၈၆) ဘုရားသခင်အဖို့ လှူဖွယ်ပစ္စည်းများကို ဆက်ဆံပုံဆိုင်ရာ အခြေခံသဘောတရားများ

(၁) ဘုရားသခင့်အိမ်တော်၏ ပိုင်ဆိုင်မှုအားလုံး အပါအဝင် ထိုအိမ်တော်၏ ငွေများနှင့် ပစ္စည်းများသည် ဘုရားသခင်အဖို့ သူ၏ ရွေးချယ်ခံ လူတို့ထံမှ လှူဖွယ်ပစ္စည်းများဖြစ်ပြီး မည်သည့်အသင်းတော်၊ သို့မဟုတ် မည်သည့်လူနှင့်မျှ မသက်ဆိုင်ပေ။

(၂) ဘုရားသခင်အဖို့ဖြစ်သော လှူဖွယ်ပစ္စည်းများကို ဘုရားသခင်နှင့် ယဇ်ပုရောဟိတ်မှလွဲ၍ မည်သူမျှ သုံးဆောင်ပိုင်ခွင့် မရှိပေ။ ထိုလှူဖွယ်ပစ္စည်းများထဲမှ ခိုးယူသောသူ မည်သူမဆိုသည် ယုဒဖြစ်ပြီး အပြစ်ပေးခံရမည်ဖြစ်သည်။

(၃) ဘုရားသခင်ထံ လှူဒါန်းထားသော လှူဖွယ်ပစ္စည်းများကို ဘုရားသခင်နှင့် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူက စီစဉ်ကာ လွှဲပြောင်း၍ ထိန်းချုပ်မည်ဖြစ်ပြီး ယင်းတို့ကို မည်သူမျှ နှောင့်ယှက်၍ မရ၊ သို့မဟုတ် အလိုရှိသည်အတိုင်း ရွေ့ပြောင်း၍ မရပေ။

(၄) မိမိ၏တာဝန်ကို ဂရုမစိုက်ဘဲ ဝတ်ကျေတမ်းကျေ ထမ်းဆောင်မှုကြောင့်၊ သို့မဟုတ် အခြေခံသဘောတရားများနှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်မှုကြောင့် လှူဖွယ်ပစ္စည်းများကို ဆုံးရှုံးစေသည့်သူသည် သမ္မာတရား အခြေခံသဘောတရားအတိုင်း လိုအပ်သလို လျော်ကြေး ပေးသင့်သည်။

(၅) လှူဖွယ်ပစ္စည်းများကို အလွန်အကျွံ အလွဲသုံးစားပြုသောသူ၊ သို့မဟုတ် ခိုးဝှက်သောသူကို ၎င်းတို့ယူခဲ့သည့်အရာအတွက် ပြန်ပေးစေရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် ၎င်းတို့ငြင်းဆန်ပါက ပြင်းထန်သော ဒဏ်ခတ်မှုကို အကောင်အထည် ဖော်နိုင်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်အိမ်တော်ရှိ ငွေ၊ ရုပ်ဝတ္ထုပစ္စည်းများနှင့် ပိုင်ဆိုင်မှု အားလုံးတို့သည် လူသားက ပေးသင့်သည့် လှူဖွယ်ပစ္စည်းများ ဖြစ်သည်။ လူ၏ လှူဖွယ်ပစ္စည်းများသည် ဘုရားသခင်၏ မွေ့လျော်ခံစားခြင်းအတွက် ဖြစ်သောကြောင့်၊ ဤလှူဖွယ်ပစ္စည်းများကို ယဇ်ပုရောဟိတ်နှင့် ဘုရားသခင်မှတစ်ပါး မည်သူမျှ ခံစား၍မရပေ။ ဘုရားသခင်သည် ဤလှူဖွယ်ပစ္စည်းများကို ယဇ်ပုရောဟိတ်နှင့်သာ မျှဝေခံစားသည်။ အခြားမည်သူမျှ ယင်းတို့၏ မည်သည့်အစိတ်အပိုင်းကိုမျှ ခံစားရန် အရည်အချင်း မပြည့်မီပေ၊ သို့မဟုတ် ခံစားခွင့် မရှိပေ။ (ငွေကြေးနှင့် မွေ့လျော်ခံစား၍ရသည့် ရုပ်ဝတ္ထုပစ္စည်းများ အပါအဝင်) လူသား၏ လှူဖွယ်ပစ္စည်းများ အားလုံးကို လူကို မဟုတ်ဘဲ၊ ဘုရားသခင်အား ပေးအပ်ခြင်း ဖြစ်ပြီး၊ ထို့ကြောင့် ဤအရာတို့ကို လူသားက မမွေ့လျော်မခံစားသင့်ပေ။ လူသားသည် ယင်းတို့ကို မွေ့လျော်ခံစားခဲ့မည်ဆိုပါက၊ သူသည် လှူဖွယ်ပစ္စည်းများကို ခိုးယူခြင်း ဖြစ်မည်။ ယုဒသည်လည်း သစ္စာဖောက်တစ်ဦး ဖြစ်ခြင်းအပြင်၊ ငွေအိတ်ထဲသို့ ထည့်သည့်အရာကို အခွင့်မရှိဘဲ ယူဆောင်သည့်အတွက်၊ ဤအရာပြုသောသူ မည်သူမဆိုသည် ယုဒ ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်” မှ

ပူဇော်ဆက်ကပ်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ပူဇော်ဆက်ကပ်ခြင်းဆိုသည်မှာ ဘုရားသခင်ကို လူပုဂ္ဂိုလ်တစ်ယောက်က ဆက်ကပ်အပ်နှံသည့် တစ်စုံတစ်ခု ဖြစ်သည်။ ယင်းက လူသားနှင့် မသက်ဆိုင်တော့ဘဲ၊ ဘုရားသခင်နှင့်သာ သက်ဆိုင်သည်။ ဘုရားသခင်ကို ဆက်ကပ်အပ်နှံသည့် မည်သည့်အရာမဆို- ငွေကြေးဖြစ်စေ သို့မဟုတ် အရာဝတ္ထုများဖြစ်စေ၊ ပြီးလျှင် ယင်း၏တန်ဖိုးမည်မျှ ရှိသည်ဖြစ်စေ- ဘုရားသခင်နှင့် လုံးလုံး သက်ဆိုင်ပြီး၊ လူ အလိုရှိသလို အသုံးပြု၍ရသောအရာ မဟုတ်သကဲ့သို့၊ အသုံးပြုရန် သူ၏အရာလည်း မဟုတ်ပေ။ ဘုရားသခင်ကို ပူဇော်ဆက်ကပ်ခြင်းများကို မည်သို့ စိတ်ကူးထဲ ရုပ်လုံးပေါ်အောင် တွေးနိုင်သနည်း။ ဘုရားသခင်သည်သာလျှင် သူနှင့် သက်ဆိုင်သည့် အရာကို စွန့်ပစ်နိုင်သည်၊ ပြီးလျှင် သူ၏လက်ခံခြင်းကို မရရှိမီ၊ ထိုအရာများကို မည်သူမျှ မနှောင့်ယှက်နိုင်သကဲ့သို့၊ ယင်းတို့အတွက် မည်သည့်အစီအစဉ်များမှ မလုပ်ဆောင်နိုင်ပေ။ “ဘုရားသခင်သည် တစ်စုံတစ်ခုကို အသုံးမပြုနေပါက၊ ကျွန်ုပ်တို့အား ယင်းကို အဘယ့်ကြောင့် ပေးမသုံးသနည်း။ ယင်းက အချိန်အတော်ကြာ၍ ပျက်စီးခဲ့ပါက၊ ဝမ်းနည်းစရာဖြစ်မည် မဟုတ်လော။” ဟု ပြောသည့်သူများ ရှိပေသည်။ မဟုတ်ပေ၊ ထိုအချိန်တွင်ပင် မဖြစ်ပေ။ ဤသည်မှာ အခြေခံသဘောတရားဖြစ်သည်။ ပူဇော်ဆက်ကပ်ခြင်းများသည် ဘုရားသခင်နှင့်သက်ဆိုင်သည့်အရာများဖြစ်သည်၊ လူနှင့်မသက်ဆိုင်ပေ။ ကြီးကြီးငယ်ငယ်၊ ပြီးလျှင် ယင်းတို့သည် တန်ဖိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ လူသားက ယင်းတို့ကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်က ယင်းတို့ကို လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ယင်းတို့၏အနှစ်သာရသည် ပြောင်းလဲပြီးဖြစ်ပေသည်။ အရာဝတ္ထုတစ်ခုသည် ပူဇော်ဆက်ကပ်သည့်အရာ ဖြစ်လာပြီးသည်နှင့် တစ်ပြိုင်နက်၊ ယင်းက ဖန်ဆင်းရှင်၏ ပိုင်ဆိုင်မှုများ အလယ်တွင် ပါဝင်ပြီး၊ သူအလိုရှိသလို အသုံးပြုသည့်အရာ ဖြစ်ပေသည်။ တစ်စုံတစ်ဦး၏ ပူဇော်ဆပ်ကပ်ခြင်းနှင့်သက်ဆိုင်သည့် အမြင်ရှုထောင့်သည် မည်သည့်အရာ ပါဝင်သနည်း။ ယင်းက ဘုရားသခင်အပေါ် တစ်စုံတစ်ဦး၏ သဘောထား ပါဝင်ပေသည်။ ဘုရားသခင်အပေါ် လူပုဂ္ဂိုလ်တစ်ဦး၏ သဘောထားသည် ရိုင်းစိုင်းမှုနှင့် မထီမဲ့မြင်ပြုခြင်းတို့နှင့် အပူအပင်မရှိခြင်းတို့ထဲမှ တစ်ခုဖြစ်ပါက၊ ဘုရားသခင်ပိုင်ဆိုင်သည့် အရာများ အားလုံးအပေါ် ထိုလူပုဂ္ဂိုလ်၏သဘောထားသည်လည်း သေချာပေါက် ထိုနည်းတူဖြစ်လိမ့်မည်။ “အချို့သော ပူဇော်ဆက်ကပ်မှုများသည် ယင်းတို့ကို စောင့်ရှောက်သည့်သူ တစ်ဦးမျှ မရှိကြပေ။ ယင်းတို့ကို လက်ဝယ်ပိုင်ထားသည့်သူမည်သူမဆိုနှင့် ယင်းတို့က သက်ဆိုင်သည်ဟု မဆိုလိုသလော။ ယင်းကို တစ်စုံတစ်ဦးက သိသည်ဖြစ်စေ မသိသည်ဖြစ်စေ၊ ယင်းမှာ ‘ကိုယ့်လက်ထဲရောက် ကိုယ့်ဥစ္စာသာ’ ဖြစ်သည်။ ထိုအရာများကို ရှာတွေ့သူ မည်သူမဆိုသည် ယင်းတို့၏ပိုင်ဆိုင်မှုဖြစ်သည်” ဟု ပြောသည့်လူအချို့ ရှိကြသည်။ ထိုအမြင်ရှုထောင့်နှင့်ပတ်သက်၍ သင်မည်သို့ တွေးထင်သနည်း။ အတော်အတန် သိသာထင်ရှားစွာပင်၊ ယင်းက မမှန်ကန်ပေ။ ပူဇော်ဆက်ကပ်မှုများအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ မည်သည့်အရာကို ပူဇော်ဆက်ကပ်သည်ဖြစ်စေ၊ ပြီးလျှင် ယင်းကို သူလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ၊ တစ်စုံတစ်ခုကို ပူဇော်ဆက်ကပ်မှုတစ်ခုအဖြစ် သတ်မှတ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို ရယူဖို့ ကြိုးစားသူ မည်သူမဆိုသည် “မမျှော်လင့်သောအရာဖြစ်ခြင်း” ဖြင့် အဆုံးသတ်နိုင်သည်။ ယင်းက မည်သည့်အရာကို ဆိုလိုသနည်း။ (ယင်းက ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းကို ဆိုလိုသည်။) သင်တို့အားလုံးသည် ဤအမြင်ရှုထောင့် ရှိကြသည်။ ထို့ကြောင့် ဤအရေးကိစ္စသည် လူများကို မည်သည့်အရာကို ပြောသနည်း။ ယင်းက ဘုရားသခင်၏စိတ်သဘောထားသည် လူသားများ၏ မည်သည့်ပုန်ကန်ပြစ်မှားခြင်းကို သည်းခံခြင်း မရှိကြောင်းနှင့် ၎င်းတို့သည် သူ၏အရာဝတ္ထုများကို ဆော့မကစားရကြောင်းတို့ကို ၎င်းတို့အား ပြောသည်။ ဥပမာအားဖြင့် ဘုရားသခင်၏ ပူဇော်ဆက်ကပ်ခြင်းများ- လူပုဂ္ဂိုလ်တစ်ဦးသည် ယင်းတို့ကို သူ၏ကိုယ်ပိုင်အဖြစ် ယူဆောင်ခြင်း သို့မဟုတ် ယင်းတို့ကို အလဟဿဖြစ်စေခြင်းနှင့် ဖြုန်းတီးခြင်းတို့ပြုပါက၊ သူသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိမည် ဖြစ်ပြီး အပြစ်ဒဏ်ပေးခြင်းခံရနိုင်ဖွယ်ရှိမည် ဖြစ်ပေသည်။ သို့သော်လည်း၊ ဘုရားသခင်၏ဒေါသပုန်ထခြင်း၌ ယင်း၏အခြေခံသဘောတရားများ ရှိသည်။ ယင်းက ဘုရားသခင်သည် အမှားတစ်ခုပြုသည့် မည်သူ့ကိုမဆို ဒေါသတကြီး ရမ်းသည်ဟု လူများစိတ်ကူးထားသကဲ့သို့ မဟုတ်ပေ။ လူများသည် ဘုရားသခင်၏ ပူဇော်ဆက်ကပ်ခြင်းများကို သတိဖြင့် ဆက်ဆံရမည်ဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိစေဖို့ သေချာစေရန် တစ်ခုတည်းသော နည်းလမ်းမှာ သူ့အတွက် ရိုသေလေးမြတ်မှု ရှိခြင်း ဖြစ်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၃)” မှ

ပူဇော်သက္ကာများအကြောင်းနှင့် ပတ်သက်၍ ကနဦးခေတ်တွင် ဘုရားသခင်က ပူဇော်သက္ကာအဖြစ် ဆယ်ဖို့တစ်ဖို့ကို ပေးရန် လူကို တောင်းဆိုခဲ့ကြောင်း သမ္မာတရားက မှတ်တမ်းတင်ထားသည်။ ပမာဏကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ပူဇော်သက္ကာက အတိအကျ မည်သည့်အရာဖြစ်ပြီး ငွေကြေးဖြစ်စေ သို့မဟုတ် ရုပ်ဝတ္ထုပစ္စည်းမျိုးဖြစ်စေ လူတို့ဝင်ငွေ၏ ဆယ်ဖို့တစ်ဖို့ ဖြစ်နေသရွေ့ ယင်းမှာ ပူဇော်သက္ကာ အစစ်အမှန်ပင် ဖြစ်လေသည်။ ဤသည်မှာ ဘုရားသခင်က လူကို တောင်းဆိုခဲ့သော အရာဖြစ်ပြီး၊ ယင်းက ဘုရားသခင်၌ ယုံကြည်သူများ ဘုရားသခင်ကို ဆက်ကပ်ရမည့်အရာ ဖြစ်ခဲ့ပေသည်။ ဤဆယ်ဖို့ထဲမှတစ်ဖို့မှာ ပူဇော်သက္ကာတစ်မျိုး ဖြစ်သည်။ လူအချို့က “ဆယ်ဖို့တစ်ဖို့သည် ငွေကြေးသာလျှင် ဖြစ်နိုင်သလော” ဟု မေးတတ်ကြသည်။ သေချာပေါက်မဟုတ်ပါပေ။ ဥပမာ၊ လူတစ်ဦးသည် ဂျုံဧကတစ်ဆယ် ရိတ်သိမ်းရလျှင် ထွက်နှုန်းပမာဏ မည်မျှရှိစေကာမူ အခြေခံအားဖြင့် ဤဂျုံတစ်ဧကတန်ဖိုးကို ဘုရားသခင်အား ပေးရမည်ဖြစ်သည်။ ဤဆယ်ဖို့တစ်ဖို့မှာ သဿမေဓအခွန်ဖြစ်သည်။ ထို့ကြောင့် “ဆယ်ဖို့တစ်ဖို့” သည် ငွေအသပြာကိုသာ ရည်ညွှန်းသည်မဟုတ်၊ လူတစ်ဦးက ဒေါ်လာငွေတစ်ထောင် ဝင်ငွေရသောအခါ သူတို့က ဘုရားသခင်ကို တစ်ရာပေးရမည် ဖြစ်သော်လည်း လူတို့၏ဝင်ငွေ၌ ရုပ်ဝတ္ထုပစ္စည်းများ၊ ဘဏ္ဍာရေးအဖိုးတန်ပစ္စည်းများ ဟူ၍ သာ၍များစွာ ခြုံငုံပါသည်။ ဤအရာအားလုံးကို သမ္မာကျမ်းစာထဲ၌ ဖော်ပြထားသည်။ ဘုရားသခင်၏အိမ်တော်သည် လူတို့အနေဖြင့် သူတို့၏ဝင်ငွေထဲမှ ဆယ်ပုံတစ်ပုံကိုပေးရန် သတ်မှတ်ထားရာ၌ သမ္မာကျမ်းစာလောက် မတင်းကျပ်သည်မှာ အမှန်ပင်။ ဤတွင် ကျွန်ုပ်သည် ဆယ်ဖို့တစ်ဖို့ပေးခြင်းမှာ ပူဇော်သက္ကာတစ်မျိုး ဖြစ်ကြောင်း လူတို့ သိစေရန်အလို့ငှာ “ဆယ်ဖို့တစ်ဖို့” ၏ အယူအဆနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်းကို ဆွေးနွေးပြီး အသိပညာ ပေးနေခြင်းသာလျှင် ဖြစ်သည်။ ရည်ရွယ်ချက်မှာ ဆယ်ဖို့တစ်ဖို့ လှူဒါန်းရန်အတွက် လူတို့ကို ပန်ကြားဖို့မဟုတ်ပါ။ အလှူဒါနများဟူသည် လူတို့၏ ကိုယ်တိုင် အဓိပ္ပာယ်ကောက်ယူခြင်းနှင့် စိတ်ဆန္ဒအပေါ် အခြေခံသင့်ပြီး ဘုရားသခင်၏အိမ်တော်က ဘာမျှပို၍ မတောင်းဆိုပါပေ။

အခြားပူဇော်သက္ကာအမျိုးအစားမှာ လူတို့က ဘုရားသခင်ကို ပေးလှူသောအရာများ ဖြစ်သည်။ အကျယ်တဝင့်ဆိုရလျှင်၊ ဤအရာက အမှန်ပင် ဆယ်ဖို့တစ်ဖို့ပေးလှူခြင်း ပါဝင်သည်။ အတိအကျဆိုလျှင် ဆယ်ဖို့တစ်ဖို့ပေးခြင်းအပြင် ဘုရားသခင်အား လူတို့ပေးလှူသမျှသည်လည်း “ပူဇော်သက္ကာ” အမျိုးအစားထဲတွင် အကျုံးဝင်လေသည်။ ဘုရားသခင်အတွက် ပူဇော်သက္ကာများထဲတွင် များစွာသောအရာတို့ ပါဝင်ပြီး၊ ဥပမာအားဖြင့်၊ အစားအစာ၊ အသုံးအဆောင်ပစ္စည်း၊ နေ့စဉ်လိုအပ်ချက်များ၊ ကျန်းမာရေး ဖြည့်စွက်စာများအပြင် ဓမ္မဟောင်းကျမ်းထဲက ယဇ်ပလ္လင်ပေါ်၌ ဆက်ကပ်ခဲ့သော သိုးတို့လည်း ပါဝင်လေသည်။ ဤအရာအားလုံးတို့မှာ ပူဇော်သက္ကာများဖြစ်ကြသည်။ ယင်းမှာ ဆက်ကပ်သူ၏ ရည်ရွယ်ချက်အပေါ် မူတည်သည်။ အကယ်၍ ဆက်ကပ်သူက ဤအရာကို ဘုရားသခင်အား ဆက်ကပ်ပူဇော်သည်ဟု ဆိုပါက ယင်းသည် ဘုရားသခင်အား တိုက်ရိုက်ပေးလှူသည်ဖြစ်စေ သို့မဟုတ် ဘုရားသခင့်အိမ်တော်၏ ထိန်းသိမ်းစောင့်ရှောက်မှုထဲသို့ ထားရှိသည်ဖြစ်စေ ယင်းမှာ ပူဇော်သက္ကာအမျိုးအစားထဲတွင် အကျုံးဝင်ပြီး၊ လူတို့အနေဖြင့် ထိ၍မရပေ။...လူတို့သည် ရုပ်ဝတ္ထုကမ္ဘာတွင် နေထိုင်ပြီး အသပြာ၊ ရွှေ၊ ငွေနှင့် ရတနာပစ္စည်းတို့အပြင် သူတို့က ကောင်းမွန်သည်၊ တန်ဖိုးရှိသည်ဟု မှတ်ယူသော အရာများစွာရှိသောကြောင့် ဘုရားသခင်ကို ပေးလှူသော ဝတ္ထုပစ္စည်းများက ကျယ်ပြန့်သော ပစ္စည်းအမျိုးအစားကို ခြုံငုံလေသည်။ လူတို့သည် ဘုရားသခင်အကြောင်းကို စဉ်းစားသောအခါ၊ သူတို့အထဲ၌ ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာ ပေါက်ဖွားလာသောအခါ၊ သို့မဟုတ် သူတို့၏နှလုံးသားထဲ၌ ဘုရားသခင်ကို တောင့်တသောအခါ တန်ဖိုးရှိပြီး အဖိုးတန်သည်ဟု သူတို့ယူဆသောအရာကို ဘုရားသခင်အား ဝမ်းမြောက်စွာ ပေးလှူတတ်သောလူတို့ ရှိလေသည်။ ဤအရာများကို ဘုရားသခင်အား ပေးလှူသောအခါ ယင်းတို့ကို ပူဇော်သက္ကာများ အဖြစ် အမျိုးအစားသတ်မှတ်ထားပြီး ပူဇော်သက္ကာများ ဖြစ်လာလေသည်။ ပူဇော်သက္ကာများဖြစ်လာသည့် တစ်ချိန်တည်းမှာပင် ယင်းတို့မှာ ယခု ဘုရားသခင်၏ စီမံခြင်းကို ခံရလေသည်။ ယင်းတို့ကို လူတို့ ထိ၍မရ၊ လူတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ၊ ယင်းတို့ကို လူတို့က မပိုင်ဆိုင်တော့ပေ။ သင်သည် ဘုရားသခင်အား ဆက်ကပ်လိုက်သည်နှင့်တစ်ပြိုင်နက်၊ ဤအရာကို ဘုရားသခင်ပိုင်ဆိုင်ပြီး သင်နှင့်မဆိုင်တော့ပေ။ ယင်းက သင် မည်သို့မျှ အမှုထားစရာ မဟုတ်တော့ချေ။ ယင်းကို ဘုရားသခင်က မည်သို့စီမံသည် သို့မဟုတ် ပြုမူသည်ဖြစ်စေ၊ လူနှင့် မစပ်ဆိုင်တော့ပေ။ ဘုရားသခင်အား ပေးလှူသော ဝတ္ထုပစ္စည်းတို့မှာ ပူဇော်သက္ကာတစ်မျိုးလည်း ဖြစ်သည်။ လူတစ်ချို့က၊ “ငွေကြေး၊ အဖိုးတန်သော သတ္တုပစ္စည်းများနှင့် ရတနာပစ္စည်းများသာလျှင် ပူဇော်သက္ကာများ ဖြစ်နိုင်သလော။ တစ်စုံတစ်ဦးက ဘုရားသခင်အား ခြေအိတ် သို့မဟုတ် ရှူးဖိနပ်တစ်စုံ၊ သို့မဟုတ် ဖိနပ်ခံတစ်ချို့ သို့မဟုတ် လက်ကိုင်ပုဝါတစ်ထည် ပေးသည်ဆိုပါစို့၊ ယင်းတို့ကို ပူဇော်သက္ကာများဟု ယူဆ၍ရနိုင်သလော” ဟု မေးကြသည်။ အထက်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဝတ္ထုပစ္စည်းတစ်ခုမှာ မည်မျှကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ မည်မျှတန်ဖိုးကြီးသည်ဖြစ်စေ၊ တန်ဖိုးနည်းသည်ဖြစ်စေ ယင်းကို ဘုရားသခင်အား ပေးလှူသရွေ့ ဘောပင်တစ်ချောင်း သို့မဟုတ် စာရွက်တစ်ရွက်ပင် ဖြစ်စေကာမူ ပူဇော်သက္ကာတစ်ခုပင် ဖြစ်သည်။

ဘုရားသခင်၏အိမ်တော် သို့မဟုတ် အသင်းတော်များထံသို့ ပေးလှူသည့် ပစ္စည်းများဖြစ်သော အခြားပူဇော်သက္ကာတစ်မျိုး ရှိပြီး ယင်းတို့သည်လည်း ပူဇော်သက္ကာများ အမျိုးအစားထဲတွင် အကျုံးဝင်သည်။ ထိုသို့သော ပစ္စည်းမျိုးများ၌ မည်သည့်အရာ ပါဝင်သနည်း။ ဥပမာဆိုပါစို့၊ တစ်စုံတစ်ဦးက ကားတစ်စီးဝယ်ယူပြီး ယင်းကို ခဏမောင်းပြီးနောက်တွင် အနည်းငယ်ဟောင်းသွားပြီဟု ခံစားမိသောကြောင့် နောက်တစ်စီးထပ်ဝယ်ကာ ဘုရားသခင်၏အိမ်တော်က ယင်း၏လုပ်ငန်းတွင် အသုံးပြုနိုင်ရန်အလို့ငှာ အရင်ကားကို ဘုရားသခင့်အိမ်တော်ကို ပေးလှူသည်။ ကားကို ယခု ဘုရားသခင့်အိမ်တော်က ပိုင်သွားပြီဖြစ်သည်။ ဘုရားသခင်၏အိမ်တော်က ပိုင်ဆိုင်သောအရာများကို ပူဇော်သက္ကာများအဖြစ် သတ်မှတ်သင့်သည်မှာ မှန်ကန်သည်။ အသုံးအဆောင်ပစ္စည်းသာမက အခြားအရာများကိုလည်း အသင်းတော်များနှင့် ဘုရားသခင့်အိမ်တော်သို့ ပေးလှူ‌ကြသည်မှာ အမှန်ပင်ဖြစ်သည်။ ဤအမျိုးအစားမှာ အတော်ပင် ကျယ်ပြန့်သည်။ လူတစ်ချို့က၊ “ဆယ်ဖို့တစ်ဖို့ပေးခြင်းမှာ ဘုရားသခင်အား ပေးလှူသော ငွေနှင့် ပစ္စည်းများကဲ့သို့ပင် ပူဇော်သက္ကာတစ်မျိုးဖြစ်သည်။ လူတို့သည် ဤအရာများအား ပူဇော်သက္ကာများအဖြစ် သတ်မှတ်ခြင်းကို မကန့်ကွက်ကြ၊ ဤအရာနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာ ဘာမျှမရှိပေ။ သို့သော် အသင်းတော်များနှင့် ဘုရားသခင့်အိမ်တော်သို့ ပေးလှူသော အရာများကိုလည်း အဘယ့်ကြောင့် ပူဇော်သက္ကာများအဖြစ် သတ်မှတ်ရသနည်း။ ယင်းက အဓိပ္ပာယ်သိပ်မရှိပေ” ဟု ပြောတတ်ကြသည်။ ယင်းတို့ကို ပူဇော်သက္ကာများအဖြစ် သတ်မှတ်သည်မှာ အဓိပ္ပာယ်ရှိသလော၊ သင် အဘယ်သို့ ဆိုသနည်း။ (ရှိပါသည်။) သို့ဆိုလျှင် သင်တို့ အဘယ့်ကြောင့် ထိုသို့ဆိုသနည်း။ (ယင်းမှာ ဘုရားသခင်အတွက်ကြောင့်သာ အသင်းတော်များ ရှိရသည် ဖြစ်သောကြောင့် အသင်းတော်များသို့ ပေးလှူသော အရာမှာလည်း ဘုရားသခင်အတွက် ပူဇော်သက္ကာများပင် ဖြစ်လေသည်။) မှန်ပါပေသည်။ အသင်းတော်များနှင့် ဘုရားသခင်၏အိမ်တော်မှာ ဘုရားသခင်၏အပိုင် ဖြစ်သည်။ ဘုရားသခင်တစ်ပါး ရှိသောကြောင့်သာလျှင် ဘုရားသခင်၏အိမ်တော်နှင့် အသင်းတော်များ ရှိရခြင်းဖြစ်သည်။ အသင်းတော်များ ရှိသောကြောင့်သာလျှင် ညီအစ်ကိုမောင်နှမများအတွက် စုဝေးရန်နှင့် အသက်ရှင်ရန် နေရာတစ်ခုရှိလေသည်။ ပြီးလျှင် ဘုရားသခင်၏အိမ်တော် ရှိသောကြောင့်သာ ညီအစ်ကို မောင်နှမများ၏ ပြဿနာများအားလုံးကို ဖြေရှင်းရန်နေရာတစ်ခု ရှိပြီး ညီအစ်ကိုမောင်နှမများ၌ စစ်မှန်သောအိမ်တစ်လုံး ရှိလေသည်။ ဤအရာအားလုံးသည် ဘုရားသခင့်တည်ရှိမှု၏ အခြေခံအုတ်မြစ်အပေါ်သာ တည်ရှိလေသည်။ အသင်းတော်များရှိ လူတို့က ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင့်အိမ်တော်နှင့် သက်ဆိုင်ကြသောကြောင့် လူတို့က အသင်းတော်များနှင့် ဘုရားသခင်၏အိမ်တော်ကို ပေးလှူကြခြင်းသက်သက် မဟုတ်၊ ယင်းက မှန်ကန်သောအကြောင်းရင်း မဟုတ်ပေ။ ဘုရားသခင်ကြောင့် လူတို့က အသင်းတော်များနှင့် ဘုရားသခင့် အိမ်တော်ကို လှူဒါန်းကြခြင်းဖြစ်သည်။ သွယ်ဝိုက်အဓိပ္ပာယ်မှာ အဘယ်နည်း။ ဘုရားသခင့်အတွက်ကြောင့် မဟုတ်လျှင် မည်သူက အသင်းတော်ကို သာမန်ကာလျှံကာဆိုသလို ပစ္စည်းများ ပေးလှူမည်နည်း။ ဘုရားသခင်မရှိဘဲနှင့်၊ အသင်းတော်များ တည်ရှိမည်မဟုတ်ပါ။ လူတို့၌ သူတို့ အသုံးမပြုသော ပစ္စည်းများ သို့မဟုတ် လိုအပ်မှုများထက် ပိုလျှံသော ပစ္စည်းများကို ပိုင်ဆိုင်သောအခါ ယင်းတို့ကို သူတို့ လွှင့်ပစ်နိုင်သည် သို့မဟုတ် သိုလှောင်ခန်းထဲတွင် ထားရှိနိုင်သည်။ အချို့အရာများကို ရောင်းလည်းရောင်းနိုင်သည်။ ဤအရာအားလုံးတို့မှာ ယင်းတို့အား ဖြေရှင်းရန်နည်းလမ်းများ ဖြစ်ကြသည်မဟုတ်လော။ သို့ဆိုလျှင် ယင်းတို့အား အဘယ့်ကြောင့် ထိုသို့ မဖြေရှင်းသနည်း၊ အဘယ့်ကြောင့် အသင်းတော်များသို့ ပေးလှူရသနည်း။ ယင်းမှာ ဘုရားသခင်ကြောင့် မဟုတ်သလော။ (ဟုတ်ပါသည်။) လူတို့က အသင်းတော်များကို ပေးလှူကြသည်မှာ ဘုရားသခင်တစ်ပါး ရှိသောကြောင့်ဖြစ်သည်၊ ထို့ကြောင့် အသင်းတော်များသို့ သို့မဟုတ် ဘုရားသခင့်အိမ်တော်သို့ ပေးလှူသော မည်သည့်အရာကိုမဆို ပူဇော်သက္ကာဟု သတ်မှတ်သင့်သည်။ လူအချို့က၊ “ကျွန်ုပ်သည် ကျွန်ုပ်၏ ဤပစ္စည်းကို အသင်းတော်အား ပေးလှူသည်” ဟု ဆိုတတ်ကြသည်။ အသင်းတော်များသို့ ပေးလှူခြင်းမှာ ဘုရားသခင်အား ပေးလှူခြင်းနှင့် တူညီပြီး အသင်းတော်များနှင့် ဘုရားသခင်၏အိမ်တော်က ထိုသို့သော အရာများကို စီမံရာ၌ ဩဇာအာဏာ အပြည့်အဝရှိလေသည်။ ယင်းကို သင် အသင်းတော်အား ပေးလှူသောအခါ ထိုလှူဖွယ်ပစ္စည်းသည် သင်နှင့် ဆက်နွှယ်မှုဟူသမျှ မရှိတော့ပေ။ ဘုရားသခင့်အိမ်တော်နှင့် အသင်းတော်များက ဤလှူဖွယ်ပစ္စည်းများကို ဘုရားသခင့်အိမ်တော်မှ ပြဋ္ဌာန်းထားသော မူများအတိုင်း သင့်တင့်လျောက်ပတ်စွာ ဝေမျှ၊ အသုံးပြုပြီး စီမံမည်ဖြစ်သည်။ သို့ပြုလျှင် ဤမူများမှာ အဘယ်ကလာသနည်း။ ဘုရားသခင်ထံမှလာသည်။ အခြေခံအားဖြင့်ဆိုလျှင် ဤလှူဖွယ်ပစ္စည်းများ အသုံးပြုခြင်းအတွက်မူမှာ ၎င်းတို့ကို ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဘုရားသခင်၏အမှုတော်အား ကျယ်ပြန့်စေဖို့အလို့ငှာ အသုံးပြုသင့်ပေသည်။ ၎င်းတို့မှာ မည်သည့်အဖွဲ့အတွက် မဆိုထားဘိ၊ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ သီးသန့် အသုံးပြုရန်အတွက် မဟုတ်ဘဲ၊ ဧဝံဂေလိတရား ဝေငှခြင်းအလုပ်နှင့် ဘုရားသခင့်အိမ်တော်၏ အမှုတော်လုပ်ငန်း အမျိုးမျိုးနှင့်သာ သက်ဆိုင်လေသည်။ ထို့ကြောင့် မည်သူကမျှ ဤအရာများကို အသုံးပြုရန် အထူးအခွင့်အရေး မရှိချေ။ ယင်းတို့အား အသုံးပြုခြင်းနှင့် ဝေမျှခြင်းအတွက် တစ်ခုတည်းသောမူနှင့် အခြေခံအကြောင်းရင်းမှာ သင့်တင့်မျှတပြီး လျော်ကန်သည့် ဘုရားသခင့်အိမ်တော်မှ ပြဋ္ဌာန်းထားသည့်မူများနှင့်အညီပင် ဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၂)” မှ

ပူဇော်သက္ကာများအကြောင်း အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆကို နားလည်သည်နှင့်အမျှ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူတို့လှူဒါန်းသော ပူဇော်သက္ကာများအကြောင်း ရှင်းလင်းသည့် နားလည်သဘောပေါက်မှု ရှိသင့်သည်။ ၎င်းတို့သည် ထိုအရာများကို နိုင်နိုင်နင်းနင်း ကိုင်တွယ်သင့်ပြီး ထိန်းသိမ်းစောင့်ရှောက်သူ တစ်ဦးအဖြစ် အစေခံရန် စိတ်ချယုံကြည်နိုင်ပြီး လက်ခံနိုင်စရာ လူ့သဘာဝရှိသောသူတစ်ဦးကို ဦးစွာ ရှာဖွေသင့်သည်။ ဤသူသည် သာမန်အစွမ်းအစရှိပြီး ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် စွမ်းဆောင်နိုင်မှု ရှိကောင်းရှိနိုင်မည် မဟုတ်သော်လည်း၊ ယုံကြည်စိတ်ချလောက်ဖွယ်ဖြစ်ပြီး မည်သည့်အရာကိုမျှ အလွဲသုံးစားပြုလိမ့်မည် မဟုတ်ပေ။ သူတို့လက်ထဲတွင် ပူဇော်သက္ကာများ ရှိနေစဉ်အတွင်း ပျောက်ဆုံးခြင်း သို့မဟုတ် ရောထွေးခြင်း ရှိလိမ့်မည်မဟုတ်ပေ။ အလုပ်အစီအမံများထဲတွင် ဤအလုပ်အတွက် စည်းမျဉ်းများရှိသည်- စိတ်ချယုံကြည်၍ရနိုင်ပြီး လက်ခံနိုင်စရာ လူ့သဘာဝရှိသော သူတို့ကိုသာ ရှာဖွေသင့်ပေသည်။ ညံ့ဖျင်းသည့် လူ့သဘာဝရှိသော သူတို့သည် ကောင်းမွန်သောအရာတို့ကို မြင်လျှင်မြင်ချင်း လိုချင်တပ်မက်ကြသည်၊ ၎င်းတို့သည် ထိုအရာကို ကိုယ်ပိုင်အသုံးပြုရန် စိတ်စွဲလမ်းကြသည်၊ ၎င်းတို့သည် စိတ်ထဲတွင် ခိုးမှုမြောက်ရင်း ခိုးကြောင်ခိုးဝှက် နည်းလမ်းများကို အမြဲတစေ သိုထားကြပြီးလျှင် မှားယွင်းသောပုံရိပ်ကို ဖန်တီးဖို့ အမြဲတစေကြိုးစားကာ ဤပစ္စည်းများကို သူတို့ကိုယ်ပိုင်အတွက် ရယူရန် အခွင့်အလမ်းကို ရှာဖွေနေကြသည်။ ထိုသို့သောလူတို့ကို အသုံးမပြုရပေ။ အနည်းဆုံးအနေဖြင့် အရာဝတ္ထုများ သို့မဟုတ် ငွေအသပြာများကို လုံခြုံစွာထိန်းသိမ်းရန်အတွက် ထိုသူတို့ထံ လွှဲအပ်သောအခါ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးနှင့်အတူ ယင်းတို့ကို စောင့်ရှောက်ရာ၌ တာဝန်သိတတ်ပြီး အပင်ပန်းခံရမည်ဖြစ်သည်။ သူတို့သည် ပစ္စည်းများကို သိမ်းယူခြင်း သို့မဟုတ် အခြားတစ်ယောက်ယောက်ကို ငှားရမ်းခြင်း မပြုရ။ အချုပ်အားဖြင့် သင်သည် ပူဇော်သက္ကာများကို ထိုသူတို့လက်ထဲ၌ ချန်ထားပြီးနောက် စိတ်ချလက်ချ နေနိုင်ရမည်။ ငွေတစ်ပြားမှ ပျောက်ပျက်လိမ့်မည်မဟုတ်၊ ဝတ္ထုပစ္စည်းတစ်ခုမျှ နေရာမှား အထားခံရလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ရှာဖွေသင့်သည် လူပုဂ္ဂိုလ်မျိုးဖြစ်သည်။ ထို့ပြင် ဘုရားသခင့်အိမ်တော်၌ရှိသော စည်းမျဉ်းတစ်ခုမှာ ထိုကဲ့သို့သောလူမျိုး တစ်ယောက်သာမက ဖြစ်နိုင်လျှင် နှစ်ဦးသုံးဦးကို ရှာဖွေသင့်သည်၊ သို့မှသာ မှတ်တမ်းပြုစုရန်နှင့် ပူဇော်သက္ကာများအား ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် လူများရှိမည်ဖြစ်သည်။ ထိုလူတို့ကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ထိန်းသိမ်းစောင့်ရှောက်ရန် အပ်နှံထားသော ပစ္စည်းအမျိုးအမည် တစ်ခုခုအတွက်၊ စနစ်တကျမှတ်တမ်းပြုစုထားသော အမျိုးအစားများနှင့် ဘဏ္ဍာရေး အဖိုးတန်ပစ္စည်းများအတွက် မည်သူက သင့်တော်သည်၊ လူတစ်ဦးစီက ပစ္စည်းမည်မျှကို စောင့်ရှောက်နေသည် ဟူသည့်မှတ်တမ်းများနှင့် ငွေစာရင်းများဖြင့်၊ ပူဇော်သက္ကာများကို ခွဲခြားသတ်မှတ်ရပေမည်။ ပူဇော်သက္ကာများကို အမျိုးအစားခွဲရန်နှင့် စာရင်းပြုစုရန်အတွက် သင့်လျော်သောလူတို့ကို တွေ့ရှိပြီးသည်နှင့် ယင်းက ပြီးပြီလော။ (မပြီးသေးပါ။) ထိုသို့ဆိုလျှင် နောက်ထပ်ဘာလုပ်ရမည်နည်း။ အချိန်ကာလတစ်ခုကြာပြီးနောက်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဝင်ငွေများနှင့် ထွက်ငွေများ၊ မည်မျှ ထွက်သွား၍ မည်မျှဝင်လာသည်၊ ငွေစာရင်းစာအုပ်များ ကိုက်ညီမှုရှိမရှိ၊ မှတ်တမ်းများပြုစုသောလူက အမှန်တကယ် တိကျစွာ လုပ်ဆောင်ခြင်းရှိမရှိ၊ သူတို့ တစ်စုံတစ်ရာ လွဲမှားခြင်း ရှိမရှိ၊ စုစုပေါင်းက အဝင်အထွက်များနှင့် ကိုက်ညီမှုရှိမရှိ စသည်တို့ကို လေ့လာသုံးသပ်သင့်ကာ၊ ငွေရေးကြေးရေးနှင့် ငွေစာရင်းကဏ္ဍရှိ အလုပ်ဟူသမျှတို့ကို စေ့စပ်သေချာစွာ လုပ်ဆောင်ရမည်ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များမှာ ထိုသို့သော အလုပ်မျိုး၌ အလွန်ကျွမ်းကျင်မှု မရှိပါက အတတ်ပညာဆိုင်ရာ အတွေ့အကြုံရှိသော လူတစ်ဦးအား ဤအရာလုပ်ဆောင်ရန် စီစဉ်သင့်သည်၊ ထို့နောက် ခေါင်းဆောင်များနှင့် အမှုဆောင်များက အမှုအရာများကို ပုံမှန်စစ်ဆေးပြီး အစီရင်ခံချက်များကို ရယူသင့်လေသည်။ အချုပ်အားဖြင့် သင်သည် ငွေကြေးဆိုင်ရာနှင့် စာရင်းအင်းကိစ္စရပ်များ သို့မဟုတ် ညှိနှိုင်းဆောင်ရွက်သော အလုပ်တို့ကို နားလည်သည် ဖြစ်စေ နားမလည်သည်ဖြစ်စေ ဤအလုပ်ကို ခေါင်းရှောင်၍မရ၊ သို့မဟုတ် ယင်းကို မသိကျိုးကျွန်ပြုပြီး လုံးဝမပါဝင်ဘဲ နေ၍မရပါပေ။ ထို့အစား၊ ယင်းကို သင် ပုံမှန်စစ်ဆေးကာ၊ ညှိနှိုင်းရမည့် ငွေစာရင်းများအကြောင်း၊ ယင်းတို့ ကိုက်ညီမှုရှိမရှိ မေးမြန်းပြီးလျှင် အသုံးစရိတ် အမျိုးအမည်များအတွက် အဝင်အထွက်များကို အလျဉ်းသင့်သလို ကောက်နှုတ်ခြင်း၊ ဤအချိန်ကာလအတွက် သုံးစွဲမှု၊ အလေအလွင့် တစ်ခုတစ်လေ ရှိမရှိ၊ ငွေစာရင်းများကို ညှိ၍ရနိုင်မရနိုင်၊ မှတ်တမ်းစာအုပ်များကို ကောင်းမွန်စွာ သိမ်းဆည်းခြင်းရှိမရှိ ဆိုသည်တို့ကို ကြည့်ရှုစစ်ဆေးရမည်။ မှတ်တမ်းများကို ကြည့်ရှုခြင်းအားဖြင့် ဖြစ်စေ၊ နှုတ်အစီရင်စာများအားဖြင့် ဖြစ်စေ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရာအားလုံးအပေါ် ကျွမ်းကျင်ပိုင်နိုင်မှု ရှိသင့်ပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၂)” မှ

ဘုရားသခင်အပေါ် လူတစ်ဦး၏ သဘောထားနှင့်သက်ဆိုင်သည့် တိုက်ရိုက်အကျဆုံး သရုပ်သကန်မှာ ပူဇော်သက္ကာများအပေါ် သူ၏သဘောထားပင် ဖြစ်သည်။ ပူဇော်သက္ကာများအပေါ် သင့်သဘောထား မည်သို့ပင်ရှိစေ၊ ယင်းက ဘုရားသခင်အပေါ် သင့်သဘောထားဖြစ်လေသည်။ အကယ်၍ သင်သည် ပူဇော်သက္ကာများကို သင့်ကိုယ်ပိုင် ဘဏ်အကောင့်ကဲ့သို့ သဘောထားကာ စေ့စပ်သေချာခြင်း၊ အပင်ပန်းခံခြင်း၊ တိကျမှုရှိခြင်း၊ တာဝန်ခံခြင်းနှင့် လုံ့လဝီရိယကောင်းခြင်း ရှိပါက သင်သည် ဘုရားသခင်အပေါ် အတော်ပင်ကောင်းမွန်သော သဘောထားရှိပေသည်။ အကယ်၍ သင်သည် ပူဇော်သက္ကာများကို အများပိုင်ပစ္စည်းတစ်ခုသဖွယ်၊ ဟင်းသီးဟင်းရွက်ဈေးထဲက သီးနှံများကဲ့သို့ သဘောထားကာ၊ သင်အလိုရှိသောအရာ၊ သင်ပိုင်ဆိုင်လိုသော အရာများကို အလေးပေးပြီး၊ သင်မပိုင်ဆိုင်သော မည်သည့်အရာကိုမဆို ဥပေက္ခာပြုခြင်း၊ မည်သည့်နေရာတွင် ထားရှိသည် သို့မဟုတ် စုပုံထားသည်ကို လျစ်လျူရှုခြင်း၊ ယင်းကို မည်သူက ယူဆောင်သည်ကို အရေးမစိုက်၊ သင်နှင့် မဆိုင်ဘိသကဲ့သို့ မမြင်ချင်ယောင်ဆောင်ခြင်းတို့ ရှိပါက ယင်းသည် မြေပြင်ပေါ် ကျပြီး တစ်စုံတစ်ဦးက တက်နင်းမိသောအခါ သင် ဒုက္ခရောက်လေပြီ။ သင်သည် ပူဇော်သက္ကာများအပေါ် ဤသဘောထားမျိုးရှိလျှင် သင်သည် တာဝန်သိစိတ်ရှိသော လူတစ်ဦး ဟုတ်ပါ၏လော။ ဤကဲ့သို့သော လူတို့သည် မိမိ၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်သလော။ သင်၏လူ့သဘာဝ မည်သို့ရှိသည်ကို စိတ်ကူးကြည့်ရန် မခက်ခဲပါချေ။ အချုပ်ဆိုရသော် ထိန်းသိမ်းစောင့်ရှောက်ခြင်း အပြင်၊ ဤအလုပ်နှင့် ပူဇော်သကာများအား ပြုမူဆက်ဆံခြင်းနှင့် ပတ်သက်လာသည့်အခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိကတာဝန်မှာ ပို၍ပင် အရေးကြီးသော နောက်ဆက်တွဲအလုပ် ဖြစ်လေသည်။ ထိန်းသိမ်းစောင့်ရှောက်နေစဉ် သင်သည် မှတ်တမ်းစာအုပ်များကို စာရင်းစစ်ရမည်၊ သုံးစွဲစရိတ်ကို ခြေရာခံ၊ ကြည့်ရှု စစ်ဆေးရမည်ဖြစ်ကာ၊ ယင်းကို မျက်ခြည်မပြတ်စောင့်ကြည့်ခြင်း၊ အချည်းနှီးကုန်ကျခြင်း သို့မဟုတ် ဖြုန်းတီးခြင်းသို့ မရောက်ခင် ယုတ္တိမတန်သော ကုန်ကျစရိတ်ကို ဟန့်တားခြင်း၊ ဖြုန်းတီးမှုနှင့် အချည်းနှီးကုန်ကျခြင်းတို့ ရှိသောအခါ ထိုသူတို့ကို စာရင်းရှင်းစေခြင်း၊ သတိပေးစာများထုတ်ပြန်ခြင်းနှင့် လျော်ကြေးတောင်းခံခြင်းတို့ကို ပြုလုပ်ရမည်။ အကယ်၍ သင်သည် ဤအလုပ်ကိုပင် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်လျှင် ရာထူးမှဆင်းပေးနှင့်လော့၊ သင် ဤအလုပ်ကို မလုပ်နိုင်သည်ဖြစ်၍ ခေါင်းဆောင်တာဝန်၌ ရှိနေရန်မသင့်ပေ။...သင်သည် ထိုမျှရိုးစင်းသော အလုပ်ကိုပင် မလုပ်နိုင်ပါက၊ ခေါင်းဆောင်တစ်ဦး၊ ဘုရားသခင့်အိမ်တော်အား စောင့်ရှောက်သူတစ်ဦးအနေဖြင့် သင် ဘာလုပ်နိုင်မည်နည်း။ ခြုံပြောရလျှင် ပူဇော်သက္ကာများ ဖြုန်းတီးခံရကာ၊ အချည်းနှီးသုံးစွဲခြင်း ခံရသော်လည်း ခေါင်းဆောင်တစ်ဦးဖြစ်သော သင်သည် ဘာမျှမခံစား၊ သင့်ကို စိုးစဉ်းမျှ ဝမ်းမနည်းစေပေ။ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင် ရှိပါသလော။ ဘုရားသခင်သည် သင့်စိတ်နှလုံးထဲတွင် နေရာရှိပါသလော။ ဤသည်မှာ စဉ်းစားစရာဖြစ်ပေသည်။ သင်သည် ဘုရားသခင်အပေါ် ကြီးစွာသောချစ်ခြင်းမေတ္တာ ရှိသည်၊ ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ဆိုသော်လည်း လူတို့က ဘုရားသခင်၏ ပူဇော်သက္ကာများကို အချည်းနှီးသုံးစွဲပြီး ဖြုန်းတီးသောအခါ သင် ဘာမျှမခံစားရ၊ ယင်းက သင့်ကို စိုးစဉ်းမျှ မနာကျင်စေပေ- သို့ဆိုလျှင် ဘုရားသခင်အား သင်၏ချစ်ခြင်းနှင့် ကြောက်ရွံ့ခြင်းမှာ သံသယဖြစ်စရာ မဟုတ်ပါသလော။ လုံးဝ အခြေအမြစ်မရှိ၊ ထောက်ခံစရာမရှိသော ဘုရားသခင်အပေါ် သင့်ချစ်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို မပြောနှင့်၊ သင်၏ယုံကြည်ခြင်းသည်ပင်လျှင် သံသယဖြစ်စရာ ဖြစ်နေပေသည်။ ဤအလုပ်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ကျေပွန်အောင် ဆောင်ရွက်သင့်သည့် တာဝန်ဟုတ်ပါသလော။ (ဟုတ်ပါသည်။) ဤအလုပ်တာဝန်ကို ကောင်းစွာ လုပ်ဆောင်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်- ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ မဖြစ်မနေ ဆောင်ရွက်ရမည့် တာဝန်ပင် ဖြစ်ပေတော့သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၂)” မှ

ပူဇော်သက္ကာများကို အကြောင်းမဲ့ အသုံးပြုခြင်း၊ ပူဇော်သက္ကာများကို မလျော်ကန်သော စားသုံးခြင်းနှင့် သုံးစွဲခြင်းတို့ ပါဝင်ပတ်သက်သည့် အရာမှန်သမျှသည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် အစဉ်သက်ဆိုင်ပြီး၊ ယင်းတို့ကို ဆန့်ကျင်သည့် ပြစ်မှုတစ်ခု၏ သဘာဝ ဖြစ်သည်။ အသင်းတော် ပစ္စည်းဥစ္စာများကို စီမံခန့်ခွဲရာတွင် “အသင်းတော်၏ ပစ္စည်းဥစ္စာသည် ထိုအတိုင်းသက်သက် ရှိနေသည်။ ယခုခေတ်တွင် ဘဏ်များ၌ အတိုးနှုန်းကောင်းကောင်းပေးသည့် ချေးငွေ၊ အစိုးရထံ ပုံသေအတိုးနှုန်းဖြင့် ချေးငွေနှင့် ဘဏ္ဍာငွေတို့ကဲ့သို့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်မျိုးစုံ ရှိလေသည်။ အသင်းတော်မှ ဤငွေကို ကျွန်ုပ်တို့ယူပြီး ရင်းနှီးမြှုပ်နှံလိုက်ပါက၊ ကျွန်ုပ်တို့သည် အတိုးအနည်းငယ်ကို ရရှိနိုင်သည်။ ဤအရာက ဘုရားအိမ်တော်ကို အကျိုးဖြစ်ထွန်းစေမည် မဟုတ်လော” ဟု ပြောကောင်းပြောနိုင်သူအချို့ ရှိကြသည်။ ယင်းကို မဆွေးနွေးဘဲ၊ အသင်းတော်မှ တစ်ဦးတစ်လေ၏ သဘောတူညီမှုကို မရယူဘဲ၊ ၎င်းတို့က ငွေများ ထုတ်ချေးဖို့ တာဝန်ယူ ဆောင်ရွက်ကြလေသည်။ ယင်းကို လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယဉ်ယဉ်ကျေးကျေးဆိုရလျှင်၊ ဤအရာမှာ ဘုရားအိမ်တော်အတွက် စဉ်းစားတွေးတောပေးလျက်၊ ဘုရားအိမ်တော်အတွက် အတိုးအချို့ ရှာပေးခြင်း ဖြစ်သော်လည်း၊ တကယ်တမ်းတွင်၊ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်သော ကြံရွယ်ချက်ကို သိုထားကြပေသည်။ ၎င်းတို့သည် မည်သူတစ်ဦးတစ်ယောက်မျှ မသိလိုက်ဘဲ ငွေကို ချေးလိုကြသည်၊ ထို့နောက်တွင် အဆုံး၌ မိမိတို့ကိုယ်ကိုအတွက် အတိုးကို သိမ်းထားရင်း ဘုရားသခင်အိမ်တော်ထံ အရင်းပြန်ပေးလိုကြသည်။ ဤအရာမှာ သစ္စာမရှိသော ရည်ရွယ်ချက်ကို သိုထားခြင်း ကိစ္စရပ်ဖြစ်မည် မဟုတ်လော။ ဤအရာကို ငွေထုတ်ချေးခြင်းဟု ခေါ်သည်။ ငွေထုတ်ချေးခြင်းသည် ပူဇော်သက္ကာများကို သင့်တင့်လျောက်ပတ်စွာ အသုံးပြုခြင်းဖြစ်သည်ဟု ယူဆ၍ ရနိုင်သလော။ (မဟုတ်ပါ၊ ယူဆ၍ မရနိုင်ပါ။) “ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်သည်၊ ဘုရားအိမ်တော်သည် နွေးထွေးသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများ ငွေလိုသည့်အခါ၊ ၎င်းတို့အား ဘုရားသခင်ကို ပေးလှူထားသည့် ပူဇော်သက္ကာများကို ကျွန်ုပ်တို့ ချေး၍မရနိုင်သလော” ဟု ပြောသည့် အခြားသူများ ရှိပေသည်။ ထို့နောက်တွင် လူအချို့က ဆုံးဖြတ်ချက်ချဖို့ မိမိတို့ဘာသာ တာဝန်ယူဆောင်ရွက်ကြမည် ဖြစ်ပြီး ညီအစ်ကိုမောင်နှမများအား “ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်သည်၊ ဘုရားသခင်က အသက်ပေးသည်၊ လူကို အရာအားလုံး ပေးသည်၊ ထို့ကြောင့် ငွေအချို့ကို ချေးခြင်းသည် ကိစ္စမရှိလောက်ပါ၊ ရှိလောက်မည်လော။ ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများ အရေးပေါ် လိုအပ်နေသည့် အချိန်များတွင် လောလောဆယ် အကျပ်အတည်း ကျော်လွှားနိုင်ရန် ကူညီပေးဖို့၊ ၎င်းတို့၏အသက်တာများ၌ အခက်အခဲများကို ကူညီဖြတ်ကျော်ပေးဖို့ ငွေချေးခြင်းသည် ဘုရားသခင်၏အလိုတော် မဟုတ်လော။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်ပါက၊ လူများသည် အချင်းချင်း အဘယ်သို့လျှင် မချစ်ဘဲနေနိုင်သနည်း။ လုပ်ပါ၊ ၎င်းတို့အား ငွေအနည်းငယ် ချေးပါ” ဟု ပြောလျက် ဖျောင်းဖျကာ လှုံ့ဆော်သည့် အန္တိခရစ်များပင် ရှိနိုင်သည်။ မသိနားမလည်သောလူ အများစုက ဤအရာကို ကြားလျက်၊ “သင် ထိုသို့ ပြောမှတော့၊ ဟုတ်တာပဲပေါ့။ မည်သို့ပင်ဆိုစေကာမူ ထိုငွေများသည် အစကတည်းက လူတိုင်းထံမှ လာခြင်းဖြစ်သောကြောင့်၊ ဤအရာကို သူ့ရှိကိုယ်စား ကိုယ့်ရှိသူစား အခြေအနေဟုသာ ခေါ်ကြပါစို့” ဟု ပြောလိမ့်မည်။ ထို့ကြောင့် တစ်ဖက်တွင် လူတစ်ဦးက နှစ်လိုဖွယ်စကားများကို ရေရွတ်နေပြီး တစ်ဖက်တွင် မျက်နှာလိုမျက်နှာရလုပ်သူတစ်သိုက်က ၎င်းအား ဖော်လံဖားနေခြင်းကြောင့်၊ အဆုံး၌ ငွေများထွက်သွားရသည်။ ယခုအခါတွင် ဤငွေကို ဘုရားသခင်ကို ပူဇော်ဆက်ကပ်ခဲ့ပြီးဖြစ်သကဲ့သို့ ထည့်တွက်၍ ရသည်ဟု သင် ရိုးသားစွာ ပြောနိုင်သလော။ ထည့်တွက်၍ ရပါက၊ ထိုငွေသည် ဘုရားသခင်နှင့် သက်ဆိုင်နှင့်ပြီးဖြစ်ကာ၊ ယခုအခါ ဘုရားသခင်က သန့်စင်စေပြီးဖြစ်သောကြောင့် ယင်းကို ဘုရားသခင် သတ်မှတ်ထားသည့် အခြေခံသဘောတရားများအတိုင်း အသုံးပြုခြင်းသည်သာ သင့်တင့်လျောက်ပတ်ပေလိမ့်မည်။ ယင်းကို ထည့်တွက်၍ မရဟု သင်ပြောပါက၊ သင်ပူဇော်ဆက်ကပ်သည့် ထိုငွေကို ထည့်တွက်၍မရပါက၊ သင်ပူဇော်ဆက်ကပ်ခဲ့သည့်အရာမှာ အဘယ်နည်း။ ယင်းက နောက်ပြောင် ကျီစယ်မှုလော။ သင်သည် ဘုရားသခင်ကို နောက်ပြောင်ပြီး လှည့်စားနေခြင်း ဖြစ်သလော။ ယဇ်ပလ္လင်တွင် ဆက်ကပ်ပူဇော်လိုသည့် အရာများ ထားပြီးသည့်နောက်တွင်၊ ထိုအရာများသည် ဤအတိုင်းပင်ရှိပြီး ဘုရားသခင်က ယင်းတို့ကို အသုံးပင် ပြုမနေပေ၊ ပြီးလျှင် တကယ်တမ်းတွင် သူက ယင်းတို့ကို အသုံးမလိုသည့်ပုံပေါက်နေသည်ဟု တွေးလျက်၊ သင်သည် ယင်းတို့ကို စတင် တွန့်တိုပေတော့သည်။ သို့ရာတွင် ယခု ယင်းတို့ကို သင် လိုအပ်မှု တစ်ခုရှိသောကြောင့် ယူလိုက်ပြီး၊ သင့်အတွက် အသုံးပြုလိုက်သည်။ သို့မဟုတ် သင်သည် အလွန်များစွာ ပူဇော်ဆက်ကပ်ပြီး၊ နောက်ပိုင်းတွင် ယင်းကို နောင်တရကာ၊ ယင်းထဲမှ အချို့ကို သင်ပြန်ယူလိုက်ကောင်း ယူလိုက်နိုင်သည်။ သို့မဟုတ် ပူဇော်ဆက်ကပ်မှုပြုသည့်အချိန်တွင် သင်သည် ရှင်းလင်းစွာ မတွေးခဲ့ဘဲ၊ ယခုအခါ ယင်းအတွက် အသုံးတည့်မှုကို သိသွားပြီးဖြစ်သောကြောင့်၊ သင်ပြန်ယူနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ယင်းမှာ အဘယ်အပြုအမူမျိုးနည်း။ ဤငွေနှင့် ဤအရာများ- လူတစ်ဦးသည် ယင်းတို့ကို ဘုရားသခင်ထံ ပူဇော်ဆက်ကပ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းတို့ကို ယဇ်ပလ္လင်ပေါ်တွင် ဆက်သသည်နှင့် အလားတူညီပြီး၊ ယဇ်ပလ္လင်ပေါ်တွင် ဆက်သထားသည့် အရာများသည် ပူဇော်သက္ကာများ ဖြစ်လေသည်။ ယင်းသည် ကျောက်တုံးတစ်တုံး သို့မဟုတ် သဲတစ်ပွင့်၊ ပေါက်စီတစ်လုံး သို့မဟုတ် ရေတစ်ခွက်သာ ဖြစ်ချင်ဖြစ်ပါစေ၊ ယင်းကို ယဇ်ပလ္လင်ပေါ်တွင် သင်တင်လိုက်သည်နှင့်အမျှ၊ ဤအရာဝတ္ထုသည် ဘုရားသခင်နှင့် သက်ဆိုင်ကာ၊ လူသားနှင့် မသက်ဆိုင်သကဲ့သို့၊ ယင်းကို သင်ကိုယ်တိုင်အတွက် ငမ်းငမ်းတက် လိုချင်သည်ဖြစ်စေ၊ ယင်းသည် သင့်အတွက် တရားဝင်အသုံးတည့်မှု တစ်ခုရှိသည်ဟု ထင်သည်ဖြစ်စေ၊ မည်သည့် လူသားမျှ ယင်းကို မတို့ထိရတော့ပေ။ မည်သည့်လူတစ်ဦးမျှ ယင်းနှင့် ပတ်သက်ခွင့် မရှိတော့ပေ။ “ဘုရားသခင်က လူသားမျိုးနွယ်ကို မချစ်ပေဘူးလား။ သူက လူသားမျိုးနွယ်ကို ဝေစုတစ်ခု ယူခွင့်ပေးပါက အဘယ်အရာဖြစ်မည်နည်း။ ယခုအခါတွင် သင်သည် ရေဆာမနေသကဲ့သို့၊ ရေလည်း သင်မလိုအပ်ပေ၊ သို့ရာတွင် ကျွန်ုပ် ရေဆာနေသောကြောင့်၊ ကျွန်ုပ် အဘယ့်ကြောင့် သောက်သုံး၍မရသနည်း” ဟု ပြောသည့် လူအချို့ရှိပေသည်။ သို့သော် ထို့နောက်တွင် ဘုရားသခင်သည် သဘောတူခြင်း ရှိမရှိကို သင်မြင်ရပေသည်။ ဘုရားသခင်က သဘောတူပါက၊ သူက သင့်အား အခွင့်ပေးကြောင်းနှင့် သင်သည် ယင်းကို အသုံးပြုခွင့်ရှိကြောင်း ဤအရာက သက်သေပြပေသည်။ သို့သော် ဘုရားသခင်က သဘောမတူပါက၊ သင်သည် ယင်းကို အသုံးပြုခွင့်မရှိချေ။ သင် လုပ်ပိုင်ခွင့်မရှိသည့် အခြေအနေတွင်၊ ဘုရားသခင်က သင့်အား အခွင့်မပေးသည့်အခြေအနေတွင်၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် အရာတစ်ခုကို အသုံးပြုခြင်းသည် ရှောင်ရန်အမှုကို ချိုးဖောက်ခြင်း ဖြစ်ပေမည်၊ ယင်းသည် ဘုရားသခင် စက်ဆုပ်အရွံရှာဆုံး အရာဖြစ်ပေသည်။

ဘုရားသခင်သည် လူသားထံမှ ပုန်ကန်ပြစ်မှားခြင်းများကို သည်းမခံကြောင်း လူများက အစဉ်ပြောနေကြသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားသည် အမှန်တကယ် မည်သည့်အရာကဲ့သို့ဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့ လုပ်ဆောင်သည့် အရာများထဲမှ မည်သည့်အရာများက သူ့ကို ပုန်ကန်ပြစ်မှားနိုင်သည်ကိုလည်းကောင်း ၎င်းတို့ မည်သည့်အခါမျှ နားမလည်ကြပေ။ ဘုရားသခင်အဖို့ ပူဇော်သက္ကာများနှင့်ပတ်သက်ပါက၊ လူများစွာတို့သည် ယင်းတို့အား ၎င်းတို့ သဘောရှိ အသုံးပြုလိုရင်း သို့မဟုတ် ဝေငှလိုရင်း၊ ယင်းတို့အား ၎င်းတို့၏ကိုယ်ပိုင် ဆန္ဒအတိုင်း အသုံးပြုဖို့၊ ပိုင်ဆိုင်ဖို့ သို့မဟုတ် ဖြုန်းပင်ဖြုန်းတီးဖို့ အစဉ် တွေးထားကြသည်။ သို့ရာတွင် သင့်အား ငါပြောလေပြီ၊ သင်သည် ဇာတ်သိမ်းသွားပြီဖြစ်သည်၊ သင်သည် သေခြင်းတရားနှင့် ထိုက်တန်သည်။ ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်။ ဤအရာတို့သည် ဘုရားသခင်၏ ပစ္စည်းများဖြစ်သည်၊ ယင်းတို့အား ဘုရားသခင်က မည်သူတစ်ဦးတစ်ယောက်ကိုမျှ တို့ထိကိုင်တွယ်ခွင့် မပေးပေ။ ယင်းမှာ ဘုရားသခင်၏ ဂုဏ်သိက္ခာ ဖြစ်သည်။ ယင်းတို့အား အသုံးပြုဖို့ လူများ၌ ဘုရားသခင်ပေးသည့် အခွင့်ရသည့် အခြေအနေတစ်ခုသာ ရှိပြီး၊ ယင်းမှာ အသင်းတော်၏ စည်းမျဉ်းများအတိုင်းနှင့် ထိုအရာများ အသုံးပြုခြင်းအပေါ် ထိန်းချုပ်ထားသည့် အခြေခံသဘောတရားများအတိုင်း သင့်တင့်လျောက်ပတ်စွာ အသုံးပြုခြင်း ဖြစ်သည်။ ဤကန့်သတ်ချက်များအတွင်းတွင် အသုံးပြုခြင်းသည် ဘုရားသခင်အတွက် လက်သင့်ခံဖွယ် ဖြစ်သော်လည်း၊ ဤကန့်သတ်ချက်များ အပြင်သို့ သွေဖည်သွားခြင်းသည် ဘုရားသခင်၏ စိတ်သဘောထား၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားခြင်းတစ်ခု ဖြစ်ပေလိမ့်မည်။ ယင်းမှာ ညှိနှိုင်းစေ့စပ်ရန် မဖြစ်နိုင်ဘဲ ထိုမျှ တင်းကျပ်သကဲ့သို့၊ အခြားနည်းလမ်းလည်း မရှိပေ။ ထို့ကြောင့် ပူဇော်သက္ကာများကို ဖြုန်းတီးခြင်း၊ အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် ချေးငှားခြင်းတို့ကဲ့သို့ အရာများကို ပြုလုပ်သည့်သူများသည် ဘုရားသခင်၏ အမြင်တွင် အန္တိခရစ်များအဖြစ် သတ်မှတ်သည်။ ၎င်းတို့ကို အန္တိခရစ်များအဖြစ် မှတ်ယူသည်အထိ ပြင်းထန်လောက်အောင် အဘယ့်ကြောင့် ဆက်ဆံရသနည်း။ ဘုရားသခင်ကို ယုံကြည်သည့်သူတစ်ဦးသည် ဘုရားသခင်နှင့်သက်ဆိုင်သည့် သန့်စင်ထားပြီး ဖြစ်သည့် အရာဝတ္ထုများကို စိတ်သဘောရှိ ကိုင်တွယ်ရဲပါက၊ သို့မဟုတ် သုံးရဲပါက၊ သို့မဟုတ် ဖြုန်းတီးရဲပါက၊ ထိုကဲ့သို့သော လူတစ်ဦးသည် ဘုရားသခင်၏ ရန်သူဖြစ်ပေသည်။ ဘုရားသခင်၏ ရန်သူများသာလျှင် သူ၏ပစ္စည်းများအပေါ် ထိုသို့သော သဘောထား ထားရှိပေလိမ့်မည်။ သာမန် ဖောက်ပြန်ပျက်စီးသည့် လူတစ်ဦးသည် ဤအရာကို ပြုမည်မဟုတ်ပေ၊ တိရစ္ဆာန်တစ်ကောင်ပင် ဤအရာကို ပြုမည်မဟုတ်ပေ၊ ဘုရားသခင်၏ ရန်သူများ၊ စာတန်နှင့် အဆင်းနီသော နဂါးကြီးတို့သာ ဤအရာကို လုပ်ဆောင်ပေမည်။ ယင်းမှာ အလွန်ပြင်းထန်စွာ ပြောခြင်းဖြစ်သလော။ မဟုတ်ပေ၊ ဤသည်မှာ အခြေခံသဘောတရားဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ ဂုဏ်သိက္ခာ ဖြစ်ပေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် လူတို့၏စိတ်နှလုံးကို ထိန်းချုပ်သည့်အပြင် အသင်းတော်ဘဏ္ဍာရေးကိုလည်း ထိန်းချုပ်၏” မှ

တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ပစ္စည်းတစ်ခု ပူဇော်ဆက်ကပ်သည့်အခါ၊ ယင်းကို အသုံးပြုဖို့ သင်မကြံစည်ရ။ ထိုအရာဝတ္ထုသည် မည်သည့်အရာဖြစ်နေပါစေ၊ တန်ဖိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင့်အတွက် အသုံးတည့်သည်ဖြစ်စေ၊ မတည့်သည်ဖြစ်စေ၊ အဖိုးတန်သည်ဖြစ်စေ၊ မတန်သည်ဖြစ်စေ- ထိုအရာနှင့်ပတ်သက်ပြီး အသုံးပြုဖို့ သင်မကြံစည်ရ။ သင်၌ အစွမ်းအစရှိပါက၊ ငွေသွားရှာလော့- သင်ဆန္ဒရှိသလောက် ငွေရှာလော့၊ မည်သူမျှ သင့်အား တားဆီးမည် မဟုတ်ဘဲ၊ ဘုရားသခင်အဖို့ ပူဇော်ထားသည့် ပစ္စည်းနှင့်ပတ်သက်ပြီး အသုံးပြုဖို့ လုံးဝ မကြံစည်ရ။ ဤမျှသတိရှိခြင်းသည် သင်တို့ရှိသင့်သည့်အရာ တစ်ခုဖြစ်ပေသည်။ ဤမျှ အသိစိတ်သည် သင်တို့ရှိသင့်သည့် အရာတစ်ခုဖြစ်ပေသည်။ အထက်ပါအရာမှာ နိယာမတစ်ရပ်ဖြစ်သည်။ နောက်ထပ် နိယာမတစ်ရပ်မှာ ပူဇော်သက္ကာများကို ဖြုန်းတီးခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ ချေးငှားခြင်း၊ လိမ်ညာယူခြင်းနှင့် ခိုးယူခြင်းတို့၌ ပါဝင်ပတ်သက်သည့်သူ မည်သူမဆိုကို ယုဒကဲ့သို့ လူတစ်ဦးအဖြစ် သတ်မှတ်ရမည်။ ဤကဲ့သို့ အပြုအမူမျိုးနှင့် အလေ့အကျင့်မျိုးတို့ကို လုပ်ဆောင်သည့် လူများသည် ဘုရားသခင်၏စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနှင့်ပြီး ဖြစ်ကာ၊ ဘုရားသခင်က ၎င်းတို့အား ကယ်တင်မည် မဟုတ်ချေ၊ ပြီးလျှင် သင်သည်လည်း ယင်းနှင့်ပတ်သက်၍ အခြားမည်သည့် မျှော်လင့်ချက်တစ်ခုတစ်လေမျှ မထားရှိနှင့်။ ငါသည် ဤကဲ့သို့ ပြောရမည်ဖြစ်ပြီး ဘုရားသခင်က ဤအရာများကို ဖြစ်စေလိမ့်မည်။ ဤအရာမှာ ကြိုတင်ဆုံးဖြတ်ထားပြီးသားဖြစ်ကာ၊ စေ့စပ်ညှိနှိုင်း၍ မဖြစ်နိုင်ချေ။ လူအချို့က၊ “ကျွန်ုပ်၏ အလွဲသုံးစားလုပ်ခြင်း၌ နောက်ခံအကြောင်းအရင်း ရှိသည်။ ကျွန်ုပ်သည် ငွေများကို အသုံးဖြုန်းကြီးခဲ့သည့်အချိန်က ငယ်ရွယ်ပြီး မသိနားမလည်ခဲ့သော်လည်း၊ ကျွန်ုပ် အလွန်များစွာ အလွဲသုံးစား မလုပ်ခဲ့ပါ၊ မကြာခဏဆိုသကဲ့သို့ အနည်းငယ်သာ အလွဲသုံးစားလုပ်ခဲ့မိပါသည်” ဟု ပြောကြလိမ့်မည်။ သို့ရာတွင် ယင်းမှာ ပမာဏနှင့်မသက်ဆိုင်ပေ။ အမှန်မှာ ဤအရာများကို သင်လုပ်ဆောင်သည့်အခါ၊ သင့်လုပ်ရပ်များ၏ အပြုခံသည် ဘုရားသခင်ဖြစ်သည်၊ သင်သည် ဘုရားသခင်၏ ပစ္စည်းများကို တို့ထိမိပြီးဖြစ်ကာ၊ ယင်းတို့ကို တို့ထိကိုင်တွယ်ခြင်းသည် သင်၏အမှားဖြစ်သည်။ ဘုရားသခင်၏ပစ္စည်းများသည် အများပိုင်ပစ္စည်းဥစ္စာမဟုတ်ပေ၊ ယင်းတို့သည် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မသက်ဆိုင်၊ ဘုရားသခင်၏အိမ်တော်နှင့် သက်ဆိုင်ပေသည်။ ယင်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး၊ သင်သည် ဤခြားနားခြင်းများကို မရောထွေးရ။ ဘုရားသခင်က ယင်းကို ထိုသို့သဘောမထားသကဲ့သို့၊ “ငါ၏ ပစ္စည်းများ၊ ငါ၏ပူဇော်သက္ကာများသည် အသင်းတော်၏ ပိုင်ဆိုင်မှုထဲသို့ ထည့်ပေးရန်၊ အသင်းတော်အားဖြင့် ဝေငှရန် ဖြစ်သည်။ ယင်းတို့သည် အသင်းတော်၏ ညီအစ်ကိုမောင်နှမများ၏ ဘုံပိုင်ဆိုင်မှု ဖြစ်ပြီး ယင်းတို့ကို အသုံးပြုလိုသည့် မည်သူမဆိုသည် တောင်းဆိုမှုတစ်ခုကို တင်ပြပြီး မှတ်တမ်းပြုထားဖို့သာ လိုအပ်ပေသည်” ဟု သင့်အား မပြောခဲ့ပေ။ ဘုရားသခင်က ဤအရာကို မပြောခဲ့ပေ။ ထို့ကြောင့် မည်သည့်အရာကို ဘုရားသခင် ပြောခဲ့ပါသနည်း။ ဘုရားသခင်ကို ပူဇော်ထားသည့် အရတစ်ခုသည် ဘုရားသခင်နှင့်သက်ဆိုင်သည့် ပစ္စည်းတစ်ခုဖြစ်ပြီး၊ ဤပစ္စည်းကို ယဇ်ပလ္လင်ပေါ်တွင် ဆက်သပြီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းသည် ဘုရားသခင်နှင့် အပြီးပိုင် သက်ဆိုင်သွားပြီဖြစ်ပြီး၊ ဤအချိန်မှစ၍ နောင်တွင် မည်သည့် လူတစ်ဦးမျှ ယင်းကို အသုံးပြုခွင့်မရှိပေ။ သင်၏ တွက်ချက်မှုများ၊ အလွဲသုံးစားပြုခြင်းများ၊ လှည့်စားခြင်း၊ ခိုးယူခြင်း၊ ချေးငှားခြင်းနှင့် ဖြုန်းတီးခြင်း- ဤလုပ်ရပ်များအားလုံးကို အန္တိခရစ်များ၏ လုပ်ရပ်များကဲ့သို့ ဘုရားသခင်၏စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းအဖြစ် ပြစ်တင်ရှုတ်ချခြင်းခံရသကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ဆန့်ကျင်ကာ ပြစ်မှားစော်ကားသည့် သဘောသက်ရောက်ပေသည်၊ ယင်းအတွက် ဘုရားသခင်က သင့်အား မည်သည့်အခါမျှ ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။ ယင်းမှာ ဘုရားသခင်၏ ဂုဏ်သိက္ခာ ဖြစ်ပြီး၊ လူသားမျိုးနွယ်သည် ယင်းကို မပျက်မကွက် လေးစားရမည်။ ဘဏ်များကို ဓါးပြတိုက်ခြင်း၊ လုယက်ခြင်း သို့မဟုတ် ခိုးယူခြင်းတို့မှ သင်ရရှိပြီးဖြစ်သည့် အရာများသည် သင့်ကို တစ်နှစ် သို့မဟုတ် နှစ်နှစ် သို့မဟုတ် သုံးနှစ် သို့မဟုတ် လေးနှစ် အပြစ်ဒဏ် ကျခံရနိုင်စေပြီး၊ သင်၏ ထောင်ဒဏ်ကာလကို ကျခံပြီးပါက၊ သင်သည် မည်သည့်ပြစ်မှုကိုမျှ အပြစ်ရှိတော့မည် မဟုတ်ပေ။ သို့ရာတွင် ဘုရားသခင်၏ ပစ္စည်းများ၊ ဘုရားသခင်၏ပူဇော်သက္ကာများကို သင်ယူပြီး အသုံးပြုသည့်အခါ၊ ဤသည်မှာ ဘုရားသခင်၏အမြင်တွင် ရာသက်ပန်ဖြစ်သော အပြစ်တစ်ခု၊ ခွင့်လွှတ်၍မရနိုင်သည့် အပြစ်တစ်ခု ဖြစ်ပေသည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် လူတို့၏စိတ်နှလုံးကို ထိန်းချုပ်သည့်အပြင် အသင်းတော်ဘဏ္ဍာရေးကိုလည်း ထိန်းချုပ်၏” မှ

အသင် နံဟောင်နေသော တီကောင်ငယ်လေးများသည် ငါယေဟောဝါ၏ ယဇ်ပလ္လင်ထက်က ယဇ်များကို ခိုးယူကြ၏။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်တို့၏ ပျက်စီးနေသော၊ ကျရှုံးခဲ့သော နာမည်ဂုဏ်သတင်းကို ဆယ်တင်နိုင်ကာ အရွေးချယ်ခံ ဣသရေလ၏လူမျိုး ဖြစ်လာနိုင်သလော။ သင်တို့သည် အရှက်မဲ့သော စုတ်ချာနေသည့်သူများ ဖြစ်ကြသည်။ ယဇ်ပလ္လင်ပေါ်က ထိုယဇ်များသည် ငါ့ကို ကြောက်ရွံ့ကြသော သူများထံမှလာသည့် သဒ္ဓါတရားရှိသော စိတ်ခံစားချက်များကို ဖော်ပြချက် အနေဖြင့် လူတို့က ငါ့ကို ပူဇော်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ငါထိန်းချုပ်ဖို့အတွက်ဖြစ်ပြီး ငါအသုံးပြုဖို့အတွက် ဖြစ်သည်၊ ထို့ကြောင့် ငါ့ကို လူတို့ ပေးထားသော ချိုးငှက်ငယ်လေးများကို ငါ့ထံမှ သင်တို့ အဘယ်သို့ လုယက်ဖို့ ဖြစ်နိုင်သနည်း။ ယုဒတစ်ဦး ဖြစ်လာမည်ကို သင် မကြောက်သလော။ သင့်မြေသည် သွေးမြေဖြစ်လာမည်ကို သင်မကြောက်သလော။ အရှက်မဲ့လိုက်သည့် အသင်။ လူတို့ပူဇော်ထားသည့် ချိုးငှက်ငယ်လေးများသည် အသင် လောက်ကောင်၏ ဝမ်းကို အာဟာရ ဖြည့်တင်းဖို့ဟု ထင်သလော။ သင့်ကို ငါပေးပြီးသောအရာသည် ငါ အားရကျေနပ်ကာ လိုလိုလားလား ပေးခဲ့သော အရာဖြစ်သည်။ ငါသင့်ကို မပေးထားသော အရာသည် ငါအလိုရှိသလို အသုံးပြုနိုင်သော အရာဖြစ်၏။ ငါ၏ ယဇ်များကို သင် လုံးဝခိုးယူ၍ မရ။ အလုပ်လုပ်သောသူမှာ ငါ ယေဟောဝါ- ဖန်ဆင်းခြင်း၏ အရှင်- ဖြစ်ပြီး ငါ့ကြောင့် လူတို့က ယဇ်များကို ပူဇော်ကြခြင်း ဖြစ်သည်။ ဤသည်မှာ သင်အလုပ်များသမျှ အားလုံးအတွက် ဆုလာဘ်ဟု သင်ထင်သလော။ သင်သည် အမှန်တကယ် အရှက်မဲ့သောသူပါတကား။ မည်သူ့အတွက် သင်အလုပ်များ နေရသနည်း။ သင်ကိုယ်တိုင်အတွက် မဟုတ်လော။ သင်သည် အဘယ်ကြောင့် ငါ၏ ယဇ်များကို ခိုးယူသနည်း။ ငါ၏ ငွေအိတ်မှ ငွေကို သင်အဘယ်ကြောင့် ခိုးယူသနည်း။ သင်သည် ယုဒရှကာယုတ်၏သား မဟုတ်လော။ ငါ ယေဟောဝါအဖို့ဖြစ်သော ယဇ်များသည် ယဇ်ပုရောဟိတ်များ ပျော်မွေ့ဖို့ရာ ဖြစ်သည်။ သင်သည် ယဇ်ပုရောဟိတ်တစ်ဦးလော။ သင်သည် ငါ၏ ယဇ်များကို ဘဝင်ခိုက်စွာ စားဝံ့ပြီး ၎င်းတို့ကို စားပွဲပေါ်၌ပင် တည်ခင်း၏၊ သင်သည် တန်ဖိုးအလျှင်း မရှိသူ ဖြစ်သည်။ အသင် အသုံးမကျသည့် စုတ်ချာသောသူ။ ငါ၏မီး၊ ယေဟောဝါ၏ မီးသည် သင့်ကို ပြာကျစေလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ရွက်ကြွေများ ၎င်းတို့အမြစ်များဆီ ပြန်သွားကြချိန် ပြုပြီးသမျှ မကောင်းမှုအားလုံးကို သင်နောင်တရလတ္တံ့” မှ

ငါသည် သင်တို့အလယ်တွင် ဤနည်းဖြင့် အမှုပြုကာ စကားပြောပြီး ဖြစ်သည်၊ အလွန်များစွာသော အားအင်များနှင့် အားထုတ်မှုကို ငါ အသုံးပြုပြီး ဖြစ်သည်၊ သို့သော် သင်တို့ကို ရှင်းလင်းစွာ ငါပြောသည့် အရာကို မည်သည့်အချိန်တွင် သင်တို့ နားထောင်ဖူးကြသနည်း။ အနန္တတန်ခိုးရှင် ငါ့ကို သင်တို့ အဘယ်မှာ ပျပ်ဝပ်ဖူးကြသနည်း။ သင်တို့သည် အဘယ်ကြောင့် ဤကဲ့သို့ ငါ့ကို ဆက်ဆံကြသနည်း။ အဘယ်ကြောင့် သင်တို့ ပြောသမျှနှင့် လုပ်ဆောင်သမျှတိုင်းသည် ငါ၏အမျက်ဒေါသကို နှိုးဆော်သနည်း။ အဘယ်ကြောင့် သင်တို့၏ နှလုံးသားများသည် အလွန် မာကျောသနည်း။ ငါသည် သင်တို့ကို အလဲထိုးဖူးပါသလော။ ငါ့ကို ဝမ်းနည်းစေကာ ပူပန်စေသည်မှလွဲ၍ သင်တို့ အဘယ်ကြောင့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြသနည်း။ သင်တို့အပေါ် ငါယေဟောဝါ၏ အမျက်ဒေါသ ကျရောက်မည့်နေ့ကို သင်တို့ စောင့်ဆိုင်းနေကြသလော။ သင်တို့၏ မနာခံမှုက ဆွပေးသည့် ငါ၏အမျက်ဒေါသကို စေလွှတ်ဖို့ သင်တို့ စောင့်ဆိုင်းနေကြသလော။ ငါလုပ်ဆောင်သမျှတိုင်းသည် သင်တို့အတွက် မဟုတ်သလော။ သို့သော်လည်း သင်တို့သည် ယေဟောဝါ ဖြစ်သည့် ငါ့ကို ဤနည်းလမ်းဖြင့် အမြဲ ဆက်ဆံကြလေပြီ- ငါ၏ ပူဇော်သက္ကာများကို ခိုးယူခြင်း၊ ငါ၏ ယဇ်ပလ္လင်ပေါ်ရှိ လှူဖွယ်ပစ္စည်းများကို သားပေါက်များနှင့် သားပေါက်များ၏ သားပေါက်များကို ကျွေးဖို့ အိမ်မှ ဝံပုလွေ၏ သားရဲတွင်းသို့ ယူသွားခြင်းတို့ဖြစ်သည်။ လူတို့သည် ဒေါသထွက်သည့် စိန်းစိန်းဝါးဝါး အကြည့်များ၊ ဓါးများနှင့် လှံများဖြင့် အချင်းချင်း ရင်ဆိုင်ကြလျက်၊ အနန္တတန်ခိုးရှင် ငါ၏ စကားကို မစင်ကဲ့သို့ ညစ်ညမ်းလာဖို့ အိမ်သာထဲသို့ ပစ်လျက်၊ အချင်းချင်း ဆန့်ကျင်တိုက်ခိုက်ကြ၏။ သင်တို့၏ တည်ကြည်မှုမှာ အဘယ်မှာနည်း။ သင်တို့၏ လူ့သဘာဝသည် သားရဲသဘောဆန်ခြင်း ဖြစ်လာလေပြီ။ သင်တို့၏ နှလုံးသားများသည် ကျောက်တုံးအဖြစ်သို့ ပြောင်းသွားပြီး ဖြစ်သည်မှာ အချိန်ကြာမြင့်စွာကတည်းက ဖြစ်သည်။ ငါ၏ အမျက်ဒေါသနေ့ရက် ကျရောက်မည့်အချိန်သည် အနန္တတန်ခိုးရှင် ငါ့ကို ယနေ့ ဆန့်ကျင်လျက် သင်တို့ ကျူးလွန်သည့် မကောင်းမှုကို ငါက တရားစီရင်မည့်အချိန် ဖြစ်သည်ကို သင်တို့ မသိကြသလော။ ဤနည်းဖြင့် ငါ့ကို လှည့်စားခြင်းအားဖြင့်၊ ငါ၏စကားများကို ရွှံ့နွံထဲသို့ ပစ်ချခြင်းနှင့် ယင်းတို့ကို နားမထောင်ခြင်းအားဖြင့်- ငါ၏နောက်ကွယ်တွင် ဤကဲ့သို့ ပြုမူခြင်းအားဖြင့် ငါ၏အမျက်ဒေါသနှင့် ပြည့်နေသော အကြည့်ကို လွတ်မြောက်နိုင်မည်ဟု သင်တို့ ထင်ကြသလော။ ငါ၏ ပူဇော်သက္ကာများကို ခိုးယူပြီး ငါ၏ ပိုင်ဆိုင်မှုများကို သင်တို့ တပ်မက်ချိန်တွင်၊ ငါယေဟောဝါ၏ မျက်စိများဖြင့် သင်တို့ကို တွေ့မြင်နှင့်ပြီးဖြစ်သည်ကို သင်တို့မသိကြသလော။ ငါ၏ ပူဇော်သက္ကာများကို သင်တို့ ခိုးယူချိန်တွင်၊ ပူဇော်သက္ကာကို ပေးလှူသည့်နေရာ ယဇ်ပလ္လင် ရှေ့မှောက်တွင် ထိုသို့ သင်တို့ လုပ်ဆောင်ခဲ့ကြသည်ကို သင်တို့မသိကြသလော။ ဤနည်းဖြင့် ငါ့ကို လှည့်ဖြားရလောက်အောင် ပါးနပ်လှသည်ဟု သင်တို့ကိုယ်သင်တို့ အဘယ်သို့ ယုံကြည်နိုင်ကြသနည်း။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော သင်တို့၏ အပြစ်များမှ ငါ၏အမျက်ဒေါသ အဘယ်သို့ ထွက်သွားနိုင်မည်နည်း။ သင်တို့၏ မကောင်းသည့် လုပ်ဆောင်ချက်များမှ အဘယ်သို့ ငါ၏ပြင်းထန်သော အမျက်သည်းခြင်းသည် ကျော်သွားနိုင်မည်နည်း။ ယနေ့ သင်တို့ ကျူးလွန်သည့် မကောင်းမှုသည် သင်တို့အတွက် လမ်းမဖွင့်ပေးဘဲ၊ မနက်ဖြန်အတွက် သင်တို့၏ ပြစ်တင်ဆုံးမခြင်းကို သိုထားလေပြီ။ ယင်းသည် သင်တို့အပေါ် အနန္တတန်ခိုးရှင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို လှုံ့ဆော်လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

ဘုရားသခင်၏ အိမ်တော်အဖို့ အလှူငွေများကို ကြီးကြပ်ခြင်း၏ အခြေခံသဘောတရားများ

ဘုရားသခင်အားယုံကြည်သူအားလုံးက ပေးသည့် အလှူငွေများသည် ဘုရားသခင်၏အထူးသီးသန့် ပစ္စည်းဥစ္စာ ဖြစ်ပြီး၊ မည်သည့် အသင်းတော်မျှ သို့မဟုတ် မည်သူတစ်ဦးတစ်ယောက်မျှနှင့် မသက်ဆိုင်ပေ။ အချို့သော ရန်ပုံငွေများနှင့် ပစ္စည်းဥစ္စာကို အသင်းတော်များ၏ အလုပ်တွင် အသုံးပြုခြင်းအတွက် ထောက်ပံ့ကောင်း ထောက်ပံ့ပေးနိုင်သည်၊ သို့သော် ယင်းတို့သည် ဘုရားသခင်၏ အိမ်တော်နှင့် သက်ဆိုင်နေဆဲ ဖြစ်ပြီး ဘုရားအိမ်တော်က ဗဟိုမှနေ၍ နေရာချပေးရမည်ဖြစ်သည်။ ယင်းတို့ကို လိုအပ်သည့် မည်သူမဆိုက အသုံးပြုနိုင်သော်လည်း ယင်းတို့ကို အလွဲသုံးစားပြုရမည် မဟုတ်။ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အတိုင်းအတာကြောင့်၊ လူများစွာတို့သည် ငွေကို ချစ်ကြပြီး၊ မိမိတို့၏ အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမဆို မျက်ကွယ်ပြုထားကြလေသည်။ ထိုသို့ဖြစ်သဖြင့်၊ အလှူငွေများကို ကြီးကြပ်ခြင်းအတွက် တင်းကျပ်သည့် စနစ်တစ်ခု ချမှတ်ဖို့ ဘုရားသခင်၏ အိမ်တော်အတွက် မဖြစ်မနေလုပ်ရန် လိုအပ်ပေသည်။ ဤရည်မှန်းချက်အဖို့၊ အသင်းတော် အလှူငွေများအား ကြီးကြပ်ဖို့ သင့်တော်သူ သုံးဦးကို အသင်းတော် အသီးသီးက ရွေးချယ်ရမည် ဖြစ်သည်ဟု ဘုရားသခင်၏အိမ်တော်က အသေအချာ သတ်မှတ်ထားပေသည်။ ခေါင်းဆောင်များ၊ အမှုတော်ဆောင်များနှင့် ဘုရားသခင် ရွေးချယ်ထားသော လူအားလုံးသည် အသင်းတော် အလှူငွေများကို ကြီးကြပ်ပိုင်ခွင့်ကို လက်ဝယ်ရှိထားပေသည်။ အလှူငွေများနှင့်ပတ်သက်သည့် မည်သည့် ပြဿနာများကိုမဆို စုံစမ်းစစ်ဆေးခြင်းနှင့် ကိုင်တွယ်ခြင်းသည် အသင်းတော်ခေါင်းဆောင်များ၏ တာဝန် ဖြစ်သည်။ ပြောခဲ့သည့် စုံစမ်းစစ်ဆေးခြင်းများတွင် ဘုရားသခင် ရွေးချယ်ထားသူများက ပူးပေါင်းလုပ်ဆောင်ပေးသင့်ပေသည်။ ၎င်းတို့သည် ထိုသို့သော ကိစ္စရပ်များကို မသိကျိုးကျွန် ပြုရမည်မဟုတ်သကဲ့သို့၊ ထိုသို့ လုပ်ဆောင်ပါက တန်းတူညီမျှ အပြစ်ရှိသည်ဟု ယူဆခံရလိမ့်မည်ဖြစ်သည်။ အောက်ပါတို့မှာ အသင်းတော်၏ အလှူငွေများကို ကြီးကြပ်ခြင်းအတွက် အခြေခံသဘောတရားများနှင့်ဆိုင်သည့် တိကျသည့် အသေးစိတ် အချက်အလက်များ ဖြစ်သည်-

၁။ အသင်းတော် အသီးသီးသည် အလှူခံပုံးတစ်ခုကို စီစဉ်ရမည်။ အချိန်ဇယား သို့မဟုတ် ပမာဏ မည်သို့ပင်ဖြစ်စေ၊ အလှူငွေများအတွက် မည်သည့် ပြဋ္ဌာန်းချက်များမျှ မရှိသကဲ့သို့ ၎င်းတို့ကို လွတ်လပ်စွာ ပြုလုပ်ထားပေသည်။ အလှူငွေများကို လုံခြုံစွာ ထိန်းသိမ်းခြင်းအတွက် ပူးတွဲတာဝန်ယူဖို့ သီးခြားပုဂ္ဂိုလ်သုံးဦးကို ရွေးချယ်ထားရမည်။ ရန်ပုံငွေများကို ထုတ်ယူခြင်းနှင့် သုံးစွဲခြင်းတို့ကို ငွေစာရင်း စည်းမျဉ်းများအတိုင်း တိတိကျကျ ပြုလုပ်ရမည်ဖြစ်ပြီး ရွေးချယ်ခံထားရသည့် သီးခြားပုဂ္ဂိုလ်သုံးဦးက စာရင်းများ၏ ရှင်းလင်းမှုကို သေချာစေပြီး အသင်းတော်ခေါင်းဆောင်များထံ ပုံမှန် သတင်းပို့ရမည်။

၂။ အသင်းတော် အသီးသီးတွင်၊ အလှူငွေများကို လူသုံးဦးက ကြီးကြပ်ရမည်- တစ်ဦးက ငွေကိုင်အဖြစ် ဆောင်ရွက်ဖို့နှင့် နှစ်ဦးက စာရင်းကိုင်ခြင်းကို ဆောင်ရွက်ဖို့ဖြစ်သည်။ အလှူငွေများနှင့် စာရင်းများ စီမံခန့်ခွဲခြင်းကို လူတစ်ဦးတည်းက မဆောင်ရွက်ရ။

၃။ တစ်စုံတစ်ဦးသည် အလှူငွေများ ကာကွယ်ပေးခြင်းအတွက် မသင့်တော်သည်ကို သိရှိရပါက၊ ၎င်းကို မဆိုင်းမတွ အစားထိုးရမည်။ မသင့်တော်သည့် လူများကို ခန့်အပ်ခြင်းက အသင်းတော် အလှူငွေများ ဆုံးရှုံးမှု ဆိုက်ရောက်စေသည့်နေရာတွင်၊ အသင်းတော် ခေါင်းဆောင်များတွင် တာဝန်ရှိသည်ဟု ယူဆရမည်။

၄။ အသင်းတော် ဘဏ္ဍာငွေများကို တင်းကျပ်သည့် ငွေစာရင်း စည်းမျဉ်းများနှင့်အညီ စီမံခန့်ခွဲကာ အသုံးပြုရမည်။ အသင်းတော်ခေါင်းဆောင်များက ထိန်းသိမ်းစောင့်ရှောက်သူတစ်ဦးထံ အလှူငွေများ ပေးအပ်ချိန်တွင်၊ ရန်ပုံငွေများကို ထိန်းသိမ်းစောင့်ရှောက်သူထံ ပေးအပ်ပြီးဖြစ်သည်ဆိုသည့် သက်သေအဖြစ် တကယ့်ပမာဏအတွက် ငွေလက်ခံရရှိကြောင်း ပြေစာ မိတ္ထူသုံးစောင် ဖန်တီးရမည်။ ထိန်းသိမ်းစောင့်ရှောက်သူများက စာတိုတစ်ခုကို ရေးရုံမျှ ရေးရမည်မဟုတ်ဘဲ၊ ငွေပေးသူအတွက် ရန်ပုံငွေများ လက်ခံရရှိကြောင်း ပြေစာသက်သေတစ်ခု ဖန်တီးရမည်။ ခေါင်းဆောင် အတုအယောင်များ သို့မဟုတ် အန္တိခရစ်များ၏ ခိုးယူခြင်းကို တားဆီးကာကွယ်ဖို့ရန်၊ အဆင့်တိုင်းရှိ ခေါင်းဆောင်များ၏ အလှူငွေများနှင့်ဆိုင်သည့် လှုပ်ရှားမှု သို့မဟုတ် လွဲပြောင်းခြင်းကို ခေါင်းဆောင်နှစ်ဦး၊ သုံးဦးက မျက်မြင်တွေ့ရမည်ဖြစ်ပြီး စာဖြင့်ရေးသားဖော်ပြသော အထောက်အထား ပါရှိရမည်။ အသင်းတော်လုပ်ငန်းက ငွေလိုအပ်သည့်နေရာတွင်၊ ရန်ပုံငွေများကို လူနှစ်ဦး၊ သုံးဦးက ထုတ်ယူရမည်။ ယင်းတို့ကို တစ်ဦးတည်းက မထုတ်ယူရ။ ထိန်းသိမ်းစောင့်ရှောက်သူသည် ထုတ်ယူသူများထဲမှ အနည်းဆုံးအနေဖြင့် တစ်ဦးနှင့် မသိကျွမ်းပါက၊ ထုတ်ယူမှုကို ဟန့်တားရမည်ဖြစ်ပြီး လွှဲ ပြောင်းပေး၍မရပေ။ ရန်ပုံငွေများ ထုတ်ယူသည့် အချိန်တိုင်းတွင်၊ ထုတ်ယူသူသည် ထုတ်ယူသည့် နေ့စွဲ၊ ငွေပမာဏ၊ ရည်ရွယ်ထားသည့် သုံးစွဲမှုနှင့် ထုတ်ယူသူ၏ လက်မှတ်ပါဝင်သည့် အာမခံချက်တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ရေးသားရမည်။ မိတ္ထူတစ်စောင်စီကို ပါဝင်ပတ်သက်သည့် လူတစ်ဦးစီသို့ ပို့ခြင်းဖြင့်၊ ငွေလက်ခံရရှိကြောင်း ပြေစာ မိတ္ထူသုံးစောင်ကိုလည်း ငွေစာရင်းမှတ်တမ်းတစ်ခုအဖြစ် ဖန်တီးရမည်။

၅။ အသင်းတော် အလှူငွေနှင့်ဆိုင်သည့် ဝင်ငွေနှင့် အသုံးစရိတ်အားလုံးကို မိတ္ထူတစ်စောင်စီအား စာရင်းကိုင်နှစ်ဦးထံ ပေးထားလျက်၊ မိတ္ထူနှစ်စောင် ပြုစုရမည်။ စာရင်းကိုင်များက ကိုင်တွယ်သည့် ငွေစာရင်းများအားလုံးကို ရှင်းရှင်းလင်းလင်း ထိန်းသိမ်းထားရမည်ဖြစ်ပြီး၊ ပြဿနာများကို ချက်ချင်း ဖော်ထုတ်ပြီး ကိုင်တွယ်နိုင်ဖို့အလို့ငှာ အလှူငွေများနှင့်ဆိုင်သည့် ဝင်ငွေနှင့် အသုံးစရိတ်တို့ကို မူများအတိုင်း ကိုင်တွယ်ထားသည်မှာ မှန်ကန်ကြောင်းအတည်ပြုသင့်သည့် ခေါင်းဆောင်များက စီစဉ်မထားဘဲ စစ်ဆေးရမည်၊ သို့မဟုတ် လစဉ် စစ်ဆေးရမည်။ အလုပ်၏ အရေးပေါ်ကိစ္စများကြောင့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ အစားထိုးခံရသည့်အခါ သို့မဟုတ် လွှဲပြောင်းခန့်အပ်ခံရသည့်အခါတွင်၊ ဖုံးကွယ်ထားသော ရည်မှန်းချက်များရှိသည့် လူတို့ကို အသင်းတော် အလှူငွေများအား အလွဲသုံးစားလုပ်ဖို့ သို့မဟုတ် တလွဲအသုံးပြုဖို့ အခွင့်အရေးရှိခြင်းမှ တားဆီးဖို့ရန် လွှဲပြောင်းပေးအပ်ခြင်း အတောအတွင်းတွင် စာရင်းများကို ရှင်းရှင်းလင်းလင်း ကြည့်ရှုစစ်ဆေးရမည်ဖြစ်သည်။

၆။ ဘုရားသခင် ရွေးချယ်ထားသော လူတို့ ပေးထားသည့် အလှူငွေများကို အလှူခံပုံးထဲတွင် ထားရှိရမည်။ အလှူခံပုံး တစ်ပုံးမရှိသည့်အခါ၊ အလှူငွေကို အသင်းတော် ခေါင်းဆောင်နှစ်ဦးထံ ကိုယ်တိုင်ကိုယ်ကျ ပေးထားရမည်။ အလှူငွေများကို ခေါင်းဆောင်တစ်ဦးတည်းထံ ပေးမထားရ။ မည်သည့် ခေါင်းဆောင် သို့မဟုတ် အမှုတော်ဆောင် တစ်ဦးတည်းကမျှ ညီအစ်ကို မောင်နှမတစ်ဦးထံမှ အလှူငွေကို လက်ခံရရှိခွင့်မရှိပေ။ အနည်းဆုံး လူနှစ်ဦး လိုအပ်၏။ အလှူငွေကို လက်ခံရရှိချိန်တွင်၊ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် ကိန်းဂဏန်းနှင့် စာနှစ်ခုလုံးဖြင့် ရေးသားထားသည့် ငွေပမာဏ၊ လက်ခံရရှိသည့် နေ့စွဲနှင့် အလှူငွေ ကိုင်တွယ်သူများ၏ ဝိညာဉ်ရေးရာ အမည်များ မှတ်သားထားသည့် လက်ခံရရှိကြောင်း ပြေစာနှင့်ဆိုင်သည့် မိတ္ထူသုံးစောင် သက်သေကို ပြုလုပ်ရမည်။ ကိုင်တွယ်သူများက မိတ္ထူတစ်စောင်စီ ယူထားရမည်။ ထို့အပြင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များက အလှူငွေပေးသည့် ညီအစ်ကို သို့မဟုတ် ညီအစ်မကို ဘုရားသခင်၏အိမ်တော်သို့ အလှူငွေပေးပြီးဖြစ်သည်ကို သက်သေပြသည့် ဖြတ်ပိုင်းတစ်ခု ပေးရပေသည်။

၇။ အထက်အဆင့်သို့ လွှဲပြောင်းပေးရန် အသင်းတော်က ထိန်းသိမ်းထားသည့် အလှူငွေအားလုံးကို လူနှစ်ဦးက ပူးတွဲကိုင်တွယ်ရမည်။ အလှူငွေကို လူတစ်ဦးတည်းက မယူရ။ အထူးတာဝန်ပေးထားသည့် အမှုထမ်းက အလှူငွေကို သတ်မှတ်ထားသည့် နေရာသို့ ပေးပို့ရမည်ဖြစ်ပြီး အန္တရာယ်ဖြစ်နိုင်ချေရှိသည့် နေရာများကို မဖြတ်သန်းသင့်ပေ၊ သို့မဟုတ် ထိုနေရာများတွင် အချိန်မဆွဲသင့်ပေ။ မတော်လောဘစိတ်ရှိသူ၊ ငွေလုယူတတ်သူနှင့် မတရားသော အခွင့်အရေးကို ရယူတတ်လေ့ရှိသူ သို့မဟုတ် မိမိ၏ မိသားစုက ငွေကြေးအကြွေးတင်ရှိသည့် လူများအား အလှူငွေများကို ကောက်ခံဖို့ သို့မဟုတ် ပေးပို့ဖို့ သို့မဟုတ် (အသင်းတော်အတွက် ဝယ်ယူခြင်း၊ စသည်ကဲ့သို့သော) အလှူငွေများနှင့်ဆိုင်သည့် အသုံးစရိတ်ပါဝင်သော ဘုရားသခင်၏ အိမ်တော်အတွက် မည်သည့်အမှုကိစ္စကိုမျှ ကိုင်တွယ်ခွင့်မပေးရ။

၈။ အလှူငွေများကို ကောက်ခံပြီး ပေးပို့သောသူများ သို့မဟုတ် အလှူငွေများ သုံးစွဲရန်အကြောင်း ရှိသူအားလုံးသည် ရှင်းလင်းသည့် အသုံးစရိတ် စာရင်းတစ်ခုနှင့် တစ်ခုချင်းဖော်ပြသည့် ငွေစာရင်းများကို မှန်မှန်ကန်ကန် ရေးသားရမည်ဖြစ်ပြီး စာရင်းများကို ချက်ချင်း မှန်ကန်ကြောင်း အတည်ပြုရမည်။ စာရင်းများကို ဆန္ဒအလျောက် မှန်ကန်ကြောင်း အတည်ပြုရန် လိုလားခြင်းမရှိသူ မည်သူမဆိုအား သံသယဖြစ်ဖွယ်အဖြစ် မှတ်ယူသင့်ပေသည်။ စာရင်းများကို မမှန်မကန် ပြုလုပ်ထားကြောင်း ရှာဖွေတွေရှိခံရသည့် မည်သူမဆိုကို တင်းကျပ်စွာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး ထို့နောက်တွင် အလှူငွေများမှ ဝေးဝေးနေစေရမည်။ ဆိုးရွားသည့် ကိစ္စရပ်များတွင်၊ ၎င်းတို့ကို ထုတ်ပယ်ပစ်သင့်သည်၊ သို့မဟုတ် နှင်ထုတ်သင့်ပေသည်။

၉။ အလှူငွေများကို ထိန်းသိမ်းစောင့်ရှောက်သူများသည် မူများကို လိုက်နာရမည်ဖြစ်ပြီး၊ အလှူငွေများနှင့်ဆိုင်သည့် ကိစ္စရပ်တွင် ဘုရားသခင်အပေါ် လုံးဝ သစ္စာရှိရမည်။ ခေါင်းဆောင်များအနေဖြင့် ရန်ပုံငွေများကို ထုတ်ယူရာတွင် မူများမှ သွေဖည်သွားခဲ့သည်ကို တွေ့ရှိရပါက၊ ထိန်းသိမ်းစောင့်ရှောက်သူများက ၎င်းတို့အား မူများကို လိုက်နာကြဖို့ မေတ္တာရပ်ခံရမည်ဖြစ်သည်။ ခေါင်းဆောင်များက ဤအကြံပြုချက်ကို လျစ်လျူရှုပြီး အလှူငွေများ ထုတ်ယူခြင်းကို မရမကလုပ်ဆောင်ပါက၊ ထိန်းသိမ်းစောင့်ရှောက်သူများအနေဖြင့် အထက်အဆင့်မှ စိစစ်ခြင်းကို ၎င်းတို့ တောင်းခံပြီးသည်အထိ ငွေထုတ်ယူမှု လုပ်ငန်းစဉ်ကို ငြင်းပယ်ပိုင်ခွင့်ရှိ၏။ ရန်ပုံငွေများ ထုတ်ယူရာတွင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များက မူများမှ သွေဖည်ပြီး၊ ထိန်းသိမ်းစောင့်ရှောက်သူများက ငွေထုတ်ယူခြင်း လုပ်ငန်းစဉ်အား မငြင်းသည်ကို တွေ့ရှိရပါက- ၎င်းတို့အနေဖြင့် ယုံမှားသံသယမရှိဘဲ နာခံပြီး ကျိုးကြောင်းမမြင်ဘဲ ငွေကို လွှဲပြောင်းပေးအပ်ပါက- ဤသည်မှာ မူများကို ဆိုးဆိုးရွားရွား ဖောက်ဖျက်မှုဖြစ်ပြီး တာဝန်ကို လုံးဝ ဖယ်ကြဉ်ခြင်း ဖြစ်ပေသည်။ သဘာဝအားဖြင့်၊ ထိုသို့သော ထိန်းသိမ်းစောင့်ရှောက်သူများသည် ယုဒနှင့် မခြားသကဲ့သို့၊ ၎င်းတို့ကို အစားထိုးရမည်၊ သို့မဟုတ် ထုတ်ပယ်ရမည်ဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်သူများက မူများကို မလိုက်နာသကဲ့သို့၊ အသင်းတော် အလှူငွေများ ဆုံးရှုံးခြင်းသို့ ဆိုက်ရောက်စေလျက်၊ ၎င်းတို့ကို ကောင်းကောင်းအသုံးချဖို့ နတ်ဆိုးစာတန်ကို အခွင့်ပေးပါက၊ ၎င်းတို့သည် ပြောခဲ့သည့် ဆုံးရှုံးမှုကို ခြွင်းချက်မရှိ အလျော်ပေးရမည်။ အလျော်ပေးဖို့ ၎င်းတို့ ငြင်းပါက၊ ၎င်းတို့ကို ထုတ်ပယ်နိုင်သည်၊ သို့မဟုတ် နှင်ထုတ်နိုင်သည်။

အလုပ်အစီအစဉ်များ မှ

ရွေးချယ်ခြင်းခံရသည့်လူတို့၏ ဘုရားသခင်အဖို့ အလှူငွေနှင့်ပစ္စည်းများသည် ဘုရားသခင်၏ သီးသန့်ပိုင်ဆိုင်မှုပစ္စည်း ဖြစ်သည်။ ယင်းတို့သည် မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့် အသင်းတော်နှင့်မျှ မသက်ဆိုင်သကဲ့သို့၊ ၎င်းတို့အားလုံးကို ဘုရားသခင်၏ အိမ်တော်အတွက် ခွဲဝေသတ်မှတ်ထားပြီး ဘုရားသခင်၏အိမ်တော်က အသုံးပြုပေသည်။ လှူဖွယ်ပစ္စည်းများကို အလွဲသုံးစားလုပ်ခြင်း၊ ချေးငှားခြင်း သို့မဟုတ် အလှူငွေနှင့်ပစ္စည်းများကို အလွဲသုံးစားလုပ်ခြင်း တစ်စုံတစ်ရာကို ခိုးယူခြင်းအဖြစ် ယူဆထားသည်။ ဘုရားသခင်၏ စိတ်သဘောထားသည် မည်သည့်ပြစ်မှုကိုမျှ သည်းမခံပေ- လှူဖွယ်ပစ္စည်းများကို ခိုးသောသူတို့သည် ယုဒများဖြစ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အပြစ်ပေးခြင်းခံရမည့် အလွန်ဆိုးရွားသော အပြစ်သားများ ဖြစ်သည်။ ထိုသို့သော လူတို့သည် ပယ်ရှင်းခံရဖို့ သေချာပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်၏ အပြစ်ပေးခြင်း ခံရမည်ဖြစ်ပြီး၊ ၎င်းတို့၏ မကောင်းမှုများကို မှတ်တမ်းတင်ရမည် ဖြစ်ကာ အားလုံးထံ လူသိရှင်ကြား ဖြစ်စေရမည်။ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို ကာကွယ်ခြင်းသည် အဓိက အရေးကြီးသည့်အရာ ဖြစ်သည်။ အလှူငွေများကို ကြီးကြပ်ခြင်းနှင့် မမှန်မကန်လုပ်ခြင်းကို အပြစ်ပေးရန်အတွက် ကောင်းကောင်း ဖော်ထုတ်ထားသည့် မူများမရှိဘဲနှင့်၊ နတ်ဆိုးစာတန်သည် မလွဲမသွေ လွတ်ပေါက်များကို အပြည့်အဝ အသုံးချလိမ့်မည် ဖြစ်သည်။ ဤရည်မှန်းချက်အတွက်၊ ဘုရားသခင်၏ အိမ်တော်သည် လှူဖွယ်ပစ္စည်းများကို ခိုးသောသူများ၊ အလွဲသုံးစားလုပ်သူများ သို့မဟုတ် ဆုံးရှုံးမှုဖြစ်စေသူများအပေါ် တင်းကျပ်သည့် လုပ်ဆောင်မှုများကို အသုံးပြုရမည်ဖြစ်သည်။ ထိုသို့သော ကိစ္စရပ်တို့ကို ကိုင်တွယ်ဖို့ တိကျသောနည်းစနစ်များမှာ အောက်ပါအတိုင်းဖြစ်သည်-

၁။ ဘုရားသခင်အဖို့ဖြစ်သော လှူဖွယ်ပစ္စည်းများကို ခိုးယူသောသူ သို့မဟုတ် အလွဲသုံးစားလုပ်သောသူ အားလုံးအတွက်၊ သက်ဆိုင်သည့် ပမာဏက နည်းပါးပါက၊ ၎င်းတို့ နောင်တရပြီး လျော်ကြေးငွေကို ချက်ချင်း ပေးပါက၊ ၎င်းတို့သည် အပြစ်တစ်ခုတည်းသာ အပေးခံရလိမ့်မည်။ သို့သော်၊ ထို့နောက်တွင် အသင်းတော်အသက်တာကို နေထိုင်ဖို့သာ ၎င်းတို့ ခွင့်ပြုခံရလိမ့်မည်ဖြစ်ပြီး ခေါင်းဆောင်များ သို့မဟုတ် အမှုတော်ဆောင်များအဖြစ် ဆောင်ရွက်ဖို့ သို့မဟုတ် အရေးကြီးသည့် တာဝန်ပေးစေခိုင်းချက်များကို လက်ခံဆောင်ရွက်ဖို့ ခွင့်ပြုခံရလိမ့်မည် မဟုတ်ပေ။

၂။ ဘုရားသခင်အဖို့ လှူဖွယ်ပစ္စည်းများကို ခိုးယူပြီး အလွဲသုံးစားလုပ်သောသူ၊ နောင်တမရသကဲ့သို့ လျော်ကြေးငွေပေးဖို့ရန် ငြင်းဆန်သောသူ အားလုံးအတွက်၊ အသင်းတော်သည် လှူဖွယ်ပစ္စည်းများကို ပြန်ရဖို့ တတ်နိုင်သမျှ လုပ်ဆောင်ရမည်၊ ယင်းနောက်တွင် သက်ဆိုင်သည့် သူတစ်ဦးချင်းကို အသင်းတော်မှ ထုတ်ပစ်ရမည်။

၃။ ထိန်းသိမ်းစောင့်ရှောက်သူတစ်ဦးကြောင့် လှူဖွယ်ပစ္စည်းများ ထိခိုက် သို့မဟုတ် ဆုံးရှုံးသည့်နေရာတွင်၊ ပမာဏသည် နည်းပါးပြီး ထိုသူက နောင်တရပါက၊ ၎င်းတို့ကို အမှတ်တစ်ခုတည်းသာ ပေးရမည်။ ပမာဏက များပြားပြီး၊ ၎င်းတို့ နောင်တရကြောင်းမပြပါက၊ အသင်းတော်မှ ထုတ်ပစ်ရမည်ဖြစ်သည်။ သို့သော်၊ ထိခိုက် သို့မဟုတ် ဆုံးရှုံးသည့် လှူဖွယ်ပစ္စည်းပမာဏ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ ကန့်သတ်ထားသည့် အချိန်ကာလတစ်ခုအတွင်းတွင် ရင်းစားပေးရမည်။ ပမာဏကို ရင်းစားပေးဖို့ ထိုလူငြင်းပါက၊ ယင်းကို ပြန်လည်ရရှိဖို့ အသင်းတော်သည် မည်သည့်နည်းလမ်းကိုမဆို ချမှတ်ရမည်။

၄။ မီးလောင်မှု၊ ခိုးမှုကဲ့သို့သော သို့မဟုတ် ကြိုမမြင်နိုင်သည့် ဖြစ်ရပ်ကဲ့သို့သော သဘာဝ သို့မဟုတ် လူလုပ် ကပ်ဘေးများကြောင့်၊ လှူဖွယ်ပစ္စည်းများ ဆုံးရှုံးပါက၊ ထိုကဲ့သို့သောဖြစ်ရပ်က ရှောင်လွှဲမရသည်ကို သက်သေပြဖို့ လူတစ်သီတစ်တန်းရှိမှသာ အပြစ်နှင့် လျော်ကြေးငွေကို သက်ညှာခွင့်ပေးလိမ့်မည် ဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်သူသည် ဓမ္မဓိဋ္ဌာန်မကျသည့် ကြိုတင်ကာကွယ်မှု အစီအမံများကို ထည့်သွင်းစဉ်းစားရန်နှင့် လှူဖွယ်ပစ္စည်းများကို စနစ်တကျသိုလှောင်ရန် ပျက်ကွက်ခြင်းကြောင့်၊ မီးလောင်ခြင်း (သို့) ခိုးယူခြင်းစသည်တို့ ဖြစ်ပွားလျှင် ဆုံးရှုံးမှုကို တာဝန်မဲ့မှုကြောင့်ဟု ယူဆပြီး၊ ဆုံးရှုံးသော ပမာဏကို အပြည့်အဝ ရင်းစားပေးရမည်။ ထိန်းသိမ်းစောင့်ရှောက်သူသည် အပြစ်တစ်ခု ချမှတ်ခံရမည်ဖြစ်ပြီး နောင်တွင် လှူဖွယ်ပစ္စည်းများ ထိန်းသိမ်းခြင်းမှ တားမြစ်ခံရလိမ့်မည် ဖြစ်သည်။

၅။ ထိန်းသိမ်းစောင့်ရှောက်သူများကို ရွေးချယ်ခြင်းအား မူအတိုင်း မကိုင်တွယ်သကဲ့သို့ လှူဖွယ်ပစ္စည်းများ အလွဲသုံးစားလုပ်ခံရခြင်း သို့မဟုတ် ဆုံးရှုံးခြင်းသို့ ဆိုက်ရောက်စေပါက၊ ထိုအဆင့်ရှိ ခေါင်းဆောင်များတွင် တာဝန်ရှိသည်ဟု သတ်မှတ်ရမည် ဖြစ်သည်။ အနည်းဆုံးအနေဖြင့်၊ အဆိုပါ ခေါင်းဆောင်များသည် အပြစ်တစ်ခု ချမှတ်ခံရမည် ဖြစ်သည်။ လှူဖွယ်ပစ္စည်းများကို ပြန်မရနိုင်ပါက၊ ခေါင်းဆောင်များက ပမာဏ ထက်ဝက်ကို အလျော်ပေးရမည်ဖြစ်သည်။ ဤသည်မှာ တရားပြီး လက်တွေ့ကျပေသည်။ ခေါင်းဆောင်များသည် ထိန်းသိမ်းစောင့်ရှောက်သူများ၏ လှူဖွယ်ပစ္စည်းများ မှားယွင်းစွာ စီမံခန့်ခွဲခြင်းမှ မကင်းလွတ်ပါ။ ခေါင်းဆောင်များကို တာဝန်ရှိသည်ဟု သတ်မှတ်ရမည် ဖြစ်သည်။ ခေါင်းဆောင်များက တာဝန်ယူဖို့ လုံးလုံးလျားလျား ငြင်းပါက၊ ၎င်းတို့ကို အစားထိုးရမည်။ ဆိုးရွားသည့် ကိစ္စရပ်များတွင်၊ များပြားသည့် အလှူငွေပမာဏ ဆုံးရှုံးသည့်နေရာတွင် ၎င်းတို့က ပမာဏ အပြည့်အဝ ပြန်ပေးရမည်ဖြစ်ပြီး ထုတ်ပစ်ခံရမည်ဖြစ်သည်။

၆။ ခေါင်းဆောင်တစ်စုံတစ်ဦးက လှူဖွယ်ပစ္စည်းများကို ၎င်းတို့ ကြီးကြပ်ရာတွင် ပေါ့လျော့ပါက သို့မဟုတ် မဆင်မခြင်ဖြစ်ပါက၊ သို့မဟုတ် ၎င်းတို့က လှူဖွယ်ပစ္စည်းများကို အရောင်းအဝယ်ပြုလုပ်ဖို့ အသုံးပြုပြီး ယင်းတို့ကို စိတ်မချရသည့် လူများကို အပ်နှံပါက၊ ၎င်းတို့တွင် တာဝန်ရှိသည်ဟု သတ်မှတ်ရမည်၊ ခေါင်းဆောင်များအဖြစ် ၎င်းတို့၏ ရာထူးများကို ပယ်ဖျက်ရမည်ဖြစ်ပြီး ‌ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ဝင်အရွေးခံဖို့ ၎င်းတို့၏ သင့်တော်မှုကို ဖယ်ရှားရမည်ဖြစ်သည်။ မည်သည့် ဆုံးရှုံးမှုများကိုမဆို ၎င်းတို့ အပြည့်အဝ ပြန်ပေးရမည်ဖြစ်ပြီး ဆိုးရွားသည့် ကိစ္စရပ်များတွင် ၎င်းတို့ကို အသင်းတော်မှ ထုတ်ပစ်ရမည်ဖြစ်သည်။

၇။ အသင်းတော် လှူဖွယ်ပစ္စည်းများအဖို့ အန္တရာယ်ဖြစ်ရန် အလားအလာတစ်ခု တွေ့ရှိချိန်တွင် ခေါင်းဆောင်များ၊ သင်းထောက်များ သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူများက အချိန်မီ အရေးယူမှု မလုပ်ဆောင်သကဲ့သို့၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏ အိမ်တော်အဖို့ သိသာသည့် စီးပွားရေး ဆုံးရှုံးမှု ဖြစ်စေပါက၊ ပါဝင်ပတ်သက်သော လူများကို တာဝန်ရှိသည်ဟု သတ်မှတ်ရမည်ဖြစ်ပြီး အဆိုပါ ဆုံးရှုံးမှုများကို အပြည့်အဝ အလျော်ပေးရမည်ဖြစ်သည်။ ထိုသို့သော အစစ်အမှန် မဟုတ်သည့် ခေါင်းဆောင်များ၊ အစစ်အမှန် မဟုတ်သည့် အမှုတော်ဆောင်များနှင့် ဘုရားသခင်ကို သစ္စာဖောက်သည့် ထိုသို့သော အခြားလူများကို အစားထိုးရမည် သို့မဟုတ် နှင်ထုတ်ရမည်။

၈။ လှူဖွယ်ပစ္စည်းများကို ကြီးကြပ်ကြသည့် ခေါင်းဆောင်များ၊ အမှုတော်ဆောင်များနှင့် ထိန်းသိမ်းစောင့်ရှောက်သူများသည် ၎င်းတို့၏ တာဝန်များတွင် စိတ်ချရမည်ဖြစ်ပြီး ဘုရားသခင်ကို သစ္စာစောင့်သိရမည်။ မည်သည့်အခြေအနေများတွင်မျှ လှူဖွယ်ပစ္စည်းများကို ၎င်းတို့ အလွဲသုံးစား မလုပ်ရ၊ သို့မဟုတ် ဘုရားသခင်၏ လှူဖွယ်ပစ္စည်များကို မရောင်းစားရ၊ သို့မဟုတ် အရောင်းအဝယ်လုပ်ဖို့ ယင်းတို့ကို မသုံးစွဲရပေ။ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို ရောင်းစားသည့် မည်သူမဆိုသည် ယုဒလောက် အပြစ်ရှိပြီး ကျိန်ခြင်းခံရသင့်သည်။ ၎င်းတို့ကို အသင်းတော်မှလည်း နှင်ထုတ်ရမည်ဖြစ်သည်။

အထက်ကအရာများမှာ အသင်းတော် လှူဖွယ်ပစ္စည်းများ ပါဝင်သည့် မတော်တဆမှုများနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းခြင်းအတွက် မူရှစ်ရပ် ဖြစ်သည်။ ယင်းတို့ကို အဆင့်အားလုံးရှိ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များက တင်းတင်းကျပ်ကျပ် လိုက်နာကာ အကောင်အထည်ဖော်ရမည် ဖြစ်သည်။ ၎င်းတို့ မည်သူများဖြစ်သည်ဖြစ်စေ၊ အသင်းတော် လှူဖွယ်ပစ္စည်းများ ပါဝင်သည့် ဆိုးရွားသည့် ဖြစ်ရပ်တစ်ခု ဖြစ်စေသူ မည်သူမဆိုသည် အပြင်းအထန် ကိုင်တွယ်ဖြေရှင်းခံရမည် ဖြစ်သည်။

အလုပ်အစီအစဉ်များ မှ

အရှေ့သို့- ၈၅) အလှူဒါနများနှင့် ပေးကမ်းစွန့်ကြဲမှုများ ပြုခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၈၇) ခေါင်းဆောင်များ၏ အလုပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်