ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင်ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ (ကောက်နုတ်ချက် ၄)

ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင် ယေရှုသည် မိမိ၏အလုပ်ကို လုပ်ဆောင်ရန်လူသားများ ကြားထဲသို့ လူသားအဖြစ် ကြွလာခဲ့သည်။ သူ၏ အလုပ်ကို သီးသန့်လုပ်ဆောင်ခြင်း မဟုတ်ပါ၊ သို့သော် ယေဟောဝါ၏ အလုပ်ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ထိုနည်းတူ ယေရှု၏အမှု ပြီးမြောက် ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏ အလုပ်ကိုဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ စီမံအုပ်ချုပ်မှု တစ်ခုလုံးသည် ရှေ့သို့ ဆက်လက်လုပ်ဆောင်မြဲ ဖြစ်သော ကြောင့်တည်း။ ခေတ်ဟောင်း ကုန်ဆုံးပြီးနောက်ခေတ်သစ်တစ်ခု အစားထိုး ဝင်ရောက်လာလိမ့်မည်။ အမှုဟောင်း စုံလင်သည်နှင့် အမှုသစ်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုကို ဆက်လက် လုပ်ဆောင် ပါလိမ့်မည်။ ဤသည်မှာ ယေရှု၏ အမှုပြည့်စုံခြင်းနောက် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိအဖြစ် ကြွလာခြင်း ဖြစ်သည်။ ဟုတ်ပါသည်၊ လူ့ဇာတိအဖြစ် ကြွလာခြင်းသည်သီးခြားဖြစ်လာခြင်း မဟုတ်ဘဲ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် နောက်ပိုင်းအမှု တတိယအဆင့် ဖြစ်ပါသည်။ ဘုရားသခင့်အမှု၏ အဆင့်သစ်တိုင်းသည် အသစ်သော အစပြုခြင်းနှင့် ခေတ်သစ်တစ်ခုကို အမြဲ ဆောင်ကြဉ်းလာသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အလုပ်လုပ်ပုံ၊ သူ၏အမှု လုပ်ဆောင်ရာနေရာနှင့်သူ၏ နာမတော်တို့သည်လည်း လိုက်လျောညီထွေသော အပြောင်းအလဲများ ရှိပါသည်။ လူသားတို့အဖို့ ခေတ်သစ်ထဲတွင် ဘုရားသခင်၏ အမှုကို လက်ခံရန် ခက်ခဲသည်မှာ အံ့ဩဖွယ် မရှိပါ။ သို့သော် လူသားတို့အနေဖြင့် သူ့ကို မည်သို့ပင် ဆန့်ကျင်စေကာမူ ဘုရားသခင်သည် မိမိ၏ အလုပ်ကို လုပ်မြဲဖြစ်ပြီး လူသားမျိုးနွယ် တစ်ခုလုံးကို ရှေ့သို့ အမြဲဦးဆောင်နေသည်။ ယေရှုက ဤလူ့လောကသို့ လာသောအခါ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီးကျေးဇူးတော်ခေတ်သို့ ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည်နောက်တစ်ကြိမ် လူ့ဇာတိအဖြစ်ကို ခံယူပြီး ဤတစ်ကြိမ် လူ့ဇာတိအဖြစ် ကြွလာချိန်တွင် ကျေးဇူးတော်ခေတ်ကို ချုပ်ငြိမ်းစေကာနိုင်ငံတော်ခေတ်သို့ ရောက်စေမည်။ ဘုရားသခင်၏ လူ့ဇာတိအဖြစ် ဒုတိယအကြိမ် ကြွလာခြင်းကိုလက်ခံသောသူ အပေါင်းတို့သည် နိုင်ငံတော်ခေတ်သို့ ဦးဆောင်ခေါ်ယူသွားခြင်းကို ခံယူရမည် ဖြစ်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားတို့ အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက်ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ်လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန် ယိုယွင်းဖျက်ဆီးခဲ့သောလူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည်မိမိတို့အပြစ်ကို ခွင့်လွှတ်ခြင်း ခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကိုခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အားပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏ အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့်ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရလိမ့်မည်။ အကယ်၍ လူများသည် ကျေးဇူးတော်ခေတ်တွင် ဆက်လက်နေထိုင်ပါက ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို သိရန်ပင် မဆိုထားနှင့်၊ သူတို့သည် သူတို့၏ ဖောက်ပြန်သော စိတ်သဘောထားမှဘယ်သောအခါမျှ လွတ်မြောက်လိမ့်မည် မဟုတ်ပါ။ အကယ်၍ လူများသည် ကျေးဇူးတော်အလျှံပယ်ကြားအမြဲနေထိုင်သော်လည်း ဘုရားသခင်ကို သိရန်နှင့်အလိုကို ပြည့်စုံစေမည့် အသက်လမ်းကို မရရှိပါက သူတို့သည် သူ့ကို ယုံကြည်သော်လည်း သူ့ကို အမှန်တကယ် ပိုင်ဆိုင်ခွင့်ကိုဘယ်သောအခါမျှ ရကြမည်မဟုတ်ပါ။ မည်မျှ သနားစရာကောင်းသော ယုံကြည်မှုမျိုးတည်း။ ဤစာအုပ်ကို သင်ဖတ်ပြီးသည့်အခါ၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် လူ့ဇာတိအဖြစ် ကြွပြီးလုပ်ဆောင်သော အမှုအဆင့်တိုင်းကို သင်တွေ့ကြုံပြီးချိန်တွင် နှစ်ပေါင်းများစွာ စောင့်စားခဲ့ရသော မျှော်လင့်ချက်များသည် နောက်ဆုံးတွင် တကယ် ဖြစ်ပေါ်လာကြောင်း သင်ခံစားရပေမည်။ ယခုမှသာ ဘုရားသခင်ကို မျက်နှာချင်းဆိုင် မြင်တွေ့ရပြီ၊ ယခုမှသာ ဘုရားသခင်၏ မျက်နှာတော်ကို ဖူးတွေ့ရပြီ၊ ဘုရားသခင်၏ အသံကို ကိုယ်တိုင်ကြားရပြီ၊ ဘုရားသခင့် အမှု၏ ဉာဏ်ပညာကို တွေ့ကြုံခံစားရပြီ၊ ဘုရားသခင်သည် မည်မျှစစ်မှန်ပြီးအနန္တဘုန်းတန်ခိုးနှင့် ပြည့်စုံကြောင်းကို အမှန်သိရပြီဟု သင်ခံစားရလိမ့်မည်။ ယခင်ခေတ်ကလူများ မမြင်ခဲ့ဖူးသို့မဟုတ် မပိုင်ဆိုင်ခဲ့ဖူးသည့် အရာများစွာကို သင်ပိုင်ဆိုင်ရပြီဟု သင်ခံစားသိလိမ့်မည်။ ဤအချိန်တွင် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်မှုအကြောင်းတို့ကို ရှင်းရှင်းလင်းလင်း သိလိမ့်မည်။ ဟုတ်ပါသည်၊ အတိတ်၏ မြင်ကွင်းများကို သင်တွယ်ဖက်ထားပြီး ဘုရားသခင်၏ ဒုတိယအကြိမ်လူ့ဇာတိအဖြစ် ခံယူသည့်အချက်ကို သင်ပစ်ပယ်လျှင် သို့မဟုတ် ငြင်းပယ်လျှင်၊ သင်သည် လက်ဗလာဖြင့် ဘာမျှမရရှိဘဲ နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအပြစ် ရှိပေမည်။ သမ္မာတရားကို နာခံပြီး ဘုရားသခင်၏ အမှုကို နာခံသောသူသည် ဒုတိယအကြိမ် လူ့ဇာတိအဖြစ် ခံယူသော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမအောက်တွင် အကျုံးဝင်လိမ့်မည်။ သူတို့သည် ဘုရားသခင်၏ကိုယ်တိုင်လမ်းညွှန်မှုကို လက်ခံရလိမ့်မည်၊ ပိုသာပြီး ပိုမြင့်သော သမ္မာတရားကို ရပြီး စစ်မှန်သော လူသားဘဝကို ရလိမ့်မည်။ သူတို့သည် ယခင်ခေတ်ကလူများ မမြင်ဖူးသည့်ရူပါရုံကိုလည်း ရှုမြင်ကြရမည်၊ “ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကို မြင်ခြင်းငှာ ငါသည် လှည့်ကြည့်လျှင်၊ ရွှေမီးခွက် ခုနစ်လုံးကို၎င်း၊ ထိုမီးခွက် ခုနစ်လုံး အလယ်၌လူသားတော်နှင့်တူသော သူတစ်ဦးကို၎င်း မြင်၏။ ထိုသူသည် ခြေသို့တိုင်အောင် ဝတ်ခြုံလျက်ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်း မီး၌ ချွတ်ပြီးသော ကြေးဝါစစ်နှင့် တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လက်ျာလက်တော် သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက်ထွက်၏။ မျက်နှာတော် သည် အရှိန်တန်ခိုးနှင့်ထွန်းတောက်သော နေကဲ့သို့ဖြစ်၏” (ဗျာဒိတ်ကျမ်း ၁:၁၂-၁၆)။ ဤရူပါရုံမှာ ဘုရားသခင်၏စိတ်သဘောထား တစ်ရပ်လုံးကို ဖော်ပြခြင်းဖြစ်ပြီး ထိုသို့ ဘုရားသခင်၏ စိတ်သဘောထား တစ်ရပ်လုံးကို ဖော်ပြခြင်းသည် ယခုအချိန်တွင် လူ့ဇာတိအဖြစ်ကို သူခံယူသည့်အခါ ဘုရားသခင်၏ အမှုကို ဖော်ပြခြင်းလည်း ဖြစ်ပါသည်။ ပြစ်ဒဏ်ပေးခြင်းနှင့် စီရင်ခြင်း လုပ်ငန်းစဉ်များတွင်၊ လူသားတော်သည် သူ၏ ပင်ကိုစိတ်သဘောထားကိုမိန့်ကြားသော စကားများဖြင့် ဖော်ပြပါသည်။ ယောဟန် တွေ့မြင်ခဲ့သော လူသားတော်မျက်နှာ၏သစ္စာရှိသော မျက်နှာပင် ဖြစ်သည့် မိမိ၏ မျက်နှာအမှန်ကို မိမိ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံသူအားလုံး မြင်တွေ့စေပါသည်။ (ဤအရာအားလုံးကို နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏အမှုကို လက်မခံသော သူများ မြင်လိမ့်မည်မဟုတ်သည်မှာ သေချာလှပါသည်။) ဘုရားသခင်၏ မျက်နှာအစစ်ကို လူသားတို့၏ စကားလုံးများဖြင့် အပြည့်အဝ ရှင်းလင်းပြောဆို နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်သည် မိမိ၏ မျက်နှာအစစ်ကို လူသားတို့ကို ပြသရန်အတွက်မိမိ၏ ပင်ကိုစိတ်သဘောထားကို ဖော်ပြခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူသားတော်၏ ပင်ကိုစိတ်သဘောထားကိုကြုံတွေ့ခဲ့ဖူးသောသူများ အားလုံးသည် လူသားတော်၏ မျက်နှာအစစ်ကို ဖူးမြင်ခဲ့ပြီးဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်သည် အလွန် ကြီးမြတ်ပြီး လူသားတို့၏ စကားလုံးများဖြင့်အပြည့်အဝ ရှင်းလင်းပြောဆိုနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ နိုင်ငံတော်ခေတ်တွင်ဘုရားသခင်၏ အမှုအဆင့်ဆင့်ကို တွေ့ကြုံပြီးသည်နှင့် မီးတိုင်များအကြားရှိ လူသားတော်ဟု ပြောသည့်အခါတွင် ယောဟန် စကားများ၏ ဆိုလိုရင်း အစစ်အမှန်ကို သူသိပေလိမ့်မည်၊ “ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်းဖြူ၏။ မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့် တူ၏။ အသံတော် သည်လည်း သမုဒ္ဒရာသံကဲ့သို့ဖြစ်၏။ လက်ျာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော် ထဲကလည်း ထက်သောသန်လျက်ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့်ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။” ထိုအချိန်တွင် စကားများစွာ မိန့်ခဲ့သော ဤသာမန်လူသားသည် လူ့ဇာတိအဖြစ် ဒုတိယအကြိမ် ကြွလာသော ဘုရားသခင် အမှန်ပင် ဖြစ်ကြောင်းကို သံသယကင်းစွာ သင်သိလိမ့်မည်။ ထို့ပြင် သင်မည်မျှ ကောင်းချီးခံရကြောင်းခံစားရလိမ့်မည်ဖြစ်ပြီး ကံအကောင်းဆုံးသော သူဖြစ်သည်ဟု သင့်ကိုယ်သင် ခံစားရလိမ့်မည်။ ဤကောင်းချီးကို သင်လက်မခံလိုဘဲ ရှိလိမ့်မည်လော။

“ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင်ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏” မှ

Myanmar Bible texts are used at the acknowledgment of the Bible Society of Myanmar.

နောက်ဆုံးသောကာလ ခရစ်တော်သည် နိုင်ငံတော်ခေတ်ကို ယူဆောင်လာပြီ

ယေရှု လူ့လောကသို့ ကြွခဲ့ချိန် ပညတ်တော်ခေတ်ကို အဆုံးသတ်ကာ၊ ကျေးဇူးတော်ခေတ်ကို သူ ယူဆောင်လာခဲ့ နောက်ဆုံးသောကာလ၌ နောက်ထပ်တစ်ဖန် ဘုရား လူ့အဖြစ်ခံယူခဲ့ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ကာ၊ နိုင်ငံတော်ခေတ်ကို သူ ယူဆောင်လာခဲ့၊ စာတန်၏ ကောက်ကျစ်သောအုပ်စိုးမှုမှ လူကို ကယ်တင်ရန် ယေရှုအတွက် အပြစ်ပူဇော်ခြင်းပြုရန် မလုံလောက်ပေ၊ စာတန်ကြောင့် ညစ်စွန်းခဲ့သော လူ၏စိတ်ထားကို ဖယ်ရှားပစ်ရန် ဘုရားသခင် ပိုကြီးသော အမှုဆောင်ရွက်ရန်လိုအပ် လူကို ရွေးနုတ်ကယ်တင်ဖို့ လူတွေကြား အမှုများစွာ ယေရှု လုပ်ဆောင်ခဲ့ လူ့အပြစ်များအတွက် ယဇ်ကောင်အဖြစ် သူ့ကိုယ်သူ ပေးအပ်ပူဇော်ခဲ့၊ သို့သော် လူ၏ဖောက်ပြန်သော စိတ်ထား ကျန်ရစ် ဘုရားသခင် ဒုတိယအကြိမ် လူသားအဖြစ်ခံယူခြင်းကို လက်ခံသူအားလုံး နိုင်ငံတော်ခေတ်သို့ ခေါ်ဆောင်ခြင်းခံရ၍ ဘုရား၏လမ်းညွှန်မှု ရရှိလိမ့်မည်၊

လူကို အပြစ်ခွင့်လွှတ်ပြီး ခေတ်သစ်သို့ ဦးဆောင်လမ်းပြရန် ဘုရား လူ့ဇာတိပြန်ယူ၊ ဆုံးမခြင်းနှင့် စစ်ကြောစီရင်ခြင်းကာလ စတင်၊ လူသားကို ပို၍ မြင့်သောအရပ်သို့ ချီးမြှောက် သူ၏အုပ်စိုးမှုကို နာခံသူအားလုံး သာ၍မြင့်မြတ်သော သမ္မာတရားနှင့် ပို၍ကြွယ်ဝသော ကောင်း ချီးရိတ်သိမ်းရမည် အို ထိုသူတို့ အလင်း၌ နေရ၍ လမ်းခရီး၊ သမ္မာတရားနှင့် အသက်ကို ရရှိမည် လူကို ရွေးနုတ်ကယ်တင်ဖို့ လူတွေကြား အမှုများစွာ ယေရှု လုပ်ဆောင်ခဲ့ လူ့အပြစ်များအတွက် ယဇ်ကောင်အဖြစ် သူ့ကိုယ်သူ ပေးအပ်ပူဇော်ခဲ့၊ သို့သော် လူ၏ဖောက်ပြန်သော စိတ်ထား ကျန်ရစ် ဘုရားသခင် ဒုတိယအကြိမ် လူသားအဖြစ်ခံယူခြင်းကို လက်ခံသူအားလုံး နိုင်ငံတော်ခေတ်သို့ ခေါ်ဆောင်ခြင်းခံရ၍ ဘုရား၏လမ်းညွှန်မှု ရရှိလိမ့်မည်၊

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လက်တွေ့လုပ်ဆောင်ခြင်း (၄)” | ကောက်နုတ်ချက် ၄၃၈

ယခင်က သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်တော်ကို ရရှိခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကိုရရှိခြင်းသည် ကွဲပြားခြားနားကြောင်းကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်” | ကောက်နုတ်ချက် ၄၈၃

သင်သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်သနည်း။ လူအများသည် ဤမေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားကြ၏။ လက်တွေ့ ကျသော ဘုရားနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏” | ကောက်နုတ်ချက် ၂၄၆

ငါပြောဆိုခဲ့သည့် ဝါကျတိုင်းတွင် ဘုရားသခင်၏ စိတ်နေသဘောထားပါ၏။ ငါ၏ နှုတ်ကပတ်တော်တို့ကို သေချာစွာ တွေးဆပါက သင်တို့သည် ၎င်းတို့မှ ကြီးစွာသော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်ကို သင်မည်သို့ နားလည်သနည်း” | ကောက်နုတ်ချက် ၃၂၃

ဘုရားသခင်အပေါ် လူတို့ ယုံကြည်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း လူအများစုမှာ “ဘုရားသခင်” ဟူသည့် စကားလုံးကို လုံးဝနားလည်ခြင်း မရှိပါ။ ၄င်းတို့သည်...