၁၃၇) ခေါင်းဆောင်များနှင့် အမှုဆောင်များအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) ဘုရားသခင်ရွေးကောက်ထားသောလူတို့သည် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ချီးမြှောက်ရမည်ဖြစ်ပြီး၊ မည်သည့် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ကိုမျှ အထင်ကြီးခြင်း သို့မဟုတ် ကိုးကွယ်ခြင်း မပြုရ။ အရာခပ်သိမ်းတွင် သူတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို ကျိုးနွံနာခံသင့်ပြီး၊ လူတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိသင့်ပေ။

(၂) ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ ပြောဆိုမှုနှင့် လုပ်ဆောင်မူများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားနှင့်အညီဖြစ်၍ ဘုရားသခင်ကို ချီးမြှောက်ကာ သက်သေခံနိုင်သည့် သင့်တော်သောသူများ ဖြစ်နေသရွေ့ ထိုသူတို့အား လက်ခံပြီး နာခံသင့်သည်။

(၃) ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များသည် ဖောက်ပြန်မှု ဖော်ထုတ်ပြသပါက သို့မဟုတ် သူတို့၏ လုပ်ဆောင်မှုများသည် သမ္မာတရား အခြေခံသဘောတရားနှင့် မကိုက်ညီပါက သူတို့၏အမှားများကို မိတ်သဟာယပြုခြင်းဖြင့် ပြုပြင်ပေးသင့်သည်။ ၎င်းတို့အား အကျိုးအကြောင်းလျော်ကန်မှု မရှိဘဲ မနာခံသင့်ပေ။

(၄) ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များသည် ၎င်းတို့၏ ဆန္ဒအလျောက် အလုပ်၏အစီအစဉ်များကို ဆန့်ကျင်ဖောက်ဖျက်သည့် နည်းလမ်းဖြင့် လုပ်ဆောင်ကာ၊ ပြစ်မှားကျူးလွန်ပါက ထိုသူတို့အား အယောင်ဆောင် ခေါင်းဆောင်များ သို့မဟုတ် အန္တိခရစ်များအဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး၊ သူတို့အား ဖော်ထုတ်ပြီး ထုတ်ပယ်သင့်ပေသည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးကို ဆက်ဆံပုံနှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ သူ လုပ်ဆောင်သည့်အရာ မှန်ပါက၊ သူ့ကို သင် နာခံနိုင်သည်။ သူ လုပ်ဆောင်သည့်အရာ မှားယွင်းပါက၊ သူ့ကို သင် ဖော်ထုတ်နိုင်ပြီး၊ ဆန့်ကျင်ခြင်းပင်ပြုကာ ကွဲပြားသော အယူအဆကို တင်ပြနိုင်သည်။ သူသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင်၊ အတုအယောင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ပြခံရပါက၊ သူ၏ ခေါင်းဆောင်မှုကို သင် ငြင်းနိုင်ပြီး၊ သင်သည်လည်း သူ့အကြောင်း တိုင်ကြားကာ သူ့ကို ဖော်ထုတ်နိုင်သည်။ သို့သော်၊ ဘုရားသခင် ရွေးကောက်ထားသော လူအချို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့၊ အထူးသဖြင့် သူရဲဘောကြောင်ကြ၏၊ ထို့ကြောင့် မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ဝံ့ကြချေ။ ၎င်းတို့က၊ “ခေါင်းဆောင်က ကျွန်ုပ်ကို ထုတ်လိုက်ပါက၊ ကျွန်ုပ် အဆုံးသတ်ပြီ။ သူက အယောက်တိုင်းအား ကျွန်ုပ်ကို ဖော်ထုတ်စေပါက သို့မဟုတ် ကျွန်ုပ်ကို ပစ်ပယ်စေပါက၊ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နိုင်တော့မည် မဟုတ်။ အသင်းတော်ကို ကျွန်ုပ် စွန့်ခွာပါက၊ ဘုရားသခင်က ကျွန်ုပ်ကို လိုချင်မည်မဟုတ်သလို ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်ပါ။ အသင်းတော်သည် ဘုရားသခင်ကို ကိုယ်စားပြုပါသည်” ဟု ပြောကြသည်။ ဤသို့တွေးတောပုံများသည် ထိုသို့သောလူ၏ အမှုအရာများကိုသဘောထားပုံအပေါ် သက်ရောက်မှုရှိသည် မဟုတ်လော။ ခေါင်းဆောင်က သင့်ကို နှင်ထုတ်ပါက၊ သင် ကယ်တင်ခြင်း မခံရနိုင်တော့သည်မှာ အမှန်တကယ် မှန်နိုင်ပါမည်လော။ သင်၏ ကယ်တင်ခြင်းနှင့်ဆိုင်သော စဉ်းစားရမည့် အကြောင်းအရာသည် သင်၏ ခေါင်းဆောင်၏ သင့်အပေါ်သဘောထားအပေါ် တည်မှီသလော။ များလှစွာသော လူတို့သည် ထိုသို့သော အကြောက်တရား အတိုင်းအတာတစ်ခု အဘယ်ကြောင့် ရှိကြသနည်း။ ခေါင်းဆောင် အတုအယောင် သို့မဟုတ် အန္တိခရစ်တစ်ဦး ဖြစ်သူက သင့်ကို ခြိမ်းခြောက်သည်နှင့်တစ်ပြိုင်နက် ယင်းကို သင်က အထက်သို့ အကြောင်းမကြားဝံ့သည့်အပြင်၊ ထိုအချိန်မှစ၍ သင်သည် ခေါင်းဆောင်နှင့် တစ်စိတ်တည်းဖြစ်လိမ့်မည်ဟု အာမခံပါက၊ သင်သည် ကျဉ်းထဲကျပ်ထဲကျပြီ မဟုတ်လော။ ဤသည်မှာ သမ္မာတရား ရှာဖွေသော လူစားမျိုးလော။ သင်သည် စာတန်ဆန်သော အန္တိခရစ်များက ကျူးလွန်နိုင်သည့်အရာဖြစ်သည့် ထိုသို့သော ယုတ်မာသည့် အပြုအမူကို မဖော်ထုတ်ဝံ့သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့်၊ ထိုအန္တိခရစ်များကို နာခံပြီး ၎င်းတို့၏ စကားများကို သမ္မာတရားအဖြစ်ပင်ခံယူပြီး ယင်းတို့ကို သင် နာခံလေသည်။ ဤသည်မှာ မိုက်မဲမှု၏ စံနမူနာ ဖြစ်သည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ထိခိုက်နစ်နာသည့်အခါ၊ ယင်းက သင်နှင့် ထိုက်တန်သည့်အရာ မဟုတ်သလော။ ဘုရားသခင်က သင့်အား ထိခိုက်နစ်နာစေပြီး ဖြစ်သလော။ ယင်းကို သင့်ဘာသာသင် ဆန္ဒပြုခဲ့ခြင်းဖြစ်သည်။ သင်သည် အန္တိခရစ်တစ်ဦးကို သင်၏ခေါင်းဆောင်အဖြစ် ခံယူပြီး၊ သူ့အား ညီအစ်ကိုတစ်ဦး သို့မဟုတ် ညီအစ်မ တစ်ဦးအလား ဆက်ဆံခဲ့သည်- ပြီးလျှင် ယင်းက သင်၏အမှားဖြစ်သည်။ အန္တိခရစ်တစ်ဦးကို ဆက်ဆံသင့်သည့် သဘောထားမှာ အဘယ်နည်း။ သူ့ကို ဖော်ထုတ်ပြီး ၎င်းကို ခုခံတွန်းလှန်ဖို့ အင်တိုက်အားတိုက် ကြိုးစားသင့်သည်။ သင်သည် ဤသည်ကို တစ်ဦးတည်း မလုပ်ဆောင်နိုင်ပါက၊ လူပေါင်းစုံတို့က အတူတကွ စုပေါင်းလျက်၊ ၎င်းကို တိုင်ကြားရမည်။ အထက်မှ ခေါင်းဆောင်အချို့နှင့် အမှုတော်ဆောင်အချို့တို့သည် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နေကာ၊ တကယ့်အလုပ်ကို မလုပ်နေဘဲ၊ ညီအစ်ကိုမောင်နှမများကို ဒုက္ခရောက် စေပြီး၊ ဂုဏ်ဒြပ်နှင့်သက်ဆိုင်သည့် ကောင်းကြီးမင်္ဂလာများကို ငမ်းငမ်းတက် လိုချင်နေသည်ကို သိရှိရခြင်း၌ လူအချို့သည် ထိုအန္တိခရစ်များကို ဖယ်ရှားဖို့ ပန်ကြားခြင်းတစ်ခုကို လက်မှတ်ထိုးခဲ့ကြသည်။ ဤလူများသည် အဘယ် ဆန်းကြယ်သည့်အလုပ်ကို လုပ်ခဲ့ကြသနည်း။ ယင်းက ဤလူများသည် သမ္မာတရားကို နားလည်ကြောင်း၊ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှုပမာဏ အချို့ကို ပိုင်ဆိုင်ကြောင်းနှင့် ၎င်းတို့သည် စာတန်အားဖြင့် ထိန်းချုပ်ခံရခြင်း မရှိသကဲ့သို့၊ လှည့်စားခံရခြင်းလည်း မရှိကြောင်း ပြနေသည်။ ဤသည်က အန္တိခရစ်များနှင့် ခေါင်းဆောင်အတုအယောင်များသည် အသင်းတော်၌ အဓိကဖြစ်သော ရာထူးတစ်ခုကို မကိုင်စွဲထားဘဲ၊ ၎င်းတို့သည် ၎င်းတို့ပြောသမျှနှင့် လုပ်သမျှတွင် ၎င်းတို့၏စရိုက်မှန်ကို ထင်ထင်ရှားရှား မပြရဲကြောင်းကိုလည်း သက်သေပြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် တကယ် ထုတ်ဖော်ပြပါကလည်း၊ ၎င်းတို့ကို စောင့်ကြည့်စစ်ဆေးဖို့၊ ဖော်ထုတ်ဖို့နှင့် ဖယ်ရှင်းဖို့ လူများရှိသည်။ ဆိုလိုသည်မှာ သမ္မာတရားကို အမှန်တကယ် နားလည်သူများ၏ စိတ်နှလုံးများတွင် လူပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်ဒြပ်၊ ဩဇာတိက္ကမနှင့် ဩဇာအာဏာတို့သည် ဩဇာလွှမ်းမိုးနိုင်သည့် အရာများ မဟုတ်ပေ။ သမ္မာတရားကို နားလည်သည့် သူများအားလုံးသည် ထိုးထွင်းသိမြင်မှု ရှိနိုင်ကြပြီး ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုတွင် လူများသည် မည်သည့်လမ်းကြောင်းကို လိုက်လျှောက် သင့်သကဲ့သို့၊ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို ၎င်းတို့ မည်သို့ ဆက်ဆံသင့်သည်ကို ပြန်တွေးပြီး ပြန်လည် သုံးသပ်ကြသည်။ ၎င်းတို့သည် မည်သူ့နောက်ကို လူများလိုက်သင့်သည်၊ လူများနောက်လိုက်ခြင်းတွင် မည်သည့်အပြုအမူ ပါဝင်ပြီး ဘုရားသခင် နောက်လိုက်ခြင်းတွင် မည်သည့်အပြုအမူ ပါဝင်သည်တို့နှင့်ပတ်သက်၍လည်း စတင် တွေးတောကြသည်။ ဤသမ္မာတရားများကို နှစ်ပေါင်းများစွာ တွေးဆပြီး ဒေသနာများကို မကြာခဏ နားထောင်ပြီးသည့်နောက်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားများကို မရည်ရွယ်ဘဲ နားလည်လာပြီးဖြစ်သောကြောင့်၊ ၎င်းတို့၌ ဝိညာဉ်ရင့်ကျက်မှု အချို့ ရရှိပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် လမ်းကြောင်းမှန်ပေါ်သို့ စတင်ပြီးဖြစ်သည်။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်” မှ

အသင်းတော်တစ်ခုအတွင်းရှိ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ အဆင့်သည် မည်သို့ရှိပါစေ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ဖို့နှင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိဖို့အလို့ငှာ ၎င်းတို့ကို အစဉ်ကိုးကွယ်ပြီး ၎င်းတို့အပေါ် မှီခိုပါက ဤတွန်းအားသည် ယင်းကိုယ်နှိုက်က မှားယွင်းနေသည်။ ခေါင်းဆောင်များအကြားတွင် ၎င်းတို့၏ရာထူးအဆင့်က မည်သို့ရှိပါစေ ၎င်းတို့သည် သာမန်လူများ ဖြစ်ဆဲဖြစ်ပြီး သင်က ၎င်းတို့ကို သင်၏ကြီးကြပ်သူများအဖြစ် မြင်ပါက၊ သင့်ထက် ၎င်းတို့က မြင့်မားကြောင်း၊ ၎င်းတို့သည် သင့်ထက် ပို၍ ထူးကဲကြောင်း၊ သို့မဟုတ် သာ၍ အရည်အချင်း ရှိကြောင်း၊ ပြီးလျှင် ၎င်းတို့က သင့်ကို ဦးဆောင်သင့်ကြောင်း၊ ၎င်းတို့သည် အဘက်ဘက်တွင် အခြားလူတိုင်းထက် အရည်အသွေးပိုပြည့်မီကြောင်း သင်ခံစားရပါက ယင်းမှာ မှားယွင်းသည်- ယင်းမှာ သင်၏ ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ ဖြစ်သည်။ ပြီးလျှင် ဤထင်ယောင်ထင်မှား ဖြစ်ခြင်းက မည်သည့်အကျိုးဆက်များကို ဖြစ်စေသနည်း။ ဤထင်ယောင်ထင်မှားဖြစ်မှု၊ ချွတ်ယွင်းနေသော ဤနားလည်သဘောပေါက်မှုသည် သင့်ကို လက်တွေ့အရှိတရားနှင့်မကိုက်ညီသည့် သတ်မှတ်ချက်များဖြင့် သင်၏ခေါင်းဆောင်များကို မရည်ရွယ်ဘဲ အကဲဖြတ်မိစေလိမ့်မည်။ တစ်ချိန်တည်းမှာပင် သင်မသိလိုက်မီတွင် သင်သည် ၎င်းတို့ကို ကိုးကွယ်နေကာ ၎င်းတို့သည် သင်၏ဘုရားများ ဖြစ်လာကြသည်အထိ သင်သည် ၎င်းတို့၏ ဟန်ပါသည့်အသွင်နှင့် ခံ့ညားဝင့်ထည်သောဟန်ဆိုသည်တို့၏၊ သို့မဟုတ် ၎င်းတို့၏ အရည်အချင်းများနှင့် ပင်ကိုစွမ်းရည်များ၏ အကြီးအကျယ် ဆွဲဆောင်ခြင်းကိုလည်း မသိလိုက်ပါဘဲနှင့် ခံရလိမ့်မည်။ ၎င်းတို့သည် သင်၏ကိုးကယ်ခြင်းခံရသူ၊ သင်၏အတုယူစံထားထိုက်သူ စဖြစ်လာသည့် အချိန်မှစပြီး သင်သည် ၎င်းတို့၏နောက်လိုက်များထဲမှ တစ်ဦးဖြစ်လာသည့် အချိန်အထိ ထိုလမ်းကြောင်းသည် သင့်ကို ဘုရားသခင်ထံမှ မရည်ရွယ်ဘဲ ဝေးကွာစေမည့် လမ်းကြောင်းဖြစ်လေသည်။ ဘုရားသခင်နှင့်ဝေးရာသို့ ဖြည်းဖြည်းချင်း သင်ထွက်သွားစဉ်တွင်ပင် သင်သည် ဘုရားသခင်နောက်ကို လိုက်နေကြောင်း၊ ဘုရားသခင်၏အိမ်တော်တွင် ရှိနေကြောင်း၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် ရှိနေကြောင်း ယုံကြည်နေဆဲဖြစ်လိမ့်မည်။ သို့သော် မသိလိုက်ဘဲနှင့် သင်သည် စာတန်၏ဖျက်ဆီးခြင်း၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏ ဖျက်ဆီးခြင်းကိုပင် ခံထားရသူ တစ်စုံတစ်ယောက်၏ ဆွဲယူသွားခြင်းကို ခံရပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ အလွန်အန္တရာယ်များသည့် အခြေအနေဖြစ်သည်။ ထို့ကြောင့် ဤပြဿနာကို ဖြေရှင်းဖို့အလို့ငှာ သင်သည် အန္တိခရစ်များ၏ စိတ်သဘောထားအမျိုးမျိုးနှင့် ၎င်းတို့ဆောင်ရွက်စီမံသည့် နည်းလမ်းများအပြင် ၎င်းတို့လုပ်ဆောင်ချက်များ၊ ၎င်းတို့အသုံးပြုတတ်သည့် နည်းစနစ်များနှင့် လှည့်ကွက်များ၏ သဘာဝကိုလည်း တိကျမှန်ကန်စွာ နားလည်နိုင်ပြီး ပိုင်းခြားသိမြင်နိုင်ရမည်ဖြစ်သည်။ မိမိကိုယ်ကို တိုးတက်အောင် လုပ်ဆောင်ခြင်းဖြင့်လည်း သင်အစပြုရမည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း လူကို ကိုးကွယ်ခြင်းသည် မှန်ကန်သည့် လမ်းကြောင်း မဟုတ်ပေ။ အချို့က “ကျွန်ုပ်ကိုးကွယ်သည့် ခေါင်းဆောင်များကို ကိုးကွယ်ရခြင်းအတွက် ကျွန်ုပ်၌ အကြောင်းပြချက်များ ရှိသည်- ကျွန်ုပ်ကိုးကွယ်သည့် သူများသည် ကျွန်ုပ်၏အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသည်” ဟု ပြောနိုင်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း အဘယ့်ကြောင့် လူကို မလျှော့တမ်း ကိုးကွယ်နေသနည်း။ အားလုံးအနှစ်ချုပ်လိုက်သည့်အခါ သင့်ကို ကယ်တင်မည့်သူမှာ မည်သူနည်း။ သင့်ကို အမှန်တကယ်ချစ်ပြီး ကွယ်ကာသူမှာ မည်သူနည်း- သင်အမှန်တကယ် မမြင်နိုင်သလော။ သင်သည် ဘုရားသခင်နောက်ကို လိုက်ပြီး သူ၏နှုတ်ကပတ်တော်များကို နားထောင်သည်၊ ပြီးလျှင် တစ်စုံတစ်ယောက်က မှန်မှန်ကန်ကန် ပြောဆိုပြုမူကာ သမ္မာတရား အခြေခံသဘောတရားများနှင့် ကိုက်ညီပါက သမ္မာတရားကို နာခံခြင်းသည် သင့်အတွက် မလုံလောက်သလော။ သင်သည် အဘယ့်ကြောင့် အလွန်ယုတ်ညံ့ရသနည်း။ သင်လိုက်လျှောက်ဖို့ရန် သင်ကိုးကွယ်မည့်သူ တစ်စုံတစ်ဦးကို မလျှော့တမ်း သင်ရှာဖွေသည်- သင်သည် အဘယ့်ကြောင့် စာတန်၏ကျေးကျွန် ဖြစ်လိုသနည်း။ ထိုအစား သမ္မာတရား၏ အစေခံတစ်ဦး အဘယ့်ကြောင့် မဖြစ်ရသနည်း။ လူတစ်ယောက်၌ အသိစိတ်နှင့် ဂုဏ်သိက္ခာ ရှိမရှိကို ဤအရာ၌ ကြည့်လော့။ လူအမျိုးမျိုးနှင့် ဖြစ်ရပ်အမျိုးမျိုးကို ခွဲခြားသည့် သမ္မာတရားများဖြင့် သင့်ကိုယ်သင် ပြင်ဆင်လျက်၊ ဖြစ်ရပ်အမျိုးအစားအသီးသီးနှင့် လူအမျိုးအစားအသီးသီးတို့ ထင်ရှားပြသည့် နည်းလမ်းများအားလုံးကို ပိုင်းခြားသိမြင်မှု ဖွံ့ဖြိုးတိုးပွားအောင် ပြုလုပ်လျက်၊ ကိစ္စများအားလုံးတွင် မည်သည့်သဘာဝနှင့် စိတ်သဘောထားတို့ကို ထုတ်ဖော်နေသည်ကို သိလျက် သင်သည် မိမိကိုယ်ကို တိုးတက်အောင် လုပ်ဆောင်ခြင်းဖြင့် စတင်သင့်သည်။ သင်သည် မည်သည့်လူစားမျိုးဖြစ်သည်၊ သင့်အနီးတစ်ဝိုက်ရှိ လူများသည် မည်သည့်လူစားမျိုးဖြစ်သည်နှင့် မည်သည့်လူစားမျိုးက သင့်ကို ဦးဆောင်နေသည်တို့ကိုလည်း သင်နားလည်ရမည်ဖြစ်သည်။ ၎င်းတို့ကို တိကျမှန်ကန်စွာ သဘောထားနိုင်ရမည်။ သင်သည် သမ္မာတရားကို ယူတင်ဝတ်ဆင်ပြီးသွားလျှင် ဤသို့သောဝိညာဉ်ရင့်ကျက်မှုဖြင့်ဆိုပါက အန္တိခရစ်များ၏ လှည့်ကွက်များကို အလွယ်တကူ ယုံစားမည် မဟုတ်သကဲ့သို့ ၎င်းတို့၏ လှည့်စားမှုများကို သင်ကြောက်လိမ့်မည်လည်း မဟုတ်ပေ။

အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ထူးဆန်းပြီး ပဟေဠိဆန်သော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏” မှ

တစ်စုံတစ်ယောက်ကို ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးချယ်သောအခါ၊ သို့မဟုတ် အလုပ်တစ်ခုခု လုပ်ဆောင်ရန်ဖြစ်စေ၊ တာဝန်တစ်ခုခု ထမ်းဆောင်ရန်ဖြစ်စေ ဘုရားသခင်၏အိမ်တော်က ရာထူးတိုးမြှင့်ပေးသောအခါတွင် ဤသူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ရန် မဆိုထားနှင့်၊ ထိုသူ၌ ထူးခြားသော ဂုဏ်အဆင့်အတန်းသော်လည်းကောင်း၊ ကိုယ်ပိုင်လက္ခဏာသော်လည်းကောင်း ရှိသည်၊ သို့မဟုတ် ထိုသူနားလည်သည့် သမ္မာတရားများက အခြားလူများနားလည်သည့် သမ္မာတရားများထက် ပို၍နက်နဲပြီး ပို၍များပြားသည်ဟုပင် အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ ထိုသူသည် ဘုရားသခင်ကို သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်သည်ဟူ၍လည်း မဆိုလိုပေ။ အမှန်တကယ်တွင် ဤမည်သည့်အရာကိုမျှ ၎င်းတို့မရရှိထားပေ။ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမျှသာဖြစ်သည်။ ထိုသူ၏ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမှာ ထိုသူသည် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်မှုကို စောင့်ဆိုင်းနေသည်ဟူ၍ ဆိုလိုခြင်း သက်သက်သာဖြစ်သည်။ ဤပျိုးထောင်ခြင်း၏ နောက်ဆုံးရလဒ်သည် ထိုသူက မည်သည့်လမ်းကြောင်းကို လျှောက်သည်၊ မည်သည့်အရာကို အားထုတ်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ ထို့ကြောင့် အသင်းတော်ရှိ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခံရခြင်းသာဖြစ်သည်။ ယင်းမှာ ထိုသူသည် အရည်အသွေးပြည့်မှီသော ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် ကျွမ်းကျင်မှုရှိသောသူတစ်ယောက် ဖြစ်နှင့်ပြီးဖြစ်ကြောင်း၊ ထိုသူသည် ခေါင်းဆောင်တစ်ယောက်၏ အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး တကယ့်အလုပ်ကို လုပ်ဆောင်နိုင်ကြောင်း အဓိပ္ပာယ်မသက်ရောက်ပေ။ ဤကဲ့သို့ မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သလော။ သမ္မာတရား အခြေခံသဘောတရားများကို နားလည်သလော။ ဤသူသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နိုင်သလော။ ဆက်ကပ်အပ်နှံမှုနှင့် တာဝန်ခံယူမှုအသိစိတ်တစ်ခုကို ပိုင်ဆိုင်သလော။ အရေးကိစ္စတစ်ခုကို ကြုံတွေ့ရသည့်အခါတွင် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ ဤအရာအားလုံးတို့ကို မသိရှိရပေ။ ထိုသူ၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့မှုမှာ မည်မျှကြီးမားသနည်း။ အမှုအရာများကို ဆောင်ရွက်သည့်အခါတွင် သူ၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်ကို လိုက်တတ်သလော။ ခေါင်းဆောင်တို့၏ အလုပ်ကို ဆောင်ရွက်သည့်အချိန်ကာလတွင် ထိုသူသည် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရန် ဘုရားသခင်ရှေ့မှောက်သို့ ပုံမှန်၊ မကြာခဏလာရောက်သလော။ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်မှုတွင် လူတို့ကို သူလမ်းပြနိုင်သလော။ ဤအရာနှင့် ဤထက်မကသောအရာအားလုံးတို့သည် ပျိုးထောင်ခံရရန်နှင့် ရှာဖွေတွေ့ရှိခံရရန် စောင့်ဆိုင်းလျက်ရှိသည်။ အားလုံးကို သိရှိရခြင်း မရှိသေးပေ။ တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်းက ထိုသူသည် သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်သကဲ့သို့ သူ၏ တာဝန်ကို ကျေနပ်ဖွယ် ဆောင်ရွက်နိုင်စွမ်းရှိပြီးဖြစ်သည်ဟု ဆိုခြင်းလည်း မဟုတ်ပေ။ ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ အဘယ်နည်း။ သီးခြားအနေဖြင့် ထိုသို့သောသူတစ်ယောက်ကို ရာထူးတိုးမြှင့်ပေးခြင်းမှာ လေ့ကျင့်ပေးရန်၊ အထူးတလည်ရေလောင်းပေးရန်နှင့် ညွှန်ကြားပေးရန်၊ ဤသို့ဖြင့် သမ္မာတရား အခြေခံသဘောတရားများ၊ မတူညီသော အမှုအရာများကို လုပ်ဆောင်ခြင်း၏ အခြေခံသဘောတရားများ၊ ပြဿနာအမျိုးမျိုးကို ဖြေရှင်းခြင်းအတွက် အခြေခံသဘောတရားများ၊ နည်းနာနိဿယများအပြင် ပတ်ဝန်းကျင်နှင့် လူအမျိုးအစား အမျိုးမျိုးကို ကြုံတွေ့ရသောအခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်သည့် ပုံစံဖြင့် ဘုရားအလိုတော်နှင့်အညီ ကိုင်တွယ်ဖြေရှင်းနည်းတို့ကို နားလည်အောင် ပြုလုပ်ပေးရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အိမ်တော်က ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပေးထားသော အရည်အချင်းရှိသူသည် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလတွင်၊ သို့မဟုတ် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလမတိုင်မီတွင် သူ၏အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း၊ သူ၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း လုံလောက်စွာရှိသည်ဟု ညွှန်းဆိုသလော။ မညွှန်းဆိုပေ။ ထို့ကြောင့် ပျိုးထောင်ခြင်းအချိန်ကာလတွင် ဤလူတို့သည် ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဖော်ထုတ်ခြင်းနှင့် လူစားလဲခြင်းကိုပင် တွေ့ကြုံရမည်မှာ လွှဲရှောင်၍ မရနိုင်ပေ။ ဤသည်မှာ ပုံမှန်ဖြစ်၏၊ ၎င်းတို့သည် လေ့ကျင့်ပေးခြင်း၊ ပျိုးထောင်ခြင်းတို့ကို ခံရခြင်းဖြစ်သည်။ ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းခံရသောသူတို့အပေါ် လူတို့သည် ကြီးမားသော မျှော်လင့်ချက်များ၊ သို့မဟုတ် လက်တွေ့မကျသော တောင်းဆိုမှုများ မထားရှိရပေ။ ဤသည်မှာ ကျိုးကြောင်းသင့်လျော်မှု ရှိမည်မဟုတ်၊ ၎င်းတို့အပေါ် မတရားရာလည်း ကျပေမည်။ သင်တို့သည် ၎င်းတို့ကို စောင့်ကြည့်စစ်ဆေးနိုင်ပြီး ပြဿနာဖြစ်စေသည်ဟု သင်တို့ယုံကြည်သည့် အရာများကို တင်ပြနိုင်သည်။ သို့သော် ၎င်းတို့သည် ပျိုးထောင်ခြင်းကာလတွင် ရှိနေသောသူများလည်း ဖြစ်နေ၍ ၎င်းတို့ကို ခြောက်ပြစ်ကင်းသူများအဖြစ်၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သောသူများအဖြစ် ရှုမြင်ရန် မဆိုထားနှင့်၊ စုံလင်အောင် ပြုခြင်းခံရပြီးဖြစ်သောသူများအနေဖြင့်ပင် မရှုမြင်သင့်ပေ။ ၎င်းတို့သည် သင်တို့ကဲ့သို့ပင်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကို လေ့ကျင့်ပေးသည့် အချိန်ဖြစ်သည်။ ခြားနားချက်မှာ ၎င်းတို့သည် သာမန်လူတို့ထက်ပိုသော အလုပ်နှင့် တာဝန်ဝတ္တရားများကို တာဝန်ယူဆောင်ရွက်ရခြင်း ဖြစ်သည်။ ပိုမိုများပြားသောအလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့တွင် တာဝန်ဝတ္တရားရှိသည်။ ၎င်းတို့သည် သာမန်လူတို့ထက် ပို၍ ကြီးမားသော အဖိုးအခကိုပေးဆပ်ရသည်၊ ပိုမိုများပြားသော ဆင်းရဲဒုက္ခကို ခံစားရသည်၊ နာကျင်မှုကို ပို၍ ခံယူရသည်၊ ပြဿနာများကို ပို၍ ဖြေရှင်းရသည်၊ ပို၍များပြားသော လူတို့၏ ဝေဖန်ပြစ်တင်ခြင်းကို သည်းခံရသည်၊ ထို့ပြင် ပြောစရာမလိုသည်မှာ ၎င်းတို့သည် ပို၍ အားစိုက်ထုတ်ရသည်၊ အိပ်ချိန် ပို၍ လျော့နည်းသည်၊ အစားအစာကောင်းများကို ပို၍ လျှော့စားရသည်။ စကားစမြည်ပြောခြင်းကို ပို၍ လျှော့ရပေသည်။ ဤသည်မှာ ၎င်းတို့နှင့် ပတ်သက်ပြီး ထူးခြားသည့်အရာဖြစ်သည်။ ဤအရာမှလွဲ၍ ၎င်းတို့သည် အခြားလူတိုင်းနှင့် တူညီသည်။ ဤသို့ ငါပြောဆိုရာ၌ မည်သည့်အရာကို ဆိုလိုသနည်း။ အရည်အချင်းရှိသူအမျိုးမျိုးကို ဘုရားသခင်၏ အိမ်တော်က ရာထူးတိုးမြှင့်ပေးခြင်း၊ ပျိုးထောင်ခြင်းတို့ကို အဓိပ္ပာယ်ကောက်မလွဲရ၊ ဤသူတို့အပေါ်တွင် တောင်းဆိုမှုများ မပြင်းထန်ရဟု လူတိုင်းကို ပြောပြရန်ဖြစ်သည်။ ပြောစရာမလိုသည်မှာ ၎င်းတို့အပေါ် လူတို့၏ ထင်မြင်ချက်များသည် လက်တွေ့မကျခြင်းလည်း မဖြစ်ရပေ။ ၎င်းတို့ကို အလွန်အမင်း ကျေးဇူးတင်ခြင်း၊ သို့မဟုတ် အလွန်အမင်း ရိုသေလေးစားခြင်းမှာ မိုက်မဲသကဲ့သို့ ၎င်းတို့အပေါ် သင်၏ တောင်းဆိုမှုများ ပြင်းထန်ခြင်းသည်လည်း လူသားမဆန်ပေ၊ သို့မဟုတ် လက်တွေ့မကျပေ။ ဤသို့ဆိုလျှင် ၎င်းတို့အပေါ် ပြုမူရန် ကျိုးကြောင်းအသင့်ဆုံးနည်းလမ်းမှာ အဘယ်နည်း။ ၎င်းတို့ကို သာမန်လူများအဖြစ် မှတ်ယူရန်ဖြစ်သည်။ ရှာဖွေရန် လိုအပ်သည့် ပြဿနာတစ်ခုရှိသည့်အခါတွင် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး တစ်ယောက်၏ အားသာချက်ကို တစ်ယောက်သင်ယူရန်၊ အချင်းချင်း ဖြည့်စွက်ပေးရန်ဖြစ်သည်။ ထို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တကယ့်အလုပ်ကို လုပ်ခြင်းရှိမရှိ၊ ၎င်းတို့၏ တာဝန်ကို ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိမရှိကို စောင့်ကြည့်စစ်ဆေးရန်မှာ လူတိုင်း၏ တာဝန်ဖြစ်သည်။ ၎င်းတို့သည် ထိုသို့ပြုလုပ်ခြင်းမရှိလျှင်၊ သင်တို့က ၎င်းတို့ကို ထိုးထွင်းသိမြင်ပြီးဖြစ်လျှင် အချိန်ဖြုန်းမနေဘဲ ၎င်းတို့ကို တင်ပြလော့၊ သို့မဟုတ် ဖယ်ရှားလော့။ အခြားတစ်ယောက်ကို ရွေးချယ်လော့၊ ဘုရားအိမ်တော်၏ အလုပ်ကို မနှောင့်နှေးစေနှင့်။ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်နှေးစေခြင်းသည် သင့်ကိုယ်သင်နှင့် သူတစ်ပါးတို့ကို ထိခိုက်နစ်နာစေခြင်းဖြစ်သည်၊ မည်သူ့အတွက်မျှ အကျိုးမရှိပေ။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၅)” မှ

အရှေ့သို့- ၁၃၆) ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရသောသူများအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၃၈) ပြစ်မှားလွန်ကျူးခြင်းများရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၂ အနားယူခြင်းသို့ ဝင်ရောက်တဲ့ လူသားတို့ရဲ့ တစ်ခုတည်းသော လမ်းကြောင်း

၁ ဘုရားရဲ့အပြစ်တင် ဆုံးမခြင်းနှင့် တရားစီရင်ခြင်းနောက်ဆုံးအနားယူခြင်းမှာ ကြံ့ခိုင်ခြင်းရှိသူတို့ ဝင်ရောက်မည်စာတန်ရဲ့လွမ်းမိုးမှုမှ...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

၁၇၄ လူ့ဇာတိခံယူထားသောဘုရားသာ လူကို အပြည့်အဝကယ်တင်နိုင်

၁ဝိညာဉ်တော်အားဖြင့်လည်းမဟုတ်၊ ဝိညာဉ်တော်အနေဖြင့်လည်းမဟုတ်၊ ဘုရား လူသားကိုကယ်တင်ဖို့ လာသည် ဝိညာဉ်တော်ကို ဘယ်သူမှမမြင်နိုင်၊ မထိတွေ့နိုင်၊...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်