၇၁) အသင်းတော်ထဲတွင် လူတို့ကို သီးခြားထားခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) သီးခြားထားခြင်းအား အသင်းတော် အသက်တာကို မကြာခဏ တားဆီးကာ နှောင့်ယှက်သည့်သူများနှင့် ကိုင်တွယ်ဖြေရှင်းခံရကာ ပြုပြင်ခံရပြီးနောက် ၎င်းတို့၏ အပြုအမူကို မရပ်တန့်သကဲ့သို့ မိမိတို့၏ လမ်းများကို မပြုပြင်သောသူတို့နှင့် တိုက်ဆိုင်၍ ထုတ်ပြန်ရမည်။

(၂) ဆိုးယုတ်သော လူများ မဟုတ်သော်လည်း ညံ့ဖျင်းသော လူ့သဘာဝရှိသည့်၊ အတော်အတန် မကြာခဏဖြစ်သော ပြစ်မှားခြင်းများကို ပြုမိပြီးဖြစ်ကာ အခြားသူများအပေါ် အတော်အတန် ဆိုးရွားသည့် လွှမ်းမိုးမှု အသုံးပြုသည့် အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို အစားထိုးရမည်ဖြစ်ပြီး သီးခြားခွဲခြင်းဖြင့် သုံးသပ်ဆင်ခြင်ဖို့ ချန်ထားရမည်။

(၃) မည်သည့် အခြေအနေများ ဖြစ်ခဲ့သည်ဖြစ်စေ၊ ထိန်းသိမ်းခံရပြီး ပြန်လွှတ်ပေးခြင်းခံရပြီးဖြစ်သည့် လူများကို ဘေးကင်းလုံခြုံသော ကြိုတင် ကာကွယ်မှုအဖြစ် ခြောက်လကြာ သီးခြားခွဲထားရမည်။

(၄) အသင်းတော်သည် လူတစ်ဦးနှင့်တိုက်ဆိုင်၍ သီးခြားခွဲထားခြင်းကို ယင်း၏ အသင်းသားအများစု၏ သဘောတူညီမှုဖြင့်သာ ထုတ်ပြန်နိုင်ပြီး ထိုလူ စစ်မှန်ရိုးသားစွာ နောင်တမရမချင်း အရေးယူမှုကို ရုပ်သိမ်း၍မရနိုင်ပေ။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ဖယ်ရှားရမည်။ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော နှလုံးသား မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများနှင့် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို နာခံခြင်း သို့မဟုတ် ချစ်ကြောက်ရိုသေခြင်းရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ မယုံကြည်သူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် မယုံကြည်သူထက်ပင် ပို၍ ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။ မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ဖွင့်ပြောတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ စိတ်သဘော မတိုက်ဆိုင်ခြင်းကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည်— အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် ဖယ်ရှားခြင်းအချို့ကို ရင်ဆိုင်ရသည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

အသင်းတော်တိုင်း၌ အသင်းတော်ကို ဒုက္ခပေးသူများ သို့မဟုတ် ဘုရားသခင်၏အမှုတော်၌ စွက်ဖက်သော သူများရှိသည်။ ၎င်းတို့အားလုံးသည် ရုပ်ဖျက်ကာ ဘုရားသခင်၏ အိမ်တော်ကို ထိုးဖောက်ဝင်ရောက်သည့် စာတန်များဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် သရုပ်ဆောင်ကောင်းကြ၏။ ငါ၏ ရှေ့မှောက်သို့ ပျပ်ဝပ်ကာ၊ စုတ်ပြတ်လျက် ခွေးဝဲစားများကဲ့သို့ အသက်ရှင်ရင်းနှင့် မိမိတို့၏ ရည်ရွယ်ချက်များ အထမြောက်စိမ့်သောငှာ သူတို့၏ “အစွမ်းကုန်” ဆက်ကပ်ကြလျက် ကြီးမားသော ချစ်ကြောက်ရိုသေမှုဖြင့် လာကြသော်လည်း၊ ညီအစ်ကို မောင်နှမများရှေ့တွင် ၎င်းတို့၏ အကျည်းတန်သည့်ဘက်ကို ပြကြလေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လူများကို ၎င်းတို့မြင်သောအခါ၊ ထိုးနှက်ကြပြီး တွန်းဖယ်ကြလေသည်။ သူတို့ကိုယ်တိုင်ထက် ခံ့ညားလောက်သော လူတို့ကို မြင်သောအခါ၊ မြှောက်ပင့်ပြီး မျက်နှာလုပ်တတ်ကြသည်။ အသင်းတော်ထဲတွင် ၎င်းတို့ အထိန်းအကွပ်မဲ့ကြလေသည်။ အသင်းတော်အများစုတွင် ထိုသို့သော “ဒေသခံ ဗိုလ်ကျသူများ”၊ ထိုသို့သော “ခိုင်းဖတ်များ” သည် အသင်းတော် အများစု၌ ရှိသည်ဟု ပြော၍ရသည်။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး မျက်စိမှိတ်ပြကာ လျှို့ဝှက် အချက်ပြကြလျက်၊ အတူတကွ ဆိုးယုတ်လှစွာ ပြုမူကြပြီး၊ ၎င်းတို့ထဲမှ မည်သူမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြချေ။ အဆိပ်အများဆုံးရှိသောသူသည် “မကောင်းဆိုးဝါးခေါင်းဆောင်” ဖြစ်ပြီး ဂုဏ်ဒြပ် အမြင့်ဆုံးဖြစ်သည့် သူသည် ဦးဆောင်ကာ ၎င်းတို့၏အလံကို လေထဲတွင် လွှင့်ထူပြီး သယ်ဆောင်လေသည်။ ဤလူများသည် ၎င်းတို့၏ အပျက်သဘောကို ဖြန့်ဝေလျက်၊ သေခြင်းတရားကို ထုတ်လွှတ်လျက်၊ မိမိတို့ သဘောရှိ လုပ်ဆောင်လျက်၊ မိမိတို့ သဘောရှိ ပြောဆိုလျက်နှင့် ၎င်းတို့ကို တားဆီးရန် မည်သူမျှ မဝံ့ရဲကြဘဲ၊ အသင်းတော်တွင် ဆူပူရမ်းကား ကြလေသည်။ ၎င်းတို့သည် စာတန်၏ စိတ်သဘောထားများဖြင့် ပြည့်လျှံကြလေသည်။ ဆူပူလှုပ်ရှားမှုကို ၎င်းတို့ ဖြစ်စေသည်နှင့် တစ်ပြိုင်နက် သေခြင်းတရား၏ အငွေ့အသက်တစ်ခုသည် အသင်းတော်ထဲကို ဝင်ရောက်လာသည်။ အသင်းတော်အတွင်း သမ္မာတရားကို လက်တွေ့ဆောင်ရွက်သောသူများသည် စွန့်ပစ်ခြင်းခံရပြီး သူတို့၏ ရှိသမျှ အစွမ်းကုန် မကြိုးစားနိုင်ကြသော်လည်း အသင်းတော်ကို နှောင့်ယှက်၍ အသင်းတော်အတွင်း သေခြင်းတရားကို ပြန့်စေသော သူများသည် စည်းလွတ်ဘောင်လွတ် ဖြစ်နေကြ၏၊ ထို့အပြင် လူအများစုက သူတို့နောက်သို့ လိုက်ကြသည်။ ဤကဲ့သို့သော အသင်းတော်မျိုးသည် အကယ်ပင် စာတန်၏ ထိန်းချုပ်မှုအောက်၌ရှိပြီး နတ်ဆိုးသည် သူတို့၏ဘုရင်ဖြစ်သည်။ အကယ်၍ အသင်းတော်က လူများသည် ထကြွကာ ထိုမကောင်းဆိုးဝါး ခေါင်းဆောင်များကို မငြင်းပယ်ပါက၊ သူတို့သည်လည်း အနှေးနှင့်အမြန် ပျက်စီးသွားမည်ဖြစ်သည်။ ယခုမှစ၍ ဤကဲ့သို့သော အသင်းတော်များကို အရေးယူရပေမည်။ အကယ်၍ သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိသူတို့သည် မကြိုးပမ်းပါက၊ ထိုအသင်းတော်သည် ဖျက်ပစ်ခံရမည်ဖြစ်သည်။ အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို “သေခြင်းကို မြေမြှုပ်ခြင်း” ဟုခေါ်သည်၊ ယင်းသည် စာတန်ကိုနှင်ထုတ်ခြင်းကို ဆိုလိုသည်။ အကယ်၍ အသင်းတော်တွင် ဒေသခံ ဗိုလ်ကျသူအချို့ ပါရှိပြီး ၎င်းတို့နောက်သို့ ချင့်ချိန်နိုင်စွမ်း လုံးဝကင်းမဲ့သည့် “ယင်ကောင်ငယ်များ” လိုက်ပါက၊ ထို့အပြင် အသင်းသားများသည် သမ္မာတရားကို မြင်ပြီးနောက်တွင်ပင် ဤဗိုလ်ကျသူများ၏ အနှောင်အဖွဲ့များနှင့် ကြိုးကိုင်ခြယ်လှယ်မှုတို့ကို ငြင်းပယ်နိုင်စွမ်းမရှိသေးပါက၊ ထိုမိုက်မဲသူများ အားလုံးသည် အဆုံးတွင် သုတ်သင်ဖယ်ရှင်းခံရမည်ဖြစ်သည်။ ဤယင်ကောင်ငယ်များသည် မည်သည့် ဆိုးရွားသောအရာကိုမျှ မလုပ်ခဲ့ သော်ငြားလည်း၊ ၎င်းတို့သည် ပို၍ပင် လှည့်ဖြားတတ်ကာ၊ ပို၍ပင် ပါးနပ်ပြီး တိမ်းရှောင်တတ်၍၊ ဤကဲ့သို့သော လူတိုင်းသည် သုတ်သင်ဖယ်ရှင်း ခံရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်မျှ ကြွင်းကျန်ရစ်မည် မဟုတ်။ စာတန်နှင့်သက်ဆိုင်သော သူများသည် စာတန်ထံ ပြန်သွားကြ ရမည်ဖြစ်သော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သော လူများကမူ သမ္မာတရားကို ဧကန်အမှန်ပင် ရှာဖို့ကြိုးစား ကြလိမ့်မည်။ ဤအရာကို သူတို့၏သဘာဝဗီဇများအရ သတ်မှတ်ပိုင်းခြားထားခြင်း ဖြစ်သည်။ စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။ ထိုကဲ့သို့သော လူများကို မည်သည့်သနားခြင်းမျှ ပြသမည် မဟုတ်ပေ။ သမ္မာတရားကိုရှာသော သူများအား ထောက်ပံ့မှုများ ရရှိစေလော့၊ ပြီးလျှင်သူတို့၏စိတ်နှလုံးများ တင်းတိမ်ရောင့်ရဲသည်အထိ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သက် ပျော်မွေ့ကြပါစေ။ ဘုရားသခင်သည် ဖြောင့်မတ်၏။ သူသည် မည်သူကိုမျှ မျက်နှာမလိုက်။ အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်ပါက သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ရန် သင် မတတ်စွမ်းနိုင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေသော သူတစ်ယောက်ဆိုပါက၊ စာတန်၏ ဖမ်းချုပ်ထားခြင်းကို ဧကန်အမှန် သင်ခံရမည် မဟုတ်ပေ။ ဤသည်ကား ယုံမှားဖွယ်ရာ လုံး၀မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

လူတို့ကို ခွဲခြားပြီးနှင်ထုတ်ဖို့မှာ အသင်းတော်အတွက် တရားပေသည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် အသင်းတော် အသက်တာ၏ ပုံမှန် အစီအစဉ်ကို အမြဲ နှောင့်ယှက်ပြီးဖြစ်ကာ လူတို့ကို ခွဲခြားကာ နှင်ထုတ်ဖို့ မိမိတို့၏ ဩဇာအာဏာကို အလွဲသုံးစား လုပ်ခြင်းအားဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူများစွာကို ထိခိုက်နစ်နာစေကြပြီးဖြစ်သည့်အတွက်၊ ထို့ကြောင့် လူတို့ကို ခွဲခြားကာ နှင်ထုတ်ဖို့ဖြစ်သော ၎င်းတို့၏ ဩဇာအာဏာသည် ရုပ်သိမ်းခံခဲ့ရသည်။ သို့သော်၊ လူတို့ကို ခွဲခြားပြီး နှင်ထုတ်ဖို့မှာ အသင်းတော်အတွက် တရားမြဲတရားနေပြီး၊ ဤဩဇာအာဏာကို ထိန်းသိမ်းရမည်။ ကြိုတင်သတ်မှတ်ချက်မှာ အကောင်အထည်ဖော်ခြင်းကို အခြေခံသဘောတရားများအပေါ် အခြေပြုရမည်ဟု ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ တစ်ဦးချင်းကို ဘုရားသခင် ရွေးချယ်ထားသော လူတို့အား တိုက်ခိုက်ဖို့၊ လက်တုံ့ပြန်ဖို့နှင့် အမှုဆင်ဖို့ အခွင့်အရေးများ ရှာခွင့်မပေးရသကဲ့သို့ မိမိတို့၏ ဩဇာအာဏာကို အသုံးချခွင့် မပေးရ။ အသင်းတော်က တစ်စုံတစ်ဦးကို ခွဲခြားသည့်အခါ သို့မဟုတ် နှင်ထုတ်သည့်အခါ၊ အသင်းတော်၏ အသင်းသား ၈၀ ရာခိုင်းနှုန်းကျော်က ယင်းကို ထောက်ခံရမည်ဖြစ်သည်။ ဤအရာနှင့် ခေါင်းဆောင် သို့မဟုတ် အမှုတော်ဆောင် တစ်ဦးချင်း သို့မဟုတ် အသင်းသား အနည်းစုက တစ်စုံတစ်ဦးကို ခွဲခြားခြင်း သို့မဟုတ် နှင်ထုတ်ခြင်းတို့ကြားတွင် ပဓာနကျသော ခြားနားခြင်းတစ်ခုရှိသည်— ယင်းတို့သည် လုံးဝ ကွဲပြားခြားနားသော အရာနှစ်ခု ဖြစ်သည်။ အသင်းတော်က သီးသန့်ခွဲထုတ်ဖို့ ကျိုးကြောင်းခိုင်လုံသည့် လူတစ်ဦးမှာ အဓိကအားဖြင့် အသင်းတော် အသက်တာကို နှောင့်ယှက်နေကျဖြစ်ပြီး အကြောင်းမဲ့ မလျော်ကန်သော အပြုအမူတွင် ပါဝင်ပတ်သက်သူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ သမ္မာတရားနှင့် သက်ဆိုင်သော သိနားလည်ခြင်းတို့ကို နှောင့်ယှက်ခံရစေကာ အန္တရာယ်ဖြစ်စေသူနှင့် အကြံဉာဏ်ကို အလေးဂရုပြုရန်နှင့် ထပ်တလဲလဲ ဆုံးမပဲ့ပြင်ခံရသော်လည်း မိမိတို့၏ လမ်းများကို ပြောင်းလဲရန် ငြင်းပယ်သော သူတစ်ဦး ဖြစ်ပေသည်။ အတိအကျ ပြောရလျှင်၊ သီးသန့်ခွဲခြားခံရသည့် သူသည် ယေဘုယျအားဖြင့် ဆိုးယုတ်သော သူတစ်ဦး သို့မဟုတ် အကျိုးသင့်အကြောင်းသင့် မရှိသော သူတစ်ဦး ဖြစ်သည်။ တစ်စုံတစ်ဦးသည် အသင်းတော် အသက်တာကို တစ်သမတ်တည်း မနှောင့်ယှက်ပါက၊ သီးသန့်ခွဲခြားခြင်းကို ၎င်းတို့အပေါ် ချမှတ်၍မရပေ။ တစ်စုံတစ်ဦးကို သီးသန့်ခွဲခြားဖို့ နည်းလမ်းမှာ ၎င်းတို့အား အခြား သီးသန့်ခွဲခြားခံရသူ အချို့နှင့်အတူ စုဝေးပွဲများ တက်ရောက်ဖို့ တောင်းဆိုရန် ဖြစ်သည်။ လူတစ်ဦးတည်းသာ အသင်းတော်မှ သီးသန့်ခွဲခြားခံရပါက၊ ၎င်းတို့အား မိမိတို့အိမ်၌ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းများ ဆောင်ရွက်ဖို့ တောင်းဆိုနိုင်ပေသည်။ အတိုချုပ်အနေဖြင့်၊ ၎င်းတို့ကို အသင်းတော်အသက်တာတွင် ပါဝင်ပတ်သက်ခွင့် မပေးပေ။ လူတို့ကို ယခုတွင် စုဝေးပွဲများအတွက် အုပ်စု အေနှင့် ဘီများအဖြစ်သို့ သီးသန့် ခွဲထားသင့်ပြီး၊ သမ္မာတရားကို လုံးဝ မလိုက်စားဘဲ မလျော်ကန်သကဲ့သို့ အကြောင်းမဲ့သက်သက် ပြုမူသောသူတို့ကို အစည်းအဝေးများ တက်ရောက်ဖို့ အတူတကွ ထားရှိသင့်ပေသည်။ ဤသည်မှာ ပုံမှန် အသင်းတော် အသက်တာကို ထိန်းသိမ်းခြင်း၏ အကျိုးကျေးဇူးနှင့်၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုတို့အတွက် လုံးဝ ဖြစ်ပေသည်။ သီးသန့်ခွဲခြားခံရသည့်သူများသည် အုပ်စု ဘီကို ပူးပေါင်းပြီးနောက်တွင် နောင်တမရပါက၊ ၎င်းတို့ကို နှင်ထုတ်နိုင်သည်။

အလုပ်အစီအစဉ်များ မှ

အလွန့်အလွန် အပျက်သဘောဆောင်သော သက်ရောက်မှုတစ်ခုရှိသည့် အကြောင်းမဲ့ အပြုအမူတွင် ပါဝင်သည့်သူများနှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အသင်းတော်အလုပ်ကို ပြင်းထန်သော အနှောင့်အယှက်နှင့် ဆူပူမှုဖြစ်စေသူများ၊ ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းခံရပြီး တင်းကျပ်စွာ ဆုံးမပဲ့ပြင်ခံရပြီးသည့်နောက်တွင် နောင်တရဖို့ ရည်ရွယ်ချက်မရှိဘဲ လက်ခံကာ နာခံဖို့ ငြင်းသူများကို သီးသန့်ထားရမည်။ သီးသန့်ခွဲခြားထားခြင်းနှင့် သုံးသပ်ဆင်ခြင်ခြင်း ကာလအတွင်းတွင်၊ ၎င်းတို့သည် ဧဝံဂေလိ ဟောပြောခြင်း တာဝန်ကိုသာ ထမ်းဆောင်နိုင်သည်။ အမှန်တကယ် နောင်တရခြင်းမရှိဘဲနှင့် အပြစ်ရှိသည်ကို ဝန်ခံဖို့ ခေါင်းမာစွာ ငြင်းပယ်ရင်း အလွန့်အလွန် အချိန်ရှည်ကြာစွာ ကသောင်းကနင်း ဖြစ်စေသူများနှင့် အလွန်အမင်း ဆိုးယုတ်သောလူများကို ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များနှင့် ဆိုးယုတ်သော သဘာဝအတွက် ဘုရားသခင် ရွေးချယ်ထားသော လူတို့က ဖော်ထုတ်ရမည်ဖြစ်ပြီး၊ ထို့နောက် သီးသန့်ခွဲခြားထားရမည် ဖြစ်သည်။ နောင်တရရန် ၎င်းတို့ ငြင်းပယ်နေဆဲဖြစ်ပါက၊ ၎င်းတို့ကို ဘုရားသခင် ရွေးချယ်ထားသော လူတို့က လုံးဝ နှင်ထုတ်နိုင်ပြီး၊ စွန့်ပစ်နိုင်ပေသည်။ ၎င်းတို့အနေဖြင့် ဧဝံဂေလိ ဟောပြောခြင်းအားဖြင့် အစေခံမှု ပြုနိုင်ကြပါက၊ စုဝေးခြင်းများအတွက် အုပ်စု ဘီတွင် ၎င်းတို့ နေနိုင်သည်။ ဧဝံဂေလိ ဟောပြောခြင်းအားဖြင့် ၎င်းတို့ အစေခံမှု မပြုနိုင်ပါက၊ သို့မဟုတ် အစေခံမှုပြုဖို့ကို ဆန္ဒမရှိပါက၊ ၎င်းတို့ကို နှင်ထုတ်ရမည်။

နှစ်နှစ် သုံးနှစ်ကြာ ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သော်လည်း၊ သမ္မာတရားကို နားမလည်သေးသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် တရားဒေသနာများနှင့် မိတ်သဟာယများကို နားမလည်သေးသူများသည် သမ္မာတရားကို မချစ်သည့် နားဝေတိမ်တောင်ဖြစ်သည့် လူများ ဧကန် ဖြစ်ပေသည်။ မည်သို့ ထိုးထွင်းသိမြင်ရမည်ကို လုံးဝ မသိသူများ၊ စည်းမျဉ်းများကို စွဲစွဲမြဲမြဲ လိုက်နာစောင့်ထိန်းပြီး စည်းမျဉ်းများကို အကြောင်းမဲ့ လိုက်လျှောက်သူများ၊ အခြားသူများ၏ လှည့်စားခြင်း မကြာခဏ ခံရသူများ၊ တန်ခိုးအာဏာ စွဲကိုင်ပြီး၊ အခြားသူများ ပြောသည့်အရာကို သံယောင်လိုက်သောသူများအားလုံးသည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားမလည်သည့် ရယ်ဖွယ်ကောင်းသော လူများ ဖြစ်သည်။ နားဝေတိမ်တောင်ဖြစ်သည်ဖြစ်စေ၊ ရယ်ဖွယ်ကောင်းသည်ဖြစ်စေ၊ လူများသည် သမ္မာတရားကို မည်သည့်အခါမျှ နားမလည်ပါက၊ ၎င်းတို့သည် အကြောင်းမဲ့ နှောင့်ယှက်သူများဖြစ်ပြီး၊ ဘုရားသခင် ရွေးချယ်ထားသည့် စစ်မှန်သော လူများ လုံးဝ မဟုတ်ပေ။ မိမိတို့၏ တာဝန်များကို လုပ်ဆောင်နေစဉ်တွင် မိမိတို့၏ အဓိက အလုပ်တာဝန်ကို အာရုံမစိုက်သူများ၊ ဘုရားသခင်၏ အမှုတော်ကို မထိန်းသိမ်းသောသူများ၊ ဤလူအပေါ် ဝေဖန်ရာတွင် သို့မဟုတ် ထိုလူကို ရှုတ်ချရာတွင် ဆိုးယုတ်သော လူတို့နောက် လိုက်လေ့ရှိကြသူများ၊ အခြားအယောက်တိုင်းတွင် ပြဿနာများ မြင်သော်လည်း မိမိတို့ကိုယ်ကို နှင့်ပတ်သက်၍ မည်သည့် အမှားမျှ မမြင်သောသူများ၊ အကြောင်းမဲ့ လုပ်ရပ်များ စဉ်ဆက်မပြတ် ကျူးလွန်သောသူများ၊ အပေါင်းအဖော်ချင်း ရန်တွေ့စေချင်းငှာ ပြုပြီး၊ အငြင်းပွားမှု ဖြစ်ပေါ်စေသူများသည် အကြောင်းမဲ့ ဆူပူမှုများ ဖြစ်စေပြီး ပရမ်းပတာအခြေအနေ ဖန်တီးသော လူများဖြစ်ကာ ဤလူများသည် ဘုရားသခင် ရွေးချယ်ထားသည့် စစ်မှန်သော လူများ မဟုတ်ပေ။ မိမိတို့ကိုယ်တိုင်၏ အသက်ထဲသို့ ဝင်ရောက်ခြင်းကို အာရုံမစိုက်သောသူများ၊ မိမိတို့ကိုယ်တိုင်၏ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုနှင့် မိမိတို့၏ တာဝန်များကို ကောင်းစွာ လုပ်ဆောင်ခြင်းတို့အား အာရုံမစိုက်သူများ၊ သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး မိမိတို့၏ တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်သော ဘုရားသခင် ရွေးချယ်ထားသော လူတို့ဘက်တွင် မရပ်တည်နိုင်သူများသည် အကြောင်းမဲ့သက်သက် ဆူပူမှုများ ဖြစ်စေသော လူများဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသည့် စစ်မှန်သော လူများ မဟုတ်ပေ။ ၎င်းတို့ မိမိတို့၏ ကိုယ်ပိုင် လုပ်ရပ်များကို သိလာကြဖို့အလို့ငှာ၊ ၎င်းတို့ကို စုဝေးပွဲများ တက်ရောက်ဖို့နှင့် မိမိတို့ကိုယ်ကိုယ်နှင့်ပတ်သက်၍ သုံးသပ်ဆင်ခြင်ဖို့ အုပ်စု ဘီတွင်သာ ထားရှိ၍ရနိုင်ပေသည်။ ဤသည်မှာ ၎င်းတို့အတွက် နောင်တရဖို့ အခွင့်အရေး ဖြစ်သည်။ ဤလူများသည် ဆူပူမှုများ အကြောင်းမဲ့ ဖြစ်စေရန် ဆိုးယုတ်သော လူတို့နောက် ဆက်လိုက်ကြပါက၊ မိမိတို့၏ သင့်တော်သော တာဝန်များကို ဆက်လက်အာရုံမစိုက်ပါက၊ အချည်းနှီး ပြဿနာ ဖန်တီးပါက၊ ဘုရားသခင် ရွေးချယ်ထားသော လူအများစုက ၎င်းတို့အပေါ် စက်ဆုပ်မှုနှင့် မုန်းတီးမှု ခံစားရအောင်၊ အသင်းတော် အလုပ်ကို နှောင့်ယှက်ပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့အား မိမိတို့၏ တာဝန်များကို လုပ်ဆောင်ခြင်းမှ နှောင့်ယှက်ပါက၊ ၎င်းတို့ကို နှင်ထုတ်နိုင်ပေသည်။ ဤသည်တို့မှာ မယုံကြည်သူများဖြစ်သည့် အကြောင်းမဲ့ နှောင့်ယှက်သူများကို ကိုင်တွယ်ခြင်းအတွက် အခြေခံသဘောတရားများ ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

အသင်းတော်အသက်တာတွင် အကောင်အထည်ဖော်ရမည့် စီမံခန့်ခွဲမှု အခြေခံသဘောတရားများ

၁။ အတင်းအဖျင်းပြောဖို့ နှစ်သက်ပြီး စုဝေးပွဲများအတွင်း အယူအဆများနှင့် အတွေးမှားများ မကြာခဏ ဖြန့်သောသူများကို ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းရမည်။ ၎င်းတို့သည် ထပ်တလဲလဲ ဆုံးမပဲ့ပြင်ခံရသော်လည်း၊ ပြုပြင်ရန် ငြင်းဆန်ပါက၊ ၎င်းတို့ကို သီးသန့်ခွဲခြားထားနိုင်သည်။

၂။ အလွန့်အလွန် အရည်အချင်း ညံ့ဖျင်းသူများနှင့် နားလည်သဘောပေါက်နိုင်စွမ်း ကင်းမဲ့သူများ၊ သမ္မာတရားကို လုံးဝ နားမလည်နိုင်သူများကို စုဝေးပွဲများ ပါဝင်ဖို့ အတင်းအကျပ်မခိုင်းသင့်ပေ။ အကယ်၍ ထိုသို့သော လူတို့က စုဝေးပွဲများတွင် ပါဝင်ခြင်းငှာ မရမကတောင်းဆိုပါက၊ ၎င်းတို့အနေဖြင့် နာခံမှုရှိပြီး ဆူပူမှုများ မဖြစ်စေသရွေ့ ၎င်းတို့၏ အလိုဆန္ဒကို ဆန့်ကျင်၍ ၎င်းတို့ကို သီးသန့်ခွဲခြားခြင်း မပြုသင့်ပေ။

၃။ စုဝေးပွဲများ၌ ဘုရားသခင်ကို မည်သည့်အခါတွင်မျှ မချီးမြှောက် သို့မဟုတ် သက်သေမခံသော်လည်း၊ မိမိတို့ကိုယ်ကိုယ်အတွက် အမြဲ စကားပြောပြီး မိမိကိုယ်ကိုယ်အား သက်သေထူဖို့ စဉ်းလဲခြင်းကို အသုံးပြုသောသူများ သို့မဟုတ် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များဖြင့် သက်သေခံချက်များ အမြဲပေးကာ သဘာဝမကျသော အရာများကို ပြောဆိုပြီး၊ အခြားသူတို့ကို လိမ်လည်လှည့်စားဖို့အလို့ငှာ လှည့်ဖြားမှုကို အသုံးပြုသူများသည် အခြားသူတို့အား မိမိတို့ကို လေးစားစေဖို့ မိမိတို့ကိုယ်ကို ကြွားဝါပြီး အခြားသူတို့ကို လှည့်ဖြားဖို့ အယောင်ဆောင်သော သက်သေခံချက်များကိုသာ ပေးကြသည့် လူများ ဖြစ်သည်။ ထိုသို့သော လူများသည် လှည့်ဖြားတတ်သော လူ့သဘာဝ ရှိကြပြီး၊ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်သော်လည်း စိုးစဉ်းမျှ မပြောင်းလဲကြပေ။ ၎င်းတို့ ရည်ရွယ်သည့်အရာကို မည်သည့်အခါတွင်မျှ ၎င်းတို့ မပြောကြသကဲ့သို့ ၎င်းတို့ ပြောသည့်အရာကို မည်သည့်အခါတွင်မျှ မလုပ်ဆောင်ကြပေ၊ ၎င်းတို့သည် တကယ်ကို သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်ကြသည်။ ထိုသို့သော လူတို့ကို ပြုပြင်ရမည်၊ ကိုင်တွယ်ဖြေရှင်းပြီး ဖော်ထုတ်ရမည်ဖြစ်သည်။ ၎င်းတို့ နောင်တမရဘဲ အခြားသူတို့ကို လှည့်ဖြားဖို့ အယောင်ဆောင် သက်သေခံချက်များ ဆက်လက်ပေးပါက၊ ၎င်းတို့ကို ဖော်ထုတ်ကာ ချေပဖို့ ရည်မှန်းထားသည့် ချဉ်းကပ်မှုတစ်ခုကို ၎င်းတို့အား လုံးဝ အရှက်ရစေရန် အကောင်အထည်ဖော်နိုင်ပေသည်။ ၎င်းတို့ နာမခံကြသေးပါက၊ ၎င်းတို့၏ နောင်တ အတိုင်းအတာအပေါ် အခြေခံ၍ အသင်းတော် အသက်တာကို ၎င်းတို့ ပြန်စသင့်ခြင်း ရှိမရှိဆိုသည်ကို မဆုံးဖြတ်မီ ၎င်းတို့ကို ခြောက်လခန့်ကြာ သီးသန့်ခွဲခြားထားရပေမည်။

၄။ မိမိတို့၏ လူ့သဘာဝက အလွန် ဆိုးရွားလွန်းပြီး အသင်းတော် အသက်တာကို ဆူပူမှုများ အမြဲ ဖြစ်စေသောသူများကို ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။ ၎င်းတို့အပေါ် ကန့်သတ်ချက်များ ချမှတ်ဖို့နှင့် ၎င်းတို့ကို ဝိုင်းပယ်ဖို့၊ ထိုသို့ဖြင့် ၎င်းတို့အား ချက်ချင်း နောင်တရစေကာ ပြောင်းလဲစေရန် ဘုရားသခင် ရွေးချယ်ထားသော လူများ အတူတကွ ပူးပေါင်းနိုင်ပေသည်။ ၎င်းတို့ မပြောင်းလဲသေးသည့် နောက်ဆုံးဖြစ်လာနိုင်ဖွယ် အခြေအနေတွင်၊ သီးသန့်ခွဲခြားထားခြင်း သို့မဟုတ် နှင်ထုတ်ခြင်းတို့ကို ချမှတ်နိုင်သည်။

၅။ ဆိုးရွားသည့် အပြစ်တစ်ခုကို ကျူးလွန်မိပြီးဖြစ်သည့် သို့မဟုတ် အစားခံရပြီးဖြစ်သည့် ခေါင်းဆောင်တစ်ဦးတစ်လေ သို့မဟုတ် အမှုတော်ဆောင်တစ်ဦးတစ်လေသည် အမှန်တကယ် နောင်တရကာ ပြောင်းလဲပြီး အသင်းတော် အသက်တာအဖို့ ဆူပူမှုများ မဖြစ်စေပါက၊ ၎င်းတို့ကို ချစ်ခင်စွာ ဆက်ဆံသင့်သည်။ အကယ်၍ ၎င်းတို့သည် အသင်းတော် အသက်တာအဖို့ အနှောင့်အယှက်များ မလျှော့တမ်း ဆက်ဖြစ်စေပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့နှင့်သက်ဆိုင်သည့် အမှန်တရားထဲသို့ ဝင်ရောက်မှုကို ပြင်းပြင်းထန်ထန် သက်ရောက်စေပါက၊ ၎င်းတို့ကို သီးသန့်ခွဲခြားထားရမည် သို့မဟုတ် နှင်ထုတ်ရမည် ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၇၀) လူတို့ကို အသင်းတော်ထဲသို့ လက်ခံခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၇၂) အသင်းတော် နုတ်ပယ်ခြင်းများနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၅၇၇ ဘုရားပေးတာဝန်ဆောင်ရွက်ဖို့ စိတ်နဲ့ခန္ဓာ ပေးအပ်စို့

၁လူသားမျိုးနွယ်ဝင်အနေဖြင့်ခရစ်တော်ရဲ့နောက်လိုက်အနေဖြင့်ကိုယ်တော် ရဲ့ မဟာစေခိုင်းချက်ကို ပြည့်စုံဘို့ရန်ကျွန်ုပ်တို့ စိတ်ခန္ဓာကို...

၈၆ နောက်ဆုံးသောကာလတွင် ဘုရားသည် အရာခပ်သိမ်းကို အထူးသဖြင့် နှုတ်ကပတ်တော်အားဖြင့် ပြီးမြောက်စုံလင်စေမည်

၁ နောက်ဆုံးနေ့ရက်ကာလ ဘုရားလူ့ဇာတိခံယူချိန်သူသည် အလုံးစုံကို ဖွင့်ပြ၍ စုံလင်စေဖို့နှုတ်ကပတ်တော်ကို အဓိက အသုံးပြုနှုတ်ကပတ်တော်၌သာ...

၁၇၄ လူ့ဇာတိခံယူထားသောဘုရားသာ လူကို အပြည့်အဝကယ်တင်နိုင်

၁ဝိညာဉ်တော်အားဖြင့်လည်းမဟုတ်၊ ဝိညာဉ်တော်အနေဖြင့်လည်းမဟုတ်၊ ဘုရား လူသားကိုကယ်တင်ဖို့ လာသည် ဝိညာဉ်တော်ကို ဘယ်သူမှမမြင်နိုင်၊ မထိတွေ့နိုင်၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်