အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၄၇။ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း၏ စစ်မှန်သောအဓိပ္ပါယ်၄၇။ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း၏ စစ်မှန်သောအဓိပ္ပါယ်

ကျန်းဂျွန်း၊ လောင်နင် ပြည်နယ်

ယခင်က ကျွန်ုပ်သည် ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်ခြင်းဆိုသည်မှာ ဘုရားသခင်ကို သစ္စာမဲ့ခြင်း၊ အသင်းတော်ကို စွန့်ခွာခြင်းနှင့် လောကီရေးသို့ ပြန်လှည့်ခြင်း သို့မဟုတ် မိမိ၏တာဝန်မှ လွဲရှောင်သွားခြင်းကို ဆိုလိုသည်ဟု ယုံကြည်ခဲ့သည်။ အဆိုပါအပြုအမူများသည် ပုန်ကန်ခြင်းတွင် ပါဝင်ခဲ့သည်ဟု ကျွန်ုပ်ထင်ခဲ့သည်။ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သူအားလုံးသည် ဘုရားသခင်အားဖြင့် ဖယ်ရှားခြင်းခံရပြီး ၎င်းတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှာလည်း အဆုံးတွင် ကျရှုံးမှုဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျွန်ုသည် ထိုသူတို့လုပ်သကဲ့သို့ ဘုရားသခင်ကို လုံးဝမဆန့်ကျင်မပုန်ကန်ရဘူးဟု ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်၏ကြိုးပမ်းအားထုတ်မှုများအားလုံး၌ သတိထားရှိခဲ့ပြီး အသင်းတော်က ကျွန်ုပ်လုပ်ရန်အတွက်စီစဉ်ခဲ့သော အလုပ်အားလုံးကို ကျိုးနွံစွာ လက်ခံခဲ့သည်။ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို ကောင်းကောင်းမွန်မွန် မလုပ်ဆောင်သောကြောင့် အရေးယူကိုင်တွယ်ခံရပြီး ပြုပြင်ခံရသောအခါ ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်မပျက်ကွက်သကဲ့သို့ စမ်းသပ်စစ်ဆေးခြင်းများကျရောက်သောအခါ မည်သို့အခက်အခဲပင်ဖြစ်ပါစေ ကျွန်ုပ်အသင်းတော်မှလည်း မနှုတ်ထွက်ခဲ့ပါ။ ထို့ကြောင့် ကျွန်ုပ်သည် ဘုရားသခင်ကို တစ်ကြိမ်တခါမျှ မဆန့်ကျင်မပုန်ကန်ခဲ့ဟု ယုံကြည်ခဲ့သည်။ ကျွန်ုပ်သည် ဝိညာဉ်ရေးရာ အသက်တာအချို့ကို ရယူထားပြီးဖြစ်သည်ဟု ခံစားခဲ့ရပြီး အဆုံးတိုင်ဘုရားသခင်နောက်တော်သို့လိုက်ကာ နောက်ဆုံးတွင် ကယ်တင်ခြင်း ကိုရရှိလိမ့်မည်ဟု ကျွန်ုပ်သည် မိမိကိုယ်ကိုယုံကြည်ခဲ့သည်။

တနေ့ ကျွန်ုပ်၏ဝိညာဉ်ရေးနှင့်ဆိုင်သော ဝတ်ပြုခြင်းတွင် တရားဟောချက်တစ်ခု၌ ဤအရာကို ဖတ်မိခဲ့သည်။ “ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည့် မတူညီသောအမျိုးအစားအချို့ရှိပါသည်။ ပုန်ကန်ခြင်း အမျိုးအစားတစ်ခုမှာ သူ၏အလိုတော်ကို ဆန့်ကျင်ခြင်း သို့မဟုတ် သူ၏နှုတ်ကပတ်တော်များကို ဆန့်ကျင်ခြင်းဖြစ်သည်။ နောက်အမျိုးအစားတစ်ခုမှာ မောက်မာသောစိတ်သဘောထားတစ်ခုရှိခြင်း၊ မိမိ၏နှလုံးသားတွင် ဘုရားသခင်မရှိခြင်း၊ ကြွားဝါခြင်း နှင့် ဘုရားသခင်ကို ရန်လိုခြင်းတို့ဖြစ်သည်။ ဤအရာသည် ဘုရားသခင်ကို မနာခံပဲ ဗြောင်ကျကျဖီဆန်ခြင်းဖြစ်သည်။ နောက်ထပ်အမျိုးအစားတစ်ခုမှာ ဘုရားသခင်ကို သစ္စာမဲ့ပြီး စွန့်ပစ်သော ပုန်ကန်ခြင်းဖြစ်သည်။ မိတ်သဟာယဖွဲ့ခြင်းတွင် ကျွန်ုပ်တို့မကြာခဏပြောဆိုသော ပုန်ကန်သော အပြုအမူများသည် ပထမအမျိုးအစားနှစ်ခုကို အဓိက အားဖြင့်ရည်ညွှန်းပါသည်။ အကြောင်းမှာ ဘုရားသခင်ကိုသစ္စာမဲ့သူများနှင့် ဘုရားသခင်ကို စွန့်ပစ် သူများသည် ဘုရားသခင်၏ကယ်တင်ခြင်းနယ်ပယ်အထဲတွင် မရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပါတ်တော်များ ထဲတွင် ဖော်ပြထားသည့် ပုန်ကန်သောအပြုအမူများသည်လည်း ပထမအမျိုးအစားနှစ်ခုဖြစ်သည်။ ပုန်ကန်ခြင်း တတိယအမျိုးအစားကိုမဖော်ပြထားပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို သစ္စာမဲ့ခြင်း သို့မဟုတ် သူ့ကို စွန့်ပစ်ခြင်းသည်သာ ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်ခြင်းအဖြစ်ခေါ်ဆိုနိုင်သည်ဟု ယုံကြည်လျက်၊ သူ၏နှုတ်ကပါတ်တော်ကိုဆန့်ကျင်ခြင်း သို့မဟုတ် မောက်မာသောစိတ်နေသဘောထားရှိခြင်းကို ပုန်ကန်ခြင်းအမျိုး အစားတစ်ခုမဟုတ်သကဲ့သို့ ယုံကြည်လျက်၊ ဘုရားသခင်၏ရည်ရွယ်ထားသောအရာများကို နားလည်မှုလွဲခြင်း သို့မဟုတ် အနက်ဖွင့်လွခြင်းမဖြစ်ရပါ။ ဤအရာသည် တဖက်သတ် နားလည်ခြင်းတစ်ခုဖြစ်သည်။ဤသို့ဆိုလျှင် ပုန်ကန်ခြင်းဆိုတာ အမှန်တကယ် မည်သည့်အရာနည်း။ လူတို့သည် ဤအရာကို အဘယ်ကဲ့သို့ လက်ခံထားရမည်နည်း။ ဘုရားသခင်၏ နှုတ်ကပါတ်တော်အရ ဘုရားသခင်နှင့် သဟဇာတမဖြစ်သော အရာအားလုံးတို့သည် သူ၏ရန်သူများဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပါတ်တော်များကို ဆန့်ကျင်နေသော အရာအားလုံးတို့သည် သူ၏နှုတ်ကပါတ်တော်များကို ဆန့်ကျင်ပုန်ကန်နေခြင်းဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပါတ်တော်များကို ဆန့်ကျင်ပုန်ကန် နေခြင်းသည် ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်နေခြင်းဖြစ်သည်။ သူ၏ရန်သူကဲ့သို့ လုပ်ဆောင်ခြင်းသည်လည်း သူ့ကို ဆန့်ကျင်ပုန်ကန်နေခြင်းဖြစ်သည်။ အဆိုပါ အခြေခံသဘောတရား နှစ်ခုသည် လူသားထင်မြင်ချက်များနှင့် မကိုက်ညီဟု ထင်ရသည်။ သို့သော် ဤအရာသည် ပြဿနာ၏အနှစ်သာရ အတိအကျဖြစ်သည်။” (အထက်အရပ်မှ မိတ်သဟာယပြုခြင်း) ထိုတရားဟောချက်ကို ဖတ်ပြီးနောက် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဆိုသည်မှာ ဘုရားသခင်ကို သစ္စာမဲ့ခြင်း၊ အသင်းတော်ကိုစွန့်ခွာခြင်း သို့မဟုတ် မိမိ၏ တာဝန်မှရှောင်သွားခြင်းစသော ဖော်ပြချက်များမျှသာမဟုတ်ကြောင်း ကျွန်ုပ်နားလည်သဘောပေါက်ခဲ့သည်။ ထိုထက်ပို၍ ဘုရားသခင်၏အလိုတော် သို့မဟုတ် သူ၏နှုတ်ကပါတ်တော်ကို ဆန့်ကျင်သော အပြုအမူများ သို့မဟုတ် သူ့ကို ဆန့်ကျင်သော အပြုအမူများသည်လည်း ပုန်ကန်ခြင်း၏ အသွင်သဏ္ဍာန်များဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် လမ်းညွှန်မှုအောက်တွင် ကျွန်ုပ်သည် ကျွန်ုပ်၏လုပ်ဆောင်ချက်များကို စတင် ပြန်လည်ဆင်ခြင်ခဲ့သည်။ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ အလိုတော်မှာ ကျွန်ုပ်တို့တာဝန်များကို ကျွနုပ်တို့ ဖြည့်ဆည်းကြသည်နှင့် အညီ၊ သမ္မာတရားကို ဆည်းပူးရန်နှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ရှာဖွေရန် ဖြစ်ပေသည်။ သို့ရာတွင် ကျွန်ုပ်သည် ကျွန်ု၏တာဝန်များကို ပြီးမြောက်အောင်ဆောင်ရွက်ရာတွင် အလုပ်နှင့် အသင်းတော်အတွင်း မြင့်မားသောအဆင့်အတန်းရဖို့ရန် ရှာဖွေခြင်းအပေါ်သာအာရုံစိုက်ခဲ့သည်။ ထိုသို့အားဖြင့် ကျွန်ုပ်၏ညီအစ်ကို၊ မောင်နှမများသည် ကျွန်ုပ်ကို ကြည့်ကာ အလွန်အမင်း လေးစားကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏တာဝန်များကို သစ္စာရှိစွာဆောင်ရွက်ဖို့ရန်၊ အခက်အခဲများကြုံတွေ့သောအခါ သူ၏အလိုတော်ကို အရေးထားဖို့ရန် နှင့် ဇာတိသဘောကို စွန့်ပစ်ပြီး သမ္မာတရားကို ကျင့်ဆောင်ဖို့ရန် ကျွန်ုပ်တို့ကို အလိုရှိပါသည်။ သို့ရာတွင် ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ရာတွင် ကြိုးစားအားစိုက်မှုအနည်ဆုံးလိုအပ်သော နည်းလမ်းကိုအမြဲရှာဖွေသည်။ ကျွန်ုပ်သည် ပြီးစလွယ်လုပ်ပြီး ဘုရားသခင်ကို လှည့်စားရန်ကြိုးစားသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏အခက်အခဲများအပေါ် ညည်းညူခြင်း၊ ကျွန်ုပ်၏တာဝန်များကို ပေါ့လျော့ခြင်းများဖြင့် ခက်ခဲသောအချိန်များ၌ ကျွန်ုပ်၏ဇာတိသဘောကိုသာ ဂရုပြုသည်။ ထိုသို့အားဖြင့် ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်မှ လွတ်မြောက်ခြင်းနည်းလမ်းတစ်ခုအဖြစ် လုံးဝလက်လျှော့ဖို့တောင် စဉ်းစားသည်။ ဘုရားသခင်သည် လုံးဝသစ္စာရှိခြင်းနှင့် အပြည့်အဝ ဆက်ကပ်မှုကို တောင်းဆိုပါသည်။ သို့ရာတွင် ဘုရားသခင်၏မျက်မှောက်တော်တွင် ကျွန်ုပ်၏အတွေးအခေါ်များကို ကျွန်ုပ်၏မိသားစုနှင့် ဆွေမျိုးများက မကြာခဏနေရာယူထားကြ၏။ ကျွန်ုပ်သည် ဘုရားသခင်၌ ကျွန်ုပ်၏ ယုံကြည်ခြင်းနှင့် ကျွန်ုပ်၏ တာဝန်ကို ဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်၍ မကြာခဏ စိတ်နှစ်ခွ ရှိလေသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ နှလုံးသားအား ဘုရားသခင်ကို ပေးဖို့ မတတ်နိုင်ပေ။ ဘုရားသခင်သည် သူ့အားဖြင့် ကျွန်ုပ်တို့ စုံလင်စေခြင်းခံရဖို့အလို့ငှာ အရာအားလုံးတွင် ကျွန်ုပ်တို့သင်ယူဖို့နှင့် သူ၏နှုတ်ကပါတ်တော်၏စစ်မှန်မှု ထဲသို့ဝင်ဖို့ စေခိုင်းတော်မူသည်။ သို့သော်၊ ကျွန်ုပ်သည် သဘောမကျသော လူများ သို့မဟုတ် ကိစ္စရပ်များကို တွေ့ကြုံရသောအခါ အရာအားလုံးကို ဘုရားသခင် စီစဉ်ညွှန်ကြားသည်ဟု မယုံကြည်ဘဲ အမှန်များနှင့်အမှားများအကြောင်းကို ချိန်ဆရသည့်သည့်အခြေအနေတစ်ခုတွင် အမြဲအသက်ရှင်နေကြောင်း ကျွန်ုပ်ကိုယ်ကျွန်ုပ် တွေ့ရှိပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံခန့်ခဲမှုများကိုကျွန်ုပ် ကျိုးနွံနာခံနိုင်ခြင်းမရှိပါ။ကျွန်ုပ်တို့သည် သမ္မာတရား၏စစ်မှန်မှုထဲသို့ဝင်ဖို့၊ အမျိုးမျိုးသောပတ်ဝန်းကျင်နှင့် ကျွန်ုပ်တို့အတွက်သူစီစဉ်ထားသော အခက်အခဲ၏အခြေအနေနှင့် စမ်းသပ်မှုအမျိုးမျိုးထဲတွင် သူ၏စုံလင်စေခြင်းကိုကိုလက်ခံဖို့ ဘုရားသခင်စေခိုင်းတော်မူသည်။ ကျွန်ုပ်သည် ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်း၊ အားနည်းချက် သို့မဟုတ် ကျရှုံးခြင်းများ တွေ့ကြုံသောအခါ ကျွန်ုပ်သည် ဘုရားသခင်ကို နားလည်မှုလွဲပြီး အပြစ်တင်သည်။ ရှေ့တွင်ရှိသောလမ်းကြောင်းကို ကျွန်ုပ်စိတ်ပျက်အားလျော့မိပါသည်။ အသင်းတော်အား စွန့်ခွါခြင်းကို ကျွန်ုပ်စဉ်းစားမိသည်အထိ ဘုရားသခင်၌ ကျွန်ုပ်၏ယုံကြည်မှု ပျောက်ဆုံးပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာအသက်တာများ၌ ကျွန်ုပ်တို့ အလေးအနက်ထားဖို့၊ လက်တွေ့ကျဖို့၊ ထိရောက်ဖို့ စေခိုင်းတော်မူသည်။ သို့ရာတွင် ကျွန်ုပ်သည် စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို မကြာခဏလိုက်နာကာ ဘာသာရေးနှင့်ဆိုင်သော ထုံးတမ်းများ၌ ပါဝင်ပတ်သက်မိသည်။အကျိုးဆက်အနေဖြင့် ကျွန်ုပ်အထဲ၌ မကြာခဏ ဘုရားသခင်နှင့် ပုံမှန် ဆက်နွယ်မှုမရှိခြင်းနှင့် ကျွန်ုပ်၏ စိတ်ဝိညာဉ်အတွင်း ထုံထိုင်းမှုတို့ကို ခံစားရလေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏အလုပ်တွင် သူ့ကို သက်သေခံ၊ ချီးမြှောက်ဖို့ နှင့် သူ၏ရှေ့မှောက်သို့လူများကိုဦးဆောင်ခေါ်ယူဖို့ စေခိုင်းတော်မူသည်။ သို့ရာတွင် ကျွန်ုပ်သည် အရာအားလုံးတို့တွင် ကိုယ့်ကိုယ်ကိုယ်ချီးမြှောက်လျက်၊ သက်သေခံလျက်၊ အခြားသူမျာ;သည် ကျွန်ုပ်ကို အမှီပြုအားကိုးကြပြီးစကားနားထောင်ကြစေရန် ပြုလုပ်သည်။ ဤသို့ဖြင့် ၎င်းတို့ကို ကျွန်ုပ်၏ ရှေ့မှောက်သို့ ကျွန်ုပ်ခေါ်ဆောင်လေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကိုသုံးဖို့ စေခိုင်းတော်မူပါသည်။ ထိုသို့တိုင် ကျွန်ုပ်သည် အခြားလူများရှေ့တွင် ကြွားဝါပြီး ကျမ်းဟောင်းတရားများနှင့် အယူဝါဒများအကြောင်းကို ပြောဆိုလေသည်။ ကျွန်ုပ်သည် အခြားသူများကို စည်းမျဉ်းများနှင့် ကန့်သတ်သည်။ ပြဿနာများကို လူ့နည်းလမ်းများအတိုင်းဖြေရှင်းသည်။ အခြားသူများကို ကျွန်ုပ်၏အဆင့်အတန်းဖြင့် ဖိနှိပ်သည်။ ဘုရားသခင်သည် အမှုတော် စီမံခန့်ခွဲမှုများနှင့်အညီကျွန်ုပ်တို့တိတိကျကျအလုပ်လုပ်ဖို့ စေခိုင်းတော်မူပါသည်။ သို့ရာတွင် ကျွန်ုပ်သည် မည်သည့် အခြေခံသဘောတရားမျှ မပါပဲ သင့်တော်သည်ဟုကျွန်ုပ်သုံးသပ်သော နည်းလမ်းဖြင့် အရာရာကိုလုပ်ဆောင်လျက် ကျွန်ုပ်၏တာဝန်ကို ဆောင်ရွက်သောအခါ ကျွန်ုပ်၏ကိုယ်ပိုင်ဆန္ဒနောက်ကို မကြာခဏ လိုက်မိသည်။ စသည်ဖြင့်။ ဤအကျင့်စရိုက်များအားလုံးသည် ဘုရားသခင်၏အလိုတော်နှင့် နှုတ်ကပတ်တော်ကို ကျွန်ုပ်ဆန့်ကျင်မိခဲ့သည့် ပုန်ကန်ခြင်းအခြေအနေများဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ခြင်း၌ရှိကြသည် မဟုတ်လော။

ထိုအခိုက်အတန့်တွင်၊ ကျွန်ုပ်ဘာမှမလုပ်နိုင်ပဲ အလွန်ကြောက်ရွံ့ခြင်းအာရုံအသိတစ်ခုကိုခံစားရသည်။ ကျွန်ုပ်သည်အသင်းတော်ကို သစ္စာမဖောက်သရွေ့ သို့မဟုတ် အသင်းတော်ကိုမစွန့်ခွါသရွေ့ သို့မဟုတ် ကျွန်ုပ်၏တာဝန်ကို မစွန့်ပစ်သရွေ့ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းမရှိကြောင်း မှားယွင်းစွာယုံကြည်နေစဉ်မှာပင် ကျွန်ုပ်၏လုပ်ဆောင်မှုများတွင် မသိလိုက်ပဲ ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်နေခဲ့မိမှန်း ပေါ်လာလေသည်။ထိုအရာအပြင် ကျွန်ုပ်၏ ဝိညာဉ်ရေးရာအသက်တာက ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်နိုင်ခြင်းအဖြစ်မှ ကျွန်ုပ်ကိုလွတ်ကင်းစေသည်ဟု ကျွန်ုပ် အရှက်ကင်းမဲ့စွာ ထင်ခဲ့သည်။ ကျွန်ုပ်သည် အမှန်တကယ်ပင် မိမိကိုယ်ကိုမသိခဲ့ပါ။ ဘုရားသခင်၏နှုတ်ကပါတ်တော်နှင့် ပတ်သက်သော ကျွန်ုပ်၏နားလည်ခြင်းသည် အလွန်တစ်ဖက်သတ်ဆန်ပြီး မလေးနက်ခဲ့ပါ။ ဘုရားသခင်၏နှုတ်ကပါတ်တော်များကပြောသည်မှာ- “ဘုရားသခင်သည် လူသား၏ဗီဇနှင့် အနှစ်သာရကို ထုတ်ဖော်ခဲ့ပြီး ဖြစ်သည်၊ သို့သော်လည်း လူတို့သည် ၎င်းတို့၏ ပြောပုံဆိုပုံ နှင့် လုပ်နည်းကိုင်နည်းတို့မှာ အားနည်းချက်ရှိကြောင်း နှင့် မပြည့်စုံကြောင်းကို နားလည်ကြ၏၊ ထို့ကြောင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်မှာ လူတို့အတွက် အားသွန်ခွန်စိုက်လုပ်ရသော အလုပ်တစ်ခု ဖြစ်လေသည်။ လူတို့က ၎င်းတို့၏ အမှားများမှာ ၎င်းတို့၏ ဗီဇ ထုတ်ဖော်ချက်များ မဟုတ်ဘဲ အမှတ်တမဲ့ ထွက်ပေါ်လာသည့် ခေတ္တခဏဖြစ်သော သရုပ်သကန်များသာ ဖြစ်သည်ဟု ထင်ကြသည်။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဗီဇအကြောင်း သိနားလည်ခြင်းနှင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း”) “လူသားတို့၏ သဘာဝသည် သူတို့၏ဘဝ ဖြစ်သည်။ ထိုသဘာဝသည် သူတို့ ဆက်လက် ရှင်သန်နိုင်ရန် မှီခိုသည့် အခြေခံမူဖြစ်သည်။ ထိုသဘာဝကို သူတို့ပြောင်းလဲနိုင်စွမ်း မရှိပေ။ သစ္စာဖောက်ခြင်း သဘောသဘာဝသည်လည်း ထိုနည်း၎င်းပင်။ သင်သည် ဆွေမျိုးသားချင်းကို သော်၎င်း၊ မိတ်ဆွေ တစ်ဦးတစ်ယောက် ကိုသော်၎င်း၊ သစ္စာဖောက်မှု တစ်ခုခု ကျူးလွန်နိုင်ခြင်းသည် သင်၏ မွေးရာပါ သဘာဝ ဖြစ်သည့် သင့်ဘဝ၏ အစိတ်အပိုင်းတစ်ခုကို သက်သေပြခြင်း ဖြစ်သည်။ ဤအချက်ကို မည်သူမျှ ငြင်း၍မရပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဆိုးရွားလှသော ပြဿနာ— သစ္စာဖောက်ခြင်း (၁)”) ဟုတ်ပါသည်။ ကျွန်ုပ်သည် အပြင်ပန်း ကျင့်ဆောင်မှုများအပေါ်တွင် ညည်းညူတိုင်တန်းသော၊ ဘုရားသခင်ပေါ် ကျွန်ုပ်၏ ယုံကြည်မှုနှင့် ကျွန်ုပ်၏ တာဝန်တွင် အလွန်အမင်း ပုန်ကန်မှု သို့မဟုတ် အာခံမှု မရှိခြင်းတွင်သာ ပြီးဆုံးနေသော၊ သိသာသော အပြစ်ပြုသည့်နည်းလမ်းများဖြင့် ပြုမူမှု မရှိခြင်းတွင် ပြီးဆုံးနေသော်လည်း ကျွန်ုပ်၏ ကိုယ်ပိုင် သဘောသဘာဝကို မသိသော သူ အတိအကျပင် မဟုတ်ပါလား။ ဖောက်ပြန်ပျက်ဆီးသော လူသားမျိုးနွယ်၏ အပြုအမူကို သူတို့၏သဘာဝက လွမ်းမိုးထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏စိတ်နေသဘောထားသည် ကျွန်ုပ်တို့သဘာဝ၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ လူ၏သဘောသဘာဝသည် တော်လှန်ပုန်ကန်လိုသောကြောင့် ကျွန်ုပ်တို့သည် မရှောင်လွဲနိုင်ပဲ ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်လိမ့်မည်။ ဤအရာသည် ကျွန်ုပ်တို့သတိရှိခြင်းအားဖြင့် ထိန်းချုပ်နိုင်သော အရာတစ်ခုမဟုတ်ပါ။ သို့တိုင် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် ထုတ်ဖော်ပြသထားသောအရာနှင့်အညီ ကျွန်ုပ်၏ကိုယ်ပိုင်သဘာဝကို သိခြင်းကို ကျွန်ုပ် အလေးမထားခဲ့ပါ။ ၎င်းအစား ကျွန်ုပ်သည် အပြင်ပန်းကျင့်ဆောင်မှုအချို့ကို ထိန်းသိမ်းခြင်းနှင့် စည်းမျဉ်းအချို့ကို လိုက်လျှောက်ခြင်းမျှဖြင့် ကျေနပ်ခဲ့သည်။ ထိုအရာသည် ဘုရားသခင်နောက်တော်သို့လိုက်သောကျွန်ုပ်၏နှစ်များတလျှောက်လုံးတွင် သမ္မာတရားကိုရရှိရန် အားထုတ်ကြိုးပမ်းမှုတစ်ခုမျှ မရှိသလို၊ ကျွန်ုပ်၏ အသက်တာစိတ်သဘောထားလုံးဝ မပြောင်းလဲသော ရလဒ်ကိုဖြစ်စေခဲ့သည်။ ၎င်းအစား ကျွန်ုပ်သည် ကျွန်ုပ်၏တော်လှန်ပုန်ကန်လိုသောသဘာဝဖြင့် မပြောင်းမလဲအသက်ရှင်ခဲ့သည်။ အကယ်၍ အခြေအနေပေးသည့် ပတ်ဝန်းကျင်တစ်ခုတွင် ကျွန်ုပ်သည် ဒီအတိုင်းဆက်လက်၍ လုပ်ဆောင်လျှင် သို့မဟုတ် ကျွန်ုပ်၏ အသက်ကို အန္တရာယ်ဖြစ်စေနိုင်သည့် ညှင်းပန်းနှိပ်စက်မှုနှင့် ဆင်းရဲဒုက္ခ သို့မဟုတ် အခြေအနေတစ်ခုကို ကျွန်ုပ်ရင်ဆိုင်ရသောအခါ ကျွန်ုပ်၏သဘာဝက ကျွန်ုပ်ကို မလွဲဧကန်လွမ်းမိုးထိန်းချုပ်သွားလိမ့်မည်။ ကျွန်ုပ်သည် အသင်းတော်ကိုသစ္စာမဲ့လိမ့်မည် သို့မဟုတ် အသင်းတော်ကို စွန့်ခွာလိမ့်မည်ဖြစ်သည်။ သို့ဆိုလျှင် ကယ်တင်ခြင်းရဖို့ ကျွန်ုပ်၏အခွင့်အရေးကို လုံးဝဆုံးရှုံးသွားလိမ့်မည် မဟုတ်ပါလား။ ဤသည်မှာ အမှန်စင်စစ် အန္တရာယ်ရှိသောလမ်းတခုဖြစ်သည်။

ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်ခြင်းနှင့်ပတ်သက်ပြီး ကျွန်ုပ်၏မှားယွင်းသည့် နားလည်ခြင်းကို ကုစားပေးသော ကိုယ်တော်၏ပညာညာဏ်အလင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ကိုယ်တော်၏နှုတ်ကပါတ်တော်ကို ချိုးဖောက်ခြင်းနှင့် စွန့်လွှတ်ခြင်းများသည် ပုန်ကန်သောပုံစံများ ဖြစ်ကြောင်း နားလည်ရန် ကိုယ်တော်၏ပညာညာဏ်အလင်းသည် ကျွန်ုပ်ကို စွမ်းဆောင်ပေးခဲ့ပါသည်။ ကျွန်ုပ်သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်ပေါ်နိုင်သည့် အခြေအနေတွင် အမြဲရှိနေကြောင်း၊ ထိုထက်ပင်ပို၍ ကိုယ်တော်ကို သစ္စာဖောက်နိုင်သောအန္တရာယ် နှင့် သူ့ကို စွန့်ပစ်ရနိုင်သည့် အန္တရာယ်ထဲတွင် အမြဲရှိနေကြာင်းကျွန်ုပ်ကို ပြခဲ့သည်။ ဤနေ့မှစရှေ့ဆက်ပြီး သမ္မာတရား၏အနှစ်သာရကို မှန်ကန်စွာနားလည်ရန် နှင့် သမ္မာတရား၏ စံချိန်စံညွှန်းများနှင့်အညီ တိကျစွာကျင့်ဆောင်ရန်နှင့်ဝင်ရောက်ရန် ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အားထုတ်ချင်လာပြီး ကိုယ်တော့်နှုတ်ကပတ်တော်၏အစစ်အမှန်တရားကို ပို၍အလေးထား စဉ်းစားချင်လာသည်။ ကျွန်ုပ်သည် အခြေအနေများအားလုံးတွင် ဘုရားသခင်၏မိန့်မြွက်ချက်များကို ထိန်းသိမ်းရန်နှင့် ကျွန်ုပ်၏တော်လှန်ပုန်ကန်မှုပြဿနာကို မှန်ကန်စွာ ဖြေရှင်းရန် ခိုင်မာသည့်ဆုံးဖြတ်ချက်ချထားပါသည်။

ယခင်က:သမ္မာတရားကို အမှန်တကယ် လက်ခံခြင်းဆိုသည်မှာ အဘယ်နည်း

နောက်တစ်ခုသို့:အမည်ခံလူကောင်းတစ်ဦး၏ မှန်ကန်သောစိတ်သဘောထား

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ