သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

အမျိုးအစားများ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)

ဘုရားသခင်သည် လူသားတို့အကြား သူ၏အမှုကိုဆောင်ရွက်ရန်၊ လူသားကို သူကိုယ်တိုင် သူ့ကိုယ်သူ ဖော်ပြရန်နှင့် လူသားအား သူ့ကိုကြည့်ခွင့်ပြုရန်ကမ္ဘာမြေကြီးကို လာခြင်းဖြစ်၏။ ဤသည်မှာ သေးငယ်သည့် ကိစ္စတစ်ရပ်လော။ ဤသည်မှာ အမှန်စင်စစ် လွန်စွာထူးခြား၏။ လူသားမှ စိတ်ကူးယဉ်သကဲ့သို့ ဘုရားသခင်သည် သူ့အပေါ် လူသားက ကြည့်ရန် လာခဲ့သည်မဟုတ်။ ဘုရားသခင်သည် စစ်မှန်၍ မရေမရာ၊အနှစ်သာရကင်းမဲ့သူ မဟုတ်ကြောင်း နားလည်စေရန်နှင့် ဘုရားသခင်သည် မြင့်မားသည်သာမကစိတ်နှလုံးနှိမ့်ချခြင်းလည်းရှိကြောင်း နားလည်စေရန် ကြွရောက်လာခဲ့ခြင်း မဟုတ်ပေ။ ဤသည်မှာ ဤမျှလွယ်ကူနိုင်မည်လော။ အတိအကျအားဖြင့် စာတန်သည်လူသား၏ဇာတိပကတိအား ဖျက်ဆီးခဲ့ကာ၊ လူသားသည် ဘုရားသခင်က ကယ်တင်ရန်ရည်ရွယ်သူ ဖြစ်သဖြင့်၊ ဘုရားသခင်က ဇာတိပကတိခံယူ၍ စာတန်နှင့် တိုက်ပွဲဝင်ကာ လူသားကို ကိုယ်တိုင်လမ်းပြရမည် ဖြစ်သည်။ ဤသည်သာလျှင် သူ၏အမှုအတွက် အကျိုးရှိ၏။ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိ နှစ်ရပ်သည် စာတန်ကို ရှုံးနိမ့်စေရန် တည်ရှိခဲ့၍ လူသားကို ပိုမိုကောင်းမွန်စွာ ကယ်တင်နိုင်ရေးအတွက်လည်းတည်ရှိခဲ့၏။ ဤသည်မှာ စာတန်နှင့်တိုက်ပွဲဝင်သူမှာ- ဘုရားသခင်၏ ဝိညာဉ်ဖြစ်စေ၊ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိဖြစ်စေ- ဘုရားသခင်သာ ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ အတိုအားဖြင့်ဆိုလျှင်၊ စာတန်နှင့် တိုက်ပွဲဝင်နေသူသည် စာတန်၏ ဖျက်ဆီးခြင်းခံရသည့် လူသားမဆိုထားနှင့် ကောင်းကင်တမန်များပင် မဟုတ်နိုင်ပေ။ ကောင်းကင်တမန်များသည် ဤအမှုကိုပြုရန် တန်ခိုးမရှိပေ။ ထို့အပြင် လူသားသည် သာ၍ပင် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဘုရားသခင်သည်လူသားတို့၏အသက်တာအပေါ် အမှုဆောင်လိုပါက၊ လူသားအပေါ် ဆောင်ရွက်ရန်သူကိုယ်တိုင် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာလိုပါက၊ သူကိုယ်တိုင် ဇာတိပကတိ ခံယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူကိုယ်တိုင် ဇာတိပကတိ ယူတင်ဝတ်ဆောင်၍ သူ၏ကိုယ်ပိုင်ဝိသေသ လက္ခဏာနှင့် သူဆောင်ရွက်ရမည့် အမှုအားဖြင့်၊ လူသားအကြားကြွလာ၍ သူကိုယ်တိုင် လူသားကို ကယ်တင်ရမည် ဖြစ်၏။ သို့မဟုတ်ပါက ဤအမှုကို ဆောင်ရွက်သူမှာဘုရားသခင်၏ဝိညာဉ် သို့မဟုတ် လူသားဖြစ်ပါက၊ ဤတိုက်ပွဲသည် ထိရောက်မှုရှိရန် အစဉ်ပျက်ကွက်မည်ဖြစ်၍ မည်သည့်အခါမျှ ပြီးဆုံးမည် မဟုတ်ပေ။ လူသားတို့အကြား စာတန်ကို ဆန့်ကျင်တိုက်ပွဲဝင်ရန် ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံယူမှသာလျှင် လူသားသည် ကယ်တင်ခြင်းရရှိရန် အခွင့်အလမ်း ရှိမည်ဖြစ်သည်။ ထို့အပြင်၊ ထိုအခါမှသာလျှင် စာတန်သည် အရှက်ရ၍ ခေါင်းပုံဖြတ်ရန် အခွင့်အလမ်းများ သို့မဟုတ် အကောင်အထည်ဖော်ရန် အစီအစဉ်များ မရှိဘဲ ကျန်ရစ်လိမ့်မည်။ ဘုရားသခင်၏ ဝိညာဉ်သည် လူ့ဇာတိခံယူသောဘုရားသခင်မှ ဆောင်ရွက်သည့်အမှုကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အပြင် ဇာတိပကတိဆန်သူ မည်သည့်လူသားမျှ ဘုရားသခင်၏ ကိုယ်စား ဆောင်ရွက်နိုင်စွမ်း သာ၍ပင် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူဆောင်ရွက်သည့်အမှုသည်လူသား၏ အသက်တာအတွက်ဖြစ်၍ လူသား၏ ပျက်စီးသော စိတ်သဘောထားကိုပြောင်းလဲရန်ဖြစ်သောကြောင့် ဖြစ်၏။ လူသားသည်သာ ဤတိုက်ပွဲတွင် ပါဝင်ရမည်ဆိုပါက သူသည် အလွန်ဝမ်းနည်းဖွယ်ကောင်းစွာကစဉ့်ကလျား ထွက်ပြေးမည်သာဖြစ်၍ လူသား၏ ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်း လုံးဝရှိမည်မဟုတ်ပေ။ လူသားကို လက်ဝါးကပ်တိုင်မှ ကယ်တင်နိုင်စွမ်း သို့မဟုတ် ပုန်ကန်စိတ်ရှိသည့် လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သို့ရာတွင် အခြေခံသဘောတရားအရ သာမန်အမှုအနည်းငယ်သာ သို့မဟုတ် စာတန်ရှုံးနိမ့်ခြင်းနှင့် မသက်ဆိုင်သည့် အမှုကိုသာလုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အဘယ်ကြောင့် စိတ်အနှောင့်အယှက်ခံမည်နည်း။ စာတန်ရှုံးနိမ့်စေရန်မဆိုနှင့် လူသားကို မရရှိနိုင်သည့်အမှုမှာ မည်သည့်အဓိပ္ပာယ် ရှိမည်နည်း။ ထို့ကြောင့် စာတန်နှင့်တိုက်ပွဲမှာ ဘုရားသခင်ကိုယ်တိုင်သာလျှင် အကောင်အထည်ဖော်နိုင်မည် ဖြစ်ကာ လူသားက လုပ်ဆောင်ရန် စွမ်းဆောင်ရည် လုံးဝမရှိပေ။ လူသား၏တာဝန်မှာ နာခံရန်နှင့် လိုက်နာရန်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခေတ်ကာလအသစ်တစ်ရပ် ဖွင့်လှစ်သည့်အမှုကို မပြုနိုင်သကဲ့သို့ စာတန်နှင့် တိုက်ပွဲဝင်သည့်အမှုကိုလည်းအကောင်အထည်ဖော်နိုင်ခြင်း မရှိပေ။ စာတန်ကိုရှုံးနိမ့်စေသောဘုရားသခင်ကိုယ်တိုင်၏ ဦးဆောင်မှုဖြင့်သာ လူသားသည် ဖန်ဆင်းရှင်ကျေနပ်အောင် ပြုလုပ်နိုင်မည် ဖြစ်သည်။ ဤတစ်ခုတည်းကိုသာ လူသားသည် ပြုလုပ်နိုင်၏။ ထို့ကြောင့် တိုက်ပွဲအသစ်တစ်ခု စတင်တိုင်း၊ ဆိုလိုသည်မှာ ခေတ်သစ်တစ်ခု၏ အမှုစတင်တိုင်း၊ ဤအမှုကို ဘုရားသခင်ကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်၏။ ဤနည်းအားဖြင့် သူသည် ခေတ်တစ်ခေတ်လုံးကို ဦးဆောင်လမ်းပြကာ လူသားမျိုးနွယ်တစ်ရပ်လုံးအတွက်လမ်းကြောင်းသစ်တစ်ရပ်ကို ဖွင့်ပေးခြင်းဖြစ်၏။ ခေတ်သစ်တစ်ခုစီ၏အရုဏ်သည်စာတန်နှင့်တိုက်ပွဲအသစ် စတင်ခြင်းဖြစ်၏။ ဤနည်းအားဖြင့် လူသားသည် ပို၍သစ်လွင်လှပသော လောကနှင့် ဘုရားသခင်ကိုယ်တိုင်က လမ်းပြဦးဆောင်သည့်ခေတ်သစ်သို့ ဝင်ရောက်ခြင်းဖြစ်၏။

“လူသား၏သာမန်ဘဝကိုနဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

00:00
00:00

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ