ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏ (ကောက်နုတ်ချက် ၁)

ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဘဝအသစ်တဖန်မွေးဖွားခြင်းကို သင်တို့ အယောက်စီတိုင်း စူးစမ်းခြင်းဖြင့် မြင်နိုင်သည်များမှာ ဘုရားသခင်နောက်တော်သို့ လိုက်လျှောက်ရာတွင်၊ သင်ဘုရားသခင်ကို အမှန်တကယ် နားလည်သည်၊ အမှန်တကယ် သဘောပေါက်သည်၊ အမှန်တကယ် သိလာသည်ဖြစ်စေ၊ လူအမျိုးမျိုးအထွေထွေအပေါ်တွင် ဘုရားသခင်ထားရှိသော သဘောထားကို သင်အမှန်တကယ် သိသည်ဖြစ်စေ၊ သင့်အပေါ်တွင် ဘုရားသခင် မည်ကဲ့သို့ အလုပ်လုပ်နေကြောင်းနှင့် သင့်လုပ်ဆောင်မှု တစ်ခုချင်းကို ဘုရားသခင် မည်သို့ သတ်မှတ်သည်တို့ကို သင်အမှန်တကယ် နားလည်သည်ဖြစ်စေ စသည်တို့ ဖြစ်သည်။ သင့်တိုးတက်မှု၏ ဦးတည်ရာကို လမ်းညွှန်ပေးလျက်၊ သင့်ဘဝကြမ္မာကို စီမံလျက်၊ သင့်လိုအပ်ချက်များကို ပံ့ပိုးလျက်၊ သင့်အပါး၌ရှိသော ဤဘုရားသခင်ကို နောက်ဆုံးအကြိမ် ဆန်းစစ်ခြင်းတွင် သင်မည်မျှ နားလည်ပြီး သင်မည်မျှ အမှန်တကယ် သိပါသနည်း။ နေ့စဉ်နေ့တိုင်း သင့်အတွက် ကိုယ်တော်အလုပ်လုပ်လျက် ရှိသည်ကို သင်သိပါသလော။ ကိုယ်တော်၏ နေ့စဉ်လုပ်ဆောင်မှုတို့ အခြေခံသော နိယာမများနှင့် ရည်ရွယ်ချက်များကို သင်သိပါသလော။ သင့်ကို ကိုယ်တော်မည်သို့ လမ်းပြသည်ကို သင်သိပါသလော။ ကိုယ်တော်သည် သင့်အား မည်သည့် နည်းစနစ်များဖြင့် ထောက်ပံ့နေသည်ကို သင်သိပါသလော။ သင့်အား ကိုယ်တော် ရှေ့ဆောင်လမ်းပြနေသော နည်းလမ်းများကို သင်သိပါသလော။ ဘုရားသခင် သင့်ထံမှ မည်သည်ကို ရယူလိုသည်၊ သင့်ထံတွင် မည်သည့်အရာကို ပြီးမြောက်အောင်မြင်လိုသည်ကို သင်သိပါသလော။ သင်ပြုမူသော နည်းလမ်းအမျိုးမျိုးတို့အပေါ် ကိုယ်တော်မည်သို့ သဘောထားသည်ကို သင်သိပါသလော။ သင်သည် ဘုရားသခင် ချစ်သောသူတစ်ယောက် ဖြစ်မဖြစ်ကို သင်သိပါသလော။ ကိုယ်တော်၏ ဝမ်းမြောက်မှု၊ အမျက်တော်၊ ဝမ်းနည်းမှုနှင့် နှစ်သက်မှု၊ ယင်းတို့၏နောက်ကွယ်ရှိ စိတ်ကူးများနှင့် အကြံအစည်များ၊ ကိုယ်တော်၏အနှစ်သာရတို့၏ မူလရင်းမြစ်ကို သင်သိပါသလော။ နောက်ဆုံး အနေဖြင့် သင်ယုံကြည်သော ဤဘုရားသခင်မှာ မည်သည်ကဲ့သို့သော ဘုရားသခင်ဖြစ်ကြောင်း သင်သိပါသလော။ ဤမေးခွန်းများနှင့် အခြားသော မေးခွန်းများတို့သည် သင်ဘယ်တုန်းကမျှ နားမလည်ခဲ့သည့် သို့မဟုတ် မစဉ်းစားခဲ့သည့် အရာများ ဖြစ်နေပါသလော။ ဘုရားသခင်ကို ယုံကြည်ခြင်းနောက်သို့ သင်လိုက်လျှောက်ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် ကျေးဇူးတင်ပြီး တွေ့ကြုံခံစားခြင်းဖြင့် ကိုယ်တော်အပေါ် သင်နားလည်မှု လွဲနေခြင်းများကို ရှင်းလင်းပြီးပါပြီလော။ ဘုရားသခင်၏ စည်းကမ်းများနှင့် ဆုံးမခြင်းတို့ကို ရရှိပြီးနောက်တွင် စစ်မှန်သော နာခံခြင်းနှင့် အရေးစိုက်ခြင်းတို့ကို သင်ပြုပါပြီလော။ ဘုရားသခင်၏ ပြစ်ဒဏ်ခတ်ခြင်းနှင့် အပြစ်စီရင်ခြင်းတို့လုပ်စဉ်တွင် လူသားတို့၏ ပုန်ကန်လိုစိတ်နှင့် စာတန်ကဲ့သို့ ဆိုးယုတ်သည့် စိတ်သဘောသဘာဝတို့ကို သိမြင်လာပြီး၊ ဘုရားသခင်၏ မြင့်မြတ်ခြင်းအကြောင်း အနည်းငယ်မျှလောက် နားလည်မှု ရရှိပြီးပါ၏လော။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့၏ လမ်းညွှန်မှုနှင့် ဉာဏ်အလင်းရခြင်းတို့ဖြင့် အသက်တာအတွက် အမြင်အသစ်ကို စတင်ရရှိပြီ လော။ ဘုရားသခင်ထံမှလာသော စမ်းသပ်စုံစမ်းခြင်းအမှုထဲတွင် လူသားတို့၏ ပြစ်မှုများအပေါ် ကိုယ်တော်သည်းမခံနိုင်မှုနှင့် သင့်ထံမှ ကိုယ်တော် တောင်းဆိုသောအရာနှင့် သင့်အား မည်သို့ ကယ်တင်နေပုံတို့ကို သင်မခံစားမိဘူးလော။ ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းဆိုသည်မှာ မည်သည့်အရာဆိုသည်ကို သင်မသိပါက၊ သို့မဟုတ် ဤနားလည်မှု လွဲခြင်းကို မည်သို့ ရှင်းလင်းရမှန်း သင်မသိပါက၊ သင်သည် ဘုရားသခင်နှင့် စစ်မှန်သည့် ဆက်ဆံရေးမရှိသည့်အပြင် ကိုယ်တော်ကို မည်သည့်အခါမျှ နားလည်ခြင်း မရှိခဲ့ဟု ပြောနိုင်ပါသည်။ သို့မဟုတ် ကိုယ်တော်ကို သင်မည်သည့်အခါမျှ နားလည်လိုစိတ် မရှိခဲ့ဟု ပြောနိုင်ပါသည်။ အကယ်၍သင်သည် ဘုရားသခင်၏ စည်းကမ်းနှင့် ပြစ်ဒဏ်ခတ်ခြင်းတို့မှာ မည်သည့်အရာမှန်း သင်မသိပါမူ နာခံခြင်းနှင့် ဂရုစိုက်ခြင်းတို့မှာ မည်သည့်အရာကို ဆိုသည်မှန်း သင်မသိခဲ့ကြောင်း၊ သို့မဟုတ် ဘုရားသခင်ထံ သင်အမှန်တကယ် နာခံခဲ့ခြင်း သို့မဟုတ် ကိုယ်တော့်ကိုဂရုစိုက်ခြင်း မည်သည့်အခါကမျှ မရှိခဲ့ကြောင်း သေချာလှပါသည်။ အကယ်၍ သင်သည် မည်သည့်အခါကမျှ ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်းနှင့် တရားစီရင်ခြင်းကို ခံခဲ့ရခြင်းမရှိခဲ့ပါက၊ ကိုယ်တော်၏ ကြီးမြတ်ခြင်းမှာ ဘာလဲဆိုသည်ကို သင်မသိမှာသေချာသည်။ ထို့ပြင် လူသားတို့၏ ပုန်ကန်ခြင်းမှာ မည်သည်ဆိုသည်ကိုလည်း သင်ရှင်းလင်းစွာ မသိမှာသေချာသည်။ အကယ်၍ သင့်မှာ အသက်တာအပေါ် မှန်ကန်သည့် အမြင် သို့မဟုတ် မှန်ကန်သည့် ရည်မှန်းချက် မည်သည့်အခါကမျှ အမှန်တကယ် မရှိခဲ့ပါလျှင်၊ သို့သော်လည်း သင့်အနာဂတ် အသက်တာလမ်းအပေါ် စိတ်ရှုပ်ထွေးခြင်း၊ ဆုံးဖြတ်ချက်မကျခြင်းတို့ ဖြစ်လျက် ရှိနေသေးပါလျှင် ရှေ့သို့ဆက်လျှောက်ရန် ချီတုံချတုံဖြစ်သည့် အခြေအနေသို့ပင် ရောက်ရှိနေပါလျှင်၊ ဘုရားသခင်၏ ဉာဏ်အလင်းရခြင်းနှင့် လမ်းညွှန်ခြင်းတို့ကို သင်မည်သည့်အခါကမျှ အမှန်တကယ် မရရှိကြောင်း သေချာပါသည်။ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် သင်မည်သည့်အခါကမျှ ထောက်ပံ့ခံရခြင်း၊ ဖြည့်တင်းပေးခံရခြင်းတို့ အမှန်တကယ်မရှိ ဟူ၍လည်း ပြောနိုင်ပါသည်။ အကယ်၍ ဘုရားသခင်၏ စမ်းသပ်စုံစမ်းခြင်းအမှုကို သင်မခံရသေးပါက လူသားတို့ ပြစ်မှုများအတွက် ဘုရားသခင်၏ သည်းမခံနိုင်မှုကိုလည်း သင်အသေအချာ မသိ ဆိုသည်ကို ပြောစရာပင်မလို၊ အဆုံးတွင် သင့်ထံမှ ဘုရားသခင် လိုချင်သည့် အရာကိုလည်း သင်နားလည်မည်မဟုတ်။ ထို့ပြင် လူသားတို့အပေါ် ကိုယ်တော်၏ စီမံခန့်ခွဲမှုနှင့် ကယ်တင်ခြင်းအလုပ် တို့ကိုလည်း သာ၍နားလည်မည် မဟုတ်ချေ။ လူတစ်ယောက်သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာအောင် ယုံကြည်စေကာမူ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို တွေ့ကြုံခံစားဖူးခြင်း၊ သိမြင်နားလည်ခြင်း မည်သည့်အခါမျှ မရှိခဲ့ပါလျှင် သေချာသည်မှာ ထိုသူသည် ကယ်တင်ခြင်းလမ်းသို့ လျှောက်လှမ်းနေခြင်း မဟုတ်ပေ။ ဘုရားသခင်အပေါ် ၎င်း၏ယုံကြည်ခြင်းသည် အမှန်တကယ် အနှစ်မပါသည့် ယုံကြည်ခြင်းဖြစ်သည်မှာ သေချာပါသည်။ ဘုရားသခင်နှင့် စပ်ဆိုင်သည့် အသိပညာတို့မှာလည်း သုညဖြစ်နေသည်မှာ သေချာပါသည်။ ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်းမှာ ဘာလဲဆိုသည်ကို သူမသိကြောင်းကို ပြောရန်ပင်မလိုပါချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

ဘုရားကို ကြောက်ရွံ့ရန်နှင့် ဒုစရိုက်ကို ရှောင်ကြဉ်ရန် လိုက်လျှောက်ရမည့်နည်းလမ်း

ဘုရားကို ကြောက်ရွံ့ခြင်းဆိုတာ အမည်မသိ ကြောက်စိတ်၊ ရှောင်ပြေးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း သို့မဟုတ် အယူသည်းခြင်း မဟုတ်။ ဘုရားကို ကြောက်ရွံ့ခြင်းဆိုတာ မြတ်နိုးခြင်း၊ ယုံကြည်ကိုးစား၊ တန်ဖိုးထား၊ နားလည်ခြင်း၊ ဂရုစိုက်ခြင်း၊ နာခံခြင်းလို့ အဓိပ္ပာယ်ရ။ အထွတ်အမြတ်ထားခြင်း၊ ချစ်ခြင်းမေတ္တာ၊ အကြွင်းမဲ့ ကိုးကွယ်ခြင်း၊ ပေးဆပ်ခြင်း၊ မညည်းမညူ စွန့်လွှတ်ခြင်းပါ။ ဘုရားကို သေချာစွာ မသိပါက လူသည် ချစ်မြတ်နိုးခြင်း၊ ယုံကြည်ခြင်း၊ နားလည်ခြင်းမရှိနိုင်။ အမှန်တကယ် အလေးမထား၊ မနာခံနိုင်ဘဲ ကြောက်ရွံ့မှု၊ စိတ်မငြိမ်မှု၊ သံသယ၊ နားလည်မှုလွဲခြင်းများ ပြည့်နှက်ကာ ရှောင်ပြေးလို့ တိမ်းရှောင်လိုကြ

ဘုရားကို သေချာစွာ မသိပါက အထွတ်အမြတ်ထားခြင်းနှင့် ပေးဆပ်ခြင်း မရှိနိုင်၊ လူသားတို့၌ ကိုးကွယ်ခြင်းနှင့် စစ်မှန်သော စွန့်လွှတ်ခြင်း ရှိမည်မဟုတ်၊ အယူသည်းမှုထက် မပိုသော မျက်ကန်းကိုးကွယ်မှုသာ ရှိလိမ့်မည်။ ဘုရားကို သေချာစွာ မသိပါက လူသည် ဘုရား၏လမ်းအတိုင်းမလိုက်လျှောက်၊ ဘုရားကို မကြောက်ရွံ့ဘဲ ဒုစရိုက်ကို မရှောင်နိုင်။ လူတို့ လုပ်ဆောင်သမျှသည် ပုန်ကန်ခြင်းနှင့် ဖီဆန်ခြင်း၊ အသရေဖျက်စွပ်စွဲခြင်းနှင့်ပြည့်၊ ဘုရားအပေါ် မှားယွင်းသော အကဲဖြတ်မှုများ၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်၏ဆိုလိုရင်းနှင့် ဆန့်ကျင်သော ဒုစရိုက်နှင့် ပြည့်နှက်ကြလိမ့်မည်။

သို့သော် ဘုရားကို စစ်မှန်သော ယုံကြည်ကိုးစားမှုဖြင့် သူ့နောက် မည်သို့ လိုက်ရမည်၊ မည်သို့ အားကိုးရမည်ကို သူတို့သိကြလိမ့်မည်။ ထိုအခါမှသာ လူသည် ဘုရားကို နားလည်သဘောပေါက်ကာ၊ သူ့ကို စတင်အလေးထားလာကြလိမ့်မည်။ ဘုရားအပေါ် စစ်မှန်သော အလေးထားမှုဖြင့် လူသည် စစ်မှန်စွာ နာခံတတ်လာမည်။ နာခံခြင်းမှ ဘုရားအပေါ် စစ်မှန်သော အထွတ်အမြတ်ထားလာလိမ့်မည်။ ထိုစစ်မှန်သော အထွတ်အမြတ်ထားမှုမှ ခြွင်းချက်မရှိသော ပေးဆပ်မှုရှိလာလိမ့်မည်။

ဤသို့ဖြင့်သာ လူသည် ဘုရား၏သဘောသဘာဝ၊ စိတ်သဘောထားနှင့် သူဘယ်သူဆိုတာကို သိနိုင်သည်။ ထိုသူတို့ ဖန်ဆင်းရှင်ကို သိသောအခါ စစ်မှန်သော ကိုးကွယ်မှုနှင့် စွန့်လွှတ်မှု ဖြစ်ပေါ်နိုင်သည်။ ထိုအရာများ ဖြစ်လာသည့်အချိန်မှသာ လူသည် သူတို့၏ ဒုစရိုက်မှုများကို ဖယ်ရှားနိုင်သည်။ ဘုရားကိုကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်းဟူသောဖြစ်စဉ်တစ်ခုလုံးတွင် ထိုအရာတို့ ပါဝင်သည်။ (ထိုအရာတို့သည်) ထိုဖြစ်စဉ်တစ်ခုလုံး၏ အဓိကအကြောင်းအရာလည်း ဖြစ်သည်။ (ထိုအရာတို့သည်) ဘုရားကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ကြဉ်သူ ဖြစ်လာအောင် လျှောက်လှမ်းရမည့် လမ်းလည်း ဖြစ်သည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ -“သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၃)” -ကောက်နုတ်ချက် ၂၉၁

ယနေ့ သင့်ကို သိမ်းပိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်သည် သင်၏ဘုရားသခင်ဖြစ်ကြောင်း၊ သူတပါး၏ဘုရားသခင် ဖြစ်ကြောင်းနှင့် အရေးကြီးဆုံးအနေဖြင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏” | ကောက်နုတ်ချက် ၈၀

တရားစီရင်မှုက အဘယ်သို့၊ သမ္မာတရားက အဘယ်သို့ ဆိုသည်ကို ယခု သင်နားလည်သလော။ သင် နားလည်သည် ဆိုပါလျှင် သင့်ကို ငါတိုက်တွန်းလိုသည်မှာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ- အခန်း ၈” | ကောက်နုတ်ချက် ၃၈၉

ပေတရုသည် ငါ့အပေါ်နှစ်ပေါင်းများစွာ သစ္စာရှိခဲ့သော်လည်း သူသည် မည်သည့်အခါမျှ ငြီးတွားခြင်း မပြုခဲ့၊ သို့မဟုတ် ညည်းညူသည့် နှလုံးသား မရှိခဲ့။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန် ကွဲပြားခြားနားမှု” | ကောက်နုတ်ချက် ၄၄၈

လူသားသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းသည် အမှန်အားဖြင့် လူသားတို့၏အတွင်းမှ ရှိရင်းစွဲ အရာအလုံးစုံကို စွမ်းဆောင်အောင်မြင်ခြင်းပင်...