၂၄) သမ္မာတရားကို ရှာဖွေခြင်းနှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အခက်အခဲများ ကြုံရသည့်အခါ၊ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်သည်။ ထို့အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ မကြာခဏ ချင့်ချိန်စဉ်းစားရမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များတွင် အဖြေတစ်ခု ရှာဖွေခြင်းအပေါ် အာရုံစိုက်ရမည်။

(၂) လူတစ်ဦးတစ်လေ၏ စကားများကို ကျိုးကြောင်းမမြင်ဘဲ လက်မခံရ၊ သို့သော် ထိုအစား ယင်းတို့ကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ယှဉ်ကြည့်ခြင်းအားဖြင့် ချင့်ချိန်နိုင်စွမ်းကို ကျင့်သုံးရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေခံအကြောင်းရင်းရှိသည့်အရာသည်သာ သမ္မာတရားနှင့် ကိုက်ညီပေသည်။

(၃) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအပြင်၊ ဘုရားအိမ်တော်၏ တရားဒေသနာများနှင့် မိတ်သဟာယတို့ကို နားထောင်ခြင်းအပေါ် အာရုံစိုက်လော့။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့မှ လာသည့် အရာသည်သာ သမ္မာတရားနှင့် ကိုက်ညီပေသည်။

(၄) အယူဝါဒကို နားလည်ခြင်းမှာ သမ္မာတရားကို နားလည်ခြင်း မဟုတ်ပေ။ သမ္မာတရားသည် အသက်ဖြစ်၏။ ယင်းသည် လက်တွေ့အရှိတရားဖြစ်ပြီး ထို့ထက်ပို၍၊ ယင်းသည် အခြေခံသဘောတရား ဖြစ်သည်။ အတွေ့အကြုံအားဖြင့် အတည်ပြုထားသည့်အရာသည်သာ သမ္မာတရားနှင့် ကိုက်ညီပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

အသက်တာတွင် သင် ကြီးထွားလိုလျှင်၊ အရာအားလုံးတွင် သမ္မာတရား ရှာဖွေရမည်။ မည်သည့်အရာ သင် လုပ်ဆောင်နေသည်ဖြစ်စေ၊ သမ္မာတရားနှင့် ကိုက်ညီဖို့ မည်သို့ ပြုမူရမည်ကို သင် အဖြေရှာသင့်ပြီး၊ သင့်အတွင်းတွင် ထိုသမ္မာတရားကို ချိုးဖောက်သည့် မည်သည့် အစွန်းအထင်းများတည်ရှိသည်ကို သင် ရှာဖွေရမည်။ သင်သည် ဤအရာများနှင့် သက်ဆိုင်၍ ရှင်းလင်းသည့် သိနားလည်မှုတစ်ခု ရှိရမည်။ သင် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ၊ ယင်းက တန်ဖိုးရှိသည် မရှိသည်ကို သင် စဉ်းစားဆင်ခြင်သင့်ပေသည်။ အဓိပ္ပာယ်ရှိသည့် အရာများကို သင် လုပ်ဆောင်နိုင်သော်လည်း၊ အဓိပ္ပာယ်မရှိသည့်အရာများကို သင် မလုပ်ဆောင်ရ။ သင် လုပ်လျှင်လည်းရ၊ မလုပ်လျှင်လည်းရသည့်အရာ အရာများနှင့် စပ်လျဉ်း၍၊ ၎င်းတို့ကို လက်လွှတ်နိုင်လျှင်၊ လက်လွှတ်သင့်ပေသည်။ သို့မဟုတ်ပါက၊ အချိန်အတန်ကြာ ဤအရာများကို သင်လုပ်ဆောင်ပြီးနောက်ပိုင်းတွင် ၎င်းတို့ကို လက်လွှတ်သင့်သည်ကို သင် တွေ့ရလျှင်၊ မြန်ဆန်သည့် ဆုံးဖြတ်ချက်ကိုချကာ ၎င်းတို့ကို အလျင်အမြန် လက်လွှတ်လော့။ ဤသည်မှာ သင် လုပ်ဆောင်သည့် အရာတိုင်းတွင် လိုက်လျှောက်သင့်သည့် အခြေခံသဘောတရား ဖြစ်သည်။ လူအချို့က ဤမေးခွန်းကို ထုတ်ကြသည်- ရေစီးကြောင်းကို ဆန့်ကျင်၍ လှေတစ်စင်းကို သင် လှော်ခတ်နေရသည့်အလား၊ ရှေ့သို့ လှော်ခတ်ခြင်းရပ်လျှင် သင် နောက်ပြန်လွင့်ပါသွားမည့်အလား၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အဘယ်ကြောင့် အလွန်ခက်ခဲရပါသနည်း။ အဘယ်ကြောင့် မကောင်းမှု သို့မဟုတ် အဓိပ္ပာယ်မဲ့သော အရာများကို လုပ်ဆောင်ဖို့သည် လှေတစ်စင်းအား ရေစုန်တွင် စီးသွားခြင်းလောက် အမှန်တကယ်တွင် များစွာသာ၍ လွယ်ကူရပါသနည်း။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ သဘာဝက ဘုရားသခင်ကို သစ္စာဖောက်ရန် ဖြစ်သောကြောင့် ဖြစ်သည်။ စာတန်၏ သဘာဝက လူသားများအတွင်း၌ အဓိကအခန်းကဏ္ဍကို ယူထားပြီးဖြစ်ကာ ဤသည်မှာ ဖောက်ပြန်ရေးဝါဒီ အင်အားစုဖြစ်သည်။ မှန်ပေ၏၊ ဘုရားသခင်ကို သစ္စာဖောက်သည့် သဘာဝတစ်ခုနှင့် လူသားများသည် ဘုရားသခင်ကို သစ္စာဖောက်သည့် အရာများကို လုပ်ဆောင်ဖို့ အလွန်ဖြစ်ဖွယ်ရှိပြီး၊ အပြုသဘောဆောင်သော လုပ်ဆောင်ချက်များသည် သူတို့အတွက် ဆောင်ရွက်ရန် ပင်ကိုအားဖြင့် ခက်ခဲလေသည်။ ဤအရာကို လူသားမျိုးနွယ်၏ သဘာဝအနှစ်သာရအားဖြင့် လုံးဝ ဆုံးဖြတ်ခြင်းဖြစ်သည်။ သမ္မာတရားကို သင် အမှန်တကယ် နားလည်ပြီး သင်ကိုယ်တိုင်၏ စိတ်တွင်းမှ ထိုသမ္မာတရားကို စတင် ချစ်မြတ်နိုးသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သမ္မာတရားနှင့် ကိုက်ညီသည့် အရာများကို လုပ်ဆောင်ဖို့ ခွန်အားရှိလိမ့်မည် ဖြစ်သည်။ ထို့နောက် ဤအရာသည် ပုံမှန်ဖြစ်လာပြီး၊ သက်သောင့်သက်သာနှင့် နှစ်လိုဖွယ်ပင် ဖြစ်လာကာ အပျက်သဘောဆောင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းက ကြီးမားသည့် အားထုတ်မှုပမာဏ လိုအပ်သည်ဟု သင်ခံစားရလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားက သင်၏ စိတ်နှလုံးထဲတွင် အဓိကအခန်းကဏ္ဍကို ယူထားပြီးဖြစ်သောကြောင့် ဖြစ်သည်။ လူသားအသက်တာအကြောင်းနှင့် မည်သည့် လူစားမျိုးသင်ဖြစ်ရမည်- ပွင့်လင်းသူ၊ ဖြောင့်မတ်သောလူ၊ ရိုးသားသော လူတစ်ဦး မည်သို့ဖြစ်ရမည်နှင့် ဘုရားသခင်အတွက် သက်သေခံပြီး သူ့ကို အစေခံသော သူတစ်ဦး မည်သို့ဖြစ်ရမည်- ဆိုသည်တို့နှင့် ပတ်သက်သော သမ္မာတရားကို သင် အမှန်တကယ် နားလည်ပါက၊ ဘုရားသခင်ကို အာခံသည့် ဆိုးယုတ်သော လုပ်ရပ်များကို သင် နောက်တစ်ဖန် ဘယ်သောအခါမျှ ကျူးလွန်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ခေါင်းဆောင်အတုအယောင်၊ အမှုတော်ဆောင်အတုအယောင် သို့မဟုတ် အန္တိခရစ်၏ အခန်းကဏ္ဍကို သင် တစ်ကြိမ်တစ်ခါမျှ ပါဝင်ဆောင်ရွက်လိမ့်မည်မဟုတ်ပေ။ စာတန်က သင့်ကို လှည့်ဖြားလျှင်ပင်၊ သို့မဟုတ် ဆိုးယုတ်သော သူတစ်ဦးက သင့်ကို သွေးထိုးလျှင်ပင်၊ သင် လုပ်ဆောင်လိမ့်မည် မဟုတ်။ သင့်ကို မည်သူက အကျပ်ကိုင်ဖို့ ကြိုးစားသည်ဖြစ်စေ၊ သင်သည် ထိုသို့ လုပ်ဆောင်လိမ့်ဦးမည် မဟုတ်ပေ။ လူတို့သည် သမ္မာတရားကို ရရှိပြီး၊ သမ္မာတရားက ၎င်းတို့၏ အသက်ဖြစ်လာပါက၊ မကောင်းမှုကို ၎င်းတို့ စက်ဆုပ်လာနိုင်ကြပြီး အပျက်သဘောဆောင်သော အရာများအတွက် အတွင်းပိုင်း စက်ဆုပ်မှုကို ခံစားလာနိုင်ကြလေသည်။ ၎င်းတို့၏ အသက်တာ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်ပြီး ဘုရားသခင်အားဖြင့် ၎င်းတို့ စုံလင်ခံရပြီးဖြစ်သောကြောင့် မကောင်းမှုကို ကျူးလွန်ဖို့ ၎င်းတို့အတွက် ခက်ခဲပေလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” မှ

ယခုအခါတွင် ဘုရားသခင်သည် နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ပြီး နှုတ်ကပတ်တော် များစွာကို ဖော်ပြပြီးဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းပေါ်တွင်၊ ငါတို့သည် သမ္မာတရားနှင့် ဆက်နွှယ်သည့်အရာများစွာကို ကြုံတွေ့ပြီးဖြစ်သည်။ ငါတို့သည် သမ္မာတရားကို မရှာဖွေပါက၊ မည်သည့်လမ်းကြောင်းမျှ မရှိသောကြောင့်၊ ငါတို့သည် သမ္မာတရားနှင့်သက်ဆိုင်သည့် အသိပညာ ရှိရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါတို့ ဖတ်ရှုသည့်အခါ၊ ငါတို့သည် ယင်းတို့ကို စစ်မှန်မှုထဲသို့ ပေါင်းစည်းရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်ပြီး၊ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားရမည်။ လူများမွေးဖွားလာပြီး ၎င်းတို့ အရွယ်ရောက်ကာ၊ အလုပ်စလုပ်သည်၊ မိသားစု စတင်ထူထောင်ပြီး အသက်မွေးဝမ်းကျောင်း တစ်ခု အခြေကျသည့်အချိန်အထိ၊ ၎င်းတို့၏အသက်တာများ တစ်ခုလုံး တစ်လျှောက်- ၎င်းတို့ကြုံတွေ့သည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများနှင့် ၎င်းတို့ကို ဖြစ်ပျက်သည့် အခြားအရာအားလုံး အပါအဝင်- သမ္မာတရားကို ထည့်သွင်းဆွေးနွေးသည့် အရာ တစ်စုံတစ်ခုမျှ မရှိဘဲ၊ သမ္မာတရားမှတစ်ဆင့် ၎င်းတို့ သိမြင်သိမှတ်သည့်အရာ တစ်စုံတစ်ခုမျှ သာ၍ပင် မရှိပေ။ ထိုသို့ဖြင့် လူတစ်ဦး တစ်ယောက်ချင်းစီသည် သမ္မာတရားနှင့် ကျင့်သားမရကြပေ။ ပြီးလျှင် ယင်းမှာ ငါတို့သည် သမ္မာတရား ချို့တဲ့လှသောကြောင့် အတိအကျ ဖြစ်သည်၊ ယနေ့မှစ၍ ငါတို့ သမ္မာတရားကို လိုက်စားရမည်။ ဤသည်မှာ အလွန် အရေးကြီးသောအရာဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အခါ၊ သမ္မာတရားကို လိုက်စားရမည် ဖြစ်ကြောင်းနှင့်၊ သမ္မာတရားသာ သင့်ကို ပြောင်းလဲနိုင်ကြောင်း၊ စုံလင်စေနိုင်ကြောင်း၊ ကယ်တင်နိုင်ကြောင်းနှင့် သင့်ကို ဘုရားသခင် ရှေ့မှောက်သို့ အမှန်တကယ် ဆောင်ကြဉ်း ပေးနိုင်ကြောင်းတို့ကို ယခုတိုင် နားမလည်သေးပါက၊ သမ္မာတရားသည် သင့်အတွက် စိတ်ဝင်စားစရာ မဖြစ်နိုင်ဘဲ၊ ထို့ကြောင့် သင်သည် ယင်းကို လိုက်စားနိုင်စွမ်း မရှိပေ။ လူအချို့က “ဘုရားသခင်၌ ကျွန်ုပ်၏ယုံကြည်မှုတွင် ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့၊ အသင်းတော် အသက်တာကို ဦးဆောင်ဖို့၊ ကျွန်ုပ်၏တာဝန်ကို ဖြည့်ဆည်းဖိုနှင့် ဧဝံဂေလိတရားကို ဟောကြားဖို့ တုံ့ဆိုင်းခြင်း မရှိသည်မှာ လုံလောက်ပေသည်- ထို့ကြောင့် ကျွန်ုပ်သည် သမ္မာတရားကိုလည်း လိုက်စားဖို့ အဘယ့်ကြောင့် လိုအပ်သေးသနည်း။ ကျွန်ုပ်သည် ပုံမှန်အားဖြင့် မည်သည့်အခါမျှ အပြစ်ကျူးလွန်ခြင်း မရှိသကဲ့သို့၊ မည်သည့်အခါမျှ ဘုရားသခင်ကို ခုခံခြင်းမရှိပေ သို့မဟုတ် ကျွန်ုပ်သည် အန္တိခရစ်တစ်ဦးမဟုတ်ပေ။ ကျွန်ုပ်သည် ညစ်ညမ်းမှုကို ရှောင်ကြဉ်သည်။ ကျွန်ုပ်ကို လမ်းညွှန်ဖို့နှင့် ကူညီဖို့ ရိုးရှင်းသည့် စည်းကမ်း အနည်းငယ်သာ ကျွန်ုပ်လိုအပ်သည်၊ ထိုမျှသာ ဖြစ်သည်။ ကျွန်ုပ်သည် မည်သည့် နက်နဲသော သမ္မာတရားကိုမျှ လိုက်စားဖို့ မလိုအပ်ပေ။” ဟု ပြောကြသည်။ ဤသည်မှာ အမှုအရာများကို ကြည့်ရှုသည့် မှန်ကန်သောနည်းလမ်း ဖြစ်သလော။ (မဟုတ်ပါ။) အဘယ့်ကြောင့် မဟုတ်ရသနည်း။ (အကြောင်းမှာ လူများသည် သမ္မာတရားကို ရရှိပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ကို ဘုရားသခင်သာ ကယ်တင်နိုင်သောကြောင့် ဖြစ်သည်။) ယခုအခါတွင် သမ္မာတရားသည် ၎င်းတို့၏ ကယ်တင်ခြင်းအတွက် မည်မျှအရေးပါသည်ကို ရေးရေးမျှနားလည်သည့်လူအချို့ ရှိပေသည်၊ ပြီးလျှင် ယင်းမှာ ကောင်းသည့်အရာဖြစ်သည်။ သို့သော် ဤနားလည်သဘောပေါက်ခြင်းက သင်သည် သမ္မာတရားကို နောက်ပိုင်းတွင် မည်သို့လိုက်စားခြင်း ရှိမရှိ ပေါ်တွင် အခြေကျပေသည်။ သမ္မာတရားကို လိုက်စားခြင်းသည် အလွန် အရေးကြီးသည်။ ဥပမာအားဖြင့် သင်သည် အပျက်သဘောဆောင်ပြီး အားနည်းသည့်အခါ၊ သင်သည် သမ္မာတရား၏ ပံ့ပိုးခြင်းနှင့် ထောက်ပံ့ခြင်း မရှိဘဲ အားကောင်းနိုင်သလော။ သင်သည် သင်၏အားနည်းချက်ကို အောင်မြင်ကျော်လွှား နိုင်သလော။ သင်သည် အဘယ့်ကြောင့် အပျက်သဘောဆောင်ပြီး အားနည်းခဲ့ရသည်ကို သင် နားလည်နိုင်သလော။ လုံးဝ နားမလည်နိုင်ပေ။ သင်သည် သင်၏ တာဝန်ထမ်းဆောင်စဉ်တွင်၊ ပေါ့ပေါ့ဆဆနှင့် ဝတ်ကျေတမ်းကျေ ဖြစ်သည့်အခါ၊ သမ္မာတရားကို မရှာဖွေဘဲ သင်၏ ဖောက်ပြန်ပျက်စီးခြင်း ဤရှုထောင့်ကို ပြင်ဆင်နိုင်သလော။ သင်သည် ဘုရားသခင်ကို သစ္စာစောင့်သိနိုင်သလော။ လူများက သမ္မာတရားကို ရှာဖွေခြင်း မရှိပါက၊ မိမိတို့ကိုယ်ကိုယ် သိကျွမ်းပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို သိကျွမ်းပြီး ဖော်ထုတ်နိုင်သလော။ မဖော်ထုတ်နိုင်ပေ။ လူများက ဘုရားသခင်နှင့်သက်ဆိုင်သည့် အယူအဆများ မကြာခဏ ရှိပြီး၊ ၎င်းတို့၏ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများနှင့်ယှဉ်ပြီး အစဉ် သူ့ကို အကဲဖြတ်နေသည့်အခါ၊ ထိုသို့သော အရာများသည် သမ္မာတရား မရှိဘဲ ဖြေရှင်း၍ ရနိုင်သလော။ ယင်းတို့ကို မဖြေရှင်းနိုင်ပေ။ ငါတို့ ကြုံတွေ့ရသည့်အရာများစွာ၌- ငါတို့၏ နေ့စဉ်အသက်တာများ၌ အရေးကိစ္စများအပါအဝင်- ငါတို့ သမ္မာတရားကို မပိုင်ဆိုင်ပါက၊ သမ္မာတရားကို မရှာဖွေပါက၊ ပြီးလျှင် ဘုရားသခင်က ထိုသို့သော အမှုအရာများနှင့် သူ၏ အလိုတော်တို့နှင့် ပတ်သက်၍ ပြောသည့်အရာများကို ငါတို့ လျစ်လျူရှုထားပါက၊ ငါတို့သည် ငါတို့ကို ဖြစ်ပျက်သည့်အရာကို မည်သို့ ချဉ်းကပ်မည်နည်း။ အနည်းငယ်သာ၍ တော်သည့် သူများသည် ၎င်းတို့ ရင်းနှီးပြီးဖြစ်သည့် စကားများ၊ စကားရပ်များနှင့် စည်းမျဉ်းများကို အသုံးပြုလျက် သို့မဟုတ် လူ့နည်းစနစ်များကို အသုံးပြုလျက် ဖြေရှင်းချက်တစ်ခုကို ရှာဖွေဖို့ ကြိုးစားကြလိမ့်မည်၊ သို့ရာတွင် ဤအရာများက ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရာတွင် သမ္မာတရား၏နေရာကို အစားထိုးနိုင်သလော။ ငါတို့သည် သမ္မာတရားကို မရှာဖွေပါက၊ ယင်းက ငါတို့၏အသက်တာများထဲမှ မည်သည့်အရာမျှ အခြေခံသဘောတရား တစ်ခုတစ်လေ မရှိကြောင်း သို့မဟုတ် ငါတို့၌ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု မရှိကြောင်း ဆိုနိုင်သည်၊ ငါတို့၌ ရည်မှန်းချက် သို့မဟုတ် ဦးတည်ရာ တစ်ခုတစ်လေ ရှိရန် ဆိုနိုင်ဖို့ သာ၍ နည်းပေသည်။ ဤသည်က မှန်ကန်ပါက၊ ငါတို့ လုပ်ဆောင်သမျှသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်ပေသည်။ သို့ဖြစ်၍ သူသည် ငါတို့ လုပ်ဆောင်သမျှ အရာအားလုံးကို ရွံရှာပြီး မကျိန်ဆဲသလော။ ငါတို့၏အပြုအမူများသည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံရမည် မဟုတ်လော။ ထို့ကြောင့် သမ္မာတရားကို စစ်မှန်စွာ နားမလည်မီ၊ လူတိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းအချို့ကို ကြုံတွေ့ရဖို့ သာ၍ ဖြစ်နိုင်ချေရှိလိမ့်မည် ဖြစ်သည်- ယင်းတို့အားလုံး၏ ရည်ရွယ်ချက်မှာ လူများကို သမ္မာတရား ရရှိစေဖို့ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား အားထုတ်ခြင်း၏ အရေးပါမှုနှင့် လမ်းကြောင်း” မှ

သမ္မာတရားကို ရှာဖွေရန် အရေးကြီးသည်။ သင်သည် သမ္မာတရားကို ရှာဖွေလျှင် သင် ရရှိသည့်အရာသည် ဧကန်ပင် သမ္မာတရား ဖြစ်လိမ့်မည်။ သင်သည် သမ္မာတရားကို မရှာဖွေဘဲ လူသားနှင့်သက်ဆိုင်သော ကျိုးကြောင်းပြချက်များကို အစဉ် ပြောဆိုလျှင် အဆုံး၌ သင်ရရှိမည့်အရာသည် ဘုရားသခင်အပေါ် အထင်အမြင်လွဲမှားခြင်းတစ်ခု ဖြစ်သည်။ ဤသည်တို့မှာ လမ်းကြောင်းနှစ်ခုဖြစ်သည်။ သင်သည် “ကျွန်တော် အလုပ်လုပ်ပြီးပြီ။ ပြီးတော့ မကောင်းတာတစ်ခုမှ မလုပ်ဘူး။ ကျွန်တော့်ကို မချီးမြှောက်သေးတာ၊ ဆုလာဘ်တွေ မပေးသေးတာကို စိတ်မဆိုးပါဘူး။ ဒါပေမဲ့ ကိုယ်တော်က ကျွန်တော့်ကို ပြင်းပြင်းထန်ထန် ကိုင်တွယ်တယ်။ ကျွန်တော့်ကို တရားစီရင်ပြီး စစ်ဆေးတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းက ဘယ်မှာလဲ။ ဘာလို့ ကျွန်တော် မမြင်ရသေးတာလဲ။ ဘုရားသခင်က လူတွေကို ချစ်တယ်လို့ လူတိုင်းက ပြောကြတယ်၊ ဒါဆိုရင် သူက ဘယ်လိုဖြစ်ပြီး ကျွန်တော်ကလွဲလို့ လူတိုင်းကို ချစ်ရတာလဲ” ဟူ၍ ပြောဆိုလျက် သင်၏ ကျိုးကြောင်းပြချက်များကို စဉ်ဆက်မပြတ် ထောက်ပြသည်။ သင်၏ မကျေမချမ်းဖြစ်မှု အားလုံး ထွက်ပေါ်လာသည်။ ဤကဲ့သို့သော အခြေအနေတစ်ခု၌ရှိသော လူတစ်ယောက်သည် သမ္မာတရားကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) လူသား၏ ဘုရားနှင့် ဆက်ဆံရေးတွင် ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ပြီးလျှင် ပြဿနာတစ်ခု ပေါ်ပေါက်လာတိုင်း လူသားသည် နောက်သို့ပြန်မလှည့်သလို သူ၏ မှားယွင်းသော အတွေးအမြင်၊ ရှုထောင့်များ၊ လွဲမှားသောတွေးခေါ်မှုများ သို့မဟုတ် တစ်ဖက်သတ် စဉ်းစားပုံများကို လက်မလွှတ်ပေ။ ယင်းအစား ဘုရားသခင်ကိုသာ စွဲစွဲမြဲမြဲ ဆန့်ကျင်လေသည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို စွန့်ပယ်ခြင်းနှင့် သင်မှ ဘုရားကို စွန့်ပယ်ခြင်းတို့ကိုသာ အကျိုးရလဒ်အဖြစ် ရရှိနိုင်သည်။ သင်၌ ဘုရားသခင်အပေါ် မကျေမချမ်းဖြစ်မှု အပြည့်ရှိသည်။ ဘုရား၏ အချုပ်အခြာအာဏာကို သင် ငြင်းပယ်ပြီး ရှုတ်ချသည်။ ၎င်းကို နာခံဖို့ ဆန္ဒမရှိပေ။ ပြီးလျှင် ဘုရားသခင်၏ အစီအစဉ်များကို နာခံဖို့ ဆန္ဒမရှိပေ။ ပို၍ပင် ဆိုးဝါးသည်မှာ ဘုရားသခင်သည် မှန်ကန်သည်။ သမ္မာတရား ဖြစ်သည်ဆိုသည်ကို သင်ငြင်းပယ်လိမ့်မည်။ ဤသည်မှာ အကျိုးဆက်ဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားကို ရှာဖွေလျှင် သင် ယုံကြည်သည့် ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီး၊ အသက်နှင့် ချစ်ခြင်းမေတ္တာ ဖြစ်သည်ဆိုသည်မှာ မှန်ကန်ကြောင်း အတည်ပြုရုံသာမကဘဲ ဘုရားသခင် လုပ်ဆောင်သောအရာသည် မှန်ကန်ကြောင်း၊ လူတို့ကို ဘုရားသခင်က စစ်ဆေးသည်မှာ မှန်ကန်ကြောင်းကိုလည်း အတည်ပြုနိုင်မည်ဖြစ်သည်။ လူသားသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ရှိသောကြောင့်၊ သူ၏ လုပ်ဆောင်ချက်နှင့် အပြုအမူအားလုံး၊ သူ ထုတ်ဖော်သော အရာအားလုံးတို့သည် ဘုရားသခင်အား ဆန့်ကျင်သောကြောင့် သူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် မထိုက်တန်ပေ။ သို့ရာတွင် ဘုရားသခင်သည် လူသားအပေါ် အလွန်ပင် ဂရုစိုက်ပြီး စိုးရိမ်ဆဲဖြစ်သည်။ ဘုရားသခင်သည် လူသားကို ကိုယ်တော်တိုင် စမ်းသပ်စစ်ဆေးရန် လူသားအတွက် ပတ်ဝန်းကျင်တစ်ခုကို စီစဉ်ပေးသည်။ လူသားအား ပြောင်းလဲမှုကို တွေ့ကြုံရန် ထောက်ကူပေးသည်။ ဤပတ်ဝန်းကျင်အားဖြင့် ဘုရားသခင်သည် လူသားအား သမ္မာတရားကို လက်ကိုင်ထားစေရန်၊ သမ္မာတရားကို ရရှိစေရန် အခွင့်ကိုပေးသည်။ ဘုရားသခင်သည် လူသားအား အလွန်စစ်မှန်သော ချစ်ခြင်းဖြင့် အလွန်ချစ်မြတ်နိုးပြီး ဘုရားသခင်သည် အလွန် သစ္စာရှိခြင်းသာ ဖြစ်လေသည်။ ဤအရာကို သင်ခံစားရလိမ့်မည်။ ဤအရာတို့ကို ဘုရားသခင် မလုပ်ဆောင်ခဲ့လျှင် လူသားသည် မည်မျှအထိ ကျရှုံးမည်ကို မည်သူမျှ မပြောနိုင်ပေ။ လူသားသည် သူကိုယ်တိုင်၏ ဂုဏ်အဆင့်အတန်း၊ သူကိုယ်တိုင်၏ ကျော်ကြားမှုနှင့် စည်းစိမ်တို့ကို စီမံဖို့ ကြိုးစားသည်။ အဆုံး၌ ဤအရာအားလုံးတို့ကို ပြုလုပ်ပြီးနောက်တွင် အခြားလူများကို သူ့ဘက်ပါအောင်ပြုလုပ်ပြီး သူ၏ရှေ့သို့ခေါ်ဆောင်သည်။ ဤသည်မှာ ဘုရားသခင်အား ဆန့်ကျင်နေခြင်းမဟုတ်သလော။ ဤနည်းဖြင့် ဆက်၍သွားခြင်း၏ အကျိုးဆက်များကို စိတ်ကူး၍ မရနိုင်ပေ။ ဘုရားသခင်သည် အကောင်းဆုံးလုပ်ဆောင်ပြီး ဤအရာအားလုံးတို့ကို အချိန်မီ ရပ်တန့်စေခဲ့သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာသည် လူသားကို ဖော်ထုတ်ပြီး တရားစီရင်သော်လည်း လူသားကို ကယ်တင်ခြင်းလည်း ပြုလေသည်။ ဤသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သင်သည် ဤအရာကို သင့်ဘာသာ နားလည်သဘောပေါက်သည့်အခါ သမ္မာတရား၏ ဤရှုထောင့်အမြင်ကို ရရှိပြီးဖြစ်သည် မဟုတ်လော။ လူတစ်ယောက်သည် ဤအရာကို သူကိုယ်တိုင် နားလည်သဘောပေါက်ပြီး ဤနားလည်မှု ရရှိသည့်အခါ၊ ဤ သမ္မာတရားတို့ကို နားလည်ပြီးသည့်အခါတွင် ဘုရားသခင်ကို မကျေမချမ်း ဖြစ်သေးသလော။ မဖြစ်တော့ပါ။ မကျေမချမ်းဖြစ်မှု မရှိတော့ပေ။ ထို့အပြင် အလုံးစုံ ဆက်ကပ်အပ်နှံလျက်၊ အကြွင်းမဲ့ ယုံကြည်လက်ခံပြီးနောက် သူသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် စီမံမှုများကို နာခံသည်။ နောက်တစ်ကြိမ် ဤသို့သော အခြေအနေကို ရင်ဆိုင်ရသည့်အခါတွင် သူသည် ဘုရားသခင်လုပ်ဆောင်သည့် အရာအားလုံးသည် မှန်ကန်ပြီး လူသားလုပ်သည့်အရာသည် မုချ မှားယွင်းသည်၊ လူသားသည် ပုန်ကန်တတ်သည်၊ သို့သော် သမ္မာတရားကို မပိုင်ဆိုင်ပေ ဆိုသည်တို့ကို နားလည်သဘောပေါက်လိမ့်မည်။ သူသည် အလွန်လျင်မြန်စွာပင် နာခံခြင်းနှင့် နေသားကျသွားလိမ့်မည်။ ဤအရာကို ရယူနိုင်သောသူတို့သည် ဤအဆင့်သို့ရောက်ရန် စစ်ဆေးခြင်းကို အကြိမ်များစွာ ကြုံတွေ့ရသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အရေးကြီးဆုံးအပိုင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်” မှ

သင်တို့၏ သမ္မာတရားနှင့်သက်ဆိုင်သည့် သိနားလည်ခြင်းသည် သင်တို့၏ ကိုယ်ပိုင်အခြေအနေများနှင့် တစ်သားတည်း ဖြစ်ပါသလော။ တကယ့်ဘဝတွင် သင်ကြုံတွေ့ဖူးသော လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် မည်သည့်သမ္မာတရားက ဆက်နွှယ်သည်ကို ဦးစွာ သင် စဉ်းစားရမည်။ ဘုရားသခင်၏အလိုကို သင်ရှာတွေ့နိုင်ပြီး သူ့အလိုနှင့်ပတ်သက်၍ သင် ကြုံရပြီးဖြစ်သည့်အရာကို ဆက်သွယ်နိုင်သည်မှာ ဤသမ္မာတရားများ၌ ဖြစ်သည်။ သင်သည် သမ္မာတရား၏ မည်သည့် ရှုထောင့်များက သင်ကြုံတွေ့ရသောအရာများနှင့် ဆက်စပ်သည်ကို မသိဘဲ၊ ယင်းအစား ဘုရားသခင်၏ အလိုကို တိုက်ရိုက် ရှာဖွေပါက၊ ဤသည်မှာ ရလဒ်များ မရရှိနိုင်သည့် ကျိုးကြောင်းမမြင်သော ချဉ်းကပ်မှုတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို ရှာဖွေလိုပြီး ဘုရားသခင်၏ အလိုကို နားလည်လိုပါက၊ ပထမဦးစွာ သင့်ထံ မည်သို့သော အမှုအရာမျိုးများ ဖြစ်ပျက်ပြီးဖြစ်သည်၊ ယင်းတို့သည် သမ္မာတရား၏ မည်သည့် ရှုထောင့်များဖြင့် ဆက်စပ်သည် ဆိုသည်တို့ကို ကြည့်ရန်လိုအပ်ပြီး သင်ကြုံတွေ့ပြီးသည့်အရာနှင့် ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက တိကျသည့် သမ္မာတရားကို ရှာဖွေဖို့လိုအပ်ပေသည်။ ထို့နောက် ထိုသမ္မာတရားထဲတွင် သင့်အတွက် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို သင်ရှာဖွေလော့။ ဤနည်းဖြင့် ဘုရားသခင်၏ အလိုကို သွယ်ဝိုက် သိနားလည်ခြင်းအား သင်ရရှိနိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အယူဝါဒတစ်ခုကို တွေးတောဆင်ခြင်မှုမရှိဘဲ အသုံးချခြင်း၊ သို့မဟုတ် ပုံသေနည်းတစ်ခုကို လိုက်လျှောက်ခြင်း မဟုတ်ပေ။ သမ္မာတရားသည် ပုံသေကားကျ မဟုတ်သကဲ့သို့ နိယာမတစ်ခုလည်း မဟုတ်ပေ။ ယင်းသည် အသေမဟုတ်ပေ- ယင်းကိုယ်၌က အသက် ဖြစ်သည်၊ အသက်ရှင်သော အရာတစ်ခုဖြစ်ပြီး၊ ယင်းမှာ ဖန်ဆင်းခံတစ်ဦးက ဘဝတွင် လိုက်နာရမည့် စည်းကမ်းဖြစ်ကာ၊ ဘဝတွင် လူသားတစ်ဦး ရှိထားရမည့် စည်းမျဉ်း ဖြစ်သည်။ ဤသည်မှာ သင့်အနေဖြင့် အတွေ့အကြုံမှတဆင့် ဖြစ်နိုင်သမျှ များများ နားလည်ရမည့် အရာတစ်ခု ဖြစ်သည်။ သင့်အတွေ့အကြုံတွင် မည်သည့်အဆင့်ကို သင်ရောက်ရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားမှ ခွဲခြား၍မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် သင်နားလည်သော အရာနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် သင်သိသောအရာ အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားပေသည်။ ထိုအရာများသည် သမ္မာတရားနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်ထား၏။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့သည် ယင်းတို့ကိုယ်၌က သမ္မာတရားဖြစ်ကြလေသည်။ သမ္မာတရားသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့၏ စစ်မှန်သော သရုပ်သကန်တစ်ခု ဖြစ်သည်။ ယင်းက ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ခိုင်ခံ့စေပြီး သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် ရှင်းလင်းသော ထုတ်ပြန်ချက်တစ်ခုကို ပြုလုပ်လေသည်။ ယင်းက ဘုရားသခင် ကြိုက်နှစ်သက်သည့်အရာ၊ သူ မနှစ်သက်သည့်အရာ၊ သင့်ကို သူက လုပ်ဆောင်စေလိုသည့်အရာနှင့် သင့်ကို သူက လုပ်ဆောင်ရန် ခွင့်မပြုသည့်အရာ၊ မည်သည့်လူတို့ကို သူစက်ဆုပ်ပြီး မည်သည့်လူတို့ထံ၌ ဝမ်းမြောက်ခြင်းကို သူ ရရှိသည်ဆိုသည်တို့ကို သာ၍ ရိုးရိုးစင်းစင်း ပြောပြလေသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရားများနောက်ကွယ်တွင် လူတို့သည် သူ၏ သာယာမှု၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းအပြင် သူ၏အနှစ်သာရတို့ကို မြင်နိုင်သည်- ဤသည်မှာ သူ၏စိတ်သဘောထားနှင့် သက်ဆိုင်သည့် ထုတ်ဖော်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သိရှိခြင်းနှင့် သူ၏ နှုတ်ကပတ်တော်မှ သူ၏စိတ်သဘောထားကို သိနားလည်ခြင်းအပြင်၊ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့ကျသော အတွေ့အကြုံတို့မှတစ်ဆင့် ဤသိနားလည်မှုကို ရရှိရန် လိုအပ်ချက်ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်ကို သိရှိဖို့အလို့ငှာ လက်တွေ့ဘဝမှ မိမိကိုယ်ကိုယ် ဖယ်ရှားပါက၊ ၎င်းတို့သည် ယင်းကို ရရှိနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ သိနားလည်မှုတချို့ ရရှိနိုင်သော လူတို့ရှိလျှင်ပင် ၎င်းတို့၏ သိနားလည်မှုသည် သဘောတရားများ၊ စကားလုံးများတို့ဖြင့် ကန့်သတ်ထားပြီး အမှန်တကယ်တွင် ဘုရားသခင် ကိုယ်တော်တိုင် မည်ကဲ့သို့ ရှိသည် ဆိုသည်နှင့်ပတ်သက်၍ ကွာဟချက် ဖြစ်ပေါ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုပြီး နားလည်လိုလျှင်၊ သင် ရင်ဆိုင်ရသည့် အခက်အခဲများ၏ အနှစ်သာရနှင့် သင်၏ အနီးအနားတွင် ဖြစ်ပျက်သည့် အမှုအရာများ၊ ဤကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့် ပြဿနာများ ရှိသည် ဆိုသည့်အပြင်၊ ဤအရာများက မည်သည့် သမ္မာတရား ရှုထောင့်နှင့် ဆက်စပ်သည်ကို ဦးစွာပထမ သင် နားလည်ရမည်။ သင်သည် ဤအရာများကို ရှာဖွေရမည်ဖြစ်ပြီး၊ ထို့နောက်တွင် သင်၏ တကယ့် အခက်အခဲများပေါ် အခြေခံ၍ သမ္မာတရားကို သင် ရှာဖွေရမည်။ ထိုသို့ဖြင့်၊ သင် အတွေ့အကြုံ တဖြည်းဖြည်း ရရှိသည်နှင့်အမျှ၊ သင့်အပေါ် ဖြစ်ပျက်သည့် အရာအားလုံးတွင် ဘုရားသခင်၏ လက်တော်အပြင်၊ သူ လုပ်ဆောင်လိုသည့်အရာနှင့် သင့်အထဲတွင် သူ စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည့် ရလဒ်များကို သင် မြင်နိုင်လိမ့်မည်။ သင့်ကို ဖြစ်ပျက်သည့် မည်သည့်အရာမဆို ဘုရားသခင်ကို ယုံကြည်မှုနှင့် သမ္မာတရားတို့နှင့် ဆက်နွှယ်သည်ဟု သင် မည်သည့်အခါတွင်မျှ ခံစားကောင်း ခံစားရမည် မဟုတ်သကဲ့သို့၊ သင်က မိမိကိုယ်ကိုယ်၊ “ဤအရာကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့်သက်ဆိုင်၍ ငါ၏ ကိုယ်ပိုင်နည်းလမ်း ရှိသည်။ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါ မလိုအပ်ပါ။ အစည်းအဝေးများကို ငါ တက်ရောက်သည့်အခါ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါ ဖတ်ရှုသည့်အခါ သို့မဟုတ် ငါ၏ တာဝန်ကို ထမ်းဆောင်သည့်အခါ၊ ငါသည် မိမိကိုယ်ကိုယ် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ဆန်းစစ်မည်” ဟုသာ ဆိုသည်။ သင်၏ အသက်တာတွင် ဖြစ်ပျက်သည့် နေ့စဉ်အမှုအရာများ- မိသားစု၊ အလုပ်၊ အိမ်ထောင်ရေးနှင့် သင်၏ အနာဂတ်တို့နှင့် ပတ်သက်သည့် အရာများ- ဤအမျိုးမျိုးသော အရာများကို သမ္မာတရားနှင့် ပတ်သက်ခြင်း ဘာမျှမရှိဟု သင် ခံစားရပြီး၊ လူ့နည်းစနစ်များကို အသုံးပြုရင်း ယင်းတို့ကို သင် ဖြေရှင်းပါက၊ ဤသည်မှာ သင် တွေ့ကြုံသည့် နည်းလမ်း ဖြစ်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က သင့်အထဲတွင် မည်သည့်အရာကို အကယ်ပင် လုပ်ဆောင်ရန် ဆန္ဒရှိသည်၊ သို့မဟုတ် သူ စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည့် ရလဒ်များကို သင် မည်သည့်အခါတွင်မျှ နားလည်လိမ့်မည်မဟုတ်။ သမ္မာတရားကို လိုက်စားခြင်းသည် ရှည်ကြာသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ယင်းနှင့် ပတ်သက်၍ ရိုးရှင်းသည့်ဘက်ရှိသလို ရှုပ်ထွေးသည့် ဘက်လည်း ရှိသည်။ ရိုးရှင်းစွာ ပြောရလျှင်၊ ကျွန်ုပ်တို့ အနီးအနားတွင် ဖြစ်ပျက်သည့် အရာအားလုံး၌ သမ္မာတရားကို ကျွန်ုပ်တို့ ရှာဖွေသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံသင့်သည်။ ဤအရာကို စတင်လုပ်ဆောင်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို သင်၏ ယုံကြည်မှုတွင် သမ္မာတရား မည်မျှ သင် ရရှိပြီး လိုက်စားသင့်သည်ဆိုသည်နှင့် သမ္မာတရားက အလွန် စစ်မှန်ကာ သမ္မာတရားက အသက်ဖြစ်သည်ကို သာ၍ သာ၍ သင် မြင်လိမ့်မည်။ ဘုရားသခင်ကို အစေခံသူများနှင့် အသင်းတော် ခေါင်းဆောင်များသာ သမ္မာတရားအတိုင်း အရာရာကို လုပ်ဆောင်ဖို့ လိုအပ်သော်လည်း၊ သာမန် နောက်လိုက်များသည် မလိုအပ်ဟူသည်မှာ မမှန်ပေ။ ထိုသို့ ဖြစ်ခဲ့မည်ဆိုပါက၊ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များတွင် ကြီးမားသည့် အရေးပါမှု ရှိမည်မဟုတ်ပေ။ ယခု သင်တို့သည် သမ္မာတရားကို လိုက်စားဖို့ လမ်းကြောင်းတစ်ခု ရှိကြသလော။ သမ္မာတရားကို လိုက်စားနေချိန်တွင် ပထမဦးစွာ ဖြေရှင်းရမည့်အရာမှာ မည်သည့်အရာဖြစ်သနည်း။ အခြားအရာအားလုံးမတိုင်မီ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရင်းနှင့် မိတ်သဟာယများကို နားထောင်ရင်း သာ၍ အချိန် ကုန်ဆုံးရမည်။ ပြဿနာတစ်ခုကို သင် ကြုံရသည့်အခါ၊ သာ၍ ဆုတောင်းကာ ရှာဖွေလော့။ သာ၍ များသော သမ္မာတရားများဖြင့် သင်သည် မိမိကိုယ်ကိုယ် ပြင်ဆင်ပြီး အသက်ဝင်ရောက်မှုကို စွမ်းဆောင်ရရှိပြီးဖြစ်ကာ ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်သည့်အခါ၊ သင်သည် စစ်မှန်သော အရာတစ်ခုကို လုပ်ဆောင်နိုင်လိမ့်မည်၊ အလုပ်အနည်းငယ်ကို ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ပြီး ထိုသို့ဖြင့် စမ်းသပ်မှုအချို့နှင့် စုံစမ်းစစ်ဆေးခြင်းတို့ကို ဖြတ်သန်းနိုင်လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ သင်သည် သမ္မာတရားအချို့ကို အမှန်တကယ် နားလည်ပြီးဖြစ်ကာ ရရှိပြီးဖြစ်သည်ဟု ခံစားရလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များသည် လူတို့ လိုအပ်သည့်အရာအပြင်၊ ၎င်းတို့ ရရှိသင့်သည့်အရာဖြစ်ပြီး ဤသည်မှာ လူတို့ကို အသက်ပေးနိုင်သည့် လောကထဲက တစ်ခုတည်းသော သမ္မာတရား ဖြစ်သည်ဟု ခံစားရလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား အားထုတ်ခြင်း၏ အရေးပါမှုနှင့် လမ်းကြောင်း” မှ

သင်မည်သည့်အရာကို လုပ်ဆောင်ပါစေ၊ အဘယ်ကြောင့် သင်လုပ်ဆောင်နေသည်၊ ဤအရာကို လုပ်ဆောင်ရန် မည်သည့် ရည်ရွယ်ချက်က သင့်ကို ညွှန်ကြားသည်၊ ယင်းကို လုပ်ဆောင်ရာတွင် မည်သည့် အဓိပ္ပါယ်ရှိသည်ဆိုသည်၊ ထိုကိစ္စရပ်၏ သဘောသဘာဝမှာ မည်သည့်အရာဖြစ်သည်နှင့် သင်လုပ်ဆောင်နေသည့်အရာက အပြုသဘောဆောင်သည့်အရာ သို့မဟုတ် အပျက်သဘောဆောင်သည့်အရာ ဟုတ်မဟုတ် ဆိုသည်တို့ကို ဦးစွာပထမ သင်နားလည်သင့်၏။ ဤကိစ္စရပ်အားလုံးကို သင် ရှင်းရှင်းလင်းလင်း သိနားလည်ရမည်၊ ကိုယ်ကျင့်တရားနှင့် ပြုမူနိုင်ရန် ဤအရာက အတော်လေး လိုအပ်ပေသည်။ သင်၏ တာဝန်ကို ဖြည့်ဆည်းဖို့ တစ်စုံတစ်ရာကို သင်လုပ်ဆောင်နေပါက၊ သင် တွေးဆသင့်၏- ဤအရာကို ကျွန်ုပ် မည်သို့ လုပ်သင့်သနည်း။ ကျွန်ုပ်၏ တာဝန်ကို ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်မနေဖို့ရန်အလို့ငှာ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် မည်သို့ ကောင်းစွာ ဖြည့်ဆည်းသင့်သနည်း။ ဤကိစ္စရပ်တွင် ဘုရားသခင်ထံ သင် တိုးဝင်ချဉ်းကပ်သင့်၏။ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်းဟူသည်မှာ ဤကိစ္စရပ်တွင် သမ္မာတရားကို ရှာဖွေခြင်း၊ လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းကို ရှာဖွေခြင်း၊ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေခြင်းနှင့် ဘုရားသခင်ကို မည်သို့စိတ်ကျေနပ်စေရမည်ကို ရှာဖွေခြင်းတို့ ဖြစ်သည်။ ဤသည်မှာ သင် လုပ်ဆောင်သမျှတိုင်းတွင် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ပုံ ဖြစ်သည်။ ယင်းတွင် ဘာသာရေး အခမ်းအနားတစ်ခု သို့မဟုတ် အပြင်ပန်း လုပ်ရပ်တစ်ခု ဆောင်ရွက်ခြင်း မပါဝင်ပေ၊ ဘုရားသခင်၏ အလိုတော်အား ရှာဖွေပြီးနောက် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း ရည်ရွယ်ချက်အတွက် ယင်းကို လုပ်ဆောင်ခြင်းဖြစ်သည်။ သင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ရသေးသည့်အချိန်တွင် “ဘုရားသခင်ကို ကျေးဇူးတင်ပါသည်” ဟု သင် အမြဲဆိုသော်လည်း၊ တစ်စုံတစ်ရာကို သင် လုပ်ဆောင်နေသောအခါ ယင်းကို သင် လိုချင်သည့်နည်းလမ်းအတိုင်း ဆက်လက်လုပ်ဆောင်လျှင်၊ ဤသို့သော ကျေးဇူးတင်ရှိခြင်းမျိုးသည် အပြင်ပန်း လုပ်ရပ်တစ်ခုသာ ဖြစ်၏။ သင်၏ တာဝန်ကို ဖြည့်ဆည်းနေချိန် သို့မဟုတ် တစ်စုံတစ်ရာ လုပ်ဆောင်နေချိန်တွင်၊ သင် အမြဲ စဉ်းစားသင့်၏- ဤတာဝန်ကို ကျွန်ုပ် မည်သို့ ဖြည့်ဆည်းသင့်သနည်း။ ဘုရားသခင်၏ အလိုတော်မှာ အဘယ်နည်း။ ယင်းမှာ သင်လုပ်နေသည့် အရာမှတစ်ဆင့် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်ဖို့ ဖြစ်သည်။ ပြီးလျှင်၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သင်၏ လုပ်ရပ်များနောက်ကွယ်က အခြေခံသဘောတရားများနှင့် သမ္မာတရားအပြင် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေပြီး သင် မည်သည့်အရာ လုပ်ဆောင် သည်ဖြစ်စေ ဘုရားသခင်ထံမှ လမ်းမလွဲဖို့ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည်သာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏။ ယနေ့အချိန်တွင် လူတို့သည် အမှုအရာများကို ကြုံလာတိုင်း တကယ့်အခြေအနေ မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ၊ ဟိုဒင်း ဒီဒင်းကို ၎င်းတို့ လုပ်ဆောင်နိုင်သည်ဟု တွေးထင်ကြ၏၊ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မရှိကြသကဲ့သို့၊ ယင်းကို မိမိတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒအတိုင်း လုပ်ဆောင်ကြလေသည်။ ၎င်းတို့၏ ဆောင်ရွက်ပုံနည်းလမ်းက သင့်တော်သည် မသင့်တော်သည်၊ သို့မဟုတ် ယင်းက သမ္မာတရားနှင့် ကိုက်ညီသည် မကိုက်ညီသည်ကို ပဓာနမထားဘဲ၊ သူတို့သည် ခေါင်းမာစွာပင် ရှေ့ဆက်တတ်ပြီး၊ ၎င်းတို့၏ တစ်ကိုယ်ရေ ကြံရွယ်ချက်များအတိုင်း ပြုမူကြသည်။ ဘုရားသခင်က ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ရှိသည်ဟု ပုံမှန်အားဖြင့် ထင်ကောင်း ထင်ရနိုင်သော်လည်း၊ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ကြသည့်အချိန်တွင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိပေ။ လူအချို့က၊ “ကျွန်ုပ် လုပ်ဆောင်သည့် အရာများတွင် ဘုရားသခင်ထံ ကျွန်ုပ် မချဉ်းကပ်နိုင်ပါ။ အတိတ်တွင်၊ ကျွန်ုပ်သည် ဘာသာရေး ဟိတ်ဟန်များကို ဆောင်ရွက်ခြင်းနှင့် နေသားကျခဲ့ပြီး ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ဖို့ ကျွန်ုပ် ကြိုးစားခဲ့သော်လည်း၊ အကျိုးသက်ရောက်မှု မရှိခဲ့ပါ။ သူ့ထံ ကျွန်ုပ် တိုးဝင်ချဉ်းကပ်၍ မရနိုင်ခဲ့ပါ။” ဟု ဆိုကြလေသည်။ ထိုသို့သောလူတို့သည် ၎င်းတို့၏ နှလုံးသားများထဲ၌ ဘုရားသခင် မရှိပေ၊ ၎င်းတို့၏ နှလုံးသားများထဲ၌ ၎င်းတို့ကိုယ်တိုင်သာ ရှိပြီး၊ သူတို့ပြုသည့်အရာတိုင်း၌ သမ္မာတရားအား တကယ့်ကို လက်တွေ့မကျင့်သုံးနိုင်ကြပေ။ သမ္မာတရားနှင့်အညီ မပြုမူခြင်းမှာ ၎င်းတို့၏ မိမိအလိုအတိုင်း အမှုအရာများ ပြုလုပ်ခြင်းကို ဆိုလိုပြီး၊ ၎င်းတို့၏ မိမိအလိုအတိုင်း အမှုအရာများ ပြုလုပ်ခြင်းမှာ ဘုရားသခင်အား စွန့်ခွာခြင်းကို ဆိုလိုသည်၊ တစ်နည်းအားဖြင့် သူတို့သည် သူတို့၏ နှလုံးသားများထဲ၌ ဘုရားသခင်မရှိပေ။ လူသားတို့၏ အတွေးအခေါ်များသည် လူတို့အတွက် အများအားဖြင့် ကောင်းမွန်၍ မှန်ကန်ပုံရပြီး ၎င်းတို့သည် သမ္မာတရားကို ထိုမျှလောက် ချိုးဖောက်မည်မဟုတ်ဟု ထင်ရသည်။ လူတို့က ထိုပုံစံအတိုင်း အမှုအရာများကိုပြုခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း ဖြစ်မည်ဟု ထင်ကြသည်၊ အမှုအရာများကို ထိုနည်းအတိုင်းပြုခြင်းမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ဖြစ်မည်ဟု သူတို့ထင်ကြသည်။ အကယ်စင်စစ် လူတို့မှာ ဘုရားသခင်ကို အမှန်တကယ်ရှာဖွေနေခြင်းနှင့် ဤအရာအကြောင်းကို ဘုရားသခင်ထံ ဆုတောင်းနေခြင်း မဟုတ်သကဲ့သို့၊ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်အလို့ငှာ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကောင်းမွန်စွာ ကြိုးပမ်းလုပ်ဆောင်နေကြခြင်း မဟုတ်ပေ။ သူတို့၌ ဤစစ်မှန်သောအခြေအနေ မရှိကြသကဲ့သို့၊ သူတို့၌ ဤမျှလောက် ဆန္ဒလည်း မရှိကြချေ။ ဤသည်မှာ လူတို့၏ လက်တွေ့လုပ်ဆောင်မှု၌ ၎င်းတို့ပြုကြသော အကြီးဆုံးအမှား ဖြစ်၏။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သင်သည် ဘုရားသခင်ကိုသင်၏ စိတ်နှလုံးထဲ၌ ထိန်းသိမ်းမထားပေ။ ဤအရာမှာ အပြစ်တစ်ခုမဟုတ်ဘဲ အဘယ်သို့ ဖြစ်မည်နည်း။ သင့်ကိုယ်သင် လိမ်လည်လှည့်ဖြားနေသည် မဟုတ်လော။ ထိုပုံစံဖြင့် သင် ဆက်လက်ယုံကြည်နေပါက မည်သည့် အကျိုးသက်ရောက်မှုမျိုးများကို သင်ရိတ်သိမ်းနိုင်မည်နည်း။ ထို့ပြင် ယုံကြည်ခြင်း၏ အရေးပါမှုကို အဘယ်သို့ ပေါ်လွင်အောင်ပြသနိုင်မည်နည်း။

အမှုအရာတစ်ခုခုကို သင် လုပ်ဆောင်ခဲ့ချိန်တွင်၊ ဘုရားသခင်သည် အလွန် ကျေနပ်မှုမရှိခဲ့ချေ။ ထိုအရာကို သင် လုပ်ဆောင်တော့မည့်အချိန်တွင်၊ သူ့ထံ သင် ဆုတောင်းခဲ့ပါသလော။ “ဤကိစ္စရပ်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ယူဆောင်ခဲ့ပါက၊ ယင်းကို သူ မည်သို့ ရှုမြင်မည်နည်း။ ယင်းနှင့်ပတ်သက်၍ သူ သိခဲ့ပါက၊ သူ ပျော်ရွှင်မည်လော သို့မဟုတ် ဒေါသထွက်မည်လော။ ယင်းကို သူ စက်ဆုပ်ရွံရှာမည်လော။” ဟု သင် တွေးဆဖူးပါသလော။ ယင်းကို သင် အဖြေမရှာခဲ့ပေ၊ ဟုတ်ပါသလော။ အခြားသူများက သင့်ကို အသိပေးခဲ့လျှင်ပင်၊ ကိစ္စရပ်သည် အရေးမကြီး၊ ပြီးလျှင် ယင်းသည် မည်သည့် အခြေခံသဘောတရားများနှင့်မျှ မဆန့်ကျင်သကဲ့သို့ အပြစ်မဟုတ်ဟု သင် တွေးထင်ဦးမည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ သင်လုပ်ဆောင်ခဲ့သည့် ဤအရာသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး ကြီးမားသည့် အမျက်ဒေါသထွက်စေဖို့ သူ့ကို ဆွပေးခဲ့သည်မှာ သင့်ကို သူ စက်ဆုပ်ရွံရှာသည့်အဆင့်အထိပင် ဖြစ်ပေသည်။ သင်သည် ဆောင်ရွက်ခြင်း မရှိမီ ရှာဖွေကာ ဆန်းစစ်ခဲ့ပြီးဖြစ်ကာ ကိစ္စရပ်ကို ရှင်းလင်းစွာ မြင်ခဲ့ပြီးဖြစ်ပါက၊ ယင်းကို သင် ရှင်းလင်းစွာ နားလည်ပြီးဖြစ်မည် မဟုတ်လော။ တစ်ခါတစ်ရံ လူတို့သည် ကောင်းမွန်သော အခြေအနေတစ်ခုတွင် မရှိသော်လည်း၊ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်ခြင်းငှာ စီစဉ်နေကြသည့် အရာရာတိုင်းကို စုံစမ်းစစ်ဆေးခြင်းနှင့် ရှာဖွေခြင်းအတွက် ဘုရားသခင်၏ ရှေ့မှောက်သို့ တည်ကြည်စွာ ယူဆောင်ပါက၊ မည်သည့် ကြီးမားသော အမှားများကိုမျှ ၎င်းတို့ ပြုလုပ်မိလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေချိန်တွင်၊ အမှားများ ပြုလုပ်မိခြင်းကို ရှောင်ရှားဖို့ လူတို့အတွက် ခက်ခဲ၏၊ သို့သော် အမှုအရာများကို သင် လုပ်ဆောင်ချိန်တွင် ယင်းတို့ကို သမ္မာတရားနှင့်အညီ မည်သို့ လုပ်ဆောင်ရမည်ကို သင် သိရှိသော်လည်း၊ သမ္မာတရားနှင့်အညီ ယင်းတို့ကို ဆောင်ရွက်ခြင်းမရှိပါက၊ ပြဿနာမှာ သင်သည် သမ္မာတရားကို မချစ်ခြင်း ဖြစ်ပေသည်။ သမ္မာတရားကို ချစ်ခြင်းမရှိဘဲ၊ လူတစ်ဦး၏ စိတ်သဘောထားသည် ပြောင်းလဲလိမ့်မည်မဟုတ်။ သင်သည် ဘုရားသခင်၏ အလိုကို တိကျမှန်ကန်စွာ သဘောမပေါက်နိုင်သကဲ့သို့၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိရှိပါက၊ အခြားသူများနှင့် သင် မိတ်သဟာယပြုသင့်ပေသည်။ ကိစ္စရပ်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မြင်နိုင်သကဲ့သို့ မခံစားရပါက၊ သင်သည် အထိုက်သင့်ဆုံးသော ဖြေရှင်းချက်ကို ဆောင်ရွက်သင့်ပေသည်။ သို့သော်၊ နောက်ဆုံးတွင် သင်သည် ယင်းကို ဤနည်းဖြင့် ဆောင်ရွက်ရာတွင် အမှားအနည်းငယ် ပြုလုပ်မိပြီဟု သိရပါက၊ ယင်းကို အလျင်အမြန် အမှန်ပြင်သင့်ပြီး၊ ထို့နောက် ဘုရားသခင်သည် ဤအမှားကို အပြစ်တစ်ခုအဖြစ် မှတ်ယူမည် မဟုတ်ပေ။ သင်သည် ဤကိစ္စရပ်ကို လက်တွေ့လုပ်ဆောင်နေချိန်တွင် မှန်ကန်သော ရည်ရွယ်ချက်များ ရှိခဲ့ပြီး၊ ယင်းကို သမ္မာတရားနှင့်အညီ သင် လက်တွေ့လုပ်ဆောင်နေခဲ့ကာ တကယ်ကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့မိဘဲ၊ သင်၏ လုပ်ဆောင်ချက်များက အမှားအချို့ကို အကျိုးဆက်ဖြစ်ပေါ်စေခဲ့ပါက၊ ဤသည်မှာ အပြစ်ဒဏ်လျော့ပေါ့ သက်သာစေသော အခြေအနေတစ်ခု ဖြစ်ခဲ့ပေသည်။ သို့သော်၊ ယနေ့ခေတ်တွင် လူများစွာတို့သည် အလုပ်လုပ်ဖို့ ၎င်းတို့၏ ကိုယ်ပိုင် လက်နှစ်ဖက်ကို အားကိုးရုံမျှအားကိုးကြပြီး ဟိုဒင်း ဒီဒင်းကို လုပ်ဆောင်ဖို့ ၎င်းတို့၏ ကိုယ်ပိုင်ဉာဏ်များအပေါ် မှီခိုကြကာ ဤမေးခွန်းများကို သုံးသပ်ဆင်ခြင်ခြင်း တစ်ခုတစ်လေ ပေးခဲလှပေသည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ အလိုနှင့် ကိုက်ညီပါသလော။ ယင်းကို ဤနည်းဖြင့် ငါ လုပ်ဆောင်ပါက ဘုရားသခင် ပျော်ရွှင်မည်လော။ ယင်းကို ဤနည်းဖြင့် လုပ်ဆောင်ပါက၊ ငါ့ကို ဘုရားသခင် ယုံကြည်မည်လော။ ယင်းကို ဤနည်းဖြင့် လုပ်ဆောင်ပါက၊ သမ္မာတရားကို ငါ လက်တွေ့လုပ်ဆောင်နေမည်လော။ ဤကိစ္စရပ်ကို ဘုရားသခင် ကြားသိပါက၊ သူက “ဤအရာကို သင် မှန်ကန်စွာနှင့် အလိုက်အထိုက်အားဖြင့် လုပ်ဆောင်လေပြီ။ ထိန်းထားလော့။” ဟု ပြောနိုင်မည်လော။ သင် ကြုံရသည့် ကိစ္စရပ်တိုင်းကို သေချာစွာ သင် ဆန်းစစ်နိုင်သလော။ ၎င်းတို့အသီးသီးနှင့်ပတ်သက်၍ သင်သည် တည်ကြည်လေးနက်ပြီး စေ့စပ်နိုင်သလော။ သို့မဟုတ် ယင်းကို သင် လုပ်ဆောင်သည့် နည်းလမ်းအား ဘုရားသခင် စက်ဆုပ်သည် မစက်ဆုပ်သည်၊ အခြားအယောက်တိုင်းက သင်၏ နည်းစနစ်များနှင့် ပတ်သက်၍ မည်သို့ ခံစားရသည်၊ ပြီးလျှင် ယင်းကို သင်၏ ကိုယ်ပိုင် အလိုဆန္ဒပေါ် အခြေခံ၍ သင် လုပ်ဆောင်နေခြင်း ရှိ မရှိ သို့မဟုတ် သင်၏ ကိုယ်ပိုင် စိတ်ဆန္ဒများကို ဖြည့်ဆည်းဖို့ သင် လုပ်ဆောင်နေခြင်း ရှိ မရှိဆိုသည်ကို သင် တွေးဆနိုင်ပါသလော။ သင်သည် ထိုအရာကို သာ၍ တွေးတောဆင်ခြင်ရမည်ဖြစ်ပြီး သာ၍ ကြိုးစားရမည်ဖြစ်ကာ သင်၏ အမှားများသည် သေးငယ်သထက် သေးငယ်လာလိမ့်မည် ဖြစ်သည်။ ဤပုံစံဖြင့် ဤအရာကို လုပ်ဆောင်ခြင်းက သင်သည် အမှုအရာများကို သမ္မာတရား တောင်းဆိုသည့် ဦးတည်ချက်နှင့်အညီ လုပ်ဆောင်နေသောကြောင့် သင်သည် သမ္မာတရားကို ရိုးသားစစ်မှန်စွာ ရှာဖွေသော လူတစ်ဦးဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော သူတစ်ဦးဖြစ်သည်ကို သက်သေပြပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုကို ရှာဖွေခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏” မှ

မည်သည့်အရာကိုမဆို ကောင်းမွန်စွာ လုပ်ဆောင်ဖို့အလို့ငှာ သမ္မာတရား အခြေခံသဘောတရားကို ရှာဖွေဖို့ လိုအပ်သည်။ လူတစ်ယောက်သည် တစ်စုံတစ်ခုကို လုပ်ဆောင်နေစဉ်တွင် မည်သို့ကောင်းစွာ လုပ်ဆောင်ရမည်ကို စွဲစွဲမြဲမြဲ တွေးသင့်၏၊ ထို့ပြင် ဘုရားသခင်ရှေ့မှောက်တွင် ဆုတောင်းဖို့နှင့် ရှာဖွေဖို့ မိမိကိုယ်ကို ငြိမ်သက်စေရန်လည်း လိုအပ်သည်။ တစ်စုံတစ်ခုကို မလုပ်ဆောင်မီ အခြားသူများနှင့် မိတ်သဟာယပြုဖို့ လိုအပ်သည်၊ မိတ်သဟာယ ပြုရမည့်လူ တစ်ယောက်မျှ မရှိပါက အရေးကိစ္စကို မိမိဘာသာ စဉ်းစားဆင်ခြင်ရမည်ဖြစ်ပြီး ဤအရာကို ကောင်းစွာ လုပ်ဆောင်ဖို့ နည်းလမ်းအတွက် ရှာဖွေပြီး ဆုတောင်းရမည်။ ဘုရားသခင် ရှေ့မှောက်တွင် မိမိကိုယ်ကို ငြိမ်သက်စေခြင်းဆိုသည်မှာ ဤအရာပင် ဖြစ်သည်။ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်စေဖို့ မည်သည့်အရာကိုမျှ သင်မတွေးဘဲနေရန် မလိုအပ်ပေ။ သင်သည် စိတ်နှလုံးထဲတွင် ရှာဖွေခြင်းနှင့် စောင့်မျှော်ခြင်း သဘောထား တစ်ခုဖြင့် ဤအရေးကိစ္စကို ကိုင်တွယ်ဖို့ သင့်တော်သည့်နည်းလမ်းကို ရှာဖွေလျက် တစ်ချိန်တည်းတွင် လုပ်ဆောင်ပြီး စဉ်းစားဆင်ခြင်ရမည် ဖြစ်သည်။ အရေးကိစ္စအကြောင်းကို သင်စိုးစဉ်းမျှ မသိပါက မေးရမည့်လူ တစ်စုံတစ်ယောက်ကို ရှာဖွေလော့။ ၎င်းတို့ကို သင်သည် မည်သည့်သဘောထားဖြင့် မေးသင့်သနည်း။ အမှန်တွင် ဘုရားသခင် မည်သို့အလုပ်လုပ်သည်ကို ကြည့်လျက် သင်သည် ရှာဖွေနေပြီး စောင့်မျှော်သင့်သည်။ သင့်အတွင်းတွင် ရုတ်တရက် အလင်းပေးသည့် အလင်းတစ်ခုကို ဖွင့်လိုက်သည့်အလား သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို ဉာဏ်အလင်းပြပြီး လမ်းမညွှန်ပေ။ ဘုရားသခင်သည် သင်၏ နားလည်သဘောပေါက်ခြင်းကို စေ့ဆော်ဖို့ လူတစ်ယောက်၊ သို့မဟုတ် အဖြစ်အပျက်တစ်ခုကို အစဉ်သဖြင့် အသုံးပြုသည်။ ဆုတောင်းဖို့ လေးနက်တည်ငြိမ်စွာ ဒူးထောက်ပြီး နာရီပေါင်းများစွာ နေခြင်းအပြင် ရှာဖွေခြင်း နည်းလမ်းများစွာ ရှိလေသည်။ ယင်းကို လုပ်ဆောင်ခြင်းသည် အခြားအရေးကိစ္စ အားလုံးကို နှောင့်နှေးစေ၏။ တစ်ခါတစ်ရံတွင် အကြင်သူသည် လမ်းလျှောက်နေစဉ် အရေးကိစ္စတစ်ခုကို တွေးဆနိုင်သည်၊ တစ်ခါတစ်ရံတွင် အရေးကိစ္စပေါ်လာသည့်အခါ အကြင်သူသည် အုပ်စုဖွဲ့ကာ ထိုအကြောင်းကို အလျင်အမြန် မိတ်သဟာယပြုနိုင်သည်။ တစ်ခါတစ်ရံတွင် အကြင်သူသည် အထက်ကို ရှာဖွေနိုင်သည်။ တစ်ခါတစ်ရံတွင် အကြင်သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိဘာသာ ဖတ်ရှုနိုင်သည်။ တစ်ခါတစ်ရံတွင် အရေးကိစ္စသည် အရေးတကြီး ဖြစ်သည့်အခါ အကြင်သူသည် အခြေအနေ၏ လက်တွေ့အရှိတရားကို နားလည်ဖို့ ဖြစ်ပွားရာနေရာသို့ ကမန်းကတန်း သွားနိုင်သည်၊ ထို့နောက်တွင် မိမိစိတ်နှလုံးထဲ၌ ဆုတောင်းပြီး ရှာဖွေနေရင်းဖြင့် လက်ရှိတွင် နားလည်သဘောပေါက်ထားသည့် အခြေခံသဘောတရားများအတိုင်း ယင်းကို ဦးစွာ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ ဤသည်မှာ အမှုအရာများကို သင်တို့လုပ်ဆောင်ရမည့် နည်းလမ်း— ကျွမ်းကျင်လိမ္မာသော နည်းလမ်းဖြစ်သည်။ တစ်စုံတစ်ခု ပေါ်ပေါက်လာသည့်အခါတိုင်း ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်နေခြင်းသည် လက်ခံနိုင်ဖွယ်မရှိပေ။ ရှာဖွေခြင်း နည်းလမ်းအချို့ကို သင်တို့သင်ယူရမည်။ တာဝန်ဖြင့် အလုပ်ရှုပ်နေသည့်အခါ အလုပ်ရှုပ်သည့် ပုံစံအတိုင်း ရှာဖွေလော့။ အချိန်ရှိသည့်အခါ အချိန်ရှိသည့်အခြေအနေများအတိုင်း ရှာဖွေပြီး စောင့်မျှော်လော့။ နည်းလမ်းအမျိုးမျိုး ရှိလေသည်။ စောင့်ဖို့အချိန် အလုံအလောက်ရှိပါက ခဏစောင့်လော့။ အရေးကိစ္စကြီးများတွင် အကြင်သူသည် အလျင်လို၍မရနိုင်ပေ။ အမှားတစ်ခုကို အလောတကြီး ပြုလုပ်မိခြင်း၏ အကျိုးဆက်များသည် မတွေးဝံ့စရာပင်ဖြစ်၏။ အကောင်းဆုံးသော ရလဒ်များကို စွမ်းဆောင်ရရှိဖို့ အကြင်သူသည် နောက်ထပ် မည်သည့်အရာ ဖြစ်ပျက်သည်ကို ကြည့်လျက် စောင့်ရမည်၊ သို့မဟုတ်ပါက သင်သည် အခြေအနေကို သိသည့် လူတစ်ယောက်၏ လှုံ့ဆော်မှုကို ခံရလိမ့်မည်။ ဤအရာအားလုံးမှာ ရှာဖွေဖို့ နည်းလမ်းများဖြစ်၏။ ဘုရားသခင်သည် လူများကို ဉာဏ်အလင်းပေးဖို့ တစ်ခုတည်းသော စည်းစနစ်ကို အသုံးမပြုပေ။ သူ၏ နှုတ်ကပတ်တော်များ၌သာလျှင် သူက သင့်ကို ဉာဏ်အလင်းပေးခြင်း မဟုတ်သကဲ့သို့ သင့်အနီးတွင် ရှိသည့်သူများကိုလည်း သင့်အား လမ်းညွှန်မှု အစဉ် မပေးခိုင်းပေ။ ယခင်က သင်တစ်ခါမျှ မကြုံဖူးသည့် အမှုအရာများ၊ သင်၏ကျွမ်းကျင်မှု ပြင်ပမှ အရေးကိစ္စများနှင့် ပတ်သက်၍ ဘုရားသခင်က သင့်ကို မည်သို့ဉာဏ်အလင်းပေးသနည်း။ သူသည် လက်ရှိအရေးကိစ္စမျိုးကို နားလည်သည့် အချို့သော လူများကို အသုံးပြုသည်။ ၎င်းတို့ကို အဆောတလျင် ရှာဖွေလော့၊ ၎င်းတို့ထံမှ နည်းပေးလမ်းပြမှုအနည်းငယ် ရယူလော့၊ ထို့နောက် အမှုအရာကို အခြေခံသဘောတရားများအတိုင်း သင်ဆောင်ရွက်လော့၊ ယင်းကို သင်လုပ်ဆောင်နေစဉ် ဘုရားသခင်က သင့်ကို လမ်းညွှန်လိမ့်မည်။ သို့သော် လက်ရှိ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု၊ သို့မဟုတ် အထူးပြုမှုအကြောင်းကို အနည်းငယ် သင်နားလည်ရမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ သင်၌ အမြင်သဘောထားအချို့ ရှိရမည်။ သင်လုပ်ဆောင်သင့်သည့်အရာနှင့်စပ်လျဉ်း၍ ဘုရားသခင်က သင့်ကို ဤအခြေခံအုတ်မြစ်ပေါ်တွင် ဉာဏ်အလင်းပေးမည် ဖြစ်သည်။

ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှ

သင်သည် အရာခပ်သိမ်းတွင် ဘုရားသခင်၏ အလိုကို ရှာဖွေသင့်ပြီး အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေရမည်။ ဥပမာအားဖြင့်- အစားအစာ၊ အဝတ်အစားနှင့် ပုဂ္ဂိုလ်ရေး ကိစ္စရပ်များတွင် သမ္မာတရားကို သင် မည်သို့ ရှာဖွေသနည်း။ ဤအရာများတွင် ရှာဖွေရမည့်သမ္မာတရားများ ရှိသလော။ အချို့က၊ “မည်သို့ပင်ဆိုစေ၊ ကောင်းကောင်းစားပြီး ကောင်းကောင်း ဝတ်ဖို့ဆိုသည်မှာ ကောင်းပေ၏။ နုံချာစွာစားခြင်း သို့မဟုတ် ဝတ်စားခြင်းသည် လူတစ်ဦးကို အခွင့်အရေးကို ဆုံးရှုံးစေလိမ့်မည်” ဟု ပြောကြသည်။ ဤအမြင်တွင် သမ္မာတရား ရှိသလော။ ဘဝတွင် ကောင်းကောင်း စားပြီး ကောင်းကောင်း ဝတ်ဆင်ဖို့သည် မရှိမဖြစ်လိုအပ်သလော။ လုံးဝ မလိုပေ။ တစ်နည်းအားဖြင့် ပြောရလျှင်၊ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို စိတ်ရင်းအမှန်ဖြင့် သိကျွမ်းနိုင်ပြီး သမ္မာတရားကို ပိုင်ဆိုင်နိုင်ပါက၊ ထိုလူ လုပ်ဆောင်သည့် အရာတိုင်းတွင်၊ သူသည် ဘုရားသခင်ကို သက်သေခံနေပြီး ဘုရားသခင်ကို စိတ်ကျေနပ်နေစေပေသည်။ ထိုသို့သော လူတစ်ဦးသည် မည်မျှ ဆိုးရွားစွာ စားသည်ဖြစ်စေ ဝတ်ဆင်သည်ဖြစ်စေ၊ သူ၏ အသက်ရှင်ခြင်းသည် တန်ဖိုးရှိနေဆဲဖြစ်ပြီး၊ ဘုရားသခင်၏ လက်ခံမှုကို သူ ရရှိနိုင်ပေသည်- ယင်းမှာ အဓိပ္ပာယ် အရှိဆုံးသော အရာ ဖြစ်သည် မဟုတ်လော။ လူတစ်ဦးက ဝတ်ဆင်သည့် မည်သည့် အဝတ်အစားမျိုးမဆိုသည် အဓိကအားဖြင့် လုံးဝ အရေးမပါပေ။ ဝတ်ကောင်းစားလှများ ဝတ်ဆင်ခြင်းက သင်သည် ကောင်းချီးမင်္ဂလာ ခံစားရလိမ့်မည်ဟု အာမမခံပေ။ သင်သည် မှားယွင်းသည့် လမ်းကြောင်းကို လျှောက်ပါက ကျိန်ဆဲခြင်း ခံရဆဲဖြစ်ပေလိမ့်မည်၊ ဟောင်းနွမ်းစုတ်ပြတ်သော အဝတ်အစားများ ဝတ်ဆင်နေသော်လည်း သမ္မာတရားကို ရရှိပြီးသည့် လူတစ်ဦးမှာ သို့ဖြစ်စေကာမူ ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ အစားအစာနှင့် အဝတ်အစားတို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များအပေါ် သင်တို့ သဘောထားသင့်ပုံတွင် ရှာဖွေရမည့် သမ္မာတရားရှိပြီး၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင် သဘောထားသင့်ပုံတွင် ရှာဖွေရမည့် သမ္မာတရား သာ၍ပင် ရှိပေသည်။ ဘုရားသခင်၏ တာ၀န်ပေးစေခိုင်းချက်များကို သင် မည်သို့ ယူမှတ်သည်မှာ အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ သင့်ကို ဘုရားသခင် အပ်နှံထားသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သင်သည် သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မသင့်တော်သကဲ့သို့၊ အပြစ်ပေးခံရသင့်ပေသည်။ ဘုရားသခင် အပ်နှံသည့် မည်သည့် တာဝန်များကိုမဆို ပြည့်စုံစေဖို့မှာ လူသားများအတွက် ကောင်းကင်ဘုံ၏ ဥပဒေဖြစ်ပြီး မြေကြီး၏ အခြေခံသဘောတရား ဖြစ်ပေသည်၊ ဤသည်မှာ ၎င်းတို့၏ အမြင့်ဆုံး တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ တကယ့် အသက်တမျှပင် အရေးကြီးပေသည်။ ဘုရားသခင်၏ တာ၀န်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်၊ ဤတွင်၊ သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။ လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင် အပ်နှံသည့်အရာကို ရှုမြင်ပုံနှင့်ပတ်သက်၍ အကုန်အစင် သိနားလည်မှုတစ်ခု ရရှိရမည်ဖြစ်ပြီး၊ အနည်းဆုံးအနေဖြင့်၊ လူသားမျိုးနွယ်ကို သူ အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်များသည် ဘုရားသခင်ထံမှ ချီးမြှောက်ခြင်းများနှင့် အထူး မျက်နှာသာပေးခြင်းများ ဖြစ်သည်၊ ၎င်းတို့သည် ဂုဏ်ကျက်သရေအရှိဆုံးသော အရာများ ဖြစ်သည်ကို သဘောပေါက်ရမည်။ အခြားအရာအားလုံးကို စွန့်ပစ်နိုင်သည်- လူတစ်ဦးသည် မိမိ၏ အသက်ကို စွန့်လွှတ်ရမည်ဖြစ်လျှင်ပင်၊ သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းမြဲ ဖြည့်ဆည်းရမည်။ ဤနေရာတွင် ရှာဖွေရမည့် သမ္မာတရား မရှိသလော။ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများ ရရှိခြင်းသည် သမ္မာတရားကို ရှာဖွေခြင်းနှင့် အတွင်းကျကျ ဆက်နွှယ်နေလေသည်။ လူတို့ အဘယ်ကြောင့် အသက်ရှင်သည်ဆိုသည်နှင့် ဘဝကို သင် မည်သို့ ရှုမြင်သင့်သည်ဆိုသည့် သမ္မာတရားကို သင် နားလည်ပါက၊ သင်၏ ဘဝအမြင်သည် ပြောင်းလဲလိမ့်မည် မဟုတ်လော။ ထို့ထက်ပင်ပို၍၊ ဤနေရာတွင် ရှာဖွေရမည့် သမ္မာတရား ရှိပေသည်။ ဘုရားသခင်ကို ချစ်ခြင်းတွင် မည်သည့် သမ္မာတရားများ ရှိသနည်း။ လူသားများသည် အဘယ်ကြောင့် သူ့ကို ချစ်ရမည်နည်း။ သူ့ကို ချစ်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ လူတစ်ဦးသည် ဘုရားသခင်ကို ချစ်ခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားကို ရှင်းလင်းသ‌ည့် သိနားလည်မှုတစ်ခု ရှိပြီး၊ ရင်ထဲကသူ့ကို ချစ်နိုင်ပါက- ဤလူသည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အနည်းငယ်မျှ ချစ်ခြင်းသာ စွဲကိုင်ထားလျှင်ပင်- သူသည် စစ်မှန်သည့် အသက်တစ်ခု ရှိပြီး၊ ကောင်းချီးမင်္ဂလာ အခံစားရဆုံးသော သူများထဲက ဖြစ်ပေသည်။ အရာခပ်သိမ်းတွင် သမ္မာတရား ရှာဖွေသူတို့သည် ဘဝတွင် အမြန်ဆုံး တိုးတက်ကြပြီး စိတ်သဘောထား၏ ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်ကြသည်။ ဘုရားသခင် ချစ်သည့်သူများမှာ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေသူများ အတိအကျ ဖြစ်ပေသည်။ လူတစ်ဦးသည် အယူအဆများနှင့် အယူဝါဒများကို အားထားပါက သို့မဟုတ် အရာခပ်သိမ်းတွင် စည်းမျဉ်းများကို လိုက်နာပါက၊ သူသည် တိုးတက်လိမ့်မည်မဟုတ်။ သူသည် သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အနှေးနှင့်အမြန် ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး၊ ဤလူစားမျိုးကို ဘုရားသခင် အစက်ဆုပ်ဆုံး ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း” မှ

ယုံကြည်သူတစ်ဦး၏ လုပ်ဆောင်ချက်များသည် သမ္မာတရားနှင့် ပတ်သက်ခြင်းမရှိပါက၊ သူသည် မယုံကြည်သူတစ်ဦးနှင့် တူပေသည်။ ဤသည်မှာ မိမိ၏ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသကဲ့သို့ ဘုရားသခင်ကို စွန့်ခွာသည့် လူစားမျိုးဖြစ်ပြီး၊ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်၏ မိသားစုတွင် မိမိ၏ ဆရာသခင်အတွက် တောက်တိုမယ်ရ လုပ်ဆောင်သူ၊ ကြေးအနည်းငယ် ရရှိပြီးနောက် ထွက်ခွာသည့် ငှားရမ်းထားသော အလုပ်သမားတစ်ဦးနှင့် တူပေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောလူတစ်ဦး တကယ်ကို မဟုတ်ပေ။ ယခင်က၊ ဘုရားသခင်၏ လက်ခံမှုကို ရရှိဖို့ သင် လုပ်ဆောင်နိုင်သည့်အရာကို ဖော်ပြပြောဆိုခြင်း ရှိခဲ့သည်။ ဘုရားသခင်ထံမှ လက်ခံမှုသည် သင် ပထမဦးဆုံး စဉ်းစားသင့်ကာ ယင်းအတွက် အလုပ်လုပ်သင့်သည့်အရာ ဖြစ်သည်။ ယင်းသည် သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့်ဆိုင်သော အခြေခံသဘောတရားနှင့် နယ်ပယ် ဖြစ်သင့်သည်။ သင်လုပ်ဆောင်နေသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိ မရှိဆိုသည်ကို သင် စူးစမ်းသင့်သည့် အကြောင်းရင်းမှာ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီပါက၊ ဘုရားသခင်၏ အလိုနှင့် သေချာပေါက် ကိုက်ညီပေသည်။ ယင်းမှာ ကိစ္စရပ်က မှန်သည်၊ မှားသည် သို့မဟုတ် ထိုအရာက အခြားအယောက်တိုင်း၏ အကြိုက်များနှင့် ကိုက်ညီခြင်း ရှိ မရှိ၊ သို့မဟုတ် ယင်းသည် သင်၏ ကိုယ်ပိုင် စိတ်ဆန္ဒများနှင့် ကိုက်ညီခြင်း ရှိ မရှိဆိုသည်ကို သင် တိုင်းတာသင့်သည်ဟူ၍ မဟုတ်ဘဲ၊ ယင်းထက်၊ ထိုအရာသည် သမ္မာတရားနှင့်အညီ ဖြစ်သည်၊ မဖြစ်သည်၊ ပြီးလျှင် ထိုအရာက အသင်းတော်၏ အလုပ်နှင့် အကျိုးစီးပွားများကို အကျိုးပြုခြင်း ရှိမရှိဟူ၍ ဖြစ်ပေသည်။ ဤအရာများကို သင် သုံးသပ်ဆင်ခြင်မှု ပြုပါက၊ အမှုအရာများကို လုပ်ဆောင်သည့်အခါ၊ သင်သည် ဘုရားသခင်၏ အလိုနှင့် သာ၍ သာ၍ ကိုက်ညီလိမ့်မည်ဖြစ်သည်။ အမှုအရာများကို သင် လုပ်ဆောင်သည့်အခါ ဤရှုထောင့်များကို သင် မစဉ်းစားသကဲ့သို့၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒအပေါ်သာ မှီခိုပါက၊ လူ၏ အလိုဆန္ဒသည် သမ္မာတရားမဟုတ်သကဲ့သို့၊ အမှန်ကို ဘုရားသခင်နှင့် သဟဇာတ မဖြစ်သောကြောင့် ယင်းတို့ကို မမှန်မကန် သင် လုပ်ဆောင်မိဖို့ သေချာပေသည်။ သင်သည် ဘုရားသခင်၏ လက်ခံခြင်းကို ခံရဖို့ ဆန္ဒရှိပါက၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒအတိုင်းထက် သမ္မာတရားအတိုင်း သင် လက်တွေ့လုပ်ဆောင်ရမည်။ လူအချို့သည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းအတွက်ကြောင့် အချို့သော သီးသန့် ကိစ္စရပ်များတွင် ပါဝင်လုပ်ဆောင်တတ်ကြ၏။ ထို့နောက် ၎င်းတို့၏ ညီအစ်ကို မောင်နှမများက ဤအရာကို မသင့်လျော်သကဲ့သို့ မြင်ကြပြီး ယင်းအတွက် ၎င်းတို့ကို အပြစ်တင်ကြ၏၊ သို့သော် ဤလူများသည် အပြစ်တင်ခြင်းကို လက်မခံကြချေ။ ယင်းသည် အသင်းတော်၏ အလုပ်၊ ဘဏ္ဍာရေး၊ သို့မဟုတ် လူများ မပါဝင်သည့် ပုဂ္ဂိုလ်ရေး ကိစ္စရပ်တစ်ခု ဖြစ်သောကြောင့်၊ ယင်းကို သမ္မာတရား၏ နယ်ပယ်ကို ချိုးဖောက်ခြင်းအဖြစ် မယူဆသကဲ့သို့၊ ဤကိစ္စရပ်တွင် ဘုရားသခင်က ဝင်ရောက်မစွက်ဖက်သင့်ဟု ၎င်းတို့က တွေးထင်ကြလေသည်။ အချို့သော အရာများသည် သင့်အဖို့ မည်သည့် အခြေခံသဘောတရားမျှ သို့မဟုတ် မည်သည့် သမ္မာတရားမျှ မပါဝင်သည့် သီးသန့် ကိစ္စရပ်များအဖြစ် ထင်ကောင်းထင်ရပေမည်။ သို့သော် သင် လုပ်ဆောင်ခဲ့သည့် အရာများကို ကြည့်ရာတွင်၊ သင်သည် အလွန် တစ်ကိုယ်ကောင်းဆန်လျက်ရှိခဲ့သည်မှာ သင်သည် ဘုရားသခင်၏ မိသားစု အလုပ် သို့မဟုတ် သင် လုပ်ဆောင်ခဲ့သည့်အရာက ယင်းအား မည်သို့ ထိခိုက်မည်ကို ထည့်တွက်စဉ်းစားခြင်းမရှိပေ။ သင်သည် သင်၏ ကိုယ်ပိုင် အကျိုးကျေးဇူးကိုသာ စဉ်းစားနေခဲ့သည်။ ဤသည်မှာ သန့်ရှင်းသူတို့၏ လိုက်နာရမည့်ကျင့်ဝတ်အပြင် လူတစ်ဦး၏ လူ့သဘာဝနှင့် ပတ်သက်သည့် ကိစ္စများ ပါဝင်နှင့်ပြီးဖြစ်သည်။ သင်လုပ်ဆောင်နေခဲ့သည့်အရာသည် အသင်းတော်၏ အကျိုးစီးပွားများ မပါဝင်ခဲ့သကဲ့သို့ သမ္မာတရား မပါဝင်သော်လည်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအဖြစ် အခိုင်အမာ ပြောဆိုနေစဉ် သီးသန့် ကိစ္စရပ်တစ်ခုတွင် ပါဝင်ပတ်သက်ခြင်းသည် သမ္မာတရားနှင့် မကိုက်ညီပေ။ သင်လုပ်ဆောင်နေသည့်အရာ မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ ကိစ္စရပ်တစ်ခုသည် မည်မျှ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ မိသားစုထဲက သင်၏ တာဝန်ကို ဖြည့်ဆည်းဖို့ ထိုအရာကို လုပ်ဆောင်နေသည်ဖြစ်စေ သို့မဟုတ် သင်၏ ကိုယ်ပိုင် သီးသန့်အကြောင်းရင်းများကြောင့် လုပ်ဆောင်နေသည်ဖြစ်စေ၊ သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီခြင်း ရှိမရှိအပြင်၊ ယင်းသည် လူ့သဘာဝရှိသည့် လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဟုတ်၊ မဟုတ်ဆိုသည်တို့ကို သင် သုံးသပ်ဆင်ခြင်ရမည်။ သင်လုပ်ဆောင်သည့် အရာတိုင်းတွင် သမ္မာတရားကို ထိုသို့ သင် ရှာဖွေပါက သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောလူတစ်ဦး ဖြစ်ပေသည်။ သင်သည် ကိစ္စရပ်တိုင်းနှင့် သမ္မာတရားတိုင်းကို ဤနည်းလမ်းဖြင့် ရိုးသားဖြူစင်စွာ ဆက်ဆံပါက၊ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများကို သင် ရရှိနိုင်လိမ့်မည်။ လူအချို့က ကိုယ်ရေးကိုယ်တာကိစ္စရပ် တစ်ခုကို ၎င်းတို့ လုပ်ဆောင်နေချိန်တွင် သမ္မာတရားကို ၎င်းတို့ လျစ်လျူရှုနိုင်သည်၊ ထိုအရာကို ၎င်းတို့ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်နိုင်ပြီး ၎င်းတို့ကို ပျော်ရွှင်စေသည့် မည်သည့်နည်းလမ်းဖြင့်မဆို လုပ်ဆောင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့ကို အကျိုးကျေးဇူးပြုသော မည်သည့်ပုံစံဖြင့်မဆို လုပ်ဆောင်နိုင်သည်ဟု တွေးထင်ကြလေသည်။ ယင်းသည် ဘုရားသခင်၏ မိသားစုကို မည်သို့ အကျိုးသက်ရောက်မည်ကို ၎င်းတို့ နည်းနည်းမျှ ထည့်သွင်းစဉ်းစားခြင်းမရှိသကဲ့သို့ ၎င်းတို့ လုပ်ဆောင်နေသည့်အရာက သန့်ရှင်းသူတို့ကဲ့သို့ ကျင့်၀တ်နှင့် သင့်လျော်ခြင်းရှိ၊ မရှိဆိုသည်ကိုလည်း မစဉ်းစားကြချေ။ အဘယ်ကြောင့်ဆိုသည်ကို ၎င်းတို့ မသိကြသော်လည်း၊ နောက်ဆုံးတွင် ၎င်းတို့သည် ထိုကိစ္စ ပြီးစီးသွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ စိတ်အတွင်းတွင် မှောင်မိုက်လာပြီး စိတ်မသက်မသာ ခံစားရလေသည်။ ဤပြစ်ဒဏ်ခတ်ခြင်းသည် မထိုက်တန်ပါသလော။ ဘုရားသခင် လက်မခံသည့်အရာများကို သင် လုပ်ဆောင်ပါက သင်သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပေပြီ။ တစ်စုံတစ်ဦးသည် သမ္မာတရားကို မချစ်သကဲ့သို့၊ မိမိတို့၏ အလိုဆန္ဒပေါ် အခြေခံကာ အမှုအရာများကို မကြာခဏ လုပ်ဆောင်ပါက၊ ဘုရားသခင်ကို ၎င်းတို့ မကြာခဏ ပုန်ကန်ပြစ်မှားမိမည်ဖြစ်သည်။ ထိုသို့သော လူတို့သည် သာမန်အားဖြင့် ၎င်းတို့ လုပ်သည့်အရာ၌ ဘုရားသခင်၏လက်ခံမှုကို မရရှိကြသကဲ့သို့ ၎င်းတို့ နောင်တမရပါက အပြစ်ပေးခြင်းသည် သိပ်ဝေးတော့မည်မဟုတ်ပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏အလိုကို ရှာဖွေခြင်းမှာ သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်အတွက် ဖြစ်၏” မှ

အရှေ့သို့- ၂၃) ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်ရန် ကြိုးစားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၂၅) သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၁၂၇ ဘုရားသခင်သည် သူ၏စိတ်သဘောထားအလုံးစုံကို နောက်ဆုံးသော ကာလတွင် ဖွင့်ပြခဲ့ပြီ

၁ကမ္ဘာကိုဖန်ဆင်း ကတည်းက ဘုရားသခင်၏ဝိညာဉ်သည် ကြီးမားသောအမှု အမြဲ သူ ပြုလုပ်ခဲ့သည်။သူသည် ကွဲပြား သော တိုင်းနိုင်ငံများ နှင့်အို...ခေတ်အဆက်ဆက်...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်