၁၂၄) အခြားသူများနှင့် အပြန်အလှန် ဆက်ဆံခြင်း၏အခြေခံသဘောတရားများ

(၁) အခြားသူများနှင့် အပြန်အလှန် ဆက်ဆံရာတွင် ဥပဒေသအတိုင်း ဖြစ်ရမည်။ သမ္မာတရားကို ချစ်မြတ်နိုးသူ၊ မှန်ကန်သောလမ်းတွင် လျှောက်သူ၊ လျောက်ပတ်သော အမှု၌ ကျင်လည်သူ၊ ဝံပုလွေများ မြေခွေးများနှင့် ပေါင်းသင်းခြင်းမရှိသူတို့နှင့် အပြန်အလှန် ဆက်ဆံသင့်သည်။

(၂) လူတို့သည် ရိုးသားရမည်၊ အပြန်အလှန် လေးစားခြင်း၊ နားလည်ခြင်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်း ရှိနိုင်ရမည်ဖြစ်ပြီး၊ တစ်ဦးနှင့်တစ်ဦး အမှန် ကူညီနိုင်ရမည်။ တစ်ဦးနှင့်တစ်ဦး ချစ်ခြင်းဆိုသည်မှာ ၄င်းကို ဆိုလိုပါသည်။

(၃) အခြားသူများကို လွန်စွာ အထင်ကြီးခြင်းမရှိသလို တန်ဖိုးနှိမ့်ခြင်းလည်း မရှိဘဲ၊ သာတူညီမျှ ဆက်ဆံရန် သင်ယူလော့။ သူတို့၏ အားနည်းချက်များ နှင့် ပစ်မှားခြင်းများကို မေတ္တာနှင့်ယှဉ်သော ကူညီမှုဖြင့် ဆက်ဆံလော့။

(၄) လူပုဂ္ဂိုလ် အမျိုးအစား အသီးသီးကို ခွဲခြားသိမြင်ရန် သင်ယူသင့်သည်။ သမ္မာတရားကို ချစ်မြတ်နိုးသူများနှင့် ပို၍ ဆက်ဆံပြီး၊ သမ္မာတရားကို မနှစ်သက်သော လိမ်လည်သူ ဒုစရိုက်သားတို့ကို ရှောင်ဖယ်လော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူအချင်းချင်း ပုံမှန်ဆက်ဆံရေးကို ထူထောင်ရာတွင် လူသား၏အားထုတ်မှုမှ မဟုတ်ဘဲ စိတ်နှလုံးကို ဘုရားသခင်အား ပေးခြင်းဟူသည့် အုတ်မြစ်ပေါ်တွင် ထူထောင်ထားသည်။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိပါက လူလူချင်း ဆက်ဆံရေးများသည် ဇာတိ၏ဆက်ဆံရေးများမျှသာ ဖြစ်သည်။ ယင်းဆက်ဆံရေးများသည် ပုံမှန်မဟုတ်ဘဲ၊ ရာဂနောက် စိတ်လွတ်လက်လွတ် လိုက်ပါသွားခြင်းဖြစ်သည်။ ဘုရားသခင် မုန်းတီးသော၊ ကိုယ်တော်စက်ဆုပ်သော ဆက်ဆံရေးများဖြစ်သည်။ သင့်ဝိညာဉ်တို့ထိခံရသည်ဟု သင်ပြောသော်လည်း၊ သင်သည် သင်နှစ်သက်သူ၊ သင်အထင်ကြီးသူ မည်သူမဆိုနှင့် အမြဲတစေ မိတ်သဟာယဖွဲ့လိုပြီး၊ အခြားသူတစ်ဦးက ရှာဖွေနေသော်လည်း၊ သင်က ထိုသူကိုမနှစ်သက်ဘဲ၊ သင်သည် ထိုသူအပေါ် အမြင်ပင်စောင်းကာ၊ ၎င်းနှင့်မဆက်ဆံပါက၊ ယင်းအချက်က သင်သည် ခံစားချက်များ၏ သက်ရောက်မှုရှိပြီး ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး အလျင်းမရှိကြောင်း နောက်ထပ် သက်သေပင်ဖြစ်၏။ သင်သည် ဘုရားသခင်ကို လှည့်စားရန်နှင့် သင်ကိုယ်တိုင်၏ အကျည်းတန်မှုကို ဖုံးအုပ်ရန် ကြိုးစားနေသည်။ သင်သည် သိနားလည်မှုအချို့ကို ဝေမျှနိုင်သော်လည်း မှားယွင်းသော ရည်ရွယ်ချက်များကို ထားရှိပါက၊ သင်လုပ်သမျှ အရာရာတိုင်းသည် လူ့စံနှုန်းများအရသာ ကောင်းမွန်နေသည်။ ဘုရားသခင်က သင့်ကို ချီးမွမ်းမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ ဝန်နှင့်အညီမဟုတ်ဘဲ ဇာတိနှင့်အညီသာ ပြုမူနေသည်။ အကယ်၍ သင်သည် ဘုရားသခင်ရှေ့တွင် သင့်စိတ်နှလုံးကို ငြိမ်သက်အောင်ပြုနိုင်လျှင်၊ ဘုရားသခင်ကို ချစ်သောသူအားလုံးနှင့် ပုံမှန်ဆက်ဆံရေး ရှိမည်ဆိုလျှင်၊ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အသုံးပြုမှုအတွက် သင့်တော်ပေသည်။ ဤနည်းအားဖြင့် သင်သည် အခြားသူများနှင့် မည်သို့ပင် ပေါင်းသင်းသည်ဖြစ်စေ၊ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်နှင့်အညီ မဟုတ်ဘဲ ဘုရားသခင်ရှေ့တွင် ကိုယ်တော်၏ဝန်ကို အရေးထားသော နေထိုင်နည်းဖြင့် အသက်ရှင်ခြင်း ဖြစ်လိမ့်မည်။ သင်တို့ထဲတွင် ထိုသို့သောလူ ဘယ်နှစ်ဦးရှိသနည်း။ အခြားသူများနှင့်သင်၏ ဆက်ဆံရေးများသည် အမှန်တကယ် လျော်ကန်သလော။ ၎င်းတို့ကို မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသနည်း။ သင့်ထဲ၌ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်များ မည်မျှရှိသနည်း။ ၎င်းတို့ကို စွန့်ပယ်ပြီးပြီလော။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို လုံးလုံးလျားလျား အားမကိုးနိုင်လျှင် သင်သည် ဘုရားသခင်နှင့်မသက်ဆိုင်ပေ၊ သင်သည် စာတန်ထံမှလာပြီး၊ အဆုံးတွင် သင့်ကို စာတန်ထံပြန်ပို့လိမ့်မည်။ သင်သည် ဘုရားသခင်၏ လူထဲမှ တစ်ဦးဖြစ်ရန် မထိုက်တန်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏” မှ

အကယ်၍ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးရှိလိုပါက သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ လှည့်ရမည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ်ထား၍၊ သင်သည် အခြားသူများနှင့်လည်း ပုံမှန် ဆက်ဆံရေးရှိလိမ့်မည်။ သင့်တွင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးမရှိပါက၊ အခြားသူများနှင့် ဆက်ဆံရေးကို သင်မည်မျှပင် ထိန်းသိမ်းစေကာမူ၊ သင်သည် မည်မျှပင် အလုပ်ကြိုးစားစေကာမူ၊ သင်သည် မည်မျှပင် အားထုတ်စေကာမူ၊ အားလုံးသည် အသက်ရှင်ရေးအတွက် လူသား၏ သဘောတရား ခံယူချက်နှင့်သာ ပတ်သက်ပေမည်။ လူများက သင့်ကို ချီးမွမ်းကြရန် သင်သည် လူ့အမြင်နှင့် လူ့သဘောတရားခံယူချက်တို့အားဖြင့် လူသားများအလယ်တွင် သင်၏အနေအထားကို ထိန်းသိမ်းနေသည်၊ သို့သော် လူများနှင့် ပုံမှန်ဆက်ဆံရေးများကို ထူထောင်ရန် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုက်နာခြင်း မရှိပေ။ အကယ်၍ သင်သည် အခြားလူများနှင့် ပုံမှန် ဆက်ဆံရေးကို အာရုံမစိုက်ဘဲ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကိုသာ ထိန်းသိမ်းလျှင်၊ အကယ်၍ သင်သည် သင့်စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ပြီး ကိုယ်တော်ကို နာခံရန်လိုလားလျှင်၊ အခြားသူများအားလုံးနှင့် သင်၏ ဆက်ဆံရေးသည် အလိုအလျောက် လျော်ကန်လာပေမည်။ ဤနည်းအားဖြင့် ထိုဆက်ဆံရေးများကို ဇာတိထဲ၌ မဟုတ်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအုတ်မြစ်ပေါ်တွင် တည်ထောင်ထားပေသည်။ ဇာတိကူးလူးဆက်ဆံမှု လုံးဝနီးပါးမရှိသော်လည်း စိတ်ဝိညာဉ်၌ မိတ်သဟာယဖွဲ့မှု၊ အပြန်အလှန်မေတ္တာ၊ အပြန်အလှန်နှစ်သိမ့်မှုနှင့် အချင်းချင်း ထောက်ပံ့ပေးမှုတို့ ရှိသည်။ ၎င်းတို့အလုံးစုံကို ဘုရားသခင်ကို ကျေနပ်စေသောစိတ်နှလုံးကို အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းဆက်ဆံရေးများကို လူသား၏ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်ပေါ်တွင် အားထားခြင်းဖြင့် ထိန်းသိမ်းထားသည် မဟုတ်ဘဲ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဝန်ကိုထမ်းရင်း အလွန်သဘာဝကျစွာ ဖြစ်ထွန်းလာခြင်းဖြစ်သည်။ ၎င်းသည် လူလုပ်အားထုတ်မှုများ မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားရန် လိုလိုလားလားရှိသလော။ ဘုရားသခင် ရှေ့မှောက်တွင် “အကြောင်းမဲ့သောသူ” ဖြစ်ရန် သင်လိုလိုလားလားရှိသလော။ သင့်စိတ်နှလုံးကို ဘုရားသခင်အား အကြွင်းမဲ့ပေးကာ လူများအလယ်တွင် သင့်အနေအထားကို ဥပေက္ခာပြုရန် သင်လိုလိုလားလား ရှိသလော။ သင်နှင့် အဆက်အသွယ်ရှိသူအားလုံးထဲတွင် သင်သည် မည်သူနှင့် အကောင်းဆုံး ဆက်ဆံရေးရှိသနည်း။ မည်သူနှင့် အဆိုးရွားဆုံး ဆက်ဆံရေး ရှိသနည်း။ လူတို့နှင့် သင်၏ဆက်ဆံရေးများသည် ပုံမှန်ဖြစ်သလော။ သင်သည် လူအားလုံးကို တန်းတူညီမျှ ဆက်ဆံသလော။ သင်၏ဆက်ဆံရေးအားလုံးကို သင်၏အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်နှင့်အညီ ထိန်းသိမ်းထားသလော၊ သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသလော။ လူတစ်ဦးသည် သူ၏စိတ်နှလုံးကို ဘုရားသခင်အား မပေးပါက သူ၏ဝိညာဉ်သည် ထူသွားသည်၊ ထုံသွားပြီး သတိမဲ့သွားသည်။ ထိုလူစားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘယ်သောခါမျှ နားလည်မည် မဟုတ်သကဲ့သို့ ဘုရားသခင်နှင့်ပုံမှန် ဆက်ဆံရေးကို ဘယ်သောခါမျှ ရမည်မဟုတ်ပေ။ ထိုလူစား၏ စိတ်သဘောထားသည် ဘယ်သောခါမျှ ပြောင်းလဲမည်မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏” မှ

လူများအကြားရှိ ဆက်ဆံရေးကို သာမန် လူ့သဘာဝ နယ်ပယ်အတွင်းတွင် ထူထောင်ထားပြီး ဤဆက်ဆံရေး၌ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား၊ အမုန်းတရား၊ အပေးအယူ လုပ်ခြင်းများ၊ သို့မဟုတ် ဇာတိပကတိဆိုင်ရာ လိုအပ်ချက်များ မပါဝင်ပါက အခြေခံအားဖြင့် ဤအပြန်အလှန် ဆက်ဆံခြင်းမျိုးအားဖြင့် ထူထောင်ထားသည့် ဆက်ဆံရေးကို ပုံမှန်ဆက်ဆံရေးတစ်ခုအဖြစ် သဘောထား၍ရပေသည်။ လူများသည် တစ်ဦးနှင့်တစ်ဦး ပုံမှန်အားဖြင့်လည်းကောင်း၊ အခြေခံသဘောတရားအတိုင်းလည်းကောင်း သင့်မြတ်နိုင်ပြီး ဆက်ဆံနိုင်သည့်အခါ၊ အခြေခံသဘောတရားများနှင့် ကိုက်ညီသည့် အရာများကို လုပ်ဆောင်နိုင်ပြီး အခြေခံသဘောတရားများနှင့်အညီ တစ်ဦးနှင့်တစ်ဦး ကူညီနိုင်ကာ ထောက်ပံ့နိုင်ပြီး ပံ့ပိုးပေးနိုင်သည့်အခါ ဤအရာများသည် လူများအကြားရှိ ပုံမှန် ဆက်ဆံရေး အပိုင်းအခြားတွင် ကျရောက်သည့် အရာများအားလုံး ဖြစ်ပေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် အမှုကိစ္စများကို အပေးအယူများအဖြစ် မဆောင်ရွက်သကဲ့သို့၊ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားများ၊ အမုန်းတရားများ၊ သို့မဟုတ် ဇာတိပကတိ အလိုဆန္ဒများ၏ တောင်းဆိုမှုများပါဝင်သည့် နည်းလမ်းဖြင့် မဆောင်ရွက်ဘဲ မျှတစွာနှင့် စည်းမျဉ်းများအတိုင်း ဆောင်ရွက်သည့်အခါ ယင်းတို့သည် သင့်တော်သော ပေါင်းသင်းဆက်ဆံရေး နယ်ပယ်အတွင်း ရှိပေသည်။ ဤသည်မှာ ကျယ်ပြန့်သည့် နယ်ပယ်တစ်ခုဖြစ်၏၊ ဟုတ်သည် မဟုတ်လော။ သင့်တော်သော အပြန်အလှန် ဆက်ဆံရေးများအတွက် အဓိက မရှိမဖြစ် လိုအပ်ချက်မှာ ယင်းတို့သည် သာမန်လူ့သဘာဝ နယ်ပယ်အတွင်း ကျရောက်ရမည့်အချက် ဖြစ်သည်။ ဤအရာ၏ ရှုထောင့်တစ်ခုမှာ သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားနှင့် အသိစိတ်တို့အတွင်းတွင် ပြောဆိုပြီး မိတ်သဟာယပြုဖို့ ဖြစ်သည်၊ အခြားတစ်ခုမှာမူ သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားနှင့် အခြေခံသဘောတရားများနှင့်အညီ အပြန်အလှန် ဆက်ဆံကာ ပေါင်းဖက်ပြီး ပြုမူဆောင်ရွက်ဖို့ ဖြစ်သည်။ သာ၍မြင့်မားသောအဆင့်တွင် ဤသည်မှာ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ အပြန်အလှန် ဆက်ဆံပြီး ပေါင်းဖက်ဖို့ ဖြစ်သည်။ ဤသည်မှာ လူများအကြား သင့်တော်သည့် အပြန်အလှန် ပေါင်းသင်းဆက်ဆံရေးများ၏ ယေဘုယျ အနက်ဖွင့်ဆိုချက်တစ်ခု ဖြစ်ပေသည်။

...တစ်စုံတစ်ဦးကို သင်တွေ့သည့်အခါ ထိုထိုသော လေသံတစ်ခုကို ပြစားခြင်း၊ ကနွဲ့ကလျပြောခြင်း၊ မာန်တက်ခြင်း၊ အခြားသူကို သိက္ခာချဖို့ဖြစ်စေ၊ မိမိအကြောင်း ကြီးကြီးကျယ်ကျယ် ပြောဖို့ဖြစ်စေ ကြိုးစားခြင်းတို့ မရှိဘဲ ၎င်းတို့ကို နှုတ်ခွန်းဆက်နိုင်ခြင်း၊ ၎င်းတို့နှင့် စကားပြောနိုင်ခြင်းနှင့် သင့်တော်သော၊ နူးညံ့သိမ်မွေ့သော ဟန်ပန်တစ်ခုဖြင့် စကားပြောနိုင်ပြီး ဆွေးနွေးပြောဆိုနိုင်ခြင်း- ဤသည်မှာ လူများမြင်နိုင်သည့် အပြန်အလှန် ဆက်ဆံရေးများကို ကိုင်တွယ်သည့် အသင့်တော်ဆုံးနှင့် အခြေခံအကျဆုံး နည်းလမ်း ဖြစ်ပေသည်။ အလုပ်၊ သို့မဟုတ် ကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပတ်သက်လာလျှင် အခြေခံအကျဆုံးအရာမှာ ဆင်ခြင်တုံတရား၏စံနှုန်းများဖြင့် ကိုက်ညီမှုရှိခြင်း၊ သာမန် လူ့သဘာဝ၏ အသိစိတ်နှင့်အညီ ပေါင်းသင်းခြင်း၊ အပြန်အလှန်ဆက်ဆံခြင်းနှင့် အမှုကိစ္စများကို လုပ်ဆောင်ခြင်းတို့ဖြစ်သည်။ ဤအရာ၏ အကောင်းဆုံးနှင့် အနက်ရှိုင်းဆုံးပုံစံသည် ဘုရားသခင်သတ်မှတ်ထားသည့်အတိုင်း သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ ပေါင်းသင်းခြင်း၊ အပြန်အလှန်ဆက်ဆံခြင်းနှင့် အမှုကိစ္စများကို လုပ်ဆောင်ခြင်းတို့ ဖြစ်သည်မှာ မှန်ပေသည်။ ဤသမ္မာတရား အခြေခံသဘောတရားများမှာ အဘယ်နည်း။ ယင်းတို့၌ လူများ အပျက်သဘောဆောင်ပြီး အားနည်းနေသည့်အချိန်တွင် ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်တို့ကို နားလည်နိုင်ခြင်း၊ ၎င်းတို့၏ အခက်အခဲများ၊ ဒုက္ခများနှင့်ပတ်သက်ပြီး ဂရုစိုက်နိုင်ခြင်းနှင့် ထို့နောက်တွင် ၎င်းတို့ အားမနည်းတော့စေဖို့ငှာ ၎င်းတို့အား မေးမြန်းကာ ကူညီပြီး ထောက်ပံ့ပေးနိုင်ခြင်း၊ ၎င်းတို့အား ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်လာခြင်းနှင့် ၎င်းတို့အား ကူညီဖို့ ဘုရားသခင်၏နှုတ်ကပတ်တော်များကို အသုံးပြုခြင်းတို့ ပါဝင်ပေသည်။ ဤလက်တွေ့လုပ်ဆောင်ခြင်းပုံစံသည် အခြေခံသဘောတရားများဖြင့် ကိုက်ညီ၏၊ ဟုတ်သည် မဟုတ်လော။ ဟုတ်ပေသည်၊ ပြီးလျှင် ဤသည်မှာ အခြေခံသဘောတရားများနှင့် ကိုက်ညီသည့် ဆက်ဆံရေး ပုံစံမျိုးလည်း ဖြစ်သည်မှာလည်း အမှန်ပင်။ အလျဉ်ပြတ်စေခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို တမင်သက်သက် ဖြစ်စေသည့် လူများ၊ သို့မဟုတ် မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် တမင်သက်သက် အိုးနင်းခွက်နင်းဖြင့် ပြီးမြောက်စေသူတို့အတွက်မှာမူ ဤလူများကို သင် ကြုံတွေ့သည့်အခါ အခြေခံသဘောတရားများနှင့်အညီ ပြုမူဆောင်ရွက်နိုင်ဖို့လည်း လိုအပ်ပေသည်။ ဤအရာများကို ထောက်ပြနိုင်ဖို့၊ ဤလူများ၏ လုပ်ရပ်များကို ဝေဖန်ဖို့နှင့် ၎င်းတို့ကို အလိုလိုက်ပြီး ၎င်းတို့အား ကာပေးခြင်းတို့အစား ၎င်းတို့ကို ကူညီဖို့ လိုအပ်သကဲ့သို့ ၎င်းတို့လုပ်သည့်အရာကို လျစ်လျူရှုခြင်း၊ ၎င်းတို့ကို သာယာနာပျော်ဖွယ်အရာများ ပြောခြင်း၊ ၎င်းတို့ကို ချီးကျူးခြင်း၊ ၎င်းတို့ကို ချီးမွမ်းခြင်း၊ သို့မဟုတ် လုံးလုံး လိမ်ညာခြင်း မလုပ်သင့်ပေ။ ဤအရာများကို လုပ်ဆောင်ခြင်းသည် အခြေခံသဘောတရားများနှင့်အညီ ပြုမူခြင်း ဖြစ်မည်မဟုတ်ပေ။ လူများက အခြေခံသဘောတရားများအတိုင်း မပြုမူသည့် ပေါင်းသင်းဆက်ဆံရေးများသည် လျော်ကန်သလော၊ မလျော်ကန်သလော။ (မလျော်ကန်ပါ။) အမှုကိစ္စများကို ကိုင်တွယ်သည့်၊ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းသည့်၊ လူများနှင့် အပြန်အလှန်ဆက်ဆံသည့် ထိုသို့သော နည်းလမ်းသည် အခြေခံသဘောတရားများနှင့် သိသိသာသာ မကိုက်ညီသကဲ့သို့ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်လည်း သိသာထင်ရှားစွာ မကိုက်ညီပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၄)” မှ

ဘုရားသခင်၏ အိမ်တော်တွင်၊ လူတို့ အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်ပြသည့်အရာသည် အခြေအနေအားလုံးတွင် သမ္မာတရားကို ယင်း၏ အခြေခံသဘောတရားနှင့် အခြေခံအုတ်မြစ်အဖြစ် ရှိသင့်ပေသည်။ သင်သည် ထိုသို့သော အခြေအနေတစ်ခုတွင် အသက်ရှင်ပါက၊ လူတို့အလယ်တွင် ညီမျှမှုရှိပြီး ဘုရားသခင်နှင့် အယောက်တိုင်း၏ ဆက်ဆံရေးသည် အဖန်ဆင်းခံ သတ္တဝါတစ်ဦးနှင့် ဖန်ဆင်းရှင်တို့ကြားက ဆက်ဆံရေး ဖြစ်သည်။ ထိုသို့ဖြင့်၊ လူတို့ကြားက အပြန်အလှန်ဆက်ဆံမှုများသည် များစွာ သာ၍ ရိုးရှင်းလာပြီး သာ၍ လွယ်ကူလာလေသည်။ ထိုအခါမှသာ လူတို့သည် စစ်မှန်စွာ လွတ်မြောက်နိုင်ပြီး ၎င်းတို့ အသက်ရှင်ပုံတွင် လွတ်လပ်နိုင်ကာ စစ်မှန်စွာ ပျော်ရွှင်နိုင်ပေသည်။ ဤအရာကို သင်တို့ စွမ်းဆောင် ရရှိပြီးပြီလော သို့မဟုတ် မရရှိသေးသလော။ (မရရှိသေးပါ။) ကိုင်း၊ သို့ဆိုလျှင် မည်သည့်အရာအားဖြင့် သင် အသက်ရှင်သနည်း။ သင်သည် ရှင်သန်ခြင်းအတွက်ဖြစ်သော ထိုအတွေးအခေါ်များမှ ချိုးဖောက်လွတ်မြောက်ခြင်း မရှိသေးပေ သို့မဟုတ် မိမိကိုယ်ကိုယ် ကျော်ကြားမှုနှင့် အခွင့်အလမ်းအတွက် ရုန်ကန်ခြင်းနှင့် မနာလိုမှုနှင့် ပဋိပက္ခတို့၏ ဘဝအခြေအနေမှ မလွတ်မြောက်စေနိုင်သေးပေ။ သင့်ကို အုပ်စိုးပြီး ထိန်းချုပ်သည်မှာ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားတစ်ခု လုံးဝ ဖြစ်ပေသည်။ ထို့ကြောင့် သင်၏ အသက်ရှင်ခြင်း နည်းလမ်းသည် အလွန် ပင်ပန်းစရာဖြစ်ပြီး မကြာခဏ ထိုသို့ သင် ခံစားရသည်- “ဘုရားသခင်၏ အိမ်တော်ထဲက အသက်တာသည် လောကထဲက အသက်တာနှင့် အလွန် ဆင်တူရသည်မှာ အဘယ်ကြောင့်နည်း။ ဤနေရာတွင် ဘဝကလည်း ခြေကုန်လက်ပန်းကျစရာဖြစ်ပြီး၊ အရာရာတွင် ကျွန်ုပ် အမြဲ သတိထားဖို့ လိုကာ၊ ကျွန်ုပ် မပြုမူမီ လူတို့ မျက်နှာထားများကို အမြဲ လေ့လာစောင့်ကြည့်ရသည်။” ဤအခြေအနေသည် အဘယ်သို့ ဖြစ်လာခဲ့ရသနည်း။ ယင်းမှာ သင်၏ အပြုအမူ အခြေခံသဘောတရားများ၊ အမှုအရာများအပေါ် ရှုထောင့်အမြင်များနှင့် အမှုအရာများကို ကိုင်တွယ်ခြင်း နည်းစနစ်များမှာ အားလုံး မှားယွင်းသောကြောင့် ဖြစ်သည်။ သင်သည် သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မပြုမူပေ။ ကိစ္စရပ်အားလုံးသည် အစအဦးများနှင့် အခြေခံအုတ်မြစ်များ ရှိသည်-ထို့ကြောင့်၊ သင် စိတ်ဆုံးဖြတ်သင့်သည့် ပထမဦးဆုံး၊ အခြေခံအကျဆုံးသော အရာမှာ အဘယ်နည်း။ ပထမဦးစွာ၊ သင်သည် သင်၏ အတွေးများ၊ သင်၏ စိတ်ကူးများ၊ သင်၏ အသိပညာနှင့် သင်၏ ရှုထောင့်အမြင်များကို စိတ်ဖြာလေ့လာသင့်ပြီး သိရှိလာသင့်ပေသည်။ ထို့နောက် အဘယ်အရာနည်း။ (မည်သည့် ရှုထောင့်အမြင်မျိုးဖြင့် သင့် အနီးအနားရှိ အမှုအရာများကို သင် သဘောထားသင့်သည်၊ ယင်းတို့ကို သင် မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သည်ဆိုသည်နှင့် သင်၏ လုပ်ရပ်များတွင် မည်သည့် အခြေခံသဘောတရားများကို သင် အသုံးပြုသင့်သည်ဆိုသည်တို့ကို ရှာဖွေပါ။) ဤသည်မှာ လက်တွေ့လုပ်ဆောင်မှု ပါဝင်ပေသည်။ တကယ့် အသက်တာတွင်၊ လူသား အပြန်အလှန် ဆက်ဆံမှု၏ အခြေခံအကျဆုံးသော အခြေခံသဘောတရားတစ်ခု ရှိရပေမည်။ အယောက်တိုင်းသည် မိမိတို့၏ ကိုယ်ပိုင် တာဝန်ကို ချော်ထွက်မသွားဘဲလျက်၊ အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ သင့်တော်သော ရာထူးအဆင့်အတန်းတွင် ရပ်တည်ရမည်။ မည်သူမျှ အခြားသူထက် သာ၍ မကောင်း သို့မဟုတ် သာ၍ မဆိုးပေ။ လူအားလုံးသည် ရှင်သန်ခြင်းအတွက် အတွေးအခေါ်များ၊ အမှုအရာများကို လုပ်ဆောင်ခြင်းနှင့်သက်ဆိုင်သည့် စာတန်၏ အခြေခံသဘောတရားများနှင့် နည်းစနစ်များကို ချိုးဖောက်လွတ်မြောက်လျက်၊ သမ္မာတရား အခြေခံသဘောတရားအတိုင်း ပြုမူရမည်ဖြစ်ပြီး၊ အခြားသူတို့အား အလားတူ သမ္မာတရား အခြေခံသဘောတရားအတိုင်း ၎င်းတို့အား ဆက်ဆံရန် တောင်းဆိုရင်း၊ အခြားသူတို့အား သမ္မာတရား အခြေခံသဘောတရားနှင့်အညီ ဆက်ဆံရမည် ဖြစ်သည်။ ယခု၊ ဤသည်မှာ သင်တို့အလယ် ဖြစ်ပေါ်သင့်သည့် အခြေအနေမျိုး ဖြစ်သည်။ အသင်းတော် တစ်ခုလုံးတစ်လျှောက်၊ ညီအစ်ကို မောင်နှမအားလုံးထဲတွင်၊ အခြေအနေအမျိုးအစားတစ်ခု- သင်ဖြစ်စေ အခြား မည်သူမဆိုဖြစ်စေ ကန့်သတ်ချုပ်ချယ်မခံရဖို့အလို့ငှာ ဘုရားသခင်၏ မိသားစုရှိသင့်ကာ ညီအစ်ကို မောင်နှမများထဲတွင် တည်ရှိသင့်သည့် အမျိုးအစား- ဖြစ်ပေါ်စေသင့်ပေသည်။ သင်သည် အခြားသူတို့ကို မကန့်သတ်သကဲ့သို့ ၎င်းတို့က သင့်ကို မကန့်သတ်ပေ- ဤသည်မှာ နောက်ထပ် လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားဖြစ်ပြီး၊ ပုံမှန် လူလူချင်း ဆက်ဆံရေးများကို ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်သည့် အခြေခံအကျဆုံးသော အခြေခံသဘောတရား ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်” မှ

သင်တို့သည် သန့်ရှင်းသူတစ်ဦးဖြစ်ခြင်း၏ ခံစားချက်နှင့် အခြေခံသဘောတရားများကို ရှာမတွေ့သေးပါက သင်တို့၏ အသက်ဝင်ရောက်မှုသည် အလွန်ပေါ့တန်ကြောင်းနှင့် သင်တို့သည် သမ္မာတရားကို နားမလည်သေးကြောင်း ဤအရာက သက်သေပြနေသည်။ ဤသည်က နေ့စဉ် သင်တို့အသက်ရှင်သည့် အပြုအမူနှင့် ပတ်ဝန်းကျင်၌ သင်တို့ကို ပျော်မွေ့ခံစားဖို့နှင့် တွေးဆဖို့၊ တစ်ဦးနှင့်တစ်ဦး မိတ်သဟာယပြုဖို့၊ တစ်ဦးနှင့်တစ်ဦး အားပေးဖို့၊ တစ်ဦးနှင့်တစ်ဦး သတိပေးနှိုးဆော်ဖို့၊ တစ်ဦးနှင့်တစ်ဦး ကူညီဖို့နှင့် စောင့်ရှောက်ဖို့၊ ပြီးလျှင် တစ်ဦးနှင့်တစ်ဦး ပံ့ပိုးဖို့နှင့် ထောက်ပံ့ဖို့ လိုအပ်လေသည်။ သူတစ်ပါး၏ အမှားပေါ်တွင် အမြဲ အာရုံမစိုက်နှင့်၊ သို့ရာတွင် မိမိကိုယ်မိမိ မကြာခဏ ပြန်လည်သုံးသပ်လော့၊ ပြီးလျှင် အခြားသူများကို နှောင့်ယှက်ခြင်း၊ သို့မဟုတ် ထိခိုက်ခြင်း ဖြစ်စေသည့် သင်တို့လုပ်ဆောင်ခဲ့သည့်အရာကို နောက်ပိုင်းတွင် ၎င်းတို့အား ဝန်ခံဖို့ အခြေအနေကို ဖန်တီးယူလော့။ သင်တို့ကိုယ်သင်တို့ ဖွင့်ဟဖို့နှင့် မိတ်သဟာယပြုဖို့ သင်ယူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သို့ လက်တွေ့ကျကျ မိတ်သဟာယပြုရမည်ကို အတူတကွ မကြာခဏ ဆွေးနွေးလော့။ သင်တို့အသက်တာ၏ ပတ်ဝန်းကျင်သည် မကြာခဏ ထိုသို့ဖြစ်သည့်အခါ ညီအစ်ကိုမောင်နှမများကြား ဆက်ဆံရေးသည် ပုံမှန်ဖြစ်လာသည်— မယုံကြည်သူများကြားမှ ဆက်ဆံရေးများကဲ့သို့ ရှုပ်ထွေးခြင်း၊ ညံ့ဖျင်းခြင်း၊ အေးစက်ခြင်း၊ သို့မဟုတ် ရက်စက်ခြင်း မရှိတော့။ သင်တို့သည် ထိုသို့သော ဆက်ဆံရေးများကို အာရုံထဲမှ ဖြည်းဖြည်းချင်း ဖျောက်ပစ်လိမ့်မည်။ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း သာ၍ နီးကပ်ပြီး ရင်းနှီးလာသည်။ သင်တို့သည် အချင်းချင်း ထောက်ပံ့နိုင်ပြီး အချင်းချင်း ချစ်နိုင်သည်။ သင်တို့၏စိတ်နှလုံးများတွင် စေတနာရှိလာသည်၊ သို့မဟုတ် သင်တို့သည် အချင်းချင်းအပေါ် သည်းခံနိုင်စွမ်းနှင့် သနားကရုဏာထားနိုင်စွမ်းရှိသည့် စိတ်နေစိတ်ထားတစ်ခု ရှိလာသည်၊ ပြီးလျှင် သင်တို့သည် အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ အချင်းချင်း နင်းခြေခြင်း၊ အချင်းချင်း မနာလိုဖြစ်ခြင်း၊ တိတ်တဆိတ် ယှဉ်ပြိုင်ခြင်း၊ အချင်းချင်း မမြင်ကွယ်ရာတွင် အထင်အမြင်သေးစိတ်ကိုဖြစ်စေ၊ ပမာမထားစိတ်ကိုဖြစ်စေ သိုထားခြင်း၊ သို့မဟုတ် အချင်းချင်း မနာခံခြင်း အခြေအနေနှင့် သဘောထားတစ်ခုထက် အချင်းချင်း ထောက်ကူပြီး စောင့်ရှောက်ကြသည်။ ထိုသို့သော အနေအထားများ၊ သို့မဟုတ် အခြေအနေများတွင် အသက်ရှင်ခြင်းသည် လူများကြားတွင် ဆိုးရွားသည့် ဆက်ဆံရေးများကို ဖြစ်ပေါ်စေသည်။ ယင်းက သင့်အပေါ်တွင် အပျက်သဘောဆောင်သည့် လွှမ်းမိုးမှု အမျိုးမျိုးကို ဖြစ်ပေါ်စေပြီး သင့်ကို ထိခိုက်စေရုံသာမက တစ်ပါးသူများကိုလည်း အတိုင်းအတာအမျိုးမျိုးအထိ အပျက်သဘောဆောင်စွာ လွှမ်းမိုးမှုများနှင့် ထိခိုက်မှုများ ဖြစ်ပေါ်စေသည်။ ဤသည်ကို လူများ အောင်မြင်ကျော်လွှားဖို့အတွက် ယေဘုယျအားဖြင့် အလွန်ခက်ခဲသည်— လူများက သင့်ကို တလွဲမြင်သည့်အခါ၊ သို့မဟုတ် ၎င်းတို့က သင်၏ဆန္ဒနှင့် မကိုက်ညီသည့် တစ်စုံတစ်ခုကို ပြောသည့်အခါ သင်စိတ်ဆိုးသည်၊ ပြီးလျှင် သင်၏အရည်အချင်းပြဖို့ အခွင့်အရေးကို ပိတ်ပင်ဖို့ တစ်စုံတစ်ဦးက တစ်စုံတစ်ခု လုပ်ဆောင်သည့်အခါ သင်သည် ၎င်းတို့ကို မကျေမချမ်းဖြစ်ပြီး ကသိကအောက်ဖြစ်ကာ စိတ်မချမ်းမမြေ့ဖြစ်၍ သင်၏ဂုဏ်သတင်းကို နဂိုအတိုင်းပြန်ဖြစ်စေဖို့ မည်သို့လုပ်ရမည်ကိုသာ သင်တွေးနိုင်သည်။ အမျိုးသမီးများနှင့် လူငယ်များသည် ဤသည်ကို အထူးသဖြင့် အောင်မြင်ကျော်လွှားနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ဤသေးသိမ်သော စိတ်သဘောထားများ၊ ဤဝုန်းဒိုင်းကြဲခြင်းများ၊ ဤသေးသိမ်သော စိတ်ခံစားချက်များ၌ ကျော့မိနေကြပြီး ၎င်းတို့အတွက် ဘုရားသခင်ရှေ့မှောက်သို့ လာဖို့ ခက်ခဲကြလေသည်။ ဤရှုပ်ထွေးသော ပင့်ကူအိမ်ကဲ့သို့ ဆက်ဆံရေးများတွင် ငြိနေကာ ရစ်တွယ်နေကြသဖြင့် လူများအတွက် ဘုရားသခင်ရှေ့မှောက်တွင် မိမိတို့ကိုယ်ကို ငြိမ်သက်စေဖို့ ခက်ခဲကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ မိမိတို့ကိုယ်ကို ငြိမ်သက်စေဖို့ ခက်ခဲကြသည်။ ထို့ကြောင့် ညီအစ်ကိုမောင်နှမများနှင့် မည်သို့သင့်မြတ်ဖို့ကို ပထမဦးစွာ သင်ယူရမည်။ သင်တို့သည် အချင်းချင်း သည်းခံရမည်၊ အချင်းချင်း သက်ညှာရမည်၊ အချင်းချင်းနှင့် ပတ်သက်၍ မည်သည့်အရာက ထူးခြားချက်ဖြစ်သည်၊ အချင်းချင်း၏ အားသာချက်များက မည်သည့်အရာဖြစ်သည်တို့ကို မြင်နိုင်ရမည်— ပြီးလျှင် အခြားသူများ၏ ထင်မြင်ချက်များကို လက်ခံရန်နှင့် မိမိကိုယ်မိမိ ဆင်ခြင်သုံးသပ်ခြင်းကို ဆောင်ရွက်ဖို့နှင့် မိမိကိုယ်မိမိ သိကျွမ်းခြင်းကို ရရှိဖို့ မိမိ၏ အတွင်းနက်ရှိုင်းရာထဲသို့ ဆုတ်ခွာနေရန် သင်ယူရမည်။ အခြားသူများအား သင့်ကို နားထောင်ဖို့၊ သင်ပြောသည့်အတိုင်း လုပ်ဆောင်ဖို့၊ သင့်ကို ကြည်ညိုဖို့နှင့် သင့်ကို ပင့်ထားဖို့ အတင်းစေခိုင်းသော်လည်း ၎င်းတို့၏ချွတ်ယွင်းချက်များကို ချုပ်တည်းမှု မရှိဘဲ ချဲ့ကားပြောဆိုပြီး ပုံကြီးချဲ့လျက် ၎င်းတို့၏ အားသာချက်များကိုမူကား သတိမမူမိဘဲ သင့်ကို ၎င်းတို့နာခံပြီး အရေးထားကာ ကြောက်ရွံ့၍ သင့်ထံမှ ပုန်းကွယ်သွားကြသည်အထိ ၎င်းတို့၏ ချွတ်ယွင်းချက်များကို တစ်ချိန်လုံး လူသိရှင်ကြား ပြောကာ ယင်းတို့ကို အထင်အမြင်သေးပြီး စက်ဆုပ်ရွံရှာလျက်၊ သို့မဟုတ် အခြားသူများကို နာကျင်စေဖို့နှင့် နှောင့်ယှက်ဖို့ စကားများနှင့် အခြားနည်းလမ်းများကို အသုံးပြုလျက် သင့်ကိုယ်သင် စိတ်အလို မလိုက်လွန်းရ၊ သို့တည်းမဟုတ် သင်၏ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ သို့မဟုတ် လုံးဝမပြောပလောက်သော သင်၏ အားသာချက်များကို ဇက်ကုန် မလွှတ်ရ။ လူများအကြား ထိုသို့သော ဆက်ဆံရေးတစ်ခု ဖြစ်လာခြင်း၊ သို့မဟုတ် တည်ရှိလာခြင်းကို သင်တို့ မြင်လိုသလော။ ယင်းမှာ မည်သို့ရှိသည်ကို သင်တို့ခံစားလိုမည်လော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုအတွက် ပဓာနအကျဆုံး အခြေခံသဘောတရား” မှ

အကယ်၍ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း စိတ်ချယုံကြည်နိုင်စွမ်း ရှိကာ၊ အချင်းချင်း ကူညီနိုင်စွမ်း ရှိပြီး၊ အချင်းချင်း ကူညီနိုင်စွမ်းနှင့် ထောက်ပံ့နိုင်စွမ်းရှိရမည် ဆိုပါက အယောက်တိုင်းစီသည် ၎င်းတို့၏စစ်မှန်သော အတွေ့အကြုံများ အကြောင်းကို ပြောရမည် ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ စစ်မှန်သောအတွေ့အကြုံများအကြောင်းကို မပြောဘဲ ပေါ်ပင် ရေပန်းစားသော စကားများနှင့် သြဝါဒဆိုင်ရာနှင့် အပေါ်ယံဆန်သော စကားများကိုသာ ပြောပါက သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်ပေ၊ ထို့အပြင် သင်၌ ရိုးသားသူတစ်ဦး ဖြစ်နိုင်စွမ်း မရှိပေ။ ဥပမာအားဖြင့် နှစ်အချို့ကြာ အတူနေထိုင်ခဲ့စဉ်တွင်၊ ခင်ပွန်းတစ်ဦးနှင့် ဇနီးတစ်ခုတို့သည် ရံဖန်ရံခါ စတင်စကားများ ရန်ဖြစ်ကြလျက်၊ အချင်းချင်း နေသားကျဖို့ ကြိုးစားကြသည်။ သို့ရာတွင် သင်တို့နှစ်ဦးလုံးသည် သာမန်လူ့သဘာဝ ရှိပါက၊ သင်သည် သူ့ကို အစဉ် စိတ်နှလုံးထဲမှ စကားပြောမည်ဖြစ်ပြီး သူကလည်း သင့်ကို ထိုသို့စကားပြောပေမည်။ အသက်တာ၌ သင် ကြုံတွေ့ရသည့် မည်သည့်အခက်အခဲများကိုမဆို၊ သင်၏ အလုပ်၌ ပေါ်ပေါက်သည့် မည်သည့်ပြဿနာများကိုမဆို၊ သင်စိတ်ထဲ၌တွေးနေသည့် မည်သည့်အရာကိုမဆို၊ အမှုအရာများကို ဖြေရှင်းဖို့ သင်မည်သို့ စီစဉ်နေပါစေ၊ သင်၏သားသမီးများအတွက် သင်၌ မည်သည့် အကြံဉာဏ်များနှင့် အစီအစဉ်များ ရှိနိုင်ပါစေ- သင်သည် သင်၏လက်တွဲဖော်ကို အရာအားလုံးကို ပြောပြလိမ့်မည်။ ထိုသို့ဖြင့် သင်တို့နှစ်ဦးသည် အချင်းချင်း အထူးတလည် နီးစပ်ပြီး ရင်းနှီးနေမည် မဟုတ်လော။ သူသည် သူ၏အတွင်းကျကျ အတွေးအခေါ်များကို သင့်ကို မည်သည့်အခါမျှ မပြောဘဲ၊ အိမ်သို့ လစာ ယူဆောင်လာခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်ပါက၊ ပြီးလျှင် သင်က သူ့အား သင်၏အတွေးအခေါ်များကို မည်သည့်အခါမျှ မပြောဘဲ၊ သူ့ကို မည်သည့်အခါမျှ ယုံကြည်စွာ ရင်ဖွင့်မပြောပြပါက၊ သင်တို့နှစ်ဦးကြားတွင် စိတ်ခံစားချက်ဆိုင်ရာ ကွာဟချက် တစ်ခု ရှိနေသည်မဟုတ်လော။ သင်တို့သည် အချင်းချင်း၏ အတွေးအခေါ်များနှင့် ရည်ရွယ်ချက်များကို နားမလည်ကြသည့်အတွက် ကွာဟချက် ရှိနေသည်မှာ သေချာသည်။ အဆုံး၌ သင်၏လက်တွဲဖော်သည် မည်သည့် လူမျိုးဖြစ်သည်ကို သင်မသိမြင်နိုင်သကဲ့သို့၊ သူကလည်း သင်မည်သည့်လူမျိုးဖြစ်သည်ကို မသိမြင်နိုင်ပေ။ သင်သည် သူ၏လိုအပ်ချက်များကို နားမလည်သကဲ့သို့၊ သူကလည်း သင်၏လိုအပ်ချက်များကို နားမလည်ပေ။ လူများ၌ နှုတ်ဖြင့်ဖြစ်စေ၊ ဝိညာဉ်ရေးရာဖြင့်ဖြစ်စေ ဆွေးနွေးပြောဆိုခြင်း မရှိပါက၊ ၎င်းတို့ကြားတွင် ရင်းနှီးမှုရဖို့ ဖြစ်နိုင်ချေ မရှိပေ၊ ပြီးလျှင် ၎င်းတို့သည် အချင်းအချင်းအတွက် မထောက်ပံ့နိုင်သကဲ့သို့ မကူညီနိုင်ပေ။ သင်တို့သည် ဤသည်ကို ယခင်က တွေ့ကြုံပြီးဖြစ်သည်၊ မဟုတ်လော။ သင်၏ မိတ်ဆွေက သူတွေးနေသည့်အရာအားလုံးနှင့် သူခံစားနေရသည့် မည်သည့်အရာမဆို သို့မဟုတ် သူသိုထားသည့် မည်သည့်ပျော်ရွှင်မှုကိုမဆို သင့်အား ဖွင့်ဟလျက်၊ သင့်အား အရာအားလုံးကို ယုံကြည်စွာ ရင်ဖွင့်ပြောပြပါက၊ သင်သည် အထူးသဖြင့် သူနှင့်ရင်းနှီးသည်ဟု မခံစားရသလော။ ဤအရာများကိုသင့်အား သူပြောဖို့ လိုလားနေသည့်အကြောင်းအရင်းမှာ သင်က သူ့ကိုလည်း သင်၏အတွင်းအကျဆုံး အတွေးများကို ယုံကြည်စွာ ပြောပြထားပြီးဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် အထူးသဖြင့် ရင်းနှီးပြီး ယင်းက သင်သည် အချင်းချင်း သင့်မြတ်ပြီး အချင်းချင်း ကူညီနိုင်သောကြောင့် ဖြစ်သည်။ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများအကြား ဤမိတ်သဟာယဖွဲ့ခြင်းမျိုးနှင့် အပြန်အလှန်ပြုခြင်း မရှိလျှင် ညီအစ်ကိုမောင်နှမများအကြားတွင် သဟဇာတဖြစ်ခြင်း မည်သည့်အခါမျှ ရှိလိမ့်မည်မဟုတ်ပေ။ ဤအရာမှာ ရိုးသားခြင်း၏လိုအပ်ချက်များထဲမှ လိုအပ်ချက်တစ်ခုဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

အမှန်တရားကို ပြောဆိုသည့်လူများ၊ သင်၏ဂုဏ်ဒြပ်ကို ပဓာနမထားဘဲ သင်ခံထိုက်သည့်အချိန်တွင် သင့်ကို ပြစ်တင်မောင်းမဲပြီး ဖော်ထုတ်သူများ၊ မည်သို့ဖော်ထုတ်ပြီး ပြစ်တင်မောင်းမဲပါစေ သင့်ကို ကူညီပြီး စောင့်ကြည့်နိုင်သူများထံသို့ သင်ချဉ်းကပ်ရမည်။ ထိုသို့သော လူများထံသို့ သင်ချဉ်းကပ်ရမည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသည့် တော်ဖြောင့်သောလူများ ဖြစ်ကြ၏။ စိတ်မချရသော လှည့်စားတတ်သည့် လူများ၏ အဖော်ပြုခြင်းကို မရှာဖွေနှင့်။ ထိုသို့သော လူများထံမှ ဝေးဝေးတွင်နေလော့။ ဤသည်မှာ မှန်ကန်သည့် နည်းလမ်းဖြစ်သည်။ သမ္မာတရားကို လိုက်စားသည့် တော်ဖြောင့်သောသူများသည် သင်၏ ဂုဏ်ဒြပ်နှင့် ထောက်ပံ့ဖြည့်ဆည်းမှုများကို ဂရုမစိုက်ပေ။ သင်သည် ၎င်းတို့ကို အစားထိုးပစ်မည်ဟု ခြိမ်းခြောက်လျှင်ပင် ၎င်းတို့သည် ပွင့်လင်းစွာ စကားပြောဆဲဖြစ်ပြီး အခြေခံသဘောတရားအတိုင်း ပြုမူနေကြဆဲဖြစ်ကာ ဘုရားသခင်အိမ်တော်က လူများကို ဆက်ဆံသည့် အခြေခံသဘောတရားအတိုင်း သင့်ကို ဆက်ဆံလျက် ထိုသို့ အရဲစွန့်ဖို့ လိုလားကြသည်။ သင်၏လုပ်ရပ်များက အခြေခံသဘောတရားကို ချိုးဖောက်သည့်အခါ ဤလူများသည် သင့်ကို ဖော်ထုတ်၏၊ သင့်ကို အကြံဉာဏ်ပေး၏၊ သင့်ပြဿနာများကို ပွင့်ပွင့်လင်းလင်းနှင့် မခြွင်းမချန် ထောက်ပြကြ၏။ ၎င်းတို့သည် သင်၏မာန ထိခိုက်သွားမည်ကို မစိုးရိမ်ကြဘဲ သင့်ကို လူအုပ်ရှေ့တွင်ပင် အရှက်ရစေလျက် ချောင်ပိတ်ဖမ်းကြလိမ့်မည်။ ထိုသို့သောလူများကို သင်မည်သို့ ဆက်ဆံသင့်သနည်း။ ၎င်းတို့ကို ထိထိရောက်ရောက် နှိမ်နှင်းသင့်သလော၊ သို့မဟုတ် ၎င်းတို့နှင့် နီးကပ် ကျွမ်းဝင်အောင် လုပ်သင့်သလော။ (နီးကပ်ကျွမ်းဝင်အောင် လုပ်သင့်ပါသည်။) မှန်ပေ၏၊ သို့သော်လည်း တကူးတက ထိုသို့မလုပ်လေနှင့်— ယင်းသည် စိတ်ရင်းအတိုင်း သိပ်မဟုတ်ရာ ကျနေသည်။ သင်သည် စိတ်တိုစိတ်ရှုပ်နေသည့် အချိန်တွင် ၎င်းတို့ထံမှ ခဏတာ ခပ်ဝေးဝေးနေသည်မှာ ကောင်း၏။ ၎င်းတို့နှင့် သွားပြီး မိတ်သဟာယပြုဖို့ သင်နားလည်လာသည်အထိ စောင့်လော့။ “သင်၏ အကြံပြုချက်သည် မှန်ကန်ပါသည်။ ကျွန်ုပ်၏စိတ်နှလုံးထဲတွင် ဝင့်ဝါမှု ရှိခဲ့ပြီး ဂုဏ်ဒြပ်အတွက် စိုးရိမ်ပူပန်မှု ရှိခဲ့ပါ၏။ ဤနှစ်များတစ်လျှောက်လုံးတွင် ကျွန်ုပ်သည် ခေါင်းဆောင် တစ်ယောက် ဖြစ်နေသည့်အတွက် ထိုလူများအားလုံးရှေ့တွင် သင့်အနေဖြင့် ကျွန်ုပ်၏မာနကို ထိခိုက်စေမည့်ကိစ္စများကို ရှောင်ရှားသင့်သည်ဟု ကျွန်ုပ်တွေးခဲ့၏၊ သို့သော်လည်း ယခုမူ ကျွန်ုပ်၏ လုပ်ဆောင်ချက်များသည် အခြေခံသဘောတရားနှင့် အမှန်တကယ် မကိုက်ညီဘဲ သမ္မာတရား မရှိသည်ကို ကျွန်ုပ်မြင်ရပါပြီ၊ ကျွန်ုပ်သည် ယင်းတို့ကို မလုပ်ဆောင်ခဲ့သင့်ပါ။ ထိုသို့သော ဂုဏ်ဒြပ်ရှိလျှင်ရော ဘာထူးပါသနည်း။ ယင်းသည် တာဝန်ပင်ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်တို့အားလုံးသည် တန်းတူညီမျှသာ ဖြစ်ကြ၏။ ကျွန်ုပ်သည် သင့်ထက် အနည်းငယ် တာဝန်ပိုရှိရုံသာ ဖြစ်သည်၊ ထို့ထက်မပိုပါ။ နောင်တွင် သင်ပြောရမည့်အရာကို ပြောသာပြောလော့။ ကျွန်ုပ်တို့ ကြားတွင် မည်သည့်နာကြည်းချက်မျှ မရှိပါ။ ဘုရားသခင်၏ အိမ်တော်တွင်၊ ဘုရားသခင်ရှေ့မှောက်တွင်၊ သမ္မာတရား၏ ရှေ့တွင် ကျွန်ုပ်တို့သည် စည်းလုံးကြပြီး ကျွန်ုပ်တို့ကြားတွင် မည်သည့်အရာမျှ မရှိပါ။” ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ချစ်ခြင်း သဘောထားဖြစ်သည်။ သင်သည် အန္တိခရစ်များ၏လမ်းကြောင်းကို ရှောင်ဖို့ ဆန္ဒရှိပါက မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သမ္မာတရားကို ချစ်သည့် တော်ဖြောင့်သော လူများထံ တက်ကြွစွာ ချဉ်းကပ်သင့်သည်။ သင့်ကို အကြံဉာဏ်ပေးနိုင်သည့် လူများ၊ သင့်ကို တိုက်ရိုက် ဝေဖန်အကဲဖြတ်မည့်သူများ၊ မျက်နှာချို မသွေးသူများ၊ အမှားတစ်စုံတစ်ခုကို သင်လုပ်ဆောင်သည့်အခါနှင့် သင့်ကိုယ်သင် ချီးမြှောက်ပြီး သက်သေခံကာ အခြားသူများကို လှည့်စားဖို့ သင်ကြိုးစားသည့်အခါ ထောက်ပြသည့် သူများထံသို့ ချဉ်းကပ်လော့။ ဤသည်မှာ မှန်ကန်သည့်လမ်းကြောင်းဖြစ်၏။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်” မှ

မည်သည့်အုပ်စုတွင်ရှိပါစေ သင်သည် လူများကြားတွင် တည်ရှိသည့် မစ္ဆရိယစိတ်ပွားခြင်း၊ အငြင်းပွားခြင်း၊ သရော်ခြင်းနှင့် သေးသိမ်စေခြင်းတို့ကို အောင်မြင်ကျော်လွှားနိုင်ပြီး အချင်းချင်း ဆက်ဆံကြရာတွင် လူတို့အသုံးပြုလေ့ရှိသည့် နာကျင်စေမှုအမျိုးမျိုးနှင့် နည်းနိဿယအမျိုးမျိုးတို့ကို အောင်မြင်ကျော်လွှားနိုင်ပါက၊ သင်သည် ယင်းတို့ကို သတိပြုမိနိုင်ပြီး ဤအရာများ၏ အုပ်စိုးခြင်းကို မခံရဘဲ၊ သွေးဆူလွယ်မှု၊ သဘာဝကျမှု၊ သို့မဟုတ် စာတန်ဆန်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ပြန်မကျင့်သုံးဘဲ ယင်းတို့ကို မှန်ကန်စွာ ချဉ်းကပ်နိုင်ပါက အခြားလူများနှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်လာပြီး အားလုံးခြုံကြည့်လျှင် သင်သည် အခြားသူများနှင့် သဟဇာတဖြစ်စွာ သင့်မြတ်နိုင်လိမ့်မည် ဖြစ်သည်။ သင်သည် သာမန်လူတစ်ဦးနှင့် သဟဇာတဖြစ်စွာ သင့်မြတ်နိုင်ပြီး အခြားလူများနှင့် ရှိနေစဉ် မည်သည့်လူ၊ အဖြစ်အပျက်၊ သို့မဟုတ် အမှုအရာတို့အားဖြင့်မျှ ထိန်းချုပ်ခြင်းကိုဖြစ်စေ၊ နှောင့်ယှက်ခြင်းကိုဖြစ်စေ မခံရပါက သင်၏အနေအထားသည် ပုံမှန်ဖြစ်ပြီး သင်သည် ဘုရားသခင်၏ရှေ့မှောက်တွင် အသက်ရှင်လိမ့်မည်။ လူများရှိသည့် မည်သည့်နေရာ၌မဆို အငြင်းပွားမှုများ ရှိကြမည်ပင် ဖြစ်သည်။ အငြင်းပွားမှုများရှိသည့်အခါ သင်သည် သမ္မာတရားနှင့်အညီ အသက်မရှင်ပါက ယင်းတို့၏ ဆွဲဆောင်ခြင်းကို သင်ခံရလိမ့်မည်။ အငြင်းပွားမှုများတွင် မည်သည့်အရာများ ပါဝင်သနည်း။ သဘောထားကွဲလွဲခြင်း၊ မစ္ဆရိယစိတ်ပွားခြင်း၊ မုန်းတီးခြင်း၊ အထင်သေးခြင်း၊ ယှဉ်ပြိုင်ခြင်း၊ အချင်းချင်း ပြစ်တင်ဝေဖန်ခြင်း၊ မြင့်မားသော ရာထူးများအတွက် အချင်းချင်း ယှဉ်ပြိုင်တုပခြင်း၊ အထုံပါရမီများ၊ စွမ်းဆောင်ရည်များ၊ ပုံပန်းသဏ္ဌာန်များအပြင် အလှအပ၊ အစွမ်းအစ၊ ဂုဏ်ဒြပ်၊ ဂုဏ်သတင်း၊ အခန်းကဏ္ဍများကို နှိုင်းယှဉ်ကြခြင်း၊ မည်သူ့စကားက ဩဇာသက်ရောက်မှုပိုရှိသည်၊ မည်သူက ပို၍အသုံးဝင်သည်နှင့် မည်သူက ပို၍ စိတ်ဓာတ်ကြံ့ခိုင်သည်ကို နှိုင်းယှဉ်ကြခြင်းတို့ဖြစ်သည်။ သင်သည် ဤအရာများ၌ အခြားသူများနှင့် သင့်ကိုယ်သင် နှိုင်းယှဉ်ခြင်း၊ ဤအငြင်းပွားမှုများတွင် ပါဝင်ပတ်သက်ခြင်း၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာကို မရှင်သန်နိုင်ခြင်းနှင့် ဘုရားသခင်ရှေ့မှောက်တွင် ပုံမှန် ငြိမ်းချမ်းမှု မရှိနိုင်ခြင်းတို့ဖြင့် တစ်နေ့လုံးကုန်ဆုံးလေသည်။ သင်၏ စိတ်နှလုံးထဲတွင် သင်သည် ဤအငြင်းပွားခြင်းများ၊ ခိုက်ရန်ဖြစ်ခြင်းများနှင့် စကားများခြင်းများဖြင့် မကြာခဏ ရှုပ်ထွေးပတ်သက်နေသည်၊ ယင်းက သင်တစ်ယောက်တည်းကိုသာ ထိခိုက်စေမည် မဟုတ်ဘဲ သူတစ်ပါးကိုလည်း ထိခိုက်စေသောကြောင့် သင်သည် ဘုရားသခင်ရှေ့မှောက်သို့ မည်သည့်အခါမျှ လာနိုင်လိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ယောက်က သင့်ကို ရက်စက်သောအရာ တစ်စုံတစ်ခု ပြောသည့်အခါ သင်သည် အပျက်သဘောဆောင်လာမည်။ တစ်စုံတစ်ဦးက သင့်ထက် အထုံပါရမီ ပို၍ရှိသည့်အခါ၊ သင့်ထက် သာ၍မြင့်မားသော အစွမ်းအစ ရှိသည့်အခါ၊ ပြီးလျှင် သင့်ထက် သာ၍ ဇဝနဉာဏ် ရှိသည့်အခါ သင်သည် ကသိကအောက်နိုင်ပြီး ၎င်းတို့နှင့် ယှဉ်ပြိုင်ဖို့ ဆန္ဒရှိသည်။ ဤအခြေအနေများထဲ၌ ရုန်းမထွက်သာအောင် အစဉ် ပိတ်မိနေသည်မှာ သနားစရာကောင်းသော ခြေကုန်လက်ပန်း ကျပြီး စိတ်မချမ်းမြေ့စရာ ရှင်သန်နည်းပေတကား။ ဤသည်က ဝိညာဉ်ရေးရာ အသက်တာကို ဝင်ရောက်စွက်ဖက်ခြင်း မရှိလေသလော။ သင်သည် ဤသည်မှ ထွက်ပေါက်ကို ရှာမတွေ့ပါက သင်၏ အသက်တာသည် ဆုံးရှုံးမှုကို မကြာခဏ ခံစားရလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုအတွက် ပဓာနအကျဆုံး အခြေခံသဘောတရား” မှ

လူများက စာတန်၏ အလွန်နက်ရှိုင်းစွာ ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်ကာ ၎င်းတို့၌ သမ္မာတရားကို နားလည်သဘောပေါက်မှု တစ်စုံတစ်ရာမျှ မရှိကြသောကြောင့် လူအမျိုးမျိုးကို သည်းခံခြင်းအား လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပေသည်— ပြီးလျှင် နှစ်ပေါင်းများစွာ ငါသည်းခံထားခြင်းကြောင့် မည်သည့်အရာကို ငါဆုံးရှုံးနစ်နာခဲ့ရပြီး ဖြစ်သနည်း။ ငါသည် အရာအားလုံးကို သည်းခံသည်။ ငါသည် လူအားလုံးကို သည်းခံပြီး မည်သည့်အခါမျှ မကြမ်းတမ်းပေ။ ငါသည် စကားစမြည်ပြောခြင်းကို သိမ်မွေ့စွာ ဦးတည်ပေးရင်း၊ ၎င်းတို့ကို သတိမူမိစေရင်း၊ အမှုအရာများ၏ နောက်ကွယ်မှ အကြောင်းအရင်းကို ၎င်းတို့အား နားလည်သဘောပေါက်စေရင်း လူများနှင့် တိုင်ပင်ဆွေးနွေးပြီး မိတ်သဟာယပြုသည်၊ ၎င်းတို့အားလုံးအပေါ် ထိုသို့ ငါပြုမူသည်။ ငါမည်သည့်အရာကို ပြောသည်ဖြစ်စေ တစ်ခုမျှ အလုပ်မဖြစ်ပါက သူတို့ကို ငါလွှတ်ပေးလိုက်သည်။ အခြားသူများက သင့်ကို အရေးမထားသည့်အခါတွင် သင်သည် အစော်ကားခံရပြီး ကြီးစွာသော သိက္ခာကျခြင်းအချို့ ခံရပြီးဖြစ်သည်ဟု ခံစားရသည်အထိ သင့်ကိုယ်သင် အလွန် အလေးမထားလေနှင့်။ ယင်းက အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ မည်သည့်အရာကို လုပ်ဆောင်ပါစေ ဘုရားသခင်ရှေ့မှောက်တွင် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စစ်ကြောခြင်းကို ခံရမည်။ သင်လုပ်ဆောင်သမျှသည် သူတစ်ပါးအတွက် အကျိုးဖြစ်ထွန်းရမည်။ သင်တို့အဖို့ ဤသည်မှာ အနည်းငယ် ခက်ခဲသော သတ်မှတ်ချက်တစ်ခု ဖြစ်ပုံရနိုင်သော်လည်း ယင်းမှာ လူများသည် ထိုလူ့သဘာဝနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ ကင်းမဲ့သောကြောင့် ဖြစ်သည်။ အားလုံးထက်ပို၍ ဘုရားသခင်ရှေ့မှောက်၌ အသက်ရှင်စဉ်တွင် ပုံမှန်အခြေအနေတစ်ခုအား မည်သို့ထိန်းသိမ်းထားရမည်ကို ဆင်ခြင်တွေးတောရမည်။ သဘာဝကျခြင်းနှင့် သွေးဆူလွယ်ခြင်းတို့ ပွင့်အန်ထွက်လာခါနီးဆဲဆဲ ဖြစ်သည့်အခါ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်၏ ရှေ့မှောက်သို့ အမြန်သွား၍ သူ၏နာမတော်ကို အော်ခေါ်လော့။ သင်သည် သူ၏နာမတော်ကို အော်ခေါ်သည့်အခါ သင်၏ဒေါသနှင့် မကျေမချမ်းဖြစ်ခြင်းတို့က ပြေပျောက်ပြီး ပျောက်ကွယ်သွားသည်ကို သင်ခံစားရလိမ့်မည်။ ယင်းတို့က မည်သည့်နေရာသို့ ရောက်သွားသနည်း။ သင်သည် သင်၏စိတ်ထဲမှ ထူးခြားသည့် အတွေးအခေါ်များနှင့် သဘောတရားများကို ရုတ်ခြည်းပင် အဘယ့်ကြောင့် ပြန်ပြောင်း သတိမရနိုင်ရသနည်း။ မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ဘုရားသခင်က သင့်ကို ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းပေးရင်း၊ သင်၏စိတ်နှလုံးကို နည်းနည်းချင်း နှစ်သိမ့်ပေးရင်း စာတန်ဆောင်ရွက်ခဲ့သည့် အမှုအရာများအပြင် လူတို့၏ စိတ်ထဲမှ ကျိုးကြောင်းပြချက်များနှင့် သွေးဆူလွယ်မှုများကို ဖယ်ရှားရှင်းလင်းလိုက်ခြင်းဖြစ်သည်၊ ထိုအခါ သင်က “ယခုတွင်ပင် ငါသည် အဘယ်သို့များ အလွန်စိတ်လိုက်မာန်ပါ ပြုမိခဲ့ရသနည်း။ ငါသည် အဘယ်သို့များ အလွန်မိုက်မဲမိခဲ့ရသနည်း။ အလွန် စဉ်းစားဉာဏ်မရှိ ဖြစ်ခဲ့ရသနည်း။ မည်သည့်အရာများ အရေးပါသနည်း။ ငါသည် အလွန်စိတ်ဆိုးမိခဲ့၏— ဘုရားသခင်ကို ငါအော်ခေါ်သဖြင့် ငါ့ကို သူကူညီကာ ခွန်အားပေးခဲ့သည်မှာ ကောင်းသည့်အရာပင် ဖြစ်သည်။ ဘုရားသခင်သည် ငါ့နောက်ကျောမှ ငါ့ကို အမှန်တကယ် ပံ့ပိုးကူညီနေခဲ့သည်။ ငါ့ကို သူကွယ်ကာပြီး သူ့အပေါ် အပြစ် မကျူးလွန်မိစေရန် ငါ့ကို တားဆီးခဲ့သည်။ သူ၏ကျေးဇူးတော်ကို ငါအမှန်တကယ် ခံစား၍ ရနိုင်သည်” ဟု သင့်ကိုယ်သင် ပြောသည်။ ဘုရားသခင်၏သည်းခံခြင်း၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့က ကန့်သတ်ချက်မရှိပေ၊ ပြီးလျှင် လူများသည် ယင်းတို့ကို တောင်းလျှောက်ဖို့နှင့် လက်ခံရရှိဖို့ ဘုရားသခင် ရှေ့မှောက်သို့ လာရန် သင်ယူရမည်။ သင်၌ ယုံကြည်မှုနှင့် ရိုးသားမှု ရှိသမျှကာလပတ်လုံး ဘုရားသခင်က သင့်အား ဤအရာများကို ပေးလိမ့်မည်ဖြစ်ပြီး ယင်းတို့အားလုံးကို စွမ်းဆောင်ရရှိဖို့ သင့်ကို ကူညီလိမ့်မည်။ လူသားတစ်ယောက်သည် ထိုသို့သောအရာများကို မလုပ်ဆောင်နိုင်သော်လည်း ဘုရားသခင်က လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် မည်သည့်အရာမျှ မလုပ်ဆောင်မီ ယင်းသည် အမှန်တကယ် လိုအပ်ခြင်း ရှိမရှိကို သင်သည် ပထမဦးစွာ တွေးရမည်။ သင်သည် ယင်းကို သေချာမစဉ်းစားရသေးပါက သင်ငြိမ်းချမ်းနေဖို့ သေချာ လုပ်လော့။ သင်လုပ်ဆောင်သမျှ အရာများအားလုံး မတိုင်မီ၊ သင်၏ သွေးဆူလွယ်မှုက ပွင့်အံမထွက်လာမီ သင့်ကိုယ်သင် တည်ငြိမ်စေရမည်၊ ဘုရားသခင်၏ နာမတော်ကို အော်ခေါ်ရမည်၊ ပြီးလျှင် သင် လုပ်ဆောင်နေသည့် အရာသည် သူ၏အလိုတော်နှင့် ကိုက်ညီခြင်း ရှိမရှိကို တွေးရမည်။ သင်လုပ်ဆောင်နေသည့် အရာသည် ဘုရားသခင်အဖို့ စိတ်ကျေနပ်ဖွယ်ရာ မဟုတ်ပါက သင်၏ သွေးဆူလွယ်မှုကို နည်းနည်းချင်း ယဉ်ပါးစေဖို့ သင့်ကို သူကူညီလိမ့်မည် ဖြစ်ပြီး ဤအခြေအနေကို ဖြေရှင်းပေးလိမ့်မည်။ ဤသည်က သင့်အတွက် အကျိုးအဖြစ်ထွန်းမည်လော။ လူများသည် အတူတကွ ရှိကြသည့်အခါ အလွန်ပေကတ်ကတ်နိုင်ပါက ၎င်းတို့၏ အစောဆုံး ဆက်ဆံရေး အခြေအနေကို ပြန်ရောက်ဖို့ ၎င်းတို့အတွက် ခက်ခဲလိမ့်မည် ဖြစ်သည်၊ ထို့ကြောင့် သင်သည် ထွက်ပေါက် ရှာခါနီးသည့်အခါ၊ သဘာဝကျခြင်းနှင့် သွေးဆူလွယ်ခြင်းတို့က သင့်ထံမှ ပွင့်အန်ထွက်ခါနီး ဖြစ်သည့်အခါ၊ ပြီးလျှင် ဤသဘာဝကျခြင်းနှင့် သွေးဆူလွယ်ခြင်းတို့က အခြားသူများကို ထိခိုက်စေတတ်သည့်အခါ သင်သည် ခဏတာ စဉ်းစားပြီး ဘုရားသခင်ထံ သာ၍ မပျက်မကွက် ဆုတောင်းပါက ပိုကောင်းလိမ့်မည်။ အသင်းတော်မှ ညီအစ်ကို မောင်နှမများ၊ သို့မဟုတ် သင့်မိသားစုဝင်များ— သင်သည် ၎င်းတို့အားလုံးနှင့် သင့်မြတ်ဖို့ လိုအပ်သည်။ ဤသည်မှာ အနည်းဆုံး လိုအပ်ချက် ဖြစ်၏။ တစ်စုံတစ်ဦးသည် ဤဆက်ဆံရေးများကို ဖြေရှင်းပြီးသည့်အခါ သူ၏ဝိညာဉ်ရင့်သန်မှုသည် ရင့်ကျက်လာပြီး ဖြစ်လိမ့်မည်ဖြစ်သည့်အပြင် သူသည် လုပ်ငန်းဆောင်တာများကို အမှန်တကယ် လက်ခံဆောင်ရွက်နိုင်စွမ်း ရှိပြီး တာဝန်ယူနိုင်စွမ်း ရှိလာလိမ့်မည်၊ ပြီးလျှင် သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံနိုင်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုအတွက် ပဓာနအကျဆုံး အခြေခံသဘောတရား” မှ

လက်ရှိတွင် လူများစွာတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် ကလေးဆန်ဆဲဖြစ်ပြီး ၎င်းတို့သည် ၎င်းတို့အနီးတစ်ဝိုက်မှ အငြင်းပွားမှုများကို ဖယ်ရှားနိုင်စွမ်းမရှိ ဖြစ်ကြသည်။ ၎င်းတို့သည် မကြခဏ ပိတ်မိနေသည်မှာ ၎င်းတို့သည် အသားကြိတ်စက်ထဲတွင် အကြိတ်ခံနေရပြီး ယင်း၏ မွှေနှောက်မှုက ၎င်းတို့ကို တစ်စစီစုတ်ဖြဲကာ စုတ်ပြတ်သတ်သွားစေသည့်အလား ဖြစ်၏— အဆုံး၌ ဘုရားသခင်၏ အိမ်တော်က သင့်အား ထိုထိုသော အလုပ်တစ်ခုကို လုပ်ဆောင်ဖို့နှင့် သင်၏တာဝန်ကို ထမ်းဆောင်ဖို့ တာဝန်ပေးစေခိုင်းသည့်အခါ သင်သည် ယင်းကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း မရှိတော့ပေ။ ယင်းက သင် မလုပ်ဆောင်လို၍ မဟုတ်၊ ထို့ပြင် သင်သည် သန္နိဋ္ဌာန်မချရသေးသည့်အတွက်၊ သို့မဟုတ် သင်သည် မဆုံးဖြတ်ရသေးသည့်အတွက်၊ သို့မဟုတ် သင်၌ ခိုင်မာသော ထင်မြင်ယူဆချက် မရှိသည့်အတွက် မဟုတ်၊ သင်၌ စွမ်းရည် ကင်းမဲ့သည့်အတွက် သာ၍ မဟုတ်ပေ။ ထိုအစား ယင်းက သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန်နုနယ်ပြီး သင်သည် သင့်အနီးတစ်ဝိုက်ရှိ ရှုပ်ထွေးနက်နဲသော လူများ၊ အရေးကိစ္စများနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိသောကြောင့် ဖြစ်ပေသည်၊ ယင်းက သင့်ကို ဝင်ရောက်စွက်ဖက်ခြင်း အတိုင်းအတာ အမျိုးမျိုး ဖြစ်စေပြီး ထိုအလုပ်ကို တာဝန်ယူခြင်းမှ၊ ပြီးလျှင် သင့်အား တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းနှင့် သင်၏တာဝန်နှင့် သက်ဆိုင်သည့် အလုပ်ကို ပြီးစီးခြင်းတို့မှ တားဆီးလေသည်။ နောက်ဆုံးတွင် သင်သည် ကြွယ်ဝခြင်း၊ သို့မဟုတ် ကြည်နူးဖွယ် အချစ်ရေး၏ စုံစမ်းသွေးဆောင်မှုများတွင် မနှစ်မြှုပ်နေပါက အခြားအမျိုးမျိုးသော ရှုပ်ထွေးသည့် လူလူချင်း ဆက်ဆံမှုဆိုင်ရာ ဆက်ဆံရေးများတွင် နှစ်မြှုပ်နေလိမ့်မည် ဖြစ်ပြီး အငြင်းပွားမှုများတွင် ပါဝင်ပတ်သက်နေလိမ့်မည်၊ သို့မဟုတ် သင်သည် အချို့သော အမှုအရာများအား မည်သို့လုပ်ဆောင်ရမည်ကို မသိနားမလည်ဖြစ်ပြီး လုံးဝ ရပ်တန့်သွားလိမ့်မည်၊ သို့မဟုတ် သင်သည် အချို့သော အရေးကိစ္စများတွင် ငြိတွယ်ရင်း အပျက်သဘောဆောင်ခြင်းတွင် ပိတ်မိကာ ရှေ့ဆက်နိုင်စွမ်း မရှိဘဲ ဖြစ်လိမ့်မည်။ သင်၏သန္နိဋ္ဌာန်၊ စိတ်ပိုင်းဖြတ်ချက်၊ ယုံကြည်မှုနှင့် လုံ့လဝီရိယတို့သည် အဘယ်သို့ ရောက်သွားပြီးဖြစ်လိမ့်မည်နည်း။ ထိုသို့သော အရေးကိစ္စများကို ရင်ဆိုင်ရသည့်အခါ သင်၏ယုံကြည်မှု၊ စိတ်ပိုင်းဖြတ်ချက်နှင့် သန္နိဋ္ဌာန်တို့သည် အနည်းငယ်မျှ ထည့်ပြောဖို့ရန်ပင် ထိုက်တန်ခြင်း ရှိလိမ့်မည် မဟုတ်ဘဲ ထိုးနှက်ခံရလျှင်ခံရချင်းပင် ကျရှုံးလိမ့်မည်။ ထို့ကြောင့် သင်၌ ကောင်းမွန်ပြီး အပြုသဘောဆောင်သည့် မျှော်လင့်ချက်တစ်ခုနှင့် ဆန္ဒတစ်ခုရှိကာ သင်၏ဆန္ဒ ဖြစ်မြောက်ရန် သင့်ကို ဘုရားသခင်ကူညီပေးဖို့ဟူသည့် မျှော်လင့်ချက်ဖြင့် ဘုရားသခင်ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခြင်းပြုပါက သင်၌ မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်မှာ အငြင်းပွားမှုများအပြင် သင့်အနီးတစ်ဝိုက်ရှိ လူများ၊ အရေးကိစ္စများနှင့် အမှုအရာများကို ကိုင်တွယ်နိုင်ဖို့ လုံလောက်သည့် ဝိညာဉ်ရင့်ကျက်မှုနှင့် သမ္မာတရားတို့ကို သင်ပိုင်ဆိုင်ထားရမည်ဟူသည့်အချက် ဖြစ်သည်။ သင့်အနီးတစ်ဝိုက်တွင် မည်သည့်အရာ ဖြစ်ပျက်နေပါစေ၊ ပြီးလျှင် လူများ၊ အရေးကိစ္စများနှင့် အမှုအရာများ၊ သို့မဟုတ် သင်အသက်ရှင်သည့် ပတ်ဝန်းကျင်တို့နှင့်သက်ဆိုင်သည့် သင်၏ ဆက်စပ်တွေးတောရမည့် အခြေအနေက မည်သို့ရှိပါစေ သင်သည် သင်၏တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နိုင်စွမ်း ရှိသည့်အခါ၊ ဤအရာများကို သမ္မာတရားဖြင့် ရင်ဆိုင်နိုင်စွမ်း ရှိသည့်အခါ၊ သမ္မာတရား အခြေခံသဘောတရားအတိုင်း လိုက်နာနိုင်စွမ်း ရှိသည့်အခါ၊ ပြီးလျှင် ဤအရာများကြောင့် ဒူးထောက်အညံ့ခံရခြင်း၊ စိတ်ထိခိုက်ရခြင်း၊ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်ရခြင်းတို့ မရှိသည့်အခါ— ယင်းမှာ သင်သည် လမ်းကြောင်းတစ်လျှောက် ရှေ့ဆက် လျှောက်နိုင်မည့်အချိန် ဖြစ်သည်။ ထိုအခါမှသာ သင်၏ ဝိညာဉ်ရင့်ကျက်မှုနှင့် သမ္မာတရားအတွင်း သင်၏ ဝင်ရောက်မှုတို့သည် နောက်တစ်ဆင့်သို့ တက်မည် ဖြစ်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုအတွက် ပဓာနအကျဆုံး အခြေခံသဘောတရား” မှ

အရှေ့သို့- ၁၂၃) ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ဉာဏ်ပညာနှင့်ယှဉ်သော ပြုမူခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၂၅) မိမိ၏ နှလုံးသားကို အခြားသူများသို့ ဖွင့်ပြခြင်း၏ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်