၆၄) ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို စွပ်စွဲပြစ်တင်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သည့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို သမ္မာတရားအား သိနားလည်သည့် လူအချို့က ထိုသို့ အတည်ပြုသည့်အခါတွင်၊ လူသိရှင်ကြား စွပ်စွဲရှုတ်ချနိုင်သည်၊ စွပ်စွဲပြစ်တင်နိုင်ပြီး အစားထိုးနိုင်သည်။

(၂) လမ်းညွှန်ချက်များကို မလိုက်နာဘဲ၊ အလုပ်အစီအစဉ်များကို ပြင်းပြင်းထန်ထန် ချိုးဖောက်သည့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ၎င်းတို့၏ ထိုသို့သော လုပ်ဆောင်ခြင်းအား တိကျမှန်ကန်သည့် အတည်ပြုခြင်းခံရသည့်အခါတွင်၊ လူသိရှင်ကြား ရှုတ်ချနိုင်သည်၊ စွပ်စွဲပြစ်တင်နိုင်ပြီး အစားထိုးနိုင်သည်။

(၃) ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်သည့် သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြသည့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုတော်ဆောင်တစ်ဦးကို ချစ်ခင်စွာဖြင့် ကူညီသင့်သည်။ သမ္မာတရားကို လက်ခံဖို့ ၎င်းတို့ ငြင်းဆန်ပါက၊ ၎င်းတို့ကို လူသိရှင်ကြား ရှုတ်ချနိုင်သည်၊ စွပ်စွဲပြစ်တင်နိုင်ပြီး အစားထိုးနိုင်သည်။

(၄) ခေါင်းဆာင် သို့မဟုတ် အမှုတော်ဆောင်တစ်ဦးသည် ဆိုးယုတ်မှုနှင့်သက်ဆိုင်သည့် အထူးထူး အပြားပြားသော လုပ်ရပ်များကို ကျူးလွန်မိပြီး အခြားသူတို့အား ထောင်ဖမ်းကာ မမှန်မကန် စွပ်စွဲရင်း ဆင်းရဲဒုက္ခခံစားစေပါက၊ ၎င်းတို့ကို စွပ်စွဲပြစ်တင်ကာ လူသိရှင်ကြား ရှုတ်ချရမည်ဖြစ်ပြီး ၎င်းတို့အား ထုတ်ပယ်ခြင်းကို ဆောင်ရွက်ရမည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးကို ဆက်ဆံပုံနှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ သူ လုပ်ဆောင်သည့်အရာ မှန်ပါက၊ သူ့ကို သင် နာခံနိုင်သည်။ သူ လုပ်ဆောင်သည့်အရာ မှားယွင်းပါက၊ သူ့ကို သင် ဖော်ထုတ်နိုင်ပြီး၊ ဆန့်ကျင်ခြင်းပင်ပြုကာ ကွဲပြားသော အယူအဆကို တင်ပြနိုင်သည်။ သူသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင်၊ အတုအယောင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ပြခံရပါက၊ သူ၏ ခေါင်းဆောင်မှုကို သင် ငြင်းနိုင်ပြီး၊ သင်သည်လည်း သူ့အကြောင်း တိုင်ကြားကာ သူ့ကို ဖော်ထုတ်နိုင်သည်။ သို့သော်၊ ဘုရားသခင် ရွေးကောက်ထားသော လူအချို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့၊ အထူးသဖြင့် သူရဲဘောကြောင်ကြ၏၊ ထို့ကြောင့် မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ဝံ့ကြချေ။ ၎င်းတို့က၊ “ခေါင်းဆောင်က ကျွန်ုပ်ကို ထုတ်လိုက်ပါက၊ ကျွန်ုပ် အဆုံးသတ်ပြီ။ သူက အယောက်တိုင်းအား ကျွန်ုပ်ကို ဖော်ထုတ်စေပါက သို့မဟုတ် ကျွန်ုပ်ကို ပစ်ပယ်စေပါက၊ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နိုင်တော့မည် မဟုတ်။ အသင်းတော်ကို ကျွန်ုပ် စွန့်ခွာပါက၊ ဘုရားသခင်က ကျွန်ုပ်ကို လိုချင်မည်မဟုတ်သလို ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်ပါ။ အသင်းတော်သည် ဘုရားသခင်ကို ကိုယ်စားပြုပါသည်” ဟု ပြောကြသည်။ ဤသို့တွေးတောပုံများသည် ထိုသို့သောလူ၏ အမှုအရာများကိုသဘောထားပုံအပေါ် သက်ရောက်မှုရှိသည် မဟုတ်လော။ ခေါင်းဆောင်က သင့်ကို နှင်ထုတ်ပါက၊ သင် ကယ်တင်ခြင်း မခံရနိုင်တော့သည်မှာ အမှန်တကယ် မှန်နိုင်ပါမည်လော။ သင်၏ ကယ်တင်ခြင်းနှင့်ဆိုင်သော စဉ်းစားရမည့် အကြောင်းအရာသည် သင်၏ ခေါင်းဆောင်၏ သင့်အပေါ်သဘောထားအပေါ် တည်မှီသလော။ များလှစွာသော လူတို့သည် ထိုသို့သော အကြောက်တရား အတိုင်းအတာတစ်ခု အဘယ်ကြောင့် ရှိကြသနည်း။ ခေါင်းဆောင် အတုအယောင် သို့မဟုတ် အန္တိခရစ်တစ်ဦး ဖြစ်သူက သင့်ကို ခြိမ်းခြောက်သည်နှင့်တစ်ပြိုင်နက် ယင်းကို သင်က အထက်သို့ အကြောင်းမကြားဝံ့သည့်အပြင်၊ ထိုအချိန်မှစ၍ သင်သည် ခေါင်းဆောင်နှင့် တစ်စိတ်တည်းဖြစ်လိမ့်မည်ဟု အာမခံပါက၊ သင်သည် ကျဉ်းထဲကျပ်ထဲကျပြီ မဟုတ်လော။ ဤသည်မှာ သမ္မာတရား ရှာဖွေသော လူစားမျိုးလော။ သင်သည် စာတန်ဆန်သော အန္တိခရစ်များက ကျူးလွန်နိုင်သည့်အရာဖြစ်သည့် ထိုသို့သော ယုတ်မာသည့် အပြုအမူကို မဖော်ထုတ်ဝံ့သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့်၊ ထိုအန္တိခရစ်များကို နာခံပြီး ၎င်းတို့၏ စကားများကို သမ္မာတရားအဖြစ်ပင်ခံယူပြီး ယင်းတို့ကို သင် နာခံလေသည်။ ဤသည်မှာ မိုက်မဲမှု၏ စံနမူနာ ဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ထိခိုက်နစ်နာသည့်အခါ၊ ယင်းက သင်နှင့် ထိုက်တန်သည့်အရာ မဟုတ်သလော။ ဘုရားသခင်က သင့်အား ထိခိုက်နစ်နာစေပြီး ဖြစ်သလော။ ယင်းကို သင့်ဘာသာသင် ဆန္ဒပြုခဲ့ခြင်းဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦးကို သင်၏ခေါင်းဆောင်အဖြစ် ခံယူပြီး၊ သူ့အား ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မ တစ်ဦးအလား ဆက်ဆံခဲ့သည်- ပြီးလျှင် ယင်းက သင်၏အမှားဖြစ်သည်။ အန္တိခရစ်တစ်ဦးကို ဆက်ဆံသင့်သည့် သဘောထားမှာ အဘယ်နည်း။ သူ့ကို ဖော်ထုတ်ပြီး ၎င်းကို ခုခံတွန်းလှန်ဖို့ အင်တိုက်အားတိုက် ကြိုးစားသင့်သည်။ သင်သည် ဤသည်ကို တစ်ဦးတည်း မလုပ်ဆောင်နိုင်ပါက၊ လူပေါင်းစုံတို့က အတူတကွ စုပေါင်းလျက်၊ ၎င်းကို တိုင်ကြားရမည်။ အထက်မှ ခေါင်းဆောင်အချို့နှင့် အမှုတော်ဆောင်အချို့တို့သည် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နေကာ၊ တကယ့်အလုပ်ကို မလုပ်နေဘဲ၊ ညီအစ်ကိုမောင်နှမများကို ဒုက္ခရောက် စေပြီး၊ ဂုဏ်ဒြပ်နှင့်သက်ဆိုင်သည့် ကောင်းကြီးမင်္ဂလာများကို ငမ်းငမ်းတက် လိုချင်နေသည်ကို သိရှိရခြင်း၌ လူအချို့သည် ထိုအန္တိခရစ်များကို ဖယ်ရှားဖို့ ပန်ကြားခြင်းတစ်ခုကို လက်မှတ်ထိုးခဲ့ကြသည်။ ဤလူများသည် အဘယ် ဆန်းကြယ်သည့်အလုပ်ကို လုပ်ခဲ့ကြသနည်း။ ယင်းက ဤလူများသည် သမ္မာတရားကို နားလည်ကြောင်း၊ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှုပမာဏ အချို့ကို ပိုင်ဆိုင်ကြောင်းနှင့် ၎င်းတို့သည် စာတန်အားဖြင့် ထိန်းချုပ်ခံရခြင်း မရှိသကဲ့သို့၊ လှည့်စားခံရခြင်းလည်း မရှိကြောင်း ပြနေသည်။ ဤသည်က အန္တိခရစ်များနှင့် ခေါင်းဆောင်အတုအယောင်များသည် အသင်းတော်၌ အဓိကဖြစ်သော ရာထူးတစ်ခုကို မကိုင်စွဲထားဘဲ၊ ၎င်းတို့သည် ၎င်းတို့ပြောသမျှနှင့် လုပ်သမျှတွင် ၎င်းတို့၏စရိုက်မှန်ကို ထင်ထင်ရှားရှား မပြရဲကြောင်းကိုလည်း သက်သေပြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် တကယ် ထုတ်ဖော်ပြပါကလည်း၊ ၎င်းတို့ကို စောင့်ကြည့်စစ်ဆေးဖို့၊ ဖော်ထုတ်ဖို့နှင့် ဖယ်ရှင်းဖို့ လူများရှိသည်။ ဆိုလိုသည်မှာ သမ္မာတရားကို အမှန်တကယ် နားလည်သူများ၏ စိတ်နှလုံးများတွင် လူပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်ဒြပ်၊ ဩဇာတိက္ကမနှင့် ဩဇာအာဏာတို့သည် ဩဇာလွှမ်းမိုးနိုင်သည့် အရာများ မဟုတ်ပေ။ သမ္မာတရားကို နားလည်သည့် သူများအားလုံးသည် ထိုးထွင်းသိမြင်မှု ရှိနိုင်ကြပြီး ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုတွင် လူများသည် မည်သည့်လမ်းကြောင်းကို လိုက်လျှောက် သင့်သကဲ့သို့၊ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ၎င်းတို့ မည်သို့ ဆက်ဆံသင့်သည်ကို ပြန်တွေးပြီး ပြန်လည် သုံးသပ်ကြသည်။ ၎င်းတို့သည် မည်သူ့နောက်ကို လူများလိုက်သင့်သည်၊ လူများနောက်လိုက်ခြင်းတွင် မည်သည့်အပြုအမူ ပါဝင်ပြီး ဘုရားသခင် နောက်လိုက်ခြင်းတွင် မည်သည့်အပြုအမူ ပါဝင်သည်တို့နှင့်ပတ်သက်၍လည်း စတင် တွေးတောကြသည်။ ဤသမ္မာတရားများကို နှစ်ပေါင်းများစွာ တွေးဆပြီး ဒေသနာများကို မကြာခဏ နားထောင်ပြီးသည့်နောက်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားများကို မရည်ရွယ်ဘဲ နားလည်လာပြီးဖြစ်သောကြောင့်၊ ၎င်းတို့၌ ဝိညာဉ်ရင့်ကျက်မှု အချို့ ရရှိပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် လမ်းကြောင်းမှန်ပေါ်သို့ စတင်ပြီးဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်” မှ

ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများသည် အန္တိခရစ်များကို မည်သို့ဆက်ဆံသင့်သနည်း။ ၎င်းတို့သည် ထိုသူတို့ကို ခွဲခြားသိမြင်ရမည်၊ ဖော်ထုတ်ရမည်၊ တိုင်ကြားရမည်ဖြစ်ပြီး နှင်ထုတ်ရမည် ဖြစ်သည်။ အန္တိခရစ်တစ်ဦးက ခေါင်းဆောင်မှု နေရာတစ်ခုသို့ မည်သို့ရောက်လာသည်ဖြစ်စေ၊ သူသည် အစဉ် ဘုရားသခင်ကို ခုခံသူတစ်ဦး ဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦး၏ ခေါင်းဆောင်မှုကို လက်ခံရမည်မဟုတ်သကဲ့သို့၊ သူလုပ်ဆောင်သည့်အရာမှာ သင့်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဦးဆောင်ဖို့ မဟုတ်သည့်အတွက်၊ သူ့ကို ခေါင်းဆောင်တစ်ဦးအဖြစ် သင်အသိအမှတ်မပြုရ။ သူသည် သင့်ကို ငရဲသို့ ဆွဲချလိုပြီး သူလျှောက်လှမ်းနေသည့် အန္တိခရစ်များ၏ တူညီသော လမ်းကြောင်းတစ်လျှောက် သင့်ကို တရွတ်တိုက်ဆွဲလို၏။ ဘုရားသခင်အား ဆန့်ကျင်ခုခံခြင်းနှင့် ဘုရားသခင်၏ အမှုကို နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့တွင် သူသည် သင့်ကို သူနှင့်အတူ ပူးပေါင်းစေသည်။ သင်သည် သူနှင့်အတူ ရွှံ့နွံထဲတွင် လူးလိမ့်ပျော်မြူးလာဖို့အလို့ငှာ သူသည် သင့်ကို သုတ်ယူကာ ဆွဲလေသည်။ ဤအရာကို သင်လိုက်လျောမည်လော။ သင်လိုက်လျောပါက၊ ထို့ပြင် သင်သည် သူနှင့် အပေးအယူလုပ်ပါက၊ သနားကရုဏာအတွက် သူ့ကို တောင်းခံပါက၊ သို့မဟုတ် သူ၏ သိမ်းပိုက်ခြင်းကို ခံရပါက၊ သင်သည် သက်သေမခံလေပြီ၊ ပြီးလျှင် သင်သည် သမ္မာတရားနှင့် ဘုရားသခင် နှစ်ခုလုံးကို သစ္စာဖောက်သော လူတစ်ဦးဖြစ်ပြီး- ထိုသို့သော လူတို့ကို ကယ်တင်၍ မရနိုင်ပေ။ ကယ်တင်ခြင်းရရှိဖို့အလို့ငှာ လူတစ်ဦးပြည့်မီရမည့် သတ်မှတ်ချက်များမှာ အဘယ်နည်း။ ပထမဦးစွာ၊ ၎င်းတို့သည် ဆိုးယုတ်သော အန္တိခရစ်များကို ခွဲခြားရန် အစွမ်းအစကို ပိုင်ဆိုင်ရမည်။ ၎င်းတို့၌ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာ ရှိရမည်။ ဘုရားသခင်ကို ၎င်းတို့ စစ်မှန်စွာ ယုံကြည်နိုင်ပြီး လူကို ကိုးကွယ်ခြင်း၊ သို့မဟုတ် လူနောက်လိုက်ခြင်းအား ရှောင်ကြဉ်နိုင်သည်မှာ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာအား ပိုင်ဆိုင်ခြင်းအားဖြင့်သာ ဖြစ်သည်။ အန္တိခရစ်များကို ခွဲခြားနိုင်သော လူတို့သာ ဘုရားသခင်ကို အမှန်တကယ် ချစ်ဖို့နှင့် သူ့နောက် လိုက်ပြီး သက်သေခံဖို့ အစွမ်းအစ ရှိပေသည်။ အန္တိခရစ်များကို ခွဲခြားဖို့အလို့ငှာ၊ လူတို့သည် ပထမဦးစွာ လူများနှင့် အမှုအရာများကို ပြီးပြည့်စုံသော ရှင်းလင်းမှုနှင့် သိနားလည်မှုတို့ဖြင့် တွေ့မြင်ရန် သင်ယူရမည်။ ၎င်းတို့သည် အန္တိခရစ်များ၏ အနှစ်သာရကို သိမြင်နိုင်ရမည်ဖြစ်ပြီး ၎င်းတို့၏ လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်များ၊ လှည့်စားချက်များ၊ အတွင်း အရင်းခံအကြောင်းများနှင့် ရည်မှန်းချက်များအားလုံးကို ရိပ်စားမိရမည်။ ဤအရာကို သင်လုပ်ဆောင်နိုင်ပါက၊ သင်သည် ခိုင်မာစွာ ရပ်တည်နိုင်ပေသည်။ ကယ်တင်ခြင်းကို သင်ရရှိလိုပါက၊ သင်အောင်မြင်ရမည့် ပထမဆုံးသော စစ်ဆေးမှုမှာ စာတန်ကို မည်သို့ အနိုင်ယူရမည်ဆိုသည်နှင့် ပြင်ပလောကမှ ရန်လိုသော အင်အားစုများနှင့် ဝင်ရောက်စွက်ဖက်ခြင်းတို့ကို မည်သို့အောင်မြင်ကျော်လွှားကာ အောင်နိုင်ရမည်ဆိုသည်တို့ကို သင်ယူဖို့ ဖြစ်သည်။ သင်သည် စာတန်၏ အင်အားစုများကို ဆန့်ကျင်တိုက်ပွဲဝင်ရာတွင် အဆုံးထိ မဆုတ်မနစ် လုံ့လထုတ်ရန် ဝိညာဉ်ရင့်ကျက်မှုနှင့် လုံလောက်သော သမ္မာတရားတို့ကို ပိုင်ဆိုင်ပြီး ၎င်းတို့ကို အနိုင်ယူပြီးသည်နှင့်တစ်ပြိုင်နက်- ထိုအခါတွင်သာ- သင်သည် သမ္မာတရားကို မှန်မှန်လိုက်စားနိုင်ပြီး ထိုအခါမှသာ သင်သည် သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ပေးအပ်ခံရခြင်း လမ်းကြောင်းပေါ် တည်ကြည်ခိုင်မာစွာနှင့် မတော်တဆ ထိခိုက်ခြင်း မရှိဘဲ ခြေလှမ်းနိုင်ပေသည်။ သင်သည် ဤစစ်ဆေးမှုကို မအောင်မြင်နိုင်ပါက၊ သင်သည် ကြီးမားသော အန္တရာယ်တွင်ရှိနေပြီး အန္တိခရစ်၏ ဖမ်းဆီးခံရကာ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်လာရနိုင်ဖွယ်ရှိသည်ဟု ဆိုနိုင်ပေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်” မှ

အန္တိခရစ်အချို့သည် ဂုဏ်အဆင့်အတန်း ရှိလာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သောက်သည့် လက်ဖက်ရည်ကြမ်းကို ၎င်းတို့အား တည်ခင်းပေးဖို့ အခြားသူများကို မရမကတောင်းဆို၏၊ ၎င်းတို့ဝတ်သည့် အဝတ်အစားများကို အခြားသူများအား လျှော်ခိုင်း၏၊ ထို့ပြင် ၎င်းတို့ရေချိုးသည့်အခါ ၎င်းတို့၏ ကျောကုန်းကို ကြေးညှော်တိုက်ချွတ်ပေးသည့် သီးသန့် ပုဂ္ဂိုလ်တစ်ဦးနှင့် ၎င်းတို့အစာစားသည့်အခါ ၎င်းတို့ကို စားပွဲထိုးပေးသည့် သီးသန့်ပုဂ္ဂိုလ်တစ်ဦးပင် ရှိကြလေသည်။ ထိုထက်ဆိုးသည်မှာ အချို့သည် နေ့စဉ် ဟင်းလျာသုံးနပ်စာအတွက် စားသောက်ဖွယ်စာရင်းပင် ရှိကြကာ အပိုဆောင်း ကျန်းမာရေး ဖြည့်စွက်စာများ မှီဝဲကြပြီး ၎င်းတို့အတွက် စွပ်ပြုတ်အမျိုးအစား အမျိုးမျိုးကိုလည်း ကျိုချက်စေလိုကြသည်။ အန္တိခရစ်များ၌ အရှက်မရှိကြသလော။ မရှိကြပေ။ ထိုလူစားမျိုးကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ရုံမျှလုပ်ခြင်းသည် အတော်အတန် သက်ညှာရာကျသည်ဟု သင်တို့ပြောမည်လော။ ကိုင်တွယ်ဖြေရှင်းခြင်နှင့် ပြုပြင်ခြင်းတို့က ၎င်းတို့ကို အရှက်ရစေမည်လော။ (အရှက်ရစေမည် မဟုတ်ပါ။) သို့ဆိုလျှင် ဤပြဿနာကို မည်သို့ဖြေရှင်းနိုင်သနည်း။ ယင်းမှာ အတော်အတန် ရိုးရှင်းပေသည်။ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်လော့၊ ပြီးနောက်တွင် ၎င်းတို့ကို ဖော်ထုတ်လော့။ ၎င်းတို့သည် မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့အား သိစေလော့။ ၎င်းတို့ကျိုးနွံသည်ဖြစ်စေ၊ မကျိုးနွံသည်ဖြစ်စေ ၎င်းတို့သည် အစားထိုးခံရသင့်ပြီး လူတိုင်းက ၎င်းတို့ကို ငြင်းပယ်သင့်သည်။

သင်တို့သည် အန္တိခရစ်တစ်ဦးကို ရှာတွေ့ပြီးသည့်အခါ ၎င်းကို သင်တို့ငြင်းပယ်နိုင်သလော။ သင်သည် ၎င်းတို့ကို ရင်ဆိုင်ပြီး တိုင်ကြားဝံ့သလော၊ ၎င်းတို့ကို ဖော်ထုတ်ဝံ့သလော။ (လုပ်ဝံ့ပါသည်။) အမှန်တကယ် လုပ်ဝံ့သလော၊ သို့မဟုတ် ယင်းမှာ ဟန်ဆောင်ခြင်းသက်သက်လော။ သင်၌ သင့်ကို ထောက်ခံသည့် အခြားသူများ ရှိသည့်အခါ သင်သည် ၎င်းတို့ကို ရင်ဆိုင်ပြီး ဖော်ထုတ်ဝံ့လိမ့်မည်ဖြစ်သော်လည်း ထောက်ခံအားပေးမှုမရှိပါက ၎င်းတို့ကို သင်ဖော်ထုတ်ဝံ့သေးသလော။ သင်ယခု ရှိနေသည့်နေရာသည် ဘေးကင်း၏၊ ထိုနေရာတွင် အဆင်းနီသော နဂါးကြီး မင်းမူနေခြင်းမရှိပေ၊ ထို့ကြောင့် သင်က “အဘယ်အရာကို ငါကြောက်ဖို့လိုသနည်း။ ၎င်းတို့သည် အန္တိခရစ်များသာ ဖြစ်၏။ ဘုရားသခင်ရွေးချယ်ထားသူများ၌ သူ၏တာဝန်ပေးစေခိုင်းချက် ရှိသောကြောင့် ငါသည် အန္တိခရစ်ကို ဖော်ထုတ်ဝံ့သကဲ့သို့ ကြောက်လည်းမကြောက်” ဟု တွေးလေသည်။ သို့ရာတွင် အဆင်းနီသော နဂါးကြီးရှိသည့် နိုင်ငံ၌မူ ကွဲပြားခြားနား၏။ သင်သည် အန္တိခရစ်တစ်ဦးကို ဖော်ထုတ်လိုက်၍ ၎င်းတို့က မိမိတို့၏ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရလျှင် ၎င်းတို့သည် သင့်ကို အပြစ်ပေးကာ ပြင်းထန်စွာ ဝေဖန်ရှုတ်ချဖို့၊ သင့်ကို သစ္စာဖောက်ဖို့ ကြိုးစားလိမ့်မည်ဖြစ်ပြီး သင့်ကို ဩဇာအာဏာရှိသည့်သူများ လက်ထဲသို့ ပို့လိမ့်မည်။ သင်သည် ၎င်းတို့ကို ဖော်ထုတ်ဝံ့သေးသလော။ (မဟုတ်ပါ၊ ကျွန်ုပ်တို့ မဖော်ထုတ်ဝံ့ပါ။) ထိုပတ်ဝန်းကျင်၌ သင်ဖော်ထုတ်ဝံ့မည် မဟုတ်ပေ။ ထို့ကြောင့် မလုပ်ဆောင်ဝံ့ခြင်းသည် မှန်ကန်သော သဘောထား ဖြစ်သလော။ ယင်းမှာ မမှန်ကန်သကဲ့သို့၊ သက်သေခံခြင်းလည်း မဟုတ်ပေ။ ဤသည်တို့မှာ အောင်မြင်သောသူတစ်ဦး၊ သို့မဟုတ် ဘုရားသခင်၏ နောက်လိုက်တစ်ဦး ပြောသင့်သည့် စကားများ မဟုတ်ချေ။ သင်သည် စကားတစ်လုံးမျှ မပြောလျှင်ပင် သင့်စိတ်နှလုံးက အဖန်တလဲလဲ ဟစ်ကြော်နေ၏— “အသင်အန္တိခရစ်၊ အသင်မာရ်နတ်စာတန်၊ သင့်ကို ငါဖော်ထုတ်ပစ်မည်။ သင့်ကို ငြင်းပယ်ဖို့၊ အသင်းတော်မှ ထုတ်ပယ်ဖို့ ဉာဏ်ပညာကို ငါသုံးမည်။ သင်သည် ဘုရားအိမ်တော်၌ နေထိုင်ဖို့ မထိုက်တန်၊ သင်သည် မာရ်နတ်ဖြစ်၏၊ သင်သည် စာတန်ဖြစ်၏။ သင့်ကို လူသိရှင်ကြား ငါမဖော်ထုတ်သော်လည်း သင့်ကို အူထဲအသည်းထဲမှ ငါ ငြင်းပယ်သည်။ ငါသည် သမ္မာတရားကို နားလည်သည့် ညီအစ်ကိုမောင်နှမများစွာကို ရှာဖွေမည်ဖြစ်ပြီး ငါတို့ အတူတကွ သင့်ကို ငြင်းပယ်မည်။ ငါတို့သည် သင်၏ ခေါင်းဆောင်မှုကိုဖြစ်စေ၊ သင်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းကိုဖြစ်စေ လက်ခံမည် မဟုတ်။” ဤသည်မှာ မှန်ကန်သည့် နည်းလမ်း ဖြစ်သလော။ (ဟုတ်ပါသည်။) ပတ်ဝန်းကျင်သည် ဘေးဖြစ်စေပြီး ဤနည်းလမ်းဖြင့် ပြုမူခြင်းက သင့်ကို အန္တရာယ်ရှိစေမည် ဖြစ်သော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ သမ္မာတရား အခြေခံသဘောတရားနှင့် လူသား၏တာဝန်တို့ကို ပစ်ပယ်၍သော်လည်းကောင်း၊ စွန့်လွှတ်၍သော်လည်းကောင်း မရနိုင်ချေ။ အခွင့်ထူးများကို ခံစားမွေ့လျော်သည့်၊ ဂုဏ်အဆင့်အတန်း၏ အကျိုးများကို မရှက်မကြောက် ခံစားမွေ့လျော်သည့် အန္တိခရစ်များကိုမူ ငါတို့သည် ငြင်းပယ်သင့်၏၊ ၎င်းတို့ကို ဘုရားအိမ်တော်၌ ကပ်ပါးကောင်များ ဖြစ်လာခွင့်မပေးသင့်၊ ၎င်းတို့အား နောက်ထပ် ညီအစ်ကိုမောင်နှမ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်ခွင့်ဖြစ်စေ၊ လှည့်စားခွင့်ဖြစ်စေ မပေးသင့်ချေ။ ငါတို့သည် ၎င်းတို့ကို မောင်းထုတ်သင့်သည်။ ဘုရားအိမ်တော်၏ အရင်းအမြစ်များသည် ဤကပ်ပါးကောင်များ၏ အာဟာရအတွက် မဟုတ်ချေ။ ၎င်းတို့သည် မာရ်နတ်များ ဖြစ်သောကြောင့် ဘုရားအိမ်တော်အတွင်း စားသောက်ဖို့ မထိုက်တန်၊ ဘုရားအိမ်တော်ရှိ မည်သည့်အရာကိုမျှ ခံစားမွေ့လျော်ဖို့ မထိုက်တန်ချေ။ ၎င်းတို့ကို ငြင်းပယ်ထိုက်သည်။ အန္တိခရစ်များ၏ နောက်ထပ် သရုပ်သကန် တစ်ခုရှိချေသည်— အခွင့်ထူးကို အရှက်အကြောက်မဲ့စွာ ခံစားမွေ့လျော်ခြင်း ဖြစ်သည်။ မည်သည့်အရာကိုမျှ မပံ့ပိုးမဖြည့်ဆည်းဘဲ ၎င်းတို့က ခေါင်းဆောင်ပိုင်း ရာထူးကို ကြိုးပမ်းရရှိပြီးသည်နှင့်တစ်ပြိုင်နက် အာဏာကို လက်မလွှတ်တမ်း စွဲကိုင်ထားတော့သည်။ ခေါင်းဆောင်တစ်ဦး ဖြစ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ ဂုဏ်အဆင့်အတန်းနှင့် သက်ဆိုင်သည့် အကျိုးအမြတ်များကို ခံစားမွေ့လျော်ကြသည်၊ ညီအစ်ကိုမောင်နှမများကို ၎င်းတို့အတွက် အရသာရှိသော အစားအစာများ အတင်းအဓမ္မ ဝယ်ချက်ခိုင်းသည်၊ သူတို့လုပ်အား၏ အသီးအပွင့်များကို အလွဲသုံးစားပြုပြီး သူတို့၏ပစ္စည်းဥစ္စာများကို သိမ်းဆည်းသည်။ ၎င်းတို့အဖို့မူ ယင်းမှာ လုပ်ရိုးလုပ်စဉ် အခြေအနေတစ်ခု၊ တန်ဖိုးမဖြတ်နိုင်သော အခွင့်အရေးတစ်ခု၊ နောက်တစ်ကြိမ် မလာမည့် အခွင့်အလမ်းတစ်ခု ဖြစ်သည်။ ဤသည်မှာ မာရ်နတ်တွေးသည့် နည်းလမ်းဖြစ်သည် မဟုတ်လော။ အရှက်မဲ့လှသည့် အတွေးအခေါ်ပင်တည်း။ ဤလူစားမျိုးကို ညီအစ်ကိုမောင်နှမများက ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ကာ ဖော်ထုတ်၍ ငြင်းပယ်သင့်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်မခံသကဲ့သို့ အမှားတစ်စုံတစ်ခုကို ကျူးလွန်မိသည့်အခါ နောင်တရခြင်း သဘောထားလည်း မရှိကြ...” မှ

သင့်ကို ငါပြောမည်၊ လူတစ်ဦးသည် အန္တိခရစ်တစ်ဦးဖြစ်ကြောင်း သင်တွေ့ရှိလိုက်ရသောအခါ သူ၌ ကြီးမားသော တန်ခိုးအာဏာရှိပါက၊ သူ့ကို သင်ဖော်ထုတ်လိုက်လျှင် နုတ်ပယ်ခြင်း၊ သီးခြားခွဲထုတ်ခြင်း၊ သို့မဟုတ် သင်၌ရှိသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်များ သိမ်းယူခြင်း ခံကောင်းခံရနိုင်သည်ဆိုပါက ထိုသူကို ထိပ်တိုက်မရင်ဆိုင်လေနှင့်။ သင်၏စာအုပ်များကို သိမ်းဆည်းထားပြီး အသင်းတော်နှင့် အဆက်အသွယ်မပြတ်နေရင်း ထိုသူကို ဖော်ထုတ်ပြီး သတင်းပို့ရန်နှင့် ပယ်ခွာရန် နည်းလမ်းများကို သင်ချက်ချင်းစဉ်းစားသင့်သည်။ သူ့ကို တိုက်ရိုက်မရင်ဆိုင်နှင့်။ သင့်အနေဖြင့် သူ့ကို အကျိုးသင့်အကြောင်းသင့် ပြောပြခြင်းက အလဟဿဖြစ်မည်၊ သူ့ကို မေတ္တာအားဖြင့် ပြုပြင်ပြောင်းလဲရန် ကြိုးစားခြင်းက အလဟဿဖြစ်မည်၊ ထို့ပြင် သူ့ကို သမ္မာတရား ဆွေးနွေးပေးခြင်းက အလဟဿဖြစ်ပေမည်။ ထိုသူတို့ကို သင်မပြောင်းလဲနိုင်ချေ။ သင်သည် သူတို့ကို မပြောင်းလဲနိုင်သည်ဖြစ်ရာ သင့်အတွက် အကောင်းဆုံးနည်းလမ်းမှာ သူတို့နောင်တရမည်ဟူသည့် မျှော်လင့်ချက်ဖြင့်ပြုသော မည်သည့်ပုဂ္ဂိုလ်ရေးအရ စကားစမြည်ပြောခြင်းများ၊ သို့မဟုတ် သူတို့အား အကျိုးသင့်အကြောင်းသင့် ပြောပြခြင်းများကို ရှောင်ကြဉ်ရန်ဖြစ်သည်။ ထို့ထက် သူတို့မသိသောနည်းလမ်းဖြင့် ထိုသူတို့ကို ဖော်ထုတ်ပြီး သတင်းပေးလော့။ ထိုသူတို့အား သင်၏အထက်လူကြီးကို ကိုင်တွယ်စေလော့၊ သို့မဟုတ် ထိုသူတို့အား ဖော်ထုတ်၊ သတင်းပေးပြီး ပယ်ခွာရန် နောက်ထပ်လူတို့ကို လှုံ့ဆော်ကာ ထိုသို့ဖြင့် အသင်းတော်အား ထိုသူတို့ကို ဖြတ်တောက်စေလော့။ ဤသည်မှာ ယင်းကို ကိုင်တွယ်ရမည့် နည်းလမ်းကောင်းတစ်ခု မဟုတ်လော။ အကယ်၍ သင်သည် အန္တိခရစ်တစ်ဦးကို သတိပြုမိပြီး သူက သင်၏ အတွင်းစိတ်ကူးများကို နှိုက်ယူကာ သူ့ကို သင်ဖော်ထုတ်ထားပြီလောဟူသည်ကို သိမြင်ရန် ကြိုးစားပါက သင်ဘာလုပ်မည်နည်း။ သင်သည် စာတန်မာရ်နတ်၏ လိမ်လည်လှည့်စားမှုကို ရိပ်စားမိရမည်။ ထိုသူတို့၏ ထောင်ချောက်ထဲသို့၊ သို့မဟုတ် သင့်အတွက် သူတို့တူးထားသော တွင်းထဲသို့ မကျရောက်ရပေ။ စာတန်မာရ်နတ်ကို ရင်ဆိုင်ရလျှင် သင်ဉာဏ်ပညာရှိရမည်။ သူတို့ကို စိတ်ရင်းအတိုင်း စကားမပြောရ။ သင်စိတ်ရင်းအတိုင်း စကားပြောနိုင်သောသူများမှာ ဘုရားသခင်နှင့် သင်၏ ညီအစ်ကိုမောင်နှမစစ်စစ်များဖြစ်၏၊ ထို့ကြောင့် သင်သည် စာတန်အပြင် မာရ်နတ်များ၊ သို့မဟုတ် အန္တိခရစ်များအား ဘယ်သောအခါမျှ အမှန်တရားကို ပြော၍မရပေ။ ဘုရားသခင်တစ်ပါးတည်းသာလျှင် သင့်နှလုံးသားထဲ၌ သင်စဉ်းစားသည့်အရာကို သိထိုက်သည်။ ဘုရားသခင်တစ်ပါးတည်းသာလျှင် သင့်နှလုံးသားအပေါ် အချုပ်အခြာအာဏာ ထားရန်နှင့် စေ့စေ့စပ်စပ်စစ်ဆေးခြင်း ပြုရန် ထိုက်တန်သည်။ မည်သူမျှ၊ အထူးသဖြင့် စာတန်မာရ်နတ်သည် သင်၏အတွေးများကို ထိန်းချုပ်ရန်၊ သို့မဟုတ် သင်၏နှလုံးသားကို စေ့စေ့စပ်စပ်စစ်ဆေးရန် အရည်အချင်း မပြည့်မီပေ။ သို့ဖြစ်၍ စာတန်မာရ်နတ်က သင်၏ ရိုးသားဖြောင့်မတ်သော စကားများကို နှိုက်ယူဖို့ကြိုးစားလျှင် “မရဘူး” ဟု ပြန်ပြောရန်၊ ပြန်ဖြေဖို့ ငြင်းဆန်ရန်နှင့် သင်ဘာစဉ်းစားနေသည်ကို သူ့အား မပြောဘဲနေရန် အခွင့်ရှိသည်။ ဤသည်မှာ သင်၏အခွင့်အရေး ဖြစ်သည်။ အကယ်၍ သင်က “အသင်စာတန်သည် ကျွန်ုပ်ထံမှ စကားနှိုက်ရန် ကြိုးစားသော်လည်း ကျွန်ုပ်သင့်အား အမှန်ကို ပြောမည်မဟုတ်၊ သင့်ကို ပြောမည်မဟုတ်ပေ။ သင့်ကို ကျွန်ုပ်တိုင်ကြားမည်၊ ဘာဖြစ်သနည်း။ သင်ကျွန်ုပ်ကို ဒဏ်တပ်ရဲလျှင် တပ်ကြည့်၊ သင့်ကို ကျွန်ုပ်တိုင်ကြားမည်။ သင်ကျွန်ုပ်ကို ဒဏ်တပ်လျှင် ဘုရားသခင်က သင့်ကိုကျိန်ဆဲပြီး အပြစ်ဒဏ်ပေးမည်” ဟု ပြောလျှင် အဆင်ပြေမည်လော။ (မပြေပါ။) သမ္မာကျမ်းစာထဲတွင် ပြောထားသည်မှာ- “ထိုကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၁၆) ဤသို့သောအချိန်များ၌ သင်သည် မြွေကဲ့သို့ လိမ္မာပါးနပ်ပြီး ဉာဏ်ပညာရှိရမည် ဖြစ်သည်။ ငါတို့၏ နှလုံးသားများအား ဘုရားသခင်တစ်ပါးတည်းကိုသာ စေ့စေ့စပ်စပ်စစ်ဆေးခွင့် ပေးရမည်ဖြစ်ပြီး သူ့ကိုသာ နေရာယူခွင့် ပေးရမည်ဖြစ်သည်။ ငါတို့၏ နှလုံးသားများအား ဘုရားသခင်တစ်ဦးတည်းကိုသာ ပေးရမည်။ သူသာလျှင် ငါတို့၏ နှလုံးသားများကို ပိုင်ထိုက်သည်― စာနတ်မာရ်နတ်က မပိုင်ထိုက်။ သို့ဖြစ်၍ အန္တိခရစ်များသည် ငါတို့ မည်သို့မည်ပုံစဉ်းစားသည်၊ သို့မဟုတ် မည်သည့်အရာ စဉ်းစားသည်ကို သိရှိရန် အရည်အချင်း မပြည့်မီချေ။ သူတို့သည် သင့်ထံမှ စကားနှိုက်ယူဖို့၊ အစ်အောက်ကြည့်ဖို့ ကြိုးစားကြသည်။ သူတို့၏ရည်ရွယ်ချက်က သင့်ကိုထိန်းချုပ်ဖို့ ဖြစ်သည်။ ဤအရာကို ရှင်းလင်းစွာ သင်တွေ့မြင်ရမည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦးထံ စိတ်ရင်းအတိုင်း စကားမပြောနှင့်။ သင်သည် ထိုသူတို့ကို ဖော်ထုတ်ရန်၊ ပစ်ပယ်ရန်နှင့် သူတို့၏ရာထူးနေရာမှ ဆွဲချရန်အတွက် သင်၏ နောက်ထပ် ညီအစ်ကိုမောင်နှမများနှင့်အတူ စည်းလုံးမည့် နည်းလမ်းတစ်ခုကို ရှာဖွေရမည်။ ထိုသူတို့ကို လွှမ်းမိုးခွင့် လုံးဝမပေးနှင့်။ ထိုသူတို့ကို အသင်းတော်မှ ဖြတ်တောက်လိုက်ပြီး ဘုရားသခင်၏အိမ်တော်ထဲတွင် အနှောင့်အယှက်ဖြစ်ပွားစေဖို့၊ သို့မဟုတ် အာဏာစွဲကိုင်စေဖို့ နောက်ထပ်အခွင့်အရေး မပေးလေနှင့်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြ၏” မှ

အရှေ့သို့- ၆၃) ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ရွေးချယ်ခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၆၅) တာဝန်ယူခြင်းနှင့် နှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

၃၂၉ လူသားရဲ့စစ်မှန်သော နှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိ လာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာ ထိုသူတို့ ဘုရားကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်