ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ အပိုင်း လေး ၏ အဆက်

လူတို့သည် အတွေ့အကြုံကို အခြေခံကာ ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်တတ်ကြသည်

ဘုရားသခင်ကိုသိခြင်းဟူသည့် ခေါင်းစဉ်အပေါ် မိတ်သဟာယပြုသောအခါ သင်တို့သည် တစ်စုံတစ်ခုကို သတိပြုခဲ့မိသလော။ မျက်မှောက်ခေတ်၌ ဘုရားသခင်၏ သဘောထားက အပြောင်းအလဲတစ်ခု ကြုံရပြီးဖြစ်သည်ကို သင်တို့ သတိပြုမိပြီးပြီလော။ လူသားများအပေါ် သူ၏ သဘောထားမှာ ပြောင်းလဲ၍ရနိုင်သလော။ ဘုရားသခင်သည် ဤကဲ့သို့ လူသားများအပေါ် သူ၏ ချစ်ခြင်းမေတ္တာနှင့် သနားခြင်းကရုဏာ အလုံးစုံကို အကန့်အသတ်မရှိပေးလျက် အမြဲသည်းခံလိမ့်မည်လော။ ဤအကြောင်းအရာတွင် ဘုရားသခင်၏ အနှစ်သာရလည်း ပါဝင်သည်။ အစောပိုင်းတွင် ဖော်ပြထားသည့် ပျောက်သောသားဟု ဆိုသောသူအကြောင်း မေးခွန်းကို ပြန်သွားကြပါစို့။ ဤမေးခွန်းကို မေးခဲ့ပြီးနောက်တွင် သင်တို့၏ အဖြေများမှာ သိပ်မရှင်းလင်းခဲ့ပေ။ တစ်နည်းအားဖြင့် သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် တကယ်ခိုင်မာသော နားလည်မှု မရှိကြသေးချေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ချစ်ကြောင်း သိသည့်အခါ၊ သူတို့က သူ့အား ချစ်ခြင်းမေတ္တာ၏ သင်္ကေတတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ကြသည်- လူတို့ မည်သည့်အရာကို လုပ်ပါစေ၊ ၎င်းတို့ မည်ကဲ့သို့ ပြုမူပါစေ၊ ဘုရားသခင်ကို ၎င်းတို့ မည်ကဲ့သို့ ပြုမူဆက်ဆံပြီး ၎င်းတို့သည် မည်မျှ မနာခံတတ်ကြပါစေ၊ ထိုအရာတစ်ခုမျှ အမှန်တကယ် အရေးမကြီးပေ။ အကြောင်းမှာ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာရှိပြီး သူ၏ ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မဲ့ကာ တိုင်းတာ၍မရသောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိသောကြောင့် သူသည် လူတို့ကို သည်းခံနိုင်ခြင်း ဖြစ်သည်၊ ထို့ပြင် ဘုရားသခင်၌ ချစ်ခြင်းမေတ္တာ ရှိသောကြောင့် သူသည် လူတို့အပေါ် သနားခြင်းကရုဏာ ရှိနိုင်ခြင်း၊ ၎င်းတို့၏ မရင့်ကျက်ခြင်းအပေါ် သနားခြင်းကရုဏာရှိနိုင်ခြင်း၊ ၎င်းတို့၏ ပညာမဲ့ခြင်းအပေါ် သနားခြင်းကရုဏာ ရှိနိုင်ခြင်းနှင့် ၎င်းတို့၏ နာခံမှုမရှိခြင်းအပေါ် သနားခြင်းကရုဏာရှိနိုင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ထိုကဲ့သို့ဖြစ်သလော။ အချို့လူ အတွက်မူကား ဘုရားသခင်၏ စိတ်ရှည်ခြင်းကို သူတို့ တစ်ကြိမ် သို့မဟုတ် အကြိမ်အနည်းငယ် ခံစားဖူးသောအခါ သူသည် ၎င်းတို့အပေါ် ထာဝစဉ်သည်းခံပြီး သနားခြင်းကရုဏာ ထားလိမ့်မည်ဟု ယုံကြည်လျက်၊ သူတို့သည် ဘုရားသခင် အပေါ် ၎င်းတို့ကိုယ်တိုင်၏ သိနားလည်ခြင်းတွင် ဤအတွေ့အကြုံများကို အရင်းအဖြစ် သဘောထားကြမည်ဖြစ်ပြီး၊ ထို့နောက် ၎င်းတို့၏ ဘဝ တစ်လျှောက်လုံး သူတို့သည် ဘုရားသခင်၏ ဤစိတ်ရှည်ခြင်းကိုယူကာ ယင်းအား ဘုရားသခင် ၎င်းတို့ကိုဆက်ဆံသော စံနှုန်းအဖြစ် သတ်မှတ်ကြသည်။ ဘုရားသခင်၏ သည်းခံခြင်းကို တစ်ကြိမ်ခံစားပြီးနောက်တွင် ဘုရားသခင်ကို သည်းခံခြင်းအဖြစ် အစဉ်အမြဲအဓိပ္ပာယ်ဖွင့်ပြီး သူတို့၏စိတ်ထဲတွင် ဤသည်းခံခြင်းမှာ အကန့်အသတ်မဲ့၊ အခြေအနေအပေါ် မမူတည်ဘဲ၊ လုံးလုံးလျားလျား မူမရှိခြင်းပင် ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ကြသော လူများလည်းရှိသည်။ ဤကဲ့သို့သော ယုံကြည်ချက်များမှာ မှန်ကန်သလော။ ဘုရားသခင်၏ အနှစ်သာရ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သော အကြောင်းအရာများကို ဆွေးနွေးသည့်အခါတိုင်း သင်တို့မှာ စိတ်ရှုပ်ထွေးသွားဟန်တူသည်။ သင်တို့အား ဤကဲ့သို့ မြင်ရသည်မှာ ငါ့ကို အလွန် စိုးရိမ်ပူပန်စေသည်။ ဘုရားသခင်၏ အနှစ်သာရနှင့်သက်ဆိုင်သော သမ္မာတရား မြောက်မြားစွာကို သင်တို့ ကြားခဲ့ပြီးဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်၍ဆို အလွန်တရာ များပြားသော ဆွေးနွေးချက်များကို သင်တို့ နားထောင်ခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း သင်တို့၏ စိတ်ထဲတွင် ဤအရေးကိစ္စများနှင့် ဤကဏ္ဍများ၏ အမှန်တရားမှာ အယူအဆနှင့် ရေးထားသော စကားလုံးများအပေါ် အခြေခံသော မှတ်ဉာဏ်များသာ ဖြစ်ကြသည်။ သင်တို့၏ နေ့စဉ် အသက်တာများထဲတွင် ဘုရားသခင်၏ စိတ်သဘောထားမှာ အမှန်တကယ် သူဖြစ်သည့်အတိုင်းပင် သင်တို့ တစ်ဦးတစ်ယောက်မျှ ခံစားခြင်း သို့မဟုတ် တွေ့မြင်ခြင်း မရှိနိုင်ဖူးကြပေ။ ထို့ကြောင့် သင်တို့သည် သင်တို့၏ ယုံကြည်မှုများထဲ၌ အကုန်လုံး ယောင်ချာချာဖြစ်ကာ သင်တို့၌ ဘုရားသခင်အပေါ် မရိုသေသော သဘောထားရှိပြီး သူ့ကို ဘေးဖယ်ထားသည်အထိပင် သင်တို့အားလုံး မျက်စိစုံလုံးကန်း ယုံကြည်ကြသည်။ ဘုရားသခင်အပေါ် သင်တို့၏ ဤကဲ့သို့ သဘောထားမျိုးက အဘယ်သို့ ဦးတည်သနည်း။ ၎င်းသည် သင်တို့အား ဘုရားသခင်အကြောင်း အမြဲတစေ ကောက်ချက်ချသည့် ဘက်သို့ ဦးတည်ပေးသည်။ သင်တို့သည် အနည်းငယ်သော သိနားလည်ခြင်းကို ရထားပြီးသည့်အခါ ဘုရားသခင်၏ အလုံးစုံကို ရရှိထားကြသကဲ့သို့ အလွန်ကျေနပ်အားရ ဖြစ်ကြသည်။ ထို့နောက်တွင် သင်တို့က ဤသည်မှာ ဘုရားသခင် ဖြစ်သည့်ပုံစံဟု ကောက်ချက်ချပြီး သူ့အား လွတ်လပ်စွာလှုပ်ရှားခွင့် မပြုတော့ပေ။ ထို့ပြင် ဘုရားသခင်သည် အမှုသစ်တစ်ခုကို ပြုသောအခါတိုင်း သင်တို့က သူသည် ဘုရားသခင်ဖြစ်ကြောင်းကို တကယ်ဝန်ခံကြခြင်း မရှိပေ။ တစ်နေ့သောအခါ ဘုရားသခင်က “ငါသည် လူသားမျိုးနွယ်ကို မချစ်တော့ပေ၊ လူသားတို့ကို သနားခြင်းကရုဏာ နောက်ထပ်ပေးမည် မဟုတ်တော့ပေ၊ ငါသည် သူတို့အပေါ် ဆက်၍ မည်သည့်သည်းခံခြင်း သို့မဟုတ် စိတ်ရှည်ခြင်းမျှ မရှိတော့ပေ၊ ငါသည် သူတို့အပေါ် အလွန်အမင်း စက်ဆုပ်ရွံရှာခြင်းနှင့် ရွံမုန်းခြင်းတို့နှင့် ပြည့်လျက်ရှိသည်” ဟု ပြောသောအခါ ထိုကဲ့သို့သော ပြောဆိုချက်များက လူတို့၏ စိတ်နှလုံးအတွင်းထဲ၌ ပဋိပက္ခကို ဖြစ်ပေါ်စေလိမ့်မည်။ ၎င်းတို့ထဲမှ အချို့က “ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင်မဟုတ်တော့၊ ကိုယ်တော်သည် ကျွန်ုပ် နောက်လိုက်လိုသော ဘုရားသခင် မဟုတ်တော့ပေ။ အကယ်၍ ဤအရာမှာ ကိုယ်တော်ပြောသည့်အရာ ဖြစ်ပါက ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရားသခင်ဖြစ်ဖို့ အရည်အချင်း မပြည့်မီတော့သဖြင့် ကျွန်ုပ်သည် ကိုယ်တော့်နောက်သို့ ဆက်လိုက်ဖို့ မလိုအပ်ပေ။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်အား သနားခြင်းကရုဏာ၊ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်းကို မပေးတော့ပါက၊ ကိုယ်တော့်နောက်သို့ ကျွန်ုပ် ဆက်၍လိုက်မည် မဟုတ်ပေ။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်အပေါ် အတိုင်းမသိ သည်းခံခြင်းရှိမည်၊ ကျွန်ုပ်အပေါ် အမြဲစိတ်ရှည်ပြီး၊ ကိုယ်တော်သည် ချစ်ခြင်းမေတ္တာဖြစ်ကြောင်း၊ ကိုယ်တော်သည် စိတ်ရှည်ခြင်းဖြစ်ကြောင်း၊ ကိုယ်တော်သည် သည်းခံခြင်းဖြစ်ကြောင်း ကျွန်ုပ်ကို မြင်တွေ့ခွင့်ပေးမှသာ ကျွန်ုပ်သည် ကိုယ်တော့်နောက်သို့ လိုက်နိုင်မည်ဖြစ်ပြီး၊ သို့မှသာ အဆုံးတိုင်အောင် ကိုယ်တော့်နောက်လိုက်ရန် ကျွန်ုပ်၌ ယုံကြည်စိတ်ချမှု ရှိလိမ့်မည် ဖြစ်သည်။ ကျွန်ုပ်၌ ကိုယ်တော်၏ စိတ်ရှည်ခြင်းနှင့် သနားခြင်းကရုဏာ ရှိခြင်းကြောင့် ကျွန်ုပ်၏မနာခံခြင်းနှင့် ကျွန်ုပ်၏ ကျူးလွန်မှုများက အကန့်အသတ်မရှိ ခွင့်လွတ်ခြင်းနှင့် လွတ်ငြိမ်းစေခြင်းကို ခံရနိုင်မည် ဖြစ်သည်၊ ထို့အပြင် ကျွန်ုပ်သည် အချိန်မရွေး နေရာမရွေး အပြစ်ပြုနိုင်မည်၊ အချိန်မရွေး နေရာမရွေး အပြစ်ဝန်ခံပြီး လွတ်ငြိမ်းရာရနိုင်မည် ဖြစ်၍ ကိုယ်တော့်အား အချိန်မရွေး နေရာမရွေး ဒေါသထွက်စေနိုင်မည် ဖြစ်သည်။ ကျွန်ုပ်နှင့်ပတ်သက်၍ ကိုယ်တော်၌ မည်သည့်ထင်မြင်ချက် သို့မဟုတ် သုံးသပ်ချက်မျှ မရှိသင့်ပေ” ဟူ၍ပင် ဆိုကြလိမ့်မည်။ သင်တို့ တစ်ဦးတစ်ယောက်သည် ဤအရေးကိစ္စမျိုးကို လွန်စွာ ပုဂ္ဂလဓိဌာန်ကျကျ သို့မဟုတ် သတိပြုမိသောပုံစံဖြင့် တွေးကောင်းတွေးမည် မဟုတ်သော်လည်း၊ သင်သည် ဘုရားသခင်အား သင်၏အပြစ်များကို ခွင့်လွှတ်ရန်အတွက် တန်ဆာပလာတစ်ခုအဖြစ် သို့မဟုတ် သာယာသော ခရီးဆုံးပန်းတိုင်တစ်ခုကို ရောက်ရှိရန်အတွက် အသုံးပြုသည့် အရာဝတ္ထု တစ်ခုအဖြစ် သဘောထားသည့်အခါတိုင်း သင်သည် အသက်ရှင်သော ဘုရားသခင်ကို သင်၏ရန်သူအဖြစ် သင်၏ ဆန့်ကျင်ဘက်၌ ထူးမခြားနား ထားရှိပြီးပြီဖြစ်သည်။ ဤသည်မှာ ငါမြင်သောအရာ ဖြစ်သည်။ “ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်သည်”၊ “ကျွန်ုပ်သည် သမ္မာတရားကို လေ့လာ လိုက်စားသည်”၊ “ကျွန်ုပ်သည် ကျွန်ုပ်၏ စိတ်သဘောထားကို ပြောင်းလိုသည်”၊ “ကျွန်ုပ်သည် အမှောင်စွမ်းအားမှ လွတ်မြောက်လိုသည်”၊ “ကျွန်ုပ်သည် ဘုရားသခင်ကို ကျေနပ်စေလိုသည်”၊ “ကျွန်ုပ်သည် ဘုရားသခင်ကို ကျိုးနွံနာခံလိုသည်”၊ “ကျွန်ုပ်သည် ဘုရားသခင်အပေါ် သစ္စာရှိလိုပြီး ကျွန်ုပ်၏တာဝန်ကို ကောင်းစွာ ထမ်းရွက်လိုသည်”၊ အစရှိသဖြင့် ထိုကဲ့သို့သော အရာတို့ကို သင် ဆက်၍ ပြောကောင်းပြောနိုင်သည်။ သို့သော်လည်း သင်၏စကားလုံးများသည် မည်မျှ ကြားကောင်းပါစေ၊ အယူအဆ မည်မျှကို သင်သိပါစေ၊ ထိုအယူအဆမှာ မည်သို့ပင် ထည်ဝါပါစေ သို့မဟုတ် ခံ့ညားပါစေ၊ အကြောင်းအရာ၏ အမှန်တရားမှာ ယခုတွင် ဘုရားသခင်အကြောင်း ကောက်ချက်များချရန်အတွက် သင်တို့ ကျွမ်းကျင်တတ်မြောက်ထားသော စည်းမျဉ်းများ၊ သြဝါဒများ၊ အယူအဆများအား မည်ကဲ့သို့အသုံးပြုပုံကို လေ့လာထားပြီးသည့် များစွာသောသင်တို့ ရှိသောကြောင့် ဘုရားသခင်အား သင်တို့နှင့် ဆန့်ကျင်ဘက်၌ အလိုအလျောက် ထားကြခြင်း ဖြစ်သည်။ သင်သည် ကျမ်းဟောင်းတရားများနှင့် သြဝါဒများကို ကျွမ်းကျင်တတ်မြောက်ပြီး ဖြစ်နိုင်သော်လည်း သမ္မာတရား၏ စစ်မှန်မှုထဲသို့ အမှန်တကယ် မဝင်ရောက်သေးသဖြင့် ဘုရားသခင်နှင့် နီးကပ်ရန်၊ ဘုရားသခင်ကို သိရန်နှင့်၊ ဘုရားသခင်ကို နားလည်ရန်မှာ သင့်အတွက် အလွန်ခက်ခဲပေသည်။ ဤသည်မှာ သနားစဖွယ်ပါတကား။

ဆက်လက်ဖော်ပြမည့် ဇာတ်ဝင်ခန်းကို ဗွီဒီယိုတစ်ခုတွင် ငါမြင်ခဲ့သည်- ညီအစ်မအချို့က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဟူသောစာအုပ်ကို ကိုင်ကာ ယင်းကို အပေါ်သို့ မြှောက်ထားကြသည်။ ၎င်းတို့သည် စာအုပ်ကို ၎င်းတို့၏အလယ်တွင် ၎င်းတို့၏ ဦးခေါင်းထက်သို့ မြှောက်၍ ကိုင်ထားကြသည်။ ဤသည်မှာ ပုံစံတစ်ခုသာ ဖြစ်ခဲ့သော်လည်း ငါ၏အတွင်း၌ လှုံ့ဆော်သောအရာမှာ ပုံစံတစ်ခု မဟုတ်ပေ။ ထို့ထက် လူအယောက်တိုင်းက ၎င်းတို့၏ စိတ်နှလုံးထဲ၌ မြှောက်၍ကိုင်ထားသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်သာ ဖြစ်ကြောင်း ငါ့ကို ဆင်ခြင်မိစေသည်။ ဤသည်မှာ အလွန်ဝမ်းနည်းဖွယ် အကြောင်းအရာတစ်ခုပင် ဖြစ်သည်။ ဤကဲ့သို့သော လုပ်ဆောင်ချက်သည် ဘုရားသခင်အား မြှောက်၍ကိုင်ထားခြင်းနှင့် လုံးဝမတူညီပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ ဘုရားသခင်အား နားလည်ခြင်းကင်းမဲ့မှုက အလွန်သိသာသော မေးခွန်းတစ်ခု၊ အလွန်တရာ သေးငယ်သော အရေးကိစ္စတစ်ခု၌ပင် သင်တို့ကို မိမိတို့၏ ကိုယ်ပိုင်အယူအဆများ ရရှိစေသည့် အဆင့်အထိ ရောက်ရှိလာပြီဖြစ်သည်။ သင်တို့အား အမှုအရာများကို ငါမေးသည့်အခါ၊ သင်တို့အား ငါအလေးအနက်ထားသည့်အခါ သင်တို့သည် ထင်ကြေးနှင့် သင်တို့၏ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများဖြင့် တုံ့ပြန်ကြသည်၊ သင်တို့အချို့သည် သံသယလေသံဆောင်ကာ ငါ၏မေးခွန်းများကို မေးခွန်းများဖြင့်ပင် ပြန်၍တုန့်ပြန်ကြသည်။ ဤအရာက သင်တို့ယုံကြည်သော ဘုရားသခင်မှာ စစ်မှန်သောဘုရားသခင် မဟုတ်ကြောင်း ငါ့ကို ပိုမိုရှင်းလင်းစွာ ပြောပြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နှစ်ပေါင်းများစွာ ဖတ်ရှုပြီးနောက်၊ ဘုရားသခင်အကြောင်း နောက်တစ်ဖန် ကောက်ချက်များချရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏အမှုနှင့် နောက်ထပ် သြဝါဒများကို သင်တို့ အသုံးပြုကြသည်။ ထိုမျှမက သင်တို့သည် ဘုရားသခင်ကို နားလည်ရန် မည်သည့်အခါမျှ ကြိုးပမ်းခြင်းမရှိပေ၊ သူ၏ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ရန်၊ လူသားများအပေါ် ဘုရားသခင်၏ သဘောထားကို နားလည်ရန် သို့မဟုတ် ဘုရားသခင် မည်ကဲ့သို့ စဉ်းစားကြောင်း၊ သူသည် အဘယ်ကြောင့် ဝမ်းနည်းကြောင်း၊ သူသည် အဘယ်ကြောင့် ဒေါသထွက်ကြောင်း၊ သူသည် လူတို့ကို အဘယ်ကြောင့် ပစ်ပယ်ကြောင်းနှင့် ယင်းကဲ့သို့သော အခြားမေးခွန်းများကို သဘောပေါက်ရန် သင် မည်သည့်အခါမျှ ကြိုးစားခြင်း မရှိပေ။ ထိုထက်မက ဘုရားသခင်သည် လူသားတို့၏ အမျိုးမျိုးသော လုပ်ဆောင်ချက်များအပေါ် သဘောထား သို့မဟုတ် ထင်မြင်ချက်များမရှိဘဲ စောင့်ကြည့်ရုံသာ ကြည့်နေသောကြောင့် ဘုရားသခင်သည် အမြဲတစေ တိတ်ဆိတ်နေခဲ့သည်ဟု မြောက်မြားစွာသော လူတို့ကပင် ယုံကြည်ကြသည်။ အခြားလူအုပ်စုက ဘုရားသခင်က သဘောတူလိုက်လျောပြီး ဖြစ်သောကြောင့် သူက အသံမထွက်ခြင်း ဖြစ်သည်၊ သူသည် စောင့်ဆိုင်းနေသောကြောင့် သို့မဟုတ် သူ၌ သဘောထားမရှိသောကြောင့် နှုတ်ဆိတ်နေခြင်း ဖြစ်သည်ဟု ယုံကြည်ကြပြန်သည်။ ဘုရားသခင်၏ သဘောထားကို စာအုပ်ထဲ၌ အပြည့်အဝ အသေးစိတ်ဖော်ပြထားပြီဖြစ်ပြီး ယင်းသဘောထား အလုံးစုံကို လူသားမျိုးနွယ်အား ဖော်ပြထားပြီ ဖြစ်သောကြောင့် ၎င်းကို လူတို့အား အကြိမ်ကြိမ်အခါခါ ပြောရန် မလိုအပ်ပါဟု ဤလူများက တွေးထင်ကြသည်။ ဘုရားသခင်သည် နှုတ်ဆိတ်၍နေသော်လည်း သူ၌ သဘောထားတစ်ခုနှင့် ရှုထောင့်တစ်ခုအပြင် လူတို့အမှီလိုက်ရန် သူတောင်းဆိုသော စံနှုန်းတစ်ခုလည်း ရှိနေဆဲဖြစ်သည်။ လူတို့သည် သူ့ကို နားလည်ရန် သို့မဟုတ် သူ့ကို ရှာဖွေရန် မကြိုးစားကြသော်လည်း ဘုရားသခင်၏ သဘောထားမှာ အလွန် ရှင်းလင်းပါသည်။ တစ်ချိန်က ဘုရားသခင်နောက်သို့ စိတ်အားထက်သန်စွာ လိုက်ခဲ့သော်လည်း တစ်ချိန်ချိန်၌ သူ့ကိုစွန့်ပစ်ပြီး ထွက်ခွာသွားခဲ့သောသူ တစ်စုံတစ်ဦးကို ဆင်ခြင်လော့။ အကယ်၍ ဤလူသည် ထူးထူးဆန်းဆန်း ယခုအခါ ပြန်လာချင်ခဲ့ပါက ဘုရားသခင်၏ ရှုထောင့်မှ အဘယ်သို့ရှိမည် သို့မဟုတ် သူ၏ သဘောထားမှာ အဘယ်သို့ရှိမည်ကို သင်တို့ မသိကြပေ။ ဤသည်မှာ အလွန်ပင် ဝမ်းနည်းဖွယ်ကောင်းသည် မဟုတ်လော။ အမှန်အားဖြင့် ဤသည်မှာ အတော်အတန် အပေါ်ယံကိစ္စတစ်ခုပင် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဘုရားသခင်၏ စိတ်နှလုံးကို အမှန်တကယ် နားလည်ပါက ဤလူစားမျိုးအပေါ် သူ၏သဘောထားကို သင်တို့ သိကြမည်ဖြစ်၍ မရေရာသော အဖြေတစ်ခုကို သင်တို့ ပေးကြမည် မဟုတ်ပေ။ သင်တို့ မသိကြသောကြောင့် ငါ့ကို သင်တို့အား ပြည့်ပြည့်စုံစုံ ပြောပြခွင့်ပြုလော့။

သူ၏အမှုတော်အတွင်း ထွက်ပြေးသောသူများအပေါ် ဘုရားသခင်၏ သဘောထား

ဤကဲ့သို့သော လူများမှာ နေရာတကာတွင်ရှိသည်- ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးနှင့်ပတ်သက်၍ သေချာသိပြီးသောအခါ အကြောင်းအမျိုးမျိုးကြောင့် နှုတ်ဆက်စကား တစ်ခွန်းမျှမပြောဘဲ ၎င်းတို့၏ စိတ်နှလုံးအလိုဆန္ဒရှိတိုင်း သွားလုပ်ရန် တိတ်တဆိတ် ထွက်ခွာသွားကြသည်။ ယခုလောလောဆယ်တွင် ဤလူတို့ ထွက်ခွာသွားရသည့် အကြောင်းရင်းများကို ငါတို့ အသေးစိတ် ကြည့်မည်မဟုတ်ပေ။ ဤကဲ့သို့သော လူမျိုးအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်သို့ဖြစ်ကြောင်းကို ပထမဦးစွာ ငါတို့ကြည့်ကြမည်။ ၎င်းမှာ အလွန်ရှင်းပါသည်။ ဤလူတို့ ထွက်သွားသည့် အခိုက်အတန့်မှစ၍ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့၏ ယုံကြည်မှုသက်တမ်း ကုန်လွန်ပြီဖြစ်သည်။ သက်တမ်းကို အဆုံးသတ်ခဲ့သူမှာ ဤလူကိုယ်တိုင်မဟုတ်ဘဲ ဘုရားသခင်သာ ဖြစ်သည်။ ဤလူက ဘုရားသခင်အား စွန့်ခွာခဲ့ခြင်းမှာ ၎င်းတို့သည် ဘုရားသခင်အား ငြင်းပယ်ပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို အလိုမရှိတော့ကြောင်းနှင့် ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံတော့ကြောင်းကို ဆိုလိုသည်။ ဤသို့သောလူတို့က ဘုရားသခင်ကို အလိုမရှိသည့်အတွက် ဘုရားသခင်က ၎င်းတို့အား အလိုရှိနိုင်ဦးမည်လော။ ထိုမျှမက ဤကဲ့သို့သော လူတို့က ဤသဘောထားမျိုး၊ ဤအမြင်မျိုးကို ပိုင်ဆိုင်ပြီး ဘုရားသခင်ကို စွန့်ခွာရန် ဆုံးဖြတ်လာပြီးသောအခါ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက်ပြုပြီးပြီ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် ဒေါသပေါက်ကွဲပြီး ဘုရားသခင်ကို ဆဲဆိုခြင်း မရှိခဲ့ကြစေကာမူ၊ ၎င်းတို့သည် ဆိုးညစ်သော သို့မဟုတ် လွန်ကဲသော မည်သည့်အပြုအမူကိုမျှ မပြုခဲ့ကြစေကာမူ၊ ထို့ပြင် ဤလူတို့က “ကျွန်ုပ်သည် အပြင်တွင် အီလောက်သည်အထိ ပျော်ပါးခဲ့ပြီးသော သို့မဟုတ် တစ်စုံတစ်ခုအတွက် ဘုရားသခင်ကို ကျွန်ုပ် လိုအပ်သေးသောတစ်နေ့ ရောက်ရှိလာပါက ကျွန်ုပ်ပြန်လာမည်။ သို့မဟုတ် အကယ်၍ ဘုရားသခင်သည် ကျွန်ုပ်ကို မေတ္တာရပ်ခံပါက ကျွန်ုပ် ပြန်လာမည်။” ဟု စဉ်းစားနေကြသည် သို့မဟုတ် ၎င်းတို့က “ကျွန်ုပ်သည် အပြင်၌ ထိခိုက်နာကျင်သည့်အခါ၊ သို့မဟုတ် အပြင်လောကသည် အလွန်မှောင်မိုက်၍ အလွန်ဆိုးယုတ်ကြောင်းကို ကျွန်ုပ် မြင်သောအခါနှင့် ကျွန်ုပ်သည် အလိုက်သင့်စီးမျောလိုခြင်း မရှိတော့သည့်အခါ ဘုရားသခင်ထံ ကျွန်ုပ်ပြန်လာမည်။” ဟု ပြောကြစေကာမူ ဤသို့ဖြစ်သည်။ ဤလူတို့သည် ၎င်းတို့၏စိတ်ထဲတွင် မည်သည့်အချိန် အတိအကျ၌ ၎င်းတို့ပြန်လာမည်ကို တွက်ချက်ထားသော်လည်း၊ ထို့ပြင် ၎င်းတို့သည် ၎င်းတို့၏အပြန်အတွက် တံခါးကိုဖွင့်ထားရန် ကြိုးစားထားသော်လည်း ၎င်းတို့အနေဖြင့် မည်သည့်အရာကို ယုံကြည်ပြီး သို့မဟုတ် မည်သို့ပင် ကြံစည်စေကာမူ ဤအရာအားလုံးမှာ ဆန္ဒအတွေးသက်သက်သာ ဖြစ်ကြောင်းကို ၎င်းတို့ သဘောမပေါက်ကြချေ။ ၎င်းတို့၏ အကြီးမားဆုံးအမှားမှာ ၎င်းတို့ ထွက်ခွာလိုသည့်ဆန္ဒက ဘုရားသခင်ကို မည်သို့ခံစားစေကြောင်း မသဲကွဲခြင်းပင် ဖြစ်သည်။ ဘုရားသခင်ကို စွန့်ခွာရန် သူတို့ ဆုံးဖြတ်ခဲ့သည့် အချိန်မှစ၍ပင် ဘုရားသခင်က ၎င်းတို့ကို လုံးလုံးလျားလျား စွန့်ပစ်လိုက်သည်၊ ထိုစဉ်တွင် ဘုရားသခင်သည် သူ၏စိတ်နှလုံးထဲ၌ ထိုသို့သောလူ၏ အဆုံးသတ်ရလဒ်ကို သတ်မှတ်ထားပြီး ဖြစ်သည်။ ယင်းမှာ မည်သည့်အဆုံးသတ်ရလဒ်နည်း။ ဤလူသည် သနားစရာ့ သတ္တဝါလေးများထဲမှ တစ်ကောင်ဖြစ်သဖြင့် အခြားသတ္တဝါတို့နှင့်အတူ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ဦးသည် ဘုရားသခင်ကို စွန့်ပစ်သော်လည်း ပြစ်ဒဏ်ခတ်ခြင်းကို မခံရသည့် ဤအခြေအနေမျိုးကို လူတို့ မကြာခဏ မြင်ရခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင် နိယာမများနှင့်အညီ စီမံခန့်ခွဲသည်။ အမှုအရာအချို့ကိုသာ မြင်ရနိုင်ပြီး အခြားအမှုအရာတို့မှာ ဘုရားသခင်၏ စိတ်နှလုံးထဲ၌သာ ဆုံးဖြတ်ချက်ချသောကြောင့် လူတို့သည် ရလဒ်များကို မမြင်နိုင်ကြပေ။ လူတို့အတွက် မြင်ရသောအရာများမှာ အမှုအရာများ၏ စစ်မှန်သောမျက်နှာပြင် သေချာပေါက် မဟုတ်ပေ။ သို့သော်လည်း သင်မမြင်သောဘက်၊ ထိုတစ်ဘက်ခြမ်းတွင် ဘုရားသခင်၏ စစ်မှန်သော ရင်တွင်းဖြစ် အတွေးများနှင့် သုံးသပ်ချက်များ အမှန်ပင် ပါရှိလေသည်။

ဘုရားသခင်၏ အမှုတော်အတွင်း ထွက်ပြေးသောလူများမှာ မှန်သောလမ်းကို စွန့်ပစ်သောသူများပင် ဖြစ်သည်

ထို့ကြောင့် ဘုရားသခင်သည် ဤကဲ့သို့သော လူစားမျိုးများအား အဘယ်ကြောင့် ထိုမျှပြင်းထန်သော အပြစ်ဒဏ်ကို ပေးနိုင်သနည်း။ ၎င်းတို့အပေါ် အဘယ်ကြောင့် သူ အလွန်ဒေါသထွက်ရသနည်း။ ပထမဦးစွာ ဘုရားသခင်၏ စိတ်နေသဘောထားသည် ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ ဖြစ်ကြောင်းကို ငါတို့သိကြသည်။ သူသည် လူတို့ အလိုရှိသည့်အတိုင်း ထိန်းချုပ်ခြင်းခံရမည့် ရုပ်သေးရုပ်တစ်ခု ဖြစ်ဖို့မဆိုနှင့်၊ တစ်စုံတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံရမည့် သိုးတစ်ကောင် မဟုတ်ပေ။ သူသည် သြဇာပေးခံရမည့် ဘာမျှမရှိသော လေတစ်ပွေလည်း မဟုတ်ပေ။ သင်သည် ဘုရားသခင်တည်ရှိကြောင်းကို အမှန်တကယ်ယုံကြည်ပါက သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသင့်ပြီး ဘုရားသခင်၏ အနှစ်သာရမှာ ဒေါသထွက်အောင် လုပ်ရမည့်အရာတစ်ခု မဟုတ်ကြောင်းကို သင် သိသင့်ပေသည်။ ဤဒေါသကို စကားတစ်လုံးအားဖြင့်၊ သို့မဟုတ် အတွေးတစ်ခု အားဖြင့်၊ သို့မဟုတ် ဆိုးညစ်သော အပြုအမူတစ်မျိုးမျိုးအားဖြင့်ဖြစ်စေ၊ သို့မဟုတ် လူတို့၏အမြင်နှင့် လူသားတို့၏ ကိုယ်ကျင့်တရားအားဖြင့် အတန်အသင့်ဖြစ်သော သိမ်မွေ့သည့် အပြုအမူအားဖြင့်ဖြစ်စေ ဖြစ်ပွားစေနိုင်သည်။ သို့တည်းမဟုတ် ယင်းကို သြဝါဒတစ်ခု သို့မဟုတ် အယူအဆသဘောတရား တစ်ခုအားဖြင့် နှိုးဆွပေးနိုင်သည်။ သို့သော်လည်း ဘုရားသခင်ကို သင် ဒေါသ ထွက်စေပြီးသည်နှင့် တစ်ပြိုင်နက် သင်၏ အခွင့်အရေးပျောက်ဆုံးပြီး သင်၏ နေ့ရက်ဆုံးနေရက်များ ရောက်ရှိလာပြီဖြစ်သည်။ ဤသည်မှာ ဆိုးဝါးသော အရာတစ်ခုပင်။ အကယ်၍ ဘုရားသခင်အား ပုန်ကန်ပြစ်မှား၍ မရသည်ကို သင် နားမလည်ပါက သင်သည် ဘုရားသခင်ကို မကြောက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး သင်သည် သူ့အား အချိန်တိုင်းလိုလို ပြစ်မှားနေခြင်း ဖြစ်နိုင်သည်။ သင်သည် ဘုရားသခင်အား မည်ကဲ့သို့ ကြောက်ရွံ့ရမည်ကို မသိပါက သင်သည် ဘုရားသခင်ကို ကြောက်ရွံ့နိုင်စွမ်း မရှိသည့်အပြင် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းတည်းဟူသော ဘုရားသခင်၏ လမ်းခရီး၌ လျှောက်လှမ်းခြင်း လမ်းကြောင်းပေါ်သို့ မိမိကိုယ်ကိုယ် မည်သို့ထားရှိရမည်ကို သိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ပြစ်မှား၍မရကြောင်း သတိပြုမိလာပြီး အသိနိုးကြားသည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်းမှာ အဘယ်အရာ ဖြစ်ကြောင်း သိလိမ့်မည်ဖြစ်သည်။

ဘုရားသခင်ကိုကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်ခြင်း၏ လမ်းကြောင်းတွင် လျှောက်ခြင်းမှာ သမ္မာတရားကို သင်မည်မျှသိသည်၊ စမ်းသပ်မှု မည်မျှကို သင် ကြုံတွေ့ခဲ့ဖူးသည် သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းကို သင်မည်မျှခံခဲ့ဖူးသည် ဟူသည့်အကြောင်း သေချာပေါက် မဟုတ်ပေ။ ယင်းထက် ၎င်းမှာ သင်၏ စိတ်နှလုံး၌ ဘုရားသခင်အပေါ် သင် ထားရှိသည့် သဘောထားမျိုးနှင့် မည်သည့် အနှစ်သာရကို သင် ဖော်ပြသည် ဆိုသည့်အပေါ် မူတည်သည်။ လူတို့၏အနှစ်သာရများနှင့် သူတို့၏ ပုဂ္ဂလဓိဌာန်ကျသော သဘောထားများ၊ ဤအရာများမှာ အလွန်အရေးကြီးပြီး အလွန်အဓိကကျသည်။ ဘုရားသခင်ကို ကျောခိုင်းပြီး စွန့်ခွာသွားခဲ့သော ထိုလူများနှင့်စပ်လျဉ်း၍ ၎င်းတို့၏ ဘုရားသခင်အပေါ် စက်ဆုပ်ဖွယ် သဘောထားများနှင့် သမ္မာတရားကို မထီမဲ့မြင်ပြုသော ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ စိတ်နေသဘောထားကို အနှောင့်အယှက်ဖြစ်စေပြီ ဖြစ်သောကြောင့် ဘုရားသခင်နှင့် ပတ်သက်သရွေ့ ၎င်းတို့သည် မည်သည့်အခါမျှ ခွင့်လွှတ်ခြင်း ခံရလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို သိထားကြပြီ၊ ဘုရားသခင် ရောက်ရှိပြီဖြစ်ကြောင်း သတင်းရရှိခဲ့ပြီဖြစ်ပြီး၊ ဘုရားသခင်၏ အသစ်သောအမှုကိုပင် ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့၏ ထွက်ခွာခြင်းမှာ ၎င်းတို့သည် ထွက်ခွာသွားရန် အတင်းအကျပ် ဖိအားပေးခံရဖို့ မဆိုထားနှင့်၊ ထင်ယောင်ထင်မှားဖြစ်ခြင်းနှင့် ဝိုးတိုးဝါးတား ဖြစ်ခြင်းကိစ္စတစ်ခု မဟုတ်ပေ။ ထို့ထက် ၎င်းတို့သည် အသိနိုးကြားလျက်နှင့် ပြတ်သားသောစိတ်ဖြင့် ဘုရားသခင်ကို စွန့်ခွာရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ ထွက်ခွာခြင်းမှာ ၎င်းတို့ လမ်းပျောက်ခြင်းကိစ္စ မဟုတ်သကဲ့သို့၊ ၎င်းတို့ နှင်ထုတ်ခံရခြင်းလည်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် ၎င်းတို့မှာ အပြင်တွင် မိမိ၏လမ်းပျောက်ဆုံးသော ပျောက်သောသားများ ဖြစ်ဖို့နေနေသာသာ၊ သိုးအုပ်ထဲမှ လမ်းလွဲသွားသော သိုးများပင် မဟုတ်ကြပေ။ ၎င်းတို့သည် ဒဏ်ခတ်မခံရဘဲ ထွက်ခွာခဲ့ကြပြီး ယင်းအနေအထားတစ်ခု၊ ယင်းအခြေအနေ တစ်ခုက ဘုရားသခင်၏ စိတ်နေသဘောထားကို အနှောင့်အယှက် ဖြစ်စေကာ ဤအနှောင့်အယှက် ဖြစ်စေခြင်းကြောင့် သူသည် ၎င်းတို့အား မျှော်လင့်ချက်မဲ့သော အဆုံးသတ်ရလဒ်များကို ပေးခြင်းဖြစ်လေသည်။ ဤကဲ့သို့သော အဆုံးသတ် ရလဒ်မျိုးမှာ ကြောက်မက်ဖွယ် မကောင်းသလော။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို မသိပါက ဘုရားသခင်ကို ပြစ်မှားမိနိုင်သည်။ ဤအရာမှာ သေးငယ်သောကိစ္စ မဟုတ်ပါပေ။ အကယ်၍ လူတို့သည် ဘုရားသခင်၏ သဘောထားကို အလေးအနက်မထားဘဲ မိမိတို့သည် သူ၏ ပျောက်ဆုံးနေသော သိုးများဖြစ်ပြီး ပြောင်းလဲသော စိတ်နှလုံးသားရှိရန် သူတို့ကို ဘုရားသခင်ဆက်၍ စောင့်ဆိုင်းနေခြင်းဖြစ်သောကြောင့် သူတို့ပြန်အလာကို ဘုရားသခင်က မျှော်နေသည်ဟု ယုံကြည်နေသေးပါက ဤလူတို့သည် မိမိတို့၏ ပြစ်ဒဏ်ခတ်ခံရမည့်နေ့ရက်နှင့် မလွဲလှချေ။ ဘုရားသခင်သည် ၎င်းတို့အား လက်ခံရန် ငြင်းပယ်ရုံငြင်းပယ်လိမ့်မည် မဟုတ်ပေ၊ ဤသည်မှာ သူ၏ စိတ်သဘောထားကို ၎င်းတို့ အနှောင့်အယှက်ပေးခြင်းက ဒုတိယအကြိမ် ဖြစ်သည့်အတွက် ထိုကိစ္စမှာ ပို၍ပင် ဆိုးဝါးလှသည်တကား။ ဤလူတို့၏ မရိုသေသော သဘောထားများက ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးအမိန့်များကို ချိုးဖောက်ပြီးဖြစ်လေသည်။ ဘုရားသခင်သည် ၎င်းတို့ကို လက်ခံလိမ့်ဦး မည်လော။ သူ၏စိတ်နှလုံးထဲတွင် ဤအကြောင်းအရာနှင့် ပတ်သက်သည့် ဘုရားသခင်၏ နိယာမများမှာ၊ အကယ်၍ တစ်စုံတစ်ဦးသည် မှန်သောလမ်းက အဘယ်လမ်းဖြစ်သည် ဟူသည့်အကြောင်းကို သေချာမှု ရထားလင့်ကစား ဘုရားသခင်ကို အသိနိုးကြားလျက်နှင့် ပြတ်သားသောစိတ်ဖြင့် ငြင်းပယ်နိုင်သေးပြီး ဘုရားသခင်ထံမှ သွေဖည်ပါက၊ ဘုရားသခင်သည် ထိုသို့သောလူ၏ ကယ်တင်ခြင်းလမ်းကို ပိတ်ဆို့ပြီး နိုင်ငံတော်၏ ဂိတ်ဝသည် ဤအချိန်မှစ၍ ထိုသူအတွက် ပိတ်ထားလိမ့်မည် ဖြစ်သည်။ ဤလူသည် နောက်ထပ်တစ်ကြိမ် တံခါးလာခေါက်သည့်အခါ ဘုရားသခင်သည် တံခါးဖွင့်ပေးလိမ့်မည် မဟုတ်ပေ။ ဤလူကို ထာဝရ အဝင်ခံလိမ့်မည်မဟုတ်ပေ။ သင်တို့အချို့သည် သမ္မာကျမ်းစာထဲမှ မောရှေ၏ ဇာတ်ကြောင်းကို ဖတ်ဖူးကောင်း ဖတ်ဖူးကြမည်ဖြစ်သည်။ မောရှေသည် ဘုရားသခင်၏ ဘိသိက်ပေးခြင်း ခံခဲ့ရပြီးနောက် သူ၏ လုပ်ဆောင်ချက်များနှင့် အမျိုးမျိုးသော အခြားအကြောင်းရင်းများကြောင့် ခေါင်းဆောင်အယောက် ၂၅၀ တို့က မောရှေအား သူတို့၏ မနာခံမှုကို ပြသခဲ့ကြသည်။ ၎င်းတို့သည် မည်သူ့ကို ကျိုးနွံနာခံရန် ငြင်းဆန်ခဲ့ကြသနည်း။ ၎င်းက မောရှေမဟုတ်ပါ။ ၎င်းတို့သည် ဘုရားသခင်၏ ကြိုတင်စီစဉ်မှုများကို ကျိုးနွံနာခံရန် ငြင်းဆန်ခဲ့ကြသည်၊ ၎င်းတို့သည် ဤအရေးနှင့်ပတ်သက်၍ ဘုရားသခင်၏အမှုကို ကျိုးနွံနာခံရန် ငြင်းဆန်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့က ဆက်လက်ဖော်ပြပါအတိုင်း ပြောခဲ့ကြသည်မှာ- “သင်တို့သည် ပရိသတ်အပေါ် အလွန်အကျွံ တာဝန်ယူကြ၏။ ပရိသတ်အပေါင်း၊ အယောက်တိုင်းတို့သည် သန့်ရှင်းကြသည်ကို မြင်ရပြီး ယေဟောဝါသည် သူတို့အလယ်တွင် ရှိတော်မူ၏။…” ဟူ၍ဖြစ်သည်။ လူသား၏ ရှုထောင့်အမြင်မှနေ၍ ဤစကားများနှင့် စာကြောင်းများမှာ အလွန်လေးနက် ပြင်းထန်သလော။ ၎င်းတို့မှာ မပြင်းထန်ပါပေ။ အနည်းဆုံးအနေဖြင့် ဤစကားလုံးများ၏ လုံးချင်းအဓိပ္ပာယ်မှာ မပြင်းထန်ပေ။ တရားဥပဒေ သဘောအရ ၎င်းတို့မှာ မည်သည့်ဥပဒေကိုမျှ ချိုးဖောက်ခြင်း မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်း၌ မည်သည့် ရုန့်ရင်းကြမ်းတမ်းသော ဂယက်အနက်များ ပါဖို့မဆိုထားနှင့်၊ ယင်း၏ တကယ့်အပေါ်ယံ၌ ဤသည်မှာ ရန်လိုသော အသုံးအနှုန်း သို့မဟုတ် ဝေါဟာရပင် မဟုတ်ပေ။ ဤသည်တို့မှာ သာမန်ဝါကျများဖြစ်ပြီး ဘာမျှမပိုပေ။ ထိုသို့ဆိုလျှင် ဤစကားလုံးများက ဘုရားသခင်ထံမှ အမျက်ကို အဘယ်ကြောင့် နှိုးဆော်နိုင်သနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ထိုစကားများမှာ လူကို ပြောဆိုခြင်းမဟုတ်ဘဲ ဘုရားသခင်ကို ပြောဆိုနေခြင်းပင် ဖြစ်သည်။ ၎င်းတို့ ထုတ်ဖော်ပြသော သဘောထားနှင့် စိတ်သဘောထားသည် ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက်ဖြစ်စေသောအရာ အတိအကျပင်ဖြစ်ပြီး၊ အထူးသဖြင့် ပုန်ကန်ပြစ်မှား၍ မရသည့် ဘုရားသခင်၏ စိတ်သဘောထားကို ၎င်းတို့ ပုန်ကန်ပြစ်မှားကြခြင်း ဖြစ်သည်။ နောက်ဆုံး၌ ထိုခေါင်းဆောင်တို့၏ အဆုံးသတ်ရလဒ်များမှာ မည်သည့်အရာဖြစ်ကြောင်းကို ငါတို့အားလုံးသိကြသည်။ ဘုရားသခင်ကို စွန့်လွှတ်ထားခဲ့သော သူများနှင့်ပတ်သက်၍ ၎င်းတို့၏ ရှုထောင့်မှာ အဘယ်နည်း။ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ထို့ပြင် ၎င်းတို့၏ ရှုထောင့်နှင့် သဘောထားက ဘုရားသခင်အား ၎င်းတို့ကို ထိုကဲ့သို့သော ပုံစံဖြင့် အဘယ်ကြောင့် ရိုက်နှက်ဆုံးမစေသနည်း။ အကြောင်းရင်းမှာ ၎င်းတို့က သူသည် ဘုရားသခင်ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိကြသော်လည်း သူတို့သည် သူ့ကို သစ္စာဖောက်ရန် ရွေးချယ်ခဲ့သေးသောကြောင့်ဖြစ်ပြီး ထိုအကြောင်းကြောင့် ၎င်းတို့သည် ကယ်တင်ခြင်းအတွက် ၎င်းတို့၏ အခွင့်အရေးကို လုံးလုံးလျားလျား ချွတ်ယူခံရခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ ထဲတွင် ပြောထားသည်နှင့်အညီ “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိ။” ဟူ၍ ဖြစ်သည်။ ယခု ဤအကြောင်းအရာနှင့်ပတ်သက်၍ သင်တို့တွင် ရှင်းလင်းသော နားလည်မှု ရှိပြီလော။

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။