၁၀၂) လူတစ်ဦးက ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်ခြင်းရှိမရှိ ဆိုသည်ကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ပထမဦးစွာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် ထိုနှုတ်ကပတ်တော်များနှင့် သက်ဆိုင်သည့် လူတစ်ဦး၏ သိနားလည်ခြင်းသည် စင်ကြယ်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့အနေဖြင့် မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အခြေအနေကို ပေါင်းစပ်နိုင်ပြီး ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြထားသည့် အရာနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။

(၂) လူတစ်ဦးက သမ္မာတရားကို ရှာဖွေနိုင်ပြီး ယင်းကို စကားနှင့် လုပ်ဆောင်ချက်တို့ဖြင့် လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိ သို့မဟုတ် ၎င်းတို့သည် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအတိုင်း ဆောင်ရွက်ခြင်း ရှိမရှိ သို့မဟုတ် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်း ရှိမရှိ ဆိုသည်တို့ကို ကြည့်လော့။

(၃) လူတစ်ဦးက လူအမျိုးအစား အသီးသီးကို ခွဲခြားနိုင်ခြင်း ရှိမရှိ၊ ၎င်းတို့အနေဖြင့် လူတစ်ဦးချင်းစီကို အခြေခံသဘောတရားများနှင့်အညီ ဆက်ဆံနိုင်ခြင်း ရှိမရှိ၊ တရားဒေသနာများနှင့် မိတ်သဟာယတို့ကို ပုံမှန် နားထောင်ရာတွင် သမ္မာတရားကို ၎င်းတို့ နားလည်နိုင်ပြီး လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု ရှိနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။

(၄) လူတစ်ဦး၏ မိမိကိုယ်ကိုယ် သှိကျွမ်းခြင်းအား ပြောဆိုခြင်းသည် လက်တွေ့ကျခြင်း ရှိမရှိ၊ ၎င်းတို့အနေဖြင့် အမှန်တကယ် နောင်တရပြီးခြင်း ရှိမရှိဆိုသည်နှင့် အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များ၊ အသက်တာနှင့် ၎င်းတို့၏ စံနှုန်းများအပေါ် ၎င်းတို့၏ သဘာထားသည် စစ်မှန်သော ပြောင်းလဲခြင်း ကြုံရပြီးခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်လော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သင်က ဝိညာဉ်ရေးရာ ကိစ္စရပ်များအား နားလည်ခြင်းရှိမရှိသည် သမ္မာတရားကို သင် နားလည်ဖို့ မည်မျှကြာမြင့်သည်ဆိုသည်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်နိုင်ခြင်းရှိမရှိနှင့် သက်ဆိုင်သည်။ ယင်းကို ကြားပြီးနောက်တွင် သင်သည် ယင်းကိုနားလည်သည်ဟု ခံစားရသော်လည်း၊ ပြဿနာတစ်ခုကြုံရသည့်အခါ သင်သည် နားမလည်သေးကြောင်း သိလာရလျှင် သင်သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ပေ။ ထိုအချိန်တွင် လူတစ်ယောက်က ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ပြီးဖြစ်သည်ဟု ခံစားရသော်လည်း အပြည့်အဝ နားမလည်ဘဲ အချိန်တစ်ခုလောက်အထိ ကြုံတွေ့ရပြီးနောက် ရှင်းလင်းသွားသည်၊ ဤ သမ္မာတရားရှုထောင့်ကို နားလည်သွားသည်ဆိုလျှင်၊ ထိုသူတွင် ဝိညာဉ်ရေးရာ နားလည်မှုရှိသည်။ စကားလုံးနှင့်စကားစုများ မည်မျှ နားလည်သည်ဆိုသည်နှင့် လုံးဝ သက်ဆိုင်မှု မရှိပေ။ ဤသည်မှာ လူတို့၏ အရည်အချင်းနှင့် သက်ဆိုင်ပြီး ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်း၊ ၎င်းတို့၏ အားထုတ်မှုတို့နှင့်လည်း သက်ဆိုင်သည်။ ကောင်းမွန်သော အရည်အချင်းရှိသည့် အန္တိခရစ်အချို့ ရှိသည်။ သူတို့ကို သင် တရားဟောပြီးနောက်တွင် သင်ပြောခဲ့သည့်အရာကို သူတို့ ပြန်လည်ပြောပြနိုင်ပြီး ထိုအရာထံမှ ကောက်ချက်ပင် ချနိုင်ကြသည်။ ထို့ကြောင့် တခြားလူများက သူတို့ စကားပြောသည်ကို ကြားပြီးနောက်တွင် သင် ဟောပြောသည့် တရားဒေသနာထက် ပို၍ရှင်းလင်းစွာ စဉ်းစားကြသည်။ သို့ရာတွင် ဤ အန္တိခရစ်တို့၌ တစ်စုံတစ်ခု ဖြစ်ပေါ်လာလျှင် ၎င်းတို့၏ လုပ်ရပ်များသည် ၎င်းတို့ နားလည်ခဲ့သည့် အယူဝါဒများနှင့် ကွဲလွဲနေပြီး ၎င်းတို့ နားလည်သည့်အရာကို အသုံးမချနိုင်ကြပေ။ ၎င်းတို့ ဟောပြောသော တရားဒေသနာများက ဤ သမ္မာတရား ရှုထောင့်ကို ၎င်းတို့နားလည်သည်ဆိုသည့် ပုံစံပေါ်စေသောကြောင့် ၎င်းတို့သည် မည်သည့်အရာကို ပြုလုပ်ရမည်ကို သိသင့်ပြီး ၎င်းတို့တွင် တစ်စုံတစ်ခုဖြစ်ပေါ်လျှင် အခြေခံသဘောတရားများကို နားလည်နိုင်သင့်သည်။ သို့သော် ၎င်းတို့ကို တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ၊ ၎င်းတို့သည် တလွဲပြောဆိုပြီး အခြား သီအိုရီအချို့ကို ထောက်ခံတတ်ကြသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရား၏ ဤရှုထောင့်ကို နားမလည်ဘဲ ၎င်းတို့ တရားဟောပြောနေသည့် အရာသည် ၎င်းတို့အတွက် အယူဝါဒ၊ သီအိုရီအမျိုးအစားတစ်ခု သက်သက်ဖြစ်ပြီး သမ္မာတရားကို ၎င်းတို့ နားမလည်ဆိုသည်ကို သက်သေပြသည်။ ၎င်းတို့က အယူဝါဒကို တရားဟောပြောသည်ကို သင်နားထောင်သည့်အခါတွင် ၎င်းတို့သည် ကောင်းကောင်းနားလည်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်မှုမရှိပေ။ သမ္မာတရားကို ၎င်းတို့ နားမလည်ကြသလို သမ္မာတရားကို အားထုတ်ခြင်းလည်းမရှိကြပေ။ အားထုတ်လိုက်စားရန် စေခိုင်းခံရသောအခါ ၎င်းတို့သည် မည်သို့အားထုတ်လိုက်စားရမည်ဆိုသည့်အရာအတွက် လမ်းကြောင်းမရှိ- နားမလည်ကြပေ။ ဥပမာ ၎င်းတို့သည် အခက်အခဲကို ကြုံရသောအခါတွင် အပျက်သဘောဆောင်လာကြပြီး၊ ၎င်းတို့ကို သင် မိတ်သဟာယပြုသည့်အခါ၊ ၎င်းတို့က “ငါနှင့် မိတ်သဟာယမပြုနှင့်။ အရာရာတိုင်းကို ငါနားလည်သည်” ဟု ဆိုကြသည်။ အမှန်တွင်မူ ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့သည် အမှန်တကယ် နားလည်လျှင်၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်လျှင်ပင် ၎င်းတို့သည် အနည်းဆုံး အလွန်အပျက်သဘောဆောင်မည်မဟုတ်သကဲ့သို့ အဓိပ္ပာယ်မရှိဖြစ်မည် မဟုတ်ပေ။ ဤအဓိပ္ပာယ်မရှိ၊ ဖြစ်နိုင်ချေမရှိသောအရာများ ၎င်းတို့ပြောသည်ကို သင်ကြားရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ မည်သည့်အရာကိုမျှ နားမလည်သည်ကို သင်သိရသည်။ ၎င်းတို့၏ အယူအဆများနှင့် ကွဲလွဲသည့်အရာတစ်ခုကို ကြုံရသည့်အပေါ်တွင် ဘုရားသခင်နှင့်ပတ်သက်ပြီး ညည်းညူသည့်သူများ၊ ဘုရားသခင်အား ကျိုးကြောင်းပြပြောဆိုရန်ကြိုးစားသည့်သူများ၊ အဓိပ္ပာယ်ကောက်လွဲသူများနှင့် အယူအဆများကို ဖြန့်ဝေသောသူများရှိကြသည်။ ၎င်းတို့ ဖြန့်ဝေနေသည့်အရာကို သင်ကြားရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ပြောနေသည့်အရာ၊ ၎င်းတို့၏စိတ်နှလုံး၌ ရှိသည့်အရာကို သင်သိမြင်ရသည့်အခါ၊ ၎င်းတို့သည် သမ္မာတရားအား နားလည်ခြင်းမရှိသည်ကို သင်သိရသည်။ ဝိညာဉ်ရေးဆိုင်ရာအမှုအရာများကို လူတို့ မည်မျှအတိုင်းအတာအထိနားလည်သည်ဖြစ်စေ၊ ၎င်းတို့သည် အထူးသဖြင့် ဆိုးယုတ်သော အန္တိခရစ်များ၊ သို့မဟုတ် လူ့သဘာဝကင်းမဲ့သောသူများ၊ သို့မဟုတ် အသိတရားနှင့် အသိစိတ်ကင်းမဲ့သူများမဟုတ်သရွေ့ ၎င်းတို့သည် သမ္မာတရားအနည်းငယ်ကို နားလည်သော သာမန်လူများဖြစ်ကြပါက၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအနည်းငယ် ရှိလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ထံ တစ်စုံတစ်ခုဖြစ်ပျက်သည့်အခါ ၎င်းတို့သည် အားနည်းပြီး အပျက်သဘောဆောင်လျှင်ပင် ၎င်းတို့သည် အဓိပ္ပာယ်မရှိသောအရာများနှင့် မှားယွင်းသောအယူတို့ကို ဖြန့်ဝေဖို့ ဖြစ်နိုင်ခြေမရှိပေ။ ယခုအခါ တစ်စုံတစ်ယောက်သည် ဝိညာဉ်ရေးရာ အမှုအရာများကို နားလည်ခြင်းရှိမရှိ သင်ပိုင်းခြားသိမြင်သည့်အခါ လူအများစုက သမ္မာတရားကို နားမလည်ကြကြောင်း ဖော်ထုတ်ခံရသည်။ ဝိညာဉ်ရေးရာအမှုအရာများကို လုံးဝနားမလည်ဟု ဖော်ထုတ်ခံရသည့်ရလဒ်နှင့်အတူ- ဘုရားသခင်ကို လူတို့ယုံကြည်သည်မှာ ကြာလေလေ၊ တရားဟောခြင်း၌ ပို၍ကျွမ်းကျင်လေလေဖြစ်ပြီး၊ ၎င်းတို့တွင် အရင်းအနှီးရှိသည်ဟု ခံစားရလေလေဖြစ်သည့် အခြေအနေကြောင့်- ပုံမှန်အားဖြင့်၊ ၎င်းတို့သည် စကားများ၊ စကားစုများကို ဟောကြားရာတွင် ပြဿနာမရှိပေ။

ဝိညာဉ်ရေးရာအမှုအရာများကို နားမလည်ခြင်းသည် အထူးသဖြင့် မည်သည့်အရာကို ညွှန်းဆိုသနည်း။ အတိုချုပ်အားဖြင့် ဝိညာဉ်ရေးရာအမှုအရာများကို နားမလည်ခြင်းသည် သမ္မာတရားကို နားမလည်ခြင်းဖြစ်သည်။ အချို့လူတို့သည် မှန်ကန်သောအရာအားလုံးကို မည်သို့ပြောဆိုရမည်ကို သိပြီး ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်ခြင်းတွင် ကြီးမားသောအားမာန်နှင့် ယုံကြည်ခံယူချက်ရှိသည်ဟု ထင်ရသည်- ၎င်းတို့သည် ဝိညာဉ်ရေးအမှုအရာများကို မည်သို့နားမလည်နိုင်မည်နည်း။ ၎င်းတို့သည် အလွန်ကောင်းသောအားမာန်နှင့် အစဉ်စကားပြောပြီး အစဉ်သဖြင့် အလွန်စိတ်ထက်သန်ကြသည်ကို သင်တွေ့မြင်ရသည်။ ၎င်းတို့ အပျက်သဘောဆောင်သည်မှာ ဖြစ်ခဲလှပြီး အလွယ်တကူ ဆင်းရဲဒုက္ခခံနိုင်ကာ အဖိုးအခပေးဆပ်နိုင်သည်။ သို့တိုင်အောင် သမ္မာတရားကို ၎င်းတို့နားမလည်ကြပေ။ ယုံကြည်သူဖြစ်သည်မှာ မည်မျှကြာပြီဖြစ်စေ၊ သမ္မာတရားကို လုံးဝနားမလည်သော သူတို့သည် ဝိညာဉ်ရေးအမှုအရာများကို နားမလည်ကြပေ။ ဝိညာဉ်ရေးအမှုအရာများကို နားလည်သူတို့အတွက် ၎င်းတို့၏ လုပ်ရပ်များအဖို့ အခြေခံသဘောတရားများရှိကြသည်။ ဤသည်မှာ အသိတရားအားဖြင့် အသိအမြင်ရရှိသည်ဖြစ်စေ၊ သမ္မာတရားအား ၎င်းတို့နားလည်ခြင်းအားဖြင့် အသိအမြင်ရရှိသည်ဖြစ်စေ ၎င်းတို့ကြုံတွေ့ရသည့်အရာရာတိုင်းကို ၎င်းတို့ကိုင်တွယ်သည့်နည်းလမ်းအဖို့ အခြေခံသဘောတရားရှိသည်။ ၎င်းတို့သည် ကြောင်းကျိုးမမြင်ဘဲ ဆောင်ရွက်ရင်း၊ မည်သည့်အမှုအရာကိုမျှမသိသည် မဟုတ်ပေ။ ယင်းမှာ ရှင်းလင်းသည့် အချက်ဖြစ်သည်။ ဤတွင် ဝိညာဉ်ရေးအမှုအရာများကို နားမလည်သောသူများနှင့် ပတ်သက်လာသည့်အခါ၊ လူအချို့အတွက် ၎င်းတို့၏ ဆောင်ရွက်မှုများသည် အတွေ့အကြုံများအားဖြင့် အသိအမြင်ကိုရသည်။ အချို့အတွက် ၎င်းတို့၏ ကိုယ်ပိုင်ပါရမီများအားဖြင့် အသိအမြင်ရရှိသည်။ အချို့အတွက် ၎င်းတို့၏ ကျွမ်းကျင်မှုအားဖြင့် အသိအမြင်ရရှိသည်။ အချို့အတွက် ကျွမ်းကျင်မှု၊ သီအိုရီ၊ ၎င်းတို့ နှစ်ပေါင်းများစွာ နားထောင်လျက်ရှိသော ဓမ္မပညာအားဖြင့် အသိအမြင်ရရှိပြီး၊ အချို့အတွက် အသိတရား၊ စိတ်ထက်သန်မှု၊ သဘာဝအလျောက် ကြင်နာမှုတို့အားဖြင့် အသိအမြင်ရရှိသည်။ လူတို့သည် ဝိညာဉ်ရေးရာအမှုအရာများကို မည်သည့်နယ်ပယ်တွင် နားလည်သည်ဖြစ်စေ ထိုနယ်ပယ်သည် ၎င်းတို့၏လုပ်ဆောင်မှုများက ကိုယ်ကျင့်တရားနှင့်ညီသော နယ်ပယ်ဖြစ်သည်ဆိုသည်မှာ မည်သည့်အရာကို သက်သေပြသနည်း။ ယင်းကသမ္မာတရားအား လူတို့ မည်သည့်နယ်ပယ်တွင် နားလည်သည်ဖြစ်စေ၊ ထိုနယ်ပယ်သည် ၎င်းတို့၏လုပ်ဆောင်မှုများ ကိုယ်ကျင့်တရားနှင့်ညီသည့် နယ်ပယ်ဖြစ်သည်ကို သက်သေပြသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား နားလည်သူတို့သာလျှင် ဝိညာဉ်ရေးရာကိစ္စရပ်များအား နားလည်ကြသည်” မှ

ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်သည့်လူများနှင့် နားမလည်သည့်လူများ၏ ဖော်ပြချက်များမှာ အဘယ်နည်း။ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည့်သူများသည် သမ္မာတရား၊ သို့မဟုတ် အခြေအနေများ၏ အဓိပ္ပာယ်၊ ဘုရားသခင်ပြောသည့်အရာ၏ နောက်ခံအကြောင်းများနှင့် ရည်ညွှန်းချက်များနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ လုံးလုံး မသိကြပေ။ ယင်းတို့ကို ၎င်းတို့သဘောမပေါက်နိုင်ကြသကဲ့သို့ ၎င်းတို့သည် ယင်းတို့နှင့် မိမိတို့ကိုယ်ကို မနှိုင်းယှဉ် မစစ်ဆေးနိုင်ကြပေ။ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်သူများကမူ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ ဥပမာအားဖြင့် လူတို့၏မာကျောမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ မိုက်မဲမှု၊ ဘုရားသခင်အပေါ် ၎င်းတို့၏ရန်မူမှုနှင့် ခုခံမှု၊ ပြီးလျှင် သူ့ကို ၎င်းတို့၏ အထင်လွဲမှုတို့ ပါဝင်သည့်အရာတစ်ခုဖြစ်သော လူများ၏ မနာခံခြင်း အကြောင်းအရာကို ငါမိတ်သဟာယပြုသည့်အခါ၊ ထို့ပြင် ဤအကြောင်းအရာ ပါဝင်သည့် အခြေအနေများ အားလုံးကို နမူနာများမှတစ်ဆင့်ဖြစ်စေ၊ သမ္မာတရား၏ ရှုထောင့်တစ်ခုကို ပြောခြင်းအားဖြင့်ဖြစ်စေ၊ သင်၏စိတ်နှလုံးထဲရှိ အခြေအနေ အတိအကျဖြစ်သည့် အခြေအနေတစ်ခုကို ထောက်ပြခြင်းအားဖြင့် ဖြစ်စေ၊ ဆက်နွှယ်နေသည့် အခြေခံသဘောတရားများအတွင်း အကြောင်းအရာများအကြောင်း ပြောဆိုခြင်းသက်သက်ဖြင့် ဖြစ်ကောင်းဖြစ်ပါစေ ငါပြောသည့်အခါ သင်နားလည်သည်၊ ပြီးလျှင် ပုံရိပ်အချို့သည် သင့်စိတ်နှင့် အတွေးများတွင် တစ်စတစ်စ ပေါ်လွင်လာပြီး သင်က “လက်စသတ်တော့ ထိုတစ်ချိန်က ကျွန်ုပ်၏ အခြေအနေသည် မနာခံခြင်း အခြေအနေတစ်ခု ဖြစ်နေခဲ့သည်တကား” ဟု ပြောလာသည်။ သို့မဟုတ် စကားပြောခြင်းက ဘုရားသခင်ကို အထင်လွဲခြင်းသို့ ပြောင်းသွားသည့်အခါ သင်ထုတ်ဖော်ထားသည့် အခြေအနေများနှင့် ဖော်ပြချက်များကို သင်ကြည့်ပြီး လူများ၌ ထိုသို့သော အကြံဉာဏ်များ ရှိနေသည်မှာ၊ သို့မဟုတ် သူ့အပေါ် ထိုသို့သော တောင်းဆိုမှုများနှင့် စိတ်ကူးအထင်များ ရှိနေသည်မှာ ဘုရားသခင်ကို အထင်လွဲခြင်းပင် ဖြစ်ကြောင်း နားလည်သဘောပေါက်ပါက သင်သည် မိမိကိုယ်ကို ဤအရာများနှင့် နှိုင်းယှဉ်၍ အစစ်ခံပြီးဖြစ်သည်ဟု ဆိုလိုသည်။ ဘုရားသခင်ကို ရန်လိုမှုနှင့် ခုခံမှုအကြောင်း ငါပြောသည့်အခါ သင်၌ ထိုသို့သော ခံစားချက်များရှိပြီး သင်သည် ထိုသို့သော အခြေအနေတစ်ခုတွင် အသက်ရှင်ပါက၊ သို့မဟုတ် ထိုသို့သော စိတ်သဘောထားတစ်ခုကဖြစ်စေ၊ အနှစ်သာရတစ်ခုကဖြစ်စေ သင့်ထဲ၌ ရှိပါက သင်သည် ဤအရာများကို နှိုင်းယှဉ်စစ်ဆေးနိုင်သည်။ မည်သည့်အရာများကို ထိုသို့ နှိုင်းယှဉ်စစ်ဆေးနိုင်သနည်း။ အကြံဉာဏ်များနှင့် အတွေးအခေါ်များ၊ သို့မဟုတ် သင်ထင်ရှားပြသည့် လုပ်ရပ်များနှင့် အပြုအမူများတို့ကို နေရာမရွေး စစ်ဆေးနိုင်ပေသည်။ ဤသည်က သင်သည် ဘုရားသခင်ပြောသည့်အရာကို နားလည်နိုင်ပြီး ဒေသနာများတွင် ဟောကြားသည့်အရာကို နားလည်နိုင်ကြောင်းနှင့် သင်၏အပြုအမူများနှင့် သင်၏ကိုယ်ပိုင် ထုတ်ဖော်ချက်များ၊ သရုပ်သကန်များ၊ အခြေအနေများနှင့် အဖြစ်အနေများထဲမှ မည်သည့်အရာသည် ဘုရားသခင် ထုတ်ဖော်ထားပြီး ဒေသနာများတွင် ဟောကြားထားသည့် အရာများနှင့် တူညီသည်ကို သိနိုင်ကြောင်း ဆိုလိုသည်။ ဤသည်တို့သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်သဘောပေါက်သည့်သူတစ်ယောက်၏ ဖော်ပြချက်များ ဖြစ်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လိုက်စားခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်” မှ

ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် ၎င်းတို့၏သဘောထားတွင် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည့်သူများသည် ထိုနှုတ်ကပတ်တော်များက မည်သည့်အရာ ပြောသည်ကို မသိကြသကဲ့သို့ ယင်းတို့က မည်သည့်အရာ ရည်ညွှန်းသည်ကိုလည်း မသိကြပေ။ ထိုသို့သော လူများက ဘုရားသခင်ထုတ်ဖော်သည့် အခြေအနေများကို မသိကြသကဲ့သို့ ဤအရာများနှင့် နှိုင်းယှဉ်ပြီး မိမိတို့ကိုယ်ကို မစစ်ဆေးနိုင်ကြပေ။ ၎င်းတို့အားလုံးက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စည်းမျဉ်းများ၊ ကျမ်းဟောင်းတရားများ၊ ဆောင်ပုဒ်များနှင့် အယူဝါဒတို့အဖြစ် သဘောထားကြပြီး “ဘုရားသခင်၏နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်၏” ဟူသည့် စကားရပ်၏ စစ်မှန်သော အဓိပ္ပာယ်ကို မည်သည့်အချိန်တွင်မျှ နားလည်သဘောပေါက်ခြင်း မရှိကြပေ။ ဤသည်မှာ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သူများ၏ ဖော်ပြချက်တစ်ခုဖြစ်သည်။...ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်သူများသည် သမ္မာတရားကို နားလည်နိုင်စွမ်းရှိပြီး မိမိတို့ကိုယ်ကို သမ္မာတရားနှင့် နှိုင်းယှဉ်အကဲဖြတ်နိုင်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ထုတ်ဖော်သည်၊ သူ၏နှုတ်ကပတ်တော်များ၌ မည်သည့်အရာက သမ္မာတရားဖြစ်သည်၊ ပြီးလျှင် သူ၏သတ်မှတ်ချက်များက မည်သည့်အရာ ဖြစ်သည်တို့ကို ၎င်းတို့သိကြသည်။ ဤအရာများကို နားလည်နိုင်ခြင်းက ဝင်ရောက်မှုကို ကြိုးပမ်းရရှိခြင်းနှင့် တူညီသလော။ (မတူညီပါ။) သို့ဆိုလျှင် “နားလည်နိုင်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းက မည်သည်ကို ရည်မှန်းသနည်း။ ဤအရာများနှင့်အညီ မိမိကိုယ်ကို စစ်ဆေးနိုင်သည့်သူ၊ ဘုရားသခင်ထုတ်ဖော်ပြထားသည့်အတိုင်း လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် အမျိုးမျိုးသော အခြေအနေများကို အသိအမှတ်ပြုနိုင်သည့်သူ၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို အတိုင်းအတာတစ်ခုအထိ နားလည်နိုင်သည့်သူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏အလိုတော်တို့၌ ပြောကြားထားသည့် အခြေခံသဘောတရားများကို နားလည်နိုင်သည့်သူ— ဤအရာအားလုံးနှင့်စပ်လျဉ်း၍ ရှင်းလင်းမှုနှင့် နားလည်သဘောပေါက်မှုရှိသည့် ထိုသို့သော လူတစ်ယောက်ကို ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်သည်ဟု ထို့ကြောင့် ဆိုကြသည်။ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်သဘောပေါက်သည့်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရင်း မိမိတို့ကိုယ်ကို ယင်းတို့နှင့် နှိုင်းယှဉ်စစ်ဆေးနိုင်ကြသည်။ သူ၏ ရည်ညွှန်းချက်များအပြင် သူ၏သတ်မှတ်ချက်များက မည်သည့်အရာများ ဖြစ်သည်ကို ၎င်းတို့နားလည်နိုင်ကြသည်။ ထိုသို့သော လူများ၌ သဘောပေါက်လက်ခံနိုင်စွမ်းရှိသကဲ့သို့ သမ္မာတရားကို လက်ခံဖို့ အစွမ်းအစနှင့် လုပ်နိုင်စွမ်းတို့လည်း ရှိကြောင်း ထိုအချက်က ထင်ရှားစေလေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လိုက်စားခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်” မှ

ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည့် လူများ၏ အဓိက ဖော်ပြချက်မှာ စည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာခြင်း ဖြစ်သည်။ မကြာခဏပင် ၎င်းတို့သည် ဝါကျတစ်ကြောင်း၊ သို့မဟုတ် ဖြစ်ရပ်တစ်ခုကို ယူပြီး လိုက်နာဖို့ စည်းမျဉ်းတစ်ခု၊ သို့မဟုတ် နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်ကြသည်။ သို့ဆိုလျှင် ဤလူများသည် သမ္မာတရားကို တစ်ပုံစံတည်း သဘောထားသလော။ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည့်သူများသည် သင်ယနေ့ မိတ်သဟာယပြုခဲ့သည့် သမ္မာတရား၏ သရုပ်သကန်များထဲမှ ရှုထောင့်တစ်ခုကို မှတ်မိကြသည်။ ထိုစကားများနှင့် အပြုအမူများ တစ်ခုမကျန်ကို မပျက်မကွက် အမှတ်ရလျက် လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းများအဖြစ် ၎င်းတို့က သတ်မှတ်လိုက်ကြသည်။ ထို့နောက် နောက်တစ်ကြိမ်တွင် ကွဲပြားခြားနားသည့် အခြေအနေတစ်ခုကို ကြုံတွေ့ရသည့်အခါ မည်သူကမျှ မိတ်သဟာယမပြုပါဘဲနှင့် ၎င်းတို့သည် ယခင် နည်းစနစ်များနှင့် စည်းမျဉ်းများကို လက်လွတ်စပယ် ကျင့်သုံးကြလိမ့်မည် ဖြစ်ပြီး ယင်းတို့ကို လက်တွေ့လုပ်ဆောင်ကြလိမ့်မည်။ ဤသည်မှာ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည့် လူများ၏ ခိုင်လုံသည့် သရုပ်သကန် တစ်ခုဖြစ်သည်။ ထိုသို့သော လူများသည် စည်းမျဉ်းများကို ထိုသို့လိုက်နာနေစဉ် မည်သို့ခံစားရသနည်း။ (ပင်ပန်းပါသည်။) ၎င်းတို့မပင်ပန်းပေ။ ၎င်းတို့ပင်ပန်းလျှင် ရပ်လိုက်ကြမည်ပင်။ ၎င်းတို့က မိမိတို့အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ခံစားကြရသည်။ စည်းမျဉ်းတစ်စုံကို လိုက်နာနေသည်ဟု ၎င်းတို့မခံစားရသကဲ့သို့ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ဟုလည်း ၎င်းတို့ မခံစားကြရပေ။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သေးဟုသော်လည်းကောင်း၊ သမ္မာတရား အခြေခံသဘောတရားများက မည်သည့်အရာ ဖြစ်သည်ကို နားလည်ခြင်း မရှိဟုသော်လည်းကောင်း သာ၍ မခံစားရပေ။ ထိုအစား ၎င်းတို့က သမ္မာတရား၏ လက်တွေ့ကျသည့်ဘက်အပြင် သမ္မာတရား၏ ထိုဘက်နှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများကိုပါ နားလည်ပြီးဖြစ်သည်ဟု ထင်မြင်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု တစ်ချိန်လုံး ယုံကြည်လျက် ဘုရားသခင်၏ အလိုတော်ကို ၎င်းတို့နားလည်ပြီးဖြစ်ကြောင်းနှင့် ၎င်းတို့၏ စည်းမျဉ်းများအတိုင်း ပြုမူပါက ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်ဖြစ်ကြောင်း တွေးထင်ကြသည်။ သမ္မာတရားကို ထိုသို့တရားသေ လက်တွေ့လုပ်ဆောင်မှုတစ်ခုသည် သမ္မာတရားကို လိုက်စားခြင်း၏ ဖော်ပြချက်တစ်ခု အမှန်တကယ် ဖြစ်သလော။ (မဖြစ်ပါ။) ဤသည်မှာ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည့်လူစားမျိုး၊ အစဉ်အလာအားဖြင့် ဘောင်ခတ်ခြင်း ခံရသည့်လူစားမျိုးနှင့် ပျင်းရိသည့်လူစားမျိုး၏ ဖော်ပြချက်တစ်ခု ဖြစ်သည်။ ပြဿနာတစ်ခုကို ကြုံတွေ့ရသည့်အခါ ဤလူစားမျိုးသည် သမ္မာတရားကို မရှာဖွေပေ။ ၎င်းတို့က သမ္မာတရားအကြောင်း မတွေးသကဲ့သို့ သမ္မာတရားကို ဆန်းစစ်ခြင်းလည်း မရှိသည့်အပြင် ယင်းကို အသေးစိတ် လေ့လာစုံစမ်းခြင်းလည်း မရှိပေ။ ထို့အပြင် ၎င်းတို့သည် သမ္မာတရားကို စစ်ဆေးမည်ဆိုလျှင်ပင် ယင်းကို နားလည်နိုင်ဦးမည် မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို အဘယ့်ကြောင့် နားမလည်နိုင်သနည်း။ အရင်းခံအားဖြင့် ၎င်းတို့သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်သဘောပေါက်ခြင်း မရှိသောကြောင့် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လိုက်စားခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်” မှ

ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည့်သူများက သမ္မာတရားကို လိုက်စားပုံလိုက်စားနည်းနှင့်သက်ဆိုင်သည့် အဓိက ဖော်ပြချက်မှာ အဘယ်နည်း။ သမ္မာတရားကို ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်းက စည်းမျဉ်းကို အသေးစိတ် အတိအကျ လိုက်နာခြင်းအဖြစ် ထင်ရှားပေါ်လွင်သည်။ ၎င်းတို့က ယူဝါဒဆိုင်ရာ လူများနှင့် စကားပြောကြပြီး အခြားသူများ၏ နည်းစနစ်များကို တင်းတင်းကျပ်ကျပ် ကျင့်သုံးကြသည်။ သို့ဆိုလျှင် ထိုသို့သော လူများ၏ အဖြစ်အနေသည် အဘယ်နည်း။ မည်သည့်အရာက ၎င်းတို့အား စည်းမျဉ်းများ လိုက်နာခြင်းနှင့် သမ္မာတရား လိုက်စားခြင်းကို ရောထွေးသွားစေသနည်း။ အဘယ်အရာက ဤပြဿနာသို့ ဆိုက်ရောက်စေသနည်း။ အကြောင်းခံ ရှိပေသည်။ ယင်းကို သင်တို့ရှာဖွေနိုင်သလော။ (ထိုသို့သော လူများသည် သဘာဝအားဖြင့် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြပါသည်။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေကြပါ။ ထိုအစား မှန်ကန်သည်ဟု ၎င်းတို့တွေးထင်သည့်အရာကို သမ္မာတရားဖြစ်သည့်အလား မှတ်ယူကြပါသည်။) ယင်းမှာ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည့်သူ အချို့အတွက် မှန်ကန်ပေသည်၊ သို့ရာတွင် အကြောင်းခံကား မဟုတ်ချေ။ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်သဘောပေါက်ခြင်း လုံးဝမရှိဘဲ စည်းမျဉ်းများကို လိုက်နာဖို့ နှစ်သက်သည့် ဤလူများသည် သမ္မာတရားနှင့် ဒေသနာများကို နားထောင်သည့်အခါ အသေအချာ အာရုံစိုက်ပြီး အတော်ပင် ဝီရိယရှိရှိ နားထောင်ကြသည်— ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုများနှင့် သက်ဆိုင်သည့် အရာများကိုဆိုလျှင် အထူးသဖြင့် ထိုသို့ဖြစ်၏။ ဥပမာအားဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မည်သို့ထမ်းဆောင်ရမည်၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကို မည်သို့ကောင်းစွာ လုပ်ဆောင်ရမည်တို့နှင့်သက်ဆိုင်သည့် အကြံဉာဏ်များကို မမှိတ်မသုန် နားထောင်ကြသည်။ အဓိကပြဿနာမှာ ၎င်းတို့သည် ၎င်းတို့ကြားသည့် ဒေသနာများတွင် ပါဝင်သည့် အကြောင်းအရာများကို ၎င်းတို့၏ ကိုယ်ပိုင်အခြေအနေများနှင့် မနှိုင်းယှဉ်ကြနိုင်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် လူသားများ၏ ပုန်ကန်ခြင်းနှင့်ပတ်သက်သည့် ဆွေးနွေးချက်တစ်ခုကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က “ပုန်ကန်ခြင်း ဟုတ်သလော။ ကျွန်ုပ်၌ ပုန်ကန်ခြင်း မရှိပါ။ ယင်းကို ခွင့်မပြုထားသည့်အတွက် ကျွန်ုပ်သည် ဤအခြေအနေမျိုးကို ကြုံရပါက ပါးစပ်သာ ပိတ်နေလိုက်မည်၊ ငြိမ်သက်စွာနေဖို့ ကြိုးစားပြီး အခြေအနေကို သေချာစွာ ဆင်ခြင်စဉ်းစားမည်၊ ပြီးလျှင် ကျွန်ုပ်အနီးအနားမှ လူတိုင်းလုပ်သည့်အရာကို လိုက်လုပ်ဆောင်မည်” ဟု ၎င်းတို့က ပြောကြသည်။ တစ်စုံတစ်ခုကို ကြားပြီးသည့်နောက် ၎င်းတို့က ထိုအရာထဲမှ မိမိတို့၏ ကိုယ်ပိုင် ဆင်ခြင်တွေးခေါ်မှုစနစ်ဆိုင်ရာ ပုံစံများနှင့် လက်တွေ့လုပ်ဆောင်မှု၏ နည်းစနစ်များကို ထုတ်နုတ် ယူကြ၏၊ သို့သော်လည်း စိတ်ထဲတွင် ၎င်းတို့၏ အတွေးများသည် သမ္မာတရားနှင့် စပ်လျဉ်းပါက၊ ဒေသနာများတွင် ဖော်ထုတ်ပြီး ဖော်ပြထားသည့် အခြေအနေအမျိုးမျိုးနှင့်စပ်လျဉ်းပါက မကြည်လင်ကြပေ။ ၎င်းတို့၏အတွေးများသည် မကြည်လင်ကြဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ၎င်းတို့သည် ပြောသွားသည့်အရာကို နားမလည်ကြသည့်အပြင်၊ “ဤမိတ်သဟာယပြုခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းတို့ကို အဘယ်ကြောင့် အနည်းငယ် သာ၍ရိုးရှင်းစွာ မရှင်းပြသနည်း။ ယနေ့ ယင်းက မိတ်သဟာယတစ်မျိုးဖြစ်ပြီး နောက်တစ်နေ့တွင် နောက်တစ်မျိုး ဖြစ်နေတော့သည်” ဟု တွေးကြကြောင်းကို ဆိုလိုသည်။ ၎င်းတို့၏အမြင်၌ တစ်စုံတစ်ဦး၏ စိတ်သဘောထားတွင် ပြောင်းလဲမှုကို ဖြစ်ပေါ်စေဖို့မှာ လွယ်ကူရိုးရှင်း၏— ခိုင်းသည့်အတိုင်း လုပ်ရုံသာဖြစ်သည်။ ၎င်းတို့က မိမိတို့ကိုယ်ကို ဤအခြေအနေများနှင့် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့နှင့် နှိုင်းယှဉ်စစ်ဆေးနိုင်ခြင်း မရှိကြပေ။ အသက်ဝင်ရောက်မှုဖြစ်စဉ်တွင် ကွဲပြားခြားနားသော ပတ်ဝန်းကျင်များ၌ ဖောက်ပြန်ပျက်စီးသည့် လူ့စိတ်သဘောထား၏ အမျိုးမျိုးသော ထုတ်ဖော်ချက်များ၊ အတွေးအခေါ်များ၊ အကြံဉာဏ်များ၊ ရည်ရွယ်ချက်များ၊ သရုပ်သကန်များနှင့် ပတ်သက်လာလျှင် ၎င်းတို့အတွက်မူ အားလုံးက အခြေခံအားဖြင့် အတူတူပင် ဖြစ်၏။ ၎င်းတို့သည် နတ္ထိဗလာဖြစ်နေပြီး ဤအရာများနှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်စစ်ဆေးနိုင်ခြင်း မရှိကြပေ။ ဤအရာများနှင့် မိမိတို့ကိုယ်ကို မစစ်ဆေးနိုင်သည့်လူများသည် သမ္မာတရားကို ကြားသည့်အခါ မည်သို့ခံစားရသနည်း။ (၎င်းတို့က ယင်းသည် အခြားလူများကို ရည်ညွှန်းပြီး ၎င်းတို့နှင့်ဆက်စပ်မှု မရှိဟု ခံစားကြရပါသည်။) ယင်းမှာ ၎င်းတို့၏ အဓိကဉာဉ် ဖြစ်သည်— မကောင်းသောအရာများကို ဖော်ပြပြောဆိုသည့်အခါ ယင်းတို့အားလုံးက အခြားသူများနှင့် သက်ဆိုင်သည်ဟု ၎င်းတို့ ထင်မြင်ယူဆကြသော်လည်း ၎င်းတို့လိုက်နာနိုင်ပြီး သဘောပေါက်နိုင်သည့် စည်းမျဉ်းများကို ဖော်ပြပြောဆိုသည့်အခါ ယင်းတို့က ၎င်းတို့နှင့် ဆက်စပ်သည်ဟု ခံစားကြရသည်။ အခြေအနေများ၊ စိတ်သဘောထား ပြောင်းလဲမှုများနှင့် လူတစ်ယောက်၏ သဘာဝ အဖြစ်အနေနှင့် စိတ်သဘောထားတို့ ပါဝင်သည့် အရာများနှင့်ပတ်သက်လာပါက ၎င်းတို့သည် ယင်းတို့တစ်ခုကိုမျှ အသိအမှတ်မပြုကြပေ။ ၎င်းတို့သည် ယင်းတို့ကို လက်မခံနိုင်ကြသကဲ့သို့ နားမလည်နိုင်ကြပေ။ ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည့် လူတိုင်းတွင် ဤအင်္ဂါရပ်က တွေ့နေကျဖြစ်သည်။ တစ်နည်းဆိုရလျှင် ၎င်းတို့သည် လူများ၏ အမျိုမျိုးသော အခြေအနေများနှင့် သရုပ်သကန်များအပြင် ၎င်းတို့အဖြစ်အနေ၏ ထုတ်ဖော်ချက်များကို ထုတ်ဖော်ပြသည့် ဘုရားသခင်ပြောသမျှ အရာအားလုံးနှင့် မိမိတို့ကိုယ်ကို မနှိုင်းယှဉ်မစစ်ဆေးနိုင်ချေ၊ ထို့ပြင် ၎င်းတို့တွင် ထိုးထွင်းသိမြင်မှု စိုးစဉ်းမျှ မရှိကြပေ။ ၎င်းတို့သည် ပင်ကိုအားဖြင့် မတူညီသည့် အရာနှစ်ခုကို အမြဲ နှိုင်းယှဉ်နေကြ၏။ ယင်းက ၎င်းတို့ကို အစာစားပြီးပြီလောဟု သင်မေးသည့်အခါ ၎င်းတို့က ရေတစ်စက်မျှ မသောက်ရသေးကြောင်း ပြောသည့်အလား ဖြစ်သည်။ သို့မဟုတ် ၎င်းတို့ကို အိပ်ချင်နေသလောဟု သင်မေးမြန်းသည့်အခါ ၎င်းတို့က ရေမငတ်ကြောင်း ပြောသည့်အလား ဖြစ်သည်။ ထိုသို့သော အနေအထားတစ်ခု— ထိုသို့သော အခြေအနေတစ်ခုသည်— မကြာခဏဆိုသလိုပင် ဖြစ်လေ့ရှိသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လိုက်စားခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်” မှ

ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှပင် ကြာသည်ဖြစ်စေ သို့မဟုတ် သမ္မာတရားအား မည်သို့ အားထုတ်သည့်ပုံပေါ်သည်ဖြစ်စေ ဝိညာဉ်ရေးရာကိစ္စရပ်များအား နားမလည်သောသူတို့သည် မည်သည့်တိုးတက်မှုမှ မရှိပေ။ ယုံကြည်သူဖြစ်သည်မှာ နှစ်ပေါင်း မည်မျှပင် ကြာခဲ့ပြီဖြစ်စေ ဝိညာဉ်ရေးရာကိစ္စရပ်များကို နားမလည်သောသူတို့သည် မိမိကိုယ်ကိုယ်သိခြင်းဆိုသည်မှာ မည်သည်ကိုဆိုလိုသည်၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဆိုသည်မှာ မည်သည့်အရာဖြစ်သည်တို့ကို မသိနားမလည်ပေ။ ၎င်းတို့သည် ပြဿနာတစ်ခုကို ကြုံရသည့်အခါတွင် မာနထောင်လွှားသော စိတ်သဘောထားကို ပြသခြင်းသည် သို့မဟုတ် သမ္မာတရားအား နာခံမှုကို ပြသခြင်းသည် မည်သည့်အရာဖြစ်သည်ကို သတိမမူမိပေ။ ရိုးသားသောသူများအဖြစ် မိမိတို့ကိုယ်ကိုယ် မည်သို့ နေထိုင်ပြုမူရမည် သို့မဟုတ် မည်သို့သော အပြုအမူက လှည့်ဖြားခြင်းဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ နာခံခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံမှုများအား ပုန်ကန်သည်၊ ဆန့်ကျင်သည်နှင့် ငြင်းပယ်သည်ဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသည်တို့ကို ၎င်းတို့ မသိကြပေ။ ကောင်းသော လူ့စိတ်သဘောဆိုသည်မှာ သို့မဟုတ် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံမှုများကို နာခံခြင်းဆိုသည်မှာ မည်သည့်အရာကိုဆိုလိုသည်ကို ၎င်းတို့ မသိကြပေ။ ဤအသေးအဖွဲအချက်အလက်များအကြား ကွဲပြားခြားနားသည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့၏ တာဝန်ကို ဆောင်ရွက်ခဲ့ရာတွင် ၎င်းတို့သည် သစ္စာရှိမရှိ၊ သို့မဟုတ် ပေါ့ပေါ့ဆဆလုပ်နေခဲ့ခြင်း ရှိမရှိကို မသိကြပေ။ ၎င်းတို့အတွင်း၌ မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ထုတ်ဖော်ပြနေသည်ကိုလည်းကောင်း၊ ၎င်းတို့၏စိတ်ဓာတ်လှုံဆော်မှုများသည် မည်သည့်အရာဖြစ်သည် သို့မဟုတ် ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းသည် မှန်ကန်သောလမ်း ဟုတ်မဟုတ်ကိုလည်းကောင်း မသိကြပေ။ ၎င်းတို့၏ လက်တွေ့ကျင့်ကြံလုပ်ဆောင်မှုအပေါ် အမြင်ရှုထောင့်သည် မှန်ကန်မှုရှိမရှိ သို့မဟုတ် မည်သို့သော အပြုအမူမျိုးကို ဘုရားသခင်က ချစ်မြတ်နိုးသည်၊ မည်သို့သော အပြုအမူမျိုးကို ဘုရားသခင် စက်ဆုပ်ရွံရှာသည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် ဤနည်းအတိုင်း ဆက်လက်ပြုမူလုပ်ဆောင်လျှင် မှားစရာ ရှိမည် မဟုတ်သကဲ့သို့၊ ၎င်းတို့ ထင်မြင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သင့်သည်ဟု ယုံကြည်ကြသည်- ယင်းမှာ အလွန်ရိုးရှင်းပြီး အသေးစိတ်အချက်အလက်များ မပါဝင်ပေ။ လူတချို့တွင် ဝိညာဉ်ရေးရာ နားလည်မှုရှိကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို အားထုတ်ခြင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း မရှိကြပေ။ ပင်ပန်းစွာ လုပ်ဆောင်ခြင်းနှင့် အချို့တာဝန်တို့ကို ဆောင်ရွက်ခြင်းတို့ကိုသာ ပြုလုပ်ကြသည်။ အချို့လူတို့တွင် ဝိညာဉ်ရေးရာနားလည်မှု လုံးဝမရှိပေ။ ထို့အပြင် အသက်တာတွင် ဝိညာဉ်ရေးရာကိစ္စရပ်များအား နားမလည်ပေ။ ၎င်းတို့သည် စည်းမျဉ်းများကို လိုက်နာရုံသာရှိပြီး အခြား မည်သည့်အရာမှ မလိုက်နာပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ခြင်းနှင့် သာမန် ဝိညာဉ်အသက်တာအတိုင်း အသက်ရှင်ခြင်းတို့ကိုသာ စွဲစွဲမြဲမြဲလုပ်ဆောင်သည်။ ၎င်းတို့၏ တာဝန်ကို ဆောင်ရွက်ရာတွင် အချိန်ဖြုန်းခြင်း သို့မဟုတ် ပြဿနာဖြစ်စေခြင်း မရှိပေ။ တုံ့ဆိုင်းခြင်း သို့မဟုတ် အနှောင့်အယှက်ဖြစ်စေသည့် အရာများကို ၎င်းတို့ တမင်သက်သက် မလုပ်ဆောင်ကြပေ။ ၎င်းတို့ကို ခိုင်းစေသည့်အရာကို လုပ်ဆောင်ပြီး ရိုးရှင်းသည့် အခြေခံသဘောတရားများကို လိုက်နာသည်။ သို့သော် အသေးစိတ် အချက်အလက်များ၊ အသက်တာဝင်ရောက်မှုတွင် ပါ၀င်သည့် အခြေအနေများနှင့် အမျိုးမျိုးသော ရှုထောင့်အမြင်များ၊ သဘောထားများနှင့် ပတ်သက်၍မူ ၎င်းတို့သည် ထိုအရာတို့ကို လုံးဝ လျစ်လျူရှုကြသည်။ သင်သည် အယူအဆများကို ဖြေရှင်းခြင်းအကြောင်း ပြောသည့်အခါ၊ ၎င်းတို့သည် ၎င်းတို့တွင် အယူအဆတစ်ခုခု ရှိသည်ဟု မထင်ကြပေ။ ၎င်းတို့၏ အယူအဆများအားလုံးသည် ပြေလည်နှင့်ပြီးဖြစ်ကာ သင် မိတ်သဟာယဖွဲ့သည့်အရာက ၎င်းတို့နှင့် လုံးဝမသက်ဆိုင်ဟု ထင်မြင်ကြသည်။ သင်က မည်သည့်အယူအဆများကို ရည်ညွှန်း ပြောဆိုသည်ကို သို့မဟုတ် သင် မိတ်သဟာယဖွဲ့နေသည့်အရာနှင့် ပတ်သက်ပြီး သမ္မာတရား စစ်မှန်မှုမှာ မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ သင်က မိမိကိုယ်ကိုယ် သိခြင်းအကြောင်းကို ပြောသည့်အခါ ၎င်းတို့က “လူသားက ပုန်ကန်တတ်ပြီး မာနထောင်လွှားတာတွေ မရှိဘူးလား။ လူတစ်ဦး ပြဿနာတစ်ခုကို ကြုံရတဲ့အခါ ပုန်ကန်တာ ဒါမှမဟုတ် ကိုယ်ရည်ကိုယ်သွေးပြတာ မလုပ်သင့်ဘဲ မာနမကြီးဘဲ နှိမ့်ချသင့်တယ်။ ဒါဆိုရင် မလုံလောက်ဘူးလား။” ဟူ၍ ပြောကြသည်။ သင်က နာခံခြင်းအကြောင်း ပြောသည့်အခါ ၎င်းတို့က “နာခံခြင်းလား။ ဒါကနာခံခြင်း၊ ဒါကနာခံခြင်း မဟုတ်ဘူးတို့ ဘာတို့အကြောင်းကို မင်း ဆက်ပြောနေတယ်။ ဒါက ဘာလို့ ဒီလောက် ရှုပ်ထွေးရတာလဲ။” ဟု ပြောကြသည်။ သင်က လူတို့သည် မိမိတို့ကိုယ်ကိ စွန့်လွှတ်ပြီး မိမိတို့၏ ခန္ဓာကိုယ်ကို ဆုံးမပဲ့ပြင််ရမည် သို့မဟုတ် ဘုရားသခင်ကို ချစ်ရမည်ဖြစ်ပြီး ၎င်းတို့သည် ပတ်ဝန်းကျင်တစ်ခုတွင် ရောက်နေသည်ကို ၎င်းတို့ တွေ့ရှိရသည့်အခါ၊ ၎င်းတို့၏ ကိုယ်ပိုင် တွန်းအားများနှင့် ရည်မှန်းချက်များကို ဘေးဖယ်ရမည်ဟု ပြောသည့်အခါ၊ ၎င်းတို့သည် “ငါ့မှာ အဲဒီလောက် များတဲ့ စိတ်ဓာတ် လှုံ့ဆော်မှုတွေနဲ့ ရည်မှန်းချက်တွေ မရှိဘူး” ဟု ပြောကြသည်။ ၎င်းတို့၏ စဉ်းစားပုံသည် ဤမျှ ရိုးရှင်းလှသည်။ ဤသို့သောလူတို့သည် အဆုံးတွင် သမ္မာတရားကို ရနိုင်ပါသလား။ (မရနိုင်ပါ။) သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားသည် မည်သို့နည်း။ ၎င်းတို့သည် ဤ ဖောက်ပြန်ပျက်စီးမှုများ ၎င်းတို့ ပိုင်ဆိုင်သည်ကို မတွေးထင်ကြပေ။ ၎င်းတို့က “ဤစကားအားလုံးတို့ကို ၎င်းတို့ ယခင်က ကြားပြီးဖြစ်ကာ ယင်းတို့သည် အနည်းနှင့် အများအတူတူပင် ဖြစ်သည်ဟု ထင်ကြသည်- ယင်းတို့အားလုံးသည် ကျိုးနွံနာခံခြင်းနှင့် သင့်အား ခိုင်းသည့်အတိုင်း လုပ်ခြင်းအကြောင်းများသာ မဟုတ်လော။” သို့သော် ယင်းသည် ဤမျှ ရိုးရှင်းသလော။ လူအချို့အတွက်မူ၊ ယင်းက ရိုးရှင်းပေသည်။ အခြားလူများ အပျက်သဘောဆောင်သည်ကို မြင်သည့်အခါ ၎င်းတို့က “ဘုရားသခင်ကိုသာ ချစ်လိုက်ပါ။ ဘာကြောင့် ငိုနေသလဲ။ ဘာတွေ အပျက်သဘောဆောင်နေစရာ ရှိလို့လဲ။” ဟု ပြောကြသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာကိစ္စရပ်များကို နားမလည်ကြပေ။ လူတို့သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်ကြသောအခါဆိုသည်မှာ မည်သည့်အဓိပ္ပာယ် ရှိသနည်း။ ၎င်းမှာ ဘုရားသခင်သည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ သမ္မာတရား၏ မည်သည့်ရှုထောင့်ကို ပြောသည်ဖြစ်စေ၊ ထိုအရာအားလုံးတို့သည် ၎င်းတို့အတွက် သီအိုရီနှင့် တူသည် ဟု အဓိပ္ပာယ်ရသည်။ ပါဝင်သော ရင်းနှီးမြုပ်နှံမှုကို သို့မဟုတ် ဤအရာကို ဘုရားသခင် ဘာကြောင့် မိတ်သဟာယဖွဲ့ရသည်ကို ၎င်းတို့ နားမလည်ကြပေ။ သမ္မာတရား၏ ဤရှုထောင့်သည် မည်သည့်အရာဖြစ်သည်နှင့်ပတ်သက်၍ သော်လည်းကောင်း၊ လူတို့၏ ဝင်ရောက်မှု၊ ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ခြင်းအသက်တာတို့နှင့် ၎င်း၏ ဆက်နွှယ်မှုမှာ မည်သည့်အရာ ဖြစ်သည်ကို လည်းကောင်း၊ လူများ တကယ့်ဘဝတွင် ကြုံရသည့် အခက်အခဲများ၊ ၎င်းတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်း၏ဆက်နွှယ်မှုမှာ မည်သည့်အရာဖြစ်သည်ကို လည်းကောင်း၊ သမ္မာတရားနှင့် လူသားမျိုးနွယ်ကြားရှိ ဆက်နွှယ်မှု၊ သမ္မာတရားနှင့် အသိစိတ်တို့ကြား ဆက်နွှယ်မှုမှာ မည်သည့်အရာဖြစ်သည်ကို လည်းကောင်း ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့သည် ဤအသေးစိတ် အချက်အလက်များနှင့် ဘုရားသခင် ပြောကြားသော နှုတ်ကပတ်တော်များသည် လူတို့၏ တကယ့် ဘဝများတွင် ထုတ်ဖော်ပြီး ဖော်ပြသည့်အရာများ၊ လူများ လက်တွေ့လုပ်ဆောင်ရမည့်အရာတို့နှင့် မည်သို့သက်ဆိုင်သည်ကို ၎င်းတို့ လုံးဝ မသိနားမလည်ကြပေ။ ၎င်းတို့သည် ဤအရာများကို နားမလည်ကြပေ။ ၎င်းတို့ ကြားသမျှမှာ “နာခံခြင်း၊ သစ္စာရှိခြင်း၊ ပေါ့ပေါ့တန်တန် မပြုလုပ်နှင့်၊ အနှောင့်အယှက်မဖြစ်စေနှင့်” စသည်တို့ကဲ့သို့သော စကားများသာ ဖြစ်သည်။ ၎င်းတို့သည် ဤအရာတို့ထဲမှ တစ်ခုကို အနှစ်ချုပ်ယူလိုက်သည်- “အဲဒါတွေ တစ်ခုမှ ငါ မှတ်မိစရာမလိုဘူး။ ဘုရားသခင် ခိုင်းစေတဲ့ဟာကိုပဲ ငါ လုပ်လိုက်မယ်။ ငါ အစေခံရမှာကို ပျော်တယ်။” အစေခံခြင်းအပြင် လူသားတွင် ဖောက်ပြန်ပျက်စီးမှုများစွာရှိနေပြီး ရည်မှန်းချက်များ၊ ဆန္ဒများ၊ ကြိုက်နှစ်သက်မှုများ၊ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများလည်း ရှိနေသည်ကို ၎င်းတို့ မသိကြပေ။ လူတို့အထဲတွင် အရာများစွာ ရှိနေပြီး ဘုရားသခင်က ဤ နှုတ်ကပတ်တော်တို့ကို ပြောကြားသည့်အခါ သူသည် ဤ အရာများကို လူတို့ ဖြေရှင်းကြပြီး၊ သမ္မာတရားနှင့် အစားထိုးကြရန်အတွက် တောင်းဆိုနေခြင်းဖြစ်သည်။ ဤသမ္မာတရားများကို ပြောကြားရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ဤ သမ္မာတရားများကို သင် နားလည်ပြီး လက်ခံစေရန်ဖြစ်သည်။ ပြီးနောက်တွင် ဤ သမ္မာတရားများသည် သင်၏ လက်တွေ့အရှိတရား ဖြစ်လာပြီး သင့်အထဲ၌ ရှင်သန်နေထိုင်ရန် ဤ သမ္မာတရားများကို လက်တွေ့အသက်တာ၌ရှိသော ပြဿနာများကို ဖြေရှင်းရန်၊ သင့်တွင်ရှိသော အခက်အခဲများကို ဖြေရှင်းရန် အသုံးပြုနိုင်သည်။ ထိုအခါ သင့်အထဲ၌ ထုတ်ဖော်ပြသည့် အရာသည် မာနထောင်လွှားမှု၊ ရည်မှန်းချက်၊ ဆန္ဒများ၊ အယူအဆများ၊ စိတ်ကူးစိတ်သန်းများ၊ အသိပညာ၊ အတွေးအခေါ်တို့ မဟုတ်တော့ဘဲ သမ္မာတရား၏ စစ်မှန်မှုဖြစ်လာသည်။ ဝိညာဉ်ရေးရာ နားလည်မှုမရှိသော သူတို့သည် ဤအရာကို နားမလည်ကြပေ။ တရားဒေသနာများကို နှစ်များစွာကြာ ကြားနာပြီးနောက်တွင် ၎င်းတို့သည် “တရားဒေသနာတိုင်းက အနည်းနဲ့အများတော့ အတူတူပဲဖြစ်နေတာ ဘယ်လိုဖြစ်တာလဲ။ မင်းက မိမိကိုယ်ကိုယ်သိခြင်းအကြောင်းကို တရားဟောနေတာ နှစ်တွေများလှပြီ။ ဒါက ကိုယ့်အားနည်းချက်နဲ့ ဖောက်ပြန်ပျက်စီးမှုကို သတိပြုမိတာနဲ့ ပတ်သက်တဲ့ကိစ္စပဲ မဟုတ်လား။” ဟု စဉ်းစားကြသည်။ အခြားလူများက ယခုခေတ် တရားဒေသနာများသည် ပိုမိုနက်နဲပြီး ယခင်ကထက် ပို၍ အသေးစိတ်သည်ဟု ဆိုကြသည်။ သို့သော် သူတို့သည် ထိုအရာကို နားမလည်ကြပေ။ ဤအရာတို့သည် ဝိညာဉ်ရေးရာ နားလည်မှုမရှိသော သူများမှ ဖော်ပြသောအရာများဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား နားလည်သူတို့သာလျှင် ဝိညာဉ်ရေးရာကိစ္စရပ်များအား နားလည်ကြသည်” မှ

ပါးနပ်ချက်ချာသော လူများနှင့် ဝိညာဉ်ရေးရာကိစ္စများကို နားလည်သော စစ်မှန်သော အရည်အချင်းရှိသူများမှာ သမ္မာတရားကို ရှာဖွေသောသူများ ဖြစ်သည်၊ ၎င်းတို့ထံ တစ်စုံတစ်ရာ ဆယ်ကြိမ် ဖြစ်ပျက်ပါက၊ ထိုကိစ္စများထဲမှ ရှစ်ကြိမ်တွင်၊ လှုံ့ဆော်အားပေးမှုတစ်ချို့ကို ၎င်းတို့ ရရှိနိုင်ကြပေမည်၊ သင်ခန်းစာတစ်ချို့ကို သင်ယူနိုင်ကြပေမည်၊ ဉာဏ်အလင်းပေးခြင်း အချို့ကို ရရှိကာ တိုးတက်မှု အချို့ကို ပြုလုပ်ကောင်း ပြုလုပ်နိုင်ကြပေမည်။ ဝိညာဉ်ရေးရာကိစ္စများကို နားမလည်သော လူနုံလူအတစ်ဦးအပေါ် အမှုအရာများ ဆယ်ကြိမ် ဖြစ်သောအခါ၊ တစ်ကြိမ်မျှ ၎င်းတို့၏ ဘဝကို အကျိုးရှိစေလိမ့်မည်မဟုတ်၊ တစ်ကြိမ်တစ်ခါမျှ ၎င်းတို့ကို ပြောင်းလဲစေလိမ့်မည်မဟုတ်သကဲ့သို့၊ တစ်ကြိမ်တစ်ခါမျှ သဘာဝကို နားလည်စေလိမ့်မည်မဟုတ်၊ ယင်းမှာ ၎င်းတို့အတွက် အဆုံးသတ်ဖြစ်ပေသည်။ ၎င်းတို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်းတွင်၊ ၎င်းတို့ လဲကျကြသည်၊ ၎င်းတို့ လဲကျသည့်အခါတိုင်းတွင်၊ ၎င်းတို့ကို အားပေးဖို့နှင့် ချော့ဖို့ အခြားတစ်စုံတစ်ဦးကို ၎င်းတို့ လိုအပ်ကြသည်။ အားပေးခြင်းနှင့် ချော့မော့ခြင်း မရှိဘဲ၊ ၎င်းတို့ မထနိုင်ကြပေ။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အကြိမ်တိုင်းတွင် ၎င်းတို့ လဲကျမည့် အန္တရာယ်တွင် ရှိကြပါက၊ ပြီးလျှင် အကြိမ်တိုင်းတွင် ၎င်းတို့အနေဖြင့် ၎င်းတို့ စွန့်ပစ်ခံရမည့် အန္တရာယ်ရှိပါက၊ ဤသည်မှာ ၎င်းတို့အတွက် အဆုံးသတ်ဖြစ်သည် မဟုတ်လော။ ထိုသို့သော အသုံးမကျသည့် ဤလူများကို ကယ်တင်ရန်အတွက် အခြားအကြောင်းပြချက် တစ်ခုတစ်လေ ရှိသေးသလော။ လူသားမျိုးနွယ်ကို ဘုရားသခင်၏ကယ်တင်ခြင်းမှာ သမ္မာတရားကို ချစ်သောသူတို့အား ကယ်တင်ခြင်း၊ လိုအင်ဆန္ဒနှင့် သန္နိဋ္ဌာန်ရှိသည့် ၎င်းတို့၏ တစ်စိတ်တစ်ဒေသနှင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို တမ်းတသော ၎င်းတို့၏ တစ်စိတ်တစ်ဒေသကို ကယ်တင်ခြင်း ဖြစ်သည်။ လူတစ်ဦး၌ စိတ်ဆုံးဖြတ်ချက်သည် ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းနှင့် သမ္မာတရားကို တမ်းတပြီး အသိတရား ပိုင်ဆိုင်သည့် ၎င်းတို့ စိတ်နှလုံးထဲရှိ ၎င်းတို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး ရရှိရန်၊ ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းသည် ဆေးကြောသန့်စင်ခံရပြီး ၎င်းတို့၏အသက်စိတ်သဘောထား ပြောင်းလဲနိုင်ရန်အလို့ငှာ ဘုရားသခင်သည် လူတို့၏ ဤတစ်စိတ်တစ်ဒေသကို ကယ်တင်ပြီး ယင်းမှတစ်ဆင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲလေသည်။ သင်သည် သင့်အတွင်း၌ ဤအရာများ မရှိလျှင်၊ ကယ်တင်မခံရနိုင်ပေ။ အကယ်၍ သင်အတွင်း၌ သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းနှင့် အလင်းအတွက် ပြင်းပြသောဆန္ဒမရှိပါက၊ သင် မကောင်းမှုနှင့် ကြုံတွေ့သည့်အခါတိုင်း၊ သင်သည် မကောင်းသောအရာများကို စွန့်ပစ်လိုစိတ် မရှိသကဲ့သို့၊ အခက်အခဲကို ခံစားရန် စိတ်ဆုံးဖြတ်ချက် မရှိပေ၊ ထို့အပြင် သင်၏အသိတရားသည် ထုံထိုင်းနေပါက၊ သမ္မာတရားကို လက်ခံနိုင်သော သင်၏စွမ်းရည်မှာလည်း ထုံထိုင်းကာ၊ သင်သည် သမ္မာတရား၊ ဖြစ်ပေါ်နေသော အဖြစ်အပျက်များနှင့် မယဉ်ပါးပါက၊ ပြီးလျှင် ကိစ္စရပ်အားလုံးတွင် သင်သည် မသိမြင်တတ်သကဲ့သို့၊ အမှုအရာများကို သင့်ဘာသာ မကိုင်တွယ်နိုင်ပါက၊ သို့မဟုတ် မဖြေရှင်းနိုင်ပါက၊ ကယ်တင်ခြင်းခံရရန် မဖြစ်နိုင်ပေ။ ထိုသို့သော လူတစ်ဦးသည် ၎င်းတို့ကို ထောက်ခံရန် တစ်စုံတစ်ခုမျှမရှိ၊ ဆက်လက်လုပ်ဆောင်ရန် ထိုက်တန်သောအရာ တစ်စုံတစ်ခုမျှ မရှိပေ။ ၎င်းတို့၏ အသိစိတ်က ထုံထိုင်းသည်၊ ၎င်းတို့၏ စိတ်က မကြည်လင်ပေ၊ ပြီးလျှင် သမ္မာတရားကို ၎င်းတို့ မချစ်ကြသကဲ့သို့၊ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ဖြောင့်မတ်ခြင်းကို မတမ်းတကြပေ၊ ဘုရားသခင်သည် သမ္မာတရားကိုမည်မျှပင် ရှင်းရှင်းလင်းလင်း သို့မဟုတ် ပွင့်ပွင့်လင်းလင်း ပြောစေကာမူ၊ ၎င်းတို့သည် သေဆုံးနှင့်ပြီးဖြစ်ကြသည့်အလား တုံ့ပြန်ခြင်းမရှိကြပေ။ အမှုအရာများသည် ၎င်းတို့အတွက် ဆုံးခန်းတိုင်ပြီ မဟုတ်သလော။ ၎င်းတို့ထဲတွင် ထွက်သက်ဝင်သက် ကျန်ရှိသော လူတစ်ဦးသည် အသက်ရှူကူခြင်းဖြင့် ကယ်တင်၍ရနိုင်သော်လည်း၊ အကယ်၍ ၎င်းတို့သည် သေဆုံးနှင့်ပြီး ၎င်းတို့၏ဝိညာဉ် ထွက်သွားခဲ့ပြီးပါက၊ အသက်ရှူကူခြင်းသည် မည်သို့မျှ အလုပ်ဖြစ်မည်မဟုတ်ပေ။ အကယ်၍ သင်သည် ပြဿနာတစ်ခုကို ကြုံတွေ့ရသည့်အချိန်တိုင်း၊ ထိုပြဿနာမှ နောက်တွန့်သွားကာ၊ ရှောင်ဖယ်ဖို့ ကြိုးစားပါက၊ ဤသည်မှာ သင်သည် သက်သေခံခြင်း မရှိသေးသည်ကို ဆိုလိုသည်။ ဤသို့ဖြင့် သင့်ကို မည်သည့်အခါမျှ ကယ်တင်၍ရမည် မဟုတ်ဘဲ၊ သင် ကြီးစွာ ဒုက္ခရောက်လေပြီ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်ဇဝေဇဝါဖြစ်နေသောလူများကို မကယ်တင်နိုင်ပေ” မှ

တစ်စုံတစ်ယောက်သည် ဝိညာဉ်ရေးရာနားလည်မှု ရှိမရှိကို ဆုံးဖြတ်ရာတွင် ထိုသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်ခြင်း ရှိမရှိကိုသာ ကြည့်လျှင် လက်ခံသင့်ပါသလား။ (လက်မခံသင့်ပါ။) ဤသို့ဆိုလျှင် အတိအကျဆိုသော် ဝိညာဉ်ရေးရာနားလည်မှု ရှိခြင်း ဆိုသည်မှာ မည်သို့ အဓိပ္ပာယ်ရသနည်း။ ပြည့်ဝသည့် ဝိညာဉ်ရေးရာနားလည်မှုကို မည်သို့ ရရှိနိုင်သနည်း။ တစ်ဖက်တွင် လူတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာငတ်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် အားစိုက်ထုတ်ရမည်။ ၎င်းတို့ကို ချင့်ချိန်စဉ်းစားဖို့၊ ဆုတောင်းလျက် ဖတ်ရှုဖို့၊ မိတ်သဟာယဖွဲ့ဖို့၊ ရှာဖွေဖို့ သင်ယူရမည်။ အရေးကြီးဆုံးအရာသည် အဘယ်နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားရမည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားပြီးနောက်တွင် ဤနှုတ်ကပတ်တော်တို့သည် သင်၏ လက်တွေ့အရှိတရား ဖြစ်လာသည်။ ထိုအခါမှသာ သင်သည် နှုတ်ကပတ်တော်တို့က ရည်ညွှန်းပြောဆိုသည့်အရာကို၊ နှုတ်ကပတ်တော်တို့တွင် မည်သည့် သမ္မာတရားများ ပါဝင်သည်ကို အမှန်တကယ် နားလည်နိုင်သည်။ ထိုအခါမှသာ သင်သည် ပြည့်စုံသည့် ဝိညာဉ်ရေးရာ နားလည်မှုကို ရယူနိုင်သည်။ သို့ရာတွင် ဝိညာဉ်ရေးရာ နားလည်မှုကို ရယူခြင်းသည် ပန်းတိုင်မဟုတ်ပေ။ ပန်းတိုင်သည် အဘယ်နည်း။ ပန်းတိုင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် သမ္မာတရားကို နားလည်ဖို့ဖြစ်သည်။ သင့်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းရှိပြီး မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိလျှင်၊ ထို့အပြင် လက်တွေ့လုပ်ဆောင်ပြီး နောက်တွင် အတွင်းရှိ သမ္မာတရားကို သင် နားလည်နိုင်ပြီး အတွင်းမှ ဆက်နွှယ်မှုများ၊ စည်းမျဉ်းသဘောတရားများကို သိလာလျှင် သင်သည် ဝိညာဉ်ရေးရာ နားလည်မှုရှိသည့် သူတစ်ယောက်ဖြစ်ပြီး သမ္မာတရားအား နားလည်ခြင်း၏ အကျိုးရလဒ်ကို ရရှိပြီးဖြစ်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား နားလည်သူတို့သာလျှင် ဝိညာဉ်ရေးရာကိစ္စရပ်များအား နားလည်ကြသည်” မှ

ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သော်လည်း မည်သို့ပင်ဆိုစေ လူ့သဘာဝမူကား အတော်အတန် ကောင်းမွန်သော လူအချို့သည်။ ၎င်းတို့က အဖိုးအခပေးကြပြီး မိမိတို့ကိုယ်ကို လိုလိုလားလား အသုံးခံကြသည့်အပြင် ဘုရားသခင် ပြောသမျှကို နာခံခြင်း နှလုံးသားများဖြင့် အရေးထားကြသည်။ သို့ရာတွင် သမ္မာတရားနှင့် ပတ်သက်လာပါက ၎င်းတို့၌ သဘောပေါက် လက်ခံလွယ်နိုင်စွမ်း မရှိကြပေ။ သို့သော် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို နားလည်သဘောပေါက်နိုင်ပြီး မိမိတို့ကိုယ်ကို ယင်းတို့နှင့် နှိုင်းယှဉ်စစ်ဆေးနိုင်သည့်အပြင် ထို့နောက်တွင် ၎င်းတို့သည် ဝင်ရောက်မှုနှင့် လက်တွေ့လုပ်ဆောင်မှုကို ပိုင်ဆိုင်ထားပါက ထိုသို့သော လူများ၌ ကယ်တင်ခံရမည့် မျှော်လင့်ချက်ရှိသည်။ ၎င်းတို့သည် ထိုသို့သော အတွေ့အကြုံတစ်ခုကို အချိန်အတော်ကြာ တွေ့ကြုံခံစားခြင်းအားဖြင့် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို ဖြည်းဖြည်းချင်း နားလည်နိုင်လာသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ သာ၍ မမှိတ်မသုန် ဖတ်ရှုလေ၊ သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့ကို ဉာဏ်အလင်းပေးလေ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ ၎င်းတို့နားလည်သမျှကို ၎င်းတို့၏ကိုယ်ပိုင် အခြေအနေများဖြင့် နှိုင်းယှဉ်နိုင်လိမ့်မည်ဖြစ်ပြီး သူ၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်း၊ သူ၏ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်း၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံနိုင်လိမ့်မည် ဖြစ်သည်။ ဤအတွက် ၎င်းတို့သည် အဖိုးအခကို ပေးမည်ဖြစ်ပြီး အဆုံးတွင် ၎င်းတို့သည် အလားတူ လိုက်လျောညီထွေသော စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို စွမ်းဆောင်ရရှိနိုင်လိမ့်မည်။ ထိုသို့သော လူတစ်ဦးကိုလည်း သမ္မာတရားကို လိုက်စားသူတစ်ဦးအဖြစ် ထည့်တွက်၍ ရနိုင်ပေသည်။ သမ္မာတရားကို လိုက်စားသူများအဖြစ် ထည့်တွက်နိုင်သည့် လူများ၌ ကယ်တင်ခံရမည့် မျှော်လင့်ချက် ရှိသလော။ သင်တို့ မည်သို့သဘောရသနည်း။ ၎င်းတို့တွင် မျှော်လင့်ချက်ရှိသည်။ ထို့ကြောင့် ထိုသို့သော လူများကို “သေဒဏ်” ပေး၍မရပေ။ ထိုအစား သမ္မာတရားကို နားလည်နိုင်ပြီး မိမိတို့ကိုယ်ကို ယင်းနှင့် နှိုင်းယှဉ်စစ်ဆေးနိုင်သော်လည်း သမ္မာတရားထဲသို့ မည်သည့်အခါမျှ မဝင်ရောက်သည့် လူစားမျိုးအတွက် အဆုံးသတ်မှာ မည်သည့်အရာ ဖြစ်သည်ကို ပြောဖို့ခက်သည်။ ဤပြဿနာ၏ အရင်းအမြစ်မှာ အဘယ်နည်း။ ယင်းမှာ အထင်သေးခြင်းနှင့် မထီမဲ့မြင်ပြုခြင်း သဘောထားဖြစ်သော သမ္မာတရားအပေါ်ထားသည့် ၎င်းတို့၏ သဘောထားဖြစ်သည်။ “မထီမဲ့မြင်ပြုခြင်း” က မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိခြင်းကို ဆိုလိုသည်။ ယင်းက သမ္မာတရားကို စက်ဆုပ်ရွံရှာခြင်းကို ဆိုလိုသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သမ္မာတရား အဖြစ် အသိအမှတ်မပြုခြင်းနှင့် ယင်းတို့ကို အရေးပါသည်ဟူ၍ သဘောမထားခြင်းတို့ကို ဆိုလိုသည်။ ၎င်းတို့ ကြားသည့်အရာမည်မျှကို ၎င်းတို့နားလည်ပါစေ ၎င်းတို့က လက်တွေ့မလုပ်ဆောင်ကြပေ။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မိမိတို့ကိုယ်ကို မည်သည့် အတိုင်းအတာထိ နှိုင်းယှဉ်စစ်ဆေးပါစေ၊ ၎င်းတို့သည် မည်သို့သော လူစားမျိုးဖြစ်သည်ကို မည်သည့်အတိုင်းအတာထိ သိပါစေ ၎င်းတို့သည် လက်တွေ့မလုပ်ဆောင်သေးပေ။ “လက်တွေ့လုပ်ဆောင်ခြင်း” ဟူသည့် စကားစင်စစ်က ထိုသို့သော လူများနှင့် လုံးဝဆက်စပ်မှုမရှိသည့်အပြင် ၎င်းတို့၏ ကယ်တင်ခြင်းသည် အလွယ်တကူ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လိုက်စားခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်” မှ

အရှေ့သို့- ၁၀၁) လူတစ်ဦးက အရည်အချင်း ရှိမရှိဆိုသည်ကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၀၃) ဂျုံစပါးများကို တောပင်များမှ ခွဲခြားခြင်း၏ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၂ အနားယူခြင်းသို့ ဝင်ရောက်တဲ့ လူသားတို့ရဲ့ တစ်ခုတည်းသော လမ်းကြောင်း

၁ ဘုရားရဲ့အပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းနောက်ဆုံးအနားယူခြင်းမှာ ကြံ့ခိုင်ခြင်းရှိသူတို့ ဝင်ရောက်မည်စာတန်ရဲ့လွမ်းမိုးမှုမှ...

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်