၅၅) ကြောင်းကျိုးမဆီလျော်မှုများကို ကာကွယ်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်ထားလော့။ သင်၏စိတ်ကူး၊ သို့မဟုတ် အထင်ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှင်းပြရန် မကြိုးစားဘဲ ထိုနှုတ်ကပတ်တော်တို့ကို လက်တွေ့လုပ်ဆောင်ခြင်း၊ ခံစားခြင်းနှင့် နားလည်ခြင်းတို့အပေါ် အာရုံစိုက်လော့။

(၂) ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သင်စားသောက်သောအခါ ယင်းတို့၏ တကယ့်အနက်အဓိပ္ပာယ်ကို ရှာဖွေရန်နှင့် အာရုံပြုဆင်ခြင်ရန် သင်၏အားထုတ်ခြင်းများကို နှစ်ဆတိုးလော့။ ထိုနှုတ်ကပတ်တော်တို့ကို ဘီးစိပ်တိုက်စစ်ဆေးခြင်း၊ သို့မဟုတ် ရှေ့နောက်စကားစပ်တို့ကိုချန်၍ ဆွဲထုတ်ခြင်းတို့ မပြုဘဲ ယင်းတို့ကို ပြောရာတွင် ဘုရားသခင်၏ အလိုတော်ကို နားလည်လော့။

(၃) အကြင်သူသည် သမ္မာတရားကို နားလည်ခြင်းစင်စစ်ရှိသူများနှင့် မကြာမကြာ မိတ်သဟာယဖွဲ့သင့်၏။ သို့မှသာလျှင် နားလည်ခြင်းနှင့် အသိပညာစင်စစ်တို့ကို ရရှိကာ ကြောင်းကျိုးမဆီလျော်မှုများနှင့် အခြေအမြစ် မရှိသော အစွဲအလမ်းများကို ဖယ်ရှားရှင်းထုတ်နိုင်ပေမည်။

(၄) သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုခြင်းခံရသော လူသား၏ ဦးဆောင်လမ်းပြခြင်းနှင့် ရေလောင်းပေးခြင်းကို ကျိုးနွံနာခံလော့။ သမ္မာတရားအား နားလည်ခြင်းစင်စစ်ကို ရရှိအောင်လုပ်ကာ ယင်းကို ကျိုးနွံနာခံရန် သင်ယူလော့။ သို့မှသာလျှင် အခြေအမြစ်မရှိသော အစွဲအလမ်းများနှင့် ကြောင်းကျိုးမဆီလျော်မှုများကို ပြုပြင်နိုင်ပေမည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်အား ယုံကြည်သူတစ်ဦးအနေဖြင့် အခြားအရာ အားလုံးထက် ဘုရားသခင်ကိုသာ သစ္စာစောင့်သိကာ အရာအားလုံးတွင် သူ၏ အလိုတော်ကိုလိုက်နာသင့်ပေသည်။ သို့ရာတွင် ဤအဆိုအမိန့်ကို လူတိုင်းနားလည်သော်ငြားလည်း၊ လူသား၏ အမျိုးမျိုးသော အခက်အခဲများဖြစ်သည့် မသိနားမလည်မှု၊ ရယ်ဖွယ်ကောင်းမှု၊ ဖောက်ပြန်ပျက်စီးမှုတို့ကြောင့် ဥပမာအားဖြင့်- အပေါ်လွင်ဆုံးနှင့် အခြေခံအကျဆုံး ဤသမ္မာတရားများကို သူ့ထံတွင် ပြည့်စုံစွာ မြင်ရနိုင်မည်မဟုတ်ပေ၊ ထို့ကြောင့် သင်တို့၏ အဆုံးသတ်သည် ပြောင်းလဲဖို့ မခက်ခဲလာမီ သင်တို့အတွက် အရေးအကြီးဆုံးဖြစ်မည့်အရာ အနည်းငယ်ကို ပထမဦးစွာ ငါ ပြောမည်။ ငါရှေ့ဆက်မပြောမီ သင်တို့ ဦးစွာနားလည်ထားရမည်မှာ- ငါပြောသည့် နှုတ်ကပတ်တော်များသည် လူသားအားလုံးကို တိုက်ရိုက်ရည်ရွယ်သော သမ္မာတရားများဖြစ်ပြီး လူတစ်ဦးတစ်ယောက် သို့မဟုတ် လူအမျိုးအစား တစ်မျိုးတည်း အတွက်သာ ရည်ရွယ်ပြောခြင်း မဟုတ်ပေ။ ထို့ကြောင့် သမ္မာတရား၏ ရှုထောင့်မှ ငါ၏နှုတ်ကပတ်တော်များကို နားလည်ခြင်းအား အာရုံစိုက်သင့်သကဲ့သို့၊ မမှိတ်မသုန်အာရုံစိုက်သော သဘောထားတစ်ရပ် နှင့် ရိုးသားမှု ရှိသင့်သည်။ ငါပြောသည့်နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားကို တစ်လုံးတစ်ပါဒမှ လျစ်လျူရှုခြင်း မပြုရသည့်အပြင် ငါ၏ နှုတ်ကပတ်တော်အားလုံးကို မထီမဲ့မြင် မပြုရ။ သင်တို့ဘဝများ၌ သင်တို့ပြုသောအရာများစွာသည် သမ္မာတရားနှင့် ဆီလျော်မှုမရှိသည်ကို ငါတွေ့သောကြောင့်၊ ငါသည် သင်တို့အား သမ္မာတရား၏ အစေခံသူများ ဖြစ်လာစေဖို့၊ စဉ်းလဲမှုနှင့် အကျည်းတန်မှုတို့၏ကျေးကျွန်အဖြစ်မှ လွတ်မြောက်စေဖို့၊ သမ္မာတရားကို မနင်းချေဖို့ သို့မဟုတ် ဘုရားအိမ်တော်၏ နေရာတစ်ခုတစ်လေကိုမျှ ဖျက်ဆီးရမ်းကားခြင်း မရှိဖို့ သင်တို့ကို အထူးတလည် တောင်းဆိုနေခြင်း ဖြစ်သည်။ ဤအချက်သည် သင်တို့အား ငါ၏သတိပေးချက် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်” မှ

ငါ၏ နှုတ်ကပတ်တော်များ၌၊ လူသားအဖို့ နားလည်၍မရနိုင်သော နက်နဲမှုများ ရှိသည်။ ငါ ချစ်သော သူတို့သာ ငါ့ကို ဖေါ်ပြနိုင်ပြီး၊ အခြားမည်သူမျှ မဖော်ပြနိုင်။ ဤအရာကို ငါက သတ်မှတ်ထားခြင်းဖြစ်ပြီး၊ မည်သူမျှ ယင်းကို မပြောင်းလဲနိုင်။ ငါ၏ နှုတ်ကပတ်တော်များသည် ကြွယ်ဝ၏၊ ပြည့်စုံကာ နားမလည်နိုင်စရာ ဖြစ်သည်။ အားလုံးသည် ငါ၏ နှုတ်ကပတ်တော်များအပေါ် ကြီးစွာသော အားထုတ်မှု သုံးသင့်သည်၊ ယင်းတို့ကို မကြာခဏ တွေးဆသင့်ပြီး၊ စကားလုံးတစ်လုံး သို့မဟုတ် စာကြောင်းတစ်ကြောင်းကိုမျှ မချန်သင့်ပေ- သို့မဟုတ်ပါက၊ လူတို့သည် မှားယွင်းမှုအောက်တွင် အလုပ်လုပ်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များသည် နားလည်မှုလွဲခံရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၁၉” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်သော နားလည်မှုရလာခြင်းသည် ရိုးရှင်းသောကိစ္စ မဟုတ်ပေ။ ဤသို့ မထင်လေနှင့်- “ငါသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တိုက်ရိုက် အဓိပ္ပာယ်ကို အနက်ပြန်နိုင်ပြီး အယောက်တိုင်းက ငါ၏ အနက်ပြန်ခြင်းသည် ကောင်းသည်ဟုဆိုကာ၊ ငါ့ကို လက်မထောင်ပြကြသည်၊ ထို့ကြောင့် ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါနားလည်သည်ဟု ဆိုလိုသည်။” ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခြင်းနှင့် မတူညီပေ။ သင်သည် ဘုရားသခင်၏ မိန့်မြွက်ချက်များအတွင်းမှ အလင်းတစ်ချို့ကို ရခဲ့ပြီး သူ၏နှုတ်ကပတ်တော်များ၏ စစ်မှန်သည့် အဓိပ္ပာယ်နှင့်သက်ဆိုင်သော အသိစိတ်တစ်ခုကို သင် ရရှိပြီးဖြစ်ပါက၊ ပြီးလျှင် သူ၏ နှုတ်ကပတ်တော်များ နောက်ကွယ်က ရည်ရွယ်ချက်နှင့် နောက်ဆုံးတွင် မည်သည့်အကျိုးများ ၎င်းတို့ ရရှိမည်ကို သင်ဖော်ပြနိုင်ပါက၊ ဤအရာအားလုံးနှင့်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှု သင် ရှိသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ခြင်းနှင့်သက်ဆိုင်သည့် အဆင့်တစ်ခု သင်ရှိသည်ဟု ယူဆနိုင်၏။ ထို့ကြောင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားလည်ခြင်းသည် ဤမျှ လုံးဝမရိုးရှင်းပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပာယ်ကို ဝေဝေဆာဆာ ရှင်းပြချက်ပေးနိုင်သောကြောင့်သာ သင်သည် ၎င်းတို့ကို နားလည်သည်ဟု မဆိုလိုပေ။ သင်သည် ၎င်းတို့၏ တိုက်ရိုက် အဓိပ္ပာယ်ကို မည်မျှ ရှင်းပြနိုင်စေကာမူ သင်၏ ရှင်းပြချက်သည် လူသား၏ စိတ်ကူးစိတ်သန်းနှင့် တွေးခေါ်ပုံပေါ် အခြေခံဆဲ ဖြစ်သည်။ ယင်းမှာ အချည်းနှီးဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်သို့ နားလည်နိုင်သနည်း။ အဓိကသော့ချက်မှာ ထိုနှုတ်ကပတ်တော်များ အတွင်းမှနေ၍ သမ္မာတရားကို ရှာဖွေဖို့ ဖြစ်သည်။ ထိုသို့သော နည်းလမ်းဖြင့်သာ သူပြောသည့်အရာကို သင် အမှန်တကယ် နားလည်နိုင်ပေသည်။ ဘုရားသခင် စကားပြောဆိုသည့်အချိန်တိုင်းတွင်၊ သူသည် အကြမ်းဖျင်းသဘောမျှဖြင့် ဧကန်မုချ မပြောဆိုပေ။ သူ မိန့်မြွက်သည့် ၀ါကျအသီးသီး၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ နောက်ထပ် ထုတ်ဖော်ပြဖို့ သေချာသည့် အသေးစိတ်အချက်များ ပါရှိပြီး၊ ၎င်းတို့ကို ကွဲပြားစွာ ဖော်ပြကောင်း ဖော်ပြနိုင်ပေသည်။ သမ္မာတရားကို ဘုရားသခင် ထုတ်ဖော်ပြသည့် နည်းလမ်းများကို လူသားသည် နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ။ ဘုရားသခင်၏ မိန့်မြွက်ချက်များသည် အလွန်နက်နဲကြပြီး လူသား စဉ်းစားသည့် နည်းလမ်းဖြင့် နားလည်သဘောပေါက်၍ မရနိုင်။ လူတို့သည် ၎င်းတို့ အားထုတ်မှု ပြုသရွေ့၊ သမ္မာတရား ရှုထောင့်တိုင်း၏ အလုံးစုံသော အဓိပ္ပာယ်ကို ရှာတွေ့နိုင်ပေသည်။ ဤအရာကို သင် လုပ်ဆောင်ပါက၊ ၎င်းတို့ကို သင် တွေ့ကြုံသည်နှင့်အမျှ၊ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ဉာဏ်အလင်းပေးသည်နှင့်အညီ ကျန်ရှိသည့် အသေးစိတ်အချက်အလက်များကို လုံးဝ ပြည့်ပြည့်စုံစုံ အသိပေးလိမ့်မည်ဖြစ်ကာ၊ ထိုသို့ဖြင့် ဤခိုင်လုံသော အခြေအနေများနှင့်သက်ဆိုင်သည့် သိနားလည်မှုတစ်ခုကို သင့်အား ပေးနေပေမည်။ တစ်ပိုင်းမှာ ၎င်းတို့ကို ဖတ်ရှုခြင်းမှတစ်ဆင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ခြင်းနှင့် ၎င်းတို့၏ တိကျသော ပါဝင်သည့်အကြောင်းအရာကို ရှာဖွေခြင်းဖြစ်သည်။ နောက်တစ်ပိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းမှတစ်ဆင့် ၎င်းတို့၏ အဓိပ္ပာယ်များကို သိနားလည်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းကို ရရှိခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် စစ်မှန်သော သိနားလည်မှုကို ရရှိသည်မှာ အဓိက ဤနည်းလမ်းနှစ်ခုအားဖြင့် ဖြစ်သည်။ အကယ်၍ သင်သည် သူ၏ နှုတ်ကပတ်တော်များကို တိုက်ရိုက် သို့မဟုတ် သင်၏ကိုယ်ပိုင် အတွေးအခေါ် သို့မဟုတ် စိတ်ကူးစိတ်သန်း၏ မှန်ဘီလူးမှတစ်ဆင့် အနက်ပြန်ပါက၊ သင်သည် ၎င်းတို့ကို မည်မျှပင် အပြောကောင်းကောင်းဖြင့် အနက်ပြန်နိုင်ပါစေ၊ ဘုရားနှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော သင်၏သိနားလည်မှုသည် အစစ်အမှန် မဟုတ်ပေ။ သင်သည် ဆက်စပ်အကြောင်းအရာ မပါဘဲ ၎င်းတို့အား အဓိပ္ပာယ်ကောက်ယူကောင်း ယူနိုင်ပြီး တလွဲအနက်ပြန်ကောင်း ပြန်နိုင်ကာ၊ ထိုသို့ လုပ်ဆောင်ခြင်းသည် ပို၍ပင် ဒုက္ခဖြစ်စေ၏။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသိပညာကို ရရှိခြင်းမှတစ်ဆင့် သန့်ရှင်းသောဝိညာဉ်တော်ထံမှ ဉာဏ်အလင်းရရှိခြင်းအားဖြင့် သမ္မာတရားကို အဓိကရရှိပေသည်။ သူ၏နှုတ်ကပတ်တော်ကို တိုက်ရိုက်အဓိပ္ပာယ် သိနားလည်ခြင်း သို့မဟုတ် ၎င်းတို့ကို ရှင်းပြနိုင်ခြင်းအား သမ္မာတရားကို ရရှိပြီးဖြစ်ခြင်းအဖြစ် မမှတ်ယူပေ။ သင်သည် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သော တိုက်ရိုက်အဓိပ္ပာယ်ကိုသာ အနက်ပြန်ရန် လိုအပ်ပါက သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှာ အဘယ်အကျိုးရှိသနည်း။ ထိုကိစ္စရပ်တွင်၊ သင်သည် ပညာရေးအဆင့် တစ်ရပ်သာ ရှိရန်လိုအပ်ပြီး ပညာမတတ်သူတို့သည် အတန်အသင့် အကျပ်အတည်း ရောက်ကြလိမ့်မည်။ ဘုရားသခင်၏အမှုမှာ လူ့ဦးနှောက်ဖြင့် နားလည်သဘောပေါက်နိုင်သော အရာတစ်ခု မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော စစ်မှန်သည့် သိနားလည်မှုသည် သန့်ရှင်းသောဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးမှု ရှိခြင်းအပေါ် အဓိက မူတည်သည်၊ ယင်းမှာ သမ္မာတရားကို ရရှိသည့်လုပ်ငန်းစဉ် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားကို နားလည်ခြင်းနှင့်ဆိုင်သော အရေးကြီးဆုံး အပိုင်းများမှာ ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များအတွင်း၌ နားလည်ခြင်း၊ လူ့အသက်တာကို သူ၏ နှုတ်ကပတ်တော်များအတွင်း၌ နားလည်ခြင်း၊ သမ္မာတရား၏ ရှုထောင့်အားလုံးကို သူ၏ နှုတ်ကပတ်တော်များအတွင်း၌ နားလည်ခြင်း၊ မိမိကိုယ်ကိုယ် စစ်မှန်စွာ နားလည်ခြင်းနှင့် ဘုရားသခင့် နှုတ်ကပတ်တော်များအတွင်း၌ လူသားဖြစ်တည်ခြင်း၏ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခြင်း။...သမ္မာတရားအားလုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ ရှိလေသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် ဝင်ရောက်ခြင်း မဟုတ်ပါက သမ္မာတရားထဲသို့ မဝင်ရောက်နိုင်ပေ။ သင် ရရှိရမည့် အဓိကရလဒ်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် သိနားလည်ခြင်းနှင့် အသိပညာတို့ကို ပိုင်ဆိုင်ခြင်းက မည်သည့်အရာဖြစ်သည်ကို သိရှိခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စစ်မှန်သော နားလည်ခြင်းဖြင့်၊ သင်သည် သမ္မာတရားကို နားလည်နိုင်သည်- ဤသည်မှာ အခြေခံအကျဆုံး အရာပင် ဖြစ်သည်။ အချို့သူများသည် အမှုဆောင်၍ တရားဟောကာ၊ ဘုရားသခင်၏ မိန့်မြွက်ချက်များအပေါ် အပေါ်ယံအားဖြင့် မိတ်သဟာယပြုနေကြသည့်ပုံပေါ်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အနက် အဓိပ္ပာယ်များကိုသာ ဆွေးနွေးနေကြခြင်းဖြစ်ပြီး၊ ခြေခြေမြစ်မြစ် ဖြစ်သော အရာတစ်ခုမျှ ပြောဆိုခြင်း မရှိပေ။ သူတို့၏ ဒေသနာများသည် ဘာသာစကား ပြဋ္ဌာန်းစာအုပ်မှ သင်ကြားမှုများ ကဲ့သို့၊ တစ်ချက်ပြီးတစ်ချက်နှင့် တစ်ကဏ္ဍပြီးတစ်ကဏ္ဍ စီစဉ်ထားပြီး၊ ၎င်းတို့ပြီးဆုံးသွားသည့်အခါ၊ လူတိုင်းက “ဤသူသည် လက်တွေ့အရှိတရားကိုပိုင်ဆိုင်၏။ သူသည် အလွန်ကောင်းမွန်စွာနှင့် အင်မတန် အသေးစိတ်ကျကျ ဟောကြား၏” ဟုပြောလျက် ချီးကျူးထောမနာပြုကြ၏။ ထိုသို့သော လူများ ဟောကြားပြီးသောအခါ၊ အခြားသူများကို ၎င်းတို့၏ တရားဒေသနာများကို စုဆောင်ပြီး လူအယောက်တိုင်းဆီသို့ပို့ရန် ပြောဆိုကြလေသည်။ ဤအရာကို လုပ်ဆောင်ရာတွင်၊ ၎င်းတို့သည် အခြားသူများကို လှည့်စားနေပြီး ၎င်းတို့ဟောကြားသမျှသည် မှားယွင်းသော အတွေးများသာ ဖြစ်သည်အထိ ရောက်ရှိကြပြီးဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ ဟောကြားနေပြီး ၎င်းတို့၏ တရားဒေသနာများက သမ္မာတရားနှင့် ကိုက်ညီပုံရ၏။ သို့သော် သာ၍စေ့စပ်သေချာစွာ ပိုင်းခြားသိမြင်ကြည့်ပါက၊ ထိုအရာများသည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် လွဲမှားသော တွေးခေါ်မြော်မြင်မှုနှင့်အတူ လူသား၏ စိတ်ကူးစိတ်သန်းအချို့နှင့် အယူအဆများအပြင်၊ ဘုရားသခင်အား ဘောင်ခတ်ထားသည့် အရာတစ်ချို့မှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ကြောင်း သင်တို့တွေ့လိမ့်မည်။ ဤ တရားဟောကြားမှုမျိုးသည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်းတစ်ရပ်နှင့် ညီမျှသည်မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်သည့် အစေခံခြင်းဖြစ်၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

ယခင်က လူတို့ တွေ့ကြုံခဲ့သော နည်းလမ်းများတွင် သွေဖည်မှုမြောက်မြားစွာနှင့် အဓိပ္ပာယ်မဲ့ခြင်းတို့ပင် ရှိခဲ့သည်။ ၎င်းတို့သည် ဘုရားသခင့်သတ်မှတ်ချက်များ၏ စံနှုန်းကို အမှန်တကယ် နားမလည်ခဲ့သောကြောင့် လူတို့၏အတွေ့အကြုံတို့ လွဲချော်ခဲ့သည့် ကဏ္ဍများစွာ ရှိခဲ့သည်။ လူတို့အား ဘုရားသခင်၏ သတ်မှတ်ချက်မှာ ၎င်းတို့အနေဖြင့် သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်ရန်ဖြစ်သည်။ ဥပမာ၊ အစားအစာနှင့် အဝတ်အထည်နှင့်စပ်လျဉ်း၍ လူတို့အနေဖြင့် မျက်မှောက်ခေတ် နေပုံထိုင်ပုံများကို လိုက်ရန်၊ ဝတ်စုံနှင့် လည်စည်းတို့ကို ဝတ်ဆင်ရန်၊ မော်ဒန်ပန်းချီ အနုပညာကို အနည်းငယ်လေ့လာရန်မှာ ကျေနပ်ဖွယ်ရာဖြစ်ပြီး ၎င်းတို့၏အားလပ်ချိန်တွင် ၎င်းတို့သည် ဝိဇ္ဇာပညာ၊ ယဉ်ကျေးမှုနှင့် ဖျော်ဖြေတင်ဆက်မှုတို့ကို ခံစားပျော်မွေ့နိုင်သည်။ ၎င်းတို့သည် အမှတ်တရဓာတ်ပုံအချို့ ရိုက်နိုင်ပြီး အသုံးဝင်သော အသိပညာအချို့ကို ဖတ်ရှုရရှိနိုင်သည်၊ ထို့အပြင် အတန်အသင့်ကောင်းသော လူနေမှုပတ်ဝန်းကျင်တစ်ခုကို ပိုင်ဆိုင်နိုင်သည်။ ဤသည်တို့မှာ သာမန်လူ့သဘာဝနှင့်ဆိုင်သော ဘဝတစ်ခုနှင့် လိုက်လျောညီထွေဖြစ်သည့်အရာများ အလုံးစုံဖြစ်သော်လည်း လူတို့က ၎င်းတို့ကို ဘုရားသခင် အလွန်မုန်းတီးသောအရာများအဖြစ် ရှုမြင်ကြပြီး သူတို့သည် ထိုအရာများကို ပြုလုပ်ခြင်းမှ မိမိကိုယ်ကိုယ် ချုပ်တည်းထားကြသည်။ ၎င်းတို့၏ လက်တွေ့ကျင့်သုံးမှုမှာ စည်းမျဉ်းအနည်းငယ်ကို လိုက်နာနေခြင်းသာ ပါဝင်ပြီး ယင်းက မြောင်းရေကဲ့သို့ မကြည်လင်သည့်အပြင် လုံးလုံးအဓိပ္ပာယ်ကင်းမဲ့သော ဘဝတစ်ခုဆီသို့ ဦးတည်ခေါ်ဆောင်သွားလေသည်။ အမှန်အားဖြင့် ဘုရားသခင်သည် လူတို့အား အမှုအရာများကို ဤနည်းဖြင့်ပြုရန်အလို့ငှာ မည်သည့်အခါမျှ မတောင်းဆိုခဲ့ပေ။ လူခပ်သိမ်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် စိတ်သဘောထားများကို လျှော့လိုကြပြီး ဘုရားသခင်နှင့် ၎င်းတို့၏ဆက်နွှယ်မှုသည် တစ်နည်းနည်းဖြင့် ပြတ်သွားမည်ကို ကြီးစွာသောကြောက်ရွံ့မှုဖြင့် ဘုရားသခင်နှင့် သာ၍နီးစေရန် ၎င်းတို့၏စိတ်ဝိညာဉ်များထဲတွင် အစဉ်မပြတ် ဆုတောင်းခြင်း၊ ၎င်းတို့၏စိတ်ထဲတွင် ဘုရားသခင်ရည်ရွယ်သည့် အရာအပေါ် အဆက်မပြတ်စဉ်းစားခြင်း၊ ၎င်းတို့၏မျက်လုံးများသည် ထိုထိုဤဤတို့ကို အဆက်မပြတ် စောင့်ကြည့်ခြင်းတို့ကို ပြုလျက်ရှိကြသည်။ ဤအရာအားလုံးမှာ လူတို့သည် မိမိဘာသာဖြစ်လာပြီဟူသည့် သုံးသပ်ချက်များဖြစ်ပြီး၊ ၎င်းတို့မှာ လူတို့က မိမိကိုယ်ကိုယ်မိမိအတွက် ချမှတ်သည့်စည်းမျဉ်းများ ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ကိုယ်ပိုင် သဘာဝ အနှစ်သာရကို မသိပါက၊ ထို့ပြင် သင့်ကိုယ်ပိုင် လက်တွေ့ကျင့်သုံးမှုမှာ မည်သည့်အဆင့်သို့ ရောက်နိုင်ကြောင်းကို သင်နားလည်သဘောပေါက်ခြင်း မရှိပါက ဘုရားသခင် လူ့အပေါ် မည်သည့်စံနှုန်းများကို အတိအကျ သတ်မှတ်ကြောင်း သင်သေချာဖို့ နည်းလမ်းရှိလိမ့်မည် မဟုတ်သည့်အပြင်၊ သင်သည် တိကျမှန်ကန်သော လက်တွေ့ကျင့်သုံးမှုလည်း ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။ လူသားအပေါ် ဘုရားသခင်တောင်းဆိုသည့်အရာ အတိအကျမှာ အဘယ်အရာဖြစ်သည်ကို သင်နားမလည်နိုင်သဖြင့်၊ သင်၏စိတ်သည် အစဉ်အမြဲ လှုပ်ရှားထကြွလျက်ရှိကာ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ခွဲခြမ်းစိတ်ဖြာရင်း သင် အပူအတပြင်းစဉ်းစားပြီး သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းခြင်းနှင့် ဉာဏ်အလင်းပေးခြင်းခံရဖို့ နည်းလမ်းတစ်ခုခုကို ရှာဖွေရင်း သင် စမ်းတဝါးဝါးလုပ်လေသည်။ ရလဒ်အနေဖြင့်၊ လိုက်လျောညီထွေသည်ဟု သင်ယုံကြည်သည့် လက်တွေ့ကျင့်သုံးမှု နည်းလမ်းအချို့ကို သင်ရရှိလာသည်။ လူသားအပေါ် ဘုရားသခင် တောင်းဆိုသည့်အရာမှာ မည်သည့်အရာ အတိအကျဖြစ်ကြောင်းကို အမှန်တကယ် သင်လုံးဝမသိပေ၊ သင်၏ကိုယ်ပိုင် လက်တွေ့ကျင့်သုံးမှုများတစ်စုံကို သင် ပေါ့ပြက်ပြက်လုပ်ဆောင်လျက် ရလဒ်အတွက် စိုးစဉ်းမျှသာ သင်ဂရုစိုက်ပြီး သင်၏ ကျင့်သုံးမှုထဲတွင် သွေဖည်မှုများနှင့် အမှားအယွင်းများ ရှိမရှိကို ပို၍ပင် ဂရုမစိုက်ပေ။ ဤနည်းဖြင့် သင်၏ လက်တွေ့ကျင့်သုံးမှုမှာ ပင်ကိုအားဖြင့် တိကျမှန်ကန်မှု ကင်းမဲ့ပြီး မူမရှိပါပေ။ အထူးသဖြင့် ယင်း၌ ကင်းမဲ့သည်မှာ ပုံမှန်လူသား၏ ဆင်ခြင်တုံတရားနှင့် အသိစိတ်အပြင် ဘုရားသခင်၏ချီးကျူးခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အတည်ပြုထောက်ခံခြင်းတို့ပင် ဖြစ်သည်။ သင့်ကိုယ်ပိုင်လမ်းကို လျှောက်ရုံမျှလျှောက်ရန် ၎င်းက လုံးလုံးလျားလျား လွန်စွာလွယ်ကူလာသည်။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးမှာ စည်းမျဉ်းများကို လိုက်နာရုံမျှသာလိုက်နာနေခြင်း သို့မဟုတ် သင့်ကိုယ်သင် ကန့်သတ်ရန်နှင့် သင့်ကိုယ်သင် ထိန်းချုပ်ရန်အတွက် ဝန်ထုပ်ဝန်ပိုးကို တမင်တကာ ယူဆောင်နေခြင်းဖြစ်သည်။ သို့သော်လည်း သင်သည် သင်၏ လက်တွေ့ကျင့်သုံးမှုကို တစ်သဝေမတိမ်းလုပ်ဆောင်သည် သင်ထင်မှတ်ပြီး၊ သင်၏ လက်တွေ့ကျင့်သုံးမှုအများစုမှာ မလိုအပ်သောဖြစ်စဉ်များ သို့မဟုတ် စောင့်ထိန်းမှုများပါဝင်သည်ကို မသိပေ။ အခြေခံအားဖြင့် မိမိတို့၏စိတ်သဘောထားများ၌ ပြောင်းလဲခြင်းမရှိ၊ အသစ်သောအသိအမြင်နှင့် အသစ်သောဝင်ရောက်မှု မရှိဘဲ ဤကဲ့သို့ နှစ်ပေါင်းများစွာ လက်တွေ့လုပ်ဆောင်သောသူ များစွာရှိကြသည်။ အမှုမဲ့အမှတ်မဲ့ဖြင့် မလျော်ကန်သော၊ လူသားမဆန်သော အမှုအရာများကို ကျူးလွန်ကာ လူတို့ကို ပြင်းပြင်းထန်ထန်စဉ်းစားပြီး လုံးဝခေါင်းခြောက်စေသော နည်းလမ်းများဖြင့် ပြုမူသည့် အကြိမ်များစွာရှိသည့် အဆင့်အထိပင်လျှင် ၎င်းတို့သည် ယခင်အမှားမျိုးများကို ပြန်လည်ကျုးလွန်ပြီး ၎င်းတို့၏ ရိုင်းစိုင်းကြမ်းကြုတ်သော သဘာဝများကို အပြည့်အဝ ပြလုပ်ခဲ့ကြသည်။ ဤကဲ့သို့သော လူတို့မှာ စိတ်သဘောထားပြောင်းလဲခြင်းကို တွေ့ကြုံပြီးပြီဟု ပြောနိုင်ပါသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၁)” မှ

ဝင်ရောက်မှုကို ရှာဖွေစဉ်တွင်၊ ကိစ္စရပ်တိုင်းကို လေ့လာဆန်းစစ်ရမည်။ ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီသည့် နည်းလမ်းတစ်ခုဖြင့် မည်သို့ ကိုင်တွယ်ရမည်ကို သိဖို့ရန်အလို့ငှာ ကိစ္စရပ်အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သမ္မာတရားတို့နှင့်အညီ လုံးလုံးလျားလျား ချင့်ချိန်စဉ်းစားရမည်။ ထိုအခါ သင်၏ အတ္တအလိုဆန္ဒမှ ထွက်ပေါ်လာသည့် အရာများကို စွန့်ပစ်နိုင်ပေမည်။ အမှုအရာများကို ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်သို့ လုပ်ဆောင်ရမည်ကို သင် သိလိမ့်မည်ဖြစ်ပြီး၊ ထို့နောက် ၎င်းတို့ကို သွား၍ လုပ်ဆောင်လိမ့်မည်၊ အရာရာတိုင်းက သူ့အလိုလို ဖြစ်ပျက်နေသကဲ့သို့ ခံစားရလိမ့်မည်ဖြစ်ပြီး အလွန့်အလွန် လွယ်ကူပုံရလိမ့်မည်။ ဤသည်မှာ သမ္မာတရားရှိသည့် လူတို့က အမှုအရာများကို လုပ်ဆောင်ပုံ ဖြစ်သည်။ ထို့နောက် သင်၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ကို အခြားသူတို့အား သင် အမှန်တကယ် ပြသနိုင်ပြီး၊ ကောင်းသည့် လုပ်ရပ်အချို့ကို သင် သေချာပေါက် လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ ကိုယ်ကျင့်တရားနှင့်အညီ အမှုအရာများကို သင်လုပ်ဆောင်ကြောင်းနှင့် အရာအားလုံးကို သင် မှန်မှန်ကန်ကန် လုပ်ကြောင်းကို ၎င်းတို့ မြင်ကြလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို နားလည်ပြီး လူသားပုံသဏ္ဌာန် အမှန်ရှိသည့် သူတစ်ဦးဖြစ်သည်။ ထိုအတိုင်းပင်၊ လူတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ရလဒ်များ ခံစားရပြီးဖြစ်သည်။ သမ္မာတရားကို လူတို့ အမှန်တကယ် နားလည်ကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိတို့၏ ဖြစ်တည်မှုအခြေအနေများကို သိမြင်နိုင်ကြသည်၊ ရှုပ်ထွေးသည့် ကိစ္စရပ်များ၏ အကြောင်းရင်းကို မြင်နိုင်ကြပြီး၊ လက်တွေ့လုပ်ဆောင်ဖို့ သင့်တော်သည့် နည်းလမ်းကို သိရှိနိုင်ကြလေသည်။ သမ္မာတရားကို သင် နားမလည်ပါက၊ သင်၏ဖြစ်တည်မှု အခြေအနေကို သင် သိမြင်နိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် မိမိကိုယ်ကိုယ် ပုန်ကန်ချင်လိမ့်မည် ဖြစ်သော်လည်း၊ မည်သို့လုပ်ဆောင်ရမည် သို့မဟုတ် မည်သည့်အရာကို သင် ပုန်ကန်နေသည်ကို သိလိမ့်မည် မဟုတ်ပေ။ သင်၏ အတ္တအလိုဆန္ဒကို သင် စွန့်လွှတ်ချင်လိမ့်မည် ဖြစ်သော်လည်း၊ သင်၏ အတ္တအလိုဆန္ဒသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု သင်ထင်ပါက၊ ယင်းကို အဘယ်သို့ သင် စွန့်လွှတ်နိုင်မည်နည်း။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ဖြစ်သည်ဟုပင် သင် ထင်ကောင်း ထင်လိမ့်မည်ဖြစ်ကာ၊ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ သင်သည် စွန့်လွှတ်ဖို့ ငြင်းပယ်လိမ့်မည် ဖြစ်သည်။ ဤအကြောင်းကြောင့်၊ လူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ခြင်းမရှိပါက၊ ၎င်းတို့၏ အတ္တလိုအင်ဆန္ဒ၊ ၎င်းတို့၏ လူသား မစင်ကြယ်မှုများနှင့် ကောင်းမွန်သော ရည်ရွယ်ချက်များ၊ ၎င်းတို့၏ လူသား မရေရာသော ချစ်ခြင်းမေတ္တာနှင့် လူသား ကျင့်ကြံမှုများမှ ထွက်ပေါ်သည့် မည်သည့်အရာမဆိုသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု တွေးထင်ကြဖို့ အလွန်ဖြစ်ဖွယ် ရှိလေသည်။ သို့ဆိုလျှင် ဤအရာများကို သင် မည်သို့ ပုန်ကန်နိုင်မည်နည်း။ သမ္မာတရားကို သင် နားမလည်ပါက သို့မဟုတ် သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို မသိပါက၊ ပြီးလျှင် သင်၏ မျက်လုံးများ မကြည်မလင်ဖြစ်ပြီး မည်သည့်လမ်းသို့ လှည့်ရမည်ကို သင်မသိသောကြောင့် သင် မှန်သည် ထင်သည့်အရာပေါ် အခြေခံ၍သာ အမှုအရာများကို လုပ်ဆောင်ပါက၊ သင်သည် လွဲချော်ပြီး မှားယွင်းမည့် အပြုအမူတချို့ကို ကျူးလွန်မိလိမ့်မည်။ ဤအပြုအမူတချို့သည် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းလိမ့်မည်၊ တချို့သည် စိတ်အားထက်သန်မှုမှ ထွက်ပေါ်လာလိမ့်မည်၊ တချို့သည် စာတန်ထံမှ အစပြုမည်ဖြစ်ကာ အနှောင့်အယှက်များ ဖြစ်စေလိမ့်မည်ဖြစ်သည်။ သမ္မာတရားကို မပိုင်ဆိုင်သော လူတို့သည် ဤသို့ ပြုမူကြလိမ့်မည်- လက်ဝဲဖက် အနည်းငယ်၊ ပြီးနောက် လက်ျာဖက်အနည်းငယ် လုပ်ဆောင်ကာ၊ တစ်ခဏ မှန်ကန်ပြီး၊ နောက်တစ်ခဏ သွေဖည်လျက်ရှိမည်ဖြစ်ပြီး တိကျမှန်ကန်မှု လုံးဝ မရှိပေ။ သမ္မာတရားကို မပိုင်ဆိုင်သောသူတို့သည် အမှုအရာများအပေါ် အဓိပ္ပာယ်မရှိသော အမြင်များကို ခံယူကြသည်။ ထိုသို့ဖြစ်သဖြင့်၊ ၎င်းတို့သည် ကိစ္စရပ်များကို မည်သို့ မှန်ကန်စွာ ကိုင်တွယ်နိုင်မည်နည်း။ ပြဿနာတစ်စုံတစ်ရာကို ၎င်းတို့ မည်သို့ ဖြေရှင်းနိုင်မည်နည်း။ သမ္မာတရားကို နားလည်ခြင်းသည် လုပ်ဆောင်ဖို့ လွယ်ကူသောအရာ တစ်ခု မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နိုင်ခြင်းသည် သမ္မာတရားကို သိနားလည်နိုင်ခြင်းပေါ် မူတည်ပြီး လူတို့ နားလည်နိုင်စွမ်းရှိသည့် သမ္မာတရား၌ မိမိ၏ အကန့်အသတ်များ ရှိပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို မိမိတို့၏ အသက်တာတစ်ခုလုံးတွင် ယုံကြည်လျှင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ သိနားလည်ခြင်းသည် အကန့်အသတ် ရှိနေဦးမည် ဖြစ်သည်။ တော်တော် အတွေ့အကြုံရှိသူတို့သည်ပင် အကောင်းဆုံးအနေဖြင့် ဘုရားသခင်ကို သိသိသာသာ ခုခံသည့်အရာများကို လုပ်ဆောင်ခြင်း၊ သိသိသာသာ ဆိုးယုတ်သောအရာများကို လုပ်ဆောင်ခြင်းနှင့် မည်သူကိုမျှ အကျိုးမပေးသည့် အရာများကို လုပ်ဆောင်ခြင်းအား ရပ်တန့်နိုင်သည့်နေရာအထိ ရောက်ရှိနိုင်ကြသည်။ ၎င်းတို့အတွက် မိမိတို့၏ အတ္တအလိုဆန္ဒ ဘာမျှမရောနှောသည့် အခြေအနေတစ်ခုကို ရရှိဖို့ မဖြစ်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ပုံမှန်အတွေးများကို တွေးကြပြီး ၎င်းတို့၏ အတွေးအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီကာ အတ္တအလိုဆန္ဒအဖြစ် အမျိုးအစားသတ်မှတ်၍ မရနိုင်သည့် သဘောပေါက်နားလည်မှု ရှုထောင့်တစ်ခုနှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ သို့သော်၊ အဓိကသော့ချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းကို ဆန့်ကျင်သည့် အတ္တအလိုဆန္ဒ၏ အစိတ်အပိုင်းများကို သိမြင်ဖို့ ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိဖို့ အားထုတ်မှု ပြုရမည်ဖြစ်ပြီး၊ သမ္မာတရားကို နားလည်ခြင်းဖြင့်သာ သင်၌ သိမြင်မှု ရှိနိုင်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

အရှေ့သို့- ၅၄) အပျက်သဘောကို ဖြေရှင်းခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၅၆) အယူအဆများနှင့် စိတ်ကူးအထင်များကို ဖြေရှင်းခြင်းဆိုင်ရာ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

၆၂၈ ဘုရားသခင်အားဖြင့် စုံလင်သောသူဖြစ်ဖို့ ဘာသာရေးအတွေးအခေါ်တို့ကို စွန့်လွှတ်ပါ

၁ဘုရား နှုတ်ကပတ်တော်၏ စစ်ကြောစီရင်၊ ဆုံးမခြင်းကို သင်လက်ခံလျှင် ဘာသာရေးလမ်းစဉ်များကိုဖယ်ရှားထား၊နူတ်ကပတ်တော်ကို ဟောင်းနွမ်းသော အယူအဆနှင့်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်