၇၀) လူတို့ကို အသင်းတော်ထဲသို့ လက်ခံခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) လျှောက်ထားသူတို့ ကိုယ်တိုင် ရေးထားသည့် ဆက်ကပ်မှု ကတိတစ်ခု မပေးဘဲနှင့်၊ ၎င်းတို့၏ လျှောက်ထားမှုသည် အသင်းတော် ခေါင်းဆောင်များနှင့် သင်းထောက်များ၏ သဘောတူညီမှု မရှိဘဲ မည်သူကိုမျှ အသင်းတော်ထဲသို့ လက်ခံ၍မရပေ။

(၂) အသင်းတော်တစ်ပါးသည် ဆိုးယုတ်သည့် သို့မဟုတ် လှည့်ဖြားတတ်သော လူတစ်ဦးကို လည်းကောင်း၊ ၎င်းတို့၏ အသွင်က ခြိမ်းခြောက်သည့်၊ အကျည်းတန်သော သွင်ပြင်လက္ခဏာတစ်ခုရှိသည့် လူများနှင့် သိက္ခာမရှိသကဲ့သို့ ကြည့်ပျော်ရှုပျော်မရှိသည့် လူများကိုလည်းကောင်း အသင်းသားသစ်တစ်ဦးအဖြစ် လုံးဝ လက်မခံရ။

(၃) လောကကို ထောက်ခံသည့်အနေဖြင့် အသင်းတော်ကို ယခင်က ပစ်ပယ်ပြီးသူတစ်ဦးသည် ပြန်ပါဝင်ရန် ဆန္ဒရှိပါက၊ ၎င်းတို့ စစ်မှန်စွာ နောင်တရပြီးဖြစ်ကာ လူအရေအတွက် များစွာက အာမမခံမချင်း ၎င်းတို့ကို လက်ခံ၍ မရပေ။

(၄) အဖမ်းခံရပြီးဖြစ်ကာ “ထွက်ဆိုချက် သုံးခု”ကို ရေးသားပြီးဖြစ်သော်လည်း၊ ရည်မွန်သည့် လူ့သဘာဝရှိပြီး နောင်တကို ပြသပါက၊ အသင်းတော်၏ အသင်းသား အများစု၏ သဘောတူညီမှုဖြင့် ပြန်လည်ဝင်ခွင့်ပြုနိုင်သည်။

(၅) နုတ်ပယ် သို့မဟုတ် နှင်ထုတ်ခံရပြီးဖြစ်သော်လည်း စစ်မှန်ရိုးသားစွာ နောင်တရပြီးဖြစ်ကာ ဧဝံဂေလိ ဟောခြင်းအားဖြင့် လူတို့ကို စည်းရုံးသိမ်းသွင်းနိုင်သည့် မည်သူမဆိုသည် ပြန်လည်ဝင်ရောက်ခြင်းအတွက် လျှောက်ထားပါက၊ ၎င်းတို့ကို လက်ခံနိုင်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ ကယ်တင်ခြင်းအမှုကို ပြုနေစဉ်တွင် ကယ်တင်ခံရနိုင်သည့် လူတစ်ဦးစီတိုင်းသည် ဖြစ်နိုင်သမျှ ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ လူကို ကယ်တင်ရန် ဖြစ်သည့်အတွက် ၎င်းတို့ထဲမှ မည်သူမျှ စွန့်ပစ်ခံရလိမ့်မည်မဟုတ်။ လူသားနှင့်ဆိုင်သည့် ဘုရားသခင်၏ ကယ်တင်ခြင်း အချိန်ကာလအတွင်း၊ ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု မစွမ်းဆောင် မရရှိနိုင်ကြသူအားလုံး အပြင်— ဘုရားသခင်ထံ လုံးဝ ကျိုးနွံနာခံခြင်း မရှိနိုင်သူအားလုံးတို့သည်— အပြစ်ပေးခြင်း ခံရသူများ ဖြစ်လာကြလိမ့်မည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ အလိုနှင့် ၎င်းတို့နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သိနားလည်နိုင်ဖို့အလို့ငှာ၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများ စွမ်းဆောင်ရရှိဖို့ မရှိမဖြစ် ထားရှိရမည့် လိုအပ်ချက်များ ရှိနိုင်ကြဖို့အလို့ငှာ၊ အမှု၏ ဤအဆင့်— နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အမှုသည်— လူသားတို့ နားမလည်သည့် နည်းလမ်းများနှင့် နက်နဲမှုများအားလုံးကို ၎င်းတို့အတွက် ဖွင့်ပြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို ပြုရန် နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး၊ အနည်းငယ် ပုန်ကန်တတ်ခြင်းအတွက် လူတို့ကို အပြစ်မပေးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်သည် ကယ်တင်ခြင်းအမှု၏ အချိန်ကာလ ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ ပုန်ကန်လျက် ပြုမူသောသူ မည်သူမဆိုကို အပြစ်ပေးမည်ဆိုပါက၊ မည်သူမျှ ကယ်တင်ခံ ရရန် အခွင့်အရေးရှိကြမည် မဟုတ်ပေ။ အယောက်တိုင်းသည် အပြစ်ပေးခံရမည် ဖြစ်ပြီး မရဏနိုင်ငံသို့ ကျဆင်းကြရမည် ဖြစ်သည်။ လူကို တရားစီရင်သည့် နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် သိရှိခွင့်ပေးရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံခွင့် ပေးရန် ဖြစ်သည်။ ယင်းမှာ ထိုသို့သော တရားစီရင်ခြင်းဖြင့် ၎င်းတို့ကို အပြစ်ပေးရန် မဟုတ်ပေ။ နှုတ်ကပတ်တော်များ၏ အမှုနှင့်ဆိုင်သည့် အချိန်ကာလအတွင်းတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ ပုန်ကန်မှုနှင့် အာခံမှုအပြင် လူ့ဇာတိခံ ဘုရားသခင်အပေါ် ၎င်းတို့၏ မနာခံမှုကို ဖော်ထုတ်ကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူသည် ဤလူအားလုံးကို အကျိုးဆက်အနေဖြင့် အပြစ်ပေးလိမ့်မည် မဟုတ်ဘဲ၊ ယင်းအစား ရိုးတွင်းခြင်ဆီအထိ ဖောက်ပြန်ပျက်စီးသော သူများနှင့် ကယ်တင်မခံရနိုင်သူများကိုသာ ဘေးဖယ်ထားလိမ့်မည်။ သူသည် ၎င်းတို့၏ ဇာတိခန္ဓာများကို စာတန်အား ပေးပစ်လိမ့်မည်ဖြစ်ပြီး အချို့အခြေအနေများတွင် ၎င်းတို့၏ဇာတိခန္ဓာကို အဆုံးသတ်ပစ်လိမ့်မည်။ ကျန်ရှိသောသူများသည် ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို ဆက်လက် လိုက်လျှောက်ကာ ကြုံတွေ့ကြရလိမ့်မည်။ အကယ်၍ လိုက်လျှောက်နေစဉ်တွင် ဤလူများသည် ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်မခံနိုင်သေးသကဲ့သို့၊ ပို၍ပို၍ ဆုတ်ယုတ်လာကြပါက၊ ၎င်းတို့သည် ၎င်းတို့၏ ကယ်တင်ခြင်း အခွင့်အရေးကို ဆုံးရှုံးကြလိမ့်မည်။ နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခံရခြင်းကို ကျိုးနွံနာခံပြီးဖြစ်သည့် လူအသီးသီးသည် ကယ်တင်ခြင်းအတွက် လုံလောက်သော အခွင့်အရေးကို ရရှိကြလိမ့်မည်။ ဤလူများထဲမှ အသီးသီးနှင့်ဆိုင်သည့် ဘုရားသခင်၏ကယ်တင်ခြင်းသည် သူ၏အစွမ်းကုန် သက်ညှာမှုကို ပြသလိမ့်မည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် အစွမ်းကုန် သည်းခံပေးမှု ပြသခံရကြလိမ့်မည်။ လူတို့သည် လမ်းမှားကို ကျောခိုင်းနေကြသရွေ့၊ ပြီးလျှင် ၎င်းတို့ နောင်တရနိုင်သရွေ့၊ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကိုရရှိရန် အခွင့်အရေးများအား ၎င်းတို့ကို ပေးလိမ့်မည်။ လူသားများက ဘုရားသခင်ကို ပထမဦးဆုံး ပုန်ကန်ကြချိန်တွင်၊ ၎င်းတို့ကို သေခြင်းသို့ပို့ရန် ဘုရားသခင် ဆန္ဒမရှိပေ။ ထို့ထက်၊ ၎င်းတို့ကို ကယ်တင်ရန် သူတတ်နိုင်သမျှအားလုံး လုပ်ဆောင်ခဲ့သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ကယ်တင်ခြင်းအတွက် အမှန်တကယ် အခွင့်အရေး မရှိပါက၊ ဘုရားသခင်သည် ၎င်းတို့ကို ဘေးဖယ်ထားလိမ့်မည် ဖြစ်သည်။ လူအချို့ကို ဘုရားသခင်က အပြစ်ပေးရန် နှေးရသည့် အကြောင်းရင်းမှာ သူသည် ကယ်တင်၍ ရနိုင်သူတိုင်းကို ကယ်တင်လိုသောကြောင့် ဖြစ်သည်။ သူသည် လူတို့ကို နှုတ်ကပတ်တော်များဖြင့်သာ တရားစီရင်သည်၊ အသိဉာဏ်ပွင့်လင်းစေပြီး၊ လမ်းပြကာ၊ ၎င်းတို့ကို သေခြင်းသို့ပို့ရန် လှံတံကို အသုံးမပြုပေ။ လူသားများထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းသည် အမှု၏ နောက်ဆုံးအဆင့်နှင့်ဆိုင်သော ရည်ရွယ်ချက်နှင့် အရေးပါမှု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏” မှ

အတိတ်တွင် လူအချို့သည် မကောင်းမှုများ ပြုခြင်းကြောင့် အသင်းတော်မှ ထုတ်ပယ်ခြင်းခံခဲ့ကြရပြီး ၎င်းတို့၏ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ငြင်းပယ်ခဲ့ကြသည်။ နှစ်အနည်းငယ် လှည့်ပတ်သွားလာပြီးသည့်နောက်တွင်၊ ယခု ၎င်းတို့ ပြန်လာကြပြီး ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို လုံးလုံးလျားလျား မခွဲခွာကြသည်မှာ ကောင်းသည့်အရာ တစ်ခုဖြစ်သည်။ ဤသည်က ၎င်းတို့ကို ကယ်တင်ခြင်းခံရဖို့ အခွင့်အလမ်းတစ်ခုနှင့် မျှော်လင့်ချက် တစ်ခုတို့ကို ပေးသည်။ ၎င်းတို့ ထွက်ပြေးခဲ့ပြီး၊ ယုံကြည်ခြင်းကို ရပ်တန့်ကာ မယုံကြည်သူများကဲ့သို့ဖြစ်လာပါက၊ ၎င်းတို့သည် လုံးလုံး ဘဝဆုံးသွားပြီ ဖြစ်သည်။ ၎င်းတို့က ပြောင်းလဲနိုင်ပါက၊ ၎င်းတို့အတွက် မျှော်လင့်ချက် ရှိသေးသည်။ ဤသည်မှာ ရှားပါးပြီး တန်ဖိုးရှိလှသည်။ ဘုရားသခင် မည်သို့ ပြုမူပါစေ၊ ပြီးလျှင် ဘုရားသခင်သည် လူများကို မည်သို့ ဆက်ဆံပါစေ၊ မုန်းပါစေ သို့မဟုတ် စက်ဆုပ်ပါစေ၊ ၎င်းတို့ ပြောင်းလဲနိုင်သည့်နေ့ရက်အချိန် ရောက်လာပါက၊ ဤသည်က ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် နေရာအနည်းငယ် ရှိဆဲဖြစ်ကြောင်း၊ ၎င်းတို့သည် ၎င်းတို့၏ လူ့အသိစိတ် သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝ လုံးလုံး မဆုံးရှုံးသေးကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လိုဆဲ ဖြစ်ပြီး သူ့ကို အသိအမှတ်ပြုဖို့နှင့် သူ့ရှေ့မှောက် ပြန်လာဖို့ အနည်းဆုံးအနေဖြင့် ရည်ရွယ်ချက်အချို့ ရှိကြောင်းကို ဆိုလိုမည် ဖြစ်သည့်အတွက် ငါသည် အလွန်ကျေနပ်မည်ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်ကို မည်သူစွန့်ခွာပါစေ၊ ၎င်းတို့ပြန်လာပြီး ဤမိသားစုကို ချစ်ခင်ဆဲဖြစ်ပါက၊ ငါသည် အတော်အတန် သံယောဇဉ်ရှိစွာ တွယ်တာလာပြီး ယင်းတွင် ကျေနပ်မှုအချို့ ရလိမ့်မည် ဖြစ်သည်။ သို့သော် ၎င်းတို့ မည်သည့်အခါမျှ မပြန်လာပါက၊ ငါသည် ယင်းကို သနားစဖွယ်အဖြစ် တွေးမိမည်။ ၎င်းတို့ ပြန်လာနိုင်ပြီး ဘုရားသခင်ကို ရိုးသားစွာ စတင်ယုံကြည်နိုင်ပါက၊ ငါ့စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းဖြင့် အထူးသဖြင့် ပြည့်နှက် နေလိမ့်မည်။ သင်ထွက်သွားသည့်အခါ၊ သင်သည် သေချာပေါက် အတော်အတန် အပျက်သဘောဆောင်နေခဲ့ပြီး၊ သင်သည် ဆိုးရွားသည့် အခြေအနေတစ်ခုတွင် ရှိနေခဲ့သည်။ သို့ရာတွင် သင်ယခု ပြန်လာနိုင်ပါက၊ သင်သည် ဘုရားသခင်၌ ယုံကြည်မှုရှိဆဲဖြစ်သည်ကို သက်သေပြနေသည်။ သို့သော် လူများသည် အလွန်လျင်မြန်စွာ ပြောင်းလဲကြသောကြောင့်၊ သင် ရှေ့ဆက်နိုင်ခြင်း ရှိမရှိကမူ မသိရသည့် အကြောင်းရင်း တစ်ခုဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင်၊ ယေရှုသည် လူသားများအတွက် သနားပြီး ကျေးဇူးတော် ထားရှိခဲ့သည်။ သိုးတစ်ရာထဲမှ တစ်ကောင် ပျောက်ဆုံးသွားပါက၊ တစ်ကောင်ကို ရှာဖွေဖို့ ကိုးဆယ့်ကိုးကောင်ကို သူထားခဲ့မည် ဖြစ်သည်။ ဤစာကြောင်းသည် သဘာဝလှုပ်ရှားမှုနှင့် ကျိုးကြောင်း ဆက်စပ်သော နည်းစနစ်တစ်မျိုး သို့မဟုတ် စည်းမျဉ်းတစ်ခုကို ကိုယ်စားမပြုပေ။ ယင်းက လူများကို ကယ်တင်ဖို့ ဘုရားသခင်၏ အရေးပေါ်ရည်ရွယ်ချက်အပြင်၊ ၎င်းတို့အတွက် သူ၏ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာကို ပြသသည်။ ယင်းက အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခု မဟုတ်ပေ။ ယင်းက စိတ်သဘောထားတစ်မျိုး စိတ်နေစိတ်ထားတစ်မျိုးဖြစ်သည်။ ထိုသို့ဖြင့် လူအချို့က ခြောက်လ တစ်နှစ်ကြာ ထွက်ခွာသွားသည် သို့မဟုတ် အားနည်းချက်မည်မျှရှိပါစေ သို့မဟုတ် နားလည်မှုလွဲခြင်း မည်မျှ ခံစားရပါစေ၊ သို့ရာတွင် နောက်ပိုင်းတွင် စစ်မှန်မှုကို နားလည်သဘောပေါက်နိုင်စွမ်း၊ အသိပညာရနိုင်စွမ်းနှင့် ပြောင်းလဲနိုင်စွမ်း၊ လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်နိုင်စွမ်းတို့က ငါ့ကို အထူးသဖြင့် နှစ်သိမ့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ် ဖြစ်စေသည်။ ဤပျော်ရွှင်မြူးထူးပြီး ထည်ဝါသည့် ကမ္ဘာလောကြီးတွင်၊ ဤဆိုးယုတ်သော ခေတ်တွင် ခိုင်မာစွာရပ်တည်နိုင်ခြင်း၊ ဘုရားသခင်ကို အသိအမှတ်ပြုနိုင်ခြင်းနှင့် လမ်းကြောင်းမှန်ပေါ်သို့ ရောက်နိုင်ခြင်းတို့က နှစ်သိမ့်မှုအနည်းငယ်နှင့် စိတ်လှုပ်ရှားမှုတို့ကို ဖြစ်စေသည့်အရာများ ဖြစ်လေသည်။ ကလေး ကျွေးမွေးပြုစုခြင်းကို ဥပမာကြည့်လော့။ ၎င်းတို့သည် သားသမီးဝတ်ကျေပွန်သည် ဖြစ်စေ မကျေပွန်သည်ဖြစ်စေ၊ ၎င်းတို့က သင့်ကို အသိအမှတ်မပြုဘဲ၊ နေအိမ်မှ ထွက်ခွာသွားကာ လုံးဝမပြန်လာပါက သင်မည်သို့ ခံစားရမည်နည်း။ စိတ်ထဲတွင် သင်သည် ၎င်းတို့နှင့်ပတ်သက်၍ စိုးရိမ်စိတ်ခံစားနေရဆဲ ဖြစ်ပြီး သင်က “ငါ့သားလေး မည်သည့်အချိန်တွင် ပြန်လာမည်နည်း။ ငါသူ့ကို တွေ့ချင်သည်။ အမှန်တော့ သူသည် ငါ၏သားဖြစ်ပြီး သူ့ကို ငါကျွေးမွေးပြုစုပြီး ချစ်ခဲ့သည်မှာ အချည်းနှီးမဖြစ်လောက်ပေ။” ဟု အမြဲ တွေးနေလိမ့်မည်။ သင်သည် ဤနည်းဖြင့် အမြဲတွေးခဲ့သည်။ သင်သည် ထိုနေ့ရက် ရောက်လာဖို့ အစဉ် တောင့်တနေခဲ့သည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ လူတိုင်းက တစ်ထေရာတည်း ခံစားကြရသည်။ ဤခေတ်လူများသည် ဝိညာဉ်ရင့်ကျက်မှု နုနယ်ကြသော်လည်း၊ ယုံကြည်ဖို့ လိုအင်ဆန္ဒ အနည်းငယ်မျှပင် သိုထားပြီး သူသည် ဘုရားသခင် ဖြစ်သည်ကို ဝန်ခံခြင်းပြုပါမှ၊ ၎င်းတို့ ဘုရားသခင်၏ အလိုတော်ကို နားလည်သည့်နေ့ရက်အချိန် ရောက်လာလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် အမြဲတစေ တောင်းဆိုချက်များ ပြုသည့်လူများသည် ဆင်ခြင်တုံတရား အနည်းဆုံးလူများ ဖြစ်သည်” မှ

ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားရှိ အရေးအကြီးဆုံးသော လက္ခဏာသွင်ပြင်နှစ်ရပ်မှာ အဘယ်နည်း။ (နက်ရှိုင်းသော အမျက်ဒေါသနှင့် သနားကရုဏာ အလျှံပယ် ပြခြင်းဖြစ်ပါသည်။) သို့ရာတွင် ဤအရာများ၏ အဓိကအချက်မှာ အဘယ်နည်း။ အမျက်ဒေါသကို မည်သူခံစားရသနည်း။ ဘုရားသခင်ကို ခုခံသည့်သူများ၊ သမ္မာတရားကို ငြင်းပယ်သည့်သူများနှင့် စာတန်နောက်ကို လိုက်သည့်သူများက ခံစားရပေသည်။ ဘုရားသခင်က စာတန်နောက်ကို လိုက်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားသူများကို မလိုချင်သကဲ့သို့ သစ္စာဖောက်များနှင့် စွန့်ခွာပြေးသူများကိုလည်း မလိုချင်ပေ။ “အားနည်းသည့် အခိုက်အတန့်တွင် ကျွန်ုပ်၏တာဝန်ကို မဆောင်ရွက်ဖို့ ကျွန်ုပ်ရွေးချယ်မိသော်လည်း ကျွန်ုပ်သည် ဘုရားသခင်ကို အမှန်တကယ် မစွန့်ခွာလိုသကဲ့သို့ စာတန်၏ အုပ်စုသို့လည်း မသွားလိုပါ” ဟု လူအချို့က ပြောကြသည်။ ဤသည်မှာ လက်ခံနိုင်ဖွယ် ဖြစ်သလော။ ယင်းကို တားမြစ်ထားသည်ဟု ဆို၍မရနိုင်သော်လည်း အားပေးအားမြှောက်ကား မပြုပေ။ ထိုသို့ငါပြောသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က သင်၏ အားနည်းချက်ကို ကိုင်တွယ်ဖြေရှင်းသည့်အခါတွင် အခြေအနေ ပေါ်မူတည်ကာ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ပြနိုင်သည်ဟု ငါဆိုလိုသည်။ ဘုရားသခင်သည် အလျှံပယ် သနားကရုဏာ ပြည့်ဝ၏။ လူများသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၌ နေထိုင်ပြီး အချို့အခြေအနေများတွင် ၎င်းတို့သည် အားနည်းကာ အပျက်သဘောင်ဆောင်သကဲ့သို့ ပျင်းရိကြမည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ဘုရားသခင်သည် အခြေအနေအရ စီရင်ပြီး လုံးလုံး တိကျမှန်ကန်ခြင်းဖြင့် သင့်ကို ကိုင်တွယ်ဖြေရှင်းသည်။ သင်သည် စွန့်ခွာပြေးသူ မဟုတ်ပါက သူက သင့်ကို ထိုကဲ့သို့ဆက်ဆံမည် မဟုတ်ချေ။ သင်အားနည်းလျှင် သူက သင်၏ အားနည်းချက်အတိုင်း သင့်ကို ကိုင်တွယ်လိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးခြင်းကို တဒင်္ဂတမျှ ဖော်ထုတ်မိပါက၊ သင်သည် တဒင်္ဂတမျှ အားနည်းပါက၊ သို့မဟုတ် သင်သည် ခဏတာမျှ လမ်းပျောက်ပါက ဘုရားသခင်သည် သင့်ကို ဉာဏ်ပွင့်လင်းစေလိမ့်မည်၊ လမ်းပြလိမ့်မည်ဖြစ်ပြီး သင့်ကို ထောက်ပံ့လိမ့်မည်။ ထိုသို့သောလူများအား သမ္မာတရားကို နားမလည်သော ဝိညာဉ်ရင့်ကျက်မှု သေးနုပ်သူများအဖြစ် သူမှတ်ယူလိမ့်မည်၊ အကြောင်းမှာ ၎င်းတို့၏ပြဿနာသည် ၎င်းတို့၏သဘာဝ၊ အဖြစ်နေတို့နှင့် မသက်ဆိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အဘယ့်ကြောင့် ထိုသို့သော လူများကို စွန့်ပစ်ခြင်းအားဖြင့် ကိုင်တွယ်ဖြေရှင်းခြင်း မပြုသနည်း။ ယင်းမှာ ၎င်းတို့က သူ့ကိုဖြစ်စေ၊ သမ္မာတရားကိုဖြစ်စေ မငြင်းပယ်သေးသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် စာတန်နောက်သို့ မလိုက်လိုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အားနည်းသည့် ခဏတာ အခိုက်အတန့်ကိုသာ ပြပြီး ရှေ့မဆက်နိုင်သောကြောင့် ဘုရားသခင်က ၎င်းတို့ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးခြင်းဖြစ်သည်။ သို့ဆိုလျှင် ခဏတာ အားနည်းချက်ကို တွေ့ကြုံပြီး မိမိတို့၏တာဝန်များကို မထမ်းဆောင်နိုင်သော်လည်း နောက်ပိုင်းတွင် ယင်းတို့ကို ဖြည့်ဆည်းဖို့ ပြန်လာသည့် ဤလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ၎င်းတို့ကို လက်ခံသင့်သည်။ အခြေအနေ အသီးသီးသည် သဘာဝအားဖြင့် ကွဲပြားခြားနားသောကြောင့် သင်သည် လူတိုင်းကို ကိုင်တွယ်ဖြေရှင်းဖို့ တူညီသော စည်းမျဉ်းကို အသုံးပြု၍မရနိုင်ပေ။ လူအချို့သည် အားနည်းချက်ကို မခံစားနေရပေ။ ၎င်းတို့သည် အမှန်တကယ် စွန့်ခွာပြေးသူများ ဖြစ်ကြ၏။ သင်သည် ၎င်းတို့ကို ပြန်လက်ခံပါက အလားတူ အရာတစ်ခုဖြစ်ပျက်သည့်အခါ ၎င်းတို့သည် တစ်ဖန် စွန့်ခွာပြေးလိမ့်မည်။ ထိုကဲ့သို့ လူတစ်ဦးသည် ခဏတာ စွန့်ခွာပြေးသူ မဟုတ်ပေ။ ထိုသို့သော လူတစ်ဦးသည် အစဉ် စွန့်ခွာပြေးသူတစ်ဦး ဖြစ်လိမ့်မည်။ ထို့ကြောင့် ဘုရားသခင်သည် ထိုသို့သော လူများကို ကန်ထုတ်ပြီး မည်သည့်အခါမျှ ပြန်မခေါ်ပေ။ အခြားမည်သူကိုမဆို ဘုရားသခင် ကယ်တင်နိုင်သော်လည်း ၎င်းတို့ကို သူမကယ်တင်ချေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ယုံကြည်သူများအားလုံး သမစိတ္တဖြစ်သည့် တာဝန်တစ်ခုဖြစ်သည်” မှ

ဤကဲ့သို့သော လူများမှာ နေရာတကာတွင်ရှိသည်- ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးနှင့်ပတ်သက်၍ သေချာသိပြီးသောအခါ၊ အကြောင်းအမျိုးမျိုးကြောင့် နှုတ်ဆက်စကား တစ်ခွန်းမျှမပြောဘဲ၊ ၎င်းတို့၏ စိတ်နှလုံး အလိုဆန္ဒရှိတိုင်း သွားလုပ်ရန် တိတ်တဆိတ် ထွက်ခွာသွားကြသည်။ ယခုလောလောဆယ်တွင် ဤလူတို့ ထွက်ခွာသွားရသည့် အကြောင်းရင်းများကို ငါတို့ အသေးစိတ် ကြည့်မည်မဟုတ်ပေ။ ဤကဲ့သို့သော လူမျိုးအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်သို့ဖြစ်ကြောင်းကို ပထမဦးစွာ ငါတို့ကြည့်ကြမည်။ ၎င်းမှာ အလွန်ရှင်းပါသည်။ ဤလူတို့ ထွက်သွားသည့် အခိုက်အတန့်မှစ၍ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့၏ ယုံကြည်မှုသက်တမ်း ကုန်လွန်ပြီဖြစ်သည်။ သက်တမ်းကို အဆုံးသတ်ခဲ့သူမှာ ဤလူကိုယ်တိုင်မဟုတ်ဘဲ၊ ဘုရားသခင်သာ ဖြစ်သည်။ ဤလူက ဘုရားသခင်အား စွန့်ခွာခဲ့ခြင်းမှာ ၎င်းတို့သည် ဘုရားသခင်အား ငြင်းပယ်ပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို အလိုမရှိတော့ကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံတော့ကြောင်းကို ဆိုလိုသည်။ ဤသို့သောလူတို့က ဘုရားသခင်ကို အလိုမရှိသည့်အတွက် ဘုရားသခင်က ၎င်းတို့အား အလိုရှိနိုင်ဦးမည်လော။ ထိုမျှမက ဤကဲ့သို့သော လူတို့က ဤသဘောထားမျိုး၊ ဤအမြင်မျိုးကို ပိုင်ဆိုင်ပြီး ဘုရားသခင်ကို စွန့်ခွာရန် ဆုံးဖြတ်လာပြီးသောအခါ၊ ၎င်းတို့သည် ဒေါသပေါက်ကွဲပြီး ဘုရားသခင်ကို ဆဲဆိုခြင်း မရှိခဲ့ကြစေကာမူ၊ ၎င်းတို့သည် ဆိုးညစ်သော သို့မဟုတ် လွန်ကဲသော မည်သည့်အပြုအမူကိုမျှ မပြုခဲ့ကြစေကာမူ၊ ထို့ပြင် ဤလူတို့က “ကျွန်ုပ်သည် အပြင်တွင် အီလောက်သည်အထိ ပျော်ပါးခဲ့ပြီးသော သို့မဟုတ် တစ်စုံတစ်ခုအတွက် ဘုရားသခင်ကို ကျွန်ုပ် လိုအပ်သေးသောတစ်နေ့ ရောက်ရှိလာပါက၊ ကျွန်ုပ်ပြန်လာမည်။ သို့မဟုတ် အကယ်၍ ဘုရားသခင်သည် ကျွန်ုပ်ကို ခေါ်ဆိုပါက ကျွန်ုပ် ပြန်လာမည်။” ဟု စဉ်းစားနေကြသည် သို့မဟုတ် ၎င်းတို့က “ကျွန်ုပ်သည် အပြင်၌ ထိခိုက်နာကျင်သည့်အခါ၊ သို့မဟုတ် အပြင်လောကသည် အလွန်မှောင်မိုက်၍ အလွန်ဆိုးယုတ်ကြောင်းကို ကျွန်ုပ် မြင်သောအခါနှင့် ကျွန်ုပ်သည် အလိုက်သင့်စီးမျောလိုခြင်း မရှိတော့သည့်အခါ ဘုရားသခင်ထံ ကျွန်ုပ်ပြန်လာမည်။” ဟု ပြောကြစေကာမူ၊ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို နှောင့်ယှက်ပြီးဖြစ်သည်။ ဤလူတို့သည် ၎င်းတို့၏စိတ်ထဲတွင် မည်သည့်အချိန် အတိအကျ၌ ၎င်းတို့ပြန်လာမည်ကို တွက်ချက်ထားသော်လည်း၊ ထို့ပြင် ၎င်းတို့သည် ၎င်းတို့၏အပြန်အတွက် တံခါးကိုဖွင့်ထားရန် ကြိုးစားထားသော်လည်း၊ ၎င်းတို့အနေဖြင့် မည်သည့်အရာကို ယုံကြည်ပြီး သို့မဟုတ် မည်သို့ပင် ကြံစည်စေကာမူ၊ ဤအရာအားလုံးမှာ ဆန္ဒအတွေးသက်သက်သာ ဖြစ်ကြောင်းကို ၎င်းတို့ သဘောမပေါက်ကြချေ။ ၎င်းတို့၏ အကြီးမားဆုံးအမှားမှာ ၎င်းတို့ ထွက်ခွာလိုသည့်ဆန္ဒက ဘုရားသခင်ကို မည်သို့ခံစားစေကြောင်း မသဲကွဲခြင်းပင် ဖြစ်သည်။ ဘုရားသခင်ကို စွန့်ခွာရန် သူတို့ ဆုံးဖြတ်ခဲ့သည့် အချိန်မှစ၍ပင်၊ ဘုရားသခင်က ၎င်းတို့ကို လုံးလုံးလျားလျား စွန့်ပစ်လိုက်သည်၊ ထိုစဉ်တွင် ဘုရားသခင်သည် သူ၏စိတ်နှလုံးထဲ၌ ထိုသို့သောလူ၏ အဆုံးသတ်ကို သတ်မှတ်ထားပြီး ဖြစ်သည်။ ယင်းမှာ မည်သည့်အဆုံးသတ်နည်း။ ဤလူသည် သနားစရာ့ သတ္တဝါလေးများထဲမှ တစ်ကောင်ဖြစ်သဖြင့် အခြားသတ္တဝါတို့နှင့်အတူ ပျက်စီးခြင်းသို့ ရောက်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ဦးသည် ဘုရားသခင်ကို စွန့်ပစ်သော်လည်း၊ ပြစ်ဒဏ်ခတ်ခြင်းကို မခံရသည့် ဤအခြေအနေမျိုးကို လူတို့ မကြာခဏ မြင်ရခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် နိယာမများနှင့်အညီ စီမံခန့်ခွဲသည်။ အမှုအရာအချို့ကိုသာ မြင်ရနိုင်ပြီး အခြားအမှုအရာတို့မှာ ဘုရားသခင်၏ စိတ်နှလုံးထဲ၌သာ ဆုံးဖြတ်ချက်ချသောကြောင့်၊ လူတို့သည် ရလဒ်များကို မမြင်နိုင်ကြပေ။ လူတို့အတွက် မြင်ရသောအရာများမှာ အမှုအရာများ၏ စစ်မှန်သောဘက် သေချာပေါက် မဟုတ်ပေ၊ သို့သော်လည်း သင်မမြင်သောဘက်၊ ထိုတစ်ဘက်ခြမ်းတွင် ဘုရားသခင်၏ စစ်မှန်သော ရင်တွင်းဖြစ် အတွေးများနှင့် သုံးသပ်ချက်များ အမှန်ပင် ပါရှိလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ” မှ

(သင်၏သားသမီးများ၊ သင်၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်၏ညီအမများ သို့မဟုတ် မိဘများ စသည်ဖြင့်) ယုံကြည်ခြင်း မရှိသည့် ဆွေမျိုးသားချင်းများကို အသင်းတော်ထဲသို့ အတင်းအကျပ် မသွင်းသင့်ပေ။ ဘုရားသခင်၏အိမ်ထောင်စုသည် အသင်းသားများ နည်းပါးနေခြင်း မရှိသကဲ့သို့၊ အသုံးမဝင်သည့် လူများဖြင့် ယင်း၏ အရေအတွက်ကို ဖန်တီးဖို့မလိုအပ်ပေ။ မယုံကြည်သောသူအားလုံးကို အသင်းတော်ထဲသို့ ဝမ်းမြောက်ဝမ်းသာ ခေါ်မလာရ။ ဤအမိန့်သည် လူခပ်သိမ်းကို ရည်ရွယ်ပေသည်။ ဤကိစ္စရပ်နှင့်ပတ်သက်၍ သင်တို့သည် အချင်းချင်း စစ်ဆေးခြင်း၊ စောင့်ကြည့်ခြင်းနှင့် သတိပေးခြင်းများ ပြုလုပ်သင့်သည်။ မည်သူတစ်ဦးမျှ ယင်းကို ချိုးဖောက်ခွင့်မရှိ။ မယုံကြည်သူ ဆွေမျိုးသားချင်းများသည် အသင်းတော်ထဲသို့ အင်တင်တင်ဖြင့် ဝင်သည့်အခါတွင်ပင် ၎င်းတို့ကို စာအုပ်များ ထုတ်ပေးရမည် မဟုတ်သကဲ့သို့၊ အမည်သစ်လည်း မပေးရ။ ထိုသို့သော လူများသည် ဘုရားသခင်၏ အိမ်ထောင်စုနှင့် မသက်ဆိုင်သကဲ့သို့၊ ၎င်းတို့၏ အသင်းတော်ထဲသို့ ဝင်ရောက်ခြင်းကို လိုအပ်သည့် မည်သည့်နည်းဖြင့်မဆို ရပ်တန့်စေရမည်။ မကောင်းဆိုးဝါးများ၏ ကျူးကျော်ဝင်ရောက်မှုကြောင့်၊ အသင်းတော်အပေါ် ဒုက္ခကျရောက်သည်ရှိသော်၊ သင်ကိုယ်တိုင်သည် ထုတ်ပယ်ခြင်း ခံရလိမ့်မည် သို့မဟုတ် သင့်အပေါ် ကန့်သတ်ချက်များ ထားရှိခံရလိမ့်မည်။ တိုတိုပြောရလျှင်၊ ဤကိစ္စရပ်၌ အယောက်တိုင်းတွင် တာဝန်ရှိသည်၊ သို့သော် သင်သည် မဆင်မခြင် မပြုသင့်သကဲ့သို့ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်များကို ပြန်ချေပခြင်းများအတွက်လည်း ယင်းကို အသုံးမပြုသင့်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

အသင်းတော်ထဲသို့ ယုံကြည်သူသစ်များကို လက်ခံခြင်းအတွက် အခြေခံသဘောတရားများမှာ- ၎င်းတို့ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သရွေ့၊ ၎င်းတို့အနေဖြင့် မျှော်လင့်ချက်တစ်စသာ ရှိလျှင်ပင် သို့မဟုတ် ကယ်တင်ခံရဖို့ အခွင့်အရေးတစ်ခုသာ ရှိလျှင်ပင်၊ ၎င်းတို့ကို အသင်းတော်ထဲသို့ လက်ခံသင့်ဆဲဖြစ်ပြီး လုံးဝ မဖယ်ထုတ်သင့်ပေ။ လူသားမျိုးနွယ်တစ်ရပ်လုံးသည် စာတန်၏ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခြင်း ခံရနှင့်ပြီးဖြစ်ကာ အနည်းငယ်ကသာ ကောင်းမွန်သော လူ့သဘာဝရှိသောကြောင့်၊ အသင်းတော်ထဲသို့ လူတို့ကို လက်ခံခြင်းအတွက် စံနှုန်းမှာ အလွန် မမြင့်မားသင့်ပေ။ ၎င်းတို့သည် မကောင်းမှုပြုသူများ သို့မဟုတ် နားဝေတိမ်တောင်ဖြစ်သော လူများမဖြစ်ပါက၊ ပြီးလျှင် အနန္တတန်ခိုးရှင် ဘုရားသခင်က လူ့ဇာတိခံ ဘုရားသခင်ဖြစ်သည်ကို ၎င်းတို့ ယုံကြည်ပါက၊ ၎င်းတို့ကို အသင်းတော်ထဲသို့ လက်ခံသင့်ပေသည်။ ၎င်းတို့သည် အလုပ်သမားများ၊ လယ်သမားများဖြစ်စေ၊ ကျောင်းဆရာများ၊ သိပ္ပံဆိုင်ရာနှင့် နည်းပညာဆိုင်ရာ အမှုထမ်းများဖြစ်စေ၊ အစိုးရ ဝန်ထမ်းများ ဖြစ်သည်ဖြစ်စေ၊ ၎င်းတို့အားလုံးကို မည်သည့် ဘက်လိုက်ခြင်းမျှမရှိဘဲ တန်းတူကဲ့သို့ ကျွန်ုပ်တို့ ဆက်ဆံရမည်။ ထိုအမာခံအဖွဲ့သားများ၊ သိပ္ပံဆိုင်ရာနင့် နည်းပညာဆိုင်ရာ သို့မဟုတ် ပညာရေးဆိုင်ရာ အမှုထမ်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့လည်းကောင်း၊ သမ္မာတရားကို နားလည်ဖို့လည်းကောင်း လမ်းညွှန်ရာတွင် ကျွန်ုပ်တို့အနေဖြင့် အထူးသဖြင့် ထူးကဲသော သည်းခံခြင်း ရှိရပေမည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော လူတို့အတွက် သမ္မာတရားထဲသို့ ဝင်ရောက်ဖို့ သာ၍ ခက်ခဲသောကြောင့်၊ ၎င်းတို့နှင့် သက်ဆိုင်သည့် ကျွန်ုပ်တို့၏ မျှော်လင့်ချက်များသည် အလွန်မမြင့်မား သို့မဟုတ် မတင်းကျပ်ရ။ ကျွန်ုပ်တို့သည် ဤလူများအတွက် အမှန်တကယ် ချစ်ခြင်းမေတ္တာရှိပါက၊ ၎င်းတို့ကို ကျွန်ုပ်တို့ မကြာခဏ ဆက်သွယ်သင့်ပြီး၊ ကျွန်ုပ်တို့၏ အကူအညီကို ၎င်းတို့အား ပေးသင့်ပေသည်။ ဤလူများအနေဖြင့် သမ္မာတရားထဲ ဝင်ရောက်ပြီး ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ဖို့ သာမန်လူတို့ထက် သာ၍ ရှည်ကြာသော အချိန်ကာလတစ်ခု လိုအပ်လေ့ရှိသော်လည်း၊ သမ္မာတရားထဲသို့ ၎င်းတို့ အမှန်တကယ် ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့အားလုံးသည် အသုံးဝင်သော ပင်ကိုစွမ်းရည်ရှိသူများ ဖြစ်လာကြသည်။ ပေးဆပ်ခြင်းမရှိဘဲ ပင်ကိုစွမ်းရည်ကို ပြုစုပျိုးထောင်ခြင်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။

လူသစ်များကို အသင်းတော်ထဲတွင် လက်ခံသည်နှင့်အမျှ၊ ထုံးစံအတိုင်း အသင်းတော် ခေါင်းဆောင်များနှင့် သင်းထောက်များ၏ ထောက်ခံမှုကို ရရှိဖို့ လုံလောက်ပေသည်။ အထူး အခြေအနေများတွင် အသင်းတော် လူထုတစ်ခုလုံး၏ အတည်ပြုချက်ကို လိုအပ်၏။ အကယ်၍ လူအချို့သည် ယုံကြည်သူသစ်တစ်ဦးကို လက်ခံခြင်းနှင့်ပတ်သက်၍ သဘောမတူပါက၊ ထိုယုံကြည်သူသည် အစမ်းလက်ခံကာလတစ်ခုကို ကြုံရမည်ဖြစ်သည်။ အစမ်းလက်ခံကာလတွင် ၎င်းတို့ ရှိနေချိန်တွင်၊ ၎င်းတို့ကို မိတ်ဆက်ပေးသောသူ သို့မဟုတ် ၎င်းတို့ကို ဧဝံဂေလိ ဖြန့်ဝေခဲ့သူတစ်ဦးသည် ၎င်းတို့နှင့် အလျဉ်မပြတ် ဆက်သွယ်မြဲ ဆက်သွယ်သင့်ပြီး၊ ၎င်းတို့နှင့်အတူ မိတ်သဟာယပြုမြဲပြုသင့်ပေသည်။ အပြန်အလှန်ဆက်ဆံမှု တစ်ခုတစ်လေအတွင်းတွင်၊ လူသစ်အား အသေးစိတ် အကဲခတ်ခြင်းကို ပြုလုပ်သင့်သည်။ ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သည့်သူအဖြစ် အတည်ပြုပါက၊ ၎င်းတို့ကို အသင်းတော်ထဲတွင် လက်ခံနိုင်သည်။ အသင်းတော်ထဲသို့ လူတို့ကို လက်ခံခြင်းအလုပ်သည် အစွန်းရောက်၍ မရပေ။ မကောင်းမှု ပြုသူများနှင့် နားဝေတိမ်တောင်ဖြစ်သော လူတို့ကိုသာ ကန့်သတ်သင့်ပေသည်။ လူအများစုကို လက်ခံသင့်ပြီး၊ အထူး ကိစ္စရပ်များတွင်သာ နောက်ထပ် ဆွေးနွေးမှုနှင့် အသင်းတော်၏ ထောက်ခံချက် လိုအပ်သင့်ပေသည်။

အသင်းတော်ထဲသို့ လူတို့ကို လက်ခံခြင်းအား သတိရှိစွာ ဆောင်ရွက်သင့်သည်။ အသင်းတော်အပေါ် မှီခိုနေထိုင်လိုသည့် ထိုမကောင်းမှုပြုသူများ၊ ဖောက်ပြားမှုကို မကြာခဏ ကျူးလွန်သော သူများ၊ သို့မဟုတ် အလွန့်အလွန် မာနထောင်လွှားသော သူတို့ကို အသင်းတော်တွင် ပါဝင်ပူးပေါင်းခြင်းမှ တားဆီးရမည်။ ပေါ့ပျက်ပျက် လုပ်ဆောင်ကာ ပြက်တီးပြက်ချော်လုပ်ရန်သာ ရှိသည့် မယုံကြည်သူများလည်း ရှိသည်။ ဤသူတို့ကိုလည်း အသင်းတော်တွင် ပါဝင်ပူးပေါင်းခြင်းမှ တားဆီးရမည်။ ထိုသို့သော လူတို့သည် သမ္မာတရားကို မချစ်ကြသောကြောင့်၊ ၎င်းတို့ အသင်းတော်တွင် ပါဝင်ခဲ့ကြလျှင်ပင်၊ အဆုံးထိ နောက်လိုက်များ ဖြစ်နေနိုင်ဆဲဖြစ်မည် မဟုတ်ပေ။ အသင်းတော်ထဲတွင် ဤသည်တို့မှာ နောက်ဆုံးတွင် လက်လျှော့ကြသည့် လူစားမျိုးများ ဖြစ်သည်။ ထို့အပြင် သူလျှိုလုပ်ဖို့ လာသည့်သူများမှ အသင်းတော်ထဲသို့ ထိုးဖောက်ဝင်ရောက်မှုကိုလည်း ကျွန်ုပ်တို့ တားဆီးရမည်ဖြစ်သည်။ အသင်းတော်အနေဖြင့် အောက်ပါ လူသုံးမျိုးကို အသင်းတော်တွင် ပါဝင်ပူးပေါင်းခြင်းမှ အဓိက တားဆီးရမည်- အမျိုးအစားတစ်ခုမှာ အလွန် ဆိုးယုတ်၊ ဆိုးညစ်ပြီး ယုတ်ညံ့သည်မှာ အသင်းတော်က ၎င်းတို့ကို လုံးဝ လက်မခံနိုင်သည့် သူများပါဝင်သည်။ နောက်ထပ် အမျိုးအစားမှာ အသင်းတော်ကို ထိုးဖောက်ဝင်ရောက်ရန် ဆန္ဒရှိပြီး၊ အသင်းတော်က လုံးဝ လက်မခံနိုင်သည့် သူလျှိုများ ပါဝင်သည်။ နောက်ဆုံးအမျိုးအစားမှာ ဘုရားသခင်ကို စစ်မှန်စွာ မယုံကြည်သည့်သူများပါဝင်ပြီး၊ အသင်းတော်ထဲသို့ လက်ခံထားလျှင်ပင်၊ ဤလူများသည် အနှေးနှင့်အမြန် လက်လျှော့ကြလိမ့်မည်၊ ထို့ကြောင့် ၎င်းတို့ကို အသင်းတော်က လုံးဝ လက်မခံရ။

အလုပ်အစီအစဉ်များ မှ

ဘုရားသခင်၏ အိမ်တော်၌ ယခုတွင် စည်းမျဉ်းတစ်ခု ရှိ၏- ယုံကြည်သူသစ်အားလုံးသည် မိမိတို့၏ ကိုယ်ပိုင် ဆန္ဒများဖြင့် လုပ်ဆောင်ကာ မည်သည့်အခါတွင်မျှ ထိုသို့လုပ်ဆောင်ခြင်းအား နောင်တမရမည်ကို ဖော်ပြလျက်၊ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြောင်း သက်သေပြရင်း၊ အသင်းတော်တွင် ပါဝင်ဖို့ လျှောက်လွှာတစ်ခုကို ရေးသားရမည်။ သင်၏ လျှောက်လွှာကို ရေးသားပြီးနောက်တွင်၊ ဘုရားသခင်၏ အိမ်တော်သည် အသင်းတော်တွင် ပါဝင်ဖို့ သင့်ကို ခွင့်ပြုခြင်းရှိမရှိဆိုသည်ကို ချင့်တွက်ဖို့ သင်၏ အပြုအမူကို အသုံးပြုလိမ့်မည်ဖြစ်သည်။ လျှောက်လွှာတစ်ခုကို သင် မရေးသားပါက၊ ဘုရားသခင်၏ အိမ်တော်သည် ထိုသို့ လုပ်ဆောင်ဖို့ သင့်ကို တိုက်တွန်းလိမ်မည်မဟုတ်ဘဲ၊ သင့်ကို ဆုံးဖြတ်ချက်ချဖို့လိုသေးသည့် သူတစ်ဦးအဖြစ်မျှ သဘောထားလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အိမ်တော်အတွက် လုပ်ဆောင်ရန် မှန်ကန်သောအရာ ဖြစ်သည် မဟုတ်လော။ ထိုသို့လုပ်ဆောင်ခြင်းက လူတို့အား ပြည့်စုံသော ယုံကြည်ခြင်း လွတ်လပ်မှု ပေးသည်၊ ယင်းသည် ရွေးချယ်မှုကို ၎င်းတို့၏ လက်များထဲသို့ လုံးဝ ထားရှိပြီး၊ အကျပ်ကိုင်ခံရခြင်း ခံစားချက် တစ်ခုတစ်လေကို ရှောင်ရှားလေသည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပါက၊ လူသားနှင့် သက်ဆိုင်သည့် ကယ်တင်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ဖို့ ဘုရားသခင် လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သင် ဆုံးဖြတ်ပြီးသည်နှင့်တစ်ပြိုင်နက် အသင်းတော်ကို သင် ပူးပေါင်းသင့်ပေသည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ အမှန်တကယ် ချီဆောင်ခံရလိမ့်မည်ဖြစ်ပြီး၊ ထိုအခါမှသာ ဘုရားသခင်က သင့်ကို သူ့အိမ်တော်၏ အိမ်တော်သား တစ်ဦးအဖြစ် အသိအမှတ်ပြုလိမ့်မည်။ အသင်းတော်ကို သင် မပူးပေါင်းပါက၊ ဘုရားသခင်၏ အမြင်တွင် သင်သည် ပွဲကြည့်ပရိသတ် တစ်ဦးမျှ၊ မယုံကြည်သူတစ်ဦးမျှသာ ဖြစ်သည်။ သင်သည် အသင်းတော်အတွက် အားထုတ်မှု အနည်းငယ် ပြုလုပ်ကောင်း ပြုလုပ်နိုင်မည် ဖြစ်သော်လည်း၊ ယာယီ အစေခံတစ်ဦးသာ ဖြစ်မြဲဖြစ်ပေမည်။ အသင်းတော်နှင့် ပူးပေါင်းရန် မလိုလားကြသူ အားလုံးသည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြသကဲ့သို့၊ ဘုရားသခင်ကလည်း အသိအမှတ်မပြုဟု ပြောဆိုခြင်းက မှန်ကန်တိကျပေသည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အချို့သော လူတို့သည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်း ခံကြရ၏။ ဤအရာက ၎င်းတို့ ထုတ်ဖော်ခံရပြီးဖြစ်ကာ ဖယ်ရှင်းသုတ်သင်ခံရပြီး ဖြစ်သည် သို့မဟုတ် ၎င်းတို့ သန့်စင်ခံရပြီးဖြစ်ကာ စုံလင်စေခြင်းခံရပြီး ဖြစ်သည်ဟု ပြသလော။ ၎င်းတို့ မည်သည့်လူစားမျိုး ဖြစ်သည်ဆိုသည့်အပေါ် မူတည်သည်နှင့်အညီ ဤနေရာတွင် “လူတိုင်းအတွက် သင့်တော်သည်” ဟူသည့် စည်းမျဉ်းမရှိပေ။ ၎င်းတို့သည် နတ်ဆိုးတစ်ကောင်၊ သမ္မာတရားကို မချစ်သည့်သူ တစ်ဦးဖြစ်ပါက၊ ယင်းက ၎င်းတို့ ထုတ်ဖော်ပြခံရကာ ဖယ်ရှင်းသုတ်သင်ခံရပြီးဖြစ်သည်ဟု ပြသပေသည်။ သမ္မာတရားကို ၎င်းတို့ နှစ်သက်ပါက၊ ၎င်းတို့၏ အဖမ်းဆီးခံရခြင်းသည် စမ်းသပ်မှုတစ်ခုဖြစ်သည်။ ၎င်းတို့ ဖမ်းဆီးခံရပြီးနောက်တွင်၊ အချို့သော လူတို့သည် “ထွက်ဆိုချက် သုံးချက်” (နောင်တရခြင်း ထွက်ဆိုချက်၊ အာမခံနှင့်သက်ဆိုင်သည့် ထွက်ဆိုချက်နှင့် အဆက်ဖြတ်ခြင်းနှင့်သက်ဆိုင်သည့် ထွက်ဆိုချက်) ကို လက်မှတ်ထိုးပြီး၊ ထို့နောက်တွင် ဘုရားသခင်က ၎င်းတို့ကို ဖယ်ရှင်းသုတ်သင်သည်ဟုပင် ပြောသောသူများ ရှိကြသည်— သို့သော် ဘုရားသခင်၏ အိမ်တော်သည် ထိုသို့ မယုံကြည်ပေ။ သမ္မာတရားကို ၎င်းတို့ ချစ်ကြပြီး ကောင်းမွန်သော လူ့သဘာဝ ရှိပါက၊ ၎င်းတို့ကို ဘုရားသခင်က အခွင့်အရေးတစ်ခု ပေးလိမ့်ဦးမည် ဖြစ်သည်။ ဤသည်မှာ အပြစ်တစ်ခုတည်းနှင့် ကျရှုံးခြင်းနှင့် လဲကျခြင်း ဖြစ်ရပ်တစ်ခုတည်းသာ ဖြစ်ကာ၊ ၎င်းတို့ကို အသင်းတော်က ကြိုဆိုလက်ခံလိမ့်ဦးမည် ဖြစ်သည်။ အခြားသော ညီအစ်ကို မောင်နှမများကို ဖမ်းဆီးဖို့ အဆင်းနီသော နဂါးကြီးအား ဦးဆောင်သောသူတို့အတွက်မှာမူ ပွဲသိမ်းသွားပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့က “ထွက်ဆိုချက် သုံးချက်” ကို လက်မှတ်ထိုးခြင်းနှင့်ဆိုင်သည့် ပြဿနာမျှ မဟုတ်ပေ။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီးနှင့် လက်တွဲကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်သည့် ခိုင်လုံသော လုပ်ရပ်များ ဆောင်ရွက်ကြပြီးဖြစ်ကာ ယင်းသည် အားနည်းချက်မဟုတ်ဘဲ၊ အကြွင်းမဲ့ သစ္စာဖောက်ဖျက်မှု ဖြစ်သည်။ ထိုသို့သော လူများသည် လုံးဝ အပြီးသတ်သွားပြီဖြစ်ပြီး ဘုရားသခင်၏ အိမ်တော်သည် ၎င်းတို့ကို အလိုမရှိ၊ အပြတ်ဖြစ်သည်။ “ထွက်ဆိုချက် သုံးချက်”ကို လက်မှတ်ထိုးသော်လည်း၊ ညီအစ်ကို မောင်နှမများကို သစ္စာမဖောက်သည့်သူများ သို့မဟုတ် ညီအစ်ကို မောင်နှမများကို ဖမ်းဆီးဖို့ အဆင်းနီသော နဂါးကြီးကို ဦးမဆောင်သည့် သူတို့အတွက်မူ၊ ၎င်းတို့သည် ကောင်းမွန်သော လူ့သဘာဝရှိပြီး သမ္မာတရားကို ချစ်ကြပါက၊ ဘုရားသခင်၏ အိမ်တော်သည် ၎င်းတို့ကို နောင်တရဖို့ နောက်ထပ် အခွင့်အရေး ပေးလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ကို အသင်းတော်ထဲတွင် ကြိုဆိုလိမ့်ဦးမည် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ မလိုက်စားသကဲ့သို့ ညံ့ဖျင်းသော လူ့သဘာဝ ရှိပါက— ၎င်းတို့ ကောက်ကျစ်စဉ်းလဲကြပါက— ၎င်းတို့ကို ဘုရားသခင်၏ အိမ်တော်က အလိုမရှိသကဲ့သို့၊ ၎င်းတို့သည် လုံးဝ ထုတ်ဖော်ပြခံရကာ ဖယ်ရှင်းသုတ်သင်ခံရပြီးဖြစ်ပေလိမ့်မည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီပေသည်။ တူညီသော အရာသည် မတညီကွဲပြားသောလူတို့ထံ ဖြစ်ပျက်သည့်အခါ၊ ခွဲခြားခြင်းကို ပြုလုပ်ရမည်- လူတို့၏ သဘာဝ အနှစ်သာရအပေါ် အခြေပြု၍ ဆုံးဖြတ်ချက် ချမှတ်ရမည်ဖြစ်သည်။ ယင်းသည် သမ္မာတရားကို လိုက်စားသည့်တစ်ဦးထံ ဖြစ်ပျက်သည့်အခါ၊ လူများက ယင်းကို အပျက်သဘောဆောင်စွာ ရှုမြင်ကြသော်လည်း— အမှန်တွင် ဘုရားသခင်၏အလိုတော်သည် အကျိုးပြုပေသည်။ သူက ၎င်းတို့အား သန့်စင်ပေးပြီး စုံလင်နေစေသည်၊ သို့မဟုတ်ပါက ၎င်းတို့အား စမ်းသပ်နေပြီး စစ်ဆေးနေသည်။ ထိုတူညီသောအမှုကိစ္စက သမ္မာတရားကို မချစ်သောသူ တစ်ဦးထံ ဖြစ်ပျက်သည့်အခါ၊ ယင်းမှာ ထုတ်ဖော်ပြခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်းဟု ဆိုလိုပေသည်။ အချို့သော လူတို့က၊ “ယခင်က သမ္မာတရားကို ကျွန်ုပ် မချစ်ခဲ့သော်လည်း၊ ဤထုတ်ဖော်ပြခြင်းကို ကျွန်ုပ် ရင်ဆိုင်ခဲ့ရချိန်တွင်၊ ကျွန်ုပ် နိုးထခဲ့သည်။ ကျွန်ုပ် နောင်တရကာ သမ္မာတရားကို စတင် လိုက်စားရမည်” ဟု ပြောကြသည်။ ဤသည်မှာ လက်ခံနိုင်စရာဖြစ်သော်လည်း၊ အချိန်ကြာပြီးသည့်နောက်တွင် သင် ပြောင်းလဲပြီးခြင်း ရှိမရှိဆိုသည်ကိုလည်း ဘုရားသခင် ကြည့်ရပေမည်။ သင်သည် အမှန်တကယ် နောင်တရပြီး ပြောင်းလဲပြီးဖြစ်ပါက၊ ထိုအချိန်က သင်၏ ထုတ်ဖော်ပြခံရခြင်းသည် သင့်အတွက် သုတ်သင်ဖယ်ရှင်းခြင်းအဖြစ် မဆိုလိုပေ။ ယင်းသည် နောက်ဆုံးသော ကယ်တင်ခြင်းဖြစ်ပြီး၊ ဤကိစ္စရပ်သည် ကောင်းသော အလှည့်အပြောင်းတစ်ခု ဆောင်ယူပြီး ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို နားလည်သောသူတို့သည် အခြားသူတို့ကို ဆက်ဆံပုံတွင် အခြေခံသဘောတရားနှင့်ညီ၏၊ ၎င်းတို့သည် ထူးခြားမှုများ ပြုလုပ်ကြပြီး၊ ကျိုးကြောင်းမမြင်ဘဲ မရှုတ်ချပေ သို့မဟုတ် အမြန် ကောက်ချက် မချပေ။ အချို့သော လူကောင်းများသည် သမ္မာတရားကို နားမလည်သကဲ့သို့ မကြာခဏ အားနည်းပြီး ချစ်ခင်သော အားပေးမှု လိုအပ်သည့်အတွက်၊ အမြန် ကောက်ချက်ချခြင်းသည် တစ်ခါတစ်ရံ လူကောင်းများကို ဟန့်တားနှောင့်ယှက်နိုင်သည် သို့မဟုတ် ထိခိုက်နစ်နာစေနိုင်သည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

ယခင်က၊ အသင်းတော်၏ ကြီးမားသော ထုတ်ပယ်ခြင်းများ အတွင်းတွင်၊ အတော်အတန် နည်းပါးသော လူတို့သည် ရှင်းထုတ်ခံခဲ့ရသည် သို့မဟုတ် နှင်ထုတ်ခံခဲ့ရသည်။ ၎င်းတို့ထဲမှ အချို့သည် သေချာပေါက် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြသော လူများ ဖြစ်ပြီး နောင်တ အရိပ်လက္ခဏာပြသကာ ၎င်းတို့၏ ယုံကြည်ခြင်းတွင် မဆုတ်မနစ် ရှိကြဆဲ ဖြစ်သည်။ အသင်းတော်သည် ဤလူတို့ကို နောက်ထပ် အခွင့်အရေး ပေးသင့်ပြီး၊ ၎င်းတို့ကို ပြန်လက်ခံသင့်သည်။ အောက်ပါ အခြေအနေများကို ရည်ညွှန်းချက်အတွက် အသုံးပြုနိုင်သည်။

၁။ မိမိတို့၏ တာဝန်များကို မထမ်းဆောင်ခြင်းကြောင့် သို့မဟုတ် စုဝေးခြင်းများကို သိပ်မကြာမကြာ တက်ရောက်ခြင်း မရှိသောကြောင့် အသင်းတော်မှ နုတ်ပယ်ခံရသည့် လူများအတွက်၊ ၎င်းတို့သည် စစ်မှန်သော နောင်တ အရိပ်လက္ခဏာများ ပြသပါက၊ ၎င်းတို့ကို အသင်းတော်ထဲသို့ ပြန်လက်ခံနိုင်ပေသည်။

၂။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော်လည်း၊ အချို့သော အပြစ်ကို ကျူးလွန်မိခြင်းကြောင့် နှင်ထုတ်ခံခဲ့ရသည့် လူများအတွက် (ယင်းက နှင်ထုတ်ခံရခြင်းအတွက် စံများ ပြည့်မီရန်မှာ အမှန်တကယ်တွင် မလုံလောက်ပေ)၊ ၎င်းတို့ကို အသင်းတော်ထဲသို့ ပြန်လည် လက်ခံနိုင်ပေသည်။

၃။ သမ္မာတရားကို မလိုက်စားခြင်းကြောင့်နှင့် မိမိတို့၏ ယုံကြည်ခြင်းတွင် နားဝေတိမ်တောင်ဖြစ်ခြင်းကြောင့် နုတ်ပယ်ခံခဲ့ရသည့် လူများအတွက်၊ ၎င်းတို့သည် အတော်အတန် ကောင်းမွန်သော လူ့သဘာဝရှိပြီး၊ ဆိုးယုတ်သော လူများ မဟုတ်ပါက၊ ၎င်းတို့သည် လတ်တလောတွင် စစ်မှန်သော နောင်တ အရိပ်လက္ခဏာများ ပြသနေကြပါက၊ ၎င်းတို့ကို အသင်းတော်ထဲသို့ ပြန်လက်ခံနိုင်သည်။

၄။ ညံ့ဖျင်းသည့် လူ့သဘာဝရှိသောကြောင့်နှင့် မလျော်မကန် ပြုမူခြင်းကြောင့် အသင်းတော်မှ နှင်ထုတ်ခံခဲ့ရသည့် လူများအတွက်မူ၊ ၎င်းတို့သည် မိမိတို့၏ ဧဝံဂေလိ ဖြန့်ဝေခြင်းတွင် တစ်လျှောက်လုံး ဇွဲကောင်းကြပြီးဖြစ်ကာ စစ်မှန်သော နောင်တ အရိပ်လက္ခဏာများ ပြသပြီးဖြစ်ပါက၊ ၎င်းတို့ကို အသင်းတော်ထဲသို့ ပြန်လည် လက်ခံနိုင်ပေသည်။ ထိုသို့သော လူများသည် အသင်းတော်သို့ ပြန်လာကြပါက၊ ၎င်းတို့သည် လိမ္မာရမည်။ ထို့အပြင် ခေါင်းဆောင်များအဖြစ် ဆောင်ရွက်ဖို့ ခွင့်ပြုခံရလိမ့်မည် မဟုတ်ပေ။

အထက်တွင် ဆိုခဲ့ပြီးဖြစ်သော အတန်းအစားများတွင် အကျုံးဝင်သည့် လူတို့နှင့် စပ်လျဉ်း၍၊ ၎င်းတို့၏ အခြေအနေများနှင့် သက်ဆိုင်သည့် သိနားလည်မှု တစ်ခု ရရှိဖို့နှင့် မှန်ကန်ကြောင်း အတည်ပြုရန် အသင်းတော်က တစ်စုံတစ်ဦးကို စေလွှတ်သင့်ပေ။ ထိုသို့သော လူများသည် အသင်းတော်သို့ ပြန်လာဖို့ မိမိတို့၏ စိတ်ဆန္ဒတွင် စစ်မှန်ရိုးသားကြပါက၊ အသင်းသားအများစုက သဘောတူသရွေ့ ၎င်းတို့ကို ပြန်လာခွင့်ပေးနိုင်သည်။ အသင်းသား အနည်းစုကသာ သဘောတူပါက၊ ပြန်လာဖို့ အလားအလာရှိသည့်ထိုသူများကို လက်လွှတ်လိုက်သင့်သည်။ လူတို့ကို အသင်းတော်ထဲသို့ လက်ခံခြင်း ကိစ္စရပ်တွင်၊ အခြေခံသဘောတရားများကို လုံးဝ ချိုးဖောက်၍မရနိုင်ပေ။ အတိတ်တွင်၊ နှင်ထုတ်မှုအများစုကို ခိုင်လုံသော အကြောင်းပြချက်များအတွက် လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့ထဲမှ လူနည်းစုသာ မသင့်လျော်စွာ နှင်ထုတ်ခံခဲ့ရသည်။ ထိုကဲ့သို့ မသင့်လျော်စွာ နှင်ထုတ်ခံခဲ့ရသူများကို ပြန်လည်သုံးသပ်ကာ နောက်ထပ် အခွင့်အရေး ပေးနိုင်ပေသည်။ နှင်ထုတ်ခဲ့ပြီးဖြစ်သည့် သို့မဟုတ် နုတ်ပယ်ခဲ့ပြီးဖြစ်သည့် လူအများစုကို အသင်းတော်က ပြန်လက်ခံပါက၊ ကြီးမားသော အမှားများ ဖြစ်ပွားနိုင်ပေသည်။ အသင်းတော် အသီးသီးသည် ဤခြေခံသဘောတရားများကို ကောင်းကောင်း သဘောပေါက်ကာ ယင်းတို့မှ မသွေဖည်ရ။ အသင်းတော်သည် တကယ့် အခြေအနေများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပြီး၊ အခြေခံသဘောတရားများနှင့်အညီ လူတို့ကို ကိုင်တွယ်ဖြေရှင်းသင့်ပေသည်။ အပြစ်များ ကျူးလွန်မိသည့်သူ တစ်ဦးကို ဆိုးယုတ်သော လူတစ်ဦးအဖြစ် သဘောမထားသင့်ဘဲ၊ စဉ်ဆက်မပြတ် လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာမဲ့ပြီး ထပ်တလဲလဲ ဆုံးမပဲ့ပြင်ခံရပြီးနောက်တွင်ပင် လုံးဝ မပြောင်းလဲသူများ၊ လှူဖွယ်ပစ္စည်းများကို ခိုးယူပြီး မတင်းတိမ်နိုင်စွာ လောဘကြီးသူများ၊ အမြဲ မာနထောင်လွှားပြီး စိတ်ကြီးဝင်သူများ၊ ရိုင်းစိုင်းကာ ထိန်းမနိုင်သိမ်းမရ ပြုမူသူများ၊ အပေါင်းအဖော်ချင်း ရန်တွေ့စေချင်းငှာ အစဉ် ပြုတတ်သူများနှင့် ပဋိပက္ခ အမြဲရှာဖွေသူများ၊ တန်ခိုးအာဏာအတွက် အမြဲ ရုန်းကန်ပြီး ၎င်းတို့ ရာထူးအဆင့်အတန်း မရှိပါက၊ မည်သည့် တာဝန်များကိုမျှ ဆောင်ရွက်ရန် လိုလားခြင်းမရှိသူများ— ဤလူများအားလုံးသည် ပြုပြင်မရကြပေ။ ဆိုးယုတ်သော လူများက အမြဲ ဆိုးယုတ်ကြလိမ့်မည်။ ၎င်းတို့ မည်သည့်အခါတွင်မျှ အမှန်တကယ် နောင်တ ရကြလိမ့်မည် မဟုတ်။ ထို့ကြောင့် ထိုသို့သော လူများကို အသင်းတော်ထဲသို့ ပြန်လက်ခံပိုင်ခွင့် မည်သူမျှ မရှိသကဲ့သို့၊ ထိုသို့ လုပ်ဆောင်သောသူ မည်သူမဆို ထိုသူတို့နှင့်အတူ အသင်းတော်က နှင်ထုတ်ခြင်းခံရလိမ့်မည်။ အသင်းတော်ထဲသို့ ပြန်ခေါ်ဆောင်ခြင်းခံရသည့်သူများသည် မည်သည့် အနှောင့်အယှက်ဖြစ်စေသော အပြုအမူမဆိုတွင် လုံးဝ ပါဝင်ပတ်သက်ရမည် မဟုတ်သကဲ့သို့၊ ၎င်းတို့သည်လည်း လူအများစုနှင့် ကောင်းစွာ အဆင်ပြေရမည်ဖြစ်သည်။ ဤသည်တို့သာ အသင်းတော်ထဲသို့ ပြန်ဆောင်ယူခံရခြင်းအဖို့ ကောင်းစွာသင့်တော်သည့် လူစားမျိုးများ ဖြစ်သည်။ အသင်းတော်၏ အလုပ်အဖို့ အကျိုးရှိနိုင်သောသူများ သို့မဟုတ် ဧဝံဂေလိဖြန့်ဝေခြင်းအပေါ် အစေခံမှု ပေးနိုင်သောသူတို့ကိုသာ ပြန်ကြိုဆိုလက်ခံနိုင်သည်။ အသင်းတော်အဖို့ အန္တရာယ်ရှိနိုင်သောသူ မည်သူမဆိုကို ပြန်ဝင်လာဖို့ လုံးဝ ခွင့်မပြုရ။ လူကောင်းတစ်ဦးမျှ လျစ်လျူရှုမခံရဖို့နှင့် လူဆိုးတစ်ဦးမျှ ပြန်ခေါ်ဆောင်မခံရဖို့အလို့ငှာ အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် ဤကိစ္စရပ်တွင် အခြေခံသဘောတရားများနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၆၉) အသင်းတော်ကို အုပ်စု အေနှင့် ဘီ ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၇၁) အသင်းတော်ထဲတွင် လူတို့ကို သီးခြားထားခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါ...

၁၇၄ လူ့ဇာတိခံယူထားသောဘုရားသာ လူကို အပြည့်အဝကယ်တင်နိုင်

၁ဝိညာဉ်တော်အားဖြင့်လည်းမဟုတ်၊ ဝိညာဉ်တော်အနေဖြင့်လည်းမဟုတ်၊ ဘုရား လူသားကိုကယ်တင်ဖို့ လာသည် ဝိညာဉ်တော်ကို ဘယ်သူမှမမြင်နိုင်၊ မထိတွေ့နိုင်၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်