၁၅၁) လက်တွေ့ကျသည့် ထုံးတမ်းအစဉ်အလာ နှင့် အသိပညာတို့အပေါ် သဘောထားရမည့် ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

(၁) လက်တွေ့ကျသည့် ထုံးတမ်းအစဉ်အလာနှင့် အသိပညာတို့သည် ဘုရားသခင်ထံမှလာသည်။ ယင်းတို့သည် မိမိ၏အစွမ်းအစကို တိုးမြှင့်ရာ၌ အကျိုးပြုပြီး၊ ယင်းတို့ဖြင့် ဖြည့်ဆည်းထားသင့်သည်။ ယင်းတို့ကို သင့်တင့်လျောက်ပတ်စွာ သဘောထား၊ လေ့လာပြီး ကျွမ်းကျင်ပိုင်နိုင်သင့်သည်။

(၂) ထုံးတမ်းအစဉ်အလာနှင့် အသိပညာတို့သည် သမ္မာတရား မဟုတ်သကဲ့သို့၊ လူတစ်ဦး၏အသက်အဖြစ် အသုံးချ၍မရနိုင်ပေ။ ယင်းတို့သည် လူသား၏တည်ရှိမှုအဖို့ မရှိမဖြစ်သော တန်ဆာပလာများမျှသာ ဖြစ်သည်။ ယင်းတို့၌ ကျိုးကြောင်းမမြင်သော ယုံကြည်မှုမထားနှင့် သို့မဟုတ် ယင်းတို့ကို မကိုးကွယ်နှင့်။

(၃) သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာလျှင် ထုံးတမ်းအစဉ်အလာနှင့် အသိပညာကို သင့်တင့်လျောက်ပတ်စွာ သဘောထားနိုင်ပြီး ကျိုးကြောင်းဆီလျော်စွာ အသုံးပြုနိုင်သည်။ အသိပညာအချို့ကို နားလည်ရုံမျှသာရှိပြီး သမ္မာတရားမရှိသူများသည် မိမိတို့ကိုယ်ကိုယ် စာတန်၏ဖောက်ပြန်ပျက်စီးခြင်းမှ မဖယ်ရှားနိုင်ပေ။

(၄) ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို သာ၍ ကောင်းစွာ ဟောကြားခြင်းနှင့် သက်သေခံခြင်းတို့အတွက်၊ တာဝန် ထမ်းဆောင်ခြင်းအဖို့ ထောက်ကူသည့် လက်တွေ့ကျသော အသိပညာကို လေ့လာပြီး ကျွမ်းကျင်အောင်လုပ်ဆောင်သင့်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူတို့၏ အရည်အချင်း မြှင့်တင်ခြင်းဆိုသည်မှာ သင်တို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ပြီး ၎င်းတို့နှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်ရမည်ကို သိရှိဖို့အလို့ငှာ သင်တို့၏ သဘောပေါက်နားလည်နိုင်စွမ်းများကို တိုးတက်စေဖို့ သတ်မှတ်ခြင်းဟု ဆိုလိုပေသည်။ ဤသည်မှာ အားလုံးထဲတွင် အခြေခံကျဆုံး သတ်မှတ်ချက် ဖြစ်သည်။ ငါပြောသည့် အရာကို နားမလည်ဘဲ ငါ့နောက်သို့ သင် လိုက်ပါက၊ သင်၏ ယုံကြည်ခြင်းသည် မရေမရာ ဖြစ်နေသည် မဟုတ်လော။ နှုတ်ကပတ်တော် မည်မျှ ငါ မိန့်မြွက်သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များကို သင်တို့ လက်လှမ်းမမီနိုင်ပါက၊ မည်သည့်အရာကို ငါပြောသည်ဖြစ်စေ သင်တို့ သိပ်နားမလည်ပါက၊ ဤသည်မှာ သင်တို့ အရည်အချင်းညံ့ဖျင်းသည်ဟု ဆိုလိုပေသည်။ သဘောပေါက် နားလည်နိုင်စွမ်းများ မရှိဘဲ၊ ငါပြောသည့်အရာများထဲမှ မည်သည့်အရာကိုမျှ သင်တို့ နားမလည်ပေ၊ ယင်းက လိုချင်သော အကျိုးဆက်ကို ရရှိဖို့ အလွန်ခက်ခဲစေသည်။ သင်တို့ကို ငါ တိုက်ရိုက် ပြော၍မရသည့် အရာများစွာရှိနေပြီး၊ ရည်ရွယ်သည့် အကျိုးဆက်ကိုလည်း မရရှိနိုင်၊ ထို့ကြောင့် နောက်ထပ်အလုပ် လိုအပ်ပေသည်။ သင်တို့၏ သဘောပေါက်နားလည်နိုင်စွမ်း၊ အမှုအရာများကို သိမြင်နိုင်စွမ်းနှင့် သင် အသက်ရှင်သည့် စံနှုန်းများသည် မပြည့်ဝလွန်းသည့်အတွက်၊ “အရည်အချင်း မြှင့်တင်ခြင်း” အလုပ်ကို သင်တို့တွင် ဆောင်ရွက်ရမည်ဖြစ်သည်။ ဤအရာကို ရှောင်လွှဲမရသကဲ့သို့၊ အခြားနည်းလမ်းလည်း မရှိပေ။ ဤသို့ဖြင့်သာ အချို့သော အကျိုးဆက်များကို ရရှိနိုင်ပေသည်။ သို့မဟုတ်ပါက၊ ငါပြောသမျှသော နှုတ်ကပတ်တော်အားလုံးသည် အချည်းနှီး ဖြစ်လိမ့်မည်။ ထိုအခါ သင်တို့အားလုံးသည် အပြစ်သားများအဖြစ် သမိုင်းတွင်သွားကြလိမ့်မည် မဟုတ်လော။ သင်တို့သည် ကမ္ဘာမြေ၏ လူဖျင်းများ ဖြစ်သွားကြလိမ့်မည် မဟုတ်လော။ သင်တို့၌ မည်သည့်အမှု ဆောင်ရွက်လျက်ရှိပြီး သင်တို့ကို မည်သည့်အရာ တောင်းဆိုထားသည်ကို သင်တို့ မသိကြသလော။ သင်တို့၏ ကိုယ်ပိုင်အရည်အချင်းကို သင်တို့ သိသင့်သည်။ ယင်းသည် ငါ၏ သတ်မှတ်ချက်များကို လုံးဝ မဖြည့်ဆည်းပေ။ ဤအရာက ငါ၏အမှုကို နှောင့်နှေးစေသည် မဟုတ်လော။ သင်တို့၏ လက်ရှိ အရည်အချင်းနှင့် လက်ရှိ သင်၏ အကျင့်စရိုက် အခြေအနေပေါ် အခြေခံ၍၊ သင်တို့ထဲမှ မည်သူမျှ ငါ့ကို သက်သေခံဖို့ မသင့်တော်သကဲ့သို့ ငါ၏ အနာဂတ်အမှုနှင့်ဆိုင်သည့် လေးလံသော တာဝန်များကို ထမ်းဆောင်ခြင်း အလုပ်ကို သင်တို့မည်သူမျှ မထမ်းဆောင်နိုင်ပေ။ သင်တို့ အလွန်အမင်း အရှက်မရကြသလော။ ဤသို့ သင် ဆက်ဖြစ်နေပါက၊ ငါ၏ အလိုကို သင် အဘယ်သို့ ဖြည့်ဆည်းနိုင်မည်နည်း။ သင်သည် သင်၏အသက်တာကို အစွမ်းကုန် အသက်ရှင်သင့်၏။ အချိန်ကို အလဟဿ မကုန်စေနှင့်- ထိုသို့ အချိန်ကုန်စေခြင်းသည် တန်ဖိုးမရှိပေ။ မည်သည့်အရာများဖြင့် သင် ပြင်ဆင်ထားသင့်သည်ကို သင် သိသင့်သည်။ မိမိကိုယ်ကိုယ် ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်သူဟု မထင်လေနှင့်- သင် သွားရမည့် ခရီးဝေးသေး၏။ သင်သည် လူ့သဘာဝ၏ အနိမ့်ဆုံး သာမန်အသိစိတ်ပင် မပိုင်ဆိုင်ပါက၊ နောက်ထပ် မည်သည့်အရာ ပြောစရာရှိသနည်း။ ထိုအရာအားလုံး အချည်းနှီး ဖြစ်သည်မဟုတ်လော။ ငါတောင်းဆိုသည့် လူ့သဘာဝနှင့် အရည်အချင်းတို့အတွက်မူ၊ သင်တို့ တစ်ဦးတစ်ယောက်မျှ အပြည့်အဝ အရည်အချင်းမမီကြချေ။ အသုံးပြုရန်အတွက် သင့်တော်သည့်သူတစ်ဦး ရှာတွေ့ရန်မှာ အလွန့်အလွန် ခက်ခဲပေသည်။ သင်တို့သည် ငါ့အတွက် သာ၍ကြီးမားသော အမှုကို လုပ်ဆောင်နိုင်စွမ်းရှိပြီး ငါ့ထံမှ သာ၍ ကြီးမားသော အရာများ ပေးအပ်ခြင်းခံရနိုင်စွမ်း ရှိသည်ဟု မိမိတို့ကိုယ်ကိုယ် ယုံကြည်ကြသည်။ အမှန်တွင်၊ သင်တို့၏ မျက်စိရှေ့ တည့်တည့်တွင်ရှိသည့် သင်ခန်းစာများစွာထဲသို့ မည်သို့ ဝင်ရောက်ရမည်ကိုပင် သင်တို့ မသိကြချေ- ထို့ကြောင့် သင်သည် သာ၍ နက်ရှိုင်းသော သမ္မာတရားများထဲသို့ ဝင်ရောက်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။ သင်တို့၏ ဝင်ရောက်ခြင်းသည် အဆင့်ဆင့်ပြုလုပ်သည့် လုပ်နည်းကိုင်နည်း တစ်ခုကို သုံးသင့်ပြီး နည်းနည်းစီ လုပ်သင့်ပေသည်။ ယင်းသည် ပရမ်းပတာမဖြစ်ရ- ဖြစ်ပါက မကောင်းပေ။ အလွန်ပေါ့တန်ဆုံးသော ဝင်ရောက်မှုဖြင့် စတင်လော့- နားလည်မှုနှင့် ရှင်းလင်းမှု သင်တို့ရသည်အထိ ဤနှုတ်ကပတ်တော်များကို တစ်ကြောင်းပြီး တစ်ကြောင်းဖတ်ရှုလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ဖတ်ရှုသည့်အခါ၊ မြင်းပေါ် ဒုန်းဆိုင်းစီးစဉ် ပန်းများကို ကြည်နူးစွာ ကြည့်သကဲ့သို့ ဝေ့ကာသော့၍ မဖတ်လေနှင့်၊ ပြီးလျှင် ဟန်ဆောင် လုပ်ပြခြင်းမျှ မပြုနှင့်။ သင် အသိပညာကို တိုးတက်စေဖို့ (သဒ္ဒါ သို့မဟုတ် နှုတ်မှုစာအုပ်များ ကဲ့သို့သော) ရည်ညွှန်းစာအုပ်အချို့ သင် ပုံမှန်ဖတ်ရှုနိုင်သည်။ အချစ်ဝတ္ထုများ၊ ထူးချွန်ပြောင်မြောက်သောပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိများ သို့မဟုတ် လူမှုရေးသိပ္ပံနှင့်ပတ်သက်သော စာအုပ်များကို မဖတ်လေနှင့်။ ဤအရာများသည် အကျိုးမရှိသကဲ့သို့ သင့်ကို ထိခိုက်နစ်နာခြင်းသာ ဖြစ်စေနိုင်သည်။ သင် ဝင်ရောက်ပြီး နားလည်သင့်သည့် အရာဟူသမျှကို သင်က ကျွမ်းကျင်ပိုင်နိုင်ရမည်။ လူတို့၏ အရည်အချင်းကို မြှင့်တင်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ ကိုယ်ပိုင် အနှစ်သာရ၊ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် တန်ဖိုးတို့ကို ၎င်းတို့အား သတိမူမိစေဖို့ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် သမ္မာတရားကို လူတို့ အဘယ်ကြောင့် လိုက်စားရမည် ဆိုသည်နှင့် လူတို့အတွက် ၎င်းတို့၏ အရည်အချင်းကို မြှင့်တင်ခြင်း မပြုသည်မှာ လက်ခံနိုင်စရာ ရှိမရှိဆိုသည်ကို သင် နားလည်သင့်သည်။ သင်တို့ မိမိတို့ကိုယ်ကိုယ် ပညာ တတ်မြောက်လျက် ရှိနေစေရမည်မှာ အလွန်အရေးကြီးပေသည်။ ဤအရာကို သင် လက်မလွှတ်ရ။ လူတို့၏ အရည်အချင်းကို အဘယ်ကြောင့် မြှင့်တင်ရမည်၊ အဘယ်သို့ မြှင့်တင်ရမည်ဆိုသည်နှင့်၊ မည်သည့် ရှုထောင့်များထဲသို့ ဝင်ရောက်ရမည် ဆိုသည်တို့ကို သင်တို့ နားလည်ရမည်။ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်း၏ အဓိပ္ပါယ်၊ ဤအမှုကို အဘယ်ကြောင့် လုပ်ဆောင်ရမည် ဆိုသည်နှင့် လူသားက ဆောင်ရွက်သင့်သည့် အပိုင်းတို့ကို သင်တို့နားလည်ရမည်။ ဥပမာအားဖြင့်၊ ပညာတတ် ဖြစ်လာရာတွင်၊ မည်သည့် ကဏ္ဍများကို လေ့လာသင့်ပြီး၊ ထိုကဏ္ဍများထဲသို့ မည်သို့ ဝင်ရောက်သင့်သည်တို့ကို သင်တို့ နားလည်သင့်၏။ ပညာတတ် ဖြစ်လာခြင်း၏ ရည်မှန်းချက်က မည်သည့်အရာဖြစ်သည်ကို သင်တို့အားလုံး သိသင့်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ နားလည်ရန်နှင့် သမ္မာတရားထဲသို့ ဝင်ရောက်ရန် ဖြစ်သည် မဟုတ်လော။ ယနေ့တွင် အသင်းတော်များ တစ်လျှောက် မည်သည့်အရာ လွှမ်းမိုးနေသနည်း။ လူတို့ကို မိမိတို့ကိုယ်ကိုယ် ပညာတတ် ဖြစ်လာစေခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ခြင်းအကြောင်းအား မေ့လျော့စေပြီး၊ ပညာတတ်ဖြစ်ခြင်းထက်ကျော်လွန်၍ ၎င်းတို့ တစ်နေ့လုံး မည်သည့်အရာမျှ မလုပ်ဆောင်ကြချေ။ သာမန်လူ့သဘာဝ အသက်ရှင်နေထိုင်ရန် ၎င်းတို့ကို သင် တောင်းဆိုပါက၊ ၎င်းတို့အနေဖြင့် မိမိတို့၏အိမ်ရှင်းခြင်း၊ ချက်ပြုတ်ခြင်း သို့မဟုတ် မီးဖိုချောင် အသုံးအဆောင်များ ဝယ်ခြင်းတို့ကိုသာ အာရုံစိုက်ကြလိမ့်မည်။ ဤအရာများသည် ၎င်းတို့၏ အဓိက အာရုံစိုက်ရာဖြစ်လိမ့်မည်- သာမန် အသင်းတော်အသက်ကို မည်ကဲ့သို့ နေထိုင်ရမည်ကိုပင် ၎င်းတို့ သိကြလိမ့်မည်မဟုတ်။ လက်ရှိ အခြေအနေတွင် ရှိသည်ကို သင့်ကိုယ်သင် တွေ့ရှိပါက၊ သင်၏ လက်တွေ့လုပ်ဆောင်မှုတွင် သင် လမ်းလွဲလေပြီ ဖြစ်သည်။ ထိုသို့ဆိုပါက ဝိညာဉ်ရေးအသက်ထဲသို့ ဝင်ရောက်ရန် သင့်ကို အဘယ့်ကြောင့် တောင်းဆိုရသနည်း။ ထိုအရာများကို သင်ယူခြင်း သက်သက်က သင့်ကို တောင်းဆိုထားသည့် အရာအား ရရှိနိုင်စွမ်းမရှိ ဖြစ်စေရစ်လိမ့်မည်။ အသက်ထဲသို့ ဝင်ရောက်ခြင်းသည် အရေးကြီးဆုံးသောအရာ ဖြစ်နေဆဲဖြစ်သည်။ ဤအတောအတွင်း၊ ထိုအလုပ်ကို လုပ်ဆောင်ခြင်းအတွက် အကြောင်းရင်းမှာ လူတို့ ၎င်းတို့၏ အတွေ့အကြုံများတွင် ကြုံရသည့် အခက်အခဲများကို ဖြေရှင်းဖို့ ဖြစ်သည်။ သင်၏ အရည်အချင်းကို မြှင်တင်ခြင်းသည် လူ့သဘာဝ၊ လူ၏ အနှစ်သာရတို့နှင့်ဆိုင်သည့် အသိပညာကို သင့်အား ပေး၏။ ယင်း၏ အဓိကရည်ရွယ်ချက်မှာ လူတို့၏ ဝိညာဉ်ရေးရာအသက် ကြီးထွားနိုင်ပြီး ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့ရန်အလို့ငှာ ဖြစ်သည်။ သင့်အနေဖြင့် မည်ကဲ့သို့ ဝတ်ဆင်ပြီး မိမိကိုယ်ကိုယ် ကြည့်ကောင်းအောင် မည်သို့ပြုရမည်ကို သိကောင်း သိနိုင်သည်၊ သင့်အနေဖြင့် ထိုးထွင်းအမြင်ရှိပြီး လိမ္မာပါးနပ်မှု ရှိကောင်းရှိနိုင်သည်၊ သို့သော် နောက်ဆုံးတွင် သင့်အတွက် အလုပ်သွားလုပ်ရမည့် နေ့ရက်ရောက်လာသည့်အခါ၊ သင်မလုပ်ဆောင်နိုင်ချေ။ ထို့ကြောင့် သင်၏ အရည်အချင်းကို မြှင့်တင်စဉ်တွင် မည်သည့်အရာ လုပ်ဆောင်သင့်သည်ကိုလည်း သင် သတိပြုသင့်ပေသည်။ ပန်းတိုင်မှာ သင့်ကို ပြောင်းလဲဖို့ ဖြစ်သည်။ သင်၏ အရည်အချင်းကို မြှင့်တင်ခြင်းသည် ဖြည့်စွက်ချက် ဖြစ်သည်။ သင်၏ အရည်အချင်း မတိုးတက်ပါက၊ အလုပ်ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ သင်၏ စိတ်သဘောထား မပြောင်းလဲပါက သာ၍ပင် ဆိုးပေသည်။ မည်သည့်အရာကိုမျှ ချန်ထား၍မဖြစ်ပေ။ ပုံမှန် လူ့သဘာဝ ပိုင်ဆိုင်ခြင်းဆိုသည်မှာ ထူးကဲလှစွာ သက်သေခံပြီးဖြစ်သည်ဟု မဆိုလိုပေ- သင့်ကို တောင်းဆိုထားသော အရာသည် ဤမျှမရိုးရှင်းပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အရည်အချင်းကို မြှင့်တင်ခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရေးအတွက် ဖြစ်သည်” မှ

အသိပညာ၏ အပေါ်ယံအကျဆုံးသော သွင်ပြင်လက္ခဏာကို ဆွေးနွေးခြင်းဖြင့် ငါတို့ အစပြုမည်။ ဘာသာစကားများထဲက သဒ္ဒါနှင့် စကားလုံးများက လူတို့ကို ဖောက်ပြန်ပျက်စီး စေနိုင်သလော။ စကားလုံးများက လူတို့ကို ဖောက်ပြန်ပျက်စီး စေနိုင်သလော။ (မပျက်စီးစေနိုင်ပါ။) စကားလုံးများက လူကို မပျက်စီးစေပေ။ ယင်းတို့သည် လူများက စကားပြောဖို့ အသုံးပြုသည့် တန်ဆာပလာတစ်ခုဖြစ်သကဲ့သို့ ဘုရားသခင်နှင့် လူတို့ ဆက်သွယ်ရန် အသုံးပြုသည့် တန်ဆာပလာလည်း ဖြစ်သည်။ ဘာသာစကားနှင့် စကားလုံးများသည် ယခုအခါ ဘုရားသခင်က လူတို့နှင့် ဆက်သွယ်သောနည်းဖြစ်သည်ကို ပြောဖို့မလိုပေ။ ယင်းတို့သည် တန်ဆာပလာများဖြစ်ပြီး မရှိမဖြစ် လိုအပ်သည်။ တစ်နှင့်တစ်ပေါင်း နှစ်ဖြစ်ပြီး နှစ်အမြောက်နှစ် ညီမျှခြင်း လေးဖြစ်သည်။ ဤသည်မှာ အသိပညာ မဟုတ်လော။ သို့သော် ဤအရာက သင့်ကို ဖောက်ပြန်ပျက်စီးစေနိုင်သလော။ ဤသည်မှာ သာမန်အသိ- သတ်မှတ်ထားသော ပုံစံတစ်ခု ဖြစ်ပြီး၊ ထို့ကြောင့် လူကို ဖောက်ပြန်မပျက်စီးစေနိုင်ပေ။ သို့ဖြစ်ရာ မည်သည့်အသိပညာအမျိုးအစားက လူကို ဖောက်ပြန်ပျက်စီး စေသနည်း။ ဖောက်ပြန်ပျက်စီးစေသော အသိပညာမှာ စာတန်၏ ရှုထောင့်အမြင်များနှင့် အတွေးများ ရောယှက်နေသော အသိပညာ ဖြစ်သည်။ စာတန်သည် ဤရှုထောင့်အမြင်များနှင့် အတွေးများကို အသိပညာ ကြားခံမှတစ်ဆင့် လူသားမျိုးနွယ်ထဲသို့ စွဲမှတ်အောင် သွန်သင်ရန် ကြိုးစားသည်။ ဥပမာအားဖြင့်၊ ဆောင်းပါး တစ်ခုတွင်၊ ၎င်းတို့ကိုယ်၌ထဲက ရေးသားထားသော စကားလုံးများတွင် အမှားဘာမျှမရှိပေ။ ပြဿနာမှာ ဆောင်းပါး ရေးသားသည့်အချိန်၌ စာရေးသူ၏ ရှုထောင့်အမြင်များနှင့် ရည်ရွယ်ချက်အပြင်၊ ၎င်းတို့ အတွေးများ၏ အကြောင်းအရာပေါ် တည်လေသည်။ ဤအရာများသည် စိတ်ဝိညာဉ်နှင့် ဆိုင်သော အရာများဖြစ်ပြီး လူတို့ကို ဖောက်ပြန်ပျက်စီးစေနိုင်သည်။ ဥပမာအနေဖြင့်၊ သင်သည် ရုပ်မြင်သံကြား ဖျော်ဖြေမှု အစီအစဉ်တစ်ခုကို ကြည့်နေပါက၊ ယင်းအထဲက မည်သည့်အရာ အမျိုးအစားသည် သင်၏ အမြင်ကို ပြောင်းလဲစေနိုင်သနည်း။ သရုပ်ဆောင်များ ပြောသော စကားလုံးများကိုယ်၌က လူတို့ကို ဖောက်ပြန်ပျက်စီးစေနိုင်သလော။ (မပျက်စီးစေနိုင်ပါ။) မည်သို့သောအရာမျိုးများက လူတို့ကို ဖောက်ပြန်ပျက်စီး စေလိမ့်မည်နည်း။ ယင်းသည် ဒါရိုက်တာ၏ အမြင်များကို ကိုယ်စားပြုသည့် အစီအစဉ်၏ အဓိက စိတ်ကူးများနှင့် အကြောင်းအရာများဖြစ်ပေမည်။ ယင်းအမြင်များကို သယ်ဆောင် လာသော အချက်အလက်များသည် လူများ၏ စိတ်နှလုံးများနှင့် စိတ်ဓာတ်ကို ယိမ်းယိုင်စေနိုင်သည်။ ထိုသို့မဟုတ်လော။ လူများကို ဖျက်ဆီးရန် စာတန်က အသိပညာကို အသုံးပြုခြင်း အကြောင်း ငါ၏ဆွေးနွေးချက်ထဲ၌ အဘယ်အရာကို ငါရည်ညွှန်း နေကြောင်း ယခု သင်တို့သိကြပြီ။ သင်တို့ နားလည်မှု လွဲမည်မဟုတ်၊ မှန်၏လော။ ထို့ကြောင့် သင်သည် နောက်တစ်ခါ ဝတ္ထု သို့မဟုတ် ဆောင်းပါးတစ်ပုဒ် ဖတ်သည့်အခါ ရေးသားထားသည့် စကားများတွင် ဖော်ပြထားသော အတွေးများသည် လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်း ရှိမရှိ သို့မဟုတ် လူသားမျိုးနွယ်ကို ဖြည့်ဆည်း ပေးခြင်း ရှိမရှိ ဆိုသည်ကို သင်သုံးသပ်နိုင်မည်လော။ (ကျွန်ုပ်တို့ အတိုင်းအတာ အနည်းငယ် လုပ်နိုင်ပါသည်။) ဤသည်မှာ တဖြည်းဖြည်းချင်း လေ့လာပြီး တွေ့ကြုံရမည့် တစ်စုံတစ်ရာမျိုးဖြစ်ပြီး ယင်းမှာ ချက်ချင်း အလွယ်တကူ နားလည်ရသည့် တစ်စုံတစ်ရာ မဟုတ်ပေ။ ဥပမာအားဖြင့်၊ အသိပညာ နယ်ပယ်တစ်ခုကို သုတေသန ပြုလုပ်ခြင်း သို့မဟုတ် လေ့လာခြင်း လုပ်သည့်အခါ ထိုအသိပညာ၏ အချို့သော အပြုသဘောဆောင်သော ရှုထောင့်များသည် ယင်းနယ်ပယ် အကြောင်းနှင့်ဆိုင်သည့် ယေဘုယျ အသိပညာကို သင် နားလည်စေရန် ကူညီကောင်း ကူညီနိုင်သော်လည်း၊ လူတို့သည် မည်သည့်အရာကို ရှောင်ရှားသင့်သည်ကိုလည်း သိစေနိုင်သည်။ ဥပမာအားဖြင့်၊ “လျှပ်စစ်” ကိုကြည့်ပါ- ဤသည်မှာ အသိပညာနယ်ပယ် တစ်ခုဖြစ်သည် မဟုတ်လော။ လျှပ်စစ်က လူကို ဓာတ်လိုက်ပြီး ထိခိုက်နိုင်သည်ကို သင်မသိခဲ့ပါက၊ သင်သည် အလွန်မသိ နားမလည်ဖြစ်လိမ့်မည် မဟုတ်လော။ သို့သော် ဤအသိပညာ နယ်ပယ်ကို သင်နားလည်လာသည်နှင့်တစ်ပြိုင်နက်၊ လျှပ်စစ် ပစ္စည်းများကို ထိကိုင်ခြင်းနှင့်ပတ်သက်၍ သင်သည် သတိမမူဘဲ ဖြစ်လိမ့်မည်မဟုတ်သကဲ့သို့၊ လျှပ်စစ်ကို မည်သို့ အသုံးပြုရမည်ကို သိလိမ့်မည်။ ဤအရာများသည် နှစ်ခုစလုံး အပြုသဘောဆောင်သောအရာများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)” မှ

လူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ပတ်သက်ပြီး စိတ်ကူးများနှင့် အယူအဆများစွာ သေချာပေါက် ရှိကြသည်။ လူအချို့က ၎င်းတို့သည် ဘုရားသခင်ကို စတင်ယုံကြည်ပြီးသည့်နောက် မည်သည့်အရာမျှ သင်ယူစရာ မရှိဟုပင် တွေးထင်ကြသည်။ ဘုရားသခင်သည် အချိန်ကျလာသည့်အခါ၊ တစ်စုံတစ်ခုကို လုပ်ဆောင်လိမ့်မည် ဖြစ်ပြီး ဘုရားသခင်က နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို လုပ်ဆောင်သည့်အခါ၊ လူများသည် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်တို့မှာ လူသား၏စိတ်ကူးများနှင့် အယူအဆများ ဖြစ်ကြသည်။ ၎င်းတို့၏တာဝန်နှင့် ဆက်နွှယ်၍ လူများ သင်ယူသင့်သည့် ကျွမ်းကျင်မှုများနှင့် အသိပညာတို့ကို တာဝန်နှင့် သင့်တော်သည့်အတိုင်း ချဉ်းကပ်ပြီး လေ့လာသင့်သည်။ အကြောင်းမဲ့သက်သက် အိပ်မက်မက်ပြီး သင်၏စိတ်ကူးပေါ်တွင် မမှီခိုနှင့်- လူများ လုပ်ဆောင်ဖို့ ဘုရားသခင် တောင်းဆိုသည့် အရာသည် ၎င်းတို့ ကြိုးပမ်းရရှိသင့်သည့် အရာ ဖြစ်သောကြောင့်၊ ယင်းက မည်သည့်အရာဖြစ်ပါစေ၊ ယင်းကို သင်၏တာဝန်အဖြစ် လက်ခံပြီး၊ လေးနက်စွာ ခံယူလော့။ ဤသည်မှာ မိမိတို့၏ တာဝန်အပေါ် လူများ ရှိသင့်သည့် အမြင်ရှုထောင့် ဖြစ်ပြီး၊ ယင်းက အယူအဆ မဟုတ်ပေ၊ ယင်းက သမ္မာတရားဖြစ်ပြီး၊ ယင်းက ဘုရားသခင် တောင်းဆိုသည့် အရာလည်း ဖြစ်သည်။ အချိန်အများစုတွင် ဘုရားသခင် လုပ်ဆောင်သည့် အရာသည် လူများ၏စိတ်ကူးများနှင့် မကိုက်ညီပေ။ လူများသည် မိမိတို့၏ အယူအဆများကို ဘေးဖယ်နိုင်ကာ၊ ဘုရားသခင်၏အလိုတော်ကို ရှာဖွေပြီး သမ္မာတရား အခြေခံသဘောတရားများကို ရှာဖွေပါက၊ ၎င်းတို့သည် ယင်းကို လက်ခံနိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ခေါင်းမာပြီး သင်၏ အယူအဆများကို စွန့်လွှတ်ဖို့ ငြင်းဆန်ပါက၊ ဤသည်မှာ သမ္မာတရားကို လက်မခံသည့်၊ မှန်ကန်သော အမှုအရာများကို လက်မခံသည့် သဘောသက်ရောက်သည်၊ သင်သည် သမ္မာတရားနှင့် မှန်ကန်သည့် အရာများကိုလက်မခံပါက၊ သင်သည် ဘုရားသခင်ကို ရန်လိုသည်ဟု ဆိုနိုင်သလော။ သမ္မာတရားနှင့် အပြုသဘောဆောင်သည့်အရာများ ဘုရားသခင်ထံမှ လာပေသည်။ သင်သည် ယင်းတို့ကို လက်မခံဘဲ သင်ကိုယ်တိုင်၏အယူအဆများကို ဖက်တွယ်ထားဆဲဖြစ်ပါက၊ သင်သည် သမ္မာတရားကို ရန်လိုသည်ဟု ဤသည်က ရှင်းလင်းစွာ ပြပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)” မှ

ဧဝံဂေလိတရားကို ဖြန့်ဝေသောအလုပ်တွင် စီမံကိန်းအမျိုးမျိုးရှိပြီး၊ ၎င်းတို့အတွက် လူတို့အနေဖြင့် အမျိုးမျိုးသောကျွမ်းကျင်မှုများနှင့် အလုပ်အကိုင်များတွင် အထူးပြု လေ့လာသင်ယူရန် လိုအပ်သည်။ လူအချို့သည် ဘုရားသခင်၏ အလိုတော်ကို နားမလည်သကဲ့သို့ လမ်းလွဲသွားတတ်လေ့ရှိကြလေသည်။ ၎င်းတို့သည် အလုပ်အကိုင် သို့မဟုတ် ကျွမ်းကျင်မှုကိုသာ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေကြပြီး သမ္မာတရားကို လက်မခံကြပေ။ ၎င်းတို့သည် မည်သို့သော လူစားများဖြစ်ကြသနည်း။ (သူတို့သည် ဆုကျေးဇူးများကို အာရုံစိုက်သော အန္တိခရစ်၏ စိတ်သဘောထားနှင့် လူစားများ ဖြစ်ကြသည်။) မှန်ပေသည်။ ယင်းမှာ ထုတ်ဖော်ပြခံရသည့် လူစားမျိုး၊ အန္တိခရစ်၏ စိတ်သဘောထားနှင့် လူစားမျိုးဖြစ်ပြီး ကြီးလေးသောကိစ္စများတွင် ၎င်းတို့သည် ဧကန်အမှန် အန္တိခရစ်များ ဖြစ်၏။ ၎င်းတို့သည် ဤအရာများကို သင်ယူရန်၊ ထို့နောက်တွင် အလားတူ ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်ရှိသော လူများအလယ်တွင် ပြိုင်ဘက်ကင်းဖြစ်လာရန်၊ အကောင်းဆုံးသင်ယူသူနှင့် အကျွမ်းကျင်ဆုံး ဖြစ်လာရန်၊ အခြားသူများက ၎င်းတို့လုပ်သမျှတွင် မှီခိုရမည်သူတစ်ဦး ဖြစ်လာရန် ဤအခွင့်အရေးကို ၎င်းတို့ အသုံးပြုလိုကြသည်။ ၎င်းတို့သည် မိမိတို့၏နယ်ပယ်တွင် ခေါင်းဆောင်ဖြစ်လာသည်နှင့်အမျှ၊ တစ်ပါးသူများအား သူတို့ကို အရေးစိုက်စေသည်၊ ပြီးလျှင် ဤအရာကို သမ္မာတရား လုပ်တွေ့ လုပ်ဆောင်မှုအတွက် အစားထိုး အသုံးပြုကြသည်။ ဤတွင် ပြဿနာ ရှိလေသည်။ ထိုသို့သောလူများသည် မည်သူများ ဖြစ်ကြသနည်း။ အမျိုးမျိုးသော အသိပညာများ၊ သညာများ၊ အတွေ့အကြုံများကို လေ့လာပြီး မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ထားရန်သာ ရှာဖွေသူများ၊ အရာရာကို လုပ်ဆောင်ရန် မိမိတို့၏အရည်အချင်း၊ ပါရမီအထုံများနှင့် ဆုကျေးဇူးများအပေါ် အားထားသူများသည် အနှေးနှင့်အမြန် ထိုသို့သော လမ်းကြောင်း တစ်ခုကို လိုက်ကြပေလိမ့်မည်။ ဤသည်မှာ မလွဲမရှောင်သာဖြစ်ပြီး ပေါလု၏လမ်းကြောင်း ဖြစ်သည်။ မည်သည့်နယ်မြေ၊ မည်သည့်နယ်ပယ်တွင်မဆို သင်သည် အခြားသူများထက် အတွေ့အကြုံနှင့် အသိပညာကို ပိုမိုရယူပြီးနိုင်ကောင်း ရှိသော်လည်း၊ သို့မဟုတ် သင်သည် အတွေ့အကြုံမှတစ်ဆင့် ၎င်းတို့ထက် သာ၍ တတ်မြောက်ပြီးနိုင်သော်လည်း၊ ဤအရာက သင်သည် သမ္မာတရားကို နားလည်ပြီဟူ၍လည်းကောင်း၊ သို့မဟုတ် သမ္မာတရား၏စစ်မှန်မှုထဲ သင်ဝင်ရောက်ပြီး ဖြစ်သည်ဟူ၍ လည်းကောင်း၊ သို့မဟုတ် သင်သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟူ၍လည်းကောင်း၊ ပြသရန် မလုံလောက်ပေ။ သို့ဆိုလျှင် ဤအရာကို ပြသရန် အဘယ်အရာက လုံလောက်သနည်း။ မည်သည့်အရာက လုံလောက်သနည်းဆိုသော် တာဝန်တစ်ရပ်နှင့် ဆက်နွှယ်မှုရှိသည့် ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်တို့ကို သင်ယူခြင်းဖြစ်စဉ်တွင် တာဝန်ထမ်းဆောင်ခြင်း၏ အခြေခံဖြစ်သော အခြေခံသဘောတရားများကို သာ၍ကောင်းစွာ နားလည်လာခြင်း နှင့် ဘုရားသခင်၏အိမ်တော်ထဲ၌ ဤတာဝန် ထမ်းဆောင်ခြင်း အတွက် သတ်မှတ်ထားသော စံနှုန်းများကို ပိုမိုကောင်းမွန်စွာ နားလည်လာခြင်း ဖြစ်ပေသည်။ အချို့လူများနှင့်ပတ်သက်၍၊ အလုပ်အကိုင်တစ်ခုနှင့်ဆိုင်သော အသိပညာကို သင်ယူရန် သင်က တောင်းဆိုလေလေ၊ သူတို့က ခုခံလေလေ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏တာဝန်ကို မဆောင်ရွက်နိုင်ဟု ခံစားကြရပြီး ဆင်ခြေဆင်လက်မှတစ်ဆင့်၊ ၎င်းတို့ မေးမြန်းကြလေသည်မှာ- ဘုရားသခင်ကို ယုံကြည်ခြင်းအား မယုံကြည်သူများ၏ လောကနှင့် သီးခြားထားသင့်သဖြင့် မယုံကြည်သူများ၏ ကျွမ်းကျင်မှုနှင့် အသိပညာများကို ကျွန်ုပ်တို့ အဘယ်ကြောင့် သင်ယူရန် လိုအပ်သနည်းဟူ၍ ဖြစ်သည်။ ၎င်းတို့သည် သင်ယူဖို့ဆန္ဒ လုံးဝမရှိကြပေ။ ဤသည်မှာ ပျင်းရိခြင်းဖြစ်၏။ ၎င်းတို့သည် တာဝန်မဲ့သော သဘောထားဖြင့် ပြုမူကြပြီး သစ္စာမရှိကြ၊ ဤသေးနုတ်သော ကိစ္စတွင်ပင် အားထုတ်မှုတစ်ခုတစ်လေ ပြုရန် ဆန္ဒမရှိကြချေ။ ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်ကို သင်ယူရန်အတွက် တွန်းအားသည် တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်ပြီး၊ ယခင်က သင် ပါဝင်ပတ်သက်မှုမရှိခဲ့သော သင် ဆည်းပူးရမည့် ကျွမ်းကျင်မှုနှင့် အခြေခံအသိပညာများစွာရှိပေသည်။ ဤသည်မှာ လူသားကို ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်ပြီး လူသားကို ဘုရားသခင် အပ်နှင်းသော တာဝန်ဖြစ်သည်။ သို့ဖြစ်၍ သင်သည် ဤအရာများကို အချည်းနှီး သင်ယူခြင်းမဟုတ်ဘဲ၊ သင်၏တာဝန်ကို ဖြည့်ဆည်းရန် အတွက် သင်ယူခြင်းဖြစ်ပေသည်။ ဤကျွမ်းကျင်မှုများကို သင်ယူပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်တွင် ခြေကုပ်ရနိုင်သည်ဟု လူအချို့က တွေးထင်ကြသည်။ သို့ရာတွင် ထိုသို့သော အတွေးအခေါ်သည် ၎င်းတို့ကို ပြဿနာတက်စေနိုင်သည် မဟုတ်လော။ ယင်းသည် မမှန်ကန်သည့် အမြင်ရှုထောင့် ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဤလမ်းကြောင်းကို လျှောက်နိုင်ဖွယ်ရှိသလော။ သင်သည် ၎င်းတို့အား အာဏာပိုပေးလေ၊ ပို၍ ကြီးမားသော အလုပ်နယ်ပယ်ကို ပေးလေ၊ ပြီးလျှင် သာ၍များသော တာဝန်များကို ပေးလေ၊ ၎င်းတို့သည် သာ၍ အန္တရာယ်ရှိလေ ဖြစ်သည်။ ဤအန္တရာယ်သည် မည်သို့ ဖြစ်လာသနည်း။ ပင်ကိုအားဖြင့် ယင်းသည် လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိခြင်း၊ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိခြင်းအပြင် နည်းစနစ်များကိုသာ လူတို့အာရုံစိုက်ခြင်း၊ ဟန်ပြလုပ်ဆောင်ခြင်းနှင့် အခြေခံသဘောတရားများကို မရှာဖွေခြင်းတို့မှ လာလေသည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်ဖို့ဖြစ်စေ၊ သမ္မာတရား အခြေခံသဘောတရားများကို သာ၍ နားလည်ဖို့နှင့် သဘောပေါက်ဖို့ဖြစ်စေ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအား ၎င်းတို့ အသုံးမပြုကြပေ။ ၎င်းတို့သည် အခြေခံသဘောတရားများကို မရှာဖွေသကဲ့သို့ မိမိတို့၌ အဘယ် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်နေပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် အဘယ်မမှန်ကန်သော အမြင်ရှုထောင့်များ ဖြစ်ပေါ်စေပြီး ဖြစ်ကြောင်း၊ သို့မဟုတ် မိမိတို့၏တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အဘယ်မှားယွင်းသော အခြေအနေများ၌ ၎င်းတို့ပိတ်မိသွားပြီးဖြစ်ကြောင်းတို့ကို စစ်ဆေးခြင်းသော်လည်းကောင်း၊ ပြန်ဆန်းစစ်ခြင်းသော်လည်းကောင်း မရှိကြချေ။ ၎င်းတို့သည် အပြင်ပန်း နည်းစနစ်များအပေါ်တွင်သာလည်းကောင်း၊ မိမိတို့၏တာဝန်၌ လိုအပ်သည့် အသိပညာများအားလုံးကို ကျွမ်းကျင်ခြင်းနှင့် ပြင်ဆင်ခြင်းတို့အပေါ်တွင်သာလည်းကောင်း အာရုံစိုက်ကြသည်။ မည်သည့်အသက်မွေးဝမ်းကြောင်းတွင်မဆို အသိပညာသည် အခြားအရာအားလုံးထက် အလျင်အဦးကျကြောင်းနှင့် ထိုအသိပညာဖြင့် ၎င်းတို့သည် အုပ်စုထဲတွင် အာဏာကြီးလာပြီး ခြေကုပ်ရနိုင်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ မည်သည့်လူအုပ်စုထဲတွင်မဆို၊ အဘယ် လူအုပ်စုပင် ဖြစ်ပါစေ အသိပညာ အရှိဆုံးသူများနှင့် ပညာအတတ်ဆုံးသူများသည် အမြင့်မားဆုံးသော ရာထူးအဆင့်အတန်း ရရှိကြသည်။ ဥပမာအနေဖြင့် ဆေးရုံတစ်ရုံတွင် များသောအားဖြင့် အထွေထွေ ညွှန်ကြားရေးမှူးသည် အတတ်ပညာဆိုင်ရာ သိနားလည်မှုအရ အကောင်းဆုံး ဖြစ်သည့်အပြင် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအရလည်း အကျင်လည်ဆုံးဖြစ်လေသည်။ ဘုရားသခင်၏အိမ်တော်၌ အမှုကိစ္စများသည် ထိုနည်းလမ်းအတိုင်း လည်ပတ်သည်ဟု ဤလူများက စိတ်ကူးကြသည်။ ဤသည်မှာ မှန်ကန်သော နားလည်သဘောပေါက်မှုဟုတ်သလော။ မဟုတ်ပေ၊ အကြောင်းမှာ ယင်းသည် “ဘုရားသခင်၏အိမ်တော်ရှိ သမ္မာတရား စည်းမျဉ်းများ” ဆိုင်ရာ အခြေခံသဘောတရားနှင့် ဆန့်ကျင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏အိမ်တော်၌ အသိပညာက အုပ်စိုးကြောင်း၊ အသိပညာအရှိဆုံး၊ သို့မဟုတ် အတွေ့အကြုံအရှိဆုံးက မည်သူဖြစ်သည်ဖြစ်စေ၊ ဝါအရင့်ဆုံး၊ သို့မဟုတ် အရင်းအနှီး အများဆုံးက မည်သူဖြစ်သည်ဖြစ်စေ ထိုသူသည် ဘုရားသခင်၏ အိမ်တော်၌ အမြင့်မားဆုံး ရာထူးသို့ တိုးမြှင့်ခံရသင့်ပြီး လူတိုင်းက နားထောင်သင့်သည့်သူ ဖြစ်သည်ဟု ဤလူများက ယုံကြည်ကြသည်။ သို့ရာတွင် ဤအမြင်ရှုထောင့်သည် မှားယွင်း၏၊ ဟုတ်သည် မဟုတ်လော။ လူအချို့က သတိမပြုမိဘဲ ဤနည်းလမ်းဖြင့် တွေးတောနိုင်ပြီး ယင်းကို ကျင့်ကြံဆောင်ရွက်ခြင်းပင် ပြုကာ ဤနည်းလမ်းဖြင့် ရှာဖွေနိုင်သည်၊ သို့သော် တစ်နေ့တွင် ၎င်းတို့သည် အဆီးအတားနှင့် ကြုံရပေလိမ့်မည်။ ၎င်းတို့သည် အဘယ်ကြောင့် အဆီးအတားနှင့် ကြုံရမည်နည်း။ သမ္မာတရားကို မချစ်သော၊ သမ္မာတရားကို မရှာဖွေသော၊ ပြီးလျှင် သမ္မာတရားကို လုံးလုံး လျစ်လျူရှုသော လူများသည် မိမိတို့ကိုယ်ကိုပင် သိကျွမ်းလာနိုင်ခြင်း ရှိပါ၏လော။ (မရှိပါ။) မိမိတို့ကိုယ်ကို နားလည်ခြင်းမရှိဘဲ ၎င်းတို့သည် မိမိတို့ကိုယ်ကို အသိပညာများစွာဖြင့် ပြင်ဆင်ကာ ဘုရားသခင်၏ အိမ်တော်အတွက် အဖိုးအခအချို့ ပေးဆပ်၍ ကောင်းကျိုးအချို့ကို စုဆောင်းမိပြီး ထို့နောက်တွင် ဤအရာများကို အရင်းအနှီးအဖြစ် ပြောင်းလဲကြသည်။ ဤအရင်းအနှီးသည် ၎င်းတို့အတွက် အဘယ်အရာဖြစ်သနည်း။ ယင်းသည် သမ္မာတရားကို ၎င်းတို့လက်တွေ့လုပ်ဆောင်မှု၏ မှတ်တမ်းတစ်ခုဖြစ်ပြီး သမ္မာတရား စစ်မှန်မှုသို့ ၎င်းတို့ဝင်ရောက်မှုနှင့် သမ္မာတရားကို ၎င်းတို့နားလည်မှုတို့၏ သက်သေဖြစ်သည်။ ဤသည်မှာ ဖြစ်ပျက်လာသည့် အခြေအနေဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို နားလည်ပြီး ယင်း၏စစ်မှန်မှုများသို့ ဝင်ရောက်သည့်အခါ ဤသည်မှာ လူတိုင်း၏အမြင်တွင် ကောင်းမြတ်ပြီး အပြုသဘောဆောင်သည့် အရာဖြစ်သကဲ့သို့ ဤလူများကလည်း ထိုနည်းလမ်းအတိုင်း ခံစားရသည်မှာ အမှန်ပင်။ အကြောင်းအပေါင်းမသင့်၍ ၎င်းတို့သည် အသိပညာကို သမ္မာတရားအဖြစ် တလွဲမှတ်ယူကြပြီး ဤအမှားနှင့်ပတ်သက်၍ ပျော်ရွှင်ကြသည်၊ ယင်းမှာ အန္တရာယ်၏ လက္ခဏာ ဖြစ်ပေသည်။ ဤအရာကို အဘယ်လူစားမျိုးက ပြုသနည်း။ ဝိညာဉ်ရေးရာ နားလည်မှု ကင်းမဲ့သူတို့သည် ဤအရာကို လုပ်ဆောင်လေသည်။ ၎င်းတို့သည် ဤလမ်းကြောင်းပေါ် ခြေမချမီအထိ ဆက်၍ လုပ်ဆောင်ကြ၏၊ ထို့နောက်တွင် ၎င်းတို့ကို ပြန်ဆွဲခေါ်ဖို့ မဖြစ်နိုင်တော့ချေ။ သင်သည် ၎င်းတို့ကို မိတ်သဟာယပြုနိုင်သည်၊ ၎င်းတို့ရှိနေသည့် အခြေအနေများကို ထောက်ပြနိုင်သည်၊ သို့မဟုတ် ၎င်းတို့ကို ဖော်ထုတ်နိုင်သည်၊ သို့ရာတွင် ၎င်းတို့သည် ယင်းတို့တစ်ကိုခုမျှ နားမလည်ချေ။ ၎င်းတို့သည် ၎င်းတို့အား သင်ပြောသည့်အရာတစ်ခုတလေကိုမျှ မိမိတို့ကိုယ်ကို လက်တွေ့ကျင့်သုံးနိုင်ခြင်း မရှိကြ၊ ဤအရာသည် ဝိညာဉ်ရေးရာ နားလည်မှု စိုးရိမ်ဖွယ် ကင်းမဲ့ခြင်းကို ပြလေသည်။ ၎င်းတို့သည် ၎င်းတို့ရရှိထားသည့် အသိပညာ၊ အတွေ့အကြုံနှင့် သင်ခန်းစာတို့ကို သမ္မာတရားအဖြစ် အလိုအလျောက် မှတ်ယူကြသည်၊ ၎င်းတို့ ထိုသို့မှတ်ယူပြီးသည့်အခါ အထူးအခြေအနေတစ်ခုက အဆုံး၌ အစဉ်ပေါ်လာလေသည်။ ဤသည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ဘုရားသခင်က ဤဟုပြောပြီး ၎င်းတို့က ကျွဲဟုပြောပါက ၎င်းတို့၏ အမြင်ရှုထောင့်သည် သူ၏အမြင်ရှုထောင့်မှ မလွဲဧကန် ကွဲပြားခြားနားနေသော်လည်း ဤလူများသည် အဘယ်သူ မှန်သည်ဟု ဆိုသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်သည်ဟု မှတ်ယူကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း ရှိသလော။ မရှိချေ။ ၎င်းတို့က မိမိတို့၏ကိုယ်ပိုင် အမြင်ရှုထောင့်များကိုသာ ထိန်းသိမ်းထားပြီး သူပြောသည့်အရာကို ငြင်းပယ်ကြသည်။ ထိုသို့ဖြင့် ဤလူများသည် မိမိတို့ကိုယ်ကို သမ္မာတရား၏ ထင်ရှားသောပြယုဂ်များအဖြစ် သဘောထားနေခြင်း မဟုတ်လော။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၃)” မှ

ဘုရားသခင်သည် လူသားအသီးသီးကို သူ၏ ကိုယ်ပိုင် ထူးခြားမှုဖြင့် ဖန်ဆင်းခဲ့သည်။ လူအချို့သည် စာပေတွင် တော်ကြ၏၊ အချို့သည် သင်္ချာတွင် ထူးချွန်ပြီး၊ အချို့ကမူ စက်ယန္တရားဆိုင်ရာ လက်တွေ့လေ့လာမှု၊ လက်သမား သို့မဟုတ် ပန်းရံကဲ့သို့သော အတတ်တစ်ခုကို အတွင်းကျ လေ့လာရာတွင် ကျွမ်းကျင်ကြသည်။ လူအချို့၏ အထူးပြုမှုများသည် လူ့အဖွဲ့အစည်းထဲက စနစ်ကျသော ပညာရေးမှ လာကောင်းလာနိုင်သည်။ မဟုတ်ပါကလည်း လူတစ်ဦး၏ သဘာဝ ပင်ကိုစွမ်းရည်မှ လာကောင်းလာနိုင်သည်။ လူတစ်ယောက်သည် ကျွမ်းကျင်မှုတစ်ခုကို ပိုင်နိုင်သွားသည် နှင့်တစ်ပြိုင်နက်၊ ယင်းပိုင်နိုင်မှုကို သင်ယူရသည်ဖြစ်စေ၊ သို့မဟုတ် ယင်းသည် ၎င်းတို့၏အထုံပါရမီ၏ အကျိုးဆက် ဖြစ်သည်ဖြစ်စေ၊ ၎င်းတို့သည် ‘အလုပ်အကိုင်အာမခံချက်’ ရှိသည်ဟု တွေးထင်ပြီး ပျော်ရွှင်ကာ ကျေနပ်တင်းတိမ်နေကြသည်။ ၎င်းတို့သည် မိမိတို့၏ ကျွမ်းကျင်မှုကို အရင်းငွေတစ်မျိုးပမာ တန်ဖိုးထားကြပြီး၊ ယင်းသည် ပြဿနာပင်ဖြစ်၏။ ထို့ကြောင့်၊ ထိုသို့သောအရာများကို မည်သို့မည်ပုံ ရှုမြင်သင့်သနည်း။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်တွင် တစ်ခုခုအသုံးတည့်ပါက ၎င်းတို့သည် သင်၏တာဝန်ကိုပြီးမြောက်စေရန် အသုံးပြုသော ကိရိယာတန်ဆာပလာများထက် မပိုသကဲ့သို့ သမ္မာတရားနှင့် မဆက်နွှယ်ပေ။ သို့ဆိုလျှင် အဘယ်အရာသည် သမ္မာတရားနှင့် ဆက်နွှယ်သနည်း။ သင်၏ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်ကို သင်၏တာဝန်များလုပ်ဆောင်ရန် အသုံးပြုစဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်ရန်နှင့် အခြေခံသဘောတရားများ အတိုင်း လုပ်ဆောင်ရန်၊ သင်၏တာဝန်ကို ဆောင်ရွက်ဖို့ သင်၏ကျွမ်းကျင်မှုနှင့် အလုပ်အကိုင်ကို ကိရိယာတန်ဆာပလာ တစ်ခုအဖြစ် ပြောင်းလဲရန်နှင့် ၎င်းကိရိယာတန်ဆာပလာကို သာ၍ကောင်းစွာ ကိုင်တွယ်ရန်၊ ထိုကိရိယာမှ သင်၏တာဝန်ကို ဖြည့်ဆည်းရန် အထောက်အကူပြုလျက် သင်၏ တာဝန်ကို သာ၍ကောင်းစွာ လုပ်ဆောင်ရန်- ဤသည်မှာ အသုံးဝင်ပေသည်။ သို့ရာတွင် ထိုသို့သော အရာများ မည်မျှပင် အသုံးဝင်ပါစေ၊ ၎င်းတို့သည် ဘယ်သောအခါမျှ သမ္မာတရား ဖြစ်မလာနိုင်ပေ။ သင်သည် အတတ်ပညာနှင့် အလုပ်အကိုင်တွင် မည်မျှပင် ကျွမ်းကျင်ပါစေ၊ သင်၏ဤအထုံပါရမီ၌ သင်၏ အောင်မြင်မှုများ မည်မျှ ကြီးမြတ်ပါစေ၊ ယင်းတို့သည် ဘယ်သောခါမျှ သမ္မာတရား မဖြစ်နိုင်သကဲ့သို့၊ သင်၏စုံလင်ခြင်းအတွက် ၎င်းတို့ကို အရင်းအနှီး သို့မဟုတ် အလဲအလှယ်လုပ်ရန် အရာအဖြစ် အသုံးမချနိုင်ပေ။ ၎င်းတို့သည် သမ္မာတရားနှင့် ဘာမျှမသက်ဆိုင်သည့် အစဉ်ထာဝရ သေဆုံးနေသော အရာများ ဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၃)” မှ

အရှေ့သို့- ၁၅၀) ရိုးရာထုံးတမ်းအစဉ်အလာအပေါ် သဘောထားရမည့်ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၅၂) အသိပညာနှင့် သိပ္ပံပညာအပေါ် သဘောထားရမည့် ပုံစံနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၄ ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်

၁ဘုရားမျှော် လင့်တာကသင်သူ့သဘောထားအမှန်ကိုသိချိန် သင် ဘုရားနဲ့ပိုနီးစပ်လာမယ်သူ့မေတ္တာနဲ့ လူတို့အတွက် ပူပန်မှုကို...

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

၈၂ အနားယူခြင်းသို့ ဝင်ရောက်တဲ့ လူသားတို့ရဲ့ တစ်ခုတည်းသော လမ်းကြောင်း

၁ ဘုရားရဲ့အပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းနောက်ဆုံးအနားယူခြင်းမှာ ကြံ့ခိုင်ခြင်းရှိသူတို့ ဝင်ရောက်မည်စာတန်ရဲ့လွမ်းမိုးမှုမှ...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်