အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အောင်မြင်သောသူများ၏ သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

နတ်ဆိုးများ၏ ဖျက်ဆီးခြင်းခံရပြီးလျက် ဘုရားသခင်၏ ကျေးဇူးတော် အဘယ်မျှအဖိုးတန်သည်ကို ကျွန်တော် သာ၍ပင် နားလည်သည်

စုချန်၊ မွန်ဂိုလီးယား အတွင်းပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ကျွန်တော့်နာမည် စုချန် ဖြစ်ပါသည်။ ကျွန်တော်သည် နှစ်တိုင်း အင်ဂျင်နီယာ စီမံကိန်းများတွင် လူအများအပြားပါဝင်သည့် အဖွဲ့များကို ဦးဆောင်နေသည့် အင်ဂျင်နီယာ ကန်ထရိုက်တာ တစ်ဦးဖြစ်ပြီး၊ မနည်းလှသော ဝင်ငွေတစ်ခု ရှိပါသည်။ ကျွန်တော်နှင့် သက်တူရွယ်တူများ၏ အမြင်တွင် ကျွန်တော့်မှာ ပြည့်စုံသည့် မိသားစုတစ်ခု၊ ချောမွေ့သည့် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုနှင့် အကန့်အသတ်မဲ့ အလားအလာများ ရှိသည်။ လူထဲတွင် ကံအကောင်းဆုံးလူ ဖြစ်သည်ဟု သူတို့ ကျွန်တော့်ကို တွေးထင်ခဲ့ကြပေမည်။ သို့သော်၊ တစ်ချိန်တည်းတွင် ရုပ်ဝတ္ထုအလေးပေးသည့် ဘဝနေထိုင်မှုပုံစံတစ်ခုကို ကျွန်တော် ပျော်မွေ့နေခဲ့သည်။ နားလည်ရခက်သော အနှစ်မဲ့သည့် ခံစားချက်တစ်ခု ကျွန်တော့်တွင် အမြဲရှိခဲ့သည်။ ဤသည်မှာ စီမံကိန်းများကို ရယူဖို့ ကျွန်တော့်၏ စဉ်ဆက်မပြတ် အားထုတ်မှုများတွင် အထူးသဖြင့် မှန်ကန်ခဲ့ပေသည်။ ကျွန်တော်သည် သက်ဆိုင်ရာ ဌာနများ၏ ခေါင်းဆောင်များကို သူတို့၏ ခန္ဓာကိုယ် လှုပ်ရှားမှုများမှတစ်ဆင့် သူတို့အတွေးများကို ဖတ်ဖို့ ကြိုးပမ်းအားထုတ်ရင်း၊ ကျွန်တော် လိုချင်သည့်အရာကိုရဖို့ မှန်ကန်သင့်လျော်သည့် ပမာဏလောက်သာ ခယခြင်း၊ မြောက်ပင့်ခြင်းတို့ကိုသာ အမြဲအသုံးချဖို့လိုအပ်လျက်ဖြင့် သူတို့ကို မျက်နှာလိုမျက်နာရလုပ်ခဲ့သည်။ သို့မဟုတ်လျှင်၊ မည်သည့်ငွေမျှ ကျွန်တော် ရှာနိုင်မည်မဟုတ်ပေ။ ထိုအရာအားလုံးအပြင်၊ ကျွန်တော်၏ လုပ်ဖော်ကိုင်ဖက်များကြား လျှို့ဝှက်ကြံစည်မှုများ၊ အချင်းချင်းကို အမြဲအမှီလိုက်ဖို့ သတိထားခြင်း နှင့် သူတို့၏ တွက်ချက်မှုများကိုလည်း ကျွန်တော် ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။ ဤအရာအားလုံးက ကျွန်တော့်ကို ပို၍ပင် ဦးနှောက်ခြောက်စေခဲ့သည်...။ ဤအကြောင်းပြချက်များကြောင့်၊ ကျွန်တော် အလွန်စိတ်ဓါတ်ကျပြီး အလွန်အမင်း ခြေကုန်လက်ပန်းကျခဲ့သည်။ ရုပ်သေးရုပ်တစ်ရုပ်၊ ငွေရှာသည့် စက်ရုပ်တစ်ရုပ်အဖြစ်သို့ ကျွန်တော် ပြောင်းလဲသွားသလိုထင်ရပြီး၊ ကျွန်တော့်၏ ဂုဏ်သိက္ခာနှင့် သမာဓိ အားလုံး လုံးဝ ဆုံးရှုံးခဲ့ရလေသည်။ ဤသည်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့သည့် ၁၉၉၉ ခုနှစ်အထိ ဖြစ်ခဲ့သည်။ အသင်းတော် အသက်တာက ယူဆောင်လာခဲ့သော လွတ်မြောက်မှု၊ ကျွန်တော့် ညီအစ်ကို မောင်နှမများ၏ ရိုးရှင်းမှုနှင့် ရိုးသားမှုတို့အားဖြင့် ကျွန်တော် အလွန်ပင် စိတ်ထိခိုက်ခံစားခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း ညီအစ်ကို မောင်နှမများနှင့်အတူ မိတ်သဟာယဖွဲ့ရင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ ကျွန်တော်တို့ တစ်ဦးချင်း အတွေ့အကြုံများနှင့် အသိပညာတို့ကို အချင်းချင်း ဆွေးနွေးရင်းဖြင့် ဤအသင်းတော်၏ အသက်တာကို ကျွန်တော် အလွန်အသက်ရှင်ချင်ခဲ့သည်။ ဤကဲ့သို့သော အချိန်များကိုလည်း ကျွန်တော် အလွန်ချစ်မြတ်နိုးပါသည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို ဖတ်ရှုခြင်းနှင့် အစည်းအဝေးများတွင် ပါဝင်ခြင်းတို့ကို ကျွန်တော် ဆက်လက်လုပ်ဆောင်သည်နှင့်အညီ၊ သမ္မာတရားများစွာ ကျွန်တော် နားလည်လာခဲ့ပြီး ကျွန်တော့် ဝိညာဉ်က အလွန်ကြီးမားသော လွတ်မြောက်မှုကို ရှာတွေ့ခဲ့သည်။ အသက်ရှင်ဖို့ မှန်ကန်သည့် လမ်းခရီးကို ကျွန်တော် နောက်ဆုံးတွင် ရှာတွေ့ခဲ့ပြီးဖြစ်သလို စစ်မှန်သော ပျော်ရွှင်မှုကို ရှာတွေ့ခဲ့ပြီဖြစ်သည့်အတွက် ကျွန်တော် အထူးသဖြင့် ဝမ်းမြောက်မိခဲ့သည်။ ကျွန်တော့် စိတ်နှလုံးက ဘုရားသခင်အပေါ် ကျေးဇူးတင်ရှိခြင်းနှင့် ပြည့်ခဲ့သည်။ လောက၏ ဆင်းရဲဒုက္ခ ပင်လယ်မှ ကျွန်တော့်ကို ဘုရားသခင်က ကယ်တင်ခဲ့ခြင်းကြောင့် မဟုတ်ခဲ့လျှင်၊ ဘဝတွင် မျှော်လင့်စောင့်စားရမည့်အရာ တစ်ခုမျှ ကျွန်တော် ဘယ်သောအခါမျှ ရှိခဲ့လိမ့်မည်မဟုတ်ပေ။ နောက်ပိုင်းတွင်၊ စစ်မှန်သော လမ်းကို စုံစမ်းသော လူတို့ကို ဝမ်းမြောက်စွာ မမောနိုင်မပန်းနိုင် ထိတွေ့ဆက်ဆံလျက်၊ သူတို့ကို ဘုရားသခင်၏ အသံတော် ကြားပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်စေလျက်ဖြင့်၊ ဧဝံဂေလိတရားကို ကျွန်တော် စတင်တက်တက်ကြွကြွ ဖြန့်ဝေခဲ့သည်။

သို့သော်၊ ဘုရားမဲ့ တရုတ်နိုင်ငံတွင်၊ နိုင်ငံသားများသည် မည်သည့် ဒီမိုကရေစီ သို့မဟုတ် လူ့အခွင့်အရေးမျှ မရှိကြသလို၊ ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်သူများမှာ အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ အကျပ်ကိုင်မှုနှင့် နှိပ်စက်ညှင်းပန်းမှုတို့ကို ကြုံရတတ်လေသည်။ ကျွန်တော်၏ ဘုရားသခင်အပေါ် ယုံကြည်မှုကြောင့်၊ ကျွန်တော်သည်လည်း တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယင်း၏ ရက်စက်ကာ လူမဆန်သည့် ညှင်းဆဲမှုကို ခံခဲ့ရကာ၊ တရုတ်ကွန်မြူနစ်ပါတီ အကျဉ်းထောင်တစ်ခုတွင် နှစ်နှစ်တာနီပါး ငရဲဆန်သော ဘဝကို ကျွန်တော် ကုန်ဆုံးခဲ့ရသည်။ ကျွန်တော့်ဘဝ၏ ခက်ခဲပြီး နာကျင်စရာ ဤအချိန်ကာလကို ကြုံရပြီးနောက်တွင်၊ ဘုရားသခင်ကို တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ကြောက်လန့်တကြား အာခံခြင်းနှင့် သမ္မာတရားကို မုန်းတီးခြင်း၏ ဘီလူးသရဲစီးသော အနှစ်သာရကို ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဆိုသည့် အမှန်တရားအပေါ် သာ၍ပင် နက်ရှိုင်းသော အသိအမှတ်ပြုခြင်းတစ်ခု ရရှိခဲ့သည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်တော့်အသက်ဖြစ်နိုင်ပြီး ကျွန်တော့်အတွက် ရှေ့က လမ်းခရီးကို ညွှန်ပြလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များ၏ စဉ်ဆက်မပြတ် လမ်းပြမှု၊ ကျွန်တော့်ကို ခွန်အားနှင့် ယုံကြည်ခြင်း ပေးခြင်းတို့ကြောင့် မဟုတ်ခဲ့လျှင်၊ ယနေ့ ကျွန်တော် အသက်ရှင်သေးဖို့ ဖြစ်နိုင်မည်မဟုတ်ပါ။ ကျွန်တော့် ဘဝ၏ ကျန်ရှိသည့် အချိန်အတွက် ဘုရားသခင်၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို ကျွန်တော် လုံးဝမေ့လျော့လိမ့်မည် မဟုတ်ပါ။

၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၁၈ရက်နေ့၏ မနက်ခင်းတွင်ဖြစ်ပြီး ကျွန်တော့် ညီအစ်ကို မောင်နှမများနှင့် ကျွန်တော် စည်းဝေးတစ်ခု လုပ်နေစဉ်တွင် ဖြစ်သည်။ ရုတ်တရက်၊ ကြမ်းတမ်းသည့် ရိုက်ခွဲသည့် အသံများ တံခါးမှ ဟိန်းထွက်လာခဲ့သည်။ ကျွန်တော်တို့ မစဉ်းစားနိုင်ခင်၊ ဆယ်ဦးထက်မကသော ရဲအရာရှိများ ဗြုန်းခနဲ ဝင်ရောက်လာသည်။ သူတို့တစ်ဦးချင်းစီက မျက်လုံးများတွင် လူသတ်လိုသည့် အရိပ်အယောင်များဖြင့် နီမြန်းနေခဲ့သည်။ သူတို့ အသုံးပြုသည့် ရဲအချက်အလက်က အချို့သော ရုပ်ရှင်များထဲမှ အထူးသဖြင့် ကြောက်စရာကောင်းသော ဝရမ်းပြေးတစ်ဦး အဖမ်းခံရသည့် မြင်ကွင်းတစ်ခုနှင့် တူလေသည်။ မည်သည့် ရှင်းပြချက်ကိုမျှ မပေးဘဲ၊ ကျွန်တော်တို့ကို မပြေးစေဖို့ ကျွန်တော်တို့၏ ဖိနပ်များကို သူတို့ ချွတ်လိုက်ပြီးနောက် ကျွန်တော်တို့၏ ခါးပတ်များကို ဆွဲထုတ်ကာ ကျွန်တော်တို့ လက်များကို နောက်ကျောဘက်တွင် ချည်ထားလိုက်ကြသည်။ ကျွန်တော်တို့၏ ဆဲလ်ဖုန်းများ၊ နာရီများ၊ ငွေများ၊ စသဖြင့် ကျွန်တော်တို့၏ ကိုယ်ပိုင် ပစ္စည်းများကို သူတို့ လုယက်ခဲ့ကြသည်။ ထို့နောက် ရဲများက ကျွန်တော်တို့ကို နံရံကို နောက်ကျောပေးကာ အတန်းလိုက် ဒူးထောက်ဖို့ ဟိန်းဟောက်ကြပြီး ကျွန်တော်တို့ထဲက တစ်ယောက်ယောက် လှုပ်ရှားဖို့ နှေးကွေးလျင်၊ သူတို့ ကျွန်တော်တို့ကို ကြမ်းပြင်ပေါ် အတင်းဖိထားရင်း ထိုးကြိတ် ကန်ကျောက်ကြလေသည်။ ထို့နောက်တွင်၊ သူတို့ ပရိဘောဂများကို မှောက်လှန်လျက်၊ အိမ်တစ်ခုလုံးကို လှန်လှောမွေနှောက်လျက် နှံ့နှံ့စပ်စပ် ရှာဖွေခဲ့ကြသည်။ တစ်ခဏကြာပြီးနောက်တွင်၊ လုံးဝ ရှုပ်ပွသွားလေသည်။ ဤအရာအားလုံးကို ကြည့်ရှုပြီးနောက်၊ ကျွန်တော်က၊ “ကျွန်တော်တို့ ဘာဥပဒေမှ မချိုးဖောက်ခဲ့ကြဘူး၊ ဒီတော့ ဘာလို့ ကျွန်တော်တို့ကို ခင်ဗျားတို့ ဖမ်းနေကြတာလဲဗျ” ဟု ဒေါသတကြီး မေးလိုက်သည်။ ကျွန်တော် လုံးလုံး အံ့အားသင့်ရသည်မှာ၊ ရဲတစ်ဦးက ကျွန်တော့်ဆီ ပြေးလာပြီး ကျွန်တော့်ကို ကြမ်းပြင်ဆီ လက်သီးတစ်ချက် ထိုးလိုက်ကာ၊ “ဘုရားသခင်ကို ယုံကြည်တဲ့ မင်းတို့ကို ငါတို့ ဖမ်းနေတာကွ။ မင်းတို့ထဲက နောက်ဆုံးတစ်ယောက်စီတိုင်းကို မဖမ်းမိမချင်း ငါတို့ ကောင်းကောင်း အိပ်နိုင်မှာမဟုတ်ဘူး” ဟု အော်လေသည်။ ဤဒေါသပေါက်ကွဲခြင်းက ကျွန်တော့်ကို တိတ်ဆိတ်လျက် ကြက်သေသေသွားစေခဲ့ပြီး အလေးအနက်လည်း ဆင်ခြင်စေခဲ့သည်။ ဘုရားသခင်ကို တရုတ်ကွန်မြူနစ်ပါတီ အစိုးရက အမုန်းတီးဆုံးဖြစ်သည်၊ ထို့ကြောင့် ကျွန်တော်တို့ ယုံကြည်သူများကို ယင်းက အဘယ်သို့ သွားခွင့်ပြုနိုင်မည်နည်း။ ကျွန်တော် အလွန်မျက်စိကန်းခဲ့ပြီး နုံအခဲ့ပေသည်။ ထိုအခိုက်အတန့်တွင်၊ ကျွန်တော်တို့ သက်သေရပ်တည်နိုင်ပြီး ကိုယ်တော့်ကို သစ္စာမဖောက်မိစေဖို့ရန်အလို့ငှာ ကျွန်တော်တို့ကို ကွယ်ကာဖို့ အနူးအညွှတ်တောင်းပန်ရင်း ဘုရားသခင်ထံ တိတ်ဆိတ်စွာ စတင်ဆုတောင်းခဲ့ပါသည်။ နောက်သိပ်မကြာခင်တွင်၊ ကျွန်တော်တို့ကို စောင့်ကြပ်နေခဲ့သည့် ရဲက ကျွန်တော့်ကို စစ်မေးခဲ့သည်။ “နေရာတကာမှာ မင်းရဲ့ ဘာသာတရားကို ဟောပြောဖို့ ဘယ်သူက မင်းကို ပြောခဲ့တာလဲ။ မင်းရဲ့ ခေါင်းဆောင်က ဘယ်သူလဲ။” ကျွန်တော်က၊ “ဧဝံဂေလိတရားကို ကျွန်တော်တို့ ဖြန့်ဝေတာက လုံးဝ ကိုယ့်ဆန္ဒအလျောက် လုပ်ခဲ့တာပါ” ဟု ပြောလိုက်သည်။ “အဓိပ္ပါယ်မရှိတာပဲ။ ဘယ်အပြစ်ကိုမဆို ငြင်းဖို့မကြိုးစားနဲ့ ကောင်လေး၊ ဒါမှမဟုတ်ရင် မကြာခင် အကြောင်းသိအောင် မင်းကို ငါတို့ ပြရလိမ့်မယ်” ဟု သူက ကျိန်ဆဲလေသည်။ ထို့နောက်တွင်ပင်၊ ရဲမေတစ်ဦးက အခြားအခန်းမှ၊ “ငါ့ဆီ အပ်တစ်ခု ယူလာခဲ့။ နင်ကပဲ ငါ့ကို ပုန်းဖို့ ကြိုးစားနေတယ်....” ဟု အော်ဟစ်သည်ကို ကျွန်တော် ကြားရသည်။ ထိုအခိုက်တွင် ညီမငယ်တစ်ယောက် ပျောက်နေသည်ကို ကျွန်တော် သတိထားမိလိုက်သည့်အတွက် ချက်ချင်း ကျွန်တော့် လည်ချောင်းထဲ တစ်ဆို့လာခဲ့သည်။ သူသည် ရဲများ၏ ဖမ်းဆီးခြင်းကို ရှောင်ရှားဖို့ ပုန်းကွယ်ရန် ကြိုးစားခဲ့သော်လည်း သူ့ကို ရှာတွေ့သွားကြပြီဖြစ်သည်။ ရဲမေက သူ့ကို ဖမ်းကိုင်လိုက်ပြီး သူ့ လက်သည်းများ၏ အသားနုထဲ နှင့် သူ၏ ခြေဖဝါးများထဲသို့ ထိုးဖို့ အပ်တစ်ခုကို သုံးလေသည်။ ပြီးလျှင် တစ်ကြိမ်လျှင် သူ၏ ဆံပင်ကိုပင် လက်တစ်ဆုပ်စာ ကြမ်းတမ်းစွာ စတင်ဆောင့်ဆွဲခဲ့သည်။ နောက်ဆုံးတွင်၊ သတိလစ်သွားခဲ့သည့် ညီမလေးကို ထိုနေရာတွင် ချန်ထားခဲ့ကြပြီး ကျွန်တော်တို့အားလုံးကို သူတို့ လုယက်ယူခဲ့ကြသည့် ပိုင်ဆိုင်မှုပစ္စည်းများနှင့်အတူ ဖမ်းဆီးကာ ကျွန်တော်တို့နှင့်အတူ အလျင်အမြန်ထွက်သွားခဲ့ကြလေသည်။

နေ့လည်ခန့်တွင်၊ ကျွန်တော်တို့ကို ရဲများက ရဲစခန်းတွင် ထိန်းသိမ်းခဲ့ကြပြီး၊ ထိုနေရာတွင ကျွန်တော်တို့ကို သူတို့ မကြာခင် သီးသန့် စတင်စစ်မေးခဲ့ကြသည်။ ကျွန်တော့်ကို မေးခွန်းမေးရာတွင် ကွပ်ကဲသူတစ်ဦးက သန်မာပြီး၊ တုတ်ခိုင်သော အရာရှိတစ်ဦးဖြစ်ပြီး စစ်မေးသည့်အခန်းထဲ ကျွန်တော် ဝင်လိုက်သည်နှင့် မရှေးမေနှာင်းတွင် ကျွန်တော့်ကို ဒူးထောက်ချဖို့ အော်ဟစ်ခဲ့သည်။ “ဘုရားသခင်ကိုပဲ ကျွန်တော် ကိုးကွယ်တယ်။ ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းတို့ရဲ့ သခင်ကပဲ ဒူးထောက်ခံရဖို့ ထိုက်တန်တယ်။ ခင်ဗျားရှေ့မှာ ဒူးထောက်ဖို့ ကျွန်တော်လုံးဝ လက်မခံပါဘူး” ဟု ကျွန်တော် ပြန်ပြောလိုက်သည်။ ဤအရာကို သူ ကြားလျှင်ကြားချင်း၊ ကျွန်တော့်ကို လက်ညိုးထိုးကာ၊ “ဒီထဲမှာ ငရဲမင်းတောင်မှ မြေဝယ်မကျ နာခံရတယ်ဆိုတာ မင်းသိသင့်တယ်။ မင်းက ဘယ်သူဖြစ်တယ်လို့ ထင်နေတာလဲကွ။ မင်းကို ငါတို့ နည်းနည်း ဒုက္ခခံရအောင် မလုပ်ရင်၊ ဘယ်သူ အကြီးအကဲလဲဆိုတာ မင်းသိမှာမဟုတ်ဘူး။ အခု၊ မင်းရဲ့ ဒူးတွေကို ထောက်လိုက်စမ်း” ဟု အော်ဟစ်လေသည်။ ဤသို့ အော်လျက်ဖြင့် သူသည် ကျွန်တော့်ကို ကြမ်းပြင်ဆီ ကန်ကျောက်လိုက်လေသည်။ ထို့နောက်တွင် သူက ကျွန်တော့်ကို စတင် စစ်မေးခဲ့သည်- “ငါကို မှန်မှန်ပြော။ မင်းက အသင်းတော် ခေါင်းဆောင်ပဲ မဟုတ်လား။ မင်းရဲ့ အသင်းတော် စာအုပ်တွေကို ဘယ်မှာ မင်း သိမ်းထားတာလဲ။” ပျာယာခတ်လျက်၊ မည်သို့ ပြန်ဖြေရမည်ကို ကျွန်တော် မသိခဲ့ပါ၊ ထို့ကြောင့် ဤဆိုးယုတ်သော ရဲကို ရင်ဆိုင်ရန် ကျွန်တော့်ကို ဉာဏ်ပညာပေးဖို့ ဘုရားသခင်ထံ အဖန်ဖန်သာ တောင်းလျှောက်ခဲ့သည်။ ဆုတောင်းပြီးနောက်တွင်၊ ကျွန်တော် ပိုတည်ငြိမ်သွားကာ ပြန်တက်ကြွလာသလို ခံစားခဲ့ရပြီး၊ “ငါ့ရဲ့ ညီအစ်ကို မောင်နှမတွေကို သစ္စာဖောက်တာထက် ငါ အသေခံလိုက်မယ်။ ဘုရားသခင်ကို ငါ သစ္စာမဖောက်နိုင်ဘူး” ဟု မိမိဘာသာ တွေးမိခဲ့သည်။ ထို့ကြောင့်၊ “ခင်ဗျား မေးနေတဲ့ ဒီအရာတွေ တစ်ခုမှ ကျွန်တော် မသိဘူး။ ကျွန်တော့်ကို ဘာများပြောစေချင်တာလဲ” ဟု ရဲကို ကျွန်တော် ပြောလိုက်သည်။ ဤအရာကို ကျွန်တော် ပြောပြီး မရှေးမနှောင်းတွင် ဆိုးယုတ်သော ရဲက ကျွန်တော့် ခေါင်းကို ပြင်းပြင်းထန်ထန် ထိုးလိုက်ပြီးနောက် ချက်ချင်း သူ၏ လက်သီးများ ခြေထောက်များဖြင့် ကျွန်တော့်ကို ကောင်းကောင်း ဆက်လက်ရိုက်နှက်တော့သည်။ ကျွန်တော် အလွန်ပင်ဆိုးဝါးစွာ အရိုက်ခံရသည်မှာ ကျွန်တော် ကြယ်မြင်လမြင်အထိဖြစ်ခဲ့ပြီး ကျွန်တော့်ခေါင်း စတင် ချာချာလည်သွားခဲ့သည်။ အလွန် ဆိုးဆိုးဝါးဝါး နာကျင်သည်မှာ ကျွန်တော် ဦးခေါင်းခွံ အက်သွားသကဲ့သို့ ခံစားခဲ့ရသည်။ ကြမ်းပြင်ဆီ ကျွန်တော် ဦးစိုက်လျက် ကျွမ်းထိုးမှောက်ခုံကျသွားသည်။ ထို့နောက်၊ ကျွန်တော့်ဆီက သူတို့ ရှာတွေ့ခဲ့သည့် ဧဝံဂေလိ စက္ကူကပ်ကို သူ၏ လက်တွင် ကိုင်လိုက်ပြီး ၊ “ဒီမှာ တွေ့လား။ င ါတို့မှာ သက်သေရှိတယ်၊ ဒီတော့ ပြောဖို့ ငြင်းနေတာ အဓိပ္ပါယ်မရှိဘူးကွ။ ပြောစမ်း။ မင်းက ခေါင်းဆောင်ပဲ၊ ဟုတ်တယ် မဟုတ်လား။ မင်း မဟုတ်ရင်၊ ဒီမှတ်စုတွေ မင်းမှာ ရှိမှာမဟုတ်ဘူး” ဟု ခြိမ်းခြောက်လေသည်။ ကျွန်တော် စကားမပြောသည်ကို တွေ့သည့်အခါ၊ သူက “ခေါင်းမမာစမ်းပါနဲ့။ လုပ်စမ်းပါ၊ ငါတို့နဲ့ ပူးပေါင်းလုပ်ဆောင်လိုက်။ မင်း သိတာ ငါတို့ကို ပြော၊ ပြီးရင် မနက်ဖြန် မင်းကို ထွက်သွားခွင့်ပေးမယ်” ဟု တိုက်တွန်းရင်း မတူကွဲပြားသော နည်းလမ်းတစ်ခုကို ကြိုးစားခဲ့သည်။ ထို့နောက်တွင်ပင်၊ ဘုရားသခင်သည် သူ၏ မိန့်မြွက်ချက်များထဲမှ စာတစ်ပိုဒ်ကို သတိရဖို့ရန် ကျွန်တော့်ကို ဉာဏ်အလင်းပေးခဲ့သည်။ “ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။ ပြင်ပပုံပန်းသဏ္ဌာန်မှာ အလွန်အရေးကြီးသည့်ကိစ္စဟု ထင်စရာမရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်သလား၊ မချစ်ဘူးလားဆိုသည်ကို ဤအရာများက ပြနေသည်။ သင်က ချစ်သည်ဆိုလျှင် သူ့အတွက် သင်၏သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှာဖြစ်ပြီး၊” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်”) ဤသည်မှာ ဝိညာဉ်လောက၏ တိုက်ပွဲတစ်ခုဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ပေးခဲ့သည်။ စာတန်၏ လိမ်လည်လှည့်စားမှုအပေါ် ကျွန်တော် လဲကျ၍မဖြစ်သလို၊ ဘုရားသခင်အတွက် လုံးဝ သက်သေရပ်တည်ရမည်။ သက်သေအထောက်အထားဟု ခေါ်သည့်အရာ သူတို့လက်ထဲတွင် မည်မျှရှိပါစေ၊ အသင်းတော်နှင့် ပတ်သက်သည့် မည်သည့် သတင်းအချက်အလက်ကိုမဆို ကျွန်တော် ဖွင့်မပြောနိုင်ပါ။ ဤသည်မှာ ဘုရားသခင်အတွက် ကျွန်တော်၏ ချစ်ခြင်းမေတ္တာ သက်သေခံချက် ဖြစ်ပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ကျွန်တော် ထိန်းသိမ်းသင့်သည့် ဆက်ကပ်မှုဖြစ်သည်။ ထို့နောက်တွင်၊ ကျွန်တော် ဆုတောင်းပြီး တဖြည်းဖြည်း စိတ်ငြိမ်သွားခဲ့သည်။ ကျွန်တော့်ကို မည်မျှ သူ နှိပ်စက်ပါစေ၊ စကားတစ်ခွန်းမျှ ကျွန်တော် လုံးဝ မပြောခဲ့ပါ။ နောက်ဆုံးတွင်၊ ဆိုးယုတ်သော ရဲက အလွန် စိတ်တိုသွားသည်မှာ တံခါးကို သူဂျိုင်းခနဲပိတ်ပြီး ထွက်သွားခဲ့လေသည်။

တစ်ခဏကြာပြီးနောက်၊ အသက် သုံးဆယ်အရွယ် ရဲတစ်ဦး ဝင်လာခဲ့ပြီး ကြမ်းပြင်မှ ကုလားထိုင်ဆီ ကျွန်တော့်ကို ဖြည်းညင်းစွာ ကူထူပေးခဲ့သည်။ ရေတစ်ခွက်ကိုပင် ပေးပြီးနောက်၊ သူက “ရော့၊ ညီလေး။ ရေနည်းနည်း သောက်လိုက်။ မင်း ဒုက္ခများသွားပြီ” ဟု ပြောလေသည်။ ကျွန်တော် လန့်သွားသည်။ ဘာဖြစ်နေပါသနည်း။ ဤသို့သော နေရာတစ်ခုတွင် တစ်စုံတစ်ဦးက ကျွန်တော့်ကို “ညီလေး” ဟု မည်သို့ ခေါ်နိုင်သနည်း။ ဤအရာကို နောက်ထပ် ကျွန်တော် စဉ်းစားဖို့အချိန်မရခင်တွင်၊ သူက၊ “ညီလေး၊ ဒီရက်တွေမှာ ငါတို့ နည်းနည်း ပိုပြီး လက်တွေ့ကျကျနဲ့ လုံးဝ အလိုက်သင့် နေပေးဖို့ လိုတယ်။ မင်းလို လူတစ်ယောက်အဖို့၊ သူတို့က သေအောင် ရိုက်တာကလွဲလို့ ရွေးစရာမရှိဘူးလေ။ ရိုးရိုးသာသားပြောရရင်၊ ငါလည်း ဘုရားသခင်ကို ယုံကြည်ခဲ့ဖူးတယ်။ ဒါကြောင့် ယုံကြည်ခြင်းရှိတာက ကောင်းတဲ့အရာတစ်ခုဆိုတာ ငါ သိတာပေါ့။ဒါပေမယ့် အဲဒါကြောင့် မင်းအသက်အန္တရာယ် စိုးရိမ်ရတာကို မပြောနဲ့၊ ဆင်းရဲဒုက္ခ သိပ်အများကြီးခံရတာကိုက တန်ကိုမတန်ပါဘူးကွာ။ မင်း ပြစ်ဒဏ်ချခံရရင်၊ အဲဒါက မင်းရဲ့ မိသားစုတစ်ခုလုံးအပေါ် အမဲစက်တစ်ခု ဖြစ်သွားမှာ။ ငါ ထင်တယ်၊ မင်းရဲ့ မိဘနှစ်ပါးလုံး အသက်ရှင်နေဦးမှာပဲ၊ ဟုတ်တယ်နော်။ ထောင်ထဲမှာ နှစ်နည်းနည်းလောက် မင်းအချိန်ကုန်ခဲ့ရင်၊ နောက် မင်းထွက်လာတဲ့ခါ သူတို့ ရှိတော့မှာမဟုတ်ဘူး။ မင်းရဲ့ မိသားစုဝင်တွေက မင်းကို ဘယ်လိုထင်ကြမလဲ...” ဟု ဆက်ပြောခဲ့သည်။ ကျွန်တော့် မိခင်နှင့် ဖခင်တို့အပေါ် ကျွန်တော့် စိတ်ခံစားချက်သံယောဇဉ်က အခြားမည်သူမဆိုထက် ပိုမိုနက်ရှိုင်းသောကြောင့် ဤလူ၏ စကားလုံးတိုင်းက ကျွန်တော့်ကို ရိုးတွင်းခြင်ဆီအထိ နာကျင်စေခဲ့သည်။ ကျွန်တော့်၏ အိုမင်းသည့် မိဘများ၏ ပုံရိပ်များက ကျွန်တော့် စိတ်အာရုံ မြင်ကွင်းရှေ့တွင် ဖျပ်ခနဲပေါ်လာခဲ့သည်၊ ကျွန်တော့်ကို မှောင်မိုက်ခြင်းနှင့် အားနည်းခြင်းလှိုင်းတစ်ခု ဖြတ်သွားသည်ကို ရုတ်ခနဲ ခံစားခဲ့ရပြီး၊ “ဒါ မှန်တယ်။ ငါ ထောင်အချခံရရင်၊ အမေနဲ့ အဖေ ဘာလုပ်ကြမလဲ။ သူတို့ကို ဘယ်သူက စောင့်ရှောက်မှာလဲ...” ဟု တွေးမိခဲ့သည်။ ဤအတွေးက ကျွန်တော့် မျက်လုံးများမှ မျက်ရည်များကို တစ်ဟုန်ထိုးစီးစေခဲ့ပြီး ကျွန်တော် မရပ်တန့်နိုင်ခဲ့ပါ။ ရဲက ချက်ချင်းပင် အခွင့်အရေးကို မလွတ်တမ်းအသုံးချလိုက်ပြီး၊ “ဒီတော့ သူတို့နဲ့ ညီလေး အကောင်းဆုံး ပူးပေါင်းလုပ်ဆောင်သင့်တယ်။ မင်းလုပ်ရင်၊ မနက်ဖြန် မင်း ကို လွတ်ပေးလိမ့်မယ်” ဟု ပြောခြင်းဖြင့် ကျွန်တော့်ကို နောက်ထပ် ဖျောင်းဖျကာ သိမ်းသွင်းဖို့ ကြိုးစားခဲ့သည်။ ဤစကားများကို ကြားရခြင်းက ကျွန်တော့်ကို ရုတ်တရက် လှုပ်နိုးခဲ့ပြီး တကယ်ကို ရှင်းလင်းသည့် ဤစကားများက ကျွန်တော့် စိတ်ထဲသို့ ဝင်းလက်သွားခဲ့သည်- ဘုရားသခင်ကို သစ္စာဖောက်တဲ့ ယုဒတစ်ဦး မင်း မဖြစ်ရဘူး။ သီသီလေးပင် ဖြစ်သည်။ ် ဘုရားသခင်ကို သစ္စာဖောက်စေရန် ကျွန်တော့်ကို သွေးဆောင်ဖို့ စာတန်ကိုယ်တိုင်က ဤမရိုးသားသော ရဲကို စေလွှတ်ခဲ့ခြင်း ဖြစ်ပေသည်။ ထိုအခိုက်အတန့်တွင်၊ ဘုရားသခင်၏ နှုတ်ပတ်တော်များကလည်း ကျွန်တော့်ကို လမ်းပြမှုပေးခဲ့သည်။ “သင်၏သစ္စာစောင့်သိခြင်းနှင့်သာလျှင် သင်သည် မာရ်နတ်၏ ကောက်ကျစ်မှုကို တန်ပြန်တိုက်လှန်နိုင်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ) ရဲများ ပြောခဲ့သမျှတိုင်းက မာရ်နတ်၏ လိမ်လည်လှည့်စားမှုဖြစ်သည်ကို ကျွန်တော် နားလည်လိုက်သည်။ ဘုရားသခင်ကို သစ္စာဖောက်စေရန် ကျွန်တော့်ကို စေ့ဆော်ဖို့ ကျွန်တော့် ဇာတိပကတိ၏ ခံစားချက်ဆိုင်ရာ တွယ်ငြိမှုများကို ၎င်းတို့က ကောင်းကောင်းအသုံးချချင်ခဲ့သည်။ စာတန်၏ လှည့်ဖြားမှုအပေါ် ကျွန်တော် လုံးဝ လဲကျ၍မဖြစ်ပါ။ ထို့နောက်ချက်ချင်း၊ ကျွန်တော့်မိဘများ၏ အရေးကိစ္စများမှာ ကိုယ်တော်၏ သဘောဖြစ်ပြီး သူ၏ လက်တော်ထဲတွင် လုံးဝရှိသည်ကို ယုံကြည်ရင်း၊ ဘုရားသခင်ထံ တိတ်ဆိတ်စွာ ကျွန်တော် ဆုတောင်းခဲ့သည်။ သူတို့အား ဘုရားသခင်၏ အနန္တတန်ခိုးနှင့်ပြည့်စုံသော လက်တော်ထဲတွင် အပ်နှံလျက် ဘုရားသခင်အတွက် သက်သေရပ်တည်ရန် ကျွန်တော် စိတ်ပိုင်းဖြတ်ခဲ့သည်။ “ခင်ဗျားရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ ကြင်နာမှုကို ကျွန်တော် အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ အသင်းတော်ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှမသိပါဘူး။” ဟူ၍ သူ့ကို ပြောလိုက်သည်။ သူ၏ အကြံ မအောင်သည်ကို မြင်သည့်အခါ၊ ဤဆိုးယုတ်သောရဲသည် ယမ်းပုံမီးကျဖြစ်ကာ သူ၏ စရိုက်မှန်ကို ရုတ်တရက် ပြသခဲ့သည်။ ကျွန်တော့်ကို လက်ညိုးထိုးလျက်၊ သူက၊ “ဒါဆို ဒီမှာသေဖို့သာ စောင့်လိုက်” ဟု အငြိုးထားစွာ အော်ဟစ်ခဲ့ပြီးနောက် ထွက်သွားခဲ့သည်။ နေ့လည် ၂ နာရီခန့်တွင်၊ ရဲ သုံး လေးယောက် ရောက်လာကြလေသည်။ သူတို့က ကျွန်တော့်ကို ကုလားထိုင်မှ ဆွဲထုတ်ပြီး တံခါးပေါက်ဆီသို့ ကော်လံမှ ကျွန်တော်ကို ဒရွက်တိုက်ဆွဲသွားကြသည်၊ ထိုနေရာတွင် ကန့်လန့်ဖြတ်သစ်တိုင်၌ ကျွန်တော့်ကို ချိတ်ဆွဲဖို့ လက်ထိပ်များကို သူတို့ အသုံးပြုခဲ့ကြသည်။ နောက်ဆုံးတွင်၊ သူတို့က “ကဲ၊ အချိန်ယူပြီး နှစ်သက်ခံစားလိုက်ပါဦး” ဟု မထိတထိရှုတ်ချသော မှတ်ချက်ပြုပြီးနောက် ထွက်သွားကြလေသည်။ ကြမ်းပြင်ကို ကျွန်တော့် ခြေနှစ်ဖက်လုံးနှင့် တစ်ပြိုင်နက် မထိနိုင်ခဲ့ပါ။ ခြေတစ်ဖက်နှင့် ကျွန်တော် ထိလျှင် အခြားတစ်ဖက်ကို ကျွန်တော် အတင်းမရသည်။ ကျွန်တော့်၏ ခန္ဓာကိုယ် လှုပ်ရှားမှုများက လက်ထိပ်များကို ကျွန်တော့် အသားထဲ ကုပ်တွယ်စေပြီး ယင်းက အလွန်နာကျင်သည်။ တစ်နာရီနီးပါး ကြာပြီးနောက်၊ ဆိုးယုတ်သော ရဲများသည် အစားအသောက် ဝလင်အောင်စားပြီးလျက် ပြန်လာကြသည်။ ရက်စက်ယုတ်မာသည့် အပြုံးတစ်ခုဖြင့်၊ ကျွန်တော် မည်သို့ခံစားရသည်ကို သူတို့ မေးကြလေသည်။ ထို့နောက်တွင်၊ နာကျင်မှုကြောင့်၊ ကျွန်တော့်၏ ချည်ထည်ဘောင်းဘီများနှင့် ရှပ်အင်္ကျီက ချွေးများဖြင့် ရွဲရွဲစိုသွားခဲ့ပြီး ကျွန်တော် အောက်အချခံရသည့်အချိန်တွင်၊ ကျွန်တော့် လက်နှစ်ဖက်လုံးက ပေါင်မုန့်လုံးများကဲ့သို့ ရောင်ကိုင်းနေခဲ့ပြီး လုံးဝ ထုံသွားခဲ့သည်။ ဤဆိုးယုတ်သော ရဲအဖွဲ့သည် အမှန်တကယ် ရက်စက်ပြီး မငဲ့ညှာတတ်ကြပေ။ ကျွန်တော် သူတို့ကို လုံးလုံးလျားလျား မုန်းတီးမိခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ယုတ်မာမှုနှင့် ရက်စက်မှုတို့အပေါ် ရှင်းလင်းသည့် အမြင်တစ်ခုလည်း ရရှိခဲ့သည်။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ကာ မုန်းတီးကြသည့် နတ်ဆိုးတစ်သိုက် ဖြစ်ကြပြီး ဤဆိုးယုတ်သော ပါတီအပေါ် ကျွန်တော်၏ မုန်းတီးမှုက တစ်ဟုန်ထိုး တိုးပွားလာနေခဲ့သည်။

ထိုညနေ ၇ နာရီနောက်ပိုင်းအချိန်တွင် ဆိုးယုတ်သော ရဲများက ကျွန်တော်နှင့် ကျွန်တော့် ညီအစ်မလေးဦးကို အခြားနေရာတစ်ခုသို့ ခေါ်သွားဖို့ ရဲကားထဲ ထိုးထည့်ခဲ့ကြသည်။ ကျွန်တော့် ညီအစ်မ တစ်ဦးချင်းစီတိုင်းက အားနည်းနေကြပုံပေါ်လေသည်။သိသိသာသာပင်၊ သူတို့လည်း အလားတူ ရက်စက်မှုကို ခံစားခဲ့ရပြီးဖြစ်ပေသည်။ အဓိပ္ပါယ်ရှိသည့် စိတ်ပိုင်းဖြတ်သည့် အကြည့်ဖြင့် ကျွန်တော်တို့ အချင်းချင်း ခွန်အားပေးခဲ့ကြသည်။ ထိန်းသိမ်းရေး စခန်းသို့ ကျွန်တော်တို့ ရောက်ရှိသည့်အခါ၊ ဆိုးယုတ်သော ရဲများက ကျွန်တော့် ညီအစ်မများကို ယာဉ်မှ ဆင်းခွင့်ပြုခဲ့သော်လည်း ကျွန်တော့်ကို ကားထဲမှာ ဆက်နေဖို့ ပြောကာ မကြာခင် ကျွန်တော်တို့ စတင်ကားမောင်းကြပြန်သည်။ ကျွန်တော့်ကို မည်သည့်နေရာသို့ ခေါ်သွားနေသည်ကို သူတို့အား ကျွန်တော် မေးသည့်အခါ၊ ရဲများထဲမှ တစ်ဦးက လျှို့ဝှက်သည့် အပြုံးဖြင့်၊ “ဘာသတင်းအချက်အလက်မှ မင်း ထုတ်မပြောခဲ့ပေမယ့်၊ မင်းက အသင်းတော်ထဲမှာ ပေါ့သေးသေး လှုပ်ရှားသူတစ်ယောက် မဟုတ်တာ ငါတို့ သိနေတုန်းပဲလေ။ ငါတို့က မကောင်းတဲ့ အိမ်ရှင်တွေ မဖြစ်ချင်ဘူး၊ ဒီတော့ ‘ညသန်းခေါင် အဆာပြေ’ နည်းနည်းလောက် ကျွေးဖို့ မင်းကို အပြင်ခေါ်ချင်တာပါ...” ဟု ပြောလေသည်။ ယုတ်ကန်းသော ဤရဲအဖွဲ့သည် ကောင်းမွန်သော ရည်ရွယ်ချက်တစ်ခုတစ်လေမျှ မရှိသည်ကို သိရင်း၊ တစ်ခဏမျှပင် ကျွန်တော် သတိမလစ်ဟင်းဝံ့ပါ။ ကျွန်တော့်ကို ခွန်အားပေးဖို့နှင့် ဘုရားသခင်ကို သစ္စာဖောက်ခြင်းမှ ကျွန်တော့်ကို ကွယ်ကာဖို့ ဘုရားသခင်ကို ကျွန်တော် တိတ်ဆိတ်စွာ တောင်းလျှောက်နေခဲ့သည်။ နောက် မကြာမီတွင်၊ အမျိုးသား လုံခြုံရေး တပ်ဖွဲ့ဆီ ကျွန်တော်ကို ခေါ်သွားကြသည်။ ထွားထွားကြိုင်းကြိုင်း လူ့ဘီလူးနှစ်ယောက်က ကျွန်တော့်ကို လက်ခံယူခဲ့ကြပြီး စစ်ဆေးရေး အခန်းဆီ ဦးဆောင်ခေါ်သွားကြသည်။ တိတ်ဆိတ်ကာ အလွန်ဆာလောင်သော ကျားများကဲ့သို့သော ကြမ်းပြင်တွင် ပြန့်ကြဲလျက်ရှိသည့် နှိပ်စက်သည့် ကိရိယာများက ကျွန်တော့် ကျောရိုးကို အေးစိမ့်သွားစေသည်။ ထို့နောက်တွင်ပင်၊ ဆိုးယုတ်သော ရဲများထဲမှ တစ်ဦးက၊ “မင်းက အတော်လေး ခေါင်းမာတယ်လို့ ငါကြားတယ်။ ကောင်းပြီလေ၊ မင်းလို ခေါင်းမာတဲ့ အရိုးဟောင်းတွေကို ဝါးရတာ ငါတို့ လုံးဝကြိုက်တာကွ” ဟု ကျွန်တော့်ကို ဟိန်းဟောက်လေသည်။ ဤအရာကို သူပြောပြီး မရှေးမနှောင်းတွင် ဆိုးယုတ်သော ရဲနှစ်ဦးက အော်လျက် ပြေးလာကာ ရှေ့ကို ခုန်အုပ်ပြီး ကျွန်တော့်ကို နားရွက်များမှ ဖမ်းကိုင်ကာ သူတို့၏ ခွန်အားရှိသမျှဖြင့် ဆွဲကြလေသည်။ အလင်းမှိန်မှိန်တွင်၊ ယုတ်မာကာ လိန်ပိန်နေသော မျက်နှာနှစ်ခုကို ကျွန်တော် မြင်လိုက်ရပြီး ကျွန်တော့် နှလုံးသားက မထိန်းနိုင် မသိမ်းနိုင် စတင် တဒုတ်ဒုတ်ခုန်လာခဲ့သည်။ ထိုအခိုက်တွင်၊ အခြားသော ဆိုးယုတ်သည့်ရဲက အော်ရယ်လျက်၊ “ဒီနေ့ ငါ့လမ်းကို ထော်လော်ကန့်လန့်လုပ်တာ မင်း ကံဆိုးတာပဲ။ ကဲ၊ မင်းကို ရေချိုးပေးတာနဲ့ စလိုက်ရအောင်” ဟု အော်ပြောသည်ကို ကျွန်တော် ကြားရသည်။ ဤသို့ သူ ပြောသည့်အခါတွင် သူတို့သည် ကျွန်တော့်ကို နေရာတကျ ကိုင်ထားကြပြီး ကျွန်တော့် အဝတ်အစား အားလုံးကို ကျွန်တော့်အပေါ်မှ ဆုတ်ဖြဲလိုက်ကြသည်။ ရေခဲတမျှအေးသော ကြမ်းပြင်ပေါ်တွင် ကျွန်တော် လုံးဝ ကိုယ်လုံးတီးဖြစ်လျက် ရပ်ခဲ့ရပြီး၊ ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံးက ခိုက်ခိုက်တုန်ကာ ကျွန်တော့် သွားများက သွားချင်းရိုက်လျက် တုန်ခါနေသည်။ ဆိုးယုတ်သော ရဲက ပိုက်ရှည်တစ်ခုကို ဆွဲယူလာပြီး ကျွန်တော့်ကို တည့်တည့်ချိန်ကာ ဗားခလုတ်ကို ဖွင့်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း အေးခဲနေသည့် ရေများ၏ အရိုးထိအောင် အေးစိမ့်နေသည့် ပြင်းထန်စွာတိုးဝှေ့မှုဖြင့် ဆက်တိုက်ထုထောင်းခံလိုက်ရသည်။ မခံမရပ်နိုင်လောက်အောင် နာကျင်သည်မှာ ဓါးတစ်စင်းက ကျွန်တော့် အရေပြားကို ခွာနေသကဲ့သို့ ဖြစ်သည်။ ယင်းက ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းနေသည့် သွေးများက ခဲသွားကြသကဲ့သို့ ခံစားခဲ့ရသည်။ တစ်ခဏမျှကြာပြီးနောက်၊ ကျွန်တော် ဘာမျှ မခံစားရတော့ပါ။ ကျွန်တော့်ကို ရေဖြင့် ပက်ရင်း၊ ဆိုးယုတ်သော ရဲများက ကျွန်တော့်ကို ခြိမ်းခြောက်မှုများအား ဆက်လက် အော်ဟစ်ပြောဆိုခဲ့ကြသည်- “ဘာက မင်းအတွက် ကောင်းတယ်ဆိုတာ သိရင် မြန်မြန် စကားပြောစမ်း။ မပြောရင်၊ မနက်ဖြန် နေထွက်တာကို မြင်ရဖို့ မင်းအသက်ရှင်မှာ မဟုတ်တော့ဘူး။” ဤမချိတင်ကဲဝေဒနာကို တောင့်ခံဖို့ မိမိကိုယ်ကိုယ် အတင်းခိုင်းရင်းဖြင့်၊ ကျွန်တော့်ခေါင်းကို ငုံ့ကာ ကျွန်တော် ဘာမျှမပြောပါ။ ဆိုးယုတ်သော ရဲတစ်ဦးက သူ၏ သွားများကို ကြိတ်ကာ ကျွန်တော့်ကို သူ နွေးသွားစေမည်ဟု ပြောခဲ့သည်၊ ဆိုလိုသည်မှာ ကျွန်တော့်ကို သူက ဓါတ်လိုက်စေမည်ကို ဆိုလိုခြင်းဖြစ်သည်။ ထိုအချိန်တွင် ကျွန်တော် အလွန်နှိပ်စက်ခံခဲ့ရပြီးသည်မှာ ကျွန်တော့်အထဲတွင် ခွန်အားတစ်စက်မျှပင် မကျန်တော့ချေ။ သေခြင်းက တစ်လှမ်းချင်း နီးလာသကဲ့သို့ ခံစားရလျက်၊ ဘုရားသခင်ကို ကျွန်တော် အသည်းအသန် တောင်းပန်ခဲ့သည်- “ဘုရားသခင်။ ကိုယ်တော့်အတွက် တစ်ခုတစ်လေ လုပ်ဆောင်ဖို့ ကျွန်တော် အရေးမပါလွန်းလှပေမယ့် ဒီနေ့ စာတန်ကို အရှက်ရစေဖို့ ကျွန်တော့်ရဲ့ သေခြင်းကို ကျွန်တော် အသုံးပြုချင်ပါတယ်။ ကိုယ်တော့်ကို ကျွန်တော် တောင်းလျှောက်သမျှက ကျွန်တော့် နှလုံးသား ကိုယ်တော့်ထံမှ လုံးဝ မသွေဖည်ဖို့ရန်နဲ့ ကိုယ်တော့်ကို ကျွန်တော် သစ္စာမဖောက်မိစေဖို့ ကျွန်တော့် နှလုံးသားကို ကွယ်ကာပေးဖို့ ဖြစ်ပါတယ်။” ရဲများက ကျွန်တော့် ပါးစပ်ကို အတင်းဖွင့်ကြပြီး အဝတ်စိုကို သိပ်ထည့်လိုက်ကြသည်၊ ယင်း၏ အစွန်းတစ်ဖက်ကို လျှပ်စစ်ကြိုးဖြင့် ဆက်သွယ်ထားလေသည်။ သူတို့က ဝါယာကြိုး၏ အစွန်းတစ်ဖက်ကို ကျွန်တော့် နားရွက်ဆီ ချိတ်ဆက်ကြပြီးနောက် ခလုတ်ကိုင်ထားသည့် တစ်ယောက်က ခလုတ်ဖွင့်လိုက်လေသည်။ ရုတ်တရက် ကျွန်တော့် ခန္ဓာကိုယ်ထဲရှိ သွေးများအားလုံး အပေါ်သို့တက်လာကြသည်ကို ခံစားရပြီး ကျွန်တော့် ခေါင်း ပေါက်ကွဲတော့မည်ကဲ့သို့ ခံစားခဲ့ရသည်။ ယင်းက အလွန်ဝေဒနာပြင်းထန်သည်မှာ ကျွန်တော့် မျက်ဆန်များ ပေါက်ထွက်တော့မည့်အလား ကျွန်တော် ခံစားခဲ့ရပြီး ကျွန်တော့် ခန္ဓာကိုယ်ရှိ အကြောတစ်ခုစီတိုင်းက ဆန့်တငင်ငင်လှုပ်လျက်နှင့် ပြတ်သွားတော့မည်ကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်တော် အလွန်နာကျင်ခံစားရသည်ကို မြင်သည့်အခါ၊ ဤဆိုးယုတ်သော ရဲတစ်သိုက်သည် အော်ဟစ်ရယ်မောလျက်သာ ရှိကြလေသည်။ တစ်ခဏကြာပြီးနောက်၊ ကျွန်တော် သတိလစ်သွားခဲ့သည်။ ထို့နောက် မကြာမီတွင်၊ အေးသော ရေတစ်ပုံးဖြင့် ကျွန်တော် အပက်ခံရကာ နိုးသွားခဲ့သည်။ ကျွန်တော် သတိပြန်လည်လာသည့်အချိန်တွင်၊ အဝတ်စုတ်က ကျွန်တော့် ပါးစပ်ထဲတွင် ရှိနေဆဲဖြစ်သည်။ ရဲတစ်ဦးက မနှစ်မြို့ဖွယ်ရာ ဟက်ဟက်ပက်ပက်ရယ်ကာ၊ “ဘယ်လိုအရသာရှိလဲ။ မင်းတစ်ခုခုပြောချင်ရင် ခေါင်းသာ ညိတ်လိုက်” ဟု မေးလေသည်။ ထို့နောက်တွင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်တော် အမှတ်ရခဲ့သည်။ “လူတို့သည် ၎င်းတို့၏ဘဝကို ဆက်ကပ်ပူဇော်ရန် အဆင်သင့်ရှိသည့်အခါ အရာခပ်သိမ်းသည် မပြောပလောက်သော အရာများဖြစ်သွား၍ မည်သူမျှ ၎င်းတို့ထက် တစ်ပန်းသာ၍မရနိုင်ပေ။ မည်သည့်အရာသည် အသက်ထက် သာ၍အရေးကြီးနိုင်သနည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် သာ၍လုပ်နိုင်စွမ်း မရှိတော့ပေ။ ၎င်းသည် လူသားနှင့် မည်သည့်အရာမျှ လုပ်၍ မရနိုင်ပေ။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏စာအုပ်ထဲရှိ “အခန်း ၃၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်) စာတန်ကို ဦးညွှတ်သည်ထက် သက်သေရပ်တည်ရန် ရွေးချယ်ဖို့ ကျွန်တော့်၏ စိတ်ဆုံးဖြတ်ချက်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ခွန်အားပေးခဲ့သည်။ “ငါ့ကို မင်းတို့ လုပ်ချင်တာလုပ်လိုက်။ နောက်ဆုံးမှာ၊ ဒီအသက်တစ်ချောင်းပဲ ငါ့မှာရှိတယ်။ အဆိုးဆုံးအနေနဲ့ ငါသေမှာပဲ။ဒါပေမယ့် ငါ့ဆီကနေ စကားတစ်ခွန်းရလိမ့်မယ်လို့ တစ်က္ကန့်တောင် မတွေးနဲ့” ဟု ကျွန်တော် စဉ်းစားခဲ့သည်။ ကျွန်တော် ရဲကို မဖြေခဲ့ပါ။ သူ့ကို ကြည့်ဖို့ ငြင်းဆိုလျက် မျက်လုံးများကို ကျွန်တော် ပိတ်လိုက်သည်။ ဤလုပ်ရပ်က ဆိုးယုတ်သော ရဲကို ဒေါသထွက်စေခဲ့ပြီး နောက်ထပ် လျှပ်စစ်လှိုင်းတစ်ခုဖြင့် ကျွန်တော့်ကို သူ ဓါတ်လိုက်စေခဲ့သည်၊ ဤတစ်ကြိမ်တွင်ပင် လျှပ်စီးကြောင်းက ယခင်ထက် ပို၍ အားကောင်းလေသည်။ တိတ်ဆိတ်လျက်၊ ကျွန်တော်က “ဘုရားသခင်၊ ကျွန်တော့်ကို ကယ်တင်တော်မူပါ။ ကျွန်တော် နောက်ထပ် မခံနိုင်တော့ပါဘူး” ဟု အော်ဟစ်ခဲ့သည်။ ထို့နောက်တွင်ပင်၊ ကျွန်တော့် မျက်စိရှေ့တွင် သခင်ယေရှု၏ ကားစင်တင်အသတ်ခံရခြင်း၏ အထင်းသား ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ကြမ်းကြုတ်ရက်စက်သော စစ်သားများက ပေဝက်ရှည်သည့် သံချောင်းတစ်ခေျာင်းကို အရေပြားအား ထွင်းဖောက်ရင်း၊ အရိုးကို စူးဝင်လျက် သခင့်၏ လက်ဖဝါးထဲသို့ ရိုက်သွင်းနေသည်....။ သခင်ယေရှု၏ ဒုက္ခခံစားခြင်းက ကျွန်တော့် စိတ်နှလုံးကို အတောမသတ်အောင် ဆို့နှင့်စေခဲ့ပြီး ကျွန်တော် မျက်ရည်များ မစီးထွက်ပဲ မနေနိုင်ခဲ့ပါ။ ကျွန်တော့် စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကျွန်တော် ဆုတောင်းခဲ့သည်- “ဘုရားသခင်။ ကိုယ်တော်ဟာ သန့်ရှင်းပါတယ်။ ကိုယ်တော် အပြစ်ကင်းမဲ့ပါတယ်။ ဒါပေမယ့် လူသားမျိုးနွယ်ဆီ ကယ်တင်ခြင်း ယူဆောင်လာဖို့၊ ကိုယ်တော်ဟာ အဲဒီ လူဆိုးလူမိုက်တွေဆီ ကိုယ့်ကိုယ်ကိုယ် အပ်နှံခဲ့ပြီး ကိုယ်တော့်ကို လက်ဝါးကားတိုင်မှာ သံမှိုရိုက်ခွင့်ပေးခဲ့သလို၊ ကျွန်တော်တို့ လူသားတွေကို ကယ်တင်ဖို့ ကိုယ်တော့်ရဲ့ နောက်ဆုံး သွေးစက်တိုင်းကို ဖောက်ထုတ်ခွင့်ပေးခဲ့တယ်။ ဘုရားသခင်၊ ကျွန်တော်က အလွန်အမင်း ဖောက်ပြန်ပျက်စီးတဲ့ လူတစ်ယောက်၊ ဖျက်ဆီးခံရသင့်တဲ့ သူတစ်ဦးပါ။ ကိုယ်တော့်ရဲ့ ကယ်တင်ခြင်းကို ကျွန်တော် လက်ခံခဲ့ပြီး ကိုယ်တော့်ရဲ့ အမှုတော်ကို တွေ့ကြုံဖို့ ကျွန်တော် အတော်ကံကောင်းခဲ့ပါတယ်၊ ဒါကြောင့် ကိုယ်တော့်ကို ကိုယ့်ကိုယ်ကိုယ် ကျွန်တော် ပူဇော်ဆက်ကပ်သင့်ပါတယ်။ ကိုယ်တော်၊ ခုချိန်မှာပဲ ကိုယ်တော်ဟာ ကျွန်တော့်ရဲ့ ဆင်းရဲဒုက္ခတစ်လျှောက် ကျွန်တော့်ကို အဖော်ပြုပေးရင်း ကျွန်တော့်ဘေးမှာ ရှိတယ်ဆိုတာ ကျွန်တော် သေချာသိပါတယ်။ ကျွန်တော့်ကို ကိုယ်တော် အမြဲချစ်ပြီး ကျွန်တော့်အထဲမှာ အားအင် ရင်းနှီးမြှုပ်နှံပါပြီ။ ကျွန်တော့်ကိုယ်စား ကိုယ်တော် နောက်ထပ် ဒုက္ခခံစရာမလိုအောင်၊ ကျွန်တော်နဲ့ပတ်သက်လို့ ကိုယ်တော် နောက်ထပ် စိတ်မပူရအောင် ကိုယ်တော်ကို ကျေနပ်စေဖို့ ကျွန်တော့်ရဲ့ အရာအားလုံးကို ပူဇော်ဆက်ကပ်ဖို့ ကျွန်တော် လိုလားပါတယ်။” ထို့နောက်တွင်ပင်၊ ဆိုးယုတ်သော ရဲနှစ်ဦးက၊ ကျွန်တော့်ကို ဓါတ်လိုက်စေခြင်းအား ရပ်လိုက်ကြသည်။ ကျွန်တော့်၏ အားနည်းခြင်းတွင် ဘုရားသခင်က ကျွန်တော့်ကို စာနာသည်ကို မြင်ရသည့်အခါ၊ ကျွန်တော့်၏နှလုံးသားက သူ့အပေါ် ကျေးဇူးတင်ရှိခြင်းဖြင့် ပြည့်လျှံသွားခဲ့သည်။ ထို့နောက်တွင်၊ ရဲများက ကျွန်တော့်ကို အန္တရာယ်ပြုခြင်း ရပ်တန့်မသွားသော်လည်း၊ ကျွန်တော် မည်သည့် နာကျင်မှုမျှ နောက်ထပ် မခံစားရတော့ပါ။ ဘုရားသခင်က ကျွန်တော့်ကို ကွယ်ကာပြီး ကျွန်တော့်၏ ဆင်းရဲဒုက္ခအား ကျွန်တော့်အတွက် ထမ်းပေးနေသည်ကို သိရှိလျက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအားဖြင့် ကျွန်တော် နက်နက်ရှိုင်းရှိုင်း တို့ထိခံခဲ့ရပြီး မျက်ရည်များ အဆက်မပြတ် ကျဆင်းခဲ့သည်။ နောက်ပိုင်းတွင်၊ ရဲတစ်ဦးဝင်လာပြီး ကျွန်တော့်ကို တစ်ချက်ကြည့်ကာ၊ “တော်ပြီ။ မင်းတို့ သူ့ကို သတိလစ်အောင် ရိုက်နက်ခပြီးတော့ သူက စကားပြောမနေဘူး။ သူဘာမှမသိတာ သေချာပါတယ်” ဟု ထိုဆိုးယုတ်သော ရဲနှစ်ဦးကို ပြောလိုက်လေသည်။ ထို့နောက်တွင်မှ ကျွန်တော့်ကို ညှင်းဆဲခြင်းအား သူတို့ ရပ်ခဲ့ကြလေသည်။ ဤသည်မှာ ဘုရားသခင်၏ အံ့သြဖွယ်ရာ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များ၏ အစိတ်အပိုင်းသာဖြစ်ကြောင်း ကျွန်တော် သိခဲ့သည်။ ဤနတ်ဆိုးတစ်သိုက်က ကျွန်တော့်အသက်ကို အဆုံးသတ်ဖို့ ဘုရားသခင် ခွင့်မပြုခဲ့ဘဲ တစ်စုံတစ်ဦး ဝင်လာကာ သူတို့ကို ရပ်တန့်စေဖို့ ဘုရားသခင် စီစဉ်ခဲ့ပေသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်တော် ရိုးသားစွာ အသိအမှတ်ပြုခဲ့ပါသည်။

ရိုက်နှက်ခံရလျက်၊ ဆိုးယုတ်သော ရဲများက ကျွန်တော့်ကို နောက်ထပ် မစစ်မေးခဲ့ကြဘဲ၊ ညသန်းခေါင် အချိန်ခန့်တွင်၊ ကျွန်တော့်ကို ထိန်းသိမ်းရေး စခန်းဆီ သူတို့ ခေါ်သွားခဲ့ကြသည်။ ပြစ်မှုကျူးလွန်သူ အယောက်သုံးဆယ်မက ထိန်းသိမ်းထားသည့် အကျဉ်းခန်းဆီသို့ ပြုပြင်မွမ်းမံအရာရှိတစ်ဦးက ကျွန်တော့်ကို ဦးဆောင်ခေါ်သွားခဲ့ပြီး၊ ကျွန်တော့်ကို အထဲထည့်ဖို့ တံခါးကို ဖွင့်စဉ်၊ ယုတ်မာစွာ တိတ်တဆိတ်ရယ်ကာ အကျဉ်းသားခေါင်းဆောင်ကို၊ “ခဏလေးတော့ ထိန်းထားဦး။ အသံအရမ်းကြီး မကျယ်စေနဲ့” ဟု ညွှန်ကြားသည်ကို ကျွန်တော် ကြားခဲ့ရသည်။ အကျဉ်းသားခေါင်းဆောင်က ကျွန်တော့်ကို အထက်အောက် ကြည့်ကာ လှောင်ပြုံးပြုံးလျက်နှင့်၊ “မပူပါနဲ့” ဟု ပြုပြင်မွမ်းမံအရာရှိကို ပြောလိုက်လေသည်။ ကျွန်တော် တုန့်ပြန်ဖို့ အချိန်မရမီ၊ အကျဉ်းသား ခေါင်းဆောင်၏ မျက်နှာအမူအရာကဆိုးလာပြီး သူက တိုးညှင်းကာ အန္တရာယ်ပြုမည့် လေသံဖြင့် အခြားသူများကို၊ “အရင်အတိုင်းပဲဟေ့၊ ညီအစ်ကိုတို့၊ သူ့ကို လုပ်ကြ” ဟု အမိန့်ပေးလိုက်သည်။ ထောင်သားအားလုံးက ခေါင်းထောင်လာပြီး ကျားတစ်ကောင်က သူ၏ သားကောင်ကို ကြည့်ရှုသကဲ့သို့ ကျွန်တော့်ကို စိန်းစိန်းဝါးဝါး ကြည့်ကြ၍ ကျွန်တော့်ကျောရိုးကို အေးစိမ့်သွားစေခဲ့သည်။ အကျဉ်းသား ခေါင်းဆောင်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့အားလုံး ကျွန်တော့်အပေါ် ရက်စက်သည့် ဝံပလွေအုပ်တစ်အုပ်အလား ဝိုင်းပြီးလာကြလေသည်။ ကျွန်တော့်ကို ထိန်းချုပ်ထားလျက်၊ ကျွန်တော့်အင်္ကျီအားလုံးကို သူတို့ ဆုတ်ဖြဲကြပြီး သူတို့ ဖိနပ်များ၏ ဖိနပ်ခုံပြားများကို အသုံးပြုရင်း သူတို့ ခွန်အားရှိသမျှဖြင့် ကျွန်တော့်ကို ပြင်းထန်စွာ စတင်ရိုက်ကြလေသည်။ နောက်ဆုံးတွင်၊ သူတို့ ကျွန်တော့်ကို အလွန်ဆိုးရွားစွာ ရိုက်နှက်ကြသောကြောင့် ကျွန်တော် သတိလစ်သွားခဲ့ပေသည်။ နောက်တစ်နေ့ မနက် ၆ နာရီမှသာ ကျွန်တော် သတပြန်လည်လာခဲ့သည်။ ထောင့်တစ်ထောင့်တွင် ကျွန်တော် သိပ်ထည့်ခံထားရသည်ကို ကျွန်တော် သတိပြုမိခဲ့သည်။ ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံးက အလွန်ဆိုးရွားစွာ ရောင်ကိုင်းနေခဲ့ပြီး မည်သည့် အဝတ်အစားမျှ ကျွန်တော် မဝတ်ဆင်နိုင်ခဲ့ပါ။ ယင်းမှာ ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံး အလွန် ဆိုးရွားစွာ ပွန်းပဲ့ဒဏ်ရာရကာ ဖွတ်ဖွတ်ကြေလျက်ဖြင့် ပျဉ်ပြားအိပ်ရာတစ်ချပ်ပေါ် ခြောက်ရက် ဆက်တိုက် ကျွန်တော် လဲလျောင်းခဲ့ရပုံ ဖြစ်သည်။ ထို့အပြင်၊ ကျွန်တော့် ပါးစပ်အတွင်းပိုင်းက ဆိုးယုတ်သော ရဲများ၏ ဓါတ်လိုက်စေခြင်းအားဖြင့် အကင်ခံရသည်မှာ တစ်ရှူးအားလုံး သေဆုံးသည်အထိ ဖြစ်ပြီး အစာတစ်ကိုက်ပင် မကိုက်နိုင်အောင် ကျွန်တော် မချိတင်ကဲဝေဒနာ လွန်စွာခံစားခဲ့ရသည်။ ကျွန်တော်ေသေလျှင် သူတို့ကို ဒုက္ခရောက်စေမည်ကို ကြောက်ရွံ့လျက် ပြုပြင်မွမ်းမံအရာရှိများက အခြားသော ထောင်သားများအား အလှည့်ကျ ကျွန်တော့်ကို ဟင်းသီးဟင်းရွက် ဆန်ပြုတ်တိုက်ဖို့ စေလွှတ်ခဲ့သည်။

ကျွန်တော့် ဒဏ်ရာများ အတော်အတန် ပျောက်ကင်းသည်နှင့်တပြိုင်နက်၊ ထောင်သားများသည် သူတို့၏ အနိုင်ကျင့်ခြင်းနှင့် စော်ကားခြင်းတို့ကို ပြန်စဖို့ ဆိုးယုတ်သော ရဲများ၏ ဆွပေးခြင်းကို ခံကြရသည်။ မနက်စောစောတိုင်း၊ အကျဉ်းထောင် စည်းမျဉ်းစည်းကမ်းများကို သူတို့က ကျွန်တော့်ကို ဖတ်ရွတ်စေသည်။ ကျွန်တော် ကောင်းကောင်းမလုပ်လျှင်၊ ကျွန်တော့်ကို ရိုက်နှက်ကြလေသည်။ သန့်ရှင်းရေးကိုလည်း သူတို့က ကျွန်တော့်ကို လုပ်စေကြပြီး ထောင်သားများအတွက် ငွေဖြင့် အဝတ်လျှော်ခြင်းကို လုပ်စေကြသည်။ အမှားနည်းနည်းမျှ ကျွန်တော် လုပ်မိလျှင်၊ ကျွန်တော် အထိုးခံရ၊ အကန်ခံရလေသည်။ ဘုရားသခင်ကို ကျွန်တော် ယုံကြည်သည်ကို သူတို့သိခဲ့ကြသောကြောင့်၊ ကျွန်တော့်ကို သက်သက် ကျွဲမြီးတိုစေဖို့ ကျွန်တော့်ရှေ့တွင် ဘုရားသခင်ကို ပြစ်မှားစော်ကားသည့် အမှုအရာ အများအပြားကို တမင်သက်သက် မကြာခဏ ပြောဆိုခဲ့ကြပြီး “ဘုရားသခင်ကို ယုံကြည်တဲ့လူတွေက အရိုက်ခံရတဲ့အခါ နာကျင်မှု မခံစားရဘူးလား။ ပြီးတော့ မင်း မမောဘဲ အလုပ်လုပ်မလုပ်နိုင်ဘူးလား။ ဘယ်လောက် ဒုက္ခခံရတယ်ဆိုတာ မင်း ဂရုမစိုက်ပါဘူး၊ ဟုတ်လား...” ဟူ၍ ကျွန်တော့်ကို စကားလုံးများဖြင့် အရှက်ရအောင် ပြုလုပ်ကြလေသည်။ ကျွန်တော့်ကို ညင်းဆဲဖို့အလို့ငှာ၊ အိမ်သာကျင်းကို လက်ဖြင့် တူးဖို့ အတင်းခိုင်းကြသည်၊ ယင်းက အလွန်ရွံရှာစရာကောင်းသည်မှာ ကျွန်တော့်ကို အန်ချင်စေခဲ့သည်။ ကြမ်းအုတ်ကြွပ်ပြားများကိုလည်း သူတို့က ကျွန်တော့် သွားတိုက်တံဖြင့် သန့်ရှင်းရေးလုပ်စေကြပြီး ကျွန်တော်၏ မုန်းလုံးပေါင်းများကို အိမ်သာထဲသို့ တမင်သက်သက် သူတို့ လွင့်ပစ်ကြလေသည်။ ပြုပြင်မွမ်းမံအရာရှိက အကျဉ်းခန်းကို သန့်ရှင်းရေးအတွက် စစ်ဆေးဖို့ လာသည့်အခါ၊ သူ၏ ဖိနပ်များကို ချွတ်ပြီး ခြေအိတ်ဖြူများ ဝတ်ဆင်လျက် ဟိုဟိုသည်သည် လှည့်ပတ်လျှောက်လေသည်။ ထိုခြေအိတ်ဖြူများအပေါ် အညစ်အကြေးတစ်ခုတစ်လေ သူတွေ့လျှင်၊ ကျွန်တော့်ကို ရိုက်နှက်လေသည်...။ ဆိုးယုတ်သော ရဲများနှင့် ထိုထောင်သားများထံမှ ဤမဆုံးနိုင်သော ညှင်းဆဲမှုကို ရင်ဆိုင်ရလျက်၊ ကျွန်တော် လုံးဝ ချည့်နဲ့သွားခဲ့ပြီး အလွန် စိတ်ညိုးငယ်ခဲ့ရသည်။ ဤကဲ့သို့ ဆက်လက်အသက်ရှင်ခြင်းထက် သေသည်က ပို၍ကောင်းသည်ဟုပင် ကျွန်တော် စတင်ခံစားလာရသည်။ ကျွန်တော့်၏ အားနည်းခြင်းနှင့် ဆင်းရဲဒုက္ခအတွင်းတွင်ရှိစဉ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို ဆက်လက်အသက်ရှင်ဖို့ ယုံကြည်ခြင်းနှင့် စိတ်ဓါတ်လှုံ့ဆော်မှု ပေးခဲ့သည်။ “‘အကြောင်းမူကား ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းအထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရ ဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏’ ဟူသည့် နှုတ်ကပတ်တော်အား သင်တို့အားလုံး မှတ်မိကောင်းမှတ်မိလိမ့်မည်။ အတိတ်ကာလက ဤစကားအား သင်တို့အားလုံး ကြားဖူးကြသော်လည်း မည်သူမျှ ဤနှုတ်ကပတ်တော်များ၏ စစ်မှန်သောအဓိပ္ပာယ်ကို နားမလည်ခဲ့ကြပေ။ ယနေ့ ၎င်းတို့၏ စစ်မှန်သောရည်ရွယ်ချက်အား သင်တို့ ကောင်းစွာသိရှိ နေပြီဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလတွင် ဘုရားသခင် ပြီးမြောက်စေမည့် အရာများဖြစ်ကြသည်။ ထိုအရာများတို့သည် အဆင်းနီသော နဂါးကြီး၏ ကိန်းဝပ်ရာနေရာ၌ ရက်စက်စွာ ဒုက္ခပေးခြင်းကို ခံစားရသူများအပေါ် ပြီးပြည့်စုံစေမည် ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်အား နှိပ်စက်ညှဉ်းပန်းပြီး ဘုရားသခင်၏ ရန်သူဖြစ်သောကြောင့် ဤနယ်မြေတွင် ဘုရားသခင်အား ယုံကြည်သော သူများတို့သည် အရှက်ကွဲခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ ခံစားကြရသည်။ ထိုအကြောင်းကြောင့် ဤနှုတ်ကပတ်တော်များသည် သင်တို့လူစုအတွင်းတွင် အမှန်တရားတစ်ခု ဖြစ်လာမည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားတွေးခေါ်သည့်အတိုင်း ဘုရားသခင်၏ အမှုသည် ရိုးရှင်းလွန်းသလော”) ဟု ကိုယ်တော်ပြောခဲ့သည်ကို ကျွန်တော် ပြန်အမှတ်ရခဲ့ပါသည်။ ကျွန်တော့် ယုံကြည်မှုကြောင့် အရှက်ရစေခြင်းနှင့် ညှင်းဆဲမှုတို့ကို ခံနိုင်ခြင်းက ကျွန်တော့်ကို ဘုရားသခင်က ခြွင်းချက်တစ်ခုအဖြစ် ပြုလုပ်ပြီး ချီးမြောက်သည်ဆိုသည့် လက္ခဏာတစ်ခုဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို သွန်သင်ခဲ့ပါသည်။ ယင်းက ကျွန်တော့်အတွက် ကြီးမားသည့် ဂုဏ်ပြုခြင်းတစ်ခု ဖြစ်ပေသည်။ သို့သော်၊ ကျွန်တော်က သူရဲဘောကြောင်ခဲ့ပြီး စိတ်ဓာတ် အားမာန် မရှိခဲ့ပါ။ ရုပ်ခန္ဓာပိုင်း နာကျင်မှုအချို့ကို ကျွန်တော် ခံစားခဲ့ရပြီး အနည်းငယ်မျှ ကျွန်တော် အရှက်ခွဲခံရပြီးသောကြောင့်၊ ဘုရားသခင်၌ ကျွန်တော့်၏ ယုံကြည်ခြင်းကို ကျွန်တော် ဆုံးရှုံးခဲ့ပြီး ဆင်းရဲဒုက္ခမှတဆင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ သက်သေရပ်တည်ရန် လိုလားခြင်း ရှိမနေခဲ့ပါ။ ကျွန်တော့်ကို ကယ်တင်ဖို့ အင်မတန် အပင်ပန်းခံသော အဖိုးအခတစ်ခုကို ဘုရားသခင် ပေးခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် ဤနည်းဖြင့် သူ့ကို ကျွန်တော် မည်သို့ ပြန်ပေးဆပ်နိုင်မည်နည်း။ ဤကဲ့သို့ ကျွန်တော့် အသိစိတ်ကို ဆန့်ကျင်ပြီး ထိုသို့သော အပျက်သဘောဆောင်ခြင်းဖြင့် ကျွန်တော် မည်သို့တုန့်ပြန်နိုင်မည်နည်း။ ယင်းက အလုပ်ဖြစ်မည်မဟုတ်ပါ။ သတ္တိမရှိသော ငပျော့တစ်ဦး ကျွန်တော် လုံးဝ ဖြစ်လိမ့်မည်မဟုတ်ပါ။ ဘုရားသခင်၏ နာမတော်ကို ကျွန်တော် လုံးဝ အရှက်ရစေ၍ မဖြစ်ပါ။ ထို့နောက် ချက်ချင်း၊ ဘုရားသခင်ထံ ကျွန်တော် အလောတကြီး ဆုတောင်းခဲ့သည်။ “ဘုရားသခင် ကျွန်တော့်ကို ဉာဏ်အလင်းပေးခြင်းနဲ့ ဆင်းရဲဒုက္ခခံစားခြင်းရဲ့ အဓိပ္ပါယ်ကို နားလည်စေတဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ရဲ့ ဂုဏ်အဖို့အလို့ငှာ၊ ဆင်းရဲဒုက္ခမျိုးစုံကို သည်းခံဖို့ ကျွန်တော် လိုလားနေပါတယ်။ ကျွန်တော့်ရဲ့ ကျန်တဲ့ ဘဝအချိန်တွေကို ထောင်ထဲမှာ ကုန်ရမယ်ဆိုရင်တောင် ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။ ကျွန်တော် တောင်းလျှောက်သမျှက ကိုယ်တော် ကျွန်တော်နဲ့အတူ ဆက်ရှိဖို့၊ ကျွန်တော့်ကို ဉာဏ်အလင်းပေးပြီး လမ်းပြဖို့နဲ့၊ စာတန်ရဲ့ ညင်းဆဲမှုတစ်လျှောက် ကျွန်တော့်ကို ကိုယ်တော့်အတွက် ခိုင်မာပြီး ထူးကဲတဲ့ သက်သေရပ်တည်နိုင်စေဖို့ ဖြစ်ပါတယ်။” ဆုတောင်းပြီးနောက်တွင်၊ ကျွန်တော် လုံးဝ လန်းဆန်းသွားသလို ခံစားရပြီး ထိုခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်ကို ရင်ဆိုင်ဖို့ သတ္တိရှိခဲ့ပါသည်။

ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက်တွင်၊ ဆိုးယုတ်သော ရဲများက ကျွန်တော့်ကို စစ်မေးဖို့ ပြန်လာကြပြီး သူတို့နှင့် ပူးပေါင်းလုပ်ဆောင်ဖို့ အလွန်နောက်မကျသေးကြာင်းကို ပြောဆိုရင်း၊ ကျွန်တော် မပူးပေါင်းလျှင် လာမည့်ရက်များတွင် ကျွန်တော့်အတွက် အလွန်ပင် ပို၍ခက်ခဲလိမ့်မည်ဟု ခြိမ်းခြောက် ကြလေသည်။ ရက်စက်ကြမ်းကြုတ်သော ညှင်းဆဲမှု အချိန်အနည်းငယ်ကို ကြုံရပြီးသည့်နောက်တွင်၊ သူတို့မှတဆင့် သူတို့၏ ဘီလူးသရဲစီးနေသော အနှစ်သာရကို ကျွန်တော် မြင်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး သူတို့ကို အရိုးထဲထိ မုန်းတီးမိခဲ့သည်။ ထို့ကြောင့်၊ သူတို့ ကျွန်တော့်ကို မည်သို့ပင် သွေးဆောင်ဖြားယောင်းပါစေ၊ ခြိမ်းခြောက်ပြီး ကြောက်လန့်စေကြပါစေ၊ ကျွန်တော့်၏ ယုံကြည်ခြင်း တစ်လက်မ မယိမ်းယိုင်ခဲ့ပါ။ နောက်ပိုင်းတွင်၊ နှစ်ပတ်တိုင်း တစ်ကြိမ် ကျွန်တော့်ကို စတင် စစ်မေးခဲ့ကြသည်မှာ ကျွန်တော့်ထံမှ မည်သည့် သတင်းအချက်အလက်မျှ သူတို့ တကယ်ရရှိမည်မဟုတ်သည်ကို မြင်လျက် နောက်ဆုံးတွင် “လူထု ဆူပူနှောင့်ယှက်မှု ဖြစ်စေခြင်း” နှင့် “တရားမဝင် စုဝေးခြင်းများတွင် ပါဝင်ပတ်သက်ခြင်း” ဟူသည့် ပြစ်မှုများအတွက် နှစ်နှစ်တာ အလုပ်ဖြင့် ပညာပေးခြင်း ပြစ်ဒဏ်ချမှတ်ခဲ့ကြသည်။

၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင်၊ အလုပ်ကြမ်းစခန်းကို ကျွန်တော် အပို့ခံခဲ့ရသည်။ ဘုရားသခင်၌ ကျွန်တော့်၏ ယုံကြည်ခြင်းကြောင့်၊ “နိုင်ငံရေး ပြစ်မှုကျူးလွန်သူ” အဖြစ် ကျွန်တော် တံဆိပ်တပ်ခံခဲ့ရပြီး ထောင်စောင့်များက ကျွန်တော့်ကို အခက်ခဲဆုံး၊ ခြေကုန်လက်ပန်းအကျဆုံးနှင့် အန္တရာယ်အရှိဆုံး အုတ်ဖိုတွင် ကျွန်တော့်၏ ပြုပြင်မွမ်းမံ အလုပ်ကြမ်းအလုပ်ကို လုပ်ဆောင်ဖို့ တမင်သက်သက် သတ်မှတ်ပေးခဲ့ကြသည်။ ကျွန်တော့် အလုပ်မှာ အုတ်ဖိုများမှ ဖုတ်ထားသည့် အုတ်များကို ဖယ်ရှားဖို့ဖြစ်ပြီး ယင်းအုတ်ဖို၏ အတွင်းတွင် အပူချိန်မှာ အနည်းဆုံး ၃၀၀ ဒီဂရီ ဆဲလ်စီးရပ်စ် (၅၇၂ ဖာရင်ဟိုက်) ရှိလေသည်။ မနက်ပိုင်းများတွင်၊ အပူချိန်က အနိမ့်ဆုံးဖြစ်သော်လည်း ၁၀၀ ဒီဂရီကျော် (၂၁၂ ဒီဂရီ ဖာရင်ဟိုက်) ရှိနေဆဲ ဖြစ်သည်။ ထိုသို့သော မြင့်မားသည့် အပူချိန်များဖြင့် ကျွန်တော်တို့ အလုပ်လုပ်ရသော်လည်း၊ အစောင့်များက မည်သည့် အပူခံ အလုပ်အဝတ်အစားမျှ ကျွန်တော်တို့ကို မဆင်ပေးခဲ့ပါ။ ကျွန်တော်တို့ ဆောင်းကြသည့် လုံခြုံရေး ဦးထုပ်များက အုတ်ဖို ဧရိယာတွင် နှစ်မိနှစ်မျှပြီးနောက် အရည်ပျော်သွားခဲ့ပြီး အပူလောင်ခြင်းမှ ထိန်းဖို့ရန် ကျွန်တော်တို့ မြန်နိုင်သမျှမြန်မြန် ဝင်ထွက်စဉ်တွင် ကျွန်တော်တို့အသက်အောင့်ထားရသည်။ ကျွန်တော်တို့တွင် အပူခံဘွတ်ဖိနပ်များ မရှိသောကြောင့်၊ အုတ်ဖိုဧရိယာထဲသို့ ကျွန်တော်တို့ သွားကြသည့်အခါ၊ ကျွန်တော်တို့ ရပ်ရသည့် ခြေထောက်များကို တစ်လှည့်စီပြောင်းခဲ့ရသည်။ ကျွန်တော်တို့ ဂရုမစိုက်လျှင်၊ အပူလောင်ခြင်းကြောင့် ကျွန်တော်တို့၏ ခြေထောက်များ အရည်ကြည်ဖုပေါက်လိမ့်မည်ဖြစ်သည်။ ထောင်သားသစ်များသည် ဤအရာကို ကျင့်သားမရကြပါ။ ဝင်သွားပြီးနောက်တွင်၊ ငါးမိနစ်ထက်ပို၍ သူတို့ဆက်မနေနိုင်ဘဲ ပြန်ပြေးထွက်လာကြသည်။ ထို့ကြောင့် ကျွန်တော်တို့အဖွဲ့ ခေါင်းဆောင်က သဲနှင့်ပြည့်နေသည့် ပီဗီစီ ပိုက်တစ်ခု အသီးသီး ဆောင်ထားဖို့ စီစဉ်ခဲ့သည်။ ပြေးထွက်လာသည့် မည်သူမဆို ပိုက်ဖြင့် အရိုက်ခံရမည်ဖြစ်သည်။ ဤပိုက်မျိုးက အရိုးကျိုးစေလောက်အောင် မမာသော်လည်း၊ ပြင်းထန်သည့် အပေါ်ယံအရှိုးရာများကို ဖြစ်စေလေသည်။ အကျဉ်းသားများက ယင်းတို့ကို “ကွယ်ဝှက်ထားသော အနမ်းများ” ဟု နာမည်ပြောင်ပေးထားကြသည်။ အုတ်ဖိုဧရိယာထဲ ကျွန်တော်တို့ ဝင်သည့်အခါ၊ အသက်မရှူဝံ့ကြပါ။ အသက်ရှုခြင်းက မီးများကို ကျွန်တော်တို့ နာခေါင်းများထဲသို့ ရှူရှိုက်ခြင်းနှင့် တူလေသည်။ အုတ်အနည်းငယ် ဖယ်ရှားပြီးသည့်နောက်၊ တစ်ဘီးလက်တွန်းလှည်းကို ကျွန်တော်တို့ မြန်မြန်ဆန်ဆန် ပြန်ဆွဲထုတ်ကြရပြီး၊ တာယာများထဲမှ တစ်ခုပွင့်ထွက်လျှင် ကျွန်တော်တို့ အပြစ်ပေးခံကြရသည်သာမက၊ “ထုတ်လုပ်ရေး ပစ္စည်များကို ဖျက်ဆီးခြင်းနှင့် ပြုပြင်ပြောင်းလဲမှုကို အာခံခြင်း” ပြစ်မှုများအဖြစ် မှတ်ယူခံရလျက် ကျွန်တော်တို့၏ ပြစ်ဒဏ်ကျခံခြင်းတွင် အချိန်တိုးခံရကြလေသည်။ အကျဉ်းသားများအနေဖြင့်၊ ကျွန်တော်တို့၏ နေ့စဉ်အလုပ်တာဝန်မှာ တစ်ဘီလက်တွန်းလှည်း ၁၁၅ စီးအပြည့် အုတ်အကြီးများကို ဖြည့်ဖို့နှင့် ၉၅ စီးအပြည့် အုတ်အသေးများ ဖြည့်ဖို့ဖြစ်သည်။ ထိုသို့သော အပူချိန်ထဲတွင်၊ ဤအလုပ်မှာ ပြီးစီးဖို့ မဖြစ်နိုင်သော်လည်း၊ အဘယ်ကြောင့် မပြီးစီးနိုင်သည်ကို အစောင့်များက လုံးဝ မမေးခဲ့ကြချေ။ အလုပ်အပေါ် ဆန့်ကျင်လိုသော ခံစားချက်များ အဘယ်ကြောင့် ရှိရသည်ကိုသာ သူတို့ မေးကြလေသည်။ အပူထဲတွင် အလုပ်လုပ်ရခြင်းက ချွေးများ အလွန်များစွာ ထွက်စေသောကြောင့်၊ ပိုတက်ဆီယံ အပြင်းအထန် ချို့တဲ့မှုဖြင့် ကျွန်တော် အဆုံးသတ်ခဲ့ရသည်။ ကျွန်တော်သည် သတိလစ်လျက် မြေပြင်ပေါ်သို့ အကြိမ်ရေအနည်းငယ် ပြိုလဲခဲ့သည်၊ ထို့ကြောင့် သူတို့က ကျွန်တော့်ကို မိနစ်အနည်းငယ် အေးစေဖို့ အုတ်ဖို၏ ထိပ်ဖျားသို့ ကော်တင်ကြလေသည်။ ကျွန်တော် နိုးပြီးနောက်တွင်၊ ငန်နေသော ရေတစ်ခွက်ကို ကျွန်တော့်ကို သောက်စေကြပြီး၊ အလုပ်လုပ်ဖို့ ကျွန်တော့်ကို အတင်းခိုင်းကြပြန်သည်။ ဤသည်မှာ ကျွန်တော့်၏ အကန့်အသတ်ကိုရောက်သည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း၊ မခံနိုင်သည့် အခက်အခဲမှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ဆက်အသက်ရှင်မည့်အစား သေချင်သည့် ခံစားချက်မှာ မည့်အရာနှင့်တူကြောင်းတို့ကို ကျွန်တော် မြည်းစမ်းရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ဤနေရာတွင် သင် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ မည်သူမျှ ဂရုမစိုက်ကြပါ။ အဖွဲ့ခေါင်းဆောင်က သင်၏ အဖွဲ့ အလုပ် ပြီးစီးသည်၊ မပြီးစီးသည်ကိုသာ ဂရုစိုက်လေသည်။ ပြီးစီလျှင် သူတို့ ဘာမျှ ပြောကြလိမ့်မည်မဟုတ်ဘဲ၊ မပြီးစီးလျှင် အလားတူ သူတို့ ဘာမျှမပြောသော်လည်း အုတ်ဖိုတံခါးသို့သာ ရှင်းရှင်း လက်ညိုးထိုးပြီးနောက် ထွက်သွားကြလိမ့်မည်ဖြစ်သည်။ ထို့နောက်၊ အဖွဲ့ခေါင်းဆောင်က မိမိတို့၏ အလုပ်မပြီးစီးသည့် မည်သူမဆိုကို ခေါ်ပြီး အုတ်ဖိုဧရိယာတွင် မတ်တပ်ရပ်စေကာ အရိုက်နှက်ခံစေလေသည်။ သူတို့ မြေပေါ်လဲကျသည်နှင့်တပြိုင်နက် ပူလောင်သည့် မြေအားဖြင့် သူတို့အလွန်ဆိုးရွားစွာ အပူလောင်ပြီး သူတို့၏ အရေပြားအနှံ့ပြားတွင် အရည်ကြည်ဖုများ ထွက်လာလေသည်။ ထို့အပြင်၊ နောက်ထပ် တစ်ဘီးလက်တွန်းလှည်း အစီး ၂၀ အုတ်များ အပြည့် နေ့တိုင်း သူတို့ လုပ်ကြရပြီး သက်ညှာဖို့အတွက် သူတို့ အော်ဟစ်သည်အထိ ရပ်တန့်၍မရပေ။ ဤသို့ ပတ်ဝန်းကျင်မျိုးနှင့် ရင်ဆိုင်ရလျက်၊ ကျွန်တော် အလွန်အားနည်းမှုကို ခံစားခဲ့ရသည်။ ညှင်းဆဲမှု ရက်အနည်းငယ်က ငရဲကို ဖြတ်သည့် ခရီးတိုတစ်ခုကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်တော့် စိတ်ထဲတွင်၊ နှစ်နှစ်တာမှာ အလွန်ကြာညောင်းသော ကာလတစ်ခုကဲ့သို့ အမှန်ပင်ခံစားခဲ့ရသည်။ ထိုကာလတစ်လျှောက်လုံးကို ကျွန်တော် မည်သို့ကျော်ဖြတ်ရမည်ကို မသိခဲ့သလို၊ ဆိုးယုတ်သော ရဲများ၏ သေသည်အထိ ရိုက်နှက်ခံရမည်ကို သို့မဟုတ် လွန်ကဲသော အပူထဲတွင် သေသည်အထိ အကင်ခံရမည်ကို ကျွန်တော် စိုးရိမ်ပူပန်မိခဲ့သည်။ ကျွန်တော့်၏ ရှေ့ရေးများကို ပိုမိုစဉ်းစားလေလေ၊ ပို၍ ရုန်းထွက်မရလေလေ ခံစားရသည်။ ဤဘီလူးသရဲစီးသော အကျဉ်းထောင်ထဲတွင် ကျွန်တော် တကယ်ကို နောက်ထပ်ခံနိုင်တော့မည်မဟုတ်ဟု ခံစားခဲ့ရပြီး၊ ထို့ကြောင့် သေဖို့ ကျွန်တော် စဉ်းစားခဲ့သည်။ ထို့နောက်မှစ၍ နေ့တိုင်း၊ “လွတ်မြောက်ခြင်းရဖို့” အခွင့်အရေးများကို ကျွန်တော် ရှာဖွေခဲ့သည်။

နောက်ဆုံး တစ်နေ့တွင်၊ ကျွန်တော့်၏ အခွင့်အရေး ရောက်လာခဲ့သည်။ အုတ်များအပြည့်နှင့် ထရပ်ကားတစ်စင်း မောင်လာစဉ်တွင်ပင်၊ ယင်း၏ အောက်တွင် ကျွန်တော် ခေါင်းစိုက်ထိုးဆင်းလိုက်သည်။ သို့သော် ကျွန်တော့်ထံမှ လက်မအနည်းငယ်မျှအလိုတွင် ယာဉ်၏ ဘီးများက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ လက်စသတ်တော့၊ ထရပ်ကားက ပျက်သွားခဲ့ခြင်း ဖြစ်သည်။ အကျဉ်းသား အနည်းငယ်က ကျွန်တော့်ကို ဆွဲထုတ်ကြပြီး ပြုပြင်မွမ်းမံအရာရှိခေါင်းဆောင်က စည်းမျဉ်းကို လက်ခံဖို့ ကျွန်တော် ငြင်းဆန်နေပြီး အကျင့်ဟောင်းများကို ပြောင်းလဲဖို့ လိုလားခြင်းမရှိဟု ဆိုလေသည်။ ထို့နောက် သူက ကျွန်တော့်ကို စတင်အပြစ်ပေးလေသည်။ သူတို့က မီးပွင့်နေသည့် လျှပ်စစ်တုတ်တစ်ချောင်းကို ကျွန်တော့် အင်္ကျီရှေ့တွင် ထိုးထည့်လိုက်ကြပြီး အလွန်ဆိုးရွားစွာ နာကျင် ပြီး ဆိုးဆိုးရွားရွား အကြောများဆွဲလျက် မြေပေါ်သို့ ကျွန်တော် လဲကျသွားခဲ့သည်။ ထို့နောက်တွင်၊ တယ်လီဖုန်းတိုင်တစ်ခုတွင် ကျွန်တော့်လက်များကို နောက်ပြန်လက်ထိပ်ခတ်လိုက်ကြပြီး လျှပ်စစ်တုတ်များဖြင့် ကျွန်တော့်ကို ရက်ရက်စက်စက် ရိုက်ကြလေသည်။ ညစာစားပြီးနောက်တွင်၊ ပညာပေးဖို့အတွက် အများပြည်သူ ရှေ့တွင်ပြင်းထန်စွာ ဝေဖန်ခြင်းနှင့် ကျွန်တော့်၏ အတွေးအမြငကို “အမှန်ပြင်ခြင်း” တို့ကို ကျွန်တော်ခံရလေည်။ ဤမဆုံးနိုင်သော ဆင်းရဲဒုက္ခနှင့် ညှင်းဆဲမှုတို့က ထိတ်လန့်ကြောက်ရွံ့ခြင်း၊ စိတ်ပျက်ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့၏ လွန်ကဲသောအဆင့်အထိ ကျွန်တော့်အား ခံစားစေခဲ့သည်။ ကျွန်တော် မည်သို့ ဆက်အသက်ရှင်ရမည်ဆိုသည့် မေးခွန်းဖြင့် ကျွန်တော် အခက်အခဲဖြစ်နေချိန်တွင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် စာတစ်ပိုဒ်က ကျွန်တော့် စိတ်ထဲ ပေါ်လာခဲ့သည်။ “ဘုရားသခင်သည်သင့်ကိုမည်မျှပင်စစ်ဆေးစေကာမူ၊ သင်သည် ယုံကြည်မှုအပြည့်ဖြင့်ရှိနေဆဲဖြစ်ကာ၊ ဘုရားသခင်အတွက် ယုံကြည်ချက်ကို မည်သည့်အခါမျှဆုံးရှုံးမသွားပေ။ သင်သည်လူတို့ လုပ်သင့်သည့် အရာကိုလုပ်လေသည်။ ဤအချင်းအရာသည် ဘုရားသခင်မှ လူသားကိုလုပ်စေလိုသောအရာဖြစ်ပြီး၊ လူ့နှလုံးသားကိုဘုရားသခင်ထံသို့ အပြည့် အဝပြန်လည်ပေးအပ်ကာ အချိန်ကာလတိုင်းတွင် သူ့ထံသို့ ပြန်လှည့်လာသင့်ပါသည်။ ထိုသူသည် အောင်မြင်သောသူ တစ်ဦးဖြစ်သည်။ အောင်မြင်သောသူများဟု ဘုရားသခင်ရည်ညွှန်းခေါ်ဆိုသူများသည် သက်သေခံနိုင်သေးသောသူ၊ သူတို့၏ မိမိကိုယ်ကိုမိမိယုံကြည်မှုကို ထိန်းသိမ်းထားနိုင်သေးသူနှင့် စာတန်၏စွမ်းအားနှင့် စာတန်၏ဝန်းရံမှု အောက်၊ တနည်းအားဖြင့် အမှောင်စွမ်းအားအတွင်း၌ပင်လျှင် ဘုရားသခင်အား ကိုးကွယ်ယုံကြည်မှုပြုနိုင်သူများဖြစ်သည်။ အကယ်၍သင်သည် ဘာဖြစ်ဖြစ် သန့်စင်သော နှလုံးသားနှင့် ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းမေတ္တာကို ဆက်လက်ထိန်းသိမ်း ထားနိုင်လျှင် ဘုရားသခင်ရှေ့တော်မှောက်၌ သက်သေအဖြစ်ရပ်တည်ခြင်းဖြစ်ပြီး၊ ဤအခြင်းအရာသည်ကား ဘုရားသခင်မှ အောင်မြင်သောသူဟု ရည်ညွှန်းသည့် အရာဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည်ဘုရားသခင်ကို ဝတ်ပြုဆည်းကပ်ခြင်းအစဉ်ပြုသင့်သည်”) မျှော်လင့်ချက်အားလုံး လက်လျော့လိုက်ဖို့ ကျွန်တော် အနီးကပ်ဆုံးသို့ ရောက်နေသည့်အချိန်တွင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့် စိတ်နှလုံးဆီသို့အလင်းတန်းတစ်ခုနှင့်နှင့် နွေးထွေးမှုကို ယူဆောင်လာခဲ့သည်။ မှန်ပါသည်။ နောက်ဆုံးတွင်၊ မည်သည့် ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင်မဆို ကိုယ်တော့်ထံ မိမိတို့၏ ယုံကြည်ခြင်းနှင့် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ပြီး၊ သူ၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်ကာ နောက်ဆုံးတွင် စာတန်ရှေ့မှောက်၌ ဘုရားသခင်အတွက် ခိုင်မာပြီး ထူးကဲသော သက်သေကို ခံနိုင်မည့် အောင်မြင်သောသူများ အုပ်စုတစ်စုကို ဘုရားသခင် ပြုလုပ်ချင်ခဲ့ပေသည်။ ကျွန်တော့်ကို ညှင်းဆဲဖို့နှင့် အနာတရဖြစ်စေဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို စာတန်အသုံးပြုသည့်အကြောင်းရင်းမှာ ကျွန်တော် စိတ်ဓါတ်ကျစဉ်တွင် ကျွန်တော့်ကို တိုက်ခိုက်ရင်းနှင့် ဘုရားသခင်ကို သစ္စာဖောက်ဖို့ အတင်းအကျပ်ပြုရင်း၊ ကျွန်တော့်၏ အားနည်းချက်ကို ကောင်းကောင်းအသုံးချဖို့ ဆန္ဒရှိခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် ဘုရားသခင်၏ အရှက်ရခြင်းနှင့်ဆိုင်သော သင်္ကေတတစ်ခု ဖြစ်လာဖို့ ကျွန်တော် အဖြစ်မခံနိုင်ပါ။ ကျွန်တော့်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ အလွန်စစ်မှန်ပြီး လက်တွေ့ကျပါသည်၊ ကျွန်တော် အားအနည်းဆုံးချိန်နှင့် သေခြင်းကို ကျွန်တော် တောင့်တချိန်တွင်၊ ကျွန်တော့်ကို ကွယ်ကာပြီးအသက်ရှင်ဖို့ ထိန်းပေးရင်း၊ ဘုရားသခင်က ကျွန်တော့်ကို တိတ်တဆိတ် စောင့်ရှောက်နေဆဲဖြစ်သည်။ ကျွန်တော် မည်မျှချည့်နှဲ့ခဲ့ပါစေ၊ သူသည် ကျွန်တော့်ကို စွန့်ပစ်ဖို့ ရည်ရွယ်ချက် စိုးစဉ်းမျှပင် ဘယ်သောအခါမျှ မရှိခဲ့ပါ။ ကျွန်တော့်အတွက် သူ၏ ချစ်ခြင်းမေတ္တာက အစအဦးမှစ၍ မပြောင်းမလဲ ရှိခဲ့ပြီး၊ ကျွန်တော့်ကို သူ ဉာဏ်အလင်းပေးနေဆဲ၊ လမ်းပြနေဆဲဖြစ်ပြီး နာကျင်မှုမှ ထွက်ပေါက်ကို ရှာတွေ့ဖို့ ကျွန်တော့်ကို ကူညီနေဆဲဖြစ်သည်။ ဘုရားသခင်ကို ကျွန်တော် လုံးဝ စိတ်မပျက်စေနိုင်သလို၊ သူ၏ ခံစားချက်များကို နာကျင်စေ၍ မဖြစ်ပါ။ ဘုရားသခင်၏ လမ်းပြမှုအတွက် ကျွန်တော် ကျေးဇူးတင်မိပါသည်။ ယင်းက စာတန်၏ လိမ်လည်လှည့်စားမှုကို တစ်ဖန် ထွင်းဖောက်မြင်ခွင့်ပေးခဲ့ပြီး သေခြင်းခြောက်ကမ်းပါးမှ ပြန်လျှောက်လှမ်းစေခဲ့သည်။ ဓမ္မတေးသီချင်းတစ်ပုဒ်ကို ကျွန်တော် မဆိုဘဲ မနေနိုင်ခဲ့ပါ။ “ကျွန်ုပ်၏ ချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား ကျွန်ုပ်ပေးကာ၊ ဘုရားသခင်ကို ဘုန်းထင်ရှားစေဖို့ ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းမည်။ ဘုရားသခင်အပေါ် သက်သေခံချက်အတွက် ရပ်တည်ကာ စာတန်ကို လုံးဝ အလျော့မပေးဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားသည်။ အို ကျွန်ုပ်၏ ဦးခေါင်းကွဲကြေပြီး သွေးများ စီးဆင်းနိုင်၏၊ သို့သော် ဘုရားသခင်၏ လူတို့၏ သတ္တိသွေးများ မဆုံးရှုံးနိုင်ပေ။ ဘုရားသခင်၏ တိုက်တွန်းမှုက စိတ်နှလုံးတွင် တည်ထားသည်၊ နတ်ဆိုးစာတန်ကို အရှက်ရစေရန် ကျွန်ုပ် ဆုံးဖြတ်သည်။ နာကျင်ခြင်းနှင့် ဆင်းရဲဒုက္ခများကို ဘုရားသခင် ကြိုတင်ပြဠာန်းထားပေ၊ ကိုယ်တော့်ကို သစ္စာရှိဖို့ အရှက်ရခြင်းကို ကျွန်ုပ် သည်းခံမည်။ ဘုရားသခင်ကို တစ်ဖန် ဘယ်သောအခါမျှ ကျွန်ုပ် မျက်ရည်ကျစေမည် မဟုတ် သို့မဟုတ် စိုးရိမ်စေမည် မဟုတ်ပေ။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကျွန်ုပ် မြင်တွေ့လိုသည်”)

ကျွန်တော် ကျိုးနွံနာခံပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဆင်းရဲဒုက္ခအားလုံးကို သည်းခံလိုမှု မြှင့်တက်လာသည်နှင့်တပြိုင်နက်၊ ကျွန်တော့်အတွက် ထွက်ပေါက်တစ်ခုကို ဘုရားသခင် ဖွင့်ပေးခဲ့သည်။ အဖွဲ့ခေါင်းဆောင်က စာမတတ်သောကြောင့်၊ သူ၏ သတင်းပို့ချက်များကို ဖြည့်ရာတွင် ကျွန်တော့်ကို သူက ကူညီစေခဲ့ပြီး၊ ထို့နောက်မှစ၍၊ အုတ်ဆွဲထုတ်ရသည့်အလုပ်ကို ကျွန်တော် သိပ်များစွာ လုပ်ဖို့မလိုခဲ့ပေ။ နောက်အချိန်ခဏကြာပြီးနောက်၊ အသင်းတော်မှ အသက်ကြီးသည့် အစ်မကြီးတစ်ဦး ကျွန်တော့်ထံ အလည်အပတ်လာခဲ့လေသည်။ သူမ၏ လက်များဖြင့် ကျွန်တော့်လက်ကို ကိုင်ထားပြီး သူမက၊ “ကလေး၊ မင်း ဆင်းရဲဒုက္ခခံရပြီးပြီ။ မင်းနဲ့ပတ်သက်ပြီး မင်းရဲ့ ညီအစ်ကို မောင်နှမတွေက အရမ်း စိတ်ပူနေကြတယ်၊ ပြီးတော့ နေ့တိုင်း မင်းအတွက် ငါတို့အားလုံး ဆုတောင်းပေးတယ်။ စိတ်ဓာတ်ခိုင်ခိုင်မာမာထားရမယ်နော်။ ပြီးတော့ စာတန်ရှေ့မှာ ဦးမညွတ်ရဘူး။ မင်း ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဘုရားသခင်အတွက် သက်သေခံရမယ်။ မင်း အိမ်ပြန်လာဖို့ ငါတို့အားလုံး စောင့်နေကြတယ်” ဟု မျက်ရည်စက်လက်ဖြစ်လျက် ပြောလေသည်။ ဘုရားသခင်၏ ဖြေသိမ့်ပေးသော နှုတ်ကပတ်တော်များမှအပ၊ ဤအေးစက်ပြီး ရက်စက်သော လူ့ငရဲတွင်၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထံမှ နွေးထွေးသော စကားတစ်ခွန်း ကျွန်တော် မကြားခဲ့ရပါ။ ကျွန်တော့် ညီအစ်ကို မောင်နှမများထံမှာ ဤစကားမျိုး၊ ဟိုးအချိန်ကတည်းက ကျွန်တော် မကြာခဏ ကြားခဲ့ရသည့် စကားမျိုးကို ကြားရခြင်းက၊ ကျွန်တော့်ကို အလွန်ကြီးမားသော နှစ်သိမ့်ခြင်းနှင့် အားပေးမှုတို့ကို ပေးခဲ့သည်။ နောက်ပိုင်းတွင် အချိန်အတော်ကြာသည်အထိ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအားဖြင့် ကျွန်တော် အားပေးမှုခံစားခဲ့ရသည်။ ကျွန်တေ်သည် အတော်လေး သက်သောင့်သက်သာ ခံစားခဲ့ရပြီး ကျွန်တော် အလုပ်လုပ်နေစဉ်တွင် တက်ကြွ ပျော်ရွှင်လျက်ရှိသည်။ ထောင်ထဲက ကျွန်တော့် အချိန်အားလုံးတွင်၊ ထိုရက်များ ကုန်ဆုံးသည်မှာ အလျင်မြန်ဆုံးဖြစ်ခဲ့သည်။ ဤသည်မှာ အထူးသဖြင့် ကျွန်တော့်၏ နောက်ဆုံး လေးလနှင့် ပတ်သက်၍ မှန်ကန်လေသည်။ မိမိတို့၏ ပြစ်ဒဏ်များ လျော့ခံရသည့် အကျဉ်းသားများ၏ အမည်ကို လစဉ်ကြေငြာသော စာရင်းတွင် ကျွန်တော် အမြဲတန်းထိပ်ဆုံးကပါခဲ့သည်။ ပြီးခဲ့သည့် လများတွင်၊ ဤအမည်စာရင်းတွင် ထောင်သားခေါင်းဆောင်များနှင့် အဖွဲ့ခေါင်းဆောင်များ၏ အမည်များသာ ပါရှိခဲ့သည်။ ငွေ သို့မဟုတ် အာဏာ တစ်ခုတစ်လေမျှမရှိသည့် အကျဉ်းသားများက ချန်လှပ်ခံရလေသည်။ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက “နိုင်ငံရေး ပြစ်မှုကျူးလွန်သူ” အဖြစ် တံဆိပ်တပ်သည့် ကျွန်တော်ကဲ့သို့ ခရစ်ယာန်တစ်ဦးအတွက်၊ ထိုသို့သော ဆက်ဆံခံရမှုကို နှစ်သက်ခံစားရနိုင်ဖို့ သာ၍ပင် ဖြစ်နိုင်ဖွယ်မရှိပါ။ ဤအကြောင်းကြောင့်၊ အခြားထောင်သားများက ကျွန်တော့်ကို အမြဲဝိုင်းရံကာ၊ “မင်း ဘယ်လိုလုပ်ခဲ့တာလဲ” ဟု မေးခဲ့ကြလေသည်။ ဤအရာဖြစ်ပျက်သည့်အခါတိုင်း၊ ကျွန်တော့် စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်ခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ ကျွန်တော့်အတွက် သူ၏ ကြီးမားသော ကရုဏာ၏ ရလဒ်တစ်ခု ဖြစ်သည်ကို ကျွန်တော် သိခဲ့သောကြောင့် ဖြစ်ပါသည်။ ကျွန်တော့်ဆီ ခွန်အားဆောင်ကြဉ်းပေးခဲ့သည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပါသည်။

၂၀၀၉ ခုနှစ် စက်တင်ဘာ ၇ ရက်တွင်၊ စောစီးစွာ ပြစ်ဒဏ်ကာလ မစေ့မီ ကတိခံဝန်ချက်ဖြင့် ကျွန်တော် လွတ်လာခဲ့သည်။ မရှေးမနှောင်းတွင်၊ ကျွန်တော် အသင်းတော်သို့ ပြန်သွားခဲ့ပြီး၊ အသင်းတော်အသက်တာကို ပြန်စကာ ဧဝံဂေလိ ဝေငှသည့် အဖွဲ့များကို ကျွန်တော် တစ်ဖန် ပူးပေါင်းခဲ့သည်။ ဤအခက်အခဲများ၏ အချိန်ကာလကို ကြုံရပြီးသည့်နောက်တွင်၊ ကျွန်တော် ပို၍ စိတ်ပိုင်းဖြတ်ထားပြီး ယခင်ကထက် ရင့်ကျက်လာခဲ့ကာ၊ ကျွန်တော့်၏ တာဝန်ကို ဖြည့်ဆည်းဖို့ အခွင့်အရေးကို သာ၍ပင် ကျွန်တော် ချစ်မြတ်နိုးခဲ့သည်။ ဘုရားသခင် အပေါ် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ ဆန့်ကျင်မှုနှင့် လူတို့အပေါ် ရက်စက်မှုတို့၏ စရိုက်မှန်ကို ကျွန်တော် မြင်ခဲ့ရပြီးသောကြောင့်၊ ဘုရားသခင်၏ ကယ်တင်ခြင်း မည်မျှတန်ဖိုးရှိသည်ဆိုသည့်အပေါ် ပို၍ပင် နက်ရှိုင်းသော အသိတစ်ခုကို ကျွန်တော် ရရှိခဲ့သည်။ လူသားမျိုးနွယ်ထံ ကယ်တင်ခြင်းကို ဆောင်ကျဉ်းခြင်း အမှုအား လုပ်ဆောင်ရန် လူပုဂ္ဂိုလ်အဖြစ်၊ လူ့ဇာတိခံ ခန္ဓာကိုယ်ဖြင့် ဘုရားသခင် ကြွမလာခဲ့လျှင်၊ စာတန်၏ အုပ်စိုးမှုအောက် အသက်ရှင်သမျှသောသူတို့သည် ယင်း၏ ဖျက်ဆီးခြင်းနှင့် ဝါးမြိုခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ ထိုအချိန်မှစ၍၊ ကျွန်တော့်တာဝန်ကို ဖြည့်ဆည်းသည့်အချိန်တိုင်းတွင်၊ ကျွန်တော့်၏ သဘောထားက အရင်က ဖြစ်ခဲ့သည့်အရာနှင့် ကြီးမားစွာ ကွဲပြားခြားနားခဲ့ပေသည်။ ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် လူတို့၏ ဝိညာဉ်များကို ကယ်တင်ခြင်း အလုပ်က အဆုံးစွန် အရေးအကြီးဆုံးဖြစ်သည်ကို ကျွန်တော်ခံစားခဲ့ရပြီး ကျွန်တော့်၏ သစ္စာရှိခြင်းအားလုံးကို ဆက်ကပ်အပ်နှံပြီး ကျွန်တော်၏ ကျန်ရှိသည့် ဘဝအတွက် ကျွန်တော့်၏ အားအင်များအားလုံးကို ဘုရားသခင်၏ ရှေ့မှောက် ပိုမိုများပြားသော လူတို့ကို ခေါ်ဆောင်ဖို့ရန် အသုံးချချင်ပါသည်။ သူတို့ကိုလည်း ဤဘုရားမဲ့ အစိုးရ၏ စိတ်ရှုတ်ထွေးစေခြင်းနှင့် လှည့်ဖြားခြင်းတို့၏ ကာဆီးမှုမှ နိုးထဖို့၊ ဘုရားသခင်၏ အသက်ထောက်ပံ့မှုကို လက်ခံဖို့နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိဖို့ ထောက်ကူပေးချင်ပါသည်။ အလွန်ရှည်ကြာသော ထိုနှစ်နှစ်အကျဉ်းချခံရခြင်းကို ပြန်ကြည့်ရာတွင်၊ ကျွန်တော့်ကို စာတန်က ဘုရားသခင်အား အတင်းအကျပ် သစ္စာဖောက်စေဖို့ သူ၏ ဖိနှိပ်ညှဉ်းပန်းသော စော်ကားမှုကို အသုံးပြုရန် အချည်းနှီး ကြိုးပမ်းခဲ့သည်ကို ကျွန်တော် သိသည်။ သို့သော်၊ ဘုရားသခင်က သူ့အတွက် ကျွန်တော့်၏ ချစ်ခြင်းမေတ္တာကို သန့်စင်စေရင်းနှင့် ဘုရားသခင်၏ ဉာဏ်ပညာ နှင့် အနန္တတန်ခိုးတို့ကို နားလည်စေကာ ဘုရားသခင်က လူသားမျိုးနွယ်၏ ကယ်တင်ခြင်းဖြစ်သည်ဆိုသည်နှင့် သူသည် ချစ်ခြင်းမေတ္တာဖြစ်သည်ဆိုသည့် အချက်အပေါ် လေးနက်သည့် အသိအမှတ်ပြုခြင်းတစ်ခု ရရှိစေဖို့ အခွင့်ပေးရင်းဖြင့်၊ ဘုရားသခင်သည် ထိုမနှစ်မြို့ဖွယ် ပတ်ဝန်းကျင်ကို သူ့အပေါ် ကျွန်တော့်၏ ယုံကြည်ခြင်း၊ သစ္စာရှိခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ကို တိုးပွားစေဖို့ အသုံးပြုခဲ့သည်။ ကျွန်တော့်၏ နှလုံးသားမှ ဘုရားသခင်အတွက် အကန့်အသတ်မဲ့ ကိုးကွယ်ခြင်းနှင့် ချီးမွမ်းခြင်းတို့ ထွက်ပေါ်လာခဲ့ပါသည်။

ယခင်က:ဆင်းရဲဒုက္ခကို သည်းခံပြီးနောက်၊ ဘုရားသခင်အတွက် ကျွန်တော့်၏ ချစ်ခြင်းမေတ္တာသည် ပို၍ပင် ခိုင်မာလာသည်

နောက်တစ်ခုသို့:ဒုက္ခများသောအချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မကို အားပေးမှုဖြင့် ထောက်ပံ့ခဲ့သည်

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ