ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ (ကောက်နုတ်ချက် ၃)

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင် ကိုယ်တိုင် သဘာဝအတိုင်းပင် ဆောင်ရွက်ပြီးသွားလိမ့်မည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်။ အကြောင်းမှာ တရားစီရင်ခြင်းသည် သမ္မာတရားအားဖြင့် လူသားမျိုးနွယ်ကို သိမ်းပိုက်အောင်နိုင်ခြင်း အကြောင်းဖြစ်သည်။ လူသားတို့အကြား ထိုအလုပ်ကို လုပ်ရန် ဘုရားသခင်သည် လူ့ဇာတိခံသော ပုံရိပ်ဖြင့် ပေါ်နေဆဲဖြစ်သည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ၊ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် သမ္မာတရားကို အသုံးပြု၍ ကမ္ဘာတဝှမ်းရှိ လူတို့ကို သွန်သင်ကာ သမ္မာတရား အလုံးစုံကို သူတို့အား သိစေလိမ့်မည်။ ယင်းကား ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတည်း။ လူအများက ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း အကြောင်းအား ခံစားမှုမကောင်းကြရသည်မှာ တရားစီရင်ခြင်းအမှုကို ဘုရားသခင်က လူ့ဇာတိခံယူ လုပ်ဆောင်မည်ကို လူအနေနှင့် ယုံရန်ခက်သောကြောင့်ဖြစ်၏။ သို့သော်လည်း သင့်ကို ငါပြောလိုသည်မှာ ဘုရားသခင်၏ အမှုသည် လူသားတို့ မျှော်လင့်ထားသည်များထက် မကြာခဏ သာလွန်တတ်ပြီး လူသားတို့စိတ်နှင့် လက်ခံရန် ခက်ခဲသည်ဆိုခြင်းပင်။ အကြောင်းမှာ လူတို့သည် ကမ္ဘာမြေကြီးပေါ်မှပိုးလောက်ကောင်မျှသာဖြစ်၍ ဘုရားသခင်မှာမူ စကြဝဠာအနှံ့ ဖြည့်သည့် အာဏာအမြင့်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် ဖြစ်သည်၊ လူ၏စိတ်မှာမူ ပိုးလောက်များကိုသာ ထကြွစေသည့် ညစ်ညမ်းသောရေအိုင်နှင့် သဏ္ဌာန်တူသည်။ ဘုရားသခင်၏ ဉာဏ်ပညာမှ ညွှန်သော အမှုအဆင့်တိုင်းမှာမူ ဘုရားသခင် ဉာဏ်ပညာ၏ အဆီအနှစ်ပင်တည်း။ လူသားသည် တသမတ်တည်း ဘုရားသခင်ကို စောဒက တက်ရန် ဆန္ဒရှိသည်။ ထိုသို့ဖြစ်လျှင် နောက်ဆုံးတွင် ဆုံးရှုံးမှုခံရမည့် ကိုယ်ပိုင်သက်သေပင် ဖြစ်ကြောင်း ငါပြောမည်။ သင်တို့ကို ငါတိုက်တွန်းလိုသည်မှာ ကိုယ့်ကိုယ်ကို ရွှေထက် သာ၍ အရေးပါသည်ဟု မမှတ်ယူကြနှင့်။ အခြားလူများက ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံနိုင်လျှင် သင်က ဘာ့ကြောင့် လက်မခံနိုင်သနည်း။ သင်သည် အခြားသူများထက် မည်မျှ ရပ်တည်မှု မြင့်သနည်း။ အခြားသူများက သမ္မာတရားကို ဦးညွှတ်နိုင်ကြသော်လည်း သင်က ဘာ့ကြောင့် သူတို့ကဲ့သို့ မလုပ်နိုင်ရသနည်း။ ဘုရားသခင်၏ အမှုသည် ရပ်တန့်မှုကင်းသောအရှိန်အဟုန် တစ်ခုပင်ဖြစ်၏။ သင့် “ကုသိုလ်” အတွက်နှင့် သူသည် တရားစီရင်ခြင်းအမှုကို ထပ်၍ ပြန်လုပ်မည်မဟုတ်၊ သင်သည် ထိုအခွင့်ကောင်းကို လွဲချော်ခဲ့မည်ဆိုလျှင် အကန့်အသတ်မဲ့သော နောင်တစိတ် အပြည့်နှင့် နေရလိမ့်မည်။ ငါ၏စကားများကို သင်မယုံလျှင် မိုးကောင်းကင်တွင် ပေါ်လာမည့် မဟာပလ္လင်ဖြူမှ သင့်အပေါ်သို့လာမည့် တရားစီရင်ချက်ကို စောင့်ပါ။ သင်သိသင့်သည်မှာ ဣသရေလတို့သည် ယေရှုကို ပယ်ချငြင်းပယ်သော်လည်း ယေရှု၏ လူသားမျိုးနွယ်အပေါ် ရွေးနုတ်ခြင်းဟူသော အချက်သည် ယခုထိ စကြဝဠာအဆုံးတိုင် ပျံ့ နှံ့ လျက်ရှိလေသည်။ ယင်းသည် လွန်ခဲ့သောအချိန်ကဘုရားသခင်ပြုခဲ့သော အဖြစ်မှန် မဟုတ်လား။ အကယ်၍ သင့်ကို ယေရှုရှင်က ကောင်းကင်သို့ ချီဆောင်ပေးရန် စောင့်မျှော်ဆဲ ဆိုလျှင် သင်သည် ခေါင်းမာသော သစ်တိုင်သေ၏ အပိုင်းအစတစ်ခုပင် ဖြစ်သည်ဟု ငါပြောမည်။ သင်ကဲ့သို့ ကောင်းချီးများကိုသာရှာပြီး၊ သမ္မာတရားအပေါ် သစ္စာမဲ့သော ယုံကြည်မှုမှားနေသူကို ယေရှုသည် အသိအမှတ်ပြုလိမ့်မည်မဟုတ်။ သင်ယုံသည်နှင့် ဆန့်ကျင်ဖက် ဖြစ်သော ငရဲမီးအိုင်ထဲ နှစ်သောင်းချီ၍ သင်ကျရောက်ရန် အနှင်ခံရသည့်အခါ သူက သင့်ကို ဂရုဏာ ပြလိမ့်မည် မဟုတ်ပေ။ တရားစီရင်မှုက အဘယ်သို့၊ သမ္မာတရားက အဘယ်သို့ ဆိုသည်ကို ယခု သင်နားလည်သလော။ သင် နားလည်သည် ဆိုပါလျှင် သင့်ကို ငါတိုက်တွန်းလိုသည်မှာတရားစီရင်မှုကို ခံယူမည့်လူအဖြစ် နာခံ၍ ဆက်ကပ် စေလိုပါသည်။ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ ချီးကျူးခံရခြင်း အခွင့်ကို ဘယ်တော့မှ ရလိမ့်မည်မဟုတ် သို့မဟုတ် သူ၏နိုင်ငံတော်အတွင်းသို့သင့်ကို သူက ဆောင်ယူလိမ့်မည်မဟုတ်။ တရားစီရင်ခြင်း တစ်ခုကိုသာ လက်ခံပြီး မည်သည့်အခါမှသန့်စင်၍မရသော သူတို့သည်၊ ဆိုလိုသည်မှာ၊ တရားစီရင်ခြင်း အမှုအလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ ထာဝရ ရွံရှာမှုနှင့် ငြင်းပယ်မှုကို ခံကြရလိမ့်မည်။ သူတို့၏ အပြစ်များသည် ဖာရိရှဲတို့ထက်သာလွန် များပြား၊ ပြင်းထန်လှ၏၊ အကြောင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်၊ သစ္စာဖောက်ခဲ့သောကြောင့်ပင် ဖြစ်သည်။ အစေကျွန်ခံရန်ပင် မထိုက်တန်သည့် ထိုကဲ့သို့သော သူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကို ခံယူရမည်ဖြစ်ပြီး၊ ထိုအပြစ်ဒဏ်မှာ ထာဝရ အတွက်ဖြစ်သည်။ ဘုရားသခင်သည် သူ့အားတစ်ချိန်က သစ္စာစကားပြုခဲ့ပြီးနောက် သစ္စာဖောက် သွားသူများကို အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့သောလူတို့သည် သူတို့၏ မကောင်းမှုအတွက် တန်ပြန်အပြစ်ဒဏ်ကို ကိုယ်၊စိတ်နှင့် ဝိညာဉ်တို့တွင် ခံယူကြရလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို တိကျစွာ ဖော်ပြခြင်းမဟုတ်ပေဘူးလား။ ယင်းသည် လူသားကို တရားစီရင်ခြင်းနှင့် ဖွင့်ပြပေးခြင်းတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ပင် မဟုတ်လော။ ဘုရားသခင်သည် ယုတ်မာသောအမှုမျိုးစုံကို ပြုခဲ့သော ထိုသူအားလုံးတို့ကို တရားစီရင်ရာ အချိန်ကာလတွင် မကောင်းဆိုးဝါး ဝိညာဉ်များကြီးစိုးသော နေရာသို့ ပို့ဆောင်လိမ့်မည်။ ထိုမကောင်းဆိုးဝါး ဝိညာဉ်များက သူတို့၏ ခန္ဓာအသွေးအသားကို စိတ်ကြိုက်ဖျက်ဆီးပစ်ကြလိမ့်မည်။ သူတို့၏ ခန္ဓာကိုယ်အလောင်းကောင်မှ အပုပ်နံ့ တထောင်းထောင်း ထုတ်လွှတ်နေ၏။ ယင်းကား သူတို့၏ ဒုစရိုက်အတွက် ထိုက်တန်သော တုံ့ပြန်ချက်ပင်။ ဘုရားသခင်သည် ယုံကြည်မှုမှားယွင်းသော သစ္စာမဲ့သူများ၊ တမန်တော် အတုအယောင်များနှင့် မှန်ကန်မှုကင်းသော လုပ်သားများ၊ လူတိုင်းကိုယ်စီ၏ အပြစ်များကိုမှတ်တမ်း စာအုပ်များထဲတွင်ရေးသား လျက်ရှိ၏။ ထို့နောက် အချိန်ကျလေသောအခါ သူသည် ညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ သူတို့ကို နှင်ထုတ်လေ၏။ ထိုညစ်ညမ်းသော ဝိညာဉ်များက သူတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ညစ်ညမ်းစေရန် ပြုမူကြလေ၏။ ထို့ကြောင့် သူတို့သည် ပြန်လည်၍ လူဖြစ်ခြင်းနှင့်၊ အလင်းရောင်ကို ထပ်မံတွေ့ရှိခြင်း ဘယ်တော့မှမရှိကြတော့။ တစ်ခါက အစေခံခဲ့ကြသော်လည်း အဆုံးတိုင် သစ္စာရှိရန် မတတ်နိုင်ကြသော ထိုကြောင်သူတော်တို့ကို ဘုရားသခင်သည် ယုတ်မာသူတို့နှင့်အတူ ရေတွက်၏။ သူတို့သည် ယုတ်မာသူတို့အကြားတွင် လျှောက်သွားနေပြီး ပျက်ယွင်းနေသော စက်ဆုပ်ဖွယ်ကောင်းသည့်လူစု၏ အစိတ်အပိုင်း ဖြစ်လာ၏။ နောက်ဆုံးတွင် ဘုရားသခင်သည်သူတို့အား အပြီးတိုင် ချေမှုန်းလိမ့်မည်။ ခရစ်တော်အပေါ် ဘယ်တုန်းကမှ သစ္စာမခံခဲ့သော သို့မဟုတ် ဆပ်ကပ်မှုတစ်စုံတရာ မပြုခဲ့သော သူတို့ကိုဘုရားသခင်သည် ဂရုမပြုတော့ပဲ ဖယ်ထုတ်၍ ခေတ်အကူးတွင် အပြီးတိုင်ချေမှုန်းလိမ့်မည်။ ဘုရားသခင်၏ နိုင်ငံတော်သို့သွားရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ထိုသူတို့သည် မြေပေါ်တွင်ပင် တည်ရှိနေကြတော့မည် မဟုတ်ပေ။ ပတ်ဝန်းကျင်၏ တွန်းအားပေးမှုကြောင့် ဘုရားသခင်ကို အပေါ်ယံမျှသာ ဆက်ဆံခဲ့သောဘယ်ခါမှ စိတ်ရင်းမမှန် ခဲ့ကြသောသူတို့အား သူ့လူတို့အတွက် အစေကျွန်ခံသော သူတို့နှင့်အတူ ရေတွက်လေ၏။ သူတို့မှ အများစုမှာ အစေကျွန်ခံရန် အရည်အချင်းမရှိကြပဲ ပျက်စီးကြ၍ ထိုလူတို့အထဲမှ အနည်းငယ်သာ ရှင်သန်နိုင်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် သူ၏နိုင်ငံတော်အတွင်းသို့ ဘုရားသခင်နှင့် စိတ်သဘောတူသော လူအားလုံးတို့ကို ဆောင်သွင်းမည်။ သူတို့မှာ ဘုရားသခင်၏ လူများ၊ ဘုရားသခင်၏ သားတို့နှင့် ပရောဖက်အဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့်ထားသော သူများဖြစ်ကြ၏။ ယင်းတို့ကို ဘုရားသခင်ကသူ၏အမှုအားဖြင့် စစ်ယူရရှိထားခြင်းဖြစ်၏။ အကြင်သူတို့သည် ဘုရားသခင် စီစဉ်ထားသော အမျိုးအစား တစ်မျိုးမျိုးအထဲ ကျရောက်ပါဝင်ခြင်း မပြုနိုင်လျှင် သူတို့ကို မယုံကြည်သူများ အထဲသို့ ထည့်သွင်းရေတွက်လေ၏။ သင်တို့သည် ထိုသူတို့ရမည့် ရလဒ်ကို သေချာစွာ စဉ်းစားကြည့်နိုင် ပါသည်။ ငါပြောသင့်သည့် အရာတိုင်းကို သင်တို့အား ငါပြောခဲ့ပြီးလေပြီ၊ သင်တို့ရွေးချယ်သော လမ်းမှာ သင်တို့၏ ဆုံးဖြတ်ချက် အတိုင်းပြုရန် ဖြစ်လိမ့်မည်။ သင်တို့နားလည်သင့်သည့် အရာမှာ ဤသို့ဖြစ်၏၊ ဘုရားသခင်၏ အမှုသည် သူနှင့်အတူ ခြေလှမ်းမမီသော သူများကို မည်သည့်အခါမျှ စောင့်နေမည်မဟုတ်၊ ပြီးလျှင် ဖြောင့်မတ်သော ဘုရားသခင်၏ စိတ်နေသဘောထားသည် မည်သူ တစ်ဦးတစ်ယောက်ကိုမှ ကရုဏာမထားပါချေ။

“ခရစ်တော်သည် တရားစီရင်ခြင်း အမှုကိုသမ္မာတရားဖြင့် ဆောင်ရွက်၏” မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)” | ကောက်နုတ်ချက် ၃၅၉

ငါ့ကို အကြွင်းမဲ့မနာခံနိုင်သော အပြုအမူသည် သစ္စာဖောက်ခြင်းဖြစ်၏။ ငါ့အပေါ် သစ္စာမစောင့်သိနိုင်သည့် အပြုအမူသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ ငါ့ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “‘နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ’ အကြောင်း အကျဉ်းချုပ်ဆွေးနွေးချက်” | ကောက်နုတ်ချက် ၁၈၃

ယေရှုသည် ဤကမ္ဘာပေါ်တွင် ၃၃ နှစ်ခွဲ နေထိုင်သွားခဲ့သည်။ သူသည် ကားစင်တင်သတ်ခံရခြင်းအမှုကိုပြုရန် လာရောက်ခဲ့ပြီး၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ယုံကြည်ခြင်းအကြောင်း သင်ဘာသိသနည်း” | ကောက်နုတ်ချက် ၄၆၅

ထို့ကြောင့် သင်သည် ငါ့ကို အဘယ်ကြောင့်ယုံကြည်သည်ကို အမှန်တကယ်သိပါသလား။ ငါ့အမှုတော်၏ ရည်ရွယ်ချက်နှင့် အရေးပါမှု တို့ကို သင်အမှန်တကယ်သိပါသလား။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ” | ကောက်နုတ်ချက် ၁၀၀

ယေရှု ကမ္ဘာပေါ်တွင် နေထိုင်သွားခဲ့သော အသက်တာမှာ ဇာတိပကတိ၏ သာမန်အသက်တာ ဖြစ်သည်။ သူသည် သူ့ဇာတိပကတိ၏ သာမန် လူ့သဘာဝထဲတွင် နေထိုင်ခဲ့သည်။...