သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ

ဘုရားသခင်သည် မျက်မှောက်နေ့ရက်သို့ သူဦးဆောင်ခဲ့ရသည့် လူသားတို့ကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်တွင် နေရာချထားခဲ့သည်။ ထို့နောက်တွင် လူသားတို့ကို သူကယ်တင်ခဲ့ပြီး လူသားတို့အတွက် အပြစ်ဖြေရာယဇ်အဖြစ် အစေခံခဲ့သည်။ အဆုံးတွင် သူသည် လူသားတို့ကို သိမ်းပိုက်ရဦးမည်ဖြစ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရမည်ဖြစ်ကာ သူတို့၏မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ ယင်းအမှုသည် လူသားကို သူ၏မူရင်းရုပ်သွင်နှင့် သူ၏မူလရုပ်ဆင်းသဏ္ဌာန်တို့ကို နဂိုအတိုင်း ပြန်ဖြစ်စေခြင်းဟူသည့် အစမှ အဆုံးတိုင် သူထိတွေ့လုပ်ဆောင်ခဲ့သော အမှုဖြစ်သည်။ သူသည် သူ၏နိုင်ငံတော်ကို တည်ထောင်လိမ့်မည်ဖြစ်ပြီး လူသား၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည်။ ဆိုလိုသည်မှာ သူသည် ကမ္ဘာမြေကြီးပေါ်တွင် သူ၏ အခွင့်အာဏာကို နဂိုအတိုင်းပြန်ဖြစ်စေမည်ဖြစ်ပြီး ဖန်ဆင်းခံသတ္တဝါများ အားလုံးအကြားတွင် သူ၏အခွင့်အာဏာကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည်။ လူသားသည် စာတန်၏ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးပျောက်ဆုံးခဲ့ပြီး ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတွင် ရှိသင့်သည့် အလုပ်တာဝန် ပျောက်ဆုံးသွားခဲ့ကာ ဘုရားသခင်ကို မနာခံသော ရန်သူဖြစ်လာခဲ့သည်။ စာတန်၏ အုပ်စိုးမှုအောက်တွင် လူသားသည် နေထိုင်ခဲ့ပြီး စာတန်၏အမိန့်များကို လိုက်လျှောက်ခဲ့သည်၊ သို့ဖြစ်ရာ ဘုရားသခင်တွင် သူ၏ဖန်ဆင်းခံသတ္တဝါများကြား အလုပ်လုပ်ရန် လမ်းမရှိခဲ့တော့ဘဲ ထိုထက်ပို၍ သူ၏ဖန်ဆင်းခံသတ္တဝါတို့ထံမှ ကြောက်ရွံ့ခြင်းကိုလည်း အရမယူနိုင်ခဲ့ပေ။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ပြီး သူသည် ဘုရားသခင်ကို ကိုးကွယ်သင့်သော်လည်း လူသားသည် ဘုရားသခင်ကို မျက်ကွယ်ပြုခဲ့ကာ စာတန်ကို ကိုးကွယ်ခဲ့သည်။ စာတန်သည် လူသား၏စိတ်နှလုံးထဲတွင် ရုပ်တုဆင်းတုဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် လူသား၏ စိတ်နှလုံးတွင် သူ၏ရပ်တည်မှုကို ဆုံးရှုံးခဲ့ရ၏။ ဆိုလိုသည်မှာ သူသည် လူသားအား ဖန်ဆင်းခြင်းအဓိပ္ပာယ်ကို ပျောက်ဆုံးခဲ့သဖြင့် လူသားကို သူဖန်ဆင်းခြင်း၏အဓိပ္ပာယ်ကို ပြန်လည်ရယူရန် လူသား၏ မူလရုပ်ဆင်းသဏ္ဌာန်ကို နဂိုအတိုင်းပြန်ဖြစ်စေပြီး လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပယ်ဖျက်ပစ်ရမည်။ လူသားကို စာတန်ထံမှ ပြန်လည်ရယူရန် သူသည် လူသားကို အပြစ်မှ ကယ်တင်ရမည်။ ဤနည်းလမ်းအားဖြင့်သာ သူသည် လူသား၏ မူလရုပ်ဆင်းသဏ္ဌာန်ကို တဖြည်းဖြည်း နဂိုအတိုင်းပြန်ဖြစ်စေနိုင်ပြီး လူသား၏ မူလတာဝန်ကို နဂိုအတိုင်းပြန်ဖြစ်စေကာ နောက်ဆုံးတွင် သူ၏နိုင်ငံတော်ကို နဂိုအတိုင်း ပြန်ဖြစ်စေနိုင်လိမ့်မည်။ လူသားသည် ဘုရားသခင်ကို ပိုမိုကိုးကွယ်နိုင်ရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်ရန် နာခံခြင်းမရှိသော သူများကို အဆုံးစွန် ဖျက်ဆီးခြင်းကိုလည်း လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့သည်ဖြစ်ရာ သူသည် လူသားကို သူ့အား ကိုးကွယ်စေရန် လုပ်ဆောင်လိမ့်မည်၊ သူသည် လူသား၏ မူလတာဝန်ကို နဂိုအတိုင်းပြန်ဖြစ်စေလိုသည်ဖြစ်ရာ သူသည် ယင်းကို လုံးဝ နဂိုအတိုင်းပြန်ဖြစ်စေမည်ဖြစ်ပြီး မည်သည့် အစွန်းအထင်းမျှ ရှိစေမည်မဟုတ်ပေ။ သူ၏အခွင့်အာဏာကို နဂိုအတိုင်းပြန်ဖြစ်စေခြင်းဆိုသည်မှာ လူသားကို သူ့အား ကိုးကွယ်စေပြီး လူသားကို သူ့အားနာခံအောင် လုပ်ခြင်းဖြစ်သည်။ သူသည် လူသားကို သူ့အားဖြင့် ရှင်သန်အောင်လုပ်ပြီး သူ၏အခွင့်အာဏာဖြင့် သူ၏ရန်သူများကို ဖျက်ဆီးလိမ့်မည်ဟု ဆိုလိုသည်။ သူသည် လူသားထံမှ မည်သည့်ခုခံမှုမျိုးမျှ မရှိစေဘဲ သူ၏နောက်ဆုံး အစိတ်အပိုင်းအားလုံးကို လူသားတို့ကြားတွင် ဆက်လက်ရှိမြဲရှိစေမည်ဟု ဆိုလိုသည်။ သူတည်ထောင်လိုသော နိုင်ငံတော်သည် သူ၏ကိုယ်ပိုင်နိုင်ငံတော်ဖြစ်သည်။ သူအလိုရှိသောလူသားသည် သူ့ကို ကိုးကွယ်သူများ၊ သူ့ကို အကြွင်းမဲ့ နာခံသူများနှင့် သူ၏ဘုန်းရှိထားသူများဖြစ်သည်။ သူသည် ဖောက်ပြန်ပျက်စီးနေသော လူသားတို့ကို ကယ်တင်ခြင်းမပြုပါက လူသားကို သူဖန်ဆင်းခြင်း၏အနှစ်သာရမှာ အချည်းနှီးဖြစ်သွားပေမည်၊ သူသည် လူတို့အကြား အာဏာဆက်လက်တည်ရှိတော့မည်မဟုတ်ဘဲ သူ၏ နိုင်ငံတော်သည်လည်း ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်တည်ရှိနိုင်တော့မည် မဟုတ်ပေ။ သူ့ကို နာခံခြင်းမရှိသော ရန်သူများကို သူမဖျက်ဆီးပါက သူသည် မိမိ၏စုံလင်သော ဘုန်းတော်ကို ရယူနိုင်တော့မည် မဟုတ်သကဲ့သို့ ကမ္ဘာမြေကြီးပေါ်တွင် သူ၏နိုင်ငံတော်ကိုလည်း တည်ထောင်နိုင်တော့မည် မဟုတ်ပေ။ ယင်းအရာတို့သည် သူ၏အမှု ပြီးမြောက်ခြင်းသင်္ကေတများဖြစ်ပြီး၊ လူသားတို့ကြားရှိ သူ့ကို နာခံခြင်းမရှိသောသူတို့ကို လုံးဝဖျက်ဆီးရန်နှင့် စုံလင်အောင်ပြုခြင်း ခံရပြီးသောသူများကို အနားယူခြင်းထဲသို့ ဆောင်ယူရန်ဖြစ်သည့် သူ၏ ကြီးမြတ်သော အောင်မြင်ခြင်း၏ ပြည့်စုံမှုသင်္ကေတများဖြစ်သည်။ လူသားတို့ကို သူတို့၏ မူလရုပ်ဆင်းသဏ္ဌာန်အတိုင်း ပြန်ဖြစ်စေပြီးသည့်အခါ၊ လူသားတို့သည် သူတို့၏ သက်ဆိုင်ရာတာဝန်များကို ထမ်းဆောင်နိုင်သည့်အခါ၊ သူတို့၏ ကိုယ်ပိုင်နေရာကို ထိန်းသိမ်းပြီး ဘုရားသခင်၏ အစီအစဉ်များအားလုံးကို နာခံသည့်အခါ၊ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် သူ့ကိုကိုးကွယ်သူ လူတစ်စုကို ရယူပြီးဖြစ်လိမ့်မည်ဖြစ်ကာ ကမ္ဘာမြေကြီးပေါ်တွင် သူ့ကို ကိုးကွယ်သော နိုင်ငံတော်ကိုလည်း တည်ထောင်ပြီးဖြစ်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် အဆုံးမရှိသည့် အောင်မြင်ခြင်းကို သူရရှိလိမ့်မည်ဖြစ်ပြီး သူ့ကို ဆန့်ကျင်သူတို့သည် ထာဝရကာလတိုင် ပျက်စီးကြလိမ့်မည်။ ယင်းသည် လူသားကို သူဖန်ဆင်းခြင်း၏ မူလရည်မှန်းချက်ကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည်။ ယင်းသည် အရာအလုံးစုံကို သူဖန်ဆင်းခြင်း၏ မူလရည်မှန်းချက်ကို နဂိုအတိုင်းပြန်ဖြစ်စေလိမ့်မည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် အရာအလုံးစုံအကြား၊ သူ၏အာဏာနှင့် သူ၏ရန်သူများအကြား၊ သူ၏အာဏာကိုလည်း နဂိုအတိုင်း ပြန်ဖြစ်စေလိမ့်မည်။ ယင်းတို့သည် သူ၏ လုံးဝဥဿုံ အောင်မြင်ခြင်း၏ သင်္ကေတများဖြစ်သည်။ ထိုအချိန်မှစ၍ နောင်တွင် လူသားသည် အနားယူခြင်းထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး လမ်းကြောင်းမှန်ကို လိုက်လျှောက်သော အသက်တာအတွင်းသို့ ဝင်ရောက်လိမ့်မည်။ ဘုရားသခင်သည်လည်း အဆုံးမရှိသော အနားယူခြင်းထဲသို့ လူသားနှင့်အတူ ဝင်ရောက်ကာ ဘုရားသခင်နှင့် လူသားတို့ အတူတကွမျှဝေသည့် ထာဝရအသက်ထဲသို့ ဝင်ရောက်လိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ညစ်ညမ်းမှုနှင့် မနာခံခြင်းတို့သည် ကမ္ဘာမြေကြီးပေါ်ရှိ ငိုကြွေးခြင်းတို့ကဲ့သို့ပင် ကွယ်ပျောက်သွားလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်ကို ဆန့်ကျင်သောအရာအားလုံး ရှိတော့မည်မဟုတ်ပေ။ ဘုရားသခင်နှင့် သူကယ်တင်ခဲ့သော လူများသာလျှင် ကျန်ရှိလိမ့်မည်။ သူ၏ ဖန်ဆင်းခြင်းသာလျှင် ကျန်ရှိလိမ့်မည်။

“ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့@အတူတကွ ဝင်ရောက်ကြလိမ့်မည်” မှ

ဘုရားသခင်ဟာ လူကိုဖန်ဆင်းခြင်း အဓိပ္ပါယ်ကို ပြန်လည်ရှင်သန်စေမှာ


ဘုရားသခင် လူသားကိုဖန်ဆင်း ကမ္ဘာမြေပေါ်မှာထားကာ ယနေ့ထိ လူသားများကို ဦးဆောင်လမ်းပြပေး လူ့အပြစ်ကြွေး တွေကို သူပေးဆပ်ကာ လူသားများကို ကယ်တင်ခဲ့တာ နောက်ဆုံးမှာ တော့ လူသားကို နဂိုအခြေအနေအတိုင်း ကိုယ်တော်ပြန်လည် သိမ်းပိုက်ဖို့ရှိသေး ဒါဟာ အစကတည်းကပင် သူစီစဉ်ခဲ့သောအမှုပါ ကိုယ်တော်ဟာ သူ့နိုင်ငံတော် တည်ထောင်လိမ့်မည် ကမ္ဘာမြေနှင့် လူသားအခြေအနေပေါ် ကိုယ်တော့်အာဏာ ပြန်လည်တည်တံ့စေမှာ။ ကိုယ်တော်ဖန်ဆင်းတဲ့အရာများပေါ် ကိုယ်တော့်အာဏာ ပြန်လည်တည်တံ့စေမှာ။


စာတန်ဖျက်ဆီးလို့ လူသားဟာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့နှလုံးသားတွေ ဆုံးရှုံးခဲ့ ဘုရားသခင်ရဲ့ ဖန်ဆင်းခံ လူသားမှာ အစကတည်းက ရှိတဲ့ လုပ်ဆောင်ချက်ဆုံးရှုံးခဲ့ စာတန်ရဲ့ အမိန့် နှင့်အုပ်စိုးမှုအောက်မှာ ရှင်သန်ရင်း လူဟာ ဘုရားရဲ့ရန်ဘက်ဖြစ်လာ ဘုရားသခင်ဟာ သူ့အပေါ်လူသားရဲ့ နာခံမှုနှင့် ကြောက်ရွံ့ခြင်းဆုံးရှုံးခဲ့၊ လူသားများအကြား သူ့အမှုတော်ကို မဆောင်ရွက်နိုင် ကိုယ်တော်ဟာ သူ့နိုင်ငံတော် တည်ထောင်လိမ့်မည် ကမ္ဘာမြေနှင့် လူသားအခြေအနေပေါ် ကိုယ်တော့်အာဏာ ပြန်လည်တည်တံ့စေမှာ။ ကိုယ်တော်ဖန်ဆင်းတဲ့အရာများပေါ် ကိုယ်တော့်အာဏာ ပြန်လည်တည်တံ့စေမှာ။


ဘုရားသခင်ဖန်ဆင်းခဲ့တဲ့လူသား ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သင့်တာ ဒါပေမဲ့လူသားဟာ ဘုရားသခင်ကို ကျောခိုင်းကာစာတန်ကို ကိုးကွယ်ခဲ့။ လူသားအသည်းစွဲ ကိုးကွယ်ရာဟာ စာတန်ဖြစ်လာခဲ့တာ လူသားဆီမှာဘုရားဟာ ဂုဏ်နေရာကို ဆုံးရှုံးခဲ့တာ။ တစ်မျိုးဆိုရင် လူသားဟာ လူဖြစ်ရတဲ့ အဓိပ္ပါယ်ကိုဆုံးရှုံးခဲ့ တာ။ ကိုယ်တော်ဟာ သူ့နိုင်ငံတော် တည်ထောင်လိမ့်မည် ကမ္ဘာမြေနှင့် လူသားအခြေအနေပေါ် ကိုယ်တော့်အာဏာ ပြန်လည်တည်တံ့စေမှာ။ ကိုယ်တော်ဖန်ဆင်းတဲ့အရာများပေါ် ကိုယ်တော့်အာဏာ ပြန်လည်တည်တံ့စေမှာ။ ဒီအဓိပ္ပါယ် ပြန်လည်ရှင်သန်ဖို့ လူဟာ မူလအခြေအနေကို ပြန်လည်ရောက်ရှိရမှာပါ ဘုရားသခင်ဟာ လူ့ရဲ့ ဖောက်ပြန်တဲ့ အကျင့်ကို ဖယ်ရှားပေးရမှာပါ ကိုယ်တော်ဟာ သူ့နိုင်ငံတော် တည်ထောင်လိမ့်မည် ကမ္ဘာပေါ်မှာ ကိုယ်တော့်အာဏာ ပြန်လည်တည်တံ့စေမှာ။


လူသားကို စာတန်လက်မှ ပြန်ရယူရန် ဘုရားသခင်ဟာ လူသားကို အပြစ်မှ ကယ်တင်ရမှာ။ ဒါမှသာ ဘုရားသခင်ဟာလူသားရဲ့ မူလအသွင်ပြင်ကို ပြန်လည် ရှင်သန်စေမှာပါ နောက်ဆုံးမှာ ကိုယ်တော်ရဲ့ နိုင်ငံတော်ကို ပြန်လည်ပြီး ဖြစ်တည်စေမှာ။ လူသားများ ဘုရားကို ပိုပြီး ကိုးကွယ်တတ်စေရန်၊ မြေကြီးပေါ်၌ပို အသက်ရှင်တတ်စေရန် နာခံမှုမရှိသူများကို ဖျက်ဆီးမည် ကိုယ်တော်တည်ထောင် လိုတဲ့နိုင်ငံဟာ ကိုယ်တော့်နိုင်ငံ ကိုယ်တော်ဟာ လူသားများကို သူ့အား ဝတ်ပြုကိုးကွယ်တဲ့သူများ ဖြစ်စေချင် တယ် ဘုရားကိုလုံးဝနာခံပြီး ကိုယ်တော့်ဘုန်း တန်ခိုးရှိစေမယ်။ ကိုယ်တော့်ဘုန်း တန်ခိုးရှိစေမယ်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၇) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၆) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၅) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၄) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၃) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၁) ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် (ကောက်နုတ်ချက် ၃) ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် (ကောက်နုတ်ချက် ၂) စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အခန်း ၂၉ (ကောက်နုတ်ချက် ၂) စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အခန်း ၂၉ (ကောက်နုတ်ချက် ၁) စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အခန်း ၂၇ (ကောက်နုတ်ချက် ၁) နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် (ကောက်နုတ်ချက် ၁) ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် (ကောက်နုတ်ချက် ၃) ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် (ကောက်နုတ်ချက် ၁) ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် (ကောက်နုတ်ချက် ၃) ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် (ကောက်နုတ်ချက် ၂) ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည် (ကောက်နုတ်ချက် ၁) ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် (ကောက်နုတ်ချက် ၁) လူသားစိတ်ကူးသလောက် ဘုရားသခင်၏ အမှုသည် ရိုးရှင်းသလော (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် (ကောက်နုတ်ချက် ၈) ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် (ကောက်နုတ်ချက် ၇) ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ (ကောက်နုတ်ချက် ၁) ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် (ကောက်နုတ်ချက် ၂) ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် (ကောက်နုတ်ချက် ၁) လူသားစိတ်ကူးသလောက် ဘုရားသခင်၏ အမှုသည် ရိုးရှင်းသလော (ကောက်နုတ်ချက် ၂) နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာလူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် (ကောက်နုတ်ချက် ၃) နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာလူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် (ကောက်နုတ်ချက် ၂) ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည် (ကောက်နုတ်ချက် ၂) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၆) ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည် (ကောက်နုတ်ချက် ၁) ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ (ကောက်နုတ်ချက် ၃) ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင်ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ (ကောက်နုတ်ချက် ၄) ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာလူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် (ကောက်နုတ်ချက် ၃) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၂) လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည် (ကောက်နုတ်ချက် ၃) လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည် (ကောက်နုတ်ချက် ၂) လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည် (ကောက်နုတ်ချက် ၁) နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် (ကောက်နုတ်ချက် ၁) အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် (ကောက်နုတ်ချက် ၂) အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀) (ကောက်နုတ်ချက် ၃) အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀) (ကောက်နုတ်ချက် ၂) ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည် (ကောက်နုတ်ချက် ၂) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၈) ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၂) ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ (ကောက်နုတ်ချက် ၂) ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား (ကောက်နုတ်ချက် ၁) ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည် (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ စီမံခန့်ခွဲမှုအထဲ၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည် (ကောက်နုတ်ချက် ၁) ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏ (ကောက်နုတ်ချက် ၁) ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏ (ကောက်နုတ်ချက် ၂) ဘုရားသခင်ကို သိခြင်းသည် ကိုယ်တော်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဆီသို့ သွားရာလမ်းဖြစ်၏ (ကောက်နုတ်ချက် ၃)

00:00
00:00

0ရှာဖွေခြင်း ရလဒ်များ