၁၂၆) ညီအစ်ကို မောင်နှမများအကြား ချစ်ခြင်း အခြေခံသဘောတရားများ

(၁) ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူ၊ သမ္မာတရားကို ချစ်မြတ်နိုးသူ ညီအစ်ကိုမောင်နှမများသည် တစ်ဦးနှင့်တစ်ဦး ချစ်ရမည်၊ ခွန်အားပေးရမည်၊ သဟဇာတရှိစွာ ပူးပေါင်းဆောင်ရွက်ရမည်။ သို့မှသာလျှင် သူတို့၏ အသက်တာများသည် ကြီးထွားကြမည်။

(၂) အတွေ့အကြုံမှတစ်ဆင့် သူတို့ သိသည့်အရာကို ဆက်သွယ်ပြောဆိုလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း နှင့် သမ္မာတရားတွင် မိတ်သဟာယဖွဲ့ခြင်းတို့ကို အတူတကွ ကြိမ်ဖန်များစွာ ပြုလော့။ တစ်ဦးနှင့်တစ်ဦး ထောက်မလော့၊ တစ်ဦးနှင့်တစ်ဦး ကူညီလော့၊ သင်သည် သမ္မာတရားကို ရှာမှီးလျက် သင်၌ တိုးပွားလာသောအရာကို မျှဝေလော့။

(၃) ကောင်းသောသဘောရှိသော နှလုံးသားကို ထိန်းသိမ်းလော့။ သင်နှင့် အဆင့်တူညီသောသူအတွက် သည်းခံခြင်း နှင့် ကရုဏာထားနိုင်စွမ်း ရှိလော့။ သူတို့တွင် ပြဿနာရှိကြောင်းတွေ့လျှင် သူတို့ကို ကူညီလော့။ သူတို့ကို မကူညီနိုင်လျှင် အထင်သေးခြင်း၊ သိမ်ငယ်စေခြင်း သို့မဟုတ် ကြိုတင်စီရင်ခြင်း မပြုနှင့်။

(၄) သမ္မာတရားဥပဒေသ အခြေခံအုတ်မြစ် အပေါ်၌ အပြန်အလှန်ချစ်ခြင်းကို တည်ဆောက်ရပါမည်။ ဥပဒေသများမှ လွဲချော်ကာ ကျူးလွန်ပြုမူသူရှိလျှင်၊ သူတို့အား ဝေဖန်ခြင်း၊ ဖော်ပြခြင်း၊ ပြုပြင်ခြင်း နှင့် ကိုင်တွယ်ဖြေရှင်းခြင်း ပြုသင့်သည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သင်တို့သည် အချင်းချင်းတယောက်ကိုတယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏ တပည့်ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၃:၃၄-၃၅)

“သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။” (ရှင်မဿဲခရစ်ဝင် ၂၂:၃၇-၃၉)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အကယ်၍ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးရှိလိုပါက သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံ လှည့်ရမည်။ ယင်းကို အခြေခံအုတ်မြစ်အဖြစ်ထား၍၊ သင်သည် အခြားသူများနှင့်လည်း ပုံမှန် ဆက်ဆံရေးရှိလိမ့်မည်။ သင့်တွင် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးမရှိပါက၊ အခြားသူများနှင့် ဆက်ဆံရေးကို သင်မည်မျှပင် ထိန်းသိမ်းစေကာမူ၊ သင်သည် မည်မျှပင် အလုပ်ကြိုးစားစေကာမူ၊ သင်သည် မည်မျှပင် အားထုတ်စေကာမူ၊ အားလုံးသည် အသက်ရှင်ရေးအတွက် လူသား၏ သဘောတရား ခံယူချက်နှင့်သာ ပတ်သက်ပေမည်။ လူများက သင့်ကို ချီးမွမ်းကြရန် သင်သည် လူ့အမြင်နှင့် လူ့သဘောတရားခံယူချက်တို့အားဖြင့် လူသားများအလယ်တွင် သင်၏အနေအထားကို ထိန်းသိမ်းနေသည်၊ သို့သော် လူများနှင့် ပုံမှန်ဆက်ဆံရေးများကို ထူထောင်ရန် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လိုက်နာခြင်း မရှိပေ။ အကယ်၍ သင်သည် အခြားလူများနှင့် ပုံမှန် ဆက်ဆံရေးကို အာရုံမစိုက်ဘဲ ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကိုသာ ထိန်းသိမ်းလျှင်၊ အကယ်၍ သင်သည် သင့်စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ပြီး ကိုယ်တော်ကို နာခံရန်လိုလားလျှင်၊ အခြားသူများအားလုံးနှင့် သင်၏ ဆက်ဆံရေးသည် အလိုအလျောက် လျော်ကန်လာပေမည်။ ဤနည်းအားဖြင့် ထိုဆက်ဆံရေးများကို ဇာတိထဲ၌ မဟုတ်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအုတ်မြစ်ပေါ်တွင် တည်ထောင်ထားပေသည်။ ဇာတိကူးလူးဆက်ဆံမှု လုံးဝနီးပါးမရှိသော်လည်း စိတ်ဝိညာဉ်၌ မိတ်သဟာယဖွဲ့မှု၊ အပြန်အလှန်မေတ္တာ၊ အပြန်အလှန်နှစ်သိမ့်မှုနှင့် အချင်းချင်း ထောက်ပံ့ပေးမှုတို့ ရှိသည်။ ၎င်းတို့အလုံးစုံကို ဘုရားသခင်ကို ကျေနပ်စေသောစိတ်နှလုံးကို အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းဆက်ဆံရေးများကို လူသား၏ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်ပေါ်တွင် အားထားခြင်းဖြင့် ထိန်းသိမ်းထားသည် မဟုတ်ဘဲ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဝန်ကိုထမ်းရင်း အလွန်သဘာဝကျစွာ ဖြစ်ထွန်းလာခြင်းဖြစ်သည်။ ၎င်းသည် လူလုပ်အားထုတ်မှုများ မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားရန် လိုလိုလားလားရှိသလော။ ဘုရားသခင် ရှေ့မှောက်တွင် “အကြောင်းမဲ့သောသူ” ဖြစ်ရန် သင်လိုလိုလားလားရှိသလော။ သင့်စိတ်နှလုံးကို ဘုရားသခင်အား အကြွင်းမဲ့ပေးကာ လူများအလယ်တွင် သင့်အနေအထားကို ဥပေက္ခာပြုရန် သင်လိုလိုလားလား ရှိသလော။ သင်နှင့် အဆက်အသွယ်ရှိသူအားလုံးထဲတွင် သင်သည် မည်သူနှင့် အကောင်းဆုံး ဆက်ဆံရေးရှိသနည်း။ မည်သူနှင့် အဆိုးရွားဆုံး ဆက်ဆံရေး ရှိသနည်း။ လူတို့နှင့် သင်၏ဆက်ဆံရေးများသည် ပုံမှန်ဖြစ်သလော။ သင်သည် လူအားလုံးကို တန်းတူညီမျှ ဆက်ဆံသလော။ သင်၏ဆက်ဆံရေးအားလုံးကို သင်၏အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်နှင့်အညီ ထိန်းသိမ်းထားသလော၊ သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသလော။...လူအချင်းချင်း ပုံမှန်ဆက်ဆံရေးကို ထူထောင်ရာတွင် လူသား၏အားထုတ်မှုမှ မဟုတ်ဘဲ စိတ်နှလုံးကို ဘုရားသခင်အား ပေးခြင်းဟူသည့် အုတ်မြစ်ပေါ်တွင် ထူထောင်ထားသည်။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိပါက လူလူချင်း ဆက်ဆံရေးများသည် ဇာတိ၏ဆက်ဆံရေးများမျှသာ ဖြစ်သည်။ ယင်းဆက်ဆံရေးများသည် ပုံမှန်မဟုတ်ဘဲ၊ ရာဂနောက် စိတ်လွတ်လက်လွတ် လိုက်ပါသွားခြင်းဖြစ်သည်။ ဘုရားသခင် မုန်းတီးသော၊ ကိုယ်တော်စက်ဆုပ်သော ဆက်ဆံရေးများဖြစ်သည်။ သင့်ဝိညာဉ်တို့ထိခံရသည်ဟု သင်ပြောသော်လည်း၊ သင်သည် သင်နှစ်သက်သူ၊ သင်အထင်ကြီးသူ မည်သူမဆိုနှင့် အမြဲတစေ မိတ်သဟာယဖွဲ့လိုပြီး၊ အခြားသူတစ်ဦးက ရှာဖွေနေသော်လည်း၊ သင်က ထိုသူကိုမနှစ်သက်ဘဲ၊ သင်သည် ထိုသူအပေါ် အမြင်ပင်စောင်းကာ၊ ၎င်းနှင့်မဆက်ဆံပါက၊ ယင်းအချက်က သင်သည် ခံစားချက်များ၏ သက်ရောက်မှုရှိပြီး ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး အလျင်းမရှိကြောင်း နောက်ထပ် သက်သေပင်ဖြစ်၏။ သင်သည် ဘုရားသခင်ကို လှည့်စားရန်နှင့် သင်ကိုယ်တိုင်၏ အကျည်းတန်မှုကို ဖုံးအုပ်ရန် ကြိုးစားနေသည်။ သင်သည် သိနားလည်မှုအချို့ကို ဝေမျှနိုင်သော်လည်း မှားယွင်းသော ရည်ရွယ်ချက်များကို ထားရှိပါက၊ သင်လုပ်သမျှ အရာရာတိုင်းသည် လူ့စံနှုန်းများအရသာ ကောင်းမွန်နေသည်။ ဘုရားသခင်က သင့်ကို ချီးမွမ်းမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ ဝန်နှင့်အညီမဟုတ်ဘဲ ဇာတိနှင့်အညီသာ ပြုမူနေသည်။ အကယ်၍ သင်သည် ဘုရားသခင်ရှေ့တွင် သင့်စိတ်နှလုံးကို ငြိမ်သက်အောင်ပြုနိုင်လျှင်၊ ဘုရားသခင်ကို ချစ်သောသူအားလုံးနှင့် ပုံမှန်ဆက်ဆံရေး ရှိမည်ဆိုလျှင်၊ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အသုံးပြုမှုအတွက် သင့်တော်ပေသည်။ ဤနည်းအားဖြင့် သင်သည် အခြားသူများနှင့် မည်သို့ပင် ပေါင်းသင်းသည်ဖြစ်စေ၊ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်နှင့်အညီ မဟုတ်ဘဲ ဘုရားသခင်ရှေ့တွင် ကိုယ်တော်၏ဝန်ကို အရေးထားသော နေထိုင်နည်းဖြင့် အသက်ရှင်ခြင်း ဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏” မှ

သင်တို့သည် သမ္မာတရားအပေါ် အာရုံစိုက်ရမည်။ ထိုအခါမှသာ အသက်ထဲသို့ သင်တို့ ဝင်ရောက်လိမ့်မည်။ သူတစ်ပါးတို့၏ လုပ်ရပ်များသည် သမ္မာတရားနှင့် ကွဲလွဲသည်ဟု ရှာဖွေတွေ့ရှိရလျှင် ကျွန်ုပ်တို့သည် အဆုံးစွန်သော ချစ်ခြင်းဖြင့် ၎င်းတို့ကို သမ္မာတရားအတွက် ကြိုးပမ်းရန် ကူညီရမည်။ သူတစ်ပါးတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး အမှုအရာများအပေါ် ၎င်းတို့လုပ်ဆောင်သည့်ပုံစံ၌ အခြေခံသဘောတရားများရှိလျှင် ကျွန်ုပ်တို့သည် ၎င်းတို့ထံမှ သင်ယူပြီး အတုယူဖို့ ကြိုးစားသင့်သည်။ ဤသည်မှာ အပြန်အလှန် ချစ်ခြင်းတရားဖြစ်သည်။ ဤသည်မှာ အသင်းတော်တွင် သင်၌ရှိရမည့် သွင်ပြင်အခြေအနေမျိုး ဖြစ်သည်- လူတိုင်းက သမ္မာတရားကို အာရုံစိုက်ပြီး ယင်းကို ကြိုးပမ်းရရှိဖို့ အားထုတ်ကြသည်။ လူများသည် မည်မျှ ကြီးသည် ငယ်သည်က အရေးမကြီးသကဲ့သို့၊ ၎င်းတို့သည် ဝါရင့်ယုံကြည်သူများ ဟုတ်မဟုတ် သို့မဟုတ် ၎င်းတို့ မည်မျှ စွမ်းဆောင်နိုင်ခြင်းရှိသည်တို့က အရေးမကြီးပေ။ သင် ကြည့်ရမည့်အရာများက မည်သည့်လူများက မှန်ကန်စွာ စကားပြောသည်၊ မည်သည့်လူများက သမ္မာတရားနှင့် ကိုက်ညီသည်၊ မည်သည့်လူများက ဘုရားသခင်၏အိမ်တော်၏ အကျိုးစီးပွားများနှင့် ပတ်သက်၍ တွေးတောနေသည်နှင့်၊ မည်သည့်သူက သူ၏အလုပ်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အထားရှိဆုံးဖြစ်သည်၊ မည်သည့်လူများက အပြုသဘောဆောင်သည့်အရာများ နှင့်ပတ်သက်၍ နားလည်မှုများစွာရှိသည်၊ မည်သည့်လူများ၌ ဖြောင့်မတ်ခြင်း အသိစိတ်တစ်ခုရှိပြီး မည်သည့်လူများက အဖိုးအခ ပေးဆပ်ဖို့ လိုလားကြသည်တို့ဖြစ်ပေသည်။ ထိုသို့သောလူများသည် ၎င်းတို့၏ ညီအစ်ကို မောင်နှမများ၏ ထောက်ပံ့ခြင်းခံရသင့်ပြီး ဩဘာပေးခြင်း ခံရသင့်သည်။ သမ္မာတရားကို လိုက်စားခြင်းမှ လာသည့် ဤအကျင့်သိက္ခာရှိသော သွင်ပြင်အခြေအနေသည် အသင်းတော်အတွင်း၌ ပျံ့နှံ့ရမည်ဖြစ်သည်။ ဤနည်းဖြင့် သင်၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်က ကောင်းကြီးမင်္ဂလာများနှင့် လမ်းညွှန်ချက်တို့ကို ပေးအပ်လိမ့်မည်။ အသင်းတော် အတွင်း၌ ပျံ့နှံ့နေသည့် သွင်ပြင်အခြေအနေသည် သူတစ်ပါးအကြောင်း အတင်းအဖျင်ပြောခြင်း၊ အချင်းချင်းစိတ်ဆိုးကာ အပြစ်တင်ခြင်း၊ အချင်းချင်း အာဃာတအစွဲအလမ်းထားခြင်း၊ အချင်းချင်း မနာလိုဖြစ်ခြင်းနှင့် အချင်းချင်း အငြင်းပွားခြင်းတို့ ဖြစ်ပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့၌ သေချာပေါက် အလုပ်လုပ်မည် မဟုတ်ပေ။ အချင်းချင်း ခုခံတွန်းလှန်ပြီး တိတ်တဆိတ် ခိုက်ရန်ဖြစ်ပွားခြင်း၊ လှည့်စားခြင်း၊ လိမ်လည်ခြင်းနှင့် အချင်းချင်း မတော်မတရား လျှို့ဝှက်ပူးပေါင်းကြံစည်ခြင်း- ဤသည်မှာ ဆိုးယုတ်မှု၏ သွင်ပြင်အခြေအနေ ဖြစ်သည်။ ထိုသို့သော သွင်ပြင်အခြေအနေတစ်ခုက အသင်းတော်ထဲ၌ ပျံ့နှံ့နေပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် သူ၏အလုပ်ကို သေချာပေါက် လုပ်လိမ့်မည် မဟုတ်ချေ။ သခင်ယေရှုက ဆက်နွှယ်မှုရှိသည့် စာကြောင်း အချို့ကို ပြောခဲ့သည်။ ယင်းက မည်သည့်အရာဖြစ်သည်ကို သင်တို့ မှတ်မိနိုင်သလော။ (“တဖန်ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။” (ရှင်မဿဲခရစ်ဝင် ၁၈:၁၉-၂၀)) ဤသည်မှာ သမ္မာတရားဖြစ်သည်။ ဘုရားသခင်သည် သူပြောသကဲ့သို့ လုပ်ဆောင်သည်။ သင်သည် သူ၏ အလိုတော်ကို ဆန့်ကျင်လုပ်ဆောင်ပြီး သူပြောသည့် အတိုင်း မလုပ်ဆောင်ပါက၊ သူသည် သင်နှင့် ဝေးကွာလိမ့်မည်။ ထို့ကြောင့် သင်သည် သူတစ်ပါး၏ အမှားများကို အစဉ်ကြည့်ရှုပြီး အခြားသူများနှင့် ပတ်သက်သည့် သင်သဘောမကျသည့်အရာများကိုသာ အာရုံစိုက်လိမ့်မည်၊ ပြီးလျှင် သင့်ကို အခြားသူများက မနှစ်သက်သည့်အချက်ကို မကြာခဏ အာရုံစိုက်မိလိမ့်မည်။ ဤသည်မှာ ပြဿနာများကို ဖြစ်စေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်မလုပ်ပါက၊ ဘုရားသခင်က သင့်ကို ကောင်းချီးမပေးသကဲ့သို့ လမ်းမညွှန်ပါက၊ သင်သည် သင်၏ကိုယ်ပိုင် ခွန်အားနှင့် အထုံပါရမီများနှင့် အရည်အချင်းများကိုသာ အားကိုးပါက၊ သင်လုပ်သည့် မည်သည့်အရာမျှ ကောင်းစွာ ပြီးမြောက် လိမ့်မည် မဟုတ်ပေ၊ သင်လုပ်သည့် မည်သည့်အရာမျှ ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီလိမ့်မည် မဟုတ်ပေ၊ ပြီးလျှင် သင်မည်မျှ အလုပ်ကြိုးစားပါစေ၊ ယင်းမှာ အင်အားကို ဖြုန်းတီးခြင်းတစ်ခုသာ ဖြစ်လိမ့်မည်။ သင်တို့သည် ဤသည်ကို အတွေ့အကြုံမှတစ်ဆင့် ဖြည်းဖြည်းချင်း သင်ယူလာလိမ့်မည်။ သင်တို့ လုပ်ဆောင်သမျှ၌၊ သင်တို့သည် သဘောတညီတညွတ်တည်း ရှိရမည်။ သင်တို့သည် မည်သို့ သဘောတညီတညွတ်တည်း ရှိနိုင်သနည်း။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်။ သို့မှသာလျှင် သင်တို့သည်- အားလုံးအတူတကွ၊ ပြီးလျှင် သဘော တညီတညွတ်တည်း- တုတ်ချောင်း တစ်စည်းကဲ့သို့ သန်စွမ်းလာမည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရာ၌ သင်၏စိတ်နှလုံး၊ ဉာဏ်နှင့် ဝိညာဉ်တို့ကို အသုံးပြုသည့်အခါမှသာ သင်၌လူသားပုံသဏ္ဌာန်ရှိလိမ့်မည်” မှ

သင်တို့သည် သန့်ရှင်းသူတစ်ဦးဖြစ်ခြင်း၏ ခံစားချက်နှင့် အခြေခံသဘောတရားများကို ရှာမတွေ့သေးပါက သင်တို့၏ အသက်ဝင်ရောက်မှုသည် အလွန်ပေါ့တန်ကြောင်းနှင့် သင်တို့သည် သမ္မာတရားကို နားမလည်သေးကြောင်း ဤအရာက သက်သေပြနေသည်။ ဤသည်က နေ့စဉ် သင်တို့အသက်ရှင်သည့် အပြုအမူနှင့် ပတ်ဝန်းကျင်၌ သင်တို့ကို ပျော်မွေ့ခံစားဖို့နှင့် တွေးဆဖို့၊ တစ်ဦးနှင့်တစ်ဦး မိတ်သဟာယပြုဖို့၊ တစ်ဦးနှင့်တစ်ဦး အားပေးဖို့၊ တစ်ဦးနှင့်တစ်ဦး သတိပေးနှိုးဆော်ဖို့၊ တစ်ဦးနှင့်တစ်ဦး ကူညီဖို့နှင့် စောင့်ရှောက်ဖို့၊ ပြီးလျှင် တစ်ဦးနှင့်တစ်ဦး ပံ့ပိုးဖို့နှင့် ထောက်ပံ့ဖို့ လိုအပ်လေသည်။ သူတစ်ပါး၏ အမှားပေါ်တွင် အမြဲ အာရုံမစိုက်နှင့်၊ သို့ရာတွင် မိမိကိုယ်မိမိ မကြာခဏ ပြန်လည်သုံးသပ်လော့၊ ပြီးလျှင် အခြားသူများကို နှောင့်ယှက်ခြင်း၊ သို့မဟုတ် ထိခိုက်ခြင်း ဖြစ်စေသည့် သင်တို့လုပ်ဆောင်ခဲ့သည့်အရာကို နောက်ပိုင်းတွင် ၎င်းတို့အား ဝန်ခံဖို့ အခြေအနေကို ဖန်တီးယူလော့။ သင်တို့ကိုယ်သင်တို့ ဖွင့်ဟဖို့နှင့် မိတ်သဟာယပြုဖို့ သင်ယူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သို့ လက်တွေ့ကျကျ မိတ်သဟာယပြုရမည်ကို အတူတကွ မကြာခဏ ဆွေးနွေးလော့။ သင်တို့အသက်တာ၏ ပတ်ဝန်းကျင်သည် မကြာခဏ ထိုသို့ဖြစ်သည့်အခါ ညီအစ်ကိုမောင်နှမများကြား ဆက်ဆံရေးသည် ပုံမှန်ဖြစ်လာသည်— မယုံကြည်သူများကြားမှ ဆက်ဆံရေးများကဲ့သို့ ရှုပ်ထွေးခြင်း၊ ညံ့ဖျင်းခြင်း၊ အေးစက်ခြင်း၊ သို့မဟုတ် ရက်စက်ခြင်း မရှိတော့။ သင်တို့သည် ထိုသို့သော ဆက်ဆံရေးများကို အာရုံထဲမှ ဖြည်းဖြည်းချင်း ဖျောက်ပစ်လိမ့်မည်။ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း သာ၍ နီးကပ်ပြီး ရင်းနှီးလာသည်။ သင်တို့သည် အချင်းချင်း ထောက်ပံ့နိုင်ပြီး အချင်းချင်း ချစ်နိုင်သည်။ သင်တို့၏စိတ်နှလုံးများတွင် စေတနာရှိလာသည်၊ သို့မဟုတ် သင်တို့သည် အချင်းချင်းအပေါ် သည်းခံနိုင်စွမ်းနှင့် သနားကရုဏာထားနိုင်စွမ်းရှိသည့် စိတ်နေစိတ်ထားတစ်ခု ရှိလာသည်၊ ပြီးလျှင် သင်တို့သည် အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ အချင်းချင်း နင်းခြေခြင်း၊ အချင်းချင်း မနာလိုဖြစ်ခြင်း၊ တိတ်တဆိတ် ယှဉ်ပြိုင်ခြင်း၊ အချင်းချင်း မမြင်ကွယ်ရာတွင် အထင်အမြင်သေးစိတ်ကိုဖြစ်စေ၊ ပမာမထားစိတ်ကိုဖြစ်စေ သိုထားခြင်း၊ သို့မဟုတ် အချင်းချင်း မနာခံခြင်း အခြေအနေနှင့် သဘောထားတစ်ခုထက် အချင်းချင်း ထောက်ကူပြီး စောင့်ရှောက်ကြသည်။ ထိုသို့သော အနေအထားများ၊ သို့မဟုတ် အခြေအနေများတွင် အသက်ရှင်ခြင်းသည် လူများကြားတွင် ဆိုးရွားသည့် ဆက်ဆံရေးများကို ဖြစ်ပေါ်စေသည်။ ယင်းက သင့်အပေါ်တွင် အပျက်သဘောဆောင်သည့် လွှမ်းမိုးမှု အမျိုးမျိုးကို ဖြစ်ပေါ်စေပြီး သင့်ကို ထိခိုက်စေရုံသာမက တစ်ပါးသူများကိုလည်း အတိုင်းအတာအမျိုးမျိုးအထိ အပျက်သဘောဆောင်စွာ လွှမ်းမိုးမှုများနှင့် ထိခိုက်မှုများ ဖြစ်ပေါ်စေသည်။ ဤသည်ကို လူများ အောင်မြင်ကျော်လွှားဖို့အတွက် ယေဘုယျအားဖြင့် အလွန်ခက်ခဲသည်— လူများက သင့်ကို တလွဲမြင်သည့်အခါ၊ သို့မဟုတ် ၎င်းတို့က သင်၏ဆန္ဒနှင့် မကိုက်ညီသည့် တစ်စုံတစ်ခုကို ပြောသည့်အခါ သင်စိတ်ဆိုးသည်၊ ပြီးလျှင် သင်၏အရည်အချင်းပြဖို့ အခွင့်အရေးကို ပိတ်ပင်ဖို့ တစ်စုံတစ်ဦးက တစ်စုံတစ်ခု လုပ်ဆောင်သည့်အခါ သင်သည် ၎င်းတို့ကို မကျေမချမ်းဖြစ်ပြီး ကသိကအောက်ဖြစ်ကာ စိတ်မချမ်းမမြေ့ဖြစ်၍ သင်၏ဂုဏ်သတင်းကို နဂိုအတိုင်းပြန်ဖြစ်စေဖို့ မည်သို့လုပ်ရမည်ကိုသာ သင်တွေးနိုင်သည်။ အမျိုးသမီးများနှင့် လူငယ်များသည် ဤသည်ကို အထူးသဖြင့် အောင်မြင်ကျော်လွှားနိုင်စွမ်း မရှိကြချေ။ ၎င်းတို့သည် ဤသေးသိမ်သော စိတ်သဘောထားများ၊ ဤဝုန်းဒိုင်းကြဲခြင်းများ၊ ဤသေးသိမ်သော စိတ်ခံစားချက်များ၌ ကျော့မိနေကြပြီး ၎င်းတို့အတွက် ဘုရားသခင်ရှေ့မှောက်သို့ လာဖို့ ခက်ခဲကြလေသည်။ ဤရှုပ်ထွေးသော ပင့်ကူအိမ်ကဲ့သို့ ဆက်ဆံရေးများတွင် ငြိနေကာ ရစ်တွယ်နေကြသဖြင့် လူများအတွက် ဘုရားသခင်ရှေ့မှောက်တွင် မိမိတို့ကိုယ်ကို ငြိမ်သက်စေဖို့ ခက်ခဲကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ မိမိတို့ကိုယ်ကို ငြိမ်သက်စေဖို့ ခက်ခဲကြသည်။ ထို့ကြောင့် ညီအစ်ကိုမောင်နှမများနှင့် မည်သို့သင့်မြတ်ဖို့ကို ပထမဦးစွာ သင်ယူရမည်။ သင်တို့သည် အချင်းချင်း သည်းခံရမည်၊ အချင်းချင်း သက်ညှာရမည်၊ အချင်းချင်းနှင့် ပတ်သက်၍ မည်သည့်အရာက ထူးခြားချက်ဖြစ်သည်၊ အချင်းချင်း၏ အားသာချက်များက မည်သည့်အရာဖြစ်သည်တို့ကို မြင်နိုင်ရမည်— ပြီးလျှင် အခြားသူများ၏ ထင်မြင်ချက်များကို လက်ခံရန်နှင့် မိမိကိုယ်မိမိ ဆင်ခြင်သုံးသပ်ခြင်းကို ဆောင်ရွက်ဖို့နှင့် မိမိကိုယ်မိမိ သိကျွမ်းခြင်းကို ရရှိဖို့ မိမိ၏ အတွင်းနက်ရှိုင်းရာထဲသို့ ဆုတ်ခွာနေရန် သင်ယူရမည်။ အခြားသူများအား သင့်ကို နားထောင်ဖို့၊ သင်ပြောသည့်အတိုင်း လုပ်ဆောင်ဖို့၊ သင့်ကို ကြည်ညိုဖို့နှင့် သင့်ကို ပင့်ထားဖို့ အတင်းစေခိုင်းသော်လည်း ၎င်းတို့၏ချွတ်ယွင်းချက်များကို ချုပ်တည်းမှု မရှိဘဲ ချဲ့ကားပြောဆိုပြီး ပုံကြီးချဲ့လျက် ၎င်းတို့၏ အားသာချက်များကိုမူကား သတိမမူမိဘဲ သင့်ကို ၎င်းတို့နာခံပြီး အရေးထားကာ ကြောက်ရွံ့၍ သင့်ထံမှ ပုန်းကွယ်သွားကြသည်အထိ ၎င်းတို့၏ ချွတ်ယွင်းချက်များကို တစ်ချိန်လုံး လူသိရှင်ကြား ပြောကာ ယင်းတို့ကို အထင်အမြင်သေးပြီး စက်ဆုပ်ရွံရှာလျက်၊ သို့မဟုတ် အခြားသူများကို နာကျင်စေဖို့နှင့် နှောင့်ယှက်ဖို့ စကားများနှင့် အခြားနည်းလမ်းများကို အသုံးပြုလျက် သင့်ကိုယ်သင် စိတ်အလို မလိုက်လွန်းရ၊ သို့တည်းမဟုတ် သင်၏ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ သို့မဟုတ် လုံးဝမပြောပလောက်သော သင်၏ အားသာချက်များကို ဇက်ကုန် မလွှတ်ရ။ လူများအကြား ထိုသို့သော ဆက်ဆံရေးတစ်ခု ဖြစ်လာခြင်း၊ သို့မဟုတ် တည်ရှိလာခြင်းကို သင်တို့ မြင်လိုသလော။ ယင်းမှာ မည်သို့ရှိသည်ကို သင်တို့ခံစားလိုမည်လော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုအတွက် ပဓာနအကျဆုံး အခြေခံသဘောတရား” မှ

ဘုရားသခင်သည် ဆင်းရဲသူကို မြေမှုန့်မှ ချီမ၏။ နှိမ့်ချသောသူများသည် ချီးမြှောက်ခြင်းခံရမည်။ ၎င်းတို့အားလုံး ငါ၏အတွင်းတွင် ရှိကြဖို့အလို့ငှာနှင့် အသင်းတော်တွင်ရှိသော သင်တို့အားလုံး ငါ့ကို ကျိုးနွံနာခံကြဖို့အလို့ငှာ၊ ငါသည် စကြဝဠာနှင့်ဆိုင်သော အသင်းတော်ကို အုပ်စိုးဖို့၊ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံးကို အုပ်စိုးဖို့ရန် ငါ၏ဉာဏ်ပညာကို ပုံစံမျိုးစုံဖြင့် ငါ အသုံးပြုမည်။ ယခင်က မနာခံခဲ့သူများသည် ယခု ငါ့ရှေ့မှောက်တွင် နာခံရမည်၊ အချင်းချင်း ကျိုးနွံနာခံရမည်၊ အချင်းချင်း သည်းခံရမည် ဖြစ်သည်။ သင်ကိုယ်တိုင်၏ အားနည်းချက်များကို ထေမိဖို့ရန် အားလုံးသည် အချင်းချင်း၏ အားသာချက်များကို ထုတ်သုံးရင်းနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အစေခံရင်း၊ သင်တို့၏ အသက်တာများသည် ဆက်နွှယ်နေရမည်ဖြစ်ပြီး၊ သင်တို့ အချင်းချင်း ချစ်ခင်ရမည်။ ဤနည်းလမ်းဖြင့် အသင်းတော်ကို တည်ဆောက်မည် ဖြစ်ပြီး စာတန်သည် အမြတ်ထုတ်ဖို့ အခွင့်အရေး ရရှိလိမ့်မည် မဟုတ်ပေ။ ထိုအခါမှသာ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်သည် ကျရှုံးလိမ့်မည် မဟုတ်ပေ။ ဤတွင် အခြားသတိပေးချက်တစ်ခုကို သင်တို့အား ငါပေးဦးမည်။ အကြင်မည်သောလူသည် တစ်ချို့သော ပုံစံဖြစ်သောကြောင့်၊ သို့မဟုတ် တစ်စုံတစ်ရာသော နည်းလမ်းဖြင့် ပြုမူခဲ့သောကြောင့်၊ သင်၏ ဝိညာဉ်ရေးရာ အခြေအနေအတွင်း ဆုတ်ယုတ်လာသည့် အကျိုးဆက်နှင့်အတူ သင့်အထဲတွင် နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်ခွင့်မပေးနှင့်။ ငါမြင်ရသမျှ၊ ဤသည်မှာ မသင့်တော်သကဲ့သို့၊ တန်ဖိုးမဲ့သော အရာတစ်ခု ဖြစ်သည်။ သင် ယုံကြည်သောသူသည် ဘုရားသခင်ဖြစ်သည် မဟုတ်လော။ လူတစ်စုံတစ်ယောက် မဟုတ်ပေ။ လုပ်ငန်းဆောင်တာများသည် မတူပေ။ ကိုယ်တစ်ခုတည်းရှိ၏။ အသီးသီးက မိမိ၏ တာဝန်ကို လုပ်ဆောင်သည်၊ အသီးသီးက မိမိ၏ နေရာတွင်ရှိပြီး အကောင်းဆုံးလုပ်ဆောင်နေပြီး- မီးပွင့်တစ်ခုစီအတွက် ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခု ရှိသည်- အသက်တာ၌ ရင့်ကျက်မှုကို ရှာဖွေနေကြ၏။ ထိုသို့ဖြင့် ငါသည် စိတ်ကျေနပ်ခြင်း ရှိလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၁” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

သင်သည် သာ၍ငယ်ရွယ်သူ သို့မဟုတ် သာ၍ကြီးရင့်သူ ညီအစ်ကို သို့မဟုတ် ညီအစ်မ တစ်ဦး ဖြစ်ပါစေ၊ သင် ထမ်းဆောင်အပ်သည့် လုပ်ငန်းတာဝန်ကို သင် သိသည်။ ငယ်ရွယ်သူတို့သည် မာနထောင်လွှားမှု မရှိကြပေ၊ သာ၍ အသက်ကြီးသောသူတို့သည် မတုန်မလှုပ် သို့မဟုတ် ဆုတ်ယုတ်ခြင်းလည်း မရှိကြပေ။ ထို့အပြင် သူတို့သည် အချင်းချင်း၏ အားသာချက်များကို သူတို့၏အားနည်းချက်များအား ထေမိစေရန် အသုံးပြုနိုင်ပြီး၊ သူတို့သည် မည်သည့် အစွဲမျှမရှိဘဲ၊ တစ်ဦးနှင့်တစ်ဦး အစေခံနိုင်ကြသည်။ သာ၍အသက်ကြီးသူနှင့် သာ၍ငယ်ရွယ်သူ ညီအစ်ကို မောင်နှမတို့ အကြားတွင် ချစ်ကြည်ရေး တံတားကို တည်ဆောက်ထားပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့်၊ သင်တို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး သာ၍ ကောင်းစွာ နားလည်နိုင်ကြသည်။ သာ၍ ငယ်ရွယ်သော ညီအစ်ကို မောင်နှမ တို့သည် သာ၍အသက်အရွယ်ကြီးသော ညီအစ်ကို မောင်နှမများအပေါ် အထင်မသေးကြသကဲ့သို့၊ သာ၍ အသက်ကြီးသော ညီအစ်ကို မောင်နှမများသည်လည်း မိမိကိုယ်ကို မှန်သည်ဟု မယူမှတ်ကြပေ- ယင်းသည် သဟဇာတဖြစ်သော တွဲဖက်ခြင်း မဟုတ်ပါသလော။ သင်တို့အားလုံးတွင် ဤကဲ့သို့သော စိတ်ပိုင်းဖြတ်မှုရှိလျှင်၊ ဘုရားသခင်၏ အလိုတော်သည် သင်တို့၏ မျိုးဆက်တွင် ဧကန် ပြည့်စုံပါလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိတို့၏ အလုပ်တာဝန်ကို ထမ်းဆောင်ကြသော အယောက်တိုင်းနှင့်ပတ်သက်၍” မှ

သင်၏တာဝန်ကို လုပ်ဆောင်သည့်အခါ၊ သင်သည် သင်၏ ညီအစ်ကိုများ၊ ညီအစ်မများနှင့် သဟဇာတရှိစွာ လုပ်ဆောင်နိုင်ရန်၊ သူတို့နှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့ရန်၊ စားပွဲပေါ်တွင် အရာရာတိုင်းကို ချထားရန်၊ ပွင့်လင်းစွာ လူသိရှင်ကြား ရိုးရိုးသားသား ဆက်ဆံဆက်သွယ်ရန် နှင့် ရှင်းလင်းစွာ ပြောဆိုရန် သင့်ကိုယ်သင် လေ့ကျင့်ရမည်။ ထို့နောက် လူတိုင်းသည် သဟဇာတရှိစွာ အတူတကွ လုပ်ဆောင်လျက် လုပ်ငန်းနှင့်ပူးပေါင်းမှုတို့ကို အသီးသီး လုပ်ဆောင်သည်။ အကယ်၍ နားမလည်သေးသောအရာရှိလျှင်၊ လူတိုင်းသည် သာ၍ အတူတကွရှိကာ မိသဟာယဖွဲ့သင့်ပါသည်။ နားလည်သောသူတို့သည် သူတို့၏နားလည်မှုကို တွန့်ဆုတ်ခြင်းမရှိဘဲ မိသဟာယဖွဲ့သင့်ပါသည်၊ ဉာဏ်အလင်း အလင်းရရှိသောသူ မည်သူမဆို လျှင်မြန်စွာ အခြားသူများအား ထိုအကြောင်းအရာကို ပြောပြသင့်သည်။ အခြားသူတို့သည် သူတို့၏ တာဝန်များကို လုပ်ဆောင်နေစဉ် သင်သည် သူတို့ကို သာ၍ အကူအညီ အထောက်အမပြုနိုင်လျှင်၊ ထိုသို့ပြုရန် ကြိုးစားအာထုတ်မှုကို မချန်ထားသင့်ပါ၊ အနည်းငယ်မျှပင် ထိမ်ချန်ထားခြင်းမရှိသင့်ပါ။ ဆိုးသွမ်းသော မိန်းမပျိုတို့သည် မည်သို့ တွေးကြမည်နည်း။ “ဤအရာကို ငါသိသည်၊ သို့သော် သင့်ကို ငါ မပြောပြပါ”။ “သင်သည် ငါ့ကို မပြောပြလျှင် ငါသည် သင့်ကို မပြောပြပါ”။ ၎င်းသည် ဆိုးသွမ်းသော မိန်းမပျိုတို့ မည်သို့စဉ်းစားကြသည်ကို ဆိုလိုသည်၊ အခြားသူတို့သည် သူတို့ထက် သာလွန်ကောင်းမွန်လိမ့်မည်ကို အလွန်ကြောက်ရွံ့ကြသည်။ ထိုအရာသည် သာမာန်လူ့သဘောသဘာဝရှိသောသူ၌ ရှိသင့်သော စဉ်းစားခြင်းမျိုးမဟုတ်ပါ။ ထိုအရာသည် သာမာန်လူ့သဘောသဘာဝ သို့မဟုတ် အပြုသဘောဖြစ်သောအရာ မဟုတ်ပါ၊ ဤအရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်သော၊ ဆိုးသွမ်းသော၊ မရိုးသားသော၊ လျှို့ဝှက်သော၊ ညစ်ပတ်သော၊ ရှက်ဖွယ်သော ဤအရာအားလုံးတို့သည် အပြုသဘောဖြစ်သောအရာများ မဟုတ်ကြပေ၊ ၎င်းတို့သည် အပျက်သဘောဖြစ်သော အရာများ အားလုံး ဖြစ်ကြသည်။ ထို့ကြောင့် သင်တို့သည် ဤအရာများကို စွန့်လွှတ်ရန် သင်ယူရမည်။ သင်တို့သည် ထိုအရာတို့အား သင်တို့ကို ထိန်းချုပ်ခြင်း၊ မောင်းနှင်ခြင်း သို့မဟုတ် အုပ်စိုးခြင်းအခွင့်ကို မပေးရပါ၊ ထိုအရာတို့ကို ကျော်လွှားပြီး၊ သမ္မာတရား၏ ပိုင်ဆိုင်မှုခံရသူ နှင့် အလင်း၌ ကျင်လည်သူဖြစ်ရန် ကြိုးစားအားထုတ်ရမည်။ ရိုးသားမှု၊ ပွင့်လင်းမှု၊ စစ်မှန်မှု၊ ခံနိုင်ရည်ရှိခြင်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်း နှင့် သိုသိပ်စွာနေခြင်း၊ အခြားသူများကို ချီးမွမ်းရန် သင်ယူခြင်း၊ အခြားသူများကို ကူညီရာတွင် ဝမ်းမြောက်မှုကို ရှာတွေ့ရန် သင်ယူခြင်း၊ ကောင်းမွန်သောအမှုကို ပြုခြင်း နှင့် ကောင်းမွန်သော နှလုံးသားရှိခြင်း- ၎င်းအားလုံးတို့သည် အပြုသဘောဖြစ်သော အရာများ ဖြစ်ကြသည်။ အပျက်သဘောဖြစ်သော အရာများ အတွက်မူ၊ သင်သည် သင်၌ အဆိုပါ အတွေးအခေါ် သို့မဟုတ် စဉ်းစားမှုများ ရှိသည်ဟု သို့မဟုတ် သင်သည် အဆိုပါ အခြေအနေများသို့ ရောက်သည်ဟု ရှာတွေ့သည်နှင့်တပြိုင်နက်၊ သင်သည် ၎င်းတို့ကို ကျောခိုင်းရန် နှင့် စွန့်ပစ်ရန် သင်ယူရမည်။ သင်သည် ထိုသို့မပြုလျှင်၊ ၄င်းတို့သည် သင့်ကို ထိန်းချုပ်မည်၊ သင်သည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်သည်နှင့်တပြိုင်နက် သင်သည် ၎င်းတို့ကဲ့သို့သောအရာများကို ပြုနိုင်လိမ့်မည်၊ ထို့နောက် သင်သည် စာတန်၏ စိတ်သဘောထား၏ ကျွန်ပြုခြင်း နှင့် ထိန်းချုပ်ခြင်းကို ခံရသော ရုပ်သေးတစ်ခု အစဉ်အမြဲဖြစ်လိမ့်မည်၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်တော့ပါ။ လူတို့သည် သမ္မာတရားကို ရရှိလိုလျှင်၊ သူတို့သည် သူတို့တွင် မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိသည်ကိုလည်းကောင်း၊ ထိုဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို သူတို့ မည်သို့ ဖော်ပြကြသည်ကိုလည်းကောင်း၊ သူတို့၏အတွေးများ သူတို့၏ စဉ်းစားမှုများသည် မည်သည်တို့ဖြစ်ကြသည်ကိုလည်းကောင်း၊ သမ္မာတရားနှင့် မအပ်စပ်သော မည်သည့်အခြေအနေများတွင် သူတို့ ရှိသည်ကိုလည်းကောင်း ရှေးဦးစွာ သိမှတ်ရမည်။ သူတို့သည် ဤအပျက်သဘော တဖက်သတ်ဖြစ်သော အရာများကို ဖွင့်ချကာ အသိအမှတ်ပြုသင့်သည်၊ ထို့နောက် ၎င်းတို့အား မည်သို့ စွန့်လွှတ်ရမည်ကိုသင်ယူလျက် ၎င်းတို့ကို တစ်ခုပြီးတစ်ခု ဖြေရှင်းသင့်သည်၊ ၎င်းတို့ကို ကျော်ဖြတ်သင့်သည်၊ ၎င်းတို့ကို စွန့်ပစ်သင့်သည်။ သူတို့သည် အခြားသူများကို သူတို့ ဆက်ဆံသည့် နည်းလမ်းတွင်ဖြစ်စေ၊ သူတို့၏တာဝန်များကို သူတို့၏ ချဉ်းကပ်မှု၌ဖြစ်စေ၊ သူတို့၏ အသက်တာများတွင် ဖြစ်ပျက်သောအရာ တစ်ခုစီတိုင်းကို သူတို့၏ချဉ်းကပ်မှုတွင်ဖြစ်စေ၊ သမ္မာတရားကို အသုံးပြုရန် သင်ယူသင့်သည်။ သူတို့သည် သမ္မာတရားနှင့်အညီ ပြောဆို ပြုမူရန် သင်ယူသင့်သည်။ ဤနည်းအားဖြင့်၊ တဖြည်းဖြည်း၊ လူတို့သည် လူသားပုံသဏ္ဍာန်ကို ပိုင်ဆိုင်လာကြလိမ့်မည်၊ သူတို့သည် သူတို့၏ တာဝန်များကို လုပ်ဆောင်ရာတွင် သာ၍ သာ၍ ကောင်းမွန်လာကြလိမ့်မည်၊ လူတိုင်းသည် သာ၍ သာ၍ သဟဇာတရှိစွာ အတူတကွ လုပ်ဆောင်ကြလိမ့်မည်၊ ညီညွတ်ခြင်းအရာ၌ တိုးပွားလာကြလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတစ်ဦး၏တာဝန်များထဲ၌ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ခံစားနည်း” မှ

အရှေ့သို့- ၁၂၅) မိမိ၏ နှလုံးသားကို အခြားသူများသို့ ဖွင့်ပြခြင်း၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၂၇) အခြားသူများကို မေတ္တာဖြင့် ကူညီခြင်း၏ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၁၇၄ လူ့ဇာတိခံယူထားသောဘုရားသာ လူကို အပြည့်အဝကယ်တင်နိုင်

၁ဝိညာဉ်တော်အားဖြင့်လည်းမဟုတ်၊ ဝိညာဉ်တော်အနေဖြင့်လည်းမဟုတ်၊ ဘုရား လူသားကိုကယ်တင်ဖို့ လာသည် ဝိညာဉ်တော်ကို ဘယ်သူမှမမြင်နိုင်၊ မထိတွေ့နိုင်၊...

၇၅၈ ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏

ဘုရားကိုချစ်သောသူ ဘုရားရဲ့သက်သေခံနိုင်သူဘုရားရဲ့ကောင်းချီးနဲ့ ကတိတော်များရှိဘုရားကိုချစ်သောသူ ဘုရားရဲ့သားသမီး ယုံကြည်သူဘုရားရဲ့ကောင်းချီး...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်