၅၃) မာထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့ကို ပြုပြင်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံကာ မိမိကိုယ်တိုင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းဆိုင်ရာ အကျည်းတန်သော အမှန်တရားကို မြင်နိုင်စွမ်းရှိရန် လိုအပ်သည်။ ဤနည်းအားဖြင့် အကြင်သူသည် မည်သည့်အရာအမျိုးအစားဖြစ်သည်ကို သိပေမည်။

(၂) ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ စစ်ကြောခံရခြင်းနှင့် ဖော်ထုတ်ခံရခြင်းတို့ကို လက်ခံရန်နှင့် အကြင်သူသည် မည်မျှအားနည်းကြောင်းကို မြင်နိုင်စွမ်းရှိရန် လိုအပ်သည်။ ဤနည်းအားဖြင့် မိမိ၏ ခံနိုင်ရည်အမှန်ကို သိပေမည်။

(၃) အကြင်သူသည် ကျရှုံးခြင်းနှင့် ဆုတ်ဆိုင်းခြင်းများစွာကို တွေ့ကြုံပြီး ယင်းတို့၏ အရင်းခံ အကြောင်းတရားသည် မာနထောင်လွှားမှုဖြစ်ကြောင်း တွေ့ရှိပြီးသောအခါ အထူးတလည် အားမထုတ်ရဘဲ သူတို့ကိုယ်သူတို့ ပိုမိုကောင်းမွန်စွာ ကျင့်ကြံနေထိုင်ကြပြီး သူတို့၏ အမူအရာသည် ပို၍ချုပ်ချုပ်တည်းတည်းရှိလာသည်။

(၄) ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံရရန်၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိရန်နှင့် သူ့ကို ရိုသေလေးမြတ်သော စိတ်ထား ပေါ်ပေါက်လာရန် လိုအပ်သည်။ ဤနည်းအားဖြင့် အကြင်သူသည် မိမိကိုယ်ကို ကောင်းမွန်စွာ ကျင့်ကြံနေထိုင်လာနိုင်မည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည့်အတွက်၊ ၎င်းတို့၏သဘာဝသည် စတင်ပြောင်းလဲခဲ့ပြီး ပုံမှန်လူတို့ ပိုင်ဆိုင်သည့် ဆင်ခြင်တုံတရား အသိစိတ်ကို ၎င်းတို့ တဖြည်းဖြည်း ဆုံးရှုံးခဲ့ကြသည်။ ယခုတွင် ၎င်းတို့သည် လူသား၏နေရာတွင် လူသားများကဲ့သို့ ကျင့်ကြံပြုမူခြင်း မရှိကြတော့ပေ။ ထို့ထက် ၎င်းတို့သည် လူ၏ အဆင့်အတန်းကို ကျော်လွန်ရန် ဆန္ဒရှိကြပြီး၊ သာ၍မြင့်မားကာ သာဤကြီးမြတ်သော အရာတစ်ခုကို တမ်းတကြသည်။ နောက်ပြီးလျှင် ဤပို၍မြင့်မားသော ဤအရာက အဘယ်နည်း။ သူတို့သည် ဘုရားသခင်ကို ကျော်လွန်ရန်၊ ကောင်းကင်ကို ကျော်လွန်ရန်နှင့် အခြားအရာခပ်သိမ်းကို ကျော်လွန်ရန် ဆန္ဒရှိကြသည်။ လူတို့ ဤကဲ့သို့ဖြစ်လာပြီးသည့် အကြောင်းရင်း၏ အရင်းအမြစ်တွင် အဘယ်အရာရှိသနည်း။ အရာရာကို ခြုံငုံသုံးသပ်ရလျှင်၊ လူသား၏ သဘာဝမှာ လွန်ကဲစွာ မာနထောင်လွှားသည်။ “မာနထောင်လွှားခြင်း” သည် ယုတ်ညံ့သော ဝေါဟာရတစ်ခုဖြစ်ပြီး မည်သူကမျှ မိမိတို့ကိုယ်ကိုယ် ဤဝေါဟာရဖြင့် အမည်တပ်မခံလိုကြပေ။ သို့သော် အမှန်တွင် လူတိုင်းက မာနထောင်လွှားကြပြီး ဖောက်ပြန်ပျက်စီးသော လူသားများအားလုံး၌ ဤအနှစ်သာရ ရှိကြသည်။ လူအချို့က “ကျွန်ုပ်သည် စိုးစဉ်းမျှ မာနထောင်လွှားခြင်း မရှိပေ။ ကျွန်ုပ်သည် ကောင်းကင်တမန်မင်း မည်သည့်အခါကမျှ မဖြစ်လိုသကဲ့သို့ ဘုရားသခင်ကိုလည်း သာလွန်လိုခြင်း မရှိဖူးပေ သို့မဟုတ် အခြားအရာအားလုံးကိုလည်း သာလွန်လိုခြင်း မရှိဖူးပေ။ ကျွန်ုပ်သည် အထူးသဖြင့် လိမ္မာပြီး တာဝန်သိတတ်သည့် သူတစ်ယောက် အမြဲဖြစ်နေခဲ့ပါသည်။” ဟု ပြောကြသည်။ သေချာပေါက် မဟုတ်ပေ။ ဤစကားများက မမှန်ကန်ပေ။ လူတို့သည် သဘာဝနှင့် အနှစ်သာရတွင် တိုး၍ မာနထောင်လွှားလာသည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် ဘုရားသခင်အား မနာခံဘဲ ဆန့်ကျင်သည့်အရာများ၊ သူ၏ နှုတ်ကပတ်တော်များကို အရေးမစိုက်သည့်အရာများ၊ သူ့အကြောင်း အယူအဆများကို ဖြစ်ပေါ်စေသည့်အရာများ၊ သူ့အား ပုန်ကန်သည့်အရာများနှင့် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံသည့် အရာများကို ပြုလုပ်နိုင်စွမ်း ရှိလာကြသည်။ သင်သည် မာနထောင်လွှားခြင်းမရှိဟု ပြောသော်လည်း အသင်းတော်အချို့ကို သင့်အားပေးပြီး ယင်းတို့ကို ဦးဆောင်ရန်အခွင့်ပေးသည် ဆိုကြပါစို့၊ ငါသည် သင့်ကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ မိသားစုထဲမှ မည်သူမျှ သင့်ကို ပြုပြင်ခြင်း မရှိခဲ့ဟု ဆိုကြပါစို့- ၎င်းတို့ကို သင် ခဏကြာ ဦးဆောင်ပြီးနောက်တွင် သင်သည် ၎င်းတို့ကို သင့်ခြေသို့ ဆောင်ကြဉ်းမည်ဖြစ်ပြီး၊ သင်၏ ရှေ့တွင် ကျိုးနွံနာခံစေမည် ဖြစ်သည်။ ဤသို့ဆိုလျှင် အဘယ့်ကြောင့် သင် ထို့သို့ ပြုမိမည်နည်း။ ဤသည်ကို သင်၏သဘာဝက သတ်မှတ်ပေမည်။ ယင်းမှာ သဘာဝအလျောက် ထုတ်ဖော်ခြင်းမှတစ်ပါး အခြားအရာဖြစ်မည် မဟုတ်ပေ။ သင်သည် ဤအရာကိုသင်ယူဖို့ရန် အလွန် အားထုတ်ကြိုးပမ်းစရာ မလိုသကဲ့သို့၊ သင့်အား အခြားသူများကို အထူးတလည် ထိုအရာကို သင်ခိုင်းစရာလည်း မလိုအပ်ပေ။ သင်သည် ဤအရာတစ်ခုတစ်လေကိုမျှ တမင်တကာ ပြုလုပ်စရာ မလိုအပ်ပါပေ။ ဤသို့သော အခြေအနေမျိုးသည် သင့်အတွက် အလိုအလျောက် ဖြစ်လာပေသည်- သင်သည် လူတို့ကို သင်၏ ရှေ့တွင် ကျိုးနွံနာခံစေသည်၊ သင့်အား ကိုးကွယ်စေသည်၊ သင့်အား ချီးမြှောက်စေသည်၊ သင့်အကြောင်းကို သက်သေခံစေပြီး၊ အရာခပ်သိမ်းတွင် သင့်အား နာခံစေကာ၊ သင်၏ စီရင်ပိုင်ခွင့်ကို ကျော်လွန်၍ ၎င်းတို့ကို လုပ်ဆောင်ခွင့်မပေးချေ။ သင်၏ ခေါင်းဆောင်မှုအောက်တွင် ထိုကဲ့သို့သော အခြေအနေများမှာ အလိုအလျောက် ဖြစ်ပွားလေသည်။ ဤသို့ဖြစ်လျှင် ဤအခြေအနေများမှာ အဘယ်သို့ဖြစ်လာသနည်း။ ယင်းတို့ကို လူသား၏ မာနထောင်လွှားသော သဘာဝက ချမှတ်ထားခြင်း ဖြစ်သည်။ မာနထောင်လွှားမှု၏သရုပ်သကန်မှာ ဘုရားသခင်အပေါ် ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းဖြစ်၏။ လူတို့မာနထောင်လွှား၍ မိမိဘာသာ ကြီးကျယ်နေကာ မိမိဘာသာ ဖြောင့်မတ်သည်ဟု ထင်နေသောအခါ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ သီးခြား နိုင်ငံတော်များကို တည်ထောင်ကာ ၎င်းတို့လိုချင်သည့်အတိုင်း လုပ်ဆောင်လေ့ရှိကြ၏။ အခြားသူများကိုလည်း ၎င်းတို့၏ လက်ထဲသို့ဆွဲသွင်းကာ ၎င်းတို့၏ ပိုက်ထွေးမှုအတွင်း ဆွဲသွင်းကြ၏။ လူတို့သည် ဤကဲ့သို့သောအရာများကို လုပ်ကိုင်နိုင်သည့်အခါ ၎င်းတို့၏ မာနထောင်လွှားမှု၏အနှစ်သာရမှာ ကောင်းကင်တမန်မင်း၏ မာနထောင်လွှားမှုပင် ဖြစ်၏။ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် မိမိဘာသာ ကြီးကျယ်နေမှုသည် အဆင့်တစ်ရပ်သို့ ရောက်ပြီးနောက် ယင်းအရာက ထိုသူတို့ ကောင်းကင်တမန်မင်းဖြစ်ကြောင်းနှင့် ဘုရားသခင်အား ဘေးဖယ်ထားမည်ဖြစ်ကြောင်းကို သတ်မှတ်လေ၏။ သင်၌ ဤသို့ မာနထောင်လွှားသော စိတ်သဘောထားရှိပါက သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာရှိမည် မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသား၏ မာနထောင်လွှားသော သဘာဝသည် ဘုရားသခင်အပေါ် သူဆန့်ကျင်ခြင်း၏ အရင်းအမြစ် ဖြစ်သည်” မှ

မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြလေသည်။ အချို့လူတို့သည် အပြင်ပန်းတွင် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် အသိဉာဏ်ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကိုယ် ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ကြည်ညိုသောအဆင့်ဆီ ရောက်လိုလျှင် သူတို့သည် သူတို့၏ ထောင်လွှားသော စိတ်သဘောထားများကို ပထမဦးစွာ ဖြေရှင်းရမည်။ သင်၏ ထောင်လွှားသောစိတ်သဘောထားကို စေ့စပ်သေချာစွာ ဖြေရှင်းလေလေ၊ ဘုရားသခင်ကို ကြည်ညိုကိုင်းရှိုင်းလေလေ ဖြစ်သည်။ ထိုအခါမှသာ သင်သည် ကိုယ်တော်ကိုနာခံနိုင်ကာ သမ္မာတရားကို ရနိုင်ပြီး ကိုယ်တော်ကို သိနိုင်မည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

သင်သည် သင့်အတွင်း၌ သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အလိုအလျောက်မှန်ကန်သော လမ်းကြောင်းဖြစ်လိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ အကယ်၍ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင်၏အတွင်းတွင် တည်ရှိခဲ့ပါက၊ ဘုရားသခင်ကို ဖီဆန်ခြင်းမှ ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ထိုအရာကို ပြုမည်မဟုတ်၊ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ အဆုံးတွင် သင်သည် အကိုးကွယ်ခံရဖို့ရန် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို သမ္မာတရားများအဖြစ် ပြောင်းလဲလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။ မိမိတို့၏ ဆိုးယုတ်သော ပြုမူချက်များကို ဖြေရှင်းရန်အလို့ငှာ သူတို့သည် မိမိတို့သဘာဝဗီဇ၏ ပြဿနာကို ဦးစွာဖြေရှင်းရမည်။ စိတ်သဘောထား ပြောင်းလဲခြင်းမရှိဘဲ ဤပြဿနာအတွက် အခြေခံဖြေရှင်းချက် ဖြစ်ပေါ်ရန် ဖြစ်နိုင်မည်မဟုတ်ချေ။ ဘုရားသခင်နှင့် သက်ဆိုင်သည့် သိနားလည်မှုအချို့ သင်ရှိသည့်အခါတွင်၊ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သင် မြင်နိုင်ပြီး မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့နှင့်သက်ဆိုင်သည့် အထင်သေးဖွယ်ဖြစ်ခြင်းနှင့် အကျည်းတန်ခြင်းတို့ကို သင် သတိပြုမိနိုင်သည့်အခါတွင်၊ သင်သည် စက်ဆုပ်မိမည်၊ ရွံရှာမိမည်ဖြစ်ပြီး စိတ်သောကရောက်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ တစ်ချို့သောအရာတို့ကို သတိရှိရှိ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး၊ ဤအရာကို လုပ်ဆောင်ရင်းဖြင့်၊ ငြိမ်းအေးခြင်းကို သင် ခံစားရလိမ့်မည်။ သင်သည် ဘုရားသခင်ကို သတိရှိရှိ သက်သေခံနိုင်လိမ့်မည်ဖြစ်ပြီး၊ ဤအရာကို လုပ်ဆောင်ရင်းဖြင့်၊ ပျော်ရွှင်မှုကို သင် ခံစားရလိမ့်မည်။ သင်သည် မိမိကိုယ်တိုင်၏ အကျည်းတန်မှုကို ဖော်ထုတ်ရင်း၊ မိမိကိုယ်ကိုယ် ဇာတိရုပ်ကို သတိရှိရှိ ဖော်ထုတ်လိမ့်မည်ဖြစ်ပြီး၊ ဤအရာကို လုပ်ဆောင်ရင်း၊ အတွင်းတွင် ခံစားချက်ကောင်းလိမ့်မည်ဖြစ်ကာ စိတ်၏ တိုးတက်သော အခြေအနေတစ်ခုတွင် ရှိသည်ဟု မိမိကိုယ်ကိုယ် ခံစားရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သင့်စိတ်သဘောထား အပြောင်းအလဲကို ရှာဖွေခြင်း၏ ပထမအဆင့်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ဖို့နှင့် သမ္မာတရားထဲသို့ ဝင်ရောက်ဖို့ ကြိုးပမ်းရန်ဖြစ်သည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာလျှင် ထိုးထွင်းသိမြင်မှုကို သင်ရရှိနိုင်မည်၊ ထိုးထွင်းသိမြင်မှုအားဖြင့်သာလျှင် အမှုအရာများကို သင် လုံးလုံးလျားလျား နားလည်နိုင်မည်၊ အမှုအရာများကို လုံးလုံးလျားလျား နားလည်ခြင်းအားဖြင့်သာလျှင် ဇာတိပကတိကို သင် စွန့်လွှတ်နိုင်ပြီး၊ ဘုရားသခင်အား သင်၏ယုံကြည်မှုနှင့် ပတ်သက်၍ လမ်းကြောင်းမှန်အပေါ် တစ်ဆင့်ချင်း ရောက်ရှိနိုင်မည်ဖြစ်သည်။ ဤသည်မှာ ဆုံးဖြတ်ချက်ခိုင်မာသော လူများက သမ္မာတရားကို အားထုတ်ရာတွင် မည်သို့ဖြစ်ကြသည်ဆိုသည့်အရာနှင့် ဆက်စပ်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့ကို နားထောင်နေသည့်၊ သူတို့ကို ကိုးကွယ်နေသည့်၊ သူတို့ကို ဗဟိုပြုနေသည့် သူများကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

လူအချို့က သူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိကြောင်း၊ သူတို့သည် မာနမထောင်လွှားကြောင်း ဆိုကြသည်။ ဤသူတို့မှာ မည်သို့သောလူများ ဖြစ်သနည်း။ သူတို့သည် အားလုံးထဲတွင် မာနအထောင်လွှားဆုံး ဖြစ်ကြသည်။ အမှန်ဆိုလျှင် သူတို့သည် လူတိုင်းထက် ပို၍မာနထောင်လွှားပြီး ပုန်ကန်တတ်ကြ၏။ တစ်စုံတစ်ယောက်က သူသည် ဖောက်ပြန်ပျက်စီးခြင်း မရှိပါဟု ပြောလေလေ၊ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်လေလေပင် ဖြစ်သည်။ အခြားသူများက သူတို့ကိုယ်သူတို့ သိနိုင်ပြီး သူတို့၏ အခြေအနေကို ထည့်တွက်စဉ်းစားကြသော်လည်း သင်ကမူ အဘယ့်ကြောင့် မလုပ်နိုင်ရသနည်း။ သင်သည် ခြွင်းချက်ဖြစ်သလော။ သင်သည် သူတော်စင်တစ်ဦး ဖြစ်သလော။ သင်သည် လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်ရှင်သလော။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းကို ခံထားရကြောင်း၊ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိကြောင်းကို သင်အသိအမှတ်မပြုပေ၊ သို့ဖြစ်၍ သင်သည် အားလုံးထဲတွင် အပုန်ကန်ဆုံးနှင့် မာနအထောင်လွှားဆုံးဖြစ်၏။ သင့်အဆိုအရ ကမ္ဘာပေါ်တွင် လူကောင်းမြောက်မြားစွာရှိကြသည်ဆိုလျှင် ကမ္ဘာကြီးသည် အဘယ့်ကြောင့် မှောင်မိုက်အတိ၊ ညစ်ညမ်းမှုနှင့် ဖောက်ပြန်ပျက်စီးခြင်းအတိ၊ ကွဲပြားဆန့်ကျင်ခြင်းအတိ ဖြစ်နေရသနည်း။ လူ့ကမ္ဘာတွင် အဘယ့်ကြောင့် လူတိုင်းက အချင်းချင်းထံမှ လုယက်ယူငင်ကြသနည်း။ ဘုရားသခင်ကို ယုံကြည်သောသူများပင်လျှင် ဘာမျှမထူးခြား— သူတို့သည် တစ်ဦးနှင့်တစ်ဦး အမြဲတစေ ရုန်းကန်တိုက်ခိုက်နေကြသည်။ သို့ဆိုလျှင် ဤပဋိပက္ခမှာ မည်သည့်နေရာမှ အရင်းခံသနည်း။ မာနထောင်လွှားမှုမှ အရင်းခံသည်။ အချုပ်အားဖြင့် ယင်းသည် လူ့ဖောက်ပြန်ပျက်စီးခြင်း၏ အဖြစ်အနေဖြစ်သော မာနထောင်လွှားမှုနှင့် ခွဲမရချေ။ ယင်းသည် လူ့သဘာဝ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်ခြင်းတို့ လျှံထွက်လာခြင်းပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်လင့်ကစား သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိကြသည်မှာ အဘယ့်ကြောင့်နည်း။ သူတို့သည် ဘုရားသခင်ကို ယုံကြည်လင့်ကစား ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်ကြသည်မှာ အဘယ့်ကြောင့်နည်း။ ဤအရာကိုလည်း လူတို့၏ မာနထောင်လွှားသော သဘာဝက အဆုံးအဖြတ်ပေးထားခြင်း ဖြစ်သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်ကို အမြဲတမ်း ဆန့်ကျင်ကာ ပုန်ကန်နေပြီး ဤသည်မှာ ဘုရားသခင်၏ အပြစ်ကြောင့်မဟုတ်၊ ဘုရားသခင်၌ သမ္မာတရား မရှိသောကြောင့် မဟုတ်ဘဲ လူသားက စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းကို အလွန်အမင်းခံထားရပြီး မာန လွန်စွာထောင်လွှားခြင်း၊ အသိတရား လွန်စွာကင်းမဲ့ခြင်း၊ သမ္မာတရားကို လုံးဝလက်မခံခြင်းကြောင့်ဖြစ်၏၊ ထို့ကြောင့် လူသားသည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတမဖြစ်နိုင်ဘဲ ဘုရားသခင်ကို အမြဲတမ်း ဆန့်ကျင်ရပ်တည်ကာ ဘုရားသခင်ကို တွန်းကန်ကြခြင်း ဖြစ်လေသည်။ ယခုတွင် လူသားနှင့် ဘုရားသခင်ကြားက ဆက်ဆံရေးမှာ မည်သည့်အဆင့်သို့ ရောက်သွားပြီနည်း။ လူသားသည် ဘုရားသခင်၏ ရန်သူ၊ ဘုရားသခင်၏ ပကတိဆန့်ကျင်ဘက် ဖြစ်သွားလေပြီ။ ဘုရားသခင်သည် လူသားကို ဖော်ထုတ်ရန်နှင့် ကယ်တင်ရန် သမ္မာတရားကို ဖော်ပြသော်လည်း လူသားက လက်ခံရန် ငြင်းဆိုပြီး အရေးမစိုက်ပေ။ လူလုပ်ဆောင်ရန် ဘုရားသခင်ခိုင်းသောအရာကို လူက မလုပ်ပေ။ သို့သော်လည်း ဘုရားသခင်အတွက် စက်ဆုပ်ရွံရှာဖွယ်နှင့် မုန်းတီးဖွယ်ကောင်းသော အရာကိုမူ လူက ပြုလုပ်၏။ ဘုရားသခင်သည် သမ္မာတရား ဖြစ်လင့်ကစား သူသည် လူသား၏ ငြင်းပယ်ခြင်းကို ခံရ၏။ ဘုရားသခင်သည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တရားစီရင်ပြီး ပြစ်တင်ဆုံးမလင့်ကစား လူသားက အသိအမှတ်ပြုခြင်းငှာ မစွမ်းနိုင်သေးချေ။ လူသားမှာ အဘယ်မျှ မာနထောင်လွှားလိုက်သနည်း။ သူတို့သည် ရှင်ဘုရင်အဖြစ် စိုးစံမည်ဟု ပြောပြောနေခဲ့ကြသောသူများ ယခင်က ရှိခဲ့သည်။ ဤအရာက မာနထောင်လွှားမှုကို ပေါ်လွင်စေကာ ယင်းမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားပင် ဖြစ်သည်။ ဘုရားသခင်သည် လူသားကိုကယ်တင်ရန် လူ့ဇာတိကို ခံယူခဲ့သည်၊ သို့သော် ဘုရားသခင်ကို လက်ခံခြင်းအတွက် အတုံ့အလှည့်အနေဖြင့် လူတို့သည် အသက်ရှင်နေထိုင်မှု ကုန်ကျစရိတ်များ၊ ဆုလာဘ်များ၊ ကောင်းချီးပေးစကားများကို တောင်းဆိုခဲ့ကြပြီး အခြားသူများက သူတို့ကို အထင်ကြီးစေရန်အလို့ငှာ သူတို့သည် ဘုရားသခင်အား လက်ခံခြင်းကို ကြွားလုံးထုတ်ကာ သူတို့က ဘုရားသခင်၏ ချစ်လှစွာသောသူများ ဖြစ်သည်ဟု ပြောသည်အထိပင် ဖြစ်ခဲ့ကြသည်။ မိမိတို့လက်ခံခဲ့သောသူမှာ ဘုရားသခင်ဖြစ်ကြောင်းကို လူအနည်းငယ်က ရှင်းရှင်းလင်းလင်း သတိပြုမိကြသော်လည်း သူတို့သည် အတုံ့အလှည့်အနေဖြင့် အသင်းတော်များထံမှ ငွေတောင်းခဲ့ကြလေသည်။ ဤဖောက်ပြန်ပျက်စီးသော လူတို့က သူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိကြောင်း၊ သူတို့၏ ယုံကြည်ခြင်းမှာ အခြားမည်သူမဆိုထက် သာလွန်ကြောင်း၊ သူတို့က အခြားမည်သူမဆိုထက် ဘုရားသခင်ကို ပို၍ဆက်ကပ်ကြပြီး အခြားမည်သူမဆိုထက် ပိုကောင်းအောင် ပြုမူကျင့်ကြံကြကြောင်း ပြောတတ်ကြသည်။ သင်သည် အမှန်ပင် ကောင်းမွန်စွာ ပြုမူကျင့်ကြံသလော။ အကယ်၍ သင်သည် အမှန်တကယ် ကောင်းမွန်လျှင် အဘယ်ကြောင့် မာနထောင်လွှားသော အရာများကို ပြုလုပ်တတ်သနည်း။ ထို့ပြင် သင်သည် လူသားဆန်သော အရာများကို အဘယ့်ကြောင့် လုပ်ဆောင်နိုင်စွမ်း မရှိရသနည်း။ သင်နှင့်ပတ်သက်၍ အဘယ့်ကြောင့် လူသားဆန်ခြင်း ဘာမျှမရှိရသနည်း။ လူတို့၏ မာနထောင်လွှားမှုမှာ သူတို့သည် အရာခပ်သိမ်းကို လိုချင်သော်လည်း ဘုရားသခင်ကို အလိုမရှိသည့်အပြင် သူတို့သည် ယုတ်ညံ့ပြီး စက်ဆုပ်ဖွယ်ကောင်းသော မည်သည့်အရာကိုမဆို ပြုလုပ်မည် ဖြစ်သော်လည်း ဘုရားသခင်ကိုမူ ကိုးကွယ်မည် မဟုတ်ဘဲ နာခံမည်လည်း မဟုတ်သည့်အဆင့်ထိ ဖြစ်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသား၏ မာနထောင်လွှားသော သဘာဝသည် ဘုရားသခင်အပေါ် သူဆန့်ကျင်ခြင်း၏ အရင်းအမြစ် ဖြစ်သည်” မှ

ခေါင်းဆောင်များအဖြစ် အစေခံကြသောလူအချို့သည် အမြဲတစေ ကွဲပြားခြားနားဖို့ ကြိုးစားလိုကြသည်၊ ကျန်သည့် လူများအထက်တွင် အကြီးအကဲနှင့်တာဝန်ခံ ဖြစ်လို၍ ၎င်းတို့သည် မည်မျှအမှန်တကယ် စွမ်းဆောင်နိုင်ကြောင်းကို ဘုရားသခင် မြင်စေရန် လှည့်ကွက်အသစ်အချို့ကို ရှာဖွေလိုကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲ ဝင်ရောက်ခြင်းအပေါ် အာရုံမစိုက်ကြချေ။ ၎င်းတို့သည် အစဉ် ကြွားဝါလိုကြသည်၊ ဤသည်မှာ မာနကြီးသော သဘာဝကို ထုတ်ဖော်ခြင်းပင် မဟုတ်သလော။ အချို့က “ဤအရာကို ကျွန်ုပ် ပြုလုပ်ပါက၊ ဘုရားသခင်သည် အလွန်ဝမ်းမြောက်စေမည်မှာ ကျွန်ုပ် သေချာသည်၊ သူသည် ၎င်းကို အမှန်တကယ်ပင် နှစ်သက်လိမ့်မည်။ ဤအကြိမ်တွင် ဘုရားသခင်ကို ကျွန်ုပ် မြင်စေမည်ဖြစ်၍ သူ့ကို ကောင်းသော အံ့ဖွယ်တစ်ခုကို ပေးမည်” ဟူ၍ပင် ဆိုကြသည်။ ဤ “အံ့ဖွယ်”၏ ရလဒ်ကြောင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို ဆုံးရှုံးကြပြီး ဘုရားသခင်၏ သုတ်သင်ဖယ်ရှင်းခြင်းကို ခံရပေသည်။ သင်၏ စိတ်ထဲ၌ ပေါ်လာသမျှကို မဆင်မခြင် မပြုနှင့်။ သင့် လုပ်ရပ်များ၏ အကျိုးဆက်များကို သင် မစဉ်းစားပါက မည်ကဲ့သို့ အဆင်ပြေနိုင်မည်နည်း။ ဘုရားသခင်၏ စိတ်သဘောထားကို သင် ပြစ်မှားမိပြီး သူ၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ပြီးနောက် ပယ်ရှင်းခံရသည့်အခါ၊ သင် ပြောစရာ မည်သည့်အရာမျှ ကျန်ရှိလိမ့်မည်မဟုတ်။ သင်၏ အကြံမည်သည့်အရာဖြစ်စေ၊ ပြီးလျှင် ယင်းကို သင် တမင်သက်သက် လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားသခင်၏ စိတ်သဘောထားကို သို့မဟုတ် သူ၏ အလိုတော်ကို သင် နားမလည်လျှင်၊ သူ့ကို သင် သူ၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားနိုင်ဖွယ် ရှိလိမ့်မည်၊ ဤသည်မှာ လူတိုင်း သတိထားသင့်သည့်အရာတစ်ခု ဖြစ်၏။ ဘုရားသခင်၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို အပြင်းအထန် ချိုးဖောက်မိသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားကို သင် ပုန်ကန်ပြစ်မှားမိသည်နှင့်တစ်ပြိုင်နက် ယင်းကို သင် တမင်တကာ လုပ်ဆောင်သည် မလုပ်ဆောင်သည် သို့မဟုတ် မတော်တဆ လုပ်မိသည် မလုပ်မိသည်ကို သူ ထည့်တွက်စဉ်းစားလိမ့်မည်မဟုတ်၊ ဤသည်မှာ သင် ရှင်းရှင်းလင်းလင်း မြင်ဖို့လိုအပ်သည့် ကိစ္စတစ်ခု ဖြစ်၏။ ဤကိစ္စရပ်ကို သင် နားမလည်နိုင်လျှင်၊ သင်၌ ပြဿနာတစ်ခု ဖြစ်စေဖို့ရန် သေချာ၏။ ဘုရားသခင်ကို အစေခံရာတွင်၊ လူတို့သည် ကြီးမားသော ခြေလှမ်းများ လှမ်းဖို့ ဆန္ဒရှိကြသည်၊ ကြီးမားသော အရာများ လုပ်ဆောင်လိုကြသည်၊ ကြီးမြတ်သော စကားများ ပြောဆိုလိုကြသည်၊ ကြီးမြတ်သော အလုပ်များ ဆောင်ရွက်လိုကြသည်၊ ကြီးမားသော အစည်းအဝေးများ ကျင်းပပြီး ကြီးမြတ်သော ခေါင်းဆောင်များ ဖြစ်လိုကြလေ၏။ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသည့် ရည်မှန်းချက်များ သင်၌ အမြဲရှိလျှင်၊ ဘုရားသခင်၏ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်များကို သင် ချိုးဖောက်မိပေလိမ့်မည်။ ဤအရာကို လုပ်ဆောင်သည့် လူတို့သည် မြန်မြန်ဆန်ဆန် သေဆုံးကြလိမ့်မည်။ အကယ်၍ သင်သည် မလိမ္မာ၊ ဘုရားတရားကိုင်းရှိုင်းခြင်း မရှိဘဲ၊ ဘုရားသခင်ကို သင်၏အစေခံခြင်း၌ ဖြောင့်မတ်ခြင်း၊ သို့မဟုတ် နှိုင်းချင့်မျှော်ခေါ်ခြင်းမရှိပါက သင်သည် သူ၏စိတ်သဘောထားကို အနှေးနှင့်အမြန် ပြစ်မှားမိလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား မရှိပါက ဘုရားသခင်ကို အလွယ်တကူ ပုန်ကန်ပြစ်မှားမိနိုင်သည်” မှ

မည်သူတစ်ယောက်ကိုမျှ မိမိတို့ကိုယ်ကိုယ် စုံလင်သည် သို့မဟုတ် ဂုဏ်ရှိပြီး မြင့်မြတ်သည် သို့မဟုတ် အခြားသူများနှင့် ကွဲပြားခြားနားသည်ဟု မတွေးထင်စေနှင့်။ ဤအရာအားလုံးသည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားနှင့် မသိနားမလည်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မိမိကိုယ်ကို ကွဲပြားခြားနားသည်ဟု အမြဲတမ်း တွေးထင်ခြင်း- ဤသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ မိမိ၏ အားနည်းချက်များကို မည်သည့် အခါမျှ လက်ခံနိုင်ခြင်းမရှိဘဲ၊ မိမိ၏ အမှားများနှင့် ရှုံးနိမ့်မှုများကို မည်သည့်အခါမျှ ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်း မရှိခြင်း- ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိထက် မည်သည့်အခါမျှ ပို၍မြင့်မားခွင့်မပြု၊ သို့မဟုတ် မိမိထက် ပို၍သာခွင့်မပြု- ဤအရာကို မာန ထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိထက်ပို၍ သာလွန်သွားဖို့ဖြစ်စေ၊ အင်အားကောင်းသွားဖို့ဖြစ်စေ မည်သည့်အခါမျှ ခွင့်မပြုပေ- ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ အရေးကိစ္စတစ်ခုနှင့် ပတ်သက်၍ အခြားသူများကို မိမိထက် ပို၍ကောင်းသော အတွေးအခေါ်များ၊ အကြံပြုချက်များနှင့် အမြင်ရှုထောင့်များ မည်သည့်အခါမျှ ရှိခွင့်မပြု၊ ပြီးလျှင် ၎င်းတို့က ခွင့်ပြုသည့်အခါတွင်လည်း အပျက်သဘောဆောင်လာကာ၊ စကားပြောဖို့ ဆန္ဒမရှိဘဲ၊ စိတ်သောကရောက်ပြီး၊ စိတ်ပျက် အားလျော့ကာ စိတ်ညစ်လာကြသည်- ဤအရာများ အားလုံးသည် မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် သင့်ကို အခြားသူများ၏ လမ်းပြမှုကို လက်ခံနိုင်စွမ်း မရှိစေဘဲ၊ သင်ကိုယ်တိုင်၏ အားနည်းချက်များကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိဖြစ်စေကာ၊ သင်ကိုယ်တိုင်၏ ရှုံးနိမ့်ခြင်းများနှင့် အမှားများကို လက်ခံနိုင်စွမ်း မရှိစေဘဲ၊ သင်၏ ဂုဏ်သတင်းကို ချစ်မြတ်နိုးစေနိုင်သည်။ ထို့အပြင် တစ်စုံတစ်ယောက်က သင့်ထက် ပိုသာသည့်အခါ၊ ယင်းက သင်၏ စိတ်နှလုံးတွင် အမုန်းတရားနှင့် မနာလိုစိတ်များ ဖြစ်ပေါ်စေနိုင်ပြီး၊ သင်သည် ဘောင်ခတ်ခံရနိုင်သည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့ဘဲ၊ ထိုတာဝန်ကို ထမ်းဆောင်ရာတွင် ကရော်ကမည်နိုင်လာသည် အထိပင် ဖြစ်တော့သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ဤအပြုအမူများနှင့် အလေ့အကျင့်များကို သင်၌ ဖြစ်ပေါ်စေသည်။ သင်တို့သည် ဤအသေးစိတ် အချက်အလက်များ အားလုံးကို နည်းနည်းချင်း ထိုးဖောက်ကျော်လွှား သွားနိုင်စွမ်းရှိပြီး ၎င်းတို့ကို နားလည်သဘောပေါက် နိုင်စွမ်းရှိကာ၊ ၎င်းတို့ကို ပိုမိုနက်ရှိုင်းစွာ တူးဆွရှာဖွေနိုင်ပါက၊ ပြီးလျှင် ဤအတွေးအခေါ်များ၊ ဤနားလည်မှုများနှင့် ဤအပြုအမူများကိုပင် ဖြည်းဖြည်းချင်း စွန့်လွှတ်နိုင်စွမ်းရှိပြီး၊ ၎င်းတို့အားဖြင့် ဘောင်ခတ်ခြင်း မခံရပါက၊ ပြီးလျှင် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင်၊ သင့်အတွက် သင့်တော်သည့် ရာထူးအဆင့်အတန်းကို ရှာဖွေနိုင်ပြီး အခြေခံ သဘောတရားများအတိုင်း ပြုမူကာ သင် ထမ်းဆောင်နိုင်ပြီး ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ပါက၊ အချိန်ကြာလာသည်နှင့်အမျှ သင်တို့၏ တာဝန်များကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်လိမ့်မည်။ ဤသည်မှာ သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုဖြစ်သည်။ သင်သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်ပါက၊ အခြားသူများအတွက် သင်သည် လူသားပုံသဏ္ဌာန်တစ်ခု ရှိပုံပေါ်လိမ့်မည်ဖြစ်ပြီး၊ လူများက “ဒီလူက သူ့ရာထူးအဆင့်အတန်းအတိုင်း သူကိုယ်သူ ပြုမူနေထိုင်ပြီး သူက သူ့ရဲ့ တာဝန်ကို စဉ်းစားချင့်ချိန်တတ်တဲ့ နည်းလမ်းတစ်ခုနဲ့ ထမ်းဆောင်နေတယ်။ သူက သူ့ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ သဘာဝကျခြင်း၊ စိတ်ပြင်းထန်ခြင်း ဒါမှမဟုတ် သူ့ရဲ့ ဖောက်ပြန်ပျက်စီးပြီး စာတန်ဆန်တဲ့ စိတ်သဘောထားတို့ပေါ်မှာ မှီခိုခြင်း မရှိဘူး။ သူက ထိန်းထိန်းသိမ်းသိမ်း ပြုမူတယ်၊ သူ့မှာ ဘုရားသခင်ကို ချစ်ကြောက်ရိုသေတဲ့ စိတ်နှလုံးတစ်ခု ရှိတယ်၊ သူက သမ္မာတရားကို ချစ်စိတ်ရှိပြီး၊ သူကိုယ်တိုင်ရဲ့ ဇာတိပကတိနဲ့ သူ့ရဲ့ နှစ်သက်လိုလားမှုတွေကို စွန့်လွှတ်ထားပြီးပြီလို့ သူ့ရဲ့ အပြုအမူနဲ့ အမူအရာတွေက ဖွင့်ပြနေတယ်။” ဟု ပြောလိမ့်မည်။ မိမိကိုယ်ကိုယ် ဤသို့ ပြုမူနေထိုင်ခြင်းသည် ချီးကျူးဖွယ်ကောင်းလိုက်လေတကား။ သင်၏ အားနည်းချက်များကို အခြားသူများက တင်ပြလာသည့် အခါသမယများတွင် သင်သည် သင်၏ အားနည်းချက်များနှင့် ပျော့ကွက်များကို လက်ခံနိုင်စွမ်း ရှိရုံသာမက၊ အကောင်းမြင်ကာ၊ သင်၏ အားနည်းချက်များနှင့် ပျော့ကွက်များကို ဣန္ဒြေဖြင့် ရင်ဆိုင်နိုင်လေသည်။ သင်၏ စိတ်အခြေအနေသည် အစွန်းရောက်မှုများ၊ စိတ်ပြင်းထန်မှုများ ကင်းဝေးလျက် အတော်အတန် ပုံမှန်ဖြစ်လေသည်။ ဤသည်မှာ လူသားပုံသဏ္ဌာန် တစ်ခုရှိခြင်း ဆိုသည့်အရာ မဟုတ်လော။ ထိုကဲ့သို့သော လူများသာလျှင် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ” မှ

လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို နာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်” မှ

သင်တို့သည် အနည်းငယ်သော အချုပ်အချယ်၊ သို့မဟုတ် အခက်အခဲတစ်ခုကို ကြုံရသည့်အခါ ၎င်းမှာ သင်တို့အတွက် ကောင်းသည်၊ အကယ်၍ သင်တို့သည် လွယ်ကူသက်သာသော အချိန်တစ်ခုကို ပေးခြင်းခံရပါက၊ သင်တို့သည် ပျက်စီးကြလိမ့်မည်ဖြစ်၍ သင်တို့သည် မည်ကဲ့သို့ အကာအကွယ်ပေးခြင်းကို ခံနိုင်ကြမည်နည်း။ ယနေ့တွင် သင်တို့သည် ပြစ်တင်ဆုံးမခံရခြင်း၊ တရားစီရင်ခံရခြင်းနှင့် ကျိန်ဆဲခံရခြင်းကြောင့် အကာအကွယ်ပေးခြင်းကို ခံကြရခြင်း ဖြစ်သည်။ သင်တို့သည် များစွာဒုက္ခခံစားထားသောကြောင့် ကာကွယ်ခံရခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် သင်တို့သည် ကြာနှင့်ပြီကတည်းက ဆိုးယုတ်ခြင်းထဲသို့ ကျဆင်းခဲ့မည် ဖြစ်သည်။ ဤသည်မှာ သင်တို့အတွက် အမှုအရာများကို တမင်တကာ ခက်ခဲအောင်လုပ်နေခြင်း မဟုတ်ပေ၊ လူသား၏ သဘာဝမှာ ပြောင်းလဲရန် ခက်ခဲပြီး လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် ဤနည်းဖြင့်သာ ဖြစ်ရမည်။ ယနေ့ သင်တို့၌ ပေါလု၏ အသိစိတ်၊ သို့မဟုတ် အသိတရားကိုပင် ပိုင်ဆိုင်ခြင်း မရှိသည့်အပြင်၊ သူ၏မိမိကိုယ်ကို သိခြင်းပင် မရှိကြပေ။ သင်တို့ကို အမြဲတစေ ဖိအားပေးရန် လိုအပ်ပြီး၊ သင်တို့၏ ဝိညာဉ်များ နိုးထစေရန် သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို အမြဲခံရန် လိုအပ်ကြသည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှာ သင်တို့၏ အသက်တာအတွက် အကောင်းဆုံးအရာများ ဖြစ်သည်။ ထို့အပြင် မဖြစ်မနေ လိုအပ်သောအခါ အမှန်တရားများ၏ ပြစ်တင်ဆုံးမမှု သင့်အပေါ် ကျရောက်လာခြင်းလည်း ရှိရမည်ဖြစ်သည်၊ ထိုအခါမှသာ သင်တို့သည် အပြည့်အဝ ကျိုးနွံနာခံကြမည် ဖြစ်သည်။ သင်တို့၏ သဘာဝများမှာ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်း မရှိပါက သင်တို့၏ ဦးခေါင်းများကို ကိုင်းညွတ်ရန်နှင့် ကျိုးနွံနာခံရန် မလိုလားသော သဘာဝမျိုး ဖြစ်သည်။ သင်တို့၏ မျက်စိရှေ့တွင် အမှန်တရားများ မရှိပါက မည်သည့်သက်ရောက်မှုမျှ ရှိနိုင်မည်မဟုတ်ပေ။ သင်တို့သည် အလွန်အောက်တန်းကျပြီး စာရိတ္တပိုင်းတွင် သုံးစား၍ မရကြပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း မရှိပါက သင်တို့ကို သိမ်းပိုက်ရန် ခက်ခဲလိမ့်မည်ဖြစ်ပြီး၊ သင်တို့၏ မဖြောင့်မတ်ခြင်းနှင့် နာခံမှုမရှိခြင်းတို့ကို ချိုးနှိမ်နိုင်ရန် ခဲယဉ်းလိမ့်မည်ဖြစ်သည်။ သင်တို့၏ သဘာဝဟောင်းသည် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသည်။ အကယ်၍ သင်တို့ကို ပလ္လင်ပေါ်တွင် နေရာချထားမည်ဆိုပါက၊ သင်တို့သည် ကောင်းကင်ဘုံ၏အမြင့်နှင့် မြေကြီး၏အနက်ကို သိကြလိမ့်မည် မဟုတ်ပေ၊ မည်သည့်နေရာသို့ သင်တို့ ဦးတည်နေကြောင်းကို သာ၍ပင် သိမည်မဟုတ်ချေ။ မည်သည့်နေရာမှ မိမိတို့လာကြောင်းကိုပင် သင်တို့ မသိကြသဖြင့် သင်တို့သည် ဖန်ဆင်းခြင်း၏ အရှင်သခင်ကို အဘယ်သို့ သိနိုင်ကြမည်နည်း။ ယနေ့ အချိန်မီ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ဆဲခြင်းတို့ မရှိပါက၊ သင်တို့၏ နောက်ဆုံးသောနေ့ရက် ရောက်ခဲ့သည်မှာ ကြာနှင့်ပြီ ဖြစ်လိမ့်မည်။ ယင်းမှာ သင်တို့၏ ကံကြမ္မာ အကြောင်းပင် မပါသေးပေ၊ ၎င်းသည် အန္တရာယ်ကျအံ့ဆဲဆဲ ပို၍ပင် ဖြစ်လိမ့်မည် မဟုတ်လော။ အချိန်မီဖြစ်သော ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိပါက၊ သင်တို့သည် မည်မျှမာနထောင်လွှားသွားကြမည်၊ သို့မဟုတ် သင်တို့သည် မည်မျှစာရိတ္တပျက်ပြားလာကြမည်ကို မည်သူ သိသနည်း။ ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင်တို့ကို ယနေ့သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့က သင်တို့၏ဖြစ်တည်ခြင်းကို ထိန်းသိမ်းထားသည်။ အကယ်၍ သင်တို့သည် သင်တို့ “ဖခင်” ၏ နည်းလမ်းများအတိုင်း အသုံးပြုကာ “ပညာတတ်” ဖြစ်နေဦးမည်ဆိုပါက သင်တို့သည် မည်သည့်လောကထဲသို့ ဝင်ရောက်လိမ့်မည်ကို မည်သူသိသနည်း။ သင်တို့၌ မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်း လုံးဝမရှိကြချေ။ သင်တို့ကဲ့သို့သော လူများအတွက်၊ အကယ်၍ သင်တို့သည် ဝင်ရောက်စွက်ဖက်ခြင်း၊ သို့မဟုတ် အနှောင့်အယှက်တို့ တစ်စုံတစ်ရာ ဖြစ်စေခြင်းမရှိဘဲ နာခံလိုက်နာခြင်းသာ ပြုမည်ဆိုလျှင်၊ ငါ၏ရည်မှန်းချက်များ အထမြောက်လိမ့်မည် ဖြစ်သည်။ သင်တို့သည် ယနေ့၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရာ၌ ပို၍ကောင်းစွာ မပြုသင့်သလော။ သင်တို့၌ အခြားမည်သည့် ရွေးချယ်စရာများ ရှိသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်း (၆)” မှ

လူသားတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်း ခံရပြီးသည့်နောက်တွင်၊ ၎င်းတို့ အသင့်ရှိသည့် ဆင်ခြင်တုံတရား၏ အသိစိတ်နှင့်သက်ဆိုင်သည့် အခြေခံကျသော ပင်ကိုအရည်အချင်းမှာ မာနထောင်လွှားစွာ စကားမပြောကြောင်း သေချာစေဖို့ဖြစ်သည်။ “မြေပေါ်က မစင်ကဲ့သို့” နိမ့်ကျသည့် အဆင့်အတန်းကို ၎င်းတို့ လက်ခံသင့်ပြီး စစ်မှန်သည့် အမှုအရာအချို့ ပြောဆိုသင့်ကြသည်။ ဤသည်မှာ အကောင်းဆုံး ဖြစ်လိမ့်မည်။ အထူးသဖြင့် ဘုရားသခင်ကို သက်သေခံနေသည့်အခါ၊ အနှစ်မဲ့ သို့မဟုတ် ယုံတမ်းစကား ပြောဆိုမှုမရှိဘဲနှင့် ဖန်တီးထားသော အလိမ်အညာများ မပါဘဲ၊ စိတ်နှလုံးမှ အနှစ်သာရရှိသော တစ်စုံတစ်ရာကို သင် ပြောနိုင်လျှင်၊ သင်၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်လိမ့်မည်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို သင်ခံရပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်ပေါ်သင့်သည့် ပြောင်းလဲမှုဖြစ်သည်။ ဤဆင်ခြင်တုံတရား ပမာဏကိုပင် သင် မပိုင်ဆိုင်နိုင်လျှင်၊ သင်သည် အမှန်တကယ် လူသားတစ်ဦးနှင့် ဆင်တူမှုတစ်ခုတစ်လေမျှ မရှိပေ။ အနာဂတ်တွင် တိုင်းနိုင်ငံအားလုံးနှင့် ဒေသအားလုံးကို ဘုရားသခင်က သိမ်းပိုက်ပြီးသည့်အချိန်တွင်၊ ဘုရားသခင်ကို ချီးမွမ်းခြင်း၌ ကြီးစွာသော အစုအဝေးတစ်ခုတွင် သင်သည် တစ်ဖန် မာနထောင်လွှားစွာ စတင်ပြုမူပါက၊ သင်သည် ဖျက်ဆီးခံရမည်ဖြစ်ပြီး ဖယ်ရှားသုတ်သင်ခံရလိမ့်မည်ဖြစ်သည်။ ယခုအချိန်မှစ၍၊ မှန်မှန်ကန်ကန် သင် အမြဲ ပြုမူရမည်၊ သင်၏ အဆင့်အတန်းနှင့် ရာထူးတို့ကို သတိပြုရမည်ဖြစ်ပြီး သင်၏ လမ်းဟောင်းများထဲသို့ ပြန်မသွားရပေ။ စာတန်၏ ပုံသဏ္ဌာန်သည် လူသား၏ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့တွင် အထူးအထင်ရှားဆုံးဖြစ်သည်။ သင်ကိုယ်တိုင်၏ ဤရှုထောင့်ကို သင် မပြောင်းလဲပါက၊ လူးသား၏ပုံသဏ္ဌာန် သင် ဘယ်သောအခါမျှ ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ စာတန်၏ မျက်နှာကို အမြဲပိုင်ဆိုင်ရလိမ့်မည်။ ဤနယ်ပယ်တွင် အသိပညာရှိရုံဖြင့် ပြည့်စုံသော ပြောင်းလဲမှုကို ရရှိဖို့ လုံလောက်မည်မဟုတ်။ စစ်ဆေးမှုများ ပေါင်းစုံ သည်းခံဖို့ သင် လိုအပ်လိမ့်ဦးမည်။ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခံရခြင်းမရှိဘဲနှင့်၊ ရေရှည်တွင်၊ သင် အန္တရာယ် ရှိလိမ့်ဦးမည်။ အနာဂတ်တွင် ကမ္ဘာအနှံ့ရှိ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီး “ကျွန်ုပ်တို့သည် ကြာမြင့်သောအချိန်ကတည်းက အသိဉာဏ်ပွင့်လင်းပြီးဖြစ်သည်မှာ ဘုရားသခင်သည် တရုတ်ပြည်၌ အောင်မြင်သောသူတစ်စုကို ရရှိပြီးဖြစ်သည်” ဟု ပြောကြလေသည်။ သင်တို့က ဤအရာကို ကြားသည့်အခါ “ငါတို့၌ မည်သည့်အရာမျှ ကြွားဝါစရာမရှိပေ၊ အရာအားလုံးသည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ပေးထားခြင်း ဖြစ်သည်။ ငါတို့သည် အောင်မြင်သောသူများဟု အခေါ်မခံထိုက်ပေ” ဟု တွေးကြလိမ့်မည်။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ တစ်စုံတစ်ခု ပြောနိုင်ခြင်းကို သင့်ကိုယ်သင် စတင်တွေ့မြင်လာပြီး နေရာအနှံ့က နိုင်ငံခြားသားများ အသိဉာဏ်ပွင့်လင်းမှု ရရှိနေသည်ကို သင် စတင်ကြားသိလာရသည်နှင့်အမျှ၊ သင်က “ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် အသိဉာဏ်ပွင့်လင်းစေသည့် နည်းလမ်းဖြစ်သည်၊ နိုင်ငံခြားသားများထက် ငါတို့ ပိုသိကြသည်၊ ထို့ကြောင့် ငါတို့သည် အောင်မြင်သူများဟု ယူဆခံရသင့်သည်”ဟု တွေးဆလိမ့်မည်။ သင်သည် ယခုအခါတွင် သင်၏စိတ်နှလုံးထဲ၌ ဤသိမှတ်ခြင်းကို တိတ်တဆိတ် ခွင့်ပြုလိမ့်မည်ဖြစ်ပြီး နောက်ပိုင်းတွင် လူသိရှင်ကြား ဝန်ခံသဘောတူမှုတစ်ခု ပြုမည်မှာ သေချာပေသည်။ လူသားများသည် ချီးမွမ်းခံရခြင်းနှင့် ဂုဏ်အဆင့်တန်းအားဖြင့် စမ်းသပ်ခံရခြင်းကို မခံရပ်နိုင်ကြပေ။ သင်သည် အစဉ် ချီးမွမ်းခြင်းခံရပါက၊ သင်သည် အန္တရာယ် ရှိပေသည်။ စိတ်သဘောထား မပြောင်းသူများသည် ခိုင်မာစွာ ရပ်တည်နိုင်ခြင်း မရှိပေ။

သင်၏ လမ်းဟောင်းများထဲသို့ ပြန်လျှောကျသွားခြင်းမှ ထိန်းသိမ်းဖို့ရန်၊ ပထမဦးစွာ သင်၏ စိတ်သဘောထား မပြောင်းလဲသေးကြောင်းနှင့် သင်၏ ဘုရားသခင်ကို သစ္စာဖောက်တတ်သည့် သဘာဝက သင်၏ အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ဆဲဖြစ်သည်ကို သင် သတိပြုရမည်။ ဘုရားသခင်ကို သစ္စာဖောက်ဖို့ ကြီးမားသည် အန္တရာယ် သင်၌ ရှိနေဆဲဖြစ်ပြီး ထာဝရပြစ်ဒဏ်ခံရဖို့ စဉ်ဆက်မပြတ် ဖြစ်နိုင်ချေရှိခြင်းကို သင် ရင်ဆိုင်ရပေသည်။ အခြားသော အဓိက အချက်သုံးချက် ရှိ၏- ပထမဦးစွာ၊ သင်သည် ဘုရားသခင်ကို သိရှိလာခြင်းမရှိသေး။ ဒုတိယအနေဖြင့်၊ သင်၏ စိတ်သဘောထားသည် မပြောင်းလဲသေးပေ။ တတိယအနေဖြင့်၊ သင်သည် လူသားတစ်ဦး ပုံသဏ္ဌာန်တစ်ခုကို ရရှိဖို့လိုသေးသကဲ့သို့၊ ကောင်းမြတ်သော လူတို့အလယ်တွင် သင်သည် အောက်ခြေအဆင့် နေရာယူထားပေသည်။ ဤအချက်များနှင့် သက်ဆိုင်သည့် ရှင်းလင်းသော သိနားလည်မှုတစ်ခု အယောက်တိုင်း ရှိသင့်ပေသည်။ လူတို့သည်- “ငါသည် နတ်ဆိုးဖြစ်သည်” သို့မဟုတ် “ငါသည် မကြာခဏ ငါ၏ နည်းလမ်းဟောင်းများထဲသို့ လဲကျသည်” သို့မဟုတ် “ငါသည် အမြဲ အန္တရာယ်ရှိသည်” သို့မဟုတ် “ငါသည် မြေပေါ်က မစင်ဖြစ်သည်” ဟူသည့်- ဆောင်ပုဒ်တစ်ခုဖြင့် အားလုံး ပြင်ဆင်ထားသင့်ပြီး၊ ယင်းကို ထွင်းထုရမည်၊ သို့မဟုတ် ရေးချရမည်။ ထိုသို့သော ဆောင်ပုဒ်တစ်ခုဖြင့် မိမိကိုယ်ကိုယ် စဉ်ဆက်မပြတ် တိုက်တွန်းအားပေးခြင်သည် အကျိုးတရားအချို့ ရကောင်းရလိမ့်မည် ဖြစ်သော်လည်း၊ အရေးကြီးဆုံးသောအရာမှာ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ ဖတ်ရှုရမည်ဖြစ်ပြီး သင်၏ သဘာဝကို သာ၍ နားလည်လာရမည်ဖြစ်သည်။ စစ်မှန်သော ပြောင်းလဲမှုကို ရရှိခြင်းအားဖြင့်သာ သင်သည် အန္တရာယ်ကင်း လိမ့်မည်။ နောက်တစ်ခုမှာ ဘုရားသခင်၏ သက်သေခံတစ်ဦး၏ နေရာကို ဘယ်သောအခါမျှ မယူဖို့ဖြစ်သည်။ ကိုယ်ပိုင် အတွေ့အကြုံကိုသာ သင် ပြောဆိုနိုင်သည်။ ဘုရားသခင်က သင်တို့ကို မည်သို့ ကယ်တင်ခဲ့သည့်အကြောင်း သင်တို့ ပြောဆိုနိုင်သည်၊ သင်တို့ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို မည်သို့ခံခဲ့ရကြောင်း မိတ်သဟာယပြုနိုင်ပြီး၊ သင်တို့အပေါ် သူက မည်သည့် ကျေးဇူးတော် အပ်နှင်းခဲ့ကြောင်း ပြောဆိုနိုင်သည်။ သင်တို့သည် လူတို့ထဲမှ အကြီးအကျယ် အပျက်စီးဆုံးသောသူများ ဖြစ်သည်ဆိုသည်ကို သင် ဘယ်သောအခါမျှ မမေ့နှင့်။ သင်သည် မြေဩဇာနှင့် အမှိုက်ဖြစ်သည်။ ဘုရားသခင်အားဖြင့်သာ သင် ချီးမြှောက်ခံခဲ့ရခြင်း ဖြစ်သည်။ သင်တို့သည် အဖောက်ပြန်ဆုံးနှင့် အညစ်ညမ်းဆုံးသောသူများ ဖြစ်သောကြောင့်၊ လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံကြရပြီးဖြစ်ကာ၊ ထိုသို့ အလွန်ကြီးမားသော ကျေးဇူးတော်ကို သင်တို့အား သူ ပေးအပ်ပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့သည် ကြွားထိုက်သည့်အရာ ဘာမျှမရှိကြသကဲ့သို့၊ ဘုရားသခင်ကိုသာ ချီးမွမ်းပြီး ကျေးဇူးတင်နိုင်သည်။ သင်တို့၏ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော် သက်သက်ကြောင့် ဖြစ်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

သင်သည် ကောင်းကင်ထက် အနည်းငယ်မျှသာ နိမ့်ကျသော်လည်း ကမ္ဘာမြေထက် အဆုံးမရှိ မြင့်မားသော မွေးရာပါ ပါရမီရှင်တစ်ဦးဖြစ်သည်ဟု မထင်လေနှင့်။ သင်သည် အခြားမည်သူမဆိုထက် တော်နေရန်ဝေးစွ၊ ငါ၏လုပ်ရပ်များကို အသေးစိတ်အကျဆုံးကအစ ရိပ်စားနိုင်ပုံရနေဘိသည့်အလား မိမိကိုယ်ကိုယ် အလွန်အထင်ကြီးကာ သိမ်ငယ်စိတ် လုံးဝမရှိဖူးသည့်အတွက် သင်သည် ကမ္ဘာမြေပေါ်မှ ဆင်ခြင်တုံတရား ရှိသည့် မည်သူမဆိုထက် သာ၍မိုက်မဲနေပုံမှာ ချစ်စဖွယ်ပင် ကောင်းနေသေးတော့သည်ဟု ဆိုနိုင်ပေသည်။ အမှန်တွင်၊ သင်သည် ငါလုပ်ဆောင်ရန် ကြံရွယ်ထားသောအရာကို မသိသကဲ့သို့၊ ယခု ငါလုပ်ဆောင်နေသည့်အရာကို သာ၍ပင် သတိမမူမိသည့်အတွက် အခြေခံအားဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့နေသူတစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် လူ့ဘဝအပေါ် သိမြင်နားလည်ခြင်း ရေးရေးမျှပင် မရှိသော်လည်း၊ မြေကို ထွန်ယက်စိုက်ပျိုးစဉ် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများအပေါ် လုံးဝမှီခိုအားထားသော လယ်သမားဖြစ်သည့် မြေပေါ်၌ ပင်ပင်ပန်းပန်းအလုပ်လုပ်နေသည့် လယ်သမားအိုတစ်ဦးနှင့်ပင် သင်သည် တန်းတူမဟုတ်ဟု ငါဆို၏။ သင်သည် မိမိ၏အသက်တာအဖို့ နှစ်ခါမတွေး၊ ကျော်ကြားမှုနှင့်ပတ်သက်၍ သင့်အနေဖြင့် ဘာမျှ မသိသကဲ့သို့၊ သင်၌ မိမိကိုယ်ကိုယ် သိသောအသိ သာ၍မရှိချေ။ သင်သည် အလွန် “မြင့်မြတ်” ပါသည်တကား။...သင့်ကို အမှန်တရားတစ်ခု ငါပြောပြမည်- ယနေ့တွင် သင်၌ ရိုသေလေးမြတ်တတ်သော စိတ်နှလုံးရှိမရှိမှာ အရေးမကြီးပေ။ ထိုကိစ္စကို ငါသည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိ။ သို့သော် ဤအရာကိုလည်း သင့်အား ငါပြောရမည်- မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသော “ပါရမီရှိသည့်လူ” ဖြစ်သည့် သင်သည် နောက်ဆုံးတွင် မိမိကိုယ်မိမိ ကျေနပ်အားရသည့်၊ သေးနုပ်သည့် သင့်ပါးနပ်မှု၏ ဖြုတ်ချခြင်းကို ခံရလိမ့်မည်- သင်သည် ဆင်းရဲဒုက္ခခံရပြီး ပြစ်တင်ဆုံးမခံရသည့်သူ ဖြစ်လိမ့်မည်။ ငါသည် သင်နှင့် တစ်မျိုးတစ်စားတည်း မဟုတ်သည့်အတွက် ငရဲထဲတွင် သင်ဆက်လက်ဒုက္ခခံစားရစဉ် သင်နှင့်အတူ လိုက်လာ ပေးရအောင်အထိ အလွန်မိုက်မဲလိမ့်မည်မဟုတ်။ သင်သည် ငါ၏ကျိန်ဆဲခြင်းကို ခံထားရသော်ငြား၊ ငါ၏သွန်သင်ခြင်းနှင့် ကယ်တင်ခြင်းကိုလည်း ခံထားရသည့် အဖန်ဆင်းခံတစ်ဦး ဖြစ်သည်ကို မမေ့လျော့နှင့်။ ငါခွဲခွာရန် မလိုလားသည့်အရာတစ်ခုမျှ သင်၌ မရှိပေ။ ငါ၏အမှုကို ငါပြုသည့်အခါတိုင်းတွင် မည်သည့်လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အရာဝတ္ထုများ၏ ကန့်သတ်ချုပ်ချယ်ခြင်းကိုမျှ ငါလုံးဝမခံရပေ။ လူသားမျိုးနွယ်နှင့်ဆက်နွှယ်နေသည့် ငါ၏သဘောထားနှင့် ငါ့အမြင်တို့သည် အစဉ်အမြဲ တစ်သမတ်တည်းသာရှိနေသည်။ သင့်ကိုငါ သိပ်နှစ်သက်လှသည်ကား မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သင်သည် အခြားသတ္တဝါများထက် ပို၍ ထူးခြားနေရန်ဝေးစွ၊ ငါ၏စီမံခန့်ခွဲမှုအဖို့ အဖြည့်ခံတစ်ခုဖြစ်နေသောကြောင့် ဖြစ်သည်။ ဤသည်မှာ သင့်အဖို့ ငါ၏အကြံပြုချက်ဖြစ်၏- သင်သည် ဘုရားသခင်၏ အဖန်ဆင်းခံ သတ္တဝါထက် ဘာမျှမပိုသည်ကို အမြဲတမ်း အမှတ်ရလော့။ သင်သည် ငါနှင့်အတူ နေထိုင်နိုင်သော်လည်း၊ သင်မည်သူမည်ဝါဖြစ်သည်ကို သင်သိသင့်၏။ သင့်ကိုယ်သင် အလွန်အထင်မကြီးလေနှင့်။ သင့်ကိုငါ ပြစ်တင်မောင်းမဲခြင်း မပြုသော်လည်း၊ သို့မဟုတ် သင့်ကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုဘဲ အပြုံးမျက်နှာဖြင့် ငါကြိုဆို နှုတ်ဆက်သော်လည်း ဤအရာက သင်သည် ငါနှင့် တစ်မျိုးတစ်စားတည်း ဖြစ်သည်ဟု သက်သေပြရန် မလုံလောက်ပေ။ သင်သည် သမ္မာတရားကို လိုက်စားသူများထဲမှ တစ်ဦးဖြစ်ပြီး၊ သမ္မာတရားကိုယ်၌ မဟုတ်သည်ကို သင်သိသင့်သည်။ ငါ၏နှုတ်ကပတ်တော်များနှင့်အညီ ပြောင်းလဲရန် သင်အမြဲအသင့်ဖြစ်နေရမည်။ ဤအရာမှ သင်မလွတ်မြောက်နိုင်။ ကြုံတောင့်ကြုံခဲ ဤအခွင့်အရေးကို သင်ရထားသည့် အဖိုးတန်သော ဤအချိန်ကာလအတွင်းတွင် တစ်စုံတစ်ရာကို ကြိုးစားကာ လေ့လာသင်ယူဖို့ သင့်ကို ငါအကြံပြု၏။ ငါ့ကို မလှည့်စားနှင့်။ မြှောက်လုံးပင့်လုံးသုံး၍ ငါ့ကို သင်ကြိုးစားပြီး လှည့်ဖြားရန် ငါမလိုအပ်။ ငါ့ကို သင်ရှာဖွေသည့်အခါ ထိုရှာဖွေခြင်းသည် ငါ့အတွက်သက်သက် မဟုတ်ဘဲ သင်ကိုယ်တိုင်အတွက် ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသောသူများ- ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော” မှ

လူတို့၏ မိမိကိုယ်ကိုယ် သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်- ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကိုယ်၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကိုယ် စတင်စက်ဆုပ်ရွံရှာလိမ့်မည်။ မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး အခက်အခဲမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝဗီဇမှာ မည်မျှအကျည်းတန်ကြောင်း၊ မည်မျှ စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်းနှင့် မည်မျှသနားစဖွယ် ဖြစ်ကြောင်း အသိအမှတ်ပြုသည့်အခါ သူသည် ယခင်ကကဲ့သို့ မိမိကိုယ်ကိုယ် လွန်စွာမောက်မာခြင်း၊ လွန်လွန်ကဲကဲပင် မာနကြီးခြင်းနှင့် မိမိကိုယ်ကိုယ် အလွန်ကျေနပ်အားရခြင်း ရှိမည်မဟုတ်ပေ။ “ကျွန်ုပ်သည် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျကာ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် မှန်းချက်ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်သည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကိုယ် မစက်ဆုပ်လျှင်၊ ဇာတိပကတိကို ၎င်းတို့ စွန့်လွှတ်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကိုယ် အမှန်တကယ် စက်ဆုပ်ခြင်းတွင် အရာအချို့ ပါဝင်၏- ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုယ် ချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုယ် အလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကိုယ် ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကိုယ် အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား။” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ချေမှုန်းခံသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ဤအချိန်တွင် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို အာခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် မိမိကိုယ်ကိုယ် မသိရှိသကဲ့သို့ မိမိကိုယ်ကိုယ် အတော်ကောင်းမွန်သည်ဟု ထင်မှတ်သေးလျှင်၊ သေခြင်းက တံခါးခေါက်သည့်အခါ၊ ဤလူက၊ “ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် အလွန်ကောင်းစွာ ပြုခဲ့ပေပြီ။ ကျွန်ုပ် အလွန်များစွာ ရှာဖွေပြီးဖြစ်သည်။ အလွန်များစွာ ကျွန်ုပ် ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ အလွန်များစွာ ကျွန်ုပ် ဒုက္ခခံစားပြီးဖြစ်သည်၊ သို့တိုင် နောက်ဆုံးတွင်၊ ဘုရားသခင်က ယခု ကျွန်ုပ်ကို သေခိုင်းလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား အဘယ်မှာရှိသည်ကို ကျွန်ုပ်မသိ။ အဘယ်ကြောင့် ကျွန်ုပ်ကို သေဖို့ သူ စေခိုင်းနေရပါသနည်း။ ကျွန်ုပ်ကဲ့သို့သော လူတစ်ဦးပင် သေရမည်ဆိုလျှင်၊ မည်သူ ကယ်တင်ခံရလိမ့်မည်နည်း။ လူသားမျိုးနွယ်သည် အဆုံးသတ်သို့ ရောက်ရှိလိမ့်မည် မဟုတ်လော”ဟု တွေးလိမ့်မည်။ ပထမဦးစွာ၊ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိ၏။ ဒုတိယ၊ ဤလူသည် မည်သည့် ကျိုးနွံနာခံခြင်း တစ်ခုတစ်လေကိုမျှ မပြသဘဲလျက် ညည်းညူနေပေသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်၏- သူသေခါနီးအချိန်တွင်၊ သူသည် မိမိကိုယ်ကိုယ် မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း နီးကပ်လာသည့်အချိန်တွင်၊ နောင်တရဖို့ အလွန် နောက်ကျခဲ့ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိကိုယ်ကိုယ် သိခြင်းသည် အဓိကအားဖြင့် လူ့သဘာဝကို သိခြင်းအကြောင်းဖြစ်၏” မှ

ဘုရားသခင်သည် လူကိုဖန်ဆင်းခဲ့သည်၊ ၎င်း၏အထဲသို့ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး၊ သူ၏အသိဉာဏ်၊ သူ၏ အစွမ်းအစများနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းထဲမှ အချို့ကိုလည်း လူကို ပေးခဲ့သည်။ ဘုရားသခင်သည် လူကို ဤအရာအားလုံးပေးခဲ့ပြီးနောက်တွင်၊ လူသားသည် အချို့အရာများကို အမှီအခိုကင်းစွာ လုပ်ဆောင်နိုင်ခဲ့ပြီး၊ မိမိဘာသာ တွေးခေါ်နိုင်ခဲ့သည်။ လူသားက စိတ်ကူးရပြီး လုပ်ဆောင်သည့်အရာများသည် ဘုရားသခင်၏ အမြင်၌ ကောင်းမွန်ပါက၊ ဘုရားသခင်သည် လက်ခံပြီး ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ လူသား လုပ်ဆောင်သည့် အရာက မှန်ကန်ပါက၊ ဘုရားသခင်က တည်နေခွင့်ပေးမည် ဖြစ်သည်။ သို့ဆိုလျှင် “အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို အာဒံ သတ်မှတ်ခေါ်ဝေါ်သော အမည်တိုင်းမှာ ယင်းနှင့် သက်ဆိုင်သောအမည် ဖြစ်လာခဲ့သည်။” ဟူသည့် စကားရပ်သည် မည်သည့်အရာကို ညွှန်ပြသနည်း။ ယင်းက သတ္တဝါအမျိုးမျိုးတို့ကို ပေးထားသည့် အမည် တစ်ခုတစ်လေကို ပြောင်းလဲရန် သင့်တော်သည်ဟု ဘုရားသခင် မမြင်သည်ကို ညွှန်ပြပေသည်။ သတ္တဝါ တစ်ကောင်ကို အာဒံက မည်သည့် နာမည်ပေးသည်ဖြစ်စေ၊ ဘုရားသခင်က သတ္တဝါ၏ အမည်ကို အတည်ပြုပေးရင်း၊ “ထိုသို့ ဖြစ်စေ” ဟု ပြောပေမည်။ ထိုကိစ္စရပ်နှင့်ပတ်သက်၍ ဘုရားသခင်သည် ထင်မြင်ချက်တစ်ခုတစ်လေကို ဖော်ပြခဲ့ပါသလော။ မဖော်ပြခဲ့၊ ဘုရားသခင်က သေချာပေါက် မဖော်ပြခဲ့ပေ။ သို့ဆိုလျှင် ဤအရာမှ မည်သည့်အရာကို သင်တို့ နားလည်လိုက်သနည်း။ ဘုရားသခင်သည် လူကို အသိဉာဏ်ပေးခဲ့ပြီး လူသည် အမှုအရာများကို လုပ်ဆောင်ရန် သူ၏ ဘုရားပေးထားသည့် အသိဉာဏ်ကို အသုံးပြုခဲ့သည်။ လူလုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ အမြင်တွင် အပြုသဘောဆောင်ပါက၊ မည်သည့် အကဲဖြတ်ခြင်း သို့မဟုတ် ဝေဖန်ခြင်းမျှမရှိဘဲ ဘုရားသခင်သည် ယင်းကို အတည်ပြုပေးသည်၊ အသိအမှတ်ပြုပြီး လက်ခံပေးခဲ့သည်။ ဤသည်မှာ မည်သည့်လူဖြစ်စေ၊ သို့မဟုတ် မည်သည့် ဆိုးယုတ်သော ဝိညာဉ်ဖြစ်စေ သို့မဟုတ် စာတန်ကဖြစ်စေ လုပ်ဆောင်နိုင်သည့်အရာတစ်ခု မဟုတ်ပေ။ ဤတွင် ဘုရားသခင်၏စိတ်သဘောထား ဖွင့်ပြမှုကို သင်တို့မြင်သလော။ လူသားတစ်ဦး၊ ဖောက်ပြန်ပျက်စီးနေသည့် လူတစ်ဦး သို့မဟုတ် စာတန်သည် ၎င်းတို့၏ မျက်စိအောက်တွင်ပင် တစ်ဦးတစ်ယောက်က ၎င်းတို့၏ အမည်ဖြင့် တစ်စုံတစ်ရာ လုပ်ဆောင်ဖို့ ခွင့်ပြုမည်လော။ ခွင့်ပြုမည် မဟုတ်သည်မှာ မှန်ပေ၏။ ၎င်းတို့သည် ဤရာထူးနှင့်ပတ်သက်၍ ၎င်းတို့နှင့်မတူညီသည့် အခြားလူ သို့မဟုတ် အခြား အင်အားစုနှင့် တိုက်ခိုက်မည်လော။ တိုက်ခိုက်ကြပေမည်မှာ မှန်ပေ၏။ ထိုအချိန်က အာဒံနှင့်အတူရှိခဲ့သည်မှာ ဖောက်ပြန်ပျက်စီးသည့် လူတစ်ဦး သို့မဟုတ် စာတန်ဖြစ်ခဲ့မည်ဆိုပါက၊ ၎င်းတို့သည် အာဒံ လုပ်ဆောင်နေခဲ့သည့်အရာကို သေချာပေါက် ငြင်းပယ်ခဲ့ကြမည် ဖြစ်သည်။ ၎င်းတို့အနေဖြင့် အမှီအခိုကင်းစွာ စဉ်းစားနိုင်စွမ်းရှိပြီး၊ ၎င်းတို့၏ ကိုယ်ပိုင် တစ်မူထူးသော ထိုးထွင်းသိမြင်မှုရှိသည်ကို သက်သေပြရန် အာဒံလုပ်ဆောင်ခဲ့သည့် အရာတိုင်းကို လုံးဝ ငြင်းပယ်ခဲ့ကြမည် ဖြစ်သည်- “၎င်းကို ဤသို့ သင်ခေါ်ချင်သလော။ ကောင်းပြီ၊ ၎င်းကို ဤသို့ ငါခေါ်မည်မဟုတ်၊ ထိုသို့ ငါခေါ်မည်။ သင်က တွမ်ဟု ခေါ်သော်လည်း၊ ငါက ဟယ်ရီဟု ခေါ်မည်။ ငါမည်မျှ လိမ္မာပါးနပ်သည်ကို ပြသရမည်။” ဤသည်မှာ မည်သည့် သဘာဝမျိုး ဖြစ်သနည်း။ ယင်းမှာ လွန်လွန်ကဲကဲ မာနထောင်လွှားသည် မဟုတ်လော။ ဘုရားသခင်နှင့် သက်ဆိုင်၍ မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်သည် ထိုသို့သော စိတ်သဘောထားတစ်ခု ရှိသလော။ အာဒံ လုပ်ဆောင်သည့်အရာကို ဘုရားသခင်က တစ်မူထူးခြားသည့် ကန့်ကွက်မှုများတစ်ခုတစ်လေ ရှိခဲ့သလော။ အဖြေမှာ ပြတ်ပြတ်သားသား မရှိဟူ၍ ဖြစ်သည်။ ဘုရားသခင်ဖော်ပြသည့် စိတ်သဘောထားနှင့် သက်ဆိုင်၍၊ အငြင်းအခုန်ပြုခြင်း၊ မာနထောင်လွှားခြင်း၊ သို့မဟုတ် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းတို့၏ အရိပ်အယောင် နည်းနည်းမျှ မရှိပေ။ ဤတွင် ထိုမျှ ရှင်းပေသည်။ ဤသည်မှာ အသေးအဖွဲဖြစ်သော အချက်တစ်ခု ဖြစ်ပုံရနိုင်သော်လည်း၊ ဘုရားသခင်၏ အနှစ်သာရကို သင်နားမလည်ပါက၊ ဘုရားသခင် မည်သို့ ပြုမူပြီး ဘုရားသခင်၏သဘောထားက မည်သည့်အရာ ဖြစ်သည်ကို သဘောပေါက်ဖို့ သင်မကြိုးစားပါက၊ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို သိလိမ့်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြချက်နှင့် ဖွင့်ပြချက်တို့ကို သင်မြင်လိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ

စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထဲမှ ပါဝင်သည့် အကြောင်းအရာကို သင်တို့ ပိုမို နားလည်လာကြစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့ သိရှိအောင် အားထုတ်ရန် ငါ တိုက်တွန်းသည်။ သို့မဟုတ်လျှင် သင်တို့အနေဖြင့်နှုတ်များကို ပိတ်ထားရန်နှင့် လျှာအရိုးမရှိတိုင်း ဟိတ်ဟန်ထွားသောစကားများ လွန်စွာပြောခြင်းကိုတားမြစ်ရန် ခက်ခဲပြီး၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် အလင်း၏ မျက်မှောက်ကို ဆုံးရှုံးရလျက်၊ ဘုရားသခင်၏ စိတ်သဘောထားကို အမှုမဲ့အမှတ်မဲ့ ပြစ်မှားမိကာ အမှောင်ထဲသို့ ကျဆင်းရလိမ့်မည်။ သင်တို့သည် သင်တို့၏ အပြုအမူများ၌ ကိုယ်ကျင့်တရား မကောင်းသောကြောင့်၊ မပြောသင့် မလုပ်သင့်သည့် အရာများကို သင်ပြောမိလုပ်မိသောကြောင့်၊ ထိုက်သင့်သော ဒဏ်ခတ်မှုကို သင်ခံရလိမ့်မည်။ သင်သိသင့်သည့် အချက်မှာ သင်သည် အပြောနှင့်အလုပ်၌ သိက္ခာမဲ့သော်ငြားလည်း၊ ဘုရားသခင်က ထိုကိစ္စရပ်နှစ်ခုစလုံး၌ လွန်စွာသိက္ခာရှိသူဖြစ်သည်။ သင့်ကို ဒဏ်ခတ်ရခြင်း အကြောင်းရင်းမှာလည်း သင်သည် လူသားတစ်ဦးကို စော်ကားမိခဲ့ခြင်း မဟုတ်၊ ဘုရားသခင်ကို စော်ကားမိခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သင့်ဘဝ၌ သင်သည် ဘုရားသခင်၏ စိတ်သဘောထားအား ပြစ်မှားစော်ကားခြင်းကို များစွာ ကျူးလွန်မိလျှင်၊ ငရဲသားဖြစ်ရန် သေချာသည်။ လူသားအတွက် သမ္မာတရားနှင့် မကိုက်ညီသည့် လုပ်ဆောင်ချက် အနည်းငယ်ကိုသာ ကျူးလွန်မိပြီး သည်ထက်မပိုပုံ ရနိုင်သည်။ သို့ရာတွင် ဘုရားသခင်၏ အမြင်၌ သင်သည် သင့်အတွက် အပြစ်ဖြေရာယဇ် မရှိတော့သောသူတစ်ဦး ဖြစ်နှင့်ပြီးသည်ကို သတိပြုမိသလော။ သင်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို တစ်ကြိမ်ထက်ပို ဖောက်ဖျက်ပြီးသည့်အပြင် နောင်တရသည့် အရိပ်လက္ခဏာ မပြခဲ့ခြင်းကြောင့် ဘုရားသခင်က လူသားအား အပြစ်ပေးသည့်ငရဲသို့ သင် ကျဆင်းသွားရမည်မှာ မလွဲဧကန် ဖြစ်သည်။ ဘုရားသခင်၏ နောက်သို့လိုက်စဉ် လူနည်းစုတစ်စုက ကိုယ်ကျင့်တရား ဖောက်ဖျက်သည့် လုပ်ရပ်အချို့ကို ကျူးလွန်မိကြသည်၊ သို့ရာတွင် ကိုင်တွယ်ဖြေရှင်းပြီး၊ လမ်းပြခြင်း ခံရပြီးသည့်နောက်တွင်၎င်းတို့သည် ၎င်းတို့၏ စာရိတ္တပျက်စီးမှုကို တဖြည်းဖြည်း သိမြင်လာကြပြီးနောက် စစ်မှန်မှု လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည် ရောက်ရှိလာကာ ယနေ့အထိ ကောင်းကောင်း အသိတရားရှိစွာ ဆက်လက် နေထိုင်သွားကြသည်။ ထိုကဲ့သို့သော လူသားများသည် အဆုံး၌ ကျန်ရှိနေမည့် သူများ ဖြစ်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သတိပေးချက် သုံးချက်” မှ

အရှေ့သို့- ၅၂) မိမိကိုယ်မိမိ သင့်တင့်လျောက်ပတ်စွာ သုံးသပ်ဝေဖန်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၅၄) အပျက်သဘောကို ဖြေရှင်းခြင်းဆိုင်ရာ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၁၈၃ လူ့ဇာတိခံဘုရားတွင် ထင်ရှားနေသည့် ဘုရား၏ သြဇာအာဏာနှင့် တန်ခိုး

၁ဘုရားသည် နှုတ်ကပတ်တော်ကို ပြည့်စုံစေဖို့ ကမ္ဘာပေါ်သို့ကြွလာပြီနှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံသည်သူ၏လူ့ဇာတိအားဖြင့် နှုတ်ကပတ်တော်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်