၆၆) ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ပြောင်းလဲခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) လက်တွေ့ကျသည့် အလုပ်ကို မလုပ်ဆောင်နိုင်သည့် သို့မဟုတ် လက်တွေ့ကျသည့် ပြဿနာများကို မဖြေရှင်းနိုင်သည့် အရွေးကောက်ခံ ခေါင်းဆောင် သို့မဟုတ် အမှုတော်ဆောင်တစ်ဦးကို ချက်ချင်း ပြောင်းလဲကာ အစားထိုးသင့်သည်။

(၂) သမ္မာတရားကို လက်မခံသည့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မပိုင်ဆိုင်သကဲ့သို့ လက်တွေ့ကျသည့် အလုပ်ကို မလုပ်နိုင်သည့် မည်သည့် အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အမှုတော်ဆောင်ကိုမဆို အစားထိုးရမည်ဖြစ်ပြီး ၎င်းတို့ကို အခြားနေရာ၌ အစီအစဉ်များကို ပြုလုပ်ပေးရမည်။

(၃) မိမိ၏ အလုပ်ကို အလိုက်အထိုက် မစီစဉ်ထားသည့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုတော်ဆောင်တစ်ဦးကို- သေးငယ်လွန်းသော လုပ်ငန်းဆောင်တာတစ်ခုတွင် မိမိတို့၏ ပင်ကိုစွမ်းရည်များကို အချည်းနှီးကုန်လွန်စေသည့်သူများကိုဖြစ်စေ၊ မိမိတို့၏မလုံလောက် ပင်ကိုစွမ်းရည်နှင့် ပတ်သက်ပြီး လုပ်ငန်းဆောင်တာတစ်ခုကို ဖြုန်းတီးသည့်သူများကိုဖြစ်စေ- ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့် အားသာချက်များအရ သင့်တော်သည့်နေရာသို့ပြောင်းလဲနေရာချထားသင့်သည်။

(၄) ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုတော်ဆောင်သမားတစ်ဦး၏ အလုပ်ကို စီစဉ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့အား စစ်ဆေးခြင်း၊ စုံစမ်းမေးမြန်းခြင်း နှင့် ကြီးကြပ်ခြင်းတို့ကို ခံရစေသင့်သည်။ အစီအစဉ်သည် သင့်တော်မှု သိပ်မရှိသည်ကို တွေ့ရှိရပါက၊ ၎င်းတို့ကို သင့်တော်သည့်အတိုင်း ပြောင်းလဲနေရာချထားရမည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အသင်းတော်များကို ဦးဆောင်နိုင်သူများ၊ လူတို့ကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်ပြီး၊ လူတို့အဖို့ တမန်တော်များ ဖြစ်နိုင်သူများသည် တကယ့်အတွေ့အကြုံများ ရှိရပေမည်။ ၎င်းတို့အနေဖြင့် ဝိညာဉ်ရေးရာ အမှုအရာများနှင့် သက်ဆိုင်သည့် မှန်ကန်သော သိနားလည်မှု၊ သမ္မာတရားနှင့် သက်ဆိုင်သော မှန်ကန်သည့် တန်ဖိုးထားခြင်းနှင့် အတွေ့အကြုံတို့ ရှိရပေမည်။ ထိုသို့သောလူများသာ အသင်းတော်များကို ဦးဆောင်သော လုပ်သားများ သို့မဟုတ် တမန်တော်များဖြစ်ရန် အရည်အချင်း ပြည့်မီပေသည်။ သို့မဟုတ်ပါက ၎င်းတို့သည် လူတို့ကို အသက်ဖြင့် ထောက်ပံ့ ပေးနိုင်သည့် တမန်တော်များ ဖြစ်ဖို့ မဆိုထားနှင့်၊ အနည်းဆုံးအနေဖြင့် နောက်လိုက်ရုံသာ နောက်လိုက်နိုင်ပြီး ဦးမဆောင်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် တမန်တော်များ၏ လုပ်ငန်းတာဝန်သည် ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်ရန် သို့မဟုတ် တိုက်ခိုက်ရန် မဟုတ်ပေ။ ယင်းမှာ အသက်တာကို ပြုစုခြင်း အလုပ်ကို လုပ်ဆောင်ဖို့နှင့် အခြားသူတို့ကို ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်း၌ ဦးဆောင်ရန် ဖြစ်သည်။ ဤအလုပ်တာဝန်ကို ဆောင်ရွက်သောသူတို့သည် မည်သူမဆို ထမ်းရွက်နိုင်သည် မဟုတ်သည့် လေးလံသောတာဝန်ကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခံရကြလေသည်။ ဤအလုပ်မျိုးကို သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံရှိသူများဖြစ်သည့် အသက်၏ ဖြစ်တည်မှု ရှိသူတို့ကသာ တာဝန်ယူနိုင်ပေသည်။ ယင်းကို စွန့်လွှတ်နိုင်သူ၊ ဟိုဟိုသည်သည် အပြေးအလွှားလုပ်ဆောင်နိုင်သူ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် အသုံးခံရန် လိုလားလျက်ရှိသူ မည်သူမဆိုက တာဝန်ယူနိုင်သည် မဟုတ်ပေ။ သမ္မာတရားနှင့် သက်ဆိုင်သော အတွေ့အကြုံမရှိသူ၊ ပြုပြင်ခြင်း သို့မဟုတ် တရားစီရင်ခြင်းမခံခဲ့ရဖူးသော လူတို့သည် ဤအလုပ်မျိုးကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့အရှိတရား မရှိသည့် လူများဖြစ်သည့် အတွေ့အကြုံမရှိသောသူ လူများသည် ၎င်းတို့ကိုယ်တိုင်သည် ဤဖြစ်တည်မှုမျိုး မရှိကြသောကြောင့် လက်တွေ့အရှိတရားကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့ဖြစ်၍ ဤလူစားမျိုးသည် ခေါင်းဆောင်မှုအလုပ်ကို မလုပ်နိုင်သည်သာမက၊ အချိန်အတော်ကြာ သမ္မာတရားမရှိဘဲနေပါက၊ ရှင်းလင်းသုတ်သင်ခြင်း ခံရသောအရာတစ်ခု ဖြစ်သွားပေမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်” မှ

ငါ့နောက်ကွယ်တွင် လူအများအပြားသည် ရာထူးဂုဏ် အဆင့်အတန်းနှင့် သက်ဆိုင်သည့် ကောင်းချီးကို အငမ်းမရဖြစ်ကြသည်။ သူတို့သည် အစားအသောက်ကို တဝတပြဲ စားသောက်ကြပြီး အိပ်စက်ခြင်းကို နှစ်ခြိုက်ပြီ၊ ဇာတိပကတိကိုလုံးဝ ဂရုစိုက်ကာ ဇာတိပကတိကို ရှောင်လွှဲ၍မရဟု အစဉ် စိုးရိမ်နေ၏။ ထိုသူတို့သည် အသင်းတော်တွင် သူတို့၏ သင့်လျော်ရာတာဝန်ကို မဆောင်ရွက်ဘဲ၊ အသင်းတော်ကို ကပ်စားကြသည်။ သို့မဟုတ်ပါက ၎င်းတို့သည် သြဇာအာဏာရှိသော အနေအထားမှ အခြားသူများအပေါ် ဆရာလုပ်ကာ ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို ငါ့နှုတ်ကပတ်တော်များဖြင့် ဆိုဆုံးမပေသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေကြသည်ဟု ဆိုမြဲဆိုနေကြပြီး ၎င်းတို့သည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူများဟု အစဉ်အမြဲ ဆိုကြသည်- ဤသည်မှာ ရယ်ဖွယ်ပင် မဟုတ်လော။ အကယ်၍ သင့်ထံတွင် မှန်ကန်သော ရည်ရွယ်ချက်များရှိငြား၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အစေမခံနိုင်ပါက၊ သင်သည် မိုက်မဲနေခြင်းသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်၏ ရည်ရွယ်ချက်များသည် မမှန်ကန်ကြဘဲ၊ သင်သည် ဘုရားသခင်ကို အစေခံသည်ဟု ဆိုနေသေးပါက၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတစ်ဦး ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံထိုက်ပေသည်တကား။ ငါ၌ ထိုကဲ့သို့သောလူများအပေါ် သနားကြင်နာမှု မရှိလိုက်လေခြင်း။ ထိုသူတို့သည် ဘုရားသခင်၏အိမ်တော်တွင် ကပ်စားကြကာ ဇာတိပကတိနှင့်ဆိုင်သော ဇိမ်ခံစရာတို့ကို အစဉ်တပ်မက်ကြပြီး ဘုရားသခင်၏အကျိုးများအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ထိုသူတို့သည် အစဉ် မိမိကောင်းကျိုးရှာပြီး ဘုရားသခင်၏အလိုတော်ကို အလေးမပေးကြပေ။ ၎င်းတို့ ပြုသမျှတို့ကို ဘုရားသခင်၏ ဝိညာဉ်တော်က စိစစ်ခြင်းကို ၎င်းတို့လက်မခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို အစဉ်ပင် အကွက်ဆင်ပြီး လှည့်ဖြားကြသည်။ ထို့အပြင် စပျစ်ခြံတစ်ခြံထဲရှိ မြေခွေးကဲ့သို့ မျက်နှာနှစ်ဘက်ရှိသောကြောင့်၊ စပျစ်သီးများကို အစဉ်ခိုးကာ စပျစ်ခြံကို ဖြတ်နင်းသွားကြသည်။ ထိုသို့သောသူများသည် ဘုရားသခင်၏ ရင်းနှီးသူများ ဖြစ်နိုင်သလော။ သင်သည် ဘုရားသခင်၏ ကောင်းချီးများကို ရရှိရန် သင့်လျော်သလော။ သင်သည် သင်၏အသက်နှင့် အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ မယူပေ။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ရရှိရန် သင့်လျော်သလော။ သင်ကဲ့သို့သောသူကို မည်သူက ယုံကြည်စိတ်ချဝံ့မည်နည်း။ သင်သည် ထိုကဲ့သို့ အစေခံသောအခါ၊ ဘုရားသခင်သည် သင့်အား ပို၍ကြီးမားသော တာဝန်ကို အပ်နှံဝံ့မည်လော။ ဤသည်မှာ အမှုတော်ကို နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေမည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း” မှ

အချို့အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်အစားကြီးပြီး ပျင်းရိလေသည်။ အားလပ်ချိန်ကို နှစ်သက်ပြီး ပင်ပင်ပန်းပန်းအလုပ်လုပ်ခြင်းကို ရွံရှာမုန်းတီးသည်။ အလုပ်နှင့် စိုးရိမ်ပူပန်မှုတို့ကို မကြိုက်၊ အားစိုက်မှု၊ သို့မဟုတ် တာဝန်ဝတ္တရားတို့ကို မနှစ်မြို့ကြချေ။ ၎င်းတို့သည် သက်သာဖို့အတွက်သာ ဆန္ဒရှိကြသည်။ စားသောက်ဆော့ကစားရခြင်းကို ၎င်းတို့ နှစ်သက်ပြီး ပျင်းရိကြသည်။ မနက်ပိုင်းတွင် လူတိုင်းက မနက်စာစားပြီးချိန်၌ ၎င်းတို့က အိပ်ရာပေါ်တွင်ရှိနေဆဲဖြစ်သည်။ ညနေတွင် အယောက်တိုင်း အိပ်နေချန် မအိပ်သေးဘဲ၊ မျက်လုံးဆက်မဖွင့်နိုင်တော့သည်အထိ တီဗီဇာတ်လမ်းများ ကြည့်ကြသည်။ ၎င်းတို့သည် တစ်နေကုန် စားလျက်၊ ကစားလျက်၊ အချိန်ဆွဲလျက်ဖြင့် ကုန်ဆုံးကြသည်။ ပျော်စရာရှိသည့် မည်သည့်နေရာမဆို သွားသည်၊ သို့မဟုတ် ပျော်စရာကောင်းမည့်ပုံပေါ်သည့် မည်သည့်စက်တွင်မဆို ဆော့ကစားသည်။ ချက်ပြုတ်သူအစ်ကိုတစ်ယောက်က ယင်းကို သည်းမခံနိုင်ဖြစ်ပြီး ၎င်းတို့ကို ပြစ်တင်ဆုံးမသည်ဆိုပါစို့။ သင်တို့ မည်သို့ထင်သနည်း။ ချက်ပြုတ်သူတစ်ယောက်၏စကားကို ၎င်းတို့နားထောင်မည်လော။ (နားမထောင်ပါ။) ငါက၊ “သင်ပို၍ လုံ့လဝီရိယရှိသင့်သည်။ သင်လုပ်သင့်သည့်အလုပ်ကို လုပ်ဆောင်ရမည်။ မည်သို့ပင်ဖြစ်စေ သင်သည် ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အလုပ်အားလုံးအတွက် ရှိနေရမည်။ အခြားလူတို့က ၈နာရီအလုပ်လုပ်လျှင် သင်သည် အနည်းဆုံး ၆နာရီခွဲ၊ သို့မဟုတ် ၇ နာရီကြာရှိနေရမည်။ ကျန်သည့်အချိန်ကို ကိုယ်ပိုင်အရေးကိစ္စများအား အရေးစိုက်လျက် ကုန်ဆုံးနိုင်သည်” ဟု ဆိုလျှင် ၎င်းတို့ နားထောင်မည်လော။ နားထောင်မည်မဟုတ်ပေ။ ထို့ကြောင့် ထိုသို့သော သူတို့ကို မည်သည့်အရာမျှ ငါမပြောပေ။ ၎င်းတို့ကို လူစားထိုးဖို့၊ ဖယ်ရှားပစ်ဖို့၊ လိုအပ်သည့်မည်သည့်နေရာကိုမဆို စေလွှတ််ဖို့၊ ၎င်းတို့တတ်နိုင်သည့်အရာ မည်သည့်အရာကိုမဆို လုပ်ဆောင်နေစေဖို့ အဆုံးအဖြတ်ချမှတ်သည့်အုပ်စုကိုသာ ငါပြောသည်။ ၎င်းတို့သည် အချည်းနှီးလူများဖြစ်ကြပြီး မည်သည့်နေရာတွင်မဆို ကပ်ပါးရပ်ပါးပြုလုပ်မည်ဆိုပါက၊ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်ပါက၊ ၎င်းတို့ကို နှင်ထုတ်လော့။ တာဝန်တစ်ခုကို ထမ်းဆောင်ရန် ၎င်းတို့ကို အခွင့်မပေးနှင့်။ ၎င်းတို့သည် တာဝန်ကိုထမ်းဆောင်ရန် မသင့်တော်ပေ။ ၎င်းတို့သည် လူများမဟုတ်ပေ။ ၎င်းတို့သည် သာမန်လူ့သဘာဝ၏ အသိတရားနှင့် အသိစိတ် မပိုင်ဆိုင်ကြသကဲ့သို့၊ အရှက်ကင်းမဲ့ကြသည်။ ဤအလေအလွင့် အယောင်ဆောင်ခေါင်းဆောင်မျိုးကို သင်ရိပ်စားမိသည်နှင့်တစ်ပြိုင်နက် ချက်ချင်းလူစားလဲလော့။ ၎င်းတို့ကို သြဝါဒပေးဖို့မလိုပေ။ ထပ်၍ အခွင့်အရေးများ ပေးဖို့မလိုပေ၊ သို့မဟုတ် လေ့လာစောင့်ကြည့်ရန်မလိုသကဲ့သို့ ၎င်းတို့အား သမ္မာတရားကို မိတ်သဟာယဖွဲ့ပေးရန် မည်သည့်အကြောင်းမျှလည်းမရှိပေ။ ၎င်းတို့သည် သမ္မာတရားအနည်းငယ်ကို ကြားပြီးပြီလော။ ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခံရလျှင် ပြောင်းလဲမည်လော။ ပြောင်းလဲမည်မဟုတ်ပေ။ အစွမ်းအစညံ့သူတစ်ဦး၊ သို့မဟုတ် တစ်ခါတစ်ရံတွင် ၎င်းတို့၏အမြင် အဓိပ္ပာယ်မရှိသူ၊ သို့မဟုတ် အမှုအရာများအပေါ် ၎င်းတို့မြင်သည့်ပုံစံတွင် နားလည်သိမြင်မှုမရှိဘဲ အမြင်ကျဉ်းမြောင်းသူဖြစ်သော်လည်း လုံ့လဝီရိယရှိဆဲ၊ ဝန်ထုပ်ဝန်ပိုးကို ခံယူနိုင်ဆဲဖြစ်ကာ မပျင်းရိပါက၊ ထိုသို့သောသူသည် ၎င်းတို့၏လုပ်ဆောင်မှုများတွင် သွေဖည်သော်လည်း ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ခံရခြင်းအားဖြင့် ပြောင်းလဲနိုင်သည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ခေါင်းဆောင်မှုတာဝန်များကို သတိပြုမိပြီး မည်သည့်အရာ လုပ်ဆောင်ရမည်ကို သိသည်။ ပြီးလျှင် ၎င်းတို့တွင် အသိတရားနှင့် တာဝန်သိစိတ်တစ်ခုရှိသည်။ ၎င်းတို့တွင် နှလုံးသားရှိသည်။ သို့သော် အလုပ်မလုပ်ခြင်းကိုနှစ်သက်ပြီး ပင်ပင်ပန်းပန်းလုပ်ရခြင်းကို မုန်းတီးလျက်၊ ပျင်းရိသောသူ၊ ဝန်ထုပ်ဝန်ပိုးထမ်းရွက်လိုစိတ်မရှိသော သူမျိုးသည် မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် ဝန်ထုပ်ဝန်ပိုးထမ်းရွက်လိုစိတ်မရှိလျှင် မည်သူက မည်သည့်အရာကိုပြောသည်ဖြစ်စေ သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၄)” မှ

အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်သည် ပြဿနာတစ်ခုကို တင်ပြသောအခါ အဓိပ္ပာယ်မရှိသောအရာများနှင့် ရှုပ်ထွေးသောအရာများကိုသာ ပေးသော အစွမ်းအစညံ့ဖျင်းသည့် ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ၎င်းတို့က ဤသို့စဉ်းစားသုံးသပ်ကြသည်— “သင့်အား လုံလောက်သော သတင်းအချက်အလက်ကို ငါပေးပြီးဖြစ်သည်။ ပြီးခဲ့သောနှစ်များနှင့် နောင်လာမည့်နှစ်ကာလအကြောင်းတို့ကို ငါထပ်ခါထပ်ခါ ပြောဆိုပြီးခဲ့ပြီး ဖြစ်နိုင်သမျှ အရာရာတိုင်းကို ပြောခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ငါရရှိရန်ကြိုးစားနေသောအရာကို သင်ကြိုးပမ်းရယူပြီးပြီလော” ဟူ၍ ဖြစ်သည်။ ၎င်းတို့ကို သင်မည်သို့လမ်းပြပါစေ၊ မည်သည့်အရာကို မေးမြန်းပါစေ၊ ၎င်းတို့ကို မည်သို့ကြည့်ရှုစစ်ဆေးပါစေ ၎င်းတို့သည် မည်သည့်အရာ ပြောရမည်ကို လုံးဝမသိ၊ အမှုကိစ္စ၏ အဓိကအပိုင်းကို လုံးဝ စတင်မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် ပြောစရာစကားမရှိခြင်း မဟုတ်၊ ယဉ်ကျေးမှုမရှိခြင်း မဟုတ်ဘဲ ၎င်းတို့၏ စိတ်နှလုံးတွင် ရှုပ်ထွေးလျက် အစွမ်းအစနိမ့်ကျခြင်း၊ ဦးနှောက်မရှိခြင်း၊ ဖော်ပြနိုင်မှု စွမ်းအားနည်းပါးခြင်း၊ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်မှုမရှိခြင်းတို့ဖြစ်သည်။ ၎င်းတို့တွင် ဝန်ထုပ်ဝန်ပိုးအချို့ရှိပြီး အချိန်ကြာသည်နှင့်အမျှ အချို့အမှုကိစ္စများအပေါ် နားလည်မှုအချို့ ရရှိလိမ့်မည်။ သို့သော် အမှုကိစ္စများကို ခြုံငုံသုံးသပ်ရန်၊ သို့မဟုတ် အနှစ်ချုပ်ရန်မဆိုထားနှင့်၊ ဤအရာအား မည်သို့ဖော်ပြရမည်ကို ၎င်းတို့မသိကြဘဲ အမှုကိစ္စ၏ အနှစ်သာရကို စတင်လုပ်ဆောင်နိုင်ခြင်း မရှိကြပေ။ ဤကဲ့သို့ ညံ့ဖျင်းသည့် ခေါင်းဆောင်မှုအစွမ်းအစကို ပြသည့်သူတစ်ယောက်သည် အမှန်တကယ် အလုပ်လုပ်ဆောင်နိုင်မှု တစ်ခုတလေပင် ရှိနိုင်သလော။ ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်၏ တာဝန်ဝတ္တရားများကို ၎င်းတို့ဖြည့်ဆည်းနိုင်သလော။ မဖြည့်ဆည်းနိုင်ပေ။ ၎င်းတို့အား အချိန်အနည်းငယ်ပေးလော့၊ ပြဿနာတစ်ခုအား တင်ပြရန် အခွင့်အရေးကို ပေးလော့၊ ရှင်းပြခွင့်ပေးလော့၊ သို့စေကာမူ ၎င်းတို့ လုပ်ဆောင်နိုင်ဦးမည်မဟုတ်ပေ။ ထိုကဲ့သို့သောသူတစ်ယောက်နှင့် သင်ပြောဆိုဆွေးနွေးနိုင်သလော။ ၎င်းတို့ကို သင်အသုံးပြုနိုင်သလော။ (အသုံးမပြုနိုင်ပါ။) အဘယ်ကြောင့် အသုံးမပြုနိုင်သနည်း။ ၎င်းတို့သည် သင့်လျော်စွာပင် စကားမပြောဆိုနိုင်ပေ။ ထို့ကြောင့် မည်သည့်အလုပ်ကို ၎င်းတို့လုပ်ဆောင်နိုင်သနည်း။ ၎င်းတို့သည် အားသာချက်အနည်းငယ် ရှိကောင်းရှိနိုင်သည်၊ ရိုးသားကောင်းရိုးသားနိုင်သည်၊ သစ္စာရှိမှုအနည်းငယ် ရှိကောင်းရှိနိုင်သည်၊ တာဝန်ခံယူမှုအသိစိတ် ရှိကောင်းရှိနိုင်သည်၊ စိတ်စေတနာ ကောင်းနိုင်သည်။ သို့သော် ၎င်းတို့၏ အစွမ်းအစကို ခြုံငုံ၍ကြည့်လျှင် နိမ့်ကျလွန်းသည်၊ သာမန် မကောင်းမွန်ခြင်းသက်သက် မဟုတ်ပေ။ ထို့ပြင် ၎င်းတို့ကို သင်ကြားပေး၍လည်း မရနိုင်ပေ။ ၎င်းတို့ကို သင်ကြားပေးဖို့ သင်ကြိုးစားသောအခါတွင် သင်သည် ချက်ချင်း စိတ်ဆိုးဒေါသထွက်ပြီး ၎င်းတို့စကားပြောသည်ကို ကြားရသည့်အခါတွင် သင်သည် စိုးရိမ်ပူပန်ကာ ပျာယာခတ်လျက် စိတ်ရှုပ်ထွေး၏။ ၎င်းတို့ပြောသည့်အရာကို သင်နားလည်၍မရနိုင်ပေ၊ သို့မဟုတ် ၎င်းတို့ပြောလိုသည့်အရာကို နားမလည်နိုင်ပေ။ ၎င်းတို့နှင့် ဆွေးနွေးပြောဆိုမှု မပြုလုပ်နိုင်ပေ။ ၎င်းတို့သည် စိတ်ကူးများ၊ အတွေးများ၊ သဘောထားများကို ဖော်ပြရန် လူသားဘာသာစကား၏ မွေးရာပါဖြစ်သည့် ကျွမ်းကျင်မှု အနည်းဆုံးပင် မရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် မည်သို့အလုပ်လုပ်နိုင်မည်နည်း။ သို့တိုင်အောင် ၎င်းတို့သည် ၎င်းတို့တွင် အရည်အချင်းအချို့၊ ကျွမ်းကျင်မှုအချို့ရှိသည်၊ အလုပ်လုပ်နိုင်စွမ်းရှိသည်ဟု ထင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် မှန်ကန်မှုရှိသည်၊ သစ္စာရှိပြီး ဝိညာဉ်ရေးရှိသည်၊ မိမိတို့ကိုယ်ကို အသုံးခံလိုသည်၊ အဖိုးအခပေးဆပ်လိုသည်၊ မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် ဒုက္ခဆင်းရဲကို ခံလိုသည်ဟု ခံစားကြရဆဲဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ရန် အရည်အချင်းရှိသည်ဟု ဤအရည်အသွေးများအားလုံးက ညွှန်ပြသလော။ ဘုရားသခင်၏ အိမ်တော်တွင် သမ္မာတရားက ကြီးစိုးပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်က စိုးမိုးသော်လည်း အချို့သောအလုပ်တာဝန်များစွာတွင် ယင်းတို့ကို လူများက ကိုင်တွယ်ဖြေရှင်းရန်၊ ညှိုနှိုင်းဆောင်ရွက်ရန် လိုအပ်သည်။ လူတို့သည် ယင်းတို့ကို ဆက်လက်လုပ်ဆောင်ရန်၊ ဖြေရှင်းရန် အမှန်တကယ်လိုအပ်သည်။ ဤအမှုကိစ္စများကို တစ်စုံတစ်ယောက်က “ငါဆန္ဒရှိသည်”၊ သို့မဟုတ် “ငါသဘောတူသည်” ဟု ပြောဆိုခြင်းဖြင့် အလွယ်တကူ မဖြေရှင်းနိုင်ပေ။ ယင်းတို့သည် ကောင်းမွန်သော ရည်ရွယ်ချက်သက်သက်ဖြင့်၊ သို့မဟုတ် ဆင်းရဲဒုက္ခခံလိုသည့် စိတ်သက်သက်ဖြင့် ပြေလည်ခြင်းမရှိပေ။ လူတို့သည် လေယာနယ်ထဲတွင် မနေထိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် လေယာနယ်ထဲတွင် အလုပ်လုပ်ခြင်း၊ သို့မဟုတ် တာဝန်ထမ်းဆောင်ခြင်းလည်း မရှိပေ။ လူတစ်ယောက်သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်ဖြစ်လာသော်လည်း ၎င်းတို့၏ အစွမ်းအစသည် အလွန်နိမ့်ကျပြီး စကားပြောဆိုရာတွင် မိမိတို့ကိုယ်ကို ဖော်ပြနိုင်ခြင်းပင်မရှိလျှင် ၎င်းတို့သည် အမှန်တကယ် အရည်အချင်းရှိလိမ့်မည်လော။ (မရှိပါ။) အရည်အချင်းမရှိခြင်းဆိုသည်မှာ မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ယင်းသည် အလုပ်တွင်ရှိသော အခက်အခဲများနှင့် ပြဿနာများကို အချိန်မီ ခွဲခြားဖော်ထုတ်နိုင်မှု မရှိခြင်းကို သွယ်ဝိုက်ညွှန်းဆိုသည်။ အလုပ်လုပ်နေစဉ်တွင် ဖြစ်ပေါ်သည့် မည်သည့်ပြဿနာကိုမဆို ၎င်းတို့သည် မဆိုင်းမတွ ဖြေရှင်းနိုင်မှုမရှိခြင်းကို သွယ်ဝိုက်ညွှန်းဆိုသည်မှာ မှန်ပေသည်။ ၎င်းတို့သည် ယင်းကို မဆိုင်းမတွ မဖြေရှင်းနိုင်လျှင် မဆိုင်းမတွတင်ပြပြီး လမ်းညွှန်မှုကို ရှာဖွေနိုင်သလော။ အစွမ်းအစနိမ့်ကျသောလူတို့အတွက် ဤအလုပ်သည် ၎င်းတို့၏ ခက်ခဲမှုကို မြှင့်တက်သွားစေရုံသာဖြစ်ပြီး ကြောင်များကို ထိန်းကျောင်းရသကဲ့သို့ ၎င်းတို့၏ အရည်အချင်းထက် လုံးဝ ကျော်လွန်နေသည်။ ယင်းအလုပ်သည် အားစိုက်ထုတ်ရလွန်း၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၈)” မှ

ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ ဝတ္တရားတစ်စိတ်တစ်ဒေသမှာ အလုပ်အမျိုးမျိုးရှိ ကြီးကြပ်သူများနှင့် အရေးပါသည့် အလုပ်အတွက် တာဝန်ရှိသော ဝန်ထမ်းများနှင့်ပတ်သက်၍ မည်သည့်အရာများဖြစ်နေသည်ကို သိရှိခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအမှုထမ်းများသည် အဘယ်သူများနည်း။ အခြေခံအကျဆုံးမှာ အသင်းတော် ခေါင်းဆောင်များ ဖြစ်ပြီး ၎င်းတို့နောက်၌ အုပ်စု ကြီးကြပ်သူများနှင့် အဖွဲ့ခေါင်းဆောင်များဖြစ်ကြသည်။ အချို့သည် အထူးလုပ်ငန်းဆောင်တာများအတွက် တာဝန် ရှိကြပြီး အချို့က အခြားအရာများအတွက် တာဝန်ရှိကြသည်။ အလုပ်အမျိုးမျိုးရှိ ကြီးကြပ်သူများနှင့် အရေးပါသည့် အလုပ်အတွက် တာဝန်ရှိသော ဝန်ထမ်းများ— ဘုရားသခင်၏ အိမ်တော်အပေါ် ၎င်းတို့၏အကျိုးသက်ရောက်မှုသည် အလွန် အရေးပါသလော၊ အင်မတန် အရေးကြီးသလော။ (အရေးကြီးပါသည်။) သို့ဆိုလျှင် ဤအရာကို ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ ဝတ္တရားများထဲသို့ ထည့်သွင်းဖို့ သင့်တော်သလော။ (သင့်တော်ပါသည်။) အလုပ်အမျိုးမျိုး၌ အဓိကကြီးကြပ်သူများနှင့် ပတ်သက်သည့် အခြေအနေ၏ တိကျမှန်ကန်သော နားလည်မှုကို ရရှိခြင်းနှင့် သင့်တော်သည့် ညှိနှိုင်းမှုများ ပြုလုပ်ခြင်းသည် အလုပ်အစီအစဉ် အသီးသီးကို စောင့်ကြပ်ရခြင်းကဲ့သို့ ဖြစ်သည်။ ယင်းက မိမိ၏တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းခြင်းနှင့် တူညီလေသည်။ သို့ရာတွင် ဤအမှုထမ်းများက မှန်ကန်စွာ စီစဉ်ညှိနှိုင်းခံထားရခြင်း မရှိ၍ ပြဿနာပေါ်ပေါက်လာပါက အသင်းတော်၏အလုပ်ကို ကြီးစွာ အကျိုးသက်ရောက်လိမ့်မည်။ ဤအမှုထမ်းများသည် လူ့သဘာဝ ကောင်းရှိပြီး အားထားလောက်ဖွယ်ဖြစ်ပါက၊ သာ၍ ကောင်းသည်မှာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး အခြေခံအုတ်မြစ်တစ်ခုကို ပိုင်ဆိုင်ပါက ၎င်းတို့ကို ကြီးကြပ်သူအဖြစ် ထားခြင်း၊ ၎င်းတို့အား ဤအလုပ်ကို လွှဲပြောင်းပေးခြင်းတို့သည် အမှုကိစ္စများကို အလွန် လွယ်ကူစေလိမ့်မည်။ အရေးကြီးသည့်အရာမှာ အလုပ်က ချောမွေ့စွာ တိုးတက်နိုင်ပြီး အလွန်ထိရောက်ကာ ခရီးရောက်ခြင်း ဖြစ်သည်။ သို့ရာတွင် ကြီးကြပ်သူသည် အားထားလောက်ဖွယ်မရှိဘဲ ညံ့ဖျင်းသော စရိုက်လက္ခဏာရှိကာ လူ့သဘာဝ နိမ့်ကျပါက— ထို့အပြင် သမ္မာတရားကို မလိုက်စားဘဲ အနှောင့်အယှက်များ ဖြစ်စေတတ်ပါက— ၎င်းတို့သည်သာလျှင် ထိခိုက်မည် မဟုတ်ချေ။ ၎င်းတို့သည် ကြီးကြပ်သူများ ဖြစ်သောကြောင့် ၎င်းတို့အလုပ်နယ်ပယ်အတွင်းရှိ အမှုထမ်းများနှင့် အလုပ်ကိုယ်နှိုက်က အနည်းနှင့်အများ ထိခိုက်လိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ဝတ္တရာများနှင့်ပတ်သက်ပြီး အလေးအနက်မထားရုံမျှ၊ သို့မဟုတ် လျစ်လျူရှုရုံမျှ ဖြစ်ပါက ဤသည်မှာ အလုပ်၌ နှောင့်နှေးမှုများ ဖြစ်စေနိုင်သည်။ တိုးတက်မှု အရှိန်သည်လည်း အတော်အတန် နှေးကွေးလိမ့်မည်ဖြစ်ပြီး အလုပ်သည်လည်း ခရီးရောက်မှု အတော်အတန် နည်းလိမ့်မည်။ သို့ရာတွင် ၎င်းတို့သည် အန္တိခရစ်များဖြစ်ပါက ပြဿနာက ကြီးလေး၏။ ဤသည်မှာ အလုပ်က အနည်းငယ် ခရီးရောက်မှုမရှိခြင်းနှင့် ထိရောက်မှု မရှိခြင်း ပြဿနာမဟုတ်ပေ— ၎င်းတို့သည် အလုပ်တစ်ခုလုံးကို ဖျက်ဆီးကာ နှောင့်ယှက်ပြီး တုံ့ဆိုင်းရပ်တန့်စေလိမ့်မည်။ ထို့ကြောင့် ထိုသို့သော အလုပ်သည် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ရှောင်ရှားနိုင်သည့် ဝတ္တရားတစ်ခု မဟုတ်ပေ— ယင်းမှာ အလွန်လေးနက်ပြီး အရေးကြီးသည့် အလုပ်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် ကြီးကြပ်သူအမျိုးမျိုးနှင့် အဓိကအမှုထမ်းများ၏ လူ့သဘာဝနှင့် သမ္မာတရားအပေါ် သဘောထားအပြင် အဆင့်တိုင်းရှိ ထိုသူတို့၏အခြေအနေနှင့် အနေအထားတို့ကို အစဉ်သိနေဖို့ ကြိုးစားနိုင်ပြီး အခြေအနေအရ ဤအမှုကိစ္စများကို မဆိုင်းမတွ ညှိနှိုင်းနိုင်ပါက၊ သို့မဟုတ် ကိုင်တွယ်နိုင်ပါက အလုပ်သည် တည်ငြိမ်စွာ အစီအစဉ်တကျ သွားနိုင်သည်။ ဆန့်ကျင်ဘက်အားဖြင့် ဤလူများသည် စည်းလွတ်ဘောင်လွတ် သောင်းကျန်းပြီး တကယ့်အလုပ်ကို မလုပ်ပါဘဲ ခေါင်းဆောင်များကလည်း ဤအရာကို ဖော်ထုတ်ခြင်းနှင့် စေ့စပ်ညှိနှိုင်းမှုများလုပ်ခြင်း၌ မဆိုင်းမတွ လုပ်ဆောင်ခြင်း မရှိပါက၊ ပြီးလျှင် အဆုံး၌ အလုပ်က ပြင်းပြင်းထန်ထန် ထိခိုက်သည့်အပြင် သိသာထင်ရှားသော ပြဿနာမျိုးစုံကို မဖော်ထုတ်မီနှင့် အခြေအနေကို ဖြည်းဖြည်းချင်း ညှိနှိုင်းကာ ပြင်ဆင်ပြီး အဖတ်ဆယ်ဖို့ မကြိုးစားမီ ယင်းတို့သည် မြင်သာနှင့်ပြီးဖြစ်ပါက ထိုသို့သော ခေါင်းဆောင်များသည် ၎င်းတို့၏ဝတ္တရားများ၌ လုံးလုံး အရေးနိမ့်ကြပြီးဖြစ်လေသည်။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်ပေ၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၃)” မှ

အယောင်ဆောင်ခေါင်းဆောင်ဖြစ်သော လူပုဂ္ဂိုလ်အမျိုးအစားသည် တကယ့်အလုပ်ကို မလုပ်ဆောင်သကဲ့သို့ တကယ့်အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိပေ။ ၎င်းတို့၏ အစွမ်းအစသည် ညံ့ဖျင်းသည်။ ၎င်းတို့၏ မျက်လုံးနှင့် စိတ်နှလုံးသည် ကန်းသည်၊ ၎င်းတို့သည် ပြဿနာများကို ရှာဖွေတွေ့ရှိရန် မစွမ်းဆောင်နိုင်၊ လူအမျိုးအစားအမျိုးမျိုးကို ထိုးထွင်းမြင်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် အရည်အချင်းရှိသောသူအမျိုးမျိုးကို ရာထူးတိုးမြှင့်ပေးခြင်း၊ ပျိုးထောင်ပေးခြင်းဖြစ်သည့် အရေးကြီးသည့်အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်ခြင်းမရှိပေ။ ဤသည်မှာ ဘုရားအိမ်တော်၏အလုပ်အပေါ်တွင် သိသိသာသာ ထိခိုက်နစ်နာမှု အကြီးအကျယ်ဖြစ်စေပြီး မတူညီသောလူတို့၏ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်မှုဖြစ်စေကာ ၎င်းတို့၏ ဝင်ရောက်မှုအပေါ် အတားအဆီးတစ်ခု ဖြစ်ပေါ်စေသည်။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအလုပ်ကို လုပ်ဆောင်ရန် သိသာထင်ရှားစွာ အရည်အသွေးမပြည့်မီပေ။ အချို့အလုပ်တွင် ပါဝင်လုပ်ကိုင်ခြင်းမရှိသော၊ အချို့အလုပ်၏ ခေါင်းဆောင်များနှင့် ဝေးဝေးနေသော အယောင်ဆောင်ခေါင်းဆောင်အချို့လည်း ရှိသည်။ ထို့ကြောင့် မတူညီသောလူအမျိုးအစားတို့သည် မည်သည့်အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်သည်၊ ၎င်းတို့သည် အလုပ်အမျိုးမျိုးကို ကျကျနန ဆောင်ရွက်နိုင်ခြင်းရှိမရှိ၊ အခြေခံသဘောတရားများအတိုင်း ဆောင်ရွက်နိုင်ခြင်းရှိမရှိတို့ကို ထိုသူတို့ လုံးဝ မသိပေ။ တစ်ဖက်တွင် ဤသည်မှာ ပျင်းရိခြင်းဖြစ်ပြီး တစ်ဖက်တွင် ဤသည်မှာ အစွမ်းအစညံ့ဖျင်းခြင်းဖြစ်ကာ အယောင်ဆောင်ခေါင်းဆောင်များကို တကယ့်အလုပ်အား လုပ်ဆောင်နိုင်စွမ်းမရှိသည့်အဖြစ်သို့ ရောက်ရှိစေသည်။ ၎င်းတို့နှင့်ဆိုလျှင် အချို့အလုပ်မှာ ရှေ့မဆက်နိုင်ပေ။ တုံ့ဆိုင်းရပ်တန့်လျက်ရှိနေပြီး ညံ့ဖျင်းသော အလုပ်ထိရောက်မှုရလဒ်ကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက မဟုတ်သည့် လူများကို ရာထူးတိုးမြှင့်ပေးခြင်း၊ ပျိုးထောင်ပေးခြင်းတို့နှင့် အားလုံး တိုက်ရိုက် ဆက်စပ်နေသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် ကောက်ကျစ်သောသူများနှင့် မယုံကြည်သူများကို ဖယ်ရှင်းရမည်ဖြစ်ပြီး အယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များကို လူစားထိုးရမည်ဟု ဘုရားသခင်၏အိမ်တော်က ထပ်ခါထပ်ခါ အလေးပေးပြောခဲ့သည်။ ကောက်ကျစ်သောသူများနှင့် မယုံကြည်အမျိုးမျိုးကို အဘယ်ကြောင့် ထုတ်ပယ်ရမည်နည်း။ ဘုရားသခင်ကို နှစ်များစွာယုံကြည်ပြီးနောက်တွင် ဤလူတို့သည် သမ္မာတရားကို လုံးဝ လက်မခံဆဲဖြစ်ကာ ယခုအခါတွင် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်မရှိတော့သောကြောင့်ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များအားလုံးကို အဘယ်ကြောင့် လူစားလဲရမည်နည်း။ ၎င်းတို့သည် တကယ့်အလုပ်ကို မလုပ်ကြဘဲ သမ္မာတရားကို အားထုတ်သောသူတို့အား ရာထူးတိုးမြှင့်ပေးခြင်း၊ ပျိုးထောင်ပေးခြင်း လုံးဝမရှိ၍ ကြားဖြတ်နှောင့်ယှက်သောသူ များစွာတို့ဖြင့် အသင်းတော်၏ အလုပ်ကို ပရမ်းပတာဖြစ်စေသောကြောင့်၊ ဘုရားသခင်ရွေးချယ်ထားသောသူတို့၏ အသက်ဝင်ရောက်မှုကိုပင် နှေးကွေးစေသောကြောင့် ဖြစ်သည်။ ဤမယုံကြည်သူများနှင့် ကောက်ကျစ်သူများကို ထုတ်ပယ်ပြီးသည်နှင့်၊ အယောင်ဆောင်ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များကို လူစားလဲပြီးသည်နှင့် အသင်းတော်အသက်တာသည် ပို၍ကောင်းမွန်လာ၏၊ ဘုရားသခင်ရွေးချယ်ထားသောသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ပုံမှန်စားသောက်နိုင်ပြီး ၎င်းတို့၏ တာဝန်ကို ပုံမှန်ထမ်းဆောင်နိုင်ကာ ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေချနိုင်သည်။ ဤသည်မှာ ဘုရားသခင်တွေ့မြင်လိုသောအရာဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)” မှ

အရှေ့သို့- ၆၅) တာဝန်ယူခြင်းနှင့် နှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၆၇) ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ပြန်လည်ခေါ်ယူခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ ကမ္ဘာပေါ်သို့ကြွလာပြီနှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်