၅၄) အပျက်သဘောကို ဖြေရှင်းခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) မည်သည့်လုပ်ဆောင်မှုများက အပျက်သဘောကို ဖြစ်စေသနည်း၊ မည်သည့်ဘောင်ခတ်သတ်မှတ်ချက်တို့က အပျက်သဘောထံ ဦးတည်စေသနည်း၊ ဖြစ်ပေါ်လာသည့် အကျိုးဆက်များကား အဘယ်နည်းဟူသည့် အပျက်သဘောကို ဖြစ်ပေါ်လာစေသော အခြေအနေများကို ဦးစွာဆန်းစစ်လော့။

(၂) အပျက်သဘော၏ အဖြစ်အနေနှင့် ဇာစ်မြစ်ကို နားလည်ရန်၊ ယင်းနှင့် ဆက်စပ်နေသော စိတ်သဘောထားကိုသိရန် လိုအပ်သည်။ အရင်းခံပြဿနာကို တွေ့မြင်ခြင်းအားဖြင့်သာ အကြင်သူသည် မိမိကိုယ်မိမိ စစ်မှန်စွာ သိနိုင်၏။

(၃) အပျက်သဘောနှင့် ရင်ဆိုင်ရသောအခါ အကြင်သူသည် မိမိကိုယ်မိမိ သိရန် သင်ယူခြင်းအလုပ်ကို လုပ်ဆောင်သင့်သည်။ အပျက်သဘော ပြဿနာကို ယင်း၏အရင်းအမြစ်၌ ဖယ်ရှားပစ်ရန်အလို့ငှာ တန်ဆာဆင်ထားရမည့် သမ္မာတရားတို့ကို သိရန် လိုအပ်သည်။

(၄) အကြင်သူသည် စာတန်ဆိုင်ရာ စိတ်သဘောထားအတွင်း တည်ရှိနေသောအခါ အပျက်သဘောသည် အချိန်မရွေး ပေါ်ပေါက်လာနိုင်ပြီး ထိုသို့ဖြင့် ဘုရားသခင်ကို ပုန်ကန်မှုနှင့် ခုခံမှုထံသို့ ဦးတည်သွားနိုင်သည်။ ကိစ္စအားလုံးတွင် အပျက်သဘောကို ပြုပြင်ရန်အလို့ငှာ အကြင်သူသည် သမ္မာတရားကို ရှာဖွေရပေမည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

စိတ်ထဲတွင် လူတို့သည် မကောင်းသော အခြေအနေအချို့- အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်းနှင့် စိတ်အားငယ်ခြင်း၊ သို့မဟုတ် မခိုင်ခံ့ခြင်း၊ သို့မဟုတ် မရမနေဇွဲကောင်းသော ယုတ်ညံ့သည့် အကြံတို့ကို သိုထားတတ်ကြသည်။ သို့မဟုတ် သြဇာတိက္ကမ၊ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများနှင့် ၎င်းတို့၏ကိုယ်ပိုင် အကျိုးများကို စိုးရိမ်ခြင်း ကျေးကျွန်ဘဝတွင် ၎င်းတို့အမြဲရှိနေကြသည်။ သို့မဟုတ် ၎င်းတို့သည် ညံ့ဖျင်းသော အစွမ်းအစရှိပြီး အချို့သော အပျက်သဘောဆောင်သည့် အခြေအနေများကို ပိုင်ဆိုင်ထားသည်ဟု မိမိတို့ကိုယ်ကို တွေးထင်ကြသည်။ ဤအခြေအနေများတွင် သင်စဉ်ဆက်မပြတ် အသက်ရှင်သည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိဖို့ သင့်အတွက် အလွန်ခက်ခဲ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန် သင်ခက်ခဲနေပါက၊ သင့်အတွင်းတွင် အလွန်နည်းပါးသည့် အပြုသဘောဆောင်သောအရာများ ပါဝင်နေလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ရရှိဖို့ သင့်အတွက် ခက်ခဲလိမ့်မည်။ လူတို့သည် ဤနည်းလမ်း၊ ဟိုနည်းလမ်းဖြင့် ချုပ်တည်းထားရင်း သည်းခံခြင်းကို ကျင့်သုံးဖို့ မိမိတို့၏ဆန္ဒစွမ်းအားအပေါ် အမြဲမှီခိုကြသော်လည်း ၎င်းတို့သည် ထိုအပျက်သဘောဆောင်သော၊ သို့မဟုတ် မကောင်းသော အခြေအနေများမှ လွတ်မြောက်အောင် မရုန်းနိုင်ကြသေးချေ။ ဤအရာ၏ တစ်စိတ်တစ်ပိုင်းမှာ လူသား အကြောင်းရင်းများကြောင့် ဖြစ်၏။ လူတို့သည် ၎င်းတို့နှင့် သင့်တော်သည့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာမတွေ့နိုင်ကြချေ။ နောက်ထပ် အကြောင်းရင်းမှာ- ဤသည်မှာလည်း အဓိကတစ်ခု ဖြစ်သည်- လူတို့သည် ဤအပျက်သဘောဆောင်သော၊ ကျဆင်းသော၊ ဆုတ်ယုတ်သော အခြေအနေများထဲသို့ အမြဲကျဆင်းကြပြီး သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်မလုပ်သောကြောင့် ဖြစ်သည်။ သူသည် ရံဖန်ရံခါ ၎င်းတို့ကို အသိဉာဏ်ပွင့်လင်းစေခြင်း ပေးလျှင်ပင်၊ ၎င်းတို့အထဲတွင် အဓိကအလုပ်ကို မလုပ်ဆောင်ပေ။ ထို့ကြောင့်၊ ဆောင်ရွက်ရန် လူတို့အဖို့ ကြီးမားသော အားထုတ်မှုလိုပြီး တစ်ခုတလေကို မြင်ကာ နားလည်ဖို့ ၎င်းတို့အတွက် ခက်ခဲပေသည်။ သင့်အတွင်းရှိ နေရာအားလုံးကို အပျက်သဘောဆောင်ပြီး မကောင်းသော အရာမြောက်မြားစွာက နေရာယူထားပြီးဖြစ်သောကြောင့်၊ သင့်အတွက် အသိဉာဏ်ပွင့်လင်းခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိဖို့ ခက်ခဲပြီး အလင်းကို ရရှိဖို့ အလွန်ခက်ခဲပေသည်။ တစ်ဦးတစ်ယောက်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း မခံရသကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မရရှိနိုင်ပါက၊ ဤအခြေအနေများကို မစွန့်ခွာနိုင်ပေ၊ သို့မဟုတ် ဤအပျက်သဘောဆောင်သော အခြေအနေများကို မပြောင်းလဲနိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုမပြုသကဲ့သို့ သင်သည် ရှေ့ဆက်လမ်းကြောင်းတစ်ခုကို ရှာမတွေ့နိုင်ပေ။ ဤအကြောင်းရင်း နှစ်ခုလုံးကြောင့်၊ အပြုသဘောဆောင်သည့် ပုံမှန် အခြေအနေတစ်ခု ရရှိဖို့ သင့်အတွက် ခက်ခဲ၏။ သင်သည် သင်၏တာဝန်များကို ဖြည့်ဆည်းရာတွင် များစွာသည်းခံနိုင်ပြီး ကြိုးစားအလုပ်လုပ်နိုင်သော်လည်း၊ ပြီးလျှင် သင်သည် ကြီးမားသော လုံ့လကို စိုက်ထုတ်ပြီးဖြစ်ကာ သင်၏အိမ်နှင့် အလုပ်ကို စွန့်ပစ်နိုင်ပြီး၊ အရာရာတိုင်းကို လက်လွှတ်နိုင်သော်လည်း၊ သင်၏အတွင်းအခြေအနေသည် အမှန်တကယ် မပြောင်းလဲသေးပေ။ အယှက်အတင်များစွာက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ရန်နှင့် သမ္မာတရား စစ်မှန်မှုထဲသို့ မဝင်ရောက်နိုင်ရန် သင့်ကို ချုပ်နှောင်ထားဆဲဖြစ်သည်။ အမျိုးမျိုးသော အရာများက သင့်အတွင်းတွင် နေရာဖြည့်ထား၏။ ကိုယ်ရေးကိုယ်တာ အယူအဆများ၊ စိတ်ကူးထင်မြင်မှုများ၊ အသိပညာနှင့် အသက်ရှင်နေထိုင်မှုဆိုင်ရာ ဒဿနအမြင်များအပြင်၊ အပျက်သဘောဆောင်သော အရာများ၊ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများနှင့် ကိုယ်ကျိုးကြည့်ခြင်းများ၊ သြဇာတိက္ကမအတွက် ပူပန်မှုများနှင့် အခြားသူများနှင့် အငြင်းပွားမှုတို့ ဖြစ်သည်။ လူတို့သည် ၎င်းတို့အတွင်းတွင် အပြုသဘောဆောင်သောအရာ မည်သည့်အရာမျှ မရှိကြချေ။ ၎င်းတို့၏ ဦးခေါင်းများသည် အပျက်သဘောဆောင်ပြီး မကောင်းသော အတွေးများဖြင့် ပြည့်နေသည်။ ဤသည်မှာ မည်သူမျှ မငြင်းနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများကို ဆိုးယုတ်သော အရာများက ဖြည့်ကာ နေရာယူထားပြီး ဖြစ်သည်။ ဤအရာများကို သင်အမြစ်မဖြတ်ပါက၊ သင်သည် ဤအခြေအနေများမှ လွတ်မြောက်အောင် မရုန်းနိုင်ပါက၊ သင်သည်- အပြစ်ကင်းသည့်၊ ဖျတ်လတ်တက်ကြွသည့်၊ မာယာကင်းသည့်၊ စစ်မှန်ပြီး ဖြူစင်သည့်- ကလေးငယ်တစ်ဦး၏ စစ်မှန်သော သဏ္ဌာန်အဖြစ်သို့ မပြောင်းလဲနိုင်သကဲ့သို့ ဘုရားသခင်၏ မျက်မှောက်ထဲသို့ မလာနိုင်ပါက၊ ပြီးလျှင် သင်သည် သူ့ရှေ့မှောက်သို့ မလာပါက၊ သမ္မာတရား ရရှိဖို့ သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်” မှ

မကြာခဏဖြစ်စေ၊ ဖြစ်ခဲသည်ဖြစ်စေ၊ စိုးရိမ်ဖွယ်ဖြစ်စေ၊ အသေးအဖွဲဖြစ်စေ၊ သူတို့ကို အပျက်သဘောဆောင်စေသည့် တိကျပြတ်သားသောအချက် ရှိသည်ဖြစ်စေ၊ တိကျပြတ်သားသောအချက် မရှိဘဲ သူတို့ကို အပျက်သဘောဆောင်ခြင်းထဲသို့ ထိုးကျစေသည့် အနည်းငယ်သော အတွေး၊ ထင်မြင်ချက်၊ ခံယူချက်၊ စိတ်ကူးစိတ်သန်းနှင့် အယူအဆများ ရှိသည်ဖြစ်စေ လူတိုင်း၌ အပျက်သဘောဆန်သော အချိန်များ ရှိတတ်သည်။ မည်သည့်အကြောင်းအရာဖြစ်စေ၊ အနေအထား၊ သို့မဟုတ် သူတို့၏ အခြေအနေက မည်သို့ဖြစ်စေ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၌ အသက်ရှင်နေသရွေ့ အပျက်သဘောဆောင်သော အခြေအနေတစ်ခုခုထဲသို့ ထိုးကျသွားသည့် အချိန်များ ရှိတတ်သည်။ အကယ်၍ လူတို့သည် ဝိညာဉ်ရင့်ကျက်မှုရှိပြီး သမ္မာတရားကို လိုက်စားလျှင် ဝိညာဉ်အသက်တာ ကြီးထွားလာပြီး သမ္မာတရားကို လိုက်စားသည်နှင့်အမျှ သူတို့၏ အပျက်သဘောဆောင်သော အခြေအနေက ကြာကြာမခံဘဲ တဖြည်းဖြည်း မှေးမှိန်သွားမည်မှာ အမှန်ပင်ဖြစ်သည်။ အကယ်၍ လူတို့သည် သမ္မာတရားကို မလိုက်စားလျှင် သူတို့၏ အပျက်သဘောဆောင်သော အခြေအနေ၊ အပျက်သဘောဆောင်သော စိတ်နေစိတ်ထား၊ အပျက်သဘောဆောင်သော စိတ်ကူးများနှင့် သဘောထားများက ပို၍ပင် များပြားလာပြီး ယင်းတို့က တဖြည်းဖြည်း ပို၍ ကြီးထွားလာကာ တစ်ပုံကြီးရှိလာမည် ဖြစ်သည်။ ထို့ကြောင့် အပျက်သဘောဆောင်ခြင်းကို ဖြေရှင်းရန် အလွန်အရေးကြီးသည်။ ယင်းကို ကိုင်တွယ်ပုံမှာလည်း အလွန်အရေးကြီးလေသည်။ မည်သို့ပင်ဖြစ်စေ အပျက်သဘောဆောင်ခြင်းကို သင်ကိုင်တွယ်သည့်နည်းတွင် အပျက်သဘောဆောင်သော နည်းလမ်းများ၊ သို့မဟုတ် ခုခံခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့်ဆိုင်သော စိတ်နေစိတ်ထား မပါဝင်သင့်ချေ။ ထို့အစား ယင်းကို သမ္မာသတရားကို ရှာဖွေခြင်းအားဖြင့် ကိုင်တွယ်ဖြေရှင်းသင့်ပေသည်။ အချို့သော ကဏ္ဍများက သင့်ကို အပျက်သဘောဆောင်ခြင်းထဲသို့ ပို၍ ကျရောက်စေနိုင်လေ၊ ထို့ပြင် ကဏ္ဍများ၊ သို့မဟုတ် ကိစ္စရပ်များက ဘုရားသခင့်အပေါ် မနာခံခြင်း၊ ကျေနပ်မှုမရှိခြင်း၊ နာကြည်းချက်များ စသည်တို့ကို နိုးကြွစေပြီး သူ့ကို ပွက်ပွက်ညံအောင် ဆန့်ကျင်ကန့်ကွက်ရန် ပို၍သွေးဆောင်လေ သင်သည် ပို၍ပင် ဘုရားသခင်၏ ရှေ့မှောက်သို့လာပြီး သမ္မာတရားကို ရှာဖွေသင့်လေ ဖြစ်သည်။ အကယ်၍ သင်သည် တစ်ခုတည်းသောအရာ၊ တစ်ခုတည်းသော စာကြောင်း၊ သို့မဟုတ် တစ်ခုတည်းသော ထင်မြင်ချက်နှင့် ခံယူချက်ကြောင့် အပျက်သဘောဆောင်ခြင်းထဲသို့ ထိုးကျသွားလျှင် ဤကိစ္စနှင့်ပတ်သက်၍ သင်၏အသိပညာက စံသွေကြောင်း၊ သင်၌ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများရှိကြောင်း၊ ထို့ပြင် ဤကိစ္စအပေါ် သင်၏အမြင်က သမ္မာတရားနှင့် အကယ်ပင် သဟဇာတမဖြစ်ကြောင်း ဤအရာက သက်သေပြသည်။ ထိုသို့သောအချိန်များက အရေးကိစ္စကို မှန်မှန်ကန်ကန် ရင်ဆိုင်ရန်၊ ယင်းကို တတ်နိုင်သမျှ အစောဆုံးနှင့် ချက်ချင်း ပြောင်းပြန်လှန်ဖို့ ကြိုးပမ်းရန်၊ မိမိကိုယ်ကို ဤအယူအဆများ၏ ချည်နှောင်ခြင်းနှင့် လှည့်စားခြင်းကို မခံရစေရန်အပြင် မနာခံခြင်း၊ ကျေနပ်မှုမရှိခြင်းနှင့် ဘုရားသခင်အပေါ် နာကြည်းချက်များရှိသော အခြေအနေထဲသို့ မထိုးကျသွားစေရန် သင့်ကို တောင်းဆိုလေသည်။ အပျက်သဘောဆောင်ခြင်းကို မဆိုင်းမတွနှင့် လုံးလုံးလျားလျား ဖြေရှင်းရန် အရေးကြီးလှသည်။ နည်းစနစ်နှင့် နည်းလမ်းက မည်သို့ဖြစ်စေ အကောင်းဆုံးသော ကိုင်တွယ်ဖြေရှင်းနည်းက သမ္မာတရားကို ရှာဖွေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ရှုရန်နှင့် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရှာဖွေရန်အတွက် ဘုရားသခင်၏ရှေ့မှောက်သို့ လာရုံသာဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သင်သည် တစ်ခါတစ်ရံ သင့်အမြင်များနှင့် ခံယူချက်များကို ချက်ချင်း ပြောင်းပြန်လှန်ကောင်းလှန်နိုင်မည် မဟုတ်သော်လည်း အနည်းဆုံး သင်သည် မှားယွင်းကြောင်း၊ သင်၏ ဤထင်မြင်ချက်များက စံသွေကြောင်း သင်သိလိမ့်မည်။ ဤမှားယွင်းသော အမြင်များနှင့် ခံယူချက်များက တာဝန်ထမ်းဆောင်ရန်အတွက် သင်၏ဆက်ကပ်မှုအပေါ် မသက်ရောက်၊ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို မထိခိုက်သည့်အပြင် ဆုတောင်းဖို့နှင့် ဘုရားသခင်အား သင့်နှလုံးသားကို ဖွင့်ဟဖို့ သူ၏ရှေ့မှောက်သို့ လာရောက်ခြင်းမှ မတားဆီးရန်မှာ ဖန်တီးရမည့် အနည်းဆုံးသော အကျိုးသက်ရောက်မှု ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ဤသည်တို့မှာ ဖန်တီးဖို့လိုသော အကျိုးသက်ရောက်မှုများပင် ဖြစ်သည်။ အကယ်၍ သင်သည် အပျက်သဘောဆောင်ခြင်း၊ ဘုရားသခင်အပေါ် မနာခံခြင်း၊ ကျေနပ်မှုမရှိခြင်းနှင့် မကျေနပ်ချက်များနှင့်ဆိုင်သော စိတ်နေစိတ်ထား၊ သို့မဟုတ် အခြေအနေထဲသို့ ထိုးကျသွားပါက၊ အခြားသူတို့နှင့် သင်မည်သို့မိတ်သဟာယပြုသည်ဖြစ်စေ၊ သို့မဟုတ် ဤအရာကို လျစ်လျူရှုဖို့ မည်သို့ကြိုးစားသည်ဖြစ်စေ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရန်၊ သို့မဟုတ် ဆုတောင်းဖို့အတွက် ဘုရားသခင်ရှေ့မှောက်သို့ လာရန် ဆန္ဒမရှိပါက ပြဿနာသည် စိုးရိမ်စရာဖြစ်လာမည်။ သင်က “ကျွန်ုပ်သည် တာဝန်ကို လုပ်ဆောင်ရာ၌ မနှောင့်နှေးသည့်အပြင် စစ်မှန်သော နှလုံးသားနှင့် ထိုသို့ပြုခဲ့၏၊ အဆုံးထိတိုင် ကျွန်ုပ်ဆက်ကပ်မည် ဖြစ်သည်” ဟု ပြောတတ်သည်။ ဤပြောဆိုချက်မှာ စစ်မှန်သလော။ အကယ်၍ သင်၌ မဖြေရှင်းထားသည့် အပျက်သဘောဆောင်ခြင်း ရှိပါက ယင်းက သူ့ဘာသာသူ ယုတ်လျော့သွားမည်လော။ အပျက်သဘောဆောင်ခြင်းက သူ့ဘာသာသူ ပျောက်ကွယ်သွားနိုင်သလော။ အကယ်၍ သင်သည် ဤအပျက်သဘောဆောင်ခြင်းကို ဖြေရှင်းသည့် နည်းလမ်းတစ်ခုအဖြစ် သမ္မာတရားအား ချက်ချင်း မရှာဖွေပါက ယင်းသည် ဆက်၍ တိုးတက်နေမည်ဖြစ်ပြီး ပို၍သာ ပြင်းထန်လာနိုင်လေသည်။ ယင်း၏ အကျိုးဆက်များက ပို၍ပို၍ စိုးရိမ်ဖွယ်သာ ဖြစ်လာနိုင်သည်၊ ယင်းက အပြုသဘောဆောင်သောဘက်သို့ မဟုတ်ဘဲ ဒုက္ခပေးနိုင်သောဘက်သို့ ကြီးထွားလာမည်ဖြစ်သည်။ ထို့ကြောင့် အပျက်သဘောဆောင်ခြင်း ဖြစ်ပေါ်လာသောအခါ သင်သည် သမ္မာတရားကိုရှာဖွေပြီး ယင်းကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရမည်။ ဤကိစ္စမှာ အလွန်အရေးပါလေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၇)” မှ

လူများသည် ၎င်းတို့ကို ဘုရားသခင်က တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မတိုင်မီ အခြေအနေများစွာကို ကျော်ဖြတ်ပြီး ဖြစ်လိမ့်မည်။ ဥပမာအနေဖြင့် လူများ၌ မကြာခဏမြင်ရသည့် အပျက်သဘောဆောင်သည့် အခြေအနေတစ်ခုရှိသည်။ အခြားသူများက သူတို့၏တာဝန်များကို ၎င်းတို့ထက် သာ၍ အကျိုးရှိရှိ ထမ်းဆောင်သည့်အခါ၊ ၎င်းတို့သည် အပျက်သဘောဆောင်ကြသည်။ အခြားသူများ၏ မိသားစုများက ၎င်းတို့၏မိသားစုများထက် သာ၍ စည်းလုံးသည့်အခါ၊ ၎င်းတို့က အပျက်သဘောဆောင်ကြသည်။ အခြားလူများ၏ အခြေအနေများက ၎င်းတို့၏အခြေအနေများထက် သာသည့်အခါ သို့မဟုတ် ထိုသူတို့က မြင့်မားသော အစွမ်းအစရှိသည့်အခါ၊ ၎င်းတို့က အပျက်သဘောဆောင်ကြသည်။ ပြီးလျှင် ၎င်းတို့ကို အနည်းငယ် စောစီးစွာ နိုးထစေသည့်အခါ၊ ၎င်းတို့က မပင်ပန်းလျှင်ပင်၊ ၎င်းတို့၏တာဝန်များက ပင်ပန်းသောအခါ၊ မည်သည့်အရာဖြစ်ပါစေ ၎င်းတို့က အပျက်သဘောဆောင်ကြသည်။ ဤလူများသည် ရှာဖွေခြင်း၌ အထူးကြိုးပမ်းအားထုတ်ပြီး၊ အထူးသဖြင့် အဖိုးအခပေးဆပ်နိုင်ပါက၊ ပြီးလျှင် ၎င်းတို့သည် အစွမ်းအစအချို့ရှိပြီး၊ လက်တွေ့ကျသည့် အလုပ်ကို အတိုင်းအတာအချို့အထိ လုပ်ဆောင်နိုင်ပါက၊ အခြားသူများ၏အယူအဆများက ဤလူများနှင့် ပတ်သက်၍ “ထိုလူများသည် အမြဲ အပျက်သဘောဆောင်နေသည်မှာ ဝမ်းနည်းစရာ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အား အပျက်သဘောမဆောင်စေခြင်းအားဖြင့် အနည်းငယ် မျက်နှာသာပေးပြီး၊ ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းမှ ပေါ်ထွက်လာဖို့ ခွင့်မပြုသင့်သလော။ ဘုရားသခင်သည် မည်သို့ကြောင့် သူ၏အလုပ်ကို မလုပ်ဆောင်နေသနည်း။” ဟု ပြောစေနိုင်သည်။ ဘုရားသခင်သည် ထိုသို့သော လူများကို မည်သည့်အရာ ပြုသနည်း။ ၎င်းတို့အပေါ် သူ၏သဘောထားမှာ အဘယ်နည်း။ သူသည် ၎င်းတို့ကို ဆုံးမပဲ့ပြင်ခြင်း မရှိသကဲ့သို့၊ ၎င်းတို့အား ကိုင်တွယ်ဖြေရှင်း သို့မဟုတ် ပြုပြင်ခြင်းလည်း မရှိပေ။ သူက ၎င်းတို့အား လျစ်လျူရှုထားရုံမျှသာ ရှိသည်။ ဤသည်က မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက သင်သည် အစဉ် အပျက်သဘောဆောင်ပြီး ဘုရားသခင် လုပ်ဆောင်သမျှကို မည်သည့်အခါမျှ မကျေနပ်ပါက၊ သူက သင့်ကို တစ်နေရာရာသို့ ပစ်ပယ်ထားပြီး စောင့်စေလိမ့်မည်ဟု ဆိုလိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် အသုံးမတည့်သည့် အလုပ်ကို မလုပ်ပေ။ လူအချို့က “ဘုရားသခင်က ယင်းကို မလုပ်ဆောင်ပါက၊ ယင်းက ဘုရားသခင်သည် ချစ်ဖွယ် မကောင်းဟု ဆိုလိုသည်။” ဟု ပြောကြသည်။ ယင်းက ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ဖော်ပြသည့် ပုံစံ မဟုတ်ပေ။ အပျက်သဘောဆောင်ခြင်းဆိုသည်မှာ လူများ၌ ပြဿနာတစ်ခုရှိသည်ဟု ဆိုလိုသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံဘဲ၊ ဘုရားသခင် ပြုသမျှအရာအားလုံးကို အစဉ် မကျေမနပ် ဖြစ်နေကြသည်။ ထို့အပြင် ၎င်းတို့က အနည်ဆုံးအနေဖြင့် သမ္မာတရားကို မရှာဖွေသကဲ့သို့၊ ယင်းကို လက်တွေ့လုပ်ဆောင်ခြင်းလည်း မရှိပေ။ ဘုရားသခင်သည် အဘယ့်ကြောင့် ထိုသို့သော လူများကို စိတ်ပါဝင်စားမှု ရှိမြဲရှိနေမည်နည်း။ ၎င်းတို့သည် ဆင်ခြင်တုံတရားကို နားမဝင်သည် မဟုတ်လော။ ဆင်ခြင်တုံတရားကို နားမဝင်သည့် သူများအပေါ် ဘုရားသခင်၏ သဘောထားက အဘယ်နည်း။ သူက ၎င်းတို့ကို ဘေးဖယ်ပြီး လျစ်လျူရှုလေသည်။ သင်သည် သင်သဘောရှိ ပြုမူနိုင်ပြီး၊ သင်ဆန္ဒရှိပါက သင်ယုံကြည်နိုင်သည်။ သင်ယုံကြည်ပြီး ရှာဖွေပါက၊ သင် ရရှိနိုင်သည်။ ဘုရားသခင်သည် လူတိုင်းကို တရားမျှတစွာ ဆက်ဆံသည်။ သင်၏သဘောထားသည် သမ္မာတရားကို လက်မခံခြင်းနှင့် ကျိုးနွံနာခံခြင်းတစ်ခု မဟုတ်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်၏သတ်မှတ်ချက်များအတိုင်း မကိုက်ညီပါက၊ သင်ဆန္ဒရှိသည့်အရာကိုသာ ယုံကြည်လော့။ ထို့အပြင် သင်သည် အတော် ထွက်ခွာလိုပါက၊ ချက်ချင်း ထိုသို့လုပ်ဆောင်နိုင်သည်။ သင်၏တာဝန်ကို လုပ်ဆောင်ဖို့ သင်ဆန္ဒမရှိပါက၊ သင်သည် မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ လူပုံအလယ်တွင် ရှက်ဖွယ်ကောင်းသော ဆူညံပူညံ ပြုလုပ်ခြင်း သို့မဟုတ် ဝင့်ဝါခြင်း မပြုဘဲ ချက်ချင်း သင်နှစ်သက်သည့်နေရာသို့ ချက်ချင်း ထွက်သွားလော့။ ဘုရားသခင်က လူများကို နေဖို့ မတိုက်တွန်းပေ။ ယင်းမှာ သူ၏သဘောထားဖြစ်သည်။ သိသာထင်ရှားစွာ ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်သည့်- သင်သည်- ဖန်ဆင်းခံသတ္တဝါတစ်ဦးကဲ့သို့ ပြုမူဖို့ မည်သည့်အခါမျှ ဆန္ဒမရှိဘဲ၊ ထိုအစား ကောင်းကင်တမန်မင်းတစ်ပါး အမြဲ ဖြစ်လိုသည်၊ သို့ဆိုလျှင် ဘုရားသခင်က သင့်ကို အာရုံစိုက်နိုင်သလော။ သိသာထင်ရှားစွာပင် သာမန်လူ တစ်ဦးဖြစ်သည့်- သင်သည်- အထူးဦးစားပေးသော ဆက်ဆံမှုတစ်ခုနှင့် အရာခပ်သိမ်းတွင် အခြားသူများထက် သာလွန်ထူးကဲသည့် ဂုဏ်ဒြပ်နှင့် အဆင့်ရှိဖို့ အမြဲ ဆန္ဒရှိပါက၊ သင်သည် အကျိုးအကြောင်းမဆီလျော်ဘဲ အသိစိတ် ကင်းမဲ့နေခြင်း ဖြစ်သည်။ ဘုရားသခင်သည် အသိစိတ်ကင်းမဲ့သည့်လူများကို မည်သို့မြင်သနည်း။ ယင်းတို့နှင့်သက်ဆိုင်သည့် သူ၏ ချင့်ချိန်ဆုံးဖြတ်ချက်မှာ အဘယ်နည်း။ ထိုသို့သော လူများသည် ဆင်ခြင်တုံတရားကို နားမဝင်ကြပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၃)” မှ

လူတို့အထဲတွင် ဘုရားသခင်ဆောင်ရွက်သော အမှုမှာ အဓိကအားဖြင့် ၎င်းတို့အား သမ္မာတရားကို ရရှိစေခွင့်ပေးရန် ဖြစ်သည်။ သင့်အား အသက်ကို လိုက်စားရှာဖွေစေခြင်းသည် သင့်ကို စုံလင်စေရန်အလို့ငှါဖြစ်ပြီး၊ ဤသည်မှာ ဘုရားသခင်၏အသုံးပြုမှုအတွက် သင့်ကို သင့်တော်စေဖို့သာ ဖြစ်သည်။ ယခု သင် လိုက်စားရှာဖွေနေသော အရာအားလုံးမှာ နက်နဲမှုများကို ကြားရခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ သင့်မျက်စိများကို အစာကျွေးခြင်းနှင့် အသစ်အဆန်း သို့မဟုတ် ရေပန်းစားမှုတစ်ချို့ ရှိမရှိ ဆိုသည်ကို မြင်ရဖို့ ဟိုဟိုသည်သည် ကြည့်ခြင်းနှင့် ထိုသို့ဖြင့် သင်၏ သိချင်စိတ်ကို ကျေနပ်စေခြင်းတို့ ဖြစ်သည်။ ဤသည်မှာ သင်၏ စိတ်နှလုံးထဲရှိ ရည်ရွယ်ချက်ဖြစ်ပါက၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရန် သင့်အတွက် နည်းလမ်းမရှိပေ။ သမ္မာတရားကို လိုက်စားရှာဖွေခြင်း မရှိသောသူများသည် တကယ့်အဆုံးထိတိုင် မလိုက်လျှောက်နိုင်ကြချေ။ ယခု၊ ဘုရားသခင်သည် တစ်စုံတစ်ရာကို မလုပ်ဆောင်ခြင်းမဟုတ်ဘဲ၊ ယင်းထက် လူတို့က ဘုရားသခင်၏အမှုတော်ကို ငြီးငွေ့ကြသောကြောင့် ဘုရားသခင်နှင့် ပူးပေါင်းမလုပ်ဆောင်ကြခြင်း ဖြစ်သည်။ ကောင်းချီးများ ပေးသနားရန် သူပြောသည့် နှုတ်ကပတ်တော်များကိုသာ ၎င်းတို့ ကြားချင်ကြပြီး၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များကို ကြားဖို့ရန် လိုလားခြင်း မရှိကြချေ။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်းမှာ ကောင်းချီးမင်္ဂလာများကိုရလိုသည့် လူတို့၏ စိတ်ဆန္ဒများသည် ဖြည့်ဆည်းခြင်းမခံခဲ့ရသောကြောင့် ၎င်းတို့သည် အပျက်သဘောဆောင်ကာ အားနည်းလာခဲ့ကြသည်။ ဘုရားသခင်သည် လူတို့ကို သူ့နောက်လိုက်ရန် တမင်ခွင့်မပြုခြင်း မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်ကို ထိုးနှက်မှုများ တမင်သက်သက် ပေးနေခြင်းလည်း မဟုတ်ပေ။ လူတို့သည် ၎င်းတို့၏ ရည်ရွယ်ချက်များ မမှန်ကန်သောကြောင့်သာ အပျက်သဘောဆောင်ပြီး အားနည်းကြခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူသားကို အသက်ပေးသော ဘုရားဖြစ်ပြီး သူသည် လူသားကို သေခြင်းသို့ မပို့နိုင်ပေ။ လူတို့၏ အပျက်သဘောဆောင်ခြင်း၊ အားနည်းချက်များနှင့် ပြန်လျောကျသွားခြင်း အားလုံးသည် မိမိတို့ဘာသာ လုပ်ဆောင်ခြင်းကြောင့် ဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်” မှ

အရေးကိစ္စများက ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ယင်းတို့ ဖြစ်လာသည့်အခါ သင်သည် အမြဲ အပျက်သဘောဆောင်ပြီး အားနည်းသည်၊ ပြီးလျှင် သင်သည် မည်သည့်သက်သေကိုမျှ မခံပေ။ လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာ၊ သို့မဟုတ် ပူးပေါင်းဆောင်ရွက်သင့်သည့်အရာကို သင်မလုပ်ဆောင်နိုင်ပေ၊ ယင်းက ဘုရားသခင်ရော သမ္မာတရားပါ သင်၏ စိတ်နှလုံးထဲ၌ မရှိကြောင်းကို သက်သေထူ၏။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် လူတို့အား မည်သို့တို့ထိသည်ကို ငါတို့ ခဏလောက် လျစ်လျူရှုထားကြစို့။ သမ္မာတရားများစွာကို ၎င်းတို့ ကြားထားသဖြင့် ဘုရားသခင်၏အမှုကို ၎င်းတို့ တွေ့ကြုံခံစားထားသည့် နှစ်များ၏ အရာထင်မှုသက်သက်ဖြင့်၊ ထို့ပြင် အသိစိတ် အနည်းငယ်နှင့် ချုပ်တည်းလိုသည့် စိတ်တို့ဖြင့် ၎င်းတို့သည် အနိမ့်ဆုံးစံနှုန်းကို ပြည့်မီနိုင်သင့်ပြီး ယခု ၎င်းတို့ဖြစ်သကဲ့သို့ ခံစားချက်မဲ့ပြီး အားနည်းမနေသင့်ပေ။ ယင်းမှာ မယုံကြည်နိုင်လောက်သော အရာဖြစ်သည်။ သင်တို့သည် ဤပြီးခဲ့သည့်နှစ် အနည်းငယ် တစ်လျှောက်လုံး အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက်သွားခဲ့သည်မှာ သိသာထင်ရှားပေသည်— ထိုသို့မဟုတ်ပါက အဘယ့်ကြောင့် ယခုသကဲ့သို့ ခံစားချက်မဲ့ပြီး နှေးကွေးလေးကန်နေမည်နည်း။ အမှန်မှာ သင်သည် “ငါမကောင်း— ငါသည် အလွန် ဖောက်ပြန်ပျက်စီးနေ၏။ ယင်းမှာ ထိုကဲ့သို့ပင် ဖြစ်ပြီး ငါသည် ယင်းကို ခါးစည်းခံသွားရပေတော့မည်” ဟု တွေးလျက် သင့်ကိုယ်သင် ဘောင်ခတ်ထားခြင်းဖြစ်သည်။ သင်သည် သင်၏လိုက်စားခြင်း၌ ကြိုးပမ်းအားထုတ်မှု မစိုက်ထုတ်ရသေးပေ၊ ပြီးလျှင် သင်က “ယင်းမှာ ကျွန်ုပ်၏ အခက်အခဲဖြစ်သည်။ ကျွန်ုပ်ကို နေအိမ်သို့ စေလွှတ်လိုက်သည်သာ ကောင်းပေလိမ့်မည်” ဟု ပြောသည်။ ယင်းက ပေါက်ကရစကားမဟုတ်လျှင် အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ယင်းက တာဝန်ကို ရှောင်ရှားခြင်းနှင့် အချောင်ခိုခြင်းပင် ဖြစ်တော့သည်။ သင်၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိပါက သင်သည် သင် လုပ်သင့်သည့် အရာနှင့် သင်၏အငန်းအတာတို့ကို သင့်တင့်လျောက်ပတ်စွာ အဆုံးသတ်သင့်သည်။ စွန့်ခွာပြေးသူ တစ်ဦး ဖြစ်ခြင်းသည် ဆိုးရွားသောအရာဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ခြင်း ဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်းသည် ခိုင်မာသော ဆန္ဒတစ်ခု လိုအပ်ပြီး အလွန် အပျက်သဘောဆောင်သည့် လူများ၊ သို့မဟုတ် အားနည်းသော လူများသည် မည်သည့်အရာမျှ ဖြစ်မြောက်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို အဆုံးတိုင် ယုံကြည်နိုင်ခြင်း ရှိမည် မဟုတ်ချေ၊ ထို့ပြင် သမ္မာတရားကို ရရှိဖို့ ၎င်းတို့ဆန္ဒရှိပြီး စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ၎င်းတို့ စွမ်းဆောင်ရရှိလိုပါက ၎င်းတို့၌ မျှော်လင့်ချက် သာ၍ နည်းပေသေးသည်။ သန္နိဋ္ဌာန် ချမှတ်ထားပြီး သမ္မာတရားကို လိုက်စားသည့် သူများသာလျှင် ယင်းကို ရရှိနိုင်ပြီး ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရနိုင်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်ဇဝေဇဝါဖြစ်နေသောလူများကို မကယ်တင်နိုင်ပေ” မှ

လူများသည် အခက်အခဲများကို ကြုံရသည့်အခါ၊ သို့မဟုတ် ၎င်းတို့သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း ခံရသည့်အခါ၊ သို့မဟုတ် ၎င်းတို့ရှုံးနိမ့်ပြီး ကျရှုံးသည့်အခါတွင် အပျက်သဘောဆောင်လာခြင်းမှ ရှောင်ကြဉ်နိုင်ကြသည်။ ဤသည်အတွက် အဓိကအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ကြခြင်းဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်ခြင်း၌ ၎င်းတို့က အပျက်သဘောဆောင်ခြင်း ရပ်တန့်သွားကြသည်။ ၎င်းတို့က သမ္မာတရားကို လက်မခံဘဲ မိမိတို့အတွင်း၌ အခက်အခဲများကို အစဉ် အောင်းထားပြီး အမြဲတစေ ယင်းတို့ကို ဖြေရှင်းနိုင်စွမ်း မရှိပါက ၎င်းတို့သည် အမြဲ အပျက်သဘောဆောင်ကြလိမ့်မည်။ ဤသည်က သမ္မာတရားကို ၎င်းတို့၏ နားလည်သဘောပေါက်ခြင်းနှင့် သက်ဆိုင်သည်။ အပျက်သဘောဆောင်လာပြီးဖြစ်သည့် လူအချို့အတွက် သင်သည် ၎င်းတို့နှင့် မိတ်သဟာယပြုသည့်အခါ ၎င်းတို့က “ကျွန်ုပ်နှင့် မိတ်သဟာယမပြုနှင့်။ အရာအားလုံးကို ကျွန်ုပ်နားလည်သည်” ဟု ပြောကြသည်။ ၎င်းတို့သည် အရာအားလုံးကို အမှန်တကယ် နားလည်သလော။ ၎င်းတို့က အရာအားလုံးကို နားလည်သည်ဆိုလျှင် အပျက်သဘောဆောင်နေဦးမည်လော။ ၎င်းတို့ပြောသည့် ဤနားလည်သဘောပေါက်မှုသည် မည်သည့်အရာကို ညွှန်းဆိုသနည်း။ ၎င်းတို့သည် အယူဝါဒများနှင့် တိုက်ရိုက် အဓိပ္ပာယ်များကို နားလည်ခြင်း ဖြစ်သည်။ တကယ့်အမှန်တရားတွင် ၎င်းတို့က သမ္မာတရားကို နားမလည်ကြပေ။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သော်ငြားလည်း အယူဝါဒများကို မည်သို့ လက်ခံနိုင်သနည်း။ (၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်း မရှိကြပါ။ ၎င်းတို့က ယင်းတို့ကို အာရုံပြုဆင်ခြင်ခြင်း မရှိကြသကဲ့သို့ သမ္မာတရားကို ရှာဖွေခြင်းလည်း မရှိကြပါ။ ၎င်းတို့က မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သမ္မာတရားနှင့် တိုက်ဆိုင်စစ်ဆေးခြင်း မရှိကြပါ။) ယင်းမှာ ဖြစ်ပျက်နေသည့်အရာ အတိအကျ ဖြစ်ပေသည်။ ၎င်းတို့က ၎င်းတို့နားလည်သည့် ဤအယူဝါဒများကို ယူပြီး ယင်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် အသုံးပြုခြင်း မရှိကြပေ။ ၎င်းတို့က အခြားသူများကို ယင်းတို့အကြောင်း ပြောရုံမျှ၊ သို့မဟုတ် ဟောကြားရုံမျှသာ ပြုကြသည်၊ ထို့နောက် ၎င်းတို့က ထိုနေရာတွင် ရပ်ထားကြသည်။ ၎င်းတို့ကိုယ်နှိုက်က သမ္မာတရားကို လက်ခံခြင်း မရှိကြပေ၊ ဤနည်းဖြင့် ၎င်းတို့သည် ၎င်းတို့၏ အပျက်သဘောဆောင်သည့် အခြေအနေများ၊ ၎င်းတို့၏ အားနည်းချက်၊ ၎င်းတို့၏ ပုန်ကန်တတ်ခြင်း၊ ၎င်းတို့၏ နားလည်မှုလွဲခြင်းများနှင့် ၎င်းတို့၏ မကျေနပ်ချက်များကို ဖြေရှင်းနိုင်ခြင်း မရှိကြပေ။ သို့ဆိုလျှင် အပျက်သဘောဆောင်ခြင်းနှင့် မိမိတို့ကိုယ်ကို မျှော်လင့်ချက်ပျက်သုဉ်းခြင်းသို့ ဒုံရင်း ပြန်ရောက်စေပြီး ယင်းတွင် နစ်မြှုပ်နေစေခြင်း ပြဿနာများကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းမှာ အဘယ်နည်း။ (သမ္မာတရားကို လက်ခံခြင်း ဖြစ်ပါသည်။) ယင်းမှာ သမ္မာတရားအပေါ် သင်၏ နားလည်ခြင်းအရ သမ္မာတရားကို လက်ခံခြင်းဖြစ်ပြီး ထို့နောက် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း ဖြစ်သည်။ ဤသည်ကို ပြောရသည်မှာ လွယ်သော်လည်း ယင်းကို ဝင်ရောက်သည့်အခါ အခက်အခဲများ ကြုံတွေ့ရပြီး ဤသည်က ဝင်ရောက်မှုကို ခက်ခဲစေသည်။ ထို့ကြောင့် သင်သည် သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို စစ်မှန်စွာ နားလည်ရမည်။ သင်သည် နားလည်သည်ဟု အမြဲတွေးသော်လည်း သင်၏အခက်အခဲများကို ဖြေရှင်းနိုင်ခြင်း မရှိပါက သင်သည် သမ္မာတရားကို နားမလည်သေးကြောင်း သက်သေပြသည်။ သင်နားလည်သည့် အယူဝါဒများပေါ်တွင် အခြေပြု၍ သင်သည် ယင်းတို့ကို သမ္မာတရားအဖြစ် သဘောထားပြီး သင့်ကိုယ်သင် ယင်းတို့နှင့် နှိုင်းယှဉ်ပြီး အကဲဖြတ်ကာ ယင်းတို့ကို လက်တွေ့လုပ်ဆောင်ပါက သင်၏အခက်အခဲများသည် ပြေလည်လိမ့်မည်။ သင် အပျက်သဘောဆောင်သည့်အခါ၊ သို့မဟုတ် အားနည်းသည့်အခါတွင်ပင် ပြဿနာဖြစ်လိမ့်မည် မဟုတ်ဘဲ သင်သည် မျှော်လင့်ချက် ပျက်သုဉ်းလိမ့်မည် မဟုတ်၊ သို့မဟုတ် လုံးဝဥဿုံရပ်သွားလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အပျက်သဘောဆောင်ခြင်းကို ဖြေရှင်းနည်း အတိအကျပင် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားသောလူတစ်ဦး ဖြစ်ခြင်းအားဖြင့်သာ လူတစ်ဦးသည် အမှန်တကယ် ပျော်ရွှင်နိုင်၏” မှ

အပျက်သဘောဆောင်ခြင်းသည် ရှောင်ကြဉ်ရန် အလွန်ခက်ခဲသောအရာ ဖြစ်သည်။ လူတိုင်းက အပျက်သဘောဆောင်နိုင်သည်။ လူတချို့အတွက် ယင်းက အချိန်အကြာကြီး ရှိနေတတ်ပြီး အခြားလူတို့အတွက်မူ အချိန်ခဏတာ ရှိနေတတ်သည်။ အချို့က သူတို့အဘယ်ကြောင့် အပျက်သဘောဆောင်သည်ကို ပြောနိုင်သော်လည်း အချို့က မပြောနိုင်ဘဲ ရှိ၏၊ အကြောင်းရင်းသည် အလွန်ပင် အသေးအဖွဲဖြစ်ပြီး ဖော်ပြရန်ပင် မထိုက်တန်သော်လည်း သူတို့ကို အပျက်သဘောဆောင်ခြင်းထဲသို့ ကျရောက်စေနိုင်မြဲသာ ဖြစ်သည်။ သေးငယ်ပြီး အရေးမပါသော အရာများက လူတို့ကို အပျက်သဘောဆောင်စေနိုင်ပြီး နှစ်ရက်မျှပင် အစာမစားနိုင်ဖြစ်စေကာ မှိုင်တွေငေးငိုင်စေ၍ ဖျောင်းဖျမှုကလည်း မထိရောက်၊ လိုရင်းပြောရလျှင် မပျော်မရွှင် ဖြစ်စေပြီး သူတို့ကို ဖိစီးနှိပ်စက်နိုင်သည်။ ထိုသို့သောကိစ္စများကို အဘယ်သို့ဖြေရှင်းနိုင်သနည်း။ အကယ်၍ တစ်စုံတစ်ခုက အမှန်တကယ် အသေးအဖွဲဖြစ်ပြီး အရေးမပါသည့်အပြင်၊ ယင်းက သင်ပြောပြလိုသော အကြောင်းအရာလည်း မဟုတ်သကဲ့သို့ အခြားသူများသိလိုသော အကြောင်းအရာလည်း မဟုတ်ပါက သင်သည် ယင်းကို မိမိဘာသာ ပပျောက်စေသင့်ကာ အခြားလူတို့ထံသွား၍ မဖြန့်ဝေသင့်ပေ။ လူတို့သည် တစ်စုံတစ်ခု၏ အကြောင်းရင်းကို မဖော်ထုတ်နိုင်သောအခါ အခြားလူတို့ထံသွား၍ မဖြန့်ဝေမိရန် အနည်းဆုံး သေချာအောင်လုပ်သင့်သည်။ သင်၌ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသည့် နှလုံးသားရှိပြီး သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦးဖြစ်သည်ဟု ဝန်ခံနေသရွေ့ ဖျက်ဆီးတတ်သော၊ သို့မဟုတ် အနှောင့်အယှက် ဖြစ်ပွားစေသော မည်သည့်အရာကိုမျှ တမင်တကာ မလုပ်ရ။ ဤသည်မှာ သင်အာမခံရမည့် အရာတစ်ခုဖြစ်သည်။ အကယ်၍ သင်၌ သာမန် လူ့သဘာဝနှင့် အသိစိတ်ရှိပါက၊ ဆိုလိုသည်မှာ သင်သည် စိတ်ဝေဒနာမခံစားရလျှင်၊ သို့မဟုတ် နတ်ဆိုးဝင်ပူးခံထားရ၍ မိမိကိုယ်ကို မထိန်းချုပ်နိုင်ခြင်း မဟုတ်လျှင် ဤအရာကို မပြုလုပ်ရ။ နတ်ဆိုးက သင့်ကို စကားပြောရန် ညွှန်ကြားလျှင် သင်ပြောရ၏၊ သင်တတ်နိုင်သောအရာ ဘာမျှမရှိ၊ ဤအရာကို ဝိညာဉ်ဆိုးက ပြုလုပ်ခြင်းဖြစ်သည်။ သင်၌ သာမန်လူ့သဘာဝ ရှိနေသရွေ့ သင့်အနေဖြင့် ဤသို့ပြုပါမည်ဟု အာမခံသင့်သည်။ ထို့ပြင် သင်သည် အပျက်သဘောဆောင်လျှင်ပင် အသိတရား အနည်းငယ် ရှိသင့်သေးသည်၊ အကောင်းဆုံး ပြုလုပ်သင့်သည်၊ တတ်နိုင်သမျှ၊ ဆန္ဒရှိသမျှ ပြုလုပ်သင့်သည်။ ထိုသို့သော စိတ်နေစိတ်ထားရှိသည့် လူတို့ကိုသာ အသိတရားရှိသည်ဟု ယူဆနိုင်ကာ သင့်အထဲ၌ အပျက်သဘောဆောင်ခြင်း ရှိလျှင်ပင် ဘုရားသခင်က ရေးကြီးခွင့်ကျယ် လုပ်မည်မဟုတ်၊ သို့မဟုတ် ဆက်လက်အရေးယူမည် မဟုတ်ပေ။ အကယ်၍ သင်သည် အခြားသူများကို စကားပြောလိုစိတ်ရှိပြီး လူတို့က သင့်ကို ကူညီနိုင်ပါက အကောင်းဆုံးဖြစ်သည်။ အကယ်၍ သင်သည် အခြားမည်သူ့ကိုမျှ ပြောပြရန် ဆန္ဒမရှိပါက ယင်းကို မိမိဘာသာ ဖြည်းဖြည်းချင်း ကိုင်တွယ်ဖြေရှင်းလော့။ အဖြေရရန် ဘုရားသခင်နှင့် ဆွေးနွေးရှာဖွေပြီး တဖြည်းဖြည်းပြောင်းလဲလော့။ အကယ်၍ သင့်ကို အပျက်သဘောဆောင်စေသည့် အလွန်စိုးရိမ်ရပြီး ကြီးမားသော အရာများက ပတ်ချာဝိုင်းနေပါက― ဥပမာ၊ အစားထိုးခံရပြီးနောက် သင့်အတွက် မျှော်လင့်ချက်မရှိ၊ သို့မဟုတ် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ပြင်းပြင်းထန်ထန်ခံရပြီး ကျိန်ဆဲခြင်းနှင့် ပြစ်တင်ရှုတ်ချချခြင်း ခံထားရသည်ဟူသော အသိကို ခံစားရပါက၊ သို့တည်းမဟုတ် သင့်မိသားစုထဲ၌ ပြင်းထန်သော ဖြစ်ရပ်တစ်ခု ဖြစ်ပွားပြီး သင့်မိသားစုဝင်များနှင့် ချစ်ရသောသူများ သေဆုံးလျက် ဘုရားသခင်၏ ခေါ်တော်မူခြင်းခံရ၍ ဤအရာများက အပျက်သဘောဆောင်ခြင်းထဲသို့ ထိုးကျစေကာ သင်၌ ဘုရားသခင်နှင့်ပတ်သက်၍ ထိုထိုသော နားလည်မှုလွဲခြင်းနှင့် အပျက်သဘောဆောင်ခြင်းရှိပြီး စိတ်ထိခိုက်နေသည်ဆိုပါက ထိုသို့သော အခြေအနေများထဲတွင် သင်ဘာလုပ်သင့်သနည်း။ ဤအရာကိုလည်း ဖြေရှင်းနိုင်သည်။ ဝိညာဉ်ရင့်ကျက်မှုရှိသော လူအနည်းငယ်ကို ရှာဖွေပြီး သူတို့နှင့် မိတ်သဟာယဖွဲ့ကာ သင့်စိတ်နှလုံးထဲ၌ ရှိသောအရာကို ပြောပြလော့။ ပို၍ပင် အရေးကြီးသည်မှာ ဘုရားသခင်၏ ရှေ့မှောက်သို့လာပြီး ဤသို့ အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်းနှင့် သင်နားမလည်သော၊ ကျော်လွှား၍မရနိုင်သော အရာများအားလုံးအကြောင်းကို သူ့အား အသိပေးရန်ဖြစ်သည်― ယင်းတို့ကို မဖုံးကွယ်နှင့်။ သင့်လည်ချောင်းထဲ၌ တစ်ဆို့နေသော၊ သင့်အတွက် ပြောမပြနိုင်သော အရာတချို့ရှိ၏― ယင်းတို့ကို အခြားသူများအား မပြောနှင့်၊ အခြားသူတို့ကို မနှောင့်ယှက်၊ မထိခိုက်ဘဲ ဘုရားသခင်ကိုပြောရန် သူ၏ရှေ့မှောက်သို့ လာလော့။ အဘယ်ကြောင့် ဘုရားသခင်ကို ပြောသင့်သနည်း။ အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်းနှင့်ဆိုင်သည့် ထိုထိုသောစကားများက လူတို့ကို ချည်နှောင်နိုင်သည်။ သင်သည် ယင်းတို့ကို ဘုရားသခင်အား ပြောရမည်။ လူတချို့က “အကယ်၍ ကျွန်ုပ်သည် ဘုရားသခင်ကိုပြောပြပါက ဘုရားသခင်သည် ကျွန်ုပ်ကို ပြစ်တင်ရှုတ်ချမည်မဟုတ်လော” ဟု ပြောတတ်ကြသည်။ ဘုရားသခင်ကို ခုခံပြီး ဘုရားသခင်၏ ရှုတ်ချခြင်းကို ခံရသည့် အရာမြောက်မြားစွာကို သင်မလုပ်ဖူးသလော။ သူသည် ဤအရာတစ်ခုကိုပင် အရေးစိုက်သလော။ အရေးမစိုက်ချေ။ ထို့ကြောင့် ဘုရားသခင်သည် သင်ပြောပြသည်ဖြစ်စေ၊ မပြောပြသည်ဖြစ်စေ သင်အဘယ်အရာစဉ်းစားနေသည်ကို သိ၏။ အကယ်၍ သင်သည် ယင်းကို ပြောရမည့်နေရာမရှိ၊ သို့မဟုတ် ပြောပြရန်အတွက် ဝိညာဉ်ရင့်ကျက်မှုရှိသည့် သင့်လျော်သောလူကို ရှာမတွေ့နိုင်ပါက ဘုရားသခင်၏ ရှေ့မှောက်သို့လာပြီး သူ့ကို အမှန်အတိုင်းပြောပြလျှင် အကောင်းဆုံးဖြစ်သည်။ သင်သည် ဘုရားသခင်အား သင်၏ အားနည်းချက်များ၊ မနာခံမှုနှင့် သင်၏ မကျေနပ်ချက်များကိုပင် ပြောပြနိုင်သည်။ အကယ်၍ သင်သည် အနည်းငယ် ဆူဆူညံညံ စိတ်လွတ်လက်လွတ် နေလိုက်ချင်လျှင်ပင်လည်း ကိစ္စမရှိချေ― ဤအရာကို ဘုရားသခင်မရှုတ်ချပေ။ ဤအရာကို အဘယ်ကြောင့် ဘုရားသခင်မရှုတ်ချသနည်း။ ဘုရားသခင်က လူတို့၏ ဝိညာဉ်ရင့်ကျက်မှုကို သိသည်။ သူ့ကို သင်မပြောပြလျှင်ပင် ယင်းကို သူသိ၏။ သို့သော်လည်း သင်သည် ဘုရားသခင်ကို ပြောပြသောအခါ တစ်ဖက်တွင် ဤသည်မှာ ဘုရားသခင်ကိုနာခံဖို့ သင့်အတွက် အခွင့်အလမ်းတစ်ခု၊ မိမိကိုယ်ကို ဘုရားသခင်ကို ရင်ဖွင့်ဖို့ သင့်အတွက် အခွင့်အရေးတစ်ခု ဖြစ်လေသည်။ အခြားတစ်ဖက်တွင် ယင်းက ဘုရားသခင့်အပေါ် နာခံခြင်းသဘောထားကိုလည်း အရိပ်အယောင်ပြသည်။ အနည်းဆုံးတွင် သင့်နှလုံးသားက သူ့အတွက် ဖွင့်ထားသည်ကို ဘုရားသခင်အား သင်ပြနေသည်။ သင့်အနေဖြင့် အားနည်းပြီး ဤကိစ္စကိုကျော်လွှားဖို့ ဝိညာဉ်ရင့်ကျက်မှု မလုံလောက်ခြင်းသာ ဖြစ်သည်။ ယင်းမှာ ထိုသို့ပင်ဖြစ်၏။ သင်၌ မနာခံဖို့ ရည်ရွယ်ချက်မရှိ၊ သင့်သဘောထားက နာခံခြင်းရှိသည့် သဘောထားမျိုး ဖြစ်သည်။ သင်၏ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းပြီး ဤကိစ္စသည် သင့်အတွက် ခံနိုင်ရန် များပြားလွန်းခြင်းသာ ဖြစ်သည်။ သင်သည် လုံးလုံးလျားလျား ပွင့်လင်းလာပြီး မိမိကိုယ်ကို ဘုရားသခင်ထံ ဖော်ပြသောအခါ သင်ပြောသောအရာ၌ အားနည်းချက်၊ မကျေနပ်ချက်များနှင့်― အထူးသဖြင့် အပျက်သဘောဆောင်ပြီး အနုတ်လက္ခဏာရှိသော အရာများစွာ ရှိသော်လည်း မှန်ကန်သော အရာတစ်ခု ရှိလေသည်။ ယင်းက မည်သည့်အရာနည်း။ သင်သည် ဖောက်ပြန်ပျက်စီးနေကြောင်း ဝန်ခံသည်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါဖြစ်ကြောင်း အသိအမှတ်ပြုသည်၊ ဘုရားသခင်၏ ဖန်ဆင်းရှင်ဟူသည့် ကိုယ်ပိုင်လက္ခဏာအပြင် သင်နှင့် ဘုရားသခင်ကြားက ဆက်ဆံရေးမှာ ဖန်ဆင်းခံနှင့် ဖန်ဆင်းရှင်ဆက်ဆံရေး ဖြစ်သည်ကို သင်မငြင်းပယ်ချေ။ သင်သည် ကျော်လွှားရန် အခက်ခဲဆုံးသော အရာများ၊ သင့်အား အားနည်းစေနိုင်ဖွယ် အရှိဆုံးသော အရာများကို ဘုရားသခင်အား အပ်နှံပြီး သင့်စိတ်နှလုံးထဲ၌ရှိသော အရာအားလုံးအကြောင်း ဘုရားသခင်ကို ပြောပြသောအခါ ဤအရာက သင်၌ရှိသည့် သဘောထားကို ပြလေသည်။ “ဘုရားသခင်ကို ပြောပြခြင်းက ကျွန်ုပ်၏ အပျက်သဘောဆောင်ခြင်းကို မပြေလည်စေပါ၊ ယင်းကို ကျွန်ုပ်မကျော်လွှားနိုင်သေးပါ” ဟု လူတချို့က ပြောတတ်ကြသည်။ မပူပန်လေနှင့်― အချိန်ကုန်လွန်သည်နှင့်အမျှ ဘုရားသခင်က သင့်ကို တဖြည်းဖြည်း ပို၍သန်မာစေမည်ဖြစ်ပြီး သင်သည် အစကကဲ့သို့ နောက်ထပ်အားနည်းတော့မည် မဟုတ်ချေ။ သင်သည် အဘယ်သို့ အားနည်းပြီး အပျက်သဘောဆောင်သည်ဖြစ်စေ၊ သင်သည် အဘယ်သို့ စိတ်ထိခိုက်ပြီး အနုတ်လက္ခဏာဆောင်သည်ဖြစ်စေ ယင်းကို ဘုရားသခင်ထံ ပြောလော့။ ဘုရားသခင်ကို သူစိမ်းကဲ့သို့ မဆက်ဆံနှင့်။ သင်သည် ယင်းကို လူတိုင်းထံမှ ဖုံးကွယ်ထားနိုင်သော်လည်း ဘုရားသခင်သည် သင်အားထားနိုင်သည့် တစ်ဦးတည်းသောအရှင်၊ သူသည် သင့်ကို ကယ်တင်နိုင်သည့် တစ်ဦးတည်းသောအရှင် ဖြစ်သောကြောင့် ယင်းကို ဘုရားသခင်ထံမှ မဖုံးကွယ်နှင့်။ လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့လာမှသာလျှင် ဤအရာများက ပြေလည်လိမ့်မည်။ အခြားသူတို့အပေါ် အမှီပြုခြင်းက အကြောင်းမထူးပေ။ ထို့ကြောင့် လူတို့သည် ၎င်းတို့ကို အားနည်းစေပြီး အပျက်သဘောဆောင်စေနိုင်ဖွယ် အရှိဆုံးသောအရာကို ကြုံတွေ့ရသောအခါ ဘုရားသခင်ရှေ့မှောက်သို့လာပြီး ဘုရားသခင်ကို အမှီပြုနိုင်သောသူများမှာ အားလုံးအနက် ဉာဏ်ပညာ အရှိဆုံးသောသူများ ဖြစ်ကြသည်။ အဓိကကျသော၊ အရေးပါလှသော အဖြစ်အပျက်များ ပေါ်ပေါက်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအရာများကို တနုံ့နုံ့စဉ်းစားလျက် ဘုရားသခင်ကို စိတ်ချယုံကြည်ဖို့ လိုအပ်ချက်က အကြီးမားဆုံးဖြစ်နေသောအခါ ဘုရားသခင်ထံမှ မိမိကိုယ်ကို အဝေးဆုံးသို့ရှောင်ပြီး အဓိကအားဖြင့် သူ့ထံမှ မိမိကိုယ်ကို ပုန်းကွယ်သောသူများသာလျှင် မိုက်မဲသောသူများ ဖြစ်ကြသည်။ ထို့ပြင် သူတို့က ယင်းတို့အကြောင်းကို ဆက်၍ တနုံ့နုံ့စဉ်းစားသောအခါ ဘာဖြစ်သွားသနည်း။ ဤမကျေနပ်ချက်များက အတိုက်အခံပြုခြင်း ဖြစ်လာပြီး အတိုက်အခံပြုခြင်းက ခုခံမှုနှင့် ဘုရားသခင်ကို ကန့်ကွက်မှု ဖြစ်လာသည်။ ဤလူတို့မှာ ဘုရားသခင်နှင့် သဟဇာတမရှိဘဲ ဖြစ်လာသည့်အပြင် ဘုရားသခင်နှင့် သူတို့၏ ဆက်ဆံရေးမှာ လုံးဝပျက်ပြားသွားသည်။ သို့သော် သင်သည် ထိုသို့သော အားနည်းချက်နှင့် အပျက်သဘောဆောင်ခြင်းကို ကြုံတွေ့သောအခါ သင်သည် ဘုရားသခင်၏ရှေ့မှောက်သို့ လာရောက်မြဲလာရောက်ရန် ရွေးချယ်သည်၊ သင့်အပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို လက်ခံသည်၊ သူ၏စီစဉ်ညွှန်ကြားမှုများနှင့် အစီအမံများကို သင်လက်ခံသည်၊ သင်၏သဘောထားက နာခံမှုရှိသော သဘောထားဖြစ်ပြီး ဘုရားသခင်က သင်၏ရိုးသားမှန်ကန်မှုကို တွေ့လျက် သင့်အားနည်းချက်ကို တွေ့သောအခါ သင့်အား မည်သို့လမ်းညွှန်ရမည်၊ သင့်အား အားနည်းချက်နှင့် အပျက်သဘောဆောင်ခြင်းထဲမှ မည်သို့ခေါ်ဆောင်ရမည်ကို သူသိလေသည်။ ထို့ကြောင့် ဘုရားသခင်၏ လမ်းညွှန်မှုအောက်၌ ဤအရာများက မဖြစ်စလောက် လွယ်ကူသွား၏။ သင်သတိမထားလိုက်ခင်မှာပင် ဘုရားသခင်က သင့်အား ယင်းတို့ကို ပပျောက်စေအောင် ကူညီသည်၊ သင်သည် ထွက်ပေါက်တစ်ခုကို မသိလိုက်ဘဲ ရှာတွေ့ပြီး မသိလိုက်ဘဲ ပိုမိုသန်စွမ်းလာကာ နောက်ထပ်အားမနည်းတော့ပေ။ သင်ပြန်တွေးကြည့်သောအခါ ထိုအချိန်၌ သင်၏အားနည်းချက်က အလွန်ကလေးဆန်ခဲ့နိုင်ပုံကို သင်အံ့အားသင့်သည်။ သို့သော် ယင်းမှာ ကလေးဆန်သောလူတို့ ဖြစ်တတ်ပုံသာလျှင် ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ထောက်မခြင်းမရှိဘဲ ကလေးဆန်ခြင်းနှင့် မိုက်မဲခြင်းမှ ရင့်ကျက်ခြင်းသို့ မည်သည့်အခါမျှ ပြောင်းလဲနိုင်မည် မဟုတ်ချေ။ လူတို့သည် ဤသို့ ကလေးဆန်သော အရာများကို ကြုံတွေ့ရလေ ဘုရားသခင်ထံမှ လမ်းလွဲလေ၊ ဘုရားသခင်ထံမှ ပုန်းရှောင်လေ၊ ဘုရားသခင်ကို ခုခံဆန့်ကျင်လေဖြစ်ပြီး ဘုရားသခင်ကို ဘာမျှလည်းမပြောပြ၊ သူ၏ နှုတ်ကပတ်တော်များကိုလည်း မဖတ်ရှု၊ သူတို့၏ အခြေအနေက ဤအရာမျိုးဖြစ်သည်ထက် သူတို့သည် ထိုသို့သောအရာများကို တွေ့ကြုံရစဉ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တဖြည်းဖြည်းလက်ခံ၍ ကျိုးနွံနာခံပြီး ဤကိစ္စရပ်များကို တက်ကြွစွာ ထိပ်တိုက်ရင်ဆိုင်ကာ အခြေခံသဘောတရားနှင့် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေမှသာ သူတို့သည် သာ၍သာ၍ ရင့်ကျက်လာပြီး ပို၍ပို၍ ကြီးထွားလာမည် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၇)” မှ

လူတို့၌ မကြာခဏရှိတတ်သည့် အခြေအနေတစ်ခုမှာ သူတို့သည် ကောင်းချီးခံစားရပြီး သရဖူရရန်သာ အလိုရှိသည်၊ သို့မဟုတ်ပါက ကျရှုံးမှုဖြစ်ရပ် အနည်းငယ်ကို တွေ့ကြုံထားပြီးနောက်တွင်မူ သူတို့အတွက် အဆုံးသတ်ပြီဖြစ်ကာ ဤအရာကိုလည်း ဘုရားသခင်က ချမှတ်ထားသည်ဟု ထင်မှတ်ကြသည်။ နှစ်ခုစလုံး မှားသည်။ အကယ်၍ သင်သည် အချိန်မီ နောက်ပြန်လှည့်နိုင်ပါက၊ အကယ်၍ သင်သည် သင်၏စိတ်ကို ပြောင်းလဲနိုင်သည်၊ သင့်လက်ဖြင့် ကျူးလွန်ထားသော မကောင်းမှုကို ဘေးဖယ်နိုင်သည်၊ ဘုရားသခင်ရှေ့မှောက်သို့ လှည့်ပြန်နိုင်သည်၊ ဘုရားသခင်ကို ဝန်ချပြီး နောင်တရနိုင်သည်၊ သင့်လုပ်ဆောင်ချက်များနှင့် သင်လျှောက်သော လမ်းကြောင်းက မှားသည်ဟု လက်ခံနိုင်သည်၊ သင်ကိုယ်တိုင်၏ ကျရှုံးမှုများကို ဝန်ခံနိုင်သည်၊ ထို့ပြင် သင်မည်မျှစွန်းထင်းပါစေ အရှုံးမပေးဘဲ သင့်ကို ဘုရားသခင်ညွှန်ပြထားသော လမ်းကြောင်းအတိုင်း လက်တွေ့ကျင့်ကြံနိုင်သည်ဆိုပါက မှန်ကန်သောအရာကို သင်ပြုလုပ်နေခြင်းဖြစ်သည်။ လူတို့သည် သူတို့၏ စိတ်သဘောထား၌ အပြောင်းအလဲများကို တွေ့ကြုံပြီး ကယ်တင်ခံနေရစဉ် များစွာသော အခက်အခဲများကို ကြုံတွေ့မည် ဖြစ်သည်။ ယင်းတို့တွင် ဘုရားသခင်ချမှတ်ထားသော အခြေအနေများကို ကျိုးနွံနာခံနိုင်မှုမရှိခြင်း၊ လူတို့ကိုယ်တိုင်၏ အမျိုးမျိုးသော အတွေးများ၊ ရှုထောင့်များ၊ စိတ်ကူးစိတ်သန်းများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ အသိပညာနှင့် ဆုကျေးဇူးများ၊ သို့တည်းမဟုတ် သူတို့၏ တစ်ကိုယ်ရေပြဿနာများ၊ သို့မဟုတ် အမှားများ ပါဝင်သည်။ သင်သည် အခက်အခဲမျိုးစုံကို ရင်ဆိုင်ရမည်။ ထို့ပြင် သင်သည် မရေမတွက်နိုင်သော ဤအခက်အခဲများနှင့် အခြေအနေများကို အနိုင်ရသည်နှင့်တစ်ပြိုင်နက် သင့်စိတ်နှလုံးထဲကတိုက်ပွဲ အဆုံးသတ်သွားသောအခါ သင်သည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်လိမ့်မည်၊ သင်သည် အနှောင်အဖွဲ့ကင်းမဲ့ပြီး ထိုသို့အားဖြင့် လွတ်မြောက်ပြီးဖြစ်လိမ့်မည်။ ဤဖြစ်စဉ်အတွင်း လူတို့ မကြာခဏ ကြုံတွေ့ရတတ်သော ပြဿနာတစ်ခုမှာ သူတို့သည် မိမိတို့အထဲ၌ ပြဿနာများကို ဖော်ထုတ်ထားခြင်း မရှိမီတွင် အခြားသူတို့ထက် သူတို့ပိုကောင်းသည်၊ မည်သူတစ်ဦးတစ်ယောက်မျှ ကောင်းချီးမခံစားရလျှင်ပင် သူတို့ခံစားရမည်ဟု ပေါလုကဲ့သို့ ထင်မှတ်ကြခြင်း ဖြစ်သည်။ သူတို့သည် ပြဿနာများကို ရှာတွေ့သောအခါ မိမိကိုယ်ကို အလကားဖြစ်သည်၊ သူတို့အတွက် အားလုံးပြီးဆုံးပြီဟု ထင်ကြသည်။ အစွန်းရောက်မှုနှစ်ခု အမြဲတမ်းရှိသည်။ ဤအစွန်းရောက်မှုများကို သင်ကျော်လွှားရမည်— သင်သည် အခက်အခဲတစ်ခုကို ကြုံတွေ့ရသောအခါ ဤပြဿနာမှာ လုံးလုံးလျားလျား ခဲကတ်ပြီး ပြုပြင်ရန် အလွန်အမင်း ခက်ခဲလိမ့်မည်ဟု သဘောပေါက်ထားပြီး ဖြစ်လျှင်ပင် သင်သည် ယင်းကို ကောင်းမွန်စွာရင်ဆိုင်ပြီး ပုရွက်ဆိတ်များက အရိုးကို စားသကဲ့သို့ တစ်စစီ ကိုက်ဖြတ်နိုင်သေးသည်ဖြစ်ကာ ဤအခြေအနေကို နောက်ပြန်လှည့်လျက် ဘုရားသခင်ရှေ့သို့ လာကာ ယင်းကို ဘုရားသခင်ဖြေရှင်းကူရန် တောင်းဆိုသည်။ သင်သည် ဘုရားသခင်ရှေ့တွင် နောင်တရရမည်။ နောင်တရခြင်းဆိုသည်မှာ သင်၌ သမ္မာတရားကိုလက်ခံသော နှလုံးသားနှင့် နာခံတတ်သော သဘောထားရှိကြောင်း သက်သေဖြစ်ပြီး မျှော်လင့်ချက်ရှိကြောင်း ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင် အကယ်၍ ဤအရာထဲတွင် အခက်အခဲတစ်ခုခု ပေါ်လာလျှင် မကြောက်လေနှင့်။ ဘုရားသခင်ရှေ့၌ ဆုတောင်းရန် အလျင်အမြန်ပြုလော့။ ဘုရားသခင်က တိတ်တဆိတ် စောင့်ကြည့်နေပြီး သင့်ကို စောင့်ဆိုင်းနေကာ၊ သင်သည် သူ့စီမံခန့်ခွဲမှုအလုပ်၏ ဝန်းကျင်၊ စီးကြောင်းနှင့် အတိုင်းအတာမှ မသွေဖည်သရွေ့ မျှော်လင့်ချက်ရှိသောကြောင့် သင်အလျှော့မပေးရ။ အကယ်၍ ဤအရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပုံမှန်စီးထွက်လာခြင်း ဖြစ်ပါက သင်သည် သင်၏လိုက်စားမှုကို ထိန်းသိမ်းထားပြီး သင်၌ ဝင်ရောက်မှုပြုလိုစိတ် ရှိနေသရွေ့ ဤပြဿနာများပြေလည်သော နေ့တစ်နေ့ ရောက်လာမည်ဖြစ်သည်။ သင်သည် ဤအရာ၌ ယုံကြည်မှုရှိရမည်။ ဘုရားသခင်သည် သမ္မာတရားဖြစ်၏― သင်၏သေးငယ်သော ဤပြဿနာ မပြေလည်နိုင်မည်ကို သင်စိုးရိမ်ဖို့လိုသလော။ ဤအရာအားလုံးကို ဖြေရှင်းနိုင်၏၊ သို့ဖြစ်၍ အဘယ်ကြောင့် အပျက်သဘောဆောင်မည်နည်း။ ဘုရားသခင်က သင့်ကို စွန့်လွှတ်မထားချေ၊ သို့ဖြစ်၍ အဘယ်ကြောင့် မိမိကိုယ်ကို အရှုံးပေးမည်နည်း။ သင်သည် အရှုံးမပေးသင့်ပေ။ အပျက်သဘော မဆောင်ရန်နှင့် ပြဿနာကို မှန်ကန်သောနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန်အလို့ငှာ လူတို့သည် အသက်ဝင်ရောက်မှုအတွက် အချို့သော ပုံမှန်နိယာမများ၊ အသက်ဝင်ရောက်မှု၏ အချို့သော ပုံမှန်စီးထွက်လာခြင်းများနှင့် သရုပ်သကန်များကို သိရမည်၊ သူတို့၏ အခါအားလျော်စွာ ဖြစ်တတ်သော အပျက်သဘောဆောင်ခြင်း၊ အားနည်းချက်နှင့် စိတ်ရှုပ်ထွေးမှုတို့ကို တကယ့်သာမန်ဟု ရှုမြင်ပြီး ထိုသို့သောအရာများကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သင့်ပေသည်။ တစ်ခါတစ်ရံ ဖောက်ပြန်ပျက်စီးသော သူတို့စိတ်သဘောထား၏ စီးထွက်လာခြင်းက အတော်ပင် ပြင်းထန်ပြီး အတော်ပင် စက်ဆုပ်ဖွယ်ကောင်းသည်။ အထူးသဖြင့် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို သူတို့ခံနေရကြောင်း လူတို့က ရှင်းလင်းစွာသိသော အချိန်များရှိ၏၊ ထိုအခြေအနေ၌ မကြောက်လေနှင့်— ဘုရားသခင်သည် သင့်ကို ဆုံးမပဲ့ပြင်နေသရွေ့၊ သူသည် သင့်ကို ဂရုစိုက်လျက် ကာကွယ်နေဆဲဖြစ်ပြီး သင့်အထဲ၌ အမှုပြုနေသေးကာ သင်နှင့်အတူ အမြဲပါရှိနေသရွေ့ ဤအရာက ဘုရားသခင်သည် သင့်ကို မစွန့်လွှတ်သေးကြောင်း သက်သေပြလေသည်။ ဘုရားသခင်က သင့်ကိုစွန့်ခွာထားပြီဟု သင်ခံစားရသောအချိန်နှင့် အမှောင်ထဲသို့ သင်ထိုးကျသွားသည့် အချိန်များ ရှိသည့်အခါ၌ပင်လျှင် မကြောက်လေနှင့်— သင်သည် အသက်ရှင်နေပြီး ငရဲ၌ ရှိမနေသေးသရွေ့ သင်၌ အခွင့်အရေး ရှိသေးသည်။ သို့သော် သင်သည် မိမိအနေဖြင့် အသက်ရှင်ခြင်းမှာ ခရစ်တော်ဖြစ်သည်ဟု အဆုံးစွန် သက်သေခံခဲ့သော ပေါလုကဲ့သို့ ဖြစ်ပါက သင့်အတွက် အားလုံး အဆုံးသတ်ပြီဖြစ်သည်။ သင်၌ရှိသော အခွင့်အရေးက အဘယ်နည်း။ ယင်းမှာ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ လာနိုင်ကာ ဘုရားသခင်ထံ ဆုတောင်းပြီး “အို၊ ဘုရားသခင်။ ကျေးဇူးပြု၍ ကျွန်ုပ်အား လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း၏ ဤကဏ္ဍနှင့် သမ္မာတရား၏ ဤကဏ္ဍကို နားလည်ခွင့်ပြုပါလော့” ဟုဆိုကာ သူ့ထံမှ အဖြေရှာနိုင်သေးခြင်းပင် ဖြစ်သည်။ သင်သည် ထိုကဲ့သို့ အရည်အချင်းပြည့်မီသရွေ့ သင်၌ ကယ်တင်ခြင်းမျှော်လင့်ချက် ရှိပြီး အဆုံးထိရောက်အောင် သွားမည်ဖြစ်သည်။ ဤစကားများက အတော်အသင့် ရှင်းလင်း၏လော။ သင်သည် အပျက်သဘော ဆောင်တတ်သေးသလော။ လူတို့သည် ဘုရားသခင်၏ အလိုတော်ကို နားလည်သောအခါ သူတို့၏လမ်းကြောင်းမှာ ကျယ်ပြန့်သောလမ်းကြောင်း ဖြစ်သည်။ အကယ်၍ သူ၏အလိုတော်ကို သူတို့နားမလည်သောအခါ ယင်းက ကျဉ်းမြောင်းပြီး သူတို့၏စိတ်နှလုံးထဲ၌ အမှောင်ထုရှိကာ သူတို့၌ နင်းလျှောက်ရန် လမ်းကြောင်းမရှိပေ။ သမ္မာတရားကို နားမလည်သောသူတို့မှာ အောက်ပါအတိုင်းဖြစ်သည်— သူတို့သည် သဘောထား ကျဉ်းမြောင်းသည်၊ အမြဲတမ်း ရေးကြီးခွင့်ကျယ် လုပ်ကြသည်၊ ထို့ပြင် ဘုရားသခင်နှင့်ပတ်သက်၍ အမြဲတမ်း မကျေမနပ်ပြောပြီး နားလည်မှုလွဲကာ ပို၍လမ်းလျှောက်လေ၊ သူတို့၏လမ်းကြောင်းက ပို၍ပျောက်ဆုံးလေဟူသော ရလဒ်ရှိလေသည်။ အမှန်အားဖြင့် လူတို့သည် ဘုရားသခင်ကို နားမလည်ကြပေ။ အကယ်၍ ဘုရားသခင်သည် လူတို့ကို သူတို့၏ စိတ်ကူးစိတ်သန်းထဲ၌ ရှိသည့်အတိုင်း ဆက်ဆံခဲ့ပါက လူသားမျိုးနွယ်အနေဖြင့် အဆုံးသတ်သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပေမည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေါလု၏ သဘောသဘာဝနှင့် အနှစ်သာရကို ထိုးထွင်းသိမြင်နည်း” မှ

ဘုရားသခင် ကယ်တင်သော လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းနည်းလမ်းဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသူများ ဖြစ်သည်၊ သူတို့သည် အပြစ်အနာအဆာ နည်းနည်းမျှမရှိကြသည့် စုံလင်သော လူများ မဟုတ်ကြသလို၊ လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်ရှင်ကြသည့် လူများမဟုတ်ကြပါ။ အချို့အတွက်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်း ဖော်ထုတ်ခံရသည်နှင့်တပြိုင်နက်၊ သူတို့က၊ “ထပ်ပြီး ဘုရားသခင်ကို ငါ ခုခံမိပြန်ပြီ၊ ဘုရားသခင်ကို ငါ နှစ်တွေအများကြီး ယုံကြည်ခဲ့တယ်၊ ဒါပေမဲ့ ငါ မပြောင်းလဲသေးဘူး။ ဘုရားသခင် ငါ့ကို မလိုချင်တော့တာ သေချာပါတယ်” ဟု တွေးကြသည်။ ဤအရာသည် အဘယ်သို့သော သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်အပေါ် လက်လျှော့လိုက်ကြပြီး ဘုရားသခင်က ၎င်းတို့ကို မလိုချင်တော့ဟု တွေးကြသည်။ ဤသည်မှာ ဘုရားသခင်ကို နားလည်မှုလွဲခြင်းကိစ္စတစ်ခု မဟုတ်ပါလော။ သင် အပျက်သဘော အလွန်ဆောင်သည့်အခါ၊ စာတန်အတွက် သင်၏ ချပ်ဝတ်တန်ဆာတွင် အက်ကြောင်းရာများကို ရှာတွေ့ဖို့ အလွယ်ကူဆုံးဖြစ်သည်၊ ယင်းက အောင်မြင်သည်နှင့် တစ်ပြိုင်နက်၊ အကျိုးဆက်များမှာ မတွေးတတ်အောင် ဖြစ်သည်။ ထို့ကြောင့်၊ အခက်အခဲမည်မျှတွင် သင်ရှိနေပါစေ၊ သို့မဟုတ် အပျက်သဘောဆောင်မှုကို မည်မျှ သင်ခံစားရပါစေ၊ သင် မည်သည့်အခါမျှ အရှုံးမပေးရ။ အသက်တာ ကြီးထွားမှုဖြစ်စဉ်နှင့် ကယ်တင်ခံနေရစဉ်တွင်၊ လူတို့သည် မှားသောလမ်းကြောင်းကို တစ်ခါတစ်ရံ ယူကြတတ်ကြသည်၊ သို့မဟုတ် လမ်းလွဲသွားတတ်ကြ၏။ ၎င်းတို့အသက်တာတွင် မရင့်ကျက်မှုအချို့ကို ၎င်းတို့ ခဏတာ ပြသတတ်ကြသည်၊ သို့မဟုတ် တစ်ခါတစ်ရံ အားနည်းလာပြီး အပျက်သဘောဆောင်လာကြကာ၊ မှားယွင်းသော အရာများကို ပြောကြသည်၊ ခြေချော်ပြီး လဲကျသည်၊ သို့မဟုတ် ကျရှုံးမှုကို ခံစားကြရသည်။ ဘုရားသခင်၏ ရှုထောင့်အမြင်အရ၊ ထိုသို့သော အရာများအားလုံးသည် သာမန်ဖြစ်ပြီး ယင်းတို့အပေါ် ကိုယ်တော် အရေးတယူ လုပ်လိမ့်မည်မဟုတ်။ ၎င်းတို့သည် အဘယ်သို့ အကြီးအကျယ် ဖောက်ပြန်ပျက်စီးကြောင်း၊ ဘုရားသခင်ကို မည်သည့်အခါတွင်မျှ စိတ်ကျေနပ်စေနိုင်လိမ့်မည် မဟုတ်ကြောင်းကို မြင်ရသည့်အခါ လူအချို့၏ စိတ်နှလုံးများသည် နာကျင်ခံစားကြရပြီး ထိုသို့သော နောင်တရရှိနိုင်စွမ်းရှိသူတို့သည် မကြာခဏ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံကြရသောသူများ ဖြစ်သည်။ ကယ်တင်ခြင်း လိုအပ်သည်ဟု မခံစားရသူများ၊ မိမိတို့သည် စုံလင်ပြီးသားဖြစ်သည်ဟု တွေးထင်သူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရမည့်သူများ မဟုတ်ပေ။ ငါသည် သင်တို့ကို အဘယ်ကြောင့် ဤအရာ‌ပြောနေသနည်း။ ငါဆိုလိုသည့်အရာမှာ သင်၌ ယုံကြည်ခြင်းရှိရမည်ဟူ၍ဖြစ်၏- “ယခု ကျွန်ုပ်အားနည်းသကဲ့သို့ လဲကျကာ ကျရှုံးထားသည်မှာ မှန်သော်လည်း၊ တစ်နေ့ ကျွန်ုပ်ကြီးထွားလိမ့်မည်၊ တစ်နေ့ ကျွန်ုပ်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရမည်၊ သမ္မာတရားကို နားလည်ရမည်ဖြစ်ပြီး ကယ်တင်ခြင်းခံရလိမ့်မည်။” သင်၌ ဤယုံကြည်ခြင်း ရှိရမည်။ မည်သည့်ဆုတ်ဆိုင်းမှုများ၊ အခက်အခဲများ၊ သို့မဟုတ် ကျရှုံးမှုများနှင့် လဲကျမှုများရှိသည်ဖြစ်စေ၊ သင်သည် အပျက်သဘောမဆောင်ရ။ မည်သည့်လူစားမျိုးသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရနိုင်သည်ကို သင်သိရမည်။ ထို့အပြင်၊ သင့်အနေဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကိုခံရရန် မသင့်တော်ဟု ခံစားရပါက၊ သင်သည် စက်ဆုပ်ဖွယ်ဖြစ်သည်၊ သို့တည်းမဟုတ် ဘုရားသခင်အဖို့ သဘောမကျစရာဖြစ်သည်ဟု သင်ခံစားရသည့် အခြေအနေတစ်ခု ရံဖန်ရံခါ သင်၌ ရှိပါက၊ သို့မဟုတ် အတိတ်ကာလတွင် သင်သည် ဘုရားသခင်၏ လုံးဝ လက်ခံမခံခြင်း၊ သို့တည်းမဟုတ် ငြင်းပယ်ခြင်းကို ခံခဲ့ရသည့် အချိန်ကာလတစ်ခု ရှိခဲ့ပါက၊ မစိုးရိမ်နှင့်။ ယခု ဤအရာကို သင်သိ၏၊ ထို့ကြောင့် နောက်မကျလွန်းပေ။ သင်နောင်တရသရွေ့၊ ဘုရားသခင်သည် သင့်ကို ကယ်တင်ခြင်း အခွင့်အရေး ပေးလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အသက်တာထဲ ဝင်ရောက်ခြင်းက အရေးကြီးဆုံးဖြစ်သည်” မှ

လူတစ်ဦးတစ်ယောက်ချင်းစီ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် လျှောက်လှမ်းရမည့် လမ်းကြောင်းရှိပြီး အယောက်စီတိုင်းကို စုံလင်စေခြင်းခံရခွင့် ပေးသည်။ သင်၌ရှိသည့် အပျက်သဘောထားမှတစ်ဆင့် သင်ကိုယ်တိုင်ပျက်စီးခြင်းကို သင့်ကို သိစေပြီး၊ ထိုအပျက်သဘောထားကို စွန့်လွှတ်လိုက်ခြင်းအားဖြင့် သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို တွေ့မည် ဖြစ်သည်၊ ထိုအရာ အားလုံးတို့သည် သင့်ကို စုံလင်စေသည့် နည်းများပေတည်း။ ထို့အပြင် သင့်အတွင်း၌ရှိသည့် အပြုသဘောဆောင်သော အရာအချို့၏ အဆက်မပြတ် လမ်းပြပို့ဆောင်မှုနှင့် အလင်းပေးခြင်းအားဖြင့် သင်သည် သင်၏ လုပ်ငန်းတာဝန်ကို ကြိုတင်ဖြည့်ဆည်းမည် ဖြစ်ပြီး၊ ထိုးထွင်းသိမြင်မှုကြီးထွားလာပြီး အမြော်အမြင် ရရှိလာမည် ဖြစ်သည်။ သင်သည် အဆင်ပြေနေသည့် အချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရန် အထူးလိုလားပြီး ဆုတောင်းရန် အထူးလိုလားကာ၊ ကြားနာရသည့် ဒေသနာများကို သင်၏အသက်တာနှင့် ဆက်စပ်နိုင်သည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်သည် သင်၏အတွင်း၌ အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေး၍၊ အပြုသဘောဆောင်သည့် လက္ခဏာထဲရှိသော အရာအချို့ကို သင့်အား နားလည်သဘောပေါက်စေသည်။ ဤသည်မှာ အပြုသဘောဆောင်သော လက္ခဏာထဲတွင် သင့်ကို စုံလင်စေပုံ ဖြစ်၏။ အပျက်သဘောဆောင်သော အခြေအနေများတွင် သင်သည် အားနည်းကာ မတုန်မလှုပ် ရှိသည်။ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသကဲ့သို့ ခံစားရ၏၊ သို့သော်လည်း ဘုရားသခင်သည် သင့်ကိုအလင်းပေးကာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတွေ့ရန် ကူညီနေသည်။ ဤအခြေအနေမျိုးမှ ထွက်လာခြင်းသည် အပျက်သဘောလက္ခဏာထဲတွင် စုံလင်စေခြင်းခံရခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူသားကို အပြုသဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း၊ အပျက်သဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း စုံလင်စေနိုင်သည်။ ထိုအချက်မှာ သင့်အနေဖြင့် တွေ့ကြုံခံစားနိုင်ခြင်းရှိမရှိအပေါ် မူတည်ပြီး၊ ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံနေရခြင်းကို သင်လိုက်စားမှု ရှိ၊ မရှိအပေါ် မူတည်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်စေနေခြင်းကို အမှန်တကယ် ရှာဖွေလျှင်၊ အပျက်သဘောသည် သင့်အား ဆုံးရှုံးမှုကို မခံရစေနိုင်ပေ၊ သို့သော် သာ၍စစ်မှန်သောအရာများကို သင့်ထံယူဆောင်လာနိုင်ပြီး သင်၏အထဲတွင် ချို့တဲ့နေသော အရာများကို သာ၍သိရှိစေနိုင်မည် ဖြစ်သည့်အပြင်၊ သင်၏ အခြေအနေအမှန်များကိုလည်း သာ၍ နားလည်စေနိုင်မည်ဖြစ်ပြီး၊ လူသား၌ ဘာမျှမရှိ၊ လူသားသည် ဘာမှမဟုတ်ဟူသည်ကို သိမြင်စေနိုင်သည်၊ အကယ်၍ သင်သည် စမ်းသပ်မှုများကို မကြုံရလျှင်၊ သိရှိမည်မဟုတ်ဘဲ မိမိကိုယ်မိမိ အခြားသူများ၏ အထက်၌ရှိကာ အခြားသူများအားလုံးထက် သာသည်ဟု အမြဲထင်မည် ဖြစ်သည်။ ဤအရာများအားလုံးအားဖြင့် သင်သည် ယခင်ဖြစ်ပွားခဲ့သည့် အရာများအားလုံးသည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများဖြစ်ပြီး ဘုရားသခင် ကာကွယ်စောင့်ရှောက်သည့်အရာများ ဖြစ်သည်ကို သင်သိလာလိမ့်မည် ဖြစ်သည်။ စမ်းသပ်မှုများအတွင်းသို့ ဝင်ရောက်ခြင်းသည် သင့်အား ချစ်ခြင်းနှင့်ယုံကြည်ခြင်း ကင်းမဲ့စေကာ၊ ဆုတောင်းခြင်းလည်း မရှိ၊ ဓမ္မသီချင်းများလည်း သီဆိုနိုင်စွမ်းမရှိ ဖြစ်စေမည်၊ ထို့ပြင် ထိုကဲ့သို့သောအချိန်မျိုးတွင် သင်သည် သတိမထားမိဘဲနှင့် မိမိကိုယ်မိမိ သိကျွမ်းလာမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်” မှ

ဘုရားသခင်၏ မတုန်မလှုပ်သော နောက်လိုက်တစ်ဦး မဖြစ်နှင့်၊ ပြီးလျှင် သင့်ကို စူးစမ်းလိုစိတ် ဖြစ်စေသည့်အရာနောက် မလိုက်နှင့်။ အအေးမဟုတ်၊ အပူမဟုတ် နေခြင်းမှတစ်ဆင့်၊ သင်သည် မိမိကိုယ်ကိုယ် ပျက်စီးစေလိမ့်မည်ဖြစ်ပြီး၊ သင့်အသက်တာကို နှောင့်နှေးစေလိမ့်မည်။ သင်သည် သမ္မာတရားကို ရရှိနိုင်ပြီး သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်ဖို့အလို့ငှာ၊ ထိုသို့သော မတုန်မလှုပ်ဖြစ်ခြင်းနှင့် တက်ကြွမှုမရှိခြင်းတို့မှ မိမိကိုယ်ကိုယ် ဖယ်ရှားရမည်ဖြစ်ပြီး၊ အပြုသဘောဆောင်သော အရာများကို လိုက်စားခြင်းနှင့် သင်၏ ကိုယ်ပိုင်အားနည်းချက်များကို အောင်မြင်ကျော်လွှားရာတွင် ကျွမ်းကျင်လာရမည်ဖြစ်သည်။ သင်၏ အားနည်းချက်များနှင့်ပတ်သက်၍ စိုးရိမ်စရာ မည်သည့်အရာမျှ မရှိသကဲ့သို့၊ သင်၏ အားနည်းချက်များသည် သင်၏ အကြီးမားဆုံးပြဿနာ မဟုတ်ပေ။ သင်၏အကြီးမားဆုံး ပြဿနာနှင့် အကြီးမားဆုံးသော အားနည်းချက်မှာ သင်၏ မပူမအေးဖြစ်နေခြင်းနှင့် သမ္မာတရားကို ရှာဖွေရန် စိတ်ဆန္ဒကင်းမဲ့ခြင်း ဖြစ်သည်။ သင်တို့အားလုံးနှင့်ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ အမှုအရာများကို ဖြစ်သည့်အတိုင်း သင်တို့ ကျေနပ်အားရသည့် သတ္တိကြောင်သော စိတ်နေစိတ်ထားနှင့် မတုန်မလှုပ် စောင့်ဆိုင်းနေခြင်းတို့သာ ဖြစ်သည်။ ဤသည်မှာ သင်တို့၏ သမ္မာတရား လိုက်စားခြင်းအဖို့ သင်တို့၏ အကြီးမားဆုံးသော အဟန့်အတားနှင့် အကြီးမားဆုံး ရန်သူ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ” မှ

ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးသည် အမှန်တကယ် ငြိမ်သက်ခြင်းရှိပါက အပြင်လောကတွင် ဖြစ်နေသည့် မည်သည့်အရာမဆိုက သင့်အား နှောင့်ယှက်နိုင်မည် မဟုတ်၊ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် ဖြစ်ရပ်၊ မည်သည့်အရာကမျှ နေရာယူလိမ့်မည် မဟုတ်ပေ။ သင်သည် ဤအရာထဲသို့ ဝင်ရောက်မှုရှိလျှင်၊ အပျက်သဘောဆောင်သော အခြေအနေများနှင့်၊ အပျက်သဘောဆောင်သော အရာများ အားလုံးဖြစ်သည့် လူသား၏ အယူအဆများ၊ ရှင်သန်ခြင်းအတွက် ဒဿနများ၊ လူတို့ကြားက ပုံမှန်မဟုတ်သော ဆက်ဆံရေးများနှင့် စိတ်ကူးများနှင့် အတွေးများ စသည်တို့သည် အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အစဉ်အမြဲ တွေးဆနေပြီး၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံ အစဉ်တိုးဝင်ချဉ်းကပ်လျက်ရှိကာ ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များ၏ နေရာယူခြင်း ခံရသောကြောင့် သင် သတိမမူမိလိုက်ဘဲနှင့် ထိုအပျက်သဘောဆောင်သည့် အရာများသည် သင့်ထံမှ ပျောက်ကွယ် သွားလိမ့်မည်။ သစ်လွင်ပြီး အပြုသဘောဆောင်သည့် အရာများက သင်၌ နေရာယူသည့်အခါ၊ အပျက်သဘောဆောင်သော အိုဟောင်းသည့် အရာများအတွက် နေရာရှိလိမ့်မည်မဟုတ်၊ ထို့ကြောင့် ထိုအပျက်သဘောဆောင်သော အရာများကို အာရုံမစိုက်လေနှင့်။ ယင်းတို့ကို ထိန်းချုပ်ရန် သင့်အနေဖြင့် ကြိုးစားအားထုတ်ရန် မလိုပေ။ ဘုရားသခင် ရှေ့မှောက်၌ ငြိမ်သက်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သင် တတ်နိုင်သမျှ စားသောက်ခြင်းနှင့် မွေ့လျော်ခြင်း၊ သင် တတ်နိုင်သမျှ ဘုရားသခင်အား ချီးမွမ်းသော ဓမ္မတေးများကို သီဆိုခြင်းတို့အပေါ် သင် အာရုံပြုသင့်ပြီး ယခုအချိန်တွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကိုယ်တိုင်ကိုယ်ကျ စုံလင်စေရန် ဆန္ဒရှိပြီး သင်၏ စိတ်နှလုံးကို သိမ်းပိုက်လိုသောကြောင့် သင့်အပေါ် အမှုပြုဖို့ရန် ဘုရားသခင်အား အခွင့်ပေးလော့။ သူ၏ ဝိညာဉ်တော်သည် သင့်စိတ်နှလုံးကို တို့ထိပြီး၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုနောက် လိုက်လျှောက်ရင်း ဘုရားသခင်၏ မျက်မှောက်တွင် အသက်ရှင် လာပါက၊ သင်သည် ဘုရားသခင်အား ကျေနပ်စေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးအား ငြိမ်သက်စေခြင်းနှင့် ပတ်သက်၍” မှ

ယခုတွင် သင်သည် အပျက်သဘောဆောင်သော အရာများကို အာရုံမစိုက်ရပေ။ ပထမဦးစွာ သင့်ကို အပျက်သဘော ခံစားစေသည့်အရာ မည်သည့်အရာမဆို ဘေးဖယ်ထားပြီး လျစ်လျူရှုထားလော့။ သင်သည် အရေးကိစ္စများကို ကိုင်တွယ်သည့်အခါ၊ ရှာဖွေသည့်စိတ်နှလုံးနှင့် သတိဖြင့် ရှေ့သို့ဆက်သည့် စိတ်နှလုံး၊ ဘုရားသခင်အား နာခံသော စိတ်နှလုံးဖြင့် ပြုလုပ်လော့။ သင်တို့သည် သင်တို့အတွင်းထဲမှ အားနည်းချက်ကို ရှာဖွေတွေ့ရှိသော်လည်း ယင်းကို သင့်အား ချုပ်ကိုင်ခွင့်မပြုတိုင်း၊ ပြီးလျှင် ၎င်းအားနည်းချက် ရှိသော်လည်း သင်တို့ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်သွားချိန်တိုင်း၊ သင်တို့သည် ရှေ့သို့ အပြုသဘောဆောင်သည့် အဆင့်တစ်ဆင့် တက်လှမ်းပြီဖြစ်သည်။ ဥပမာ သာ၍အသက်အရွယ်ကြီးရင့်သော ညီအစ်ကို မောင်နှမများတွင် ဘာသာရေးဆိုင်ရာ အယူအဆများ ရှိကြသည်၊ သို့သော် သင်သည် ဆုတောင်းနိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံနိုင် စားသောက်နိုင်ပြီး၊ ဓမ္မတေးသီချင်းများကို သီဆိုနိုင်သည်။...ဆိုလိုသည်မှာ၊ သင်တို့ ပြုနိုင်သမျှ မည်သည့်အရာကိုမဆို၊ သင်တို့ ထမ်းဆောင်နိုင်သမျှ မည်သည့်လုပ်ငန်းကိုမဆို သင်တို့၏အစွမ်းအားလုံးကို စုစည်းပြီး ဆက်ကပ်သင့်သည်။ မလှုပ်မယှက်ဖြင့် စောင့်မနေလေနှင့်။ သင့်တာဝန်ကို သင်ထမ်းရွက်ရာတွင် ဘုရားသခင်ကို ကျေနပ်စေနိုင်ခြင်းသည် ပထမခြေလှမ်းပင် ဖြစ်သည်။ ထို့နောက် သင်သည် သမ္မာတရားကို နားလည်လာနိုင်ပြီး ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှု ရရှိသည့်အချိန်တွင်၊ သင်သည် ကိုယ်တော်၏ စုံလင်စေခြင်းကို ခံရပြီးဖြစ်လိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိတို့၏ အလုပ်တာဝန်ကို ထမ်းဆောင်ကြသော အယောက်တိုင်းနှင့်ပတ်သက်၍” မှ

လူအချို့သည် အပျက်သဘောဆောင်ခြင်းအလယ်တွင် ရှိသော်ငြားလည်း ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသည့်အခါ “အဆုံးသတ်က မည်သို့ဖြစ်ပါစေ အဆုံးထိအောင် သစ္စာရှိခြင်း” သဘောထားကို ထိန်းသိမ်းနိုင်ဆဲ ရှိကြသည်။ ဤသည်မှာ ပြောင်းလဲမှုဖြစ်သည်ဟု ငါပြောသော်လည်း သင်တို့ကိုယ်တိုင်ကမူ သတိပြုမိနိုင်စွမ်း မရှိကြချေ။ ပြောင်းလဲမှုကို ကျွန်ုပ် မြင်သည်၊ သေသေချာချာ သင် ကြည့်ပါက၊ သင်၏ ဖောက်ပြန်ပျက်စီးခြင်း တစ်စိတ်တစ်ပိုင်း ပြောင်းလဲပြီးဖြစ်သည်ကို သင် မြင်မည်။ သို့သော် သင်၏ ကြီးထွားမှုကို တိုင်းတာဖို့ အမြင့်မားဆုံးသော စံနှုန်းများ သင် သုံးသည့်အခါ၊ ထိုအမြင့်များကို သင် မလှမ်းနိုင်သည်သာမက၊ သင် ပြုပြီးသည့် ပြောင်းလဲမှုများကိုလည်း ငြင်းပယ်ပေသည်- ယင်းမှာ လူသား၏ အမှားဖြစ်ပေ။ ပြောင်းလဲမှုကို ကျွန်ုပ် မြင်သည်၊ သေသေချာချာ သင် ကြည့်ပါက၊ သင်၏ ဖောက်ပြန်ပျက်စီးခြင်း တစ်စိတ်တစ်ပိုင်း ပြောင်းလဲပြီးဖြစ်သည်ကို သင် မြင်မည်။ သို့သော် သင်၏ ကြီးထွားမှုကို တိုင်းတာဖို့ အမြင့်မားဆုံးသော စံနှုန်းများ သင် သုံးသည့်အခါ၊ ထိုအမြင့်များကို သင် မလှမ်းနိုင်သည်သာမက၊ သင် ပြုပြီးသည့် ပြောင်းလဲမှုများကိုလည်း ငြင်းပယ်ပေသည်- ယင်းမှာ လူသား၏ အမှားဖြစ်ပေ။ အမှားမှ အမှန်ကို သင် အမှန်တကယ် ခွဲခြားနိုင်လျှင်၊ သင့်အတွင်းရှိ ပြောင်းလဲမှုများကို ဆန်းစစ်လေ သင်၏ ကိုယ်ပိုင် ပြောင်းလဲမှုများကို တွေ့ရမည်သာမက၊ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကိုလည်း သင် တွေ့ရပေမည်။ သင် အလုပ်ကြိုးစားသရွေ့၊ နောက်ဆုံးတွင် ကယ်တင်ခံရမည့် မျှော်လင့်ချက်ရှိသည်ကို သင် တွေ့ရလိမ့်မည်။ ယခုတွင်၊ သင့်ကို ငါ ပြော၏- မိမိတို့၏ ပြဿနာများကို မှန်မှန်ကန်ကန် ဆက်ဆံသောသူတို့တွင် မျှော်လင့်ချက်ရှိကာ၊ ၎င်းတို့၏ အပျက်သဘောဆောင်သော အခြေအနေမှ ၎င်းတို့ ထွက်လာနိုင်လိမ့်မည်။

သင့်ကိုယ်သင် ကယ်တင်၍မရတော့ဟု တွေးသောကြောင့် သမ္မာတရားကို သင်စွန့်ပစ်ခြင်းဖြစ်သည်၊ ထို့ကြောင့် သင်သည် အဆုံး၌ အခြေခံအကျဆုံးသော သမ္မာတရားကိုပင် စွန့်ပယ်၏။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခြင်း ဖြစ်ချင်မှ ဖြစ်မည်၊ သို့ရာတွင် သင်သည် ထိုသို့လုပ်ဆောင်ရန် အခွင့်အလမ်းများကို စွန့်ပစ်ပြီးဖြစ်သည်။ သင်သည် သမ္မာတရားကို စွန့်ပစ်ပါက ပြောင်းလဲနိုင်သေးသလော။ သင်သည် သမ္မာတရားကို စွန့်ပစ်ပါက ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း၌ အဓိပ္ပာယ်မှာ အဘယ်မှာနည်း။ “မည်သည့်အချိန်တွင် လုပ်သည်ဖြစ်စေ စိတ်သဘောထား ပြောင်းလဲဖို့ ကြိုးစားခြင်းသည် မည်သည့်အခါမျှ မမှားယွင်းပေ” ဟု ပြောထားသကဲ့သို့ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို သင်မေ့လျော့လေပြီလော။ မည်သို့ပင်ဖြစ်စေကာမူ သင်သည် မျှော်လင့်ချက်ကင်းမဲ့သည်ဟု သင်ခံစားရသည်။ သင်သည် သင်၏ အပြုသဘောဆောင်သည့် လိုက်စားခြင်းကို ဆုံးရှုံးခဲ့ပါက အပျက်သဘောဆောင်သည့် အရာများ ပေါ်ထွက်လာမည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် အပျက်သဘောဆောင်ခြင်းမှ မည်သို့ ရှောင်ကြဉ်နိုင်မည်နည်း။ ထို့ကြောင့် သင့်ကို ငါ ထပ်ပြော၏- မိမိကိုယ်ကိုယ် မှန်ကန်စွာ ကြည့်ပါ၊ သမ္မာတရားကို လက်မလျှော့လိုက်နဲ့လေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင့်ကိုယ်သင် မှန်ကန်စွာ ရှုမြင်လော့၊ သမ္မာတရားကို မစွန့်ပစ်နှင့်” မှ

အရှေ့သို့- ၅၃) မာထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့ကို ပြုပြင်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၅၅) ကြောင်းကျိုးမဆီလျော်မှုများကို ကာကွယ်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၄၆၉ နှုတ်ကပတ်တော်၏ အရေးပါမှု

၁ဘုရားကိုယုံရင် အနည်းဆုံးတော့ လိမ္မာရမယ်နှုတ်ကပတ်တော်ကို ရဖို့ အဓိကပါဘာပဲဖြစ်ဖြစ် နှုတ်ကပတ်တော်ကို လျစ်လျူမရှုနဲ့နှုတ်ကပတ်တော်မှ ဘုရားကို...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်