၁၃၀) ဆန့်ကျင်ဖက်လိင်နှင့် အပြန်အလှန် ထိတွေ့ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) လူသားမျိုးနွယ်၏ ယိုယွင်းမှု၏ နက်ရှိုင်းမှုများနှင့် သက်ဆိုင်သော ဒုစရိုက် အနှစ်သာရကို ရှင်းလင်းစွာ မြင်လော့။ မည်သူမဆို မည်သည့်အချိန်တွင်ဆို စုံစမ်းနှောင့်ယှက်ခြင်းသို့ ကျရောက်နိုင်သည်။ ထို့ကြောင့် ဆန့်ကျင်ဖက်လိင်နှင့် အပြန်အလှန်ဆက်ဆံရာတွင် သတိရှိရပါမည်။

(၂) ဆန့်ကျင်ဖက် လိင်ရှိသူနှင့် ယှဉ်တွဲလုပ်ဆောင်ခြင်းကို ဝေးနိုင်သမျှ ဝေးဝေးရှောင်လော့။ ဒုစရိုက် အတွေးများ ထွက်ပေါ်လာလျှင်၊ ၄င်းတို့ ပျောက်ကွယ်စေရန် ဘုရားသခင်ထံ ဆုတောင်းလော့။ သင်၏ စိတ်ဓာတ်နှင့်အားမာန်ကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ သင့်တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် အာရုံစိုက်စေလော့။

(၃) ပညာသတိရှိသူသည် အန္တရာယ်ကို မြင်ကာ ပုန်းရှောင်သည်။ ကိလေသာ၌ ကျင်လည်သူများထံမှ ခပ်ခွါခွါ နေသင့်သည်၊ စုံစမ်းနှောင့်ယှက်ခြင်းကို ကြုံတွေ့သောအခါ ဒုစရိုက်နှင့်ယှဉ်သော ဆန့်ကျင်ဖက်လိင်နှင့် ပြဿနာဖြစ်စေသော အခြေအနေများမှ ထွက်ပြေးကာ ဘုရားသခင်ထံသို့ ဆုတောင်းသင့်သည်။

(၄) အရေးကိစ္စများအားလုံးတွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံရန် သင်ယူလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြန်၍ နှစ်ဆတိုးကာ ဖတ်ပြီး မိမိ၌ ဒုစရိုက်နှင့်ယှဉ်သော ရည်ရွယ်ချက်များ ရှိမရှိ ပြန်လည်သုံးသပ်ရမည်။ မိမိ၏ ဒုစရိုက်နှင့်ယှဉ်သော စိတ်သဘောထားကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လတ်တလောတွင် အသင်းတော်ထဲ၌ ငွေအလွဲသုံးစားလုပ်သော လူအချို့၊ အမျိုးသားများနှင့် အမျိုးသမီးများအကြားတွင် ရှင်းလင်းသော စည်းဘောင်များ မထိန်းသိမ်းသောလူအချို့၊ အကဲဖြတ်ခြင်း၊ အာခံခြင်းနှင့် ဘုရားသခင်၏ အမှုများကို လျှို့ဝှက်စွာ ဖြိုဖျက်ရန် ကြိုးစားခြင်းပြုသောလူအချို့ ရှိနေသေးသည်။ အဘယ်ကြောင့် ၎င်းတို့သည် အရာခပ်သိမ်း၌ အခြေအနေကောင်းနေကြသေးသနည်း။ ထိုကဲ့သို့သောအရာများ ပြုလုပ်ကြစဉ်တွင် ၎င်းတို့၌ အသိအမြင်ရှိခြင်းကို ပိုင်ဆိုင်ပြီး ၎င်းတို့၏စိတ်နှလုံးထဲတွင် အပြစ်တင်ခြင်း ခံစားကြရကာ ဤအကြောင်းကြောင့် တစ်ခါတစ်ရံတွင် ပြစ်တင်ဆုံးမခြင်းနှင့် စစ်ဆေးခြင်းကို ၎င်းတို့ခံစားကြသည်၊ သို့သော်လည်း ၎င်းတို့သည် အလွန်အရှက်ကင်းမဲ့ကြလေစွ။ လက်လွတ်စပယ်နေထိုင်ခြင်း၌ လူတို့ပါဝင်သည့်အချိန်ကဲ့သို့ပင်၊ ၎င်းတို့သည် ထိုအခိုက်အတန့်တွင် ၎င်းတို့ လုပ်နေသည့်အရာကို သတိပြုမိကြသော်လည်း ၎င်းတို့၏တဏှာရာဂမှာ အလွန်ကြီးမားပြီး ၎င်းတို့သည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ကို ဆုံးမပဲ့ပြင်သော်လည်း ၎င်းမှာ အရာမရောက်သဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် ဆုံးမပဲ့ပြင်ခြင်းကို ပေးမည်မဟုတ်တော့ချေ။ အကယ်၍ ထိုအချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ကို ဆုံးမပဲ့ပြင်ခြင်း မပြုပါက၊ ၎င်းတို့သည် အပြစ်တင်ခြင်းကို မခံစားရသည့်အပြင် ၎င်းတို့၏ ဇာတိပကတိအပေါ် မည်သည့်အရာမျှ မဖြစ်လာပါက နောက်ပိုင်းတွင် မည်သည့် အပြစ်တင်ခြင်း လာနိုင်သနည်း။ အမှုက ပြီးစီးလေပြီ၊ မည်သည့်ဆုံးမပဲ့ပြင်ခြင်း ရှိနိုင်တော့သနည်း။ ၎င်းက သူတို့သည် အလွန်အရှက်ကင်းမဲ့ပြီး လူ့သဘာဝမရှိကြောင်းနှင့် သူတို့သည် ကျိန်ဆဲခြင်းများနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကို ထိုက်တန်နေကြောင်း သက်သေပြခြင်းသာဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် မလိုအပ်ဘဲ အမှုမပြုပေ။ အကယ်၍ သင်သည် သမ္မာတရားကို ကောင်းစွာသိသော်လည်း ၎င်းကို လက်တွေ့မကျင့်သုံးပါက၊ မည်သည့်မကောင်းမှုကိုမဆို ကျူးလွန်နိုင်စွမ်းရှိပါက သင်စောင့်မျှော်နိုင်သမျှမှာ ထိုဆိုးယုတ်သောသူနှင့်တကွ သင် အပြစ်ပေးခြင်းခံရမည့် ထိုနေ့ရက် ရောက်လာခြင်းပင် ဖြစ်သည်။ ဤသည်မှာ သင့်အတွက် အကောင်းဆုံးသော နိဂုံးဖြစ်လေသည်တကား။ ယခုတွင် ငါသည် အနိမ့်ဆုံးစံနှုန်းဖြစ်သည့် သြတ္တပ္ပစိတ်အကြောင်းကို ထပ်ခါတလဲလဲ ဟောပြောခဲ့ပြီးပြီ။ လူတို့သည် သြတ္တပ္ပစိတ်ကင်းမဲ့ပါက သန့်ရှင်းသောဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကို ဆုံးရှုံးပြီဖြစ်ကာ ၎င်းတို့သည် ၎င်းတို့အလိုရှိသည့်အတိုင်း ပြုနိုင်ပြီး ဘုရားသခင်သည် ၎င်းတို့အပေါ် အာရုံစိုက်မည် မဟုတ်ပေ။ သြတ္တပ္ပစိတ်နှင့် ဆင်ခြင်တုံတရား အမှန်တကယ်ရှိသောသူများက ၎င်းတို့ တစ်စုံတစ်ခုကို ပြုမှားသောအခါ ၎င်းကို သတိပြုမိလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့၏ သြတ္တပစိတ်ထဲ၌ ပြစ်တင်ခြင်းအနည်းငယ်မျှ ခံစားမိသည်နှင့် စိတ်မအေးဘဲ ခံစားကြလိမ့်မည်။ စိတ်အတွင်းပိုင်း စစ်ထိုးပွဲကို ကြုံရပြီး နောက်ဆုံးတွင် ဇာတိပကတိကို စွန့်ပယ်ကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို အလွန်စိုးရိမ်ဖွယ်ရာ ဆန့်ကျင်သည့်တစ်စုံတစ်ခုကို ပြုလုပ်မိသည့်အဆင့်အထိ ၎င်းတို့ ရောက်လိမ့်မည်မဟုတ်ချေ။ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ကို ဆုံးမပဲ့ပြင်ပြီး ပြစ်တင်ဆုံးမနေပါစေ လူတို့အားလုံးသည် အမှားတစ်စုံတစ်ရာကို ပြုသည့်အခါ ၎င်းတို့၌ ခံစားချက်အနည်းငယ် ရှိကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ယခုအခါ သမ္မာတရား အမျိုးပေါင်းစုံကို နားလည်ကြပြီဖြစ်ကာ သူတို့သည် ၎င်းတို့ကို လက်တွေ့မလုပ်ဆောင်လျှင်မူ ၎င်းမှာ လူသားတို့နှင့်ဆိုင်သော ကိစ္စဖြစ်သည်။ ငါသည် ဤကဲ့သို့သောလူတို့ကို တုံ့ပြန်ခြင်း မပြုသည့်အပြင် ၎င်းတို့အတွက် မည်သည့်မျှော်လင့်ချက်မျှ မထိန်းသိမ်းထားပေ။ သင် သဘောရှိသည့်အတိုင်း သင်ပြုပါလေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၁)” မှ

အချို့သူတို့သည် ဆန့်ကျင်ဘက်လိင်နှင့် ဆက်သွယ်ရန် ၎င်းတို့ချဉ်းကပ်ရာတွင် အလွန်ပုံမှန်ဖြစ်လွန်းပါသည်။ သူတို့သည် မည်သည်မှမဖြစ်သမျှကာလပတ်လုံး အရေးကြီးသောအရာမဟုတ်ဟု ခံစားတတ်ကြ သည့်အပြင် မည်သူမျှ တဏှာရမ္မက်အတွေးများကို အလိုလိုက်ခြင်း သို့မဟုတ် ဆိုးယုတ်သောခံစားချက် အချို့ကို ဖော်ပြခြင်း မရှိပါ။ ပုံမှန်လူသားဆန်မှုရှိသော လူတစ်ဦးတွင် ထိုကဲ့သို့အတွေးများ ရှိသင့်ပါသလား။ ၎င်းမှာ ပုံမှန်လူသားဆန်မှု လက္ခဏာတစ်ရပ် ဖြစ်ပါသလား။ သင်သည် အိမ်ထောင်ပြုနိုင်သည့် အရွယ်သို့ ရောက်ရှိလာသည်နှင့် ဆန့်ကျင်ဘက်လိင်နှင့် ဆက်သွယ်လာကြပြီး အတည်တကျချစ်ခင်စုံမက်လိုကြသည်၊ ပုံမှန်အတိုင်း အတည်တကျချစ်ခင်စုံမက်ကြလျှင် မည်သူမျှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ပါ။ သို့သော်လည်း အချို့သူတို့သည် အတည်တကျချစ်ခင်စုံမက်လိုခြင်း မရှိပါ— သူတို့သည် သူတို့မျက်စိမှာ သဘောကျသည့်သူ တစ်ယောက်ယောက်နှင့် ရက်ပေါင်းအနည်းငယ် အပျော်ရည်းစားထားလိုကြသည်၊ တစ်ယောက်ယောက်ကို သူတို့သဘောကျသည်နှင့် သူတို့သည် သူတို့၏လိုအင်ဆန္ဒကို စတင်ပြသလာသည်။ သူတို့ မည်သို့ ပြသကြသနည်း။ မျက်ခုံးလှုပ်ပြကြသည်၊ မျက်စိမှိတ်ပြကြသည်၊ သို့မဟုတ် သူတို့စကားပြောသည့်အခါ သူတို့၏စကားထဲမှာ လေသံပြောင်းလဲလာကြသည် သို့မဟုတ် သီးသန့်နည်းလမ်းတစ်ခုကို သူတို့ပြုလုပ်လာကြသည် သို့မဟုတ် သူတို့ကို သတိပြုမိလာအောင် ရယ်စရာစကားများ စတင်ပြောဆိုလာကြသည်၊ ဤသို့ဖြင့် သူတို့ပြသကြပါသည်။ ပုံမှန်အားဖြင့် ဤသို့အမှတ်တမဲ့ဖော်ပြသည့် စရိုက်လက္ခဏာများကို လူတစ်ယောက် မကြိုက်သည့်အခါ ၎င်းတို့မျက်စိတွင် သဘောကျသည့် ဆန့်ကျင်လက်လိင်ရှိသူအချို့ အနီးအနားတွင် ရှိနေသည်ကို သင့်အနေဖြင့် သေချာသိရှိနိုင်သည်။ ထိုလူများမှာ မည်သူများဖြစ်ကြသနည်း။ သူတို့မှာ ထိန်းမနိုင်တားမရသော သူများဖြစ်သည် သို့မဟုတ် အမျိုးသားများနှင့် အမျိုးသမီးများကြားတွင် ပြတ်သားသောကန့်သတ်ချက်များ မထားရှိကြ ဟု သင်ပြောဆိုကောင်းပြောဆိုနိုင်သည်၊ သို့သော် သူတို့သည် မနှစ်မြို့ဖွယ် အမူအရာတစ်စုံတစ်ရာမှ မပြသကြပါ။ အချို့သူများက သူတို့သည် အလေးအနက်မထားကြဟု ပြောဆိုကောင်းပြောဆိုနိုင်သည်။ အနည်းအားဖြင့်ပြောရလျှင် သူတို့သည် မိမိကိုယ်မိမိ သိက္ခာမဲ့သော ပုံစံဖြင့် ပြုမှုနေထိုင်ကြသည်၊ အလေးအနက်မထားကြသူတို့သည် မိမိကိုယ်မိမိ လေးစားရန် လိုအပ်သည်ကို နားမလည်ကြပါ။ အချို့သူတို့သည် နေ့စဉ်နိစ္စဓူဝဘဝမှာ ဤသို့ထူးခြားသောလက္ခဏာများကို ပြသကြသော်လည်း သူတို့၏တာဝန်များ စွမ်းဆောင်မှုကို မထိခိုက်ပါ၊ သူတို့၏အလုပ် ပြီးဆုံးမှုကိုလည်း မထိခိုက်ပါ၊ ထို့ကြောင့် ၎င်းမှာ အတယ့်ပြဿနာတစ်ခု ဖြစ်ပါသလား။ “၎င်းက သင်၏သမ္မာတရား ရှာဖွေ‌မှုကို အဟန့်အတားမပြုသမျှကာလပတ်လုံး ၎င်းကို တစ်စုံတစ်ရာ ပြောဆိုဆွေးနွေးရန် လိုအပ်သလား”- ဟု အချို့သူများက ပြောနေကြပါသည်။ ၎င်းသည် မည်သည့်အရာနှင့် ဆက်စပ်နေသနည်း။ လူတစ်ယောက် လူသားဆန်မှု၏ အရှက်နှင့် ဂုဏ်သိက္ခာ။ လူတစ်ယောက်၏ လူသားဆန်မှုသည် အရှက်နှင့် ဂုဏ်သိက္ခာ မရှိဘဲ မဖြစ်နိုင်ပါ၊ ၎င်းတို့မရှိဘဲ သူတို့၏လူသားဆန်မှုသည် ပုံမှန်လူသားဆန်မှု မဖြစ်နိုင်ပါ။ အချို့သူတို့သည် သူတို့လုပ်သမျှအရာအားလုံးမှာ ယုံကြည်စိတ်ချရသည်၊ စိတ်အားထက်သန်မှုရှိပြီး တာဝန်ယူကြသည်။ သူတို့သည် အလုပ်ကို ကြိုးစားလုပ်ကြသည်၊ ကောင်းမွန်သောဇာရိုက်တများ ရှိကြသည်၊ သို့သော်လည်း သူတို့သည် သူတို့ဘဝများမှ ဤရှုထောင့်ကို လေးလေးနက်နက် မထားကြပါ။ သင်သည် ဆန့်ကျင်ဘက်လိင်ရှိသူတစ်ဦးကို အပျော်ရည်းစား ထားသည့်အခါ ၎င်းမှာ အပြုသဘောဆောင်ပါသလား သို့မဟုတ် အပျက်သဘောဆောင်ပါသလား။ သင် အပျော်ရည်းစားထားသူတစ်ဦးသည် သင်နှင့် အတည်တကျချစ်ခင်စုံမက်လာလျှင် မည်သို့ဖြစ်လာမည်နည်း။ “ငါလိုချင်ခံသည့်အရာ သည်လိုမဟုတ်ဘူးဟု” သင်ပြောကောင်းပြောနိုင် ပါသည်။ ကောင်းပြီ၊ သင်မလိုချင်သည့်အရာ မဟုတ်မှန်းသိလျှက်နှင့် သင် တစ်ယောက်ယောက်ကို အပျော်ရည်းစားထားနေလျှင် သင်သည် ၎င်းတို့၏ ခံစားချက်များကို လိမ်လည်လှည့်စားရာ မရောက်ဘူးပါလား။ သင်သည် ၎င်းတို့ကို ဖျက်စီးရာရောက်ပြီး အကျင့်သိက္ခာမဲ့စွာ ဆောင်ရွက်နေခြင်းဖြစ်သည်။ ဤသို့လုပ်ဆောင်သည့် လူများသည် လူသားဆန်မှုအလွန် ခေါင်းပါးလွန်းလှသည်။ ထို့အပြင် သင်သည် ဤဆက်ဆံရေးကို ရှေ့ဆက်သွားရန် မရည်ရွယ်၊ ၎င်းကို အလေးအနက်လည်း မထားသည့်အပြင် သင့်အနေဖြင့် ဆန့်ကျင်ဘက် လိင်ရှိသူတစ်ဦးကို ဆက်လက်မျက်ခုံးလှုပ်ပြနေလျှင်၊ မျက်စိမှိတ်ပြနေလျှင်၊ ပျော်ရွှင်စရာနှင့် ဟာသသဘောဖြင့် ပြသနေလျှင်၊ သင့်တွင် စတိုင်ရှိကြောင်း၊ သင်သည် ခန့်ညားသောလူကြီးလူကောင်း တစ်ဦးဖြစ်ကြောင့် ပြသရန် အရာခပ်သိမ်းလုပ်ဆောင်နေလျှင်၊ သင်၏ နှစ်လိုဖွယ်ကောင်းသောရုပ်ရည်ကို ပြသနေလျှင်— သင်သည် ဤသို့ ပြသနေလျှင် သင် အမှန်တကယ် မည်သည့်အရာကို လုပ်နေပါသနည်း။ (လူများကို သွေးဆောင်ဖြားယောင်းခြင်း။) ယခု ဤသို့သွေးဆောင်ဖြားယောင်းသည့် အမူအရာသည် မြင့်မြတ်သော သို့မဟုတ် အကျည်းတန်ရုပ်ဆိုးသော အရာတစ်ခု ဖြစ်ပါသလား။ (၎င်းမှာ အကျည်းတန်ရုပ်ဆိုးသော အရာတစ်ခုသာ ဖြစ်ပါသည်။) ၎င်းသည် ဂုဏ်သိက္ခာတစ်စုံတစ်ရာ မရှိခြင်းဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)” မှ

အချို့သည် မိမိတို့ကိုယ်ကိုယ် လှလှပပ ဆင်ယင်ကြသော်လည်း အပေါ်ယံဖြစ်၏။ ညီအစ်မများသည် မိမိတို့ကိုယ်ကိုယ် ပန်းများကဲ့သို့ လှလှပပ ဆင်ယင်ကြပြီး ညီအစ်ကိုများသည် မင်းညီမင်းသားများ သို့မဟုတ် ချမ်းသာကြွယ်ဝသော ဂိုက်ထုတ်လွန်းသူများကဲ့သို့ ဝတ်စားကြသည်။ ၎င်းတို့စားသည့်အရာနှင့် ဝတ်သည့်အရာများ ကဲ့သို့သော အပေါ်ယံ အရာများနှင့်ပတ်သက်၍သာ ၎င်းတို့ ဂရုစိုက်ကြသည်။ အတွင်းတွင်၊ ၎င်းတို့သည် ခိုကိုးရာမဲ့ဖြစ်ကာ ဘုရားသခင်နှင့်ဆိုင်သော အသိပညာ အနည်းငယ်မျှ မရှိကြချေ။ ဤတွင် မည်သည့် အဓိပ္ပါယ်ရှိနိုင်သနည်း။ ပြီးလျှင်၊ ဆင်းရဲနုံချာသော သူတောင်းစားများကဲ့သို့ ဝတ်ဆင်ကြသူအချို့ ရှိ၏- ၎င်းတို့သည် အရှေ့ အာရှကျွန်များနှင့် အမှန်တူကြ၏။ သင်တို့ကို ငါ တောင်းဆိုသည့်အရာကို သင်တို့ အမှန်တကယ် နားမလည်ကြသလော။ သင်တို့ကိုယ်ကြား ဆွေးနွေးကြလော့။ မည်သည့်အရာကို သင်တို့ အမှန်ရရှိကြပြီနည်း။ သင်တို့သည် ဤနှစ်ကာလများအားလုံး၌ ဘုရားသခင်ကို ယုံကြည်ကြပြီး ဖြစ်သော်လည်း သင်တို့ ရိတ်သိမ်းကြသည်မှာ ဤမျှသာ ဖြစ်သည်— သင်တို့ ကသိကအောက်မဖြစ်ကြဘူးလော။ သင်တို့ မရှက်ကြဘူးလော။ ဤနှစ်ကာလများအားလုံးတွင် မှန်သော လမ်းခရီးကို သင်တို့ လိုက်စားနေခဲ့ကြပြီးဖြစ်သော်လည်း ယနေ့ သင်တို့၏ ဝိညာဉ်အသက်တာသည် စာငှက်တစ်ကောင်ထက် နိမ့်ကျဆဲဖြစ်၏။ သင်တို့ကြားက ငယ်ရွယ်သော အမျိုးသမီးများကို ကြည့်လော့၊ သင်တို့အချင်းချင်း နှိုင်းယှဉ်နေကြရင်း သင်တို့၏ အဝတ်အစားများနှင့် မိတ်ကပ်ဖြင့် ဓါတ်ပုံများကဲ့သို့ လှပနေကြ၏— သင်တို့ မည်သည့်အရာကို နှိုင်းယှဉ်ကြသနည်း။ သင်တို့၏ သာယာမှုလော။ သင်တို့၏ တောင်းဆိုမှုများလော။ ငါသည် စံပြမယ်များကို စုဆောင်းရန် ကြွလာပြီဟု သင်တို့ ထင်ကြသလော။ သင်တို့တွင် အရှက်မရှိကြ။ သင်တို့၏ အသက်တာသည် အဘယ်မှာနည်း။ သင်တို့ လိုက်စားသည့်အရာမှာ သင်တို့၏ ကိုယ်ပိုင် လွန်ကဲသော စိတ်ဆန္ဒသာ ဖြစ်သည် မဟုတ်လော။ သင်သည် အလွန် လှပသည်ဟု သင်ထင်၏၊ သို့သော် ဝတ်ကောင်းစားလှ မျိုးစုံဖြင့် သင် ဝတ်ဆင်ကောင်း ဝတ်ဆင်နိုင်သော်လည်း၊ အမှန်တွင် သင်သည် နောက်ချေးပုံတစ်ခု၌ မွေးဖွားသည့် လူးလွန့်လှုပ်ရှားနေသည့် လောက်ကောင်တစ်ကောင် ဖြစ်သည် မဟုတ်လော။ ယနေ့တွင်၊ သင်သည် ကောင်းကင်ဘုံ နှင့်ဆိုင်သော ဤကောင်းချီးမင်္ဂလာများကို မွေ့လျော်ဖို့ ကံကောင်းသည်မှာ သင်၏ လှပသော မျက်နှာကြောင့်မဟုတ်ဘဲ၊ ဘုရားသခင်သည် သင့်ကို ချီးမြှောက်ခြင်းအားဖြင့် ချွင်းချက်တစ်ခု ပြုလုပ်နေသောကြောင့် ဖြစ်သည်။ သင် မည်သည့်နေရာမှ လာသည်ကို သင် မရှင်းမလင်း ဖြစ်နေဆဲလော။ အသက်တာဟု ပြောလိုက်လျှင်ပင်၊ သင်သည် ရုပ်တုတစ်ခုကဲ့သို့ ဆွံ့အလျက်၊ သင်သည် နှုတ်ပိတ်ပြီး ဘာမျှမပြောပေ၊ သို့တိုင် သင်သည် မိမိကိုယ်ကိုယ် ဝတ်စား ဆင်ယင်ဝံ့သေး၏။ သင်၏ မျက်နှာကို ပါးနီနှင့် ပေါင်ဒါတို့ လိမ်းဖို့ လိုလားသေး၏။ ၎င်းတို့၏ မျက်နှာများပေါ်တွင် ခပ်တည်တည် မျက်နှာပေးများဖြင့် စိမ်ပြေနပြေ လမ်းလျှောက်ရင်း တစ်နေ့လုံး အချိန်ကုန်ဆုံးနေသော၊ ထိန်းမနိုင် သိမ်းမရသော သင်တို့ကြားက ဂိုက်ထုတ်လွန်းသူ ထိန်းရကျောင်းရ ခက်သည့် အမျိုးသားများကို ကြည့်လော့။ ဤသည်မှာ လူတစ်ဦး ပြုမူသင့်သည့် ပုံလော။ သင်တို့ကြားက အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ အသီးသီးတို့သည် တစ်နေ့လုံး သင်တို့၏ အာရုံကို မည်သည့်အရာ၌ မြှုပ်နှံထားသနည်း။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ကျွေးမွေးဖို့ရန် မည်သူ့အပေါ် မှီခိုသည်ကို သိကြသလော။ သင်၏ အဝတ်အစားကို ကြည့်လော၊ သင်၏လက်၌ ရိတ်သိမ်းခဲ့သည့်အရာကို ကြည့်လော့၊ သင်၏ ဝမ်းဗိုက်ကို ပွတ်လော့— ဤယုံကြည်ခြင်း နှစ်ကာလများတစ်လျှောက်လုံး သင် ပေးဆပ်ပြီးဖြစ်သည့် သွေးနှင့်ချွေး အဖိုးအခမှ မည်သည့်အရာကို သင် အကျိုးအမြတ် ရရှိပြီနည်း။ ရှုခင်းသွားကြည့်ဖို့ သင် တွေးသေး၏၊ သင်၏ အပုပ်နံ့ထွက်နေသော ခန္ဓာကို တန်ဆာဆင်ဖို့ သင် တွေးဆဲဖြစ်သည်— သုံးမရသော လိုက်စားမှုများပေတည်း။ ပုံမှန် လူတစ်ဦးဖြစ်ဖို့ သင့်ကို တောင်းဆိုထားသော်လည်း၊ ယခုတွင် သင်သည် တကယ်ကို မူမမှန်ရုံသာမက၊ ဖောက်ပြန်ပေသည်။ ထိုသို့သော လူတစ်ဦးသည် ငါ့ရှေ့သို့လာဖို့ရန် အဘယ်သို့ ရဲတင်းမှု ရှိနိုင်ရသနည်း။ ဤသို့သော လူ့သဘာဝတစ်ခုဖြင့်၊ သင်၏ ဆွဲဆောင်မှုများကို ထုတ်ပြရင်းနှင့် သင်၏ ခန္ဓာကိုယ်ကို ကြွားလုံးထုတ်ရင်း၊ ဇာတိပကတိ၏ တပ်မက်မှုများအတွင်း အစဉ်အမြဲ အသက်ရှင်ရင်း— သင်သည် ညစ်ညူးသော နတ်ဆိုးများနှင့် ဝိညာဉ်ဆိုးများ၏ သားမြေးစဉ်ဆက်တစ်ဦး ဖြစ်သည် မဟုတ်လော။ ထိုသို့သော ညစ်ညူးသည့် နတ်ဆိုးတစ်ဦးကို အချိန်ကြာမြင့်စွာ တည်ရှိမြဲတည်ရှိဖို့ရန် ငါသည် ခွင့်ပြုလိမ့်မည်မဟုတ်။ ပြီးလျှင် သင်၏ နှလုံးသားထဲ၌ သင် တွေးသည့်အရာကို ငါ မသိဟု မထင်လေနှင့်။ သင်တို့အနေဖြင့် မိမိ၏ တပ်မက်မှုနှင့် မိမိ၏ ဇာတိပကတိကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်သင့်၏၊ သို့သော် သင်၏ စိတ်နှလုံးထဲက သင် သိုထားသည့် အတွေးများကို အဘယ်သို့ ငါ မသိနိုင်ရမည်နည်း။ သင်၏ မျက်လုံးများ တပ်မက်သည့်အရာအားလုံးကို အဘယ်သို့ ငါ မသိနိုင်ရမည်နည်း။ သင်တို့၏ ခန္ဓာကိုယ်ကို ထုတ်ပြဖို့အလို့ငှာ အသင် မိန်းမငယ်တို့သည် မိမိတို့ကိုယ်ကိုယ် အလွန်လှပစေကြသည် မဟုတ်လော။ ယောက်ျားများသည် သင်တို့အဖို့ အဘယ်အကျိုးရှိ သနည်း။ သင်တို့ကို ဒုက္ခပင်လယ်မှ ၎င်းတို့က အမှန်ပင် ကယ်တင်နိုင်သလော။ သင်တို့ကြားက ဂိုက်ထုတ်လွန်းသူများအတွက်မူ၊ သင်တို့အားလုံးသည် မိမိတို့ကိုယ်ကိုယ် မွန်မွန်ရည်ရည် ရှိပြီး ခံ့ညားသည့်ပုံပေါ်စေဖို့ ဝတ်ဆင်ကြ၏၊ သို့သော် ဤသည်မှာ သင်တို့၏ မြူးကြွားကြွရွ နှစ်လိုဖွယ်ကောင်းသော ပုံပန်းများဆီသို့ အာရုံစိုက်စေဖို့ စီစဉ်ထားသည့် မာယာတစ်ခု ဖြစ်သည် မဟုတ်လော။ ဤအရာကို သင်တို့ မည်သူ့အတွက် လုပ်ဆောင်နေကြသနည်း။ မိန်းမများသည် သင်တို့အဖို့ မည်သည့် အကျိုးရှိသနည်း။ ၎င်းတို့သည် သင်တို့ အပြစ်၏ အရင်းအမြစ် ဖြစ်ကြသည် မဟုတ်လော။ အသင် ယောက်ျားနှင့် မိန်းမတို့၊ သင်တို့ကို နှုတ်ကပတ်တော်များစွာ ငါ ပြောပြီးလေပြီ၊ သို့တိုင် သင်တို့သည် ၎င်းတို့အနည်းငယ်မျှကိုသာ လိုက်နာခဲ့ပြီးဖြစ်သည်။ သင်တို့ နားများသည် ထိုင်းကြ၏၊ သင်တို့ မျက်စိများ မှုန်သွားကြပြီး သင်တို့၏ စိတ်နှလုံးများက မာကျောကြသည်မှာ သင်တို့ ခန္ဓာကိုယ်များတွင် တပ်မက်မှုကလွဲ၍ ဘာမျှမရှိသည်အထိ၊ ထိုအထဲတွင် သင်တို့ မိနေကြပြီး မလွတ်မြောက်နိုင်သည်အထိ ဖြစ်သည်။ လောက်ကောင်များဖြစ်သည့်၊ ညစ်ညူးမှုနှင့် အညစ်အကြေးထဲတွင် လူးလွန့်ကြသည့် သင်တို့အနီး မည်သည့်နေရာကိုမဆို အဘယ်သူ သွားချင်မည်နည်း။ သင်တို့သည် နောက်ချေးပုံထဲမှ ငါ ချီးမြှောက်ခဲ့သည့်သူများထက် ဘာမျှမပိုသည်ကို၊ နဂိုမူလအားဖြင့် ပုံမှန် လူ့သဘာဝအား သင်တို့ မပိုင်ဆိုင်ခဲ့ကြသည်ကို မမေ့လျော့နှင့်။ သင်တို့ကို ငါ တောင်းဆိုသော အရာမှာ မူလက သင်တို့ မပိုင်ဆိုင်ခဲ့ကြသည့် ပုံမှန် လူ့သဘာဝဖြစ်သည်၊ သင်တို့၏ တပ်မက်မှုကို ထုတ်ပြဖို့ မဟုတ်သကဲ့သို့၊ နှစ်ပေါင်းအလွန်များစွာကြာ နတ်ဆိုးက လေ့ကျင့်ပေးခဲ့သည့် သင်တို့၏ ဆီချေးစော်နံသော ဇာတိပကတိကို အတားအဆီးမဲ့ ပြုမူခွင့်ပေးဖို့ မဟုတ်ချေ။ ထိုသို့ သင်တို့ကိုယ်သင်တို့ ဝတ်ဆင်ကြသည့်အခါ၊ သင်တို့ ပိုမို နက်ရှိုင်းစွာ ကျော့ကွင်း မိလာကြမည်ကို မကြောက်ကြသလော။ သင်တို့သည် နဂိုမူလက အပြစ်နှင့်သက်ဆိုင်သည်ကို မသိကြသလော။ သင်တို့၏ ခန္ဓာကိုယ်များသည် သင်တို့၏ အခြေအနေများကို သည်းမခံနိုင်အောင် အကျည်းတန်ပြီး ညစ်ညူးသော နတ်ဆိုးများအဖြစ် ထုတ်ဖော်ပြရင်း သင်တို့၏ အဝတ်အစားမှပင် ယိုစိမ့်သည့် တပ်မက်မှုဖြင့် အလွန်ပြည့်လှသည်ကို သင်တို့ မသိကြသလော။ ဤအရာကို သင်တို့သည် မည်သူမဆိုထက် သာ၍ ရှင်းလင်းစွာ သိကြသည်မှာ မှန်သည် မဟုတ်လော။ သင်တို့၏ စိတ်နှလုံးများ၊ သင်တို့၏ မျက်စိများ၊ သင်တို့၏ နှုတ်ခမ်းများ— ၎င်းတို့အားလုံးကို ညစ်ညူးသော နတ်ဆိုးများက ညစ်ညမ်းစေပြီး ဖြစ်သည် မဟုတ်လော။ သင်၏ ဤအစိတ်အပိုင်းများသည် ညစ်ညူးကြသည် မဟုတ်လော။ သင် မပြုမူသရွေ့ အသန့်ရှင်းဆုံး ဖြစ်သည်ဟု သင် ထင်သလော။ လှပသော အဝတ်အစားများကို ဝတ်ဆင်ခြင်းက သင်တို့၏ ယုတ်ညံ့သော ဝိညာဉ်များကို ဖုံးကွယ်နိုင်သည်ဟု သင် ထင်သလော။ ယင်းက အလုပ်ဖြစ်မည် မဟုတ်။ သာ၍ လက်တွေ့ကျရန် သင်တို့ကို ငါ အကြံပေး၏။ အယောင်မဆောင်၊ ဟန်မဆောင်နှင့်၊ ပြီးလျှင် မိမိတို့ကိုယ်ကိုယ် ပြစားဝင့်ဝါခြင်း မရှိနှင့်။ သင်တို့သည် အချင်းချင်း သင်တို့၏ တပ်မက်မှုကို ကြွားလုံးထုတ်ကြသည်၊ သို့သော် အပြန်အလှန်အားဖြင့် သင်တို့ ရရှိမည့်အရာမှာ ထာဝရ ဆင်းရဲဒုက္ခခံစားခြင်းနှင့် ရက်စက်သော ပြစ်တင်ဆုံးမခြင်းသာ ဖြစ်သည်။ သင်တို့ အချင်းချင်း မျက်စပစ်ဖို့နှင့် စိတ်ကူးယဉ်ချစ်ဇာတ်လမ်းထဲ မွေ့လျော်ဖို့ အဘယ်လိုအပ်သနည်း။ ဤသည်မှာ သင်တို့၏ ဂုဏ်သိက္ခာ အတိုင်းအဆ၊ သင်တို့၏ တည်ကြည်မှု အတိုင်းအတာလော။ သင်တို့ထဲမှ မကောင်းသော ဆေးနှင့် နတ်ဝိဇ္ဇာအတတ်တို့တွင် ပါဝင်ပတ်သက်သူများကို ငါ စက်ဆုပ်၏။ သင်တို့အထဲတွင် မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိကို ချစ်သော ငယ်ရွယ်သည့် ယောက်ျားများနှင့် မိန်းမများကို ငါ စက်ဆုပ်၏။ ယခု သင်တို့ကို ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်ဖို့ သတ်မှတ်ထားပြီး သင်တို့၏ တပ်မက်မှုကို သင်တို့အား ကြွားလုံးထုတ်ခွင့် မပြုထားသောကြောင့် သင်တို့ မိမိကိုယ်ကိုယ် ချုပ်တည်းပါက ပိုကောင်းပေမည်— သို့တိုင် သင်တို့၏ ဇာတိပကတိသည် အလွန်ပေါများပြီး သင်တို့၏ တပ်မက်မှုက အလွန်ကြီးမားသည့်အတွက် သင်တို့သည် ရရှိနိုင်သော အခွင့်အရေးတိုင်းကို အရယူကြပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၇)” မှ

လူသားများသည် မိမိတို့ကိုယ်ကိုယ် တန်ဖိုးမထားကြသောကြောင့် အသုံးမကျသော ကံဆိုးသူများဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်ပင် မချစ်ဘဲ၊ ထိုအစား မိမိတို့ကိုယ်ကိုယ် နင်းခြေကြပါက၊ ဤသည်မှာ ၎င်းတို့၏ အသုံးမကျမှုကို ပြသည် မဟုတ်လော။ လူသားမျိုးနွယ်သည် မိမိကိုယ်ကိုယ် လှည့်စားကာ ကျူးလွန်ခြင်းခံရရန် မိမိကိုယ်ကိုယ် အခြားသူများထံ လိုလိုလားလား ပေးသော အကျင့်ပျက် အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်၏။ ထိုသို့ဖြစ်လျက်ပင် လူတို့သည် ၎င်းတို့ မည်မျှပင်နိမ့်ကျသည်ကို သတိမပြုမိဆဲ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သူတစ်ပါး၏ ထိန်းချုပ်မှုအောက်တွင် ထားလျက်၊ အခြားသူများအတွက် အလုပ်လုပ်ခြင်း၊ သို့မဟုတ် အခြားသူများနှင့် ပြောဆိုခြင်းတွင် ပျော်မွေ့ကြသည်။ ဤသည်မှာ လူသားမျိုးနွယ်၏ ညစ်ညူးမှု အတိအကျ ဖြစ်သည် မဟုတ်လော။ ငါသည် လူသားမျိုးနွယ်အလယ် ဘဝတစ်ခုကို တွေ့ကြုံရခြင်း မရှိသေးသကဲ့သို့၊ လူ့ဘဝကို အမှန်တကယ် မတွေ့ကြုံရသေးသော်လည်း၊ ငါသည် လူသား ပြုလုပ်သည့် လှုပ်ရှားမှုတိုင်း၊ လုပ်ရပ်တိုင်း၊ စကားလုံးတိုင်း၊ ရည်ရွယ်လုပ်ဆောင်ချက်တိုင်းနှင့်ဆိုင်သော အလွန်ရှင်းလင်းသည့် သိနားလည်မှုကို ရရှိကြပြီး ဖြစ်သည်။ ငါသည် လူသားများအား ၎င်းတို့၏ ကိုယ်ပိုင် လျှို့ဝှက်ကြံစည်မှုကို ထုတ်ဖော်မပြမဝံ့တော့သည်အထိ သို့မဟုတ် ၎င်းတို့၏ တပ်မက်ခြင်းကို အလျှော့မပေးဝံ့တော့သည်အထိ ၎င်းတို့၏ အနက်ရှိုင်းဆုံးသော အရှက်ကိုပင် ငါဖော်ထုတ်နိုင်၏။ ၎င်း၏အခွံထဲသို့ ပြန်ဝင်သွားသော ပက်ကျိများကဲ့သို့၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကျည်းတန်သော အခြေအနေများကို မဖော်ထုတ်ဝံ့တော့ပေ။ လူသားများသည် မိမိတို့ကိုယ်ကိုယ် မသိကြသောကြောင့်၊ ၎င်းတို့၏ အကြီးမားဆုံးအပြစ်အနာအဆာမှာ ၎င်းတို့၏ အကျည်းတန်သော မျက်နှာများကို ကြွားဝါရင်း၊ အခြားသူများရှေ့တွင် ၎င်းတို့၏ ဆွဲဆောင်မှုများကို ထုတ်ပြဖို့ လိုလားမှုတစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်အရွံရှာဆုံးသော အရာတစ်ခုဖြစ်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့အကြား ဆက်နွှယ်မှုများသည် မူမမှန်သကဲ့သို့၊ ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် ပုံမှန်ဆက်ဆံရေး ရှိဖို့မဆိုထားနှင့်၊ လူတို့ကြားတွင်ပင် ပုံမှန်အချင်းချင်း ဆက်ဆံရေးများ မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၄” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက် မှ

ငါသည် လူအားလုံး၊ အဖြစ်အပျက်အားလုံးနှင့် အရာအားလုံးတို့ကို ရှင်းလင်းစွာ မြင်နိုင်၏။ ငါသည် လူတိုင်း၏ အနှစ်သာရကို ပြီးပြည့်စုံသော ရှင်းလင်းမှုဖြင့် နားလည်သည်၊ ဆိုလိုသည်မှာ ငါသည် လူတစ်ဦးက မိမိတို့ကိုယ်ကိုယ်အတွင်း၌ သိုထားသော အရာတို့ကို လုံးဝ ရိပ်စားမိသည်။ လူတစ်ဦးသည် ယေဇဗေလတစ်ဦးလော သို့မဟုတ် ပြည့်တန်ဆာတစ်ဦးလော ဆိုသည်ကို ရှင်းလင်းစွာ ငါမြင်နိုင်ပြီး အဘယ်သူသည် အဘယ်အရာကို တိတ်တဆိတ် လုပ်ဆောင်သည်ကို ငါသိ၏။ အသင် အယုတ်ကောင်၊ ငါ၏ ရှေ့တွင် သင်၏ နှစ်လိုဖွယ်ကောင်းခြင်းကို ကြွားလုံးမထုတ်နှင့်။ ဤနေရာမှ ယခု ထွက်သွားလော့။ ငါ၏နာမကို အရှက်ရစေခြင်းအား ရှောင်ရှားရန်အလို့ငှါ ထိုလူစားမျိုးကို ငါ အသုံးမပြု။ ၎င်းတို့သည် ငါ့နာမအဖို့ သက်သေ မခံနိုင်ကြသကဲ့သို့၊ ထိုအစား ၎င်းတို့သည် ဖြစ်စေလိုသည့်အရာနှင့် တခြားစီဖြစ်လျက်ပြုမူကြပြီး ငါ၏မိသားစုကို အရှက်ရစေသည်။ ၎င်းတို့သည် ငါ၏အိမ်မှ ချက်ချင်း နှင်ထုတ်ခြင်းကို ခံကြရလိမ့်မည်။ ၎င်းတို့ကို ငါ အလိုမရှိ။ ငါသည် တစ်စက္ကန့်မျှပင် နှောင့်နှေးခြင်းကို သည်းခံလိမ့်မည်မဟုတ်။ ငါ၏နိုင်ငံတော်တွင် အားလုံးသည် သန့်ရှင်းကြပြီး၊ မည်သည့်နည်းဖြင့်မဆို အပြစ်အနာအဆာ မရှိသည့်အတွက်၊ ထိုလူတို့အတွက် ၎င်းတို့ မည်သို့ကြိုးစားကြသည်ဖြစ်စေ၊ အချည်းနှီး ဖြစ်၏။ အကယ်၍ ငါသည် တစ်စုံတစ်ဦးကို အလိုမရှိဟုဆိုလျှင်— ယင်းသည် ငါ၏လူများအပါအဝင်ဖြစ်ပါက— ငါအမှန်တကယ် ဆိုခြင်းဖြစ်သည်။ ငါ၏စိတ်ပြောင်းလဲရန် မစောင့်ဆိုင်းနှင့်။ သင်သည် ယခင်က ငါ့အဖို့ မည်မျှ ကောင်းခဲ့သည်ကို ငါဂရုမစိုက်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၉၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပြီး၊ ထို့အပြင် စိတ်ခံစားမှုများ ရှိသည်။ ထို့သို့ဖြင့် ဘုရားသခင်ကို အစေခံချိန်တွင် ဆန့်ကျင်ဘက်လိင် အသင်းသား နှစ်ဦးအား အဖော်မပါဘဲ၊ အတူတကွ အလုပ်လုပ်ခြင်းကို လုံးဝ တားမြစ်ထား၏။ ထိုသို့လုပ်ဆောင်နေသည်ကို အမိခံရသူ မည်သူမဆိုသည် ခြွင်းချက်မရှိ ထုတ်ပယ်ခြင်းခံရလိမ့်မည်။

ညီအစ်ကိုအချို့က ညီအစ်မများနှင့်သာ မိတ်သဟာယပြုဖို့ မရမကတောင်းဆိုပြီး တစ်ဦးတည်း မိတ်သဟာယပြုဖို့ပင် မရမကတောင်းဆိုကြသည်။ ၎င်းတို့သည် ညီအစ်မများနှင့် မိတ်သဟာယပြုသည့်အခါ သူတို့ကို အမှန်တကယ် ရင်ဖွင့်ပြောပြပြီး အခြားမည်သူနှင့်မဆို ထိုသို့လုပ်ဆောင်ရန် ငြင်းဆန်ကြသည်။ ဤလူများသည် လုံးဝမကောင်းကြ။ ညီအစ်မအချို့သည် အခြားညီအစ်မများနှင့် မိတ်သဟာယမပြု၊ သူတို့ကို မည်သည့်အခါမျှ ရင့်ဖွင့်ပြောပြခြင်း မရှိကြဘဲ အတူ မိတ်သဟာယပြုဖို့ ညီအစ်ကိုများကို အထူး သီးသန့်ရှာဖွေကြသည်။ ဤလူများသည် မည်သည့် လူစားမျိုးနည်း။ သင့်ကို ထောက်ကူနိုင်သည့် ညီအစ်မတစ်ဦးမျှ မရှိလေသလော။ သင်နှင့် မိတ်သဟာယပြုမည့် ညီအစ်မတစ်ဦးမျှ မရှိသလော။ ၎င်းတို့အားလုံးက သင့်ကို စက်ဆုပ်ရွံရှာကြသလော— တစ်ယောက်မျှ သင့်အတွက် မသင့်တော်လေသလော။ သင်သည် ညီအစ်ကိုများနှင့်သာ သင့်မြတ်နိုင်သလော။ သင်၌ အခြား ကြံရွယ်ချက်များရှိသည်ဟု ငါထင်သည်။ ဆန့်ကျင်ဘက်လိင်များနှင့်သာ အထူးသီးသန့် တပူးတွဲတွဲ လုပ်သူများရှိကြသည်။ သင်၏သန္နိဋ္ဌာန်ကို အသုံးပြုလျက် ဤအရာကို ကျော်လွှားအောင်နိုင်ရမည်— သင့်ကိုယ်သင် လက်လွတ်စပယ် စိတ်အလိုမလိုက်နှင့်။ လူများတွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိကြသည်။ ၎င်းတို့အပေါ် မည်သည့်ချုပ်ချယ်မှုများမျှ မထားရှိပါက ၎င်းတို့သည် လိင်ကိစ္စများတွင် ဆိုးရွားစွာ ကိုယ်ကျင့်သိက္ခာ ကင်းမဲ့လာသည်။ လူများကို ထိန်းချုပ်မည့် အရာများနှင့် ၎င်းတို့စိတ်ထဲတွင် ဤအကြောင်းအရာများကို အမြဲ မှတ်ထားစေမည့် အရာများ အစဉ်ရှိရမည်။ ထိုသို့သောအရာများ ရှိခြင်းအားဖြင့် လူများ၏ အပြုအမူသည် သာ၍ ကောင်းမွန်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအကြောင်း စကားပြောခြင်း” မှ

လူအချို့က အုပ်စုတစ်စုထဲ ဝင်သွားသည့်အခါ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ဖို့ အစဉ် ကြိုးစားကြသည်။ ၎င်းတို့က မျက်စိတစ်ဖက်မှိတ်ပြကြပြီး မိမိတို့၏မျက်လုံးများဖြင့် အချက်ပြကြသည်၊ ၎င်းတို့စကားပြောသည့်အခါ ၎င်းတို့၏ မျက်နှာများသည် အလွန်အသက်ပါလာပြီး ၎င်းတို့သည် ကြွားဝါဖို့ အလွန် နှစ်သက်ကြသည်။ ယင်းအတွက် အတော်ပင် မသင့်လျော်သည့် ဝေါဟာရကို အသုံးပြုရပါက ၎င်းတို့သည် ပျံတံတံ နန့်တန့်တန့် ဖြစ်လာသည်။ ၎င်းတို့သည် အလွန့်အလွန် ရယ်ရသည်၊ ဟာသဉာဏ်ရှိသည်၊ ရုပ်ရည်ချောမောသည်၊ ချစ်ကြည်နူးဖွယ်ရာဖြစ်သည်၊ ရည်မွန်သည်၊ ရဲစွမ်းသတ္တိရှိသည်၊ လှပသည်၊ လူကြီးလူကောင်းပီသသည်၊ ယဉ်ကျေးဖွယ်ရာသည်၊ ဗဟုသုတပြည့်စုံသည်ဟူ၍ အစရှိသည့်ပုံစံပေါက်လိုကြသည်။ ၎င်းတို့သည် ကြွားဝါဖို့ အထူးသဖြင့် နှစ်သက်ကြ၏။ ထိုသို့သော လူများသည် အဘယ့်ကြောင့် ကြွားဝါဖို့ ကြိုးစားကြသနည်း။ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်ကို စွဲဆောင်ရန် ယင်းကို လုပ်ဆောင်ခြင်းဖြစ်သည်။ ဆန့်ကျင်ဘက်လိင်မှ အာရုံစိုက်မှုကို ၎င်းတို့ သာ၍ ရလေ— လေးစားခြင်း၊ တန်ဖိုးထားခြင်းနှင့် ကြည်ညိုခြင်းတို့ကို ၎င်းတို့ သာ၍ ရလေ— ၎င်းတို့၏ ဟန်လုပ်ပဲများပြမှု၌ သာ၍ စိတ်အားထက်သန်လာလေဖြစ်သည်။ အသင်းတော်အသက်တာ၌ အချိန်ကြာလာသည်နှင့်အမျှ ထိုသို့သော လူများသည် အမျိုးမျိုးသော ပစ်မှတ်အနည်းငယ်ကို အမိဖမ်းပြီးနောက် မလွတ်တမ်း လိုက်လေ့ရှိကြသည်။ ၎င်းတို့သည် ကွဲပြားသော ဆန့်ကျင်ဘက်လိင် အသင်းသား အနည်းငယ်ကို လွှမ်းမိုးဖို့ ကြိုးစားသည်၊ ၎င်းတို့၏ အကြည့်များဖြင့် မြူဆွယ်ပြီး ၎င်းတို့၏ စကားများသည် မကြာခဏဆိုသကဲ့သို့ ကာမရာဂကို နှိုးဆွသည်၊ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုပင် ဖြစ်နေလေသည်။ ထိုသို့သော အပြန်အလှန် ဆက်ဆံရေးများသည် သင့်တော်သလော။ (မသင့်တော်ပါ။) ဤဆက်ဆံရေးများသည် မလျော်ကန်ချေ။ ထိုသို့သော လူများသည် စုဝေးပွဲများအတွင်းတွင်ပင် ၎င်းတို့၏ဟန်လုပ်ပဲများပြမှုများကို ဒုက္ခခံ၍ မရပ်ဆိုင်းထားချေ။ ၎င်းတို့နှစ်သက်ပြီး ထောက်ခံသည့် ဆန့်ကျင်ဘက်လိင် အသင်းသားများရှေ့တွင် ရှိသည့်အခါ ၎င်းတို့သည် ၎င်းတို့၏ မျက်လုံးများနှင့် မျက်ခုံးများကို တက်တက်ကြွကြွ ကစားပြရင်း ၎င်းတို့၏ စကားများက အလွန် ရယ်ဖွယ်ကောင်းလာသည်၊ စိတ်ဝင်စားဖွယ်ကောင်းလာပြီး နှစ်လိုဖွယ်ကောင်းလာသည်၊ ၎င်းတို့သည် စိတ်လှုပ်ရှား ပျော်ရွှင်မှုဖြင့် ပြည့်လျှံနေကာ လက်ဟန်ခြေဟန်ပြ၍ ဟိုဟိုသည်သည် သွားလာခြင်းပင် ပြုကြသည်။ ၎င်းတို့၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ပြီး မလျော်ကန်သော ဆက်ဆံရေး ရဖို့ဖြစ်သည်။ ဤအပြုအမူသည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများစွာကို ရွံရှာစက်ဆုပ်စေသော်ငြားလည်း၊ ၎င်းတို့အနီးအနားမှ လူများစွာတို့က ဤသည်မှာ ပြဿနာ ဖြစ်ကြောင်း ၎င်းတို့ကို သတိပေးပြီးဖြစ်သော်လည်း မည်သည့်အရာကိုမျှ နားဝင်ခြင်း မရှိဘဲ ၎င်းတို့သည် လက်လျှော့ဖို့ဖြစ်စေ၊ ရပ်တန့်ဖို့ဖြစ်စေ ငြင်းဆန်ကြသည်။ အသင်းတော်ပြင်ပတွင် လူနှစ်ဦး၌ ဤဆက်ဆံရေးမျိုးရှိပြီး အချင်းချင်း ပရောပရည် လုပ်နေပါက၊ ထိုဆက်ဆံရေးက ၎င်းတို့၏အသင်းတော် အသက်တာရှိ အခြားသူများကို အကျိုးမသက်ရောက်သောကြောင့်ဖြစ်စေ၊ အခြားသူများက ယင်းနှင့်ပတ်သက်ပြီး မကြားသိကြသောကြောင့်ဖြစ်စေ အခြားသူများ၏ စိတ်နေစိတ်ထားများ၊ သို့မဟုတ် စုဝေးပွဲများ၏ ထိရောက်မှုကို အကျိုးသက်ရောက်ခြင်းမရှိပါက ထိုသို့သော အပြုအမူကို ခဏတာ ငါတို့ လျစ်လျူရှုထားနိုင်သည်။ သို့ရာတွင် ဤအရာသည် အသင်းတော် အသက်တာအတွင်းတွင် အစဉ်မပြတ် ဖြစ်ပျက်နေပြီး အခြားသူများကို အမှန်တကယ် နှောင့်ယှက်ပါက ထိုသို့သော မလျော်ကန်သည့် ဆက်ဆံရေးအပေါ် ကန့်သတ်ချက်များ ချမှတ်သင့်သည်၊ သို့မဟုတ် ပါဝင်ပတ်သက်သည့်သူများကို အသင်းတော် အသက်တာမှ ဖယ်ပင် ဖယ်ရှားသင့်သည်။ ယင်းသည် သင့်တင့်လျောက်ပတ်မည်လော။ (သင့်တင့်လျောက်ပတ်ပါသည်။) လူငယ်တစ်ဦးက မေတ္တာသက်ဝင်ပြီး ပုံမှန် ချိန်းတွေ့နေခြင်းသာ ဖြစ်ပါက အခြားသူများကို အကျိုးမသက်ရောက်စေဖို့ငှာ စုဝေးစဉ်အတွင်း၌ ထိုပိုးပန်းခြင်းမျိုးကို ခပ်လျှိုလျှို ထားသင့်သည်။ ဤသည်မှာ လူများက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သည့်အရပ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်း ဖတ်ရှုကာ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းများ ဆောင်ရွက်သည့်အရပ်ဖြစ်ပြီး ကိုယ်ရေးကိုယ်တာ ခံစားချက်များကို အသင်းတော် အသက်တာထဲသို့ မယူဆောင်လာသင့်ပေ။ ဆက်ဆံရေးတစ်ခုကို အသင်းတော် အသက်တာထဲသို့ ယူဆောင်လာပြီး ယင်းက အခြားသူများအတွက် အနှောင့်အယှက်တစ်ခုဖြစ်လာပါက၊ အခြားစုဝေးပွဲတက်ရောက်သူများ၏ စိတ်နေစိတ်ထားအပေါ် အကျိုးသက်ရောက်မှုတစ်ခု ရှိပါက၊ လူများ၏ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုနိုင်စွမ်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် အသိပညာနှင့် နားလည်မှု ရရှိနိုင်စွမ်းတို့ကို အကျိုးသက်ရောက်ပါက၊ သာ၍များသော လူတို့ကို အာရုံမစိုက်နိုင်ဖြစ်စေကာ နှောင့်ယှက်ပါက၊ ဤဆက်ဆံရေးကို မလျော်ကန်သည့် ဆက်ဆံရေး တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ ပါဝင်ပတ်သက်သည့်သူများက အခြားသူများကို အနှောင့်အယှက် ဖြစ်စေပါက သင့်တော်သည့် ချစ်ရေးချစ်ရာ ဆက်ဆံရေးတစ်ခုပင် မလျော်ကန်ဖြစ်လာနိုင်၏၊ သင့်တော်သည့် ချစ်ရေးချစ်ရာ ဆက်ဆံရေးတစ်ခု၏ ဘောင်ပြင်ပသို့ ကျရောက်နေသည့် ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးများဆိုလျှင် သာ၍ပင် မလျော်ကန်ပေ။ ထို့ကြောင့် ထိုသို့သော မလျော်ကန်သည့် ဆက်ဆံရေးများက အသင်းတော် အသက်တာတွင် ပေါ်လာသည့်အခါ မျက်စိတ်မှိတ် လိုက်လျောခြင်း၊ သို့မဟုတ် ၎င်းတို့၏ လုပ်ရပ်များကို လျစ်လျူပြုခြင်းထက် ပါဝင်ပတ်သက်သည့် လူတိုင်းကို သတိပေးပြီး ရှေ့ဆက်သွားခြင်းမှ တားဆီးသင့်သည်။ ထိုသို့သော လူများကို အခြေခံသဘောတရားများနှင့်အညီ ကန့်သတ်သင့်သကဲ့သို့ နုတ်ပင် နုတ်ပယ်သင့်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၄)” မှ

အချို့သူတို့သည် နှစ်လိုဖွယ်ကောင်းသောရုပ်ရည်မျိုးကို ပိုင်ဆိုင်ကြပြီး သူတို့ကိုယ်တိုင် ဆန့်ကျင်ဘက်လိင်ရှိသူများ၏ လိုက်ခြင်းကို စဉ်ဆက်မအပြတ် တွေ့ရှိနေရပါသည်။ သူတို့အား လူအများအပြား လိုက်လေလေ ပို၍ပြသနိုင်သည်ဟု သူတို့ ခံစားရလေလေဖြစ်သည်။ ၎င်းက အန္တရာယ်မရှိဘူးလား။ ဤသို့သောအခြေအနေမျိုးမှာ သင့်အနေဖြင့် မည်သည်ကို လုပ်ဆောင်သင့်သနည်း။ (ဤထောင်ချောက်ကို မှတ်သားပြီး ရှောင်ရှားပါ။) ၎င်းမှာ အမှန်စင်စစ် ထောင်ချောက်တစ်ခုဖြစ်ပြီး ၎င်းကို သင့်အနေဖြင့် ရှောင်ရှားရမည်— သင် မရှောင်ရှားပါက ထိုသူသည် သင့်ကို ထောင်ချောက်ဆင်ဖမ်းခြင်းကို သင် ကောင်းစွာတွေ့ရှိနိုင်မည်ဖြစ်သည်။ သင် ထောင်ချောက်ဆင်ဖမ်းခြင်း မခံရမီ သင့်အနေဖြင့် ဤထောင်ချောက်မျိုးကို ရှောင်ရှားရန်လိုအပ်သည်။ ၎င်းကို မိမိကိုယ်ကိုယ်ထိန်းချုပ်ခြင်းဟု ခေါ်သည်။ မိမိကိုယ်ကိုယ်ထိန်းချုပ်နိုင်သည့် လူများတွင် အရှက်တရားနှင့် ဂုဏ်သိက္ခာတရား ရှိပါသည်။ မိမိကိုယ်ကိုယ်မထိန်းချုပ်နိုင်သူများကို သူတို့ကို သဘောကျသည့် မည်သူမဆို သွေးဆောင်ဖြားယောင်းနိုင်ပါသည်။ သူတို့သည် သူတို့နောက်ကိုလိုက်သော မည်သူ့ကိုမဆို တုံ့ပြန်သည်။ ၎င်းမှ သူတို့ကို ကြီးစွာသောဒုက္ခကို ဖြစ်စေနိုင်သည်။ ထို့အပြင် သူတို့သည် တမင်တကာ ပြသမည်၊ အလှဆင်မည်၊ ဝတ်စားဆင်ယင်မည်၊ သူတို့ကို ပိုမိုခန့်ညားစေသည့်၊ ပိုမိုဆွဲဆောင်မှုရှိပြီး လှပစေနိုင်သည့် မည်သည့်အဝတ်အစားမဆို သူတို့ဝတ်ဆင်မည်၊ အထူးသဖြင့် ၎င်းတို့ကို ဝတ်ဆင်ရန် သူတို့ရွေးချယ်မည်၊ ၎င်းတို့ကို နေ့စဉ်နေ့တိုင်း ဝတ်ဆင်မည်ဖြစ်သည်။ ၎င်းမှာ အန္တရာယ်ရှိပြီး သူတို့မှာ အခြားသူများကို သွေးဆောင်ဖြားယောင်းရန် တမင်တကာကြိုးစားအား ထုတ်နေသော သူများဖြစ်ကြောင်း ဖော်ပြနေသည်။ သင်သည် ဤအဝတ်အစားများနှင့် အလွန်ထင်ရှားပေါ်လွင်နေလျှင်၊ အလွန်စွဲမက်စရာကောင်းနေလျှင် သင့်အနေဖြင့် ၎င်းတို့ကို စွန့်လွှတ်ပြီး အခြားအဝတ်အစားများကို ဝတ်ဆင်ရန် ရွေးချယ်ရမည်။ သင့်အနေဖြင့် ဤအရာနှင့်ပတ်သက်၍ စိတ်ပိုင်းဖြတ်ထားပါက ၎င်းကို အောင်မြင်အောင်လုပ်ရန် သင့်အား အဟန့်အတားဖြစ်စေသည့်အရာ မရှိပါ။ သို့သော် သင့်အနေဖြင့် ဤစိတ်ပိုင်းဖြတ်ချက် မရှိဘဲ လက်တွဲဖော်တစ်ဦး ရှာဖွေလိုပါက ရှေ့ဆက်ပြီး လက်တွဲဖော်တစ်ဦးရှာပါ- အခြားသူတစ်ဦးကို သွေးဆောင်ခြင်း သို့မဟုတ် ဖြားယောင်းခြင်းမရှိဘဲ တစ်ယောက်နှင့်တစ်ယောက် ပုံမှန်အပြန်အလှန်ဆက်သွယ်ပါ။ သင်သည် လက်တွဲဖော်တစ်ဦး ရှာဖွေနေခြင်းမဟုတ်ဘဲ အခြားသူများကို သွေးဆောင်ပြီး ဖြားယောင်းနေပါက ၎င်းကို အရှက်တရားမရှိခြင်းဟု သတ်မှတ်ခေါ်ဆိုနိုင်ပါသည်။ သင့်အနေဖြင့် သင်ရွေးချယ်သည့်အရာ၊ သင် လျှောက်လှမ်းနေသည့်လမ်းမှာ မှန်ကန်မှုရှိမရှိနှင့် ၎င်းမှာ သင် လုပ်သင့်သည့်အရာ ဟုတ်မဟုတ်ကို ရှင်းလင်းစွာသိရှိရမည်။ သင်တို့အားလုံး ၎င်းကို လိုက်နာနိုင်ပါသလား။ (ကျွန်ုပ်တို့မှာ ဤစိတ်ပိုင်းဖြတ်ချက် ရှိပါသည်။) သင့်တွင် ဤစိတ်ပိုင်းဖြတ်ချက် ရှိပါက သို့ဆိုလျှင် သင့်တွင် စွမ်းအား၊ စိတ်ဓာတ်လှုံ့ဆော်မှု ရှိပြီး ဤအရာကို အလွယ်တကူလိုက်နာနိုင်မည်ဖြစ်သည်။ အချို့သူများသည် သဘာဝအလျှောက် အခြေခံအားဖြင့် သိက္ခာရှိကြသည့်အပြင် ဘုရားသခင်အပေါ်မှာ ယုံကြည်မှုရှိကြောင်း တွေ့ရှိရသည်၊ သူတို့သည် သမ္မာတရားကို ဆည်းကပ်လိုက်နာရန်နှင့် လမ်းမှန်ကို လျှောက်လှမ်းရန် စိတ်အားထက်သန်ကြသည်။ သူတို့တွင် ထိုကဲ့သို့သောဆန္ဒများ မရှိကြသည့်အပြင် သူတို့ကို သွေးဆောင်ဖြားယောင်းရန် အားထုတ်သော မည်သူ့ကိုမျှ တုံ့ပြန်ခြင်းမရှိပါ။ အခြားသူများမှာ ၎င်းကို တစ်စုံတစ်ရာ အလေးမထားသော်လည်း အချို့သူများမှာ ဤအရာကို အတော်အသင့် ခံစားနိုင်ရနိုင်ဖွယ်ရှိသည်။ အချို့သူများမှာ ဤစိတ်ပိုင်းဖြတ်ချက် ရှိပုံပေါ်သော်လည်း သူတို့ အမှန်စင်စစ် လုပ်ဆောင်မည် သို့မဟုတ် မလုပ်ဆောင်မည်ကို သူတို့ကိုယ်တိုင်တောင်မှ မပြောဆိုနိုင်သေးပါ။ ဤအရာမှာ သင် မှန်မှန်ကန်ကန် ကိုင်တွယ်ဆောင်ရွက်ရမည့်အရာဖြစ်ပြီး ပြန်လည်စစ်ဆေးရမည့်အရာဖြစ်သည့်အပြင် ဤအရာမှာ ပုံမှန်လူသားဆန်မှု၏ ဂုဏ်သိက္ခာနှင့် အရှက်တရား၏ မည်မျှထိ ပြီးပြည့်စုံသည့် အစိတ်အပိုင်းဖြစ်ကြောင်းကို နားလည်ထားရမည်ဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)” မှ

လူတစ်ဦး၏ သဘာဝကို ဖြေရှင်းခြင်းသည် ဇာတိပကတိကို စွန့်လွှတ်ခြင်းနှင့် စတင်ပြီး၊ ဇာတိပကတိကို စွန့်လွှတ်ခြင်းသည်လည်း အခြေခံသဘောတရားများ ရှိခြင်း လိုအပ်သည်။ လူတစ်ဦးသည် နားဝေတိမ်တောင်ဖြစ်နေစဉ်တွင် ဇာတိပကတိကို စွန့်လွှတ်နိုင်သလော။ ပြဿနာတစ်ခုကို သင် ကြုံရသည်နှင့်တစ်ပြိုင်နက်၊ ဇာတိပတိကို သင် အလျှော့ပေးသည်။ အချို့သော ညီအစ်ကိုများသည် လှပသော အမျိုးသမီးတစ်ဦးကို မြင်ရရာတွင် ၎င်းတို့၏ လမ်းကို ရပ်ကောင်း ရပ်နိုင်သည်။ သင်သည်လည်း ဤအရာကို လုပ်ဆောင်ပါက၊ သင့်ကိုယ်သင်အတွက် ဆောင်ပုဒ်တစ်ခု ထားရှိရမည် ဖြစ်သည်။ လှပသော အမျိုးသမီးတစ်ဦး သင့်ထံ လာသည့်အခါ၊ သင်ထွက်သွားသင့်သလော၊ သို့မဟုတ် အဘယ်အရာ လုပ်သင့်သနည်း။ သူက သင်၏လက်ကို ကိုင်ဖို့ လက်လှမ်းပါက သင် အဘယ်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် အခြေခံသဘောတရားမရှိပါက၊ ထိုသို့သော အခြေအနေတစ်ခုကို ရင်ဆိုင်ရခြင်းသည် သင့်အား ခလုတ်တိုက်မိစေလိမ့်မည်။ ငွေကြေးနှင့် ပစ္စည်းဥစ္စာကို မြင်ရာတွင် သင်၏မျက်လုံးများသည် အားကျမှုဖြင့် ဖြူဖပ်ဖြူရော်ဖြစ်သွားပါက သင် အဘယ်အရာကို လုပ်သင့်သနည်း။ သင်သည် ဤပြဿနာကို သေသေချာချာ အလေးထားသင့်ပြီး၊ ယင်းကို ဖြေရှင်းဖို့ သင့်ကိုယ်သင် လေ့ကျင့်ရာတွင် အာရုံစိုက်သင့်သည်၊ ပြီးလျှင် သင်သည် ဇာတိပကတိကို ဖြည်းဖြည်းချင်း စွန့်လွှတ်နိုင်လိမ့်မည်။ ပြဿနာတစ်ခုကို သင် ကြုံနေသည့်အခါ သင် သာ၍ပင် ရှာဖွေသင့်သည့် အတော် အရေးပါသော အခြေခံသဘောတရားတစ်ခု ရှိ၏၊ ထိုပြဿနာကို ဘုရားသခင်၏ ရှေ့မှောက် သင် ယူဆောင်လာသင့်ပြီး ယင်းကို ပို၍ အချိန်ယူ သုံးသပ်ဆင်ခြင်သင့်သည်။ ထို့အပြင်၊ ညနေခင်းတိုင်းတွင်၊ သင်၏ ကိုယ်ပိုင်အခြေအနေကို ဆန်းစစ်ရမည်ဖြစ်ပြီး သင်၏ ကိုယ်ပိုင် အပြုအမူကို စေ့စေ့စပ်စပ်ကြည့်ရှု စစ်ဆေးရမည်- သင်၏ လုပ်ရပ်များထဲမှ မည်သည့်အရာက သမ္မာတရားနှင့်အညီ လုပ်ဆောင်ပြီးဖြစ်ကာ မည်သည့်အရာက အခြေခံသဘောတရားများကို ဆန့်ကျင်ခဲ့သနည်း။ ဤသည်မှာ နောက်ထပ် အခြေခံသဘောတရား တစ်ခုဖြစ်သည်။ ဤအချက်နှစ်ချက်က အရေးအကြီးဆုံးဖြစ်သည်- တစ်ခုမှာ သင် တစ်စုံတစ်ရာ လုပ်ဆောင်နေစဉ်တွင် မိမိကိုယ်ကိုယ် ဆန်းစစ်ရန်ဖြစ်ပြီး၊ အခြားတစ်ခုမှာ ၎င်းနောက်တွင် သင့်ကိုယ်သင် ဆန်းစစ်ရန်ဖြစ်သည်။ တတိယ အခြေခံသဘောတရားမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက မည့်သည့်အရာကို ဆိုလိုကြောင်းနှင့် ကိုယ်ကျင့်တရားကောင်းသည့် ပုံစံဖြင့် ကိစ္စရပ်များကို ကိုင်တွယ်ခြင်းက မည်သည့်အရာကို ရည်ညွှန်းကြောင်းတို့နှင့်ပတ်သက်၍ လုံးဝ ရှင်းလင်းစေဖို့ဖြစ်သည်။ ဤအရာအပေါ် သင် ပြတ်သားရှင်းလင်းသည်နှင့်တစ်ပြိုင်နက်၊ ကိစ္စရပ်များကို မှန်မှန်ကန်ကန် သင် ကိုင်တွယ်လိမ့်မည်။ ဤအခြေခံသဘောတရား သုံးခုကို လိုက်နာစောင့်ထိန်းခြင်းဖြင့်၊ ချုပ်တည်းခြင်းကို သင် ကျင့်သုံးနိုင်လိမ့်မည်။ သင်၏ ဖောက်ပြန်ပျက်စီးသော သဘာဝသည် မိမိကိုယ်ကိုယ် ထုတ်ဖော်ပြနိုင်လိမ့်မည်မဟုတ်၊ ပြန်ပေါ်လာလိမ့်မည်မဟုတ်။ ဤသည်မှာ လူသားသဘာဝကို ဖြေရှင်းခြင်းအတွက် အဓိကကျသော အခြေခံသဘောတရားလည်း ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း နှင့် ဗီဇကို ဖြေရှင်းခြင်း” မှ

သင် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင် မည်မျှဝါရင့်သည် သို့မဟုတ် နှစ်ပေါင်းမည်မျှ သင် အလုပ်လုပ်နေခဲ့ပြီး ဖြစ်သည်ဆိုသည့်အပေါ် မူတည်ခြင်းမရှိပေ၊ သင့်တော်သော အရည်အချင်းများကို တစ်ဆင့်ပြီးတစ်ဆင့် သင် မည်မျှတည်ဆောက်ပြီးပြီဆိုသည့်အပေါ် သာ၍ပင် မူတည်ခြင်းမရှိပေ။ ယင်းထက်၊ ထိုအရာသည် သင်၏လိုက်စားခြင်းက အသီးသီးခြင်း ရှိမရှိ ဆိုသည့်အပေါ် မူတည်လေသည်။ ကယ်တင်ခံရသူတို့သည် အသီးသီးသည့် “သစ်ပင်များ” ဖြစ်ပြီး၊ စိမ်းလန်းစိုပြေသော သစ်ရွက်များ၊ အလျှံပယ်သော ပန်းပွင့်များနှင့် ဖြစ်သော်လည်း မသီးပွင့်သည့် သစ်ပင်များ မဟုတ်သည်ကို သင် သိသင့်သည်။ လမ်းများတွင် နှစ်များစွာ လှည့်လည်သွားလာရင်း သင် အချိန်ကုန်ဆုံးပြီးဖြစ်လျှင်ပင်၊ ယင်းက မည်သည့်အရေးနည်း။ သင်၏ သက်သေခံချက်မှာ အဘယ်မှာနည်း။ ဘုရားသခင်အပေါ် သင်၏ ကြည်ညိုခြင်းသည် သင့်ကိုယ်သင် ချစ်ခြင်းနှင့် သင်၏ ရမ္မက်ကြီးသော ဆန္ဒများထက် များစွာ လျော့လေသည်— ဤကဲ့သို့သော လူမျိုးသည် အကျင့်ပျက်သော သူတစ်ဦး ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် ကယ်တင်ခြင်းအတွက် အဘယ်သို့ နမူနာနှင့် စံပုံစံ ဖြစ်နိုင်မည်နည်း။ သင်၏ သဘာဝဗီဇသည် ပြုပြင်မရ၊ သင်သည် အလွန်ပုန်ကန်လွန်းလှပြီး၊ သင့်ကို ကယ်တင်၍ ရနိုင်မည် မဟုတ်ပေ။ ထိုသို့သော လူတို့သည် ပယ်ရှင်းခံရမည့်သူများ ဖြစ်ကြသည် မဟုတ်လော။ ငါ၏ အမှုပြီးစီးသည့် အချိန်သည် သင်၏ နောက်ဆုံးနေ့ရက် ရောက်ရှိသည့်အချိန် ဖြစ်သည် မဟုတ်လော။ ငါသည် သင်တို့ကြားတွင် အလွန်များလှစွာသော အမှုများကို ပြုပြီးဖြစ်ကာ အလွန်များလှစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီးလေပြီ— ထိုအရာထဲမှ သင်တို့ အမှန်တကယ် မည်မျှနားဝင်ခဲ့သနည်း။ သင်တို့ မည်မျှ နာခံဖူးပါသနည်း။ ငါ၏ အမှုအဆုံးသတ်သည့်အခါ၊ ယင်းသည် သင်ငါ့ကို ဆန့်ကျင်ခြင်း ရပ်သည့်အချိန်၊ ငါ့ကို ဆန့်ကျင်ရပ်တည်ခြင်းအား သင် ရပ်တန့်သည့်အချိန် ဖြစ်လိမ့်မည်။ ငါ အမှုပြုစဉ်၊ သင်တို့သည် စဉ်ဆက်မပြတ် ငါ့ကို ဆန့်ကျင်ပြုမူ၏။ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ ဘယ်သောအခါမျှ မလိုက်နာကြ။ ငါ၏ အမှုကို ငါလုပ်ဆောင်ပြီး သင်သည် သင်၏ ကိုယ်ပိုင်နိုင်ငံငယ်ကို ဖန်တီးရင်း သင်၏ ကိုယ်ပိုင် “အလုပ်” ကို လုပ်သည်။ သင်တို့သည် ငါ့ကို အရာရာတွင် ငါ့ကို ဆန့်ကျင်နေသည့် မြေခွေးများနှင့် ခွေးများ တစ်အုပ်သာဖြစ်သည်။ ၎င်းတို့၏ မဆုတ်မနစ်သော ချစ်ခြင်းမေတ္တာကို သင့်အား ပေးသောသူတို့ကို ထွေးပိုက်ရန် သင်တို့ စဉ်ဆက်မပြတ် ကြိုးစားနေကြ၏— သင်တို့၏ ရိုသေမှုမှာ အဘယ်မှာနည်း။ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသော အရာဖြစ်သည်။ သင်တို့တွင် နာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိသကဲ့သို့ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသောအရာနှင့် ပြစ်မှား စော်ကားသောအရာ ဖြစ်၏။ ထိုသို့သော လူတို့သည် ကယ်တင်ခံရ နိုင်သလော။ ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်ပြီး ကာမရာဂ စိတ်ပြင်းပြသော သူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ပျော်မွေ့ခြင်းအတွက် မြူဆွယ်တတ်သော မိန်းမပျက်တို့ကို မိမိတို့ထံ အစဉ်အမြဲ ဆွဲခေါ်လိုကြလေသည်။ ထိုသို့သော ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်သော မကောင်းဆိုးဝါးများကို ငါသည် လုံးဝ ကယ်တင် လိမ့်မည်မဟုတ်။ ညစ်ညူးသော မကောင်းဆိုးဝါးတို့၊ အသင်တို့ကို ငါ မုန်း၏၊ ပြီးလျှင် သင်၏ ကာမရာဂစိတ်ပြင်းပြမှုနှင့် မြူဆွယ်ခြင်းတို့သည် သင်တို့ကို ငရဲသို့ ထိုးဆင်းစေလတ္တံ့။ သင်တို့ကိုယ်သင်တို့ မည်သို့ ရှင်းပြမည်နည်း။ အသင် ညစ်ညူးသော မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများတို့သည် ရွံ့ရှာဖွယ်ဖြစ်၏။ သင်တို့သည် စက်ဆုပ်ဖွယ် ဖြစ်၏။ ထိုသို့သော အမှိုက်သည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။ အပြစ်ထဲ၌ မိနေသည့် ၎င်းတို့သည် ကယ်တင်ခံရနိုင်သေးသလော။ ယနေ့၊ ဤသမ္မာတရား၊ ဤလမ်းခရီးနှင့် ဤအသက်တို့ကို သင်တို့ စိတ်မဝင်စားစေပေ။ ယင်းထက်၊ သင်တို့သည် အပြစ်နှင့်ပြည့်ဝခြင်း၊ ငွေ၊ ရပ်တည်ချက်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ ဇာတိပကတိ၏ ပျော်မွေ့ခြင်း၊ အမျိုးသားများ၏ ချောမောခန့်ညားခြင်းနှင့် အမျိုးသမီးတို့၏ ဆွဲဆောင်မှုတို့ကို စိတ်ဝင်စားကြ၏။ ငါ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ရန် သင်တို့ကို မည်သည့်အရာက အရည်အချင်းနှင့် ပြည့်မီစေသနည်း။ လူတို့ကြား သင်တို့၏ သိက္ခာကို မဆိုနှင့်ဦးတော့၊ သင်တို့၏ ပုံရိပ်သည် ဘုရားသခင်၏ ပုံရိပ်ထက်ပင် ကြီးမား၏၊ သင်တို့၏ အဆင့်အတန်းသည် ဘုရားသခင်၏ အဆင့်အတန်းထက်ပင် မြင့်မား၏— သင်တို့သည် လူတို့ကိုးကွယ်သည့် ရုပ်တုဆင်းတုများ ဖြစ်လာကြပေပြီ။ သင်သည် ကောင်းကင်တမန်မင်း ဖြစ်လာပြီ မဟုတ်လော။ ကယ်တင်ခြင်း အမှု အဆုံးသတ်ဖို့ နီးမည့်အချိန်လည်းဖြစ်သော လူတို့၏နိဂုံး ထုတ်ဖော်ပြခံရသည့် အချိန်တွင်၊ သင်တို့သည် ကယ်တင်မရသည့် အလောင်းကောင်များ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ပယ်ရှင်းခံရကြပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၇)” မှ

ယနေ့တွင် ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်မခံနိုင်သောသူများသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိနိုင်မည်မဟုတ်ပေ၊ ထို့အပြင် လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူတို့သည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်၏လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ရှေ့တော်သို့ ယူဆောင် လာနိုင်မည်လော ဟူသည်ကို ကြည့်လော့။ သင်၏ လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ ရှေ့တော်သို့ မယူဆောင် လာနိုင်ပါက၊ သင်သည် ဒုစရိုက်ကိုပြုသောသူတစ်ဦး ဖြစ်ကြောင်း ယင်းက ပြနေသည်။ ဒုစရိုက်ကိုပြုသောသူများသည် စုံလင်စေခြင်း ခံရနိုင်မည်လော။ သင်ပြုသမျှအားလုံး၊ လုပ်ရပ်များအားလုံး၊ ရည်ရွယ်ချက် အားလုံးနှင့် တုံ့ပြန်မှုများအားလုံးကို ဘုရားသခင်ရှေ့သို့ ယူဆောင် လာရမည်။ သင်၏ နေ့စဉ် ဝိညာဉ်ရေးရာအသက်တာတွင်ပင်— သင်၏ ဆုတောင်းခြင်းများ၊ ဘုရားသခင်နှင့်နီးကပ်မှုများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခြင်း၊ ထို့ပြင် အသင်းတော်အတွင်းရှိ သင်၏အသက်တာနှင့် သင်၏ တွဲဖက်ဆောင်ရွက်၍ အစေခံခြင်းတို့ကို ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို ခံရန်အတွက် သူ၏ ရှေ့တော်သို့ ယူဆောင်လာနိုင်သည်။ သင့်အား ဘဝတွင် ရင့်ကျက်သူတစ်ဦး ဖြစ်လာစေရန် ကူညီမည့် အရာသည် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်ခံခြင်းဖြစ်စဉ်သည် သန့်စင်ခြင်းဖြစ်စဉ် ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံနိုင်လေလေ၊ သင်စင်ကြယ်ခြင်း ခံရလေလေ ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီလေလေ ဖြစ်သဖြင့် ကာမဂုဏ်လွန်ကြူးခြင်းနှင့် အပျော်အပါးလိုက်စားခြင်း၏ ဆွဲဆောင်ခြင်းနောက် မလိုက်ဘဲ၊ သင်၏ စိတ်နှလုံးသည်လည်း ကိုယ်တော်၏မျက်မှောက်တွင် နေထိုင်ပေလိမ့်မည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို သင်လက်ခံလေလေ၊ စာတန် အရှက်ရလေလေဖြစ်ပြီး သင်သည် ဇာတိပကတိကို ပစ်ပယ်နိုင်လေလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အကဲခတ်ခြင်းကို လက်ခံခြင်းသည် လူတို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ မည်ကဲ့သို့သော အမှုအရာများကို သင်ပြုလုပ်နေပါစေ၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုသည့် အခါ၌ပင်လျှင်၊ သင်သည် သင်၏လုပ်ရပ်များကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍၊ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို တောင်းခံကာ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို နာခံရန် ရည်မှန်းနိုင်သည်၊ ယင်းသည် သင်လက်တွေ့လုပ်ဆောင်သည့် အရာကို ပိုမိုမှန်ကန်စေ ပေလိမ့်မည်။ သင်ဆောင်ရွက်သမျှကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံမှသာလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နေသူတစ်ဦး ဖြစ်နိုင်ပေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်” မှ

အရှေ့သို့- ၁၂၉) အခြားသူများထံတွင် အမှားပြင်ဆင်ခြင်း နှင့် တောင်းပန်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၃၁) အခြားသူများအား သင့်တင့်လျော်ကန်စွာ ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂၉ လူသားရဲ့စစ်မှန်သော နှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိ လာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာ ထိုသူတို့ ဘုရားကို...

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်