သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ငါ၏ ယခင် မိတ်သဟာယပြုခြင်းအချို့သည် ဘုရားသခင်၏ အမှု၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်တို့နှင့် ပတ်သက်သည့်အကြောင်းများဖြစ်သည်။ ဤမိတ်သဟာယပြုခြင်းများကို သင်တို့ ကြားနာပြီးသည့်အခါတွင် ဘုရားသခင်၏စိတ်သဘောထားနှင့် ပတ်သက်ပြီး သိမြင်မှု နားလည်မှု ရရှိသည်ဟု ခံစားရသလော။ မည်မျှအထိ နားလည်သည်ကို ပြောနိုင်သလော။ နားလည်သိရှိမှု မည်မျှကြီးမားသနည်း။ မည်မျှပမာဏရှိသည်ကို ဖော်ပြနိုင်မည်လော။ ဤမိတ်သဟာယပြုခြင်းများက သင်တို့ကို ဘုရားသခင်အကြောင်း ပိုပြီးနက်နဲစွာ နားလည်သွားစေသလော။ ဤနားလည်သိမြင်ခြင်းက ဘုရားသခင်အကြောင်း အသိပညာအမှန်ဖြစ်သည်ဟု ပြောနိုင်သလော။ ဘုရားသခင်ကို ဤနားလည်သိမြင်ခြင်းက ဘုရားသခင်၏အနှစ်သာရအားလုံး၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်းကို သိမြင်မှုဟု ဆိုနိုင်သလော။ မဆိုနိုင်သည်မှာ သိသာသည်။ အဘယ်ကြောင့်ဆိုသော် ဤမိတ်သဟာယပြုခြင်းများသည် ဘုရားသခင်၏ စိတ်သဘောထား၏ တစ်စိတ်တစ်ပိုင်းကို နားလည်ရန်နှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို နားလည်ရန် ထောက်ပံ့ခဲ့ခြင်းသာ ဖြစ်သည်။ အကုန်မဟုတ်ပေ၊ သို့မဟုတ် အလုံးစုံမဟုတ်ပေ။ မိတ်သဟာယပြုခြင်းများက သင်တို့ကို တစ်ချိန်က ဘုရားသခင်ပြုလုပ်ခဲ့သော အမှု၏ တစ်စိတ်တစ်ဒေသကို နားလည်စေပြီး ယင်းမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့အပြင် သူပြုလုပ်ခဲ့သည့် အရာအားလုံးနောက်ကွယ်မှ လုပ်ဆောင်ပုံနှင့် ကြံဆပုံတို့ကို သင်ရှုမြင်ရသည်။ သို့ရာတွင် ဤသည်မှာ အရှိအတိုင်း နားလည်ခြင်း အပြောသဘော နားလည်ခြင်းသာဖြစ်ပြီး သင်တို့၏ စိတ်နှလုံးထဲတွင် ဤအရာတို့သည် မည်မျှစစ်မှန်သနည်းဆိုသည်ကို မသေချာဘဲ ရှိနေလိမ့်မည်။ ဤကဲ့သို့သောအရာများအပေါ်တွင် လူများ၏ နားလည်မှုက မှန်ကန်မှုရှိမရှိကို မည်သည့်အရာနှင့် အဓိက သတ်မှတ်ဆုံးဖြတ်သနည်း။ သူတို့၏ အမှန်တကယ် အတွေ့အကြုံများအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိတ်သဘောထားကို သူတို့မည်မျှ ဧကန်အမှန် ကြုံတွေ့ရသနည်းဆိုသည်နှင့် ဤအမှန်တကယ် အတွေ့အကြုံများတွင် သူတို့ မည်မျှသိမြင်နိုင်ခဲ့သနည်းဆိုသည့်အပေါ်တွင် သတ်မှတ်ဆုံးဖြတ်သည်။ ဤကဲ့သို့သောစကားမျိုးကို မည်သူပြောဖူးခဲ့သနည်း။ “နောက်ဆုံး မိတ်သဟာယပြုခြင်းများက ဘုရားသခင်၏စဉ်းစားပုံနှင့် ဘုရားသခင်ပြုလုပ်ခဲ့သည့်အရာများကို နားလည်ရန် အခွင့်ပေးလိမ့်မည်။ ထို့အပြင် ဘုရားသခင်၏ လုပ်ဆောင်ချက် စည်းမျဉ်းများနှင့် လူသားများအပေါ် ဘုရားသခင်၏ သဘောထားနှင့် သူ၏အခြေခံပြုမူချက်များကို နားလည်စေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာပြီး ဘုရားသခင်နှင့်ပတ်သက်သည့်အလုံးစုံကို သိလာခဲ့ကြပါသည်။” ဤကဲ့သို့ပြောခြင်းသည် မှန်ကန်၏လော။ မမှန်ကန်ဆိုခြင်းမှာ ရှင်းပေသည်။ ဤအရာကို ငါက မည်သည့်အတွက်ကြောင့် မမှန်ကန်ဟု ပြောခြင်းဖြစ်သနည်း။ ဘုရားသခင်၏စိတ်သဘောထား၊ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည် သူပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် သူလုပ်ဆောင်ခဲ့သည့် အရာများထဲတွင် ဖော်ပြနေသည်။ ဘုရားသခင် ပြောခဲ့သည့် နှုတ်ကပတ်တော်များနှင့် သူလုပ်ဆောင်ခဲ့သည့် အမှုမှတစ်ဆင့် ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူသားက ရှုမြင်နိုင်သည်၊ သို့ရာတွင် အမှုနှင့် နှုတ်ကပတ်တော်တို့သည် လူသားကို ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ပိုင်းနှင့် ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်း၏တစ်စိတ်တစ်ပိုင်းတို့ကို နားလည်စေသည်ဟုသာ ပြော၍ရသည်။ အကယ်၍ လူသားသည် ဘုရားသခင်ကို ပိုမိုကြီးမား များပြားစွာနားလည်ရန် ဆန္ဒရှိလျှင် လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့် အမှုကို ပိုပြီး ကြုံတွေ့ရန် လိုအပ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် အမှုတို့၏ တစ်စိတ်တစ်ပိုင်းကို ကြုံတွေ့ရသည့်အခါတွင် လူသားသည် ဘုရားသခင်အကြောင်း တစ်စိတ်တစ်ပိုင်းကို နားလည်ခြင်းကိုသာ ရရှိခဲ့သော်လည်း၊ ဤတစ်စိတ်တစ်ပိုင်းနားလည်ခြင်းက ဘုရားသခင်၏ စိတ်သဘောထားအမှန်ကို ကိုယ်စားပြုနိုင်မည်လော။ ဘုရားသခင်၏ အနှစ်သာရကို ကိုယ်စားပြုသလော။ ဘုရားသခင်၏ မှန်ကန်သော စိတ်သဘောထားနှင့် ဘုရားသခင်၏ အနှစ်သာရတို့ကို ကိုယ်စားပြုသည်မှာ မှန်ပေ၏။ ယင်းမှာ ယုံမှားဖွယ်ရာမရှိပေ။ အချိန်၊ နေရာ၊ သို့မဟုတ် ဘုရားသခင်က သူ၏အမှုကို မည်သို့ပြုလုပ်သည်၊ သို့မဟုတ် လူသားရှေ့တွင် မည်သည့် အဆင်းသဏ္ဌာန်နှင့် သူပေါ်ထွန်းလာသည်၊ သို့မဟုတ် သူ၏အလိုတော်ကို မည်သို့ ဖော်ပြသည်၊ စသည်တို့နှင့် မသက်ဆိုင်ဘဲ သူဖွင့်ပြ ဖော်ပြခဲ့သည့်အရာအားလုံးသည် ဘုရားသခင် ကိုယ်တော်တိုင်၊ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ကိုယ်စားပြုသည်။ ဘုရားသခင်သည် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ဖြင့် သူ၏အမှုတော်ကို ဆောင်ရွက်ပြီး သူ၏ စစ်မှန်သည့်ကိုယ်ပိုင်လက္ခဏာဖြင့် ဆောင်ရွက်သည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။ သို့ရာတွင် ယနေ့ခေတ် လူတို့သည် ဘုရား၏ နှုတ်ကပတ်တော်များ နှင့် တရားဟောချက်များ နားထောင်သည့်အခါတွင် သူတို့ကြားရသည့်အရာ တို့မှတစ်ဆင့် ဘုရားသခင်ကို နားလည်မှုက တစ်စိတ်တစ်ပိုင်းသာ ရှိသည်၊ ထို့ကြောင့် အတိုင်းအတာ တစ်ခုအထိ ဤနားလည်မှုကို အယူအဆဆိုင်ရာ အသိဟုသာ ဆိုနိုင်သည်။ သင်၏ အခြေအနေအမှန်ကို အကြောင်းပြု၍ သင်တို့ တစ်ယောက်ချင်းစီတိုင်းက အမှန်တကယ် တွေ့ကြုံပြီး တစ်စစီသိလာသည်ဆိုလျှင် ယနေ့ သင်၏စိတ်နှလုံးထဲ၌ သင်ကြားခဲ့၊ မြင်ခဲ့၊ သို့မဟုတ် သိမြင်နားလည်ခဲ့သည့် ဘုရားသခင်အကြောင်း နားလည် သိမြင်မှုကိုသာ အတည်ပြုနိုင်သည်။ အကယ်၍ ဤနှုတ်ကပတ်တော်များကို သင်တို့နှင့် ငါမိတ်သဟာယမပြုခဲ့လျှင် သင်တို့၏ အတွေ့အကြုံသက်သက်မှတစ်ဆင့် ဘုရားသခင်ကို အမှန်တကယ် သိမြင်ခြင်းကို ရရှိနိုင်မည်လော။ စိတ်မကောင်းပေ။ ထိုကဲ့သို့ ပြုရန်က အလွန်ခက်ခဲလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မည်သို့ တွေ့ကြုံခံစားရမည်ဆိုသည်ကို သိရန်အတွက် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဦးစွာရရှိရပေမည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်မျှများစွာ စားသုံးသည်ဖြစ်စေ၊ ယင်းမှာ သူတို့အမှန်တကယ် တွေ့ကြုံခံစားနိုင်သည့် အရေအတွက်သာဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူရှေ့တွင်ရှိသည့်လမ်းကို ဦးဆောင်ပြီး လူသားကို သူ၏တွေ့ကြုံခံစားမှုထဲ၌ ညွှန်ပြသည်။ အတိုချုပ်ပြောရလျှင် စစ်မှန်သော အတွေ့အကြုံအချို့ ရှိခဲ့သည့် လူတချို့အတွက် ဤနောက်ပိုင်း မိတ်သဟာယပြုခြင်း အချို့က ဘုရားသခင်အကြောင်း ပိုမိုလက်တွေ့ကျသည့် အသိနှင့်၊ သမ္မာတရားကို ပိုမိုနက်ရှိုင်းစွာ နားလည်ခြင်းတို့ကို ရစေရန် ကူညီပေးလိမ့်မည်။ သို့ရာတွင် စစ်မှန်သည့် အတွေ့အကြုံမရှိသည့် သူများ၊ သို့မဟုတ် ယခုမှစပြီး တွေ့ကြုံခံစားရသူများ သို့မဟုတ် သမ္မာတရားကို စတင်ထိတွေ့စလူများအတွက် ဤသည်မှာ အလွန်ကြီးမားသည့် စမ်းသပ်မှုတစ်ခုဖြစ်သည်။

နောက်ဆုံး မိတ်သဟာယပြုခြင်းအချို့၏ အဓိက အကြောင်းအရာက “ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အမှု၊ ဘုရားသခင် ကိုယ်တော်တိုင်” နှင့် ပတ်သက်သည်။ ငါပြောခဲ့သည့်အရာအားလုံး၏ အခရာကျသည့် အဓိကအပိုင်းတွင် သင်တို့ အဘယ်အရာကိုမြင်သနည်း။ ဤမိတ်သဟာယပြုခြင်းတို့မှတစ်ဆင့် အမှုပြုခဲ့သူ၊ ဤစိတ်သဘောထားတို့ကို ဖွင့်ပြခဲ့သူသည် အရာအားလုံးအပေါ်တွင် စိုးပိုင်မှုကို ကိုင်ဆောင်ထားသည့် အတုမရှိသည့် ဘုရားသခင်သာ ဖြစ်သည်ဆိုသည်ကို သင်တို့ သိမြင်နိုင်သလော။ သင်တို့၏ အဖြေက သိမြင်နိုင်ပါသည်ဆိုလျှင် အဘယ်အရာက သင်တို့ကို ဤကဲ့သို့ ကောက်ချက်ချစေသနည်း။ ဤကောက်ချက်ချမှုကို ရရှိရာတွင် မည်သည့်အချက်အလက်များကို သင်စဉ်းစားသုံးသပ်သနည်း။ တစ်ယောက်ယောက် ငါ့ကို ပြောနိုင်မည်လော။ နောက်ဆုံး မိတ်သဟာယ ပြုမှုတို့က သင်တို့အပေါ် လေးနက်စွာ သက်ရောက်မှုရှိခဲ့ပြီး ဘုရားသခင်ကို သိမြင်မှုအတွက် သင်တို့ နှလုံးသားထဲတွင် အသစ်တစ်ဖန် စတင်ခြင်းကို ဖြစ်စေခဲ့သည် ဆိုသည်ကို ငါသိသည်။ ဤသည်မှာ အလွန်ကောင်းသည်။ သို့ရာတွင် ယခင်ကနှင့်စာလျှင် သင်တို့ ဘုရားသခင်ကို နားလည်မှုတွင် ကြီးမားသည့် ရုတ်တရက် တိုးတက်မှုတစ်ခု ဖြစ်ခဲ့သည်ဆိုသော်လည်း ဘုရားသခင်၏ ဝိသေသလက္ခဏာအပေါ် သင်၏အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ပညတ်တော်ကာလ၏ ယေဟောဝါဘုရားသခင်၏ အမည်နာမ၊ ကျေးဇူးတော်ကာလ၏ သခင်ယေရှုနှင့် နိုင်ငံတော်ကာလ၏ အနန္တတန်ခိုးရှင် ဘုရားသခင်တို့၏ အမည်နာမတို့ထက်လွန်၍ တိုးတက်ရန်လိုသေးသည်။ တစ်နည်းအားဖြင့် “ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်ကိုယ်တော်တိုင်” နှင့်ပတ်သက်သည့် ဤမိတ်သဟာယပြုခြင်းတို့သည် သင်တို့ကို တစ်ခါက ဘုရားသခင်မိန့်ခဲ့သည့် နှုတ်ကပတ်တော် အချို့ကို နားလည်ခြင်း၊ ဘုရားသခင် တစ်ချိန်က လုပ်ဆောင်ခဲ့သည့် အမှု၊ ဘုရားသခင် တစ်ချိန်က ဖွင့်ပြခဲ့သည့် ဖြစ်ခြင်းနှင့် အရာအားလုံးတို့ကို ပေးခဲ့သော်လည်း သင်တို့သည် “ဘုရားသခင်” ဆိုသည့်စကားလုံး၏ တိကျသည့် သဘောထားနှင့် မှန်ကန်သည့် အဓိပ္ပာယ်တို့ကို ပေးရန် မတတ်နိုင်ပေ။ ဘုရားသခင်ကိုယ်တော်တိုင်၏ အဆင့်အတန်းနှင့် ဝိသေသလက္ခဏာနှင့်ပတ်သက်သည့် တစ်နည်းအားဖြင့်ဆိုသော် စကြဝဠာတစ်လျှောက်လုံးနှင့် အရာအားလုံးထဲမှ ဘုရားသခင်၏ အဆင့်အတန်းနှင့်ပတ်သက်သည့် တိကျပြီး မှန်ကန်သည့် သဘောထားနှင့် အသိပညာများလည်း သင်တို့တွင် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တော်တိုင်နှင့် ဘုရားသခင်၏ စိတ်သဘောထားတို့နှင့် ပတ်သက်သည့် ယခင်က မိတ်သဟာယပြုခြင်းတို့တွင် အကြောင်းအရာအားလုံးသည် သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသည့် ဘုရားသခင်၏ ယခင်က ဖော်ပြချက်များနှင့် ဖွင့်ဟချက်များအပေါ်တွင် အခြေခံခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် လူသားအားလုံးကို ကယ်တင်ခြင်းနှင့် သူ၏ အစီအစဉ်တို့ ပြုလုပ်နေစဉ် သို့မဟုတ် ပြင်ပတွင် ဘုရားသခင် ဖော်ထုတ်ဖွင့်ပြခဲ့သည့် ဖြစ်ခြင်းနှင့် အရာအားလုံးတို့ကို ရှာဖွေတွေ့ရှိရန် လူသားအတွက် ခက်ခဲနေသည်။ ထို့ကြောင့် ဘုရားသခင် တစ်ချိန်က လုပ်ဆောင်ခဲ့သည့် အမှုတွင် ဖွင့်ပြခဲ့သည့် ဘုရားသခင်၏ ဖြစ်ခြင်းနှင့် အရာအားလုံးသင်တို့ နားလည်လျှင်ပင် ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်တို့အပေါ် သင်တို့၏အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အရာအားလုံးကို ပိုင်သချုပ်ကိုင်သူ အတုမရှိသော ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့နှင့် အလှမ်းဝေးလျက်ပင် ရှိသေးပြီး၊ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့နှင့်လည်း မတူပေ။ ပြီးခဲ့သော မိတ်သဟာယပြုခြင်းအချို့သည် လူတိုင်းကို တူညီသည့် ခံစားမှုမျိုးဖြစ်စေခဲ့သည်။ ဘုရားသခင်၏ အတွေးများကို လူသားက မည်သို့သိနိုင်မည်နည်း။ တစ်ယောက်ယောက်က အမှန်တကယ် သိသည်ဆိုလျှင် ထိုသူသည် ဘုရားသခင်သာဖြစ်ရန် လုံးဝသေချာသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တော်တိုင်သာ သူ၏ အတွေးများကို သိရှိပြီး ဘုရားသခင်ကိုယ်တော်တိုင်သာ သူလုပ်သမျှအရာအားလုံး၏ နောက်ကွယ်က ချဉ်းကပ်ပုံနှင့် အခြေခံအကြောင်းရင်းတို့ကို သိသောကြောင့်ဖြစ်သည်။ ဤသို့သောနည်းလမ်းနှင့် ဘုရားသခင်၏ ဝိသေသလက္ခဏာကို သိမြင်ရန်ဆိုသည်မှာ သင်တို့အတွက် လက်တွေ့ကျပြီး ယုတ္တိရှိသည့်ပုံရ၏။ သို့ရာတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့် အမှုမှ ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်ပြီး လူသား၏ အမှုမဟုတ်ဘဲ ဘုရားသခင်ကိုယ်စား လူသားက ပြုလုပ်၍မရသည့် အမှုဟု မည်သူက ဧကန်အမှန် ပြောနိုင်မည်နည်း။ ဤအမှုသည် ဘုရားသခင်၏ အနှစ်သာရနှင့် တန်ခိုးတို့ရှိသည့် သူ၏အချုပ်အခြာအာဏာအောက်တွင် ရှိသည်ဆိုသည်ကို မည်သူက မြင်နိုင်မည်နည်း။ တစ်နည်းအားဖြင့် သူသည် ဘုရားသခင်၏ ဝိသေသလက္ခဏာရှိသည့် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည့်သူ ဖြစ်သည်ဆိုသည်ကို မည်သည့် ဝိသေသလက္ခဏာ သို့မဟုတ် အနှစ်သာရမှတစ်ဆင့် သင်တို့သိမြင်သနည်း။ ဤအကြောင်းကို သင်တို့ တွေးကြည့်ဖူးသလော။ သင်တွေးမကြည့်ဖူးပေဆိုလျှင် ယင်းက ဤအချက်တစ်ခုကို သက်သေပြသည်။ ပြီးခဲ့သော မိတ်သဟာယပြုမှုအချို့သည် မိမိ၏ အမှုတော်ကို ဘုရားသခင်လုပ်ဆောင်ခဲ့သည့် သမိုင်းအချို့နှင့် ယင်းအမှုအတွင်း ဘုရားသခင်၏ ချဉ်းကပ်ပုံ၊ ထင်ရှားပြသပုံနှင့် ဖွင့်ပြပုံတို့၏ သမိုင်းအချို့ကိုသာ သင်တို့ကို နားလည်စေခဲ့သည်။ ဤကဲ့သို့သော နားလည်မှုမျိုးသည် ဤအမှု အဆင့်နှစ်ခုကို လုပ်ဆောင်ခဲ့သည့် သူသည် သင်တို့ယုံကြည်ပြီး လိုက်လျှောက်သည့်၊ သင်တို့ အမြဲတစေ လိုက်လျှောက်ရမည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်ဆိုသည်ကို သင်တို့ တစ်ယောက်ချင်းစီကို သေချာစွာ သိမြင်စေသော်လည်း သူသည် ကမ္ဘာကို စတင် ဖန်ဆင်းစဉ်ကတည်းက တည်ရှိခဲ့သည့် ဘုရားသခင်၊ ထာဝရတည်ရှိနေမည့် ဘုရားသခင်ဖြစ်သည်ဆိုခြင်းကို သိမြင်ရန် သင်တို့မတတ်နိုင်သကဲ့သို့ သူသည် လူသားအားလုံးအပေါ် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားပြီး ဦးဆောင်နေသည့်သူ ဆိုသည်ကိုလည်း သင်တို့ မသိမြင်နိုင်ပေ။ သင်တို့သည် ဤပြဿနာကို တစ်ခါမျှ မတွေးမိခဲ့သည်မှာ သေချာသည်။ ယေဟောဝါဖြစ်စေ၊ သို့မဟုတ် သခင်ယေရှုဖြစ်စေ သူသည် သင်တို့ လိုက်လျှောက်ရမည့် ဘုရားသခင်ဖြစ်ပြီး လူသားမျိုးနွယ်ကို အုပ်ချုပ်ကာ လူသားအားလုံး၏ ကံကြမ္မာ အပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည့် ဘုရားသခင်ဖြစ်သည့်အပြင် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးအပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည့် အတုမရှိသည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်ဆိုသည်ကို အနှစ်သာရနှင့် ထင်ရှားပြသမှု၏ မည်သည့်သွင်ပြင်လက္ခဏာများမှ တစ်ဆင့် သင်တို့ သိမြင်နိုင်သနည်း။ သင်တို့ယုံကြည်ပြီး လိုက်လျှောက်သည့် သူသည် အရာအားလုံးအပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်ဆိုသည်ကို မည်သို့ လမ်းကြောင်းများမှ သင်တို့သိမြင်သနည်း။ သင်တို့ယုံကြည်သည့် ဘုရားသခင်ကို လူသားအားလုံး၏ ကံကြမ္မာအပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည့် ဘုရားသခင်နှင့် အဘယ်လမ်းကြောင်းမှ သင်တို့ဆက်စပ်သနည်း။ သင်တို့ယုံကြည်သည့် ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးတို့တွင်ရှိသည့် အတုမရှိသည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်ဆိုသည်ကို မည်သည့်အရာက သင်တို့ကို သိမြင်စေသနည်း။ ဤအချက်က နောက်အပိုင်းတွင် ငါဖြေရှင်းမည့် ပြဿနာဖြစ်သည်။

သင်တို့ တစ်ခါမျှ မတွေးဖူးသည့် သို့မဟုတ် မစဉ်းစားနိုင်သည့် ပြဿနာများသည် ဘုရားသခင်ကိုသိရန် အရေးကြီးဆုံးအရာများ ဖြစ်နိုင်ပြီး ထိုအထဲမှ လူသားအနေနှင့် နားလည်ရခက်သည့် သမ္မာတရားများကို ရှာတွေ့ကောင်း ရှာတွေ့နိုင်သည့်အရာများ ဖြစ်နေနိုင်သည်။ ဤပြဿနာများသည် သင်တို့အပေါ်သို့ ကျရောက်သည့်အခါ၊ သင်တို့ ကိုယ်တိုင် ရင်ဆိုင်ရတော့မည့်အခါ၊ သင်တို့ ရွေးချယ်မှု တစ်ခုလုပ်ရန် လိုအပ်လာသည့်အခါ၊ သင်တို့၏ မိုက်မဲမှုနှင့် မသိခြင်းတို့ကြောင့် သို့မဟုတ် သင်တို့၏ အတွေ့အကြုံများသည် အလွန်အပေါ်ယံဆန်ပြီး ဘုရားသခင်ကို အမှန်တကယ် သိမြင်ခြင်း မရှိသောကြောင့် သင်တို့သည် ဤပြဿနာများကို အပြည့်အဝ မဖြေရှင်းနိုင်ခဲ့လျှင် ၎င်းတို့သည် သင်တို့၏ ဘုရားသခင်အပေါ် ယုံကြည်မှု လမ်းကြောင်းအပေါ်တွင် အလွန်ကြီးမားသည့် အနှောင့်အယှက်နှင့် အတားအဆီးတို့ ဖြစ်လာလိမ့်မည်။ ထို့ကြောင့် ဤအချက်နှင့် ပတ်သက်၍ သင်တို့နှင့် မိတ်သဟာယပြုရန် အလွန်ကို လိုအပ်သည်ဟု ငါခံစားရသည်။ သင်တို့၏ ပြဿနာက အဘယ်အရာဖြစ်သည်ဆိုခြင်းကို ယခုသိကြပြီလော။ ငါပြောသည့် ပြဿနာ အကြောင်းကို သင်တို့ ရှင်းလင်းသလော။ ဤအရာတို့သည် သင်တို့ ရင်ဆိုင်ရမည့် ပြဿနာများ ဟုတ်သလော။ ဤအရာတို့သည် သင်တို့နားမလည်သည့် ပြဿနာများ ဟုတ်သလော။ ဤအရာတို့သည် သင်တို့ထံ၌ တစ်ခါမျှ မဖြစ်ဖူးသည့် ပြဿနာများ ဟုတ်သလော။ ဤပြဿနာများက သင်တို့အတွက် အရေးကြီးသလော။ ဤအရာတို့သည် အမှန်တကယ် ပြဿနာများဟုတ်သလော။ ဤကိစ္စသည် သင်တို့အတွက် အလွန်ရှုပ်ထွေးသည့် အရင်းအမြစ်တစ်ခု ဖြစ်ပြီး သင်တို့ ယုံကြည်သည့် ဘုရားသခင်အပေါ်တွင် စစ်မှန်သည့် နားလည်မှု သင်တို့၌ မရှိဆိုသည်ကို ပြသည်၊ သင်တို့သည် သူ့ကို အလေးအနက် မထားပေဆိုသည်ကို ပြသည်။ တစ်ချို့လူများက ပြောလိမ့်မည်။ “သူက ဘုရားသခင်ဆိုသည်ကို ကျွန်ုပ်သိသည်။ ထို့ကြောင့် သူ့နောက်ကို ကျွန်ုပ်လိုက်သည်။ သူ၏ နှုတ်ကပတ်တော်တို့သည် ဘုရားသခင်၏ ဖော်ပြချက်များဖြစ်သောကြောင့်ဖြစ်သည်။ ဤသို့ဆိုလျှင် လုံလောက်သည်။ မည်သို့သက်သေမျိုး ပိုပြီး လိုအပ်သနည်း။ ဘုရားသခင်နှင့် ပတ်သက်၍ သံသယများ ပွားနေရန် မလိုအပ်ပေ မဟုတ်လော။ ဘုရားသခင်ကို ကျွန်ုပ်တို့ မစမ်းသပ်ရပေ မဟုတ်ပေလော။ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာများကို မေးခွန်းထုတ်ရန် မလိုအပ်ပေ မဟုတ်လော။” သင်တို့က ဤနည်းလမ်းဖြင့် ထင်မြင်သည်ဖြစ်စေ မထင်မြင်သည်ဖြစ်စေ ဘုရားသခင်နှင့် ပတ်သက်၍ ရှုပ်ထွေးစေရန် သို့မဟုတ် သူ့ကို စမ်းသပ်ရန် ဤမေးခွန်းများကို ငါချပြခြင်းမဟုတ်ပေ။ ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် အနှစ်သာရနှင့် ပတ်သက်၍ သင်တို့ကို သံသယများပေးရန်ဆိုသည်မှာ ပို၍ပင် မဟုတ်ပေ။ ဘုရားသခင်၏ အနှစ်သာရအပေါ် ပိုပြီးနားလည်မှုနှင့် ဘုရားသခင်၏ အဆင့်အတန်းနှင့် ပတ်သက်၍ ပိုမိုကြီးမားသည့် သေချာမှုနှင့် ယုံကြည်မှုတို့ကို တွန်းအားပေးရန်အတွက် ထိုကဲ့သို့ ငါပြုလုပ်ခြင်းဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်နောက်ကိုလိုက်သည့်သူအားလုံး၏ နှလုံးသားထဲ၌ရှိသောသူမှာ ဘုရားသခင်တစ်ဦးတည်းဖြစ်လာနိုင်ရန် ဖန်ဆင်းရှင်အနေနှင့်၊ အရာအားလုံးကို အုပ်စိုးသူအနေနှင့်၊ အတုမရှိသည့် ဘုရားသခင်ကိုယ်တော်တိုင်အနေနှင့် ဘုရားသခင်၏ မူလအဆင့်အတန်းကို ဖန်ဆင်းခံတိုင်း၏ နှလုံးသားထဲတွင် ပြန်လည်ရရှိစေရန် ဖြစ်သည်။ ဤအချက်သည်လည်း ငါမိတ်သဟာယပြုသွားမည့်အရာဖြစ်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)

00:00
00:00

0ရှာဖွေခြင်း ရလဒ်များ