၅၈) အသင်းတော် အသက်တာကို အသက်ရှင်ခြင်း၏ အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာ ဖတ်ရှုရန် လိုအပ်သည်။ ယင်းတို့မှတစ်ဆင့်၊ မိမိကိုယ်ကိုယ် သိရှိခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အတွေ့အကြုံမှ သင်၏ သက်သေခံချက်ကို မိတ်သဟာယပြုရကာ အချင်းချင်း အားပေးပြီး ထောက်ပံ့ပေးရမည်။

(၂) သင်၏ တာဝန်ကို လုပ်ဆောင်ဖို့ သင့်ကိုယ်သင်လည်း လေ့ကျင့်ရမည်။ ယင်းကို ဖြည့်ဆည်းရာတွင်၊ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သိလာကာ သမ္မာတရားကို ကျိုးနွံနာခံဖို့ သင်ယူလော့၊ အခြားသူများနှင့် စိတ်သဘောထား ညီညွတ်ခြင်းဖြင့် အလုပ်လုပ်ကာ လူသား ပုံသဏ္ဌာန်တစ်ခုကို အသက်ရှင်နေထိုင်လော့။

(၃) ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ကို လက်ခံရန် လိုအပ်သည်။ လူတစ်ဦးသည် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မိမိကိုယ်ကိုယ် သိရမည်၊ ထိုသို့ဖြင့် မိမိ၏ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်စေရမည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အသက်တာတွင် တိုးတက်အောင် ပြုလုပ်ခြင်းအဖို့ အကြီးမားဆုံးသော အကျိုးကျေးဇူး ရှိပေသည်။

(၄) အရေးကိစ္စအားလုံးကို အသက်ရှင်ခြင်းအတွက် စိတ်ခံစားချက် သို့မဟုတ် အတွေးအခေါ်များပေါ်တွင် မဟုတ်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တောအပေါ် အခြေပြုလော့။ အခြားသူများနှင့် သင်၏ ဆက်ဆံရေးများတွင် အခြေခံသဘောတရားနှင့်ညီိလော့ အချင်းချင်း ချစ်ကာ အချင်းချင်း ကြီးကြပ်ပြီး ကူညီလော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်နောက်လိုက်ရာတွင် အဓိက အရေးကြီးသောအရာမှာ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်သင့်ခြင်း ဖြစ်သည်။ သင်သည် အသက်ထဲသို့ ဝင်ရောက်ခြင်းကို သင် အားထုတ်နေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းခြင်းအား အားထုတ်နေသည်ဖြစ်စေ၊ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြုသင့်ပေသည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် အားထုတ်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုမပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူတစ်ဦး ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက် လုံးဝ ကင်းမဲ့ပေသည်။ ဘုရားသခင် အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများ နောက်လိုက်လျှောက်ကြသော လူများဖြစ်သည်။ ယခင်က သင် နားလည်ခဲ့သော အရာများသည် မည်သို့ နှစ်သက်ဖွယ်ဖြစ်ပြီး ဖြူစင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို အလိုမရှိသကဲ့သို့၊ သင်သည် ထိုသို့သောအရာများကို သင် ဘေးဖယ် မထားနိုင်ပါက၊ ယင်းတို့သည် သင်၏ အနာဂတ် ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတား တစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်သူ အားလုံးသည် မင်္ဂလာရှိကြ၏။ အတိတ်ကာလများ၏ လူတို့သည်လည်း ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသည်၊ သို့သော် ယနေ့ထိတိုင် ၎င်းတို့ မလိုက်လျှောက်နိုင်ခဲ့ကြချေ။ ဤသည်မှာ နောက်ဆုံးသောကာလ လူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က ၎င်းတို့ကို ဦးဆောင်သည့် မည်သည့်နေရာသို့မဆို ဘုရားသခင် နောက်လိုက်ကြသည့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်သော ထိုသို့သောသူများ- ဤသည်တို့မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံစားရသည့် လူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို ချီးကျူးလိမ့်မည် မဟုတ်။ ယနေ့တွင် ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိကြသည်။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်တွင် ရှိကြပြီး၊ ထိုသို့သောလူတို့ကို ဘုရားသခင် မချီးကျူးပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့” မှ

နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ခြင်း ဆိုသည်မှာ ဘုရားသခင်၏ လူများနှင့်ဆိုင်သည့် အသက်တာ စတင်ခြင်းကို ဆိုလိုသည်- ထိုသို့သော လေ့ကျင့်မှုကို လက်ခံရန် သင်လိုလားလျက်ရှိသလော။ သင်သည် အရေးတကြီးဖြစ်သည့် အသိစိတ်ကို ခံစားရန် လိုလားလျက် ရှိသလော။ ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုအောက်တွင် အသက်ရှင်ရန် သင် လိုလားလျက်ရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုအောက်တွင် အသက်ရှင်ရန် သင် လိုလားလျက် ရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်ပေါ် ရောက်လာပြီး သင့်ကို စမ်းသပ်သည့်အခါတွင်၊ သင်သည် မည်သို့ ဆောင်ရွက်လိမ့်မည်နည်း။ ပြီးလျှင် အမှန်တရားမျိုးစုံကို သင် ရင်ဆိုင်ရချိန်တွင်၊ မည်သည့်အရာကို လုပ်ဆောင်လိမ့်မည်နည်း။ အတိတ်တွင် အသက်အပေါ် သင် အာရုံမစိုက်ခဲ့ပေ။ ယနေ့တွင် သင်သည် အသက် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းကို အာရုံစိုက်ရမည် ဖြစ်ပြီး သင်၏ အသက် စိတ်သဘောထားထဲ၌ အပြောင်းအလဲများကို လိုက်စားရမည် ဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်သားများ စွမ်းဆောင်ရရှိရမည့် အရာ ဖြစ်သည်။ ဘုရားသခင်၏ လူများဖြစ်သော သူအားလုံးသည် အသက်ကို ပိုင်ဆိုင်ရမည်၊ ၎င်းတို့သည် နိုင်ငံတော်၏ လေ့ကျင့်မှုကို လက်ခံရမည်ဖြစ်ပြီး ၎င်းတို့၏ အသက်စိတ်သဘောထားတွင် အပြောင်းအလဲများကို လိုက်စားကြရမည် ဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်သားများကို ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။

နိုင်ငံတော်သားများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

၁။ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရမည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတွင် ပြောဆိုထားသော နှုတ်ကပတ်တော် အားလုံးကို လက်ခံရမည်။

၂။ ၎င်းတို့သည် နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ရမည်။

၃။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများ ဘုရားသခင်၏ တို့ထိခံရခြင်းအား ရရှိအောင် အားထုတ်ရမည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးဝ လှည့်ပြီးဖြစ်ကာ သင်သည် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာ ရှိသည့်အခါတွင်၊ သင်သည် လွတ်လပ်မှု နယ်ပယ်ထဲတွင် အသက်ရှင်လိမ့်မည်၊ ယင်းမှာ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုတွင် အသက်ရှင်ရလိမ့်မည်ဟု ဆိုလိုပေသည်။ ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်တွင် သင်အသက်ရှင်သည့်အခါမှသာ၊ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်လိမ့်မည်။

၄။ ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းကို ခံကြရမည်။

၅။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်၏ ဘုန်းအသရေနှင့်ဆိုင်သည့် သရုပ်သကန် တစ်ခု ဖြစ်လာကြရမည်။

ဤအချက်ငါးချက်သည် သင်တို့အတွက် ငါ၏တာဝန်ပေး စေခိုင်းချက်များ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို ဘုရားသခင်၏ လူတို့ထံ ပြောဆိုထားသကဲ့သို့၊ သင်တို့သည် ဤတာဝန်ပေးစေခိုင်းချက်များကို လက်ခံရန် လိုလားခြင်းမရှိပါက၊ သင့်ကို ငါ အတင်းအကျပ် ပြုမည်မဟုတ်- သို့ရာတွင် သင်သည် ထိုစကားများကို အမှန်တကယ်လက်ခံပါက၊ ဘုရားသခင်၏ အလိုကို လုပ်ဆောင်နိုင်လိမ့်မည်။ ယနေ့တွင် သင်တို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို စတင်လက်ခံကြပြီး နိုင်ငံတော်သားများ ဖြစ်လာခြင်းနှင့် နိုင်ငံတော်သားများဖြစ်ရန် လိုအပ်သော စံနှုန်းများကို ကြိုးပမ်းရရှိခြင်းတို့ကို အားထုတ်ကြလော့။ ဤသည်မှာ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုကို အပြည့်အဝ လုပ်ဆောင်ရန် ဆန္ဒရှိပါက၊ ဤတာဝန်ပေးစေခိုင်းချက် ငါးချက်ကို သင် လက်ခံရမည်ဖြစ်ပြီး၊ ယင်းတို့ကို သင် စွမ်းဆောင်ရရှိနိုင်ပါက၊ သင်သည် ဘုရားသခင်၏စိတ်နှင့် ကိုက်ညီလိမ့်မည်ဖြစ်ကာ ဘုရားသခင်သည် သင့်ကို ဧကန်မုချ ကြီးစွာ အသုံးပြုလိမ့်မည်။ ယနေ့ အရေးပါသည်မှာ နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ခြင်း ဖြစ်သည်။ နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ခြင်းတွင် ဝိညာဉ်ရေးရာ အသက်တာ ပါဝင်သည်။ ယခင်က ဝိညာဉ်ရေးရာ အသက်တာနှင့်သက်ဆိုင်သည့် ပြောဆိုမှု မရှိခဲ့သော်လည်း၊ ယနေ့တွင် သင်သည် နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ စတင် ဝင်ရောက်သည်နှင့်အမျှ၊ သင်သည် ဝိညာဉ်ရေးရာ အသက်တာထဲသို့ တရားဝင် ဝင်ရောက်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့” မှ

မှန်ကန်သင့်လျော်သော အသင်းတော်အသက်တာ ရှိရန် လိုအပ်ခြင်းကို တရားဒေသနာများတွင် မကြာခဏ ဖော်ပြ‌လေ့ရှိသည်။ သို့ဆိုလျှင် အသင်းတော် အသက်တာသည် မတိုးတက်သေးဘဲ နဂိုပုံစံဟောင်းအတိုင်းသာ ရှိသေးသည်မှာ အဘယ်ကြောင့်နည်း။ လုံးဝဥဿုံအသစ်ဖြစ်ပြီး ကွဲပြားခြားနားသော အသက်တာပုံစံ အဘယ်ကြောင့် ရှိမနေသနည်း။ ၁၉၉၀ ပြည့်လွန်နှစ်များက လူတစ်ယောက်အဖို့ လွန်လေပြီးသော ခေတ်ကာလ၏ ဘုရင်တစ်ပါးသဖွယ် နေထိုင်ခြင်းသည် ပုံမှန်ဖြစ်နိုင်မည်လော။ ယနေ့လူတို့ စားသောက်သည့် အရာများသည် ယခင်ခေတ်များက ကြုံတောင့်ကြုံခဲ မြည်းစမ်းရခဲ့သည့် စားကောင်းသောက်ဖွယ်များ ဖြစ်သော်လည်း၊ အသင်းတော်အသက်တာတွင် အဓိကပြောင်းလဲခြင်းများ မရှိခဲ့ပေ။ ယင်းမှာ ပုလင်းအသစ်များထဲသို့ စပျစ်ရည်ဟောင်းကို ထည့်ခြင်းနှင့် အလားတူနေခဲ့သည်။ သို့ဆိုလျှင် ဘုရားသခင်က များစွာပြောကြားခြင်းသည် အဘယ်မှာ အသုံးဝင်အံ့နည်း။ နေရာအများစုရှိ အသင်းတော်များသည် လုံးဝမပြောင်းလဲကြသေးပေ။ ယင်းကို ငါ့ကိုယ်ပိုင်မျက်လုံးများနှင့်မြင်ပြီး ငါ့နှလုံးသား ထဲတွင် ရှင်းလင်း၏။ ငါကိုယ်တိုင် အသင်းတော်အသက်တာကို ကြုံတွေ့ခံစားဖူးခြင်း မရှိသော်လည်း၊ အသင်းတော် အစည်းအဝေးများ၏ အခြေအနေတို့ကို ငါကောင်းစွာ သိ၏။ သူတို့သည် များစွာတိုးတက်ခြင်း မရှိကြ။ ပုလင်းအသစ်များထဲသို့ စပျစ်ရည်အဟောင်းကို ထည့်ခြင်းနှင့် အလားတူ၏ ဟူသော ဆိုရိုးကို ပြန်လည် သုံးသပ်ရပါဦးမည်။ မည်သည့်အရာမျှ မပြောင်းလဲသေးပေ။ ၎င်းတို့ကို တစ်စုံတစ်ယောက်က လမ်းပြနေသည့်အခါ၊ မီးပမာ လောင်ကျွမ်းသော်လည်း၊ သူတို့ကို ထောက်ပံ့ကူညီသူ တစ်ယောက်မျှ မရှိလျှင်မူ သူတို့သည် ရေခဲတုံးနှင့် အလားတူလေ၏။ လက်တွေ့ကျသော အရာတို့ကို ပြောဆိုနိုင်သူ အများအပြား မရှိသကဲ့သို့၊ ပဲ့ကိုင်နိုင်သူမှာလည်း အလွန်တရာ ရှားပါး၏။ တရားဒေသနာများမှာ မြင့်မြတ်သော်လည်း၊ ဝင်ရောက်မှု တစ်စုံတစ်ရာရရှိထားသူ ရှိခဲ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မြတ်နိုးသူ နည်း၏။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စတင်လုပ်ဆောင်သောအခါ၊ မျက်ရည်လည်ကြပြီး ၎င်းကို ဘေးဖယ်ထားသည့်အခါ ရွှင်မြူးဝမ်းမြောက်ကြပြီး၊ ၎င်းထံမှ သူတို့ သွေဖည်သည့် အခါတွင်မူ ပေါ့ပြက်ပြီး အားမာန်ကင်းမဲ့သွားရလေသည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တကယ်ကို မြတ်နိုးခြင်းမရှိကြပေ၊ ထို့အပြင် ယနေ့ သူကိုယ်တိုင်၏ နှုတ်မှထွက်ပေါ်လာသော နှုတ်ကပတ်တော်တို့ကို ရတနာတစ်ပါးအဖြစ် သင်တို့ လုံးဝ မမြင်ကြပေ။ သင်တို့သည် သူ၏ နှုတ်ကပတ်တော်ကို ဖတ်ရှုနေသည့်အခါတွင်၊ စိုးရိမ်ပူပန်လာပြီး အာဂုံဆောင်နေသည့် အခါတွင် ပင်ပန်းသည်ဟု ခံစားကြရကာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါတွင် ၎င်းသည် ရေတွင်း ရေစုပ်စက်၏ လက်ကိုင်ကို မြင်းမြီးတစ်မျှင်နှင့် ဆွဲ၍လှည့်နှိုးရန် ကြိုးစားသည့်ပမာ ဖြစ်သည်- သင်တို့မည်မျှ ပင်ပန်းခက်ခဲစွာ ကြိုးစားသည်ဖြစ်စေ လုံလောက်သော စွမ်းအင်ကို တိုးမြှင့်နိုင်မည်မဟုတ်ချေ။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုချိန်တွင် အစဉ်အမြဲ အားရှိကြသော်လည်း၊ လက်တွေ့လုပ်ဆောင်ချိန်တွင်မူ မေ့လျော့တတ်ကြ၏။ အမှန်တွင်၊ ဤနှုတ်ကပတ်တော်တို့သည် အလွန် ဒုက္ခသုက္ခခံပြီး ပြောဆိုစရာ၊ အလွန် စိတ်ရှည်စွာ အဖန်တလဲလဲ ပြန်ရွတ်ဆိုစရာ မလိုပေ၊ သို့သော် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ၊ နားထောင်ရုံသာ နားထောင်ကြသည့်အချက်သည် သူ၏အမှုအတွက် အတားအဆီးတစ်ခု ဖြစ်လာပြီ ဖြစ်သည်။ ငါသည် ယင်းကို စတင် မပြောပြ၍ မဖြစ်၊ ယင်းအကြောင်းကို မပြောဘဲ နေ၍မရပေ။ ငါသည် ထိုသို့ မဖြစ်မနေ လုပ်ဆောင်ရပေသည်။ ယင်းမှာ တစ်ပါးသူတို့၏ အားနည်းချက်များကို ဖော်ထုတ်ခြင်းကို ငါ မွေ့လျော်သည် မဟုတ်။ သင်တို့၏ လက်တွေ့လုပ်ဆောင်မှုသည် အနည်းနှင့်အများ လုံလောက်သည်ဟု သင်တို့ ထင်သည်- ထုတ်ဖော်ချက်များ အထွတ်အထိပ် ရောက်သည့်အခါ၊ သင်တို့၏ ဝင်ရောက်မှု သည်လည်း အထွတ်အထိပ်တွင် ရှိသလော။ ယင်းသည် ဤမျှရိုးရှင်းသလော။ သင်တို့သည် သင်တို့၏ တွေ့ကြုံမှုများ အခြေခံအားဖြင့် တည်ဆောက်ထားသော အခြေခံအုတ်မြစ်ကို မည်သည့်အခါမျှ ဆန်းစစ်ခြင်း မရှိကြချေ။ ယခုအချိန်မှစ၍ သင်တို့၏ စုဝေးပွဲများကို မှန်ကန်သော အသင်းတော်အသက်တာဟု ခေါ်၍မရသကဲ့သို့၊ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် မှန်ကန်သော ဝိညာဉ်ရေးရာ အသက်တာလည်း မဟုတ်ပေ။ ယင်းသည် စကားစမြည်ပြောခြင်းနှင့် သီချင်းဆိုခြင်းကို မွေ့လျော်ကြသော လူတစ်စု စုဝေးကြခြင်းသာဖြစ်၏။ အတိအကျဆိုရလျှင်၊ ယင်းတွင် လက်တွေ့အရှိတရား သိပ်မရှိပေ။ ပိုမိုရှင်းလင်းအောင် ပြောရမည်ဆိုလျှင် သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက စစ်မှန်မှုဟူသည် အဘယ်မှာနည်း။ သင့်တွင် စစ်မှန်မှုရှိသည်ဟုဆိုရန်မှာ ကြွားဝါခြင်း ဖြစ်သည်မဟုတ်လော။ အမှုကို အစဉ်ပြုသူတို့သည် စိတ်ကြီးဝင်ပြီး မာနထောင်လွှားနေကြသော်လည်း၊ အစဉ် နာခံကြသူတို့မှာမူ လေ့ကျင့်ခြင်းအတွက် မည်သည့်အခွင့်အရေးမျှ မရှိဘဲ ဆိတ်ဆိတ်နေကာ ခေါင်းငုံ့ထားတတ်ကြ၏။ အမှုကိုပြုသူတို့သည် ကြီးကျယ်သော စကားများဖြင့် ကြာရှည်စွာဆက်ကာ ဆွေးနွေးခြင်းမှတစ်ပါး မည်သည့်အရာကိုမှ မလုပ်ကြသကဲ့သို့၊ နောက်လိုက်များက နားထောင်ရုံသာဖြစ်၏။ ပြောပလောက်သော ပြောင်းလဲခြင်းဟူ၍ မရှိပေ။ ဤအရာအားလုံးမှာ အတိတ်ကနည်းလမ်းများသာ ဖြစ်ကြ၏။ ယနေ့တွင် သင်၏ နာခံနိုင်ခြင်းနှင့် သင်စိတ်ရှိတိုင်း နှောင့်ယှက်ရန် သို့မဟုတ် ပြုမူရန် မဝံ့ရဲခြင်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ ရောက်လာခြင်းကြောင့်ဖြစ်၏။ အတွေ့အကြုံများမှတစ်ဆင့် သင် ကြုံရသည်မှာ ပြောင်းလဲခြင်း မဟုတ်ပေ။ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို ချိုးဖောက်သည့် အရာအချို့ကို သင့်အနေဖြင့် ယနေ့ မပြုလုပ်ဝံ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အမှုသည် သိသာထင်ရှားသော အကျိုးသက်ရောက်မှုရှိပြီး လူတို့ကို သိမ်းပိုက်ပြီးဖြစ်သောကြောင့် ဖြစ်၏။ တစ်စုံတစ်ယောက်သောသူကို ငါမေးမည်- ယနေ့ သင်၏ အောင်မြင်မှု မည်မျှသည် သင်၏ ကြိုးစားလုပ်ဆောင်မှု၏ချွေးဖြင့် ရရှိခဲ့သနည်း။ ယင်း၏ အဘယ်မျှကို သင့်အား ဘုရားသခင်က တိုက်ရိုက်ပြောပြခဲ့သနည်း။ သင်မည်သို့ဖြေမည်နည်း။ သင့်အနေဖြင့် မှင်တက်အံ့အားသင့်ကာ အာစေးမိမည်လော။ အခြားသူတို့က သင့်အား အာဟာရပေးရန် ၎င်းတို့၏ တကယ့် အတွေ့အကြုံများစွာတို့ကို ပြောပြနိုင်သော်လည်း၊ သင်ကမူ အခြားသူများ ချက်ပြုတ်ပြီးသည့် အစာတို့ကို အလွယ်တကူ မွေ့လျော်သည်မှာ အဘယ်ကြောင့်နည်း။ သင်မရှက်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကယ်တင်ခြင်းကို ရရှိသည့် လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားလျက်ရှိသူ ဖြစ်သည်” မှ

အသင်းတော်အသက်တာ၏ ပုံမှန်အခြေအနေဆိုသည်မှာ ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လွတ်လပ်စွာနှင့် ချုပ်တည်းမှုမရှိဘဲ ဆွေးနွေးနိုင်ခြင်း၊ သူတို့၏ ထိုးထွင်းအမြင်၊ သိနားလည်မှုနှင့် အတွေ့အကြုံတို့ကို ဆွေးနွေးနိုင်ခြင်းနှင့် သူတို့ကိုယ်တိုင်၏ အခက်အခဲများကို ဆွေးနွေးနိုင်ခြင်းတို့ ဖြစ်သင့်သည်။ သူတို့က အသင်းတော်ခေါင်းဆောင်များကို ဝေဖန်ပြီး ဖော်ထုတ်ကာ သူတို့၏ ထင်မြင်ချက်များကို ဖော်ပြနိုင်သည့်အပြင် အကူအညီနှင့် အကြံဉာဏ်ကိုလည်း ပေးနိုင်လေသည်။ ဤအရာများကို လွတ်လပ်စွာ ပြုလုပ်နိုင်ပြီး ယင်းတို့က သာမန်ဖြစ်သင့်ကာ မည်သူတစ်ဦးတစ်ယောက်ကမျှ ယင်းတို့ကို မထိန်းချုပ်သင့်ပေ။ ညီအစ်ကိုမောင်နှမများအနေဖြင့် မည်သို့ပြောဆို၊ ကျင့်ကြံ၊ ပြုမူသင့်သည်နှင့် ပတ်သက်၍လည်းကောင်း၊ အခြားသူတို့နှင့် ပုံမှန် အပြန်အလှန်ဆက်ဆံရေးများအတွက်လည်းကောင်း အစရှိသည်ဖြင့် အသင်းတော်အသက်တာ၏ နယ်ပယ်တစ်ခုစီအတွက် ဘုရားသခင်၏အိမ်တော်၌ တောင်းဆိုမှုများ၊ စည်းမျဉ်းများနှင့် အခြေခံသဘောတရားများ ရှိပေသည်။ ဤအရာများကို ဆုံးဖြတ်ရန်မှာ မည်သူ့တာဝန်မျှ မဟုတ်ပေ။ ညီအစ်ကိုမောင်နှမများ ကျင့်ကြံပြုမူပုံ၌ သူတို့သည် အခြားသူတို့၏ အကြည့်များကို အရေးစိုက်စရာ မလိုသည့်အပြင် မည်သူ၏ အမိန့်ပေးခြင်းကိုမျှ ခံစရာမလိုသကဲ့သို့ သူတို့သည် မည်သူ၏ ထိန်းချုပ်မှုအောက်တွင်မျှ နေစရာမလိုပေ။ မည်သူကမျှ လေညွှန်တံ မဟုတ်သကဲ့သို့ မည်သူကမျှ လေကြောင်းပြ မဟုတ်ပေ။ လူတို့အနေဖြင့် လမ်းညွှန်မှုကို တွေ့ရှိနိုင်ပြီး နာခံသင့်သည့် အရာများမှာ ဘုရားသခင်၏ အိမ်တော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောဆိုထားသည့် အခြေခံသဘောတရားများသာလျှင် ဖြစ်သည်။ အကယ်၍ သင်သည် အခြားသူတို့၏ ချုပ်ကိုင်ခြင်းကို အမြဲခံရပြီး အခြားသူတို့၏ အကြည့်များကို အမြဲတမ်း အရေးစိုက်ပါက၊ အကယ်၍ သင်စကားပြောသောအခါ တစ်စုံတစ်ဦး၏ မျက်လုံးထဲမှအကြည့်က မူမမှန်ဖြစ်နေကာ ထိုသူက မျက်မှောင်ကြုတ်လျက် စိတ်မသက်မသာ ဖြစ်သည်ကိုမြင်ပြီး သင်ဘာမျှမပြောရဲပါက၊ ထို့ပြင် အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သင်၏ သိနားလည်ခြင်းနှင့် ထိုးထွင်းအမြင်များကို မိတ်သဟာယဖွဲ့သောအခါ အခြားသူများ၏ ချုပ်ချယ်ခြင်းကို အမြဲခံရပြီး မည်သည့်အခါမျှ အေးဆေးသက်သာ မနေနိုင်၊ အမှုအရာများကို အခြေခံသဘောတရားအတိုင်း မလုပ်နိုင်ဘဲ တစ်စုံတစ်ဦး၏ စကားလုံးများ၊ မျက်နှာပေး၊ ဖော်ပြချက်၊ အသံနေအသံထားနှင့် သူတို့၏ စကားလုံးများထဲက နာကျင်စေတတ်သော အမှတ်ရစရာများက သင်၏အခြေခံသဘောတရားများ ဖြစ်လာပါက သင်သည် ထိုပုဂ္ဂိုလ်ဦးဆောင်သော ဂိုဏ်း၏ ထိန်းချုပ်ခြင်းကို ခံနေရပြီဖြစ်သည်။ ဤသည်မှာ ပြဿနာပင်။ ဤကဲ့သို့သော အသင်းတော်အသက်တာမျိုးနှင့် ဤအခြေအနေမျိုးမှာ အသင်းတော်၏ ပုံမှန်စနစ်ကျမှုက ထင်ရှားပြသသည့်ပုံစံ မဟုတ်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ရှေ့ထွက်လာပြီး ဤအရာများကို ဖြေရှင်းသင့်သည်၊ သို့သော် ညီအစ်ကိုမောင်နှမများကလည်း အသင်းတော်၏ ပုံမှန်စနစ်ကျမှုကို ကာကွယ်ရန် တာဝန်နှင့် အခွင့်အရေး ရှိပေသည်။ မည်သည့်အကြောင်းကြောင့်မျှ အသင်းတော်ထဲတွင် အုပ်စုများ မပေါ်ပေါက်လာစေရန် သူတို့သည် လူတို့ကို ကြားဖြတ်နှောင့်ယှက်၊ အုပ်စုဖွဲ့ပြီး ထိန်းချုပ်သောသူများအား တားဆီး၊ ဖော်ထုတ်ပြီး ခွဲခြားသင့်ကာ စည်းရုံးသိမ်းသွင်းခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရရန် ငြင်းဆန်သင့်သည်။ ဥပမာ၊ ချမ်းသာကြွယ်ဝမှုအရ အုပ်စုဖွဲ့ခြင်း၊ သို့မဟုတ် အသက်၊ လိင်၊ လူမှုအဆင့်အတန်း၊ ပညာရေးအဆင့်၊ ပုံပန်းသဏ္ဌာန်၊ လူ့သဘာဝအကောင်းအဆိုးအဆင့် စသည်တို့ကို အဆင့်အတန်း၊ ရာထူးဂုဏ်သိမ်၊ သို့မဟုတ် အစုအဖွဲ့တို့အား ခွဲခြားသိမြင်ရန်အတွက် စံချိန်စံညွှန်းနှင့် အကြောင်းပြချက်များအဖြစ် အသုံးပြုခြင်းကို အသင်းတော်ထဲ၌ မတွေ့ရသင့်ပေ။ သူတို့၏ အကြောင်းပြချက်နှင့် အုပ်စုများ၏ ပုံပန်းများက မည်သို့ပင်ဖြစ်စေ အသင်းတော်ထဲတွင် ရာထူးဂုဏ်သိမ်နှင့် အဆင့်အတန်း ကွဲပြားမှုများက အသင်းတော်၏ ပုံမှန်စနစ်ကျခြင်းကို ဟန့်တားပြီး နှောင့်ယှက်မည် ဖြစ်သည်။ ဤသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြေရှင်းသင့်သော ပြဿနာများ ဖြစ်သည်။ အတိုချုပ်အားဖြင့်၊ မည်သည့်အကြောင်းရင်းဖြစ်စေ အကယ်၍ ဂိုဏ်းများ၊ အုပ်စုများ၊ သို့မဟုတ် အဖွဲ့များက တစ်စုံတစ်ခုသော အင်အားအတိုင်းအတာအထိ ဖြစ်ပေါ်ရောက်ရှိပြီး သူတို့က ပုံမှန် အသင်းတော် အသက်တာနှင့် အသင်းတော်စနစ်ကျမှုကို ထိခိုက်နှောင့်ယှက်ပါက ဤသို့သော အခြေအနေမျိုးကို ရပ်တန့်ပြီး ထိန်းချုပ်သင့်ကာ ပူးပေါင်းပါဝင်သူများကို သီးသန့်ခွဲထားခြင်းနှင့် ထုတ်ပယ်ခြင်းကိုပင် ပြုလုပ်နိုင်သည်။ ဤသည်မှာ အသင်းတော်အသက်တာအတွင်း အုပ်စုများ ပေါ်ပေါက်လာသောအခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပြုလုပ်သင့်သည့် အလုပ်နှင့် သူတို့ဖြည့်ဆည်းသင့်သည့် တာဝန်ပင် ဖြစ်လေသည်။ ဤတွင် ငါတို့သည် မည်သည့်အရာကို နားလည်ဖို့လိုသနည်း။ အကယ်၍ အသင်းတော်ထဲတွင် လူတစ်စုက အင်အားတစ်ရပ် ဖြစ်လာပြီး အသင်းတော်ခေါင်းဆောင်များ၊ ဘုရားသခင့်အိမ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခုခံပြီး ဆန့်ကျင်လာနိုင်ပါက၊ ထို့ပြင် သူတို့က အသင်းတော်အသက်တာ၏ ပုံမှန်စနစ်ကျမှုကို နှောင့်ယှက် ဖျက်ဆီးလာနိုင်ပါက ထိုကဲ့သို့သော အမူအကျင့်၊ လုပ်ဆောင်ချက်များနှင့် ကိစ္စရပ်များကို ထိန်းချုပ်သင့်ပြီး ကိုင်တွယ်သင့်လေသည်။ အုပ်စုများကို ပါဝင်သောလူဦးရေအရ ခွဲခြားသိမြင်သလော။ လူတစ်ဦးကို အုပ်စုတစ်ခုဟု မယူဆသော်လည်း နှစ်ဦး၊ သို့မဟုတ် နှစ်ဦးထက်ပိုလျှင် အုပ်စုဟု ယူဆသည်။ အကယ်၍ လူနှစ်ဦးက အတော်ပင် အဆင်ပြေနေကြပြီး အသင်းတော်ကို မည်သို့မျှ မနှောင့်ယှက်ပါက သူတို့နှင့်ပတ်သက်၍ စိုးရိမ်စရာမရှိပေ။ သို့သော် သူတို့က အနှောင့်အယှက်ကို ဖြစ်ပေါ်စေပြီး အင်အားဖွဲ့လာကာ လှုပ်ရှားခါနီး ဖြစ်သည်နှင့်တစ်ပြိုင်နက် သူတို့ကို တားဆီးပြီး ထိန်းချုပ်သင့်လေသည်။ ဤသည်မှာ အခြေခံသဘောတရားပင် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၃)” မှ

ကျွန်ုပ်တို့ကို ကယ်တင်ပြီး ပြောင်းလဲဖို့အလို့ငှာ ဘုရားသခင်သည် အမြည်းသို့မဟုတ် ပရောဖက်ပြုခြင်း တစ်ခုကိုသာ ယူဆောင်လာသည့် အမှုအနည်းငယ်မျှသာ လုပ်ဆောင်ပြီး၊ ထိုအမှု ပြီးဆုံးသည့်အခါတွင် အပြီးသတ်ခြင်းမဟုတ်သကဲ့သို့၊ သူသည် လူများ၏ အပြင်ပန်းအပြုအမူကို ပြောင်းလဲခြင်း မရှိသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ ထို့ထက် ကျွန်ုပ်တို့ စိတ်နှလုံးများ၏အတွင်းကျကျ နက်ရှိုင်းသောနေရာများနှင့် ကျွန်ုပ်တို့၏ စိတ်သဘောထားနှင့် ကျွန်ုပ်တို့၏ အနှစ်သာရ စင်စစ်တို့မှစ၍၊ အရင်းအမြစ်၌ ကျွန်ုပ်တို့ တစ်ယောက်ချင်းစီကို အသွင်ပြောင်းလျက်၊ သူက ကျွန်ုပ်တို့ တစ်ယောက်ချင်းစီကို ပြောင်းလဲ စေလိုသည်။ ဤသည်မှာ ဘုရားသခင် အလုပ် လုပ်သည့်ပုံစံ ဖြစ်သည်ကိုထောက်လျှင်၊ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုယ်အပေါ် မည်သို့ ပြုမူသင့်သနည်း။ ကျွန်ုပ်တို့သည် မိမိတို့၏ စိတ်သဘောထားများအတွက်၊ ကျွန်ုပ်တို့ ရှာဖွေသည့် အရာအတွက် ပြီးလျှင် ကျွန်ုပ်တို့ လုပ်သမျှ အရာအတွက် တာဝန်ယူသင့်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ လုပ်သမျှအရာအားလုံး၌ လေးနက်သင့်သည်၊ မည်သည့်အရာတွင်မျှ မလျော့ရဲ မပေါ့ဆသင့်ဘဲ၊ ကျွန်ုပ်တို့၏အပြုအမူနှင့် သက်ဆိုင်သည့် ရှုထောင့်အားလုံးကို စေ့စေ့စပ်စပ် စစ်ဆေးခြင်း ခံနိုင်ရမည်။ သင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးသည့်အခါတိုင်း၊ သင် လုပ်ဆောင်သည်မှာ မှန်ကန်သည်ဟု သင်ထင်သည့် အပိုင်းကိုလည်း စေ့စေ့စပ်စပ် စစ်ဆေးခြင်း ခံနိုင်ရမည်၊ ထို့အပြင် သင်လုပ်ဆောင်သည်မှာ မှားသည်ဟု သင်ထင်သည့်အပိုင်းကိုလည်း စေ့စေ့စပ်စပ် စစ်ဆေးခြင်း ခံနိုင်ရမည်။ ဤသည်က ညီအစ်ကိုမောင်နှမများသည် အတူတကွ မိတ်သဟာယပြုဖို့၊ ရှာဖွေဖို့နှင့် အချင်းချင်း ကူညီဖို့ အချိန်ပိုယူရန် လိုအပ်သည်။ ကျွန်ုပ်တို့ သာ၍ မိတ်သဟာယပြုလေ၊ အလင်းရောင်က ကျွန်ုပ်တို့၏ စိတ်နှလုံးများထဲသို့ သာ၍ ဝင်ရောက်လေဖြစ်သည်။ ထို့နောက်တွင် ဘုရားသခင်က ကျွန်ုပ်တို့၏ ပြဿနာများ အားလုံးနှင့် စပ်လျဉ်း၍ အသိဉာဏ် ပွင့်လင်းစေလိမ့်မည်။ ကျွန်ုပ်တို့သည် မည်သူမျှ ဖွင့်မပြောဘဲ၊ အခြားသူများ၏စိတ်ထဲတွင် ထင်မြင်ချက်ကောင်း ဖြစ်စေဖို့နှင့် ၎င်းတို့အား ကျွန်ုပ်တို့နှင့်ပတ်သက်၍ အထင်ကြီးစေဖို့နှင့် ကျွန်ုပ်တို့အား မသရော်စေဖို့ မျှော်လင့်လျက်၊ ကြည့်ကောင်းစေရန် မိမိတို့ကိုယ်ကိုယ် ပြရုပ်တင်ရုံသာ ရှိပါက၊ ကျွန်ုပ်တို့သည် ကြီးထွားတိုးတက်ဖို့ ဖြစ်နိုင်လိမ့်မည်။ သင်သည် ကြည့်ကောင်းဖို့ သင့်ကိုယ်သင် အစဉ် ပြရုပ်တင်ပါက၊ သင်သည် ကြီးထွားတိုးတက်လိမ့်မည် မဟုတ်ဘဲ၊ အမှောင်၌ သင် ထာဝရ ရှင်သန်လိမ့်မည်။ သင်သည် ပြောင်းလဲနိုင်စွမ်း မရှိလည်း ဖြစ်လိမ့်မည်။ သင်ပြောင်းလဲဖို့ ဆန္ဒရှိပါက၊ အဖိုးအခပေးဆပ်ရမည် ဖြစ်ပြီး၊ သင့်ကိုယ်သင် ချပြရမည်၊ အခြားသူများကို သင်ရင်ဖွင့်ရမည်၊ ပြီးလျှင် ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် သင့်ကိုယ်သင်နှင့် အခြားလူများ နှစ်ဦးလုံးကို အကျိုးဖြစ်ထွန်း စေလိမ့်မည်။ တစ်စုံတစ်ယောက်က “သင်၏ လတ်တလော အတွေ့အကြုံများနှင့် ပတ်သက်၍ အနည်းငယ် အဘယ့်ကြောင့် မပြောသနည်း။” ဟု ပြောသည့်အခါ၊ မည်သူကမျှ အနှစ်သာရနှင့် သက်ဆိုင်သည့် အရေးကိစ္စများကို မပြောကြပေ။ မည်သူကမျှ သူ့ကိုယ်သူ စိတ်ဖြာလေ့လာခြင်း မရှိသကဲ့သို့၊ သူ့ကိုယ်သူ ချခင်းခြင်းမရှိပေ။ လူများသည် နှုတ်ကပတ်တော်များနှင့် အယူဝါဒများ အကြောင်း ပြောသည့်အခါ၊ မည်သူ၌မျှ ပြဿနာ မရှိပေ၊ သို့ရာတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သိကျွမ်းခြင်း အကြောင်း ပြောသည့်အခါ၊ မည်သူမျှ မည်သည့်အရာကိုမျှ မပြောကြပေ။ မိမိတို့ကိုယ်ကိုယ်နှင့်သက်ဆိုင်သည် အသိအနည်းငယ် ရှိသူများသည် ယင်းကိုလည်း ချခင်းမပြဝံ့ကြပေ။ ယင်းတို့သည် ထိုသို့လုပ်ဆောင်ဖို့ သတ္တိမရှိကြပေ။ အဆုံး၌ မည်သည့်အရာ ဖြစ်ပျက်သနည်း။ လူများ အတူတကွ ရှိသည့်အခါ၊ ၎င်းတို့သည် အပြန်အလှန် မြှောက်ပင့်ကြခြင်းဖြင့် အချင်းချင်း မျက်နှာလို မျက်နှာရလုပ်ကြသည်။ မည်သူကမျှ လူတိုင်း၏ စိတ်ဖြာလေ့လာခြင်းခံရဖို့နှင့် အသိခံရဖို့ သူ၏စစ်မှန်သော မျက်နှာကို ပြရန် လိုလားမနေကြပေ။ ထိုသို့သော အခြေအနေတစ်ခု ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ စစ်မှန်သော အသင်းတော် အသက်တာကို ရရှိနိုင်မည်လော။ မရနိုင်ပေ။ လူအချို့က “ကျွန်ုပ်သည် နှစ်ပေါင်းများစွာ အသင်းတော်အသက်တာကို တွေ့ကြုံခံစားပြီး ဖြစ်သည်၊ ပြီးလျှင် ကျွန်ုပ်သည် အတော်အတန် စိတ်ကျေနပ်သည်ဟု အမြဲခံစားရသည်။ ကျွန်ုပ်သည် အချိန်တိုင်း ပျော်ရွှင်မှုကို ခံစားရသည်။ စုဝေးပွဲများတွင် ကျွန်ုပ်တို့သည် ဆုတောင်းပြီး ချီးမွမ်းခြင်း သီချင်းများ သီဆိုကြသည်။ ကျွန်ုပ်တို့အားလုံးသည် အလွန်တို့ထိခြင်းခံရသည်မှာ ကျွန်ုပ်တို့မျက်နှာများတွင် မျက်ရည်များကျလာသည်။ တစ်ခါတစ်ခရံတွင် ကျွန်ုပ်တို့သည် အလွန်နှိုးဆော်ခြင်း ခံရသည်မှာ ကျွန်ုပ်တို့ ချွေးများ စတင်ထွက်လာပြီး ညီအစ်ကိုမောင်နှမများ အားလုံးသည် ကခုန်ပြီး သီဆိုကြသည်။ ကျွန်ုပ်တို့ အသင်းတော် အသက်တာသည် အလွန် နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်သည့်အခါ၊ သူသည် ကျွန်ုပ်တို့ စိတ်နှလုံးများ၏ နက်ရှိုင်းရာသို့ စကားပြောနေသည်ဟု ကျွန်ုပ်တို့ ခံစားရသည်။ ကျွန်ုပ်တို့ မိတ်သဟာယပြုသည့်အခါ၊ လူတိုင်းက ခွန်အားပြည့်ကြသည်။” ဟု ပြောကြသည်။ အသင်းတော်အသက်တာကို ဤကဲ့သို့ ဆယ်နှစ်ခန့် တွေ့ကြုံခံစားခြင်း၏ ရလဒ်သည် မည်သည့်အရာ ဖြစ်သနည်း။ မည်သူကမျှ ရိုးသားခြင်းအပေါ် အာရုံမစိုက်ကြဘဲ၊ မည်သူကမျှ သူ့ကိုယ်သူ စိတ်ဖြာလေ့လာခြင်းမရှိကြ၊ မည်သူကမျှ သူ၏ ညီအစ်ကိုမောင်နှမများကို သူ၏စစ်မှန်သော အခြေအနေကို မဝေမျှကြပေ၊ ပြီးလျှင် မည်သူမျှ သူ၏အတွင်းပိုင်း ကြံရွယ်ချက်များနှင့် အတွင်းပိုင်း ဖောက်ပြန်ပျက်စီးခြင်းကို ချခင်းခြင်းမရှိကြပေ။ အသင်းတော်အသက်တာ၏ ထိုဆယ်နှစ်ခန့်သည် လူများ၏ ခံစားချက်များနှင့် “ပျော်ရွှင်မှု” ဟု ခေါ်သည့်အရာအလယ်တွင် အားလုံးက ကခုန်ပြီး သီဆိုလျက်သာ၊ အချည်းနှီး ရှင်သန်ပြီးခြင်းသာ ဖြစ်သည်။ ထိုသို့သော ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်မှုသည် မည်သည့်နေရာကလာသနည်း။ ဘုရားသခင် မြင်တွေ့လိုသည့်အရာသည် လူများ၌ ပြောင်းလဲခြင်းဖြစ်ပြီး၊ လူများသည် သူ၏ နှုတ်ကပတ်တော်များကို အမှန်တကယ် အသက်ရှင် နေထိုင် နေသည်ကို တွေ့မြင် လိုသည့်အတွက်၊ ယင်းက ဘုရားသခင် တွေ့မြင်လိုသည့်အရာ မဟုတ်သကဲ့သို့၊ ယင်းက သူ့ကို ကျေနပ်စေခြင်းမရှိဟု ငါပြောရဲသည်။ သင် စုဝေးပွဲများ တက်ရောက်သည့်အခါ သို့မဟုတ် သင် အထူးသဖြင့် စိတ်ထက်သန်နေသည့်အခါ သင်က သင်၏ ဓမ္မသီချင်း စာအုပ်များကို ကိုင်ပြီး သီချင်းဆိုခြင်း သို့မဟုတ် သူ့ကို ချီးမွမ်းခြင်းဖြင့် ကခုန်ခြင်းတို့ကို သူက မမြင်လိုပေ။ သူက ဤအရာများကို မြင်ဖို့ ဆန္ဒမရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် ဘုရားသခင်က ဤအမှုအရာများကို မြင်သည့်အခါ၊ သူသည် သန်းနှင့်ချီသော နှုတ်ကပတ်တော်များကို ပြောကြားသော်လည်း၊ သင်တို့တစ်ယောက်ကမျှ ယင်းတို့ကို မည်သူမျှ မလုပ်ဆောင်သကဲ့သို့၊ ယင်းတို့ကို မည်သူမျှ အသက်ရှင် မနေထိုင်သောကြောင့်၊ သူက ဝမ်းနည်းကြေကွဲပြီး ရင်ကွဲနာကျလေသည်၊ ပြီးလျှင် အလွန် စိုးရိမ်ကြောင့်ကြသည်။ ဤသည်မှာ ဘုရားသခင် စိုးရိမ်ပူပန်သည့်အရာဖြစ်သည်။ မကြာခဏ ဆိုသကဲ့သို့ သင်တို့သည် အသင်းတော်အသက်တာကို တွေ့ကြုံခံစားခြင်း ရှိပြီးသည့်နောက် ရောင့်ရဲတင်းတိမ်ကြသည်။ သင်သည် အတော်အတန် ပျော်ရွှင်ပြီး ငြိမ်းချမ်းသည်ဟု ခံစားသည့်အခါနှင့် သင်သည် ပျော်ရွှင်မှုနှင့် နှစ်သိမ့်မှု ခံစားချက်တစ်ခု ရှိသည် သို့မဟုတ် ဘုရားသခင်ကို ချီးမွမ်းခြင်း၌ ဝိညာဉ်ရေးရာ အတော်အတန် ခံစားသည့်အခါ၊ သင်သည် သင်၏ယုံကြည်မှု၌ အလွန်ကောင်းမွန်စွာ လုပ်ဆောင်ပြီးဖြစ်သည်ဟု သင်ထင်သည်။ သင်သည် ဤမှားယွင်းသော ပုံရိပ်များကို ဆက်လက် ဆုပ်ကိုင်ထားပြီး ယင်းတို့ကို သင်၏ အရင်းအနှီး အဖြစ်- သင်၏ယုံကြည်မှု၍ သင်ရရှိပြီးဖြစ်သည့် အရာများအဖြစ်- သဘောထားပြီး သင်သည် စိတ်သဘောထား ပြောင်းလဲခြင်းနှင့် ကယ်တင်ခြင်း လမ်းကြောင်းထဲသို့ ဝင်ရောက်မှုအတွက် အစားထိုးအနေဖြင့် ယင်းတို့ကို အသုံးပြုသည်။ ထို့နောက်တွင် သင်သည် သမ္မာတရားကို လိုက်စားဖို့ သို့မဟုတ် ရိုးသားဖို့ ကြိုးစားရန် မလိုအပ်တော့ပေ။ သင်သည် သင့်ကိုယ်သင် မချခင်းပြသကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း မရှိပေ။ ဤအကြောင်းကြောင့် ဘုရားသခင်က သင်နှင့်ပတ်သက်၍ နက်ရှိုင်းစွာ စိုးရိမ်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

ဤသည်မှာ အသင်းတော်တွင် သင်၌ရှိရမည့် သွင်ပြင်အခြေအနေမျိုး ဖြစ်သည်- လူတိုင်းက သမ္မာတရားကို အာရုံစိုက်ပြီး ယင်းကို ကြိုးပမ်းရရှိဖို့ အားထုတ်ကြသည်။ လူများသည် မည်မျှ ကြီးသည် ငယ်သည်က အရေးမကြီးသကဲ့သို့၊ ၎င်းတို့သည် ဝါရင့်ယုံကြည်သူများ ဟုတ်မဟုတ် သို့မဟုတ် ၎င်းတို့ မည်မျှ စွမ်းဆောင်နိုင်ခြင်းရှိသည်တို့က အရေးမကြီးပေ။ သင် ကြည့်ရမည့်အရာများက မည်သည့်လူများက မှန်ကန်စွာ စကားပြောသည်၊ မည်သည့်လူများက သမ္မာတရားနှင့် ကိုက်ညီသည်၊ မည်သည့်လူများက ဘုရားသခင်၏အိမ်တော်၏ အကျိုးစီးပွားများနှင့် ပတ်သက်၍ တွေးတောနေသည်နှင့်၊ မည်သည့်သူက သူ၏အလုပ်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အထားရှိဆုံးဖြစ်သည်၊ မည်သည့်လူများက အပြုသဘောဆောင်သည့်အရာများ နှင့်ပတ်သက်၍ နားလည်မှုများစွာရှိသည်၊ မည်သည့်လူများ၌ ဖြောင့်မတ်ခြင်း အသိစိတ်တစ်ခုရှိပြီး မည်သည့်လူများက အဖိုးအခ ပေးဆပ်ဖို့ လိုလားကြသည်တို့ဖြစ်ပေသည်။ ထိုသို့သောလူများသည် ၎င်းတို့၏ ညီအစ်ကို မောင်နှမများ၏ ထောက်ပံ့ခြင်းခံရသင့်ပြီး ဩဘာပေးခြင်း ခံရသင့်သည်။ သမ္မာတရားကို လိုက်စားခြင်းမှ လာသည့် ဤအကျင့်သိက္ခာရှိသော သွင်ပြင်အခြေအနေသည် အသင်းတော်အတွင်း၌ ပျံ့နှံ့ရမည်ဖြစ်သည်။ ဤနည်းဖြင့် သင်၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်က ကောင်းကြီးမင်္ဂလာများနှင့် လမ်းညွှန်ချက်တို့ကို ပေးအပ်လိမ့်မည်။ အသင်းတော် အတွင်း၌ ပျံ့နှံ့နေသည့် သွင်ပြင်အခြေအနေသည် သူတစ်ပါးအကြောင်း အတင်းအဖျင်ပြောခြင်း၊ အချင်းချင်းစိတ်ဆိုးကာ အပြစ်တင်ခြင်း၊ အချင်းချင်း အာဃာတအစွဲအလမ်းထားခြင်း၊ အချင်းချင်း မနာလိုဖြစ်ခြင်းနှင့် အချင်းချင်း အငြင်းပွားခြင်းတို့ ဖြစ်ပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့၌ သေချာပေါက် အလုပ်လုပ်မည် မဟုတ်ပေ။ အချင်းချင်း ခုခံတွန်းလှန်ပြီး တိတ်တဆိတ် ခိုက်ရန်ဖြစ်ပွားခြင်း၊ လှည့်စားခြင်း၊ လိမ်လည်ခြင်းနှင့် အချင်းချင်း မတော်မတရား လျှို့ဝှက်ပူးပေါင်းကြံစည်ခြင်း- ဤသည်မှာ ဆိုးယုတ်မှု၏ သွင်ပြင်အခြေအနေ ဖြစ်သည်။ ထိုသို့သော သွင်ပြင်အခြေအနေတစ်ခုက အသင်းတော်ထဲ၌ ပျံ့နှံ့နေပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် သူ၏အလုပ်ကို သေချာပေါက် လုပ်လိမ့်မည် မဟုတ်ချေ။ သခင်ယေရှုက ဆက်နွှယ်မှုရှိသည့် စာကြောင်း အချို့ကို ပြောခဲ့သည်။ ယင်းက မည်သည့်အရာဖြစ်သည်ကို သင်တို့ မှတ်မိနိုင်သလော။ (“တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။” (ရှင်မဿဲခရစ်ဝင် ၁၈:၁၉-၂၀)) ဤသည်မှာ သမ္မာတရားဖြစ်သည်။ ဘုရားသခင်သည် သူပြောသကဲ့သို့ လုပ်ဆောင်သည်။ သင်သည် သူ၏ အလိုတော်ကို ဆန့်ကျင်လုပ်ဆောင်ပြီး သူပြောသည့် အတိုင်း မလုပ်ဆောင်ပါက၊ သူသည် သင်နှင့် ဝေးကွာလိမ့်မည်။ ထို့ကြောင့် သင်သည် သူတစ်ပါး၏ အမှားများကို အစဉ်ကြည့်ရှုပြီး အခြားသူများနှင့် ပတ်သက်သည့် သင်သဘောမကျသည့်အရာများကိုသာ အာရုံစိုက်လိမ့်မည်၊ ပြီးလျှင် သင့်ကို အခြားသူများက မနှစ်သက်သည့်အချက်ကို မကြာခဏ အာရုံစိုက်မိလိမ့်မည်။ ဤသည်မှာ ပြဿနာများကို ဖြစ်စေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်မလုပ်ပါက၊ ဘုရားသခင်က သင့်ကို ကောင်းချီးမပေးသကဲ့သို့ လမ်းမညွှန်ပါက၊ သင်သည် သင်၏ကိုယ်ပိုင် ခွန်အားနှင့် အထုံပါရမီများနှင့် အရည်အချင်းများကိုသာ အားကိုးပါက၊ သင်လုပ်သည့် မည်သည့်အရာမျှ ကောင်းစွာ ပြီးမြောက် လိမ့်မည် မဟုတ်ပေ၊ သင်လုပ်သည့် မည်သည့်အရာမျှ ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီလိမ့်မည် မဟုတ်ပေ၊ ပြီးလျှင် သင်မည်မျှ အလုပ်ကြိုးစားပါစေ၊ ယင်းမှာ အင်အားကို ဖြုန်းတီးခြင်းတစ်ခုသာ ဖြစ်လိမ့်မည်။ သင်တို့သည် ဤသည်ကို အတွေ့အကြုံမှတစ်ဆင့် ဖြည်းဖြည်းချင်း သင်ယူလာလိမ့်မည်။ သင်တို့ လုပ်ဆောင်သမျှ၌၊ သင်တို့သည် သဘောတညီတညွတ်တည်း ရှိရမည်။ သင်တို့သည် မည်သို့ သဘောတညီတညွတ်တည်း ရှိနိုင်သနည်း။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်။ သို့မှသာလျှင် သင်တို့သည်- အားလုံးအတူတကွ၊ ပြီးလျှင် သဘော တညီတညွတ်တည်း- တုတ်ချောင်း တစ်စည်းကဲ့သို့ သန်စွမ်းလာမည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရာ၌ သင်၏စိတ်နှလုံး၊ ဉာဏ်နှင့် ဝိညာဉ်တို့ကို အသုံးပြုသည့်အခါမှသာ သင်၌လူသားပုံသဏ္ဌာန်ရှိလိမ့်မည်” မှ

အသင်းတော်သို့ ပထမအကြိမ် ရောက်လာပြီး ၎င်းတို့၏တာဝန်များကို လက်ခံခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်း သို့မဟုတ် ပြုပြင်ခြင်း မခံရမီတွင်၊ အမှုအရာများတွင် ဆုံးဖြတ်ချက် ချလိုလျက်၊ လူတိုင်းသည် ဆူးများကဲ့သို့ဖြစ်ပေသည်။ ၎င်းတို့က “ကျွန်ုပ်တို့သည် ယခု ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ ကျွန်ုပ်တွင် အသင်းတော်၌ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်တို့ရှိသောကြောင့်၊ ကျွန်ုပ် သင့်တင့်လျောက်ပတ်သည်ဟု ထင်သကဲ့သို့ ပြုမူမည်။” ဟု မိမိတို့ဘာသာ တွေးကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်း ခံရခြင်းနှင့် ပြုပြင်ခံရခြင်း တစ်ချီ ကြုံတွေ့ပြီး ဆုံးမပဲ့ပြင်ခြင်းခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် ၎င်းတို့အား သမ္မာတရားကို မိတ်သဟာယပြုပြီး ၎င်းတို့က ဒေသနာများကို နားထောင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် ဤနည်းလမ်းဖြင့် မပြုမူဝံ့တော့ပေ။ အမှန်မှာမူ ၎င်းတို့သည် လုံးလုံးလျားလျား စဉ်းစားမချင့်ချိန်တတ်သေးပေ။ ၎င်းတို့သည် အမှုအရာများ အလုပ်ဖြစ်သည့် ပုံစံနှင့်ပတ်သက်၍ အနည်းငယ်မျှသာ သိပြီး အသိစိတ်နည်းနည်းသာ ရှိခြင်းဖြစ်သည်။ အခြားသူများက အကြောင်းခိုင်လုံစေသည့် အရာများကို ပြောသည့်အခါ၊ ၎င်းတို့သည် ၎င်းတို့၏ အမှားပြင်ဆင်ခြင်းဖြင့် အသိအမှတ်ပြုနိုင်ပြီး၊ ၎င်းတို့သည် ထိုအမှုအရာများကို ကောင်းစွာ နားမလည်နိုင်သော်လည်း၊ ၎င်းတို့က ယင်းတို့ကို လက်ခံနိုင်ကြသည်။ သို့ဆိုလျှင် ၎င်းတို့ စဉ်းစားချင့်ချိန်နိုင်ခဲ့သည်ထက် ၎င်းတို့သည် သာ၍ စဉ်းစားမချင့်ချိန်တတ်သလော။ ၎င်းတို့သည် ၎င်းတို့၏ အပြုအမူက အပြောင်းအလဲအချို့ကို ကြုံတွေ့ပြီး ဖြစ်သည်ကို ထင်ရှားပြသည့် ဤအရာများကို လက်ခံနိုင်ပေသည်။ ဤပြောင်းလဲမှုများ မည်သို့ ဖြစ်လာသနည်း။ ယင်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်တွန်းခြင်းနှင့် လှုံ့ဆော်ခြင်းအပြင် နှစ်သိမ့်ခြင်းတို့ကြောင့် ဖြစ်ပေါ် လာခဲ့ပေသည်။ တစ်ခါတစ်ရံတွင် အမှုအရာတစ်ခုကို နည်းလမ်းအချို့ဖြင့် လုပ်ဆောင်ပြီး၊ အခြား နည်းလမ်းဖြင့် လုပ်ဆောင်၍ မရကြောင်း ၎င်းတို့အား ပြောလျက်၊ ထိုသို့သောလူများသည် ဆုံးမပဲ့ပြင်ခြင်း အချို့၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခံရခြင်း အပြင် အခြေခံသဘောတရားများနှင့်ပတ်သက်၍ မိတ်သဟာယအချို့တို့ကို လိုအပ်သည်။ “သမ္မာတရားကို လက်ခံရမည်။ ယင်းက ထိုနေရာတွင် ပြသထားသည်။ ယင်းကို မည်သူက ဆန့်ကျင်ဝံ့မည်နည်း။” ၎င်းတို့က တွေးကြသည်။ ဘုရားသခင်၏အိမ်တော်၌ ဘုရားသခင်သည် ကြီးမြတ်သည်၊ သမ္မာတရားသည် ကြီးမြတ်သည်၊ ပြီးလျှင် သမ္မာတရားသည် စိုးမိုးသည်။ ဤဓမ္မပညာဆိုင်ရာ အခြေခံအုတ်မြစ်က လူအချို့ကို နိုးထစေပြီး ဘုရားသခင်၌ ယုံကြည်ခြင်းရှိခြင်းက မည်သည့်အရာဖြစ်သည်ကို လူအချို့အား နားလည် ခွင့်ပြုသည်။ နဂိုမူလက ရိုင်းစိုင်းပြီး အပျော်အပါး မက်သည့်သူ၊ လုံးလုံး အထိန်းအကွပ်မဲ့ပြီး စည်းမျဉ်းများ၊ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဘုရားသခင်၏အိမ်တော်ရှိ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ နှင့်ပတ်သက်၍ မသိနားမလည်သည့်သူတစ်စုံတစ်ဦးကို ကြည့်လော့။ ထိုသို့သော လူပုဂ္ဂိုလ်တစ်ဦးက- မည်သည့်အရာမျှ မသိသူ- ကြီးစွာပြင်းပြသော ဆန္ဒများနှင့် မျှော်လင့်ချက်များဖြင့် ပြည့်လျှံလျက်၊ ဘုရားသခင်၏အိမ်တော်သို့ ရည်ရွယ်ချက်ကောင်းများနှင့် စိတ်အားထက်သန်မှုတို့ဖြင့် လာကာ၊ ထိုနေရာတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် နှိုးဆော်ခြင်းနှင့်တိုက်တွန်းခြင်း၊ ရေလောင်းခြင်းနှင့် ကျွေးမွေးခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ခံရကာ၊ မကြာခဏ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို ခံရသည့်အခါ၊ ထိုလူပုဂ္ဂိုလ်၏ လူ့သဘာဝ၌ ပြောင်းလဲမှုအချို့ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လိမ့်မည်။ ယင်းတို့မှာ မည်သည့် ပြောင်းလဲမှုများနည်း။ သူသည် လူ့အပြုအမူနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ၏ တစ်စုံတစ်ခုကို နားလည်လာပြီး၊ ယခင်က သူ၌ လူသားပုံသဏ္ဌာန် တော်တော် ကင်းမဲ့ခဲ့ကြောင်း သိလာပေသည်။ သူသည် ရိုင်းစိုင်းကာ၊ မသိနားမလည်ဘဲ၊ သွေးနားထင် ရောက်ခဲ့သည်။ သူသည် အခြေခံသဘောတရားများ မရှိဘဲ ပြောဆိုပြီး ပြုမူခဲ့သည်၊ ပြီးလျှင် သမ္မာတရားကို ရှာဖွေရမှန်း မသိခဲ့ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ရိုင်းပျ ကြမ်းတမ်းသော ခွန်အားဖြင့် ဘုရားသခင် တောင်းဆိုသမျှ လုပ်ဆောင်ခြင်းနှင့် သူပြောသမျှ သွားခြင်းနှင့်သက်ဆိုင်သည့် ရိုးရှင်းသော အရေးကိစ္စတစ်ခုဟု တွေးထင်ခဲ့သည်။ ထို့အပြင် ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးက ဤသည်မှာ ဘုရားသခင်အတွက် သစ္စာစောင့်သိခြင်း နှင့် ချစ်ခြင်းမေတ္တာ ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ယခုအခါ ဤလူပုဂ္ဂိုလ်သည် ထိုအရာများအားလုံးကို ငြင်းပယ်ပြီး ယင်းတို့က စာတန်၏ အပြုအမူများ ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ ယုံကြည်သူများသည် အရာခပ်သိမ်း၌ သူ၏နှုတ်ကပတ်တော်များ၏ အချုပ်အခြာအာဏာကို အလျှော့ပေးလျက်၊ သူ၏ နှုတ်ကပတ်တော်များကို အလေးဂရုပြုပြီး သမ္မာတရားကို ကြီးမြတ်ခြင်းအဖြစ် ဂုဏ်ပြုသင့်ကြောင်း သိပေသည်။ အတိုချုပ်အားဖြင့် ဤနှုတ်ကပတ်တော်များသည် ၎င်းတို့၏ စိတ်နှလုံးများ၌ မည်သို့အမြစ်တွယ်ပြီးဖြစ်ကာ၊ ဤနှုတ်ကပတ်တော်များသည် မည်သည့် ကြီးမြတ်သော အခန်းကဏ္ဍမှ လုပ်ဆောင်သည် ဖြစ်ပါစေ၊ သဘောတရားနှင့် ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းရာ၌၊ လူများအားလုံးက ဤနှုတ်ကပတ်တော်များသည် မှန်ကန်ကြောင်း- ယင်းတို့သည် သမ္မာတရား၊ အပြုသဘောဆောင်သည့် အရာများအားလုံး၏ စစ်မှန်မှုဖြစ်ကြောင်း- နားလည်ပြီး၊ အသိအမှတ်ပြုကာ၊ လက်ခံပြီးဖြစ်သည်။ ထို့နောက်တွင် လက်ဆုပ်လက်ကိုင်မပြနိုင်သော ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်း အတိုင်းအတာ တစ်ခုအထိ ကြုံတွေ့ပြီးသည့်နောက်၊ စစ်မှန်သော ယုံကြည်မှုနှင့်သက်ဆိုင်သည့် နားလည်မှုသည် ၎င်းတို့၏ အသိစိတ်ထဲ၌ ဖြစ်ပေါ်လာသည်။ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အစဦး မရေမရာ စိတ်ကူးများမှ- ဘုရားသခင်တစ်ပါး ရှိကြောင်းနှင့် သူသည် အတော်အတန် စစ်မှန်ကြောင်း- ယခု ၎င်းတို့၌ ရှိသော ယုံကြည်မှုအထိ၊ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုတွင် လူများ၌ ဤခံစားချက်များ ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၊ အမှုအရာများကို ကြည့်သည့် နည်းလမ်းနှင့် ကိုယ်ကျင့်တရား စံနှုန်းများအပြင်၊ ၎င်းတို့၏တွေးပုံခေါ်ပုံများသည် ဖြည်းဖြည်းချင်း စတင်ပြောင်းလဲလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၃)” မှ

အရှေ့သို့- ၅၇) ဘုရားသခင်ကို ခုခံမှုနှင့် အထင်မှားမှုတို့ကို ပြုပြင်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၅၉) ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုဖို့ စုရုံးခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၆ နောက်ဆုံးသောကာလတွင် ဘုရားသည် အရာခပ်သိမ်းကို အထူးသဖြင့် နှုတ်ကပတ်တော်အားဖြင့် ပြီးမြောက်စုံလင်စေမည်

၁ နောက်ဆုံးနေ့ရက်ကာလ ဘုရားလူ့ဇာတိခံယူချိန်သူသည် အလုံးစုံကို ဖွင့်ပြ၍ စုံလင်စေဖို့နှုတ်ကပတ်တော်ကို အဓိက အသုံးပြုနှုတ်ကပတ်တော်၌သာ...

၈၅၉ ကိုယ်ကျိုးမငဲ့သော ဘုရားရဲ့မေတ္တာနဲ့သဘောသဘာဝ

၁ဘုရား သူ့ရဲ့အကောင်းဆုံးအရာကို ပေးအကောင်းဆုံးအရာများ သူလေ ပေးအပ် မိမိဒုက္ခဝေဒနာကို ဘယ်တော့မှ ဖွင့်မပြော တိတ်ဆိတ်စွာ သူလေ စောင်မျှော်ကာ...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်