၂၇) ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်ခြင်း၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံပြီး ယင်းတို့ကို သိရှိလာဖို့ လိုအပ်ပေသည်။ ထိုသို့လုပ်ဆောင်ရန်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တကယ့်ဘဝတွင် မည်သို့ အသုံးပြုရမည်ဆိုသည်နှင့် ယင်းတို့အားဖြင့် မည်သို့ အသက်ရှင်ရမည်ဆိုသည်တို့ကို သိရှိရန် ဖြစ်သည်။

(၂) ပြဿနာအားလုံးတွင် သမ္မာတရားကို ရှာဖွေဖို့ လိုအပ်သည်။ တစ်ဦးတစ်ယောက်သည် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုသည့်အခါ၊ ၎င်းသည် လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်ဖို့ လမ်းကြောင်းတစ်ခု ရှပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သွေဖည်ကြလိမ့်မည် မဟုတ်ပေ။

(၃) လူများနှင့် အမှုအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ ရှုမြင်ဖို့နှင့် သမ္မာတရားကို နားလည်လာကာ အခြေခံသဘောတရားဖြင့် ပြုမူဖို့ လိုအပ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တကယ့်အသက်တာထဲသို့ ဆောင်ကြဉ်းပေသည်။

(၄) စမ်းသပ်မှုများနှင့် အတိဒုက္ခများအလယ်တွင်၊ ဘုရားသခင်ထံ စဉ်ဆက်မပြတ် ဆုတောင်းပြီး သူ့ကို စောင့်ဆိုင်းရမည်။ သူ၏ နှုတ်ကပတ်တော်များ၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြမှုတို့ဖြင့်၊ လိုက်လျောက်ဖို့ လမ်းကြောင်းတစ်ခု ရှိပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

သမ္မာတရားကို လူတို့ နားလည်ကြပြီး ယင်းကို ၎င်းတို့၏ အသက်ကဲ့သို့ အသက်ရှင်ကြသည့်အခါ၊ ဤအရာက မည်သည့်အသက်ကို ရည်ညွှန်းသနည်း။ ယင်းမှာ ၎င်းတို့ အသက်ရှင်ပုံကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ အခြေခံနိုင်စွမ်းကို ရည်ညွှန်းပေသည်။ ယင်းမှာ ၎င်းတို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ စစ်မှန်သောအသိပညာနှင့် သမ္မာတရားနှင့်ပတ်သက်၍ စစ်မှန်သော သိနားလည်မှုတစ်ခု ရှိကြသည်ကို ဆိုလိုပေသည်။ လူတို့သည် ဤအသစ်သောအသက်ကို ၎င်းတို့အတွင်းတွင် ပိုင်ဆိုင်ကြသည့်အခါ၊ ၎င်းတို့ အသက်ရှင်ပုံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်သမ္မာတရား၏ အခြေခံအုတ်မြစ်တစ်ခုအပေါ် ထူထောင်ထားကာ၊ ၎င်းတို့သည် သမ္မာတရား၏လောကအတွင်း အသက်ရှင်နေကြပေသည်။ လူတို့၏အသက်တာမှာ သမ္မာတရားကို သိလာခြင်းနှင့် တွေ့ကြုံခြင်း အကြောင်းသာဖြစ်ပြီး၊ ဤအရာအား ယင်း၏ အခြေခံအုတ်မြစ်အနေဖြင့် ထားရှိလျက် ထိုနယ်ပယ်ကို မကျော်လွန်ခြင်း ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအသက်ကို ရရှိခြင်းအကြောင်း ပြောဆိုနေချိန်တွင် ရည်ညွှန်းနေသည့် အသက် ဖြစ်သည်။ သင့်အတွက် သမ္မာတရားကို သင်၏ အသက်အဖြစ် အသက်ရှင်ဖို့မှာ၊ သမ္မာတရား၏အသက်က သင်၏အတွင်း၌ ရှိသည် မဟုတ်သကဲ့သို့၊ သမ္မာတရားကို သင်၏ အသက်အဖြစ် သင် ပိုင်ဆိုင်ပါက၊ သင်သည် သမ္မာတရား ဖြစ်လာပြီး သင်၏ အတွင်း အသက်က သမ္မာတရား၏အသက် ဖြစ်လာခြင်း မဟုတ်ပေ။ သင်သည် သမ္မာတရား အသက်ဖြစ်သည်ဟု သာ၍ပင် မဆိုနိုင်ပေ။ နောက်ဆုံးတွင်၊ သင်၏ အသက်သည် လူသားတစ်ဦး၏ အသက် ဖြစ်နေဆဲ ဖြစ်သည်။ ယင်းမှာ လူသားတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်ကာ၊ သမ္မာတရားနှင့်ဆိုင်သည့် အသိပညာ ပိုင်ဆိုင်နိုင်ပြီး ယင်းကို ခြေခြေမြစ်မြစ် အတိုင်းအတာအထိ နားလည်နိုင်ခြင်းသာ ဖြစ်သည်။ ဤသိနားလည်မှုကို သင့်ထံမှ ယူဆောင်သွား၍ မရနိုင်ပေ။ သင်သည် ယင်းတို့က အလွန်ကောင်းမြတ်ပြီး တန်ဖိုးရှိသည်ဟု ခံစားလျက် ဤအရာများကို တွေ့ကြုံကာ အပြည့်အဝ နားလည်ပြီး၊ ယင်းတို့ကို သင်၏ အသက်အတွက် အခြေခံအကြောင်းရင်းအဖြစ် လက်ခံလာလေသည်။ ထို့အပြင်၊ သင်သည် ဤအရာများအပေါ် မှီခိုခြင်းဖြင့် အသက်ရှင်ပြီး၊ ယင်းကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ ထိုအခါ ဤသည်မှာ သင်၏ အသက်တာဖြစ်ပေသည်။ ဆိုလိုသည်မှာ သင်၏ အသက်တာ၌- သိနားလည်ခြင်း၊ အတွေ့အကြုံနှင့် သမ္မာတရားနှင့်ဆိုင်သည့် ထိုးထွင်းသိမြင်မှုများဖြစ်သည့်- ဤအရာများသာ ပါရှိပြီး၊ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သင် အသက်ရှင်သည့်ပုံကို ယင်းတို့အပေါ် သင် အခြေခံလိမ့်မည်ဖြစ်ပြီး၊ ဤနယ်ပယ် သို့မဟုတ် ဤနယ်နိမိတ်များကို သင် ကျော်လွန်လိမ့်မည် မဟုတ်။ ဤသည်မှာ သင်၌ ရှိလိမ့်မည် အသက်တာ အတိအကျ ဖြစ်သည်။ ဘုရားသခင်၏အမှု၏ အဆုံးစွန်သော ရည်မှန်းချက်မှာ လူတို့ ဤအသက်တာမျိုး ရှိဖို့အတွက် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။” မှ

ဘုရားသခင်သည် လူများကို သူ၏အသက်တာ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းဟူသမျှကို အခမဲ့ပေးအပ်ပြီဖြစ်သည်၊ သို့မှသာ ယင်းတို့ကို သူတို့ အသက်ရှင်နေထိုင်နိုင်မည်၊ သို့မှသာ သူတို့သည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းအပြင် သူတို့အပေါ် သူနှင်းအပ်သည့် သမ္မာတရားအား သူတို့၏ တကယ့်အသက်တာထဲ၌ သူတို့အသက်ရှင်နေထိုင်ရမည့် ဦးတည်ချက်နှင့် လမ်းကြောင်းအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်၊ သို့မှသာ ၎င်းတို့သည် ဤအသက်တာအားဖြင့် အသက်ရှင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားများအပေါ် သူ၏အသက်တာကို အခမဲ့ နှင်းအပ်ပြီဖြစ်ပြီး၊ ထို့သို့ ယင်းကို သူတို့၏အသက်တာ ဖြစ်စေသည်ဟု ကျွန်ုပ်တို့ ဆိုနိုင်မည်လော။ ထို့နောက် ဘုရားသခင်ထံမှ လူသားများ ရရှိပြီးဖြစ်သည့် အရာမှာ အဘယ်နည်း။ ဘုရားသခင်၏ မျှော်လင့်ချက်လော။ ဘုရားသခင်၏ ကတိတော်လော။ သို့မဟုတ် အဘယ်နည်း။ ဘုရားသခင်ထံမှ သူတို့ရရှိထားသည့်အရာမှာ အနှစ်သာရမဲ့သော စကားလုံးများမဟုတ်၊ ဘုရားသခင်၏ အသက်တာပင်တည်း။ လူသားများအပေါ် အသက်တာကို နှင်းအပ်ခြင်းအပြင် သင့်အတွက် သူထားရှိသည့် တစ်ခုတည်းသော တောင်းဆိုချက်မှာ ဘုရားသခင်၏ ဤအသက်တာကို သင် ရယူရန်၊ ယင်းကို သင်၏ ကိုယ်ပိုင်အသက်တာအဖြစ်သို့ ပြောင်းလဲရန်နှင့် ယင်းအတိုင်း အသက်ရှင်နေထိုင်ရန်အတွက်ပင် ဖြစ်သည်။ ဤအသက်တာအတိုင်း သင် အသက်ရှင်နေထိုင်သည်ကို ဘုရားသခင် မြင်တွေ့သောအခါ သူသည် ကျေနပ်မှုခံစားရသည်။ ဤသည်မှာ ဘုရားသခင်၏ တစ်ခုတည်းသော တောင်းဆိုချက်ပင် ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်ထံမှ လူတို့ရရှိသည့်အရာမှာ အဖိုးအနဂ္ဃထိုက်တန်ကာ၊ ဘုရားသခင်အနေဖြင့် လူ့လောကအပေါ် ဤအဖိုးအထိုက်တန်ဆုံးသော အရာများကို နှင်းအပ်နေသည့်အခါ၌ ဘုရားသခင်က အဘယ်အရာမျှ မရရှိပါပေ၊ အကြီးမားဆုံးသော အကျိုးခံစားရသူမှာ လူသားမျိုးနွယ်ပင်ဖြစ်သည်။ ဘုရားသခင်၏ အသက်တာကို သူတို့ကိုယ်ပိုင်အသက်တာအဖြစ် လက်ခံနေစဉ်၊ လူများသည် သမ္မာတရားကိုလည်း နားလည်လာသည်၊ လူဖြစ်ရခြင်း၏ အခြေခံသဘောတရားများကိုလည်း ရရှိလာသည်၊ လူဖြစ်ရန်လိုအပ်သည့် အရင်းအမြစ်များ ဖြစ်ထွန်းလာပြီးလျှင် လူဖြစ်ရန် သူတို့လျှောက်လှမ်းဖို့လိုသည့် ဦးတည်ချက်ကို ရရှိလာသည်။ သူတို့မှာ စာတန်၏ လှည့်စားခြင်းနှင့် ချည်နှောင်ခြင်းကို နောက်ထပ်မခံရတော့၊ ဆိုးယုတ်သောလူတို့၏ လှည့်စားခြင်းနှင့် အသုံးပြုခြင်းကို နောက်ထပ်မခံရတော့သည့်အပြင်၊ ဆိုးယုတ်သော ရေပန်းစားမှုများ၏ ဆိုးညစ်စေခြင်း၊ သို့မဟုတ် မြူဆွယ်ခြင်းတို့ကို နောက်ထပ် မခံရတော့ပေ။ လူသားတို့သည် ကောင်းကင်နှင့်မြေကြီးကြားတွင် လွတ်လပ်စွာ အသက်ရှင်ကြပြီး၊ သူတို့သည် လွတ်မြောက်စေခြင်း ခံရလေသည်။ သူတို့သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ စစ်မှန်စွာ အသက်ရှင်နေထိုင်နိုင်စွမ်း ရှိကြကာ၊ မည်သည့်ဆိုးယုတ်မှု သို့မဟုတ် အမှောင်စွမ်းအားတို့၏ အန္တရာယ်ကို နောက်ထပ်မခံစားရတော့ပေ။ တစ်နည်းအားဖြင့် သူတို့သည် ဤအသက်တာကို အသက်ရှင်နေထိုင်ကြစဉ်၊ မည်သည့်နာကျင်မှုကိုမျှ မတွေ့ကြုံရတော့ဘဲ၊ ထိုအစား ပျော်ရွှင်စွာနှင့် အခက်အခဲ မရှိတော့ဘဲ အသက်ရှင်ကြလေသည်၊ သူတို့သည် လွတ်လပ်စွာ အသက်ရှင်ကြကာ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိကြသည်။ သူတို့သည် ဘုရားသခင်ကို ပုန်ကန်ခြင်း သို့မဟုတ် သူ့ကို ဆန့်ကျင်ခြင်း နောက်ထပ်မပြုနိုင်ကြတော့ချေ၊ ထို့ထက် သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် စစ်မှန်စွာ အသက်ရှင်နိုင်ကြသည်။ သူတို့သည် အတွင်းအပြင် မှန်ကန်ပြီး သင့်လျော်သော အသက်တာကို အသက်ရှင်ကြကာ၊ စစ်မှန်သောလူသားများ ဖြစ်လာကြလေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အကြီးမားဆုံးသော အကျိုးခံစားရသူဖြစ်သည်” မှ

လူများ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့ သမ္မာတရားကို အသက်ရှင်နေထိုင်ဖို့အတွက်နှင့် ၎င်းတို့နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည့် သမ္မာတရားများကို ၎င်းတို့၏ အသက်တာဖြစ်စေဖို့တို့ ဖြစ်သည်။ ယင်းတို့ကို သင်၏အသက်တာဖြစ်စေဖို့ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ယင်းတို့သည် သင်၏လုပ်ရပ်များ၊ သင်၏အသက်တာ၊ သင်၏အပြုအမူနှင့် သင်၏တည်ရှိခြင်းတို့၏ အခြေခံအုတ်မြစ်နှင့် အရင်းအမြစ်ဖြစ်လာသည်ကို ဆိုလိုသည်- ယင်းတို့က သင်အသက်ရှင်သည့် လမ်းခရီးကို ပြောင်းလဲလိုက်သည်။ လူများသည် ယခင်က မည်သည့်အရာဖြင့် ရှင်သန်ခဲ့သနည်း။ ၎င်းတို့၌ ယုံကြည်မှု ရှိခဲ့သည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားတို့အားဖြင့် ရှင်သန်ခဲ့ခြင်း မရှိပေ။ ယင်းက ဖန်ဆင်းခံသတ္တဝါတစ်ဦး ရှင်သန်သင့်သည့် လမ်းခရီးတစ်ခု ဖြစ်သလော။ ဘုရားသခင်သည် လူသားထံမှ မည်သည့်အရာကို တောင်းဆိုသနည်း။ (လူများသည် သူ၏ နှုတ်ကပတ်တော်များဖြင့် ရှင်သန်ဖို့ဖြစ်သည်။) ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် ရှင်သန်ခြင်း- ဤသည်မှာ သူ့ကို အမှန်တကယ် ယုံကြည်သည့်လူများ ရှိသင့်သည့် ရည်မှန်းချက် ပန်းတိုင် ဖြစ်သည်။ ယင်းက ဖန်ဆင်းခံသတ္တဝါတစ်ဦး ရှင်သန်သင့်သည့် ပုံစံဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင်၊ ထိုသို့သော လူများသည် စစ်မှန်သည့် ဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြသည်။ ထို့ကြောင့် သင်သည် သင်၏မည်သည့်စကားများ၊ သင်၏မည်သည့်လုပ်ရပ်များနှင့် သင့်အပြုအမူ၏ မည်သည့်အခြေခံသဘောတရားများ၊ သင့်တည်ရှိမှု၏ ရည်မှန်းချက်များနှင့် သင့်ကိုယ်သင် ပြုမူသည့် မည်သည့်နည်းလမ်းများက ဘုရားသခင်နှင့် သဟဇာတဖြစ်သည်၊ မည်သည်က သင့်ကို ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ကိုက်ညီသည်၊ ပြီးလျှင် မည်သည်က ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သတ်မှတ်ချက်များနှင့် ဆက်နွှယ်မှု မရှိသည်တို့ကို သင်ပုံမှန် တွေးဆရမည်။ သင်သည် ဤအရာများကို မကြာခဏ ချင့်ချိန်စဉ်းစားပါက၊ ဝင်ရောက်မှုကို သင်ဖြည်းဖြည်းချင်း စွမ်းဆောင်ရရှိလိမ့်မည်။ ဤအရာများကို သင်မတွေးဆပါက၊ အပေါ်ယံ အားထုတ်ကြိုးပမ်းမှုများ လုပ်ဆောင်ခြင်းမျှသည် အောင်မြင်နိုင်မည် မဟုတ်ပေ။ ဟန်ဆောင်ခြင်း၊ စည်းမျဉ်းများ လိုက်နာခြင်းနှင့် ဟိတ်ဟန်ကိုသာ စိတ်ဝင်စားခြင်းတို့သည် နောက်ဆုံးတွင် သင့်ကို မည်သည့်အရာမျှ ဖြစ်စေမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၌ယုံကြည်မှုသည် အဘယ်နည်း။ ဘုရားသခင်၌ယုံကြည်မှုသည် အမှန်တကယ်တွင် စာတန်၏ဖျက်ဆီးခြင်းခံရသည့် လူသားတစ်ယောက်မှ ဘုရားသခင်၏အမြင်တွင် စစ်မှန်သော ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် ပြောင်းလဲခြင်း ဖြစ်စဉ် ဖြစ်ပေသည်။ တစ်စုံတစ်ယောက်သည် ယခုအခါတွင် အသက်ရှင်ရန်အတွက် စာတန်၏ စိတ်သဘောထားနှင့် သဘာဝတို့ကို မှီခိုသောအခါတွင် ၎င်းသည် ဘုရားသခင်က သူ၏အမြင်တွင် စိတ်ကျေနပ်သည့် ဖန်ဆင်းခံသက်ရှိဖြစ်သလော။ သင်က ဘုရားသခင်ကို ယုံကြည်သည်၊ ဘုရားသခင်ကို အသိအမှတ်ပြုသည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုပြီး ဘုရားသခင်က သင့်အား အရာရာ ပေးအပ်သည်ကို အသိအမှတ်ပြုသည်ဟု သင်ဆိုသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း သင်အသက်ရှင်နေထိုင်သလော။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ သင်နေထိုင်သလော။ ဘုရားသခင်၏လမ်းကို လိုက်လျှောက်သလော။ သင်ကဲ့သို့သော ဖန်ဆင်းခံတစ်ဦးသည် ဘုရားသခင်ရှေ့မှောက်သို့လာပြီး ဘုရားသခင်နှင့်အတူ အသက်ရှင်နိုင်သလော။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးရှိသလော။ သင်အသက်ရှင်နေထိုင်သည့်အရာနှင့် သင်လျှောက်သောလမ်းသည် ဘုရားသခင်နှင့် သဟဇာတဖြစ်သလော။ (မဖြစ်ပါ။) သို့ဆိုလျှင် ယခုအခါ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းအဓိပ္ပာယ်သည် အဘယ်နည်း။ မှန်ကန်သောလမ်းကြောင်းပေါ်သို့ သင်ဝင်ရောက်ပြီးပြီလော။ သင်၏ ဘုရားသခင်နောက်လိုက်ခြင်း၊ ဘုရားသခင်၏အမည်နာမကို သင်၏ ယုံကြည်ခြင်းနှင့် အသိအမှတ်ပြုခြင်း၊ ဘုရားသခင်အား သင်၏ ဖန်ဆင်းရှင်အဖြစ်၊ သင်၏ အုပ်စိုးရှင်ူအဖြစ် အသိအမှတ်ပြုခြင်းသည် လုပ်ရိုးလုပ်စဉ်တစ်ခုနှင့် ပါးစပ်ပြောမျှသာ ဖြစ်သည်။ သို့ရာတွင် သင်သည် အနှစ်သာရအားဖြင့် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုကို လက်မခံထားပေ။ ပြီးလျှင် သင်သည် ဘုရားသခင်နှင့် အလုံးစုံ သဟဇာတမဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းအဓိပ္ပာယ်သည် အလုံးစုံ အကောင်အထည်ဖော်ပြီးခြင်းမရှိပေ။ ဘုရားသခင်ကို သင်ယုံကြည်သော်လည်း သင်၏ ဖောက်ပြန်ပျက်စီးမှုကို သင်မဖယ်ရှားရသေးသကဲ့သို့ ကယ်တင်ခြင်းကို မရရှိထားပေ။ ပြီးလျှင် ဘုရားသခင်အား ယုံကြည်ခြင်း၏ လက်တွေ့ကျသောဘက်သို့ သင်မဝင်ရောက်ထားပေ။ ဤသို့ကြည့်သောအခါတွင် ဘုရားသခင်အပေါ် ယုံကြည်မှုသည် ရိုးရှင်းသောအရာတစ်ခုမဟုတ်ပေ။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

ဘုရားသခင်မိန့်ထားသည့် နှုတ်ကပတ်တော်များသည် အပြင်ပန်းအသွင်အပြင်တွင် ရိုးရှင်းသည်ဖြစ်စေ၊ နက်နဲသိမ်မွေ့သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များအားလုံးတို့သည် လူတစ်ယောက်အနေဖြင့် အသက်ထဲသို့ ဝင်ရောက်သည့်အခါတွင် သူ့အတွက် မရှိမဖြစ်သော သမ္မာတရားများ အားလုံးဖြစ်လေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားကို ဝိညာဉ်နှင့် ဇာတိခန္ဓာနှစ်ခုလုံးတွင် ရှင်သန်စေသည့် အသက်ရေများ၏ ရေသောက်မြစ်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များက အသက်ရှင်သန်နေဖို့ လူသားလိုအပ်သည့်အရာကို ထောက်ပံ့ပေးသည်။ လူသား၏နေ့စဉ်အသက်တာကို စီမံခန့်ခွဲခြင်းအတွက် အခြေခံသဘောတရားများနှင့် အယူဝါဒတို့ကို ထောက်ပံ့ပေးသည်။ ကယ်တင်ခြင်း ရရှိဖို့အလို့ငှာ သူလျှောက်ရမည့် လမ်းကြောင်းအပြင်၊ ယင်း၏ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို ထောက်ပံ့ပေးသည်။ ဘုရားသခင်ရှေ့တော်မှောက်တွင် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူပိုင်ဆိုင်သင့်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်ကို မည်သို့ကိုးကွယ်ပုံ၊ မည်သို့နာခံပုံတို့နှင့်ပတ်သက်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထိုနှုတ်ကပတ်တော်များသည် လူသား၏ရှင်သန်မှုကို သေချာစေသည့် အာမခံချက်ဖြစ်သည်၊ ထိုနှုတ်ကပတ်တော်များသည် လူသား၏ အသက်မွေးလောက်သော အစာဖြစ်သည်၊ ထို့ပြင် ထိုနှုတ်ကပတ်တော်များသည် လူသားကို သန်မာစေပြီး မတ်မတ်ရပ်နိုင်စေသည့် ကြံ့ကြံ့ခံသော ထောက်ပံ့မှုလည်း ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် ဖန်ဆင်းခံ လူသားမျိုးနွယ်တို့ သာမန်လူ့သဘာဝဖြင့် အသက်ရှင်နေထိုင်သည့် သမ္မာတရား လက်တွေ့အရှိတရားဖြင့် ကြွယ်ဝလေသည်။ ဖောက်ပြန်ပျက်စီးမှုမှ ရုန်းထွက်လွတ်မြောက်ဖို့နှင့် စာတန်၏ကျော့ကွင်းများကို ရှောင်တိမ်းဖို့ လူသားမျိုးနွယ်တို့ အသုံးပြုသည့် သမ္မာတရားဖြင့် ကြွယ်ဝသည်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်က ပေးသည့် မမောမပန်းသော အဆုံးအမ၊ တိုက်တွန်းမှု၊ အားပေးမှုနှင့် ဖြေသိမ့်မှုတို့ဖြင့် ကြွယ်ဝလေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားများအား အပြုသဘောဆောင်သည့် အရာအားလုံးကို နားလည်စေဖို့ လမ်းပြပြီး ဉာဏ်အလင်းပေးသည့် မီးရှူးတန်ဆောင် ဖြစ်သည်၊ ဖြောင့်မတ်ပြီး ကောင်းမြတ်သည့် အရာအားလုံးကို လူတို့က ကျင့်သုံးနေထိုင်ပြီး ပိုင်ဆိုင်ဖို့ သေချာစေသည့် အာမခံချက်ဖြစ်သည်၊ လူများ၊ အဖြစ်အပျက်များနှင့် အရာဝတ္ထုများအားလုံးကို တိုင်းတာသည့် စံနှုန်းမှတ်ကျောက်လည်း ဖြစ်သည်၊ ထို့ပြင် လူတို့ကို ကယ်တင်ခြင်းနှင့် အလင်းလမ်းကြောင်းဆီသို့ ဦးဆောင်လမ်းပြသည့် လမ်းကြောင်းပြ အမှတ်အသားလည်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျသော အတွေ့အကြုံထဲ၌သာလျှင် လူသားသည် သမ္မာတရားနှင့် အသက်တို့ဖြင့် ထောက်ပံ့ခြင်းကို ခံရနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် မည်သည့်အရာက သာမန်လူ့သဘာဝဖြစ်ကြောင်း၊ မည်သည့်အရာက အဓိပ္ပာယ်ရှိသော အသက်တာဖြစ်ကြောင်း၊ မည်သည့်အရာက စစ်မှန်သော ဖန်ဆင်းခံ သတ္တဝါဖြစ်ကြောင်း၊ မည်သည့်အရာက ဘုရားသခင်ကို စစ်မှန်သော နာခံခြင်းဖြစ်ကြောင်းတို့ကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ဘုရားသခင်ကို သူ့အနေဖြင့် မည်သို့အရေးစိုက်သင့်ကြောင်း၊ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို မည်သို့ထမ်းဆောင်ပြီး၊ စစ်မှန်သော လူသားတစ်ယောက်၏ ပုံသဏ္ဌာန်အား မည်သို့ပိုင်ဆိုင်ရမည်ဖြစ်ကြောင်းတို့ကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် စစ်မှန်သော ယုံကြည်မှုနှင့် စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းတို့မှာ မည်သည့်အရာအား ဆိုလိုသည်ကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အုပ်စိုးရှင်မှာ မည်သူဖြစ်ကြောင်းကို နားလည်လာနိုင်သည်။ ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ဖန်ဆင်းရာအားလုံး၏ အရှင်သခင်ဖြစ်သူက ဖန်ဆင်းရာကို အုပ်စိုးကာ ဦးဆောင်လမ်းပြပြီး ထောက်ပံ့ပေးသော နည်းလမ်းများကို နားလည်လာနိုင်သည်။ ထို့အပြင် ထိုအတွေ့အကြုံထဲ၌သာလျှင် လူသားသည် ဖန်ဆင်းရာအားလုံး၏ အရှင်သခင်ဖြစ်သူ တည်ရှိကာ အထင်အရှားပြလာပြီး အမှုပြုသည့် နည်းလမ်းများကို နားလည်လာပြီး သဘောပေါက်လာနိုင်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်သော အတွေ့အကြုံနှင့် ကင်းကွာပါက လူသား၌ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို စစ်မှန်သော သိကျွမ်းမှု၊ သို့မဟုတ် ထိုးထွင်းအမြင်တို့ မရှိတော့ပေ။ ထိုကဲ့သို့သော လူတစ်ယောက်သည် ရှင်သန်နေသော အလောင်းကောင်တစ်ခုသက်သက်၊ လုံးလုံးအခွံတစ်ခုသက်သက်သာဖြစ်ပြီး၊ ဖန်ဆင်းရှင်နှင့်ဆိုင်သည့် အသိပညာအားလုံးသည် သူနှင့် မည်သို့မျှပတ်သက်ခြင်းမရှိပေ။ ဘုရားသခင်၏အမြင်တွင် ထိုကဲ့သို့သော လူတစ်ယောက်သည် သူ့ကို တစ်ခါမျှ မယုံကြည်သည့်လူဖြစ်သကဲ့သို့ သူ့နောက်ကိုလည်း တစ်ခါမျှ မလိုက်ခဲ့သည့်လူ ဖြစ်ပေသည်၊ ထို့ကြောင့် ဘုရားသခင်က ထိုသူကို စစ်မှန်သော ဖန်ဆင်းခံ သတ္တဝါတစ်ဦးအဖြစ် မဆိုထားနှင့်၊ သူ၏ယုံကြည်သူတစ်ယောက်ဟုပင် အသိအမှတ် မပြုသကဲ့သို့ သူ့နောက်လိုက်အဖြစ်လည်း အသိအမှတ်မပြုပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏” မှ

ဘုရားသခင် တောင်းဆိုသည့်အရာမှာ လူသားထံမှ တစ်ခုတည်းသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သူ တောင်းဆိုသည့်အရာမှာ လူသားအနေဖြင့် သူ၏ နှုတ်ကပတ်တော်များနှင့် သူ့အတွက် ချစ်ခြင်းမေတ္တာ ပြည့်သော နှလုံးသားတစ်ခုတို့ကို နေရာပေးစေဖို့ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ဖို့၊ ၎င်းတို့ ရှာဖွေသင့်သည့် အရာကို သူ၏နှုတ်ကပတ်တော်များအတွင်းတွင် ရှာဖွေဖို့၊ သူ၏နှုတ်ကပတ်တော်များအတွက် ဘုရားသခင်ကို ချစ်ဖို့၊ သူ၏ နှုတ်ကပတ်တော်များအတွက် ပြေးဖို့၊ သူ၏ နှုတ်ကပတ်တော်များ အတွက် အသက်ရှင်ဖို့- ဤအရာများသည် လူက စွမ်းဆောင်ရရှိဖို့ ကြိုးပမ်းသင့်သည့် ရည်မှန်းချက်များ ဖြစ်သည်။ အရာရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် တည်ဆောက်ရမည်။ ထိုအခါမှသာ လူသားသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြင်ဆင်မထားပါက၊ သူသည် စာတန် ပိုင်ဆိုင်သော လောက်ကောင် တစ်ကောင်သာ ဖြစ်ပေသည်။ ဤအရာကို ချိန်ဆလော့- သင်၏အတွင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှ အမြစ်တွယ်ပြီးဖြစ်သနည်း။ သင်သည် မည်သည့်အရာများတွင် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်လျက်ရှိနေသနည်း။ မည်သည့်အရာများတွင် ထိုနှုတ်ကပတ်တော်များနှင့်အညီ အသက်မရှင်ဘဲ နေနေခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်ကို လုံးဝ ထိန်းချုပ်မထားပါက၊ သင်၏ စိတ်နှလုံးကို မည်သည့်အရာက အတိအကျ နေရာယူထားသနည်း။ သင်၏ နေ့စဉ်အသက်တာတွင် သင်သည် စာတန်၏ ထိန်းချုပ်ခြင်း ခံရလျက်ရှိသလော၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်ကို နေရာယူလျက် ရှိသလော။ သူ၏ နှုတ်ကပတ်တော်များသည် သင်၏ဆုတောင်းခြင်းများ အခြေပြုသည့် အခြေခံအုတ်မြစ် ဖြစ်သလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်း မှတစ်ဆင့် သင်၏ အပျက်သဘောဆောင်သော အခြေအနေမှ ထွက်လာပြီးပြီလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ တည်ရှိခြင်း၏ အခြေခံအုတ်မြစ်အဖြစ် မှတ်ယူရန်- ဤသည်မှာ လူတိုင်း ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ သင်၏ အသက်တာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိပါက၊ သင်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေသည်၊ ဘုရားသခင်ကို သင် ပုန်ကန်နေသည်၊ သူ့ကို သင် ခုခံနေပြီး၊ သူ၏နာမကို သင် ဂုဏ်သရေ ညှိုးစေလျက် ရှိပေသည်။ ဘုရားသခင်၌ ထိုသို့သောလူများ၏ ယုံကြည်မှုသည် ဒုက္ခပေးခြင်းနှင့် နှောင့်ယှက်ခြင်း သက်သက်ဖြစ်သည်။ သင်၏အသက်တာ မည်မျှကို သူ၏နှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်ပြီးပြီနည်း။ သင်၏ အသက်တာ မည်မျှကို သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်မရှင်ဘဲ နေပြီးဖြစ်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်က သင့်ကို တောင်းဆိုသည့်အရာထဲမှ မည်မျှသည် သင်၏အထဲတွင် ပြည့်စုံပြီးဖြစ်သနည်း။ မည်မျှသည် သင်၏အထဲတွင် ဆုံးရှုံးပြီးဖြစ်သနည်း။ ထိုသို့သော အရာများကို သင် သေချာစွာ ကြည့်ရှုစစ်ဆေးပြီးပြီလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်” မှ

သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ စားသောက်နိုင်ပြီး၊ သူ၏အလိုကို အာရုံစိုက်နိုင်ကာ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ပါက၊ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းတွင် အသက်ရှင်သည့် လူတစ်ဦး ဖြစ်ပေသည်။ သင်သည် စာတန်၏ အုပ်စိုးမှုအောက်မှ လွတ်မြောက်ပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်ဖို့ လိုလားလျက်ရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် သင် အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို ဆောင်ရွက်ရန် အခွင့်အရေး ရှိလိမ့်မည်။ သင်သည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ထိုသို့သော အခွင့်အရေး သင် ပေးလိမ့်မည်မဟုတ်။ လူတို့အပေါ် သန့်ရှင်းသော ဝိညာဉ်တော် ဆောင်ရွက်သော အလုပ်၊ ၎င်းတို့အပေါ် သူ ထွန်းလင်းစေသည့် အလင်းနှင့် ၎င်းတို့ကို သူ ပေးသည့် စိတ်ချယုံကြည်မှုသည် အခိုက်အတန့်တစ်ခုသာ တာရှည်ခံလေသည်။ လူတို့သည် ဂရုမထားသကဲ့သို့ အာရုံမစိုက်ကြပါက၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ၎င်းတို့ကို ဖြတ်ကျော်သွားလိမ့်မည်။ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့နှင့်အတူ ရှိလိမ့်မည်ဖြစ်ပြီး ၎င်းတို့အပေါ် အလုပ်လုပ်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း လူတို့ အသက်မရှင်ပါက၊ စာတန်၏ ချည်နှောင်မှုများ၌ ၎င်းတို့ အသက်ရှင်ကြပေသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကြပါက၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက် သို့မဟုတ် လုပ်ဆောင်ချက် မရှိကြပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ နယ်နိမိတ်များအတွင်း အသက်ရှင်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင် တောင်းဆိုသော အခြေအနေ၌ အသက်ရှင်ပါက၊ သင်သည် သူနှင့် သက်ဆိုင်သောသူတစ်ဦး ဖြစ်ပြီး သူ၏ အမှုကို သင့်အပေါ် ဆောင်ရွက်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များ၏ နယ်နိမိတ်များအတွင်း အသက်ရှင်မနေဘဲ၊ ယင်းအစား စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေပါက၊ သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းအတွင်းတွင် အသေအချာ အသက်ရှင်နေပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ခြင်းနှင့် ဘုရားသခင်ကို သင်၏စိတ်နှလုံးအား ပေးခြင်းအားဖြင့်သာ သူ၏သတ်မှတ်ချက်များကို သင် ဖြည့်ဆည်း နိုင်ပေသည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်၏ဖြစ်တည်မှုနှင့် သင့်အသက်တာ၏ လက်တွေ့အရှိတရား ဖြစ်စေရင်း၊ ဘုရားသခင် ပြောသည့်အတိုင်း သင် လုပ်ဆောင်ရမည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်လိမ့်မည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အလိုနှင့်အညီ အမှန်တကယ် လက်တွေ့လုပ်ဆောင်ပါက၊ သူသည် သင့်အပေါ် အမှုကို ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ ထို့နောက် သင်သည် ဘုရားသခင်၏မျက်နှာ၏ အလင်း၌ သူ၏ ကောင်းချီးမင်္ဂလာများ အောက်တွင် အသက်ရှင်လိမ့်မည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ဆောင်ရွက်သော အလုပ်ကို သင် သဘောပေါက်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မျက်မှောက်နှင့်ဆိုင်သည့် ဝမ်းမြောက်မှုကို ခံစား ရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်” မှ

ဘုရားသခင်ကို ယုံကြည်သူများသည် အနည်းဆုံးအနေဖြင့် အပြင်ပန်းတွင် ကောင်းကောင်း ပြုမူသင့်သည်။ အားလုံးထဲတွင် အရေးအကြီးဆုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုင်ဆိုင်ဖို့ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးဝ စွန့်ပစ်၍မရပေ။ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် သူ၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်း အားလုံးကို သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ အနာဂတ်တွင်၊ တိုင်းနိုင်ငံတိုင်း၊ အသင်းတော် ဂိုဏ်းဂဏတိုင်း၊ ဘာသာတရားတိုင်းနှင့် ကဏ္ဍတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှတစ်ဆင့် သိမ်းပိုက်လိမ့်မည်။ ဘုရားသခင်သည် တိုက်ရိုက် စကားပြောဆိုလိမ့်မည်ဖြစ်ပြီး၊ လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ လက်များထဲ၌ စွဲကိုင်ထားကြလိမ့်မည် ဖြစ်ကာ၊ ဤအရာအားဖြင့် လူသားမျိုးနွယ်သည် စုံလင်စေခြင်းခံရလိမ့်မည်။ အတွင်းနှင့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ နေရာအနှံ့ ပျံ့နှံ့သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ နှုတ်များဖြင့် ပြောဆိုကြလိမ့်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့ လုပ်ဆောင်ကြလိမ့်မည် ဖြစ်ပြီး၊ အတွင်းကော အပြင်ပါ ဘုရားသခင် နှုတ်ကပတ်တော်၌ နက်နက်ရှိုင်းရှိုင်း ပြည့်နှက်ဆဲဖြစ်လျက်၊ စိတ်ထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိန်းသိမ်းကြလိမ့်မည်။ ထိုသို့ဖြင့် လူသားမျိုးနွယ်သည် စုံလင်စေခြင်း ခံရလိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပြီး၊ သူ့အဖို့ သက်သေခံနိုင်သောသူများ၊ ဤသည်တို့မှာ ၎င်းတို့၏ လက်တွေ့အရှိတရားအဖြစ် ဘုရားသခင် နှုတ်ကပတ်တော်များကို ပိုင်ဆိုင်ကြသည့် လူများ ဖြစ်သည်။

နှုတ်ကပတ်တော်ခေတ်ထဲသို့- အနှစ်တစ်ထောင် နိုင်ငံတော်ခေတ်ထဲသို့- ဝင်ရောက်ခြင်းသည် ယနေ့တွင် ပြီးမြောက်လျက်ရှိသည့် အမှု ဖြစ်သည်။ ယခုအချိန်မှစ၍၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယ ပြုရာတွင် ပါဝင်ခြင်းကို လက်တွေ့လုပ်ဆောင်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပြင် ကြုံတွေ့ခံစားခြင်းအားဖြင့်သာ၊ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင် နိုင်လိမ့်မည်။ သင်သည် အခြားသူများအား သိမ်းသွင်းစည်းရုံးဖို့ အလို့ငှာ လက်တွေ့ကျသော အတွေ့အကြုံအချို့ကို ဖြစ်ပေါ်စေရမည်။ အကယ်၍ သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားကို အသက်ရှင် မနေထိုင်နိုင်ပါက၊ မည်သူမျှ ယုံကြည်လက်ခံကြမည် မဟုတ်ပေ။ ဘုရားသခင်၏ အသုံးပြုခြင်းကို ခံရသောသူများ အားလုံးသည် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားကို အသက်ရှင် နေထိုင်နိုင်ကြသည်။ အကယ်၍ သင်သည် ဤလက်တွေ့အရှိတရားကို မဖြစ်ပေါ်စေနိုင်သကဲ့သို့၊ ဘုရားသခင်ကို သက်သေမခံနိုင်ပါက၊ ဤအရာက သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်မလုပ်ရသေးသကဲ့သို့၊ သင်သည် စုံလင်စေခြင်း မခံရသေးသည်ကို ပြသပေသည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ အရေးပါမှု ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်သော နှလုံးသား ရှိပါသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆာငတ်သောသူများသည် သမ္မာတရားကို ဆာငတ်ကြပြီး၊ ဤကဲ့သို့သော လူများသည်သာ ဘုရားသခင်၏ ကောင်းချီးပေးခြင်းခံရပေသည်။ အနာဂတ်တွင်၊ ဘာသာတရားများအားလုံးနှင့် အသင်းတော်ဂိုဏ်းဂဏများအားလုံးကို ဘုရားသခင် ပြောဆိုမည့် သာ၍များသော နှုတ်ကပတ်တော်များစွာ ရှိသည်။ ဘုရားသခင်သည် တစ်ပါးအမျိုးသားများအလယ် ၎င်းတို့ကို သိမ်းပိုက်ဖို့ စကားပြောဆိုပြီး၊ သူ၏ အသံကို မိန့်မြွက်ခြင်းမပြုမီ၊ ပထမဦးစွာ သင်တို့ကို စုံလင်စေဖို့ သင်တို့အလယ်တွင် စကားပြောဆိုပြီး သူ၏အသံကို မိန့်မြွက်လေသည်။ နှုတ်ကပတ်တော်များမှ တစ်ဆင့်၊ အားလုံးသည် စိတ်ရင်းအမှန်နှင့် လုံးဝ ယုံကြည်လက်ခံကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏ ဗျာဒိတ်များမှတစ်ဆင့်၊ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား လျော့နည်းသွားသည်၊ သူသည် လူတစ်ဦး၏ သွင်ပြင်ကို ရရှိပြီး၊ သူ၏ပုန်ကန်တတ်သော စိတ်သဘောထား လျော့နည်းသွားလေသည်။ နှုတ်ကပတ်တော်များသည် လူသားအပေါ် ဩဇာအာဏာဖြင့် အလုပ်လုပ်ပြီး ဘုရားသခင်၏ အလင်းအတွင်းတွင် လူကို သိမ်းပိုက်သည်။ လက်ရှိခေတ်၌ ဘုရားသခင်လုပ်ဆောင်သည့် အမှုအပြင် သူ့အမှု၏ အပြောင်းအလဲများ အားလုံးကို သူ၏ နှုတ်ကပတ်တော်များအတွင်း၌ တွေ့ရှိနိုင်သည်။ သင်သည် သူ၏ နှုတ်ကပတ်တော်များကို မဖတ်ရှုပါက၊ မည်သည့်အရာကိုမျှ သင် နားလည်လိမ့်မည် မဟုတ်။ သူ၏ နှုတ်ကပတ်တော်များကို သင်ကိုယ်တိုင်၏ စားသောက်ခြင်းမှတစ်ဆင့်၊ ပြီးလျှင် သင်၏ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယပြုခြင်းနှင့် သင်၏ တကယ့်အတွေ့အကြုံများမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် ပြည့်ဝသော အသိပညာကို သင် ရရှိလိမ့်မည်။ ထိုအခါမှသာ သင်သည် ယင်းတို့၏ လက်တွေ့အရှိတရားကို အမှန်တကယ် အသက်ရှင်နေထိုင်နိုင်လိမ့်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်” မှ

သင်သည် ဘုရားသခင်အပေါ် မှီခိုခြင်းအားဖြင့် သင်ကိုယ်တိုင်အတွင်းရှိ အခက်အခဲများအားလုံးကို ဦးစွာ ဖြေရှင်းရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို အဆုံးသတ်စေပြီး၊ သင်ကိုယ်တိုင်၏ အခြေအနေကို အမှန်တကယ် နားလည်လာနိုင်ကာ၊ မည်သို့ ပြုမူရမည်ကို သိလော့။ နားမလည်သော အရာမှန်သမျှနှင့်ပတ်သက်၍ ဆက်၍ မိတ်သဟာယ ပြုလော့။ လူတစ်ယောက်အတွက် မိမိကိုယ်ကိုယ် မသိခြင်းမှာ လက်ခံနိုင်ဖွယ်ရာ မရှိပေ။ သင်ကိုယ်တိုင်၏ အနာရောဂါကို ဦးစွာ ငြိမ်းစေလော့၊ ပြီးလျှင် ငါ၏နှုတ်ကပတ်တော်များကို သာ၍ မကြာခဏ စားသောက်ကာ စဉ်းစားဆင်ခြင်ရင်း၊ ငါ၏နှုတ်ကပတ်တော်များပေါ် အခြေပြု၍ သင်၏အသက်တာကို ရှင်သန်ကာ သင်၏ ဆောင်ရွက်ချက်များကို လုပ်ဆောင်လော့။ သင်သည် အိမ်တွင် ရှိသည်ဖြစ်စေ အခြားနေရာတွင် ရှိသည် ဖြစ်စေ၊ သင်၏အတွင်းတွင် ဘုရားသခင်အား တန်ခိုးအာဏာစွဲကိုင်ခွင့် ပြုသင့်သည်။ ဇာတိပကတိနှင့် သဘာဝကျခြင်းတို့ကို စွန့်ပစ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏အတွင်းတွင် အမြဲစိုးမိုးခွင့်ပေးလော့။ သင်၏ အသက်တာသည် ပြောင်းလဲခြင်းမရှိ ဖြစ်နေသည်ကို စိုးရိမ်စရာ မလိုပေ။ အချိန်နှင့်အမျှ သင်၏စိတ်သဘောထားသည် ကြီးစွာပြောင်းလဲပြီးဖြစ်သည်ကို သင်သည် ခံစားလာရလိမ့်မည်။ ယခင်က သင်သည် ကျော်ကြားဖို့ရန် စိတ်အားထက်သန်ခဲ့၏၊ သင်သည် မည်သူ့ကိုမျှ မနာခံခဲ့ပေ၊ သို့မဟုတ် ရည်မှန်းချက်ကြီးခဲ့ကာ၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခဲ့သည်၊ သို့မဟုတ် မာနကြီးခဲ့သည်- ဤအရာများသည် သင် တဖြည်းဖြည်း ဖယ်ရှားပစ်မည့် အရာများ ဖြစ်သည်။ အကယ်၍ သင်သည် ၎င်းတို့အား ယခုချက်ချင်း စွန့်ပစ်လိုပါက၊ မဖြစ်နိုင်ပေ။ ဤသည်မှာ သင်၏ အတ္တဟောင်းသည် အခြားသူများအား ထိုအရာကို ထိတွေ့ခွင့်ပေးလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်၊ ၎င်း၏ အမြစ်များသည် အလွန် နက်ရှိုင်းလှ၏။ ထို့ကြောင့် သင်သည် စိတ်ခံစားချက်အရ အားထုတ်မှု ပြုရမည်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ နာခံရမည်၊ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် သင်၏အလိုဆန္ဒကို အသုံးပြုပြီး၊ ငါ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်း ရှိရမည်။...မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မမှတ်ယူလေနှင့်။ သင်ကိုယ်တိုင်၏ မပြည့်ဝခြင်းတို့ကို ထေမိစေရန် အခြားသူများ၏ အားသာချက်များကို ယူပြီး အသုံးပြုလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အခြားသူများ မည်သို့ အသက်ရှင်ကြသည်ကို ကြည့်ရှုပြီး၊ ၎င်းတို့၏ အသက်တာများ၊ လုပ်ရပ်များနှင့် အပြောအဆိုများက အတုယူထိုက်ခြင်း ရှိမရှိဆိုသည်ကို ကြည့်လော့။ အခြားသောသူများကို သင့်ထက် နိမ့်ကျသည်ဟု သဘောထားပါက၊ သင်သည် မိမိကိုယ်ကိုယ်မှန်ကန်သည်ဟု ယူမှတ်သောသူ၊ စိတ်ကြီးဝင်သောသူ ဖြစ်ပြီး၊ မည်သူ့ကိုမျှ အကျိုးမပေးပေ။ ယခုအချိန်တွင် မရှိမဖြစ် လိုအပ်သည်မှာ အသက်တာအပေါ် အာရုံစိုက်ရန်၊ ငါ၏နှုတ်ကပတ်တော်များကို ပို၍ စားသောက်ရန်၊ ငါ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားရန်၊ ငါ၏ နှုတ်ကပတ်တော်များကို သိရှိရန်၊ ငါ၏နှုတ်ကပတ်တော်များကို အမှန်တကယ် သင်၏အသက်တာ ဖြစ်လာစေရန်တို့ ဖြစ်သည်- ဤအရာများသည် အဓိကကျသောအရာများ ဖြစ်၏။ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အသက်မရှင်နိုင်ပါက၊ ၎င်း၏ အသက်တာ ရင့်ကျက်နိုင်သလော။ မရင့်ကျက်နိုင်ပေ။ သင်သည် ငါ၏နှုတ်ကပတ်တော်များဖြင့် တစ်ချိန်လုံး အသက်ရှင်ရမည်ဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များကို အသက်တာအတွက် သင်၏ ကျင့်ဝတ်စည်းကမ်းအဖြစ် ထားရှိရမည်၊ သို့မှသာ ထိုကျင့်ဝတ်စည်းကမ်းဖြင့် ပြုမူခြင်းသည် ဘုရားသခင်ကို ဝမ်းမြောက်စေသောအရာ ဖြစ်ပြီး အခြားသောနည်းဖြင့် ပြုမူခြင်းသည် ဘုရားသခင် မုန်းတီးသောအရာ ဖြစ်သည်ကို သင်ခံစားရလိမ့်မည်ဖြစ်သည်။ ပြီးလျှင် သင်သည် လမ်းကြောင်းမှန်ပေါ် တဖြည်းဖြည်း လျှောက်လှမ်းလာလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

အကယ်၍ လူတစ်ဦးသည် မိမိ၏တာဝန်ကို ဖြည့်ဆည်းစဉ်တွင် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ကာ၊ မိမိ၏စကားများနှင့် လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး၊ သမ္မာတရား၏ လက္ခဏာသွင်ပြင်များ အားလုံး၌ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပါက၊ ထိုသူသည် ဘုရားသခင်အားဖြင့် စုံလင်လာရသည့် လူတစ်ဦးဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်တို့သည် ထိုသို့သော လူတို့အတွက် လုံးလုံး ထိရောက်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ၏အသက် ဖြစ်လာပြီးဖြစ်သည်၊ သမ္မာတရားကို ၎င်းတို့ ရရှိပြီးဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ကြသည်ဟု ဆိုနိုင်သည်။ ထို့နောက်တွင် ၎င်းတို့ဇာတိပကတိ၏ သဘာဝသည်၊ ဆိုလိုသည်မှာ ၎င်းတို့ မူလတည်ရှိခြင်း၏ တကယ့်အခြေခံအုတ်မြစ်သည် တစ်ပိုင်းတစ်စစီ တုန်လှုပ်၍ ပြိုလဲလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် ပိုင်ဆိုင် ပြီးသည့်နောက်တွင်၊ လူသစ်များ ဖြစ်လာကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဘုရားသခင် အမှု၏ ရူပါရုံ၊ လူသားမျိုးနွယ် အပေါ်ထားရှိသည့် သူ၏ သတ်မှတ်ချက်များ၊ လူသားများထံ သူ၏ဖွင့်ပြချက်များနှင့် ၎င်းတို့ ဖြည့်ဆည်းဖို့ ဘုရားသခင် တောင်းဆိုသည့် စစ်မှန်သော အသက်တာအတွက် စံနှုန်းများသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများအတိုင်း ၎င်းတို့ အသက်ရှင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်စေခြင်း ခံရပေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ပြန်လည်မွေးဖွားသူများ ဖြစ်ကြပြီး၊ လူသစ်များ ဖြစ်လာကြပြီးဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ပေတရုရှာဖွေလိုက်စားခဲ့သော လမ်းကြောင်းဖြစ်၏၊ ယင်းသည် စုံလင်စေခြင်းခံရသည့် လမ်းကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် စုံလင်စေခြင်းခံရသည့် လမ်းကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အသက်ရခြင်း လမ်းကြောင်း ဖြစ်၏။ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် သူ၏အသက်ဖြစ်လာပြီး ထိုအခါမှသာ သူသည် သမ္မာတရားကို ရရှိထားသူတစ်ဦး ဖြစ်လာ၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း” မှ

လူတို့သည် ဘုရားသခင်၏ စိတ်နေသဘောထားအား စစ်မှန်သောနားလည်ခြင်းရှိပြီး သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းအား လှိုက်လှိုက်လှဲလှဲချီးမွမ်းခြင်းကို ပေးနိုင်ပါက၊ သူတို့သည် သူ့ကို စစ်မှန်စွာ သိပြီး သမ္မာတရားကို ပိုင်ဆိုင်သည်ဟု ဆိုလိုပေသည်။ ထိုအခါမှသာ သူတို့သည် အလင်းထဲတွင် အသက်ရှင် နေထိုင်သည်။ လူ၏ လောကအမြင်နှင့် ဘဝအမြင်တို့ ပြောင်းလဲသည်နှင့်တစ်ပြိုင်နက်မှသာ၊ အခြေခံကျသော အသွင်ပြောင်းလဲခြင်းကို ကြုံရပေသည်။ လူတစ်ဦးတွင် ဘဝရည်မှန်းချက်တစ်ရပ်ရှိပြီး သမ္မာတရားနှင့်အညီ မိမိကိုယ်ကိုယ် ကျင့်ကြံပြုမူသည့်အခါ၊ လူတစ်ဦးသည် ဘုရားသခင်အား လုံးဝ ကျိုးနွံနာခံပြီး သူ၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်နေထိုင်သည့်အခါ၊ လူတစ်ဦးသည် ငြိမ်းချမ်းမှု ခံစားရပြီး သူ၏ စိတ်ဝိညာဉ် အတွင်းနက်နက်နေရာများအထိ အလင်းပေးခြင်းခံရသည့်အခါ၊ လူတစ်ဦး၏နှလုံးသားတွင် အမှောင်ထုကင်းမဲ့သည့်အခါ၊ ပြီးလျှင် လူတစ်ဦးသည် လုံးဝ လွတ်လွတ်လပ်လပ် အသက်ရှင်နိုင်ပြီး ဘုရားသခင်၏ မျက်မှောက်တွင် ချုပ်ထိန်းမခံရသည့်အခါ၊ ထိုအခါမှသာ သူသည် စစ်မှန်သော လူ့အသက်တာကို နေထိုင်ပြီး၊ ထိုအခါမှသာ တစ်ဦးတစ်ယောက်သည် သမ္မာတရားကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်လာပေသည်။ ထို့အပြင် သင်၏ ပိုင်ဆိုင်မှုထဲက ခပ်သိမ်းသော သမ္မာတရားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် ကိုယ်တော်တိုင်ထံမှ လာပြီးဖြစ်ပေသည်။ စကြဝဠာတစ်ခွင်လုံးနှင့် ခပ်သိမ်းသောအရာတို့အပေါ် အုပ်ချုပ်သူ— အမြင့်ဆုံးသောဘုရားသခင်— သည် သင့်ကို မှန်ကန်သော လူ့အသက်တာကို အသက်ရှင်နေထိုင်နေသည့် စစ်မှန်သော လူတစ်ဦးအဖြစ် သဘောကျ၏။ မည်သည့်အရာသည် ဘုရားသခင်၏နှစ်သက်သဘောကျခြင်းထက် သာ၍အဓိပ္ပာယ်ရှိနိုင်မည်နည်း။ ဤသည်မှာ သမ္မာတရားကို ပိုင်ဆိုင်ခြင်း၌ ရှိခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ စာတန်၏ အုပ်စိုးခြင်းခံရသည့် ယနေ့လောကထဲနှင့် သမိုင်း၏နှစ်ထောင်ပေါင်းများစွာတစ်ခုလုံးကြာ၊ လူသားမျိုးနွယ်အားလုံးကြားတွင် မည်သူက အသက်ကို ရရှိပြီးဖြစ်သနည်း။ မည်သူမျှ မရရှိပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားများသည် ဘုရားသခင်ကို ဆန့်ကျင်ကြပြီးသည့် လူများသာ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ဘဝများကို အသက်ရှင်ပြီး ရှင်သန်ရာတွင် အသုံးပြုသည့် အရာအားလုံးသည် စာတန်ထံမှ လာခဲ့ခြင်းဖြစ်ပြီး စာတန်ထံမှ လက်ခံရရှိခဲ့ကြခြင်းဖြစ်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အတိအကျ ဆန့်ကျင်လေသည်။ ထို့ကြောင့်၊ လူသားများသည် ဘုရားသခင်ကို ဆန့်ကျင်သူများနှင့် သူ၏ ကျိန်ဆဲခြင်းများကို ခံစားရသူများဖြစ်သောကြောင့် ပြောစရာ အသက် သူတို့တွင် မရှိချေ။ ၎င်းတို့သည် “၎င်းတို့၏ အမှတ်သညာကို ချန်ထား” လိုသော်လည်း၊ “၎င်းတို့၏ အမည်များကို မျိုးဆက်ရာချီ အတွက် လက်ဆင့်ကမ်း” စေလိုသော်လည်း၊ “ထာဝရ ထင်ပေါ်ကျော်ကြားမှုကို မွေ့လျော်” လိုသော်လည်း၊ ပြီးလျှင် “အမြဲတည်တံ့သော အမည်တစ်ခုရှိ” လိုသော်လည်း၊ ထိုအရာများအားလုံးသည် အဓိပ္ပာယ်မရှိပေ။ အမှန်တရားမှာ ၎င်းတို့သည် မည်သည့်အခါတွင်မျှ လူပြန်မဝင်စားဖို့ရန် အစောပိုင်းတွင် ဘုရားသခင်၏ ကျိန်ခြင်းခံခဲ့ရပေသည်။ ကျော်ကြားသူများ မည်သူဖြစ်ပါစေ၊ ၎င်းတို့၏ စကားများကို အခြေခံအားဖြင့် ဘုရားသခင် မထောက်ခံသကဲ့သို့၊ ၎င်းတို့ သေဆုံးပြီးနောက် အားလုံးသည် ငရဲဆယ့်ရှစ်ထပ်တွင် အပြစ်ပေးခံကြရပေသည်။ ဘုရားသခင်သာ သမ္မာတရားဖြစ်သည်။ ကောင်းကင်၊ မြေကြီးနှင့် ၎င်းတို့ထဲရှိ အရာအားလုံးကို ဘုရားသခင် ထိန်းချုပ်ပြီး အရာခပ်သိမ်းအပေါ် အုပ်စိုးလေသည်။ ဘုရားသခင်ကို မယုံကြည်ခြင်းနှင့် ဘုရားသခင်ကို နာခံမှုမရှိခြင်းမှာ သမ္မာတရားကို မရရှိနိုင်ခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်လျှင်၊ သင်၏ စိတ်နှလုံး နက်ရှိုင်းသည့်နေရာများတွင်၊ သင်သည် စိတ်ကြည်လင်မှု ရှိလိမ့်မည်ဖြစ်ပြီး အေးအေးသက်သာ အားတက်မှုခံစားရမည် ဖြစ်ပြီး၊ နှိုင်းဆမရနိုင်သည့် ချိုမြိန်မှုတစ်ခုကိုလည်း သင် မွေလျော်ရလိမ့်မည်ဖြစ်သည်။ ထိုသို့ ဖြစ်ပျက်သည့်အချိန်တွင်၊ သင်သည် အမှန်တကယ် အသက်ရရှိပြီး ဖြစ်လိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

အရှေ့သို့- ၂၆) ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၂၈) ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းနှင့်သက်ဆိုင်သော အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်