အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၇။ သမ္မာတရား၏ လက်တွေ့ကျခြင်းနှင့် ဓမ္မပညာဆိုင်ရာ အသိပညာတို့ကို ပိုင်းခြားသိမြင်ပုံ

၂) လူတစ်ဦးသည် သမ္မာကျမ်းစာထဲမှ ဓမ္မအသိပညာကို တည်မှီပြီး ဘုရားသခင်ကို ယုံကြည်ပါက မည်သည့်အကျိုးဆက်များ ရှိမည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ ချဉ်း ကပ်၍ နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏။” (မ ၁၅:၇-၉)

“ကျမ်းဟောင်းတရားသည် အသက်ကိုသတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။” (၂ ကော ၃:၆)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဖျက်ဆီးခြင်းခံရသော လူတို့အားလုံးသည် စာတန်၏ထောင်ချောက်တွင် နေကြ၏။ ၎င်းတို့သည် ဇာတိပကတိ၌ နေကြ၏။ အတ္တဆန်သော လိုအင်ဆန္ဒများဖြင့် နေကြကာ ၎င်းတို့အကြားတွင် ငါနှင့်သဟဇာတဖြစ်သူ တစ်ဦးမျှ မရှိပေ။ ငါနှင့် သဟဇာတဖြစ်သည်ဟု ဆိုသူများရှိကြသော်လည်း ၎င်းတို့အားလုံးသည် မရေရာသော ရုပ်တုဆင်းတုများကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ငါ၏နာမအား သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြသော်လည်း ငါနှင့်ဆန့်ကျင်သောလမ်းတွင် လျှောက်လှမ်းကြသည့်အပြင် ၎င်းတို့၏စကားလုံးများသည် ဝင့်ဝါမှု၊ မိမိကိုယ်ကို ယုံကြည်မှုများနှင့် ပြည့်နှက်လျက် ရှိ၏။ အဘယ်ကြောင့်ဆိုသော် အရင်းခံအားဖြင့် ၎င်းတို့အားလုံးသည် ငါ့အပေါ်ဆန့်ကျင်ကြလျက် ငါနှင့် သဟဇာတမဖြစ်ကြသောကြောင့် ဖြစ်၏။ ၎င်းတို့သည် သမ္မာကျမ်းစာထဲတွင် ငါ၏တစ်စွန်းတစ်စလက္ခဏာများကို နေ့စဉ်ရှာဖွေကာ၊ အလျဉ်းသင့်ရာ “သင့်တော်သည့်” ကျမ်းပိုဒ်များကို တွေ့ရှိကြလျက် အတောမသတ်ဖတ်ကြကာ ကျမ်းပိုဒ်များအဖြစ် ရွတ်ဆိုကြ၏။ ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတဖြစ်ရမည်ကို မသိကြပေ။ ငါနှင့်မသင့်မြတ်ခြင်းသည် မည်သည့်အဓိပ္ပာယ်ရှိကြောင်း မသိကြပေ။ ထို့အပြင် ကျမ်းပိုဒ်များကို မျက်ကန်းတောတိုး ဖတ်ရုံသာဖတ်ကြ၏။ ကျမ်းစာအတွင်း၌ ၎င်းတို့မမြင်ဖူးသော၊ မြင်နိုင်စွမ်းမရှိသော မရေရာသည့်ဘုရားသခင် တစ်ပါးကို ၎င်းတို့ ဘောင်ခတ်ထားကာ ၎င်းတို့အားသည့်အချိန်၌ ထုတ်၍ကြည့်ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာ အတိုင်းအတာအတွင်း၌သာ ငါ၏ဖြစ်တည်မှုကို ယုံကြည်ကြ၏။ ၎င်းတို့အတွက် ငါသည် သမ္မာကျမ်းစာနှင့် အတူတူပင်ဖြစ်၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိနိုင်၊ ထို့အပြင် ငါမရှိဘဲ သမ္မာကျမ်းစာမရှိနိုင်ပေ။ ၎င်းတို့သည် ငါ၏ဖြစ်တည်မှု သို့မဟုတ် လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြသော်လည်း သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကာ မြှုပ်နှံကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါသည် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု ၎င်းတို့အများအပြားက ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာအပေါ် အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့်နှုတ်ကပတ်တော်တိုင်းကို တိုင်းတာရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြု၍ ငါ့ကို ပြစ်တင်ရှုတ်ချသည့်အတိုင်းအတာအထိ စကားလုံးများနှင့် ထုတ်ဖော်ချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေနေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းခရီးသော်လည်းကောင်း၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းခရီးသော်လည်းကောင်း မဟုတ်ဘဲ သမ္မာကျမ်းစာ၏စကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းခရီးဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် အရာတစ်ခုခုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများထံမှ တာဝန်ကျေသည့် ဆင်းသက်လာသူများ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလက ယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုကြသော်လည်း၊ အဆုံးတွင် အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ ကားတိုင်၌ရိုက်ထားသည့် အတိုင်းအတာအထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာ၏။ ၎င်းတို့၏အနှစ်သာရကား အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတရှိသည့် လမ်းခရီးကို ရှာဖွေခဲ့ခြင်း မပြုခဲ့သည် မဟုတ်သလော။ သမ္မာကျမ်းစာ၏စကားလုံးတိုင်းအပေါ် ၎င်းတို့စိုးရိမ်လွန်ကဲခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒနှင့် ငါ့အမှု၏ အဆင့်နှင့် နည်းနာများကိုမူ လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာ၏ စကားလုံးများကို တင်းတင်းကျပ်ကျပ် လိုက်နာခဲ့ကြသူများဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်နှင့် ဂုဏ်သိက္ခာကိုထိန်းသိမ်းထားရန်နှင့် သမ္မာတရား၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို လက်ဝါးကပ်တိုင်တွင် ရိုက်ထားသည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် ဤသည်ကို သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်သာနှင့် လူတို့၏နှလုံးသားရှိ သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန် ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ်ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။

ယနေ့လူတို့ရော မည်သို့ရှိသနည်း။ ခရစ်တော်သည် သမ္မာတရားကို ထုတ်ပြန်ရန် ကြွလာခဲ့သော်လည်း ၎င်းတို့သည် ကောင်းကင်ဘုံအတွင်း ဝင်ရောက်နိုင်ရန်နှင့် ကျေးဇူးတော် လက်ခံရရှိရေးအတွက် သူ့အား လူသားအကြားမှ မောင်းနှင်ထုတ်ရန် သာ၍လိုလားခဲ့ကြ၏။ သမ္မာကျမ်းစာ၏ အကျိုးစီးပွားတို့ကို ကာကွယ်ရန် ၎င်းတို့သည် သမ္မာတရားကြွလာခြင်းကို လုံးဝငြင်းဆိုရန် သာ၍လိုလားခဲ့ကြကာ၊ သမ္မာကျမ်းစာ ထာဝရတည်ရှိနေရေး သေချာအောင် ပြုလုပ်ရန် လူ့ဇာတိခံ၍ တဖန်ပြန်ကြွလာသော ခရစ်တော်ကို လက်ဝါးကပ်တိုင်တွင် တဖန်ပြန်၍ရိုက်ထားရန် သာ၍လိုလားခဲ့ကြ၏။ လူသား၏နှလုံးသားသည် မလိုမုန်းထားမှုရှိလွန်းသည့်အခါနှင့် သူ၏သဘာဝသည် ငါ့အပေါ် ဆန့်ကျင်လွန်းသောအခါ၊ သူသည် ငါ၏ကယ်တင်ခြင်းကို မည်သို့ လက်ခံရရှိနိုင်မည်နည်း။ ငါသည် လူသားအကြား နေသော်လည်း လူသားသည် ငါရှိကြောင်းကို မသိပေ။ ငါ၏အလင်းကို လူသားအပေါ်ထွန်းလင်းသည့်အခါ သူသည် ငါ၏တည်ရှိခြင်းကို မသိဘဲရှိနေဆဲဖြစ်၏။ ငါ၏အမျက်ဒေါသကို လူသားအပေါ် လွှတ်လိုက်သည့်အခါ သူသည် ငါ၏တည်ရှိခြင်းကို သာ၍ကြီးမားသော အားမာန်ဖြင့် ငြင်းဆို၏။ လူသားသည် စကားလုံးများနှင့်၊ သမ္မာကျမ်းစာနှင့် သဟဇာတဖြစ်မှု လမ်းခရီးကို ရှာ၏။ သို့ရာတွင် သမ္မာတရားနှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကိုရှာဖွေရန် ငါ့ရှေ့မှောက် လာရောက်သူ တစ်ဦးမျှ မရှိပေ။ လူသားသည် ကောင်းကင်၌ရှိသော ငါ့ကို မျှော်ကြည့်၍ ကောင်းကင်၌ ငါ၏တည်ရှိမှုအတွက် အထူးစိုးရိမ်သော်လည်း ဇာတိပကတိ၌ရှိသောငါ့အကြောင်း မည်သူမျှ ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် လူသားအကြားနေသောငါသည် အရေးမပါလွန်း၍သာဖြစ်သည်။ သမ္မာကျမ်းစာ၏ စကားလုံးများနှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများနှင့် မရေရာသောဘုရားသခင်နှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများသည် ငါ့အတွက် စိတ်ဆင်းရဲစရာ မြင်ကွင်းတစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုးကွယ်သည့်အရာမှာ သက်မဲ့စကားလုံးများနှင့် ၎င်းတို့အား ဖော်မပြသေးသောရတနာများ ပေးနိုင်စွမ်းရှိသော ဘုရားသခင်တစ်ပါးသာဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုးကွယ်သည့်အရာမှာ လူသား၏ ကရုဏာအပေါ် လုံးဝအားထားနေရသော ဘုရားသခင်ဖြစ်ကာ၊ မတည်ရှိသော အရာဖြစ်၏။ ထိုအခါ ထိုသို့သောလူတို့သည် ငါ့ထံမှ မည်သည့်အရာ ရရှိနိုင်မည်နည်း။ လူသားသည် စကားလုံးများအတွက် နိမ့်ကျလွန်း၏။ ငါ့ကိုဆန့်ကျင်သူများ၊ ငါ့အပေါ် အကန့်အသတ်မရှိတောင်းဆိုမှုများ ပြုသူများ၊ သမ္မာတရားကိုမချစ်သူများ၊ ငါ့အပေါ်ပုန်ကန်သူများ— ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတ ဖြစ်နိုင်ကြမည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည်” မှ

ကျမ်းစာ၏စကားလုံးများအကြောင်းသာ ဂရုစိုက်သူများ၊ သမ္မာတရားအကြောင်း သို့မဟုတ် ငါ၏ခြေလှမ်းများကို ရှာဖွေရန် အရေးမစိုက်သူများ— ထိုသူတို့သည် ငါ့ကို ဆန့်ကျင်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ငါ့အား သမ္မာကျမ်းစာနှင့်အညီ ကန့်သတ်ကြကာ၊ သမ္မာကျမ်းစာအတွင်း ငါ့ကို ဘောင်ခတ်ထားကြသဖြင့် ငါ့ကို လွန်ကဲစွာ ပြစ်မှားကြ၏။ ထိုသို့သောသူများ ငါ၏ရှေ့မှောက် မည်သို့လာနိုင်မည်နည်း။ ထိုသူတို့သည် ငါ၏လုပ်ဆောင်ချက်များ၊ သို့မဟုတ် ငါ၏အလိုဆန္ဒ၊ သို့မဟုတ် သမ္မာတရားကို လုံးဝဂရုမစိုက်ဘဲ သေစေသော စကားလုံးများအပေါ်သာ ပူပန်ကြ၏။ ထိုကဲ့သို့သောလူတို့သည် ငါနှင့် မည်သို့ သဟဇာတဖြစ်နိုင်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည်” မှ

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက်ယူဆောင်လာ၍ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသား အသက်ရရှိမည့် လမ်းကြောင်းဖြစ်၍ လူသားက ဘုရားသခင်ကိုသိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်က လက်ခံမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလတွင် ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာပါက သင်သည် ယေရှု၏အတည်ပြုမှုကို မည်သည့်အခါမျှ ရမည်မဟုတ်ဘဲ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်သည် သမိုင်း၏ရုပ်သေးနှင့် အကျဉ်းသားပါ ဖြစ်သောကြောင့်ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်ခံနေရသူများနှင့် သမိုင်း၏ ထိတ်တုံးခတ်ခံနေရသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိနိုင်စွမ်းမည် မဟုတ်ဘဲ မည်သည့်အခါမျှ ထာဝရအသက်၏ လမ်းခရီးကို ရနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၌ရှိသည့်အရာမှာ ပလ္လင်မှစီးဆင်းသည့် အသက်ရေဖြစ်ရမည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ ၎င်းတို့ဖက်တွယ်ထားသည့် ညစ်ညမ်းသောရေများ ဖြစ်ကြသောကြောင့်ဖြစ်၏။ အသက်ရေကို မရရှိသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ ထိုသို့ဖြစ်ပါက ထိုသူတို့သည် ဘုရားသခင်ကို မည်သို့မြင်နိုင်မည်နည်း။ သင်သည် အတိတ်ကိုစွဲကိုင်ထားရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထားရန်သာ ကြိုးစား၍ ရှိနေသည့် အနေအထားကို ပြောင်းလဲရန်နှင့် သမိုင်းကိုစွန့်ပစ်ရန် မကြိုးစားပါက သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင်အမှု၏ အဆင့်များသည် တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မည်ဟည်းနေသော မိုးချုန်းသံကဲ့သို့ ကျယ်ပြန့်၍ တန်ခိုးကြီးမား၏၊ သို့ရာတွင် သင်သည် ထိုင်နေလျက် တုံဏှိဘာဝေသာ ရှိနေကာ ပျက်စီးခြင်းကို စောင့်၏။ သင်၏မိုက်မဲမှုကို စွဲကိုင်လျက် ဘာမျှမလုပ်ဘဲနေ၏။ ဤနည်းအားဖြင့် သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ထင်မှတ်နိုင်မည်နည်း။ သင်စွဲကိုင်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်လျက် မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသူ ဘုရားသခင်အဖြစ် သင်မည်သို့အကြောင်းပြနိုင်မည်နည်း။ သင်၏ အိုဟောင်း၍ အဝါရောင်သန်းနေသော စာအုပ်များရှိ စကားလုံးများသည် ခေတ်သစ်အတွင်း သင့်ကို မည်သို့ချီဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ၎င်းတို့သည် သင့်ကိုမည်သို့ဦးဆောင်လမ်းပြနိုင်မည်နည်း။ ထို့အပြင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်သွားနိုင်မည်နည်း။ သင့်လက်ထဲတွင် ကိုင်ထားသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်ပြီး အသက်ပေးနိုင်သည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းချက်များမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်သော အရာများသာဖြစ်ပြီး သင့်ကိုစုံလင်စေရန် လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ရန်ဝေးစွ လူ့အသက်တာကို သင်သိရန် ကူညီနိုင်သည့် ဉာဏ်ပညာနှင့်ဆိုင်သော စကားလုံးများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကိုပြန်လည်စဉ်းစားရန် အကြောင်းရင်းတစ်ရပ် မပေးပေလော။ အတွင်းတွင် ပါရှိသည့် နက်နဲသောအရာများအား သင့်ကို နားလည်ခွင့် မပေးပေလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

လူအများအပြားသည် ဘုရားသခင်၏ စုံလင်ကွဲပြားသော အမှုအမျိုးမျိုးကို မသိသောကြောင့်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိဉာဏ်နှင့် အယူဝါဒ အနည်းငယ်သာရှိသောကြောင့် ဘုရားသခင်ကို ဆန့်ကျင်၍ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်ပါလော။ ထိုကဲ့သို့သောသူများ၏ အတွေ့အကြုံများသည် အပေါ်ယံသာဖြစ်သော်လည်း ထိုသူတို့သည် သဘောသဘာဝအားဖြင့် မာနထောင်လွှားလျက် စိတ်အလိုလိုက်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ရွံရှာစက်ဆုပ်စရာအဖြစ် သဘောထား၍ သန့်ရှင်းသောဝိညာဉ်တော်၏ စည်းကမ်းများကို လျစ်လျူရှုသည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အတည်ပြုရန် ၎င်းတို့၏ ဟောင်းနွမ်းသော ပေါ့တန်သည့် လျှောက်လဲချက်များကို အသုံးပြုကြ၏။ ထိုသူတို့သည် ဟန်ဆောင်ခြင်းလည်းပြု၍ ၎င်းတို့၏ ကိုယ်ပိုင်အတတ်ပညာနှင့် စာပေကျမ်းဂန်နှံ့စပ်မှုအပေါ်၊ ထို့ပြင် ၎င်းတို့ ကမ္ဘာတစ်ဝှမ်း ခရီးသွားနိုင်စွမ်းအပေါ် လုံးဝယုံကြည်နေကြ၏။ ထိုကဲ့သို့သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်က စက်ဆုပ်မုန်းတီး၍ ငြင်းပယ်သူများ မဟုတ်ပါလော။ ထိုသူများကို ခေတ်သစ်က ဖယ်ရှားလိမ့်မည် မဟုတ်ပါလော။ ဘုရားသခင်၏ ရှေ့မှောက်သို့လာ၍ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် အမြင်တိုသူ လူကလေးများ၊ ၎င်းတို့မည်မျှတော်ကြောင်း ပြရန်သာ ကြိုးစားနေသူများ မဟုတ်ပါလော။ ကျမ်းစာအနည်းအကျဉ်း တတ်ရုံဖြင့် ထိုသူတို့သည် ကမ္ဘာ့ “ပညာရေးလောက” ကို ခွရန်ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံအယူဝါဒဖြင့် ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပြောင်းပြန်လှန်ရန် ကြိုးစားကြသည့်အပြင် ထိုအမှုကို ၎င်းတို့တွေးခေါ်ပုံ နည်းလမ်းအဆင့်ဆင့်၌သာ ဗဟိုပြုထားစေရန် ကြိုးစားကြ၏။ ထို့အပြင် ၎င်းတို့သည် အမြော်အမြင် တိုတောင်းသည့်အတွက် ဘုရားသခင်၏အနှစ် ၆၀ဝ၀ အမှုကို တစ်ချက်ကလေးကြည့်ရန် ကြိုးစားကြ၏။ ထိုသူတို့တွင် စကားပြောစရာ အကြောင်းရင်း တစ်စုံတစ်ရာ မရှိပါတကား။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခြင်းတွင် များစွာအားစိုက်ကြသော်လည်း၊ အသိပညာသာရှိပြီး၊ နောက်ပိုင်းတွင် စစ်မှန်သောလမ်းကြောင်းနှင့် ပတ်သတ်၍ ပြောစရာမရှိကြခြင်းမှာ အဘယ်ကြောင့်နည်း။ အသိပညာရှိခြင်းသည် သမ္မာတရားရှိခြင်းနှင့် တူညီသည်ဟု သင်ထင်ပါသလား။ ယင်းသည် ရှုပ်ထွေးသည့် အမြင်ဖြစ်သည်မဟုတ်ပါလား။ သင်သည် အသိပညာနှင့်ပတ်သတ်လျှင် ကမ်းခြေ၌ သဲပေါများသကဲ့သို့ အတောမသတ်ပြောနိုင်သည်၊ သို့ရာတွင် ထိုအထဲ၌ စစ်မှန်သောလမ်းကြောင်း တစ်ခုမျှ မပါဝင်ပေ။ ဤသို့ပြုခြင်းသည် လူတို့ကို အရူးလုပ်ခြင်းမဟုတ်ပါလား။ သင်သည် ယင်းကို ကျောထောက်နောက်ခံဖို့အတွက် အကောင်အထည်မရှိဘဲ ဗလာသက်သက် ဟန်ပြနေသည် မဟုတ်ပါလား။ ထိုကဲ့သို့သော ပြုမူပုံအားလုံးသည် လူတို့အတွက် အန္တရာယ်ရှိသည်။ အယူအဆပိုမြင့်ပြီး စစ်မှန်မှု ပို၍ ကင်းမဲ့လေလေ၊ လူတို့ကို အရှိတရားသို့ ပို့ဆောင်နိုင်စွမ်း မရှိလေဖြစ်သည်။ အယူအဆမြင့်လေလေ သင်သည် ဘုရားသခင်ကို ပို၍ဖီဆန်ကာ ဆန့်ကျင်မိလေလေဖြစ်သည်။ မြင့်မားသော အယူအဆများကို တန်ဖိုးရှိသည့် ရတနာများသဖွယ် မဆက်ဆံပါနှင့်။ ယင်းတို့သည် မသိမသာနှင့် ပျက်စီးစေပြီး၊ မည်သည့်အသုံးဝင်မှုကိုမျှ မပေးပေ။ အချို့သောသူများသည် အမြင့်ဆုံးအယူအဆများကို ပြောကောင်းပြောနိုင်ပေလိမ့်မည်၊ သို့ရာတွင် ထိုအယူအဆများထဲတွင် အရှိတရားလုံးဝမပါဝင်ပေ၊ အကြောင်းမှာ ထိုသူများသည် ထိုအရာတို့ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရခြင်းမရှိသဖြင့် သူတို့ထံတွင် လက်တွေ့ကျင့်ဆောင်ရန်လမ်းကြောင်း မရှိပေ။ ထိုသို့သောသူများသည် လူတို့ကို မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခေါ်သွားနိုင်စွမ်း မရှိကြဘဲ၊ လူတို့ကို လမ်းလွဲစေခြင်းသာ ပြုကြလိမ့်မည်။ ဤသည်မှာ လူတို့အတွက် အန္တရာယ်ရှိသည် မဟုတ်ပါလား။ အနည်းဆုံးအနေဖြင့် သင်သည် လူတို့၏ လက်ရှိပြဿနာများကို ဖြေရှင်းကာ လူတို့ကို ဝင်ခွင့်ရအောင် ဆောင်ရွက်ပေးနိုင်ရပါမည်။ ဤအရာကိုသာလျှင် ဆပ်ကပ်အပ်နှံခြင်းဟုဆိုနိုင်ပြီး၊ သို့မှသာလျှင် သင်သည် ဘုရားသခင်အတွက် အမှုပြုရန် အရည်အချင်းပြည့်မီမည် ဖြစ်ပါသည်။ ဟိတ်ဟန်များသော၊ စိတ်ကူးယဉ်ဆန်သော စကားလုံးများကို အမြဲတမ်းမပြောပါနှင့်။ လူတို့ကို အတင်းအကျပ် နာခံလာအောင်ပြုရန် မသင့်လျော်သည့် ကျင့်ထုံးများစွာကို အသုံးမပြုပါနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် အကျိုးမရှိဘဲ လူတို့၏ စိတ်ရှုပ်ထွေးခြင်းကိုသာ တိုးလာစေနိုင်ပါသည်။ လူတို့ကို ဤနည်းဖြင့် ဦးဆောင်ခြင်းသည် လူသားတို့ သင့်ကိုရွံရှာလာစေနိုင်သည့် စည်းမျဉ်းများစွာကိုသာ ထွက်ပေါ်လာစေပါလိမ့်မည်။ ဤသည်မှာ လူသားတို့၏ ချို့ယွင်းချက်ဖြစ်ပြီး အမှန်တကယ်ပင် အရှက်ရစရာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်မှု အပေါ်တွင် ပို၍အာရုံစိုက်ပါ” မှ

သင်တို့၏ အသိပညာသည် လူတို့ကို ကာလတစ်ခုအထိသာ ပံ့ပိုးပေးနိုင်သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ အကယ်၍ သင်သည် တူညီသောအရာတစ်ခုကိုသာ ဆက်၍ပြောနေပါက လူအချို့တို့သည် သတိပြုမိကြလိမ့်မည်၊ ၎င်းတို့က သင်သည် အပေါ်ယံဆန်လွန်းကြောင်း၊ နက်နဲစေ့စပ်မှု ကင်းမဲ့လွန်းကြောင်း ဆိုကြလိမ့်မည်။ သင်၌ ရွေးချယ်စရာမရှိဘဲ အယူဝါဒများကို ပြောခြင်းဖြင့် လူများကို ကြိုးစားပြီး လှည့်ဖြားရလိမ့်မည်။ အကယ်၍ ဤကဲ့သို့ သင်ဆက်လုပ်နေပါက သင့်အောက်မှ လူများသည် သင်၏ နည်းစနစ်များ၊ ခြေလှမ်းများ၊ ယုံကြည်ခြင်းနမူနာနှင့် လက်တွေ့ခံစားရခြင်း နမူနာနောက်သို့ လိုက်ကြလိမ့်မည် ဖြစ်၍ ၎င်းတို့သည် ထိုစကားများနှင့် အယူဝါဒများကို လက်တွေ့ကျင့်ဆောင်ကြလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် သင်ဆက်လက်ဟောပြောသောကြောင့် ၎င်းတို့သည် အဆုံးတွင် သင့်ကို စံပြတစ်ဦးအဖြစ် အသုံးပြုလာကြလိမ့်မည်။ အခြားသူများကို သင်ဦးဆောင်ရာတွင် အယူဝါဒများကို သင်ပြောသောကြောင့် သင့်အောက်မှ လူများသည် သင့်ထံမှ အယူဝါဒများကို လေ့လာသင်ယူကြလိမ့်မည်၊ ထို့နောက် အခြေအနေများ တိုးတက်လာသည်နှင့်အမျှ သင်သည် လမ်းမှားနောက်သို့ လိုက်လျှောက်နေပြီးဖြစ်လိမ့်မည် ဖြစ်သည်။ သင့်အောက်မှ လူများသည် သင်ဖောက်သည့် မည်သည့်လမ်းကိုမဆို လိုက်လျှောက်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့အားလုံးသည် သင့်ထံမှ သင်ယူလေ့လာကာ သင့်နောက်သို့ လိုက်ကြသဖြင့် “ငါသည် ယခုသြဇာတိက္ကမကြီးမားပေ၏၊ လူများစွာသည် ငါ့စကားကို နားထောင်ကြပြီး အသင်းတော်သည် ငါ၏စေလိုရာစေဖြစ်သည်” ဟု သင်ခံစားရလိမ့်မည်။ လူသားအတွင်းမှ ဤကဲ့သို့ သစ္စာမဲ့သော သဘာဝဗီဇသည် သင့်အား ဘုရားသခင်ကို ပြယုဂ်တစ်ခုမျှအဖြစ်သို့ မရည်ရွယ်ဘဲ အသွင်ပြောင်းမိအောင် ပြုစေသည်၊ ထို့နောက် သင်ကိုယ်တိုင် ဂိုဏ်းဂဏတစ်မျိုးမျိုးကို တည်ထောင်တော့သည်။ ဤသို့ဖြင့် အမျိုးမျိုးသော ဂိုဏ်းဂဏများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်” မှ

ယခင်က:သမ္မာတရားကား အဘယ်နည်း။ သမ္မာကျမ်းစာ အသိပညာနှင့် အယူဝါဒမှာ အဘယ်နည်း။

နောက်တစ်ခုသို့:နောက်ဆုံးသောကာလတွင် ဘုရားသခင်ဖော်ပြခဲ့သည့် သမ္မာတရားက အဘယ်ကြောင့် လူသားကို သန့်စင်စေနိုင်ပြီး စုံလင်စေကာ လူသား၏အသက် ဖြစ်လာနိုင်သနည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ