၁၃၂) အခြားသူများအား ၎င်းတို့၏ ဇာတိပကတိအရင်းခံအတိုင်း ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) လူ၏အယူအဆများ၊ စိတ်ကူးစိတ်သန်းများ သို့မဟုတ် ရိုးရာယဉ်ကျေးမှုများအပေါ် အခြေခံ၍ အခြားသူများအား မည်သည့်အခါမျှ ရှုမြင်ခြင်းကို မပြုလေနှင့်။ ထိုသူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရား တစ်ခုတည်းပေါ်တွင်သာ အခြေခံ၍ ရှုမြင်သင့်သည်။ ယင်းသည် လူတစ်မျိုးစီ၏ ဇာတိပကတိအရင်းခံကို ရှင်းလင်းစွာမြင်ရန် တစ်ခုတည်းသောနည်းလမ်းပင် ဖြစ်သည်။

(၂) လူတို့ကို သူတို့ တစ်ကြိမ်တစ်ခါ လုပ်ဆောင်ပုံအပေါ်မူတည်၍ တစ်ထစ်ချ မသတ်မှတ်လေနှင့်။ သူတို့၏ ဇာတိပကတိ အရင်းခံများကို အချိန်ကြာမြင့်သောကာလအတွင်း သူတို့၏ လုပ်ဆောင်ပုံ အပေါ်မူတည်၍သာ အကဲဖြတ်သင့်သည်။ ဤသည်မှာ အခြားသူများအား သင့်တင့်လျော်ကန်စွာ ဆက်ဆံရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

(၃) မောက်မာပြီး မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်သည့် စိတ်သဘောထားများ ရှိသူများ သို့မဟုတ် ပြစ်မှားခြင်း ရှိခဲ့သော်လည်း သမ္မာတရားကို လက်ခံနိုင်သောသူများအား ဆိုးယုတ်သူများဟု မဆက်ဆံသင့်ပေ။ ထိုသူတို့ကို ချစ်ခြင်းမေတ္တာစိတ်ဖြင့် ကူညီသင့်သည်။

(၄) တစ်စုံတစ်ဉီးသည် ဆိုးယုတ်သူ၊ နတ်ဆိုး၊ အန္တိခရစ် သို့မဟုတ် မယုံကြည်သူဖြစ်သည်ဟု အမှန်တကယ် အတည်ပြုလျှင် ထိုသူကို အသင်းတော်က ပြဋ္ဌာန်းထားသည့်အတိုင်း နုတ်ပယ်ရမည်၊ သို့မဟုတ် ထုတ်ပစ်ရမည် ဖြစ်သည်။

(၅) မှားယွင်းသောအမြင်များကို မကြာခဏ ထုတ်ဖော်ပြီး ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများကို မကြာခဏ ထားရှိကာ ကိုယ်တော်၏ထိုးနှက်မှုကို ခုခံကာကွယ်သော လှည့်ဖြားသူများကို မယုံကြည်သူများအဖြစ် သတ်မှတ်ထားသည်။ ထိုသူတို့ကို နုတ်ပယ်ရမည်၊ သို့မဟုတ် ထုတ်ပစ်ရမည် ဖြစ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လူတို့သည် တစ်ဦးနှင့်တစ်ဦး မည်သို့ဆက်ဆံသင့်ကြောင်းနှင့် ပတ်သက်၍ မည်သည့် အခြေခံသဘောတရားကို ဖော်ပြထားသနည်း။ ဘုရားသခင် ချစ်သောအရာကို ချစ်၍ ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ တစ်နည်းဆိုသော် သမ္မာတရားကို အမှန်တကယ် လေ့လာလိုက်စားပြီး ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်သည့် ဘုရားသခင်ချစ်သော လူများသည် သင်ချစ်သင့်သောသူများ စင်စစ်ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မဆောင်သောသူ၊ ဘုရားသခင်ကို မုန်းတီးသောသူ၊ သူ့ကို မနာခံသောသူနှင့် ဘုရားသခင်က ရွံမုန်းသောသူများမှာ ငါတို့လည်း ရွံမုန်းပြီး ငြင်းပယ်သင့်သောသူများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်က တောင်းဆိုသော အရာဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်ပါက၊ သူ့ကို ၎င်းတို့ မုန်းကြပေသည်။ သူ့ကို ၎င်းတို့ မုန်းပါက၊ ဘုရားသခင်သည် ၎င်းတို့ကို သေချာပေါက် စက်ဆုပ်သည်။ ထို့ကြောင့်၊ သင်၏ မိဘများကို မုန်းရန် သင့်ကို ပြောပါက၊ သင် လုပ်ဆောင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်ကို ခုခံကာ ပုတ်ခတ်ဝေဖန်ပါက၊ ၎င်းတို့သည် ဘုရားသခင် မုန်းကာ ကျိန်သော လူများ သေချာပေါက် ဖြစ်ကြပေသည်။ ထိုသို့သော အခြေအနေများအောက်တွင်၊ သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းအား နှောင့်ယှက်သည်ဖြစ်စေ၊ မနှောင့်ယှက်သည်ဖြစ်စေ၊ သင်သည် ၎င်းတို့ကို မည်သို့ ဆက်ဆံသင့်သနည်း။ ကျေးဇူးတော်ခေတ်အတွင်း တစ်ချိန်က သခင်ယေရှု ပြောခဲ့သည်မှာ “ကိုယ်တော်က ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏” ထိုမြွက်ဟချက်သည် ယခင်ကျေးဇူးတော်ခေတ်အတွင်း၌ ရှိနှင့်ပြီးဖြစ်ကာ ယခုဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ဆီလျော်နေသည်။ “ဘုရားသခင် ချစ်မြတ်နိုးရာများကို ချစ်မြတ်နိုးပြီး၊ ကိုယ်တော် ရွံမုန်းသောအရာများကို ရွံမုန်းလော့။” ယင်းနှုတ်ကပတ်တော်များသည် တိုတိုနှင့်လိုရင်းကိုပြောခြင်း ဖြစ်သော်လည်း လူများသည် ၎င်း၏စစ်မှန်သော အဓိပ္ပါယ်ကို နားလည်နိုင်စွမ်း မရှိတတ်ကြပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်” မှ

သင်သည် သမ္မာတရား ရှိပြီး၊ ဘုရားသခင်ကို ခုခံခြင်း ရှိမရှိဆိုသည်မှာ သင်၏ သွင်ပြင် သို့မဟုတ် အခါအားလျော်စွာ သင် မည်သို့ စကားပြောမည် သို့မဟုတ် မိမိကိုယ်ကိုယ် မည်သို့ ပြုမူနေထိုင်မည်ဆိုသည်တို့အပေါ် မဟုတ်ဘဲ၊ သင်၏ အနှစ်သာရပေါ်တွင် မူတည်ပေသည်။ တစ်ဦးတစ်ယောက်သည် ဖျက်ဆီးခံရခြင်း ရှိမည်၊ မရှိမည်မှာ မိမိ၏ အနှစ်သာရအားဖြင့် သတ်မှတ်ခံရပေသည်။ ယင်းကို မိမိ၏ အပြုအမူနှင့် မိမိ၏ သမ္မာတရား လိုက်စားမှုက ထုတ်ဖော်ပြသည့် အနှစ်သာရနှင့်အညီ ဆုံးဖြတ်ပေသည်။ ၎င်းတို့ အလုပ်လုပ်ရာတွင် အချင်းချင်းကဲ့သို့ တူညီသူများနှင့် တူညီသော အလုပ်ပမာဏများကို လုပ်ဆောင်ကြသူ လူများထဲတွင်၊ မိမိ၏ လူသားအနှစ်သာရ ကောင်းမွန်ပြီး၊ သမ္မာတရားကို ပိုင်ဆိုင်သောသူများသည် ကျန်ရှိမည့်သူများ ဖြစ်သော်လည်း၊ မိမိ၏ လူသားအနှစ်သာရများ ဆိုးယုတ်ပြီး၊ မြင်တွေ့နိုင်သော ဘုရားသခင်ကို မနာခံသူတို့သည် ဖျက်ဆီးခြင်းခံရမည့် သူများဖြစ်လိမ့်မည်။ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်နှင့် ဆက်နွှယ်သည့် ဘုရားသခင်၏အမှု သို့မဟုတ် နှုတ်ကပတ်တော်များသည် တစ်ဦးချင်းစီ၏ အနှစ်သာရနှင့်အညီ လူတို့ကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်း လိမ့်မည်။ အမှားအယွင်း စိုးစဉ်းမျှ ဖြစ်ပွားမည် မဟုတ်သကဲ့သို့၊ အမှားတစ်ခုကိုမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ လူသား၏စိတ်ခံစားမှု သို့မဟုတ် အဓိပ္ပာယ်တို့ ရောနှောသွားသည်မှာ လူတို့ အလုပ်လုပ်ကြသည့် အချိန်တွင်သာ ဖြစ်သည်။ ဘုရားသခင် ပြုသော အမှုသည် အသင့်လျော်ဆုံး ဖြစ်သည်။ သူသည် မည်သည့် ဖန်ဆင်းခံသတ္တဝါထံကိုမျှ မှားယွင်းသည့် တောင်းဆိုမှုများ လုံးဝ မဆောင်ကြဉ်းချေ။ လတ်တလောတွင် လူသားမျိုးနွယ်၏ အနာဂတ် ခရီးပန်းတိုင်ကို မသိမြင်နိုင်သည့်သူများနှင့် ငါ မိန့်မြွက်သော နှုတ်ကပတ်တော်များကို မယုံကြည်ကြသော လူများစွာ ရှိ၏။ မယုံကြည်သောသူအားလုံးအပြင်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။

ယနေ့ခေတ်တွင် ရှာဖွေသောသူတို့နှင့် မရှာဖွေသောသူတို့သည် ၎င်းတို့၏ ခရီးပန်းတိုင်များလည်း အလွန် ကွဲပြားခြားနားသည့်၊ လုံးဝ မတူကွဲပြားသော လူနှစ်မျိုးနှစ်စား ဖြစ်ကြသည်။ သမ္မာတရားနှင့်ဆိုင်သည့် အသိပညာကို လိုက်စားပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတို့သည် ဘုရားသခင်က ကယ်တင်ခြင်း ဆောင်ကြဉ်းပေးမည့်သူများ ဖြစ်သည်။ မှန်သောလမ်းခရီးကို မသိသောသူတို့သည် မကောင်းဆိုးဝါးများနှင့် ရန်သူများဖြစ်ကြသည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ ဖြစ်ကြပြီး၊ ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ မရေရာသော ဘုရားသခင်နှင့်သက်ဆိုင်သည့် ဘုရားတရားကိုင်းရှိုင်းသည့် ယုံကြည်သူများသည်ပင်- ၎င်းတို့သည်လည်း မကောင်းဆိုးဝါးများ ဖြစ်ကြသည် မဟုတ်လော။ ကောင်းမွန်သော အသိတရားများ ပိုင်ဆိုင်သော်လည်း၊ မှန်သောလမ်းခရီးကို လက်မခံသော လူတို့သည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့်ဆိုင်သည့် အနှစ်သာရတစ်ခု ဖြစ်သည်။ မှန်သောလမ်းခရီးကို လက်မခံသူတို့သည် ဘုရားသခင်ကို ခုခံသူများဖြစ်ပြီး ထိုသို့သော လူများသည် အခက်အခဲများစွာကို ကြံ့ကြံ့ခံလျှင်ပင်၊ ဖျက်ဆီးခြင်းခံရလိမ့်ဦးမည် ဖြစ်သည်။ လောကကို စွန့်လွှတ်ရန် လိုလားခြင်း မရှိသူ၊ မိမိတို့၏ မိဘများနှင့် မခွဲခွာရက်သူနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဇာတိပကတိ ပျော်ပါးမှုများမှ မိမိတို့ကိုယ်ကိုယ် မဖယ်ရှားရက်နိုင်သူ အားလုံးသည် ဘုရားသခင်ကို မနာခံကြသကဲ့သို့၊ ၎င်းတို့အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။ ယုံကြည်ခြင်း ရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူများ၊ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သူများနှင့် ဘုရားသခင်၏ တည်ရှိမှုကို လုံးဝ မယုံကြည်သူ အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ကျန်ရှိခွင့် ရှိလိမ့်မည့်သူအားလုံးမှာ စစ်ဆေးခြင်းနှင့်ဆိုင်သည့် ဆင်းရဲဒုက္ခကို ကြုံရပြီးဖြစ်ကာ ခိုင်ခိုင်မာမာ ရပ်တည်ပြီးဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်တို့မှာ စမ်းသပ်မှုများကို အမှန်တကယ် ကြံ့ကြံ့ခံပြီးသည့် လူများ ဖြစ်သည်။ ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည်- ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ- အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရားနှင့် ချစ်ခြင်းမေတ္တာ ထားရှိနေနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်း ပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် ပေါင်းဖော်နေခြင်း မဟုတ်လော။ အကယ်၍ ဤနေ့ရက်များတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့၊ ဘုရားသခင်၏အလိုကို ရှာဖွေရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေပါက၊ ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ ရှိသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။ သင်သည် ရန်သူအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာ ထားရှိနိုင်ပါက၊ သင်၌ ဖြောင့်မတ်ခြင်းသဘော ကင်းမဲ့သည် မဟုတ်လော။ ငါ စက်ဆုပ်ရွံရှာပြီး ငါ သဘောမတွေ့သော သူတို့နှင့် သင်သည် သဟဇာတ ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များ ထားရှိနေသေးပါက၊ သင်သည် မနာခံသောသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို ပိုင်ဆိုင်သလော။ လူတို့သည် ရန်သူများအပေါ် အသိစိတ်၊ မကောင်းဆိုးဝါးများအတွက် ချစ်ခြင်းမေတ္တာနှင့် စာတန်အတွက် သနားကရုဏာ ထားရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည် မဟုတ်လော။ ဘုရားသခင်ကိုပင် မယုံကြည်သူများကို မဆိုထားနှင့်၊ သခင်ယေရှုကိုသာ ယုံကြည်ပြီး နောက်ဆုံးကာလအတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သော လူများအပြင်၊ လူ့ဇာတိခံ ဘုရားသခင်ကို နှုတ်အားဖြင့် ယုံကြည်သည်ဟု အခိုင်အမာ ပြောဆိုသော်လည်း၊ မကောင်းမှု ပြုသောသူတို့အားလုံးသည် အန္တိခရစ်များ ဖြစ်ကြသည်။ ဤလူအားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ လူသားများက အခြားလူသားများကို ဝေဖန်အကဲဖြတ်သည့် စံနှုန်းမှာ ၎င်းတို့၏ အပြုအမူပေါ်တွင် အခြေခံသည်။ ၎င်းတို့၏ အပြုအမူ ကောင်းမွန်သောသူများသည် ဖြောင့်မတ်ကြသော်လည်း၊ ၎င်းတို့၏ အပြုအမူက စက်ဆုပ်ဖွယ်ကောင်းသူများသည် ဆိုးယုတ်ကြပေသည်။ လူသားများကို ဘုရားသခင် တရားစီရင်သော စံနှုန်းမှာ ၎င်းတို့၏ အနှစ်သာရက သူ့ကို ကျိုးနွံနာခံမှု ရှိမရှိဆိုသည့်အပေါ် အခြေခံသည်။ ဤလူ၏ အပြုအမူ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားက မှန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ၊ ဘုရားသခင်ကို ကျိုးနွံနာခံသောသူသည် ဖြောင့်မတ်သူတစ်ဦး ဖြစ်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံမနာခံသောသူသည် ရန်သူတစ်ဦးနှင့် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

လူအများစုသည် အပြစ်များ ကျူးလွန်ခဲ့ကြလေပြီ၊ ဥပမာအားဖြင့်၊ အချို့သည် ဘုရားသခင်ကို အစဉ် ခုခံခဲ့ကြသည်၊ အချို့က ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ကြသည်၊ အချို့က ဘုရားသခင်ကို ဆန့်ကျင်၍ စောဒကတက်သည့် စကားများ ပြောဆိုခဲ့ကြသည်၊ သို့မဟုတ် အခြားသူများသည် အသင်းတော်ကို ဆန့်ကျင်ပြုမူခဲ့ကြသည်၊ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်ကို ဆုံးရှုံးမှုဖြစ်စေသည့် အရာများ လုပ်ဆောင်ခဲ့ကြလေသည်။ ဤလူတို့ကို မည်သို့ ဆက်ဆံသင့်သနည်း။ ၎င်းတို့၏ ရလဒ်များကို ၎င်းတို့၏ သဘာဝဗီဇ မရမကလုပ်ဆောင်သော အပြုအမူအရ အဆုံးအဖြတ်ပေးလိမ့်မည်ဖြစ်သည်။ လူအချို့သည် ဆိုးညစ်ကြသည်၊ အချို့က မိုက်မဲသည်၊ အချို့က ဦးနှောက်မရှိကြဘဲ၊ အချို့က လူ့တိရစ္ဆာန်များဖြစ်ကြသည်။ လူတိုင်းသည် ကွဲပြားခြားနားကြသည်။ ဆိုးညစ်သော လူအချို့သည် နတ်ဆိုးစွဲခြင်းခံကြရစဉ်တွင်၊ အချို့တို့က နတ်ဆိုးစာတန်၏ လက်ပါးစေများဖြစ်ကြသည်။ ၎င်းတို့၏ သဘာဝများနှင့်စပ်လျဉ်း၍ အချို့သည် အထူးသဖြင့် အန္တရာယ်ပြုမည့် လက္ခဏာရှိသည်၊ အချို့သည် အထူးသဖြင့် လှည့်စားတတ်သည်၊ အချို့သည် ငွေနှင့်ပတ်သက်ပါက အထူးတလည် လောဘကြီးကြကာ၊ အချို့က ကာမဂုဏ်အာရုံဆိုင်ရာ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံခြင်းကို ပျော်မွေ့ကြသည်။ လူတိုင်း၏အပြုအမူသည် ကွဲပြားခြားနားသောကြောင့် လူများအားလုံးကို ၎င်းတို့၏ သီးခြား သဘာဝများနှင့် အပြုအမူတို့နှင့်အညီ ခြုံငုံလျက် ရှုမြင်သင့်သည်။ လူ၏သေမျိုးဖြစ်သော ဇာတိပကတိ၏ ဗီဇများအရ၊ မည်သည့်လူပုဂ္ဂိုလ်ဖြစ်စေ ၎င်းတို့၏ ဗီဇသည် လွတ်လပ်သောစိတ်သဘော ရှိဖို့သက်သက်ဖြစ်သည်။ ယင်းမှာ အမှုအရာများနှင့်ပတ်သက်၍ တွေးနိုင်ဖို့ သက်သက် ဖြစ်သည်- သို့ရာတွင် ၎င်းတွင် ဝိညာဉ်လောကကို တိုက်ရိုက် ထိုးဖောက်ဖို့ စွမ်းရည်မရှိပေ။ ယင်းမှာ သင်သည် စစ်မှန်သော ဘုရားသခင်ကို ယုံကြည်ပြီး၊ သူ၏အမှုတော်အသစ်၏ ဤအဆင့်ကို လက်ခံလိုသော်လည်း၊ သင့်ကို ဧဝံဂေလိတရား ဟောကြားဖို့ တစ်ယောက်မျှ မလာသေးသည့်အချိန်ကဲ့သို့ဖြစ်သည်။ သင်သည် သင့်ကို ဉာဏ်အလင်းပေးပြီး တစ်နေရာရာသို့ လမ်းညွှန်ပေးဖို့ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သာ ရှိသည်။ ထိုသို့ဖြင့် ဘုရားသခင်သည် အနာဂတ်တွင် မည်သည့်အရာကို ဖြစ်မြောက်စေမည်ကို သိဖို့ သင့်အတွက် မဖြစ်နိုင်ချေ။ လူများသည် ဘုရားသခင်ကို နားမလည်နိုင်ချေ။ ၎င်းတို့သည် ထိုသို့နားလည်ဖို့ စွမ်းရည်မရှိကြသကဲ့သို့၊ ဝိညာဉ်လောကအပေါ် တိုက်ရိုက် သဘောပေါက်ဖို့ သို့မဟုတ် ဘုရားသခင်၏အမှုတော်ကို စေ့စေ့စပ်စပ် နားလည်ဖို့ စွမ်းရည် ၎င်းတို့တွင် မရှိကြချေ၊ ကောင်းကင်တစ်မန်တစ်ပါးကဲ့သို့ သူ့ကို အလိုလားဆုံး အစေခံဖို့မှာ သာ၍နည်းပါးလေသည်။ ဘုရားသခင်သည် ၎င်းတို့ကို သိမ်းပိုက်ပြီး၊ ပြုပြင်ပြောင်းလဲခြင်း မရှိပါက၊ သို့မဟုတ် သူဖော်ပြသည့် သမ္မာတရားများဖြင့် ၎င်းတို့ကို ရေလောင်းခြင်းနှင့် ထောက်ပံ့ခြင်း မရှိပါက၊ လူများသည် အမှုတော်အသစ်ကို လက်မခံနိုင်ကြပေ။ ဘုရားသခင်သည် ဤအမှုကို မပြုပါက၊ ၎င်းတို့သည် ၎င်းတို့အတွင်း၌ ဤအရာများ ရှိလိမ့်မည် မဟုတ်ဘဲ၊ ဤသည်ကို ၎င်းတို့၏ဗီဇက ဆုံးဖြတ်လေသည်။ ထို့ကြောင့် လူအချို့က ခုခံသည့်အခါ သို့မဟုတ် ပုန်ကန်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်၏ အမျက်နှင့် အမုန်းတရားတို့ကို ခံရလေသည်။ သို့သော်လည်း ထိုအခါတွင် ၎င်းတို့၏ဗီဇကို ထောက်ဆခြင်းဖြင့်၊ ဘုရားသခင်သည် အခြေအနေ တစ်ခုချင်းစီကို ကွဲပြားခြားနားစွာ ဆက်ဆံပြီး အခြေအနေ တစ်ခုချင်းစီကို သီးသန့် ကိုင်တွယ်ဖြေရှင်းသည်။ ထို့ကြောင့် ဘုရားသခင် လုပ်ဆောင်သည့် မည်သည့် အလုပ်မဆိုသည် ဖြည်းဖြည်းနှင့်မှန်မှန် လုပ်ဆောင်ခြင်း ဖြစ်သည်။ သူက လုပ်ဆောင်ရမည့်အရာနှင့် လုပ်ဆောင်ရမည့် နည်းလမ်းကို သိသည်။ လူများက ဗီဇအားဖြင့် မလုပ်ဆောင်နိုင်သည့် ထိုအမှုအရာများ အတွက်မူ၊ ဘုရားသခင်က ယင်းတို့အား သေချာပေါက် တောင်းဆိုမည်မဟုတ်ပေ။ ရားသခင်သည် လူအသီးသီးကို ထိုအချိန်က ပတ်ဝန်းကျင်နှင့် ဆက်စပ်အကြောင်းအရာ၊ တကယ့် အခြေအနေ၊ လူတို့၏ လုပ်ရပ်များ၊ ပြီးလျှင် ၎င်းတို့၏ အပြုအမူနှင့် ထုတ်ဖော်ပြသမှုများအရ ကိုင်တွယ်ဖြေရှင်း၏။ ဘုရားသခင်သည် မည်သူ့ကိုမျှ ဘယ်သောအခါမျှ မတရားသဖြင့် ဆက်ဆံလိမ့်မည်မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား ဖြစ်သည်။ ဥပမာအားဖြင့် ဧဝသည် မြွေက ခိုင်းသည့်အခါ ကောင်းမကောင်းသိကျွမ်းရာအပင်မှ အသီးကို စားခဲ့သော်လည်း၊ ယေဟောဝါ ဘုရားသခင်သည် သူမအား “သင့်အား မစားဖို့ ငါပြောခဲ့သည်၊ ထို့ကြောင့် သင်သည် ယင်းကို အဘယ့်ကြောင့် စားဖြစ်အောင် စားခဲ့သနည်း။ သင်၌ ထိုးထွင်းသိမြင်မှု ရှိသင့်သည်။ မြွေသည် သင့်ကို ဖြားယောင်းဖို့သာ စကားပြောခြင်းဖြစ်သည်ကို သင် သိသင့်သည်။” ဟု ပြောခြင်းအားဖြင့် အပြစ်ဆိုခြင်း မရှိခဲ့ပေ။ ယေဟောဝါ ဘုရားသခင်သည် ဤသည်ကို မပြောခဲ့သကဲ့သို့၊ ဧဝကို အပြစ်ဖော်ဆုံးမခြင်းမရှိခဲ့ပေ။ သူက လူသားများကို ဖန်ဆင်းခဲ့ခြင်း ဖြစ်သောကြောင့်၊ ၎င်းတို့၏ ဗီဇသည် မည်သည့်အရာဖြစ်သည်၊ ပြီးလျှင် ထိုဗီဇများသည် မည်သည့်အရာများဖြင့် ပြုလုပ်ထားသည်၊ လူများသည် မည်သည့်အတိုင်းအတာအထိ မိမိတို့ကိုယ်ကိုယ် ထိန်းချုပ်နိုင်ပြီး လူများက မည်သည့်အရာကို စွမ်းဆောင်နိုင်သည်တို့ကို သူ သိထားသည်။ ဘုရားသခင်က တစ်စုံတစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းသည့်အခါ၊ သူက တစ်စုံတစ်ယောက်အပေါ် သဘောထားတစ်ခု ထားရှိသည့်အခါ- ယင်းက မနှစ်မြို့ခြင်းဖြစ်စေ၊ ရွံရှာခြင်းဖြစ်စေ- ပြီးလျှင် တစ်စုံတစ်ယောက်က အချို့သော အခြေအနေများတွင် အချို့သောအရာများကို ပြောဆိုသည့်အခါ၊ ဘုရားသခင်သည် ထိုပုဂ္ဂိုလ်၏ အခြေအနေကို ကောင်းစွာ နားလည်လေသည်။ ဘုရားသခင်တွင် ဘုရားသဘောသဘာဝသာ ရှိကြောင်း၊ သူသည် ဖြောင့်မတ်ပြီး စော်ကား၍မရနိုင်ကြောင်း တို့ကိုသာ လူများက အမြဲတွေးထင်ကြသည်။ သူ့ထံတွင် မည်သည့်လူ့သဘာဝမျှ မရှိကြောင်း၊ လူများ၏ အခက်အခဲများကို အရေးမထားကြောင်းနှင့် သူ့ကိုယ်သူ လူများ၏နေရာတွင် ဝင်ရောက်ခံစားခြင်း မရှိကြောင်းတို့ကိုသာ လူများက ယူဆကြသည်။ ၎င်းတို့က သမ္မာတရားနှင့်အညီ လက်တွေ့မလုပ်ဆောင်သမျှ ကာလပတ်လုံး သူက လူများကို အပြစ်ဒဏ် ပေးလိမ့်မည်ဖြစ်ပြီး တစ်စုံတစ်ယောက်က သူ့အား အနည်းငယ်မျှ ခုခံလျှင်ပင်၊ သူက ထိုပုဂ္ဂိုလ်ကို မှတ်မိလိမ့်မည် ဖြစ်ပြီး၊ ထိုပုဂ္ဂိုလ်ကို နောက်ပိုင်းတွင် အပြစ်ဒဏ်ပေးလိမ့်မည် ဖြစ်ကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ တကယ်ကို မမှန်ကန်ပေ။ ဤသည်မှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်း၊ အမှုနှင့် လူတို့အပေါ် ဘုရားသခင်၏သဘောထား နှင့်သက်ဆိုင်သည့် သင်၌ရှိသော ထင်မြင်ချက်မျိုးဖြစ်ပါက၊ သင်သည် အပြင်းအထန် မှားယွင်း၏။ လူများကို ကိုင်တွယ်ဖို့ ဘုရားသခင်အသုံးပြုသည့် အခြေခံအကြောင်းရင်းသည် လူသားအဖို့ မတွေးတတ်အောင် ဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်သည်။ ဘုရားသခင်၌ သူ၏ကိုယ်ပိုင် အခြေခံသဘောတရားများ ရှိသည်- ပြီးလျှင် အနှေးနှင့်အမြန်ဆိုသလို သူသည် လူသားများကို လုံးဝ ယုံကြည်လက်ခံစေလိမ့်မည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသားအပေါ် ဘုရားသခင်၏ ဆက်ဆံခြင်းနှင့်ဆိုင်သည့် အခြေခံအကြောင်းရင်း” မှ

လူသား၏ သဘာဝတွင် လူအားလုံး၌ တူညီစွာရှိသော ပင်ကိုလက္ခဏာအချို့ရှိကြသည်။ ဤအရာများကို သင်သိရမည်။ လူအားလုံးသည် ဘုရားသခင်အား သစ္စာဖောက်နိုင်စွမ်းရှိကြသည်မှာ တူညီသည့် ပင်ကိုလက္ခဏာဖြစ်သည်။ သို့သော် လူတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်သီးသန့် အားနည်းချက်ရှိသည်။ အချို့လူတို့က ဤအရာကို နှစ်သက်ပြီး အချို့လူတို့က ထိုအရာကို နှစ်သက်သည်။ အချို့လူတို့က ဤအရာကို အထင်ကြီးပြီး အချို့လူတို့က ထိုအရာကို အထင်ကြီးသည်။ ဤသည်တို့မှာ လူတို့၏ သဘောသဘာဝများရှိ ခြားနားချက်များဖြစ်သည်။ လူအချို့သည် ဆင်းရဲဒုက္ခများစွာကို ကြံ့ကြံ့ခံနိုင်စွမ်းရှိကြပြီး အချို့မှာ အနည်းငယ်ဒုက္ခခံပြီးနောက်တွင် စတင်ညည်းညူလာပြီး တောင့်ခံဖို့ အခက်အခဲဖြစ်ကြသည်။ တူညီသောဖြစ်ရပ်ကို ရင်ဆိုင်ရာတွင် လူတိုင်းက မတူညီစွာ တုံ့ပြန်ကြသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ ၎င်းတို့၏ သဘောသဘာဝတွင်ရှိသော အရာများက မတူညီသောကြောင့်ဖြစ်သည်။ လူအချို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပေါ်လွင်ရာတွင် ပို၍ပြင်းထန်ပြီး အခြားလူများတွင်မူ ပို၍ပျော့ပျောင်းသည်။ သို့ရာတွင် ၎င်းတို့သည် အခြေခံအားဖြင့် မကွဲပြားပေ။ ဤသည်မှာ တူညီသော ပင်ကိုလက္ခဏာများဖြစ်သည်။ လူတစ်ယောက်၏ သဘောသဘာဝပုံစံက ထိုသူ မည်သည့်လူစားမျိုးဖြစ်သည်ကို အဆုံအဖြတ်ပေးသည်။ ၎င်းတို့သည် အခြားလူများနှင့် တူညီသော ပင်ကိုလက္ခဏာများရှိသော်လည်း တူညီသောလူအမျိုးအစားများ မဟုတ်နိုင်ကြပေ။ ၎င်းတို့သည် တူညီသောလူအမျိုးအစားများမဟုတ်ဟု ငါအဘယ့်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ သဘာဝတွင်ရှိသော ဤအရာသည် ထိုမျှသိသာခြင်း၊ သို့မဟုတ် ပြင်းထန်ခြင်းမရှိနိုင်သောကြောင့် ဖြစ်သည်။ ဥပမာ တဏှာသည် တူညီသော လူသားပင်ကိုလက္ခဏာတစ်ခုဖြစ်သည်။ လူတိုင်းတွင်ရှိသည်။ ထို့အပြင် ဤနယ်ပယ်သည် ကျော်လွှားရန်အလွန်ခက်ခဲသည်။ သို့ရာတွင် ယင်းသည် အထူးသဖြင့် လူအချို့အတွက် ပြင်းထန်သည်။ ဤအရေးကိစ္စကို ရင်ဆိုင်ရသည့်အခါတွင် ၎င်းတို့သည် ကျော်လွှားရန်မတတ်နိုင်ကြပေ။ ထို့နောက် ၎င်းတို့သည် အခြားလူများနှင့်အတူ ရုတ်တရက်ထွက်ပြေးကြသည်၊ သို့မဟုတ် အခြားလူများကို ထွက်ပြေးစေရန် ဦးဆောင်ကြသည်။ ဤလူတို့သည် ၎င်းတို့၏ သဘာဝတွင် ဆိုးယုတ်သည်ဟု ဆိုနိုင်သည်။ အချို့လူတို့သည် ဤအရေးကိစ္စကို ရင်ဆိုင်ရာ၌ အနည်းငယ်အားနည်းကြသည်၊ သို့မဟုတ် တဏှာကြီးသော စိတ်ပြင်းပြမှုအပေါ် အနည်းငယ်ခံနိုင်ရည်မရှိကြပေ။ သို့သော် ရှက်ဖွယ်ကောင်းသောအရာတို့ကို ၎င်းတို့ မလုပ်ဆောင်ကြပေ။ မိမိတို့ကိုယ်ကိုယ် ထိန်းချုပ်နိုင်ကြပြီး ဤလုပ်ရပ်များကို ရှောင်နိုင်ကြသည်။ ထိုကိစ္စတွင်၊ ဤလူတို့အနေဖြင့် ၎င်းတို့၏ သဘာဝ၌ ဆိုးယုတ်သည်ဟု သင် မဆိုနိုင်ပေ။ ဇာတိပကတိရှိသရွေ့ တဏှာကြီးသော စိတ်ပြင်းပြမှုရှိလိမ့်မည်ဖြစ်သည်။ အချို့လူတို့သည် ၎င်းတို့၏ တဏှာတွင်မွေ့လျော်ကြပြီး အလိုရှိရာမှန်သမျှကို အကြောင်းမဲ့လုပ်ဆောင်ကြသည်။ သို့သော် လူအချို့မှာ ဤကဲ့သို့ လုံးဝမဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို အားထုတ်နိုင်ပြီး ၎င်းတို့၏ လုပ်ဆောင်မှုများကို သမ္မာတရားအပေါ်တွင် အခြေခံနိုင်သည်။ ဇာတိပကတိကို စွန့်လွှတ်နိုင်ကြသည်။ ၎င်းတို့တွင် ဇာတိပကတိ၏ တဏှာများရှိသော်လည်း ခြားနားစွာပြုမူကြသည်။ ဤသည်မှာ လူတို့အချင်းချင်း မတူညီကွဲပြားသည့်နေရာဖြစ်သည်။ လူအချို့က ငွေကိုတပ်မက်သည်။ ငွေနှင့် ကောင်းသောအရာများကို ၎င်းတို့မြင်တွေ့သည့်အခါ ထိုအရာများကို ရရှိလိုကြပြီး၊ ၎င်းတို့၏ ပိုင်ဆိုင်လိုသော ဆန္ဒသည် အထူးပြင်းပြသည်။ ဤလူတို့၏ သဘာဝသည် လောဘကြီးပြီး ငမ်းငမ်းတက်လိုချင်သော သဘာဝ ဖြစ်သည်။ တစ်စုံတစ်ခုကို ၎င်းတို့တွေ့မြင်သည့်အခါ ၎င်းတို့သည် လောဘကြီးလာသည်။ ၎င်းတို့သည် အသင်းတော်၏ငွေကိုပင်၊ ယွမ်ထောင်ပေါင်းများစွာအထိ ခိုးယူသုံးစွဲဝံ့ကြသည်။ ငွေပို၍ ရှိလေလေ၊ ပို၍ လုပ်ဝံ့လေလေဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ခြင်းသာဖြစ်သည်။ ဤသည်မှာ လောဘကြီးသော သဘာဝဖြစ်သည်။ အချို့လူတို့သည် အသင်းတော်၏ငွေကို ၁၀၊ ၂၀ယွမ် သုံးစွဲလျှင် မိမိတို့အသိစိတ်တွင် စနိုးစနောင့်ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ရှေ့မှောက်တွင် ဒူးထောက်ဆုတောင်းရန် အလျင်အမြန်သွားကြပြီး နောင်တမျက်ရည်များဖြင့် ၎င်းတို့ကိုခွင့်လွှတ်ရန် ဘုရားသခင်အား တောင်းဆိုကြသည်။ ဤသည်မှာ မတော်လောဘကြီးသောသူဟု မဆိုနိုင်ပေ။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ထုတ်ဖော်ပြခြင်းအမှုတစ်ခုမျှသာ ဖြစ်သည်။ အချို့လူတို့သည် သူတစ်ပါးအား ဝေဖန်အကဲဖြတ်ရသည်ကို နှစ်သက်ကြသည်။ ၎င်းတို့က “ဤလူသည် အသင်းတော်ငွေ ယွမ်အနည်းငယ်ကို သုံးစွဲခဲ့သော်လည်း ဘုရားသခင်ရှေ့မှောက်တွင်ဆုတောင်းရန် မလာသေး။ နောက်တစ်ကြိမ်တွင် သူသည် ပို၍များစွာ ဆက်လက်သုံးစွဲလိမ့်မည်။ ဤသည်မှာ လောဘကြီးသောသူဖြစ်သည်”ဟု ဆိုကြလိမ့်မည်။ ဤကဲ့သို့ပြောဆိုခြင်းသည် မမှန်ကန်ပေ။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသရွေ့၊ ၎င်းတို့တွင် သာမန်အားနည်းချက်များရှိမည်မှာ အသေအချာပင်ဖြစ်သည်။ အချို့သော လူသားအားနည်းချက်များတွင် ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ တစ်စိတ်တစ်ပိုင်းလည်း ပါဝင်သည်။ သို့သော် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ထိုသဘာဝအမျိုးအစားကြားတွင် ခြားနားမှုတစ်ခုရှိသည်။ အားလုံးကို အတူစုပေါင်း၍မရပေ၊ သို့မဟုတ် လူတို့အား မိမိစိတ်ထင်သလို ဝေဖန်အကဲဖြတ်၍မရပေ။ သူတစ်ပါးအား ဝေဖန်အကဲဖြတ်ခြင်းသည် သူတစ်ပါးအပေါ် အကြီးမားဆုံး ထိခိုက်နစ်နာမှုဖြစ်စေသည်။ သင်သည် အကြောင်းအရာများကို မခွဲခြားနိုင်လျှင်၊ သို့မဟုတ် ရှင်းလင်းစွာမမြင်နိုင်လျှင် လူတို့ကို မထိခိုက်စေရန်အတွက် အခြေအမြစ်မရှိသော အခိုင်အမာပြောဆိုချက်များ ပြုလုပ်ခြင်းအား ရှောင်ကြဉ်လော့။ အမှန်တရားကို သိနားလည်ခြင်းမရှိဘဲ ပြောဆိုပြီး ပြုမူရန်မှာ သိက္ခာမဲ့ပြီး၊ ယင်းက အခြားသူများကိုဖြစ်စေ၊ မိမိကိုယ်ကိုယ်ကို ဖြစ်စေ အကျိုးမပေးပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝတွင် တူညီမှုများနှင့် ခြားနားချက် တို့ကို နားလည်ခြင်း” မှ

ပေတရုသည် ယေရှုနောက် စတင်လိုက်သည့် နောက်တွင် သဘာဝအလျောက် ထုတ်ဖော်ပြခြင်းများ အမှန်တကယ် ဖြစ်ပွားခဲ့သော်လည်း၊ သဘာဝအရ သူသည်၊ အစအဦးကတည်းက သန့်ရှင်းသော ဝိညာဉ်တော်ကို ကျိုးနွံနာခံရန်နှင့် ခရစ်တော်ကို ဖွေရှာရန် လိုလားနေခဲ့သည့် သူတစ်ယောက်ဖြစ်ပေသည်။ သူ၏ သန့်ရှင်းသော ဝိညာဉ်တော်အား နာခံခြင်းသည် စင်ကြယ်ခဲ့သည်။ သူသည် ကျော်ကြားမှုနှင့် အခွင့်အလမ်းတို့ကို မဖွေရှာခဲ့ဘဲ၊ ထိုအစား သမ္မာတရားအား နာခံခြင်းအားဖြင့် လှုံ့ဆော်ခံခဲ့ရသည်။ ပေတရုသည် ခရစ်တော်ကို သိကျွမ်းခြင်းအား ငြင်းပယ်ခဲ့သည့်အချိန် သုံးကြိမ် ရှိခဲ့သော်လည်း၊ ပြီးလျှင် သူသည် သခင်ယေရှုအား အစုံအစမ်းပြုခဲ့ သော်ငြားလည်း၊ ထိုသို့သော လူသား၏ အနည်းငယ်သော အားနည်းမှုသည် သူ၏ သဘာဝနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိခဲ့ပေ၊ ယင်းသည် သူ၏ အနာဂတ် လိုက်စားခြင်းကို အကျိုးသက်ရောက်မှု မရှိခဲ့သကဲ့သို့၊ ယင်းက သူ၏ သွေးဆောင်မှုမှာ အန္တိခရစ်တစ်ဦး၏ လုပ်ရပ်ဖြစ်သည်ဟု လုံလောက်စွာ သက်သေမပြနိုင်ပေ။ ပုံမှန်လူသား အားနည်းချက်သည် လောကရှိ လူအားလုံး ပိုင်ဆိုင်ကြရသည့်အရာတစ်ခု ဖြစ်သည်- ပေတရုသည် ကွဲပြားခြားနားမှု တစ်ခုတလေ ရှိမည်ဟု သင် မျှော်လင့်သလော။ ပေတရုသည် မိုက်မဲသော အမှားတစ်ချို့ လုပ်ခဲ့သောကြောင့် လူများသည် သူနှင့်ပတ်သက်သည့် အချို့သော အမြင်များ ကိုင်စွဲထားကြသည် မဟုတ်လော။ ပြီးလျှင် လူများသည် ပေါလုအား သူလုပ်ဆောင်ခဲ့သော အလုပ်အားလုံးနှင့် သူရေးသားခဲ့သော သြဝါဒစာစောင်များ အားလုံးကြောင့် သူ့ကို အလွန် ရိုသေလေးမြတ်ကြသည် မဟုတ်လော။ လူသည် အဘယ်နည်းနှင့် လူ၏ အနှစ်သာရကို ရိပ်စားမိနိုင်စွမ်း ရှိနိုင်မည်နည်း။ အသိစိတ် အမှန်တကယ်ရှိသော သူများသည် ထိုသို့သော မသိသာသည့် အရာကို ဧကန်မုချ မြင်နိုင်ကြပါသလော။ ပေတရု၏ နာကျင်မှုများနှင့် ပြည့်နေသည့် အတွေ့အကြုံ နှစ်ပေါင်းများစွာကို သမ္မာ ကျမ်းစာထဲတွင် မှတ်တမ်း မတင်ထားသော်လည်း၊ ဤအရာက ပေတရုသည် စစ်မှန်သော အတွေ့အကြုံများ မရှိခဲ့၊ သို့မဟုတ် ပေတရုသည် စုံလင်စေခြင်း မခံခဲ့ရဟု သက်သေမပြပေ။ ဘုရားသခင်၏ အမှုကို လူသားက မည်သို့ ပြည့်ဝစွာ နားလည်နိုင်မည်နည်း။ သမ္မာကျမ်းစာထဲရှိ မှတ်တမ်းများသည် ယေရှုက ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့ခြင်း မဟုတ်ဘဲ၊ နောက်ပိုင်း မျိုးဆက်များက စုဆောင်းပြုစု ထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်လျက် သမ္မာကျမ်းစာထဲရှိ မှတ်တမ်းတင်ထားသည့် အရာများအားလုံးသည် လူ၏ စိတ်ကူးများအတိုင်း ရွေးချယ်ထားခြင်း ဖြစ်သည် မဟုတ်လော။ ထို့အပြင် ပေတရုနှင့် ပေါလု၏ အဆုံးသတ်များကို သြဝါဒစာများထဲတွင် အတိအကျ မဖော်ပြထားချေ၊ ထို့ကြောင့် လူသည် ပေတရုနှင့် ပေါလုကို သူ၏ ကိုယ်ပိုင် သိမြင်နားလည်ခြင်းများအတိုင်း၊ သူ၏ ကိုယ်ပိုင် နှစ်သက်မှုများအတိုင်း အကဲဖြတ်လေသည်။ ပေါလုသည် အလုပ်များစွာကို လုပ်ဆောင်ခဲ့သောကြောင့်၊ သူ၏ “ပံ့ပိုးမှုများ” သည် အလွန် ကြီးမားခဲ့သောကြောင့်၊ သူသည် လူထု၏ ယုံကြည်ခြင်းကို ရရှိခဲ့သောကြောင့် ဖြစ်သည်။ လူသည် အပေါ်ယံများအပေါ်သာ အာရုံစိုက်သည် မဟုတ်လော။ လူသည် လူ၏ အနှစ်သာရကို အဘယ်သို့ ရိပ်စားမိနိုင်စွမ်း ရှိနိုင်မည်နည်း။ ဖော်ပြရန်မလိုသည်မှာ၊ ပေါလုသည် နှစ်ထောင်ပေါင်းများကြာ ဝတ်ပြုကိုးကွယ်ခြင်း ခံရသူတစ်ဦးဖြစ်ပြီးသည်ကို ထောက်ဆလျှင်၊ မည်သူသည် သူ၏ အလုပ်အား မဆင်မခြင် ငြင်းပယ်ဝံ့မည်နည်း။ ပေတရုသည် တံငါသည်တစ်ဦးမျှသာ ဖြစ်ခဲ့သည်၊ ထို့ကြောင့် သူ၏ ပံ့ပိုးပါဝင်မှုသည် အဘယ်သို့ ပေါလုလောက် ကြီးမြတ်နိုင်ခဲ့မည်နည်း။ ၎င်းတို့ ပြုလုပ်ခဲ့ကြသည့် ပံ့ပိုးမှုများအရ၊ ပေါလုသည် ပေတရုထက်အလျင် ဆုချခံရသင့်ပြီး၊ သူသည် ဘုရားသခင်၏ လက်ခံမှုကို ရရှိရန် သာ၍ အရည်အချင်းပြည့်မီသော သူတစ်ယောက် ဖြစ်ခဲ့သင့်ပေသည်။ သူ၏ ပေါလုအား ဆက်ဆံခြင်းတွင်၊ ဘုရားသခင်သည် သူ့ကို သူ၏ ဆုကျေးဇူးများမှ တစ်ဆင့်သာ အလုပ်လုပ်စေခဲ့ပြီး၊ ပေတရုကိုမူ ဘုရားသခင်က စုံလင်စေခဲ့မည်ဟု မည်သူ စိတ်ကူးမိနိုင်ခဲ့မည်နည်း။ သခင်ယေရှုသည် ပေတရုနှင့် ပေါလုတို့အတွက် အစကတည်းက အစီအစဉ်များ ချမှတ်ခဲ့ခြင်း လုံးဝမဟုတ်ပေ၊ ယင်းထက် ၎င်းတို့သည် ၎င်းတို့၏ ပင်ကို သဘာဝများအရ စုံလင်စေခြင်း ခံခဲ့ရသည် သို့မဟုတ် အလုပ်လုပ်စေခြင်း ခံခဲ့ရပေသည်။ ထို့ကြောင့် လူတို့မြင်သည့်အရာမှာ လူ၏ အပြင်ပန်း ပံ့ပိုးမှုများသာ ဖြစ်သော်လည်း၊ ဘုရားသခင် မြင်သည့်အရာမှာမူ လူ၏ အနှစ်သာရအပြင်၊ အစမှ လူက လိုက်စားသည့် လမ်းကြောင်းနှင့် လူ၏ လိုက်စားခြင်း နောက်ကွယ်ရှိ ကြံရွယ်ချက် ဖြစ်သည်။ လူတို့သည် လူတစ်ဦးကို ၎င်းတို့၏ အယူအဆများအရနှင့် ၎င်းတို့၏ ကိုယ်ပိုင် သိမြင်နားလည်မှုများအရ အကဲဖြတ်သည်၊ သို့သော် လူတစ်ဦး၏ နောက်ဆုံး အဆုံးသတ်ကို သူ၏ အပြင်ပန်းအရာများအရ ဆုံးဖြတ်သည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” မှ

ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ဖယ်ရှားရမည်။ အကယ်၍ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းတွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော နှလုံးသား မရှိပါက၊ ဘုရားသခင်ကို နာခံသည့် နှလုံးသား မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်အတွက် မည်သည့် အလုပ်ကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သောသူများနှင့် ဘုရားသခင်ကို ဖီဆန်သောသူ ဖြစ်သွားမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို နာခံခြင်း သို့မဟုတ် ချစ်ကြောက်ရိုသေခြင်းရှိရမည့်အစား သူ့ကို ခုခံခြင်းသည် ယုံကြည်သူ တစ်ယောက်အတွက် အကြီးအကျယ်ဆုံး အရှက်ရဖွယ် ဖြစ်သည်။ အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ မယုံကြည်သူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် မယုံကြည်သူထက်ပင် ပို၍ ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။ မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ဖွင့်ပြောတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ စိတ်သဘော မတိုက်ဆိုင်ခြင်းကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည်- အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် ဖယ်ရှားခြင်းအချို့ကို ရင်ဆိုင်ရသည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်တာ ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ရှင်းလင်းခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေအပါးများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်” မှ

လူတိုင်း ချစ်ခြင်းမေတ္တာ၊ အကူအညီပေးတတ်ခြင်း၊ သည်းခံခြင်းတို့နှင့် ဆက်ဆံနိုင်သော လူအမျိုးအစားရှိစေကာမူ၊ သူတို့သည် ဘုရားသခင်တစ်ပါးတည်းနှင့်သာ စေ့စပ်၍မရသည့်အပြင် သူတို့မှာ ဘုရားသခင်၏ မပြေနိုင်သောရန်ဘက်ပင် ဖြစ်ကြသည်။ သူတို့သည် သမ္မာတရားကို ထိပါးလာသည့်၊ ဘုရားသခင် မိန့်ဆိုသတ်မှတ်သည့်အရာကို ထိပါးလာသည့် အရာတစ်ခုကို ကြုံတွေ့သောအခါ၊ သူတို့သည် ယင်းကို လက်ခံနိုင်စွမ်း မရှိရုံမျှဖြစ်ကာ၊ အခက်အခဲများကို ဖန်တီးပြီး အချိန်တိုင်းနေရာတိုင်း၌ ယင်းအပေါ် သံသယထားရှိလျက် အယူအဆများကို ဖြန့်ဝေတတ်သည်၊ သို့သော် တစ်စုံတစ်ခုက သူတို့၏ကိုယ်ပိုင် အကျိုးအမြတ်များကို ထိပါးလာသည့်အခါ သူတို့သည် ထကြွပြီး ဘုရားသခင်အား ဆန့်ကျင်ကန့်ကွက်မှုပင် ပြုနိုင်စွမ်းရှိခြင်းကဲ့သို့သော ဘုရားသခင့် အိမ်တော်၏အလုပ်ကို ထိခိုက်နစ်နာစေသည့် အရာများစွာကိုလည်း သူတို့ပြုလုပ်ကြသည်။ ဤသည်မှာ မည်ကဲ့သို့သော လူစားမျိုးနည်း။ (ဘုရားသခင်ကိုမုန်းသောသူမျိုး ဖြစ်သည်။) ဘုရားသခင်အား မုန်းတီးခြင်းဟူသည် ခပ်သိမ်းသောလူတို့၏ သဘာဝလက္ခဏာတစ်ခု ဖြစ်ပြီး၊ အားလုံးတွင် ဤအနှစ်သာရရှိသည်။ သို့သော်လည်း အချို့သော လူတို့တွင် ယင်းက သိပ်မပြင်းထန်ပေ။ သို့ဆိုလျှင် ဤလူစားမျိုးက ဘုရားသခင်ကို အဘယ့်ကြောင့် အလွန်မုန်းတီးရသနည်း။ သူတို့က ဘုရားသခင်၏ရန်ဘက် ဖြစ်ကြသည်။ သူတို့သည် မာရ်နတ်များ ဖြစ်ကြပြီး၊ ရှင်းရှင်းပြောရလျှင် သူတို့မှာ အသက်ရှင်နေသော နတ်ဆိုးများ ဖြစ်ကြသည်တကား။ ဘုရားသခင်ကယ်တင်သော လူတို့ကြားတွင် ထိုကဲ့သို့ အသက်ရှင်နေသော နတ်ဆိုးများ ရှိသလော။ (မရှိပါ။) ထို့အတွက်ကြောင့် အကယ်၍ သင်တို့သည် အသင်းတော်ထဲတွင် ဤကဲ့သို့ အသက်ရှင်နေသော နတ်ဆိုးမျိုးများ ကဲ့သို့သောသူ အချို့ကို အတိအကျ ဖော်ထုတ်မိပါက ထိုသူတို့ကို နေရာမှ ချက်ချင်း နုတ်ပယ်ရမည်။ အကယ်၍ လူတစ်ဦးသည် အများအားဖြင့် အတော်ပင် ကောင်းစွာပြုမူသော်လည်း သူတို့၏ အခြေအနေတွင် တဒင်္ဂလစ်ဟင်းမှုသာရှိလျှင်၊ သို့မဟုတ် သူတို့၏ ဝိညာဥ်ရင့်သန်မှုက သမ္မာတရားကို နားလည်ရန်အတွက် အလွန်သေးငယ်ကာ၊ သူတို့သည် မဆိုစလောက်သော တုံ့ဆိုင်းခြင်း သို့မဟုတ် အနှောင့်အယှက်ကို ဖြစ်စေသော်လည်း ဤအပြုအမူက တစ်သမတ်တည်းမဟုတ်ဘဲ သူတို့သည်လည်း သဘာဝအားဖြင့် ထိုကဲ့သို့သော လူစားမျိုးမဟုတ်ပါလျှင် သူတို့ကို ပြန်လည်၍ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ အတော်ပင် ညံ့ဖျင်းသော လူ့သဘာဝရှိလင့်ကစား ကဏ္ဍတစ်ရပ်တွင် အားသာသောသူအချို့ ရှိလေသည်- သူတို့က အစေခံရန် ဆန္ဒရှိပြီး ဒုက္ခခံရန်ပင် အသင့်ဖြစ်ကြသည်။ ယင်းမှာ သူတို့က ပုန်ကန်ပြစ်မှားခြင်းကို သည်းမခံဘဲ သူတို့အား ပုန်ကန်ပြစ်မှားသူ မည်သူ့ကိုမဆို ဖက်ပြိုင်အံတုလိမ့်မည် ဖြစ်သော်လည်း သူတို့သည် ပုန်ကန်ပြစ်မှား မခံရသောအခါ အတော်အတန် ပုံမှန်ဖြစ်ကြခြင်းပင် ဖြစ်သည်။ သူတို့သည် အခြားလူတစ်ဦးဦး အထိခိုက်ခံလျက် အမြတ်ထုတ်ခြင်းလည်း မပြုခဲ့ပါပေ။ ထိုကဲ့သို့သော သူတို့ကိုလည်း ပြန်လည်ထိန်းသိမ်းထားမည် ဖြစ်ပြီး၊ သူတို့က သေချာပေါက် ကယ်တင်ခြင်းခံရလိမ့်မည်ဟု ပြောမည်မဟုတ်သော်လည်း အနည်းဆုံး သူတို့က အစေခံကြမည်ဖြစ်ကာ အဆုံးသတ်ထိ သူတို့အစေခံနိုင် မခံနိုင်မှာ သူတို့ကိုယ်တိုင်ကိုယ်ကျ အားထုတ်မှုအပေါ် မူတည်သည်။ သို့သော်လည်း အကယ်၍ ထိုကဲ့သို့သောလူတစ်ဦးက အသက်ရှင်နေသော နတ်ဆိုးဖြစ်ပြီး ဘုရားသခင်၏ ရန်ဘက်တစ်ဦး ဖြစ်ပါက သူတို့ကို လုံးဝ ကယ်တင်၍မရနိုင်ပါချေ။ ဤသည်မှာ ကျိန်းသေမှုတစ်ခုဖြစ်ပြီး သူတို့ကို အသင်းတော်မှ နှုတ်ပယ်ရမည် ဖြစ်သည်။ အချို့ကို နောင်တရဖို့၊ သူတို့အား သင်ခန်းစာသင်ပေးဖို့ အခွင့်အရေးပေးရန်အတွက် နှုတ်ပယ်ခြင်းဖြစ်သည်။ အခြားသူများအား သူတို့ တကယ်ဖြစ်သည့်အတိုင်း သူတို့၏သဘာဝကို တွေ့မြင်ရသဖြင့် နှုတ်ပယ်ခြင်းဖြစ်ပြီး ထိုသူတို့ကို ကယ်တင်၍ မရနိုင်ပါပေ။ လူတိုင်းက ခြားနားလေသည်။ အချို့တွင် ဝမ်းနည်းညှိုးငယ်ပြီး စိတ်ဓာတ်ကျဖွယ် အခြေအနေရှိလင့်ကစား နှုတ်ပယ်ခြင်းခံထားရသူ အချို့က သူတို့၏တာဝန်ကို အဆုံးရှုံးမခံဘဲ ဆက်လက်၍ ထမ်းဆောင်ကြသည်၊ ထိုသူတို့မှာ မိမိတို့၏တာဝန်ကို လုံးဝမထမ်းဆောင်သော လူတို့၏ အခြေအနေ၌ မရှိသည့်အပြင် သူတို့လျှောက်သော လမ်းကြောင်းများမှာလည်း မတူညီချေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား” မှ

အနည်းငယ် အလုပ်ကြိုးစားခြင်း၊ သို့မဟုတ် စွန့်စားရသည့်အရာ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းက ၎င်းတို့ ကောင်းမှုတိုးပွားလာအောင် လုပ်ထားခြင်းကို ဆိုလိုခြင်းဖြစ်ပြီး ၎င်းတို့၏လုပ်ဆောင်ချက်များအရ ၎င်းတို့သည် စင်စစ် ချီးကျူးခံထိုက်သည့်သူများ ဖြစ်ကြောင်း တွေးထင်နေကြသည့်လူများ အသင်းတော်များကြားတွင် ရှိပေသည်။ သို့ရာတွင် သမ္မာတရားအပေါ် ၎င်းတို့၏ စိတ်သဘောထားနှင့် သဘောထားတို့သည် အလွန်မနှစ်မြို့စရာကောင်း၏။ ၎င်းတို့သည် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ယင်းတစ်ခုတည်းကပင် ၎င်းတို့ကို စက်ဆုပ်စရာ ဖြစ်စေသည်။ ထိုသို့သော လူများသည် အသုံးမကျကြပေ။ လူများသည် အစွမ်းအစ ညံ့ဖျင်းကြောင်း၊ ၎င်းတို့တွင် အချို့သော အားနည်းချက်များရှိပြီး ဘုရားသခင်ကို ဆန့်ကျင်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၊ သို့မဟုတ် အဖြစ်အနေတစ်ခု ရှိကြောင်းတို့ကို မြင်သည့်အခါ ဘုရားသခင်သည် ၎င်းတို့ကို အော့နှလုံးမနာသကဲ့သို့ သူနှင့်ဝေးရာတွင် မထားပေ။ ယင်းမှာ ဘုရားသခင်၏အလိုတော် မဟုတ်သကဲ့သို့ လူသားအပေါ် သူ၏သဘောထားလည်း မဟုတ်ပေ။ ဘုရားသခင်သည် လူများ၏ညံ့ဖျင်းသော အစွမ်းအစကို မမုန်းတီး၊ ၎င်းတို့၏မိုက်မဲမှုကို မမုန်းတီးသကဲ့သို့ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကိုလည်း သူမမုန်းပေ။ ဘုရားသခင် တကယ်မုန်းတီးသည့်အရာမှာ လူများက သမ္မာတရားကို ရွံရှာစက်ဆုပ်သည့်အချိန် ဖြစ်သည်။ သင်သည် သမ္မာတရားကို စက်ဆုပ်ပါက ထိုတစ်ချက်တည်းကြောင့်ပင် ဘုရားသခင်သည် သင့်ကြောင့် မည်သည့်အခါမျှ ဝမ်းမြောက်မည် မဟုတ်။ ဤသည်မှာ ပြောင်းလဲ၍မရနိုင်ပေ။ သင်သည် သမ္မာတရားကို စက်ဆုပ်လျှင်၊ သမ္မာတရားကို မချစ်လျှင်၊ ဘုရားသခင်က သမ္မာတရားကို ဖော်ပြသည့်အခါ သင်သည် ယင်းကို ဂရုမစိုက်ဘဲ အထင်သေးကာ ဂုဏ်မောက်သည့်အပြင် တွန်းပင်တွန်းလှန်ကာ အတိုက်အခံလုပ်ပြီး ငြင်းပယ်လျှင် ထိုသို့သော သရုပ်သကန်များကြောင့် ဘုရားသခင်က သင့်ကို ရွံရှာမည်ဖြစ်ပြီး သင်သည် ကယ်တင်ခြင်းခံရလိမ့်မည် မဟုတ်။ သင်သည် သမ္မာတရားကို ချစ်ပါက သင်၏အစွမ်းအစက အနည်းငယ် ညံ့ဖျင်းလျှင်ပင်၊ သင်သည် ဘုရားသခင်ကို ယုံကြည်လာသည်မှာ သိပ်မကြာသေးဘဲ အမှားများကို မကြာခဏ ပြုလုပ်ပြီး မိုက်မဲသော အရာများကို ပြုလျှင်ပင်၊ ဘုရားသခင်က သမ္မာတရားကို မိတ်သဟာယပြုသည့်အခါ သင်နှစ်သက်ပါက၊ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏သဘောထားသည် ရိုးသားပါက၊ ယင်းသည် စိတ်ရင်းအတိုင်းဖြစ်ပြီး စိတ်အားထက်သန်ပါက၊ သင်သည် သမ္မာတရားကို တန်ဖိုးထားပြီး ချစ်မြတ်နိုးပါက ဘုရားသခင်သည် သင့်အပေါ် သနားကရုဏာ ထားလိမ့်မည်။ သမ္မာတရားအပေါ် သင်၏ သဘောထားသည် စိတ်ရင်းအတိုင်းဖြစ်ပြီး စိတ်အားထက်သန်ကာ သင်၏စိတ်နှလုံးသည် စစ်မှန်သည့်အတွက် ဘုရားသခင်သည် သင်၏မသိနားမလည်မှုနှင့် ညံ့ဖျင်းသော အစွမ်းအစတို့ကြောင့် ရတက်မအေး မဖြစ်ရပေ။ သင်၏စိတ်နှလုံးနှင့် သဘောထားတို့သည် ဘုရားသခင် တန်ဖိုးထားသည့်အရာဖြစ်ပြီး သူသည် သင့်အပေါ် အစဉ် သနားကရုဏာထားရှိလိမ့်မည်— ထို့ကြောင့် သင်၌ ကယ်တင်ခြင်း မျှော်လင့်ချက်ရှိပေသည်။ သို့သော် သင်၏စိတ်နှလုံးသည် မာကျောပြီး သင်သည် စိတ်အလိုလိုက်လွန်းပါက၊ သင်သည် သမ္မာတရားကို စက်ဆုပ်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သမ္မာတရားပါဝင်သည့် အရာအားလုံးကို မချစ်သည့်အပြင် ယင်းကို မည်သည့်အခါကမျှ အရေးမစိုက်ဘဲ သင်၏စိတ်နှလုံးနက်ရှိုင်းရာမှ ရန်မူလိုပြီး အထင်အမြင်သေးပါက သင့်အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ရွံရှာခြင်း၊ စက်ဆုပ်ခြင်းနှင့် မစဲသော အမျက်တို့ဖြစ်လေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် မည်သည့်ထူးခြားသော လက္ခဏာနှစ်ခုက သိသာထင်ရှားသနည်း။ ကြွယ်ဝသော သနားကရုဏာနှင့် နက်နဲသော အမျက်တို့ဖြစ်သည်။ “ကြွယ်ဝသော သနားကရုဏာ” ၌ “ကြွယ်ဝသော” က ဘုရားသခင်၏ သနားကရုဏာသည် သည်းခံကာ စိတ်ရှည်ပြီး သိမ်မွေ့ကြောင်းနှင့် ယင်းသည် အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ဆိုလိုသည်— “ကြွယ်ဝသော” ဟူသည်မှာ ယင်းကို ဆိုလို၏။ လူအချို့သည် မိုက်မဲပြီး အစွမ်းအစ ညံ့ဖျင်းသောကြောင့် ဘုရားသခင်က ဤသို့ပြုမူရခြင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို ချစ်သော်လည်း မိုက်မဲပြီး အစွမ်းအစ ညံ့ဖျင်း၏၊ သင့်အပေါ် ဘုရားသခင်၏ သဘောထားသည် ကြွယ်ဝသည့် သနားကရုဏာရှိခြင်း သဘောထားသာ ဖြစ်နိုင်သည်။ သနားကရုဏာတွင် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ ပါဝင်သည်။ သင်သည် သမ္မာတရားကို နည်းနည်းချင်း နားလည်ပြီး ဖြည်းဖြည်းချင်း ရင့်ကျက်ကြီးထွားလာဖို့အလို့ငှာ ဘုရားသခင်သည် သင်၏ မသိနားမလည်မှုအပေါ် သည်းခံပြီး စိတ်ရှည်၏၊ သင့်ကို ထောက်ကူဖို့၊ ထောက်ပံ့ဖို့နှင့် ကူညီဖို့ လုံလောက်သော ယုံကြည်မှုနှင့် သည်းခံခြင်းတို့ကို သင့်အား သူပေးသည်။ မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် ဤအရာကို တည်ဆောက်ထားသနည်း။ သမ္မာတရားကို ချစ်ပြီး တမ်းတသည့်သူ တစ်စုံတစ်ဦး၊ ဘုရားသခင်အပေါ်၊ သူ၏နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့အပေါ် ရိုးသားသည့် တစ်စုံတစ်ဦး၏ သဘောထားပေါ်တွင် ဖြစ်သည်။ ဤသည်တို့မှာ လူများတွင် ထင်ရှားပေါ်လွင်သင့်သည့် အခြေခံကျသော အပြုအမူများဖြစ်သည်။ သို့ရာတွင် တစ်စုံတစ်ဦးသည် သမ္မာတရားကို မုန်းတီးပါက၊ သမ္မာတရားကို ရွံရှာပါက၊ ယင်းကို ငြင်းပယ်ပြီး မနှစ်သက်ပါက၊ သမ္မာတရားနှင့်ပတ်သက်၍ မည်သူနှင့်မျှ မိတ်သဟာယမပြုဘဲ သူ့အနေဖြင့် မည်သို့အလုပ်လုပ်ထားကြောင်း၊ သူ၌ အတွေ့အကြုံ မည်မျှရှိကြောင်းတို့ကိုသာ ပြောပြီး သူဖြတ်ကျော်ထားသည့်အရာများ အားလုံးအကြောင်း၊ ဘုရားသခင်က သူ့ကို မည်သို့ အထင်ကြီးကြောင်းနှင့် ကြီးစွာသော အလုပ်တာဝန်များ မည်သို့ တာဝန်ပေးစေခိုင်းထားကြောင်းတို့ကိုသာ ပြောပါက— ကြီးစွာသော အရင်းအနှီးများ၊ အောင်မြင်မှုများနှင့် ၎င်းတို့၏ကိုယ်ပိုင် ပင်ကိုစွမ်းရည်များအကြောင်းသာ ပြောပြီး ဤအရာများကို ကြွားဝါဖို့ အသုံးပြုသည့်အပြင် သမ္မာတရားနှင့်ပတ်သက်၍ မည်သည့်အခါမျှ မိတ်သဟာယမပြုဘဲ ဘုရားသခင်ကိုလည်း သက်သေမခံပါက၊ သို့မဟုတ် သမ္မာတရားနှင့်ဖြစ်စေ၊ ဘုရားသခင်အကြောင်း ၎င်းတို့၏ အသိပညာတို့နှင့်ဖြစ်စေ ဆက်စပ်နေသည့် ၎င်းတို့၏နားလည်မှုနှင့် အတွေ့အကြုံများကိုလည်း မိတ်သဟာယမပြုပါက ၎င်းတို့သည် သမ္မာတရားကို ငြင်းပယ်ကြသည် မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို မချစ်ခြင်း၏ သရုပ်သကန်ဖြစ်သည်။ လူအချို့က “၎င်းတို့သည် သမ္မာတရားကို မချစ်ပါက ဒေသနာများကို မည်သို့နားထောင်နိုင်သနည်း” ဟု ပြောကြသည်။ ဒေသနာများကို နားထောင်သူတိုင်း သမ္မာတရားကို ချစ်ကြသလော။ လူအချို့က အသင်းတော်၏အသက်တာတွင် မပါဝင်လျှင် ဘုရားသခင်၏ အိမ်တော်သည် ၎င်းတို့၏ယုံကြည်မှုကို အသိအမှတ်မပြုမည်ကို ကြောက်သဖြင့် ဟန်ပြလုပ်ဆောင်နေခြင်းသာ ဖြစ်သည်၊ ၎င်းတို့သည် အခြားသူများရှေ့တွင် မဖြစ်မနေ ဟန်ဆောင်ကြရသည်။ သမ္မာတရားအပေါ် ထိုသို့သော သဘောထားများကို ဘုရားသခင်က မည်သို့သတ်မှတ်သနည်း။ ၎င်းတို့သည် သမ္မာတရားကို မချစ်ကြောင်း၊ သမ္မာတရားကို ၎င်းတို့စက်ဆုပ်ကြောင်း ဘုရားသခင်ပြောသည်။ ၎င်းတို့ ရှင်မည်လော၊ သေမည်လောဆိုသည်အတွက် အရေးပါလှဆုံး ဖြစ်သည့်အရာတစ်ခု၊ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့ထက်ပင် သာ၍ အရေးပါလှသော အရာတစ်ခုသည် ၎င်းတို့၏ စိတ်သဘောထားထဲ၌ ရှိ၏။ ယင်းမှာ သမ္မာတရားကို စက်ဆုပ်ခြင်း ဖြစ်သည်။ ဘုရားသခင်က ဤသည်ကို မြင်၏။ ဘုရားသခင်၏ဖြောင့်မတ်သော စိတ်သဘောထားကို ထောက်ဆရလျှင် သူသည် ထိုသို့သောလူများကို မည်သို့ဆက်ဆံသနည်း။ သူသည် ၎င်းတို့အပေါ် သူ အမျက်ဒေါသ ထွက်သည်။ ဘုရားသခင်သည် တစ်စုံတစ်ဦးအပေါ် အမျက်ဒေါသ ထွက်သည့်အခါ သူသည် ၎င်းတို့ကို အပြစ်ဖော်ဆုံးမသည်၊ သို့မဟုတ် ၎င်းတို့ကို ဆုံးမပဲ့ပြင်ပြီး အပြစ်ဒဏ်ပေးသည်။ ၎င်းတို့က ဘုရားသခင်ကို တမင်သက်သက် ဆန့်ကျင်ခြင်း မဟုတ်လျှင် လောလောဆယ် သူသည် သည်းခံပြီး စောင့်ကြည့်နေမည်ဖြစ်ကာ အခြေအနေကြောင့်၊ သို့မဟုတ် ဓမ္မဓိဋ္ဌာန်ကျသော အခြားအကြောင်းအရင်းများကြောင့် လောလောဆယ်တွင် သူ့အတွက် အစေခံမှုပေးဖို့ ဤမယုံကြည်သူကို အသုံးပြုလိမ့်မည်။ သို့သော် ပတ်ဝန်းကျင်က အခြေအနေပေးလာပြီး အချိန်ကျလာသည်နှင့် တစ်ပြိုင်နက် ဤလူများသည် အစေခံခြင်း အမှုကို ပေးဖို့ပင် လျော်ကန်ခြင်း မရှိသည့်အတွက် ဘုရားသခင်၏အိမ်တော်မှ နှင်ထုတ်ခြင်းခံရလိမ့်မည်။ ယင်းမှာ ဘုရားသခင်၏ ဒေါသဖြစ်သည်။ ဘုရားသခင်သည် အဘယ့်ကြောင့် အကြီးအကျယ် ဒေါသထွက်သနည်း။ အကြောင်းမှာ ဘုရားသခင်သည် သမ္မာတရားကို စက်ဆုပ်သည့် ထိုသို့သော လူများ၏ အဆုံးသတ်နှင့် အုပ်စုခွဲခြားခြင်းကို သတ်မှတ်ပြီးဖြစ်သောကြောင့်ပင်တည်း။ ဘုရားသခင်သည် ၎င်းတို့ကို စာတန်၏အုပ်စု၌ အမျိုးအစား သတ်မှတ်၏၊ ထို့ပြင် ၎င်းတို့အပေါ် သူသည် ဒေါသထွက်ပြီး ၎င်းတို့ကို စက်ဆုပ်သောကြောင့် ဘုရားသခင်သည် ၎င်းတို့ကို တံခါးပိတ်ထားပြီး ဘုရားသခင်၏ အိမ်တော်ထဲသို့ ခြေချခွင့် မပေးသည့်အပြင် ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးလည်း မပေးပေ။ ဤသည်မှာ ဘုရားသခင့်ဒေါသ၏ သရုပ်သကန်တစ်ခုဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို စာတန်နှင့်၊ ညစ်ညမ်းသော နတ်ဆိုးများ၊ ဝိညာဉ်ဆိုးများနှင့်၊ မယုံကြည်သူများနှင့် တစ်တန်းတည်းလည်း ထားပြီး အချိန်ကျလာသည့်အခါ သူသည် ၎င်းတို့ကို သုတ်သင်ဖယ်ရှင်းလိမ့်မည်။ ဤသည်မှာ ၎င်းတို့ကို ကိုင်တွယ်ပုံကိုင်တွယ်နည်းတစ်ခုဖြစ်သည် မဟုတ်သလော။ ယင်းမှာ ဘုရားသခင်၏ အမျက်ဒေါသဖြစ်သည်။ ၎င်းတို့သုတ်သင်ဖယ်ရှင်းခြင်း ခံရပြီးသည်နှင့် ၎င်းတို့ကို မည်သည့်အရာက စောင့်ဆိုင်းနေသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာများနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းတို့ကို မည်သည့်အခါမျှ တစ်ဖန် ခံစားရတော့မည် မဟုတ်ပေ။

ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်သည် လူတိုင်းကို ကယ်တင်ခြင်းခံရစေလိုပြီး မည်သူ့ကိုမျှ ထာဝရအပြစ်ဒဏ် မခံစားစေလိုကြောင်း ပြောထားသည်။ ယင်းမှာ စာတန်၏ ဖျက်ဆီးခြင်းခံထားရသည့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအပေါ် ဘုရားသခင်၏ သဘောထားနှင့် ခံစားချက်တို့ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ ဆန္ဒဖြစ်သော်လည်း စစ်စစ်အားဖြင့် လူများစွာတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံကြချေ။ ၎င်းတို့သည် စာတန်နှင့်သက်ဆိုင်ပြီး ကယ်တင်ခြင်း ခံရမည် မဟုတ်။ ဤနှုတ်ကပတ်တော်များက လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ထားသည့် ဘုရားသခင်၏သဘောထားကို ပြနေသည်။ သူ၏ ချစ်ခြင်းမေတ္တာသည် ကန့်သတ်ချက် မရှိပေ၊ ယင်းသည် နှိုင်းယှဉ်၍ မရလောက်အောင် ကျယ်ပြန့်၏၊ အင်အားကြီးမား၏။ သို့သော် သမ္မာတရားကို စက်ဆုပ်သူများအဖို့မူ သူသည် သူ၏ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ကို အခမဲ့ပေးဖို့ မလိုလားသကဲ့သို့ မည်သည့်အခါ၌မျှလည်း ထိုသို့လုပ်ဆောင်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ သဘောထားဖြစ်သည်။ သမ္မာတရားကို စက်ဆုပ်ခြင်းသည် မည်သည့်သဘောသက်ရောက်သနည်း။ ယင်းမှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းလော။ ယင်းမှာ ဘုရားသခင်ကို အတိအလင်း ရန်လိုခြင်းလော။ ယင်းမှာ “ကိုယ်တော် ပြောစရာရှိသည့်အရာအား နားထောင်ရသည်ကို ကျွန်ုပ်မပျော်မွေ့ပါ။ ယင်းကို ကျွန်ုပ်မနှစ်သက်လျှင် ယင်းမှာ သမ္မာတရားမဟုတ်ပါ၊ ကျွန်ုပ်သည် ယင်းကို သမ္မာတရားအဖြစ် ခံယူမည် မဟုတ်ပါ။ ကျွန်ုပ်အသိအမှတ်ပြုပြီး နှစ်သက်သည့်အခါမှသာ ယင်းသည် သမ္မာတရားဖြစ်ပါလိမ့်မည်” ဟု ဘုရားသခင်ကို အတိအလင်း ပြောသည့်သဘော သက်ရောက်သည်။ သမ္မာတရားအပေါ် သင်သည် ထိုသဘောထား ထားရှိသည့်အခါ ဤသည်မှာ ဘုရားသခင်ကို အတိအလင်း ရန်လိုနေခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်ကို အတိအလင်း ရန်လိုလျှင် ဘုရားသခင်က သင့်ကို ကယ်တင်မည်လော။ မကယ်တင်ပေ။ ဤသည်မှာ ဘုရားသခင်ဒေါသထွက်ရသည့် တကယ့်အကြောင်းအရင်းဖြစ်သည်။ သမ္မာတရားကို စက်ဆုပ်သည့် လူစားမျိုး၏ အဖြစ်အနေသည် ဘုရားသခင်ကို ရန်လိုသည့် အဖြစ်အနေဖြစ်သည်။ ဘုရားသခင်သည် ဤအဖြစ်အနေရှိသည့် လူတို့ကို လူများအဖြစ် မဆက်ဆံပေ။ သူက ၎င်းတို့ကို ရန်သူများအဖြစ်၊ နတ်ဆိုးများအဖြစ် ဆက်ဆံပြီး မည်သည့်အခါမျှ ကယ်တင်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင့်ဒေါသ၏ သရုပ်သကန် ဖြစ်သည်။...ဘုရားသခင်သည် တစ်စုံတစ်ဦးအပေါ်၊ သို့မဟုတ် လူအမျိုးအစားတစ်မျိုးအပေါ် အကြီးအကျယ် ဒေါသထွက်ရသည့် အကြောင်းအရင်းရှိသည်။ ဤအကြောင်းအရင်းကို ဘုရားသခင်၏ စိတ်တိမ်းညွှတ်ခြင်းအားဖြင့် သတ်မှတ်ထားခြင်း မဟုတ်ဘဲ သမ္မာတရားအပေါ်ထားသည့် ထိုသူ၏သဘောထားအားဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ သမ္မာတရားကို လူတစ်ဦး၏ စက်ဆုပ်ခြင်းသည် သူ၏ကယ်တင်ခြင်းရရှိရေးအဖို့ အလွန်အမင်း ဆိုးရွားလေသည်။ ဤသည်မှာ ခွင့်လွှတ်၍ရနိုင်သည့် အပြစ်တစ်ခု၊ သို့မဟုတ် ခွင့်လွှတ်၍မရနိုင်သည့် အပြစ်တစ်ခု မဟုတ်ပေ၊ ယင်းမှာ အပြုအမူပုံစံတစ်ခုမဟုတ်၊ သို့မဟုတ် ၎င်းတို့၌ လျှပ်တစ်ပြက် ထုတ်ဖော်ပြသည့်အရာ တစ်စုံတစ်ခု မဟုတ်ပေ။ ယင်းသည် လူတစ်ဦး၏ သဘာဝ အဖြစ်အနေဖြစ်ပြီး ဘုရားသခင်သည် ထိုသို့သောလူများကို အစက်ဆုပ်ဆုံးဖြစ်သည်။ ဤသည်မှာ သင်၌ ရံဖန်ရံခါ ထုတ်ဖော်ပြသည့်အရာဖြစ်ပါက ယင်းက သင်သည် သမ္မာတရားကို နားမလည်ဘဲ ရှာဖွေဖို့ လိုအပ်ကာ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် အကူအညီကို လိုအပ်သောကြောင့် ဟုတ်မဟုတ်၊ သို့မဟုတ် သင်သည် သမ္မာတရားကို အသည်းလှိုက်အူလှိုက် မနှစ်သက်သောကြောင့် ဟုတ်မဟုတ်ကို ပြန်လည်သုံးသပ်လော့။ ဤသည်မှာ သင်၏သဘာဝ အဖြစ်အနေ ဖြစ်နေပါက၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ မချစ်ဖူးဘဲ သမ္မာတရားသည် သင်၏စိတ်နှလုံးထဲတွင် မနှစ်သက်ခြင်းနှင့် စက်ဆုပ်ရွံရှာခြင်းတို့ကို ဖြစ်ပေါ်စေပါက၊ သင်သည် ယင်းကို အထင်အမြင်သေးပါက သင်သည် ပြဿနာတက်ပြီဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

အရှေ့သို့- ၁၃၁) အခြားသူများအား သင့်တင့်လျော်ကန်စွာ ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၃၃) ယုံကြည်ခြင်း၌ အသစ်ဖြစ်နေသော ညီအစ်ကိုမောင်နှမများကို ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၈၀၈ ပေတရုဟာ ဘုရားကို အသိဆုံးသူ

၁ပေတရုက ဘုရားသခင်ကို နှစ်ပေါင်းများစွာ သစ္စာရှိခဲ့ချိန်ညည်းညူ တဲ့စိတ်တော့သူ၌ မရှိလေပါယောဘတောင်သူ့ ကိုမမှီခဲ့နိုင်ပါအခြားသူတော်စင်တွေဆို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်