၈၅) အလှူဒါနများနှင့် ပေးကမ်းစွန့်ကြဲမှုများ ပြုခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) အလှူဒါနများကို မည်သည့်အကြောင်းရင်းမဆိုအတွက် တောင်းခံခြင်းမှ အသင်းတော်သည် မည်သူမဆိုကို လုံးဝ တားမြစ်သည်။ ထိုသို့လုပ်ဆောင်သူ မည်သူမဆို၌ ဖုံးကွယ်ထားသော ကြံရွယ်ချက်များ ရှိပြီး ထိုသူတို့ကို ဖော်ထုတ်ကာ အကြောင်းကြားသင့်သည်။

(၂) သမ္မာတရားကို နားမလည်သည့် ယုံကြည်သူအသစ်များအနေဖြင့် အလှူဒါနများ ပေးကမ်းခြင်း မပြုရန် တားမြစ်ထားသည်။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိသူတို့သာ လှူဒါန်းနိုင်သည်။

(၃) ဘုရားသခင်၏ ရွေးချယ်ခံ လူတို့က အလှူဒါနများ၊ သို့မဟုတ် ပေးကမ်းစွန့်ကြဲမှုများ ပြုသည့်အခါ ၎င်းတို့လိုလားကာ စိတ်အားထက်သန်သည်အထိ၊ ထို့ပြင် နောင်တစိုးစဉ်းမျှ လုံးဝမရဘဲ၊ သို့မဟုတ် အတုံ့အလှယ်အနေဖြင့် မည်သည့်အရာကိုမျှ မရယူလိုဘဲ အလှူဒါနများ ပြုလုပ်နိုင်သည်အထိ၊ သို့မဟုတ် ပေးကမ်းစွန့်ကြဲမှုများ ပြုနိုင်သည်အထိ ထပ်တလဲလဲ ဆုတောင်းခြင်းကို ဆောင်ရွက်ရမည်။ ဤအရာများကိုသာ ဘုရားသခင်က အမှတ်ရလိမ့်မည်။

(၄) ပေးကမ်းစွန့်ကြဲမှုများကို မှန်ကန်တိကျစွာ ပစ်မှတ်ထား၍ ပေးရမည်။ မိမိတို့ကိုယ်ကို ဘုရားသခင်အတွက် အချိန်ကြာမြင့်စွာ အသုံးခံနေပြီးဖြစ်ကာ ငွေကြေးဆိုင်ရာ အခက်အခဲကို ခံစားနေရသည့် ညီအစ်ကိုမောင်နှမများကို အဓိက လှူဒါန်းခြင်းသည် ဘုရားသခင်၏ အလိုတော်နှင့် သာ၍ နီးစပ်၏။

(၅) ဘုရားသခင်ထံ လှူဒါန်းထားသည့် ငွေနှင့် ပစ္စည်းများကို လုံလုံခြုံခြုံ ထိန်းသိမ်းထားရန် အသင်းတော်ထံသို့ ပေးထားသင့်သည်။ အကြင်သူသည် ယင်းတို့ကို မိမိဘာသာလည်း စောင့်ရှောက်နိုင်သည်၊ သို့မဟုတ် ယင်းတို့ကို လုံလုံခြုံခြုံ ထိန်းသိမ်းထားရန် ဘုရားသခင်ကို အမှန်တကယ် ချစ်သည့် တစ်စုံတစ်ဦးထံ ပေးထားနိုင်သည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“လူများတို့ မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြ လော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။ ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုရကြပြီ။ သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ျာလက်ပြုသည် အမှုကို လက်ဝဲလက်မျှမသိစေနှင့်။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၆:၁-၄)

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင် ရွေးချယ်ထားသော လူတို့က အလှူငွေများပေးခြင်း၊ ပေးကမ်းစွန့်ကြဲခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ ကယ်တင်ခြင်းသည် နှုတ်ကပတ်တော်များကို ဖော်ပြခြင်းအားဖြင့်သာ မဟုတ်ပေ။ ယင်းသည်- ဧဝံဂေလိတရား ဖြန့်ဝေခြင်း၊ အသင်းတော်များကို ရေလောင်းပေးခြင်း၊ ရုပ်သံ အစီအစဉ်များ၊ အနုပညာ အစီအစဉ်များ၊ ပြီးလျှင် ဗွီဒီယိုနှင့် စာသားလက်ရာတစ်ခု အပါအဝင် ကြီးမားသည့် အလုပ်ပမာဏတစ်ခုလည်း ပါဝင်လေသည်။ ဤအလုပ်က အလွန်များပြားသည့် လူ၊ ငွေရေးကြေးရေးနှင့် ရုပ်ဝတ္ထုအရင်းအမြစ် ပမာဏတစ်ခု လိုအပ်သည်၊ ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်ခြင်း ခံထားရသည့် လူအားလုံးသည် မိမိတို့ကိုယ်ကိုယ် ပူဇော်သင့်သည်၊ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးတော်ခံသင့်ပြီး ဧဝံဂေလိတရား ဖြန့်ဝေခြင်း အလုပ်အတွက် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါများ၏ တာဝန်များနှင့် ဝတ္တရားများကို ထမ်းဆောင်သင့်ပေသည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ကြပေလိမ့်မည်။ လူသားက မွေ့လျော်သည့်အရာ အားလုံးသည် ဘုရားသခင်က ပေးထားခြင်း ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်ခြင်းခံထားရသည့် လူတို့သည် ၎င်းတို့ရသည့် ငွေများအားလုံးထဲမှ တစ်စိတ်တစ်ပိုင်းကို ဘုရားသခင်၏ ဧဝံဂေလိတရား ဖြန့်ဝေခြင်းတွင် အသုံးပြုဖို့ လှူဒါန်းသင့်ပေသည်။ ဤအရာကို ကောင်းကင်ဘုံက စီမံကာ မြေကြီးက အသိအမှတ်ပြုထားခြင်း ဖြစ်ပြီး ဖြည့်ဆည်းအပ်သော ဝတ္တရားတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို နှစ်များအချို့ကြာ ယုံကြည်ခြင်းပြီးနောက်တွင် မည်သည့်အရာကိုမျှ မလှူဒါန်းဖူးပါက၊ ဤသည်မှာ ၎င်းတို့အနေဖြင့် စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့ပြီး သမ္မာတရားကို ၎င်းတို့ နားမလည်ကြောင်း၊ အသိတရား သို့မဟုတ် အသိစိတ် မရှိကြသကဲ့သို့ ဘုရားသခင်၏ ရှေ့တွင် အသက်ရှင်ရန် မသင့်တော်ကြသည်ကို ပြသပေသည်။ ထို့ကြောင့်၊ ဘုရားသခင်ကို ယုံကြည်သူ အယောက်တိုင်းသည် မိမိတို့၏ ဝေစုကို ဘုရားသခင်၏ အမှုတော်အဖို့ ထည့်ဝင်သင့်ကြပေသည်။ ထည့်ဝင်သည့် နည်းလမ်းကို မိမိ၏ ကိုယ်ပိုင် သိနားလည်မှုအတိုင်း ဆုံးဖြတ်သင့်ပေသည်။ လူအချို့က ၎င်းတို့ ရရှိသမျှတိုင်း၏ ဆယ်ရာခိုင်နှုန်းကို ပေးလှူဖို့ ဆုံးဖြတ်ထားကြသည်။ အချို့က ၎င်းတို့၏ ဖြစ်တည်မှုတစ်ခုလုံးကို ဘုရားသခင်အဖို့ ဆက်ကပ်ကြပြီး မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးတော်ခံကြလေသည်။ ၎င်းတို့ မည်သို့ ထည့်ဝင်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် ထိုသို့ ထည့်ဝင်ရာတွင် ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်ကြသရွေ့၊ ယင်းကို ဘုရားသခင်က လက်ခံလိမ့်မည်ဖြစ်သည်။ အသင်းတော် အသီးသီးသည် ဘုရားသခင်၌ အမှန်တကယ် ယုံကြည်သောသူများနှင့် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းရှိသူများက စေတနာအလျောက် ပေးနိုင်ကြဖို့အလို့ငှာ အလှူငွေပုံးတစ်ခု စီစဉ်သင့်ပေသည်။ ဘုရားသခင်၏ ရွေးချယ်ခြင်းခံထားရသည့် လူတို့ ပေးသော အလှူငွေများကို တစ်ဦးချင်း၏ ယုံကြည်ခြင်းပေါ် အခြေခံ၍ သတ်မှတ်ထားခြင်း ဖြစ်သည်ဟု ဘုရားသခင်၏ အိမ်တော်က ပြဌန်းထားပေသည်။ ဤထည့်ဝင်သော ငွေကြေးများက များစွာသော ဆုတောင်းမှုများနောက်တွင် လာသရွေ့၊ လိုလိုလားလား ပေးထားသရွေ့၊ ပြီးလျှင် ထိုလူက အပြန်အလှန်အားဖြင့် မည်သည့်အရာမျှ မတောင်းဆိုသရွေ့၊ ယင်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် လုံးဝ ညီညွတ်ပေသည်။ သို့ရာတွင် သမ္မာတရားကို နားမလည်သည့် ယုံကြည်သူအသစ်များနှင့် ဆင်းရဲသားများသည် အလှူငွေများထည့်ဖို့ မလိုအပ်ပေ။ အသင်းတော်သည် ယုံကြည်သူသစ်များက စိတ်အားထက်သန်စွာ ပေးသည့် အလှူငွေများ သို့မဟုတ် မိသားစု အငြင်းပွားမှုများသို့ ဆိုက်ရောက်စေနိုင်ခြေရှိသည့် အလှူငွေများကို လက်မခံပေ။ အသင်းတော်သည် မည်သည့်အကြောင်းရင်းအတွက်မျှ အလှူငွေများကို တောင်းခံရန် မည်သူကိုမျှ ခွင့်မပြုပေ။ အလှူငွေများကို တောင်းခံဖို့ ကြိုးစားသူအားလုံးတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များရှိပြီး ၎င်းတို့ကို ဖော်ထုတ်ကာ အကြောင်းကြားသင့်ပေသည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ၎င်းတို့ လှူဒါန်းသော အလှူငွေများကို ဘုရားသခင်အား ပေးခြင်းဖြစ်သည်၊ မည်သည့်အသင်းတော် သို့မဟုတ် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ပေးခြင်း မဟုတ်သည်ကို နားလည်ကြရမည်။ အသင်းတော်တစ်ပါး သို့မဟုတ် တစ်ဦးချင်းအား လှူဒါန်းခြင်းသည် လုံးဝ မှားယွင်း၏။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အလှူငွေများ ပေးခြင်း၏ အရေးပါမှုနှင့် အခြေခံသဘောတရားများကို သိနားလည်ခြင်း၏ အခြေခံအုတ်မြစ်အပေါ်တွင် လှူဒါန်းသင့်ပေသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်က ၎င်းတို့ကို အမှတ်ရပြီး ကောင်းချီးပေးလိမ့်မည်ဖြစ်သည်။

ကျေးဇူးတော်ခေတ်အတွင်းတွင်၊ သခင်ယေရှုက၊ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီ။” (ရှင်မဿဲခရစ်ဝင် ၂၅:၄၀) ဟု ဆိုခဲ့သည်။ ဘုရားသခင်အတွက် စိတ်အားထက်သန်စွာ စွန့်လွှတ်မှုများ ပြုလုပ်ပြီး မိမိတို့ကိုယ်ကိုယ် အသုံးတော်ခံကြကာ၊ ၎င်းတို့၏ အသက်တာများ၌ ငွေရေးကြေးရေး အခက်အခဲ တွေ့ကြုံနေရသည့် ညီအစ်ကို မောင်နှမများကို ကူညီဖို့ ချစ်ခြင်းမေတ္တာဖြင့် ပေးသည့် ပေးကမ်းစွန့်ကြဲမှုများသည် ကောင်းသော လုပ်ဆောင်ချက်များဖြစ်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုံးဝ ကိုက်ညီပေသည်။ သို့သော် အချို့သော လူများသည် ခေါင်းဆောင်များအတွက်သာ စျေးကြီးသည့် ပစ္စည်းများကို ဝယ်ကြ၏။ ထိုသို့သော လက်ဆောင်များသည် ချစ်ခြင်းမေတ္တာမှ ပေးသည့် ပေးကမ်းစွန့်ကြဲမှု မဟုတ်ပေ။ ယင်းတို့သည် ကိုယ်ရေးကိုယ်တာ အရင်းခံအကြောင်းများနှင့် ရည်မှန်းချက်များဖြင့် စွန်းထင်းသည့် ရှင်သန်မှုနှင့်ဆိုင်သည့် ဖော်လံဖား အတွေးအခေါ်တစ်ခုသာဖြစ်ပြီး၊ ယင်းတို့ကို ဘုရားသခင်က အမှတ်မရပေ။ ပေးကမ်းစွန့်ကြဲမှုကို အခြေခံသဘောတရားများဖြင့် ထိန်းချုပ်ရမည်ဖြစ်ပြီး၊ မှန်ကန်သည့် လက်ခံရရှိသူများကို ဦးတည်ရမည်ဖြစ်သည်။ ပေးကမ်းစွန့်ကြဲခြင်းကို ဆိုးယုတ်သည့် အတုအယောင် ခေါင်းဆောင်များ သို့မဟုတ် အန္တိခရစ်တို့ကို ပေးရမည်မဟုတ်။ ထိုသို့ လုပ်ဆောင်ခြင်းသည် မကောင်းမှုကို ပံ့ပိုးပေးခြင်းဖြစ်ပြီး၊ ယင်းသည် မကောင်းမှုပြုခြင်းသက်သက်သာ ဖြစ်သည်။ ချစ်ခြင်းမေတ္တာဖြင့် အမှန်တကယ် ပေးကမ်းစွန့်ကြဲခြင်းသည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် စစ်မှန်ရိုးသားစွာ အသုံးခံကြသူများ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ထောက်ပံ့ပေးနိုင်သူ၊ ရေလောင်းပေးနိုင်ပြီး ဝိုင်းဝန်းကူညီနိုင်သူများနှင့် အသင်းတော်၏ အလုပ်နှင့် ရွေးချယ်ခံထားရသော လူတို့၏ ကြီးထွားမှုကို အကြီးမားဆုံး ပံ့ပိုးမှုပြုသူများအား ပေးခြင်းကို ဆိုလိုပေသည်။ ထိုသို့သော လူများကို- ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းခံရပြီး ဘုရားသခင်၏ ကောင်းချီးပေးခြင်းခံရသည့်လူများကို- ပေးကမ်းစွန့်ကြဲခြင်းသည် ဘုရားသခင်၏ စိတ်နှလုံးနှင့် လုံးဝ ညီညွတ်ပေသည်။ လူတစ်ဦးဦးကို မျက်နှာလို မျက်နှာရလုပ်ပြီး မိမိ၏ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်များကို ရရှိဖို့အလို့ငှာ ပေးကမ်းစွန့်ကြဲခြင်း သို့မဟုတ် လက်ဆောင်များပေးခြင်းသည် သမ္မာတရားနှင့် လုံးဝ သဘောကွဲလွဲပေသည်။ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် ဘုရားသခင်၏ အိမ်တော်၏ အမှုကို ထည့်တွက်ဖို့၊ မိမိတို့တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့၊ ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံဖို့နှင့် အဆင့်အတန်းနှင့်ဆိုင်သည့် ကောင်းချီးမင်္ဂလာများကို မတပ်မက်ဖို့ သာ၍ပင် ကြီးမားသည့် ဝတ္တရားတစ်ခု ရှိကြသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့ကို ကြီးကြပ်ဖို့မှာ ဘုရားသခင် ရွေးချယ်ထားသည့် လူအားလုံး၏ တာဝန် ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

ဘုရားသခင် ရွေးချယ်ထားသောသူတို့ ပေးလှူထားသည့် အလှူငွေ သို့မဟုတ် ပစ္စည်းဥစ္စာ တစ်ခုတစ်လေကို အခြေခံသဘောတရားများနှင့်အညီ လုပ်ဆောင်ရမည်။ ပထမဦးစွာ ၎င်းတို့သည် ယုံကြည်သူ တစ်နှစ် သို့မဟုတ် နှစ်နှစ် ဖြစ်ပြီး သမ္မာတရားအချို့ကို နားမလည်လာမချင်း၊ အလှူဒါနများ ပြု၍မရပေ။ ဒုတိယအနေဖြင့်၊ ယင်းက စိတ်ရင်းအတိုင်းဖြစ်ရမည် ဖြစ်ပြီး ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ အကြိမ်ပေါင်းများစွာ ဆုတောင်းနှင့်ပြီးဖြစ်ရမည်။ တုန့်ဆိုင်းခြင်း အရိပ်အယောင် တစ်စက်မျှ ရှိ၍မရပေ။ လှူဒါန်းသော ငွေကြေးပမာဏ ကြီးမားလျှင်၊ ထောက်ပံ့လှူဒါန်းငွေများ၏ အရင်းအမြစ်နှင့် ပုန်းကွယ်နေသော အန္တရာယ် သို့မဟုတ် စွန့်စားမှု တစ်ခုတစ်လေ ရှိမရှိ၊ ၎င်းတို့သည် လိုလားစွာ လှူဒါန်းခြင်း ဖြစ်ပြီး၊ နောင်တရမည် မဟုတ်ကြောင်းတို့ကို ကြေငြာသည့် အာမခံချက် စာတစ်စောင် ရေးသားဖို့ လိုအပ်ပါသည်။ ထို့နောက်မှသာ အသင်းတော်က ယင်းကို လက်ခံနိုင်သည်။ သမ္မာတရားနားမလည်ဘဲ၊ စိတ်အားထက်သန်မှု သက်သက်သာရှိသည့် ယုံကြည်သူ အသစ်များထံမှ အလှူငွေများကို အသင်းတော်က လက်ခံ၍မရပေ။ ယခင်က ဘုရားသခင် ရွေးချယ်ထားသောသူတို့ကို လှူဒါန်းမှုများ ပြုဖို့ ပန်ကြားခဲ့သည့် အသင်းတော်ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ရှိခဲ့သည်- ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် သာ၍ပင် မကိုက်ညီပေ။ ဤသို့သော အမှုကိစ္စမျိုးသည် ဘာသာရေးလောက၌ အလွန် ဖြစ်လေ့ရှိပါသည်။ ဘုရားသခင်၏အိမ်တော်တွင် မည်သည့်ခေါင်းဆောင်ဖြစ်စေ၊ အမှုတော်ဆောင်ဖြစ်စေ လူများကို တာဝန်ထမ်းဆောင်ဖို့ သို့မဟုတ် လှူဒါန်းဖို့ ဆွဲဆောင်ခွင့်မရှိပေ။ အကယ်၍ ဤကဲ့သို့သော အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ပေါ်လာပါက၊ ဘုရားသခင် ရွေးချယ်ထားသောလူတို့က ၎င်းတို့ကို ဖော်ထုတ်ပြီး တိုင်ကြားသင့်သည်။ ထို့အပြင်၊ ဘုရားသခင် ရွေးချယ်ထားသောလူတို့က ဘုရားသခင်ကို ပေးထားသည့် လှူဒါန်းမှုများအားလုံးသည် ဘုရားသခင် ပိုင်ဆိုင်သည့် လှူဖွယ်ပစ္စည်းများ ဖြစ်သည်။ ယင်းတို့သည် မည်သည့်သီးခြားလူတစ်ဦး သို့မဟုတ် အသင်းတော် တစ်ခုတစ်လေနှင့်မျှ မသက်ဆိုင်ပေ။ အသင်းတော်သည် ကုသိုလ်ဖြစ်လုပ်နေသည့် အဖွဲ့အစည်းတစ်ခု မဟုတ်သောကြောင့်၊ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကိုဆင်းရဲသားများအား ပေးဖို့ လှူဖွယ်ပစ္စည်းများအဖြစ် အသုံးပြု၍မရပေ။ ဘုရားသခင်ကို ပူဇော်လှူဒါန်းထားသော လှူဖွယ်ပစ္စည်းများကို ဧဝံဂေလိအလုပ် ဖြန့်ကျက်ဖို့နှင့် မိမိတို့၏တာဝန်ကို အချိန်ပြည့်ထမ်းဆောင်သူများ၏ လိုအပ်သော နေထိုင်မှုအသုံးစရိတ်များအတွက် အဓိကအားဖြင့် အသုံးပြုပေသည်။ ဘုရားသခင်၏လှူဖွယ်ပစ္စည်းများကို ကိုယ်ရေးကိုယ်တာ ငွေအလွဲသုံးစား ပြုခြင်းအားဖြင့် အခြေခံသဘောတရားများကို ချိုးဖောက်သည့်သူ မည်သူမဆိုသည် လှူဖွယ်ပစ္စည်းများကို ခိုးယူခြင်း အပြစ်ရှိသော ယုဒတစ်ဦးဖြစ်ပြီး ၎င်းတို့ကို ပြင်းထန်စွာ ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။ လေးနက်သော ကိစ္စရပ်များတွင်၊ ၎င်းတို့ကို ဖယ်ရှားကာ၊ နှင်ထုတ်ရမည် ဖြစ်သည်။ ဘုရားသခင်၏အိမ်တော်ကို ဆုံးရှုံးမှုများ ဖြစ်စေလျက်၊ လှူဖွယ်ပစ္စည်းများကို ပျောက်ဆုံးစေသူ သို့မဟုတ် မလျော်မကန် သုံးစွဲသူ မည်သူမဆိုသည် တန်ဖိုးတူညီသော အလျော်အစားကို ပေးရမည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၈၄) ကောင်းမွန်သော လုပ်ဆောင်ချက်များကို ပြင်ဆင်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၈၆) ဘုရားသခင်အဖို့ လှူဖွယ်ပစ္စည်းများကို ဆက်ဆံပုံဆိုင်ရာ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၈၀၈ ပေတရုဟာ ဘုရားကို အသိဆုံးသူ

၁ပေတရုက ဘုရားသခင်ကို နှစ်ပေါင်းများစွာ သစ္စာရှိခဲ့ချိန်ညည်းညူ တဲ့စိတ်တော့သူ၌ မရှိလေပါယောဘတောင်သူ့ ကိုမမှီခဲ့နိုင်ပါအခြားသူတော်စင်တွေဆို...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါ...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်