၈) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် ဘုရားသခင်အားကိုးကွယ်ခြင်း၏ အခြေခံသဘောတရားများ

(၁) ဆုတောင်းသည့်အချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိသည့်အခါ၊ ဘုရားသခင်ကို ကျေးဇူးတင်ကာ ချီးမွမ်းသင့်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မွေ့လျော်နေချိန်တွင်၊ ပျပ်ဝပ်လှဲလျောင်းကာ ဘုရားသခင်ကို ကိုးကွယ်ကြရမည်။

(၂) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုလော့။ သမ္မာတရားကို နားလည်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကောင်းချီးမင်္ဂလာများကို မြင်တွေ့သည့်အခါ၊ ဘုရားသခင်အား ကျေးဇူးတင်ပြီး ချီးမွမ်းသင့်သည်။ ဤသည်မှာ ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်ခြင်း ဖြစ်သည်။

(၃) တစ်ဦးတစ်ယောက်သည် စမ်းသပ်မှုများနှင့် အတိဒုက္ခတို့ကို ရင်ဆိုင်ရချိန် စောဒကမတက်ဘဲ၊ မိမိ၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်သည့်အခါ၊ ဤသည်မှာ ဘုရားသခင်၏ ကွယ်ကာခြင်း ရလဒ်ဖြစ်ပြီး ထိုသူသည် ဘုရားသခင်အား ကျေးဇူးတင်ပြီး ချီးမွမ်းသင့်ပေသည်။

(၄) ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံရခြင်းတွင်၊ တစ်ဦးတစ်ယောက်သည် ၎င်း၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကိုသိမြင်လာပြီး ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို တွေ့မြင်လာကြသည့်အခါ၊ ၎င်းသည် ဘုရားသခင်ကို ကိုးကွယ်သင့်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်ကို ကိုးကွယ်ဖို့ သင်၏ စိတ်နှလုံးနှင့် ရိုးသားမှုကို အသုံးပြုရာတွင် တည်ငြိမ်ပြီး ရိုးသားစစ်မှန်သော စိတ်နှလုံးတစ်ခု သင်၌ ရှိရမည်။ သင့် စိတ်နှလုံး၏ အနက်ရှိုင်းဆုံး‌ နေရာများတွင်၊ ဘုရားသခင်၏ အလိုနှင့် သမ္မာတရား ရှာဖွေဖို့ သင် သိရှိရမည်ဖြစ်ပြီး သင့်တာဝန်၏ မည်သည့် အစိတ်အပိုင်းများကို သင် နားမလည်သေးကြောင်းနှင့် သင်၏ တာဝန်အား ပိုမိုကောင်းမွန်စွာ မည်သို့လုပ်ဆောင်ရမည်ဆိုသည်တို့ကို တွေးဆရင်း၊ သင်၏ တာဝန်ကို မည်သို့ ကောင်းမွန်စွာ လုပ်ဆောင်ရမည်ကို သင် တွေးဆရမည်။ သင်၏ စိတ်နှလုံးထဲတွင် ဤရာများကို မကြာခဏ တွေးတောခြင်းအားဖြင့်သာ၊ သမ္မာတရားကို သင် ရရှိနိုင်လိမ့်မည်။ ဤအရာများသည် သင်၏ စိတ်နှလုံးထဲ၌ သင် မကြာခဏ တွေးဆသည့်အရာများ မဟုတ်သကဲ့သို့၊ ယင်းအစား သင်၏ စိတ်နှလုံးသည် စိတ်နှင့်ဆိုင်သော အရာများ သို့မဟုတ် ပြင်ပအရာများဖြင့်သာ ပြည့်နှက်နေပါက၊ ဘုရားသခင်ကို ကိုးကွယ်ဖို့ သင်၏ စိတ်နှလုံးနှင့် ရိုးသားမှုကို အသုံးပြုခြင်းနှင့် လုံးဝမသက်ဆိုင်သည့်- ယင်းနှင့် မည်သို့မျှ ပတ်သက်မှုမရှိသည့်- ထိုသို့သော အရာများဖြင့် နေရာယူထားခြင်းခံရပါက၊ သင်သည် သမ္မာတရားကို ရရှိနိုင်သလော။ သင်သည် ဘုရားသခင်နှင့် ဆက်ဆံရေးတစ်ရပ် ရှိပါသလော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်” မှ

စစ်မှန်သော ဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သင်၏နှလုံးသားထဲ ရှိသည့်အရာကို ဘုရားသခင်အား ပြောဆိုခြင်း၊ သူ၏ အလိုတော်ကို သင် သဘောပေါက်သည့်အတိုင်း ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း၊ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်ကို ဆက်သွယ်ခြင်း၊ ဘုရားသခင်နှင့် အထူးသဖြင့် ရင်းနှီးသည်ဟု ခံစားခြင်း၊ သူသည် သင်၏ ရှေ့တွင် ရှိနေသည်ဟု ခံစားရခြင်းနှင့် သူ့ကို ပြောစရာတစ်ခုခု ရှိသည်ဟု ယုံကြည်ခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် အလင်းဖြင့် ပြည့်သည်ဟု ခံစားရကာ ဘုရားသခင် မည်မျှ ချစ်ဖွယ်ကောင်းသည်ကို သင် ခံစားရသည်။ သင်သည် အထူးသဖြင့် လှုံ့ဆော်မှုကို ခံစားရပြီး သင်ပြောသည့်အရာကို နားထောင်ခြင်းက သင်၏ညီအစ်ကို မောင်နှမများကို အားရကျေနပ်မှု ပေးသည်။ သင်၏ စကားများသည် ၎င်းတို့ ကိုယ်တိုင်၏စကားများ ကိုယ်စားပြောသည့်အလား၊ သင်ပြောသည့် စကားများက ၎င်းတို့၏ စိတ်နှလုံးအတွင်း၌ရှိသည့် စကားများ၊ ၎င်းတို့ပြောချင်သည့် စကားများ ဖြစ်သည်ဟု ၎င်းတို့ ခံစားရလိမ့်မည်။ ဤသည်မှာ စစ်မှန်သည့် ဆုတောင်းခြင်း ဖြစ်သည်။ စစ်မှန်သော ဆုတောင်းခြင်းကို သင် လုပ်ဆောင်ပြီးနောက်တွင်၊ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်းလိမ့်မည်ဖြစ်ပြီး အားရကျေနပ်ခြင်းကို သိလိမ့်မည်။ ဘုရားကို ချစ်ဖို့စွမ်းအား မြင့်မားလာနိုင်ပြီး ဘဝတွင် ဘုရားသခင်ကို ချစ်ခြင်းထက် သာ၍ တန်ဖိုးရှိသည့်အရာ သို့မဟုတ် အရေးပါသည့်အရာ မရှိဟု သင် ခံစားရလိမ့်မည်။ ဤအရာအားလုံးက သင်၏ဆုတောင်းခြင်းများ ထိရောက်သည်ကို သက်သေပြပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍” မှ

ဆုတောင်းခြင်းသည် ဟန်ဆောင်လုပ်ပြခြင်း၊ လုပ်ထုံးလုပ်နည်းကို လိုက်လျှောက်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာဂုံဆောင်ခြင်း ကိစ္စရပ်သာ မဟုတ်ပေ။ ဆိုလိုသည်မှာ ဆုတောင်းခြင်းသည် အချို့သော စကားများကို သံယောင်လိုက်ခြင်း မဟုတ်သကဲ့သို့ အခြားသူများကို တုပခြင်း မဟုတ်ပေ။ ဆုတောင်းရာတွင် ဘုရားသခင်၏ တို့ထိခြင်း ခံရဖို့အလို့ငှာ မိမိ၏ နှလုံးသားကို ဖွင့်ထားလျက် ဘုရားသခင်ထံ မိမိ၏ နှလုံးသားကို ပေးနိုင်သည့် အခြေအနေကို ရောက်ရမည် ဖြစ်သည်။ ဆုတောင်းခြင်း ထိရောက်ဖို့ဆိုပါက၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအပေါ်တွင် အခြေခံရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းမှ ဆုတောင်းခြင်းဖြင့်သာ၊ သာ၍ ကြီးမားသည့် ဉာဏ်ပွင့်လင်းခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိနိုင်ပေသည်။ စစ်မှန်သည့် ဆုတောင်းချက်တစ်ခု၏ သရုပ်သကန်များမှာ- ဘုရားသခင် တောင်းဆိုသည့် အရာအားလုံးကို တမ်းတသည့်အပြင်၊ သူ တောင်းဆိုသည့်အရာကို ပြီးမြောက်ဖို့ ဆန္ဒရှိသည့် စိတ်နှလုံးတစ်ခု ရှိခြင်း၊ ဘုရားသခင် စက်ဆုပ်ရွံရှာသည့် အရာကို စက်ဆုပ်ရွံရှာခြင်း၊ ထို့နောက် ဤအခြေခံအုတ်မြစ်အပေါ် တည်ဆောက်ရင်း ယင်းအပေါ် သိနားလည်မှုတစ်ခုကို ရရှိခြင်းနှင့် ဘုရားသခင် အသေးစိတ်ရှင်းပြသည့် သမ္မာတရားများနှင့် စပ်လျဉ်း၍ သိနားလည်မှုနှင့် ရှင်းလင်းမှုတစ်ခု ရှိခြင်းတို့ဖြစ်သည်။ သန္နိဋ္ဌာန်၊ ယုံကြည်ခြင်း၊ အသိပညာနှင့် ဆုတောင်းပြီးနောက် ရရှိသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိသည့်အခါမှသာ စစ်မှန်သော ဆုတောင်းခြင်းဟု ခေါ်ဆိုနိုင်ပြီး၊ ဤဆုတောင်းခြင်းမျိုးသာ ထိရောက်နိုင်ပေသည်။ သို့သော် ဆုတောင်းခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ခြင်းအပေါ် တည်ဆောက်ထားရမည်၊ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များ၌ မိတ်သဟာယဖွဲ့ခြင်း အခြေခံ အုတ်မြစ်အပေါ်တွင် တည်ဆောက်ထားပြီး၊ ဘုရားသခင်ကို ရှာဖွေနိုင်၍ သူ၏ရှေ့မှောက်တွင် ငြိမ်သက်လာနိုင်သည့် စိတ်နှလုံးပေါ်တွင် တည်ဆောက်ထားရမည်ဖြစ်သည်။ ဤဆုတောင်းခြင်းမျိုးသည် ဘုရားသခင်နှင့် အမှန်တကယ် မိတ်သဟာယဖွဲ့သည့် အဆင့်ကို ၀င်ရောက်နှင့်ပြီး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍” မှ

ဘုရားသခင်ကိုသင်သိပါက၊ သူ့ကိုနားလည်ပြီး သူ၏အလိုတော်အချို့ကို နားလည်နိုင်ပါက၊ သင်သည် သူ့အား စစ်မှန်စွာယုံကြည်ခြင်း၊ သူ့အား စစ်မှန်စွာနာခံခြင်း၊ သူ့အား စစ်မှန်စွာချစ်ခြင်းနှင့် စစ်မှန်စွာကိုးကွယ်ခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်သည်။ ဤအရာများကို သင်နားမလည်ပါက သင်သည် အသာပြေးပြီး အလိုက်သင့်သွားနေသည့် နောက်လိုက် တစ်ဦးသာဖြစ်၏။ ယင်းကို စစ်မှန်သော ကျိုးနွံနာခံခြင်း၊ သို့မဟုတ် စစ်မှန်သော ကိုးကွယ်ခြင်းဟု မခေါ်ဆိုနိုင်ပေ။ စစ်မှန်သော ကိုးကွယ်ခြင်း မည်သို့ဖြစ်ပေါ်လာသနည်း။ ခြွင်းချက်မရှိ၊ ဘုရားသခင်ကို စစ်မှန်စွာသိသူအားလုံးသည် သူ့ကို မြင်သည့်အခါတိုင်းတွင် ကိုးကွယ်ကာ ကြည်ညိုကြ၏။ ၎င်းတို့အားလုံးသည် သူ့ကို ဦးညွှတ်ကာ ကိုးကွယ်ဖို့ လှုံ့ဆော်ခံရကြ၏။ လတ်တလောတွင်၊ လူ့ဇာတိခံ ဘုရားသခင် အမှုပြုနေစဉ်တွင် သူ၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူတို့ သာ၍နားလည်လေလေ၊ ၎င်းတို့သည် ဤအရာများကို သာ၍တန်ဖိုးထားလေလေ ဖြစ်ပြီး၊ သူ့ကို သာ၍ချစ်ကြောက်ရိုသေလေလေ ဖြစ်လိမ့်မည်။ ယေဘုယျအားဖြင့် လူတို့သည် သိနားလည်မှု သာ၍နည်းလေ၊ သာ၍ဂရုမပြုလေဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်ကို လူသားကဲ့သို့ ၎င်းတို့ ဆက်ဆံကြလေသည်။ လူတို့သည် ဘုရားသခင်ကို အမှန်တကယ်သိရှိကာ မြင်ခဲ့ကြပါက၊ ၎င်းတို့သည် ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်ခဲ့ကြလိမ့်မည်။ “ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။” ယောဟန်သည် ဤအရာကို အဘယ်ကြောင့်ဆိုခဲ့သနည်း။ စိတ်ထဲတွင် အလွန် နက်နဲသော သိနားလည်မှု သူ မရှိခဲ့သော်လည်း၊ ဘုရားသခင်သည် အံ့ဖွယ်ကောင်းသည်ကို သူသိခဲ့၏။ ယနေ့ခေတ် လူမည်မျှသည် ဘုရားသခင်ကို ကြည်ညိုကြောက်ရွံ့နိုင်စွမ်း ရှိသနည်း။ သူ၏ စိတ်သဘောထားကို ၎င်းတို့ မသိပါက၊ သူ့ကို မည်သို့ ကြောက်ရွံ့နိုင်သနည်း။ လူတို့သည် ဘုရားသခင် အမှန်တကယ် ကိုးကွယ်နိုင်ဖို့ မဆိုထားနှင့်၊ ခရစ်တော်၏ အနှစ်သာရကို ၎င်းတို့ မသိသကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားကိုလည်း နားမလည်ကြပေ။ ၎င်းတို့သည် ခရစ်တော်၏ သာမန်နှင့် ပုံမှန်အပြင်ပန်းသဏ္ဌာန်ကိုသာ မြင်သော်လည်း၊ သူ၏အနှစ်သာရကို မသိပါက၊ သူတို့သည် ခရစ်တော်အား သာမန်လူသားတစ်ဦးအဖြစ်သာ ဆက်ဆံရန် ၎င်းတို့အတွက် လွယ်ကူ၏။ ထိုသူတို့သည် သူ့အပေါ် မရိုသေသောသဘောထား ခံယူကောင်းခံယူနိုင်သည်၊ ပြီးလျှင်သူ့ကို လိမ်လည်လှည့်စားနိုင်သည်၊ သူ့ကို ခုခံနိုင်သည်၊ သူ့ကို မနာခံဘဲနေနိုင်ပြီး၊ သူ့အပေါ် တရားစီရင်ချက် ချမှတ်နိုင်သည်။ ၎င်းတို့အနေဖြင့် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူနိုင်ပြီး သူ၏နှုတ်ကပတ်တော်များကို အလေးအနက် ထားကောင်း ထားနိုင်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် အယူအဆများ၊ ရှုတ်ချမှုများနှင့် ပြစ်မှားစော်ကားမှုတို့ကိုပင် ဖြစ်ပေါ်စေနိုင်၏။ ဤပြဿနာများကို ဖြေရှင်းရန်၊ ခရစ်တော်၏ အနှစ်သာရနှင့် ဘုရားသဘောသဘာဝတို့ကို သိရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုသိခြင်း၏ အဓိကလက္ခဏာဖြစ်၏၊ ထိုအရာသည် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည့် အယောက်တိုင်းက ဝင်ရောက်၍ ရရှိရမည့်အရာဖြစ်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့ဇာတိခံယူသော ဘုရားသခင်ကို သိပုံသိနည်း” မှ

ယောဘသည် ဘုရားသခင်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးသော်လည်း သို့မဟုတ် သူ၏ နားဖြင့် ဘုရားသခင်၏ စကားများကို မကြားခဲ့ဖူးသော်လည်း၊ ဘုရားသခင်သည် ယောဘ၏ စိတ်နှလုံးထဲ၌ နေရာတစ်ခု ရှိခဲ့သည်။ ဘုရားသခင်အပေါ် ယောဘ၏ သဘောထားမှာ အဘယ်အရာဖြစ်ခဲ့သနည်း။ ယင်းမှာ ယခင်က ရည်ညွှန်း ခဲ့သည့်အတိုင်း၊ “ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏နာမကို သူ၏ကောင်းချီးပေးခြင်းသည် ခြွင်းချက်မရှိပေ၊ မည်သည့် အခြေအနေတွင်မဆို ဖြစ်ပြီး၊ မည်သည့်အကြောင်းရင်းဖြင့်မျှ ဘောင်ခတ်မထားပေ။ ယောဘသည် ဘုရားသခင်အား ထိန်းချုပ်ခွင့်ပေးလျက် သူ၏စိတ်နှလုံးကို ပေးခဲ့သည်ကို ငါတို့မြင်ရသည်။ သူတွေးသမျှ၊ သူဆုံးဖြတ်သမျှနှင့် သူ၏စိတ်နှလုံးထဲ၌ သူကြံစည်သမျှအားလုံးသည် ဘုရားသခင်အဖို့ ဖွင့်ချထားခဲ့ပြီး ဘုရားသခင်ထံမှ ပိတ်ပင်မထားခဲ့ပေ။ သူ၏ စိတ်နှလုံးသည် ဘုရားသခင်ကို မဆန့်ကျင်ခဲ့သကဲ့သို့၊ ဘုရားသခင်အား သူ့အတွက် တစ်ခုတစ်လေ လုပ်ဆောင်ပေးရန် သို့မဟုတ် သူ့အား တစ်ခုတစ်လေ ပေးရန် မည်သည့်အခါမျှ မတောင်းဆိုခဲ့ပေ၊ ပြီးလျှင် ဘုရားသခင်အား သူ၏ကိုးကွယ်ခြင်းမှ တစ်ခုတစ်လေကို ရရှိမည်ဟူသော လွန်ကဲသည့် အလိုဆန္ဒများကို သူ သိုထားခြင်း မရှိခဲ့ပေ။ ယောဘသည် ဘုရားသခင်နှင့် အပေးအယူစကားများ မပြောခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် တောင်းခံချက်များနှင့် တောင်းဆိုချက်များ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်၏နာမကို သူ၏ချီးမွမ်းခြင်းသည် အရာခပ်သိမ်းကို အုပ်စိုးခြင်းထဲက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာကြောင့် ဖြစ်ခဲ့ပြီး၊ ယင်းသည် ကောင်းချီးမင်္ဂလာများကို သူရခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဘေးဒုက္ခ ဆိုက်ရောက်သည်ကို ခံခဲ့ရခြင်း ရှိမရှိဆိုသည့်အပေါ် မမူတည်ခဲ့ပေ။ ဘုရားသခင်သည် လူတို့အား ကောင်းချီးပေးသည် ဖြစ်စေ၊ ၎င်းတို့အပေါ် ဘေးဒုက္ခ ကျရောက်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့ဖြင့်၊ လူတစ်ဦး၏ အခြေအနေများကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်ဟု သူ ယုံကြည်ခဲ့သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပြီး လူသားအပေါ် ဘေးဒုက္ခ ကျရောက်သည့်အခါတွင်လည်း ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် လူသားနှင့်ပတ်သက်သည့် အရာရာတိုင်းအပေါ် အုပ်စိုးပြီး ပြင်ဆင်၏။ လူသား ကံကြမ္မာ၏ မတည်တံ့ခြင်းများမှာ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာတို့၏ သရုပ်သကန်များ ဖြစ်ကြပြီး၊ တစ်ဦးတစ်ယောက်၏ အမြင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်ပေသည်။ ဤသည်မှာ ယောဘသည် သူ၏ အသက်တာ နှစ်ကာလများအတွင်းတွင် တွေ့ကြုံခံစားခဲ့ပြီး သိရှိလာခဲ့သည့် အရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

ပေတရုသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံနေရချိန်၌ သူဆုတောင်းခဲ့သည်၊ “အို ဘုရားသခင်၊ ကျွန်ုပ်၏ ဇာတိပကတိသည် နာခံခြင်းမရှိပါ၊ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမပြီး တရားစီရင် ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၌ ကျွန်ုပ်ဝမ်းမြောက်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကိုအလိုမရှိလျှင်ပင်၊ ကိုယ်တော်၏ တရားစီရင်ခြင်း၌ ကိုယ်တော်၏ မြင့်မြတ်သန့်ရှင်းပြီး ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်ုပ်မြင်ပါသည်။ ကိုယ်တော် ကျွန်ုပ်ကို တရားစီရင်သည့်အခါ ကျွန်ုပ်အား ရကျေနပ်မိပါသည်။ ထိုအရာက ကိုယ်တော်၏ စိတ်သဘောထားကို ဖော်ပြနိုင်ပြီး ကိုယ်တော်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အဖန်ဆင်းခံသတ္တဝါအားလုံးအား ရှုမြင်ခွင့်ပြုပါက၊ ပြီးလျှင် ယင်းက ကိုယ်တော့်ကို ကျွန်ုပ်၏ ချစ်ခြင်းအား ပိုမိုဖြူစင်စေနိုင်ပြီး၊ ဖြောင့်မတ်သောသူတစ်ဦး၏ ပုံသဏ္ဌာန်ကို ရနိုင်စေပါက၊ ယင်းမှာ ကိုယ်တော်၏ ကျေးဇူးကြီးမားသော အလိုတော်ဖြစ်သည့်အတွက် ကိုယ်တော်၏ တရားစီရင်ခြင်းသည် ကောင်းမြတ်ပါသည်။ ကျွန်ုပ်အထဲတွင် ပုန်ကန်လိုသောစိတ် များစွာရှိသေးကြောင်းနှင့် ကိုယ်တော်၏ ရှေ့မှောက်သို့ဝင်ရန် မသင့်လျော်သေးကြောင်းကို ကျွန်ုပ်သိပါသည်။ ရန်လိုသော ပတ်ဝန်းကျင် သို့မဟုတ် ကြီးစွာသော ဆင်းရဲဒုက္ခများအားဖြင့်ဖြစ်စေ ကိုယ်တော် ကျွန်ုပ်အား ပို၍ပင် တရားစီရင်ရန် ကျွန်ုပ်လိုလားပါသည်။ မည်သည့်အရာကို ကိုယ်တော်ပြုသည်ဖြစ်စေ ထိုအရာမှာ ကျွန်ုပ်အဖို့ အဖိုးထိုက်တန် လှပါ၏။ ကိုယ်တော်၏ချစ်ခြင်းသည် အလွန်နက်နဲသိမ်မွေ့ပြီး စိုးစဉ်းမျှပင် စောဒကမတက်ဘဲ ကိုယ်တော်၏ သနားကရုဏာကို မိမိကိုယ်ကိုယ် ခံယူရန် ကျွန်ုပ်လိုလားပါသည်။” ယင်းမှာ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးနောက် ပေတရု၏ အသိအမြင် ဖြစ်ပြီး ဘုရားသခင်အပေါ်ထားရှိသော သူ၏ချစ်ခြင်းအတွက် သက်သေခံချက်တစ်ခုလည်းဖြစ်သည်။...သူ့အသက်ဆုံးခါနီး၊ စုံလင်စေခြင်းကို ခံရပြီးနောက် ပေတရုက- “အို ဘုရားသခင်၊ နှစ်အနည်းငယ် ကျွန်ုပ် အသက်ဆက်ရှင်ရမည်ဆိုလျှင် ကျွန်ုပ်သည် ကိုယ်တော်အား ပိုမိုဖြူစင်စွာနှင့် ပိုမိုလေးနက်စွာ ချစ်ခြင်းကို ရရှိလိုပါသည်” ဟု ဆိုခဲ့သည်။ ကားတိုင်ပေါ်၌ အတင်ခံရဆဲဆဲအချိန်တွင် စိတ်နှလုံးထဲမှ သူဆုတောင်းသည်မှာ- “အို ဘုရားသခင်၊ ကိုယ်တော်၏အချိန် ယခု ကျရောက်ပါပြီ၊ ကျွန်ုပ်အတွက် ကိုယ်တော်ပြင်ဆင်ထားသောအချိန် ကျရောက်ပါပြီ။ ကျွန်ုပ်သည် ကိုယ်တော်အတွက် အသေခံရမည်၊ ကိုယ်တော့်ထံ ဤသက်သေခံချက်ကို ကျွန်ုပ်ပြုရမည်၊ ပြီးလျှင် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ကိုယ်တော်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်၊ ချစ်ခြင်းသည်လည်း ပိုမိုဖြူစင်လာ နိုင်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ ယနေ့၊ ကိုယ်တော်အတွက် အသေခံနိုင်ခြင်းနှင့် ကိုယ်တော်အတွက် ကားစင်တင်ခံရခြင်း တို့သည် ကျွန်ုပ်အား နှစ်သိမ့်စိတ်ချမှုကို ပေးပါသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်အတွက် ကားတိုင်ပေါ်တွင် အသေခံခြင်းနှင့် ကိုယ်တော်၏အလိုတော်တို့ကို ဖြည့်ဆည်းနိုင်ခြင်း အပြင် ကျွန်ုပ်ကိုယ်ကို ကိုယ်တော့်လက်သို့ အပ်နိုင်ခြင်းနှင့် ကျွန်ုပ်၏အသက်ကို ကိုယ်တော့်ကို ဆက်ကပ်နိုင်ခြင်းတို့ထက် မည်သည့်အရာကမျှ ကျွန်ုပ်အား ပို၍ကျေနပ်အားရစေမည် မဟုတ်ပါ။ အို ဘုရားသခင်၊ ကိုယ်တော်သည် ချစ်ခင်ဖွယ် ကောင်းလှတကား။ ကိုယ်တော်သည် ကျွန်ုပ်ကို အသက်ရှင်ခွင့် ပေးခဲ့ပါက ကိုယ်တော့်ကို ပို၍ပင်ချစ်ရန် ကျွန်ုပ်လိုလားပါလိမ့်မည်။ ကျွန်ုပ် အသက်ရှင်နေသရွေ့ ကိုယ်တော့်ကို ချစ်ပါမည်။ ကိုယ်တော့်ကို ပိုမိုလေးနက်စွာ ချစ်လိုပါသည်။ ကိုယ်တော်သည် ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမကာ စမ်းသပ်သည်၊ အကြောင်းမှာ ကျွန်ုပ်သည် မဖြောင့်မတ်ဘဲ အပြစ်ကျူးလွန် ခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပိုမို၍ သိသာထင်ရှားစွာ ကျွန်ုပ်မြင်လာပါသည်။ ကိုယ်တော်ကို ကျွန်ုပ် ပိုမိုနက်ရှိုင်းစွာ ချစ်လာနိုင်စေသည့်အတွက် ဤသည်မှာ ကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ပြီး ကိုယ်တော် ကျွန်ုပ်ကို မချစ်လျှင်ပင် ဤနည်းအတိုင်း ကိုယ်တော့်ကို ကျွန်ုပ်ချစ်လိုပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ရှုမြင်လိုပါသည်။ ယင်းက ကျွန်ုပ်အား အဓိပ္ပာယ်ရှိသော အသက်တာကို သာ၍ အသက်ရှင်နိုင် စေသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်အတွက် ကားတိုင်တင်ခံရပြီး ကိုယ်တော့်အတွက် အသေခံခြင်းသည် အဓိပ္ပာယ်ပြည့်ဝသောကြောင့် ကျွန်ုပ်၏ လက်ရှိအသက်တာသည် ပိုမိုလေးနက်လာသည်ဟု ကျွန်ုပ်ခံစားရပါသည်။ သို့သော် ကိုယ်တော့်အကြောင်းကို အနည်းငယ်သာ ကျွန်ုပ်သိသည့်အတွက်၊ ကျွန်ုပ်သည် ကိုယ်တော်၏ အလိုတော်တို့ကို ပြည့်စုံစွာ မဖြည့်ဆည်းနိုင်ကြောင်းနှင့် ကိုယ်တော့်ကို အနည်းငယ်သာ ပြန်လည်ပေးဆပ်ပြီးကြောင်းတို့ကို သိသည့်အတွက် ကျွန်ုပ် ကျေနပ်အားရခြင်း မရှိသေးပါ။ ကျွန်ုပ်၏အသက်တာတွင် ကိုယ်တော့်ကို မိမိအလုံးစုံကို ပြန်လည်ပေးဆပ်ရန် မတတ်စွမ်းနိုင်ခဲ့ပါ၊ ဝေးလှပါသေးသည်။ ဤအခိုက်အတန့်တွင် နောက်ကြောင်း ပြန်လှည့်ကြည့်သည့်အခါ ကျွန်ုပ်သည် ကိုယ်တော့်အပေါ် အလွန်ပင် ကျေးဇူးတင်ကြောင်း ခံစားရပါသည်။ ကျွန်ုပ်၏ အမှားများအားလုံးနှင့် ကိုယ်တော့်ကို ပြန်လည် မပေးဆပ်ခဲ့ရသည့် ချစ်ခြင်းမေတ္တာများအားလုံးကို ပြန်လည် ထေမိစေရန် ယခုတဒင်္ဂအချိန်သာ ရှိပါ၏” ဟူ၍ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

နှစ်ကာလများစွာ ကျော်လွန်ပြီးနောက် လူသားသည် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အခက်အခဲကို တွေ့ကြုံရလျက်၊ ရာသီဥတု ဒဏ်မပြတ်ခံထားလာရပြီး ဖြစ်သည်။ လူသည် အတိတ်အချိန်ကာလများ၏ “ဘုန်းအသရေ”နှင့် “ကြည်နူးဆွတ်ပျံ့ဖွယ်ရာ” တို့ ပျောက်ဆုံးသွားပြီး ဖြစ်သော်လည်း၊ သူသည် မသိလိုက်ဘဲနှင့် လူသား အပြုအမူနှင့်ဆိုင်သည့် အခြေခံသဘောတရားများကို နားလည်လာပြီး ဖြစ်ကာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအဖို့ ဘုရားသခင်၏ နှစ်ပေါင်းများစွာ ဆက်ကပ်မြှုပ်နှံမှုကို အသိအမှတ်ပြုလာရပြီးဖြစ်သည်။ လူသားသည် တဖြည်းဖြည်းနှင့် ၎င်းကိုယ်တိုင်၏ ရိုင်းစိုင်းမှုကို စတင် စက်ဆုပ်ရွံရှာလေသည်။ သူ မည်မျှရိုင်းစိုင်းသည်၊ ဘုရားသခင်အပေါ် သူ၏ အထင်လွဲမှားမှုများအားလုံးနှင့် ဘုရားသခင်ထံ သူပြုခဲ့သည့် မလျော်ကန်သော တောင်းဆိုချက်များကို စတင်မုန်းတီးလေသည်။ အချိန်သည် နောက်ပြန်လှည့်၍မရပေ။ အတိတ်က အဖြစ်အပျက်များသည် လူသား၏ နောင်တရစရာ အမှတ်တရများ ဖြစ်လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ချစ်ခြင်းမေတ္တာတို့သည် လူသား၏ဘဝသစ်တွင် တွန်းအား ဖြစ်လာလေသည်။ တစ်နေ့ပြီးတစ်နေ့ လူသား၏ ဒဏ်ရာဒဏ်ချက်များ ပျောက်ကင်းသည်၊ သူ၏ ခွန်အားပြန်ရှိလာပြီး သူသည် မတ်တတ်ရပ်ကာ အနန္တတန်ခိုးရှင်၏ မျက်နှာကို ဖူးမျှော်လေသည်...သူသည် မိမိ၏နံဘေးတွင် အမြဲရှိကြောင်းနှင့် သူ၏အပြုံးနှင့် သူ၏ လှပသောမျက်နှာတို့သည် လွန်စွာ လှုပ်ရှားစေနိုင်ဆဲ ဖြစ်ကြောင်းတို့ကိုသာ တွေ့ရပေသည်။ သူ၏စိတ်နှလုံးသည် သူ ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်အတွက် ပူပန်မှုများ ပွေ့ပိုက်ဆဲဖြစ်ပြီး သူ၏လက်များသည် အစအဦးကကဲ့သို့ နွေးထွေးပြီး တန်ခိုးရှိနေဆဲဖြစ်သည်။ ယင်းမှာ လူသားက ဧဒင်ဥယျာဉ်သို့ ပြန်သွားခဲ့သည့်အလား ဖြစ်သည်၊ သို့သော် ဤအကြိမ်တွင် မြွေ၏ ဖြားယောင်းသွေးဆောင်မှုများကို လူသားက နားမထောင်တော့ သကဲ့သို့၊ ယေဟောဝါ၏ မျက်နှာမှ လှည့်ထွက် မသွားတော့ပေ။ လူသည် ဘုရားသခင် ရှေ့မှောက်တွင် ဒူးထောက်၏၊ ဘုရားသခင်၏ ပြုံးနေသော မျက်နှာကို မော်ဖူးပြီး သူ၏အဖိုးတန်ဆုံးယဇ်ကို ပူဇော်လေသည်- အို၊ ကျွန်ုပ်၏သခင်။ ကျွန်ုပ်၏ ဘုရားသခင်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” မှ

အရှေ့သို့- ၇) ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့၏ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၉) နေ့စဉ် ဝတ်ပြုဆည်းကပ်မှုများကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါ...

၄၆၄ ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်

၁ဘုရားမျှော် လင့်တာကသင်သူ့သဘောထားအမှန်ကိုသိချိန် သင် ဘုရားနဲ့ပိုနီးစပ်လာမယ်သူ့မေတ္တာနဲ့ လူတို့အတွက် ပူပန်မှုကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်