၅၇) ဘုရားသခင်ကို ခုခံမှုနှင့် အထင်မှားမှုတို့ကို ပြုပြင်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) ခရစ်တော်တစ်ပါးတည်းသည်သာလျှင် လူသားမျိုးနွယ်၏ ကယ်တင်ရှင် ဖြစ်၏။ သူသည်သာလျှင် သမ္မာတရားနှင့် အသက်ကို လူသားအပေါ် နှင်းအပ်နိုင်လေသည်။ သူ၏ ကယ်တင်ခြင်းမှတစ်ပါး အခြားမရှိ။

(၂) ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း အားလုံးကို လူသား၏ ကယ်တင်ခြင်းနှင့် စုံလင်ခြင်းအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းတို့အားလုံးသည် လူသားမျိုးနွယ်အတွက် ချစ်ခြင်းကို ဖော်ပြချက်များဖြစ်ကြောင်း သိရန် လိုအပ်သည်။

(၃) အကြင်သူသည် မိမိ၏အယူအဆများနှင့် မကိုက်ညီသော အဖြစ်အပျက်တစ်ခုနှင့် ကြုံတွေ့ရသောအခါ သမ္မာတရားကို ရှာဖွေသင့်ပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်ကာ သူ၏စိတ်သဘောထားဆိုင်ရာ အသိပညာတို့ကို ရရှိရန် ကြိုးပမ်းအားထုတ်သင့်သည်။ သို့မှသာလျှင် ထိုသူသည် မိမိ၏ အယူအဆများနှင့် အထင်မှားခြင်းတို့ကို ဖယ်ရှားရှင်းထုတ်နိုင်ပေမည်။

(၄) ဘုရားသခင်ကို တောက်လျှောက် ခုခံသူများနှင့် အထင်မှားသူများသည် လိမ်လည်လှည့်ဖြားသူများ ဖြစ်ကြပြီး ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်း မယုံကြည်ကြသူအားလုံးသည် စက်ဆုပ်ဖွယ် အယုတ်တမာများ— မယုံကြည်သူများနှင့် အယုံအကြည်မဲ့သူများ လုံးလုံးလျားလျား ဖြစ်ကြပေ၏။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်သည်၊ သင်တို့ကို ပြစ်တင်ဆုံးမပြီး ရှုတ်ချသည်၊ သို့သော် သင်တို့၏ ရှုတ်ချခံရခြင်း ဦးတည်ချက်မှာ သင့်အတွက် မိမိကိုယ်ကိုယ် သိရှိဖို့ ဖြစ်သည်ကို သင်သိရမည်။ သင်သည် မိမိကိုယ်ကိုယ် သိရှိဖို့အလို့ငှာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ထို့အပြင် သင်သည် သင်၏ တန်ဖိုးကို သိရှိပြီး၊ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏ သတ်မှတ်ချက်များနှင့် အညီဖြစ်သည်၊ သူသည် လူသား၏ ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုသကဲ့သို့၊ သူသည် လူကို ချစ်သည့်၊ ကယ်တင်သည့်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို မြင်စေဖို့အလို့ငှာ၊ သူသည် ရှုတ်ချသည်၊ ကျိန်ဆိုသည်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမလေသည်။ အကယ်၍ သင်သည် နိမ့်ကျသော အဆင့်အတန်း ရှိကြောင်း၊ သင်သည် ဖောက်ပြန်ပျက်စီးကာ မနာခံတတ် ကြောင်းကိုသာလျှင် သင် သိသော်လည်း၊ ယနေ့ သင့်အထဲတွင် သူပြုသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကို ပေါ်လွင်ထင်ရှားစေရန် ဆန္ဒရှိသည်ကို သင် မသိပါက၊ သင်သည် ရှေ့ဆက်နိုင်စွမ်း ရှိဖို့ရန် မဆိုထားနှင့်၊ အတွေ့အကြုံ ရရှိဖို့နည်းလမ်းလည်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာခြင်း မဟုတ်ဘဲ၊ တရားစီရင်ရန်၊ ကျိန်ဆိုရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏ အဆုံးသတ်ကို သူ ထုတ်ဖော်မပြမီတွင်- ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည်။ ယင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုချစ်သော သူများကို စုံလင်စေရန်- လုံးလုံးလျားလျား ထိုသို့ဖြစ်စေရန်- သက်သက် ဖြစ်ပြီး၊ သူ၏အုပ်စိုးမှုအောက် ကျိုးနွံနာခံခြင်းအဖြစ်သို့ ဆောင်ကြဉ်းရန် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ ကယ်တင်သည်ဖြစ်စေ၊ ယင်းကို ၎င်းတို့အား ၎င်းတို့၏ အိုဟောင်းသော ဆိုးယုတ်သည့် သဘောသဘာဝမှ လွတ်မြောက်စေခြင်းအားဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် သူက ၎င်းတို့ကို ကယ်တင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်ကြပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်ပြီး၊ အသက်ကို ရှာဖွေခြင်းသည် ကယ်တင်ခြင်းကို လက်ခံရန်အလို့ငှာ လူသားက ဆောင်ရွက်ရမည့် အရာတစ်ခု ဖြစ်သည်။ လူ၏အမြင်တွင်၊ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ မဖြစ်နိုင်ပေ။ ကယ်တင်ခြင်းသည် ချစ်ခြင်းမေတ္တာ၊ သနားကရုဏာ၊ ထို့အပြင် စိတ်သက်သာမှုပေးသည့် နှုတ်ကပတ်တော်များအပြင် ဘုရားသခင် အပ်နှင်းသည့် အကန့်အသတ်မဲ့ ကောင်းချီးမင်္ဂလာများ ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်က လူကို ကယ်တင်သည့်အခါတွင် ၎င်းတို့အနေဖြင့် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနိုင်ကြဖို့အလို့ငှာ၊ ၎င်းတို့ကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ဖြင့် တို့ထိခြင်းအားဖြင့် ထိုသို့လုပ်ဆောင်သည်ဟု လူတို့က ယုံကြည်ကြသည်။ ယင်းမှာ လူအား သူ၏တို့ထိခြင်းသည် ၎င်းတို့အား သူ၏ ကယ်တင်ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ဤကယ်တင်ခြင်းမျိုးကို အပေးအယူ ပြုလုပ်ခြင်းအားဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အဆတစ်ရာ ပေးသနားသောအခါမှသာ လူသည် ဘုရားသခင်၏ နာမရှေ့မှောက်သို့ ကျိုးနွံနာခံလာလိမ့်မည်ဖြစ်ပြီး သူ့အတွက် ကောင်းစွာကြိုးပမ်း လုပ်ဆောင်ကာ သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်းမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ရည်ရွယ်သည့်အရာ မဟုတ်ပေ။ ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ ကမ္ဘာမြေပေါ်သို့ အမှုပြုရန်ကြွလာပြီဖြစ်သည်။ ဤအရာတွင် မုသားမပါပေ။ မုသား ပါရှိခဲ့ပါက၊ သူသည် သူ၏အမှုကို ပြုရန် ကိုယ်တိုင် သေချာပေါက် ကြွလာမည် မဟုတ်ပေ။ အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှအားလုံးသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း၊ ဤအရာကို သိကြလော့- ဤသနားအကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါပေ။ ငါ၏ နှုတ်ကပတ်တော်များ မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ၊ သင်တို့အပေါ် ကျရောက်သည့်အရာမှာ သင်တို့အဖို့ လုံးဝ အကြင်နာမဲ့ပုံပေါ်သည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်ပြီး၊ ငါ မည်မျှ ဒေါသထွက်မည်ဖြစ်စေ၊ သင်တို့အပေါ်သို့ ကျရောက်သည်မှာ သွန်သင်ခြင်း နှုတ်ကပတ်တော်များ ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် သေခြင်းသို့ ရောက်စေရန် မရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းသာ မဟုတ်လော။ ယခုခေတ်တွင် ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်စေ အရာအားလုံးသည် ကယ်တင်ခြင်းအတွက် ဖြစ်သည်ကို သိမှတ်လော့။ ယနေ့ အသီးသီးကို အမျိုးအစားအလိုက် အုပ်စုခွဲခြားသည်ဖြစ်စေ၊ သို့မဟုတ် လူအမျိုးအစားများကို ချပြသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုအားလုံးတို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြသူများကို ကယ်တင်ရန် ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းကို လူသားအား သန့်စင်ရန် ဆောင်ကြဉ်းခြင်း ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းကို ၎င်းတို့အား သန့်ရှင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြမ်းတမ်းသောစကားများ၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်းတို့ကို သန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဖြစ်သည်။ ထို့ကြောင့် ယနေ့ကယ်တင်ခြင်း၏ နည်းစနစ်သည် အတိတ်၏ နည်းစနစ်နှင့် မတူပေ။ ယနေ့တွင် ဖြောင့်မတ်သည့် တရားစီရင်ခြင်းမှတစ်ဆင့် သင်တို့ထံသို့ ကယ်တင်ခြင်းကို ဆောင်ကြဉ်းခြင်း ဖြစ်ပြီး၊ ဤသည်မှာ သင်တို့ အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်းအတွက် ကောင်းမွန်သော တန်ဆာပလာတစ်ခု ဖြစ်သည်။ ထို့အပြင်၊ ရက်စက်သော ပြစ်တင်ဆုံးမခြင်းသည် သင်တို့၏ အဆုံးစွန် ကယ်တင်ခြင်းအဖြစ် အသုံးတော်ခံပြီး- ထိုသို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရင်ဆိုင်ရာတွင် သင်တို့သည် အဘယ်ပြောစရာ ရှိသနည်း။ သင်တို့သည် ကယ်တင်ခြင်းကို အစမှ အဆုံးတိုင် အမြဲ မွေ့လျော်ခံစားကြပြီး ဖြစ်သည် မဟုတ်လော။ သင်တို့သည် လူ့ဇာတိခံ ဘုရားသခင်ကို မြင်ကြပြီး ဖြစ်သကဲ့သို့ သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့ကို သဘောပေါက်ကြပြီး ဖြစ်သည်။ ထို့အပြင်၊ ထပ်တလဲလဲ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို သင်တို့ တွေ့ကြုံကြရပြီး ဖြစ်သည်။ သို့သော် သင်တို့သည် အမြင့်ဆုံးသော ကျေးဇူးတော်ကိုလည်း ရရှိကြပြီး ဖြစ်သည် မဟုတ်လော။ သင်တို့၏ ကောင်းချီးမင်္ဂလာများသည် အခြားမည်သူမဆို၏ ကောင်းချီးမင်္ဂလာများထက် ပို၍ ကြီးမားသည် မဟုတ်သလော။ သင်တို့၏ ကျေးဇူးတော်များသည် ရှောလမုန်မင်းကြီး စံစားခဲ့ရသည့် ဘုန်းအသရေနှင့် ကြွယ်ဝမှုများထက် ပို၍ အလျှံပယ်ဖြစ်သည် မဟုတ်လော။ စဉ်းစားကြည့်ကြလော့- ကြွလာရာတွင် ငါ၏ ရည်ရွယ်ချက်သည် သင်တို့ကို ကယ်တင်ဖို့ထက် ရှုတ်ချရန်နှင့် အပြစ်ပေးရန်ဖြစ်ပါက၊ သင်တို့၏နေ့ရက်များသည် အလွန် ကြာရှည်နိုင်ခဲ့မည်လော။ အသွေးအသား ရှိသည့် အပြစ်နှင့်ပြည့်သော သင်တို့သည် ယနေ့ထိတိုင် ရှင်သန်နိုင်ခဲ့မည်လော။ အကယ်၍ ငါ၏ ရည်မှန်းချက်သည် သင်တို့ကို အပြစ်ပေးရုံမျှ ပေးရန်သာဖြစ်ခဲ့ပါက၊ ငါသည် အဘယ့်ကြောင့် လူ့ဇာတိကိုခံယူပြီး ထိုသို့သော ကြီးမားသည့် လုပ်ငန်းတစ်ခုနှင့်ပတ်သက်၍ စတင်ခဲ့မည်နည်း။ သေမျိုးမျှသာဖြစ်သော သင်တို့အား အပြစ်ပေးခြင်းသည် စကားတစ်ခွန်းကို မြွက်ဆိုခြင်းမျှအားဖြင့် လုပ်ဆောင်နိုင်သည်မဟုတ်လော။ ငါသည် သင်တို့ကို တမင်သက်သက် ရှုတ်ချပြီးနောက် သင်တို့ကို ဖျက်ဆီးရန် လိုလိမ့်ဦးမည်လော။ ငါ၏ ဤနှုတ်ကပတ်တော်များကို သင်တို့ မယုံကြည်ကြသေးသလော။ ငါသည် ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာမှတစ်ဆင့်သာ လူကို ကယ်တင်နိုင်မည်လော။ သို့တည်းမဟုတ် လူကို ကယ်တင်ရန် ကားစင်တင်ခံရခြင်းကို ငါ အသုံးပြုနိုင်မည်လော။ ငါ၏ဖြောင့်မတ်သောစိတ်သဘောထားသည် လူကို လုံးဝ နာခံလာစေရန် ပို၍ ထောက်ကူသည် မဟုတ်လော။ ယင်းသည် လူကို သာ၍ ကယ်တင်နိုင်စွမ်း ရှိသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏” မှ

သင်တို့အားလုံးသည် အပြစ်တရားနှင့် ကာမဂုဏ်လွန်ကျူးသော နယ်မြေတစ်ခုတွင် အသက်ရှင်ကြပြီး၊ သင်တို့အားလုံးသည် ကာမဂုဏ်လွန်ကျူးကာ အပြစ်နှင့်ပြည့်သော သူများဖြစ်ကြလေသည်။ ယနေ့တွင်၊ သင်တို့သည် ဘုရားသခင်ကို မကြည့်နိုင်သည်သာမက၊ သာ၍အရေးကြီးသည်မှာ၊ သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရရှိပြီးဖြစ်သည်၊ အမှန်တကယ် နက်နဲသော ကယ်တင်ခြင်းကို သင်တို့ ရရှိပြီးဖြစ်သည်၊ ဆိုလိုသည်မှာ၊ သင်တို့သည် ဘုရားသခင်၏ အကြီးမြတ်ဆုံးသော ချစ်ခြင်းမေတ္တာကို ရရှိပြီးဖြစ်ပေသည်။ သူ လုပ်ဆောင်သမျှအားလုံးတွင်၊ ဘုရားသခင်သည် သင်တို့အပေါ် အမှန်တကယ် ချစ်ခင်ပေသည်။ သူသည် မကောင်းသော ရည်ရွယ်ချက် လုံးဝ မရှိပေ။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ပြီး ဤကြီးမားလှသော ကယ်တင်ခြင်းကို ရရှိဖို့အလို့ငှာ၊ သင်တို့၏ အပြစ်များကြောင့် သင်တို့ကို သူ တရားစီရင်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို လူသားအား စုံလင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ အစမှ အဆုံးတိုင်၊ ဘုရားသခင်သည် လူသားကိုကယ်တင်ဖို့ အစွမ်းကုန် လုပ်ဆောင်နေခဲ့ပြီးဖြစ်ကာ၊ သူ၏ လက်များဖြင့် ဖန်ဆင်းခဲ့သော လူသားများကို လုံးဝ ဖျက်ဆီးရန် ဆန္ဒမရှိပေ။ ယနေ့တွင်၊ သူသည် သင်တို့အလယ် အမှုပြုရန် ကြွလာပြီးဖြစ်ကာ၊ ဤကယ်တင်ခြင်းသည် ယခင်ကထက် သာ၍ပင် ကြီးမားသည် မဟုတ်လော။ သူသည် သင်တို့ကို မုန်းခဲ့ပါက၊ သင်တို့ကို သူကိုယ်တိုင် လမ်းပြရန် ထိုမျှအရေးပါမှု အတိုင်းအတာရှိသော အမှုကို လုပ်ဆောင်လိမ့်ဦးမည်လော။ သူသည် အဘယ်ကြောင့် ထိုသို့ ဆင်းရဲဒုက္ခခံရမည်နည်း။ ဘုရားသခင်သည် သင်တို့ကို မမုန်းပေ သို့မဟုတ် သင်တို့အပေါ် မကောင်းသော မည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို သင်တို့သိသင့်သည်။ လူတို့ကို တရားစီရင်ခြင်းမှတစ်ဆင့် သူ ကယ်တင်ရသည်မှာ လူတို့ မနာခံသောကြောင့်သာ ဖြစ်ပေသည်။ ဤအတွက်သာ မဟုတ်ပါက၊ ၎င်းတို့ကို ကယ်တင်ခြင်းသည် ဖြစ်နိုင်မည်မဟုတ်ပေ။ သင်တို့သည် မည်သို့အသက်ရှင်ရမည်ကို မသိသကဲ့သို့၊ မည်သို့အသက်ရှင်ရမည်ကို သတိပင် မမူမိသောကြောင့်၊ ပြီးလျှင် သင်တို့သည် ကာမဂုဏ် လွန်ကျူးကာ အပြစ်နှင့်ပြည့်သော ဤနယ်မြေတွင် အသက်ရှင်ပြီး၊ သင်တို့ကိုယ်တိုင်သည် ကာမဂုဏ်လွန်ကျူးကာ ညစ်ညူးသော နတ်ဆိုးများဖြစ်ကြသောကြောင့်၊ ဘုရားသခင်သည် သင်တို့ကို သာ၍ အကျင့်ပျက်လာခွင့် မပေးရက်ပေ၊ စာတန်၏ သဘောရှိ နင်းခြေခြင်းကို ခံရလျက်၊ ဤညစ်ညူးသောနယ်မြေ၌ ယခု သင်တို့ အသက်ရှင်သည့်အတိုင်း၊ အသက်ရှင်နေကြသည်ကို မကြည့်ရက်သကဲ့သို့၊ မရဏနိုင်ငံထဲသို့ သင်တို့ကို ကျဆင်းခွင့် မပေးရက်နိုင်ပေ။ ဘုရားသခင်သည် ဤလူစုကိုသာ ရရှိချင်ပြီး သင်တို့ကို လုံးလုံးလျားလျား ကယ်တင်ချင်၏။ ဤသည်မှာ သင်တို့အပေါ် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်- ယင်းမှာ ကယ်တင်ခြင်းအတွက်သာ ဖြစ်သည်။ သင့်အပေါ်၌ ပြုထားသမျှ အားလုံးသည် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်း ဖြစ်သည်ကို သင်မမြင်နိုင်လျှင်၊ ယင်းသည် လူကို ညှဉ်းဆဲဖို့ နည်းစနစ်တစ်ခု၊ နည်းလမ်းတစ်ခုသာဖြစ်ပြီး ယုံကြည်စိတ်ချ၍မရသော အရာတစ်ခု ဖြစ်သည်ဟု သင်ထင်ပါက၊ သင်သည် နာကျင်မှုနှင့် အခက်အခဲများကိုခံရန် သင်၏လောကသို့ ပြန်သွားပါက သာ၍ကောင်းပေမည်။ အကယ်၍ သင်သည် ဤရေစီးကြောင်း၌ ရှိရန်နှင့် ဤတရားစီရင်ခြင်းနှင့် ဤအလွန်ကြီးမားသော ကယ်တင်ခြင်းကို မွေ့လျော်ရန်၊ ဤကောင်းချီးမင်္ဂလာများအားလုံး၊ လူ့လောကတွင် မည်သည့်နေရာတွင်မျှ ရှာမတွေ့နိုင်သည့် ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရန်နှင့် ဤချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားရန် လိုလားလျက်ရှိပါက၊ ကောင်းကောင်း နေလော့။ သင့်အနေဖြင့် စုံလင်စေခြင်းခံရနိုင်ဖို့အလို့ငှာ၊ သိမ်းပိုက်ခြင်းအမှုကို လက်ခံရန် ဤရေစီးကြောင်း၌ နေလော့။ ယနေ့တွင်၊ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့် နာကျင်မှုနှင့် စစ်ဆေးမှု အနည်းငယ်ကို ခံစားကောင်း ခံစားရနိုင်သော်လည်း၊ ဤနာကျင်မှုကို ခံစားခြင်းတွင် တန်ဖိုးနှင့်အဓိပ္ပာယ် ရှိလေသည်။ လူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းအားဖြင့် စစ်ဆေးခံရကာ ရက်စက်စွာ ဖော်ထုတ်ခံရသော်လည်း- ရည်မှန်းချက်မှာ ၎င်းတို့အပြစ်များအတွက် ၎င်းတို့ကို အပြစ်ပေးခြင်း၊ ၎င်းတို့၏ ဇာတိပကတိကို အပြစ်ပေးခြင်း ဖြစ်ပြီး- ဤအမှုထဲက မည်သည့်အရာမျှသည် ၎င်းတို့၏ ဇာတိပကတိကို ပျက်စီးခြင်းသို့ စီရင်ဖို့ မရည်ရွယ်ထားပေ။ နှုတ်ကပတ်တော်၏ ပြင်းထန်သော ထုတ်ဖော်ပြမှုများအားလုံးသည် သင့်ကို မှန်သောလမ်းကြောင်းပေါ်သို့ ဦးဆောင်ရန် ရည်ရွယ်ချက်အတွက် ဖြစ်ပေသည်။ သင်တို့သည် ဤအမှုနှင့် သက်ဆိုင်၍ အလွန်များစွာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီးဖြစ်ကာ၊ ယင်းသည် သိသာထင်ရှားစွာ သင်တို့ကို ဆိုးယုတ်သော လမ်းကြောင်းတစ်ခုပေါ်သို့ မဆိုက်ရောက်စေခဲ့လေပြီတကား။ ထိုအရာအားလုံးသည် သင့်ကို ပုံမှန် လူ့သဘာဝအား အသက်ရှင်နေထိုင်စေဖို့ ဖြစ်ပြီး၊ ထိုအရာအားလုံးကို သင်၏ပုံမှန်လူ့သဘာဝဖြင့် ရရှိနိုင်ပေသည်။ ဘုရားသခင်၏ အမှုအဆင့်တိုင်းသည် သင်၏လိုအပ်ချက်များအပေါ် အခြေပြုပြီး၊ သင်၏ အားနည်းချက်များအရ ဖြစ်ကာ သင်၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုအရ ဖြစ်ပြီး၊ မခံနိုင်သောဝန်ကို သင်တို့အပေါ်၌ မထားရှိပေ။ ဤအရာသည် ယနေ့ သင့်အဖို့ မရှင်းလင်းသကဲ့သို့၊ ငါသည် သင့်အပေါ်၌ ခက်ထန်လျက်ရှိသည့်အလား သင် ခံစားရကာ၊ စင်စစ် သင့်ကို ငါ နေ့စဉ် ပြစ်တင်ဆုံးမကာ၊ တရားစီရင်ပြီး အပြစ်တင်သည့်အကြောင်းရင်းမှာ သင့်ကို ငါ မုန်းသောကြောင့် ဖြစ်သည်ဟု သင် အမြဲ ယုံကြည်ပေသည်။ သို့သော် သင် ခံစားရသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သော်လည်း၊ ဤသည်မှာ အမှန်တွင် သင့်အတွက် ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အကြီးမားဆုံးသော ကွယ်ကာမှု ဖြစ်သည်။ ဤအမှု၏ သာ၍ နက်ရှိုင်းသော အဓိပ္ပာယ်ကို သင် သဘောမပေါက်နိုင်ပါက၊ သင့်အနေဖြင့် ဆက်လက် တွေ့ကြုံခံစားဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤကယ်တင်ခြင်းသည် သင့်ကို ကိုယ်စိတ်ချမ်းသာခြင်း ဆောင်ကြဉ်းပေးသင့်ပေသည်။ အသိစိတ် ဝင်လာဖို့ မငြင်းနှင့်။ ဤအထိ ရောက်ရှိပြီးဖြစ်သဖြင့်၊ သိမ်းပိုက်ခြင်းအမှု၏ အရေးပါမှုသည် သင့်အဖို့ သိသာထင်ရှားသင့်သကဲ့သို့၊ ယင်းနှင့်ပတ်သက်၍ ထင်မြင်ချက်များကို တစ်နည်းနည်းဖြင့် သင် မစွဲကိုင်သင့်တော့ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)” မှ

ဘုရားသခင်၏ အလိုတော်ကို လူများစွာက နားမလည်ကြ။ ဘုရားသခင်၏ ကြိုတင်ခွဲခန့်ခံရသူတိုင်း မလွဲမသွေ ကယ်တင်ခံရလိမ့်မည်ဟု ၎င်းတို့ ထင်ကြပြီး၊ ဘုရားသခင်၏ ကြိုတင်ခွဲခန့်ခြင်းမခံရသူတိုင်းမှာ ပိုမိုကောင်းမွန်သည့်အရာများကို လုပ်ဆောင်လျှင်ပင် ကယ်တင်ခံရလိမ့်မည်မဟုတ်ဟု ထင်ကြသည်။ လူတို့၏ အဆုံးသတ်ကို ၎င်းတို့၏ ဆောင်ရွက်မှုနှင့် အပြုအမူများအပေါ် အခြေခံ၍ ဘုရားသခင်က ဆုံးဖြတ်လိမ့်မည်မဟုတ်ဟု ၎င်းတို့ ထင်ကြသည်။ ဤသို့ သင် ထင်မှတ်လျှင်၊ ဘုရားသခင်ကို သင် အလွန်နားလည်မှုလွဲပေသည်။ ဤအရာကို ဘုရားသခင် အမှန်တကယ် လုပ်ဆောင်လျှင်၊ ဘုရားသခင်က ဖြောင့်မတ်ပါဦးမည်လော။ ဘုရားသခင်သည် လူတို့၏ အဆုံးသတ်ကို အခြေခံသဘောတရားတစ်ခုပေါ် အခြေပြုဆုံးဖြတ်သည်။ နောက်ဆုံးတွင် လူတို့၏ အဆုံးသတ်ကို ၎င်းတို့၏ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်မှုနှင့် အပြုအမူနှင့်အညီ ဆုံးဖြတ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မမြင်ဘဲ ဘုရားသခင်ကို အစဉ် နားလည်မှုလွဲပြီး သူ၏ ရည်ရွယ်ချက်များကို လိုရာဆွဲ၍ မမှန်မကန် ပြောခြင်းကြောင့် သင့်ကို အစဉ် အကောင်းမမြင်သောသူ ဖြစ်စေကာ မျှော်လင့်ချက် ပျောက်ဆုံးစေသည်။ ဤသည်မှာ မိမိကိုယ်ကိုယ် အနာတရဖြစ်စေခြင်းပင် မဟုတ်သလော။ အမှန်အားဖြင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အမှန်တကယ် နားလည်ကာ သေချာပါ၏လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသေးစိတ်ချပြဖို့နှင့် ငြင်းပယ်ဖို့ရန် “ဘုရားသခင်၏ ကြိုတင်ခွဲခန့်ထားခြင်း” ကို သင် အမြဲအသုံးပြု၏။ ဤသည်မှာ ဘုရားသခင်အပေါ် ဆိုးရွားသော အထင်အမြင်လွဲမှားမှုတစ်ခု ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အမှု နှင့် ဘုရားသခင်၏ အလိုတော်ကို လုံးဝ နားမလည်ပေ၊ ထိုမျှမက ဘုရားသခင်သည် သူ၏ နှစ် ၆၀၀၀ စီမံခန့်ခွဲရေးအမှုထဲ၌ ထည့်သွင်းပြီးသည့် ကောင်းသော ရည်ရွယ်ချက်များကို သင် နားမလည်ပေ။ သင်သည် သင့်ကိုယ်သင် မျှော်လင့်ချက်ပျက်သုဉ်းခြင်းတွင် မြှုပ်နှံထားသည်၊ ဘုရားသခင်ကို ကြိုတွက်ပြီး သံသယရှိသည်။ သင်သည် “ကျွန်ုပ်နှင့်ပတ်သက်၍ ထူးကဲသည့်အရာ တစ်ခုမျှမရှိချေ။ ကျွန်ုပ်သည် ဤအလုပ်ကို လုပ်ဖို့ အဘယ့်ကြောင့် ရာထူးတိုးခြင်းခံရသနည်း။ ဘုရားသခင်က ကျွန်ုပ်ကို အသုံးပြုနေခြင်းလော။ ကိုယ်တော်သည် ကျွန်ုပ်ကို ယခု အစေခံမှုပြုစေပြီး၊ ကျွန်ုပ်အသုံးမဝင်တော့သည့်အခါတွင် ကျွန်ုပ်ကို ဖယ်ရှားဖို့ စီစဉ်နေခြင်းလော။” ဟု တွေးလျက်၊ အစေခံသူတစ်ဦး ဖြစ်ခြင်းအတွက် ကြောက်ရွံ့နေသည်။ ဘုရားသခင်နှင့်သက်ဆိုင်သည့် ဤအမြင်ရှုထောင့်သည် သူ့ကို တန်ခိုးရှိသူများအလယ်တွင် အမျိုးအစားခွဲခြားနေခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်ကို အမြဲတစေ အထင်လွဲမှားပြီးဖြစ်သည်။ သင်သည် ဘုရားသခင်ကို မထီမဲ့မြင်ပြုသော ထင်မြင်ချက်ရှိပြီး သူ့ကို အထင်သေးခြင်းဖြင့် ကြည့်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် သူ၏စိတ်ရင်းအမှန်ကို သင် မည်သည့်အခါမျှ ယုံကြည်ခြင်း မရှိပေ၊ သင်သည် အစေခံသူတစ်ဦး ဖြစ်ဖို့ တက်ကြွစွာ ကြိုးစားပြီးဖြစ်သည်၊ သင်သည် အစေခံသူတို့၏ လမ်းကြောင်း ပေါ်လျှောက်ဖို့ စတင်ပြီးဖြစ်သည်- သို့ရာတွင် သင်၏ စိတ်သဘောထားကို ပြောင်းလဲဖို့ သင်မကြိုးစားရသေးသကဲ့သို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အလို့ငှာ သင် ဒုက္ခ မခံစားရသေးပေ။ နောက်ဆုံးတွင် သင်သည် ဘုရားသခင်က သင့်ကို ကြိုတင်ပြဌာန်းပြီးခြင်း မရှိသေးကြောင်းနှင့် သင်နှင့်ပတ်သက်၍ ရိုးသားစစ်မှန်မှု မရှိနေခဲ့ကြောင်း ပြောလျက်၊ ဘုရားသခင်ပေါ်သို့ သင်၏တာဝန်များကို တွန်းပေးပြီးဖြစ်သည်။ ပြဿနာမှာအဘယ်နည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားလည်မှုလွဲပြီး သူပြောသည့်အရာကို သင် မယုံကြည်။ သို့ဆိုလျှင်၊ ဘုရားသခင်၏ အလိုကို ကျေနပ်စေဖို့ သင်၏ တာဝန်ကို မည်သို့မှန်မှန်ကန်ကန် သင် ဖြည့်ဆည်းနိုင်မည်နည်း။ ထိုသို့သောသူများသည် အနည်းဆုံးအနေဖြင့် အစေခံသူများဖြစ်ဖို့ အရည်အချင်း မပြည့်မီသောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်နှင့် မည်သို့ ညှိနှိုင်းစေ့စပ်ဖို့ အရည်အချင်းပြည့်မီနိုင်သနည်း။ ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်တွေးထင်ပါက၊ သူ့ကို အဘယ့်ကြောင့် သင်ယုံကြည်သနည်း။ ဘုရားသခင်၏ မိသားစုအတွက် သင့်ကိုယ်သင် အသုံးမပြုမီ၊ “သင်သည် နိုင်ငံတော်၏ လူများနှင့်သက်ဆိုင်ပြီး၊ ဤသည်မှာ မည်သည့်အခါမျှ ပြောင်းလဲ လိမ့်မည်မဟုတ်။” ဟု သင့်အား ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပြောသည်ကို သင် အမြဲ လိုချင်ခဲ့သည်၊ ပြီးလျှင် ဤသည်ကို သူမပြောပါက၊ သင်သည် သူ့အား သင်၏စစ်မှန်သော စိတ်နှလုံးကို မည်သည့်အခါမျှ ပေးမည် မဟုတ်ပေ။ ထိုသို့သော လူများသည် မည်မျှ ပုန်ကန်တတ်လေခြင်း။ လူများစွာတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်းအပေါ် ဘယ်သောအခါမျှ အာရုံမစိုက်ကြပေ။ ၎င်းတို့က ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ၎င်းတို့ ရရှိနိုင်မည်၊ မရရှိနိုင်မည်၊ ၎င်းတို့ကို ဘုရားသခင်က မည်သို့ ပြုမူဆက်ဆံမည်၊ ဘုရားသခင်က ၎င်းတို့ကို သူ၏လူများဖြစ်ဖို့ရန် ကြိုတင်ခွဲခန့်ထားခြင်း ရှိ မရှိဆိုသည့်အကြောင်းနှင့် အခြား ကောလာဟလ ကိစ္စများကို မေးမြန်းရင်း လျှောက်သွားခြင်းကိုသာ ၎င်းတို့ အာရုံစိုက်ကြသည်။ လျော်ကန်သော အလုပ်ကို ပါဝင်လုပ်ဆောင်ခြင်းမရှိသည့် ဤလူများသည် ထာဝရအသက်ကို အဘယ်သို့ ရရှိနိုင်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ မိသားစုထဲတွင် မည်သို့ ဆက်လက် တည်ရှိနိုင်ကြမည်နည်း။

ယခု သင်တို့ကို ငါလေးလေးနက်နက် ပြောမည်။ ကြိုတင်ပြဋ္ဌာန်းခြင်း ခံထားရသည့် လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက နောက်ဆုံးတွင် ဖယ်ရှားသုတ်သင်ခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်အတွက် မိမိကိုယ်ကို ရိုးသားစွာ အသုံးခံပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အစွမ်းကုန်ကြိုးစားသော လူတစ်ဦး၌မူ— လူတို့က ထိုသူကို ကျန်ရှိနေရန် ကြိုတင်ပြဋ္ဌာန်းထားခြင်း မခံထားရသည့် လူတစ်ဦးအဖြစ် ရှုမြင်လျှင်ပင်— ကြိုတင်ပြဋ္ဌာန်းခြင်း ခံထားရသည်ဆိုသော ဆက်ကပ်အပ်နှံမှု လုံးဝမရှိသည့် ထိုလူများထက် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကြောင့် ပို၍ကောင်းမွန်သော နောက်ဆုံးပန်းတိုင် ရှိနေလိမ့်မည်။ ဤနှုတ်ကပတ်တော်များကို ယုံကြည်သလော။ ဤနှုတ်ကပတ်တော်များကို သင်မယုံကြည်နိုင်ဘဲ မှားယွင်းသည့် နည်းလမ်းဖြင့် အမှုကိစ္စများကို ဆက်လက်လုပ်ဆောင်နေပါက သင်သည် ဘုရားသခင်ကို အမှန်တကယ် မလိုချင်ဘဲ သမ္မာတရားကို မမြတ်နိုးသောကြောင့် ဧကန်မုချပင် ကြွင်းကျန်ရစ်မည်မဟုတ်ဟု သင့်ကို ငါဆို၏။ ဤသို့ဖြစ်သောကြောင့် လူများကို ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းထားမှုသည် အရေးမပါချေ။ ဤသို့ငါပြောသည့် အကြောင်းရင်းမှာ နောက်ဆုံးတွင် ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၏ စွမ်းဆောင်မှုနှင့် အပြုအမူတို့ဖြင့် အဆုံးအဖြတ်ပေးမည် ဖြစ်သောကြောင့်ဖြစ်၏။ သို့သော်လည်း အရှိအတိုင်း ပြောရလျှင် ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းထားမှုသည် သေးငယ်သော အခန်းကဏ္ဍတွင်သာ ပါဝင်ပြီး အဓိကကျသော အခန်းကဏ္ဍတွင် မပါဝင်ပေ။ ဤနှုတ်ကပတ်တော်များကို နားလည်သလော။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလိုတော်မှာ လူတို့ကို အကြီးမားဆုံး အတိုင်းအတာအထိ တတ်နိုင်သမျှ ကယ်တင်ရန် ဖြစ်သည်” မှ

အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ်နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ သေးသိမ်သည့် စရိုက်လက္ခဏာရှိသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတသောသဘော ကင်းမဲ့သော၊ ရက်စက်သည့် နည်းပရိယာယ်များ ပြုတတ်သော၊ ဖောက်ပြန်ပြီး ကောက်ကျစ်သော၊ ဆိုးယုတ်မှုနှင့် အမှောင်ထုကို နှစ်သက်သော စသည့်စရိုက်လက္ခဏာများရှိသူ လူသားနှင့် ဘုရားသခင်တူနိုင်မတူနိုင်ကို သင်မှန်းဆသည်။ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့် ၎င်းတို့တွင် ထိုသို့သောအတွေးများရှိခြင်းဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နှင့်ဘာမျှမထူး။ ထို့အပြင် ငါနှစ်သက်သောသူများသည် ခယဝယလုပ်ကာ ဖားတတ်သောသူများ အတိအကျပင်ဖြစ်ကြောင်း၊ ထိုသို့မလုပ်တတ်သူများသည် ဘုရားသခင်၏ အိမ်တော်တွင် ကြိုဆိုခြင်းခံရမည်မဟုတ်ဘဲ သူတို့သည် ထိုအိမ်တော်ရှိ မိမိတို့၏နေရာကို ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ကြသူအချို့ပင် ရှိသည်။ ဤနှစ်များတစ်လျှောက် သင်တို့ဆည်းပူးထားသည်မှာ ဤအသိပညာတစ်ခုသာလော။ ဤသည်မှာ သင်တို့ရရှိခဲ့သောအရာလော။ ထို့ပြင် ငါနှင့်ပတ်သက်သော သင်တို့၏အသိအမြင်သည် ထိုသို့သော အထင်အမြင်မှားများသာမကပေ၊ သာ၍ဆိုးသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်တို့၏ စော်ကားခြင်းနှင့် ကောင်းကင်ဘုံကို ရှုတ်ချပြောဆိုခြင်းတို့ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ ထိုသို့သော ယုံကြည်ခြင်းသည် ငါနှင့်ဝေးရာသို့ သင်တို့ကို လမ်းလွဲသွားစေ မည်သာဖြစ်ပြီး သင်တို့အား ငါ့ကို ပိုပြီးဆန့်ကျင်သူများ ဖြစ်စေမည်သာ ဖြစ်သည်ဟု ငါပြောခြင်းဖြစ်၏။ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့် ကာလအတွင်းတွင် သင်တို့သည် သမ္မာတရားများစွာကို မြင်ခဲ့ပြီးဖြစ်သည်၊ သို့သော် ငါ၏နားက မည်သည့်အရာများ ကြားခဲ့သည်ကို သင်တို့သိသလော။ သင်တို့အထဲမှ လူမည်မျှသည် သမ္မာတရားကို လက်ခံရန် လိုလားကြသနည်း။ သမ္မာတရားအတွက် အဖိုးအခကိုပေးရန် သင်တို့လိုလိုလားလား ရှိသည်ဟု သင်တို့အားလုံးယုံကြည်ကြသည်၊ သို့သော် သင်တို့ထဲမှ လူမည်မျှသည် သမ္မာတရားအတွက် အမှန်တကယ် ဒုက္ခခံခဲ့ဖူးသနည်း။ သင်တို့၏ နှလုံးသားများထဲ၌ မဖြောင့်မတ်မှုများသာ ရှိသောကြောင့် မည်သူပင်ဖြစ်ပါစေ လူတိုင်းသည် ညီတူညီမျှပင် လိမ်လည်လှည့်ဖျားတတ်ပြီး ကောက်ကျစ်ကြသည်ဟု သင်တို့ယုံကြည်ကြ သည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူတစ်ယောက် ကဲ့သို့ပင် ကြင်နာတတ်သော နှလုံးသား၊ သို့မဟုတ် စေတနာ မေတ္တာမရှိသူဟုပင် ယုံကြည်ကြသည်အထိ ဖြစ်တော့၏။ ထိုမျှမကသေး မြင့်မြတ်သော စရိုက်နှင့် သနားကြင်နာတတ်ကာ ကောင်းမြတ်သော သဘာဝသည် ကောင်းကင်ဘုံရှိ ဘုရားသခင်၌သာလျှင် ရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ထိုသို့သော သန့်ရှင်းသူမျိုးမရှိကြောင်း၊ မြေကြီးပေါ်တွင် အမှောင်ထုနှင့် ဆိုးယုတ်မှုကသာ အုပ်စိုးကြောင်း သင်တို့ယုံကြည်ကြပြီး ဘုရားသခင်ဆိုသည်မှာမူ ကောင်းသောအရာများ နှင့် လှပသောအရာများကို တောင့်တသော လူ၏ဆန္ဒကို ဖြည့်ဆည်းပေးမည့်သူ၊ လူတို့က လုပ်ကြံဖန်တီးထားသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ သင်တို့၏စိတ်ထဲတွင် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် အလွန်တော်မှန်၍ ဖြောင့်မတ်ကာ ကြီးမြတ်ပြီး ကိုးကွယ်ခြင်းနှင့် နှစ်သက်လေးစားခြင်းကို ခံထိုက်သည်ဟု မြင်ကြပြီး မြေကြီးပေါ်၌ရှိသော ဤဘုရားသခင်မှာမူ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို အစားထိုးထားသူဖြစ်ပြီး တန်ဆာပလာတစ်ခုမျှသာ ဖြစ်သည်ဟု မြင်ကြသည်။ ဤဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် မတူညီနိုင်၊ တစ်တန်းတည်းထား၍ ဖော်ပြဖို့ဆိုသည်မှာ သာ၍မဖြစ်နိုင်ဟု သင်တို့ယုံကြည်ကြသည်။ ဘုရားသခင်၏ ကြီးမြတ်မှု၊ ဂုဏ်အသရေ နှင့်ပတ်သက်လာပါက ၎င်းတို့သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့်သက်ဆိုင်သော်လည်း လူတို့၏သဘာဝ၊ ဖောက်ပြန်မှု နှင့်ပတ်သက်၍မူ ၎င်းတို့သည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်နှင့် ဆိုင်သည့် ဂုဏ်သတ္တိများ ဖြစ်သည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် ထာဝစဉ်မြင့်မြတ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ အစဉ်သဖြင့် အရေးမပါဘဲ အားနည်းကာ အရည်အချင်း မပြည့်မီဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် စိတ်ခံစားမှုအတိုင်းမလုပ်တတ်၊ ဖြောင့်မတ်ခြင်းသာ ဖြစ်သော်လည်း မြေကြီးပေါ်တွင်ရှိသော ဘုရားသခင်၌မူ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များသာရှိပြီး မည်သည့်တရားမျှတမှု၊ သို့မဟုတ် မည်သည့်ဆင်ခြင်တုံတရားမျှ မရှိဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်၌ ကောက်ကျစ်မှု အနည်းငယ်မျှ မရှိ၊ သူသည် အစဉ်အမြဲ သစ္စာရှိသော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင်၌မူ မရိုးသားသောသဘောထား အစဉ်အမြဲရှိသည်ဟု သင်တို့ယုံကြည်ကြသည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်သည် လူသားကို မြတ်မြတ်နိုးနိုး ချစ်သော်လည်း မြေကြီးပေါ်၌ရှိသော ဘုရားသခင်မှာမူ လူသားကို ကောင်းကောင်း ဂရုမစိုက်၊ လုံးဝလျစ်လျူရှုထားခြင်းပင် ပြုသည်ဟု သင်တို့ယုံကြည် ကြသည်။ ဤမှားယွင်းသည့်အသိကို သင်တို့၏နှလုံးသားများထဲ၌ သိုထားသည်မှာ အချိန်ကြာပြီဖြစ်ပြီး အနာဂတ်တွင်လည်း အလားတူ ဆက်ဖြစ်နေနိုင်သည်။ ခရစ်တော်၏ လုပ်ဆောင်ချက်အားလုံးကို သင်တို့သည် မဖြောင့်မတ်သောသူတို့၏ ရှုထောင့်ဖြင့် ကြည့်ကြကာ ခရစ်တော်၏အလုပ်အပြင် ခရစ်တော်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရတို့ကိုလည်း သင်တို့သည် ကောက်ကျစ်သူတို့၏ ရှုထောင့်မှ သုံးသပ်ကြသည်။ သင်တို့ရှေ့မှလူများ မည်သည့်အခါကမျှ မလုပ်ဖူးသည့် ကြီးမားသော အမှားတစ်ခုကို သင်တို့ ကျူးလွန်ခဲ့ကြပြီ။ တစ်နည်းဆိုသော် ဦးခေါင်း၌ သရဖူဆောင်းထားသည့် ကောင်းကင်ဘုံရှိ မြင့်မြတ်သော ဘုရားသခင်ကိုသာ သင်တို့အစေခံကြပြီး အလွန်အရေးမပါလွန်းသဖြင့် သင်တို့အတွက် မြင်နိုင်စွမ်းမရှိဟု မှတ်ယူသည့် ဘုရားသခင်ကိုမူ မည်သည့်အခါကမျှ သင်တို့အစေမခံပေ။ ဤသည်မှာ သင်တို့၏အပြစ် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားမှု၏ ဖြစ်ရိုးဖြစ်စဉ်နမူနာတစ်ခု မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ” မှ

သင်သည် ဘုရားသခင်အကြောင်း နားလည်လွဲမှားမှုများ ရှိသောအခါ သမ္မာတရားကို ရှာဖွေခြင်းမှ သင့်ကို တားဆီးမည့် ခက်ခဲပြီး အစွဲရှိသော အခြေခံသဘောတရားများ သင့်အထဲတွင် ရှိလေသည်။ သင်၏ နားလည်လွဲမှားမှုများကို ဖယ်ရှားပါက သမ္မာတရားကို သင် ရှာဖွေနိုင်လိမ့်မည်။ ယင်းတို့ကို မဖယ်ရှားပါက သင်၏စိတ်နှလုံးထဲတွင် သူစိမ်းဆန်သွားခြင်း ခံစားချက်တစ်ခု ရှိလိမ့်မည်ဖြစ်ပြီး သင်သည် ဝတ်ကျေတန်းကျေပုံစံဖြင့် ဆုတောင်းလိမ့်မည်။ ဤသည်မှာ ဘုရားသခင်ကို လိမ်လည်လှည့်စားခြင်းဖြစ်ပြီး သူက နားထောင်လိမ့်မည် မဟုတ်ပေ။ သင်၌ ဘုရားသခင်အား နားလည်လွဲမှားမှု ရှိလျှင်ရှိချင်းနှင့် ဝေးကွာခြင်းနှင့် သူစိမ်းဆန်ခြင်း ခံစားချက်များ ပေါ်ပေါက်လျှင်ပေါ်ပေါက်ချင်း သင်၏စိတ်နှလုံးက ဘုရားသခင်မှ သီးခြားဖြစ်သွားကာ၊ သူ၏နှုတ်ကပတ်တော်များကို သင် နားမထောင်ချင်သကဲ့သို့ သမ္မာတရားကိုလည်း မရှာဖွေချင်တော့ပေ။ သင် မည်သည့်အရာပြုလုပ်သည်ဖြစ်စေ သင် ဟန်ဆောင်လုပ်ပြခြင်း၊ သင့်ကိုယ်သင် အယောင်ဆောင်ခြင်းနှင့် လှည့်စားခံရခြင်းသာ ဖြစ်သည်။ ဘုရားသခင်အကြောင်း လူ၏ နားလည်လွဲမှားမှုများက ပြေလည်ပြီး ဤအကျပ်အတည်းကို သူ ကျော်လွန်နင်းဖြတ်သောအခါ သူက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များ တစ်ခုစီကို ရိုးသားမှန်ကန်မှုဖြင့် သဘောထားပြီး သူ၏ရှေ့မှောက်သို့ ရိုးသားသော စိတ်နှလုံးဖြင့် အသည်းအသန် လာရောက်လိမ့်မည်။ လူနှင့် ဘုရားသခင်ကြားတွင် အတိုက်အခံလုပ်ခြင်း၊ ဝေးကွာခြင်းနှင့် နားလည်လွဲမှားမှု ရှိပါက လူသည် စာတန်၏ဇာတ်ကောင်ကို ကပြနေပြီး ဘုရားသခင်ကို ဆန့်ကျင်လျက် ရှိနေခြင်းဖြစ်သည်။ ဤဆန့်ကျင်ခြင်း၏ အကျိုးဆက်များက အဘယ်နည်း။ ထိုကဲ့သို့သော လူတစ်ဦးက ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ ထိုသူတို့က သမ္မာတရားကို လက်ခံနိုင်သလော။ သူတို့သည် နှစ်ခုလုံးကို မလုပ်နိုင်ဘဲ သူတို့၏ စိတ်သဘောထား၌ရှိသော အပြောင်းအလဲများက လုံးဝရပ်တန့်ခြင်းသို့ ရောက်လာသည်။ ထို့ကြောင့် လူတစ်ဦးက သူ၏ အခြေအနေအမျိုးမျိုးကို ဆန်းစစ်သောအခါ ကဏ္ဍတစ်ရပ်အနေဖြင့် ယင်းကို မိမိကိုယ်ကိုယ် သိနားလည်ရန် ပြုလုပ်ခြင်းဖြစ်ကာ အခြားကဏ္ဍတစ်ရပ်တွင် ဘုရားသခင်အပေါ် သူက မည်သည့် နားလည်လွဲမှားမှုများရှိကြောင်း ဆန်းစစ်ရာ၌ အာရုံစိုက်ခြင်းကို ယင်းက လိုအပ်လာစေသည်။ ဤနားလည်လွဲမှားမှုများက မည်သည်တို့ကို ဖြစ်ပေါ်စေသနည်း။ အယူအဆများ၊ စိတ်ကူးစိတ်သန်းများ၊ ဘောင်ခတ်ခြင်းများ၊ သံသယများ၊ စုံစမ်းစစ်ဆေးမှုများနှင့် ထင်ကြေးပေးခြင်းများကို ဖြစ်ပေါ်စေသည်။ သင်သည် ဤအခြေအနေများ၌ ပါဝင်ပတ်သက်မိသောအခါ ဘုရားသခင်နှင့် သင်၏ ဆက်သွယ်ရေးတွင် ပြဿနာတစ်ခု ပေါ်ပေါက်လာပေမည်။ ယင်းကို ဖြေရှင်းရန် သမ္မာတရားကို ချက်ချင်း ရှာဖွေပြီးလျှင် ယင်းကို သင်ဖြေရှင်းရမည်။ အချို့က သူတို့သည် ဘုရားသခင်အား နားလည်လွဲမှားမှု ရှိသောအခါ ထိုကိစ္စရပ်ကို သူတို့ မဖြေရှင်းပြီးမချင်း သူတို့၏တာဝန်ကို မထမ်းဆောင်နိုင်ဟု ထင်တတ်ကြသည်။ ဤသည်မှာ လက်ခံနိုင်စရာရှိသလော။ (မရှိပါ။) သင်၏ တာဝန်ထမ်းဆောင်ခြင်းကို မရွှေ့ဆိုင်းဘဲ ထမ်းဆောင်ပြီး တစ်ချိန်တည်းတွင် သင့်ကိစ္စရပ်ကို ဖြေရှင်းလော့။ သင့်တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ ဘုရားသခင်အကြောင်း သင်၏ နားလည်လွဲမှားမှုက သင် သတိမထားမိခင် စတင်စွန့်ခွာသွားမည် ဖြစ်ပြီး ထိုကိစ္စရပ်က မည်သည့်နေရာမှ ပေါ်ပေါက်လာခဲ့ပြီး ယင်းက အဘယ်မျှဆိုးဝါးသည်ကို သင် ရှာဖွေတွေ့ရှိလာလိမ့်မည်။ သင်တို့သည် တစ်နေ့နေ့တွင်- “လူသည် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ပြီး ဖန်ဆင်းရှင်က ထာဝရ ကျွန်ုပ်၏သခင် ဖြစ်သည်။ ဤအနှစ်သာရက မပြောင်းလဲသကဲ့သို့ လူ၏ အဆင့်အတန်းသာမက ဘုရား၏ အဆင့်အတန်းလည်း မပြောင်းလဲချေ။ ဘုရားသခင် မည်သည့်အရာ ပြုလုပ်ပါစေ၊ ထို့ပြင် လူသားမျိုးနွယ်တစ်ရပ်လုံးက သူပြုလုပ်သည့် အရာကို မှားယွင်းသည်ဟု မြင်တွေ့လျှင်ပင် သူပြုခဲ့ပြီးသည့်အရာကို ကျွန်ုပ် မငြင်းဆိုနိုင်သကဲ့သို့ သူသည် သမ္မာတရားပင်ဖြစ်ကြောင်းလည်း ကျွနုပ် မငြင်းဆိုနိုင်ပါချေ။ ဘုရားသခင်သည် ထာဝစဥ် မလွဲမှားသော၊ အမြင့်ဆုံးသော သမ္မာတရားဖြစ်သည်။ လူသည် သူ၏ရပ်တည်ချက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသင့်သည်။ ဘုရားသခင်ကို စုံစမ်းစစ်ဆေးခြင်း မပြုဘဲ ဘုရားသခင်၏ စီစဥ်ညွှန်ကြားခြင်းများကို လက်ခံပြီး သူ၏ နှုတ်ကပတ်တော်များအားလုံးကို လက်ခံသင့်ပေသည်။ ဘုရားသခင် မြွက်ဆိုသမျှနှင့် ပြုလုပ်သမျှက မှန်ကန်သည်။ လူက ဘုရားသခင်အား တောင်းဆိုချက်အမျိုးမျိုးကို မပြုသင့်၊ ဖန်ဆင်းခံသတ္တဝါများက ထိုသို့ပြုရန် အရည်အချင်းမပြည့်မီပေ။ ဘုရားသခင်က ကျွန်ုပ်ကို ကစားစရာသဖွယ် ဆက်ဆံပြုမူခဲ့လျှင်ပင် ကျွန်ုပ် ကျိုးနွံနာခံရဦးမည် ဖြစ်ကာ၊ မနာခံပါက ကျွန်ုပ်၏ပြဿနာဖြစ်ပြီး ဘုရား၏ပြဿနာ မဟုတ်ပါချေ။” ဟု သဘောပေါက်လာနိုင်မည်။ သင်သည် သမ္မာတရား၏ ဤကဏ္ဍအပေါ် အတွေ့အကြုံနှင့် အသိပညာ ရှိသောအခါ ဘုရားသခင်အား ကျိုးနွံနာခံခြင်းထဲသို့ သင် အမှန်တကယ် ဝင်ရောက်မည်ဖြစ်ပြီး၊ သင်၌ ကြီးမားသော အခက်အခဲများ နောက်ထပ် ရှိတော့မည်မဟုတ်ဘဲ၊ သင်၏တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ သို့မဟုတ် သမ္မာတရား၏ ကဏ္ဍအမျိုးမျိုးကို လက်တွေ့လုပ်ဆောင်နေသည်ဖြစ်စေ အခက်အခဲများစွာက ဖြေရှင်းပြီးသား ဖြစ်လိမ့်မည်။ ဤသည်မှာ အကြီးမားဆုံးနှင့် အလေးနက်ဆုံးသော အမှန်တရားပင်ဖြစ်သည်။ ကြိမ်ဖန်များစွာ လူတို့သည် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ရလျှင်၊ အတားအဆီး အမျိုးမျိုးရှိလျှင် သို့မဟုတ် သူတို့နှင့် အဆင်မပြေနိုင်သည့် တစ်စုံတစ်ရာကို ကြုံတွေ့ရလျှင်၊ ယင်းမှာ သူတို့က မှားယွင်းသော ရပ်တည်ချက်၌ ရပ်နေကြသောကြောင့်ပင် ဖြစ်သည်- သူတို့တွင် ဘုရားသခင်အကြောင်း နားလည်လွဲမှားမှုများ ရှိသည်၊ သူတို့က ဘုရားသခင်ကို စုံစမ်းစစ်ဆေးလိုပြီး သူ့ကို ဘုရားအဖြစ် သဘောမထားလိုကြပေ၊ သူတို့က ဘုရားသခင် မြွက်ဆိုသမျှနှင့် ပြုလုပ်သမျှ၏ မှန်ကန်မှုကို ငြင်းဆန်လိုကြပြီးလျှင် ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်းကို သူတို့ ငြင်းဆန်လိုကြသည်။ ဤအရာက လူသည် ဖန်ဆင်းခံသတ္တဝါ မဖြစ်လိုဘဲ ဘုရားသခင်နှင့် အဆင့်အတန်း တူညီကာ သူ့ကို အပြစ်ရှာလိုကြောင်း ပေါ်လွင်စေသည်။ ဤအရာက ဒုက္ခပြဿနာကို ဖြစ်ပေါ်စေမည်။ သင်သည် ကောင်းစွာ တာဝန်ထမ်းဆောင်နိုင်ပြီး သင့်နေရာအဆင့်အတန်းကို ဖန်ဆင်းခံသတ္တဝါတစ်ဦးအဖြစ် မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ပါက အခြေခံအားဖြင့် သင့်အထဲတွင် ဘုရားသခင်ပြုလုပ်သည့်အပေါ် ခုခံတော်လှန်ခြင်း ပေါ်ထွက်လာမည် မဟုတ်ချေ။ သင်၌ နားလည်လွဲမှားမှုများတချို့ ရှိကောင်းရှိပြီး၊ အယူအဆများတချို့ ရှိကောင်းရှိနိုင်သော်လည်း အနည်းဆုံးအနေဖြင့် သင်၏ စိတ်နေစိတ်ထားမှာ ဘုရားသခင်၏ စီစဥ်ညွှန်ကြားမှုများကို လက်ခံရန် ဆန္ဒရှိခြင်းမျိုး ဖြစ်လာပြီး၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် ဆန္ဒရှိခြင်းဟူသော နေရာအဆင့်အတန်း၌ ရပ်တည်နေလိမ့်မည် ဖြစ်သောကြောင့် သင့်အထဲ၌ ဘုရားသခင်အား ခုခံတော်လှန်ခြင်း ပေါ်ထွက်လာမည် မဟုတ်ပါချေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား” မှ

လူတို့သည် ဘုရားသခင်၏ စမ်းသပ်မှုများနှင့်ပတ်သက်၍ မကြာခဏ စိုးရိမ်ကြပြီး ကြောက်ရွံ့တတ်ကြသော်လည်း၊ ၎င်းတို့သည် စာတန်၏ ကျော့ကွင်းနှင့် စာတန် တိုက်ခိုက်မှုနှင့် နှိပ်စက်မှုတို့ကို ၎င်းတို့ခံရသည့် အန္တရာယ်များသော နယ်မြေထဲ၌ အချိန်တိုင်း အသက်ရှင်နေသည်- သို့သော် ၎င်းတို့သည် ကြောက်ရွံ့ရမှန်း မသိကြသကဲ့သို့ တုန်လှုပ်ချောက်ချားခြင်းလည်း မရှိပေ။ အဘယ်သို့ ဖြစ်ကုန်သနည်း။ ဘုရားသခင်၌ လူသား၏ ယုံကြည်ခြင်းသည် သူမြင်နိုင်သော အရာများအထိသာ ကန့်သတ်ထားပေသည်။ သူသည် လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့် ပူပန်ခြင်း သို့မဟုတ် လူသားအပေါ် သူ၏ကြင်နာမှုနှင့် စာနာထောက်ထားမှုတို့ကို အနည်းငယ်မျှ အသိအမှတ်ပြုခြင်း မရှိပေ။ သို့သော် ဘုရားသခင်၏ စမ်းသပ်မှုများ၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ နှင့်ပတ်သက်၍ အနည်းငယ် စိုးရိမ်ပူပင်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့အတွက်မူ၊ လူသားသည် ဘုရားသခင်၏ ကောင်းသော ရည်ရွယ်ချက်များအပေါ် အနည်းငယ်မျှ သိနားလည်မှု မရှိပေ။ စမ်းသပ်မှုများအကြောင်း ဖော်ပြရာတွင်၊ လူတို့သည် ဘုရားသခင်၌ ဖုံးကွယ်ထားသော ရည်မှန်းချက်များ ရှိသည့်အလား ထင်မြင်ကြပြီး၊ အချို့က ဘုရားသခင်သည် ၎င်းတို့ကို မည်သည့်အရာ အမှန်တကယ် ပြုမည်ကို မသိဘဲ၊ ဘုရားသခင်သည် မကောင်းသော အကြံအစည်များ သိုထားသည်ဟုပင် ယုံကြည်ကြလေသည်။ ထို့ကြောင့် ဘုရားသခင်၏ အချုပ်အခြာ အာဏာနှင့် အစီအစဉ်များကို နာခံသည်ဟု ကြွေးကြော် နေသည်နှင့်အမျှ တစ်ချိန်တည်းတွင်၊ အကယ်၍ ၎င်းတို့သည် သတိမထားပါက ဘုရားသခင်၏ လှည့်စားခြင်း ခံရကြမည်၊ အကယ်၍ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ကံကြမ္မာကို ဆက်လက်မဆုပ်ကိုင်ပါက၊ ၎င်းတို့၌ ရှိသမျှကို ဘုရားသခင် ရုပ်သိမ်းနိုင်ပြီး ၎င်းတို့၏ အသက်ပင်လျှင် အဆုံးသတ်နိုင်သည်ဟု ယုံကြည်ကြသည့်အတွက်၊ ၎င်းတို့သည် လူသားအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် လူသားအတွက် အစီအစဉ်များကို ခုခံရန်နှင့် ဆန့်ကျင်ရန် ၎င်းတို့ တတ်နိုင်သမျှကို လုပ်ဆောင်ကြလေသည်။ လူသားသည် စာတန်၏ စခန်းထဲ၌ ရှိသော်လည်း၊ သူသည် စာတန်အားဖြင့် နှိပ်စက်ခံရခြင်းအကြောင်းကို တစ်ကြိမ်တစ်ခါမျှ စိုးရိမ်ပူပန်ခြင်း မရှိသကဲ့သို့၊ သူသည် စာတန်၏ နှိပ်စက်ခြင်းကို ခံရသော်လည်း၊ စာတန်၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရမည်ကို တစ်ကြိမ်တစ်ခါမျှ ကြောက်ရွံ့ခြင်း မရှိပေ။ သူသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသည်ဟု ဆိုမြဲဆိုနေသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း သို့မဟုတ် ဘုရားသခင်သည် စာတန်၏ လက်ခုပ်မှလူသားကို အမှန်တကယ် ကယ်တင်လိမ့်မည်ဟု မည်သည့်အခါမျှ ယုံကြည်ခြင်း မရှိပေ။ အကယ်၍ လူသားသည် ယောဘကဲ့သို့ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ပြီး သူ၏ ဖြစ်တည်မှုတစ်ခုလုံးကို ဘုရားသခင်၏ လက်ထဲသို့ ပေးအပ်နိုင်ပါက၊ လူသား၏ အဆုံးသတ်သည် ယောဘ၏ အဆုံးသတ်ကဲ့သို့ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို လက်ခံရရှိခြင်းနှင့် တူညီလိမ့်မည် မဟုတ်လော။ အကယ်၍ လူသားသည် ဘုရားသခင်၏ အုပ်စိုးမှုကို လက်ခံကာ ကျိုးနွံနာခံနိုင်ပါက၊ ဆုံးရှုံးရန်အကြောင်း အဘယ်ရှိသနည်း။ ထို့ကြောင့်၊ သင်တို့အား သင်တို့၏ လုပ်ရပ်များတွင် ဂရုစိုက်ရန်နှင့် သင်တို့အပေါ် ရောက်လာတော့မည့် အရာရာတိုင်းအပေါ် သတိရှိရန် ငါအကြံပြုသည်။ မဆင်မခြင် သို့မဟုတ် စိတ်လိုက်မာန်ပါ မပြုကြနှင့်၊ ပြီးလျှင် ဘုရားသခင်နှင့် သင့်အတွက် သူ စီစဉ်ပြီးဖြစ်သော လူများ၊ ကိစ္စရပ်များ၊ အရာဝတ္ထုများအပေါ် သင်၏ ပူသောသွေး သို့မဟုတ် သင်၏ သဘာဝဖြစ်ခြင်းပေါ် မူတည်၍ သို့မဟုတ် သင်၏ စိတ်ကူးများနှင့် အယူအဆများအတိုင်း မဆက်ဆံနှင့်။ သင်တို့သည် ဘုရားသခင်၏ အမျက်ဒေါသအား လှုံ့ဆော်မိခြင်းကို ရှောင်ရှားရန် သင်တို့၏ လုပ်ရပ်များ၌ သတိရှိရမည် ဖြစ်ပြီး ဆုတောင်းကာ သာ၍ ရှာဖွေရမည် ဖြစ်သည်။ ဤအရာကို အောက်မေ့လော့။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင် ကယ်တင်သော လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းနည်းလမ်းဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသူများ ဖြစ်သည်၊ သူတို့သည် အပြစ်အနာအဆာ နည်းနည်းမျှမရှိကြသည့် စုံလင်သော လူများ မဟုတ်ကြသလို၊ လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်ရှင်ကြသည့် လူများမဟုတ်ကြပါ။ အချို့အတွက်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်း ဖော်ထုတ်ခံရသည်နှင့်တပြိုင်နက်၊ သူတို့က၊ “ထပ်ပြီး ဘုရားသခင်ကို ငါ ခုခံမိပြန်ပြီ၊ ဘုရားသခင်ကို ငါ နှစ်တွေအများကြီး ယုံကြည်ခဲ့တယ်၊ ဒါပေမဲ့ ငါ မပြောင်းလဲသေးဘူး။ ဘုရားသခင် ငါ့ကို မလိုချင်တော့တာ သေချာပါတယ်” ဟု တွေးကြသည်။ ဤအရာသည် အဘယ်သို့သော သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်အပေါ် လက်လျှော့လိုက်ကြပြီး ဘုရားသခင်က ၎င်းတို့ကို မလိုချင်တော့ဟု တွေးကြသည်။ ဤသည်မှာ ဘုရားသခင်ကို နားလည်မှုလွဲခြင်းကိစ္စတစ်ခု မဟုတ်ပါလော။ သင် အပျက်သဘော အလွန်ဆောင်သည့်အခါ၊ စာတန်အတွက် သင်၏ ချပ်ဝတ်တန်ဆာတွင် အက်ကြောင်းရာများကို ရှာတွေ့ဖို့ အလွယ်ကူဆုံးဖြစ်သည်၊ ယင်းက အောင်မြင်သည်နှင့် တစ်ပြိုင်နက်၊ အကျိုးဆက်များမှာ မတွေးတတ်အောင် ဖြစ်သည်။ ထို့ကြောင့်၊ အခက်အခဲမည်မျှတွင် သင်ရှိနေပါစေ၊ သို့မဟုတ် အပျက်သဘောဆောင်မှုကို မည်မျှ သင်ခံစားရပါစေ၊ သင် မည်သည့်အခါမျှ အရှုံးမပေးရ။ အသက်တာ ကြီးထွားမှုဖြစ်စဉ်နှင့် ကယ်တင်ခံနေရစဉ်တွင်၊ လူတို့သည် မှားသောလမ်းကြောင်းကို တစ်ခါတစ်ရံ ယူကြတတ်ကြသည်၊ သို့မဟုတ် လမ်းလွဲသွားတတ်ကြ၏။ ၎င်းတို့အသက်တာတွင် မရင့်ကျက်မှုအချို့ကို ၎င်းတို့ ခဏတာ ပြသတတ်ကြသည်၊ သို့မဟုတ် တစ်ခါတစ်ရံ အားနည်းလာပြီး အပျက်သဘောဆောင်လာကြကာ၊ မှားယွင်းသော အရာများကို ပြောကြသည်၊ ခြေချော်ပြီး လဲကျသည်၊ သို့မဟုတ် ကျရှုံးမှုကို ခံစားကြရသည်။ ဘုရားသခင်၏ ရှုထောင့်အမြင်အရ၊ ထိုသို့သော အရာများအားလုံးသည် သာမန်ဖြစ်ပြီး ယင်းတို့အပေါ် ကိုယ်တော် အရေးတယူ လုပ်လိမ့်မည်မဟုတ်။ ၎င်းတို့သည် အဘယ်သို့ အကြီးအကျယ် ဖောက်ပြန်ပျက်စီးကြောင်း၊ ဘုရားသခင်ကို မည်သည့်အခါတွင်မျှ စိတ်ကျေနပ်စေနိုင်လိမ့်မည် မဟုတ်ကြောင်းကို မြင်ရသည့်အခါ လူအချို့၏ စိတ်နှလုံးများသည် နာကျင်ခံစားကြရပြီး ထိုသို့သော နောင်တရရှိနိုင်စွမ်းရှိသူတို့သည် မကြာခဏ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံကြရသောသူများ ဖြစ်သည်။ ကယ်တင်ခြင်း လိုအပ်သည်ဟု မခံစားရသူများ၊ မိမိတို့သည် စုံလင်ပြီးသားဖြစ်သည်ဟု တွေးထင်သူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့်သူများ မဟုတ်ပေ။ ငါသည် သင်တို့ကို အဘယ်ကြောင့် ဤအရာ‌ပြောနေသနည်း။ ငါဆိုလိုသည့်အရာမှာ သင်၌ ယုံကြည်ခြင်းရှိရမည်ဟူ၍ဖြစ်၏- “ယခု ကျွန်ုပ်အားနည်းသကဲ့သို့ လဲကျကာ ကျရှုံးထားသည်မှာ မှန်သော်လည်း၊ တစ်နေ့ ကျွန်ုပ်ကြီးထွားလိမ့်မည်၊ တစ်နေ့ ကျွန်ုပ်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရမည်၊ သမ္မာတရားကို နားလည်ရမည်ဖြစ်ပြီး ကယ်တင်ခြင်းခံရလိမ့်မည်။” သင်၌ ဤယုံကြည်ခြင်း ရှိရမည်။ မည်သည့်ဆုတ်ဆိုင်းမှုများ၊ အခက်အခဲများ၊ သို့မဟုတ် ကျရှုံးမှုများနှင့် လဲကျမှုများရှိသည်ဖြစ်စေ၊ သင်သည် အပျက်သဘောမဆောင်ရ။ မည်သည့်လူစားမျိုးသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရနိုင်သည်ကို သင်သိရမည်။ ထို့အပြင်၊ သင့်အနေဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကိုခံရရန် မသင့်တော်ဟု ခံစားရပါက၊ သင်သည် စက်ဆုပ်ဖွယ်ဖြစ်သည်၊ သို့တည်းမဟုတ် ဘုရားသခင်အဖို့ သဘောမကျစရာဖြစ်သည်ဟု သင်ခံစားရသည့် အခြေအနေတစ်ခု ရံဖန်ရံခါ သင်၌ ရှိပါက၊ သို့မဟုတ် အတိတ်ကာလတွင် သင်သည် ဘုရားသခင်၏ လုံးဝ လက်ခံမခံခြင်း၊ သို့တည်းမဟုတ် ငြင်းပယ်ခြင်းကို ခံခဲ့ရသည့် အချိန်ကာလတစ်ခု ရှိခဲ့ပါက၊ မစိုးရိမ်နှင့်။ ယခု ဤအရာကို သင်သိ၏၊ ထို့ကြောင့် နောက်မကျလွန်းပေ။ သင်နောင်တရသရွေ့၊ ဘုရားသခင်သည် သင့်ကို ကယ်တင်ခြင်း အခွင့်အရေး ပေးလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အသက်တာထဲ ဝင်ရောက်ခြင်းက အရေးကြီးဆုံးဖြစ်သည်” မှ

ဘုရားသခင်ထံမှ နှုတ်ကပတ်တော် တစ်လုံးကြောင့်၊ လူများက ဘုရားသခင်သည် ၎င်းတို့နှင့်ပတ်သက်သည့် ကောက်ချက်တစ်ခု ချမှတ်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ကို စွန့်ပစ်ပြီး ဖြစ်ကြောင်းတို့ကို မကြာခဏ တွေးထင်ကြပြီး၊ ရလဒ်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်နောက်ကို ဆက်လိုက်ဖို့နှင့် ရှေ့ဆက်လျှောက်ဖို့ လိုလားခြင်း ရှိမနေကြပေ။ အမှန်တွင် စွန့်ပစ်ခံလိုက်ရခြင်း ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင် နားမလည်ပေ။ သင့်ကိုယ်သင် သင်၏ စွန့်ပစ်ခံလိုက်ရခြင်းသည် စစ်မှန်သော စွန့်ပစ်ခံလိုက်ရခြင်း ဖြစ်ပေသည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်က သင့်အား သတ်မှတ်သည့် နှုတ်ကပတ်တော်များသည် ဒေါသ၌ ပြောခြင်းမျှသာ ဖြစ်သည်။ သူက သင်နှင့်ပတ်သက်သည့် ကောက်ချက်တစ်ခု ချခြင်း မည်သည့်နည်းနှင့်မျှ မဟုတ်သကဲ့သို့ သူသည် သင့်ကို စီရင်နေခြင်းလည်း မဟုတ်ပေ၊ ဤသည်မှာ သူ၏နောက်ဆုံး အပြစ်ဒဏ်ပေးခြင်း သာ၍ မဟုတ်သကဲ့သို့၊ သင်၏ နောက်ဆုံးပန်းတိုင်ကို သတ်မှတ်နေခြင်းလည်း မဟုတ်ပေ။ ဤသည်တို့မှာ သင့်ကို တရားစီရင်ပြီး ကိုင်တွယ်ဖြေရှင်းသည့် နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ယင်းတို့က သင့်အတွက် ဘုရားသခင်၏ ထက်သန်သော မျှော်လင့်ခြင်းများနှင့်ပတ်သက်၍ ပြောထားသည်၊ ယင်းတို့က သင့်ကို သတိရစေဖို့နှင့် သတိပေးဖို့ နှုတ်ကပတ်တော်များ ဖြစ်ပြီး၊ ယင်းတို့သည် ဘုရားသခင်၏စိတ်နှလုံးအတွင်းမှ နှုတ်ကပတ်တော်များ ဖြစ်သည်။ သို့သော် ဤတရားစီရင်ခြင်းနှုတ်ကပတ်တော်များ၏ အကျိုးဆက်တစ်ခုအနေဖြင့် လဲကျပြီး ဘုရားသခင်ကို စွန့်လွှတ်သည့်သူအချို့ ရှိကြသည်။ အချိန်အတော်ကြာအောင် အားနည်းပြီး ဘုရားသခင် ရှေ့မှောက်သို့လာကာ၊ “ဤသည်က အလုပ်ဖြစ်မည် မဟုတ်ပါ။ ကျွန်ုပ်သည် ရှေ့ဆက်ပြီး ဘုရားသခင် တောင်းဆိုသကဲ့သို့ လုပ်ဆောင်ရမည်။ လူများက ဖန်ဆင်းရှင်ကို စွန့်ခွာပါက၊ ၎င်းတို့၏ အသက်တာများသည် ရှင်သန်ဖို့မထိုက်တန်ပေ။ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏တန်ဖိုးကို အသက်ရှင် နေထိုင်ဖို့၊ ကျွန်ုပ်သည် ဘုရားသခင်နောက်ကို ဆက်လိုက်ရမည်။” ဟု ပြောသည့်သူအချို့ ရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင် နောက်ကို မည်သို့လိုက်နိုင်မည်နည်း။ ၎င်းတို့သည် ရှေးမဆွက လုပ်ဆောင်ခဲ့သကဲ့သို့ နောက်လိုက်၍ မရပေ။ ရှေးမဆွက ၎င်းတို့သည် ၎င်းတို့၏တာဝန်၌ သစ္စာမစောင့်သိခဲ့ကြပေ။ ၎င်းတို့က ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရခြင်းကို လက်ခံဖို့ မလိုလားနေကြဘဲ၊ ဆင်းရဲဒုက္ခအနည်းငယ် ခံစားရပြီးသည့်နောက် အစဉ် ညည်းညူခဲ့ကြလိမ့်မည် ဖြစ်သည်။ သင်သည် ထိုလမ်းကြောင်းကို မလျှောက်ရတော့ပေ၊ သင်သည် နောက်ထပ် နည်းလမ်းများအားဖြင့် လျှောက်ရမည်၊ ဘုရားသခင် တောင်းဆိုသည့်အတိုင်း သင်လုပ်ဆောင်ရမည် ဖြစ်ပြီး ဘုရားသခင်က သင်မှားသည်ဟု ပြောလျှင်၊ သင်၏အယူအဆများနှင့် စိတ်ကူးများကို အသုံးပြုလျက် မည်သည့် ကောက်ချက်မျှ မချရပေ၊ ပြီးလျှင် ဘုရားသခင်ကို ဆန့်ကျင်တွန်းလှန်ဖို့ မကြိုးစားရပေ။ သင်သည် ကျိုးနွံနာခံပြီး၊ သင်မှားကြောင်းကို ဝန်ခံရမည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု မဟုတ်သလော။ လူများသည် ၎င်းတို့၌ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရှိသည့်အခါ၊ ဘုရားသခင်ထံမှ သွေဖည်ကြသလော။ ဘုရားသခင်က ၎င်းတို့ကို စွန့်ပစ်ပြီးဖြစ်သည်ဟု လူများ ယုံကြည်ကြသည့် အချိန်များရှိသည်— သို့ရာတွင် အမှန်မှာမူ ဘုရားသခင်သည် သင့်ကို မစွန့်ပစ်ရသေးပေ၊ သင့်ကို ရွံမုန်းစရာအဖြစ်သာ သူတွေ့ရပြီး၊ သင့်ကို အလေးဂရုပြုဖို့ ဆန္ဒမရှိခြင်း ဖြစ်သည်။ သို့ရာတွင် သင့်ကို အမှန်တကယ် မစွန့်ပယ်ရသေးပေ။ ဘုရားသခင်၏အိမ်တော်၌ မိမိတို့၏တာဝန်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းအားထုတ်သည့်သူများ ရှိသော်လည်း၊ ၎င်းတို့၏ အနှစ်သာရနှင့် ၎င်းတို့၌ ထင်ရှားပြသည့် အရာမျိုးစုံကြောင့်၊ ဘုရားသခင်က ၎င်းတို့အား အမှန်တကယ် စွန့်ပယ်လေသည်။ ၎င်းတို့သည် အမှန်တကယ် ရွေးချယ်ခံရခြင်း မဟုတ်ဘဲ၊ အချိန်တစ်ခုကြာ အစေခံမှု ပေးခြင်းမျှသာ ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ အဆုံးစွန် ဆုံးမပဲ့ပြင်ခြင်း ခံရကာ၊ ရိုက်နှက်ခြင်း ခံရပြီး တရားစီရင်ခြင်း ခံရသည့် သူအချို့လည်း ရှိသည်။ သူသည် လူသား၏အယူအဆများနှင့် မကိုက်ညီသည့် နည်းလမ်းမျိုးစုံအား ၎င်းတို့ကို ဆက်ဆံရာတွင် အသုံးပြုပေသည်။ လူအချို့က နားမလည်ကြဘဲ၊ ဘုရားသခင်သည် ၎င်းတို့ကို ရမယ်ရှာကာ ထိခိုက်စေခြင်းဖြစ်သည်ဟု တွေးထင်ကြသည်။ ဘုရားသခင်ရှေ့တွင် ရှင်သန်ခြင်းသည် သိက္ခာမရှိဟု ၎င်းတို့က တွေးထင်သည်၊ ဘုရားသခင်ကို နောက်ထပ် နာကျင်စေဖို့ ဆန္ဒမရှိကြတော့ဘဲ၊ ဘုရားသခင်ကို စွန့်ခွာဖို့ မိမိတို့ကိုယ်တိုင် တာဝန်ယူ ဆုံးဖြတ်ကြသည်။ ၎င်းတို့ရှင်သန်သည့် နည်းလမ်းသည် သင့်တင့်လျောက်ပတ်သည်ဟု တွေးထင်သောကြောင့်၊ ဘုရားသခင်ကို စွန့်ခွာဖို့ မိမိတို့ကိုယ်တိုင် တာဝန်ယူ ဆုံးဖြတ်ကြသည်— သို့ရာတွင် အမှန်မှာ ဘုရားသခင်က ၎င်းတို့အား မစွန့်ပယ်ခဲ့ရသေးပေ။ ထိုသို့သောလူများသည် ဘုရားသခင်၏ အလိုတော်နှင့်ပတ်သက်၍ စိုးစဉ်းမျှ မသိကြပေ။ ၎င်းတို့က ဘုရားသခင်၏ ကယ်တင်ခြင်းကို စွန့်လွှတ်သည်အထိပင် ဆောင်ရွက်လျက်၊ အတော်အတန် လွန်ကြူးစွာ ထိခိုက်လွယ်ကြသည်။ ၎င်းတို့၌ အသိစိတ် အမှန်တကယ် မရှိသလော။ ဘုရားသခင်က လူများကို ရှောင်ကြဉ်သည့် အချိန်များနှင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ပြန်လည်သုံးသပ်နိုင်ဖို့ အလို့ငှာ ၎င်းတို့အား အချိန်တစ်ခုကြာ လျစ်လျူရှု ထားသည့်အချိန်များလည်း ရှိသည်၊ သို့ရာတွင် ဘုရားသခင်သည် ၎င်းတို့ကို အမှန်တကယ် မစွန့်ပယ်သေးပေ။ သူက ၎င်းတို့အား နောင်တရဖို့ အခွင့်အရေး ပေးနေခြင်း ဖြစ်ပြီး၊ ၎င်းတို့ကို အမှန်တကယ် စွန့်ပယ်နေခြင်း မဟုတ်ပေ။ ဘုရားသခင်သည် ဆိုးယုတ်သော အပြုအမူများစွာကို ကျူးလွန်သည့် အန္တိခရစ်များနှင့် ကောက်ကျစ်စဉ်းလဲ သူများကိုသာ အမှန်တကယ် စွန့်ပယ်ပေသည်။ လူအချို့က “ကျွန်ုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ကင်းမဲ့ခြင်းကို ခံစားရပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း မရှိဘဲ နေသည်မှာ ကြာမြင့်သော အချိန်ကတည်းက ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်အား စွန့်ပယ်ပြီး ဖြစ်သလော။” ဟု ပြောကြသည်။ ဤသည်မှာ နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်အား စွန့်ပယ်ပြီးဖြစ်ကြောင်း၊ သူက သင့်ကို ကယ်တင်လိမ့်မည် မဟုတ်ကြောင်း သင် ပြောသောကြောင့်၊ သူက သင်၏အဆုံးသတ်ကို ချမှတ်ပြီးဖြစ်သလော။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ခံစား၍မရနိုင်သည့် အခါများ ရှိသော်လည်း၊ ဘုရားသခင်သည် သင့်အား သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုခွင့် မပြုသေးသလော။ သင်သည် သာမန်လူသား အတွေးအခေါ်ကို ပိုင်ဆိုင်ပြီး ကယ်တင်ခြင်း လမ်းကြောင်းသည် သင့်အဖို့ မပိတ်ဆို့ထားသောကြောင့်၊ သင်သည် အဘယ့်ကြောင့် ဝမ်းနည်းသနည်း။ လူများသည် အခြေအနေကောင်း တစ်ခု၌ မရှိကြဘဲ၊ ၎င်းတို့သည် ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေကြပေ၊ ထိုအစား ဘုရားသခင်ကို “ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်ကို အလိုမရှိသောကြောင့်၊ ကျွန်ုပ်လည်း ကိုယ်တော်ကို အလိုမရှိပါ။” ဟု ပြောလျက် အစဉ် အပြစ်တင်ကြလေသည်။ ဤသည်မှာ အကျိုးအကြောင်း မဆီလျော်ခြင်းသာ ဖြစ်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင့်ကို ဖော်ထုတ်ဖို့၊ သို့မဟုတ် ဆုံးမပဲ့ပြင်ဖို့ အရေးကိစ္စအချို့ကို အသုံးပြုသည်။ သို့ဆိုလျှင် ဤသည်မှာ သင်သည် သုတ်သင်ဖယ်ရှင်းခြင်းကို ခံရပြီးဖြစ်သည်ဟု ဆိုလိုသလော။ သင်၏အဆုံးသတ်သည် ရောက်လာပြီး ဖြစ်သည်ဟု ဆိုလိုသလော။ မဟုတ်ပေ။ ယင်းမှာ ကလေးတစ်ယောက်သည် မနာခံဘဲ အမှားပြုထားသည့်အခါကဲ့သို့ ဖြစ်သည်။ သူ၏မိဘများသည် သူ့ကို ပြစ်တင်ပြောဆိုပြီး အပြစ်ဒဏ်ပေးနိုင်သော်လည်း ကလေးက သူ့မိဘများ၏ ရည်ရွယ်ချက်ကို သဘောမပေါက်နိုင်လျှင်၊ သို့မဟုတ် ၎င်းတို့က သူ့ကို ဤနည်းဖြင့် အဘယ့်ကြောင့် ဆက်ဆံနေသည်ကို နားမလည်နိုင်လျှင် သူသည် ၎င်းတို့၏ တကယ့် သွေးရင်းသားရင်း ဟုတ်မဟုတ်ကို စတင် တွေးတောလာလိမ့်မည်။ မိဘများ၏ လုပ်ရပ်များနောက်ကွယ်မှ တကယ့်အကြောင်းအရင်းမှာ အဘယ်နည်း။ သင့်အနေနှင့် သင်ခန်းစာယူစေဖို့နှင့် အဓိကအားဖြင့် အနာဂတ်တွင် ၎င်းတို့ပြောသည်ကို သင်က အလေးအနက်ထားဖို့၊ သင့်ကို ပြောသည့်အတိုင်း သင်လုပ်နိုင်ဖို့၊ ၎င်းတို့၏အကြံအတိုင်း ပြုမူနိုင်ဖို့၊ ပြီးလျှင် ၎င်းတို့ကို မနာခံသည့်အရာ၊ သို့မဟုတ် ပူပန်စေသည့်အရာ တစ်စုံတစ်ခုမျှ မလုပ်ဖို့တို့ကို ၎င်းတို့က ရည်ရွယ်သည်၊ ထို့နောက်တွင် ၎င်းတို့လိုလားသော အကျိုးကို စွမ်းဆောင်ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် သင်၏မိဘစကားကို နားထောင်ပါက တိုးတက်မှု ရှိလိမ့်မည် မဟုတ်လော။ ပြီးလျှင် ယင်းက ၎င်းတို့ကို ပူပန်ရခြင်းမှ ကင်းလွတ်စေမည် မဟုတ်လော။ သို့ဆိုလျှင် ၎င်းတို့သည် သင့်ကို စိတ်ကျေနပ်ကြမည် မဟုတ်လော။ ၎င်းတို့သည် သင့်ကို ထိုကဲ့သို့ အပြစ်ဒဏ်ပေးဖို့ လိုအပ်ဦးမည်လော။ ထို့ကြောင့် အခြေအနေများစွာတွင် လူများ၏ စိုးရိမ်ပူပန်မှုသည် ၎င်းတို့၏ အကျိုးစီးပွားများမှ အရင်းခံလာသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ၎င်းတို့တွင် မည်သည့်ရလဒ်မျှ မရရှိမည်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်— “ဘုရားသခင်က ငါ့ကို ဖော်ထုတ်ပြီး သုတ်သင်ဖယ်ရှားကာ ငြင်းပယ်ပါက ငါလုပ်ဆောင်နိုင်သည့်အရာ ဘာတစ်ခုမျှ ရှိမည်မဟုတ်။ သူက ငါ့ကို အလိုမရှိဟု ပြောလျှင် ငါ့ကို သူမလိုမရှိပေ။” ဤသည်မှာ ဘုရားသခင်ကို သင်၏နားလည်မှုလွဲခြင်း ဖြစ်သည်။ ဤသည်တို့မှာ သင်၏အတွေးများသာ ဖြစ်သည်။ ဘုရားသခင်၏ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်သည်ကို သင်သဘောပေါက်ရမည်။ လူတို့ကို သူ၏ ဖော်ထုတ်ခြင်းသည် ၎င်းတို့ကို သုတ်သင်ဖယ်ရှင်းဖို့ရန် မဟုတ်၊ သို့သော် ၎င်းတို့ကို ကြီးထွားစေဖို့ဖြစ်သည်။ ထို့အပြင်၊ တစ်ခါတစ်ရံတွင် သင် ဖော်ထုတ်ခံနေရသည်ဟု သင် ထင်သော်လည်း အမှန်တွင် သင်သည် ဖော်ထုတ်ခံနေရခြင်း မဟုတ်ပေ။ မကြာခဏ၊ လူတို့၏ အရည်အချင်း ညံ့ဖျင်းခြင်းနှင့် သမ္မာတရားကို ၎င်းတို့ နားမလည်ခြင်းကြောင့်၊ ထို့အပြင် မာနထောင်လွှားသော စိတ်သဘောထားလည်း ရှိခြင်းကြောင့်၊ မိမိတို့ကိုယ်ကို ကြွားဝါရန် နှစ်သက်ခြင်းကြောင့်၊ ပုန်ကန်တတ်သည့် စိတ်သဘောထားတစ်ခု ရှိခြင်းကြောင့်၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့သည် အသိစိတ်မရှိ၊ အရေးမထားဘဲ၊ သာမန်ကာလျှံကာဖြစ်ခြင်းတို့ကြောင့်၊ မိမိတို့၏ အလုပ်ကိုဆိုးဆိုးရွားရွား လုပ်ဆောင်ကြပြီး၊ ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ မဖြည့်ဆည်းခြင်းကြောင့် ဖြစ်ပေသည်။ တစ်ဖက်တွင် သင့်ကို ပေးခဲ့သည့် အခြေခံသဘောတရားများအားဖြင့် မလိုက်နာခြင်း ရှိကောင်း ရှိနိုင်သည်။ ယင်းတို့သည် နားတစ်ဖက်က ဝင်ပြီး တစ်ဖက်မှထွက်သွားသည်။ အခြားသူများနှင့် ဦးစွာ မိတ်သဟာယ ပို၍မပြုမီ မဆင်မခြင်ပြုမူပြီး ထင်ရာစိုင်းလျက် သင် သဘောရှိ လုပ်ဆောင်၏။ သင်၏ လုပ်ရပ်များသည် ပြောလောက်ဖွယ် ကောင်းကျိုးမရှိဘဲ၊ အခြေခံသဘောတရားနှင့် ဆန့်ကျင်နေ၏။ ဤတွင်၊ သင်သည် ပဲ့ပြင်ဆုံးမခံရသင့်၏၊ သို့ဆိုလျှင် သင် ပယ်ရှင်းခံရပြီးပြီဟု အဘယ်သို့ ဆိုနိုင်မည်နည်း။ ဤအရာကို မှန်မှန်ကန်ကန် သင် ချဉ်းကပ်ရမည်။ ယင်းကို ချဉ်းကပ်ရန် မှန်ကန်သည့် နည်းလမ်းမှာ အဘယ်နည်း။ သမ္မာတရားကို သင် နားမလည်သည့် ကိစ္စရပ်များတွင်၊ သင် ရှာဖွေရမည်။ ရှာဖွေခြင်းတွင် အဘယ်အရာ ပါဝင်သနည်း။ ယင်းမှာ အယူဝါဒကို သိနားလည်ခြင်းတစ်ရပ်ကိုသာ ရှာဖွေခြင်း မဟုတ်ပေ။ ဘုရားသခင်၏ အလိုတော်ကို သင်နားလည်လာရမည် ဖြစ်သည့်အပြင် ဘုရားသခင်၏ အိမ်တော်က လုပ်ဆောင်သည့် ဤအလုပ်အတွက် အခြေခံသဘောတရားကိုလည်း နားလည်ရမည်။ အခြေခံသဘောတရားမှာ အဘယ်နည်း။ အခြေခံသဘောတရားမှာ အယူဝါဒမဟုတ်။ ၎င်းတွင် စံအချို့ရှိသည်။ ထိုသို့သော ကိစ္စရပ်များအတွက် အလုပ်စီမံခန့်ခွဲမှုများသည် အဘယ်အရာ သတ်မှတ်ပြဌန်းထားသည်၊ ထိုသို့သော အလုပ်ကို လုပ်ဆောင်ခြင်းနှင့် စပ်လျဉ်း၍ အထက်အရပ်က အဘယ်အရာ အမိန့်ပေးသည်၊ ဤတာဝန်မျိုးကို ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အဘယ်အရာ ပြောဆိုပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ လိုအပ်ချက်တို့ ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းခြင်းအတွက် စံများမှာ အဘယ်နည်း။ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ ပြုမူခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် ပြောပါက၊ ၎င်းတို့သည် ဘုရားသခင့်မိသားစု၏ အကျိုးစီးပွားများနှင့် အလုပ်တို့ကို ဦးစားပေးရန် ဖြစ်သည်။ ပို၍ တိတိကျကျ ဆိုရပါက၊ ကဏ္ဍအားလုံးတွင်၊ ပြဿနာကြီးကြီးမားမား ဖြစ်ပေါ်လိမ့်မည်မဟုတ်သလို၊ ဘုရားသခင်အပေါ် မည်သည့် အရှက်ရစရာမျှ ကျရောက်လိမ့်မည်မဟုတ်။ ဤအခြေခံသဘောတရားများကို လူတို့ ကျွမ်းကျင်လျှင်၊ ၎င်းတို့၏ ပူပန်မှုများ တဖြည်းဖြည်း ယုတ်လျော့သွားလိမ့်မည်လော။ ပြီးလျှင် ၎င်းတို့၏ နားလည်မှုလွဲခြင်းများကိုလည်း ၎င်းတို့ စွန့်လွှတ်မည် မဟုတ်လော။ သင်၏ နားလည်မှုလွဲခြင်းများကို သင် ဘေးဖယ်ထားပြီး ဘုရားသခင်နှင့်ပတ်သက်သည့် ယုတ္တိမတန်သော အတွေးအခေါ်များ မရှိသည်နှင့် တစ်ပြိုင်နက်၊ အပျက်သဘောဆောင်သော အရာများက သင့်အထဲတွင် စိုးမိုးနေရာယူခြင်းက ဖြည်းညှင်းစွာ ရပ်တန့်သွားလိမ့်မည်ဖြစ်ပြီး၊ ဤကဲ့သို့သောကိစ္စရပ်များကို မှန်မှန်ကန်ကန် သင် ချဉ်းကပ်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို ရှာဖွေရန်နှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်ဖို့ ကြိုးစားဖို့ရန် အရေးကြီး၏။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ စိတ်သဘောထားတွင် ပြောင်းလဲမှုများ ရှိနိုင်သည်” မှ

အစဦးမှစ၍ သင်တို့တစ်ဦးစီသည် သမ္မာတရားကို လိုက်လျှောက်ရမည်ဟု သင်တို့ကို ငါ မကြာခဏ တိုက်တွန်းခဲ့ပြီးဖြစ်သည်။ ထိုသို့ပြုရန် အခွင့်အရေးရှိနေသရွေ့ လက်မလျှော့လေနှင့်။ သမ္မာတရားကို လိုက်လျှောက်ခြင်းဟူသည် လူတစ်ဦးစီ၏ တာဝန်သိစိတ်၊ တာဝန်ဝတ္တရားနှင့် အလုပ်တာဝန်ဖြစ်ပြီး လူတစ်ဦးစီ လျှောက်သင့်သော လမ်းကြောင်းဖြစ်သည့်အပြင် ကယ်တင်ခြင်းခံရမည့်သူအားလုံး လျှောက်ရမည့်လမ်းကြောင်းလည်း ဖြစ်သည်။ သို့တစေ ဤအရာကို မည်သူမျှ အရေးမစိုက်ကြပေ၊ ယင်းကို အရေးပါသောကိစ္စအဖြစ် မည်သူမျှ မစဥ်းစားဘဲ အချည်းနှီးစကားသက်သက်အဖြစ် ယုံကြည်ကြပြီး လူတစ်ဦးစီက မိမိတို့အလိုရှိသည့် အရာကိုသာ စဥ်းစားနေကြသည်။ အစဦးမှစ၍ ယနေ့တိုင်အောင် ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏လက်ကြားထဲ၌ ဆုပ်ကိုင်ထားပြီး ဖတ်သောသူများ၊ တရားဒေသနာများကို နားထောင်သောသူများ၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဥ်၌ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခဲ့ပြီးဟန်တူသော သူများအားလုံးနှင့် ဘုရားသခင်၏ လမ်းညွှန်မှုကို လက်ခံသောသူများ မြောက်များစွာ ရှိနေသော်လည်း အမှန်တွင် လူသားနှင့် ဘုရားသခင်ကြားက ဆက်ဆံရေးမှာ အခြေမခိုင်သည့်အပြင်၊ လူတို့အားလုံးက မိမိတို့၏ စိတ်ကူးစိတ်သန်းများ၊ အယူအဆများ၊ နားလည်လွဲမှားမှုများနှင့် ထင်မြင်ချက်များ၏ လမ်းညွှန်ခြင်းကို ခံရသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်သာမက သူ၏လမ်းညွှန်မှုကို သူတို့သဘောထားဆက်ဆံပုံ၌ နေ့စဥ် သံသယနှင့် အပျက်သဘောဆောင်ခြင်းထဲ၌ နေထိုင်ကြသည်အထိ ဖြစ်သည်။ သင်သည် ထိုသို့သော အခြေအနေများ၌ နေထိုင်ပါက အပျက်သဘောဆောင်ခြင်းကို သင် အဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ဆန့်ကျင်ပုန်ကန်ခြင်းကို သင် အဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ဘုရားသခင် သင့်ကို ပေးထားသည့် စေစားချက်နှင့် တာဝန်ကို သင် လုပ်ဆောင်သည့်နည်းဖြစ်သော လှည့်ဖြားမှုနှင့် မကောင်းမှု သို့မဟုတ် ထင်မြင်ချက်များနှင့် နားလည်လွဲမှားမှုများနှင့်ဆိုင်သော ပုံသေအမြင်နှင့် သဘောထားတို့ကို သင် မည်သို့ စွန့်ပစ်နိုင်မည်နည်း။ ယင်းတို့ကို စွန့်ပစ်၍ မရနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။ ထို့အတွက်ကြောင့် သမ္မာတရားအား လိုက်လျှောက်ခြင်းနှင့် လက်တွေ့ပြုလုပ်ခြင်းအပြင် သမ္မာတရားစစ်မှန်မှုထဲ ဝင်ရောက်ခြင်း လမ်းကြောင်းကို သင် အစပြုလိုလျှင် ဘုရားသခင်ရှေ့မှောက်သို့ ချက်ချင်းလာပြီး သူ၏ အလိုတော်ကို နားလည်ရန်ကြိုးစားရမည်ဖြစ်ပြီး သူ၏အလိုတော်ကို နားလည်သဘောပေါက်ခြင်းမှာ အရေးကြီးဆုံးသောအရာပင် ဖြစ်သည်။ သင်၏ ခေါင်းထဲရှိ ထင်မြင်ချက်များနှင့် စိတ်ကူးများအတွင်း၌ သင်နေ့ရက်ကာလများကို အသက်ရှင်ခြင်းအစား ဤအရာကို သင် ပြုလုပ်သင့်သည်ဖြစ်ကာ- ကျွန်ုပ် မည်သည့်အရာကို စဥ်းစားနေသနည်း၊ ကျွန်ုပ် မည်သည့်အရာကို လိုချင်သနည်း၊ ဘုရားသခင်နှင့်ပတ်သက်၍ ကျွန်ုပ်၌ မည်ကဲ့သို့သော နားလည်လွဲမှားမှုများနှင့် အယူအဆများ ရှိသနည်း၊ မည်သည့်အရာများ၌ ဘုရားသခင်ကို ကျွန်ုပ် ယုံမှားသံသယဖြစ်ရသနည်း၊ ကျွန်ုပ်အား နာကျင်စေခဲ့သော သို့မဟုတ် မပျော်ရွှင်စေခဲ့သော သို့မဟုတ် ကျွန်ုပ်ထဲ၌ ထင်မြင်ချက်များနှင့် သံသယများကို ဖြစ်ပေါ်စေခဲ့သော မည်သည့်အရာကို ဘုရားသခင် ပြုလုပ်ခဲ့ပြီးပြီနည်း ဟူသည်တို့ကို အဆက်မပြတ် သိချင်နေတတ်သည်။ သင်သည် ဤအရာများကို တွေးဆရင်း တစ်နေ့လုံး အချိန်ကုန်နေလျှင် သမ္မာတရားကို သင် နားလည်နိုင်လိမ့်မည်လော။ ဤလမ်းကြောင်းကို သင် သည့်ထက် ပို၍လျှောက်လေလေ၊ ဘုရားသခင်အပေါ် သင်၏ နားလည်လွဲမှားမှုများက ပို၍နက်ရှိုင်းလေလေဖြစ်ပြီး သူနှင့် ဆက်ဆံရေး၌ ဝေးကွာမှုက ပို၍ကြီးထွားလေလေဖြစ်သည်။ သင် ဆက်လျှောက်လေ မကောင်းသော လုပ်ဆောင်ချက်များနှင့် ပြစ်မှားခြင်းများကို သင် ပို၍စုပုံမိလေ ဖြစ်သည်ဟု ဆိုနိုင်လေသည်။ သင့်တာဝန်ကို သင် ထမ်းဆောင်ရပါမည်၊ သို့သော် ထမ်းဆောင်နေရင်းဖြင့် သင့်တာဝန်နှင့် ဝတ္တရာများအား သင်လုပ်ကိုင်ရာ၌ အလေးမထားသော၊ ပေါ့ပေါ့ဆဆနိုင်သော၊ အတိုက်အခံလုပ်ပြီး ဆန့်ကျင်ပုန်ကန်တတ်သော သဘောထား သို့မဟုတ်လျှင်ပင် ဝတ်ကျေတမ်းကျေ လုပ်တတ်ပြီး မလေးမစားလုပ်တတ်သော သဘောထား ရှိနေတတ်သည်။ အဆုံးတွင် ဤအရာမှသည် မည်သည့်အရာ ဖြစ်ပေါ်လာရမည်နည်း။ ရလဒ်ကမူ ထိုကဲ့သို့သော အချိန်များတွင် သင် ဒုက္ခခံပြီး သင့်တာဝန်ကို ထမ်းဆောင်သည့်အခါ သင်သည် သမ္မာတရားကို ရရှိထားမည် မဟုတ်သည်သာမက ယင်းကို ရယူနိုင်ခြင်း သို့မဟုတ် သမ္မာတရားစစ်မှန်မှုထဲကို ဝင်ရောက်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ ဤရလဒ်ကို ပေါက်ဖွားစေသည့် အကြောင်းတရားက အဘယ်နည်း။ ယင်းမှာ လူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင့်အပေါ် အယူအဆများနှင့် နားလည်လွဲမှားမှုများ ရှိနေခြင်းပင်ဖြစ်ကာ၊ ဤလက်တွေ့ပြဿနာများက မပြေလည်သေးချေ။ သို့ဖြစ်၍ လူသားနှင့် ဘုရားသခင်ကြားတွင် သဘောထားကွာဟချက်တစ်ခု အမြဲတမ်းရှိလေသည်။ ထို့ကြောင့် လူသားသည် ဘုရားသခင်၏ ရှေ့မှောက်သို့လာရန် ဆန္ဒရှိပါက သူသည် ဘုရားသခင့်အပေါ် သူထားရှိသေးသော မည်သည့် နားလည်လွဲမှားမှုများကို သာမက မည်သည့် အယူအဆများ၊ မေးခွန်းများ၊ ထင်မြင်ချက်များနှင့် စိတ်ကူးစိတ်သန်းများကိုမဆို ဦးစွာ ဖြေရှင်းရမည်ဖြစ်သည်။ သူသည် ဤအရာများကို မိမိကိုယ်တိုင်၏အထဲ၌ စစ်ကြောရမည်။ တစ်စုံတစ်ဦးက ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ သို့မဟုတ် နားလည်လွဲမှားမှုများ အမှန်တကယ် ရှိနေလျှင် ယင်က ရိုးစင်းသော ပြဿနာတစ်ခု မဟုတ်ပေ။ ထိုသူသည် သမ္မာတရားကို မရရှိသေးသည့်အပြင် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် သူ၏ အယူအဆများနှင့် နားလည်လွဲမှားမှုများကို မဖြေရှင်းပါက ဤအရာများက သူ့ဘာသာသူ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။ ယင်းတို့က သင်၏ တာဝန်ထမ်းဆောင်မှု သို့မဟုတ် သမ္မာတရားအား လိုက်လျှောက်မှုကို မထိခိုက်သည့်တိုင် အချို့သောကိစ္စရပ်များ သို့မဟုတ် သီးသန့် အခြေအနေများကို ကြုံကြိုက်သောအခါ ယင်းတို့က ပြန်ထွက်ပေါ်လာမည် ဖြစ်ပြီး ယင်းတို့ကို သင် မဖြေရှင်းသည့်တိုင်အောင် ထိုသို့ ဆက်၍ ထွက်ပေါ်လာမည် ဖြစ်သည်။ မိမိကိုယ်ကိုယ် ပြန်လည်ဆင်ခြင်သုံးသပ်ခြင်း အားဖြင့် ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ခြင်းဟူသည် အဓိကအားဖြင့် ဘုရားသခင်နှင့်ပတ်သက်၍ လူသား၏ နားလည်လွဲမှားမှုများနှင့် အယူအဆများကို ဖြေရှင်းရန် နည်းလမ်းတစ်ခုပင် ဖြစ်ပြီး ကိစ္စရပ်တစ်ခုစီ ပြေလည်သည်နှင့်အမျှ ဘုရားသခင်နှင့် လူသား၏ ဆက်ဆံရေးက အနည်းငယ် ပို၍ ပုံမှန်ဖြစ်လာပြီး လူသား၏အသက်တာက ရင့်ကျက်လာမှုဆီသို့ ခြေတစ်လှမ်းတိုးသွားလေသည်။ လူတစ်ဦးက များစွာသော သူ၏အယူအဆများနှင့် နားလည်လွဲမှားမှုများကို ဖြေရှင်းလိုက်သည်နှင့် သူနှင့် ဘုရားသခင်ကြားထဲက သဘောထားကွာဟချက်က များစွာ ပို၍သေးငယ်လာပြီး ဘုရားသခင်၌ သူ၏ယုံကြည်မှုက ကြီးထွားလာသည်၊ ထို့ပြင် ကြီးမားသော ယုံကြည်မှုနှင့်အတူ များစွာ ပို၍နည်းပါးသော အရာများက လူတစ်ဦး၏ သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုကို ရောနှောစိမ့်ဝင်ပြီး လူတစ်ဦး၏ သမ္မာတရားအား ကြိုးပမ်းအားထုတ်မှု၌ များစွာ ပို၍နည်းပါးသော ရောနှောစိမ့်ဝင်မှုများနှင့် အဟန့်အတားများ ရှိတတ်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏” မှ

အကြောင်းအခြင်းအရာတစ်ခု သင့်အပေါ်သို့ ကျရောက်လာပြီး သမ္မာတရားကို သင်ရှာဖွေနိုင်သည်ဆိုပါက သမ္မာတရား၏ ရှုထောင့်တစ်ခုကို သင်နားလည်နိုင်ကာ သမ္မာတရား၏ ထိုရှုထောင့်ကို သင်ရရှိနိုင်ပေသည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့် မည်သည့်အရာကို စွမ်းဆောင်ရရှိနိုင်သနည်း။ သမ္မာတရား၏ ရှုထောင့်တစ်ခုကို သင်နားလည်သွားသောအခါ ဘုရားသခင့်အလိုတော်၏ ရှုထောင့်တစ်ခုကို သင်နားလည်သွားသည်၊ ထို့ပြင် သင့်အပေါ်သို့ ဤအရာသင့်ရောက်အောင် အဘယ်ကြောင့် ဘုရားသခင်ပြုခဲ့သည်၊ သင့်ထံမှ ထိုသို့သောတောင်းဆိုမှုကို အဘယ်ကြောင့်သူပြုသည်၊ သင့်ကို ထိုကဲ့သို့ဆုံးမရန်နှင့် ပဲ့ပြင်ရန် အခြေအနေများကို အဘယ်ကြောင့်သူစီစဉ်ညွှန်ကြားသည်၊ သင့်ကို ဆုံးမပဲ့ပြင်ရန် ဤအမှုအရာကို အဘယ်ကြောင့်သူအသုံးပြုသည်နှင့် ဤအမှုအရာ၌ အဘယ်ကြောင့်သင်ပြိုလဲသွားပြီး ရှုံးနိမ့်သွားကာ ဖော်ထုတ်ခြင်းခံခဲ့ရသည်တို့ကို သင်နားလည်သွားသည်။ ဤအရာများကို သင်နားလည်နိုင်ပါက သမ္မာတရားကို သင်လေ့လာလိုက်စားနိုင်မည်ဖြစ်ပြီး အသက်ဝင်ရောက်မှုကို စွမ်းဆောင်ရရှိလိမ့်မည် ဖြစ်သည်။ ဤအရာများကို သင်နားမလည်နိုင်သည့်အပြင် ဤအချက်အလက်များကို သင်လက်မခံဘဲ မရမက အတိုက်အခံပြုပြီး မရမက တော်လှန်ခုခံနေပါလျှင်၊ သင့်ကိုယ်သင် ဖုံးကွယ်ရန် သင့်ကိုယ်ပိုင် နည်းနိဿယများကို မရမက အသုံးပြုနေပါလျှင်၊ အခြားသူများအားလုံးကို အသွင်အပြင်အမှားနှင့် မရမကရင်ဆိုင်ပြီး ဘုရားသခင်ကို မရမကရင်ဆိုင်နေပါလျှင် သင်သည် သမ္မာတရားကို ထာဝစဉ်ပင် ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

သင်၌ ရိုးသားမှုနှင့် သမ္မာတရားအားလက်ခံခြင်း သဘောထားရှိလျှင်၊ သည်းခံရန် အဘယ်မျှခက်ခဲပြီး သင်၏ဂုဏ်သိက္ခာ ဆုံးရှုံးပါလေစေ သင်သည် ဤကိစ္စရပ်များကို သမ္မာတရားကို ကျိုးနွံနာခံပြီး ယင်းကိုချစ်သော သဘောထားဖြင့် ပြုမူဆက်ဆံလျှင်၊ သင်သည် ယင်းတို့ကို ရှာဖွေရန်နှင့် လက်ခံရန် ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ပြီး ယင်းတို့ကို လက်ခံသည်နှင့်အမျှ သင်ပြုလုပ်သမျှ၊ သင်ထုတ်ဖော်သမျှနှင့် သင့်ရည်ရွယ်ချက်များအပေါ် မရပ်မနား ခွဲခြမ်းလေ့လာပြီး ပြန်လည်ဆင်ခြင်သုံးသပ်လျှင်မူ သင်သည် ရုတ်ခြည်းပင် တိုးတက်မှုကို ရရှိမည်ဖြစ်ပြီး သင့်အထဲတွင် သမ္မာတရားကို လုပ်ဆောင်လိမ့်မည်။ ထို့ပြင် ဤပြဿနာများ ပြေလည်သွားပြီး ကိစ္စတစ်ခုကို သင်ကြုံရသောအခါ သင်၏ သဘောထား၊ ရှုထောင့်နှင့် အခြေအနေတို့က အပြုသဘောဘက်သို့ ပို၍ပို၍ ယိမ်းသွားသောအခါ သင်နှင့် ဘုရားသခင်ကြားထဲက သဘောထား ကွာဟချက်က ရှိနေဦးမည်လော။ ရှိနေသေးလျှင်ပင် ယင်းက ပို၍သေးငယ်သွားမည် ဖြစ်ပြီး ဘုရားသခင့်အပေါ် သင်၏ သံသယများသာမက သူ့အား ဦးတည်ထားသည့် သင်၏ ထင်မြင်ချက်များ၊ နားလည်လွဲမှားမှုများ၊ နာကြည်းချက်များ၊ ဆန့်ကျင်ပုန်ကန်မှုနှင့် ခုခံတော်လှန်မှုတို့မှာ ပို၍နည်းပါးလာမည်ဖြစ်သည်။ ဤအရာများ ပို၍ နည်းပါးသောအခါ၊ ထို့နောက် တစ်စုံတစ်ခု သင့်အပေါ် ကျရောက်သောအခါ သင် ပို၍ တည်ငြိမ်လာမည်။ သင်သည် ဆိတ်ငြိမ်လာပြီး လက်တွေ့လုပ်ဆောင်ခြင်း၏ မှန်ကန်သော လမ်းကြောင်းကို ရှာဖွေလိမ့်မည်။ ဖြစ်ရပ်တစ်ခု သင့်အပေါ် ဖြစ်ပျက်သောအခါတိုင်း သင်သည် စိုးရိမ်ကြောင့်ကြပြီးလျှင် သမ္မာတရားကို စိုးစဥ်းမျှ မရှာဖွေဘဲ လူသား၏နည်းလမ်းများကို အမြဲတမ်း အသုံးပြုလိုပါက ဤသည်မှာ စိတ်အနှောင့်အယှက်ပေးစရာ ဖြစ်သည်။ သင်သည် ယင်းကို ကိုင်တွယ်ရန် လူသား၏နည်းလမ်းများအပေါ် အမှီပြုမည်မှာ အသေအချာဖြစ်ကာ၊ ဤသည်မှာ လူတစ်ဦး၏ စိတ်ထဲသို့ဝင်လာသည့် ပထမဆုံးသော တုံ့ပြန်ချက်ဖြစ်ပြီး၊ ချွတ်ချော်တတ်သော နည်းလမ်းများ၊ “အလိမ္မာ” နည်းများနှင့် ဘဝနေထိုင်မှုဆိုင်ရာ ဒဿနများလည်း ဝင်လာပေသည်။ ဤအရာများက ကာလရှည်ကြာ ညှဥ်းဆဲခဲ့ပြီးသော လူတို့ရှိကြပြီး၊ လူသား၏နည်းပညာများအား မည်သို့အသုံးချရမည်ကို တစ်ချိန်လုံး တွေးတောနေမည့်အစား သမ္မာတရားအတွက် မည်သည့်အခါမျှ ဝါယမစိုက်ထုတ်ခြင်း မရှိသောသူများ ဖြစ်ကြသည်။ သူတို့သည် ကာလရှည်ကြာ ရုန်းကန်ကြသဖြင့် ခြေကုန်လက်ပန်းကျခြင်းနှင့်အတူ ကိုယ်စိတ်ညှိုးလျလာကြသည်။ ဤသည်မှာ လူသားက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သည့်အခါ သို့မဟုတ် မလိုက်လျှောက်သည့်အခါ သနားစဖွယ်ကောင်းသည့်ပုံပင် ဖြစ်သည်။ ယခုတွင် သင်၏တာဝန်ကို လိုလိုလားလား ထမ်းဆောင်ကောင်း ထမ်းဆောင်မည်ဖြစ်ကာ၊ အနစ်နာခံမှုများကို ပြုလုပ်ပြီး မိမိကိုယ်ကိုယ် လိုလိုလားလား အသုံးခံသော်လည်း ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ နားလည်လွဲမှားမှုများ၊ ထင်မြင်ချက်များ၊ သံသယများ သို့မဟုတ် နာကြည်းချက်များ၊ သို့တည်းမဟုတ် သူ့အပေါ် သင်၏ ဆန့်ကျင်ပုန်ကန်မှုနှင့် ခုခံတော်လှန်မှုတို့သော်မျှ မပြေလည်ပါက၊ သို့မဟုတ် သူ့အား ခုခံတော်လှန်ရန်နှင့် သင့်အပေါ် သူ၏ အချုပ်အခြာအာဏာကို ငြင်းပယ်ရန် သင်အသုံးပြုသည့် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းပညာများက မပြေလည်ပါလျှင် သမ္မာတရားက သင့်အထဲ၌ အုပ်စိုးဖို့ မဖြစ်နိုင်သလောက်ရှိပြီး၊ သင့်အသက်တာက ခြေကုန်လက်ပန်းကျစရာ ဖြစ်လိမ့်မည်။ လူတို့သည် မကြာခဏ ရုန်းကန်ကြပြီး ဤအပျက်သဘောဆောင်သော အခြေအနေများထဲတွင် ညှဥ်းဆဲခြင်းကို ခံကြရကာ၊ သူတို့သည် နွံအိုင်ထဲသို့ နစ်မြှုပ်ထားကြသည့်အလား ယက်ကန်ယက်ကန်လုပ်နေကြပြီး၊ သမ္မာတရားများနှင့် မုသားများ၊ အမှန်များနှင့် အမှားများကြားတွင် အစဥ် နေထိုင်အသက်ရှင်နေကြလေသည်။ သမ္မာတရားကို သူတို့ အဘယ်သို့ ရှာဖွေတွေ့ရှိနိုင်ကြမည်နည်း။ လူတစ်ဦးသည် သမ္မာတရားကို ရှာဖွေရန်အတွက် ဦးစွာ ကျိုးနွံနာခံရပေမည်။ အတွေ့အကြုံကာလတစ်ခု အပြီးတွင် သူတို့သည် ရလဒ်အချို့ကို တွေ့မြင်နိုင်မည်ဖြစ်ပြီး ထိုအခိုက်တွင် သမ္မာတရားကို နားလည်ရန် လွယ်ကူပေသည်။ အကယ်၍ လူတစ်ဦးက မှန်ကန်သည့်အရာနှင့် မှားယွင်းသောအရာကို ဖော်ထုတ်ရန် အမြဲကြိုးစားနေပြီး အမှန်နှင့် အမှားတွင် ပါဝင်ပတ်သက်မိပါက သူသည် သမ္မာတရားကို ရှာဖွေတွေ့ရှိစရာ သို့မဟုတ် နားလည်စရာ အကြောင်းမရှိပေ။ ထို့ပြင် အကယ်၍ လူတစ်ဦးက သမ္မာတရားကို မည်သည့်အခါမျှ နားမလည်နိုင်လျှင် ဤအရာက အဘယ်အကျိုးကို ဖြစ်စေမည်နည်း။ သမ္မာတရားကို နားမလည်ခြင်းက နားလည်လွဲမှားမှုများကို ဖြစ်ပေါ်စေသည်။ နားလည်လွဲမှားမှုများနှင့် ဆိုပါက စိတ်ထိခိုက်နာကျင်ရန် လွယ်ကူသည်။ နာကြည်းချက်များက ပေါက်ကွဲထွက်လာသောအခါ ၎င်းတို့က ခုခံတော်လှန်မှု ဖြစ်လာသည်။ ခုခံတော်လှန်မှုက ပြစ်မှားမှုအဖြစ် ရုတ်တရက် ပြောင်းလဲသွားပြီး များစွာသော ပြစ်မှားမှုများက အမျိုးမျိုးသော ဆိုးယုတ်ခြင်းများအဖြစ် ရုတ်တရက် ပြောင်းလဲသွားသောကြောင့် ထိုသူမှာ အပြစ်ဒဏ်ပေးခြင်း ခံရသင့်သည်။ ဤသည်မှာ ယင်းနှင့်အတူ လာကောင်းလာမည့် အကျိုးဆက်မျိုးပင် ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို ကြိုးပမ်းအားထုတ်ခြင်းဟူသည်မှာ သင့်အား သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်စေရန်၊ နာခံမှုရှိရန်၊ စည်းမျဥ်းများအတိုင်း ပြုမူကျင့်ကြံရန်၊ ဘာသာတရားကိုင်းရှိုင်းပုံပေါက်ရန်၊ သို့မဟုတ် သူတော်စင်ကဲ့သို့သော အမူအကျင့်ပြုရန်သက်သက်သာ ရည်ရွယ်သည်မဟုတ်ပေ။ ထိုကဲ့သို့သော ပြဿနာများကို ဖြေရှင်းရန်သက်သက်သာ ရည်ရွယ်သည်မဟုတ်ဘဲ ဘုရားသခင်ကို သင်ဆက်ဆံပြုမူသည့် မှားယွင်းသောအမြင်အမျိုးမျိုးကို ဖြေရှင်းရန်အတွက် ဖြစ်သည်။ သမ္မာတရားကို နားလည်ခြင်း၏ ရည်ရွယ်ချက်မှာ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်အတွက် ဖြစ်သည်။ ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်သောအခါ လူသားသည် ဘုရားသခင်အကြောင်း နားလည်လွဲမှားမှုများ နောက်ထပ် ရှိတော့မည်မဟုတ်ဘဲ လူသားနှင့် ဘုရားသခင်ကြားက ဆက်ဆံရေးမှာ တဖြည်းဖြည်း တိုးတက်ပြီး ပို၍ပို၍ သာမန်ဖြစ်လာမည်။ ထို့အတွက်ကြောင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပြေလည်သည်နှင့် ဘုရားသခင်နှင့်ပတ်သက်၍ လူသား၏ ဒွိဟဖြစ်ခြင်းများ၊ မသင်္ကာမှုများ၊ နားလည်လွဲမှားမှုများ၊ သံသယများနှင့် နာကျည်းချက်များသာမက ဘုရားသခင့်အပေါ် သူ၏ ခုခံတော်လှန်မှုနှင့် သူ၏ စမ်းသပ်ခြင်း အားလုံးသည်ပင်လျှင် တစ်စတစ်စ ပြေလည်သွားမည် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြေလည်သောအခါ မည်သည့် လက်ငင်းထုတ်ဖော်ပြသချက် ဖြစ်ပျက်သနည်း။ (ဘုရားသခင်၏ ပြောင်းလဲမှုများအပေါ် လူသား၏ သဘောထားပင်။) ဘုရားသခင်၏ ထုတ်ဖော်ပြသမှုနှင့်ဆိုင်၍ လူသားတွင် မည်သည့်ပုံစံများ၌ သဘောထားများ တစ်ခုစီရှိသနည်း။ ယင်းတို့သည် သင့်အပေါ်ကျရောက်သော ဖြစ်ရပ်တိုင်း၌၊ ယင်းအပေါ် သင်၏ ဆက်ဆံပြုမူရာ၌၊ ယင်းအပေါ် သင်၏ သဘောထား၌၊ သင်၏ ပထမဆုံး တုံ့ပြန်ချက်နှင့် သင်၏ အခြေအနေထဲ၌ ထုတ်ဖော်ပြသသည်။ သင်၏ သဘောထားကို မည်သည့်အရာက ဆုံးဖြတ်သနည်း။ ယင်းကို ဤအကြောင်းအရာ၌ သင် သမ္မာတရားရှိမရှိ၊ သင် သမ္မာတရားကို ရှာဖွေခဲ့ပြီးခြင်းရှိမရှိ၊ သမ္မာတရားကို သင် ရယူလိုသော ဆန္ဒရှိမရှိနှင့် သမ္မာတရားကို သင်နားလည်မလည်က ဆုံးဖြတ်သည်။ လူသားနှင့် ဘုရားသခင်ကြားတွင် တိုးတက်ကောင်းမွန်လာသော ဆက်ဆံရေးမှာ မည်သည့်နည်းလမ်းအားဖြင့် ဖော်ထုတ်ပြသသနည်း။ ယင်းက နေ့စဥ်အသက်တာတွင် သင်ကြုံတွေ့သော လူတို့၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သင်ပြုမူဆက်ဆံသည့်ပုံ၌ ဖော်ထုတ်ပြသသည်။ ဤအရာ၌ တာဝန်ထမ်းဆောင်ခြင်း ပါဝင်သလော။ (ပါဝင်သည်။) ယင်းက ဆက်ဆံရေးပင်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် လိုက်လျှောက်ခြင်းက အဘယ့်ကြောင့် အဆုံးစွန် အရေးကြီးရသည့်အကြောင်းပင်။ အကယ်၍ သင်သည် သမ္မာတရားကို မလိုက်လျှောက်ဘဲ ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ အယူအဆများ၊ နာကြည်းချက်များနှင့် နားလည်လွဲမှားမှုများ ပြဿနာကို ဖြေရှင်းလိုစိတ်ရှိသေးသည်ဆိုလျှင် သင် ဖြေရှင်းနိုင်လိမ့်မည်လော။ သူတို့သည် ထင်မြင်ချက် ရိုးစင်းသည်ဟုဆိုသော လူအချို့ရှိသောကြောင့် သူတို့အထဲတွင် ဤထင်မြင်ချက်များ ထွက်ပေါ်မလာပေ။ သူတို့က ဤအရာကို ရယူပြီးမြောက်နိုင်သလော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက တွေးခေါ်ခြင်းမှ လာသလော။ ယင်းမှာ တွေးခေါ်ခြင်းမှမလာ၊ ယင်းမှာ လူသား၏ အသက်တာဖြစ်ပြီး လူသားက အသက်ရှင်သန်ဖို့ရန် ယင်းအပေါ် မှီခိုလေသည်။ ၎င်း၏ အရင်းအမြစ်များမှာ လူသား၏အတွင်းထဲ၌ ဖြစ်ပြီး ယင်းမှာ လူသား၏ အနှစ်သာရပင်ဖြစ်သည်။ လူသားသည် ယင်းကို အမြစ်ဖြတ်ရန် သို့မဟုတ် ဖယ်ရှားရန် မည်သည့်နည်းလမ်းမျှ မရှိပေ။ သမ္မာတရားကို အသုံးပြုခြင်းအားဖြင့်သာလျှင် ဤအရာများကို ဖြေရှင်းနိုင်လေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏” မှ

လူတို့သည် ဘုရားသခင်ကို နားမလည်သကဲ့သို့ သူ၏ စိတ်သဘောထားကို မသိကြသောအခါတွင်၊ ၎င်းတို့၏ စိတ်နှလုံးသည် သူ့ထံ လုံးဝ အမှန်တကယ် ဖွင့်ဟနိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ၎င်းတို့နားလည်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးထဲ၌ ရှိသောအရာကို စတင်တန်ဖိုးထားကာ စိတ်ဝင်စားမှု၊ ယုံကြည်ခြင်းနှင့်အတူ စတင် အရသာခံကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ စိတ်နှလုံးထဲ၌ ရှိသောအရာကို သင်သည် တန်ဖိုးထားပြီး အရသာ ခံသောအခါတွင်၊ သင်၏စိတ်နှလုံးသည် နည်းနည်းချင်း တဖြည်းဖြည်း သူ့ထံ ဖွင့်ဟလိမ့်မည် ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် သူ့ထံ ဖွင့်ဟသောအခါတွင်၊ ဘုရားသခင်နှင့် သင်၏ အပြန်အလှန် အချီအချပြောဆိုမှုများ၊ ဘုရားသခင်အပေါ် သင်၏တောင်းဆိုမှုများနှင့် သင်ကိုယ်တိုင်၏ လွန်ကျူးသော ဆန္ဒများက မည်မျှရှက်ဖွယ်ကောင်းပြီး မည်မျှ စက်ဆုပ်ဖွယ် ဖြစ်သည်ကို သင်ခံစားရလိမ့်မည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ အမှန်တကယ် ဖွင့်ဟသောအခါတွင်၊ သူ၏ နှလုံးသားသည် ထိုသို့ အဆုံးအစမရှိသော လောကတစ်ခု ဖြစ်သည်ကို သင် မြင်ရလိမ့်မည်ဖြစ်ပြီး၊ ယခင်က သင် လုံးဝ မတွေ့ကြုံဖူးသော နယ်ပယ်ထဲသို့ ဝင်ရောက်လိမ့်မည်။ ဤနယ်ပယ်ထဲတွင် လှည့်စားခြင်းမရှိ၊ လှည့်ဖြားခြင်းမရှိ၊ မှောင်မိုက်ခြင်းမရှိသကဲ့သို့ ဆိုးယုတ်ခြင်း မရှိပေ။ ရိုးသား စစ်မှန်ခြင်းနှင့် သစ္စာစောင့်သိခြင်းသာရှိသည်။ အလင်းနှင့် ရိုးသားဖြောင့်မတ်ခြင်းသာ ရှိသည်။ ဖြောင့်မတ်ခြင်းနှင့် ကြင်နာခြင်းတို့သာ ရှိသည်။ ချစ်ခြင်းနှင့် ဂရုစိုက်မှုတို့ဖြင့် ပြည့်နေသည်၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ဖြင့် ပြည့်နေသည်၊ ပြီးလျှင် ထိုမှတစ်ဆင့် သင်သည် အသက်ရှင် ရခြင်း၏ ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုကို ခံစားရသည်။ ဤအရာတို့သည် ဘုရားသခင်ထံသို့ သင်၏ စိတ်နှလုံးကို ဖွင့်ဟသောအခါ၌၊ သင့်ကို ဘုရားသခင် ထုတ်ဖော်ပြသည့် အရာများ ဖြစ်သည်။ အဆုံးမရှိသော ဤကမ္ဘာလောကသည် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းတို့ဖြင့် ပြည့်နေသည်။ ယင်းသည် သူ၏ချစ်ခြင်းနှင့် သူ၏ ဩဇာအာဏာတို့ဖြင့်လည်း ပြည့်လေသည်။ ဤနေရာတွင် သင်သည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ ရှုထောင့်တိုင်း၊ သူ့ကို ဘယ်အရာက ဝမ်းမြောက်စေသည်၊ အဘယ်ကြောင့် သူ စိုးရိမ်ပူပန်ပြီး အဘယ်ကြောင့် သူ ဝမ်းနည်းလာသည်၊ အဘယ်ကြောင့် သူ စိတ်ဆိုးလာသည် စသည်တို့ကို သင်မြင်နိုင်သည်။ ဤသည်မှာ မိမိတို့၏စိတ်နှလုံးကို ဖွင့်ဟပြီး ဘုရားသခင်ကို ဝင်ခွင့်ပေးသော လူ တစ်ဦးစီတိုင်းက မြင်နိုင်သောအရာ ဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံးကို သူ့အား ဖွင့်ဟပေးမှသာ ဘုရားသခင်သည် သင့်စိတ်နှလုံးထဲသို့ ဝင်လာနိုင်ပေသည်။ သူသည် သင့်စိတ်နှလုံးထဲကို ဝင်ရောက်လာမှသာ၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သင်မြင်နိုင်ပြီး သင့်အတွက် သူ၏ရည်ရွယ်ချက်များကို သင်မြင်နိုင်သည်။ ထိုအချိန်တွင် ဘုရားသခင်နှင့်ပတ်သက်သော အရာတိုင်းသည် အလွန် တန်ဖိုးရှိသည်၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းသည် အလွန် တန်ဖိုးထားထိုက်သည်ကို သင်တွေ့ရှိလာလိမ့်မည်။ ယင်းနှင့် နှိုင်းယှဉ်ပါက၊ သင်၏ အနီးအနားရှိ လူများ၊ သင့်ဘဝထဲက အရာဝတ္ထုနှင့် အဖြစ်အပျက်များ၊ ပြီးလျှင် သင်၏ ချစ်ခင်ရသောသူများ၊ သင်၏ အဖော်နှင့် သင် နှစ်သက်သော အရာများပင်လျှင် ထုတ်ဖော်ပြောရန် မထိုက်တန်ပေ။ ထိုအရာများသည် အလွန်သေးငယ်ပြီး အလွန်နိမ့်ကျသည်။ မည်သည့်ရုပ်ဝတ္ထုပစ္စည်းများမျှ သင့်ကို တစ်ဖန် ဆွဲဆောင်နိုင်မည် မဟုတ်၊ သို့မဟုတ် မည်သည့်ရုပ်ဝတ္ထုပစ္စည်းကမျှ ယင်းအတွက် အဖိုးအခကို ပေးဆပ်စေရန် သင့်ကို တစ်ဖန် ဖြားယောင်းနိုင်မည် မဟုတ်ဟု သင်ခံစားရလိမ့်မည်။ ဘုရားသခင်၏ နှိမ့်ချခြင်းတွင် သူ၏ကြီးမြတ်မှုနှင့် သူ၏ သာလွန်မှုကို သင်မြင်ရလိမ့်မည်။ ထို့အပြင် ယခင်က အတော်အတန် သေးငယ်သည်ဟု သင်ယုံကြည်ခဲ့သည့် ဘုရားသခင်၏ လုပ်ဆောင်ချက်အချို့တွင် သူ၏အဆုံးမရှိသော ဉာဏ်ပညာနှင့် သူ၏သည်းခံခြင်းကို သင် မြင်ရလိမ့်မည်ဖြစ်ပြီး၊ သူ၏ စိတ်ရှည်မှု၊ သူ၏ သည်းခံမှုနှင့် သင့်အပေါ် သူ၏နားလည်မှုတို့ကို သင်မြင်ရလိမ့်မည်။ ဤအရာက သင့်အထဲတွင် သူ့အတွက် ကြည်ညိုမှုတစ်ခု ဖြစ်ပေါ်စေလိမ့်မည်။ ထိုနေ့တွင် လူသားမျိုးနွယ်သည် အင်မတန် ညစ်ညမ်းနေသော ကမ္ဘာလောကတစ်ခု၌ အသက်ရှင်နေသည်၊ သင့် နံဘေးရှိလူများနှင့် သင့်ဘဝ၌ ဖြစ်ပျက်သောအရာများ၊ ပြီးလျှင် သင်ချစ်သောသူများ၊ သင့်အတွက် ၎င်းတို့၏ချစ်ခြင်းမေတ္တာနှင့် ၎င်းတို့၏ ကွယ်ကာမှုဟု ခေါ်သောအရာများ၊ သို့မဟုတ် သင့်အတွက် ၎င်းတို့၏ ပူပန်မှုများပင်လျှင် ဖော်ပြရန် မထိုက်- ဘုရားသခင်သာ သင်ချစ်ခင်မြတ်နိုးရသောသူဖြစ်ပြီး သင် တန်ဖိုးအထားဆုံးက ဘုရားသခင်သာဖြစ်သည်ကို သင် ခံစားရပါလိမ့်မည်။ ထိုနေ့ရောက်လာသောအခါတွင်- ဘုရားသခင်၏ ချစ်ခြင်းသည် အလွန်ကြီးမြတ်ပြီး၊ သူ၏ အနှစ်သာရသည် အလွန်သန့်ရှင်းသည်- ဘုရားသခင်၌ လှည့်စားခြင်း မရှိ၊ ဆိုးယုတ်ခြင်း မရှိ၊ မနာလိုခြင်း မရှိသကဲ့သို့၊ ခိုက်ရန်ဖြစ်ခြင်း မရှိဘဲ၊ ဖြောင့်မတ်ခြင်းနှင့် စစ်မှန်ခြင်းသာရှိပြီး ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းဖြစ်သော အရာရာတိုင်းကို လူသားတို့ တောင့်တသင့်ပေသည် ဟု ပြောသည့် လူအချို့ ရှိလိမ့်မည်ဟု ငါယုံကြည်သည်။ လူသားတို့သည် ယင်းအတွက် ကြိုးပမ်းသင့်ပြီး ဆန္ဒပြင်းပြသင့်ပေသည်။ ဤအရာကို စွမ်းဆောင်ရရှိဖို့ လူသားမျိုးနွယ်၏ အရည်အချင်းသည် မည်သည့်အခြေခံ အကြောင်းရင်းပေါ်တွင် တည်ဆောက်ထားသနည်း။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် ၎င်းတို့၏ နားလည်မှု အခြေခံအကြောင်းရင်းနှင့် ဘုရားသခင်၏ အနှစ်သာရနှင့် သက်ဆိုင်သည့် ၎င်းတို့၏ သိနားလည်မှုအပေါ်တွင် တည်ဆောက် ထားပေသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ခြင်းသည် လူတိုင်း အတွက် ရာသက်ပန် သင်ခန်းစာတစ်ခု ဖြစ်သည်။ ဤသည်မှာ မိမိတို့၏ စိတ်သဘောထားကို ပြောင်းလဲရန် ကြိုးပမ်းပြီး၊ ဘုရားသခင်ကို သိရန် ကြိုးပမ်းသောသူတိုင်း အားထုတ်သည့် ရာသက်ပန် ရည်မှန်းချက်တစ်ခု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

အရှေ့သို့- ၅၆) အယူအဆများနှင့် စိတ်ကူးအထင်များကို ဖြေရှင်းခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၅၈) အသင်းတော် အသက်တာကို အသက်ရှင်ခြင်း၏ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၉ ကိုယ်ကျိုးမငဲ့သော ဘုရားရဲ့မေတ္တာနဲ့သဘောသဘာဝ

၁ဘုရား သူ့ရဲ့အကောင်းဆုံးအရာကို ပေးအကောင်းဆုံးအရာများ သူလေ ပေးအပ် မိမိဒုက္ခဝေဒနာကို ဘယ်တော့မှ ဖွင့်မပြော တိတ်ဆိတ်စွာ သူလေ စောင်မျှော်ကာ...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်