၁၀၇) သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အပြုအမူကောင်းတို့အကြား ခွဲခြားခြင်း အခြေခံသဘောတရားများ

(၁) လက်တွေ့လုပ်ဆောင်ခြင်း တစ်ခုက ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အခြေခံခြင်း ရှိမရှိ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့အတိုင်း လုပ်ဆောင်ခြင်း ရှိမရှိ၊ သို့မဟုတ် ယင်းသည် လူသား၏ ခံစားချက်များ၊ နှစ်သက်မှုများ၊ အယူအဆများ သို့မဟုတ် စိတ်ကူးစိတ်သန်းများ သို့မဟုတ် သူ၏ အတွေ့အကြုံတို့အပေါ် မှီခိုသည့် လုပ်ရပ်တစ်ခု ဟုတ်မဟုတ်ဆိုသည်ကို ပိုင်းဖြတ်လော့။

(၂) လူတစ်ဦးသည် ၎င်းတို့ နားလည်သည့် သမ္မာတရားအပေါ် အခြေခံ၍၊ အခြေခံသဘောတရားများနှင့်အညီ ဆောင်ရွက်နေခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းတို့သည် စည်းမျဉ်းများကို လိုက်နာခြင်း၊ ဟန်ဆောင်လုပ်ပြခြင်း၊ အပြင်ပန်းအရာများအပေါ် အာရုံစိုက်ခြင်းနှင့် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအလယ် အသက်ရှင်ခြင်း ရှိမရှိဆိုသည်တို့ကို ပိုင်းဖြတ်လော့။

(၃) တစ်စုံတစ်ဦးသည် မိမိ၏ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုတွင် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံလာခြင်း ရှိမရှိ၊ သို့မဟုတ် သေးငယ်သည့် အသေးအဖွဲများအပေါ် ရေးကြီးခွင်ကျယ်လုပ်ကာ အခြားသူတို့အား မှားယွင်းသည့် ထင်မြင်ချက်တစ်ခု ပေးပြီး၊ ထိုသို့ဖြင့် ၎င်းတို့ကို လှည့်ဖြားကာ ဘုရားသခင်ကို လှည့်စားရန် ကြိုးစားခြင်း ရှိမရှိဆိုသည်တို့ကို ပိုင်းဖြတ်လော့။

(၄) လူတစ်ဦးသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်အတွက် စစ်မှန်သော စိတ်နှလုံးတစ်ခုဖြင့် မိမိတို့ကိုယ်ကိုယ် အသုံးတော်ခံခြင်း ရှိမရှိ၊ သူ့အတွက် သက်သေခံလာခြင်း ရှိမရှိ သို့မဟုတ် ၎င်းတို့၏ အလုပ်သည် သတိမမူသကဲ့သို့ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်း ရှိမရှိ၊ ဟန်ဆောင်လုပ်ပြခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့သည် အယောင်ဆောင်ခြင်းနှင့် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ရည်မှန်းတစ်ချက်တစ်ခုဖြင့် လှည့်ကွက်တွင် ပါဝင်ရုံမျှ ပါဝင်ခြင်း ရှိမရှိဆိုသည်တို့ကို ပိုင်းဖြတ်လော့။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘာသာရေး ထုံးတမ်းအစဉ်အလာ မည်မျှကို သင် စောင့်ထိန်းသနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကြိမ်မည်မျှ ဆန့်ကျင်ကာ မိမိအလိုအတိုင်း လိုက်လျှောက်ခဲ့သနည်း။ ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးများကို အမှန်တကယ် အရေးထားကာ သူ၏အလိုတော် ဖြည့်ဆည်းဖို့ ကြိုးစားခြင်းကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အား အကြိမ်မည်မျှ သင် လက်တွေ့လုပ်ဆောင်ခဲ့ဖူးသနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ကာ နားလည်သည့်အလျောက် လက်တွေ့လုပ်ဆောင်သင့်၏။ သင်၏အပြုအမူများနှင့် လုပ်ရပ်များအားလုံး၌ ကိုယ်ကျင့်တရား ကောင်းမွန်လော့။ ဤသည်မှာ စည်းမျဉ်းများကို လိုက်နာခြင်း သို့မဟုတ် စိတ်မပါ့တပါနှင့် အပေါ်ယံဗန်းပြ လုပ်ဆောင်ခြင်းကို မဆိုလို။ ယင်းထက် ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်ခြင်းကို ဆိုလိုသည်။ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းသည်သာလျှင် ဘုရားသခင်ကို ကျေနပ်စေသည်။ ဘုရားသခင်ကို ကျေနပ်စေသော မည်သည့်လုပ်ဆောင်ပုံနည်းလမ်းမဆို စည်းမျဉ်းတစ်ခု မဟုတ်ဘဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ လူအချို့သည် လူအများက သူတို့အပေါ် အာရုံစိုက်အောင် လုပ်ခြင်းကို ခုံမင်ကြသည်။ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ ရှေ့တွင် ၎င်းတို့သည် ဘုရားသခင်၏ အကြွေးတင်ရှိကြောင်းကို ပြောနိုင်သည်။ သို့သော် နောက်ကွယ်တွင်မူ ထိုသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ၊ လုံးလုံးလျားလျား ခြားနားစွာ ပြုမူကြသည်။ ဤသူတို့သည် ဘာသာရေးကိုင်းရှိုင်းသော ဖာရိရှဲများ မဟုတ်လော။ ဘုရားသခင်ကို အမှန်တကယ် ချစ်ပြီး သမ္မာတရား ရှိသောသူတစ်ဦးသည် ဘုရားသခင်ကို သစ္စာစောင့်သိသူ ဖြစ်သော်လည်း၊ အပြင်ပန်း၌ ထိုကဲ့သို့ ဖော်ပြလေ့မရှိပေ။ ထိုကဲ့သို့သောသူသည် အခြေအနေများ ပေါ်ပေါက်လာချိန်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုပြီး ၎င်း၏အသိစိတ်ကို ဆန့်ကျင်ကာ ပြောဆိုခြင်း သို့မဟုတ် ပြုမူခြင်းကို ပြုလုပ်လေ့ မရှိပေ။ ထိုကဲ့သို့သောသူသည် အရေးကိစ္စများ ပေါ်လာချိန်တွင် ဉာဏ်ပညာကို ပြသပြီး၊ အခြေအနေများ မည်သို့ပင် ဖြစ်နေပါစေ သူ၏လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်၏။ ဤကဲ့သို့သောသူသည် စစ်မှန်သော အစေခံခြင်း ပေးနိုင်သောသူ ဖြစ်သည်။ ဘုရားသခင်ကို အကြွေးတင်ရှိကြောင်း စိတ်ထဲကမပါဘဲ ပြောသူတချို့ ရှိသည်။ ၎င်းတို့သည် သူတစ်ပါးထက် သာသည့်ဟန်ဆောင်ကာ သနားဖွယ်ယောင်ဆောင်လျက် ပူပန်သောကဖြင့် မျက်မှောင်ကုတ်ကာ မိမိတို့၏ နေ့ရက်များကို ကုန်လွန်ကြသည်။ စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်လေခြင်း။ “သင်၌ ဘုရားသခင်၏အကြွေး မည်သို့တင်ရှိသနည်း။ ပြောပြပါ။” ဟု သူတို့အား မေးခဲ့လျှင် သူတို့သည် အာစေးမိသွားမည် ဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် အမှန်တကယ် သစ္စာစောင့်သိလျှင်၊ ယင်းအကြောင်းကို အပြင်ပန်းအားဖြင့် မပြောနှင့်။ ယင်းအစား တကယ့် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းဖြင့် ဘုရားသခင်အပေါ် သင်ချစ်ခြင်းအား ပြသလော့၊ ပြီးလျှင် စစ်မှန်သော နှလုံးသားဖြင့် သူ့ထံ ဆုတောင်းလော့။ နှုတ်အားဖြင့်နှင့် ဝတ်ကျေတမ်းကျေသာ ဘုရားသခင်နှင့် ဆက်ဆံသူများသည် ကြောင်သူတော်များသာ ဖြစ်သည်။ အချို့သူတို့သည် ဆုတောင်းပတ္ထနာပြုတိုင်း ဘုရားသခင်အပေါ် အကြွေးတင်ရှိကြောင်းကို ပြောကာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကြောင့် မဟုတ်ဘဲ၊ ၎င်းတို့ ဆုတောင်းသည့်အခါတိုင်း စတင်၍ ငိုကြွေးတတ်ကြသည်။ ထိုသို့သော လူများသည် ဘာသာရေးထုံးတမ်းဓလေ့များနှင့် အယူအဆများ စွဲနေသူများ ဖြစ်၏၊ ထိုသို့သော အပြုအမူများသည် ဘုရားသခင်ကို ကျေနပ်စေသည်၊ အပေါ်ယံ ဘုရားတရားကိုင်းရှိုင်းမှု သို့မဟုတ် အပေါ်ယံ ဝမ်းနည်းမျက်ရည်များသည် ဘုရားသခင်နှစ်သက်သော အရာများ ဖြစ်သည်ဟု အစဉ်ယုံကြည်လျက် ထိုသို့သော ထုံးတမ်းဓလေ့များနှင့် အယူအဆများဖြင့် အသက်ရှင်ကြသည်။ ထိုသို့သော အဓိပ္ပာယ်မဲ့သူများသည် မည်သို့အကျိုးပြုမည်နည်း။ အချို့က မိမိတို့၏နှိမ့်ချမှုကို ပြသရန်အတွက် အခြားသူများရှေ့၌ စကားပြောစဉ်တွင် သဘောထားကြီးဟန် ယောင်ဆောင်ကြသည်။ အချို့ကမူ အားအင်လုံးဝမရှိတော့သည့် သိုးငယ်များကဲ့သို့၊ အခြားသူများရှေ့တွင် တမင်တကာ ရိုကျိုးပြလွန်းကြသည်။ ဤသည်မှာ နိုင်ငံတော်၏လူများ ပြုမူသင့်သည် အပြုအမူများ ဖြစ်သလော။ နိုင်ငံတော်၏လူတို့သည် တက်ကြွ၍ အချုပ်အနှောင် ကင်းသောသူ၊ အပြစ်ကင်းပြီး ပွင့်လင်းသောသူ၊ ရိုးသားဖြောင့်မတ်ပြီး ချစ်ဖွယ်ကောင်းသူ၊ လွတ်လပ်သော အနေအထား၌ အသက်ရှင်သူများ ဖြစ်သင့်သည်။ ထိုသူတို့၌ သမာဓိနှင့် ဂုဏ်သိက္ခာ ရှိသင့်ပြီး သွားလေရာရာ၌ သက်သေခံနိုင်သင့်သည်။ ထိုကဲ့သို့သော သူတို့သည် ဘုရားသခင်၏ချစ်ခြင်းကိုရော လူသား၏ ချစ်ခြင်းကိုပါ ခံရသူများ ဖြစ်သည်။ ယုံကြည်ခြင်း၌ သက်တမ်းနုသော သူတို့တွင် အပေါ်ယံ လက်တွေ့လုပ်ဆောင်မှုများ များလွန်းကြသည်။ ၎င်းတို့သည် ပဲ့ပြင်ဆုံးမခြင်းနှင့် ချိုးဖျက်ခြင်းခံရသည့် ကာလကို အရင် ဖြတ်သန်းကြရမည်။ စိတ်နှလုံးအတွင်း၌ ဘုရားသခင်အား ယုံကြည်သောသူများကို အခြားသူများနှင့် အပြင်ပန်းအားဖြင့် ကြည့်ရုံနှင့် ခွဲခြား၍မရနိုင်။ သို့သော်လည်း ထိုသူတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်မှုများသည် ချီးမွမ်းထိုက်ဖွယ် ဖြစ်သည်။ ထိုကဲ့သို့သော လူများသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်သူများ ဖြစ်သည်ဟု မှတ်ယူနိုင်သည်။ အကယ်၍ ဧဝံဂေလိ သတင်းကောင်းကို ဟိုလူ၊ သည်လူအား ကယ်တင်ခြင်းကို ဆောင်ကြဉ်းလာရန် သင်နေ့စဉ် ဟောပြောသော်လည်း၊ အဆုံးတွင် သင်သည် စည်းမျဉ်းများ၊ အယူဝါဒများဖြင့် ဆက်လက် အသက်ရှင်နေသေးလျှင်၊ သင်သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်မည် မဟုတ်။ ထိုကဲ့သို့သောသူများသည် ဘာသာရေးသမားများအပြင် ကြောင်သူတော်များလည်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူတစ်ဦးသည် ယုံကြည်ခြင်း၌ စစ်မှန်မှုကို အဓိကထားရမည်၊ ဘာသာရေး ထုံးတမ်းဓလေ့၌ ပါဝင်လုပ်ဆောင်ခြင်းသည် ယုံကြည်ခြင်းမဟုတ်” မှ

လူအများစုသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း၌ အပြုအမူအပေါ် အထူးအသားပေးကြသည်၊ ယင်း၏ရလဒ်ကြောင့် ၎င်းတို့၏ အပြုအမူ၌ အချို့သော အပြောင်းအလဲများ ဖြစ်ပေါ်လေသည်။ ဘုရားသခင်ကို ၎င်းတို့ စတင် ယုံကြည်ပြီးသည့်နောက်၊ ၎င်းတို့သည် အခြားသူများနှင့် ယှဉ်ပြိုင်ခြင်း၊ အခြားသူများကို စော်ကားခြင်းနှင့် ရန်ဖြစ်ခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့် အရက်သောက်ခြင်း၊ ပြီးလျှင် သံတစ်ချောင်းမျှသာဖြစ်စေ၊ ပျဉ်ပြားတစ်ချပ်မျှသာဖြစ်စေ- ပြည်သူပိုင်ပစ္စည်းဥစ္စာ တစ်ခုတစ်လေကို ခိုးယူခြင်းတို့ကို ရပ်လိုက်ကြပြီး၊ ၎င်းတို့သည် ဆုံးရှုံးမှုများကို ခံစားရသည့်အခါတိုင်း သို့မဟုတ် မတရား ပြုခံရသောအခါတိုင်းတွင်၊ တရားရုံးတို့၌ တိုင်တန်းခြင်းကိုပင် မပြုကြသည်အထိဖြစ်သည်။ ၎င်းတို့သည် ဧကန်အမှန် အပြုအမူဆိုင်ရာ အပြောင်းအလဲအချို့ ကြုံရသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်နှင့်တစ်ပြိုင်နက်၊ မှန်သောလမ်းခရီးကို လက်ခံခြင်းက လူတို့အား အထူးသဖြင့် ကောင်းမွန်သော စိတ်ခံစားချက် ဖြစ်စေပြီး၊ ၎င်းတို့သည် ယခု သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဆိုင်ရာ ကျေးဇူးတော်ကိုလည်း မြည်းစမ်းခဲ့ပြီးသောကြောင့်၊ ၎င်းတို့သည် အထူးသဖြင့် စိတ်အားထက်သန်ကြပြီး၊ ၎င်းတို့မစွန့်လွှတ်နိုင်သော၊ သို့မဟုတ် ဒုက္ခဆင်းရဲမခံနိုင်သောအရာ တစ်စုံတစ်ခုမျှပင် မရှိပေ။ သို့သော် သုံးနှစ်၊ ငါးနှစ်၊ ဆယ်နှစ် သို့မဟုတ် အနှစ်သုံးဆယ် ယုံကြည်ပြီးသည့်နောက်တွင် ၎င်းတို့၏ အသက်စိတ်သဘောထားများ၌ အပြောင်းအလဲ မရှိခဲ့သောကြောင့်၊ ၎င်းတို့သည် ဒုံရင်းအခြေအနေ ပြန်ဆိုက်ရောက်ခြင်းဖြင့် အဆုံးသတ်ကြသည်။ ၎င်းတို့၏ မာနထောင်လွှားခြင်းနှင့် မောက်မာခြင်းတို့ တိုး၍ သိသာလာသည်။ ၎င်းတို့သည် အာဏာနှင့် အကျိုးအမြတ်အတွက် စတင် ပြိုင်ဆိုင်လာကြသည်၊ ၎င်းတို့သည် အသင်းတော်၏ငွေကို တပ်မက်ကြသည်၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးများကို ဖြည့်ဆည်းရန် မည်သည့်အရာကိုမဆို ၎င်းတို့လုပ်ကြသည်၊ ၎င်းတို့သည် အဆင့်အတန်းနှင့် အပျော်အပါးများကို မက်မောကြပြီး၊ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်၏ ကပ်ပါးကောင်များ ဖြစ်လာကြပြီးဖြစ်သည်။ အထူးသဖြင့် ခေါင်းဆောင်အများအဖြစ် အစေခံသောသူအများစုသည် လူတို့၏ စွန့်ပယ်ခြင်းကို ခံကြရသည်။ ပြီးလျှင် ဤအချက်အလက်များသည် မည်သည့်အရာကို သက်သေပြသနည်း။ အပြုအမူဆိုင်ရာ အပြောင်းအလဲများမျှသည် ရေရှည်မတည်တံ့ပေ။ အကယ်၍ လူတို့၏ အသက်စိတ်သဘောထားများ၌ ပြောင်းလဲခြင်း မရှိပါက၊ ၎င်းတို့၏ ဆိုးယုတ်သောဘက်များသည် ယင်းတို့ဘာသာ အနှေးနှင့်အမြန် ပေါ်လာလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ အပြုအမူ ပြောင်းလဲမှုများ၏ အရင်းအမြစ်မှာ ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတစ်ခုခုနှင့် ပူးတွဲထားသော စိတ်အားထက်သန်မှု ဖြစ်သောကြောင့်၊ ၎င်းတို့အတွက် စိတ်အားထက်သန်လာရန်၊ သို့မဟုတ် ခဏတာ သနားကြင်နာမှု ဖော်ပြရန်မှာ အလွန့်အလွန် လွယ်ကူသည်။ “ကောင်းမှုတစ်ခုလုပ်ရန် လွယ်သည်၊ ခက်ခဲသည်မှာ ကောင်းမှုများကို ရာသက်ပန်ပြုရန်ပင် ဖြစ်သည်” ဟု မယုံကြည်သူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဘဝတစ်ခုလုံးတစ်လျှောက် ကောင်းမှုများကို ပြုနိုင်စွမ်းမရှိကြချေ။ တစ်ဦးတစ်ယောက်၏အပြုအမူကို အသက်က စီမံညွှန်ကြားပေသည်။ မိမိ၏ဘဝမှာ မည်သည့်အရာဖြစ်ပါစေ၊ မိမိ၏ အပြုအမူလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး၊ သဘာဝအတိုင်း ထုတ်ဖော်သော အရာသည်သာ အသက်တာအပြင်၊ လူတစ်ဦး၏ သဘာဝဗီဇကို ကိုယ်စားပြုသည်။ အတုအယောင်ဖြစ်သော အရာများမှာ ကြာရှည်မတည်နိုင်ပေ။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် အမှုပြုသောအခါ လူသားကို ကောင်းသောအပြုအမူဖြင့် ဆင်မြန်းရန် မဟုတ်ပေ- ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်မှာ လူတို့၏စိတ်သဘောထားများကို အသွင်ပြောင်းလဲရန်၊ ၎င်းတို့ကို အသစ်သောလူအဖြစ် တစ်ဖန်ပြန်မွေးဖွားစေရန် ဖြစ်သည်။ ထို့ကြောင့် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများအားလုံးက လူသားအနေဖြင့် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းနှင့် ဆည်းကပ်ခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်ဖို့အလို့ငှာနှင့်၊ သူ့ကို ပုံမှန် ကိုးကွယ်လာကြဖို့အလို့ငှာ သူ၏စိတ်သဘောထားကို ပြောင်းလဲရန် အသုံးတော်ခံဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ဖြစ်သည်။ ကောင်းမွန်စွာ ပြုမူခြင်းသည် ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်းနှင့် တူညီဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ပင် မတူညီပေ။ အပြုအမူ အပြောင်းအလဲများသည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေတည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုကြောင့်ဖြစ်သော အချိန်များရှိသော်လည်း၊ ဤသည်မှာ ဘုရားသခင်ကိုသိခြင်းနှင့် တူညီရန် မဆိုထားနှင့်၊ အသက်၏ ဖော်ပြချက်တစ်ခုပင် မဟုတ်ပေ။ လူတစ်ဦး၏ အပြုအမူ မည်မျှပင် ကောင်းပါစေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီးဖြစ်သည် သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်သည်ဟု သက်သေပြခြင်း မရှိပေ။ အပြုအမူဆိုင်ရာ အပြောင်းအလဲများသည် တစ်ခဏမျှသာဖြစ်သော စိတ်၏လှည့်စားမှုတစ်ခုသာ ဖြစ်သည်။ ၎င်းတို့မှာ စိတ်အားသန်ခြင်း၏ သရုပ်သကန်များသာဖြစ်သည်။ ယင်းတို့ကို အသက်၏ ဖော်ပြချက်အဖြစ် ယူဆ၍မရနိုင်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်” မှ

လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ခြင်း ရှိလာကတည်းက ကောင်းသော အလုပ်များစွာကို လုပ်ဆောင်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ၎င်းတို့အဖို့ အမှုအရာများစွာသည် နားလည်ရန်ခက်ခဲကောင်း ခက်ခဲနိုင်သေးပြီး၊ ၎င်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်သည့် သိနားလည်မှုတစ်ခု သာ၍ပင် ရှိမလာနိုင်သေးပေ၊ သို့သော်၊ ၎င်းတို့၏ ကောင်းသော အလုပ်များစွာကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အသက်ရှင်လာနှင့်ကြပြီးဖြစ်ကာ သူ့ကို ကျိုးနွံနာခံနှင့်ကြပြီးဖြစ်သကဲ့သို့ သူ၏ အလိုကို အတော်အတန် ဖြည့်ဆည်းကြပြီးဖြစ်သည်ဟု ၎င်းတို့ ခံစားကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် မကောင်းသော အခြေအနေများ မဖြစ်ပေါ်သည့်အခါတွင် သင်သည် သင့်ကို ပြောထားသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သောကြောင့် ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ စိတ်ထင့်ခြင်းများ မရှိသကဲ့သို့ သင် မခုခံပေ။ ဧဝံဂေလိတရား ဖြန့်ဝေဖို့ သင့်ကို ပြောသည့်အခါ၊ ယင်းသည် သင် ခံနိုင်သည့် အခက်အခဲတစ်ခုဖြစ်ပြီး၊ မည်သည့် ညည်းညူခြင်းမျှ သင် မပြုသကဲ့သို့၊ ဟိုဟိုသည်သည် ပြေးလွှားဖို့ သို့မဟုတ် ကာယအလုပ် လုပ်ဖို့ သင့်ကို ပြောသည့်အခါ၊ ထိုသို့ သင် လုပ်ဆောင်၏။ ဤပြသခြင်းများကြောင့်၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသူတစ်ဦးနှင့် သမ္မာတရားနှင့်သက်ဆိုင်၍ စစ်မှန်သော လိုက်စားသူတစ်ဦး ဖြစ်သည်ဟု ခံစားရလေသည်။ သို့သော် လူတစ်ဦးက သာ၍ လေးနက်စွာ သင့်ကို မေးခွန်းထုတ်ပြီး၊ “သင်သည် ရိုးသားသော လူတစ်ဦးလော။ သင်သည် ဘုရားသခင်ကို စစ်မှန်စွာ ကျိုးနွံနာခံသော လူတစ်ဦးဖြစ်သလော။ ပြောင်းလဲသည့် စိတ်သဘောထားတစ်ခုရှိသည့် လူတစ်ဦးလော”ဟု အမေးခံခဲ့ရပါက၊ ထိုသို့ မေးခွန်းထုတ်ခံခဲ့ရပါက၊ ထိုသို့ စိစစ်ခြင်းအတွက် သမ္မာတရားနှင့်ယှဉ်၍ ပြခံရပါက၊ သင်သည်- လုံးဝ မည်သူမဆိုဟုလည်း ဆိုကောင်းဆိုနိုင်သည်-ချို့တဲ့နေသည်ကို တွေရမည်ဖြစ်သကဲ့သို့ မည်သည့်လူကမျှ သမ္မာတရားအတိုင်း အမှန်တကယ် လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ထို့ကြောင့် လူသား၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအားလုံး၏ အရင်းအမြစ်အပြင် သူ၏ လုပ်ရပ်များ၏ အနှစ်သာရနှင့် သဘာဝတို့ကို သမ္မာတရားနှင့် ယှဉ်ပြသောအခါ အားလုံး ပြစ်တင်ရှုတ်ချခံရလေသည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ လူသားသည် မိမိကိုယ်ကိုယ် မသိသောကြောင့် ဖြစ်၏။ သူသည် ဘုရားသခင်ကို သူ ကိုယ်တိုင်၏ နည်းလမ်းဖြင့် အမြဲ ယုံကြည်သည်၊ သူ၏ တာဝန်ကို သူကိုယ်တိုင်၏ နည်းလမ်းဖြင့် ထမ်းဆောင်ပြီး ဘုရားသခင်ကို သူကိုယ်တိုင်၏ နည်းလမ်းဖြင့် အစေခံ၏။ ထို့အပြင် သူ၌ ယုံကြည်ခြင်း၊ ဆင်ခြင်တုံတရားတို့နှင့် ပြည့်ဝနေသည်ဟု ခံစားရကာ၊ အဆုံးတွင် သူသည် များစွာ ရရှိပြီးဖြစ်သည်ဟု ခံစားရ၏။ ယင်းကို သူ၏ သိရှိခြင်းမရှိဘဲနှင့်၊ သူသည် ဘုရားသခင်၏ အလိုနှင့်အညီ ဆောင်ရွက်နေနှင့်သကဲ့သို့ ထိုအလိုကို လုံးဝ ပြည့်စုံစေပြီးဖြစ်ကာ သူသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည်မီနှင့်ပြီးဖြစ်သကဲ့သို့ သူ၏ အလိုကို လိုက်လျှောက်နေသည်ဟု ခံစားလာရလေသည်။ ဤသည်မှာ သင် ခံစားသည့်ပုံဖြစ်ပါက သို့မဟုတ် ဘုရားသခင်ကို သင်၏ ယုံကြည်မှု နှစ်အချို့တွင် သင်သည် အကျိုးတရားအချို့ကို ရိတ်သိမ်းရပြီးဖြစ်သည်ဟု သင် ခံစားရပါက၊ သင်သည် မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ဖို့ သာ၍ပင် ဘုရားသခင်၏ ရှေ့မှောက်သို့ ပြန်လာသင့်ပေသည်။ သင်၏ ယုံကြည်ခြင်း နှစ်များတစ်လျှောက် သင် လျှောက်လှမ်းပြီးဖြစ်သည့် လမ်းကြောင်းကို ကြည့်သင့်ပြီး ဘုရားသခင်၏ ရှေ့မှောက်ရှိ သင်၏ လုပ်ရပ်များနှင့် အပြုအမူအားလုံးသည် သူ၏ စိတ်နှလုံးနှင့် လုံးလုံးလျားလျား ညီညွတ်ခြင်း ရှိမရှိ၊ သင် လုပ်ဆောင်သည့် မည်သည့်အရာက ဘုရားသခင်ကို ခုခံသည်၊ သင် လုပ်ဆောင်သည့် မည်သည့်အရာက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်သည်နှင့် သင် လုပ်ဆောင်သည့် အရာက ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီပြီး သူ၏ အလိုနှင့် လုံးဝ ကိုက်ညီနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို မြင်သင့်သည်၊ ဤအရာအားလုံးနှင့်ပတ်သက်၍ သင်သည် ရှင်းလင်းသင့်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

မိမိတို့ကိုယ်ကိုယ် အလွန့်အလွန် ကြင်နာစိတ်ရှိသည်ဟု ယုံကြည်ကြသည့်လူများ ရှိ၏။ ၎င်းတို့သည် အခြားသူများကို မည်သည့်အခါတွင်မျှ မမုန်းတီး သို့မဟုတ် မထိခိုက်သကဲ့သို့၊ ၎င်းတို့၏ ပြဿနာများ ပြေလည်မသွားမည်စိုး၍၊ မိသားစု ဆင်းရဲနွမ်းပါးသည့် ညီအစ်ကို မောင်နှမများကို အမြဲကူညီကြလေသည်။ ၎င်းတို့သည် ကြီးမြတ်သည့် စိတ်ထားကောင်းရှိကြပြီး တတ်နိုင်သမျှ အယောက်တိုင်းကို ကူညီဖို့ တတ်စွမ်းနိုင်သမျှ ကြိုးစားကြလေသည်။ ထိုသို့သော ကူညီမှု၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့၏ အသက်များကို ကြိုးစားအားထုတ်ဖို့ ခေတ္တရပ်ဆိုင်းထားကြသော်လည်း၊ မိမိတို့ကိုယ်ကိုယ် အတော်အတန် ကျေနပ်အားရကြပြီး ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည့်အရာနှင့်ပတ်သက်၍ အလွန့်အလွန် ကျေနပ်မှု ရှိကြလေသည်။ ထို့အပြင်၊ ၎င်းတို့ လုပ်ဆောင်သမျှအားလုံးသည် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ ဧကန်မုချ လုံလောက်သကဲ့သို့၊ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူများဖြစ်သည်ဟု ယုံကြည်ရင်း၊ ထိုအရာ၌ ၎င်းတို့ အလွန်ဂုဏ်ယူကြလေသည်။ ၎င်းတို့က ၎င်းတို့၏ ပင်ကို ကြင်နာစိတ်ကို အမြတ်ထုတ်ရမည့် အရာတစ်ခုကဲ့သို့ မြင်ကြပြီး၊ ၎င်းတို့က ယင်းကို ထိုသို့ ယူမှတ်လျှင်ယူမှတ်ချင်း၊ ယင်းကို အမှန်တရားအဖြစ် ၎င်းတို့ မလွဲမသွေ မြင်လာကြလေသည်။ လက်တွေ့အရှိတရားတွင်၊ ၎င်းတို့ လုပ်ဆောင်သမျှအားလုံးသည် လူသားကောင်းမှု ဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှ ၎င်းတို့ မရှာဖွေကြသကဲ့သို့၊ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ ရှေ့တွင်မဟုတ်ဘဲ၊ လူ့ရှေ့တွင် လုပ်ဆောင်ကြသည့်အတွက်၊ ၎င်းတို့ လုပ်ဆောင်သမျှအားလုံးသည် အချည်းနှီးဖြစ်လေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုကို လိုက်လျှောက်နေဖို့ မဆိုထားနှင့်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာများထဲမှ မည်သည့်အရာမျှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်သကဲ့သို့၊ မည်သည့်အရာမျှသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် လူသား ကြင်နာစိတ်နှင့် ကောင်းမြတ်သော အပြုအမူကို အခြားသူများအား ကူညီဖို့ အသုံးပြုကြပေသည်။ တိုတိုပြောရလျှင်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာတွင် ဘုရားသခင်၏ အလိုကို ၎င်းတို့ မရှာဖွေကြသကဲ့သို့၊ သူ၏ သတ်မှတ်ချက်များနှင့်အညီလည်း မပြုမူကြပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ ရှုထောင့်မှ၊ လူ၏ ကောင်းမြတ်သော အပြုအမူသည် ရှုတ်ချခံရပြီး သူ၏ အောက်မေ့ခြင်းနှင့် မထိုက်တန်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

လူတို့၏ အပေါ်ယံကောင်းမှုများသည် အဘယ်အရာကို ကိုယ်စားပြုသနည်း။ ၎င်းတို့သည် ဇာတိပကတိစိတ်ကို ကိုယ်စားပြုပြီး အကောင်းဆုံး အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသည်ပင်လျှင် အသက်ကို ကိုယ်စားပြုခြင်း မရှိပေ၊ ၎င်းတို့သည် သင်ကိုယ်တိုင်၏ သီးခြား နဂိုစိတ်ရင်းကိုသာ ပြနိုင်သည်။ လူသား၏အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသည် ဘုရားသခင်၏ လိုအင်ဆန္ဒကို မဖြည့်ဆည်းနိုင်ပေ။ သင်သည် ဘုရားသခင်အပေါ်၌ အကြွေးတင်ရှိကြောင်းကို အစဉ်မပြတ် ပြောသော်လည်း၊ တစ်ပါးသူများ၏ဘဝများကို သင် မထောက်ပံ့နိုင်ပေ သို့မဟုတ် ၎င်းတို့ကို ဘုရားသခင်အားချစ်ရန် သင်မလှုံ့ဆော်နိုင်ပေ။ သင်၏ အဆိုပါလုပ်ရပ်များက ဘုရားသခင်ကို ကျေနပ်စေမည်ဟု သင် ယုံကြည်သလော။ သင်၏လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပြီး၊ ၎င်းတို့သည် ဝိညာဉ်နှင့်သက်ဆိုင်သည်ဟု သင် ခံစားရသော်လည်း၊ စင်စစ်အားဖြင့် ၎င်းတို့အားလုံးသည် အဓိပ္ပာယ် ကင်းမဲ့ကြပေသတည်း။ သင့်အား စိတ်ကျေနပ်မှု ပေးသောအရာနှင့် သင်လုပ်လိုသော အရာတို့သည် ဘုရားသခင် အထူးနှစ်သက်သည့် အရာများ အတိအကျပင် ဖြစ်သည်ဟု သင်ယုံကြည်သည်။ သင် နှစ်သက်သောအရာများသည် ဘုရားသခင်အား ကိုယ်စားပြုနိုင်သလော။ လူတစ်ဦး၏စရိုက်သည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သလော။ သင့်ကို စိတ်ကျေနပ်မှုပေးသော အရာသည် ဘုရားသခင် ရွံမုန်းသည့်အရာ အတိအကျပင်ဖြစ်ပြီး၊ သင့်အကျင့်များသည် ဘုရားသခင် ရွံရှာ၍ ငြင်းပယ်သော အရာများ ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အပေါ် အကြွေးတင်ရှိသည်ဟု ခံစားရပါက၊ ဘုရားသခင်ရှေ့မှောက်သို့ သွား၍ ဆုတောင်းလော့။ ထိုအကြောင်းကို တစ်ပါးသူများအား ပြောဖို့မလို။ အကယ်၍ သင်သည် ဘုရားသခင်ရှေ့မှောက်၌ ဆုမတောင်းဘဲ၊ ယင်းအစား အခြားသူများရှေ့၌ သင့်ကိုယ်သင် လူအများအာရုံစိုက်ခံရအောင် အစဉ်တစိုက် ပြုလုပ်လျှင်၊ ဤအရာသည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်လိမ့်မည်လော။ သင်၏လုပ်ရပ်များသည် အစဉ်အမြဲ အပြင်ပန်းအတွက်သာ ဖြစ်နေပါက၊ သင်သည် အစွန်းရောက်အောင် အလွန်ပလွှားသောသူ ဖြစ်သည်ဟု ဆိုလိုသည်။ အပေါ်ယံကောင်းမှုများသာ ဆောင်ရွက်ပြီး စစ်မှန်မှု ကင်းမဲ့နေသည့် လူတို့သည် မည်ကဲ့သို့သော လူအမျိုးအစား ဖြစ်သနည်း။ ထိုသို့သော လူများသည် ကြောင်သူတော် ဖာရိရှဲများနှင့် ဘာသာရေးသမားများသာ ဖြစ်လေစွတကား။ သင်တို့သည် သင်တို့၏ အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများကို ရပ်ကာ မပြောင်းလဲနိုင်လျှင် သင်တို့အထဲရှိ သူတော်ကောင်းယောင်ဆောင်မှု အရိပ်လက္ခဏာများသည် ပို၍ပင် ကြီးထွားလာလိမ့်မည်။ သူတော်ကောင်းယောင်ဆောင်မှု အရိပ်လက္ခဏာများ ပိုများလေလေ၊ ဘုရားသခင်ကို ပို၍ ဆန့်ကျင်လေလေဖြစ်၏။ အဆုံးတွင် ထိုကဲ့သို့သော လူများသည် ဧကန်ပင် သုတ်သင်ဖယ်ရှင်းခြင်းကို ခံရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူတစ်ဦးသည် ယုံကြည်ခြင်း၌ စစ်မှန်မှုကို အဓိကထားရမည်၊ ဘာသာရေး ထုံးတမ်းဓလေ့၌ ပါဝင်လုပ်ဆောင်ခြင်းသည် ယုံကြည်ခြင်းမဟုတ်” မှ

အချို့လူတို့သည် အခက်အခဲများကို သည်းခံနိုင်ခြင်း၊ အဖိုးအခကို ပေးနိုင်ခြင်း၊ အပြင်ပန်းတွင် အလွန်ဣန္ဒြေရခြင်း၊ ကောင်းစွာ လေးစားခံရခြင်း ရှိကြပြီး အခြားသူများ၏ လေးစားမှုကို အကျိုးခံစားကြသည်။ ဤကဲ့သို့ အပြင်ပန်း အပြုအမူမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အဖြစ် ယူဆနိုင်သည်ဟု သင်တို့ဆိုမည်လော။ လူတစ်ဦးက ဤသို့သော လူတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနေသည်ဟု ဆုံးဖြတ်နိုင်သလော။ လူတို့သည် ဤကဲ့သို့ လူပုဂ္ဂိုလ်မျိုးကို မြင်ရပြီး ၎င်းတို့သည် ဘုရားသခင်ကို ကျေနပ်စေသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လမ်းကြောင်းကို လျှောက်လှမ်းကြသည်၊ ဘုရားသခင်၏ လမ်းအတိုင်း သွားကြသည်ဟု ကြိမ်ဖန်များစွာ ထင်ကြသည်မှာ အဘယ်ကြောင့်နည်း။ လူအချို့သည် အဘယ်ကြောင့် ဤကဲ့သို့ တွေးကြသနည်း။ ၎င်းအတွက် ရှင်းပြချက် တစ်ခုသာ ရှိသည်။ ယင်းမှာ မည်သည့်ရှင်းပြချက်နည်း။ ယင်းမှာ မြောက်မြားစွာသော လူတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေခြင်းနှင့်၊ သမ္မာတရား စစ်မှန်မှု အမှန်တကယ်ရှိခြင်းမှာ အဘယ်နည်း ဟူသော မေးခွန်းတချို့က သိပ်မရှင်းလင်းခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းအားဖြင့် ဝိညာဉ်ရေးပြည့်ဝသယောင်၊ မြင့်မြတ်သယောင် ခံ့ညားပြီး ကြီးမြတ်သယောင် ထင်ရသောသူများ၏ လှည့်စားခြင်းကို မကြာခဏခံရသော လူအချို့ရှိလေသည်။ ကျမ်းဟောင်းတရားများ နှင့် အယူဝါဒများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သောသူများနှင့် ၎င်းတို့၏ အဟောအပြောနှင့် လုပ်ရပ်များမှာ လေးစားထိုက်သယောင် ထင်ရသောသူများနှင့်ပတ်သက်၍၊ ၎င်းတို့၏ လှည့်စားခြင်းကို ခံရသူများသည် ၎င်းတို့လုပ်ရပ်များ၏ အနှစ်သာရ၊ ၎င်းတို့လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ နိယာမများ၊ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များမှာ မည်သည်တို့ဖြစ်ကြောင်းကို မည်သည့်အခါမျှ ကြည့်ရှုစစ်ဆေးခြင်း မပြုလုပ်ဖူးကြပေ။ ထို့အပြင် သူတို့သည် ထိုလူတို့က ဘုရားသခင်ကို အမှန်တကယ် နာခံခြင်းရှိ မရှိကို မည်သည့်အခါမျှ စစ်ဆေးကြည့်ရှုခြင်း မရှိခဲ့ကြသည့်အပြင်၊ ထိုလူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ်ကို မည်သည့်အခါမျှ မစိစစ်ခဲ့ကြဖူးပေ။ သူတို့သည် ထိုလူတို့၏ လူသားဖြစ်ခြင်းအနှစ်သာရကို မည်သည့်အခါမျှ သတိပြုမိခဲ့ခြင်း မရှိပေ။ ထို့ထက် ထိုသူတို့နှင့် သိကျွမ်းလာသည့် ပထမခြေလှမ်းမှစတင်ကာ သူတို့သည် တဖြည်းဖြည်းချင်း ထိုလူတို့ကို အားကျခြင်း၊ ကြည်ညိုလေးစားခြင်း ဖြစ်လာပြီး၊ အဆုံးတွင် ထိုလူတို့သည် သူတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များ ဖြစ်လာတော့သည်။ ထိုမျှမက လူအချို့၏ စိတ်ထဲတွင်ကား သူတို့ဆည်းကပ်သော ကိုးကွယ်ရာ ပုဂ္ဂိုလ်များ၊ ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်နိုင်ကြသည်ဟု သူတို့ ယုံကြည်သောသူများနှင့် အပေါ်ယံတွင် အဖိုးအခပေးနိုင်ဟန်ရှိသောသူများ၊ ထိုပုဂ္ဂိုလ်များမှာ ဘုရားသခင်ကို အမှန်တကယ် ကျေနပ်စေသောသူများနှင့် အဆုံးသတ်ကောင်းများနှင့် ခရီးဆုံး ပန်းတိုင်ကောင်းများကို အမှန်တကယ် ရရှိနိုင်သောသူများပင် ဖြစ်ကြသည်။ သူတို့၏ စိတ်ထဲတွင်မူ ဤကိုးကွယ်ရာ ပုဂ္ဂိုလ်များမှာ ဘုရားသခင် ချီးမွမ်းသောသူများ ဖြစ်ကြသည်။ မည်သည့်အရာက သူတို့အား ဤကဲ့သို့ ယုံကြည်ချက်မျိုးကို ရှိစေသနည်း။ ဤအရေးကိစ္စ၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းက ဖြစ်စေနိုင်သော အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်း၏ အနှစ်သာရကိစ္စကို ပထမဦးစွာ ဆွေးနွေးကြပါစို့။

လူတို့၏ ရှုထောင့်အမြင်များ၊ လူတို့၏ လက်တွေ့ကျင့်သုံးခြင်း နည်းလမ်းများ၊ မည်သည့် လက်တွေ့ကျင့်သုံးမှု နိယာမများကို သူတို့ ခံယူရန် ရွေးချယ်သည်နှင့် သူတို့အယောက်တိုင်း မည်သည့်အရာကို အလေးထားရန် ရည်ရွယ်သည်နှင့်စပ်လျဉ်းသော ဤကိစ္စရပ်များမှာ အခြေခံအားဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သက်ဆိုင်ခြင်း မရှိပေ။ လူတို့သည် ပေါ့တန်သော အကြောင်းအရာများ သို့မဟုတ် လေးနက်သော အကြောင်းအရာများ၊ သို့တည်းမဟုတ် ကျမ်းဟောင်းတရားများ နှင့် သြဝါဒများ သို့မဟုတ် စစ်မှန်မှုအပေါ် အာရုံစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ သူတို့သည် ၎င်းတို့ လိုက်နာစောင့်ထိန်းသင့်ဆုံးသော အရာကို လိုက်နာစောင့်ထိန်းခြင်း မရှိသည့်အပြင် ၎င်းတို့ အသိသင့်ဆုံးသောအရာမှာ မည်သည့်အရာ ဖြစ်ကြောင်းကိုလည်း မသိကြချေ။ ဤအရာ၏ အကြောင်းရင်းမှာ လူတို့သည် သမ္မာတရားကို လုံးဝ မနှစ်သက်ခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သူတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များတွင် တွေ့ရသော လက်တွေ့ကျင့်သုံးမှု နိယာမများကို ရှာဖွေရန်နှင့် လက်တွေ့လုပ်ဆောင်ရန် အချိန်နှင့်လုံ့လ မစိုက်ထုတ်လိုကြခြင်း ဖြစ်သည်။ ထိုအစား ၎င်းတို့သည် ဖြတ်လမ်းများကို အသုံးပြုရန်နှင့် ကောင်းသောအလေ့အထနှင့် ကောင်းသောအပြုအမူ ဖြစ်မည်ဟု ၎င်းတို့ နားလည်သိကျွမ်းသော အရာတို့ကို ပေါင်းရုံးရန် ပို၍နှစ်သက်ကြသည်။ ထိုအခါ ဤအကျဉ်းချုပ်သည် လိုက်လျှောက်ရမည့် ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်ဖြစ်လာပြီး ယင်းကို လက်တွေ့ကျင့်သုံးရမည့် သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားကြသည်။ ဤအရာ၏ တိုက်ရိုက် အကျိုးဆက်မှာ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် လူ၏ ကောင်းသောအပြုအမူကို အစားထိုးသည့် အရာတစ်ခုအဖြစ် အသုံးပြုကြသည်၊ ၎င်းက ဘုရားသခင်ထံ မျက်နှာလိုမျက်နှာရလုပ်ရန် လူတို့၏ လိုအင်ဆန္ဒကိုလည်း ဖြည့်ဆည်းပေးသည်။ ဤအရာက သူတို့အား သမ္မာတရားနှင့် ယှဉ်ပြိုင်ရန်အတွက် အရင်းအနှီးပေးပြီး၊ ယင်းကို လူတို့က ဘုရားသခင်အား အကြောင်းပြချက်ပေးပြီး ယှဉ်ပြိုင်ရန် အတွက်လည်း အသုံးပြုကြသည်။ တစ်ချိန်တည်းတွင် လူတို့သည် ဘုရားသခင်ကို မရိုးမဖြောင့်စွာဖြင့် ဘေးဖယ်ထားပြီး ၎င်းတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များကို ဘုရားသခင်၏ နေရာ၌ ထားကြသည်။ လူတို့အား ဤသို့ပညာမဲ့သော လုပ်ရပ်များနှင့် ရှုထောင့်အမြင်များ သို့မဟုတ် တစ်ဖက်သတ်ဆန်သော ထင်မြင်ချက်များနှင့် ကျင့်သုံးမှုများကို ရရှိစေသော အဓိကအကြောင်းရင်း တစ်ခုသာရှိပြီး ထိုအကြောင်းကို သင်တို့အား ငါ ယနေ့ပြောမည်- အကြောင်းရင်းမှာ လူတို့သည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်း၊ နေ့စဉ် သူ့ထံ ဆုတောင်းခြင်းနှင့် သူ၏ မိန့်မြွက်ချက်များကို နေ့စဉ်ဖတ်ရှုခြင်း ပြုကောင်းပြုနိုင်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် နားမလည်ကြပေ။ ပြဿနာ၏ အကြောင်းရင်းမှာ ဤနေရာတွင်ရှိသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ စိတ်နှလုံးကို သိနားလည်ခြင်း၊ သူနှစ်သက်သောအရာ၊ သူစက်ဆုပ်ရွံရှာသောအရာ၊ သူအလိုရှိသောအရာ၊ သူငြင်းပယ်သောအရာ၊ မည်ကဲ့သို့ လူအမျိုးအစားကို သူချစ်ကြောင်း၊ မည်ကဲ့သို့ လူအမျိုးအစားကို သူမနှစ်သက်ကြောင်း၊ လူတို့အပေါ် သူ၏တောင်းဆိုမှုများ ပြုရာတွင် မည်သည့်စံနှုန်းမျိုးကို သူအသုံးပြုကြောင်းနှင့်၊ သူတို့ကို စုံလင်အောင်ပြုလုပ်ပေးရန်အတွက် မည်သည့်နည်းလမ်းမျိုးကို သူကျင့်သုံးကြောင်း သိနားလည်ပါက၊ ထိုလူထံ၌ သူကိုယ်တိုင်၏ တစ်ကိုယ်ရေ ထင်မြင်ချက်များ ရှိနိုင်ဦးမည်လော။ ဤသို့သော လူတို့က အခြားသူတစ်ဦးကို အမှန်ပင် ကိုးကွယ်နိုင်သလော။ သာမန်လူတစ်ဦးသည် ၎င်းတို့၏ ကိုးကွယ်ရာ ပုဂ္ဂိုလ် ဖြစ်လာနိုင်သလော။ ဘုရားသခင်၏ အလိုတော်ကို နားလည်သော လူတို့က ထို့ထက် အနည်းငယ်ပို၍ ဆင်ခြင်တုံတရားရှိသော အမြင်ရှုထောင့်ကို ပိုင်ဆိုင်ပါသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးကို ထင်ရာမြင်ရာ ပုဂ္ဂိုလ်ရေးကိုးကွယ်မည် မဟုတ်သည့်အပြင်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းကို လျှောက်စဉ် ရိုးရှင်းသော စည်းမျဉ်းများ သို့မဟုတ် နိယာမများ အနည်းငယ်ကို ထင်ရာမြင်ရာ လိုက်နာစောင့်ထိန်းခြင်းသည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းသဘော သက်ရောက်သည်ဟုလည်း ၎င်းတို့ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” မှ

လူအချို့က “ကျွန်ုပ်သည် ယခု သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု ထင်သည်၊ ကျွန်ုပ်သည် မည်သည့် သမ္မာတရားကိုမျှ လုံးဝ လက်တွေ့မလုပ်ဆောင်နိုင်ခြင်း မဟုတ်ပေ။ ပတ်ဝန်းကျင်အချို့တွင် ကျွန်ုပ်သည် သမ္မာတရားနှင့်အညီ လုပ်ဆောင်နိုင်သည်၊ ဆိုလိုသည်မှာ ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့် လူတစ်ဦးနှင့် သမ္မာတရားရှိသူ တစ်ဦးအဖြစ် ကျွန်ုပ် မှတ်ယူသည်” ဟု ဆိုကြသည်။ အကယ်စင်စစ်၊ ယခင် သို့မဟုတ် ဘုရားသခင်ကို သင် ပထမဦးဆုံး ယုံကြည်ခဲ့သည့်အချိန်နှင့် နှိုင်းယှဉ်ပါက၊ ဤအခြေအနေမျိုးတွင် ပြောင်းလဲမှု အနည်းငယ်ကို သင် ဖော်ပြပြီးဖြစ်သည်။ အတိတ်တွင် သင်သည် မည်သည့်အရာကိုမျှ သိနားလည်ခဲ့ခြင်း မရှိသကဲ့သို့၊ သမ္မာတရားက မည်သည့်အရာဖြစ်သည် သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာ ဖြစ်သည်ကို သိခဲ့ခြင်း မရှိပေ။ ယခုအခါ သင်သည် အချို့အရာများကို သိလာပြီးဖြစ်ကာ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းကောင်းအချို့ကို သင် ရှိနိုင်စွမ်းရှိသော်လည်း၊ ဤသည်မှာ သေးငယ်သည့် သင်၏ ပြောင်းလဲမှု အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်၊ သင်သည် သင်၏ သဘာဝဗီဇ ပါဝင်သည့် အဆင့်မြင့်ပြီး နက်ရှိုင်းသော သမ္မာတရားများကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့် ယင်းမှာ သင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် စစ်မှန်သော ပြောင်းလဲမှုတစ်ခု မဟုတ်ပေ။ သင်၏ အတိတ်နှင့်မတူသည်မှာ သင်သည် အတော်အတန် ဧကန်အမှန် ပြောင်းလဲပြီးဖြစ်သော်လည်း၊ ဤပြောင်းလဲမှုမှာ သင်၏ လူ့သဘာဝထဲက သေးငယ်သော ပြောင်းလဲမှုတစ်ခုသာ ဖြစ်သည်၊ အမြင့်ဆုံး သမ္မာတရား အခြေအနေနှင့် နှိုင်းဆသည့်အခါ၊ သင်သည် စံချိန်အမှတ်နှင့် လွန်စွာဝေးကွာနေသည်။ ယင်းမှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ၊ မအောင်မြင်သေးခြင်း ဖြစ်သည်။

တစ်ခါတစ်ရံတွင် ဤသည်မှာ လူတို့ ရှိကြသည့် အခြေအနေမျိုး ဖြစ်သည်- အတွင်းတွင်၊ ၎င်းတို့သည် အပျက်သဘောမဆောင်ကြဘဲ၊ စိတ်အားထက်သန်မှု အချို့ ရှိကြသေးသော်လည်း၊ သမ္မာတရားနှင့် သက်ဆိုင်သော ၎င်းတို့၏ အသိပညာနှင့် ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့နှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့တွင် ရှေ့ဆက်လမ်းကြောင်းမရှိသကဲ့သို့၊ ဤရှုထောင့်ကို စိတ်ဝင်စားခြင်းမရှိဟု ခံစားကြရလေသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်ရသနည်း။ တစ်ခါတစ်ရံ သင်သည် ဤအခြေအနေကို အလွန်ရှင်းလင်းစွာ မမြင်သကဲ့သို့၊ ဤအရာနှင့် ထိုအရာတို့ကို လုပ်ဆောင်လျက် အပြင်ပန်းအားဖြင့် လုပ်ဆောင်ဖို့ အတင်းအကျပ်ပြုခံရသော်လည်း၊ သင်၏ တကယ့် အခက်အခဲများသည် ပြေလည်မသွားဘဲ ရှိနေဆဲဖြစ်သည်။ သင်သည်၊ “ယင်းကို ကျွန်ုပ် လုပ်ဆောင်ပြီးဖြစ်ကာ မိမိကိုယ်ကိုယ် လုံးဝ ဆက်ကပ်ပြီးဖြစ်သည်။ အဘယ်ကြောင့် မသေချာမရေရာ ခံစားရသေးသနည်း။” ဟုလည်း တွေးနေပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်၏ အပြုအမူနှင့် လုပ်ရပ်များသည် သင်၏ ရည်ရွယ်ချက်ကောင်းများအပေါ် အခြေခံထားသောကြောင့် ဖြစ်သည်။ ထိုအရာများကို ဓမ္မဓိဋ္ဌာန်မကျသော လုံ့လဝီရိယဖြင့် လုပ်ဆောင်ထားခြင်းဖြစ်သည်။ သို့သော် သင်သည် ဘုရားသခင်၏ အလိုကို မရှာဖွေသကဲ့သို့၊ အမှုအရာများကို သမ္မာတရား၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်ခြင်း မရှိလေပြီ။ သင်သည် အတော်ဝေးဝေး လွဲချော်သွား၏၊ ယင်းက သင်၏ အမြဲ ခံစားချက်ကို ဘုရားသခင်၏ သတ်မှတ်ချက်များမှ ဝေးကွာသည့် အကျိုးဆက် ဖြစ်ပေါ်စေလေသည်။ သင်သည် ယုံကြည်စိတ်ချမှု မခံစားရတော့သကဲ့သို့၊ မရည်ရွယ်ဘဲ အပျက်သဘောဆောင်လာလေသည်။ ပုဂ္ဂိုလ်ရေး ဘက်လိုက်သော စိတ်ဆန္ဒများနှင့် ဓမ္မဓိဋ္ဌာန်မကျသော လုံ့လဝီရိယတို့သည် သမ္မာတရား၏ သတ်မှတ်ချက်များမှ အလွန် ကွာခြားလေသည်။ ၎င်းတို့သည် ၎င်းတို့၏ သဘာဝနှင့် စပ်လျဉ်း၍ ကွဲလွဲလေသည်။ လူတို့၏ အပြင်ပန်း လုပ်ဆောင်ချက်များက သမ္မာတရားကို အစားမထိုးနိုင်သကဲ့သို့၊ ထိုသို့သော လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီ လုံးဝလုပ်ဆောင်ထားခြင်း မဟုတ်ပေသည်။ ယင်းထက်၊ သမ္မာတရားသည် ဘုရားသခင်၏ အလိုနှင့်သက်ဆိုင်သည့် စစ်မှန်သော ဖော်ပြချက်ဖြစ်၏။ ဧဝံဂေလိတရားကို ဖြန့်ဝေသော လူအချို့က၊ “ကျွန်ုပ်သည် မပျင်းရိပါ။ သမ္မာတရားကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်ခြင်းမရှိဟု သင် အဘယ်ကြောင့်ဆိုနိုင်သနည်း။” ဟု စဉ်းစားနေကြသည်။ ကောင်းပြီ၊ ဤအရာကို သင့်အား ငါ မေးသည်- သင်၏ စိတ်နှလုံးတွင် သမ္မာတရား မည်မျှရှိပါသနည်း။ ဧဝံဂေလိတရားကို သင် ဖြန့်ဝေနေချိန်တွင်၊ သမ္မာတရားနှင့်အညီ အမှုအရာ မည်မျှကို သင် လုပ်ဆောင်ပြီးပြီနည်း။ ဘုရားသခင်၏ အလိုကို သင် နားလည်ပါသလော။ သင်သည် သင်၏ လက်တွေ့လုပ်ဆောင်မှုကို ဘုရားသခင်အား စိတ်ကျေနပ်စေဖို့နှင့် သူ့ကို ပျော်ရွှင်စေရန် အသုံးပြုခြင်းကိုသာ အလေးထားသောကြောင့်၊ သင်သည် အမှုအရာများကို လုပ်ဆောင်နေရုံသက်သက် လုပ်ဆောင်နေသည် သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဆိုသည်ကိုပင် သင် မပြောနိုင်ပေ။ သင်သည် “ဘုရားသခင်၏ စိတ်ကျေနပ်စေဖို့ နှင့် သမ္မာတရားနှင့် ကိုက်ညီဖို့ အရာခပ်သိမ်းတွင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေခြင်း” တည်းဟူသော ခံယူချက်ဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လုံးဝ မတုန့်ပြန်ပေ။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု သင် ပြောပါက၊ ထိုအချိန်အတောအတွင်းတွင် သင်၏ စိတ်သဘောထားသည် မည်မျှ ပြောင်းလဲပြီးဖြစ်ပါသနည်း။ ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းမေတ္တာသည် မည်မျှ တိုးပွားပြီးဖြစ်ပါသနည်း။ ဤအရာများနှင့်ယှဉ်၍ မိမိကိုယ်ကိုယ် တိုင်းတာခြင်းသည် သမ္မာတရားအား သင် လက်တွေ့လုပ်ဆောင်ခြင်း ရှိ၊ မရှိဆိုသည်ကို အဆုံးအဖြတ် ပေးနိုင်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ သဘာဝအကြောင်း သိနားလည်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း” မှ

သမ္မာတရားကိုလက်တွေ့လုပ်ဆောင်ရန် အတိအကျအားဖြင့် မည်သည့်အရာများသည် စံနှုန်းများ ဖြစ်သနည်း။ သင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေခြင်း ရှိမရှိကို မည်သို့တိုင်းတာပြီး သတ်မှတ်သနည်း။ ဘုရားသခင်သည် သင့်အား သူ၏နှုတ်ကပတ်တော်များကိုနားထောင်ပြီး လက်ခံသောသူ ဟုတ်မဟုတ်ကို မည်ကဲ့သို့စိစစ်သနည်း။ သင်သည် သူ့ကိုယုံကြည်ပြီး တရားဒေသနာများ နားထောင်ခဲ့သည့်အချိန်တွင် သင်၏အတွင်းပိုင်းအခြေအနေ၊ သူ့အပေါ်သင်၏မနာခံခြင်းနှင့် သင်၏ဖောက်ပြန်သော စိတ်သဘောထား၏ အမျိုးမျိုးသောလက္ခဏာ သဘောသဘာဝအတွင်း၌ ပြောင်းလဲမှုတစ်စုံတစ်ရာရှိသည် မရှိသည်ကို သူကြည့်ရှုသည်။ သင်သည် ဤအရာများအား သမ္မာတရားနှင့် အစားထိုးခြင်းရှိမရှိနှင့် သင်၏ အပြင်ပန်း အပြုအမူနှင့် လုပ်ဆောင်ချက်များ သို့မဟုတ် သင့်နှလုံးသား၏ နက်နဲသောနေရာရှိ သင်၏ဖောက်ပြန်သော စိတ်သဘောထား၏ သဘောသဘာဝအား ပြုပြင်ခြင်း ရှိမရှိကို သူကြည့်ရှုသည်။ ဤအရာများနှင့်အညီ သင့်ကို ဘုရားသခင်တိုင်းတာ၏။ ဤနှစ်‌ပေါင်းများစွာ တရား‌ဒေသနာများကိုနားထောင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခဲ့ပြီးနောက် သင်၏ပြောင်းလဲမှုများသည် အပေါ်ယံသက်သက်လော၊ သို့မဟုတ် ပဓာနကျသော ပြောင်းလဲမှုများလော။ သင်၏စိတ်သဘောထား၌ ပြောင်းလဲမှုများရှိပြီးပြီလော။ ဘုရားသခင်အကြောင်း သင်၏နားလည်မှုမှားယွင်းခြင်းများ၊ ဘုရားသခင်အပေါ် သင်၏မနာခံခြင်းများနှင့် သင့်အား ဘုရားသခင် အပ်နှံသည့်တာဝန်များနှင့် လုပ်ငန်းများကို သင်ချဉ်းကပ်ပုံ ပြောင်းလဲပြီးပြီလော။ ဘုရားသခင်ကိုဆန့်ကျင်သည့် သင်၏မနာမခံခြင်းသည် လျော့နည်းခဲ့ပြီလော။ တစ်စုံတစ်ခုဖြစ်ပြီး သင်သည် ဘုရားသခင်အား နာခံခြင်းမရှိကြောင်း ဖော်ထုတ်ခံရသည့်အခါ မိမိကိုယ်ကိုယ် အလေးအနက် ဆင်ခြင်နိုင်သလော။ သင်သည် နာခံနိုင်စွမ်း ရှိသလော။ သင့်အား ဘုရားသခင် ယုံကြည်ပြီး စေခိုင်းသည့်လုပ်ငန်းများနှင့် အပ်နှံသည့်တာဝန်များအပေါ် ပို၍သစ္စာရှိလာပြီလော။ ပြီးလျှင် ဤသစ္စာရှိမှုသည် စင်ကြယ်သလော။ တရားဒေသနာများ သင်နားထောင်နေခဲ့စဥ်တွင် သင့်၏ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ကြံရွယ်ချက်တို့သည် သန့်ရှင်းစင်ကြယ်စေခြင်း ခံရပြီးပြီလော။ ဤအရာများသည် တိုင်းတာဖို့အတွက် စံနှုန်းများ မဟုတ်ပေဘူးလော။ ထို့အပြင် သင်သည် သင်၏နဂိုမူလအယူအဆများ၊ မရေရာ၍ စိတ်ကူးသက်သက်ဖြစ်သော စိတ်ကူးယဉ်ချက်များနှင့် သုံးသပ်ချက်များအား ဖက်တွယ်နေသေးသလော။ သင်၌ မကျေနပ်မှုများနှင့် အပျက်သဘောဆောင်သည့်ခံစားချက်များ ရှိနေသေးသလော။ ဤအရာများနှင့်ပတ်သက်၍ ပြောင်းလဲမှုရှိပြီးပြီလော။ ဤလက္ခဏာများ၌ မည်သည့်ပြောင်းလဲမှုမျှမရှိသေးလျှင် သင်သည် မည်သို့သောပုဂ္ဂိုလ်ဖြစ်သနည်း။ ဤအရာသည် သင်သည် သမ္မာတရားကို လက်တွေ့မကျင့်သုံးသူဖြစ်ကြောင်း အမှန်တရားတစ်ခုကို သက်သေပြပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ စိတ်သဘောထားတွင် ပြောင်းလဲမှုများ ရှိနိုင်သည်” မှ

စိတ်သဘောထား ပြောင်းလဲခြင်းသည် နေ့ချင်းညချင်း မဖြစ်ပေါ်သကဲ့သို့၊ သမ္မာတရားကို သင် နားလည်သည်နှင့်တစ်ပြိုင်နက် သင်သည် ယင်းကို ပတ်ဝန်းကျင်တိုင်း၌ လက်တွေ့ကျင့်သုံးနိုင်ခြင်း မရှိသည်မှာ အသေအချာပင်ဖြစ်သည်။ ဤအရာမှာ လူသား၏ သဘာဝနှင့် သက်ဆိုင်သည်။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်နေသည့်အလား ထင်ကောင်းထင်ရမည် ဖြစ်သော်လည်း၊ လက်တွေ့တွင် သင်သည် ထိုသို့ လုပ်ဆောင်နေသည်ကို သင်၏ လုပ်ဆောင်ချက်များ၏ သဘောသဘာဝက ညွှန်ပြခြင်း မရှိပေ။ များစွာသောလူတို့က မိမိတို့၏ မိသားစုများနှင့် အသက်မွေးအလုပ်ကို စွန့်ပစ်နိုင်ကာ မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ခြင်းကဲ့သို့သော အပြင်ပန်း အပြုအမူများအချို့ ရှိကြသည်၊ ထို့ကြောင့် ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသည်ဟု ၎င်းတို့ ယုံကြည်ကြလေသည်။ သို့သော်လည်း ဘုရားသခင်က ၎င်းတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု အသိအမှတ် မပြုပေ။ သင် လုပ်ဆောင်သမျှတိုင်းသည် နောက်ကွယ်တွင် ကိုယ်ရေးကိုယ်တာ အကြောင်းရင်းရှိပြီး၊ ရောနှောနေပါက၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ပေ။ သင်သည် အပေါ်ယံ အပြုအမူကို ပြသခြင်းသက်သက် ဖြစ်သည်။ အတိအကျဆိုပါက သင်၏ အပြုအမူသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံကောင်းခံရမည်၊ ယင်းသည် သူ၏ ချီးမွမ်းခြင်း သို့မဟုတ် အောက်မေ့သတိရခြင်းကို ခံရမည် မဟုတ်ပေ။ ဤအရာကို ဆက်လက်၍ ခွဲစိတ်လေ့လာပါက၊ သင်သည် မကောင်းမှုကို ပြုလျက်နေပြီး သင်၏အပြုအမူသည် ဘုရားသခင်ကို ဆန့်ကျင်လျက်ရှိ၏။ အပြင်ပန်းတွင် သင်သည် တစ်စုံတစ်ရာကို ကြားဖြတ်ခြင်း သို့မဟုတ် အနှောင့်အယှက်ပေးခြင်း မရှိသည့်အပြင် သမ္မာတရားတစ်ခုတစ်လေကို အမှန်တကယ် ထိခိုက်စေခြင်း သို့မဟုတ် ချိုးဖောက်ခဲ့ဖူးခြင်းမရှိပေ။ ၎င်းသည် ကျိုးကြောင်းဆီလျော်ပြီး သင့်လျော်သည်ဟု ထင်ရသော်လည်း၊ သင်၏ လုပ်ဆောင်ချက်များ၏ အနှစ်သာရသည် မကောင်းမှုပြုခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သက်ဆိုင်လျက်ရှိသည်။ ထို့ကြောင့် သင်သည် သင်၏ စိတ်သဘောထားအတွင်း ပြောင်းလဲမှုတစ်ခု ရှိမရှိနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ သင်၏ လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ အကြောင်းရင်းများကို ကြည့်ခြင်းဖြင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း ရှိမရှိကို ဆုံးဖြတ်သင့်သည်။ ယင်းမှာ သင်၏ လုပ်ရပ်များက လူသား၏ စိတ်ကူးနှင့် လူသား ရည်ရွယ်ချက်များဖြင့် ကိုက်ညီခြင်းရှိ မရှိ သို့မဟုတ် ယင်းတို့သည် သင်၏ အကြိုက်နှင့် ကိုက်ခြင်း ရှိ မရှိနှင့်သက်ဆိုင်သည့် လူသား အမြင်တစ်ခုအပေါ် မတည်မှီပေ။ ထိုကဲ့သို့သော အရာများသည် အရေးမကြီးချေ။ အမှန်မှာ သူ၏ အလိုတော်နှင့် သင်ကိုက်ညီမှု ရှိမရှိ၊ သင်၏ လုပ်ဆောင်ချက်များက သမ္မာတရား လက်တွေ့အရှိတရားကို ပိုင်ဆိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် သူ၏ သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် ပြည့်မီခြင်း ရှိမရှိ ဘုရားသခင် ပြောသောအရာအပေါ် မူတည်သည်။ သင့်ကိုယ်သင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် တိုင်းထွာခြင်းသည်သာမျှ မှန်ကန်တိကျ၏။ စိတ်သဘောထား၌ ပြောင်းလဲခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် လူတို့ စိတ်ကူးသကဲ့သို့ မရိုးရှင်းသည့်အပြင် လွယ်လည်း မလွယ်ကူပေ။ ယခု ဤအရာကို သင်တို့ နားလည်ပါသလော။ ဤအရာနှင့်ပတ်သက်၍ အတွေ့အကြုံတစ်ခုတစ်လေ သင်တို့ ရှိပါသလော။ ပြဿနာတစ်ခု၏ အနှစ်သာရနှင့် ပတ်သက်လာသည့်အခါ၊ ယင်းကို သင်တို့ နားလည်ကောင်း နားလည်မည်မဟုတ်။ သင်တို့၏ ဝင်ရောက်မှုသည် လွန်ကဲစွာ အပေါ်ယံဖြစ်လေပြီ။ သင်သည် အရုဏ်တက်မှ နေဝင်ဆည်းဆာထိတိုင် စောစောထပြီး နောက်ကျအိပ်ရာဝင်လျက် တစ်နေတာလုံး ပြေးလွှားသော်လည်း၊ သင်၏ အသက်စိတ်သဘောထားတွင် အသွင်ပြောင်းလဲမှုကို သင် မရရှိသေးသကဲ့သို့၊ ထိုသို့သော အသွင်ပြောင်းလဲခြင်းက မည်သည့်အရာ ပါဝင်သည်ကို သင် သဘောမပေါက်နိုင်ပေ။ ဤအရာက သင်၏ ဝင်ရောက်မှုသည် ပေါ့တန်လွန်းခြင်းကို ဆိုလိုသည်မဟုတ်လော။ ဘုရားသခင်ကို သင် မည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ၊ စိတ်သဘောထား၌ အသွင်ပြောင်းလဲခြင်းကို ရရှိခြင်းနှင့်ပတ်သက်၍ လုပ်ဆောင်ဖို့ အနှစ်သာရနှင့် နက်ရှိုင်းသော အရာများကို သိကောင်းသိမည်မဟုတ်ပေ။ ယင်းက သင်၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုနိုင်သလော။ ဘုရားသခင်က သင့်ကို ချီးမွမ်းမည်၊ မချီးမွမ်းမည်ကို သင်တို့ မည်သို့ သိရှိသနည်း။ အနည်းဆုံးအနေဖြင့်၊ သင် လုပ်ဆောင်သည့် အရာတိုင်းနှင့်စပ်လျဉ်း၍ ထူးထူးခြားခြား တည်ကြည်ခိုင်မာလာသည်ကို သင်ခံစားရလိမ့်မည်ဖြစ်ပြီး၊ သင်၏ တာဝန်များကို ဖြည့်ဆည်းနေစဉ်တွင်၊ ဘုရားသခင်၏ အိမ်တော်၌ မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်နေစဉ်တွင် သို့မဟုတ် ပုံမှန်အားဖြင့် ရှိနေစဉ်တွင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို လမ်းပြနေပြီး အသိဉာဏ် ပွင့်လင်းနေစေကာ သင့်အထဲတွင် အလုပ်လုပ်နေသည်ကို သင် ခံစားရလိမ့်မည်။ သင်၏ အပြုအမူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ဒွန်တွဲလျက် အံကိုက်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ အတွေ့အကြုံ အတိုင်းအတာတစ်ခု သင် ရရှိပြီးသည်နှင့်တစ်ပြိုင်နက်၊ အတိတ်က သင် ပြုမူခဲ့သည့်ပုံသည် အတော် သင့်တော်သည်ကို သင် ခံစားရလိမ့်မည်။ သို့သော် အချိန်ကာလတစ်ခုကြာ အတွေ့အကြုံ ရရှိပြီးနောက်တွင်၊ အတိတ်က သင် လုပ်ဆောင်ခဲ့သည့် အရာများထဲမှ အချို့သည် မသင့်တော်သကဲ့သို့၊ ယင်းတို့နှင့် ပတ်သက်၍ သင် စိတ်ကျေနပ်မှုမရှိခဲ့သည်ကို သင် ခံစားရပြီး၊ သင် လုပ်ဆောင်ခဲ့သည့်အရာများတွင် ဧကန်အမှန် သမ္မာတရားမရှိခဲ့ဟု ခံစားရပါက၊ ဤအရာက သင် လုပ်ဆောင်ခဲ့သည့် အရာတိုင်းသည် ဘုရားသခင်ကို ခုခံရာတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို သက်သေပြပေသည်။ ယင်းမှာ သင်၏ အစေခံခြင်းသည် ပုန်ကန်မှု၊ ခုခံမှုနှင့် လူသား ပြုမူသည့် နည်းလမ်းများဖြင့် ပြည့်နေသည့် အထောက်အထား ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ” မှ

လူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာအချို့ရှိကြပါက၊ အဓိပ္ပာယ်ရှိသော အသက်တာကို မည်သို့ အသက်ရှင်ရမည်ကို သိရှိကြပြီး၊ ဘုရားသခင်ကို စိတ်ကျေနပ်စေသည့် အရာတစ်ချို့ကို လုပ်ဆောင်နိုင်ကြပါက၊ ဤသည်မှာ စစ်မှန်သော အသက်တာဖြစ်သည်၊ ဤသို့ အသက်ရှင်ခြင်းအားဖြင့်သာ ၎င်းတို့ အသက်တာများသည် အဓိပ္ပာယ်ရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်မှု အနည်းငယ် ယူဆောင်ပေးပြီး ဝမ်းမြောက်စေဖို့အလို့ငှာ၊ ဤသို့ ၎င်းတို့ အသက်ရှင်ရမည်ဟု ခံစားကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သတိရှိရှိ စိတ်ကျေနပ်စေနိုင်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါက၊ မိမိတို့ကိုယ်ကိုယ် စွန့်လွတ်နိုင်ပါက၊ မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများကို စွန့်ပစ်ပြီး ဘုရားသခင်၏ အလိုအပေါ် နာခံနိုင်ကာ အရေးထားနိုင်ပါက- ဤအရာအားလုံးကို ၎င်းတို့ သတိရှိရှိ လုပ်ဆောင်နိုင်ကြပါက- ဤသည်မှာ သမ္မာတရားကို မှန်ကန်တိကျစွာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားကို စစ်မှန်ရိုးသားစွာ လက်တွေ့လုပ်ဆောင်ခြင်းဟု ဆိုလိုသောအရာဖြစ်ပြီး၊ ဤသည်မှာ ယခင်က ၎င်းတို့၏ စိတ်ကူးစိတ်သန်းများအပေါ် မှီခိုခြင်းနှင့် အယူဝါဒများ၊ စည်းမျဉ်းများကို ၎င်းတို့၏ တွယ်ကပ်ခြင်းနှင့် အလွန်ခြားနားပေသည်။ တကယ့်အမှန်တွင်၊ သမ္မာတရားကို ၎င်းတို့ နားမလည်သည့်အခါ၊ မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့သည် ခြေကုန်လက်ပန်းကျစရာဖြစ်သည်၊ အယူဝါဒများနှင့် စည်းမျဉ်းများကို စောင့်ထိန်းလိုက်နာဖို့မှာ ခြေကုန်လက်ပန်းကျစရာဖြစ်ပြီး ပန်းတိုင်များ မရှိသကဲ့သို့ အမှုအရာများကို ကျိုးကြောင်းမမြင်ဘဲ လုပ်ဆောင်ဖို့ဆိုသည်မှာ ခြေကုန်လက်ပန်းကျစရာ ဖြစ်ပေသည်။ သမ္မာတရားဖြင့်သာ ၎င်းတို့ လွတ်မြောက်နိုင်သည်- ဤသည်မှာ မုသားမဟုတ်- ပြီးလျှင် ယင်းနှင့်အတူ အမှုအရာများကို ၎င်းတို့ အလွယ်တကူနှင့် ပျော်ရွှင်စွာ လုပ်ဆောင်နိုင်သည်။ ဤအခြေအနေမျိုးကို ပိုင်ဆိုင်သောသူတို့သည် သမ္မာတရားကို ပိုင်ဆိုင်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်သဘောထားများ အသွင်ပြောင်းလဲပြီးသော သူများ ဖြစ်ကြပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

အရှေ့သို့- ၁၀၆) တာဝန်ကို ထမ်းဆောင်ခြင်းနှင့် အစေခံမှုကို ပေးခြင်းတို့ကြား ခွဲခြားခြင်း အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၀၈) သာမန် လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကြား ခွဲခြားခြင်း အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၅၇၇ ဘုရားပေးတာဝန်ဆောင်ရွက်ဖို့ စိတ်နဲ့ခန္ဓာ ပေးအပ်စို့

၁လူသားမျိုးနွယ်ဝင်အနေဖြင့်ခရစ်တော်ရဲ့နောက်လိုက်အနေဖြင့်ကိုယ်တော် ရဲ့ မဟာစေခိုင်းချက်ကို ပြည့်စုံဘို့ရန်ကျွန်ုပ်တို့ စိတ်ခန္ဓာကို...

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

၁၄ ဘုရားသခင်သည် အရှေ့ရပ်၌ဘုန်းတော်နဲ့ ထင်ရှား

၁ စကြဝဠာတစ်ခုလုံး ၌ ဘုရားသခင် အမူတော် ဆောင်ရွက်နေ အရှေ့ဘက်က မိုးခြိမ်းသံများ မရပ် ဂိုဏ်းအယူဝါဒ အသင်းခွဲအားလုံး တုန်လှုပ်စေသူတို့အားလုံးကို...

၁၇၄ လူ့ဇာတိခံယူထားသောဘုရားသာ လူကို အပြည့်အဝကယ်တင်နိုင်

၁ဝိညာဉ်တော်အားဖြင့်လည်းမဟုတ်၊ ဝိညာဉ်တော်အနေဖြင့်လည်းမဟုတ်၊ ဘုရား လူသားကိုကယ်တင်ဖို့ လာသည် ဝိညာဉ်တော်ကို ဘယ်သူမှမမြင်နိုင်၊ မထိတွေ့နိုင်၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်