၁၂၉) အခြားသူများထံတွင် အမှားပြင်ဆင်ခြင်း နှင့် တောင်းပန်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) ညီအစ်ကို တစ်ဦး သို့မဟုတ် ညီအစ်မ တစ်ဦးကို လှည့်ဖြားခြင်း သို့မဟုတ် နာကျင်ထိခိုက်စေခြင်းပြုကာ သူတို့အား အပျက်သဘောနှင့်အားနည်းခြင်းဖြစ်စေလျှင်၊ အမှားပြင်ဆင်ခြင်းများပြုရန် နှင့် တောင်းပန်ရန် ဖန်တီးယူပြီး၊ ထိုပုဂ္ဂိုလ်၏ ခွင့်လွှတ်ခြင်းကို ရရှိရန် ကြိုးပမ်းလုပ်ဆောင်ရမည်။

(၂) အချက်အလက်ကို အခြေခံကာ တောင်းပန်ရမည်။ အမှန်တကယ် စစ်မှန်သော နှလုံးသားဖြင့် တောင်းပန်ရမည်။ အနည်းငယမျှသာ ဖြစ်သော၊ အပေါ်ယံ ဖြစ်သော စကားများ ဖြင့် ဟန်ဆောင်လိမ်ညာကာ မပြောဆိုရပါ။

(၃) တစ်စုံတစ်ဦး၏ နားလည်မှုလွဲခြင်းကို ခံရသည့် အခါ၊ လိုအပ်လျှင် ထိုပုဂ္ဂိုလ်ထံသို့ အချက်အလက်နှင့်ယှဉ်သော အမှန်တရားကို ရှင်းပြနိုင်သည်။ ဥပဒေသ များမရှိဘဲ လိမ်လည်ခြင်း၊ အမှားများပြင်ဆင်ခြင်း နှင့် တောင်းပန်ခြင်း မပြုသင့်ပါ။

(၄) မိမိ၏ ညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန် ဆက်ဆံခြင်းများပြုရာတွင် သမ္မာတရား၌ မကြာခဏ မိတ်သာဟာယဖွဲ့ခြင်း နှင့် မိမိကိုယ်မိမိ ပြန်လည် သုံးသပ်ခြင်း ပြုသင့်သည်။ အချင်းချင်း ချစ်လော့၊ အချင်းချင်းတို့၏ စိတ်နှလုံးများကို သိလော့၊ သဟဇာတရှိစွာ နေနိုင်လိမ့်မည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အချို့သော နောက်ခံအခြေအနေကို ဆန့်ကျင်၍ သို့မဟုတ် အချို့သော ပတ်ဝန်းကျင်၌ သင်သည် အချို့သော နည်းလမ်းဖြင့် ပြုမူခြင်းသည် အတော်အတန် ဉာဏ်ပညာ ရှိသည် သို့မဟုတ် ထိုသို့လုပ်ဆောင်ဖို့ သင်၌ လုံလောက်သော အကြောင်းပြချက်များ ရှိခဲ့သည်ဟု သင် ခံစားရပြီးဖြစ်နိုင်သောကြောင့် သင်ပြုမူခဲ့သည်။ ထို့နောက် သင်သည် သင်၏လုပ်ဆောင်ချက်များတွင် အပြည့်အဝ လျော်ကန်သင့်မြတ်သည်ဟု သင်ခံစားခဲ့ရပြီး နောင်တမရှိခဲ့ပေ။ ညနေချိန်ရောက်လာသည့်အခါ၊ သင် လုပ်ဆောင်ခဲ့ပြီးဖြစ်သည့်အရာကို သင် ပြန်လည် သုံးသပ်သည် သို့မဟုတ် သင် ဉာဏ်အလင်းပွင့်ခြင်း ရရှိခဲ့သည့်အချိန် သို့မဟုတ် အပြစ်ဆိုခြင်းခံရသည့်အချိန် နေ့ရက်တစ်ရက် ရောက်လာသည့်အခါ- ထို့နောက်တွင် ထိုအချိန်က သင် ပေးခဲ့ပြီးဖြစ်သည့် အကြောင်းပြချက်မှာ အကြောင်းပြချက်တစ်ခု လုံးဝမဟုတ်ကြောင်းနှင့် သင်သည် အခြားနည်းလမ်းဖြင့် ပြုမူသင့်ခဲ့ကြောင်းကို သင်ခံစားရသည်။ ထိုသို့သောအချိန်များတွင် သင်မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဥပမာ၊ သင်သည် တစ်စုံတစ်ဦးအပေါ် လိမ်လည်ခဲ့သည်၊ သို့မဟုတ် ရောထွေးသော အရာများ သူ့အား ပြောခဲ့ပြီး သင်၏ ကိုယ်ပိုင် ဖုံးကွယ်ထားသော ကြံရွယ်ချက်များရှိသည်ဟု ဆိုကြပါစို့။ ကောင်းပြီ၊ သင်သည် ထိုပုဂ္ဂိုလ်ကို သွားရှာသင့်ပြီး သင်၏ လုပ်ရပ်များကို လေ့လာဆန်းစစ်သင့်သည်။ သင်က “ထိုအချိန်က ကျွန်ုပ် ပြောခဲ့သောစကားများကို ပြောရာတွင် ကျွန်ုပ်၌ ဖုံးကွယ်ထားသော ကြံရွယ်ချက် ရှိခဲ့သည်။ အကယ်၍ သင် ကျွန်ုပ်၏ တောင်းပန်ခြင်းကို လက်ခံနိုင်ပါက ကျွန်ုပ်ကို ကျေးဇူးပြု၍ ခွင့်လွတ်ပါ” ဟု ပြောသင့်သည်။ ဤသို့ဖြင့် သင်သည် သင့်ကိုယ်သင် လေ့လာဆန်းစစ်ပြီး သင့်ကိုယ်သင် ဖွင့်ဟပြခြင်းဖြစ်သည်။ သူ့ကိုယ်သူ လေ့လာဆန်းစစ်ပြီး ဖွင့်ဟပြသည့် ရိုးသားသည့် လူတစ်ဦးဖြစ်ဖို့ သတ္တိလိုအပ်သည်။ ၎င်းတို့ မျက်စိများ ပိတ်ထားခြင်းဖြင့် လူများက မည်သည့်အရာမျှ မမြင်နိုင်သောကြောင့်၊ လူများသည် ဆုတောင်းဖို့၊ ၎င်းတို့၏ အမှားများကို ဝန်ခံဖို့၊ နောင်တရဖို့ သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လေ့လာဆန်းစစ်ဖို့ လာသည်ဖြစ်စေ မလာသည်ဖြစ်စေ၊ သင်အလိုရှိသည့်အရာ မှန်သမျှကို ပြောနိုင်သည်။ ယင်းမှာ လေထဲသို့ စကားပြောသကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ လုပ်ဆောင်သည့်အချိန်တွင်၊ ယခင်က ၎င်းတို့ တွေးခဲ့သမျှနှင့် ပြောခဲ့သမျှ၊ ၎င်းတို့ သိုထားပြီးဖြစ်သည့် မည်သည့်ကြံရွယ်ချက်များမဆိုနှင့် ၎င်းတို့ လုပ်ဆောင်နေသည့် မည်သည့် သစ္စာဖောက်ဖျက်မှုကိုမဆို ထုတ်ပြောနိုင်သည်။ သို့သော်လည်း အကယ်၍ သင်သည် အခြားသူတစ်ဦးကို သင့်ကိုယ်သင် ဖွင့်ဟပြရမည်ဆိုပါက၊ သင်သည် သိက္ခာဆယ်လိုသောကြောင့် သတ္တိလျော့နည်းကောင်း လျော့နည်းနိုင်ပြီး ထိုသို့လုပ်ရန်လည်း သင်၏ဆုံးဖြတ်ချက်လျော့နည်းကောင်းနည်းနိုင်သည်။ ထိုသို့ဖြင့် ဤအရာများကို လက်တွေ့လုပ်ဆောင်ဖို့ သင့်အတွက် အလွန် ခက်ခဲပေလိမ့်မည်။ အကယ်၍ သင့်ကို ယေဘုယျသဘောများဖြင့် ပြောစေပါက သင်ပြုသောအရာများ သို့မဟုတ် ပြောသောအရာများ၏ နောက်ကွယ်၌ တစ်ခါတစ်ရံ ကိုယ်ပိုင် မက်လုံးများနှင့် ဖုံးကွယ်ထားသော ကြံရွယ်ချက်များ ရှိကြောင်း၊ သင်၏စကားများနှင့် လုပ်ဆောင်ချက်များတွင် သစ္စာမဲ့ခြင်း၊ မသန့်ရှင်းခြင်းများ၊ မုသားများနှင့် လိမ်လည်မှုများ ပါဝင်ကြောင်း သင်ပြောနိုင်မည်။ သို့သော်လည်း အစမှ အဆုံးထိ သင့်ထံ ဖြစ်ပျက်ခဲ့သည့်အရာ၊ သင်ပြောခဲ့သည့် မည်သည့်စကားများသည် လှည့်ဖြားတတ်ကြောင်း၊ ယင်းတို့၌ မည်သည့် ဖုံးကွယ်ထားသော ကြံရွယ်ချက်များ ပါဝင်ကြောင်း၊ သင်သည် မည်သည့်အရာကို တွေးနေခဲ့ကြောင်းနှင့်၊ သင်သည် မည်မျှ မလိုမုန်းထားစိတ်ရှိပြီး အန္တရာယ်ပေးခဲ့ကြောင်းတို့ကို သင့်အား ဖော်ထုတ်စေသည့် ပြဿနာတစ်ခုကို သင်ကြုံတွေ့ရသည့်အခါ၊ သင်တုန်လှုပ်ခြောက်ခြားနိုင်သကဲ့သို့ သင်သည် ထိုမျှလောက် အသေးစိတ်ကျသော အဆင့်အထိ သင့်ကိုယ်သင် ဖော်ထုတ်ရန် သို့မဟုတ် သင်ပြောသောအရာ၌ အတိအကျပြောရန် လိုလားနိုင်ခြင်း မရှိပေ။ “၎င်းမှာ ထိုအရာများထဲမှ တစ်ခုပင်ဖြစ်၏။ လူသားသည် အတော်အတန် လိမ်လည်လှည့်ဖြားတတ်သည်၊ အန္တရာယ်ပေးတတ်ပြီး စိတ်ချရခြင်း မရှိဟူ၍ ပြောရန်လုံလောက်သည်” ဟူ၍ ၎င်းကို ဖော့ပြောသောလူများပင် ရှိလိမ့်မည်။ ဤအရာမှာ သင်၏ဖောက်ပြန်ပျက်စီးသောအနှစ်သာရ၊ လိမ်လည်လှည့်ဖြားခြင်းနှင့် အန္တရာယ်ပေးတတ်ခြင်းတို့ကို မှန်ကန်စွာ ရင်ဆိုင်နိုင်စွမ်း မရှိသည်ကို ပြသည်၊ သင်၏သဘောထားသည် အစဉ်ခေါင်းရှောင်တတ်သကဲ့သို့၊ သင်သည် အစဉ် ခေါင်းရှောင်သောအခြေအနေတွင် ရှိ၏၊ သင်သည် သင့်ကိုယ်သင် အမြဲခွင့်လွှတ်ပြီး ဤကိစ္စတွင် ဒုက္ခဆင်းရဲခံနိုင်စွမ်း သို့မဟုတ် အဖိုးအခပေးနိုင်စွမ်း မရှိချေ။ ထို့ကြောင့် “ကျွန်ုပ်သည် အလွန်လှည့်စားပြီး တဖြည်းဖြည်းချင်း ဒုက္ခပေးတတ်သည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ လုပ်ဆောင်ချက်များတွင် မကြာခဏ တမင်လိမ်လည် လှည့်စားပြီး၊ အခြားသူများအပေါ်၌ လုံးဝ စစ်မှန်ခြင်း မရှိပါ။” ဟု ပြောလျက်၊ နှစ်ပေါင်းများစွာ အော်ဟစ်နေပြီးဖြစ်သည့် လူများစွာ ရှိကြသည်။ သို့သော် ယနေ့တိုင် ၎င်းတို့သည် ၎င်းတို့၏စကားများ သို့မဟုတ် လုပ်ဆောင်ချက်များ၌ ဖော်ထုတ်ပြသည့် လှည့်စားမှုနှင့် တဖြည်းဖြည်းချင်း ဒုက္ခပေးတတ်နိုင်ခြင်းတို့အတွက် နောင်တ ဖော်ပြသည်ကိုလည်းကောင်း၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ကိုလည်းကောင်း သင် မည်သည့်အခါမျှ မကြားဖူးသည့်အတွက်၊ ၎င်းတို့သည် လုံးဝ နှင့် လုံးလုံးလျားလျား လှည့်စားမြဲ လှည့်စားနေသည်။ ၎င်းတို့၏အပြစ်များကို ဝန်ခံပြီးခြင်း ရှိမရှိနှင့် ဘုရားသခင် ရှေ့မှောက်တွင် နောင်တရပြီးခြင်း ရှိမရှိတို့ကို ငါတို့ သေချာမသိနိုင်သော်လည်း၊ အခြားသူများနှင့် ရင်ဆိုင်သည့်အခါ၊ ၎င်းတို့သည် ထိုသူများကို လှည့်စားခြင်း၊ လိမ်ညာခြင်း သို့မဟုတ် ကြိုးကိုင်ခြယ်လှယ်ခြင်းတို့ ပြီးဆုံးပြီးဖြစ်သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် မည်သည့်အခါမျှ မတောင်းပန်ဘဲ၊ မိမိတို့ကိုယ်ကိုယ် စိတ်ဖြာလေ့လာခြင်း သို့မဟုတ် မိမိတို့ကိုယ် သိကျွမ်းလာခြင်း သို့မဟုတ် ဤအရေးကိစ္စမှ ၎င်းတို့ သင်ယူလေ့လာပြီး ဖြစ်သည့် အရာကို ပြောခြင်းတို့ မည်သည့်အခါမျှ မရှိကြပေ။ ၎င်းတို့ထိုသို့မလုပ်ဆောင်ခြင်းက တစ်စုံတစ်ခုကို သက်သေပြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မည်သည့်အခါမျှ မပုန်ကန်ဖူးသေးပေ။ ၎င်းတို့သည် ပေါ်ပင်ရေပန်းစားသော စကားလုံးများနှင့် အယူဝါဒများကို ထုတ်ဖော်ပြောရုံမျှသာ ဖြစ်သည်။ ၎င်းတို့သည် အလားအလာနောက်လိုက်ဖို့ ပေါ်ပင်ရေပန်းစားသော စကားလုံးများနှင့် အယူဝါဒများကို ပြောနိုင်သည် သို့မဟုတ် ၎င်းတို့၏ပတ်ဝန်းကျင်များအားဖြင့် ထိုသို့လုပ်ဆောင်ဖို့ အတင်းအကျပ်ပြုခြင်းခံရနိုင်သည်။ မည်သည့်အခြေအနေဖြစ်ပါစေ၊ ထိုသို့သော ပေါ်ပင်ရေပန်းစားသော စကားလုံးများနှင့် အယူဝါဒများကို မိန့်မြွက်ခြင်းသည် ၎င်းတို့ကို မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်” မှ

သူတစ်ပါး၏ အမှားပေါ်တွင် အမြဲ အာရုံမစိုက်နှင့်၊ သို့ရာတွင် မိမိကိုယ်မိမိ မကြာခဏ ပြန်လည်သုံးသပ်လော့၊ ပြီးလျှင် အခြားသူများကို နှောင့်ယှက်ခြင်း၊ သို့မဟုတ် ထိခိုက်ခြင်း ဖြစ်စေသည့် သင်တို့လုပ်ဆောင်ခဲ့သည့်အရာကို နောက်ပိုင်းတွင် ၎င်းတို့အား ဝန်ခံဖို့ အခြေအနေကို ဖန်တီးယူလော့။ သင်တို့ကိုယ်သင်တို့ ဖွင့်ဟဖို့နှင့် မိတ်သဟာယပြုဖို့ သင်ယူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သို့ လက်တွေ့ကျကျ မိတ်သဟာယပြုရမည်ကို အတူတကွ မကြာခဏ ဆွေးနွေးလော့။ သင်တို့အသက်တာ၏ ပတ်ဝန်းကျင်သည် မကြာခဏ ထိုသို့ဖြစ်သည့်အခါ ညီအစ်ကိုမောင်နှမများကြား ဆက်ဆံရေးသည် ပုံမှန်ဖြစ်လာသည်— မယုံကြည်သူများကြားမှ ဆက်ဆံရေးများကဲ့သို့ ရှုပ်ထွေးခြင်း၊ ညံ့ဖျင်းခြင်း၊ အေးစက်ခြင်း၊ သို့မဟုတ် ရက်စက်ခြင်း မရှိတော့။ သင်တို့သည် ထိုသို့သော ဆက်ဆံရေးများကို အာရုံထဲမှ ဖြည်းဖြည်းချင်း ဖျောက်ပစ်လိမ့်မည်။ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း သာ၍ နီးကပ်ပြီး ရင်းနှီးလာသည်။ သင်တို့သည် အချင်းချင်း ထောက်ပံ့နိုင်ပြီး အချင်းချင်း ချစ်နိုင်သည်။ သင်တို့၏စိတ်နှလုံးများတွင် စေတနာရှိလာသည်၊ သို့မဟုတ် သင်တို့သည် အချင်းချင်းအပေါ် သည်းခံနိုင်စွမ်းနှင့် သနားကရုဏာထားနိုင်စွမ်းရှိသည့် စိတ်နေစိတ်ထားတစ်ခု ရှိလာသည်၊ ပြီးလျှင် သင်တို့သည် အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ အချင်းချင်း နင်းခြေခြင်း၊ အချင်းချင်း မနာလိုဖြစ်ခြင်း၊ တိတ်တဆိတ် ယှဉ်ပြိုင်ခြင်း၊ အချင်းချင်း မမြင်ကွယ်ရာတွင် အထင်အမြင်သေးစိတ်ကိုဖြစ်စေ၊ ပမာမထားစိတ်ကိုဖြစ်စေ သိုထားခြင်း၊ သို့မဟုတ် အချင်းချင်း မနာခံခြင်း အခြေအနေနှင့် သဘောထားတစ်ခုထက် အချင်းချင်း ထောက်ကူပြီး စောင့်ရှောက်ကြသည်။ ထိုသို့သော အနေအထားများ၊ သို့မဟုတ် အခြေအနေများတွင် အသက်ရှင်ခြင်းသည် လူများကြားတွင် ဆိုးရွားသည့် ဆက်ဆံရေးများကို ဖြစ်ပေါ်စေသည်။ ယင်းက သင့်အပေါ်တွင် အပျက်သဘောဆောင်သည့် လွှမ်းမိုးမှု အမျိုးမျိုးကို ဖြစ်ပေါ်စေပြီး သင့်ကို ထိခိုက်စေရုံသာမက တစ်ပါးသူများကိုလည်း အတိုင်းအတာအမျိုးမျိုးအထိ အပျက်သဘောဆောင်စွာ လွှမ်းမိုးမှုများနှင့် ထိခိုက်မှုများ ဖြစ်ပေါ်စေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုအတွက် ပဓာနအကျဆုံး အခြေခံသဘောတရား” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားကို နားထောင်ပြီးသည့်နောက်တွင် သမ္မာတရားကို ချစ်သော လူတို့သည် ၎င်းတို့ မည်မျှ နားလည်သည်ကို ပဓာနမထားဘဲ၊ လောဆော်ကာ ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ကြလေသည်။ ဥပမာအားဖြင့်၊ အလုပ်လုပ်ဆောင်နေချိန်တွင်၊ ကိစ္စရပ်တစ်ခု၏ အမှန်တရားကို ရှင်းလင်းသည့် သိနားလည်မှုတစ်ခု မရှိခြင်းကြောင့်၊ လူအချို့သည် ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ဖြင့် အဆုံးသတ်ရသည်၊ နောက်တွင်မှ ၎င်းတို့က ထိုသူတို့ကို မှားယွင်းစွာ ကိုင်တွယ်ဖြေရှင်းမိပြီး ဖြစ်သည်ကို သိနားလည်မှုမှတစ်ဆင့် သဘောပေါက်သွားကြရသည်။ ထို့နောက် ၎င်းတို့သည် ထိုညီအစ်ကို မောင်နှမများ၏ ခွင့်လွှတ်မှုကို တောင်းခံရင်း၊ ၎င်းတို့ကို တောင်းပန်ရန် အပြေးအလွှားသွားကြသည်။ အလုပ် လုပ်နေချိန်တွင်၊ အချို့သော လူတို့သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ပြောဆိုခြင်းအားဖြင့် ကြွားဝါဖို့ အမြဲ ကြိုးစားကြသည်။ ယင်းတို့ကို ကြားရသည့်အခါ၊ ၎င်းတို့၏ ညီအစ်ကို မောင်နှမများသည် စိတ်ကုန်သွားကြပြီး ၎င်းတို့နှင့် ပတ်သက်သည့် အယူအဆများ ရှိကြကာ၊ ၎င်းတို့ကို အပြစ်တင်ကြလေသည်။ ၎င်းတို့သည် အမှားကို ဝန်ခံနိုင်ကြပြီး အယောက်တိုင်းကို တောင်ပန်နိုင်ကြကာ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ တစ်ဖန် မည်သည့်အခါတွင်မျှ ၎င်းတို့ ပြောဆိုလိမ့်မည်မဟုတ်ဟု အာမခံနိုင်ကြလေသည်။ ဤကဲ့သို့သော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေကြသည်၊ မဟုတ်လော။ အလုပ်အတွင်းတွင်၊ ဖြစ်ပေါ်သည့် သွေဖည်မှုများ သို့မဟုတ် အမှားများကို ၎င်းတို့ အမှန်ပြုပြင်နိုင်ပြီး ၎င်းတို့ နားလည်သည့် သမ္မာတရား သွင်ပြင်လက္ခဏာများကို လက်တွေ့လုပ်ဆောင်နိုင်ကြပါက၊ ဤသည်တို့မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေကြသည့် လူများ ဖြစ်ပြီး၊ ထိုသို့သော လူတို့သည် သမ္မာတရားနှင့်သက်ဆိုင်သည့် သိနားလည်မှုတစ်ခု စွမ်းဆောင်ရရှိနိုင်ကြပြီး လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်ကြပေသည်။ တစ်စုံတစ်ရာ အမှားကို လုပ်ဆောင်မိပြီးနောက် အခြားသူတို့၏ ထောက်ပြခြင်းကို ခံရပြီးသည့်နောက်တွင်ပင်၊ လူအချို့သည် အမှားကို ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်ရင်း၊ အရှက်မရှိ ဆက်လက် ရှာကြံအကြောင်းပြကြလေသည်။ ဤကဲ့သို့သော လူများသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ၊ ၎င်းတို့အနေဖြင့် အမှားတစ်ခု ပြုမိခြင်းကို ဝန်မခံနိုင်သကဲ့သို့ သမ္မာတရားကို လက်မခံနိုင်ပါက၊ ယင်းကို လက်တွေ့လုပ်ဆောင်ခြင်းအား ၎င်းတို့ အဘယ်သို့ စဉ်းစားပင်စဉ်းစားနိုင်မည်နည်း။ တစ်စုံတစ်ဦးသည် သိသာထင်ရှားစွာ အမှားတစ်ခု ပြုမိပြီးဖြစ်သော်လည်း၊ မိမိတို့၏ မာနကို ကာကွယ်ဖို့ ထိုအမှားက မှန်သည်ဟု အခိုင်အမာဆိုရင်း၊ အမှားကို ဝန်ခံလိမ့်ဦးမည် မဟုတ်ပါက၊ ဤလူသည် မည်သည့် သဘာဝမျိုး၏ ထိန်းချုပ်ခြင်း ခံနေရသနည်း။ ဤသည်မှာ စာတန်၏ ဘီလူးသရဲစီးသော သဘာဝ မဟုတ်လော။ ယင်းသည် အဆင်းနီသော နဂါးကြီး၏ သဘာဝ မဟုတ်လော။ ဘုရားသခင်ကို ယုံကြည်သော ကျွန်ုပ်တို့သည် အမှားတစ်ခုကို အမှန်တကယ် ကျူးလွန်မိပါက၊ ကျွန်ုပ်တို့ မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ ကျွန်ုပ်တို့၏ အမှားများကို ဖော်ထုတ်ရလောက်အောင် ကျွန်ုပ်တို့ သတ္တိရှိသင့်သည်၊ အမှားကို ဝန်ခံဖို့ သတ္တိရှိသင့်သည်၊ တစ်သည်တစ်ဖြစ်ပြီး နှစ်သည် နှစ်ဖြစ်သည်ဟု ပြောသင့်သည်၊ ကျွန်ုပ်တို့ ပြောင်းလဲနိုင်ဖို့အလို့ငှာ မည်သည့်နေရာတွင် ကျွန်ုပ်တို့ မှားသွားခဲ့သည်ကို နားလည်သင့်ပြီး၊ အနာဂတ်တွင် အလားတူ အမှားမျိုး တစ်ဖန် မည်သည့်အခါတွင်မျှ ကျွန်ုပ်တို့ မှားလိမ့်မည်မဟုတ်ဟု အာမခံသင့်ကြပေသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသော လူများအဖြစ် ဆိုလိုသည့်အရာ ဖြစ်သည်။ သင်သည် ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ရလောက်အောင် သတ္တိမရှိသကဲ့သို့ အလျှော့မပေးနိုင်စွမ်း ရှိမြဲရှိကာ သင်၏ လုပ်ရပ်များကို ဆက်လက် အကြောင်းရှာပါက သို့မဟုတ် သင့်ကို စိတ်မကျေနပ်သကဲ့သို့ သင်နှင့်ပတ်သက်သည့် ဆန့်ကျင်သော အယူအဆတစ်ခုရှိသည့် မည်သူကိုမဆို တိုက်ခိုက်ကာ ဖိနှိပ်ပါက၊ ဤအရာက သင်သည် သမ္မာတရားကို စက်ဆုပ်ပြီး မုန်းတီးသကဲ့သို့ ယင်းကို လက်တွေ့လုပ်ဆောင်သော တစ်စုံတစ်ဦး မဟုတ်သည်ကို ပြသပေသည်။ ထို့အပြင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေချိန်တွင်၊ အမှားပြင်ဆင်ခြင်းများနှင့် လူတို့ကို တောင်းပန်ခြင်းတို့သည် စိတ်နှလုံးမှ လာရပေမည်။ ဥပမာအနေဖြင့်၊ သင်သည် တစ်စုံတစ်ဦးကို အကျိုးမဲ့စေသော အရာတစ်ခု လုပ်ဆောင်မိပြီးဖြစ်ကာ သင်သည် နှုတ်အားဖြင့် ဖွင့်ဟ တောင်းပန်လိုသော်လည်း စိတ်ထဲတွင် တောင်းပန်သည်ကို မခံစားရပါက၊ ဤတောင်းပန်မှုသည် စကားလုံးများ တစ်စုသာ ဖြစ်သည်။ ယင်းသည် စစ်မှန်ရိုးသားမှုမရှိသကဲ့သို့ လိမ်ညာလှည့်စားသော အပြင်ပန်းသွင်ပြင်တစ်ခုသာ ဖြစ်သည်။ ဤသည်မှာ လှည့်စားမှုနှင့် အလိမ်အညာများ ဖြစ်သည်၊ မဟုတ်လော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အတွင်းမှ လာရမည်။ သင်သည် ယင်းကို လက်တွေ့လုပ်ဆောင်ဖို့ လှိုက်လှဲ‌သော စိတ်ဆန္ဒတစ်ခု ရှိရမည်ဖြစ်ပြီး၊ ထို့နောက်တွင်မှ သင် အောင်မြင်နိုင်ပေသည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အကယ်၍ သင်နှင့်သက်ဆိုင်သည့် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ ဝေဖန်မှုနှင့် ပြစ်တင်မှုတို့သည် အချက်အလက်များနှင့် မကိုက်ညီပါက၊ သင် မည်သို့ တုန့်ပြန်သနည်း။ ယင်းကို တိုက်ရိုက်ငြင်းပယ်ရန်နှင့် ယင်းကို ဝန်ခံဖို့ ငြင်းဆန်ရန်မှာ သင့်အတွက် အဆင်ပြေပါသလော။ ၎င်းတို့၏ ဝေဖန်မှုကို လက်ခံခြင်းအားဖြင့် သင် စတင်ရမည်ဖြစ်ပြီး၊ “သင် တင်ပြသည့် ဤပြဿနာကို ယခင်က ကျွန်ုပ် သတိမပြုမိခဲ့လေပြီ၊ သို့သော် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော သဘာဝ၏ အမှန်တရားအရ၊ ကျွန်ုပ်သည် ထိုသို့သော အမှားတစ်ခုကို ပြုလုပ်မိနိုင်စွမ်း တကယ်ကို ရှိပါသည်။ ကျွန်ုပ်သည် ယင်းကို သတိမထားမိလာခဲ့သေးသည်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ ပထမဦးစွာ ယင်းကို ကျွန်ုပ် လက်ခံရမည်၊ သို့သော် ကျွန်ုပ် မသင့်လျော်စွာ ပြုမိပြီးဖြစ်သည့် နေရာအတိအကျအတွက်မူ၊ မိမိကိုယ်ကို သုံးသပ်ဆင်ခြင်ရန်နှင့် အသိပညာ ရှာဖွေရန် ကျွန်ုပ် အချိန်တစ်ချို့ကြာ ယူသင့်သည်။ ထို့ကြောင့်၊ ဤထင်မြင်ချက်ကို ကျွန်ုပ်အား ဖွင့်ဟပြောခြင်းအတွက် သင့်အား ကျေးဇူးတင်ပါသည်” ဟု ပြောရမည်။ ထိုသို့ ပြောဆိုရန် အဆင်ပြေမည်လော။ ဘုရားသခင် ရွေးချယ်ထားသော လူတို့နှင့်သက်ဆိုင်သည့် သတ်မှတ်ချက်များက အလွန် မမြင့်မားပေ။ သင်သည် တရားမျှတပြီး လက်တွေ့ကျပါက၊ ၎င်းတို့ နားလည်မှုရှိလိမ့်မည်။ သင် ထိုသို့မဖြစ်သကဲ့သို့ ထိုအစား ၎င်းတို့၏ အပြုသဘောဆောင်သော ဝေဖန်မှုကို မှန်ကန်သော ပုံစံဖြင့် သဘောမထားနိုင်ပါက၊ ယင်းမှာ သင်၏ ပြဿနာ ဖြစ်သည်။ ယင်းမှာ သင်သည် သမ္မာတရား စစ်မှန်မှု သို့မဟုတ် သာမှန် လူ့သဘာဝ မပိုင်ဆိုင်သည်ကို ဆိုလိုပေသည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့ထဲမှ တစ်ဦးသည် သင် ပြောပြီးသည့်အရာကို ၎င်းတို့အား ဖိနှိပ်သောအရာအဖြစ် ယူဆရင်း နားလည်မှုလွဲပါက၊ ဤအခြေအနေကို သင် မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ သင်က၊ “ထိုအရာများကို ကျွန်ုပ် ပြောခဲ့ချိန်တွင်၊ သင့်ကို ဖိနှိပ်ရန် ကြိုးစားဖို့မှာ ကျွန်ုပ်၏ ရည်ရွယ်ချက် လုံးဝ မဟုတ်ခဲ့ပါ။ ယင်းက သင့်ကို အလွန် များလှသော ဖိအားအောက် ရောက်စေမည်ကိုလည်း ကျွန်ုပ် လုံးဝ မတွေးမိခဲ့ပါ။ ကျွန်ုပ် ပြောဆိုပြီးသည့်အရာက သင့်အပေါ် ဖိနှိပ်ခဲ့သည်ဟု သင် ခံစားရပါက၊ တကယ်ဖြစ်သော အချက်အလက်များ၏ အကျိုးဆက်များအားဖြင့် ဝေဖန်ခြင်းသည်လည်း ဖိနှိပ်မှု ပုံစံတစ်ခုဖြစ်သောကြောင့်၊ ယင်းကို ကျွန်ုပ် လက်ခံသည်။ ထို့ကြောင့် သင့်ကို တောင်းပန်ပါသည်။ ကျွန်ုပ် စိတ်မကောင်းပါ၊ ယခုမှစ၍ ယင်းကို ကျွန်ုပ် တစ်ဖန် လုပ်မည် မဟုတ်ပါ”ဟု ပြောသင့်သည်။ ဤကဲ့သို့ စကားပြောဆိုခြင်းသည် စိတ်နှလုံးမှ စကားပြောခဲ့ခြင်း ဖြစ်သည်နှင့်အမျှ၊ အတော်အတန် လက်တွေ့ကျပြီး အမှန်တရားများနှင့် ကိုက်ညီသည်။ ထိုအပြစ်က မည်သည့်အခါတွင်မျှ သင်၏ ရည်ရွယ်ချက်မဟုတ်ခဲ့ပါက၊ ဝေဖန်မှုကို သင် လက်ခံပြီးသင့်သည်၊ သင်၏ အမှားများကို ဝန်ခံပြီးဖြစ်သင့်ကာ နောင်တရဖို့ လိုလားမှုကို ဖော်ပြပြီးသင့်ပေသည်။ ထိုသို့သော အပြုအမူသည် သာမန် လူ့သဘာဝ စံနှုန်းများနှင့် ကိုက်ညီပြီး၊ လုံးဝ မှန်ကန်ကာ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပေသည်။ အနာဂတ်တွင်၊ ဤအခြေအနေမျိုးနှင့် သင် ကြုံရသည့်အချိန်တိုင်းတွင်၊ ဤသည်မှာ သင် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အရှေ့သို့- ၁၂၈) မိမိ၏ ညီအစ်ကိုမောင်နှမများကို ဆက်ဆံရမည့် နည်းလမ်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၃၀) ဆန့်ကျင်ဖက်လိင်နှင့် အပြန်အလှန် ထိတွေ့ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၆၂၈ ဘုရားသခင်အားဖြင့် စုံလင်သောသူဖြစ်ဖို့ ဘာသာရေးအတွေးအခေါ်တို့ကို စွန့်လွှတ်ပါ

၁ဘုရား နှုတ်ကပတ်တော်၏ စစ်ကြောစီရင်၊ ဆုံးမခြင်းကို သင်လက်ခံလျှင် ဘာသာရေးလမ်းစဉ်များကိုဖယ်ရှားထား၊နူတ်ကပတ်တော်ကို ဟောင်းနွမ်းသော အယူအဆနှင့်...

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁ စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်