၁၃၄) သမ္မာတရားကို မြတ်နိုးသောသူများအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

(၁) သမ္မာတရားကို မြတ်နိုးပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို ရရှိထားသောသူတို့ကို ဘုရားသခင် ရွေးကောက်ထားသူများ အဖြစ် သတ်မှတ်သည်။ ထိုသူတို့သည် ပြစ်မှားလွန်ကျူးလျှင် သို့မဟုတ် ခလုတ်တိုက် လဲကျသွားခဲ့လျှင် ၎င်းတို့ကို မေတ္တာစိတ်ဖြင့် ကူညီဖေးမပေးရမည် ဖြစ်သည်။

(၂) သမ္မာတရားကို မြတ်နိုးပြီး ဖြောင့်မတ်ခြင်းအသိတရားရှိသည့် ကောင်းမြတ်သောအရည်အသွေးရှိသူများကို ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးသင့်ပြီး၊ မည်သူမျှ ထိုသူတို့အား တိုက်ခိုက်ခြင်း သို့မဟုတ် လုပ်ကြံ အကွက်ဆင်ခြင်းတို့ကို လုံးဝမပြုရ။

(၃) အသင်းတော်တွင် ၎င်း၏ဗဟိုအချက်အချာအဖြစ် သမ္မာတရားကို မြတ်နိုးပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို ရရှိထားသည့်သူများ ရှိရမည်ဖြစ်သည်။ ထိုသူတို့ကို ရေလောင်းပြုစုပျိုးထောင်ပေးခြင်းနှင့် တာဝန်ကို ထမ်းရွက်ရေးနှင့် လေ့ကျင့်သင်ယူရေးအတွက် အခွင့်အရေးပေးခြင်းတို့ကို အာရုံစိုက်ရမည်။

(၄) အသင်းတော်သည် သမ္မာတရားကို မြတ်နိုးသောသူများကို အကာအကွယ်ပေးရမည်။ သမ္မာတရားကို မြတ်နိုးသောသူများကို တိုက်ခိုက်၊ ဖယ်ကြဉ် သို့မဟုတ် လုပ်ကြံအကွက်ဆင်သည့် ဆိုးယုတ်သူများကို တားမြစ်ပိတ်ပင်ရမည် ဖြစ်သည်။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားမျိုးနွယ်ကို ဘုရားသခင်၏ကယ်တင်ခြင်းမှာ သမ္မာတရားကို ချစ်သောသူတို့အား ကယ်တင်ခြင်း၊ လိုအင်ဆန္ဒနှင့် သန္နိဋ္ဌာန်ရှိသည့် ၎င်းတို့၏ တစ်စိတ်တစ်ဒေသနှင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို တမ်းတသော ၎င်းတို့၏ တစ်စိတ်တစ်ဒေသကို ကယ်တင်ခြင်း ဖြစ်သည်။ လူတစ်ဦး၌ စိတ်ဆုံးဖြတ်ချက်သည် ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းနှင့် သမ္မာတရားကို တမ်းတပြီး အသိတရား ပိုင်ဆိုင်သည့် ၎င်းတို့ စိတ်နှလုံးထဲရှိ ၎င်းတို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး ရရှိရန်၊ ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းသည် ဆေးကြောသန့်စင်ခံရပြီး ၎င်းတို့၏အသက်စိတ်သဘောထား ပြောင်းလဲနိုင်ရန်အလို့ငှာ ဘုရားသခင်သည် လူတို့၏ ဤတစ်စိတ်တစ်ဒေသကို ကယ်တင်ပြီး ယင်းမှတစ်ဆင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲလေသည်။ သင်သည် သင့်အတွင်း၌ ဤအရာများ မရှိလျှင်၊ ကယ်တင်မခံရနိုင်ပေ။ အကယ်၍ သင်အတွင်း၌ သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် ဖြောင့်မတ်ခြင်းနှင့် အလင်းအတွက် ပြင်းပြသောဆန္ဒမရှိပါက၊ သင် မကောင်းမှုနှင့် ကြုံတွေ့သည့်အခါတိုင်း၊ သင်သည် မကောင်းသောအရာများကို စွန့်ပစ်လိုစိတ် မရှိသကဲ့သို့၊ အခက်အခဲကို ခံစားရန် စိတ်ဆုံးဖြတ်ချက် မရှိပေ၊ ထို့အပြင် သင်၏အသိတရားသည် ထုံထိုင်းနေပါက၊ သမ္မာတရားကို လက်ခံနိုင်သော သင်၏စွမ်းရည်မှာလည်း ထုံထိုင်းကာ၊ သင်သည် သမ္မာတရား၊ ဖြစ်ပေါ်နေသော အဖြစ်အပျက်များနှင့် မယဉ်ပါးပါက၊ ပြီးလျှင် ကိစ္စရပ်အားလုံးတွင် သင်သည် မသိမြင်တတ်သကဲ့သို့၊ အမှုအရာများကို သင့်ဘာသာ မကိုင်တွယ်နိုင်ပါက၊ သို့မဟုတ် မဖြေရှင်းနိုင်ပါက၊ ကယ်တင်ခြင်းခံရရန် မဖြစ်နိုင်ပေ။ ထိုသို့သော လူတစ်ဦးသည် ၎င်းတို့ကို ထောက်ခံရန် တစ်စုံတစ်ခုမျှမရှိ၊ ဆက်လက်လုပ်ဆောင်ရန် ထိုက်တန်သောအရာ တစ်စုံတစ်ခုမျှ မရှိပေ။ ၎င်းတို့၏ အသိစိတ်က ထုံထိုင်းသည်၊ ၎င်းတို့၏ စိတ်က မကြည်လင်ပေ၊ ပြီးလျှင် သမ္မာတရားကို ၎င်းတို့ မချစ်ကြသကဲ့သို့၊ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ဖြောင့်မတ်ခြင်းကို မတမ်းတကြပေ၊ ဘုရားသခင်သည် သမ္မာတရားကိုမည်မျှပင် ရှင်းရှင်းလင်းလင်း သို့မဟုတ် ပွင့်ပွင့်လင်းလင်း ပြောစေကာမူ၊ ၎င်းတို့သည် သေဆုံးနှင့်ပြီးဖြစ်ကြသည့်အလား တုံ့ပြန်ခြင်းမရှိကြပေ။ အမှုအရာများသည် ၎င်းတို့အတွက် ဆုံးခန်းတိုင်ပြီ မဟုတ်သလော။ ၎င်းတို့ထဲတွင် ထွက်သက်ဝင်သက် ကျန်ရှိသော လူတစ်ဦးသည် အသက်ရှူကူခြင်းဖြင့် ကယ်တင်၍ရနိုင်သော်လည်း၊ အကယ်၍ ၎င်းတို့သည် သေဆုံးနှင့်ပြီး ၎င်းတို့၏ဝိညာဉ် ထွက်သွားခဲ့ပြီးပါက၊ အသက်ရှူကူခြင်းသည် မည်သို့မျှ အလုပ်ဖြစ်မည်မဟုတ်ပေ။ အကယ်၍ သင်သည် ပြဿနာတစ်ခုကို ကြုံတွေ့ရသည့်အချိန်တိုင်း၊ ထိုပြဿနာမှ နောက်တွန့်သွားကာ၊ ရှောင်ဖယ်ဖို့ ကြိုးစားပါက၊ ဤသည်မှာ သင်သည် သက်သေခံခြင်း မရှိသေးသည်ကို ဆိုလိုသည်။ ဤသို့ဖြင့် သင့်ကို မည်သည့်အခါမျှ ကယ်တင်၍ရမည် မဟုတ်ဘဲ၊ သင် ကြီးစွာ ဒုက္ခရောက်လေပြီ။ ပြဿနာတစ်ခု သင့်အပေါ် ကျရောက်သောအခါ၊ သင့်အနေဖြင့် ခေါင်းအေးအေးထားကာ မှန်ကန်သော ချဉ်းကပ်မှုရှိရမည်ဖြစ်ပြီး၊ ရွေးချယ်မှုတစ်ခုကို သင် ပြုလုပ်ရမည်။ ပြဿနာကို ဖြေရှင်းရန်သမ္မာတရားကို အသုံးပြုဖို့ သင် သင်ယူသင့်သည်။ ပုံမှန်အချိန်များတွင်၊ သမ္မာတရား အချို့ကို နားလည်ခြင်းသည် အဘယ်အသုံးဝင်သနည်း။ ယင်းမှာ သင်၏ ဝမ်းကို ပြည့်စေရန်မဟုတ်ပေ၊ ပြီးလျှင် ယင်းသည် သင့်ကို တစ်စုံတစ်ရာ ပြောစေရန်မျှမဟုတ်သကဲ့သို့၊ အခြားသူများ၏ ပြဿနာများကို ဖြေရှင်းရန်လည်း မဟုတ်ပေ။ သာ၍ အရေးကြီးသည်မှာ၊ ယင်း၏ အသုံးဝင်မှုသည် သင်ကိုယ်တိုင် ပြဿနာများ၊ သင်ကိုယ်တိုင်၏ အခက်အခဲများကို ဖြေရှင်းရန် ဖြစ်ပြီး- သင်ကိုယ်တိုင်၏ အခက်အခဲများကို သင် ဖြေရှင်းပြီးမှသာ၊ အခြားသူများ၏ အခက်အခဲများကို သင် ဖြေရှင်းနိုင်ပေသည်။ ပေတရုကို အသီးအပွင့်ဖြစ်သည်ဟု အဘယ့်ကြောင့် ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် သူ၌ ထိုက်တန်သော အရာများ၊ စုံလင်စေရန် ထိုက်တန်သောအရာများ ရှိသောကြောင့် ဖြစ်သည်။ သူသည် သမ္မာတရားကို ရှာဖွေဖို့ စိတ်ဆုံးဖြတ်ထားခဲ့ပြီး လိုအင်ဆန္ဒ ခိုင်မာခဲ့ပေသည်။ သူ၌ ဆင်ခြင်တုံတရားရှိခဲ့၏၊ အခက်အခဲကို ခံစားရန် လိုလိုလားလား ရှိခဲ့သကဲ့သို့၊ သူသည် စိတ်နှလုံးထဲတွင် သမ္မာတရားကို ချစ်ကာ ဖြစ်လာသည့်အရာကို သူ လက်မလွှတ်ခဲ့ပေ။ ဤအရာအားလုံးမှာ အားသာချက်များဖြစ်သည်။ သင်သည် ဤအားသာချက်များထဲမှ မည်သည့်အရာမျှ မရှိပါက၊ ဒုက္ခရောက်ပြီဟု ဆိုလိုပေသည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “စိတ်ဇဝေဇဝါဖြစ်နေသောလူများကို မကယ်တင်နိုင်ပေ” မှ

သင်သည် သမ္မာတရားကို ချစ်ပါက သင်၏အစွမ်းအစက အနည်းငယ် ညံ့ဖျင်းလျှင်ပင်၊ သင်သည် ဘုရားသခင်ကို ယုံကြည်လာသည်မှာ သိပ်မကြာသေးဘဲ အမှားများကို မကြာခဏ ပြုလုပ်ပြီး မိုက်မဲသော အရာများကို ပြုလျှင်ပင်၊ ဘုရားသခင်က သမ္မာတရားကို မိတ်သဟာယပြုသည့်အခါ သင်နှစ်သက်ပါက၊ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏သဘောထားသည် ရိုးသားပါက၊ ယင်းသည် စိတ်ရင်းအတိုင်းဖြစ်ပြီး စိတ်အားထက်သန်ပါက၊ သင်သည် သမ္မာတရားကို တန်ဖိုးထားပြီး ချစ်မြတ်နိုးပါက ဘုရားသခင်သည် သင့်အပေါ် သနားကရုဏာ ထားလိမ့်မည်။ သမ္မာတရားအပေါ် သင်၏ သဘောထားသည် စိတ်ရင်းအတိုင်းဖြစ်ပြီး စိတ်အားထက်သန်ကာ သင်၏စိတ်နှလုံးသည် စစ်မှန်သည့်အတွက် ဘုရားသခင်သည် သင်၏မသိနားမလည်မှုနှင့် ညံ့ဖျင်းသော အစွမ်းအစတို့ကြောင့် ရတက်မအေး မဖြစ်ရပေ။ သင်၏စိတ်နှလုံးနှင့် သဘောထားတို့သည် ဘုရားသခင် တန်ဖိုးထားသည့်အရာဖြစ်ပြီး သူသည် သင့်အပေါ် အစဉ် သနားကရုဏာထားရှိလိမ့်မည်— ထို့ကြောင့် သင်၌ ကယ်တင်ခြင်း မျှော်လင့်ချက်ရှိပေသည်။ သို့သော် သင်၏စိတ်နှလုံးသည် မာကျောပြီး သင်သည် စိတ်အလိုလိုက်လွန်းပါက၊ သင်သည် သမ္မာတရားကို စက်ဆုပ်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သမ္မာတရားပါဝင်သည့် အရာအားလုံးကို မချစ်သည့်အပြင် ယင်းကို မည်သည့်အခါကမျှ အရေးမစိုက်ဘဲ သင်၏စိတ်နှလုံးနက်ရှိုင်းရာမှ ရန်မူလိုပြီး အထင်အမြင်သေးပါက သင့်အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ရွံရှာခြင်း၊ စက်ဆုပ်ခြင်းနှင့် မစဲသော အမျက်တို့ဖြစ်လေသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် မည်သည့်ထူးခြားသော လက္ခဏာနှစ်ခုက သိသာထင်ရှားသနည်း။ ကြွယ်ဝသော သနားကရုဏာနှင့် နက်နဲသော အမျက်တို့ဖြစ်သည်။ “ကြွယ်ဝသော သနားကရုဏာ” ၌ “ကြွယ်ဝသော” က ဘုရားသခင်၏ သနားကရုဏာသည် သည်းခံကာ စိတ်ရှည်ပြီး သိမ်မွေ့ကြောင်းနှင့် ယင်းသည် အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ဆိုလိုသည်— “ကြွယ်ဝသော” ဟူသည်မှာ ယင်းကို ဆိုလို၏။ လူအချို့သည် မိုက်မဲပြီး အစွမ်းအစ ညံ့ဖျင်းသောကြောင့် ဘုရားသခင်က ဤသို့ပြုမူရခြင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို ချစ်သော်လည်း မိုက်မဲပြီး အစွမ်းအစ ညံ့ဖျင်း၏၊ သင့်အပေါ် ဘုရားသခင်၏ သဘောထားသည် ကြွယ်ဝသည့် သနားကရုဏာရှိခြင်း သဘောထားသာ ဖြစ်နိုင်သည်။ သနားကရုဏာတွင် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ ပါဝင်သည်။ သင်သည် သမ္မာတရားကို နည်းနည်းချင်း နားလည်ပြီး ဖြည်းဖြည်းချင်း ရင့်ကျက်ကြီးထွားလာဖို့အလို့ငှာ ဘုရားသခင်သည် သင်၏ မသိနားမလည်မှုအပေါ် သည်းခံပြီး စိတ်ရှည်၏၊ သင့်ကို ထောက်ကူဖို့၊ ထောက်ပံ့ဖို့နှင့် ကူညီဖို့ လုံလောက်သော ယုံကြည်မှုနှင့် သည်းခံခြင်းတို့ကို သင့်အား သူပေးသည်။ မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် ဤအရာကို တည်ဆောက်ထားသနည်း။ သမ္မာတရားကို ချစ်ပြီး တမ်းတသည့်သူ တစ်စုံတစ်ဦး၊ ဘုရားသခင်အပေါ်၊ သူ၏နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့အပေါ် ရိုးသားသည့် တစ်စုံတစ်ဦး၏ သဘောထားပေါ်တွင် ဖြစ်သည်။ ဤသည်တို့မှာ လူများတွင် ထင်ရှားပေါ်လွင်သင့်သည့် အခြေခံကျသော အပြုအမူများဖြစ်သည်။

နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်” မှ

ကိုးကားရန်အတွက် တရားဟောချက်နှင့် မိတ်သဟာယပြုခြင်း ကောက်နုတ်ချက်များ-

လူတို့ကို အသင်းတော်၏ ပြုစုပျိုးထောင်ခြင်းနှင့် အသုံးပြုခြင်းသည် အဓိကအားဖြင့် ၎င်းတို့က သမ္မာတရားကို လိုက်စားခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်ပေသည်။ ဤသည်မှာ အခြေခံအကျဆုံးသော အခြေခံသဘောတရား ဖြစ်သည်။ ဤအရာအတွက် အကြောင်းရင်းမှာ တစ်စုံတစ်ဦးက သမ္မာတရားကို လိုက်စားခြင်း ရှိမရှိ သို့မဟုတ် ပြဿနာများစွာကို ရှင်းပြနိုင်ခြင်း ရှိမရှိဆိုသည့်အရာ ဖြစ်သည်။ ယင်းက ၎င်းတို့ ရှိသည့် လမ်းကြောင်းက မှန်ကန်သော လမ်းကြောင်းတစ်ခု သို့မဟုတ် ဆိုးယုတ်သော လမ်းကြောင်းတစ်ခု ဖြစ်သည် မဖြစ်သည်၊ ၎င်းတို့၏ ဘုရားသခင်၌ ယုံကြည်ခြင်းက လက်တွေကျခြင်း ရှိမရှိဆိုသည်နှင့် မည်သည့် ပင်ကို အရည်အချင်းမျိုး ၎င်းတို့ ပိုင်ဆိုင်သည် ဆိုသည်တို့ကို ထုတ်ဖော်ပြလေသည်။ ၎င်းတို့သည် အမှန်တကယ် သမ္မာတရားကို လိုက်စားသော တစ်စုံတစ်ဦးဖြစ်ပါက၊ ၎င်းတို့သည် သိသိသာသာ ကောင်းမွန်သော လူ့သဘာဝတစ်ခု အသေချာဆုံး ပိုင်ဆိုင်ကြလိမ့်မည်ဖြစ်သည်၊ ၎င်းတို့သည် သေချာပေါက် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် အတော်အတန် ကြင်နာသော လူတစ်ဦး သေချာပေါက် ဖြစ်လိမ့်မည်။ ထို့ကြောင့်၊ ဘုရားသခင်၏ အိမ်တော်သည် သမ္မာတရားကို စစ်မှန်စွာ လိုက်စားသူတို့အား ခေါင်းဆောင်များအဖြစ် ရွေးကောက်ကာ အသုံးပြုဖို့ လိုအပ်ချက်ကို ထပ်သလဲလဲ အလေးပေးရခြင်း ဖြစ်သည်။ ဤသည်မှာ အရေးပါမှုနှင့် သက်ဆိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ မည်သူမျှ မပြည့်စုံပေ။ လူအားလုံးသည် မိမိတို့၏ အားနည်းချက်များ ရှိကြသည်။ တစ်စုံတစ်ဦးကို တွက်ချက်သည့်အခါ၊ အဓိက သွင်ပြင်လက္ခဏာများကို သင် စဉ်းစားရမည်- သမ္မာတရားကို ၎င်းတို့ လိုက်စားခြင်း ရှိမရှိ၊ ၎င်းတို့သည် ကောင်းမွန်သော အရည်အချင်း ရှိသည် မရှိသည်၊ စိတ်ဆုံးဖြတ်ထားခြင်း ရှိမရှိဆိုသည်နှင့် တရားမျှတသည့် အသိစိတ် ရှိသည် မရှိသည်ဆိုသည်တို့ ဖြစ်သည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လိုက်စားနိုင်ပါက၊ သေးငယ်သော အားနည်းချက် အနည်းငယ် ရှိခြင်း သို့မဟုတ် သေးငယ်သော အပြစ်အနည်းငယ် ကျူးလွန်ခြင်းကိုပင် ပြဿနာတစ်ခုဟု မယူဆထားပေ။ ၎င်းတို့အနေဖြင့် သမ္မာတရား အမှန်တကယ် လိုက်စားသည့် တစ်စုံတစ်ဦး ဖြစ်သရွေ့၊ ၎င်းတို့၏ အပြစ်များမှာ အားလုံး ဖြေရှင်း၍ရနိုင်ပေသည်။ တစ်စုံတစ်ဦးကို တွက်ချက်ချိန်တွင်၊ ချစ်တီးခေါင်း သန်းရှာမလုပ်နှင့် သို့မဟုတ် ၎င်းတို့အား ၎င်းတို့ သွင်ပြင်အပေါ် မဝေဖန်နှင့်။ ၎င်းတို့၏ အနှစ်သာရကို သင် ကြည့်ရမည်။ ဤသည်မှာ အဓိကအချက် ဖြစ်သည်။ အလွန်အရေးပါသော အလုပ်မှာ စစ်မှန်စွာ ကောင်းမွန်သော အရည်အချင်းရှိသည့်လူများ၊ သမ္မာတရားကို လိုက်စားသည့်လူများနှင့် အလုပ် လုပ်ဆောင်နိုင်စွမ်းရှိသည့် လူများကို ရှာတွေ့ရန်နှင့် ထို့နောက် အသင်းတော်ထဲတွင် ၎င်းတို့အတွက် သင့်တော်သည့် နေရာများကို စီစဉ်ပြီး ၎င်းတို့ကို ကောင်းမွန်စွာ ထောက်ပံ့ကာ ပျိုးထောင်ပေးရန် ဖြစ်သည်။ အဆင့်အားလုံးရှိ အသင်းတော် ခေါင်းဆောင်များနှင့် အလုပ်သမားများသည် ဘုရားသခင်၌ ယုံကြည်မှုနှင့်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ခြေချသည့်အချိန်တွင်၊ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အားလည်း မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဦးဆောင်နိုင်ပေသည်။

အလုပ်အစီအစဉ်များ မှ

ဤသည်မှာ အသင်းတော် အသက်တာ၏ အခြေခံသဘောတရားတစ်ခု ဖြစ်သည်- ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို အားထုတ်သော ညီအစ်ကို မောင်နှမများသည် အထူးဆက်ဆံခံရသင့်သည်။ ၎င်းတို့အနေဖြင့် ယုံကြည်သူသစ်များ ဖြစ်စေ၊ ဘုရားသခင်ကို နှစ်နှင့်ချီ ယုံကြည်ပြီးသည်ဖြစ်စေ၊ ၎င်းတို့အတွက် စစ်မှန်သော ချစ်ခြင်းရှိသင့်သည်၊ ၎င်းတို့ကို စစ်မှန်သော အကူအညီ ပေးသင့်ပြီး ၎င်းတို့အပေါ် ရည်စူးသော စိတ်ဓာတ် အနည်းငယ် ရှိသင့်ပေသည်။ သာမန်အချိန်များတွင်၊ ၎င်းတို့အနေဖြင့် သမ္မာတရားကို မြန်နိုင်သမျှမြန်မြန် နားလည်နိုင်ပြီး အသက်တာတွင် ကြီးထွားနိုင်ဖို့အလို့ငှာ ၎င်းတို့နှင့်အတူ သမ္မာတရားအကြောင်း သာ၍ မိတ်သဟာယပြုသင့်သည်။ သမ္မာတရာကို အားမထုတ်သော လူတို့အတွက်မူ၊ ၎င်းတို့သည် တစ်ခဏ ရေလောင်းခံရပြီး၊ သမ္မာတရားကို ၎င်းတို့ မချစ်သကဲ့သို့ ထိုသမ္မာတရားကို စိတ်မဝင်စားကြောင်း သိရပါက၊ ၎င်းတို့အပေါ် အချိန်နှင့် အားထုတ်မှု အလွန်များစွာ အသုံးပြုဖို့ မလိုအပ်ပေ။ သင်သည် သင်၏ တာဝန်ကို ဖြည့်ဆည်းနှင့်ပြီးဖြစ်ကာ သင့်ထံမှ မျှော်လင့်ထားသည့် စေတနာရှိသေည အရာတိုင်းကို သင် လုပ်ဆောင်ပြီးဖြစ်သောကြောင့် ထိုသို့သောအရာမှာ လိုအပ်မည်မဟုတ်ပေ။ အချို့သော လူတို့က မတူကွဲပြားသော အယူအဆတစ်ခု ရှိကောင်းရှိကြမည်ဖြစ်ပြီး၊ “သမ္မာတရားကို လိုက်စားခြင်းမရှိသော လူတို့သည် သာ၍ ရေလောင်းခံရသင့်ပြီး သာ၍ ထောက်ပံ့ခံရသင့်သည်။ ၎င်းတို့အား သမ္မာတရား လိုက်စားစေဖို့ နည်းလမ်းများ သင် စဉ်းစားသင့်သည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ သမ္မာတရားကို လိုက်စားနှင့်ပြီးသူများသည် မည်သို့ လိုက်စားရမည်ကို ၎င်းတို့ သိနှင့်ကြသောကြောင့် နောက်ထပ် စိုးရိမ်ပူပန်စရာ မလိုအပ်တော့ပါ” ဟု ပြောကောင်းပြောကြပေမည်။ ဤအမြင်သည် မှန်ကန်ပါသလော။ မမှန်ကန်ပါ။ ယင်းမှာ သမ္မာတရားကို မချစ်ဖို့ သမ္မာတရားကို မလိုက်စားသူတို့၏ သဘာဝဖြစ်သည်ကို သင် သတိပြုရမည်။ သမ္မာတရားကို မလိုက်စားသူများထဲမှ ကိုးဆယ်ရာခိုင်နှုန်းသည် လူသေများဖြစ်သည်မှာ စောဒကတက်နိုင်သော အရာဖြစ်သည်။ သင်သည် လူသေကို အသက်ပြန်သွင်းဖို့ ဆုံးဖြတ်ထားပါသလော။ လိုအပ်သည့်အရာ သင်၌ရှိသည်ဟု မည်သည့်အရာက သင့်ကို တွေးထင်စေသနည်း။ အကယ်၍ လူသေတစ်ဦးကို မထင်မှတ်ဘဲ ပက်ပင်းတိုးမိပါက၊ အလျင်အမြန် ထွက်သွားမည် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က တစ်စုံတစ်ဦးထဲတွင် အလုပ်မလုပ်ပါက၊ မည်သူကလုပ်ဆောင်သည့်အရာမဆို လုံးဝအသုံးဝင် လိမ့်မည် မဟုတ်ပေ။ သင် ပိုင်ဆိုင်သည့် ထိုတစ်ခုတည်းသော ချစ်ခြင်း အနည်းငယ်ကို ယူဆောင်ပြီး ယင်းကို ဘုရားသခင်ထံ ဆက်ကပ်ပါက သို့မဟုတ် သမ္မာတရားကို စစ်မှန်စွာ လိုက်စားကြသည့် ညီအစ်ကို မောင်နှမများကို ပေးခဲ့ပါက ကောင်းပေမည်။...သန့်ရှင်းသော ဝိညာဉ်တော်က သူ၏ အလုပ်ကို မည်သည့်လူများတွင် အာရုံစိုက်သည်ကို သင် ကြည့်ရမည်။ ဘုရားသခင်သည် သမ္မာတရား အားမထုတ်သော ထိုလူများကို စုံလင်စေသလော။ သန့်ရှင်းသော ဝိညာဉ်တော်ကပင် ထိုသို့လုပ်ဆောင်လိမ့်မည်မဟုတ်ပါက၊ လူတို့သည် ထိုအရာအပေါ် အဘယ်ကြောင့် ၎င်းတို့၏ အချိန်ကို မိုက်မဲစွာ ဖြုန်းသင့်ပါသနည်း။ ဤသည်မှာ လူသာ မသိနားမလည်မှု ဥပမာတစ်ရပ် ဖြစ်သည် မဟုတ်လော။ ထို့ကြောင့်၊ သင်သည် သမ္မာတရားကို စစ်မှန်စွာ အားထုတ်သော ညီအစ်ကို မောင်နှမများကို သာ၍ ထောက်ပံ့မှု ပေးရမည်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းနှင့် ရွေးကောက်ခြင်းခံရသော သူများဖြစ်ပြီး၊ သူ ကယ်တင်မည့်သူများ ဖြစ်သောကြောင့် ဖြစ်သည်။ အချင်းချင်း စိတ်နှင့် နှလုံးနှစ်ခုလုံး ထပ်တူကျလျက်၊ အချင်းချင်း အားပေးကာ ထောက်ပံ့လျက်၊ သင်သည် ဤလူများနှင့်အတူ သမ္မာတရားအပေါ် မကြာခဏ မိတ်သဟာယပြုပါက၊ နောက်ဆုံးတွင် ကယ်တင်ခြင်းကို သင်တို့အားလုံး ရယူနိုင်လိမ့်မည်ဖြစ်သည်။ ဤလူများနှင့် သင် အဆင်မပြေနိုင်ပါက၊ ဘုရားသခင်၏ အလိုတော်ကို သင် ကျောခိုင်းမိပြီ ဖြစ်သည်။ အသင်းတော်တိုင်းတွင် သမ္မာတရားကို လိုက်စားနေသည့် လက်တစ်ဆုပ်စာ လူအနည်းငယ် ရှိကြသည်။ ဤသည်တို့မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် အာရုံစိုက်ထားသော သူများ ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ အချက်အချာ ဖြစ်သည်။ အသင်းတော်၏ အချက်အချာသည် အဘယ်သို့ ဖြစ်တည်လာသနည်း။ သန့်ရှင်းသော ဝိညာဉ်တော် အာရုံစိုက်သည့် မည်သည့် လူများမဆိုသည် အသင်းတော်၏ အချက်အချာ ဖြစ်လာသူများ ဖြစ်သည်။ ဤလူများကို သင် ရေလောင်းပေးနိုင်ပါက၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုများကို ရင့်ကျက်စေနိုင်ပြီး၊ ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်းတွင် မှန်ကန်သော လမ်းကြောင်းပေါ် ခြေချစေနိုင်ပါက၊ သင်၏ တာဝန်ကို သင် ဖြည့်ဆည်းခြင်းသည် လုံလောက်ပြီး ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပေသည်။ ဤလူများကို ရေလောင်းခြင်းအပေါ် သင် အာရုံမစိုက်သကဲ့သို့ ၎င်းတို့အား တစ်ဖက်တွင် ဖယ်ထားရုံဖယ်ထားပြီး မသိကျိုးကျွန်ပြုပြီးနောက်၊ စာတန်နှင့် သက်ဆိုင်သည့် ဝိညာဉ်မဲ့ လူသေများနှင့် ဘုရားသခင်က စီမံထားခြင်းနှင့် ရွေးချယ်ထားခြင်း မရှိခဲ့သည့်သူများ၊ အစေခံသူများကို ကယ်တင်ခြင်းအပေါ် အဓိက အာရုံစိုက်ပါက၊ ဤအရာက သင်သည် ဘုရားသခင်နှင့် မတူကွဲပြားသော အယူအဆတစ်ခု ရှိနေသည်ကို သက်သေပြပေသည်။ သင်သည် သူ၏ အမှုတော်ကို နောင့်ယှက်နေခြင်း ဖြစ်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းမရှိသကဲ့သို့ သင်၏ အလုပ်တွင် အလွန်အရေးပါသည့် အချက်များကို စွမ်းဆောင်မရရှိသေးပေ။...ထို့‌ကြောင့်၊ သမ္မာတရားကို အမှန်တကယ် လိုက်စားသည့် လူများနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့အား ရေလောင်းခြင်း၊ ၎င်းတို့အတွက် ထောက်ပံ့ပေးခြင်းနှင့် ၎င်းတို့ကို ပြုစုခြင်းတို့အပေါ် သာ၍ အာရုံစိုက်ရန် ဆောင်ရွက်မှုများ ပြုလုပ်သင့်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် ခြေချနိုင်ဖို့အလို့ငှာ ဤလူတို့ကို အားပေးလော့၊ ထိုအခါ သင်၏ အစေခံမှုသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီလိမ့်မည်။ ထိုအခါမှသာ သင်၏ အစေခံမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်ခြင်းတွင် ရှိလိမ့်မည်။ အသင်းတော်အတွင်းတွင်၊ သမ္မာတရားကို စစ်မှန်စွာ ချစ်ပြီး ပုံမှန် လူ့သဘာဝ ပိုင်ဆိုင်သောလူတို့သည် သမ္မာတရား လိုက်စားသူတို့နှင့် အဖော်ပြုမြဲပြုသင့်သည်၊ ဤလူများနှင့် သဟဇာတဖြစ်စွာ အဆင်ပြေသင့်ပြီး သမ္မာတရားကို လိုက်စားခြင်းအားဖြင့် ဘုရားသခင်အတွက် ပြိုင်တူ အသုံးတော်ခံနေသည့် နေရာထိသို့ တဖြည်းဖြည်း ရောက်ရှိသင့်ပေသည်။ ဤပုံစံဖြင့်၊ သမ္မာတရားကို လိုက်စားသော လူတို့သည် ကယ်တင်ခြင်း ရရှိလိမ့်မည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သမ္မာတရား လိုက်စားသော လူတို့အလယ်တွင် အမှုပြုသောကြောင့် သင်တို့သည်လည်း ရရှိကြလိမ့်မည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အပြုသဘောဆောင်သော အရာများနှင့် အပြုသဘောဆောင်သော လူများအပေါ်၊ ပြီးလျှင် သမ္မာတရားကို လိုက်စားသော သူတို့အပေါ် လူတို့၏ သဘောထားသည် ယင်းတို့ကို အထုတ်ဖော်ပြဆုံး ဖြစ်သည်။ သမ္မာတရားကို လိုက်စားသော သူတို့အပေါ် ၎င်းတို့၏ သဘောထားက သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏သဘောထားကို ပြသသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဤလူစုကို သိက္ခာချပါက၊ စော်ကားပြီး တိုက်ခိုက်ပါက၊ ယင်းမှာ ဤလူသည် ဘုရားသခင်ကို မုန်းပြီး သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများ မုန်းတီးသည်ကို သက်သေပြပေသည်။ ဤသည်မှာ လုံးဝ မှန်ပေသည်။ ယနေ့တွင်၊ လူအချို့သည် သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်မရပ်တည်ဝံ့ကြတော့ပေ။ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူကို ဆန့်ကျင်သူ မည်သူမဆိုကို အသင်းတော်ထဲက အယောက်တိုင်းက အန္တိခရစ်တစ်ဦးအဖြစ် ရှုတ်ချလိမ့်မည်ဖြစ်သည်ကို ၎င်းတို့ သိကြသည်၊ ထို့ကြောင့် ယခုတွင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ရှိကြသည့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များကို သွားပုပ်လေလွင့်ပြောရန်၊ တိုက်ခိုက်ရန်နှင့် ဝေဖန်ရန် အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ ၎င်းတို့သည် ဤခေါင်းဆောင်များနှင့် အလုပ်သမားများကို ဖြုတ်ချကာ ၎င်းတို့၏ နေရာကိုယူရန် ဆန္ဒရှိကြသည်။ ဤသည်တို့မှာ အန္တိခရစ်များ၏ နည်းဗျူဟာများ ဖြစ်သည် မဟုတ်လော။ အသင်းတော်ထဲတွင် သမ္မာတရား လိုက်စားသော လူတို့အား ဝေဖန်မှု ချမှတ်မြဲချမှတ်နေကာ တိုက်ခိုက်မြဲ တိုက်ခိုက်နေသည့်သူ၊ ၎င်းတို့နှင့် ပတ်သက်၍ အပြစ်ရှာတွေ့ရန် ကြိုးစားမြဲ ကြိုးစားနေသကဲ့သို့ သမ္မာတရားကို လိုက်စားသူတို့ထဲတွင် ဖောက်ပြန်ပျက်စီးခြင်း ဖော်ပြချက်များကို ရှာဖွေပြီး တစ်စုံတစ်ရာကို ရှာတွေ့ပြီးသည့်နောက်၊ ၎င်းတို့ကို ဝေဖန်သည့်၊ တိုက်ခိုက်ပြီးနောက် သွားပုပ်လေလွင့်ပြောဆိုကာ၊ နောက်ဆုံးတွင် ၎င်းတို့ကို ဆိုးယုတ်သောသူကဲ့သို့ သေးသိမ်စေကာ အယောက်တိုင်းအား ၎င်းတို့ကို ငြင်းပယ်စေသည့် တစ်စုံတစ်ဦး ရှိသည်ဆိုပါစို့။ ထိုသို့သော လူများသည် ဆိုးယုတ်သည် မဟုတ်လော။ အသင်းတော်ထဲက သမ္မာတရားကို လိုက်စားသည့် လူကောင်းများကို ရန်လိုသောသူ မည်သူမဆိုသည် ဆိုးယုတ်ပြီး အပြစ်ပေးခံရလိမ့်မည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားကို လိုက်စားသည့် ဤလူကောင်းများသည် ဘုရားသခင်၏ ကယ်တင်ခြင်း အမှု၏ ရည်မှန်းချက်များ ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ ကွယ်ကာမှုအောက်တွင် ရှိပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ ကာကွယ်ခြင်းခံရသူများ အတိအကျ ဖြစ်ပေသည်။ ထိုသို့သော လူများကို ရန်လိုသောသူ မည်သူမဆိုသည် ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုတော်ကို ရန်လိုပေသည်။

အသက်ထဲ ဝင်ရောက်ခြင်းအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဟောချက်များ မှ

အရှေ့သို့- ၁၃၃) ယုံကြည်ခြင်း၌ အသစ်ဖြစ်နေသော ညီအစ်ကိုမောင်နှမများကို ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ၁၃၅) မောက်မာသော စိတ်သဘောထား အမျိုးမျိုးရှိသူများအား ဆက်ဆံခြင်းဆိုင်ရာ အခြေခံသဘောတရားများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်