ်းများကို ဖက်တွယ်ထားဆဲဖြစ်ပြီး လူများကို ဩဝါဒချွေဖို့နှင့် ၎င်းတို့၏အလုပ်ကို လုပ်ဆောင်ဖို့ ကျမ်းဟောင်းတရား အနည်းငယ်ပြောပြီး အယူဝါဒကို အသုံးပြုကြသည်။ ဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ပြီးသည့်နောက် ၎င်းတို့သည် သာ၍ သာ၍များသော အယူဝါဒဖြင့် မိမိတို့ကိုယ်ကို တန်ဆာဆင်ပြီးဖြစ်သည်။ ယခင်က ၎င်းတို့သည် ပြောစရာအကြောင်းအရာမကုန်မီ အယူဝါဒပေါ် အခြေပြု၍ အတွေ့အကြုံအချို့နှင့် အသိပညာအချို့တို့ကို နှစ်မိနစ်၊ သုံးမိနစ်ကြာသာ ပြောခဲ့ကြသည်။ နှစ်များကြာလာသည်နှင့်အမျှ ၎င်းတို့သည် မိနစ်နှစ်ဆယ်၊ သို့မဟုတ် မိနစ်သုံးဆယ်ကြာ ပြောနိုင်ကြသည်— သို့ရာတွင် သမ္မာတရားသည် မည်သည့်အရာ ဖြစ်သည်၊ သို့မဟုတ် စစ်မှန်မှုသည် မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်နိုင်သေးပေ။ ၎င်းတို့ပြောသည့် အယူဝါဒသည် သမ္မာတရားဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ စစ်မှန်မှုအကြောင်း၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုနှင့်ဆက်စပ်သည့် အတွေ့အကြုံများ၊ အသိပညာနှင့် လမ်းကြောင်းတို့အကြောင်း အခြားသူများ ပြောသည့်အရာများ တစ်ခုမျှ ၎င်းတို့မကြားကြပေ။ သမ္မာတရားနှင့် အယူဝါဒတို့သည် တပ်တူတပ်မျှ တစ်ခုတည်းသာ ဖြစ်သည်ဟု ၎င်းတို့တွေးထင်ကြသည်။ တစ်နည်းဆိုရလျှင် ၎င်းတို့သည် ဒေသနာမည်မျှကို ကြားကြပါစေ ဤဒေသနာများအတွင်းမှ ၎င်းတို့၏စိတ်သဘောထား ပြောင်းလဲမှုများ၊ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် သဘာဝ အဖြစ်အနေတို့နှင့် ဆက်စပ်နေသည့် သမ္မာတရားများအကြောင်း သဘောပေါက်လာခြင်း လုံးဝမရှိကြပေ။ ထို့နောက်တွင် ၎င်းတို့၏ တကယ့်အသက်တာများ၌ စည်းမျဉ်းများနှင့် ဟိတ်ဟန်များကို ဖက်တွယ်ထားခြင်းထက် ကျော်လွန်၍၊ စည်းဝေးပွဲများကို ပုံမှန်တက်ရောက်ခြင်း၊ လူများကို အယူဝါဒပြောခြင်းနှင့် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ အတော်အတန် ပင်ပန်းကြီးစွာ လုပ်ဆောင်ခြင်းတို့ထက် ကျော်လွန်၍ ၎င်းတို့သည် စိတ်သဘောထား၌ ပြောင်းလဲမှုများ၊ ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို သိကျွမ်းခြင်းနှင့် အသက်အတွင်း ဝင်ရောက်မှုတို့နှင့်ဆက်စပ်သည့် သမ္မာတရားများထဲသို့ ယေဘုယျအားဖြင့် ဝင်ရောက်ခြင်း မရှိသကဲ့သို့ သာ၍ နက်ရှိုင်းစွာ ဝင်ခြင်းလည်း မရှိကြပေ။ ဤသည်မှာ သာမန်အစွမ်းအစရှိခြင်း၏ စံနမူနာတစ်ခုဖြစ်သည်။ သာမန် အစွမ်းအစရှိသည့် လူများသည် ထို့ထက်ပို၍ ရှေ့မဆက်နိုင်ကြပေ။ ဘုရားသခင်ကို အနှစ်နှစ်ဆယ်၊ သို့မဟုတ် အနှစ်သုံးဆယ်ကြာ ယုံကြည်လာသူအချို့ရှိပြီး ၎င်းတို့သည် အယူဝါဒကိုသာ ပြောကြဆဲ ဖြစ်သည်။ ဤသည်မှာ သာမန် အစွမ်းအစရှိခြင်း ဖြစ်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

ညံ့ဖျင်းသော အစွမ်းအစရှိသည့်လူများတွင် မည်သည့်အရာက ထင်ရှားပေါ်လွင်သနည်း။ ဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ပြီးသည့်နောက်တွင် ယင်းတို့အားလုံးမှာ တူညီသည်၊ မွဲပြာပုဆိုးများသာ ဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့သည် သမ္မာတရားအကြောင်းကို မဆိုထားနှင့်၊ အယူဝါဒအကြောင်း တစ်စွန်းတစ်စကိုမျှပင် မကြားနိုင်ကြပေ။ ဒေသနာများကို နားထောင်သည့်အချိန်တွင် ၎င်းတို့ မည်မျှ ကြိုးစားပါစေ၊ သို့မဟုတ် ဒေသနာများကို နှစ်ပေါင်းမည်မျှ ၎င်းတို့ နားထောင်ပါစေ ၎င်းတို့ကြားနေသည့်အရာကို ၎င်းတို့ နားမလည်ကြဆဲပင် ဖြစ်သည်။ သမ္မာတရားသည် မည်သည့်အရာ ဖြစ်သည်နှင့် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းသည် မည်သည့်အရာကို ဆိုလိုသည်တို့ကို ၎င်းတို့နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် အသစ်ဖြစ်သော အကြောင်းအရာများကို နားထောင်နေသည်ဖြစ်စေ၊ ခြေခြေမြစ်မြစ်ရှိသော အကြောင်းအရာကို နားထောင်နေသည်ဖြစ်စေ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်သော နှုတ်ကပတ်တော်များနှင့် အလုပ်များကို နားထောင်နေသည်ဖြစ်စေ ၎င်းတို့ကြားသည်မှာ ရိုးရှင်းသော အကြောင်းအရာများသာ ဖြစ်သည်။ ၎င်းတို့မှတ်မိနိုင်သည့် အရာများမှာလည်း ထိုအရာသာ ဖြစ်သည်— ၎င်းတို့သည် ထို့ထက်ပို၍ မမှတ်မိနိုင်ကြပေ။ ပြီးလျှင် ၎င်းတို့၏ အစွမ်းအစသည် အမှုအရာများစွာကို နားလည်နိုင်စွမ်းမရှိသည့် အစွမ်းအစဖြစ်သောကြောင့် ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုကို မည်သို့လျှင် စွမ်းဆောင်ရရှိနိုင်မည်နည်း။ ဤအကြောင်းကြောင့် ၎င်းတို့သည် ဘာသာရေးလူများ ပြောသည်ကို မကြာခဏ လိုက်၍ပြောကြပေသည်။ “ကျွန်ုပ်သည် ကျွန်ုပ်မိခင်၏ဝမ်းထဲတွင် ရှိစဉ်ကတည်းက သခင့်ကို ယုံကြည်ခဲ့သည်၊ ကျွန်ုပ်သည် ကြာမြင့်သော အချိန်ကတည်းက ဗတ္တိဇံခံယူပြီး သန့်စင်ခံရပြီးဖြစ်သည်။” ယင်းမှာ ဘုရားသခင်၏ အမှုတော်အသစ်ကို နှစ်အနည်းငယ် လက်ခံပြီးဖြစ်သည့်သူများက ပြောနေဆဲဖြစ်သည့်အရာ ဖြစ်လေသည်။ ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းသည် မဟုတ်သလော။ အခြားသူများက “ကျွန်ုပ်သည် မိမိကိုယ်ကိုမသိဟု သင်တို့ပြောသည်— သင်တို့သာ သင်တို့ကိုယ်သင်တို့ မသိကြခြင်း ဖြစ်သည်။ ကျွန်ုပ်သည် သန့်ရှင်းပြီး ဖြစ်သည်မှာ ကြာမြင့်လှပြီဖြစ်၏” ဟု ပြောကြသည်။ ထိုသို့သော စကားများကို ပြောသည့်လူများသည် အဆိုးဆုံးသော အစွမ်းအစများ ရှိကြသည်ကို ပြောစရာပင် မလိုတော့ပေ။ ထိုသို့သောလူများကို မည်သည့်ဒေသနာများ ဟောကြားနိုင်သနည်း။ ၎င်းတို့သည် ဒေသနာမည်မျှကို ကြားပါစေ သမ္မာတရားသည် မည်သည့်အရာ ဖြစ်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ကို နားမလည်သေးပေ— ဤအရာများကို ၎င်းတို့နားလည်သဘောပေါက်နိုင်ခြင်း မရှိကြပေ၊ ယင်းတို့ကို ၎င်းတို့ဉာဏ်မမီနိုင်ကြပေ။ ၎င်းတို့၌ အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် ထိုစည်းမျဉ်းအနည်းငယ်ကိုသာ ဆက်လက် လိုက်နာကြသည်၊ ၎င်းတို့ဆုတောင်းကြသည်၊ ဘုရားသခင်ကို ရှာဖွေကြသည်၊ ဘုရားသခင်ကို မှီခိုကြသည်၊ ဘုရားသခင်ကို ၎င်းတို့မငြင်းပယ်ကြ၊ မယုံကြည်သူများနှင့် မရောနှောကြ၊ ပြီးလျှင် လောကီရေးရာ လောကနှင့် အဆက်အသွယ် ဖြတ်ကြသည်— အခြေခံအားဖြင့် ၎င်းတို့သည် ဤဘာသာရေး ယုံကြည်မှု လုပ်ရိုးလုပ်စဉ်များမှလွဲ၍ နောက်ထပ် လုပ်ဆောင်ခြင်း မရှိကြပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ အကြောင်းကို ၎င်းတို့မည်မျှကြားပါစေ၊ ပြီးလျှင် သမ္မာတရားနှင့် ပတ်သက်သည့် ဒေသနာများမည်မျှကို ၎င်းတို့နားထောင်ပါစေ ၎င်းတို့သည် ယင်းတို့ကို အပြည့်အဝ နားလည်နိုင်ခြင်း မရှိကြပေ။ ဘုရားသခင့်အမှု၏ ဤအဆင့်အတွင်းတွင် လူသားထံမှ မည်သည့်အရာ တောင်းဆိုသည်ကို ၎င်းတို့အား သင်မေးပါက ၎င်းတို့က သင့်ကို မပြောနိုင်ဘဲ ရိုးရှင်းသော အယူဝါဒအချို့ကိုသာ ပြောနိုင်သည်။ ဤသည်မှာ ၎င်းတို့သည် အစွမ်းအစ အလွန်ချို့တဲ့လွန်းသည်ကို ပြနေ၏။ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားမလည်နိုင်ကြပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

မည်သည့်အရေးကိစ္စကို ကြုံတွေ့ရပါစေ ထိုအရေးကိစ္စက ကြီးသည်ဖြစ်ဖြစ်၊ ငယ်သည်ဖြစ်ဖြစ် ပုံမှန်စိတ်သဘောရှိသော လူတစ်ဦး ပထမဆုံးပြုလုပ်မည့်အရာမှာ ယင်းကို စိတ်ထဲတွင် အချိန်ယူစဉ်းစားပြီး အကဲဖြတ်ချက်တစ်ခုကို ပြုလုပ်ခြင်းဖြစ်သည်။ ဤအကဲဖြတ်ချက်ထဲတွင် သဘောထားတစ်ခုအပြင် အတိအကျ ပြလုပ်ရမည့်အရာနှင့် ဤကိစ္စကို ချဉ်းကပ်ပြီး ကိုင်တွယ်ရမည့် ပုံစံအတွက် တိကျသော စီမံချက်တစ်ခုလည်း ပါဝင်လေသည်။ ထိုကဲ့သို့သော စီမံချက်များမှာ သာမန်လူတို့၏ ဦးနှောက်က ဖန်တီးသင့်သည့်အရာများပင် ဖြစ်သည်။ ထိုကဲ့သို့သော စီမံချက်များ ဖန်တီးနိုင်သောသူတို့ကို သာမန်အသိဉာဏ်များ ပိုင်ဆိုင်သည်ဟု သတ်မှတ်၍ ရနိုင်၏။ အကယ်၍ သူတို့သည် အရေးကိစ္စ ကြီးငယ်မရွေး တစ်ခုခုကို ကြုံတွေ့ရသောအခါ သူတို့စိတ်ထဲ၌ မည်မည်ရရ ဘာမျှမရှိလျှင်၊ သူတို့၏ အသိဉာဏ်များက တိကျသောစီမံချက်တစ်ခုကို ဖန်တီးနိုင်စွမ်း မရှိလျှင်၊ သူတို့၌ရှိသမျှမှာ သဘောတရားကို အခြေခံသည့် သာမန်ဆောင်ပုဒ်တချို့သာ ဖြစ်ပြီး သူတို့သည် ဤအရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နည်းလမ်းတစ်ခု၊ သို့မဟုတ် စီမံချက်တစ်ခုအစား ဆောင်ပုဒ်များကိုသာ အသုံးပြုသည်ဆိုလျှင် ထိုကဲ့သို့သော လူတို့သည် စဉ်းစားနိုင်စွမ်း၊ သို့မဟုတ် ဆင်ခြင်သုံးသပ်နိုင်စွမ်းကို ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) စဉ်းစားနိုင်စွမ်း မရှိသောသူတို့သည် အစွမ်းအစ ညံ့ဖျင်းသောသူများဖြစ်သည်။...သာမန်လူ့သဘာဝဆိုင်ရာ အသိဉာဏ်ကင်းမဲ့ခြင်းက မည်ကဲ့သို့ ပေါ်လွင်ထင်ရှားသနည်း။ တစ်စုံတစ်ဦးက အရေးကိစ္စတစ်ခုကို ကြုံတွေ့ရသောအခါ— သူ့အနေဖြင့် ယင်းကို မမျှော်လင့်ထားသည်ဖြစ်စေ၊ သို့မဟုတ် ယခင်က သတိပြုမိခဲ့သည်ဖြစ်စေ— သူသည် ယင်းကို မည်သို့မျှ စဉ်းစားသုံးသပ်နိုင်ခြင်းမရှိ၊ သို့မဟုတ် အကဲဖြတ်နိုင်ခြင်းမရှိချေ၊ ထို့ကြောင့် သဘာဝအလျောက်ပင် သူ၌ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စီမံချက်တစ်ခုသော်လည်းကောင်း၊ ယင်းကို ဖြေရှင်းနိုင်စွမ်းသော်လည်းကောင်း ရှိမည်မဟုတ်ပေ။ ယင်းက သိသာထင်ရှား၏။ ကြည့်ရသရွေ့ကား ဤလူပုဂ္ဂိုလ်မျိုးက မှန်ကန်သောအရာကို ပြော၏၊ မှန်ကန်သောဆောင်ပုဒ်ကို ထပ်ခါထပ်ခါပြော၏၊ မှန်ကန်သော သြဝါဒကို ဟောပြောပြီး လူတို့၏စိတ်ဓာတ်ကို မြှင့်တင်နိုင်စွမ်းရှိ၏။ သူတို့သည် လူတို့ကို ဦးဆောင်နိုင်စွမ်း ရှိဟန်တူသော်လည်း သတ်သတ်မှတ်မှတ် အရာတစ်ခုကို အရေးယူဆောင်ရွက်သောအခါ သူတို့၌ ပြဿနာကို ဖြေရှင်းတတ်သော စွမ်းရည်များမရှိပေ၊ သူတို့သည် ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်းနှင့် မဆင်မခြင်ဖြစ်ကြကာ မည်သည့်ပြဿနာကိုမျှ စဉ်းစားနိုင်စွမ်းမရှိဘဲ ဆောင်ပုဒ်များကို ထပ်ခါထပ်ခါပြောခြင်းနှင့် သြဝါဒကို ဟောပြောခြင်းကိုသာ လုပ်နိုင်ကြသည်။ ထိုကဲ့သို့သော လူတို့သည် အခြေအနေ၏ အရေးကြီးမှုကိုသော်လည်းကောင်း၊ ဤအရာဆက်သွားနေပါက ထိုကဲ့သို့သော ကိစ္စရပ်၏ အကျိုးဆက်များကိုသော်လည်းကောင်း အကဲဖြတ်နိုင်စွမ်း မရှိကြသည့်အပြင် တစ်စုံတစ်ရာ ဖြစ်ပျက်ရသည့် အကြောင်းအရင်းကိုလည်း အတိအကျ အကဲမဖြတ်နိုင်ကြပေ။ သူတို့သည် အမှုအရာများကို စနစ်တကျဖြစ်အောင် ဖြေရှင်းနိုင်စွမ်း မရှိကြပေ။ ဤကဲ့သို့သော လူတို့သည် အစွမ်းအစ ညံ့ဖျင်းသူများ ဖြစ်၏။ ထိုနည်းတူပင် အကယ်၍ အလုပ်အစီအမံတစ်ခုကို လက်ခံရရှိပြီးနောက်တွင် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးသည် ယင်းကို တက်သုတ်ရိုက်ဖတ်ရှုပြီး စကားလုံးများကိုသာ အရေးပေးလွန်းကာ ယင်းကို အနက်ဖွင့်ပြနေလျှင်— အကယ်၍ သူတို့သည် အလုပ်အစီအမံကို မိတ်သဟာယဖွဲ့ရန် သက်ဆိုင်သောလူတို့ကို အတူတကွ ခေါ်ဆောင်လာပြီး ထိုအလုပ်အစီအမံကို သူတို့လက်အောက်ရှိ လူတို့ထံသို့လည်း လက်ဆင့်ကမ်းပေးသော်ငြား အလုပ်အစီအမံ၏ တိကျသော တောင်းဆိုချက်များ၊ အခြေခံ သဘောတရားများ၊ အလေးဂရုပြုရမည့် အချက်များ၊ အထူးအခြေအနေများ စသည်တို့အတွက် တိကျသော လမ်းညွှန်မှုနှင့် အစီအမံများ မည်သို့စီစဉ်ပေးရမည်ကို မသိနားမလည်ဘဲ ရှိနေကြသေးကာ ဤအရာအတွက် စီမံချက်များ၊ သို့မဟုတ် စိတ်ကူးများ လုံးဝမရှိလျှင်— သူတို့တွင် ပြဿနာကို ဖြေရှင်းတတ်သော စွမ်းရည်များ မရှိသည့်အပြင် သူတို့သည် အစွမ်းအစ ညံ့ဖျင်းသောသူများ ဖြစ်ကြ၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၀)” မှ

ပေါလုတွင် အစွမ်းအစရှိသည်ဟု သင်တို့ပြောမည်လော။ ပေါလု၏ အစွမ်းအစသည် မည်သည့်အတန်းအစားနှင့် သက်ဆိုင်သနည်း။ (ယင်းမှာ အလွန်ကောင်းမွန်ပါသည်။) သင်တို့သည် ဒေသနာများစွာကို ကြားနာပြီးဖြစ်သော်လည်း ကွာခြားချက်ကို သိမြင်နိုင်စွမ်း မရှိကြသေး။ ပေါလု၏ အစွမ်းအစကို ကောင်းမွန်သည်ဟု ယူဆနိုင်သလော။ (မဟုတ်ပါ၊ ဆိုးရွားပါသည်။) ပေါလု၏ အစွမ်းအစသည် အဘယ့်ကြောင့် ဆိုးရွားရသနည်း။ (သူက သူ့ကိုယ်သူ မသိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ညံ့ဖျင်းသော နားလည်မှုတစ်ခု ရှိခဲ့ပါသည်။) ယင်းမှာ သူသည် သမ္မာတရားကို နားမလည်သောကြောင့် ဖြစ်သည်။ ထိုအချိန်က သူသည်လည်း သခင်ယေရှုဟောကြားသည့် ဒေသနာများကို ကြားခဲ့ပြီးဖြစ်သည်၊ ထို့အပြင် သူ အလုပ်လုပ်ခဲ့သည့်ကာလအတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်လည်း ရှိခဲ့သည်မှာ မှန်ပေသည်။ သို့ဆိုလျှင် သူသည် ထိုအလုပ်များ အားလုံးကို လုပ်ခဲ့ပြီး ထိုဩဝါဒစာစောင်များ အားလုံးကို ရေးခဲ့ကာ ထိုအသင်းတော်များ အားလုံးတွင် လှည့်လည် သွားလာခဲ့လျက်နှင့် မည်သို့လျှင် သမ္မာတရားအကြောင်း မည်သည့်အရာကိုမျှ နားမလည်ဆဲ ဖြစ်ခဲ့သနည်း။ သူပြောသမျှသည် အယူဝါဒသာ ဖြစ်သည်။ ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစ ရှိသည့်သူတစ်ဦး ဖြစ်သည်။ ထို့အပြင် ပေါလုသည် သခင်ယေရှုနှင့် သူ၏တပည့်တော်များကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်၊ ထို့နောက်တွင် သခင်ယေရှုက သူ့ထံ ပေါ်ထွန်းလာခဲ့ပြီး သူ့ကို ဒဏ်ခတ်ခဲ့သည်။ သို့သော် ထိုသို့ အလွန်အရေးပါသည့် ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ပြီးသည့်နောက် သူသည် ထိုဖြစ်ရပ်ကို မည်သည့်ကိုယ်တွယ်ဖြေရှင်းနည်းဖြင့် ကိုင်တွယ်ခဲ့ပြီး မည်သို့နားလည်သဘောပေါက်ခဲ့သနည်း။ “သခင်ယေရှုက ငါ့ကို ဒဏ်ခတ်ခဲ့သည်၊ ငါအပြစ်ပြုထားခဲ့၏၊ ထို့ကြောင့် ဤအရာအတွက် ထေမိစေဖို့ ငါပို၍အလုပ်ကြိုးစားရမည်၊ ပြီးလျှင် ငါ၏ကောင်းမှုများက ငါ၏မကောင်းမှုများနှင့် ချိန်ခွင်လျှာညီသွားသည့်အခါ ငါသည် ဆုလာဘ်ပေးခြင်း ခံရလိမ့်မည်” ဟု သူတွေးခဲ့သည်။ သူ့ကိုယ်သူ သူသိခဲ့သလော။ သူမသိခဲ့ပေ။ သခင်ယေရှုကို သူဆန့်ကျင်ခဲ့ခြင်းမှာ သူ၏မလိုမုန်းထားသော သဘာဝကြောင့်၊ အန္တိခရစ်တစ်ဦးနှင့်ဆိုင်သည့် သူ့သဘာဝကြောင့် ဖြစ်သည်ကို သူမပြောခဲ့ပေ။ သူသည် သူ့ကိုယ်သူနှင့်ပတ်သက်၍ ထိုသို့သော သိကျွမ်းခြင်းမျိုး မပိုင်ဆိုင်ခဲ့ပေ။ ပြီးလျှင် သူသည် သူ၏ဩဝါဒစာစောင်များတွင် ဤအဖြစ်အပျက်ကို မည်သို့မှတ်တမ်းတင်ခဲ့သနည်း။ ယင်းအပေါ် သူ၏အမြင်မှာ အဘယ်နည်း။ ဘုရားသခင်သည် သူ့ကို ကြီးစွာသော အလင်းဖြင့် ခေါ်ခဲ့ကြောင်းနှင့် ဘုရားသခင်သည် သူ့ကို ကောင်းစွာ စတင် အသုံးပြုတော့မည်ဖြစ်ကြောင်း သူယုံကြည်ခဲ့သည်။ သူ့ကိုယ်သူ သိကျွမ်းခြင်း စိုးစဉ်းမျှ မရှိသဖြင့် ဤသည်မှာ သူဆုလာဘ် ချီးမြှင့်ခြင်းခံရပြီး သရဖူဆောင်းခြင်းခံရမည့် အစွမ်းအထက်ဆုံးသော သက်သေဖြစ်သည့်အပြင် ဆုလာဘ်များနှင့် သရဖူကို ရရှိဖို့ သူအသုံးပြုနိုင်သည့် အကြီးမားဆုံး အရင်းအနှီးလည်းဖြစ်သည်ဟု သူယုံကြည်ခဲ့သည်။ ထို့အပြင် သူ့အတွင်း နက်နက်ရှိုင်းရှိုင်းတွင် “ဆူး” တစ်ခုရှိသည်ကိုလည်း သူခံစားခဲ့ရသည်— သခင်ယေရှုကို ယခင်က သူ၏အာခံခြင်း ဖြစ်သည်။ ယင်းကို သူမည်သို့ကိုင်တွယ်ခဲ့သနည်း။ ယင်းမှာ သူ့အသက်တာ၏ ကြီးမားသော အမှားများထဲမှ တစ်ခုဖြစ်ပြီး ကောင်းကင်ဘုံသို့ သူသွားရမည့်အရေးနှင့် သူသရဖူဆောင်းခံရမည့် အရေးတို့ကို အန္တရာယ်ပေးနိုင်သည်ဟု သူခံစားခဲ့ရသည်။ သူ၏စိတ်နှလုံးထဲတွင် ယင်းနှင့်ပတ်သက်ပြီး အမြဲတမ်း ပူပန်ခဲ့သည်။ “ဤကမ်းကုန်သော အမှားကို ထေမိအောင် ငါမည်သို့လုပ်နိုင်မည်နည်း။ ယင်းက ငါ၏အလားအလာများနှင့် ငါသရဖူဆောင်းခံရမည့် အရေးတို့ကို မထိခိုက်စေဖို့ ယင်းကို ငါမည်သို့ချေဖျက်နိုင်မည်နည်း။ ငါသည် သခင့်အမှုကို သာ၍ လုပ်ဆောင်ရမည်၊ သာ၍ ကြီးမားသည့် အဖိုးအခကို ပေးဆပ်ရမည်၊ သာ၍များသော ဩဝါဒစာစောင်များကို ရေးသားရမည်၊ ထို့ပြင် အလုပ်များခြင်း၊ စာတန်ကို တိုက်ခိုက်ခြင်းနှင့် နှစ်လိုဖွယ်ကောင်းသော သက်သေခံချက်များ ပေးခြင်းတို့တွင် သာ၍ အချိန်ယူရမည်။” ယင်းမှာ သူကိုင်တွယ်သည့်နည်းလမ်းဖြစ်သည်။ သူ၌ သူ့ကိုယ်သူ သိကျွမ်းခြင်း ရှိဖို့ရန် မဆိုထားနှင့်၊ နောင်တပင် စိုးစဉ်းမျှ မရှိခဲ့ပေ၊ သူ၌ ဤအရာများ တစ်ခုမျှ မရှိပေ။ ယင်းမှာ ပေါလု၏ အစွမ်းအစဖြစ်ခဲ့သည်။ တစ်ဖက်တွင် သူ၏လူ့သဘာဝနှင့် သူလိုက်စားသည့်အရာတို့ကြောင့်၊ တစ်ဖက်တွင် သူ၏ အစွမ်းအစကြောင့် သူသည် ဤအမှုအရာများကို သဘောမပေါက်နိုင်သကဲ့သို့ နားလည်းမလည်နိုင်ခဲ့ပေ။ “ဤသည်မှာ လူ့သဘာဝဖြစ်၏၊ လူ့သဘာဝသည် အလွန်ဆိုးရွား၏၊ အလွန် ဆိုးယုတ်၏။ လူ့သဘာဝသည် စာတန်နှင့် အန္တိခရစ်တို့၏ သဘာဝဖြစ်ပြီး လူသည် ဘုရားသခင်၏ ရွေးနုတ်ခြင်းကို လက်ခံသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ ရွေးနုတ်ခြင်းကို လူတို့ လိုအပ်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ ထို့ကြောင့် လူသည် ဘုရားသခင်၏ရွေးနုတ်ခြင်းကို လက်ခံဖို့ ဘုရားသခင်ရှေ့မှောက်သို့ မည်သို့လာသင့်သနည်း။” သူသည် ထိုသို့သောအရာများကို မည်သည့်အခါမျှ မပြောခဲ့ပေ။ သူ၏အာခံခြင်းနှင့်ပတ်သက်သည့် အသိတစ်စုံတစ်ရာ သူ၌ မရှိခဲ့ဘဲ ယင်းကို မည်သို့ချေဖျက်ရမည်၊ ပြစ်မှားခြင်းမဖြစ်အောင် မည်သို့လုပ်ရမည်၊ ကောင်းမွန်သော အစေခံမှုမှတစ်ဆင့် သူ၏အပြစ်ကြွေးများကို ဆပ်ဖို့နှင့် သူ၏အကုသိုလ်များကို ပြေရာပြေကြောင်းလုပ်ဖို့ လုံလောက်သည့် ကောင်းမှုကို မည်သို့ရရှိအောင်လုပ်ပြီး နောက်ဆုံးတွင် သူမျှော်လင့်သည့် သရဖူနှင့် ဆုလာဘ်ကို ရရှိဖို့တို့ကိုသာ သူတွေးခဲ့သည်။ သူသည် သူ့ထံ၌ ဖြစ်ပျက်လာသည့်အရာမှန်သမျှမှ သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်တို့ကို လုံးဝ နားမလည်ခဲ့ပေ၊ ယင်းမှာ အညံ့ဖျင်းဆုံးသော အစွမ်းအစရှိသူတစ်ဦး ဖြစ်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

ပေတရုသည် အရည်အချင်းကောင်းရှိသော်လည်း၊ သူ၏အခြေအနေများသည် ပေါလု၏ အခြေအနေများကဲ့သို့ မဟုတ်ချေ။ ပေတရု၏ မိဘများသည် ငါ့ကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်၊ ထိုမိဘများသည် စာတန်၏ ပိုင်ဆိုင်ခြင်းခံ ထားရသော မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ပေတရုအား ဘုရားသခင်နှင့် ပတ်သက်၍ တစ်စုံတစ်ခုမျှ မသွန်သင်ပေးခဲ့ကြပေ။ ပေတရုသည် ထက်မြက်သည်၊ ပါရမီရှိပြီး ငယ်စဉ်ဘဝကတည်းက သူ့မိဘများ၏ အလွန်ချစ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။ သို့သော်လည်း အရွယ်ရောက်သူအဖြစ်၊ သူသည် ငါနှင့် သက်ဆိုင်သည့် အသိပညာကို ရှာဖွေလိုက်စားရာတွင် မည်သည့်အခါမျှ မရပ်တန့်ခဲ့သောကြောင့် သူ့မိဘများ၏ ရန်သူ ဖြစ်လာခဲ့ကာ၊ နောက်ပိုင်းတွင် သူ့မိဘများကို ကျောခိုင်းခဲ့ပေသည်။ ဤသို့ဖြစ်ရခြင်းမှာ အခြားအရာ အားလုံးထက် ပေတရုသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့မှာ အနန္တတန်ခိုးရှင်၏ လက်တော်ထဲ၌ရှိပြီး အပြုသဘောဆောင်သော အရာခပ်သိမ်းမှာ စာတန်၏ စီမံခြင်း မပါဘဲ၊ ဘုရားသခင်ထံမှလာပြီး ကိုယ်တော်ကပင် တိုက်ရိုက်ထုတ်ပေးသည်ဟု ယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။ ပေတရု၏ မိဘများ၏ ဆန့်ကျင် ကွဲပြားခြားနားချက်က သူ့အား ငါ၏ မေတ္တာကျေးဇူးတော်နှင့် သနားကရုဏာတို့နှင့် သက်ဆိုင်သည့် ပို၍ ကြီးမားသော အသိကို ပေးခဲ့သည်၊ ထိုသို့ဖြင့် ငါ့အား ရှာဖွေရန် သူ၏လိုအင်ဆန္ဒသည် သာ၍ တိုးမြင့်လာခဲ့သည်။ သူသည် ငါ၏နှုတ်ကပတ်တော်များအား စားသောက်ခြင်းကိုသာ အာရုံစိုက် ခဲ့ရုံမျှမကသည့်အပြင် ငါ၏အလိုကို နားလည်ခြင်းကိုပါ အာရုံစိုက်ခဲ့ပြီး၊ သူ၏ စိတ်နှလုံးထဲတွင် ယခင်ထက်ပို၍ နိုးကြားခဲ့ပေသည်။ အကျိုးဆက်အနေဖြင့် သူသည် သူ၏စိတ်ဓာတ်၌ အမြဲတစေ အသိတရားရှိပြီး၊ သူလုပ်သမျှတွင် ငါ၏စိတ်တော်နှင့် တွေ့စေခဲ့သည်။ သူသည် ကျရှုံးမှု၌ ပိတ်မိလာခြင်းကို လွန်စွာကြောက်ရွံ့လျက်၊ သူ့ကိုယ်သူ အားပေးရန် အတိတ်မှ လူများ၏ ရှုံးနိမ့်မှုများကို မပြတ် အာရုံစိုက်ခြင်းအား ထိန်းသိမ်းခဲ့သည်။ ထို့ကြောင့် ခေတ်ကာလများ တစ်လျှောက်တွင် ဘုရားသခင်ကို ချစ်ခဲ့ကြသောလူများအားလုံး၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို စိတ်ထဲစွဲမှတ်ခြင်းကိုလည်း သူ အာရုံစိုက်ထားခဲ့သည်။ ဤနည်းဖြင့်- အပျက်သဘောဆောင်သည့် လက္ခဏာသွင်ပြင်များတွင်သာ မဟုတ်ဘဲ၊ သာ၍ များစွာ အရေးကြီးစွာပင် အပြုသဘောဆောင်သော လက္ခဏာသွင်ပြင်များ၌ပါ- ပေတရုသည် ငါ၏မျက်မှောက်တော်ထဲတွင် ငါ့ကို အသိကျွမ်းဆုံး ဖြစ်လာသည်အထိ သူသည် လျင်မြန်စွာ သာ၍ ကြီးထွားရင့်ကျက်လာပေသည်။ ထို့နောက် ပေတရုသည် သူ့တွင် ရှိသမျှသော အရာအားလုံးကို ငါ၏လက်ထဲသို့ မည်သို့ထည့်ထားနိုင်သည်၊ သူသည် စားခြင်း၊ ဝတ်ဆင်ခြင်း၊ အိပ်စက်ခြင်း၊ သို့မဟုတ် အဘယ်အရပ်တွင် နေထိုင်သည်တို့အပေါ် ဆုံးဖြတ်ချက်များ ချခြင်းကိုပင် သူမည်သို့စွန့်လွှတ်ခဲ့ပြီး၊ ထိုအစား အရာခပ်သိမ်းတွင် ငါ့ကို ဖြည့်ဆည်းခြင်းကို အခြေခံလျက် ငါ၏ ကြွယ်ဝမှုများကို မွေ့လျော်ခံစားခဲ့သည်တို့ကို စိတ်ကူးကြည့်ဖို့ မခက်ခဲပေ။ ငါသည် သူ့ကို မရေမတွက်နိုင်သော စမ်းသပ်မှုများ- အလိုအလျောက်အားဖြင့် သူ့ကိုသေလုမျောပါး ဖြစ်စေခဲ့သည့် စမ်းသပ်မှုများ- ခံစားစေခဲ့သော်လည်း ရာနှင့်ချီသော ထိုစမ်းသပ်မှုများ၏ အလယ်တွင် သူသည် ငါ့အား ယုံကြည်ခြင်းကို တစ်ကြိမ်မျှပင် ပျောက်ဆုံးသွားခြင်း မရှိခဲ့၊ သို့မဟုတ် ငါ့အား စိတ်ပျက်ခဲ့ခြင်း မရှိခဲ့ချေ။ ငါသည် သူ့အား စွန့်ပစ်ခဲ့ပြီးဖြစ်သည်ဟု ပြောခဲ့သည့်အချိန်တွင်ပင်၊ သူသည် စိတ်ပျက်အားလျော့ခြင်း မရှိခဲ့ဘဲ၊ လက်တွေ့ကျသော နည်းလမ်းတစ်ခုနှင့် အတိတ်မှ လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားများနှင့်အညီ ငါ့ကို ဆက်ချစ်ခဲ့သည်။ သူသည် ငါ့ကို ချစ်ခဲ့သော်ငြားလည်း၊ ငါသည် သူ့ကို ချီးကျူးမည် မဟုတ်ကြောင်း၊ အဆုံးတွင် သူ့အား စာတန်၏ လက်ထဲသို့ ပစ်ချလိမ့်မည်ဖြစ်ကြောင်းတို့ကို ငါသူ့အား ပြောခဲ့သည်။ သို့သော် သူ၏ဇာတိခန္ဓာပေါ် ကျရောက်ခဲ့ခြင်း မဟုတ်ဘဲ၊ နှုတ်ကပတ်တော်များ အားဖြင့် စမ်းသပ်မှုသာဖြစ်သည့် ထိုကဲ့သို့သော စမ်းသပ်မှုများ အလယ်တွင် သူသည် ငါ့ထံ ဆုတောင်းဆဲဖြစ်ပြီး၊ “အိုး ဘုရားသခင်၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့အလယ်တွင် အနန္တတန်ခိုးရှင် ဖြစ်သော ကိုယ်တော်၏ လက်တော်ထဲ၌ မရှိသော လူသားတစ်ယောက်တစ်လေ၊ ဖန်ဆင်းခံသတ္တဝါတစ်ကောင်တစ်လေ၊ သို့မဟုတ် အမှုအရာ တစ်ခုတစ်လေ ရှိလေသလော။ ကိုယ်တော်သည် အကျွန်ုပ်အား သနားကရုဏာ ရှိသောအခါ၊ အကျွန်ုပ်၏ စိတ်နှလုံးသည် ကိုယ်တော်၏ သနားကရုဏာဖြင့် ကြီးစွာရွှင်လန်း ဝမ်းမြောက်ပါ၏၊ ကိုယ်တော်သည် အကျွန်ုပ်အား တရားစီရင်သောအခါ၊ အကျွန်ုပ်သည် မထိုက်တန်နိုင်သော်ငြားလည်း၊ ကိုယ်တော်သည် သြဇာအာဏာ၊ ဉာဏ်ပညာတို့နှင့် ပြည့်ဝတော်မူသောကြောင့် ကိုယ်တော့် ဆောင်ရွက်ချက်များ၏ ဉာဏ်မမီနိုင်သောနက်နဲမှုကို သာ၍ကြီးမားသော ခံစားမှုတစ်ခု ရရှိပါ၏။ အကျွန်ုပ်၏ဇာတိခန္ဓာသည် ဆင်းရဲဒုက္ခ ခံစားရသော်ငြားလည်း၊ အကျွန်ုပ်၏ဝိညာဉ်သည် သက်သာရာရပါ၏။ ကိုယ်တော်၏ ဉာဏ်ပညာနှင့် လုပ်ဆောင်ချက်များကို အကျွန်ုပ်သည် မည်သို့လျှင် မချီးမွမ်းဘဲနှင့် နေနိုင်ပါမည်နည်း။ ကိုယ်တော့်ကို သိကျွမ်းလာပြီးနောက်တွင် သေရမည်ဆိုလျှင်ပင်၊ ကျွန်ုပ်သည် အဘယ်သို့များ အလွန်ဝမ်းမြောက်စွာနှင့် ပျော်ရွှင်စွာ မသေဘဲ နေနိုင်မည်နည်း။ အနန္တတန်ခိုးရှင်ကိုယ်တော်၊ အကျွန်ုပ်အား ကိုယ်တော့်ကို တွေ့မြင်ခွင့်ပေးရန် အမှန်တကယ်ပင် အလိုမရှိသလော။ ကိုယ်တော်၏ တရားစီရင်ခြင်းကို လက်ခံရရှိခြင်းငှာ အကျွန်ုပ်သည် အမှန်တကယ်ပင် မထိုက်တန်သလော။ အကျွန်ုပ်၏အထဲတွင် ကိုယ်တော် မမြင်တွေ့လိုသော အရာတစ်စုံတစ်ခု ရှိနေခြင်းများ ဖြစ်နိုင်သလော။” ဟုပြောခဲ့သည်။ ထိုကဲ့သို့သော စမ်းသပ်မှုများ အတောအတွင်းတွင် ပေတရုသည် ငါ၏အလိုကို တိကျမှန်ကန်စွာ နားမလည်နိုင်ခဲ့သော်လည်း၊ သူသည် (လူသားမျိုးနွယ်သည် ငါ၏ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကို မြင်တွေ့စေရန်အလို့ငှာ ငါ၏တရားစီရင်မှုကို သူ ရရှိခဲ့သော်ငြားလည်း၊) ငါ့အားဖြင့် အသုံးပြုခြင်းခံရသည်ကို မြတ်နိုးပြီး ဂုဏ်ယူခဲ့ကြောင်းနှင့် သူသည် ဤစမ်းသပ်မှုများအားဖြင့် စိတ်သောကမရောက်ခဲ့ကြောင်းတို့မှာ သိသာထင်ရှားပေသည်။ ငါ၏ရှေ့မှောက်၌ သူ၏သစ္စာစောင့်သိမှုကြောင့်၊ ပြီးလျှင် သူ့အတွက် ငါ၏ ကောင်းချီးမင်္ဂလာများကြောင့် သူသည် လူသားတို့အတွက် နှစ်ထောင်ပေါင်းများစွာကြာအောင် စံနမူနာတစ်ဦးနှင့် စံပြတစ်ဦး ဖြစ်ခဲ့သည်။ ဤသည်မှာ သင်တို့အတုယူသင့်သောအရာ အတိအကျပင်ဖြစ်သည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ

လူအားလုံးသည် ကွဲပြားခြားနားကြ၏။ ၎င်းတို့၏ ကွဲပြားခြားနားချက်သည် ၎င်းတို့၏အစွမ်းအစနှင့် သမ္မာတရားအပေါ် ၎င်းတို့၏သဘောထား၌ တည်ရှိသည်။ သမ္မာတရားကို ချစ်ပြီး အစွမ်းအစကောင်း ရှိသူများသည် သမ္မာတရား စစ်မှန်မှုထဲသို့ လျင်မြန်စွာ ဝင်ရောက်နိုင်ပြီး အသက်ကို ရရှိနိုင်ကြသည်။ သာမန်အစွမ်းအစ ရှိသူများသည် ခေါင်းမာပြီး ခံစားချက် ကင်းမဲ့ကြသည်။ သမ္မာတရားထဲသို့ ၎င်းတို့၏ ဝင်ရောက်မှုသည် နှေးကွေး၏၊ ထို့ပြင် ၎င်းတို့အသက်တာများရှိ တိုးတက်မှုသည်လည်း နှေးကွေး၏။ ညံ့ဖျင်းသော အစွမ်းအစရှိသူများသည် မသိနားမလည်ကာ ခေါင်းမာပြီး မာနထောင်လွှားကြရုံမျှသာ မဟုတ်ပေ။ ၎င်းတို့၏ မျက်နှာအမူအရာများ၌လည်း ခံစားချက်ကင်းမဲ့ခြင်းနှင့် နုံအခြင်းတို့က သိသာထင်ရှားနေသည်၊ ၎င်းတို့၏ဝိညာဉ်များသည် ခံစားချက် ကင်းမဲ့နေပြီး ၎င်းတို့သည် သမ္မာတရားကို နားလည်ဖို့ နှေးကွေးလေသည်။ ထိုသို့သောလူများသည် သမ္မာတရားကို နားမလည်သည့်အပြင် အယူဝါဒကို ပြောခြင်း၊ ဆောင်ပုဒ်များကို ဟစ်ကြော်ခြင်းနှင့် စည်းမျဉ်းများအတိုင်း လိုက်နာခြင်းတို့မှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်သောကြောင့် ၎င်းတို့၌ အသက်ကင်းမဲ့သည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ပါက သမ္မာတရား စစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ပေ— သမ္မာတရား စစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်သည့်သူများအတွင်းတွင် အသက်ရှိသလော။ (မရှိပါ။) အသက်ကင်းမဲ့သော လူများ၌ အမှုအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့သည် ကျိုးကြောင်းမမြင်ဘဲ ပြုမူကြပြီး မည်သည့်အခါမျှ ရည်မှန်းချက် အောင်မြင်ခြင်း မရှိဘဲ မိမိတို့ကိုယ်မိမိ သနားစဖွယ်နှင့် ကူကယ်ရာမဲ့သူများအဖြစ် ပြသလျက် မည်သည့်အရာကို လုပ်ဆောင်ရမှန်း အစဉ် မသိကြချေ။ ၎င်းတို့၌ အမှုအရာများဖြစ်ပျက်သည့်အခါ မည်သည့်အရာကို လုပ်ဆောင်ရမည်မှန်း ၎င်းတို့မသိကြောင်း လူများက ပြောသည်ကို နှစ်ကာလများတစ်လျှောက် ငါအမြဲ ကြားခဲ့ရသည်။ ၎င်းတို့သည် ဒေသနာများစွာကို နားထောင်ပြီးသည့်နောက် မည်သို့များ ထိုသို့ဖြစ်နေသေးသနည်း။ ၎င်းတို့ကို တစ်ချက်ကြည့်ရုံမျှဖြင့် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ရမည်မှန်း မသိကြသည်မှာ သိသာနေသည်။ ၎င်းတို့၏ မျက်နှာအမူအရာများတွင် ခံစားချက် ကင်းမဲ့ခြင်းနှင့် နုံအခြင်းတို့က သိသာထင်ရှားနေ၏။ လူအချို့က “ကျွန်ုပ်သည် အဘယ့်ကြောင့် ခံစားချက်ကင်းမဲ့ရမည်နည်း။ ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသည့်အရာများကို ကျွန်ုပ်သည် အတော်အတန် သိမြင်ခံစားတတ်သည်။ ဆော့ဖ်ဝဲများ၊ လက်ကိုင်ဖုန်းများနှင့် အီလက်ထရွန်နစ် ပစ္စည်းများအား မည်သို့အသုံးပြုရမည်ကို ကျွန်ုပ်သိသည်၊ သင်တို့ကမူ မသိကြ။ သင်တို့၏ အစွမ်းအစသည် မည်သို့လျှင် အလွန်ညံ့ဖျင်းရသနည်း” ဟု ပြောကြသည်။ သို့ရာတွင် ၎င်းတို့၏ ဉာဏ်ကောင်းခြင်း အနည်းငယ်သည် ကျွမ်းကျင်မှုတစ်ခုမျှသာ ဖြစ်သည်— ယင်းကို အစွမ်းအစအဖြစ် ထည့်တွက်၍မရပေ။ ၎င်းတို့သည် ဒေသနာတစ်ခုကို ကြားသည့်အခါ၊ သို့မဟုတ် သမ္မာတရားနှင့်သက်ဆိုင်သည့်အရာ တစ်စုံတစ်ခု ၎င်းတို့၌ ဖြစ်ပျက်သည့်အခါ ဤလူများသည် ဖော်ထုတ်ခြင်းခံကြရသည်။ ၎င်းတို့၏ဝိညာဉ်များတွင် ၎င်းတို့သည် အင်မတန် ခံစားချက်ကင်းမဲ့ကြသည်။ ၎င်းတို့သည် မည်မျှ ခံစားချက် ကင်းမဲ့သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ချီ၍ ယုံကြည်လာပြီး ဖြစ်သော်လည်း ကယ်တင်ခြင်းခံရလိမ့်မည် ဟုတ်မဟုတ်ကို သိမြင်နိုင်စွမ်း မရှိသေးသကဲ့သို့ ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်သည်ကိုလည်း မရှင်းလင်းကြသေးပေ။ ၎င်းတို့၏အစွမ်းအစနှင့် ပတ်သက်၍ မည်သို့သဘောရသနည်းဟု ၎င်းတို့ကို သင်မေးပါက ၎င်းတို့သည် အစွမ်းအစကောင်းရှိသူတစ်ဦး၏ အဆင့်အောက် အနည်းငယ်လျော့သော်လည်း သာမန်အစွမ်းအစရှိသည့်လူများထက်မူ များစွာသာသည်ဟု ပြောကြလိမ့်မည်။ ယင်းမှာ ၎င်းတို့၏အစွမ်းအစ မည်မျှညံ့ဖျင်းပုံ ဖြစ်လေသည်။ ဤသည်မှာ အနည်းငယ် ပေါကြောင်ကြောင်နိုင်သည် မဟုတ်လော။ မည်သည့်အရာ ဖြစ်ပါစေ ယင်း၌ သမ္မာတရား၊ သို့မဟုတ် အခြေခံသဘောတရား ပါဝင်ပါက ၎င်းတို့ကြားသည့် မည်သည့်အရာကိုမျှ ၎င်းတို့နားမလည်ကြပေ၊ ညံ့ဖျင်းသော အစွမ်းအစဆိုသည်မှာ ဤအရာပင် ဖြစ်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

သမ္မာတရား၏ ရှုထောင့်တစ်ခုကို နားလည်ခြင်းဖြစ်စေ၊ အသက်မွေးဝမ်းကြောင်းတစ်ခုကို သင်ယူခြင်းဖြစ်စေ အစွမ်းအစကောင်းရှိသည့် လူများသည် ၎င်းတို့ လုပ်သမျှ အရာအားလုံးတွင်၊ ၎င်းတို့ပါဝင်သမျှ အလုပ်တိုင်းတွင် မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်ပြီး မှန်ကန်သည့် စံနှုန်းများနှင့် အခြေခံသဘောတရားများကို ချမှတ်ဖို့အလို့ငှာ အတွင်းရှိ အခြေခံသဘောတရားကို နားလည်သဘောပေါက်နိုင်သည်၊ အမှုအရာများ၏ အရင်းအမြစ်ကို နားလည်နိုင်သည်၊ ပြီးလျှင် စစ်မှန်မှုနှင့် အနှစ်သာရကို ဖော်ထုတ်နိုင်သည်။ အစွမ်းအစကောင်းဆိုသည်မှာ ဤအရာပင် ဖြစ်သည်။ အစွမ်းအစကောင်း ရှိသည့်လူများသည် ဘုရားသခင့်အိမ်တော်၏ အမှုအမျိုးမျိုးအပေါ်တွင် နောက်ဆုံးစစ်ဆေးမှုများ လုပ်ဆောင်နိုင်သည်။ သာမန်အစွမ်းအစ ရှိသူများ၊ သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစ ရှိသူများသည် ထိုသို့သော အလုပ်ကို လုပ်နိုင်စွမ်း မရှိကြပေ။ ဤသည်မှာ ဘုရားသခင်၏အိမ်တော်က လူအချို့ကို မျက်နှာသာပေးခြင်း၊ သို့မဟုတ် လူအချို့ကို အထင်သေးခြင်း အခြေအနေတစ်ခု မည်သည့်နည်းနှင့်မျှ မဟုတ်ပေ— လူများစွာတို့သည် ၎င်းတို့၏အစွမ်းအစကြောင့် ဤအမှုကို လုပ်နိုင်စွမ်း မရှိကြခြင်းသာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် နောက်ဆုံးစစ်ဆေးမှုကို မလုပ်နိုင်ရသည့် အကြောင်းအရင်း၏ အရင်းခံမှာ ၎င်းတို့သည် သမ္မာတရားကို နားမလည်သောကြောင့် ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့နားမလည်သည့် အကြောင်းအရင်းမှာ ၎င်းတို့၏ အစွမ်းအစသည် အလွန်သာမန်ဖြစ်လွန်းသောကြောင့်၊ သို့မဟုတ် ညံ့ပင်ညံ့ဖျင်းနေသောကြောင့် ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ ဉာဏ်မမီနိုင်ကြ၊ ၎င်းတို့သည် သမ္မာတရားကို ကြားသည့်အခါ နားမလည်နိုင်ကြပေ။ လူအချို့က အလေးဂရုပြု၍ နားမထောင်သောကြောင့် သမ္မာတရားကို နားမလည်နိုင်ကြခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် ၎င်းတို့သည် ငယ်ရွယ်ပြီး ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်မှု၌ အမြစ်မတွယ်ရသေးသည့်အပြင် ၎င်းတို့အတွက် ယင်းက အထူးစိတ်ဝင်စားဖွယ် မကောင်းသောကြောင့် ဖြစ်နိုင်သည်။ သို့သော် ဤအရာများက အဓိက အကြောင်းအရင်း မဟုတ်ပေ။ အဓိကအကြောင်းရင်းမှာ ၎င်းတို့၏အစွမ်းအစသည် တတ်နိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ နိမ့်ကျသော အစွမ်းအစရှိသည့် လူများသည် ၎င်းတို့၏တာဝန်က မည်သည့်အရာ ဖြစ်ပါစေ၊ သို့မဟုတ် ၎င်းတို့သည် မည်မျှကြာအောင် အလုပ်လုပ်နေခဲ့ပါစေ၊ သင်သည် ၎င်းတို့ကို မည်သို့ကြိုးစားပြီး သင်ကြားပေးပါစေ၊ ဒေသနာမည်မျှကို ၎င်းတို့ကြားနာရသည်ဖြစ်စေ ၎င်းတို့သည် နားမလည်နိုင်ကြသေး၊ ၎င်းတို့၏အလုပ်ကို အချိန်ဆွဲကာ အမှုအရာများကို လုံးလုံး ရှုပ်ထွေးစေပြီး မည်သည့်အရာမျှ မဖြစ်မြောက်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

အစွမ်းအစကောင်းနှင့် ညံ့ဖျင်းသော အစွမ်းအစတို့သည် မည်သည့်အရာဖြစ်သည်ကို နားလည်သဘောပေါက်ခြင်းနှင့် မိမိ၏ ကိုယ်ပိုင်အစွမ်းအစ၊ သဘာဝ အဖြစ်အနေတို့အကြောင်း ရှင်းလင်းသိမြင်ခြင်းတို့အားလုံးသည် မိမိကိုယ်ကို သိကျွမ်းခြင်းအတွက် အကျိုးရှိလေသည်။ လူများက ၎င်းတို့ရပ်တည်သည့်နေရာကို သိသည့်အခါ အမှားများ ပြုကြခြင်း နည်းသွားလိမ့်မည်။ လူများသည် မိမိတို့ကိုယ်ကို နားလည်သိကျွမ်းသည့်အခါ မာနထောင်လွှားတော့မည် မဟုတ်ဘဲ ၎င်းတို့၏အပြုအမူသည် သာ၍ တာဝန်သိပြီး ဝတ္တရား ကျေပွန်လိမ့်မည်။ မိမိကိုယ်ကို မသိခြင်းသည် ပြဿနာများစွာကို ဖြစ်စေနိုင်၏။ သာမန်အစွမ်းအစသာ ရှိသော်လည်း မိမိတို့ကိုယ်မိမိ အစွမ်းအစမြင့်မားသည်ဟု တွေးထင်နေကြသော လူအချို့ရှိသည်။ ၎င်းတို့၌ ခေါင်းဆောင်မှုအတွက် အထုံပါရမီရှိသည်ဟု ယုံကြည်ကြသည်။ အတွင်း၌ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့၊ အဖွဲ့ကို ကြီးကြပ်ကွပ်ကဲဖို့ စိတ်အားထက်သန်စွာ စောင့်နေကြသော်လည်း မည်သူကမျှ ၎င်းတို့ကို မရွေးချယ်ဖူးပေ။ ဤသည်က ၎င်းတို့ကို စိတ်အနှောင့်အယှက်မပေးသလော။ လူများက ထိုသို့သော အရာများအားဖြင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး နေမထိထိုင်မသာ ဖြစ်သည့်အခါ ၎င်းတို့၏တာဝန်ကို ကောင်းစွာ မထမ်းဆောင်ဘဲ ဘုရားသခင်စက်ဆုပ်ရွံရှာသည့် အသိတရားမဲ့သော အရာများ၊ အရှက်ရစေသည့် မိုက်မဲသောအရာများကို လုပ်တတ်ကြသည်။ ထိုသို့ဖြစ်သဖြင့် ၎င်းတို့သည် ရှေးဦးစွာ မိမိတို့ကိုယ်ကို သိခြင်းအားဖြင့် ဖောက်ပြန်ပျက်စီးသည့် ၎င်းတို့ စိတ်သဘောထားများ၏ ဤအခြေခံကျသည့် ထုတ်ဖော်ချက်များကို ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်သည်။ ယင်းတွင် မာနထောင်လွှားခြင်း၊ အသိတရားမဲ့ခြင်း၊ ၎င်းတို့၏အစွမ်းအစက ကောင်းမွန်ကြောင်း၊ ၎င်းတို့သည် အခြားသူများထက် သာလွန်ကြောင်း၊ အခြားသူများကို ၎င်းတို့က လမ်းညွှန်သင့်ကြောင်း စသည်တို့ကို အစဉ်တွေးနေခြင်းတို့ ပါဝင်သည်။ ဤပြဿနာများကို ဖြေရှင်းပြီးသည့်အခါ သင်သည် မဖောက်မပြန်ဘဲ သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်လိမ့်မည်၊ သင်၏အပြုအမူ၌ သာ၍ သင့်တင့်လျောက်ပတ်ခြင်း ရှိလိမ့်မည်၊ ပြီးလျှင် အပြင်ပန်း ရန်လိုခြင်း၊ စိတ်ကြီးဝင်ခြင်း၊ မောက်မာခြင်းနှင့် မိမိကိုယ်ကို ထူးကဲသည်ဟု တွေးထင်ခြင်းကဲ့သို့သော အတွေးများနှင့် အပြုအမူများသည် သင့်ကို ဒုက္ခပေးလိမ့်မည် မဟုတ်ဘဲ သင်သည် သာ၍များစွာ ရင့်ကျက်လာပြီးဖြစ်လိမ့်မည်။ ယုတ်စွအဆုံးအနေဖြင့် သင်၌ သန့်ရှင်းသူတစ်ဦး၏ သိက္ခာရှိ၊ တည်ကြည်သည့် ဟန်ပန်ရှိလိမ့်မည်ဖြစ်ပြီး ယင်းမှာ ဘုရားသခင် ရှေ့မှောက်သို့ သင်လာရောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

အရှေ့သို့- ၁၀၀) လူတစ်ဦးက သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ခြင်း ရှိမရှိဆိုသည်ကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၀၂) လူတစ်ဦးက ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်ခြင်းရှိမရှိ ဆိုသည်ကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်