၂၅) သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏အခြေခံသဘောတရားများ

(၁) သမ္မာတရားအပေါ် သိနားလည်မှုတစ်ခုတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေပြုချက်သေချာပေါက်ရှိပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် စည်းမျဉ်းစည်းကမ်းများကို အတုခိုးကာ လိုက်နာစောင့်ထိန်းခြင်းထက် လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားများကို ဆုံးဖြတ်ရမည်။

(၂) သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံသဘောတရားများမှာ ဘုရားသခင်နှင့် သမ္မာတရားကို ဧကန်မုချ ကျိုးနွံနာခံပြီး၊ အသင်းတော်၏ အလုပ်နှင့် လူသား၏ အသက်ထဲသို့ ဝင်ရောက်ခြင်းအဖို့ အကျိုးရှိလေသည်။

(၃) မိမိတို့၏ သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မိမိတို့၏ ဝိညာဉ်တွင် အေးချမ်းကြသည်ဟု မိမိတို့ဘာသာ အတည်ပြုရန် မလုံလောက်ပေ။ သမ္မာတရားကို နားလည်သည့် အခြားတစ်စုံတစ်ဦးက စိစစ်အတည်ပြုပေးသင့်သည်၊ ယင်းမပါဘဲနှင့် အကြွင်းမဲ့ တိကျမှန်ကန်မှုသည် မသေချာပေ။

(၄) သင်၏ တာဝန်ကို ဘုရားနှုတ်ကပတ်တော်များ၏ တောင်းဆိုချက်များနှင့် အထက်မှ အလုပ်အစီအစဉ်များအတိုင်း ထမ်းဆောင်ပြီး၊ အတွင်းရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြမှုတို့ကို ကျိုးနွံနာခံလော့။ ဤအရာသည်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။

(၅) သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မိမိအား လက်တွေ့အရှိတရားထဲသို့ ခေါ်ဆောင်သည်သာမက၊ အခြားသူတို့ကိုလည်း တည်ဆောက်ပေးနိုင်သည်။ ဤအရာသည်သာ ဘဝ အတွေ့အကြုံနှင့်သက်ဆိုင်သည့် စစ်မှန်သော သက်သေခံချက် ဖြစ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားတို့ ပိုင်ဆိုင်ရန်လိုအပ်သည့် သမ္မာတရားကို ဘုရားသခင်၏ နှုတ်ကပတ်တော်တွင်တွေ့နိုင်ပြီး၊ ယင်းသည် လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူးနှင့် အထောက်အကူ အများဆုံးဖြစ်စေသည့် သမ္မာတရားဖြစ်သည်။ ယင်းမှာ လူသားအနေဖြင့်သူ၏ သာမန်လူ့သဘာဝကို ပြန်လည်ထိန်းသိမ်းရန် အထောက်အကူပြုသော အရာဖြစ်သည့် သင်တို့၏ခန္ဓာကိုယ်က လိုအပ်သော အားဆေးနှင့် အစာအာဟာရ ဖြစ်သည်။ လူသားတွင် ရှိအပ်သော သမ္မာတရားတစ်ရပ် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့ ကျင့်သုံးလေလေ၊ သင်တို့၏ဘဝ လျင်မြန်စွာ ပွင့်လန်းလာလေဖြစ်ပြီး၊ သမ္မာတရားသည် ရှင်းလင်းလာလေလေ ဖြစ်သည်။ သင်တို့၏ ဝိညာဉ်အသက်တာ ကြီးထွားလာသည်နှင့်အမျှ သင်သည် ဝိညာဉ်လောက၏ အရာများကို သာ၍ရှင်းလင်းစွာ မြင်ပြီး စာတန်အပေါ် တွန်းလှန်ရန် ခွန်အား ရှိလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ ကျင့်သုံးသည့်အခါ သင်တို့ နားမလည်သော သမ္မာတရား အများအပြားသည် ရှင်းလင်းလာပေလိမ့်မည်။ လူအများစုသည် ဘုရားသခင့် နှုတ်ကပတ်တော်၏ စာသားများကို နားလည်ရုံမျှနှင့် ကျေနပ်ကြပြီး ၎င်းတို့၏ လက်တွေ့ကျင့်သုံးခြင်း အတွေ့အကြုံကို နက်ရှိုင်းစေခြင်းထက် မိမိတို့ကိုယ်ကိုယ် အယူဝါဒများ တပ်ဆင်ထားရန်သာ အလေးထားကြ၏။ သို့ရာတွင် ယင်းမှာ ဖာရိရှဲများ၏ နည်းလမ်းပင် မဟုတ်ပါလော။ ထို့ကြောင့် “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ဖြစ်သည်” ဟူသော စကားရပ်မှာ သူတို့အတွက် မည်သို့စစ်မှန်နိုင်မည်နည်း။ လူတစ်ဦး၏ အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရုံမျှဖြင့်သာ မကြီးထွားနိုင်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးသည့်အခါမှသာ ကြီးထွားလေသည်။ အသက်နှင့် ဝိညာဉ်အသက်တာ ရရှိရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ရန်သာ လိုသည်ဟု သင်ယုံကြည်ပါက၊ သင်၏နားလည်မှုသည် လွဲမှားနေသည်။ သင်သည်သမ္မာတရားကို ကျင့်သုံးသောအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် နားလည်ပြီး၊ “သမ္မာတရားကို ကျင့်သုံးခြင်းဖြင့်သာလျှင် ၎င်းကိုနားလည်နိုင်သည်” ဆိုခြင်းကို သင်နားလည်ရမည်။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးနောက်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသည်ဟုသာ ဆိုနိုင်သော်လည်း၊ သင်သည် ၎င်းကိုနားလည်သည်ဟု မဆိုနိုင်ပေ။ အချို့က သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် တစ်ခုတည်းသော နည်းလမ်းမှာ ယင်းကိုဦးစွာ နားလည်ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း၊ ယင်းမှာ တစ်စိတ်တစ်ပိုင်းသာ မှန်ပြီး၊ လုံးဝတိကျမှု မရှိသည်ကား သေချာပေသည်။ သမ္မာတရားတစ်ရပ်ကို သင်မသိသေးမီတွင်၊ သင်သည် သမ္မာတရားကို မတွေ့ကြုံရသေးပေ။ တရားဒေသနာ တစ်ခုတွင် သင်ကြားရသော အရာကို သင်နားလည်သည်ဟူသော ခံစားချက်မှာ စစ်မှန်စွာနားလည်ခြင်း မဟုတ်ပေ။ ယင်းမှာ သမ္မာတရား၏ တိုက်ရိုက်စကားလုံးများကို ပိုင်ဆိုင်ခြင်းမျှသာ ဖြစ်ပြီး၊ ၎င်းအထဲရှိ စစ်မှန်သည့် အဓိပ္ပာယ်ကို နားလည်ခြင်းနှင့် မတူညီပေ။ သမ္မာတရားကို အပေါ်ယံသာ နားလည်ခြင်းက ယင်းကို သင်အမှန်တကယ် နားလည်သည် သို့မဟုတ် သိသည်ဟု အဓိပ္ပာယ် မသက်ရောက်ပေ။ သမ္မာတရား၏ အဓိပ္ပာယ်အမှန်ကား ယင်းကို တွေ့ကြုံခြင်းမှ လာသည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို တွေ့ကြုံမှသာ ယင်းကို သင်နားလည်နိုင်ပြီး၊ ထိုအခါမှသာ ယင်း၏ဖုံးကွယ်နေသည့် အစိတ်အပိုင်းများကို သင် နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။ သင်၏အတွေ့အကြုံကို နက်နဲစေခြင်းကသာ သမ္မာတရား၏ ဂယက်အနက်ကို နားလည်သဘောပေါက်ရန်နှင့် သမ္မာတရား၏ အနှစ်သာရကို နားလည်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထို့ကြောင့် သင်သည် သမ္မာတရားနှင့်အတူ မည်သည့်နေရာကိုမဆို သွားနိုင်သော်လည်း၊ သင့်အထဲတွင် သမ္မာတရား မရှိသောအခါ သင်၏မိသားစုဝင်များကိုပင် လက်ခံယုံကြည်စေရန် မစဉ်းစားနှင့်၊ ဘာသာရေးကိုင်းရှိုင်းသော သူများဆို သာ၍ပင် မစဉ်းစားလေနှင့်။ သမ္မာတရားမရှိလျှင် သင်သည် တဖျပ်ဖျပ်ရစ်ဝဲကျနေသော ဆီးနှင်းပွင့်များကဲ့သို့ ဖြစ်သော်လည်း၊ သမ္မာတရားနှင့်ဆိုလျှင် သင်သည် ပျော်ရွှင်လွတ်လပ်နိုင်ကာ မည်သည့်အရာကမျှ သင့်ကို မတိုက်ခိုက်နိုင်ပေ။ သဘောတရားတစ်ရပ်သည် မည်မျှပင် အားကောင်းပါစေ၊ ၎င်းသည် သမ္မာတရားကို အနိုင်မယူနိုင်ပေ။ သမ္မာတရားနှင့်ဆိုလျှင် လောကတစ်ခုလုံးကို ယိမ်းထိုးစေနိုင်ကာ တောင်များနှင့် ပင်လယ်များကိုပင် ရွှေ့နိုင်သော်လည်း၊ သမ္မာတရား ချို့ငဲ့ခြင်းက ခိုင်ခံ့သော မြို့တံတိုင်းများကို လောက်ထိုးပြီး အုတ်ကျိုးအုတ်ပဲ့ ဖြစ်စေနိုင်သည်။ ယင်းသည် သိသာထင်ရှားသော အမှန်တရား ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်” မှ

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် အရေးကြီးဆုံးသော အရာမှာ အဘယ်နည်း။ ယင်းမှာ အခြေခံသဘောတရားများကို ပထမဦးဆုံး သင်သဘောပေါက်ရမည့်အကြောင်းဖြစ်သည် မဟုတ်လော။ အခြေခံသဘောတရားများမှာ အဘယ်နည်း။ အခြေခံသဘောတရားများမှာ သမ္မာတရား၏ လက်တွေ့ကျသော ဘက်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ စာကြောင်းတစ်ကြောင်းကို သင်ဖတ်ရှုသည့်အခါ၊ ယင်းကို သမ္မာတရားဖြစ်သည်ဟု သင်ထင်သော်လည်း၊ ယင်းအတွင်းရှိ အခြေခံသဘောတရားများကို သင်သဘောမပေါက်ပေ။ စာကြောင်းက မှန်ကန်သည်ဟု သင်ခံစားရသော်လည်း၊ မည်သည့်နည်းလမ်းဖြင့် ယင်းက လက်တွေ့ကျသည်၊ သို့မဟုတ် ယင်းက မည်သည့်အခြေအနေကို ဖြေရှင်းဖို့ ရည်ရွယ်သည်ဆိုသည်တို့ကို သင်မသိပေ။ ယင်း၏ အခြေခံသဘောတရားများ၊ သို့မဟုတ် ယင်း၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို သင်သဘောမပေါက်နိုင်ပေ။ သင့်အဖို့၊ သင်သိမြင်သည့် ဤသမ္မာတရားက အယူဝါဒမျှ ဖြစ်သည်။ သို့သော်၊ ထိုစာကြောင်း၏ သမ္မာတရား စစ်မှန်မှုအပြင် ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာဖြစ်သည်ကို သင် သဘောပေါက်သည်နှင့်တစ်ပြိုင်နက်- ဤအရာများကို သင်အမှန်တကယ် နားလည်ပြီး အဖိုးအခကို ပေးနိုင်ကာ ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်ပါက- သမ္မာတရားကို သင်ရရှိလိမ့်မည်။ သမ္မာတရားကို သင်ရရှိသည်နှင့်အမျှ၊ တဖြည်းဖြည်းနှင့် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဖြေရှင်းခံရပြီး ထိုသမ္မာတရားက သင့်အထဲတွင် အမှုပြုလေသည်။ သင်သည် သမ္မာတရား၏ လက်တွေ့အရှိတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့်အခါ၊ ပြီးလျှင် သင်၏တာဝန်ထမ်းဆောင်ခြင်း၊ သင်၏လုပ်ရပ်တိုင်းနှင့် လူတစ်ဦးအဖြစ် သင်၏အပြုအမူတို့သည် ဤသမ္မာတရားနှင့် သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်ခြင်း အခြေခံသဘောတရားများတွင် အခြေခံသည့်အခါ၊ သင်သည် ပြောင်းလဲသည် မဟုတ်လော။ အားလုံးထက်၊ သင်သည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သော တစ်စုံတစ်ဦး ဖြစ်လာပြီးဖြစ်သည်။ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သည့် တစ်စုံတစ်ဦးသည် အခြေခံသဘောတရားဖြင့် ဆောင်ရွက်သည့်‌ တစ်စုံတစ်ဦးနှင့် တူသည် မဟုတ်လော။ ပြီးလျှင် အခြေခံသဘောတရားများဖြင့် ဆောင်ရွက်သည့် တစ်စုံတစ်ဦးသည် သမ္မာတရားကို ပိုင်ဆိုင်သည့် တစ်စုံတစ်ဦးနှင့် တူသည် မဟုတ်လော။ သမ္မာတရားကို ပိုင်ဆိုင်သည့် တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အလိုနှင့်လည်း ကိုက်ညီနိုင်သည် မဟုတ်လော။ ဤသည်မှာ ဤအရာများ ဆက်နွှယ်ပုံ ဖြစ်သည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

ဘာသာရေး ထုံးတမ်းအစဉ်အလာ မည်မျှကို သင် စောင့်ထိန်းသနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကြိမ်မည်မျှ ဆန့်ကျင်ကာ မိမိအလိုအတိုင်း လိုက်လျှောက်ခဲ့သနည်း။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးများကို အမှန်တကယ် အရေးထားကာ သူ၏အလိုတော် ဖြည့်ဆည်းဖို့ ကြိုးစားခြင်းကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အား အကြိမ်မည်မျှ သင် လက်တွေ့လုပ်ဆောင်ခဲ့ဖူးသနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ကာ နားလည်သည့်အလျောက် လက်တွေ့လုပ်ဆောင်သင့်၏။ သင်၏အပြုအမူများနှင့် လုပ်ရပ်များအားလုံး၌ ကိုယ်ကျင့်တရား ကောင်းမွန်လော့။ ဤသည်မှာ စည်းမျဉ်းများကို လိုက်နာခြင်း သို့မဟုတ် စိတ်မပါ့တပါနှင့် အပေါ်ယံဗန်းပြ လုပ်ဆောင်ခြင်းကို မဆိုလို။ ယင်းထက် ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်ခြင်းကို ဆိုလိုသည်။ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် ဘုရားသခင်ကို ကျေနပ်စေသည်။ ဘုရားသခင်ကို ကျေနပ်စေသော မည်သည့်လုပ်ဆောင်ပုံနည်းလမ်းမဆို စည်းမျဉ်းတစ်ခု မဟုတ်ဘဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ လူအချို့သည် လူအများက သူတို့အပေါ် အာရုံစိုက်အောင် လုပ်ခြင်းကို ခုံမင်ကြသည်။ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ ရှေ့တွင် ၎င်းတို့သည် ဘုရားသခင်၏ အကြွေးတင်ရှိကြောင်းကို ပြောနိုင်သည်။ သို့သော် နောက်ကွယ်တွင်မူ ထိုသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ၊ လုံးလုံးလျားလျား ခြားနားစွာ ပြုမူကြသည်။ ဤသူတို့သည် ဘာသာရေးကိုင်းရှိုင်းသော ဖာရိရှဲများ မဟုတ်လော။ ဘုရားသခင်ကို အမှန်တကယ် ချစ်ပြီး သမ္မာတရား ရှိသောသူတစ်ဦးသည် ဘုရားသခင်ကို သစ္စာစောင့်သိသူ ဖြစ်သော်လည်း၊ အပြင်ပန်း၌ ထိုကဲ့သို့ ဖော်ပြလေ့မရှိပေ။ ထိုကဲ့သို့သောသူသည် အခြေအနေများ ပေါ်ပေါက်လာချိန်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုပြီး ၎င်း၏အသိစိတ်ကို ဆန့်ကျင်ကာ ပြောဆိုခြင်း သို့မဟုတ် ပြုမူခြင်းကို ပြုလုပ်လေ့ မရှိပေ။ ထိုကဲ့သို့သောသူသည် အရေးကိစ္စများ ပေါ်လာချိန်တွင် ဉာဏ်ပညာကို ပြသပြီး၊ အခြေအနေများ မည်သို့ပင် ဖြစ်နေပါစေ သူ၏လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်၏။ ဤကဲ့သို့သောသူသည် စစ်မှန်သော အစေခံခြင်း ပေးနိုင်သောသူ ဖြစ်သည်။ ဘုရားသခင်ကို အကြွေးတင်ရှိကြောင်း စိတ်ထဲကမပါဘဲ ပြောသူတချို့ ရှိသည်။ ၎င်းတို့သည် သူတစ်ပါးထက် သာသည့်ဟန်ဆောင်ကာ သနားဖွယ်ယောင်ဆောင်လျက် ပူပန်သောကဖြင့် မျက်မှောင်ကုတ်ကာ မိမိတို့၏ နေ့ရက်များကို ကုန်လွန်ကြသည်။ စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်လေခြင်း။ “သင်၌ ဘုရားသခင်၏အကြွေး မည်သို့တင်ရှိသနည်း။ ပြောပြပါ။” ဟု သူတို့အား မေးခဲ့လျှင် သူတို့သည် အာစေးမိသွားမည် ဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် သစ္စာစောင့်သိလျှင်၊ ယင်းအကြောင်းကို အပြင်ပန်းအားဖြင့် မပြောနှင့်။ ယင်းအစား တကယ့် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းဖြင့် ဘုရားသခင်အပေါ် သင်ချစ်ခြင်းအား ပြသလော့၊ ပြီးလျှင် စစ်မှန်သော နှလုံးသားဖြင့် သူ့ထံ ဆုတောင်းလော့။ နှုတ်အားဖြင့်နှင့် ဝတ်ကျေတမ်းကျေသာ ဘုရားသခင်နှင့် ဆက်ဆံသူများသည် ကြောင်သူတော်များသာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူတစ်ဦးသည် ယုံကြည်ခြင်း၌ စစ်မှန်မှုကို အဓိကထားရမည်၊ ဘာသာရေး ထုံးတမ်းဓလေ့၌ ပါဝင်လုပ်ဆောင်ခြင်းသည် ယုံကြည်ခြင်းမဟုတ်” မှ

များစွာသောလူတို့က မိမိတို့၏ မိသားစုများနှင့် အသက်မွေးအလုပ်ကို စွန့်ပစ်နိုင်ကာ မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ခြင်းကဲ့သို့သော အပြင်ပန်း အပြုအမူများအချို့ ရှိကြသည်၊ ထို့ကြောင့် ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ သို့သော်လည်း ဘုရားသခင်က ၎င်းတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု အသိအမှတ် မပြုပေ။ သင် လုပ်ဆောင်သမျှတိုင်းသည် နောက်ကွယ်တွင် ကိုယ်ရေးကိုယ်တာ အကြောင်းရင်းရှိပြီး၊ ရောနှောနေပါက၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ပေ။ သင်သည် အပေါ်ယံ အပြုအမူကို ပြသခြင်းသက်သက် ဖြစ်သည်။ အတိအကျဆိုပါက သင်၏ အပြုအမူသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံကောင်းခံရမည်၊ ယင်းသည် သူ၏ ချီးမွမ်းခြင်း သို့မဟုတ် အောက်မေ့သတိရခြင်းကို ခံရမည် မဟုတ်ပေ။ ဤအရာကို ဆက်လက်၍ ခွဲစိတ်လေ့လာပါက၊ သင်သည် မကောင်းမှုကို ပြုလျက်နေပြီး သင်၏အပြုအမူသည် ဘုရားသခင်ကို ဆန့်ကျင်လျက်ရှိ၏။ အပြင်ပန်းတွင် သင်သည် တစ်စုံတစ်ရာကို ကြားဖြတ်ခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်း မရှိသည့်အပြင် သမ္မာတရားတစ်ခုတစ်လေကို အမှန်တကယ် ထိခိုက်စေခြင်း သို့မဟုတ် ချိုးဖောက်ခဲ့ဖူးခြင်းမရှိပေ။ ၎င်းသည် ကျိုးကြောင်းဆီလျော်ပြီး သင့်လျော်သည်ဟု ထင်ရသော်လည်း၊ သင်၏ လုပ်ဆောင်ချက်များ၏ အနှစ်သာရသည် မကောင်းမှုပြုခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သက်ဆိုင်လျက်ရှိသည်။ ထို့ကြောင့် သင်သည် သင်၏ စိတ်သဘောထားအတွင်း ပြောင်းလဲမှုတစ်ခု ရှိမရှိနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ သင်၏ လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ အကြောင်းရင်းများကို ကြည့်ခြင်းဖြင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း ရှိမရှိကို ဆုံးဖြတ်သင့်သည်။ ယင်းမှာ သင်၏ လုပ်ရပ်များက လူသား၏ စိတ်ကူးနှင့် လူသား ရည်ရွယ်ချက်များဖြင့် ကိုက်ညီခြင်းရှိ မရှိ သို့မဟုတ် ယင်းတို့သည် သင်၏ အကြိုက်နှင့် ကိုက်ခြင်း ရှိ မရှိနှင့်သက်ဆိုင်သည့် လူသား အမြင်တစ်ခုအပေါ် မတည်မှီပေ။ ထိုကဲ့သို့သော အရာများသည် အရေးမကြီးချေ။ အမှန်မှာ သူ၏ အလိုတော်နှင့် သင်ကိုက်ညီမှု ရှိမရှိ၊ သင်၏ လုပ်ဆောင်ချက်များက သမ္မာတရား လက်တွေ့အရှိတရားကို ပိုင်ဆိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် သူ၏ သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် ပြည့်မီခြင်း ရှိမရှိ ဘုရားသခင် ပြောသောအရာအပေါ် မူတည်သည်။ သင့်ကိုယ်သင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် တိုင်းထွာခြင်းသည်သာမျှ မှန်ကန်တိကျ၏။ စိတ်သဘောထား၌ ပြောင်းလဲခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် လူတို့ စိတ်ကူးသကဲ့သို့ မရိုးရှင်းသည့်အပြင် လွယ်လည်း မလွယ်ကူပေ။ ယခု ဤအရာကို သင်တို့ နားလည်ပါသလော။ ဤအရာနှင့်ပတ်သက်၍ အတွေ့အကြုံတစ်ခုတစ်လေ သင်တို့ ရှိပါသလော။ ပြဿနာတစ်ခု၏ အနှစ်သာရနှင့် ပတ်သက်လာသည့်အခါ၊ ယင်းကို သင်တို့ နားလည်ကောင်း နားလည်မည်မဟုတ်။ သင်တို့၏ ဝင်ရောက်မှုသည် လွန်ကဲစွာ အပေါ်ယံဖြစ်လေပြီ။ သင်သည် အရုဏ်တက်မှ နေဝင်ဆည်းဆာထိတိုင် စောစောထပြီး နောက်ကျအိပ်ရာဝင်လျက် တစ်နေတာလုံး ပြေးလွှားသော်လည်း၊ သင်၏ အသက်စိတ်သဘောထားတွင် အသွင်ပြောင်းလဲမှုကို သင် မရရှိသေးသကဲ့သို့၊ ထိုသို့သော အသွင်ပြောင်းလဲခြင်းက မည်သည့်အရာ ပါဝင်သည်ကို သင် သဘောမပေါက်နိုင်ပေ။ ဤအရာက သင်၏ ဝင်ရောက်မှုသည် ပေါ့တန်လွန်းခြင်းကို ဆိုလိုသည်မဟုတ်လော။ ဘုရားသခင်ကို သင် မည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ၊ စိတ်သဘောထား၌ အသွင်ပြောင်းလဲခြင်းကို ရရှိခြင်းနှင့်ပတ်သက်၍ လုပ်ဆောင်ဖို့ အနှစ်သာရနှင့် နက်ရှိုင်းသော အရာများကို သိကောင်းသိမည်မဟုတ်ပေ။ ယင်းက သင်၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုနိုင်သလော။ ဘုရားသခင်က သင့်ကို ချီးမွမ်းမည်၊ မချီးမွမ်းမည်ကို သင်တို့ မည်သို့ သိရှိသနည်း။ အနည်းဆုံးအနေဖြင့်၊ သင် လုပ်ဆောင်သည့် အရာတိုင်းနှင့်စပ်လျဉ်း၍ ထူးထူးခြားခြား တည်ကြည်ခိုင်မာလာသည်ကို သင်ခံစားရလိမ့်မည်ဖြစ်ပြီး၊ သင်၏ တာဝန်များကို ဖြည့်ဆည်းနေစဉ်တွင်၊ ဘုရားသခင်၏ အိမ်တော်၌ မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်နေစဉ်တွင် သို့မဟုတ် ပုံမှန်အားဖြင့် ရှိနေစဉ်တွင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို လမ်းပြနေပြီး အသိဉာဏ် ပွင့်လင်းနေစေကာ သင့်အထဲတွင် အလုပ်လုပ်နေသည်ကို သင် ခံစားရလိမ့်မည်။ သင်၏ အပြုအမူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ဒွန်တွဲလျက် အံကိုက်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အတွေ့အကြုံ အတိုင်းအတာတစ်ခု သင် ရရှိပြီးသည်နှင့်တစ်ပြိုင်နက်၊ အတိတ်က သင် ပြုမူခဲ့သည့်ပုံသည် အတော် သင့်တော်သည်ကို သင် ခံစားရလိမ့်မည်။ သို့သော် အချိန်ကာလတစ်ခုကြာ အတွေ့အကြုံ ရရှိပြီးနောက်တွင်၊ အတိတ်က သင် လုပ်ဆောင်ခဲ့သည့် အရာများထဲမှ အချို့သည် မသင့်တော်သကဲ့သို့၊ ယင်းတို့နှင့် ပတ်သက်၍ သင် စိတ်ကျေနပ်မှုမရှိခဲ့သည်ကို သင် ခံစားရပြီး၊ သင် လုပ်ဆောင်ခဲ့သည့်အရာများတွင် ဧကန်အမှန် သမ္မာတရားမရှိခဲ့ဟု ခံစားရပါက၊ ဤအရာက သင် လုပ်ဆောင်ခဲ့သည့် အရာတိုင်းသည် ဘုရားသခင်ကို ခုခံရာတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို သက်သေပြပေသည်။ ယင်းမှာ သင်၏ အစေခံခြင်းသည် ပုန်ကန်မှု၊ ခုခံမှုနှင့် လူသား ပြုမူသည့် နည်းလမ်းများဖြင့် ပြည့်နေသည့် အထောက်အထား ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ” မှ

သမ္မာတရားကိုလက်တွေ့လုပ်ဆောင်ရန် အတိအကျအားဖြင့် မည်သည့်အရာများသည် စံနှုန်းများ ဖြစ်သနည်း။ သင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေခြင်း ရှိမရှိကို မည်သို့တိုင်းတာပြီး သတ်မှတ်သနည်း။ ဘုရားသခင်သည် သင့်အား သူ၏နှုတ်ကပတ်တော်များကိုနားထောင်ပြီး လက်ခံသောသူ ဟုတ်မဟုတ်ကို မည်ကဲ့သို့စိစစ်သနည်း။ သင်သည် သူ့ကိုယုံကြည်ပြီး တရားဒေသနာများ နားထောင်ခဲ့သည့်အချိန်တွင် သင်၏အတွင်းပိုင်းအခြေအနေ၊ သူ့အပေါ်သင်၏မနာခံခြင်းနှင့် သင်၏ဖောက်ပြန်သော စိတ်သဘောထား၏ အမျိုးမျိုးသောလက္ခဏာ သဘောသဘာဝအတွင်း၌ ပြောင်းလဲမှုတစ်စုံတစ်ရာရှိသည် မရှိသည်ကို သူကြည့်ရှုသည်။ သင်သည် ဤအရာများအား သမ္မာတရားနှင့် အစားထိုးခြင်းရှိမရှိနှင့် သင်၏ အပြင်ပန်း အပြုအမူနှင့် လုပ်ဆောင်ချက်များ သို့မဟုတ် သင့်နှလုံးသား၏ နက်နဲသောနေရာရှိ သင်၏ဖောက်ပြန်သော စိတ်သဘောထား၏ သဘောသဘာဝအား ပြုပြင်ခြင်း ရှိမရှိကို သူကြည့်ရှုသည်။ ဤအရာများနှင့်အညီ သင့်ကို ဘုရားသခင်တိုင်းတာ၏။ ဤနှစ်‌ပေါင်းများစွာ တရား‌ဒေသနာများကိုနားထောင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခဲ့ပြီးနောက် သင်၏ပြောင်းလဲမှုများသည် အပေါ်ယံသက်သက်လော၊ သို့မဟုတ် ပဓာနကျသော ပြောင်းလဲမှုများလော။ သင်၏စိတ်သဘောထား၌ ပြောင်းလဲမှုများရှိပြီးပြီလော။ ဘုရားသခင်အကြောင်း သင်၏နားလည်မှုမှားယွင်းခြင်းများ၊ ဘုရားသခင်အပေါ် သင်၏မနာခံခြင်းများနှင့် သင့်အား ဘုရားသခင် အပ်နှံသည့်တာဝန်များနှင့် လုပ်ငန်းများကို သင်ချဉ်းကပ်ပုံ ပြောင်းလဲပြီးပြီလော။ ဘုရားသခင်ကိုဆန့်ကျင်သည့် သင်၏မနာမခံခြင်းသည် လျော့နည်းခဲ့ပြီလော။ တစ်စုံတစ်ခုဖြစ်ပြီး သင်သည် ဘုရားသခင်အား နာခံခြင်းမရှိကြောင်း ဖော်ထုတ်ခံရသည့်အခါ မိမိကိုယ်ကိုယ် အလေးအနက် ဆင်ခြင်နိုင်သလော။ သင်သည် နာခံနိုင်စွမ်း ရှိသလော။ သင့်အား ဘုရားသခင် ယုံကြည်ပြီး စေခိုင်းသည့်လုပ်ငန်းများနှင့် အပ်နှံသည့်တာဝန်များအပေါ် ပို၍သစ္စာရှိလာပြီလော။ ပြီးလျှင် ဤသစ္စာရှိမှုသည် စင်ကြယ်သလော။ တရားဒေသနာများ သင်နားထောင်နေခဲ့စဥ်တွင် သင့်၏ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ကြံရွယ်ချက်တို့သည် သန့်ရှင်းစင်ကြယ်စေခြင်း ခံရပြီးပြီလော။ ဤအရာများသည် တိုင်းတာဖို့အတွက် စံနှုန်းများ မဟုတ်ပေဘူးလော။ ထို့အပြင် သင်သည် သင်၏နဂိုမူလအယူအဆများ၊ မရေရာ၍ စိတ်ကူးသက်သက်ဖြစ်သော စိတ်ကူးယဉ်ချက်များနှင့် သုံးသပ်ချက်များအား ဖက်တွယ်နေသေးသလော။ သင်၌ မကျေနပ်မှုများနှင့် အပျက်သဘောဆောင်သည့်ခံစားချက်များ ရှိနေသေးသလော။ ဤအရာများနှင့်ပတ်သက်၍ ပြောင်းလဲမှုရှိပြီးပြီလော။ ဤလက္ခဏာများ၌ မည်သည့်ပြောင်းလဲမှုမျှမရှိသေးလျှင် သင်သည် မည်သို့သောပုဂ္ဂိုလ်ဖြစ်သနည်း။ ဤအရာသည် သင်သည် သမ္မာတရားကို လက်တွေ့မကျင့်သုံးသူဖြစ်ကြောင်း အမှန်တရားတစ်ခုကို သက်သေပြပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ စိတ်သဘောထားတွင် ပြောင်းလဲမှုများ ရှိနိုင်သည်” မှ

ဘုရားသခင်ကို စတင်၍ ယုံကြည်လာခဲ့ကြသည့် အချိန်ကတည်းက လူတို့သည် မမှန်ကန်သော ရည်ရွယ်ချက်များကို သိုထားခဲ့ကြသည်။ သင်က သမ္မာတရားကို လက်တွေ့မကျင့်သုံးလျှင် သင်၏ရည်ရွယ်ချက်များ အားလုံးက မှန်ကန်သည်ဟု သင်ခံစားရသည်။ သို့သော်လည်း သင့်ထံ တစ်ခုခုဖြစ်သည့်အခါ သင့်အထဲ၌ မမှန်ကန်သည့် ရည်ရွယ်ချက်များစွာ ရှိသည်ကို မြင်ရပါလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က လူများကို ပြည့်စုံအောင် လုပ်သည့်အခါ သူတို့၏ ဘုရားသခင်အပေါ် သိမြင်မှုကို တားဆီးနေသည့် သူတို့အတွင်း၌ရှိသော အယူအဆများ အများကြီးရှိသည်ဆိုသည်ကို သိမြင်ဖို့ ပြုလုပ်သည်။ သင်၏ ရည်ရွယ်ချက်များက မှားနေသည်ကို သင်သိမြင်သည့်အခါ သင့်အယူအဆနှင့် ရည်ရွယ်ချက်တွေအရ လက်တွေ့ ကျင့်ဆောင်နေသည်ကို ရပ်နိုင်လျှင် သင်သည် ဘုရားသခင်၏ သက်သေကိုခံနိုင်ပြီး သင့်ထံ ဖြစ်ပျက်နေသည့် အရာတွေကြားမှာ သင်က ခိုင်မြဲစွာရပ်တည်နိုင်လျှင် သင်သည် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ခဲ့ပြီဟု သက်သေပြသည်။ သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌ ရှောင်လွှဲ၍မရသည့် တိုက်ပွဲတစ်ခု ဖြစ်လာပါလိမ့်မည်။ စာတန်က လူတို့ကို သူ့နောက်သို့ လိုက်စေဖို့ ကြိုးစားမည်ပင်။ ဇာတိပကတိ၏ အယူအဆနောက်ကို သူတို့အား လိုက်စေဖို့ ကြိုးစားလိမ့်မည်ဖြစ်ပြီး ဇာတိပကတိအပေါ် စိတ်ဝင်စားမှုကို ထိန်းထားမည်ပင်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အထဲ၌ ထွန်းလင်း တောက်ပစေမည် ဖြစ်သည်။ ဤအချိန်၌ သင်က ဘုရားနောက်ကို လိုက်မလား သို့မဟုတ် စာတန်နောက်ကို လိုက်မလား ဆိုသည်မှာ သင့်အပေါ်မှာ မူတည်သည်။ အဓိကအားဖြင့် လူတို့အတွင်း၌ရှိသော အရာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် မညီညွတ်သော သူတို့၏အတွေးများနှင့် အယူအဆများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘုရားသခင်က လူများအား သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ တောင်းဆိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူများ၏စိတ်နှလုံးကို တို့ထိပြီး သူတို့ကို အလင်းပေးကာ အသိဉာဏ်ပွင့်လင်းစေသည်။ ထို့ကြောင့် ဖြစ်ပျက်နေသည့် အရာအားလုံး၏ နောက်မှာ တိုက်ပွဲတစ်ခုရှိသည်။ လူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့် အချိန်တိုင်း၌၊ သို့မဟုတ် ဘုရားသခင်အား ချစ်ခြင်းကို လက်တွေ့ကျင့်သုံးသည့်အချိန်တိုင်း၌ ကြီးမားသည့် တိုက်ပွဲတစ်ခုရှိသည်။ သူတို့၏ဇာတိပကတိမှာ အားလုံးက အဆင်ပြေနေပုံပေါက်နေနိုင်သော်လည်း စင်စစ်အားဖြင့် သူတို့၏နှလုံးသားအတွင်းပိုင်း၌မူ သေရေးရှင်ရေးတိုက်ပွဲတစ်ခု ဖြစ်ပေါ်နေလိမ့်မည်။ ဤပြင်းထန်သောတိုက်ပွဲ ပြီးဆုံးသည့်အခါမှသာ၊ ကြီးမားစွာ နှိုင်းဆဆင်ခြင်ပြီးသည့်အခါမှသာ အောင်မြင်မှုနှင့် ကျရှုံးမှုကို အဆုံးအဖြတ်ပေးနိုင်သည်။ ငိုရမည်လော၊ ရယ်ရမည်လောဆိုသည်ကို မသိပေ။ လူတို့၏အတွင်း၌ရှိသော ကြံရွယ်ချက် အများအပြားသည် မှားယွင်းနေသောကြောင့်၊ သို့မဟုတ်ပါက ဘုရားသခင်၏ အမှုအများစုသည် သူတို့၏အယူအဆများနှင့် ဆန့်ကျင်နေသောကြောင့် လူများသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အချိန်တွင် နောက်ကွယ်၌ ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲနေရသည်။ ဤသမ္မာတရားကို လက်တွေ့ကျင့်ကြံပြီးသည့်အခါ လူတို့အနေဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေမည်ဟု နောက်ဆုံး၌ ဆုံးဖြတ်ချက်မချမီတွင် နောက်ကွယ်၌ မရေတွက်နိုင်သည့် ဝမ်းနည်းခြင်း မျက်ရည်များ ကျခဲ့ကြပြီးဖြစ်လိမ့်မည်။ ဤတိုက်ပွဲကြောင့်ပင် လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းတို့ကို တောင့်ခံရခြင်းဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် ဒုက္ခခံစားရခြင်းပင် ဖြစ်သည်။ တိုက်ပွဲသည် သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ဘုရားသခင်ဘက်မှ အမှန်တကယ် ရပ်တည်နိုင်လျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေစဉ်တွင်၊ အတွင်း၌ ဆင်းရဲဒုက္ခခံစားဖို့မှာ ရှောင်လွှဲမရနိုင်ပေ။ လူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အခါ လူတို့အတွင်းထဲက အရာအားလုံးသည် မှန်ကန်နေသည်ဆိုလျှင် သူတို့သည် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရန်လိုအပ်လိမ့်မည် မဟုတ်ပေ၊ ထို့ပြင် တိုက်ပွဲဆိုသည်မှာလည်း ရှိမည်မဟုတ်ဘဲ ဒုက္ခလည်း ခံစားရမည် မဟုတ်ပေ။ လူတို့၏အတွင်း၌ ဘုရားသခင်၏အသုံးပြုခြင်းကိုခံရရန် မထိုက်တန်သည့် အရာများစွာရှိနေသောကြောင့်၊ ထို့ပြင် ဇာတိပကတိ၏ ပုန်ကန်တတ်သော စိတ်သဘောထား မြောက်မြားစွာ ရှိနေသောကြောင့် လူတို့အနေဖြင့် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်မှုနှင့်ပတ်သက်သည့် သင်ခန်းစာကို ပို၍လေးလေးနက်နက် သင်ယူဖို့လိုအပ်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူသားကို သူနှင့်အတူခံစားဖို့ တောင်းဆိုထားသော ဆင်းရဲဒုက္ခဟု သူခေါ်ဆိုသည့် အရာပင်ဖြစ်သည်။ သင်က အခက်အခဲတွေကို ကြုံရသည့်အခါ အလျင်အမြန်ပင် ဘုရားသခင်ကို ဆုတောင်းပါ။ “အိုး ဘုရားသခင် ကျွန်ုပ် ကိုယ်တော်ကို ကျေနပ်စေချင်ပါတယ်။ ကိုယ်တော်ရဲ့ နှလုံးသားကို ဖြည့်ဆည်းပေးဖို့ နောက်ဆုံးသော အခက်အခဲကို တောင့်ခံချင်ပါတယ်။ ကျွန်တော် တွေ့ကြုံရမယ့် အခက်အခဲ အနှောင့်အယှက်တွေ ဘယ်လောက်ကြီးမားပါစေ ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကို လက်လွတ် ဆုံးရှုံးရမယ်ဆိုရင်တောင် ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။” ဤကဲ့သို့ ဆက်ကပ် အပ်နှံမှုနှင့်အတူ သင်ဆုတောင်းသည့်အခါ သင်၏ သက်သေခံချက်မှာ ခိုင်မြဲစွာ ရပ်တည်နိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်ကြံသည့် အချိန်တိုင်း၊ စစ်ဆေးပြုပြင်ခြင်းကို သူတို့ ဖြတ်သန်းသည့်အခါတိုင်း၊ စမ်းသပ်ခြင်း ခံရသည့်အခါတိုင်း၊ သူတို့အပေါ်မှာ ဘုရားသခင် လုပ်ဆောင်သည့် အချိန်တိုင်းမှာ လူတို့သည် ကြီးမားသည့် နာကျင်မှုကို ခံကြရသည်။ ဤအရာအားလုံးသည် လူများအတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးအထဲ၌ တိုက်ပွဲတစ်ခု ရှိသည်။ ဤသည်မှာ သူတို့ပြုလုပ်ရမည့် အမှန်တကယ် ပေးဆပ်မှုပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုခြင်းနှင့် ပိုမို အလုပ်ရှုပ်နေခြင်းက ထိုပေးဆပ်ခြင်း တစ်စိတ်တစ်ပိုင်းပင်။ ဤသည်မှာ လူတို့ လုပ်ကိုလုပ်ရမည့်အရာဖြစ်သည်။ သူတို့ ဖြည့်ဆည်းရမည့် သူတို့၏ တာဝန်နှင့် ဝတ္တရားပင်ဖြစ်သည်။ သို့သော်လည်း ဘေးဖယ်ထားဖို့ လိုအပ်သည့် သူတို့ အတွင်းထဲက ဤအချက်ကို ဘေးဖယ်ထားရပါမည်။ သင်က ဤကဲ့သို့မလုပ်လျှင် သင်၏ ပြင်ပဒုက္ခခံစားရခြင်းက မည်မျှပင် ကြီးမားပါစေ၊ မည်မျှပင် ပြေးလွှားလုပ်ကိုင်ပါစေ အားလုံးသည် အလဟဿ ဖြစ်ပါမည်။ ဆိုလိုသည်မှာ သင့်အတွင်းမှာရှိသည့် ပြောင်းလဲမှုများကသာ သင်၏ ပြင်ပအခက်အခဲများက တန်ဖိုးရှိသလားဆိုသည်ကို ဆုံးဖြတ်ပေးမှာဖြစ်သည်။ သင်၏ အတွင်းစိတ်သဘောထားက ပြောင်းလဲသွားပြီး၊ သင်က သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အခါ သင်၏ ပြင်ပ ဒုက္ခခံစားရခြင်းများ အားလုံးသည် ဘုရားသခင်၏ အသိအမှတ်ပြုမှုကို ရရှိမှာဖြစ်သည်။ သင်၏ အတွင်း စိတ်သဘောထားက ပြောင်းလဲမှုမရှိလျှင်၊ ဒုက္ခခံစားမှုတွေ သင်မည်မျှပင် ခံရပါစေ သို့မဟုတ် အပြင်မှာ သင်မည်မျှပင် အလုပ်ရှုပ်နေပါစေ ဘုရားသခင်၏ အသိအမှတ်ပြုမှု ရရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အသိအမှတ်ပြုမှုမရရှိသည့် အခက်အခဲသည် အလဟဿသာ ဖြစ်သည်။ ထို့ကြောင့် သင်ပေးဆပ်ခဲ့ရသည့် အရာကို ဘုရားသခင် အသိအမှတ်ပြုမပြု ဆိုသည်မှာ သင့်စိတ်တွင်းမှာ ပြောင်းလဲမှု ရှိမရှိအပေါ်မှာ မူတည်ပြီး သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းမှု၊ ဘုရားသခင်ကိုသိမြင်မှု၊ ဘုရားသခင်ကို သစ္စာရှိမှုတို့ကို ရရှိဖို့ သင်၏ ကိုယ်ပိုင်ကြံရွယ်ချက်များနှင့် အယူအဆများကို ဆန့်ကျင်တွန်းလှန်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးမှုရှိ၊ မရှိအပေါ်မှာ မူတည်ဆုံးဖြတ်သည်။ သင်သည် မည်မျှပင် အလုပ်ရှုပ်နေပါစေ သင်၏ကိုယ်ပိုင် ရည်ရွယ်ချက်များကို ဆန့်ကျင်တွန်းလှန်ရန် ဘယ်သောအခါမျှ မသိဘဲ ပြင်ပ လုပ်ဆောင်မှုနှင့် စိတ်အားထက်သန်မှုတို့ကို ရှာဖွေဖို့ရန်သာ သိလျှင်၊ သင့်အသက်တာကို တစ်ခါမှ အာရုံမစိုက်လျှင် သင်၏ ဒုက္ခခံစားရခြင်းသည် အလဟဿဖြစ်သွားမည်ပင်။ အခြေအနေတစ်ခုထဲ သင့်မှာ သင်ပြောချင်သည့် အရာတစ်ခု ရှိသည်။ သို့သော်လည်း အတွင်းထဲ၌ကား ဤသို့ပြောသည်မှာ မမှန်ကန်ပါ ဤသို့ပြောသည်မှာ သင့်ညီအစ်ကို မောင်နှမတို့အတွက် အကျိုးမရှိဘဲ သူတို့ကို ထိခိုက်နာကျင် စေမည်ဟု သင်ခံစားရလျှင် စိတ်ထဲ၌သာ နာကျင်ခံစားဖို့ ထားလိုက်ပြီး ဤအရာကို မပြောပါနှင့်။ ဤစကားလုံးတွေသည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ မတတ်နိုင်သည့်အတွက်ပင်။ ဤအချိန်မှာ သင့်ကိုယ်တွင်း၌ တိုက်ပွဲတစ်ခု ရှိနေလိမ့်မည်။ သို့သော်လည်း သင်သည် နာကျင်မှုကို ခံပြီး သင်ချစ်သည့်အရာများကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေမည်၊ ဘုရားသခင်ကို ကျေနပ်စေဖို့ ဤဒုက္ခကို ခံစားဖို့ ဆန္ဒရှိနေမည်၊ သင်သည် အတွင်းမှာ နာကျင်မှုကို ခံနေရသော်လည်း သင်သည် ဇာတိပကတိကို မစွဲလမ်း၊ ဘုရားသခင်၏ နှလုံးသားသည် ကျေနပ်ပြီး သင်သည်လည်း အတွင်းမှာ စိတ်သက်သာခြင်းကို ရရှိလိမ့်မည်။ ဤသည်မှာ အမှန်တကယ် ပေးဆပ်ခြင်းဖြစ်ပြီး ဘုရားသခင် နှစ်သက်သည့် ပေးဆပ်ခြင်းပင်။ ဤကဲ့သို့ပုံစံနှင့် သင်ကျင့်ကြံသည့်အခါ ဘုရားသခင်သည် သင့်ကို သေချာပေါက် ကောင်းချီးပေးမည် ဖြစ်သည်။ သင်က ဤအရာကို မလုပ်နိုင်ဘူးဆိုလျှင် သင်မည်မျှပင် နားလည်ပါစေ သို့မဟုတ် သင်မည်မျှပင် စကားကောင်းကောင်း ပြောနိုင်ပါစေ၊ ဘာမျှဖြစ်လာမည် မဟုတ်ပေ။ ဘုရားသခင်ကို ချစ်ခြင်း လမ်းကြောင်းပေါ်မှာ သူက စာတန်နှင့် တိုက်ပွဲဆင်နွှဲသည့်အခါ သင်သည် ဘုရားသခင်၏ဘက်မှာ ရပ်တည်နေနိုင်ပြီး စာတန်ဘက်ကို လှည့်မသွားဘူးဆိုလျှင် သင်သည် ဘုရားသခင်ကို ချစ်ခြင်းအား ရရှိမှာဖြစ်ပြီး သင်၏ သက်သေခံခြင်းမှာ ခိုင်မာစွာ ရပ်တည်နိုင်မှာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်” မှ

လူ၏ သမ္မာတရားကို လတ်တလော လက်တွေ့လုပ်ဆောင်ခြင်းသည် စံနှုန်းမမီဆဲ ဖြစ်သကဲ့သို့၊ လိုအပ်သည့် သမ္မာတရားအားလုံးကို အပြည့်အဝ မရရှိနိုင်ပေ။ လူတို့သည် သမ္မာတရား တစ်စိတ်တစ်ပိုင်းကိုသာ လက်တွေ့လုပ်ဆောင်ကြပြီး၊ အချို့သော အနေအထားနှင့် အခြေအနေများတွင် ၎င်းတို့ ရှိကြသည့်အခါမှသာ ဖြစ်သည်။ ၎င်းတို့သည် အခြေအနေအားလုံးနှင့် နေရာအားလုံးတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ အခါအားလျော်စွာ၊ လူတစ်ဦးသည် ပျော်ရွှင်ပြီး ၎င်းတို့၏ အခြေအနေ ကောင်းမွန်ပါက၊ သို့မဟုတ် ၎င်းတို့သည် အဖွဲ့ဖြင့် မိတ်သဟာယပြုနေကြပြီး ပုံမှန်ထက် လွတ်မြောက်မှုကို သာ၍ ခံစားရသည့်အချိန်တွင်၊ သမ္မာတရားနှင့် ကိုက်ညီသော အမှုအရာအချို့ကို ယာယီ လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ကြပေမည်။ သို့သော် ၎င်းတို့သည် အပျက်သဘောဆောင်သော လူတစ်သိုက်နှင့် သမ္မာတရားကို မလိုက်စားသောသူများနှင့် ရှိကြသည့်အခါတွင်၊ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် သာ၍ ညံ့ဖျင်းပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များသည် အတော်အတန် သင့်လျော်ခြင်းမရှိပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် သမ္မာတရားကို ဇွဲလုံ့လရှိသည့် သဘောထားတစ်ခုနှင့် လက်တွေ့မလုပ်ဆောင်ဘဲ၊ ယင်းအစား တစ်ခဏ ခံစားချက် သို့မဟုတ် အခြေအနေ၏ လွှမ်းမိုးမှုများက ဦးဆောင်ခံရလျက် ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြ သောကြောင့် ဖြစ်သည်။ ယင်းမှာ သင်သည် သင်၏ အခြေအနေကို နားမလည်သကဲ့သို့၊ သင်၏ သဘာဝကို နားမလည်လေသောကြောင့်လည်း ဖြစ်ပြီး၊ ထို့ကြောင့် တစ်ခါတစ်ရံ လုပ်ဆောင်နေသည်ဟု မိမိကိုယ်ကိုယ် စိတ်မကူးမိနိုင်သည့် အရာများကို သင် လုပ်ဆောင်နိုင်စွမ်းရှိသေးပေသည်။ သင်သည် သင်၏ အခြေအနေအချို့ကိုသာ သိရှိသော်လည်း၊ သင်၏ သဘာဝကို မသိရှိသည်နှင့်အမျှ၊ အနာဂတ်တွင် သင် လုပ်ဆောင်မည့်အရာကို သင် မထိန်းချုပ်နိုင်ပေ- ဆိုလိုသည်မှာ၊ သင်သည် ခိုင်ခိုင်မာမာ ရပ်တည်လိမ့်မည်ဟု လုံးဝ သေချာမှု မရှိပေ။ အခြေအနေတစ်ခုတွင် သင်ရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ ပြောင်းလဲမှုအချို့ကို သင် ဖော်ထုတ်ပုံရသည့် အချိန်များစွာရှိသော်လည်း၊ မတူကွဲပြားသော ပတ်ဝန်းကျင်တွင်၊ သင်သည် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိချေ။ ဤသည်မှာ သင်၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိပေသည်။ တစ်ခါတစ်ရံ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး တစ်ခါတစ်ရံ မလုပ်ဆောင်နိုင်ပေ။ အခိုက်အတန့်တစ်ခုတွင် သင် နားလည်ပြီး၊ နောက်အခိုက်အတန့်တွင် သင် မရှင်းမလင်းဖြစ်၏။ လတ်တလောတွင်၊ သင်သည် မကောင်းသည့်အရာ မည်သည့်အရာကိုမျှ မလုပ်ဆောင် သော်လည်း၊ အနည်းငယ်အကြာတွင် သင် လုပ်ကာင်းလုပ်လိမ့်မည်။ ဤအရာက သင့်အထဲတွင် ဖောက်ပြန်ပျက်စီးသော အရာများ တည်ရှိနေဆဲဖြစ်သည်ကို သက်သေပြပြီး၊ သင်သည် မိမိကိုယ်ကိုယ် အစစ်အမှန် သိရှိနိုင်စွမ်းမရှိပါက၊ ထိုအရာများသည် ဖြေရှင်းဖို့ လွယ်ကူလိမ့်မည်မဟုတ်ပေ။ သင်သည် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သည့် စေ့စပ်သေချာသော သိနားလည်မှု မရရှိနိုင်ဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်သည့် အရာများကို နောက်ဆုံးတွင် လုပ်ဆောင်နိုင်စွမ်းရှိပါက၊ သင်သည် အန္တရာယ်ရှိပေသည်။ သင်သည် သင်၏ သဘာဝကို စူးရှသော ထိုးထွင်းသိမြင်မှုရရှိနိုင်ပြီး ယင်းကို မုန်းတီးနိုင်ပါက၊ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်လိမ့်မည်၊ မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်လိမ့်မည် ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ သဘာဝအကြောင်း သိနားလည်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း” မှ

သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေချိန်တွင်၊ အမှားများ ပြုလုပ်မိခြင်းကို ရှောင်ရှားဖို့ လူတို့အတွက် ခက်ခဲ၏၊ သို့သော် အမှုအရာများကို သင် လုပ်ဆောင်ချိန်တွင် ယင်းတို့ကို သမ္မာတရားနှင့်အညီ မည်သို့ လုပ်ဆောင်ရမည်ကို သင် သိရှိသော်လည်း၊ သမ္မာတရားနှင့်အညီ ယင်းတို့ကို ဆောင်ရွက်ခြင်းမရှိပါက၊ ပြဿနာမှာ သင်သည် သမ္မာတရားကို မချစ်ခြင်း ဖြစ်ပေသည်။ သမ္မာတရားကို ချစ်ခြင်းမရှိဘဲ၊ လူတစ်ဦး၏ စိတ်သဘောထားသည် ပြောင်းလဲလိမ့်မည်မဟုတ်။ သင်သည် ဘုရားသခင်၏ အလိုကို တိကျမှန်ကန်စွာ သဘောမပေါက်နိုင်သကဲ့သို့၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိရှိပါက၊ အခြားသူများနှင့် သင် မိတ်သဟာယပြုသင့်ပေသည်။ ကိစ္စရပ်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မြင်နိုင်သကဲ့သို့ မခံစားရပါက၊ သင်သည် အထိုက်သင့်ဆုံးသော ဖြေရှင်းချက်ကို ဆောင်ရွက်သင့်ပေသည်။ သို့သော်၊ နောက်ဆုံးတွင် သင်သည် ယင်းကို ဤနည်းဖြင့် ဆောင်ရွက်ရာတွင် အမှားအနည်းငယ် ပြုလုပ်မိပြီဟု သိရပါက၊ ယင်းကို အလျင်အမြန် အမှန်ပြင်သင့်ပြီး၊ ထို့နောက် ဘုရားသခင်သည် ဤအမှားကို အပြစ်တစ်ခုအဖြစ် မှတ်ယူမည် မဟုတ်ပေ။ သင်သည် ဤကိစ္စရပ်ကို လက်တွေ့လုပ်ဆောင်နေချိန်တွင် မှန်ကန်သော ရည်ရွယ်ချက်များ ရှိခဲ့ပြီး၊ ယင်းကို သမ္မာတရားနှင့်အညီ သင် လက်တွေ့လုပ်ဆောင်နေခဲ့ကာ တကယ်ကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့မိဘဲ၊ သင်၏ လုပ်ဆောင်ချက်များက အမှားအချို့ကို အကျိုးဆက်ဖြစ်ပေါ်စေခဲ့ပါက၊ ဤသည်မှာ အပြစ်ဒဏ်လျော့ပေါ့ သက်သာစေသော အခြေအနေတစ်ခု ဖြစ်ခဲ့ပေသည်။ သို့သော်၊ ယနေ့ခေတ်တွင် လူများစွာတို့သည် အလုပ်လုပ်ဖို့ ၎င်းတို့၏ ကိုယ်ပိုင် လက်နှစ်ဖက်ကို အားကိုးရုံမျှအားကိုးကြပြီး ဟိုဒင်း ဒီဒင်းကို လုပ်ဆောင်ဖို့ ၎င်းတို့၏ ကိုယ်ပိုင်ဉာဏ်များအပေါ် မှီခိုကြကာ ဤမေးခွန်းများကို သုံးသပ်ဆင်ခြင်ခြင်း တစ်ခုတစ်လေ ပေးခဲလှပေသည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ အလိုနှင့် ကိုက်ညီပါသလော။ ယင်းကို ဤနည်းဖြင့် ငါ လုပ်ဆောင်ပါက ဘုရားသခင် ပျော်ရွှင်မည်လော။ ယင်းကို ဤနည်းဖြင့် လုပ်ဆောင်ပါက၊ ငါ့ကို ဘုရားသခင် ယုံကြည်မည်လော။ ယင်းကို ဤနည်းဖြင့် လုပ်ဆောင်ပါက၊ သမ္မာတရားကို ငါ လက်တွေ့လုပ်ဆောင်နေမည်လော။ ဤကိစ္စရပ်ကို ဘုရားသခင် ကြားသိပါက၊ သူက “ဤအရာကို သင် မှန်ကန်စွာနှင့် အလိုက်အထိုက်အားဖြင့် လုပ်ဆောင်လေပြီ။ ထိန်းထားလော့။” ဟု ပြောနိုင်မည်လော။ သင် ကြုံရသည့် ကိစ္စရပ်တိုင်းကို သေချာစွာ သင် ဆန်းစစ်နိုင်သလော။ ၎င်းတို့အသီးသီးနှင့်ပတ်သက်၍ သင်သည် တည်ကြည်လေးနက်ပြီး စေ့စပ်နိုင်သလော။ သို့မဟုတ် ယင်းကို သင် လုပ်ဆောင်သည့် နည်းလမ်းအား ဘုရားသခင် စက်ဆုပ်သည် မစက်ဆုပ်သည်၊ အခြားအယောက်တိုင်းက သင်၏ နည်းစနစ်များနှင့် ပတ်သက်၍ မည်သို့ ခံစားရသည်၊ ပြီးလျှင် ယင်းကို သင်၏ ကိုယ်ပိုင် အလိုဆန္ဒပေါ် အခြေခံ၍ သင် လုပ်ဆောင်နေခြင်း ရှိ မရှိ သို့မဟုတ် သင်၏ ကိုယ်ပိုင် စိတ်ဆန္ဒများကို ဖြည့်ဆည်းဖို့ သင် လုပ်ဆောင်နေခြင်း ရှိ မရှိဆိုသည်ကို သင် တွေးဆနိုင်ပါသလော။ သင်သည် ထိုအရာကို သာ၍ တွေးတောဆင်ခြင်ရမည်ဖြစ်ပြီး သာ၍ ကြိုးစားရမည်ဖြစ်ကာ သင်၏ အမှားများသည် သေးငယ်သထက် သေးငယ်လာလိမ့်မည် ဖြစ်သည်။ ဤပုံစံဖြင့် ဤအရာကို လုပ်ဆောင်ခြင်းက သင်သည် အမှုအရာများကို သမ္မာတရား တောင်းဆိုသည့် ဦးတည်ချက်နှင့်အညီ လုပ်ဆောင်နေသောကြောင့် သင်သည် သမ္မာတရားကို ရိုးသားစစ်မှန်စွာ ရှာဖွေသော လူတစ်ဦးဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော သူတစ်ဦးဖြစ်သည်ကို သက်သေပြပေသည်။

ယုံကြည်သူတစ်ဦး၏ လုပ်ဆောင်ချက်များသည် သမ္မာတရားနှင့် ပတ်သက်ခြင်းမရှိပါက၊ သူသည် မယုံကြည်သူတစ်ဦးနှင့် တူပေသည်။ ဤသည်မှာ မိမိ၏ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသကဲ့သို့ ဘုရားသခင်ကို စွန့်ခွာသည့် လူစားမျိုးဖြစ်ပြီး၊ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်၏ မိသားစုတွင် မိမိ၏ ဆရာသခင်အတွက် တောက်တိုမယ်ရ လုပ်ဆောင်သူ၊ ကြေးအနည်းငယ် ရရှိပြီးနောက် ထွက်ခွာသည့် ငှားရမ်းထားသော အလုပ်သမားတစ်ဦးနှင့် တူပေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောလူတစ်ဦး တကယ်ကို မဟုတ်ပေ။ ယခင်က၊ ဘုရားသခင်၏ လက်ခံမှုကို ရရှိဖို့ သင် လုပ်ဆောင်နိုင်သည့်အရာကို ဖော်ပြပြောဆိုခြင်း ရှိခဲ့သည်။ ဘုရားသခင်ထံမှ လက်ခံမှုသည် သင် ပထမဦးဆုံး စဉ်းစားသင့်ကာ ယင်းအတွက် အလုပ်လုပ်သင့်သည့်အရာ ဖြစ်သည်။ ယင်းသည် သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့်ဆိုင်သော အခြေခံသဘောတရားနှင့် နယ်ပယ် ဖြစ်သင့်သည်။ သင်လုပ်ဆောင်နေသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိ မရှိဆိုသည်ကို သင် စူးစမ်းသင့်သည့် အကြောင်းရင်းမှာ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီပါက၊ ဘုရားသခင်၏ အလိုနှင့် သေချာပေါက် ကိုက်ညီပေသည်။ ယင်းမှာ ကိစ္စရပ်က မှန်သည်၊ မှားသည် သို့မဟုတ် ထိုအရာက အခြားအယောက်တိုင်း၏ အကြိုက်များနှင့် ကိုက်ညီခြင်း ရှိ မရှိ၊ သို့မဟုတ် ယင်းသည် သင်၏ ကိုယ်ပိုင် စိတ်ဆန္ဒများနှင့် ကိုက်ညီခြင်း ရှိ မရှိဆိုသည်ကို သင် တိုင်းတာသင့်သည်ဟူ၍ မဟုတ်ဘဲ၊ ယင်းထက်၊ ထိုအရာသည် သမ္မာတရားနှင့်အညီ ဖြစ်သည်၊ မဖြစ်သည်၊ ပြီးလျှင် ထိုအရာက အသင်းတော်၏ အလုပ်နှင့် အကျိုးစီးပွားများကို အကျိုးပြုခြင်း ရှိမရှိဟူ၍ ဖြစ်ပေသည်။ ဤအရာများကို သင် သုံးသပ်ဆင်ခြင်မှု ပြုပါက၊ အမှုအရာများကို လုပ်ဆောင်သည့်အခါ၊ သင်သည် ဘုရားသခင်၏ အလိုနှင့် သာ၍ သာ၍ ကိုက်ညီလိမ့်မည်ဖြစ်သည်။ အမှုအရာများကို သင် လုပ်ဆောင်သည့်အခါ ဤရှုထောင့်များကို သင် မစဉ်းစားသကဲ့သို့၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒအပေါ်သာ မှီခိုပါက၊ လူ၏ အလိုဆန္ဒသည် သမ္မာတရားမဟုတ်သကဲ့သို့၊ အမှန်ကို ဘုရားသခင်နှင့် သဟဇာတ မဖြစ်သောကြောင့် ယင်းတို့ကို မမှန်မကန် သင် လုပ်ဆောင်မိဖို့ သေချာပေသည်။ သင်သည် ဘုရားသခင်၏ လက်ခံခြင်းကို ခံရဖို့ ဆန္ဒရှိပါက၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒအတိုင်းထက် သမ္မာတရားအတိုင်း သင် လက်တွေ့လုပ်ဆောင်ရမည်။ လူအချို့သည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းအတွက်ကြောင့် အချို့သော သီးသန့် ကိစ္စရပ်များတွင် ပါဝင်လုပ်ဆောင်တတ်ကြ၏။ ထို့နောက် ၎င်းတို့၏ ညီအစ်ကို မောင်နှမများက ဤအရာကို မသင့်လျော်သကဲ့သို့ မြင်ကြပြီး ယင်းအတွက် ၎င်းတို့ကို အပြစ်တင်ကြ၏၊ သို့သော် ဤလူများသည် အပြစ်တင်ခြင်းကို လက်မခံကြချေ။ ယင်းသည် အသင်းတော်၏ အလုပ်၊ ဘဏ္ဍာရေး၊ သို့မဟုတ် လူများ မပါဝင်သည့် ပုဂ္ဂိုလ်ရေး ကိစ္စရပ်တစ်ခု ဖြစ်သောကြောင့်၊ ယင်းကို သမ္မာတရား၏ နယ်ပယ်ကို ချိုးဖောက်ခြင်းအဖြစ် မယူဆသကဲ့သို့၊ ဤကိစ္စရပ်တွင် ဘုရားသခင်က ဝင်ရောက်မစွက်ဖက်သင့်ဟု ၎င်းတို့က တွေးထင်ကြလေသည်။ အချို့သော အရာများသည် သင့်အဖို့ မည်သည့် အခြေခံသဘောတရားမျှ သို့မဟုတ် မည်သည့် သမ္မာတရားမျှ မပါဝင်သည့် သီးသန့် ကိစ္စရပ်များအဖြစ် ထင်ကောင်းထင်ရပေမည်။ သို့သော် သင် လုပ်ဆောင်ခဲ့သည့် အရာများကို ကြည့်ရာတွင်၊ သင်သည် အလွန် တစ်ကိုယ်ကောင်းဆန်လျက်ရှိခဲ့သည်မှာ သင်သည် ဘုရားသခင်၏ မိသားစု အလုပ် သို့မဟုတ် သင် လုပ်ဆောင်ခဲ့သည့်အရာက ယင်းအား မည်သို့ ထိခိုက်မည်ကို ထည့်တွက်စဉ်းစားခြင်းမရှိပေ။ သင်သည် သင်၏ ကိုယ်ပိုင် အကျိုးကျေးဇူးကိုသာ စဉ်းစားနေခဲ့သည်။ ဤသည်မှာ သန့်ရှင်းသူတို့၏ လိုက်နာရမည့်ကျင့်ဝတ်အပြင် လူတစ်ဦး၏ လူ့သဘာဝနှင့် ပတ်သက်သည့် ကိစ္စများ ပါဝင်နှင့်ပြီးဖြစ်သည်။ သင်လုပ်ဆောင်နေခဲ့သည့်အရာသည် အသင်းတော်၏ အကျိုးစီးပွားများ မပါဝင်ခဲ့သကဲ့သို့ သမ္မာတရား မပါဝင်သော်လည်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအဖြစ် အခိုင်အမာ ပြောဆိုနေစဉ် သီးသန့် ကိစ္စရပ်တစ်ခုတွင် ပါဝင်ပတ်သက်ခြင်းသည် သမ္မာတရားနှင့် မကိုက်ညီပေ။ သင်လုပ်ဆောင်နေသည့်အရာ မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ ကိစ္စရပ်တစ်ခုသည် မည်မျှ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ မိသားစုထဲက သင်၏ တာဝန်ကို ဖြည့်ဆည်းဖို့ ထိုအရာကို လုပ်ဆောင်နေသည်ဖြစ်စေ သို့မဟုတ် သင်၏ ကိုယ်ပိုင် သီးသန့်အကြောင်းရင်းများကြောင့် လုပ်ဆောင်နေသည်ဖြစ်စေ၊ သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီခြင်း ရှိမရှိအပြင်၊ ယင်းသည် လူ့သဘာဝရှိသည့် လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဟုတ်၊ မဟုတ်ဆိုသည်တို့ကို သင် သုံးသပ်ဆင်ခြင်ရမည်။ သင်လုပ်ဆောင်သည့် အရာတိုင်းတွင် သမ္မာတရားကို ထိုသို့ သင် ရှာဖွေပါက သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောလူတစ်ဦး ဖြစ်ပေသည်။ သင်သည် ကိစ္စရပ်တိုင်းနှင့် သမ္မာတရားတိုင်းကို ဤနည်းလမ်းဖြင့် ရိုးသားဖြူစင်စွာ ဆက်ဆံပါက၊ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများကို သင် ရရှိနိုင်လိမ့်မည်။ လူအချို့က ကိုယ်ရေးကိုယ်တာကိစ္စရပ် တစ်ခုကို ၎င်းတို့ လုပ်ဆောင်နေချိန်တွင် သမ္မာတရားကို ၎င်းတို့ လျစ်လျူရှုနိုင်သည်၊ ထိုအရာကို ၎င်းတို့ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်နိုင်ပြီး ၎င်းတို့ကို ပျော်ရွှင်စေသည့် မည်သည့်နည်းလမ်းဖြင့်မဆို လုပ်ဆောင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့ကို အကျိုးကျေးဇူးပြုသော မည်သည့်ပုံစံဖြင့်မဆို လုပ်ဆောင်နိုင်သည်ဟု တွေးထင်ကြလေသည်။ ယင်းသည် ဘုရားသခင်၏ မိသားစုကို မည်သို့ အကျိုးသက်ရောက်မည်ကို ၎င်းတို့ နည်းနည်းမျှ ထည့်သွင်းစဉ်းစားခြင်းမရှိသကဲ့သို့ ၎င်းတို့ လုပ်ဆောင်နေသည့်အရာက သန့်ရှင်းသူတို့ကဲ့သို့ ကျင့်၀တ်နှင့် သင့်လျော်ခြင်းရှိ၊ မရှိဆိုသည်ကိုလည်း မစဉ်းစားကြချေ။ အဘယ်ကြောင့်ဆိုသည်ကို ၎င်းတို့ မသိကြသော်လည်း၊ နောက်ဆုံးတွင် ၎င်းတို့သည် ထိုကိစ္စ ပြီးစီးသွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ စိတ်အတွင်းတွင် မှောင်မိုက်လာပြီး စိတ်မသက်မသာ ခံစားရလေသည်။ ဤပြစ်ဒဏ်ခတ်ခြင်းသည် မထိုက်တန်ပါသလော။ ဘုရားသခင် လက်မခံသည့်အရာများကို သင် လုပ်ဆောင်ပါက သင်သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပေပြီ။ တစ်စုံတစ်ဦးသည် သမ္မာတရားကို မချစ်သကဲ့သို့၊ မိမိတို့၏ အလိုဆန္ဒပေါ် အခြေခံကာ အမှုအရာများကို မကြာခဏ လုပ်ဆောင်ပါက၊ ဘုရားသခင်ကို ၎င်းတို့ မကြာခဏ ပုန်ကန်ပြစ်မှားမိမည်ဖြစ်သည်။ ထိုသို့သော လူတို့သည် သာမန်အားဖြင့် ၎င်းတို့ လုပ်သည့်အရာ၌ ဘုရားသခင်၏လက်ခံမှုကို မရရှိကြသကဲ့သို့ ၎င်းတို့ နောင်တမရပါက အပြစ်ပေးခြင်းသည် သိပ်ဝေးတော့မည်မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုကို ရှာဖွေခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏” မှ

သမ္မာတရား မည်မျှကို သင်နားလည်သနည်း။ နောက်ဆုံးတွင် မည်မျှကို လက်တွေ့လုပ်ဆောင်သနည်း။ မည်သူ့ကို သင် သာ၍ ချစ်သနည်း၊ ဘုရားသခင်ကိုလော၊ သင့်ကိုယ်သင်လော။ သင်သည် သာ၍ မကြာခဏ ပေးသလော၊ သာ၍ မကြာခဏ ရယူသလော။ သင်၏ ရည်ရွယ်ချက် မှားယွင်းခဲ့သည့်အချိန်အခါ မည်မျှတွင် သင်သည် သင်၏ဇာတိဟောင်းကို စွန့်လွှတ်ပြီး ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေသနည်း။ ဤမေးခွန်းအနည်းငယ်မျှသည် လူများစွာကို ခေါင်းရှုပ်စေလိမ့်မည်။ လူအများစုအတွက် သူတို့၏ ရည်ရွယ်ချက် မှားယွင်းနေသည်ကို သဘောပေါက်လျှင်ပင် သိသိကြီးနှင့် အမှားကို ဆက်လုပ်ကြသေးပြီး၊ သူတို့ကိုယ်တိုင်၏ ဇာတိပကတိကို စွန့်လွှတ်ခြင်း ရှိကိုမရှိကြပေ။ လူအများစုသည် အပြစ်အား သူတို့၏ လုပ်ဆောင်မှုတိုင်းကို လမ်းညွှန်ခွင့်ပေးလျက်၊ အပြစ်ကို သူတို့ကိုယ်တွင်း၌ ထကြွသောင်းကျန်းစေ၏။ သူတို့သည် သူတို့၏ အပြစ်များကို အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိသကဲ့သို့၊ အပြစ်ထဲ၌ ဆက်လက် အသက်ရှင်ကြ၏။ ဤလက်ရှိအခြေအနေသို့ ရောက်ရှိပြီးနောက်၊ မည်သူသည် ဆိုးယုတ်သောအမှုများ မည်မျှပြုလုပ်ခဲ့ပြီး ဖြစ်သည်ကို မသိဘဲနေမည်နည်း။ အကယ်၍ သင်မသိဟုဆိုလျှင် ဤသည်မှာ သင်သည် ဇွတ်မှိတ်လိမ်နေခြင်းသာဖြစ်၏။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် ဤသည်မှာ သင်၏ ဇာတိဟောင်းကို စွန့်လွှတ်ရန် ဆန္ဒမရှိခြင်းသာ ဖြစ်၏။ အသုံးမကျသော “နှလုံးသားမှလာသည့်” နောင်တ စကားများစွာကို ပြောခြင်းသည် အဘယ်မှာ အသုံးဝင်အံ့နည်း။ ၎င်းက သင့်အသက်တာတွင် ကြီးထွားဖို့ ကူညီပေးသလော။ သင့်ကိုယ်သင် သိရန်မှာ သင်၏အချိန်ပြည့်အလုပ် ဖြစ်သည်ဟု ဆိုနိုင်၏။ ငါသည် လူတို့ကို ၎င်းတို့၏နာခံခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်၏အဝတ်များ ဝတ်ဆင်သကဲ့သို့ ကြည့်ကောင်းရန်နှင့် သပ်ရပ်လှပရန်သာ ဝတ်ဆင်ပါက၊ သင်သည် မိမိကိုယ်ကိုယ်နှင့် အခြားသူများကို လှည့်စားနေသည် မဟုတ်လော။ သင့်အနေဖြင့် အပြောသာရှိပြီး လုံးဝ လက်တွေ့လုပ်ဆောင်မှု မရှိလျှင် သင်သည် မည်သည့်အရာကို ရရှိမည်နည်း။

လူများစွာသည် လက်တွေ့လုပ်ဆောင်မှုအကြောင်း အနည်းငယ်ပြောနိုင်ပြီး သူတို့ကိုယ်တိုင်၏ ထင်မြင်ချက်များအကြောင်း ပြောနိုင်ကြသော်လည်း၊ အများစုမှာ အခြားသူတို့၏ စကားများမှ ရရှိသော အလင်းပေးခြင်း ဖြစ်သည်။ ယင်းသည် သူတို့ကိုယ်တိုင်၏ လက်တွေ့လုပ်ဆောင်မှုများမှ မည်သည့်အရာမျှ လုံးဝမပါဝင်သကဲ့သို့၊ သူတို့ကိုယ်တိုင်၏ အတွေ့အကြုံများမှ သိမြင်ရသည့် အရာလည်း မပါဝင်ချေ။ ဤပြဿနာကို အစောကတည်းက ငါ စိတ်ဖြာဆန်းစစ်ပြီး ဖြစ်သည်။ မည်သည့် အရာကိုမျှ ငါမသိဟု မထင်နှင့်။ သင်သည် စက္ကူကျားမျှသာ ဖြစ်သော်လည်း၊ စာတန်ကို သိမ်းပိုက်အနိုင်ယူခြင်းအကြောင်း၊ အောင်မြင်သော သက်သေခံချက်များ သက်သေခံခြင်း အကြောင်းနှင့် ဘုရားသခင်၏ ပုံသဏ္ဌာန်အတိုင်း အသက်ရှင် နေထိုင်ခြင်း အကြောင်းတို့ကို ပြောသလော။ ဤအရာအားလုံးသည် အဓိပ္ပာယ်မရှိပေ။ ယနေ့ ဘုရားသခင်ပြောဆိုသော နှုတ်ကပတ်တော်အားလုံးသည် သင်လေးစားရန် အတွက် ဖြစ်သည်ဟု သင်ထင်နေသလော။ သင်၏ဇာတိဟောင်းကို စွန့်လွှတ်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်၍ သင့်နှုတ်က ပြောဆိုသော်လည်း၊ သင်၏လက်များကမူ အခြားလုပ်ရပ်များကို ဆောင်ရွက်နေပြီး သင်၏စိတ်နှလုံးသည် အခြားသော အကြံအစည်များကို ကြံစည်နေသည်- သင်သည် အဘယ်သို့သော လူစားမျိုးဖြစ်သနည်း။ သင်၏ စိတ်နှလုံးနှင့် လက်တို့သည် အဘယ်ကြောင့် တစ်ခုတည်း မဖြစ်သနည်း။ များလှစွာသော တရားဟောချက်များသည် အချည်းနှီးစကားများ ဖြစ်လာကြပေပြီ။ ဤသည်မှာ နှလုံးကြေကွဲစရာပင် မဟုတ်လော။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက၊ ယင်းက သင်သည် သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသောလမ်းခရီးထဲသို့ မဝင်ရောက်သေးသကဲ့သို့၊ သင့်အထဲတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် မရှိသေးကြောင်း၊ သူ၏ လမ်းညွှန်မှု သင် မရသေးသည်ကို သက်သေပြပေသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ရုံသာ နားလည်နိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိဟု ဆိုပါက၊ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း မရှိသူဖြစ်၏။ ဤကဲ့သို့သော လူစားမျိုးကို ကယ်တင်ရန် ဘုရားသခင် ကြွလာခြင်း မဟုတ်ပေ။ ယေရှုသည် အပြစ်သားများကို ကယ်တင်ရန်၊ ဆင်းရဲနွမ်းပါးသူများကို ကယ်တင်ရန်နှင့် နှိမ့်ချသူများကို ကယ်တင်ရန် ကားစင်တင်ခံရချိန်တွင် ပြင်းစွာသော နာကျင်မှုဝေဒနာကို ခံစားခဲ့ရ၏။ သူ၏ ကားစင်တင် သတ်ခံရခြင်းသည် အပြစ်ဖြေရာယဇ်အဖြစ် အသုံးတော်ခံလေသည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက၊ သင်တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားသင့်၏။ ဘုရားသခင်၏ အိမ်တွင် ကပ်ပါးရပ်ပါးအဖြစ် တစ်ရစ်ဝဲဝဲ မနေနှင့်။ များစွာသော လူတို့အနေဖြင့် ဘုရားသခင်ကို အတိအလင်း ဆန့်ကျင်သော လုပ်ရပ်များ ပြုလုပ်နေခြင်းအား ရပ်တန့်ရန် ခက်ခဲသည်ကို တွေ့ရသည်။ သူတို့သည် သေခြင်းကို တောင်းဆိုနေကြခြင်း မဟုတ်လော။ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရောက်ခြင်းအကြောင်းကို ၎င်းတို့အဘယ်သို့ ပြောဆိုနိုင်သနည်း။ သူတို့သည် ဘုရားသခင်၏ မျက်နှာကို မြင်တွေ့ရန် ရဲတင်းမှု ရှိကြမည်လော။ သင့်အပေါ် သူအပ်နှင်းထားသည့် ကောင်းချီးမင်္ဂလာတို့ကို မွေ့လျော်ရန် ဘုရားသခင်က သင့်ကို ခွင့်ပြုနေစဉ်တွင်ပင် သင်သည် ဘုရားသခင် သင့်ကို ပေးကမ်းသော အစားအစာတို့ကိုစားရင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော ကလိမ်ကကျစ်အရာများအား ပြုလုပ်ခြင်း၊ မလိုတမာစိတ်ထားခြင်း၊ ယုတ်မာခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်း စသည်တို့ကို လုပ်ဆောင်ပါက ၎င်းတို့ကို သင်လက်ခံရရှိချိန်တွင် သင့်လက်များ ပူလောင်နေသည်ကို မခံစားရသလော။ သင့်မျက်နှာ နီရဲသွားသည်ကို မခံစားရသလော။ ဘုရားသခင်ကို ဆန့်ကျင်သည့် တစ်စုံတစ်ရာကို လုပ်ဆောင်ပြီးနောက်၊ “ထင်ရာစိုင်းဗွေဖောက်” ဖို့ ကြံစည်ရင်း၊ ထိတ်လန့်ခြင်းကို သင်မခံစားရသလော။ အကယ်၍ မည်သည့်အရာကိုမှ သင်မခံစားရပါက၊ အနာဂတ် တစ်စုံတစ်ရာကို သင်မည်သို့ ပြောနိုင်မည်နည်း။ သင့်အတွက် အချိန်ကြာမြင့်စွာကတည်းက အနာဂတ် မရှိနှင့်တော့ပေ၊ ထိုသို့ဆိုပါက သာ၍ ကြီးမားသော မည်သည့် မျှော်လင့်ချက်များ သင်၌ ရှိနိုင်သေးသနည်း။ အရှက်မဲ့သော တစ်စုံတစ်ရာကို သင်ပြောသော်လည်း၊ အပြစ်ဆိုခြင်းကို မခံစားရသကဲ့သို့ သင့်နှလုံးသားကလည်း သတိပြုမိခြင်း မရှိပါက၊ ယင်းမှာ သင်သည် ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံခဲ့ရနှင့်ပြီးဖြစ်သည်ဟု ဆိုလိုရာ မရောက်သလော။ လွန်လွန်ကျူးကျုးနှင့် ထိန်းမနိုင်သိမ်းမရစွာ ပြောဆိုခြင်းနှင့် ပြုမူခြင်းတို့သည် သင်၏သဘာဝဖြစ်လာပြီ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ဤကဲ့သို့ မည်သို့ ခံရနိုင်မည်နည်း။ သင်သည် လောကအနှံ့ လျှောက်သွားနိုင်မည်လော။ သင့်ကို မည်သူက လက်ခံယုံကြည်မည်နည်း။ သင်၏သဘာဝ အစစ်အမှန်ကို သိကြသူများက သင်နှင့်ဝေးဝေး နေကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း ဖြစ်သည် မဟုတ်လော။ ခြုံပြောရလျှင် အပြောသာရှိပြီး လက်တွေ့လုပ်ဆောင်မှု မရှိပါက၊ ကြီးထွားမှုလည်း မရှိပေ။ သင်ပြောဆိုနေစဉ် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ်၌ အမှုပြုကောင်း ပြုနိုင်သော်လည်း၊ သင် လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း အမှုပြုခြင်း ရပ်တန့်သွားပေမည်။ ဤပုံစံအတိုင်း သင်ဆက်သွားမည် ဆိုပါက၊ အနာဂတ်အကြောင်း သို့မဟုတ် သင်၏ဖြစ်တည်မှု တစ်ခုလုံးကို ဘုရားသခင်၏ အမှုတော်အဖို့ ပေးအပ်ခြင်းအကြောင်း တစ်စုံတစ်ရာကို အဘယ်သို့ ပြောနိုင်မည်နည်း။ သင်သည် သင်၏ ဖြစ်တည်မှုတစ်ခုလုံး ဆက်ကပ်ခြင်းကိုသာ ပြောဆိုနိုင်သော်လည်း၊ သင်၏ စစ်မှန်သော ချစ်ခြင်းကို ဘုရားသခင်အား မပေးရသေးပေ။ သင့်ထံမှ သူ ရရှိသမျှမှာ နှုတ်ဖျားဖြင့် ဆည်းကပ်ကိုးကွယ်ခြင်းကိုသာ ဖြစ်သည်။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သင်၏ရည်ရွယ်ချက်ကို မရရှိပေ။ ဤသည်မှာ သင်၏ အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုလော။ ဤကဲ့သို့ သင် ဆက်သွားပါက၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို မည်သည့်အချိန်တွင် ခံရမည်နည်း။ သင်၏ မှောင်မည်းကာ မှုန်မှိုင်းနေသော အနာဂတ်အပေါ် ပူပန်ကြောင့်ကြခြင်း မခံစားရသလော။ ဘုရားသခင်သည် သင့်အထဲတွင် မျှော်လင့်ချက် ပျောက်ဆုံးပြီး ဖြစ်သည်ကို သင်မခံစားရသလော။ ဘုရားသခင်သည် ပိုမိုများပြားကာ ပိုမိုသစ်လွင်သော လူတို့ကို စုံလင်စေရန် ဆန္ဒရှိသည်ကို သင်မသိသလော။ ဟောင်းနွမ်းသော အရာတို့သည် မိမိတို့ဘာသာ ဆက်လက် ရပ်တည်နိုင်သလော။ သင်သည် ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို အာရုံမစိုက်ဘဲနေနေသည်- သင်သည် မနက်ဖြန်ကို စောင့်ဆိုင်းနေသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကယ်တင်ခြင်းကို ရရှိသည့် လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားလျက်ရှိသူ ဖြစ်သည်” မှ

ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို လက်တွေ့ လုပ်ဆောင်ရန် လိုလားသူများ ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏သက်သေခံချက်တွင် ဧကန်အမှန် ရပ်တည်နိုင်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားသောသူများလည်း ဖြစ်ပြီး သမ္မာတရားဘက်၌ အမှန်တကယ် ရပ်တည်နိုင်သောသူများ ဖြစ်သည်။ လိမ်လည်လှည့်စားမှုနှင့် မတရားမှုတို့ကို ကျင့်သုံးသော သူများအားလုံးသည် သမ္မာတရား မရှိသောသူများဖြစ်ပြီး၊ သူတို့အားလုံးသည် ဘုရားသခင်ကို အရှက်ရစေကြ၏။ အသင်းတော်တွင် အငြင်းအခုံ ဖြစ်စေသော သူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး၊ စာတန်၏ပြယုဂ် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် အင်မတန် မလိုမုန်းထားတတ်ကြလေသည်။ ပိုင်းခြားသိမြင်မှု မရှိသူများနှင့် သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်စွမ်းနိုင်သော သူများအားလုံးသည် ဆိုးယုတ်သော ရည်ရွယ်ချက်များကို သိုထားကြပြီး သမ္မာတရားကို ညှိုးနွမ်းစေသည်။ ထို့ထက်ပို၍ ၎င်းတို့သည် စာတန်ကို သမားရိုးကျ ကိုယ်စားပြုသော သူများဖြစ်သည်။ ၎င်းတို့သည် ရွေးနုတ်၍ မရနိုင်တော့လောက်အောင်ဖြစ်ပြီး၊ အလိုအလျောက် သုတ်သင်ဖယ်ရှင်း ခံရပေလိမ့်မည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို ဘုရားသခင်၏မိသားစုက ဆက်ရှိနေဖို့ ခွင့်မပြုသကဲ့သို့၊ အသင်းတော်ကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲသူများကိုလည်း ရှိနေခွင့်မပြုပေ။ သို့သော် ယခုအချိန်သည် နှင်ထုတ်ခြင်းအမှုပြုရန် အချိန်မဟုတ်။ ထိုကဲ့သို့သော သူတို့သည် နောက်ဆုံးတွင် ဖော်ထုတ်ခံရမည်ဖြစ်ပြီး သုတ်သင်ဖယ်ရှင်း ခံရမည်သာ ဖြစ်သည်။ အသုံးမဝင်သော မည်သည့်အလုပ်ကိုမျှ ဤလူတို့အပေါ်၌ လုပ်တော့မည်မဟုတ်။ စာတန်နှင့် သက်ဆိုင်သောသူများသည် သမ္မာတရားဘက်တွင် မရပ်တည်နိုင်သော်လည်း၊ သမ္မာတရားကို ရှာသောသူများကမူ သမ္မာတရားဘက်တွင် ရပ်တည်နိုင်ကြသည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် သမ္မာတရားလမ်းကို ကြားရဖို့ရန် မထိုက်တန်၊ သမ္မာတရားကို သက်သေခံဖို့ရန်လည်း မထိုက်တန်ပေ။ သမ္မာတရားသည် သူတို့ ကြားဖို့ လုံးဝမဟုတ်ချေ။ ယင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော သူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။ လူတိုင်း၏နိဂုံးကို ဖွင့်မပြမီ၊ အသင်းတော်ကို နှောင့်ယှက်သောသူများနှင့် အမှုတော်ကို အဆက်ပြတ်စေသောသူများသည် နောက်မှ ကိုင်တွယ်ဖြေရှင်းဖို့ရန် ယခု ပထမဦးစွာ ဘေးဖယ်ခံရမည်ဖြစ်သည်။ အမှုတော် ပြီးဆုံးသွားသည်နှင့် ဤလူများသည် အသီးသီး ဖော်ထုတ်ခံရမည်၊ ထို့နောက် ၎င်းတို့ သုတ်သင်ဖယ်ရှင်း ခံရပေလိမ့်မည်။ လောလောဆယ်တွင် သမ္မာတရားကို ထောက်ပံ့ပေးစဉ်အတွင်း ၎င်းတို့ လျစ်လျူရှုခံရလိမ့်မည်။ လူသားမျိုးနွယ်အား သမ္မာတရား တစ်ခုလုံးကို ဖွင့်ပြသောအခါ ထိုလူများသည် ဖယ်ရှားခံရမည်ဖြစ်သည်။ ထိုအချိန်သည် လူအားလုံးကို မိမိတို့၏ အမျိုးအစားအလိုက် အတန်းအစားသတ်မှတ်မည့် အချိန်လည်းဖြစ်သည်။ ပိုင်းခြားသိမြင်မှုမရှိသောသူများ၏ သေးနုပ်သည့် လှည့်စားမှုများသည် ဆိုးယုတ်သူများ၏ လက်၌ ၎င်းတို့ပျက်စီးခြင်းဆီသို့ ဆိုက်ရောက်စေလိမ့်မည်၊ သူတို့သည် မကောင်းသောလူများအားဖြင့် အဝေးသို့ သွေးဆောင် ခံရလိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ ပြန်လာနိုင်မည် မဟုတ်ချေ။ ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့်၊ သမ္မာတရားဘက်က ရပ်တည်နိုင်စွမ်း မရှိသောကြောင့်၊ မကောင်းသောလူများနောက် လိုက်လျှောက်ပြီး၊ မကောင်းသည့်လူများဘက်က ရပ်တည်သောကြောင့်၊ မကောင်းသောလူများနှင့် ပူးပေါင်းကြံစည်ပြီး ဘုရားသခင်ကို အာခံသောကြောင့် ထိုသို့သော ဆက်ဆံခြင်းသည် ၎င်းတို့ ထိုက်တန်သောအရာ ဖြစ်သည်။ ထိုမကောင်းသောလူများ ရောင်ပြန်ဟပ်သည့်အရာသည် မကောင်းမှုဖြစ်သည်ကို သူတို့သည် ကောင်းစွာ သိသော်လည်း၊ သူတို့နောက် လိုက်ဖို့ မိမိတို့၏နှလုံးသားများကို မာကျောစေကြပြီး သမ္မာတရားကို ကျောခိုင်း ကြလေသည်။ သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ဘဲ ဖျက်ဆီးတတ်ပြီး စက်ဆုပ်ဖွယ်အရာများကိုလုပ်သော ဤသူများအားလုံးသည် မကောင်းမှု ကျူးလွန်နေကြသည် မဟုတ်လော။ ထိုလူများအကြား၌ မိမိတို့ကိုယ်မိမိ ဘုရင်များအဖြစ် ပုံဖမ်းကြသော သူများနှင့် ၎င်းတို့နောက်သို့ တကောက်ကောက်လိုက်သော အခြားသူများ ရှိကြသော်လည်း၊ ထိုသူတို့၏ ဘုရားသခင်ကို အာခံသော သဘာဝဗီဇများသည် အားလုံးအတူတူပင် မဟုတ်လော။ ဘုရားသခင်သည် သူတို့ကို မကယ်တင်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ ဘုရားသခင်က မဖြောင့်မတ်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ သူတို့ကို ဖျက်ဆီးနေသည်မှာ သူတို့ကိုယ်တိုင်၏ မကောင်းမှုပင် မဟုတ်လော။ သူတို့ကို ငရဲဆီ ဆွဲခေါ်နေသည်မှာ သူတို့ကိုယ်တိုင်၏ ပုန်ကန်မှုပင် မဟုတ်လော။ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် ကယ်တင်ခံရမည်ဖြစ်ပြီး စုံလင်အောင် ပြုခြင်း ခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် မိမိတို့ကိုယ်ကိုယ် ပျက်စီးစေကြလိမ့်မည်။ ဤသည်တို့မှာ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများနှင့် လက်တွေ့ မလုပ်ဆောင်သောသူတို့ကို စောင့်နေသော နိဂုံးတို့ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

အရှေ့သို့- ၂၄) သမ္မာတရားကို ရှာဖွေခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၂၆) ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်း၏ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

၈၆ နောက်ဆုံးသောကာလတွင် ဘုရားသည် အရာခပ်သိမ်းကို အထူးသဖြင့် နှုတ်ကပတ်တော်အားဖြင့် ပြီးမြောက်စုံလင်စေမည်

၁ နောက်ဆုံးနေ့ရက်ကာလ ဘုရားလူ့ဇာတိခံယူချိန်သူသည် အလုံးစုံကို ဖွင့်ပြ၍ စုံလင်စေဖို့နှုတ်ကပတ်တော်ကို အဓိက အသုံးပြုနှုတ်ကပတ်တော်၌သာ...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါ...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်