အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၂၀။ တစ်စုံတစ်ဦးသည် ချီဆောင်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်နှင့် ဘုရားသခင်၏ ပလ္လင်တော်ရှေ့တွင် ရှင်ပြန်ထမြောက်ခံရခြင်း၏ စစ်မှန်သည့် အဓိပ္ပာယ်ကို ရှင်းလင်းပြတ်သားစွာ မိတ်ဿဟာရပြုရမည်။

၂။ စစ်မှန်သော ချီဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

"သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊… အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။" (ရှင်မဿဲခရစ်ဝင် ၂၅:၆၊၁၀)

"ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။" (ဗျာဒိတ်ကျမ်း ၃:၂၀)

"သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်း။" (ဗျာဒိတ်ကျမ်း ၁၉:၉)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

"ဆောင်ယူခံရခြင်း" ဆိုသည်မှာ လူတို့ စိတ်ကူးသကဲ့သို့ နိမ့်သော နေရာ တစ်ခုမှ မြင့်သော နေရာ တစ်ခုသို့ ဆောင်ယူခြင်း မဟုတ်ပေ။ ဤသည်မှာ ကြီးမားသော အမှား တစ်ခု ဖြစ်သည်။ ဆောင်ယူခံရခြင်း ဆိုသည်မှာ ငါ၏ ကြိုတင်ခွဲခန့်မှတ်သားခြင်း နှင့် ရွေးကောက်ခြင်းကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ၎င်းသည် ငါ ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးကောက်ထားသော သူ အားလုံးကို ပစ်မှတ်ထားခြင်း ဖြစ်သည်။… ဤ အချက်သည် လူတို့၏ အယူအဆများဖြင့် သဟဇာတ မဖြစ်ဆုံးသော အချက် ဖြစ်သည်။ အနာဂတ်တွင် ငါ၏ အိမ်၌ ဝေစု တစ်ခု ရှိကြသော သူများသည် ငါ့ ရှေ့တွင် ဆောင်ယူခြင်းကို ခံရသော သူ အားလုံး ဖြစ်ကြသည်။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်သည်၊ မည်သည့်အခါမျှ မပြောင်းလဲဘဲ မည်သူမျှ မငြင်းဆိုနိုင်ပေ။ ဤသည်မှာ စာတန်အား တန်ပြန်တိုက်ခိုက်ခြင်း ဖြစ်သည်။ ငါ ကြိုတင်ခွဲခန့်မှတ်သားထားသော သူ မည်သူမဆို ငါ၏ ရှေ့သို့ ဆောင်ယူခြင်း ခံရကြမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အခန်း ၁၀၄" အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

ဖီလာဒဲဖီးယားအသင်းတော်သည် ရုပ်လုံးပေါ်လာခဲ့သည်မှာ ဘုရားသခင်၏ကျေးဇူးနှင့် ကရုဏာတော်ကြောင့်လုံးလုံးဖြစ်၏။ သန့်ရှင်းသူတို့မှာ ဘုရားသခင်အတွက် ၎င်းတို့၏မေတ္တာကို ရှေ့တော်သို့ဆောင်ယူခဲ့ကြပြီး ၎င်းတို့၏ ဝိညာဥ်ရေးလမ်းကြောင်းမှ ဘယ်သောအခါမျှ မယိမ်းယိုင်ခဲ့ကြ။ ၎င်းတို့သည် တစ်ပါးတည်းသော စစ်မှန်သောဘုရားသခင်မှ လူသားအဖြစ်ကို ခံယူခဲ့သည့်အကြောင်းကို ခိုင်မြဲစွာယုံကြည်ကြကာ ကိုယ်တော်သည် စကြဝဠာ၏ ဦးဆောင်သူ ဖြစ်ပြီး၊ အရာရာတိုင်းကို အုပ်ချုပ် လျက်ရှိ၏။ ယင်းအကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်ကလည်း အတည်ပြု၍ ယင်းအတွက် အလွန်တရာခိုင်မာသော သက်သေပြချက်၏ ပံ့ပိုးမှု လည်းရှိပေ၏။ ၎င်းသည် ဘယ်သောအခါမျှ မပြောင်းလဲနိုင်ပေ။

…………

ယနေ့၊ ကိုယ်တော်သည် အလုံးစုံသော အသင်းတော်တို့ကို ပြည့်စုံစေရာတွင်၊ ဖီလာဒဲဖီးယား အသင်းတော်သည် ကိုယ်တော်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ် ၏ အကောင်အထည်ဖော်မှုဖြစ်၏။ ယခု၊ ကိုယ်တော်၏ရှေ့တွင် သန့်ရှင်းသူတို့သည် နှိမ့်ချစွာဖြင့်နာခံနိုင်ကြ၏၊ ထိုသူတို့သည် တစ်ဦးနှင့်တစ်ဦး ဝိညာဉ်တော်၌ ဆက်သွယ်လျက်ရှိကြပြီး၊ ချစ်ခြင်းမေတ္တာဖြင့် တစ်ဦးနှင့်တစ်ဦး အတူပါရှိကြ၏။ ထိုသူတို့သည် စမ်းရေ၏မူလအရင်းအမြစ်နှင့် ဆက်သွယ်လျက်ရှိကြ၏။ ဘဝ၏ အသက်စမ်းရေသည် မရပ်မနား စီးဆင်းနေလျက် အသင်းတော် အတွင်းရှိ ညစ်ညမ်းမှုများနှင့် အနည်အနှစ်များအားလုံးကို သန့်စင်ဖယ်ရှား၍ ဆေးကြောလျက် ကိုယ်တော်၏ဗိမာန်တော်ကို တစ်ဖန်ထပ်၍ သန့်စင်၏။ ကျွန်ုပ်တို့သည် လက်တွေ့၊ စစ်မှန်သော ဘုရားသခင်ကို သိရှိခဲ့ကြရာ ကိုယ်တော်၏နှုတ်ကပတ်တော်အတိုင်း လျှောက်လှမ်းခဲ့ခြင်းနှင့်၊ ကျွန်ုပ်တို့၏ တာဝန်နှင့် ကိုယ်ပိုင်လုပ်ဆောင်မှုများကို သိရှိနားလည်လျက်၊ ကျွန်ုပ်တို့သည် တတ်နိုင်သမျှ အသင်းတော်အတွက် မိမိကိုယ်ကိုယ် အသုံးချခဲ့ပြီးဖြစ်သည်။ ကိုယ်တော်၏ အလိုတော်သည် ကျွန်ုပ်တို့အထဲပိတ်ဆို့မနေရန်၊ ကျွန်ုပ်တို့သည် အချိန်တိုင်း ရယူ၍ ကိုယ်တော်၏ ရှေ့တော်မှောက်တွင် ငြိမ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို သတိပြုသင့်၏။ သန့်ရှင်းသူများအကြားတွင် ချစ်ခြင်းမေတ္တာများ အပြန်အလှန်ထားရှိကြပြီး၊ အချို့သူတို့၏ အားသာချက်တို့သည် အခြားသူတို့၏အားနည်းချက်တို့အတွက် အစားထိုး ပေးလိမ့်မည်။ ထိုသူတို့သည် အချိန်တိုင်းပင် ဝိညာဉ်တော်၌ လျှောက်လှမ်းနိုင်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ပွင့်ခြင်းနှင့် အလင်းပေးခြင်းတို့ကိုရနိုင်ကြ၏။ ၎င်းတို့သည် ထိုအကြောင်းကို သိရှိနားလည်ပြီးနောက် သမ္မာတရား၌ လက်တွေ့ပြုကြ၍၊ အသစ်သောအလင်းကို အမီလိုက်လျက် ဘုရားသခင်၏ ခြေလှမ်းများကို လိုက်လျှောက်ကြပါသည်။

…………

ဘုရားသခင်နှင့်တက်ကြွစွာပူးပေါင်းဆောင်ရွက်လော့၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် အစေခံ၍ တစ်လုံးတစ်ဝတည်း ဖြစ်လော့၊ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းလော့၊ သန့်ရှင်းသောဝိညာဉ်တော်ဆိုင်ရာ ကိုယ်ခန္ဓာဖြစ်ရန် လျင်မြန်စွာဆောင်ရွက်လော့၊ စာတန်အား နင်းခြေ၍ ၎င်း၏ခရီးပန်းတိုင်ကို အဆုံးသတ်လော့။ ဖီလာဒဲဖီးယားအသင်းတော်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် ချီဆောင်ခံခဲ့ရပြီး ဘုရားသခင်၏ ဘုန်းတော်၌ ၎င်းကိုယ်ကိုယ် ဖော်ပြလျက် ရှိသတည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "အခန်း ၂" အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ

သခင်ယေရှုခရစ်တော်နောက်သို့ လိုက်ကြကုန်သည့် သန်းရာပေါင်းများစွာသော အခြားသူများကဲ့သို့ပင် ငါတို့သည် ကျမ်းစာထဲမှ ဥပဒေသများနှင့် ပညတ်တော်များကို လိုက်နာကြသည်၊ သခင်ယေရှုခရစ်တော်၏ ကြွယ်ဝသော ကျေးဇူးတော်ကို ခံစားကြသည်၊ အတူတကွ စုဝေးပြီး ဆုတောင်းကာ ချီးမွမ်းကြသည်၊ ထို့ပြင် သခင်ယေရှုခရစ်တော်၏နာမ၌ အစေခံကြသည်။ ထိုအရာများအားလုံးကို ငါတို့သည် သခင့်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်၌ လုပ်ဆောင်ကြသည်။ ငါတို့သည် မကြာခဏဆိုသလို အားနည်းတတ်ကြပြီး မကြာခဏဆိုသလိုလည်း အားကြီးတတ်ကြသည်။ ငါတို့၏ လုပ်ဆောင်ချက်များအားလုံးသည် သခင်၏ သွန်သင်မှုများနှင့်အညီဖြစ်သည်ဟု ငါတို့ယုံကြည်ကြသည်။ ထိုသို့ဖြစ်လျှင် ငါတို့သည် ကောင်ကင်ဘုံ၌ရှိသော အဖ၏အလိုကို နာခံခြင်းလမ်းကြောင်းပေါ်၌ ရှိကြသည်ဟု မိမိတို့ကိုယ်မိမိ ယုံကြည်နေကြသည်ကိုလည်း ပြောစရာပင်မလိုပေ။ သခင်ယေရှု ပြန်လာမည်ကို ငါတို့တောင့်တကြသည်၊ ဘုန်းနှင့်တကွ သူကြွဆင်းလာမည်ကိုလည်း တောင့်တသည်၊ လောက၌ ငါတို့၏အသက် အဆုံးသတ်မည့်အချိန်ကိုလည်း တောင့်တသည့်အပြင်၊ နိုင်ငံတော် ပေါ်ထွန်းဖို့ကိုလည်း တောင့်တသည်၊ ဗျာဒိတ်ကျမ်း၌ ကြိုတင်ဟောထားသည့် အရာတိုင်းကိုလည်း ငါတို့တောင့်တကြသည်။ သခင်ရောက်လာမည်၊ ကပ်ဘေးဒုက္ခကို သူခေါ်ဆောင်လာမည်၊ ကောင်းသောသူများကို ဆုချီးမြှင့်ပြီး ဆိုးသွမ်းသောသူများကို အပြစ်ဒဏ်ပေးမည်၊ ထို့နောက် သူ့နောက်သို့ လိုက်ပြီး သူ၏ပြန်အလာကို ကြိုဆိုသောသူအားလုံးကို အာကာသကောင်းကင်၌ သူနှင့်တွေ့ဆုံရန် ဆောင်ယူလိမ့်မည်။ ထိုအကြောင်းကို ငါတို့စဉ်းစားတိုင်း ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ စိတ်လှုပ်ရှားကြပြီး ငါတို့သည် နောက်ဆုံးသောကာလ၌ မွေးဖွားလာသူများဖြစ်၍ သခင်ကြွလာခြင်းကို မြင်တွေ့ခွင့်ရသည့် ကံကောင်းသူများ ဖြစ်သောကြောင့် ကျေးဇူးတင်စိတ်နှင့် ပြည့်လျှံနေသည်။ ငါတို့သည် ဖိစီးနှိပ်စက်မှုကို ခံစားခဲ့ရသော်လည်း အပြန်အလှန်အားဖြင့် "အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရ ဘုန်းအသရေ" ကို ငါတို့ရရှိခဲ့ကြသည်။ ကောင်းချီးမင်္ဂလာတစ်ပါးပင်တည်း။ ဤတောင့်တမှုနှင့် သခင်အပ်နှင်းပေးထားသော ကျေးဇူးတော်အားလုံးတို့ကြောင့် ငါတို့သည် တည်ကြည်လေးနက်စွာနှင့် မခြားမလပ် ဆုတောင်းကြသည်၊ ထို့ပြင် အတူတကွစုရုံးရာ၌ ငါတို့ကို ပို၍လုံ့လဝီရိယရှိစေသည်။ နောက်နှစ်လည်း ဖြစ်ချင်ဖြစ်မည်၊ မနက်ဖြန်လည်း ဖြစ်ချင်ဖြစ်မည်၊ သို့မဟုတ် လူသားအနေဖြင့် စိတ်ကူးနိုင်သည့်အချိန်ထက် ပိုတိုတောင်းသည့်အချိန်အတွင်း ဖြစ်ချင်ဖြစ်မည်၊ သခင်သည် ရုတ်တရက် ဆင်းကြွလာလိမ့်မည်၊ သူ့ကို ထက်သန်သော ဂရုဓမ္မပြုမှုနှင့် စောင့်မျှော်နေကြသည့် လူတစ်စုအကြား၌ ပေါ်ထွန်းလာလိမ့်မည်။ သခင်၏ပေါ်ထွန်းခြင်းကိုမြင်ရသော ပထမဦးဆုံးလူအုပ်ထဲတွင် ပါရန်နှင့် ချီဆောင်ခြင်းခံရမည့်သူများထဲမှ တစ်ဦးဖြစ်စေရန်အတွက် ငါတို့အားလုံးသည် နောက်ကျကျန်ခဲ့လိုခြင်းမရှိဘဲ အချင်းချင်း အရှေ့ရောက်ရန်အတွက် အပြေးအလွှား သွားကြသည်။

…………

ဘုရားသခင်သည် တိတ်ဆိတ်နေပြီး ငါတို့ထံ မည်သည့်အခါမျှ မပေါ်ထွန်းခဲ့ပေ၊ သို့သော် သူ့အလုပ်မှာမူ မည်သည့်အခါမျှ မရပ်တန့်ခဲ့ချေ။ ဘုရားသခင်သည် မြေကြီးတစ်ပြင်လုံးကို ကြည့်ရှုစစ်ဆေးသည်၊ အရာအားလုံးကို အမိန့်ပေးသည်၊ ထို့ပြင် လူသား၏ စကားအားလုံးနှင့် လုပ်ဆောင်ချက်အားလုံးကို ရှုမြင်သည်။ သူသည် မိမိ၏ စီမံခန့်ခွဲမှုကို ဖြည်းဖြည်းမှန်မှန် အဆင့်များနှင့် သူ၏အစီအစဉ်နှင့်အညီ ရင်ဖိုစရာကောင်းသည့် အကျိုးဆက်များ မရှိဘဲ တိတ်တဆိတ် ပြုလုပ်သည်၊ သို့တိုင်အောင် သူ၏ခြေလှမ်းများသည် တစ်လှမ်းပြီးတစ်လှမ်း လူသားတို့နှင့် ပို၍ နီးကပ်လာလျက်ရှိပြီး သူ၏တရားစီရင်ရာပလ္လင်ကိုလည်း အလင်း၏မြန်နှုန်းဖြင့် စကြဝဠာ၌ နေရာချထားသည်၊ ယင်းနောက်တွင် သူ၏ပလ္လင်သည် ငါတို့အလယ်သို့ ချက်ချင်း ဆင်းသက်လာမည် ဖြစ်သည်။ ထိုမြင်ကွင်းသည် ကြီးကျယ်ခမ်းနားသော မြင်ကွင်းပါတကား၊ ခန့်ညားပြီး လေးနက်သော ရင်ဖိုဖွယ် မြင်ကွင်းပါတကား။ ချိုးငှက်ကဲ့သို့သာမက ဟောက်သော ခြင်္သေ့ကဲ့သို့ ဝိညာဉ်တော်သည် ငါတို့အလယ်သို့ ကြွလာသည်။ ဝိညာဉ်တော်သည် ဉာဏ်ပညာဖြစ်၏၊ သူသည် ဖြောင့်မတ်ခြင်းဖြစ်ပြီး ဘုန်းတန်ခိုးကြီးခြင်းဖြစ်၏၊ ထို့ပြင် သြဇာအာဏာကို စွဲကိုင်လျက်၊ ချစ်ခြင်းမေတ္တာ၊ ကရုဏာတို့နှင့်ပြည့်လျက် ငါတို့အလယ်သို့ တိတ်ဆိတ်စွာ ကြွလာသည်။ ဝိညာဉ်တော် ရောက်လာသည်ကို မည်သူမျှ သတိမထားမိကြ၊ မည်သူကမျှလည်း ဝိညာဉ်တော်ကို မကြိုဆိုကြ၊ ထို့အပြင် ဝိညာဉ်တော်လုပ်ဆောင်မည့် အရာအားလုံးကို မည်သူမျှ မသိကြပေ။ လူ၏အသက်တာသည် ပြောင်းလဲခြင်း မရှိပေ၊ သူ့နှလုံးသားသည်လည်း မပြောင်းလဲဘဲ နေ့ရက်များသည် ထုံးစံအတိုင်း ကုန်လွန်သွားသည်။ ဘုရားသခင်သည် ငါတို့အကြား၌ အခြားလူများကဲ့သို့သော လူသားတစ်ဦးအနေနှင့်၊ ထင်ရှားမှုမရှိဆုံး နောက်လိုက်တစ်ဦးအနေနှင့်သာမက သာမန်ယုံကြည်သူတစ်ဦးအနေနှင့် နေထိုင်လျက်ရှိသည်။ သူ၌ ကိုယ်ပိုင်ရှာဖွေနေသည့်အရာများ၊ ကိုယ်ပိုင်ပန်းတိုင်များ ရှိသည့်အပြင် သာမန်လူများ၌ မရှိသည့် ဘုရားသဘောသဘာဝလည်း ရှိသည်။ သူ့မှာ ဘုရားသဘောသဘာဝများ ရှိကြောင်းကို မည်သူမျှ သတိမပြုမိပေ၊ ထို့ပြင် သူ၏ အနှစ်သာရနှင့် လူသား၏ အနှစ်သာရတို့အကြားရှိ ခြားနားမှုကိုလည်း မည်သူကမျှ မသိမြင်ပေ။…

…………

သို့ဖြစ်စေကာမူ ငါတို့အား ကယ်တင်သည့် အလုပ်သစ်ကို လုပ်ဆောင်နေသူသည် လူများအကြား၌ ပုန်းနေသော ထိုသာမန်လူပင် ဖြစ်သည်။ သူသည် ငါတို့အတွက် ဘာကိုမျှ မရှင်းပြပါ၊ အဘယ်ကြောင့် ငါတို့ထံ သူလာခဲ့ကြောင်းကိုလည်း မပြောပြပါ၊ ထိုအစား သူ၏အစီအစဉ်အတိုင်း သူလုပ်ရန်ရည်ရွယ်ထားသည့် အလုပ်ကိုသာ ဖြည်းဖြည်းမှန်မှန် အဆင့်များနှင့် လုပ်နေသည်။ သူ၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များမှာ ပို၍ပင် အကြိမ်ရေစိပ်သည်ထက်စိပ်လာသည်။ နှစ်သိမ့်ခြင်း၊ တိုက်တွန်းခြင်း၊ သတိရစေခြင်း၊ သတိပေးခြင်းမှသည် အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အထိ၊ သိမ်မွေ့၍ သာယာညင်းပျောင်းသော လေသံမှသည် ခက်ထန်၍ ဘုန်းတန်ခိုးရှိသော နှုတ်ကပတ်တော်များအထိ အားလုံးသည် လူ့အပေါ် ကရုဏာတရားကို ပေးအပ်ပြီး လူ့အထဲ၌ စိုးရိမ်ပူပန်ခြင်းကို သွတ်သွင်းပေးသည်။ သူပြောသမျှအားလုံးသည် ငါတို့အထဲရှိ နက်ရှိုင်းသောနေရာ၌ ဖွက်ထားသော လျှို့ဝှက်ချက်များအထိ ရောက်သည်၊ သူ၏နှုတ်ကပတ်တော်များသည် ငါတို့၏ နှလုံးသားများနှင့် ဝိညာဉ်တို့ကို စူးရှစေသည့်အပြင် ငါတို့အနေဖြင့် မည်သည့်နေရာတွင် ပုန်းရမည်ကို မသိလောက်အောင်ပင် မခံမရပ်နိုင်သော အရှက်ကွဲမှုနှင့် ငါတို့ကို ပြည့်စေသည်။…

ငါတို့ သတိမထားမိလိုက်ဘဲနှင့် မထင်ရှားသော ထိုသူသည် ငါတို့ကို ဘုရားသခင်၏ အမှုတော်ထဲသို့ တစ်လှမ်းပြီးတစ်လှမ်း ဦးဆောင်ကာ ခေါ်သွားပြီးဖြစ်သည်။ ငါတို့သည် မရေတွက်နိုင်သော စမ်းသပ်မှုများကို ရင်ဆိုင်ဖြတ်သန်းရသည်၊ မရေတွက်နိုင်သော ဆုံးမမှုများကို ခံရသည်၊ သေခြင်းတရားနှင့် စမ်းသပ်ခြင်းကိုလည်း ခံရသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းကြီးသော စိတ်သဘောထားကို ငါတို့ သင်ယူသိရှိကြသည်၊ သူ၏ချစ်ခြင်းမေတ္တာနှင့် ကရုဏာ၌လည်း မွေ့လျော်ကြသည်၊ ဘုရားသခင်၏ တန်ခိုးကြီးမှုနှင့် ဉာဏ်ပညာကိုလည်း အသိအမှတ်ပြုလာကြသည်၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကိုလည်း မျက်မြင်တွေ့ကြရသည်၊ လူသားကို ကယ်တင်လိုသော ဘုရားသခင်၏ ထက်သန်သည့် ဆန္ဒကိုလည်း မြင်တွေ့ကြသည်။ ထိုသာမန်လူ၏ နှုတ်ကပတ်တော်များအားဖြင့် ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိလာကြသည်၊ ဘုရားသခင်၏ အလိုကို နားလည်လာကြသည်၊ လူ၏ သဘာဝနှင့် အနှစ်သာရကို သိလာကြသည်၊ ထို့ပြင် ကယ်တင်ခြင်းနှင့် စုံလင်ခြင်းကို ရရှိမည့်လမ်းကိုလည်း မြင်လာကြသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို "သေ" စေပြီး ထိုမှတစ်ဖန် ငါတို့ကို "အသစ်တစ်ဖန်ပြန်မွေးဖွား" စေသည်၊ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို နှစ်သိမ့်မှုပေးသည်၊ သည့်အပြင် အပြစ်ရှိကြောင်း ခံစားချက်နှင့် သူ့အပေါ် အကြွေးတင်သည့် ခံစားချက်တို့ဖြင့်လည်း ငါတို့ကို ဖိစီးနှိပ်စက်၏၊ သူ၏နှုတ်ကပတ်တော်များက ငါတို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ပေးသည့်အပြင် အဆုံးမရှိသော နာကျင်မှုကိုလည်း ပေးသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် သူ့လက်ထဲ၌ သတ်ဖို့ရာထားသော သိုးများကဲ့သို့ ဖြစ်၏၊ တစ်ခါတစ်ရံတွင် ငါတို့သည် သူမြတ်နိုးရာ မျက်ရှုပမာများကဲ့သို့ဖြစ်ပြီး သူ၏ ယုယသော ချစ်ခြင်းမေတ္တာ၌ ပျော်မွေ့ကြသည်၊ တစ်ခါတစ်ရံတွင်မူ ငါတို့သည် သူ၏ရန်သူကဲ့သို့ ဖြစ်ပြီး သူ၏စူးစိုက်ကြည့်မှုအောက်တွင် သူ၏အမျက်ဒေါသကြောင့် ပြာမှုန့်ဖြစ်သွားကြ၏။ ငါတို့သည် သူ၏ကယ်တင်ခြင်းကို ခံရသည့် လူသားမျိုးနွယ်ဖြစ်သည်၊ သူ၏အမြင်၌ ငါတို့သည် လောက်ကောင်များ ဖြစ်ကြသည်၊ နေ့ရောညပါ စိတ်ထက်သန်စွာ သူရှာဖွေနေသည့် ပျောက်သောသိုးသငယ်များ ဖြစ်ကြသည်။ သူသည် ငါတို့အပေါ်၌ ကရုဏာထားသည်၊ ငါတို့ကို စက်ဆုပ်ရွံရှာသည်၊ ငါတို့ကို ချီးမြှောက်ပေးသည်၊ နှစ်သိမ့်ပေးသည်၊ တိုက်တွန်းသည်၊ လမ်းပြသည်၊ ဉာဏ်အလင်းရစေသည်၊ ဆုံးမသည်၊ ပဲ့ပြင်သည်၊ ထို့အပြင် ငါတို့ကို ကျိန်ဆဲခြင်းပင် ပြုသည်။ သူသည် နေ့ရောညပါ ငါတို့အတွက် စိုးရိမ်သည်၊ နေ့ရောညပါ ငါတို့ကို ကာကွယ်စောင့်ရှောက်သည်၊ မည်သည့်အခါမျှ ငါတို့အနားမှ မခွာဘဲ ငါတို့အဖို့အလို့ငှာ အလွန်အမင်း ကြိုးစားပြီး ငါတို့အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်သည်။ သေးငယ်ပြီး သာမန်ဖြစ်သော ထိုဇာတိခန္ဓာ၏ မိန့်မြွက်ချက်များအတွင်း၌ ငါတို့သည် ဘုရားသခင်၏ အလုံးစုံကို မွေ့လျော်ကြရပြီး ဘုရားသခင်က ငါတို့ကို ပေးအပ်ထားသော ပန်းတိုင်ကို မြင်ကြရသည်။…

ဘုရားသခင်သည် သူ၏မိန့်မြွက်ချက်များကို ဆက်ပြောလျက်နေသည်၊ သူသည် ငါတို့အား အဘယ်အရာလုပ်သင့်သည်ဆိုခြင်းကို တိုက်တွန်းဖို့နှင့် တစ်ချိန်တည်းတွင် သူ့နှလုံးသားထဲမှ အသံကို ဖော်ပြဖို့အတွက် နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုသည်။ သူ၏နှုတ်ကပတ်တော်များ၌ အသက်နှင့်ဆိုင်သော စွမ်းအားရှိသည်၊ သူ၏နှုတ်ကပတ်တော်များသည် ငါတို့လျှောက်လှမ်းသင့်သည့် လမ်းကို ပြသည်၊ သမ္မာတရားဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း ငါတို့ကို နားလည်စေသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို စတင်ဆွဲဆောင်လာသည်၊ သူ၏ ပြောဆိုဟန်နှင့် လေသံတို့အပေါ် ငါတို့သည် စတင်အာရုံစိုက်လာပြီး ငါတို့၏မသိစိတ်ကလည်း သာမညောင်ညဖြစ်သော ထိုသူ၏ အတွင်းနှလုံးသားထဲက ခံစားချက်များကို စတင်စိတ်ဝင်စားလာသည်။ သူသည် ငါတို့အတွက် အပင်ပန်းခံကြိုးစားသည်၊ အအိပ်ပျက်ခံသည်၊ အစားပျက်ခံသည်၊ ငါတို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ငါတို့အတွက် နာမကျန်းဖြစ်ပြီး ညည်းညူသည်၊ ငါတို့၏ ပန်းတိုင်နှင့် ငါတို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကိုခံသည်၊ ငါတို့၏ ထုံထိုင်းခြင်းနှင့် ပုန်ကန်ခြင်းကြောင့် သူ့နှလုံးသား သွေးထွက်သည်၊ မျက်ရည်ကျသည်။ ထိုသို့သော ဖြစ်ခြင်းနှင့် ရှိခြင်းသည် သာမန်လူနှင့် မသက်ဆိုင်သောအရာများ ဖြစ်သကဲ့သို့ ဖောက်ပြန်သော မည်သည့်လူသားတစ်ဦးမျှ ပိုင်ဆိုင်နိုင်စွမ်း သို့မဟုတ် ရရှိနိုင်စွမ်း မရှိသောအရာများ ဖြစ်သည်။ သာမန်လူများ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို သူပြသပြီး သူ့မေတ္တာသည် ဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်ယောက်၌မျှ မရှိသည့် မေတ္တာဖြစ်သည်။ သူမှအပ မည်သူကမျှ ငါတို့၏ အတွေးများအားလုံးကို မသိနိုင်ပါ၊ သို့မဟုတ် ငါတို့၏ သဘာဝနှင့် အနှစ်သာရကို ရှင်းလင်းပြည့်စုံစွာ သဘောမပေါက်နိုင်ပါ၊ သို့မဟုတ် လူသားတို့၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်နိုင်ခြင်း မရှိပါ၊ သို့မဟုတ် ကောင်းကင်ဘုံမှ ဘုရားသခင်၏ကိုယ်စား ငါတို့ကို စကားပြောပြီး ငါတို့၏အကြား၌ ယခုကဲ့သလို့ အလုပ်မလုပ်နိုင်ပါ။ သူမှအပ မည်သူကမျှ ဘုရားသခင်၏ အာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာကို မပိုင်ဆိုင်ပါ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့၏ အလုံးစုံသည် သူ့အထဲ၌ ပေါ်ထွက်လာသည်။ သူမှအပ မည်သူကမျှ ငါတို့အား လမ်းခရီးကို မပြနိုင်၊ ငါတို့ထံ အလင်းကို မယူဆောင်လာနိုင်ပါ။ သူမှအပ မည်သူကမျှ ဖန်ဆင်းခြင်းကို အစပြုသည့် အချိန်မှ ယနေ့အထိ ဘုရားသခင်ကဖွင့်ပြခြင်း မရှိသော နက်နဲသည့်အရာများကို ငါတို့အား ထုတ်ဖော်ပြသနိုင်စွမ်း မရှိပါ။ သူမှအပ မည်သူကမျှ ငါတို့ကို စာတန်၏ချည်နှောင်မှုနှင့် ငါတို့၏ဖောက်ပြန်သော စိတ်သဘောထားမှ မကယ်တင်နိုင်ပါ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ ဘုရားသခင်၏ အတွင်းနှလုံးသား၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားအားလုံးကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူဖော်ပြသည်။ သူသည် ခေတ်သစ်တစ်ခေတ်၊ ကာလသစ်တစ်ခုကို အစပြုခဲ့ပြီး ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုသာမက အလုပ်အသစ်ကိုလည်း ယူဆောင်လာသည်၊ ထို့ပြင် မရေရာမှုထဲ၌ ရှင်သန်နေသော ငါတို့၏ဘဝကို အဆုံးသတ်ပေးပြီး ကယ်တင်ခြင်းလမ်းကို အပြည့်အဝ ရှင်းရှင်းလင်းလင်း မြင်နိုင်စေလျက် ငါတို့ထံသို့ မျှော်လင့်ခြင်းကို ယူဆောင်လာခဲ့သည်။ သူသည် ငါတို့၏ ဖြစ်တည်မှု အလုံးစုံကို သိမ်းပိုက်ပြီး ဖြစ်သည်၊ ငါတို့၏ နှလုံးသားများကို ရရှိပြီးဖြစ်သည်။ ထိုအချိန်မှ အစပြု၍ ငါတို့၏စိတ်များသည် သတိရှိလာသည်၊ ငါတို့၏ဝိညာဉ်သည် ပြန်လည် အသက်ဝင်လာသည်ဟု ထင်ရသည်။ ငါတို့အကြား၌ နေပြီး ငါတို့၏ ငြင်းပယ်ခြင်းကို အချိန်အကြာကြီး ခံနေခဲ့ရသူဖြစ်သည့် သာမန်ဖြစ်ပြီး မထင်ရှားသော ဤပုဂ္ဂိလ်သည် နိုးနေသည်ဖြစ်စေ အိပ်မက်မက်နေသည်ဖြစ်စေ ငါတို့၏အတွေးများထဲ၌ အမြဲရှိနေသော၊ နေ့ရောညပါ ငါတို့တောင့်တနေသော သခင်ယေရှု မဟုတ်လော။ သူပင်ဖြစ်ပေသည်။ အကယ်စင်စစ် သူပင်ဖြစ်ပေ၏။ သူသည် ငါတို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရားဖြစ်သည်၊ လမ်းခရီးဖြစ်သည်၊ အသက်လည်းဖြစ်သည်။ သူသည် ငါတို့ကို နောက်တစ်ဖန် အသက်ရှင်ခွင့်ပေးသည်၊ အလင်းကို တွေ့ခွင့်ပေးသည်၊ ငါတို့၏ နှလုံးသားများ ခြေဦးတည့်ရာ လျှောက်သွားမနေအောင် တားပေးသည်။ ငါတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်၊ ငါတို့သည် သူ၏ပလ္လင်ရှေ့သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်၊ သူနှင့်မျက်နှာချင်းဆိုင် တွေ့နေရပြီဖြစ်သည်၊ သူ၏မျက်နှာတော်ကို ငါတို့ မြင်တွေ့ပြီးဖြစ်သည်၊ ငါတို့၏ ရှေ့၌ရှိသောလမ်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။ ထိုအချိန်၌ သူက ငါတို့၏နှလုံးသားကို အပြည့်အဝ သိမ်းပိုက်ခဲ့သည်၊ သူမည်သူဖြစ်ကြောင်းကို ငါတို့အနေဖြင့် သံသယမဝင်တော့ပါ၊ သူ့အလုပ်နှင့် သူ၏ နှုတ်ကပတ်တော်ကိုလည်း ငါတို့မဆန့်ကျင်တော့ပါ၊ သူ့ရှေ့၌ ငါတို့သည် ပျပ်ဝပ်နေ၏။ ငါတို့၏ ကျန်ရှိနေသော အသက်တာ၌ ဘုရားသခင်၏ ခြေရာများနောက်သို့ လိုက်လိုသည့်ဆန္ဒ၊ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးသည်ကို ခံလိုသည့်ဆန္ဒ၊ ဘုရားသခင်၏ ကျေးဇူးတော်အတွက် ပြန်လည်ပေးဆပ်လိုသည့်ဆန္ဒ၊ ငါတို့အပေါ်၌ ထားသော သူ၏ချစ်ခြင်းမေတ္တာအတွက် ပြန်လည်ပေးဆပ်လိုသည့်ဆန္ဒ၊ သူ၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်မှုများကို နာခံလိုသည့်ဆန္ဒ၊ သူ့အလုပ်၌ ပူးပေါင်းလုပ်ဆောင်လိုသည့်ဆန္ဒ၊ ထို့ပြင် ငါတို့အား သူတာဝန်ပေးစေခိုင်းထားသည့် အရာကို ပြီးမြောက်စေရန် ငါတို့လုပ်နိုင်သည့်အရာမှန်သမျှကို လုပ်လိုသည့် ဆန္ဒတို့မှလွဲ၍ ငါတို့၌ အခြားဘာဆန္ဒမျှ မရှိပါ။

…………

ငါတို့သည် စာတန်၏ ဖောက်ပြန်သော စိတ်သဘောထားရှိသည့် သာမန်လူတစ်စုသာဖြစ်သည်၊ ခေတ်အဆက်ဆက် မတိုင်မီကတည်းက ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံထားရသူများ ဖြစ်ပြီး နောက်ချေးပုံထဲမှ ဘုရားသခင် ထူမပေးထားသော ချို့တဲ့သူများဖြစ်သည်။ တစ်ချိန်က ငါတို့သည် ဘုရားသခင်ကို ငြင်းပယ်ခဲ့ကြပြီး ပြစ်တင်ရှုတ်ချခဲ့ကြသော်လည်း ယခု၌မူ ဘုရားသခင်က ငါတို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။ ဘုရားသခင်ထံမှ ငါတို့သည် အသက်ကို ရပြီးဖြစ်သည့်အပြင် ထာဝရအသက်လမ်းကိုလည်း ရပြီးဖြစ်သည်။ ကမ္ဘာပေါ်၌ ငါတို့သည် မည်သည့်နေရာ၌ ရှိနေသည်ဖြစ်စေ၊ မည်သို့သော နှိပ်စက်ညှဉ်းပန်းမှုများ၊ ကပ်ဘေးဒုက္ခများနှင့် ကြုံသည်ဖြစ်စေ၊ ငါတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် မဝေးနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သူသည် ငါတို့၏ ကယ်တင်ရှင်ဖြစ်ပြီး ငါတို့၏ တစ်ပါးတည်းသော ရွေးနုတ်ခြင်း ဖြစ်သောကြောင့်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ "ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း" မှ

ယခင်က:ချီဆောင်ခြင်းသည် လူ၏အယူအဆများနှင့် စိတ်ကူးအပေါ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များပေါ်တွင် အခြေခံရမည်။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ