အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၇။ သမ္မာတရား၏ လက်တွေ့ကျခြင်းနှင့် ဓမ္မပညာဆိုင်ရာ အသိပညာတို့ကို ပိုင်းခြားသိမြင်ပုံ

၁) သမ္မာတရားကား အဘယ်နည်း။ သမ္မာကျမ်းစာ အသိပညာနှင့် အယူဝါဒမှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” (ယော ၁:၁)

“နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍။” (ယော ၁:၁၄)

ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။” (ယော ၁၄:၆)

သူတို့ကို သန့်ရှင်းစေ တော်မူပါ။...နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်ပါ၏။” (ယော ၁၇:၁၇)

ဟေရှာယသည် လျှို့ဝှက်သော သင်တို့ကိုရည်မှတ်လျက်၊ ဤလူမျိုးသည် နှုတ်ခမ်းနှင့်ငါ့ကို ရိုသေ ကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေပေးလျက်ပင်၊ ငါ့ကို အချည်းနှီးကိုးကွယ် ကြ၏ဟု၊ နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီ။ အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူ သော လူတို့မှ ဆက်ခံသောနည်းဥပဒေသကို ခံယူလျှက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ ရှိကြ၏။ သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကိုကျင့်ရသော အခွင့်ရှိစေခြင်းငှါ၊ ဘုရားသခင်၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။...မိမိတို့အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပယ်ကြ၏။ ထိုသို့သောအကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ၏။” (မာ ၇:၆-၁၃)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူ့စကားနှင့်ပြောဆိုသည့်သမ္မာတရားသည် လူသား၏ ဆောင်ပုဒ်မျှသာဖြစ်၏၊ လူသားသည် ၎င်းကို မည်သည့်အခါမျှ အပြည့်အဝ တွေ့ကြုံခံစားရလိမ့်မည် မဟုတ်၊ ထို့အပြင် လူသားသည် ၎င်းအပေါ်အားထားကာ အသက်ရှင်သင့်သည် ဟူသည်ကို မြင်တွေ့နိုင်၏။ သမ္မာတရားတစ်ချက်သည် လူသားတစ်ရပ်လုံးကို နှစ်ပေါင်းထောင်ပေါင်းများစွာ ရှင်သန်နေစေနိုင်သည်။

သမ္မာတရားသည် ဘုရားသခင်ကိုယ်တိုင်၏ စိတ်သဘောထား၊ သူကိုယ်တိုင်၏ အနှစ်သာရနှင့် သူ့အတွင်းရှိ ခပ်သိမ်းသောအရာတို့ကို ကိုယ်စားပြုနေသည့် ဘုရားသခင်ကိုယ်တိုင်၏ အသက်ဖြစ်၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း သင် အမှန်တကယ် သိသလော။” မှ

သမ္မာတရားက ပုံသေကားကျ မဟုတ်သကဲ့သို့ နိယာမတစ်ခုလည်းမဟုတ်ပေ။ သမ္မာတရားသည် အသေမဟုတ်ပေ။ အသက်ပင်ဖြစ်သည်။ အသက်ရှင်သော အရာတစ်ခုဖြစ်သည်။ ဖန်ဆင်းခံတစ်ယောက်က လိုက်နာရမည့် စည်းကမ်းဖြစ်ပြီး လူသားတစ်ယောက်က သူတို့ဘဝတွင် ရှိရမည့် စည်းကမ်းဖြစ်ပါသည်။ ၎င်းသည် အတွေ့အကြုံမှတဆင့် သင်ပို၍ နားလည်ရမည့်အရာတစ်ခုဖြစ်ပါသည်။ သင့်အတွေ့အကြုံသည် ဘယ်အဆင့်ကို သင်ရောက်နေပါစေ၊ ဘုရားသခင်၏နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားထံမှ သင့်ကို ခွဲခြား၍မရနိုင်ပေ။ ဘုရားသခင်၏ စိတ်သဘောထားကို သင်နားလည်သောအရာနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သင်သိသောအရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားပါသည်။ ဤအရာတို့သည် သမ္မာတရားနှင့် ခွဲခြား၍မရအောင် ဆက်သွယ်နေပါသည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကိုယ်၌က သမ္မာတရားဖြစ်သည်။ သမ္မာတရားသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်း၏ စစ်မှန်သော ထင်ရှားပြသခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဤအရာက တိကျစစ်မှန်စေပြီး တိတိကျကျ ဖော်ပြပါသည်။ ၎င်းက ဘုရားသခင် ဘာကိုကြိုက်သည်၊ သူဘာကို မကြိုက်၊ သင့်ကို သူက ဘာလုပ်စေလိုသည်၊ သင့်ကို သူက မည်သည်တို့ကိုလုပ်ရန် ခွင့်မပြု၊ မည်သို့သောလူတို့ကို သူစက်ဆုပ်ပြီး မည်သို့သောလူတို့ကို သူကျေနပ်ဝမ်းမြောက်သည်ဆိုသည်တို့ကို ရှင်းရှင်းလင်းလင်း ပြောပြပါသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရား၏နောက်တွင် လူတို့သည် သူ၏ကျေနပ်မှု၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းနှင့် သူ၏ အနှစ်သာရကို မြင်နိုင်ပါသည်။ ဤအရာသည် သူ၏စိတ်သဘောထားကို ဖွင့်ပြခြင်းပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

သမ္မာတရားသည် ဘဝဆောင်ပုဒ်များ၏ အစစ်မှန်ဆုံးသောအရာဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအကြား ထိုကဲ့သို့ဆောင်ပုဒ်များ၏ အမြင့်ဆုံးသောအရာဖြစ်သည်။ ယင်းမှာ ယင်းမှာ ဘုရားသခင်က လူသားအပေါ် တောင်းဆိုချက်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အမှု ဖြစ်သောကြောင့် ယင်းကို ဘဝ၏ ဆောင်ပုဒ်ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာမှ ကောက်ချက်ချ ထားသော ဆောင်ပုဒ်တစ်ခု မဟုတ်သလို၊ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးထံမှ နာမည်ကျော်ကိုးကားချက်တစ်ခုလည်း မဟုတ်ပေ၊ ယင်းအစား၊ ၎င်းမှာ လူသားမျိုးနွယ်ဆီ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အရှင်သခင်ထံမှ မိန့်မြွက်ချက်ဖြစ်ပြီး၊ လူသားမှ ကောက်ချက်ချ ထားသော စကားလုံးအချို့မဟုတ်ဘဲ ဘုရားသခင်၏ ပင်ကိုအသက်ဖြစ်သည်။ ထို့ကြောင့်၊ ယင်းကို ဘဝဆောင်ပုဒ်အပေါင်း၏ အမြင့်ဆုံးဟု ခေါ်ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” မှ

ဘုရားသခင် လုပ်ဆောင်သောအရာတိုင်းက သမ္မာတရားနှင့် အသက်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သမ္မာတရားသည် သူတို့ဘဝ၌ မရှိ၍မဖြစ်သောအရာ၊ မရှိဘဲနှင့် လုံးဝ မပြုလုပ်နိုင်သောအရာဖြစ်ပါသည်။ အကြီးမြတ်ဆုံးအရာဟုလည်း သင်ဆိုနိုင်သည်။ ထိုအရာကို သင်ကြည့်၍မရ၊ ထိ၍မရသော်လည်း သင့်အတွက် ဤအရာ၏ အရေးကြီးသောအချက်ကို သင်လျစ်လျူရှု၍မရပါပေ။ သင့်နှလုံးသားကို ငြိမ်ဝပ်ခြင်း သယ်ဆောင်ပေးနိုင်သော တစ်ခုတည်းသော အရာဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

အချို့သူများသည် အမှုဆောင်၍ တရားဟောကာ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့နေပုံပေါက်သော်လည်း ၎င်းတို့ ဆွေးနွေးနေသမျှအကြောင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ တိုက်ရိုက်အနက်အဓိပ္ပာယ်များ အကြောင်းသာဖြစ်၍ ထိရောက်သောအရာ တစ်ခုမျှ ပြောဆိုခြင်း မရှိပေ။ သူတို့၏ ဒေသနာများသည် ဘာသာစကား ပြဋ္ဌာန်းစာအုပ်မှ သင်ကြားနေသကဲ့သို့ဖြစ်၏၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်ချက်ပြီးတစ်ချက်၊ တစ်ကဏ္ဍပြီးတစ်ကဏ္ဍ စီစဉ်ထားပြီး၊ ၎င်းတို့ပြီးဆုံးသွားသည့်အခါ လူတိုင်းက “ဤသူသည် လက်တွေ့အရှိတရားကိုပိုင်ဆိုင်၏။ ဤမျှ အသေးစိတ်ကျကျဖြင့် အလွန်ကောင်းမွန်စွာ ဟောကြား၏” ဟုပြောလျက် ချီးကျူးထောမနာပြုကြ၏။ ၎င်းတို့ဟောကြားပြီးသောအခါ အားလုံးစုပေါင်း၍ လူတိုင်းထံပို့ရန် အခြားသူများအား ခိုင်းကြ၏။ ၎င်းတို့၏ ပြုမူမှုများသည် အခြားသူများအပေါ် လိမ်လည်လှည့်ဖြားမှုဖြစ်လာကာ ၎င်းတို့ဟောကြားသမျှသည် မှားယွင်းသော အတွေးများသာဖြစ်၏။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသာ ဟောကြားနေပြီး သမ္မာတရားနှင့် ကိုက်ညီပုံရ၏။ သို့သော် သာ၍စေ့စပ်သေချာစွာ ပိုင်းခြားသိမြင်ကြည့်ပါက ယင်းသည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများနှင့် လွဲမှားသော တွေးခေါ်မြော်မြင်မှုနှင့်အတူ လူသား၏ စိတ်ကူးစိတ်သန်းအချို့နှင့် အယူအဆများအပြင် ဘုရားသခင်အား ဘောင်ခတ်ထားသည့် အစိတ်အပိုင်းအချို့မှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ကြောင်း သင်တို့တွေ့လိမ့်မည်။ ဤသို့သော ဟောကြားမှုသည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်းတစ်ရပ် မဟုတ်သလော။ ယင်းသည် ဘုရားသခင်အား ဆန့်ကျင်သည့် အစေခံခြင်းဖြစ်၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား မရှိပါက ဘုရားသခင်ကို အလွယ်တကူ ပြစ်မှားမိနိုင်သည်” မှ

သင်တို့၏ “သမ္မာတရားကို ပေါင်းရုံးသုံးသပ်ခြင်း” သည် သမ္မာတရားမှ လူတို့အသက်ရရှိစေရန်၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားများအတွင်း ပြောင်းလဲမှု ရရှိစေရန် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ယင်းအစား လူတို့အနေဖြင့် သမ္မာတရားအတွင်းမှ အသိပညာနှင့် အယူဝါဒအချို့ ကျွမ်းကျင်တတ်မြောက်သွားရန် ဖြစ်နေသည်။ သူတို့သည် ဘုရားသခင်၏ အမှုတော်နောက်ကွယ်မှ ရည်ရွယ်ချက်ကို နားလည်ပြီးပုံရသော်လည်း တကယ်တမ်းတွင်မူ သူတို့သည် နှုတ်ကပတ်တော်အချို့နှင့် အယူဝါဒအချို့ကိုသာ ကျွမ်းကျင်တတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား၏ သွယ်ဝိုက်သောအဓိပ္ပာယ်ကို နားမလည်ပေ၊ ယင်းသည် ဓမ္မပညာလေ့လာခြင်း၊ သို့မဟုတ် ကျမ်းစာဖတ်ခြင်းနှင့် ကွဲပြားခြင်း မရှိပေ။ ဤစာအုပ်များ၊ သို့မဟုတ် ထိုစာပေများကို သင်ပြုစုပြီးနောက် လူတို့သည် အယူဝါဒ၏ ဤရှုထောင့်၊ သို့မဟုတ် အသိပညာ၏ ထိုရှုထောင့်ကို ပိုင်ဆိုင်ကြသည်။ ထိုသူတို့သည် အယူဝါဒများအကြောင်း ထူးကဲပြောင်မြောက်စွာ ပြောဆိုသူများဖြစ်ကြ၏၊ သို့သော် ထိုသူတို့ စကားပြောပြီးသောအခါ မည်သည့်အရာဖြစ်သနည်း။ ထိုအခါ လူတို့သည် တွေ့ကြုံခံစားနိုင်ကြခြင်း မရှိပေ၊ သူတို့၌ ဘုရားသခင်၏ အမှုတော်ကို နားလည်ခြင်းမရှိဘဲ ၎င်းတို့ကိုယ်ကို နားလည်မှု တစ်စုံတစ်ရာလည်း မရှိပေ။ အဆုံးတွင် ၎င်းတို့ရရှိသွားမည့် အရာအားလုံးမှာ ပုံသေနည်းများနှင့် စည်းမျဉ်းများသာဖြစ်၍ ၎င်းတို့သည် ထိုအရာအနည်းငယ်အကြောင်း ပြောဆိုနိုင်ပြီး အခြားမည်သည့်အရာကိုမျှ ပြောဆိုနိုင်ခြင်း မရှိပေ။ အကယ်၍ ဘုရားသခင်သည် အသစ်သောတစ်စုံတစ်ရာကို ပြုလုပ်ခဲ့ပါက သင်သိသမျှ အယူဝါဒအားလုံးကို ထိုအရာနှင့် ကိုက်ညီအောင် လုပ်နိုင်မည်လော။ သင်၏ထိုအရာများသည် စည်းမျဉ်းများသာဖြစ်၍ သင်သည် လူတို့အား ဓမ္မပညာကို လေ့လာခိုင်းနေခြင်းသာဖြစ်ကာ ၎င်းတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သို့မဟုတ် သမ္မာတရားကို တွေ့ကြုံခံစားခွင့် ပြုနေခြင်း မဟုတ်ပေ။ ထို့ကြောင့် လူတို့ပြုစုသော ထိုစာအုပ်များသည် ၎င်းတို့ကို ဓမ္မပညာနှင့် အသိပညာ၊ ပုံသေနည်းများ၊ စည်းမျဉ်းများနှင့် အစဉ်အလာများအတွင်းသာ ခေါ်ဆောင်လာနိုင်၏။ ၎င်းတို့သည် လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လာနိုင်ခြင်း မရှိ၊ သို့တည်းမဟုတ် သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို နားလည်ခွင့် မပြုနိုင်ပေ။ ၎င်းတို့သည် မေးခွန်းတစ်ပြီးတစ်ခု ထုတ်ကြပြီးနောက် ထိုမေးခွန်းများကို ၎င်းတို့ဖြေကြကာ အကြမ်းဖော်ပြချက်များနှင့် အကျဉ်းချုပ်များကို ချရေးပြီးသည့်နောက်တွင် သင်၏ညီအစ်ကိုမောင်နှမများက ထိုအရာတို့ကို အလွယ်တကူ နားလည်နိုင်ကြလိမ့်မည်ဟု သင်ထင်၏။ ဤအချက်များသည် မှတ်မိရန် လွယ်ကူသည့်အပြင် တစ်ချက်ကြည့်ရုံမျှဖြင့် ရှင်းနေကာ ယင်းသည် အမှုအရာများကို လုပ်ဆောင်ရာ၌ လွန်စွာကောင်းမွန်သော နည်းလမ်းတစ်ရပ်ဖြစ်သည်ဟု သင်ထင်၏။ သို့ရာတွင် ၎င်းတို့နားလည်နေသည်မှာ သမ္မာတရား၏ သွယ်ဝိုက်သောအဓိပ္ပာယ် အစစ်အမှန် မဟုတ်၊ လက်တွေ့အရှိတရားနှင့် မကိုက်ညီပေ၊ ယင်းသည် စကားလုံးများနှင့် အယူဝါဒများသာဖြစ်၏။ ထို့ကြောင့် ဤအရာများကို သင်လုံးဝ မလုပ်ဆောင်လျှင် ပိုကောင်းလိမ့်မည်။ ဤသို့ပြုနေခြင်းသည် လူတို့အား အသိပညာကို နားလည်ပြီး ကျွမ်းကျင်တတ်မြောက်စေရန် ဦးဆောင်နေခြင်းဖြစ်၏။ သင်သည် အခြားသူများအား ဘာသာရေးအယူဝါဒများအတွင်းသို့ ခေါ်ဆောင်လာပြီး ဘာသာရေးအယူဝါဒများအတွင်း ဘုရားသခင်နောက်လိုက်စေ၍ ဘုရားသခင်အား ယုံကြည်စေခြင်းဖြစ်၏။ ယင်းမှာ ပေါလုကဲ့သို့ပင် ဖြစ်နေခြင်း မဟုတ်လော။ သမ္မာတရားကို သိခြင်းအရာ၌ ကျွမ်းကျင်တတ်မြောက်ခြင်းသည် အထူးသဖြင့် အရေးပါသည်ဟု သင်ထင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်များကို အာဂုံဆောင်နိုင်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းရှိ အယူဝါဒများအကြောင်း ပြောဆိုခြင်းနှင့် ပုံသေနည်းများကို ရှာဖွေတွေ့ရှိခြင်းတို့သည် အလွန်အရေးကြီးသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူတို့ မည်သို့နားလည်သည်မှာ လုံးဝအရေးမကြီးဟု သင်တို့ထင်ကြ၏။ ထို့ကြောင့် လူတိုင်းသည် တူညီသော အသိပညာရှိ၍ တူညီသော စည်းမျဉ်းများကို စောင့်ထိန်းစေရေးအတွက်၊ လူတိုင်း တူညီသော ဓမ္မတေးသီချင်း စာရွက်တစ်ရွက်တည်းမှ သီဆိုနေရန်၊ တူညီသော အကြောင်းအရာများကို ပြောဆိုနေရန်နှင့် တူညီသော အယူဝါဒများအကြောင်း ပြောနေရန် သင်တို့အနေဖြင့် ဤအရာများကို အမြဲစနစ်တကျ စီမံလိုသည်၊ ဤသည်မှာ သင်တို့၏ ရည်မှန်းချက်ဖြစ်သည်။ သင်တို့ ဤသို့ပြုနေခြင်းသည် လူတို့နားလည်မှု ရရှိစေရန်အတွက်ဖြစ်သည်ဟု ထင်ရသော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ဤအရာသည် လူတို့အား ဘုရားသခင့်နှုတ်ကပတ်တော်၏ သမ္မာတရားပြင်ပရှိ စည်းမျဉ်းများအလယ်သို့ ခေါ်ဆောင်နေခြင်းဖြစ်သည်ကို သင်တို့လုံးဝမသိပေ။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား မရှိပါက ဘုရားသခင်ကို အလွယ်တကူ ပြစ်မှားမိနိုင်သည်” မှ

ဘုရားသခင်၏နှုတ်ကပတ်တော်ထဲမှ အမှန်တကယ်အဓိပ္ပာယ်ကို စစ်မှန်စွာနားလည်လာခြင်းမှာ ရိုးရှင်းသောကိစ္စမဟုတ်ပေ။ အကယ်၍ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တိုက်ရိုက် အဓိပ္ပာယ်ကို အနက်ကောက်နိုင်ပြီး အယောက်တိုင်းက ကောင်းသည်ဟုဆိုပြီး သင့်ကို လက်မထောင်ပြပါက ၎င်းမှာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ခြင်းအဖြစ် မှတ်ယူသည်ဟုမထင်ပါနှင့်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ခြင်းနှင့်မတူညီပေ။ အကယ်၍ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်အတွင်းမှ အနည်းငယ်သောအလင်းကို ရပြီး ဘုရားသခင်၏နှုတ်ကပတ်တော်၏ စစ်မှန်သော အဓိပ္ပာယ်အကြောင်း အသိတစ်ခုကို သင်ရပါက၊ ယင်းနှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ အလိုတော်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ၎င်းတို့သည် နောက်ဆုံးတွင် မည်သည့်အရာကို ရူရှိမည်ကို သင်ဖော်ပြနိုင်ပါက၊ ဤအရာအားလုံး ရှင်းလင်းသည့်အခါ ဘုရားသခင်၏နှုတ်ကပတ်တော်ကို အဆင့်အနည်းငယ်အထိ နားလည်မှုရှိသည်ဟု မှတ်ယူ၏။ ထို့ကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ခြင်းမှာ အလွန်ရိုးရှင်းသောအရာမဟုတ်ပေ။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော် စာလုံးကို ဝေဝေဆာဆာ ရှင်းပြချက်ပေးနိုင်ခြင်းကြောင့် သင်သည် ၎င်းကို နားလည်သည်ဟု မဆိုလိုနိုင်ပေ။ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော် စာလုံးကို မည်မျှပင် ရှင်းပြနိုင်စေကာမူ ၎င်းမှာ လူသား၏စိတ်ကူးစိတ်သန်းနှင့် တွေးခေါ်ပုံ ဖြစ်နေသေးသည်၊ ၎င်းမှာ အချည်းနှီးပင်ဖြစ်၏။...အကယ်၍ သင်သည် ဤအရာကို တိုက်ရိုက် အနက်ကောက်သောအခါ သို့မဟုတ် သင်၏ကိုယ်ပိုင် အတွေးအခေါ် သို့မဟုတ် စိတ်ကူးစိတ်သန်းဖြင့် အနက်ကောက်သောအခါ၊ သင်သည် မည်မျှပင် အဟောအပြောကောင်းကောင်းဖြင့် အနက်ကောက်နိုင်ပါစေ သင်၏နားလည်မှုမှာ အစစ်အမှန်မဟုတ်ပေ။ သင်သည် အဓိပ္ပာယ်ကို အကြောင်းအရာပြင်ပမှပင် ယူကောင်းယူနိုင်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ကို တလွဲအနက်ကောက်ခြင်း ဖြစ်နိုင်ပြီး၊ ယင်းမှာ ပို၍ပင် ဒုက္ခဖြစ်စေ၏။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိခြင်းမှတစ်ဆင့် သန့်ရှင်းသောဝိညာဉ်တော်ထံမှ ဉာဏ်အလင်းရရှိခြင်းအားဖြင့် သမ္မာတရားကို အဓိကရရှိခြင်းဖြစ်သည်။ ကိုယ်တော်၏နှုတ်ကပတ်တော်၏ တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်ခြင်း သို့မဟုတ် ၎င်းတို့ကို ရှင်းပြနိုင်ခြင်းအား သမ္မာတရားကို ရရှိပြီးသည်ဟု မမှတ်ယူပေ။ အကယ်၍ သင်သည် ကိုယ်တော်၏နှုတ်ကပတ်တော်၏စာလုံးကို အနက်ကောက်ရန်သာ လိုအပ်ပါက သန့်ရှင်းသောဝိညာဉ်တော်ထံမှ ဉာဏ်အလင်းရခြင်း်မှာ အဘယ်အကျိုးရှိအံ့နည်း။ ထိုအခြေအနေတွင် သင်၌ ပညာရေးအဆင့် အချို့ ရှိရန်လိုအပ်ပြီး ပညာမတတ်သောသူများသည် အတန်အသင့် အကျပ်အတည်း ရောက်ကြလိမ့်မည်။ ဘုရားသခင်၏အမှုမှာ လူ့ဦးနှောက်ဖြင့် နားလည်သဘောပေါက်နိုင်သောအရာ တစ်ခုမဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ် စစ်မှန်စွာနားလည်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ထံမှ ဉာဏ်အလင်းဖွင့်ပြခြင်းအပေါ် အဓိကအားဖြင့်မူတည်သည်၊ ယင်းမှာ သမ္မာတရားကို ရရှိသည့်လုပ်ငန်းစဉ် ဖြစ်သည်။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်သည် သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းအားဖြင့်သာ သင်၏စိတ်နေသဘောထား၌ ပြောင်းလဲမှုများကို ရရှိနိုင်သည်” မှ

သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် အများအပြားကို ဖတ်ရှုလေ့လာပြီးသော်လည်း စာသားများ၏ အဓိပ္ပာယ်ကို နားလည်ရုံရှိပြီး သင်တို့၏ လက်တွေ့ကျင့်သုံးမှုများတွင် ဘုရားသခင် ၏ နာမတော်ကို အစဦးအသိဉာဏ်အဖြစ် မထည့်သွင်းပါက သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိမည်မဟုတ်ပေ။ သင် နှင့် ပတ်သက်သမျှတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် အသက်တာ မဟုတ်ပဲ အဓိပ္ပာယ် ကင်း မဲ့သော ကျမ်းဟောင်းတရားများသာဖြစ်ပေလိမ့်မည်။ သင်သည် အသက် မဲ့သော ကျမ်းဟောင်းတရားများကိုသာဆုပ်ကိုင်ထားပါက ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အနှစ်သာရကို ဆုပ်ကိုင် နိုင်မည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ အလိုတော်ကိုလည်း သင်နားလည်မည် မဟုတ်ပေ။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို လက်တွေ့ကျင့်သုံးသည့် အခါမှသာလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုယ်နှိုက်က ၀ိညာဉ်ဆိုင်ရာ အဓိပ္ပာယ်ကို သင့်အားဖွင့်ပြပေးခြင်းဖြင့် သင်သည် အမှန်တကယ် ၀ိညာဉ်ဆိုင်ရာ တန်ဖိုးများကိုဆုပ်ကိုင်နိုင်ပြီး လက်တွေ့ကျင့်သုံးခြင်း ပြုမှသာလျှင် သင်သည် ဘုရားသခင် နာမတော်၏ နက်နဲရာတို့ကို သိမြင် နိုင်ပေမည်။ သင်သည် လက်တွေ့ကျင့်သုံးခြင်း မပြုလျှင် ကိုယ်တော်၏ နှုတ်ကပတ်တော်တို့သည် မည်မျှ ရှင်းလင်းသည်ဖြစ်စေကာမူ သင်ဆုပ်ကိုင် နိုင်သည့် အရာမှာသင်၏ ဘာသာရေးလုပ်ထုံးလုပ်နည်းဖြစ်လာမည့် အဓိပ္ပာယ်မဲ့သောကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်ပေလိမ့်မည်။ ယင်းသည် ဖာရိရှဲတို့၏ ၏လုပ်ကိုင်ပုံ မဟုတ်ပါလော။ သင်တို့သည် ဘုရားသခင်နှုတ်ကပတ်တော်ကိုလက်တွေ့ ကျင့်သုံးပါက ယင်းသည် သင့်အတွက် လက်တွေ့ကျလာလိမ့်မည်။ သင်တို့သည် လက်တွေ့မကျင့်သုံးပါက ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်တို့အတွက် တတိယ မိုးကောင်းကင် ပုံပြင်ထက် အနည်းငယ် သာ ရုံသာရှိပေလိမ့်မည်။...

...လူအများစုတို့သည်ဘုရားသခင်နှုတ်ကပတ်တော်၏စာသားများကိုနားလည် ရုံမျှနှင့်ကျေနပ်ကြပြီး အယူဝါဒများဖြင့် မိမိတို့ကိုယ်ကို လက်နက်အဖြစ် တပ်ဆင်ထားကြကာ ယင်းတို့ကိုနက်ရှိုင်းစွာ ကျင့်သုံးခြင်းမရှိကြပါ။ ယင်းမှာဖာရိရှဲများ၏ နည်းလမ်းကဲ့သို့ပင် မဟုတ်ပါလော။ သို့ဆိုလျှင် “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ဖြစ်သည်” ဟူသော စကားရပ်မှာ သူတို့အတွက်မည်သို့မှန်ကန် နိုင်မည်နည်း။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျင့်သုံးသည့်အခါမှသာလျှင် သူ့အသက်တာသည် အမှန်တကယ် ပွင့်လန်းသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်ကိုဖတ် ရုံမျှဖြင့်မကြီးထွား နိုင်၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ရန်သည်သာ အသက်တာရရှိရန်ဖြစ်သော သင်၏ရပ်တည်ချက် အတွက် လိုအပ်ချက်ဖြစ်သည်ဟုသာ သင်ယုံကြည်ပါက သင်၏ နားလည်မှုသည်မပြည့်စုံနိုင်။ သင်သည်သမ္မာတရားကို ကျင့်သုံးသော အခါတွင်ဘု ရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် နားလည်ပြီး "သမ္မာတရားကို ကျင့်သုံးခြင်းဖြင့်သာလျှင် ထိုအရာကိုနားလည် နိုင်သည်" ဆိုခြင်းကို သင်နားလည်ရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာတရားကိုသင်တို့ နားလည်သည်နှင့်တပြိုင်နက် ကျင့်သုံးကြပါ” မှ

ယခင်က:စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်ကို သုံးပါးတစ်ဆူ ဘုရားသခင်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် ပြစ်မှားပြောဆိုခြင်းဖြစ်သည်

နောက်တစ်ခုသို့:လူတစ်ဦးသည် သမ္မာကျမ်းစာထဲမှ ဓမ္မအသိပညာကို တည်မှီပြီး ဘုရားသခင်ကို ယုံကြည်ပါက မည်သည့်အကျိုးဆက်များ ရှိမည်နည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ