ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည် (ကောက်နုတ်ချက် ၁)

ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ဖွားမြင်ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သင်၏တာဝန်များကို စတင် ထမ်းဆောင် ရပါတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် ဘုရားသခင် ရည်စူးထားသည့်အတိုင်း သင်၏ ကဏ္ဍကို သင်တာဝန် ယူရပါတော့သည်။ သင်သည် ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်း၊ သင့်ရှေ့ဆက်ခရီး မည်သို့ပင် ဖြစ်နေ၊ ရှိနေစေကာမူ မည်သူတစ်ဦး တစ်ယောက်ကမျှ ကောင်းကင်မှ ချမှတ်ထားသော အစီအစဉ်နှင့်ထိန်းချုပ်မှုကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ။ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသောဘုရားသခင် တစ်ပါးတည်းသာလျှင် ထိုသို့သော အရာများကို လုပ်နိုင်သောကြောင့် ဖြစ်ပါသည်။ လူသား စတင်ဖြစ်တည် လာချိန်မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံထိန်းချုပ်ခြင်းနှင့်အရာအားလုံး၏ ပြောင်းလဲမှုနှင့် လှုပ်ရှားမှုများကို လမ်းညွှန် ပြသပေးခြင်းဖြင့် သူ၏အလုပ်ကို ပုံမှန်လုပ်ဆောင်လျက် ရှိပါသည်။ အရာအားလုံးနည်းတူ လူသားတို့သည် ဘုရားသခင်ထံ မှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက် နှင်းပေါက်တို့၏ အားဖြည့်မှုကို မသိသော်လည်း တိတ်တဆိတ် လက်ခံရရှိနေပါသည်။ အရာအားလုံးနည်းတူ လူတို့သည် မသိသော်လည်း ဘုရားသခင် လက်တော်၏စီစဉ်ညွှန်ကြားမှုအောက်တွင် နေထိုင်လျက်ရှိပါသည်။ လူတို့၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကိုဘုရားသခင်သည် လက်၌ ကိုင်ဆောင်ထားပြီး၊ လူသားအားလုံး၏ ဘဝကို ဘုရားသခင်သည် သူ၏ မျက်လုံးများဖြင့်ကြည့်ရှုလျက်ရှိပါသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိ သက်မဲ့ အရာအားလုံးသည် ဘုရားသခင်၏ အတွေးနှင့်အညီရွေ့လျား၊ ပြောင်းလဲ၊ ပြန်လည်စတင်ပြီး ကွယ်ပျောက် သွားရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အရာအားလုံးကို ထိန်းချုပ် အုပ်စိုးပုံ ဖြစ်ပါသည်။ ညအချိန် တိုးဝင် ရောက်ရှိလာသော်လည်း လူတို့သည် သတိမပြုမိကြပေ။ အကြောင်းမှာ လူသား၏ နှလုံးသားကို အမှောင်ထုက မည်ကဲ့သို့ ချဉ်းကပ်လာသည် သို့မဟုတ် မည်သည့်နေရာမှ လာသည်ကို သတိမထားမိနိုင်သောကြောင့်ဖြစ်သည်။ ညသည် တိတ်တဆိတ် ထွက်ခွာသွားချိန်တွင် လူသားသည် နေ့၏ အလင်းရောင်ကို ကြိုဆိုကြသည်။ သို့သော်လည်း လူသား၏ နှလုံးသားသည် အလင်းရောင် မည်သည့်နေရာမှလာပြီး ည၏ အမှောင်ထုကို အဝေးသို့ မည်သို့ တွန်းထုတ်လိုက်ပုံကိုမူ ပို၍ ရှင်းလင်းစွာမသိရှိ၊ သတိမထားမိကြပေ။ ထိုသို့ အမြဲဖြစ်ပေါ်နေသော နေ့နှင့်ည လည်ပတ်မှုသည် လူတို့အား အချိန်တို့ကို ဖြတ်ကျော်ကာ ကာလတစ်ခုပြီး တစ်ခုသို့ ပို့ဆောင်ပေးနေသကဲ့သို့၊ တစ်ဖက်တွင် ဘုရားသခင်၏ အမှုနှင့် သူ၏ အကြံအစည်အား ထိုကာလနှင့် အချိန်တိုင်းတို့တွင် အကောင်အထည် ဖော်ဆောင်ပေးလျက် ရှိပါသည်။ လူသားသည် ဘုရားသခင်နှင့်ခေတ်ကာလများတစ်လျှောက် လျှောက်လှမ်းခဲ့သော်လည်း ဘုရားသခင်သည် သက်ရှိနှင့်အရာအားလုံးတို့၏ ကံကြမ္မာကို ပိုင်စိုးသည် ဆိုသည့်အချက် သို့မဟုတ် ဘုရားသခင်သည် အရာအားလုံးကို စီစဉ်ညွန်ကြားနေသည် ဆိုသည့်အချက်ကို မသိရှိကြသေးပေ။ ထိုအချက်သည် လူသားတို့အတွက် နားလည်ရန်ခက်ခဲသည့်အရာ ဖြစ်ခဲ့သည်မှာ ယခင့်ယခင် မသိနိုင်လောက်သည့် ကာလများမှယနေ့ထိတိုင်အောင်ပင် ဖြစ်သည်။ အကြောင်းရင်းမှာ ဘုရားသခင်၏ နည်းလမ်းတို့သည်နားလည်ရန် ခက်ခဲလွန်းခြင်း သို့မဟုတ် ဘုရားသခင်၏ အကြံအစည်ကိုမသိရှိခဲ့ကြခြင်းကြောင့် မဟုတ်ပဲ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် ဘုရားသခင်နှင့် ဝေးကွာလွန်းခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် လူသားသည် ဘုရားသခင်နောက် လိုက်နေစေကာမူ မိမိကိုယ်ကို မသိလိုက်ဘဲ စာတန်၏ အသုံးခံ ဖြစ်နေတတ်ပါသည်။ မည်သူတစ်ဦး တစ်ယောက်မှ ဘုရားသခင်၏ ခြေရာအတိုင်းစိတ်ဝင်တစား လိုက်လျှောက်ခြင်း သို့မဟုတ် ဘုရားသခင်၏ အဆင်းသဏ္ဌာန်ကိုကြိုးစား ရှာဖွေခြင်းမရှိသလို၊ မည်သူ တစ်ဦးတစ်ယောက်မှ ဘုရားသခင်၏ ဂရုပြုမှုနှင့် အထံတော်တွင် နေထိုင်လိုသောဆန္ဒ မရှိကြပေ။ ထိုသို့ပြုမည့်အစား သူတို့သည် ကမ္ဘာကြီးနှင့်လိုက်လျောညီထွေဖြစ်ရန်နှင့် ဆိုးသွမ်းသော လူသားမျိုးနွယ်တို့လိုက်နာကျင့်သုံးသည့် စည်းမျဉ်းများအတိုင်း လိုက်လျှောက်ရန်အတွက် စာတန်နှင့် မကောင်းဆိုးဝါးတို့၏ သွေးဆောင်ခြစားခြင်းအပေါ်တွင်သာ မှီခိုရန် ဆန္ဒရှိကြပါသည်။ ဤနည်းအားဖြင့် လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့ကို စာတန်အား ဆက်ကပ်ပေးလှူကာ သူ့အတွက် ခဲဖွယ်၊ စားဖွယ် ဖြစ်လာကြပါသည်။ ထို့အပြင် လူသားတို့၏ နှလုံးသားနှင့် စိတ်ဝိညာဉ်သည် စာတန်နေထိုင်ရန် နေရာတစ်ခုနှင့် စိတ်တိုင်းကျ ဆော့ကစားရာ နေရာတစ်ခုဖြစ်လာပါသည်။ ဤနည်းအားဖြင့် လူသားသည် လူသားဖြစ်ရခြင်း၏ နိယာမများ၊ လူသားတို့ ဖြစ်တည်လာမှု၏ တန်ဖိုးနှင့် ရည်ရွယ်ချက်တို့ကို နားလည်နိုင်သည့်အခွင့်ကို မသိလိုက်ပဲ လက်လွှတ် ဆုံးရှုံးသွားရပါတော့သည်။ ဘုရားသခင်ထံမှ ပညတ်များနှင့် ဘုရားသခင်နှင့် လူတို့ကြားမှ ပဋိညာဉ်သည် လူသားတို့၏ နှလုံးသားထဲမှတဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်နေပြီး လူတို့သည် ဘုရားသခင်အား ရှာဖွေခြင်း သို့မဟုတ် ဂရုပြုခြင်း မရှိကြတော့ပေ။ အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ လူတို့သည် ဘုရားသခင်က သူတို့အား ဖန်ဆင်းခဲ့သည့်အကြောင်းရင်းကို နားမလည်တော့သလို၊ ဘုရားသခင်၏ နှုတ်မှလာသော နှုတ်ကပတ်တော်များကို နားလည်ခြင်း၊ အရာအားလုံးသည် ဘုရားသခင်ထံမှ ဖြစ်သည်ကိုနားလည်နိုင်ခြင်း မရှိတော့ပေ။ လူတို့သည် ဘုရားသခင်ထံမှလာသော ပညတ်တော်များနှင့် အမိန့်များကို အာခံလာကြသည် လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် စတင်ထုံထိုင်းလာသည်။ ဘုရားသခင်သည် သူ၏ မူလရည်ရွယ်ချက်ဖြင့် ဖန်ဆင်းထားသော လူသားကို ဆုံးရှုံးခဲ့ရပြီး လူသားသည် ၎င်း၏ မူလ အရင်းအမြစ်ကို ဆုံးရှုံးသွားသည်။ ၎င်းသည် ဤလူသားမျိုးနွယ်အတွက် ဝမ်းနည်းစရာဖြစ်သည်။ အမှန်တကယ်တွင်မူ အစဦးမှစပြီး ယခုအချိန်အထိ၊ ဘုရားသခင်သည် ဇာတ်ဆောင်နှင့် သားကောင်နှစ်ခုစလုံးဖြစ်သည့် လူသားအတွက် ပူဆွေးမှု ပြဇာတ်တစ်ခုကိုကြိုတင် ပြင်ဆင်ထားပြီးဖြစ်ကာ၊ ထိုပြဇာတ်၏ ဒါရိုက်တာ မည်သူမည်ဝါ ဖြစ်သည်ကို မည်သူမျှ မဖြေဆိုနိုင်ပါ။ လောကပြင်ကျယ်ကြီးတွင် မရေတွက်နိုင်သော ပြောင်းလဲမှုများသည် ထပ်ခါ ထပ်ခါ ဖြစ်ပွားနေသည်။ စကြ၀ဠာရှိ အရာအားလုံးကို အစိုးရသော ဘုရားသခင်မှတစ်ပါး မည်သူမျှ လူသားမျိုးနွယ်များကို မဦးဆောင်၊ မညွှန်ကြားနိုင်ပါ။ လူသားအတွက် အားထုတ်ခြင်း သို့မဟုတ် ပြင်ဆင် လုပ်ဆောင်ခြင်းကို လုပ်ဆောင်ရန် ကြီးမြတ်သောသူ တစ်ယောက်မျှမရှိပါ၊ ဤလူသားတို့ကို အလင်းရှိရာ ခရီးဆုံးပန်းတိုင်နှင့် ကမ္ဘာကြီး၏ မတရားမှုများထံမှ လွတ်မြောက်မှုဆီသို့ ဦးဆောင်နိုင်သည့်သူ ပို၍ပင် မရှိပေ။ ဘုရားသခင်သည် လူသား၏ အနာဂတ်အတွက် ဝမ်းနည်းရပြီး၊ လူသား၏ ကျရှုံးမှုအတွက် ပူဆွေးသောက ရောက်ရသည်။ ဘုရားသခင်သည် လူသား၏ ကျရှုံးမှုနှင့် ပြန်လမ်းမဲ့လမ်းသို့ တဖြည်းဖြည်း ဦးတည်သွားနေခြင်းအတွက် ဝမ်းနည်းပူဆွေးရသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေပြီး၊ ဆိုးယုတ်ခြင်းကို ရှာဖွေရန် ဘုရားသခင်အား စွန့်လွှတ်ပစ်ကြသည်။ ဤသို့ လူသားမျိုးနွယ်စုတို့ သွားရမည့်ဦးတည်ချက်နှင့် ပတ်သက်ပြီး မည်သူမှ စဉ်းစားခဲ့ကြခြင်း မရှိပေ။ ဤအချက်ကြောင့်ပင် မည်သူမှ ဘုရားသခင်၏ အမျက်ကို မခံစားမိကြပေ။ မည်သူမျှ ဘုရားသခင် ကျေနပ်သဘောကျစေမည့် လမ်းကို ရှာဖွေခြင်း သို့မဟုတ် ဘုရားသခင်နှင့်နီးစပ်လာအောင် ကြိုးစားခြင်း မရှိကြပေ။ ထို့အပြင် ဘုရားသခင်၏ ဝမ်းနည်း၊ နာကျင်ရမှုများကို စာနာနားလည်ပေးရန် မည်သူမျှ မကြိုးစားကြပေ။ ဘုရားသခင်၏ အသံကို ကြားသည့်တိုင်အောင် လူတို့သည် ဘုရားသခင်ထံမှ ဝေးကွာသည့် လမ်းကြောင်းကို ဆက်သွားကြပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုစိုက်မှုအောက်မှ ရှောင်ပြေးကာ ဘုရားသခင်၏ သမ္မာတရားအောက်မှ ရှောင်ရှားလာကြသည်။ မိမိကိုယ်ကို ဘုရားသခင်၏ ဆန့်ကျင်ဘက်ဖြစ်သော စာတန်ထံသို့ ရောင်းချရန်သာ ပိုဆန္ဒရှိလာကြသည်။ ဘုရားသခင်သည် သူ့အား ပစ်သွားသည့် နောင်တရခြင်းမရှိသော သူတစ်ဦးအား မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်ကို မည်သူက စဉ်းစားဖူးပါသနည်း။ ဘုရားသခင်၏ အကြိမ်ကြိမ် သတိပေးခြင်းနှင့် တိုက်တွန်း နှိုးဆော်ရခြင်းများ၏ အကြောင်းရင်းမှာ လူသားတို့၏ ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် မခံစားနိုင်သည့် တစ်ခါမျှ မဖြစ်ဖူးသေးသော ဘေးဒုက္ခအန္တရာယ်များကို သူ၏ လက်တော်ထဲတွင် ပြင်ဆင် ကိုင်ဆောင်ထားသောကြောင့် ဖြစ်ပါသည်။ ဤဘေးဒုက္ခသည် အသွေးအသားအတွက်သာမက စိတ်ဝိညာဉ်အတွက်ပါ အပြစ်ဒဏ် ဖြစ်လာမည်ဖြစ်သည်။ သင်သိသင့်သည်မှာ ဘုရားသခင်၏ အကြံအစည်ကို လျစ်လျူရှုပြီး၊ သူ၏ သတိပေးချက်များနှင့် တိုက်တွန်း နှိုးဆော်ချက်များအပေါ် တုံ့ပြန်မှုများ မရှိပါကသူကမည်သည့်အမျက်ရှမည်နည်းဆိုသည့် အချက်ဖြစ်သည်။ သူ၏အမျက်သည် ဖန်ဆင်းခြင်းတို့ ကြုံတွေ့ဖူးသော ကြားဖူးသော အရာများနှင့် လုံးဝ တူညီမည်မဟုတ်ပေ။ ထို့ကြောင့် ထိုဘေးဒုက္ခသည် တစ်ခါမျှ မဖြစ်ဖူးသေးသကဲ့သို့ မည်သည့်အခါမှလည်း ထပ်မံဖြစ်ပေါ်လာမည် မဟုတ်ဟု ငါပြောသည်။ အကြောင်းရင်းမှာ ဘုရားသခင်၏ အကြံအစည်တွင်တစ်ခါသာဖန်ဆင်း၍ တစ်ကြိမ်သာ ကယ်တင်ရန် စီစဉ်ထားသောကြောင့်ဖြစ်သည်။ ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ်သာ ဖြစ်ပါသည်။ ထို့ကြောင့် လူသားတို့အား ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ ကြင်နာသနားစိတ်နှင့် စိတ်ထက်သန်စွာ မျှော်လင့် စောင့်စားမှုကို မည်သူမှ နားလည်နိုင်မည် မဟုတ်ပေ။ “ဘုရားသခင်သည် လူ့အသက်၏အရင်းအမြစ်ဖြစ်သည်” မှ အယူအဆမှ အသိပညာသို့၊ ငြင်းဆန်ခြင်းမှ ချစ်ခြင်းမေတ္တာသို့တိုးတက်ပြောင်းလဲသွားသည်။ ဤသည်တို့မှာ လူ့ဇာတိခံယူသော ဘုရားသခင့် အမှုတော်၏အကျိုးသက်ရောက်မှုများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကိုလက်ခံခြင်းအားဖြင့်သာ ကယ်တင်ခြင်းခံရသည်။ ဘုရားသခင်၏ နှုတ်ထွက်စကားတော်များဖြင့်ဘုရားသခင်ကို တဖြည်းဖြည်း သိလာသည်။ သူ့ကို ဆန့်ကျင်နေစဉ်အတွင်း သူ၏ သိမ်းပိုက်ခြင်း ခံရ၍၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံသည့်ကာလအတွင်းတွင် အသက်အထောက်အပံ့ကို လက်ခံရရှိသည်။ ဤအမှုအားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဘုရားသခင်၏ဝိညာဉ်တော် သွင်ပြင်လက္ခဏာအားဖြင့်လုပ်ဆောင်ခြင်းမဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်လုပ်ဆောင်သည့် အမှုသည် အကြီးမားဆုံး အမှု၊ ထူးခြားမှုအရှိဆုံး အမှုဖြစ်ပြီး၊ ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်မှ အရေးကြီးသော အပိုင်းမှာ လူ့ဇာတိခံယူသော အမှု၏ အဆင့်နှစ်ဆင့်ဖြစ်သည်။ လူသား၏ ကြီးမားသော ဖောက်ပြန်ပျက်စီးမှုသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှု၏အကြီးမားဆုံးသော အတားအဆီးဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသောကာလမှ လူတို့အပေါ်လုပ်ဆောင်သည့်အမှုတော်သည် အလွန်ခက်ခဲသည်။ ပတ်ဝန်းကျင်သည် ရိုင်းစိုင်းခက်ထန်ကာ လူတစ်ဦးစီ၏ အရည်အချင်းသည် အင်မတန် ညံ့ဖျင်းသည်။ သို့ရာတွင် ဤအမှုတော်၏အဆုံး၌ အမှားအယွင်းများမရှိဘဲ သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိဆဲဖြစ်မည်။ ယင်းသည် ဇာတိခန္ဓာအမှု၏ အကျိုးသက်ရောက်မှုဖြစ်ပြီး ဝိညာဉ်တော်၏အမှုဖြင့်ရရှိမည့် အကျိုးသက်ရောက်မှုထက်ပို၍ ကျေနပ်ဖွယ်ကောင်းပေသည်။ ဘုရားသခင့် အမှု၏ အဆင့်သုံးဆင့်တို့ကို ဇာတိခန္ဓာရှိသည့် ဘုရားသခင်က အဆုံးသတ်ပေးမည်ဖြစ်ပြီး၊ လူ့ဇာတိခံယူသည့် ဘုရားသခင်မှ နိဂုံးချုပ်ပေးရမည်။ အရေးအကြီးဆုံးနှင့် အရေးအပါဆုံးအမှုကို ဇာတိခန္ဓာရှိသည့် ဘုရားသခင်က လုပ်ဆောင်ပြီး၊ လူသားအား ကယ်တင်ခြင်းကို ဇာတိခန္ဓာရှိသည့် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်။ လူသားမျိုးနွယ်အားလုံးက ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားနှင့်မဆိုင်ဟု ခံစားမိသော်လည်း လက်တွေ့တွင်မူ ဤဇာတိခန္ဓာသည် လူသားတစ်မျိုးနွယ်လုံး၏ ကံကြမ္မာ၊ တည်ရှိမှုတို့နှင့် သက်ဆိုင်လေသည်။

“ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည်လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” မှ

အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာ သင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင် ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူ သင့်ဘဝခရီး စတင်လာ သင့်နောက်ကြောင်း ရှေ့ခရီး ဘယ်လိုပင်တည်ရှိပါလေစေ ဘယ်သူမှလည်း ထက်ကောင်းကင်ဘုံမှာ နေရဖို့ စီစဉ်မှုမှ မလွတ်ကင်းနိုင် ဘယ်သူမှလည်း မိမိကံကို ချုပ်ထိန်း၍ မရ အရာခပ်သိမ်းကို အုပ်စိုးသောအရှင်သာ ထိုအရာများ တတ်စွမ်းနိုင်

လူသားမျိုးနွယ်တို့စဖြစ်ကတည်းက ဘုရားသည် အမှုတော်ထဲ မြဲမြံ စကြဝဠာရှိ အရာခပ်သိမ်းတို့၏ ပြောင်းလဲလှုပ်ရှားမှုများကို ညွှန်ကြားစီမံ ထိုနည်းတူ လူတို့လည်း တိတ်တိတ်မသိရှိဘဲ ချိုမြိန်မှုရဲ့အာဟာရမျိုးစုံနှင့် ဆီးနှင်းမိုးတို့ရရှိတယ် ခပ်သိမ်းသောလူ သည် မသိဘဲ ဘုရားလက်တော် စီမံမှု ရဲ့အောက်မှာ နေထိုင်ရ လူ့ရဲ့စိတ်နဲ့ဝိညာဉ်သည် ဘုရားရဲ့လက်တော်ထဲမှာ လူ့ရဲ့အသက်တာတစ်ခုလုံး ဘုရားစောင့်ကြည့်မြဲ ဒါကို သင်သည် ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အသက်ရှင်သောအရာ သေသောအရာအားလုံးသည် ဘုရား၏အကြံအစည်တော်အရ ပြောင်းလဲမယ် ကွယ်ပျောက်မယ် ဘုရား၏အကြံအစည်တော်အရ အရာခပ်သိမ်းကို ဤကဲ့သို့ဖြင့် ဘုရားရှင်သည် အုပ်စိုး

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” | ကောက်နုတ်ချက် ၃၀၀

နှစ်ထောင်ပေါင်းများစွာ ဖောက်ပြန်ပျက်စီးခဲ့ပြီးနောက် လူသားသည် ထုံတေထိုင်းမှိုင်းလာကာ၊ လူသား၏ ဘုရားသခင်ကို တော်လှန်ပုန်ကန်မှုသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ -“လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” -ကောက်နုတ်ချက် ၅၉၃

စုံလင်စေခြင်း ခံလိုသောသူအားလုံးတွင် စုံလင်စေခြင်းခံခွင့်ရှိသဖြင့် လူတိုင်း အေးအေးလူလူနေရမည်၊ နောင်တွင် သင်တို့အားလုံး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေစွာ အစေခံနည်း” | ကောက်နုတ်ချက် ၄၅၄

ယေရှုသည် သူ၏ကိုယ်ရေးကိုယ်တာအစီအစဉ်များနှင့် ကိုယ့်အကျိုးကိုထည့်သွင်းမစဉ်းစားဘဲ ဘုရားသခင်၏ အလိုတော်ကို လေးနက်စွာ ဆောင်ရွက်ခဲ့သောကြောင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ -“ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” -ကောက်နုတ်ချက် ၂၅၉

ဘုရားသခင်သည် ဤကမ္ဘာကြီးအား ဖန်ဆင်းခဲ့ပြီး၊ သက်ရှိသတ္တဝါဖြစ်သည့် လူသားကို ဆောင်ကြဉ်း အသက်သွင်းခဲ့ပါသည်။ တစ်ဖက်တွင် လူတို့သည် မိဘဆွေမျိုးများ...