သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁) (အပိုင်း နှစ်)

သမ္မာကျမ်းစာသည် မည်ကဲ့သို့သော စာအုပ်မျိုးနည်း။ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ်အတွင်းက ဘုရားသခင်၏ အမှု ဖြစ်သည်။ သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းသည် ပညတ်တော်ခေတ်အတွင်းက ယေဟောဝါ၏ အမှုအားလုံးနှင့် သူ၏ ဖန်ဆင်းခြင်းအမှုကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ကျမ်းတစ်စောင်လုံးသည် ယေဟောဝါ ပြုခဲ့သည့် အမှုကို မှတ်တမ်းတင်ထားပြီး၊ နောက်ဆုံးတွင် မာလခိကျမ်းဖြင့် ယေဟောဝါ၏ အမှု၏ ဖြစ်စဉ်များကို အဆုံးသတ်ထားသည်။ ဓမ္မဟောင်းကျမ်းသည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုနှစ်ခုကို မှတ်တမ်းတင် ထားသည်- တစ်ခုက ဖန်ဆင်းခြင်းအမှု ဖြစ်ပြီး၊ တစ်ခုက ပညတ်ကို ပြဋ္ဌာန်းခြင်းအမှု ဖြစ်သည်။ ထိုအမှုနှစ်ခုစလုံးကို ယေဟောဝါက ပြုခဲ့ခြင်း ဖြစ်သည်။ ပညတ်တော်ခေတ်သည် ယေဟောဝါ ဘုရားသခင်ဟူသော နာမဖြင့် လုပ်ဆောင်ခဲ့သည့် အမှုကို သရုပ်ဖော်သည်၊ အဓိကအားဖြင့် ယေဟောဝါ၏ နာမဖြင့် ဆောင်ရွက်ခဲ့သည့် အမှုတစ်ရပ်လုံး ဖြစ်သည်။ ထို့ကြောင့်၊ ဓမ္မဟောင်းကျမ်းသည် ယေဟောဝါ၏ အမှုကို မှတ်တမ်းတင်ထားပြီး ဓမ္မသစ်ကျမ်းမှာမူ အဓိကအားဖြင့် ယေရှု၏နာမဖြင့် လုပ်ဆောင်ခဲ့သည့် ယေရှု၏အမှုကို မှတ်တမ်းတင်ထား၏။ ယေရှု၏နာမ၏ အရေးပါမှုနှင့် သူပြုခဲ့သည့် အမှုကို ဓမ္မသစ်ကျမ်းထဲတွင် အများအားဖြင့် မှတ်တမ်းတင်ထားသည်။ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်အတွင်းတွင်၊ ယေဟောဝါသည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို ဣသရေလနိုင်ငံမှာ တည်ဆောက်ခဲ့ပြီး၊ ကမ္ဘာမြေကြီးပေါ်ရှိ ဣသရေလအမျိုးသားများ၏ ဘဝကို လမ်းညွှန် ပေးခဲ့သည်၊ သူတို့သည် ယေဟောဝါ၏ ရွေးချယ်ခံရသူများ၊ ကမ္ဘာကြီးပေါ်၌ ဘုရားသခင် ရွေးချယ်ခဲ့သည့် ပထမဦးဆုံး လူအုပ်စုဖြစ်ပြီး၊ သူတို့သည် ဘုရားသခင် စိတ်တော်နှင့်တွေ့ကာ ဘုရားသခင်ကိုယ်တိုင် ဦးဆောင်ခဲ့သည့် ပထမဦးဆုံး လူအုပ်စု ဖြစ်ကြောင်း သက်သေပြခဲ့သည်။ ဣသရေလနိုင်ငံမှ လူမျိုးနွယ်စု ဆယ့်နှစ်စုတို့သည် ယေဟောဝါ၏ ပထမဆုံး အရွေးခံများ ဖြစ်ခဲ့ကြသည့်အတွက်၊ သူသည် သူတို့၌ အမြဲ အမှုပြုခဲ့သည်မှာ၊ ပညတ်တော်ခေတ်က ယေဟောဝါ၏အမှု ပြီးဆုံးသွားသည့်အထိ ဖြစ်သည်။ အမှုတော်၏ဒုတိယအဆင့်သည် ဓမ္မသစ်ကျမ်းမှ ကျေးဇူးတော်ခေတ်၏ အမှုဖြစ်ပြီး၊ ယင်းကို ဣသရေလ နိုင်ငံထဲက လူမျိုးနွယ်စုဆယ့်နှစ်စုအနက် တစ်စုဖြစ်သည့် ယုဒလူမျိုးနွယ်စု အကြား၌ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဤအမှု၏ အတိုင်းအတာ ပိုသေးခဲ့ခြင်းက ယေရှုသည် လူ့ဇာတိခံယူခဲ့သည့် ဘုရားသခင် ဖြစ်သောကြောင့်ပင်တည်း။ ယေရှုသည် ယုဒပြည်တစ်ဝန်း၌သာ အမှုပြုခဲ့ပြီး၊ သုံးနှစ်ခွဲမျှသော အမှုကိုသာ ပြုခဲ့သည်။ ထို့ကြောင့် ဓမ္မသစ်ကျမ်း၌ မှတ်တမ်း တင်ထားသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် မှတ်တမ်းတင်ထားသည့် အမှုပမာဏကို မည်သို့မျှ ကျော်လွန်၍ မရပေ။ ကျေးဇူးတော်ခေတ်ထဲက ယေရှု၏ အမှုကို အဓိကအားဖြင့် ခရစ်ဝင်ကျမ်း လေးကျမ်းထဲတွင် မှတ်တမ်းတင်ထားသည်။ ကျေးဇူးတော်ခေတ်မှ လူများ လျှောက်လှမ်းခဲ့ကြရသည့် လမ်းကြောင်းက သူတို့၏ ဘဝစိတ်သဘောထားတွင် အပေါ်ယံ အပြောင်းအလဲ အများဆုံး လမ်းကြောင်းဖြစ်၏၊ ၎င်းတို့အများစုကို ဩဝါဒစာများထဲတွင် မှတ်တမ်းတင်ထားသည်။ ထိုခေတ်ကာလက သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခဲ့ပုံကို ထိုဩဝါဒစာများတွင် ပြထားသည်။ (မှန်ပါသည်၊ ပေါလုသည် ပြစ်တင်ဆုံးမခြင်း ခံခဲ့ရသည်ဖြစ်စေ၊ ကံအကြောင်းမလှခြင်း၏ တိုက်ခိုက်ခံခဲ့ရသည်ဖြစ်စေ သူလုပ်ဆောင်ခဲ့သည့် အမှုကို သန့်ရှင်းသော ဝိညာဉ်တော်မှ သူ့ကို ညွှန်ကြားပေးခဲ့ခြင်း ဖြစ်သည်၊ သူသည် ထိုစဉ်က သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းခံခဲ့ရသူတစ်ယောက် ဖြစ်သည်၊ ပေတရုသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်း ခံခဲ့သည်၊ သို့သော်လည်း၊ သူသည် ပေါလုလောက် အလုပ် မလုပ်ခဲ့ပေ။ ပေါလုလုပ်ခဲ့သည့် အလုပ်တွင် လူသား၏ မစင်ကြယ်ခြင်း ပါရှိသော်လည်း၊ ထိုစဉ်တုန်းက သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ခဲ့ပုံကို ပေါလုရေးခဲ့သည့် သြဝါဒစာများမှ မြင်တွေ့နိုင်သည်၊ ပေါလုဦးဆောင်လမ်းပြခဲ့သည့် လမ်းကြောင်းသည် သင့်တော်သည့် လမ်းကြောင်းဖြစ်သည်၊ မှန်ကန်သည်၊ ထို့အပြင် ၎င်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်း ဖြစ်သည်။)

သင်က ပညတ်တော်ခေတ်၏ အလုပ်ကို ကြည့်လိုပြီး၊ ဣသရေလအမျိုးသားများ ယေဟောဝါ၏ လမ်းခရီးကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုလျှင်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုရမည်။ သင်သည် ကျေးဇူးတော်ခေတ်၏ အလုပ်ကို နားလည်လိုလျှင်၊ ဓမ္မသစ်ကျမ်းကို ဖတ်ရှုရမည်။ သို့သော်လည်း နောက်ဆုံးသောကာလ၏ အမှုကို သင် မည်သို့ မြင်သနည်း။ သင်သည် ယနေ့၏ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံလျက် ယနေ့၏အမှုတော်ထဲကို ဝင်ရောက်ကြရမည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အမှုသစ်ဖြစ်ပြီး၊ မည်သူမျှ ယခင်က သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားခဲ့သောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီး တရုတ်နိုင်ငံ၌ အခြားရွေးကောက်ခံရသူများကို ရွေးထားပြီ ဖြစ်သည်။ ဘုရားသခင်သည် ထိုလူများ၌ အမှုပြုသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုတော်မှ ဆက်လက်ဆောင်ရွက်ပြီး၊ ကျေးဇူးတော်ခေတ်၏အမှုတော်မှ ဆက်ပြီး ဆောင်ရွက်သည်။ ယနေ့၏အမှုတော်သည် လူသားတို့ မည်သည့်အခါကမျှ မလျှောက်ဖူးသေးသည့် လမ်းကြောင်းဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ယင်းသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုတော်ဖြစ်သည်၊ ယင်းသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုတော် ဖြစ်သည်။ ထို့ကြောင့် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အလုပ်သည် သမိုင်းမဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ပစ္စုပ္ပန်သည် ပစ္စုပ္ပန်သာဖြစ်ပြီး၊ အတိတ်ဖြစ်သွားရန် လိုသေး၍ ဖြစ်သည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ဣသရေလ၏ ပြင်ပ၊ ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ပြီးကြောင်း၊ ထိုအမှုသည် ဣသရေလ၏ နယ်ပယ်အပြင်ထိ ကျော်လွန်နှင့်ပြီး၊ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်ကြောင်း၊ ယင်းသည် ပရောဖက်ပြုချက်များ၌ မပါဝင်သည့် အသစ်သော အံ့သြဖွယ်အမှု၊ ဣသရေလအပြင်ရှိ ပိုမိုသစ်လွင်သည့် အမှု၊ လူသားများ မည်သည့်အခါတွင်မျှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အမှုဖြစ်ကြောင်းကို လူများက မသိကြပေ။ သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သောအမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများ မည်သို့ ပါဝင်နိုင်မည်နည်း။ မည်သူသည် ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမျှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် ထိုစာအုပ်ထဲ၌ ယခုကဲ့သို့ ပိုမို ကြီးမြတ်ပြီး ပို၍ ဉာဏ်ပညာရှိကာ၊ အစဉ်အလာကို အာခံသည့် အမှုကို မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ ယနေ့အမှုသည် သမိုင်းမဟုတ်ပေ၊ သို့ဖြစ်၍ သင်က ယနေ့၏လမ်းကြောင်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာမှ သွေဖည်ရမည်ဖြစ်သည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းကို ကျော်လွန်ပြီးသွားရမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို မှန်ကန်စွာ လျှောက်နိုင်မည် ဖြစ်သည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် လောကသစ်နှင့် အမှုသစ်ထဲကို ဝင်ရောက်နိုင်မည် ဖြစ်သည်။ ယနေ့ သင့်ကို သမ္မာကျမ်းစာ မဖတ်ကြားတော့ရန် မှာကြားနေရသည်မှာ၊ သမ္မာကျမ်းစာနှင့် ကွဲပြားသည့် အခြားအမှုတစ်ခု ရှိနေရသည်မှာ၊ ဘုရားသခင်က သမ္မာကျမ်းစာထဲ၌ ပိုသစ်ပြီး ပိုအသေးစိတ်ကျသည့် လက်တွေ့လုပ်ဆောင်မှုကို ရှာမကြည့်သည်မှာ၊ ၎င်းအစား သမ္မာကျမ်းစာ ပြင်ပ၌ ပိုကြီးမြတ်သည့်အမှု ရှိနေသည်မှာ အဘယ်ကြောင့်နည်း ဆိုသည်ကို သင် နားလည်ရမည်။ ဤသည်အားလုံးသည် သင်တို့ နားလည်သင့်သည့် အရာဖြစ်သည်။ သင်သည် အမှုအဟောင်းနှင့် အသစ်အကြား ခြားနားချက်ကို နားလည်ရမည်၊ ပြီးလျှင် သင်သည် သမ္မာကျမ်းစာကို မဖတ်သည့်တိုင်အောင် ၎င်းကို စိစစ်နိုင်စွမ်း ရှိရမည်၊ သို့မဟုတ်လျှင် သင်သည် သမ္မာကျမ်းစာကို ကိုးကွယ်မြဲ ကိုးကွယ်နေမည် ဖြစ်၍၊ သင်သည် အမှုသစ်ထဲကို ဝင်ရန်နှင့် အပြောင်းအလဲ အသစ်များကို ကြုံတွေ့ရန် ခဲယဉ်းလိမ့်မည်။ ပိုမြင့်မားသည့် လမ်းခရီး ရှိနေသောကြောင့်၊ နိမ့်ကျပြီး ဟောင်းနေသည့် လမ်းခရီးကို အဘယ့်ကြောင့် လေ့လာနေသနည်း။ ပိုသစ်သည့် မိန့်မြွက်ချက်များနှင့် ပိုသစ်သည့်အမှု ရှိနေလျှင်၊ သမိုင်းမှတ်တမ်း အဟောင်းများအကြားတွင် အဘယ့်ကြောင့် နေထိုင်နေသေးသနည်း။ မိန့်ကြားချက် အသစ်များက သင့်ကို ပံ့ပိုးပေးနိုင်သည်၊ ဤအချက်က ယင်းသည် အမှုသစ် ဖြစ်ကြောင်းကို သက်သေပြနေသည်၊ မှတ်တမ်းအဟောင်းများက သင့်ကိုဆန္ဒ ပြည့်ဝစေနိုင်ခြင်း၊ သင်၏လက်ရှိ လိုအပ်ချက်များကို ဖြည့်ဆည့်းပေးနိုင်ခြင်း မရှိဘဲ၊ ၎င်းတို့သည် သမိုင်းဖြစ်ပြီး ယခုအချိန် ယခုနေရာ၏ အမှုမဟုတ်ကြောင်းကို သက်သေပြနေသည်။ အမြင့်ဆုံးလမ်းခရီးသည် အသစ်ဆုံးအမှုဖြစ်ပြီး၊ အမှုသစ်နှင့်ဆိုလျှင် အတိတ်က လမ်းခရီး မည်မျှပင် မြင့်မားခဲ့ပါစေ၊ ၎င်းသည် လူတို့၏ ပြန်ပြောင်းဆင်ခြင် သုံးသပ်ချက်များ၏ သမိုင်းဖြစ်နေဆဲ ဖြစ်ပြီး၊ ရည်ညွှန်း ပြောဆိုချက်အဖြစ် ၎င်း၏တန်ဖိုးမှာ မည်သို့ပင်ရှိပါစေ၊ ယင်းသည် လမ်းခရီးဟောင်း ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းကို “သန့်ရှင်းသည့် ကျမ်းစာအုပ်” ထဲ မှတ်တမ်းတင်ထားစေကာမူ၊ လမ်းခရီးဟောင်းသည် သမိုင်းဖြစ်သည်၊ “သန့်ရှင်းသည့် ကျမ်းစာအုပ်” ထဲမှာ မည်သို့မျှ ရေးမှတ် မထားသော်လည်း၊ လမ်းခရီးသစ်သည် ယခုအချိန် ယခုနေရာမှာ ရှိနေ၏။ ၎င်းလမ်းခရီးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည့် အတွက်ကြောင့်၊ သင့်ကို ကယ်တင်နိုင်ပြီး ဤလမ်းခရီးသည် သင့်ကို ပြောင်းလဲနိုင်သည်။

သင်တို့သည် သမ္မာကျမ်းစာကို နားလည်ရမည်— ဤအလုပ်မှာ အရေးတကာ့ အရေးအကြီးဆုံး ဖြစ်သည်။ ယနေ့တွင် သင်သည် သမ္မာကျမ်းစာကို ဖတ်ရန် မလိုအပ်တော့ပေ၊ ၎င်းထဲတွင် အသစ်ဟူ၍ ဘာမျှ မရှိသောကြောင့် ဖြစ်သည်။ အားလုံးသည် အဟောင်းပင် ဖြစ်သည်။ သမ္မာကျမ်းစာသည် သမိုင်းအခြေခံသော စာအုပ်တစ်အုပ် ဖြစ်သည်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ကျေးဇူးတော်ခေတ်ထဲတွင် စားသောက်ခဲ့မည်ဆိုလျှင်၊ ဓမ္မဟောင်းကျမ်း ခေတ်က သတ်မှတ်ထားခဲ့သည့် အရာကို ကျေးဇူးတော်ခေတ်ထဲတွင် လက်တွေ့ကျင့်သုံးခဲ့ပါက၊ ယေရှုသည် သင်တို့ကို ငြင်းပယ်ခဲ့ပြီး ရှုတ်ချခဲ့မည်ဖြစ်သည်၊ သင်က ဓမ္မဟောင်းကျမ်းကို ယေရှု၏အမှု၌ ကျင့်သုံးခဲ့လျှင် သင်သည် ဖာရိရှဲဖြစ်ခဲ့လိမ့်မည်။ သင်သည် ယနေ့တွင် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း နှစ်ခုစလုံးကို စားသောက်ရန်အတွက် ပေါင်းစည်းကာ လက်တွေ့လုပ်ဆောင်မည်ဆိုလျှင်၊ ယနေ့၏ ဘုရားသခင်သည် သင့်ကို ရှုတ်ချလိမ့်မည်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ယနေ့အလုပ်၌ နောက်ကျနေခဲ့မည် ဖြစ်သည်။ အကယ်၍ သင်သည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းကို စားသောက်လျှင်၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်၌ ရှိနေသူ ဖြစ်သည်။ ယေရှု၏ လက်ထက်၌၊ ယေရှုသည် ထိုစဉ်က သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထဲတွင် အလုပ်လုပ်ခဲ့သည်နှင့်အညီ ယုဒလူများနှင့် သူ၏ နောက်သို့လိုက်သူများ အားလုံးကို လမ်းပြခဲ့သည်။ ယေရှုသည် မိမိပြုခဲ့သည့် အမှုများအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် မခံယူခဲ့ဘဲ၊ မိမိ၏အမှုနှင့်အညီ ပြောဆိုခဲ့သည်။ သမ္မာကျမ်းစာထဲ မိန့်ဆိုထားသည်များကို သူဂရုမစိုက်ခဲ့သလို၊ သူ၏ နောက်လိုက်များကို ဦးဆောင်ရမည့် လမ်းကြောင်းကိုလည်း သမ္မာကျမ်းစာထဲမှာ မရှာခဲ့ပေ။ သူသည် စတင် အမှုပြုသည့်အခါမှစ၍ ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုခြင်းများ၌ လုံးဝ မဖော်ပြထားခဲ့သည့် စကားတစ်လုံးဖြစ်သည့်- နောင်တရခြင်း လမ်းခရီးကို သူ ဖြန့်ဝေခဲ့လေသည်။ ယေရှုသည် သမ္မာကျမ်းစာနှင့်အညီ မပြုမူခဲ့သည့်အပြင်၊ သူသည် လမ်းကြောင်းအသစ်ကိုလည်း ဦးဆောင်လမ်းပြခဲ့ပြီး အမှုသစ်ကို ဆောင်ရွက််ခဲ့သည်။ ယေရှုက တရားဟောရာတွင် သမ္မာကျမ်းစာကို မည်သည့်အခါမျှ မကိုးကားခဲ့ပေ။ ပညတ်တော်ခေတ်အတွင်း၌၊ နာမကျန်းသော သူများကို ကုသပေးရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့နှင့် သက်ဆိုင်သော သူ၏ အံ့ဖွယ်အရာများကို မည်သူမျှ တစ်ခါမျှ လုပ်ပြနိုင်စွမ်း မရှိခဲ့ကြပေ။ ယေရှု၏ အမှု၊ သူ၏ သွန်သင်ချက်များနှင့် ပညတ်တော်ခေတ်တုန်းက မည်သည့် လူသားကိုမဆို ကျော်လွန်သည့် သူ့နှုတ်ကပတ်တော်များ၏ ဩဇာအာဏာနှင့် တန်ခိုးတော်တို့မှာလည်း ထို့အတူပင်ဖြစ်ခဲ့ကြသည်။ ယေရှုက သူ၏ သာ၍သစ်သော အမှုကိုသာ လုပ်ခဲ့သည်၊ ထို့အပြင် လူအများအပြားတို့က သမ္မာကျမ်းစာကို အသုံးချပြီး သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည့်တိုင်အောင်၊ သူ့အား လက်ဝါးကပ်တိုင်ပေါ်ကို တင်၍ အဆုံးစီရင်ရန် ဓမ္မဟောင်းကျမ်းကိုပင် အသုံးပြုခဲ့ကြသည့်တိုင်အောင်၊ သူ၏ အမှုသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သွားခဲ့သည်၊ ထိုသို့သာမဟုတ်ခဲ့လျှင်၊ လူများက သူ့ကို လက်ဝါးကပ်တိုင်ပေါ်၌ သံမှိုစွဲခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ထိုသို့ ဖြစ်ခဲ့ရသည်မှာ ဓမ္မဟောင်းကျမ်းထဲတွင် ယေရှု၏ သွန်သင်မှုများအပြင်၊ သူ၏ နာမကျန်းသော သူများကို ကုသပေးနိုင်စွမ်းနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးနိုင်စွမ်းတို့အကြောင်း တစ်လုံးတစ်ပါဒမျှ မိန့်ကြားမထားခြင်းကြောင့် မဟုတ်သလော။ ယေရှု၏ အမှုသည် လမ်းကြောင်းအသစ်ဖြင့် ဦးဆောင်လမ်းပြရန်ဖြစ်သည်၊ သမ္မာကျမ်းစာနှင့် တိုက်ပွဲ တမင်ဆင်နွှဲရန် သို့မဟုတ် ဓမ္မဟောင်းကျမ်းကို တမင်မသုံးဘဲ ဖယ်ထားရန် မဟုတ်ပေ။ ယေရှုသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့နှင့်၊ ၎င်းကို တမ်းတ၍ ရှာဖွေခဲ့ကြသူတို့ထံသို့ အမှုသစ်ကို ယူဆောင်လာဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ယေရှုသည် ဓမ္မဟောင်းကျမ်းကို ရှင်းပြရန် သို့မဟုတ် ယင်း၏ အမှုကို အတည်ပြုရန် လာခဲ့ခြင်း မဟုတ်ပေ။ ယေရှု၏ အမှုမှာ ပညတ်တော်ခေတ်ကို ဆက်လက်ပြီး ဖွံ့ဖြိုးစေရန် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏အမှုသည် သမ္မာကျမ်းစာကို အခြေခံထားခဲ့ခြင်း ရှိ မရှိ ထည့်သွင်း မစဉ်းစားထားသောကြောင့် ဖြစ်သည်။ ယေရှုသည် ၎င်းအနေနှင့် ပြုအပ်သည့်အမှုကို ဆောင်ရွက်ဖို့သက်သက် လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ယေရှုသည် ဓမ္မဟောင်းကျမ်းထဲက ပရောဖက်ပြုချက်များကို ရှင်းမပြခဲ့သလို၊ ဓမ္မဟောင်းကျမ်း ပညတ်တော်ခေတ်၏ နှုတ်ကပတ်တော်များနှင့် အညီလည်း မဆောင်ရွက်ခဲ့ပေ။ သူသည် ဓမ္မဟောင်းကျမ်းက ဆိုထားသည်များကို လျစ်လျူရှုခဲ့သည်၊ ထိုကျမ်းသည် သူ၏အမှုနှင့် ကိုက်ညီခြင်း ရှိ၊ မရှိကို ဂရုမစိုက်ခဲ့ပေ၊ ထို့အပြင် အခြားသူတို့က သူ၏အမှုအကြောင်း မည်သည့်အရာများ သိရှိကြသည်၊ သို့မဟုတ် သူတို့က ၎င်းအား မည်သို့ ရှုတ်ချခဲ့ကြသည်ကိုလည်း ဂရုမစိုက်ခဲ့ပေ။ လူအများအပြားတို့က ဓမ္မဟောင်းကျမ်းထဲက ပရောဖက်တို့၏ ကြိုတင်ဟောကိန်းများကို အသုံးပြုပြီး ယေရှုကို ရှုတ်ချခဲ့ကြသော်လည်း၊ သူသည် လုပ်ဆောင်အပ်သည်များကိုသာ ဆက်ပြီးလုပ်ဆောင်ခဲ့သည်။ လူတို့အတွက်၊ ယေရှု၏ အမှုမှာ အခြေခံအကြောင်းရင်း မရှိသကဲ့သို့ ထင်စရာဖြစ်ခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းထဲက မှတ်တမ်းများနှင့် မကိုက်ညီသည့် အချက်များ အများအပြား ရှိခဲ့ပုံ ထင်ရသည်။ ဤအချက်မှာ လူသား၏ အမှားဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ဘုရားသခင်သည် ပရောဖက်များ၏ ကြိုတင်ဟောကိန်းများနှင့် အညီ လုပ်ကိုင်ရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့ကို စောင့်ထိန်းလျက် ဓမ္မဟောင်းကျမ်းလာ ပညတ်များကို လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။

ဓမ္မသစ်ကျမ်းကာလထဲက ယေရှုပြုသည့် အမှုသည် အမှုသစ်ကို စတင်ပေးခဲ့သည်- ယေရှုသည် ဓမ္မဟောင်းကျမ်းလာ အမှုတော်အတိုင်း မလုပ်ကိုင်ခဲ့သည့် အပြင်၊ ဓမ္မဟောင်းကျမ်းလာ ယေဟောဝါ ပြောသည့် နှုတ်ကပတ်တော်များကိုလည်း မကျင့်သုံးခဲ့ပေ။ ယေရှုသည် မိမိ၏ကိုယ်ပိုင်အမှုကို ပြုခဲ့ပြီး၊ ပိုသစ်သည့်အမှုကို ပြုခဲ့ကာ၊ ပညတ်ချက်ထက် ပိုမြင့်မားသည့်အမှုကို ပြုခဲ့သည်။ သို့ဖြစ်၍၊ သူသည်- “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။” ဆိုခဲ့၏။ ထို့ကြောင့်၊ ယေရှု အထမြောက်အောင် ဆောင်ရွက်ပြီးခဲ့သည့် အရာနှင့်အညီ၊ များစွာသော အယူဝါဒများ ချိုးဖောက်ခံခဲ့ကြရသည်။ ဥပုသ်နေ့တွင် ယေရှုသည် တပည့်များကို ဂျုံစပါးလယ်ကွက်များကြား ခေါ်သွားခဲ့ပြီး စပါးအသီးအနှံများကို သူတို့ ကောက်စားခဲ့သည်။ ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲ- “လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။” ထိုအချိန်က၊ ဣသရေလလူမျိုးများ၏ စည်းကမ်းများအရ၊ ဥပုသ်နေ့ကို မစောင့်ထိန်းသူကို ကျောက်တုံးများဖြင့် သတ်ခဲ့၏။ သို့သော် ယေရှုသည် ဗိမာန်တော်ထဲကိုလည်း မဝင်ခဲ့၊ ဥပုသ်နေ့ကိုလည်း မစောင့်ထိန်းခဲ့ပေ၊ ထို့အပြင် သူ၏အမှုကို ဓမ္မဟောင်းကျမ်းခေတ်အတွင်းတွင် ယေဟောဝါမှ ပြုခဲ့သည် မဟုတ်ပေ။ သို့ဖြစ်သောကြောင့်၊ ယေရှုပြုခဲ့သည့် အမှုမှာ ဓမ္မဟောင်းကျမ်း၏ ပညတ်ချက်ကို ကျော်လွန်ခဲ့သည်၊ ဓမ္မဟောင်းကျမ်း၏ ပညတ်ချက်ထက် ပိုမြင့်မားခဲ့ပြီး ယင်းနှင့် ကိုက်ညီမှု မရှိခဲ့ပေ။ ကျေးဇူးတော်ခေတ်အတွင်း၌၊ ယေရှုသည် ဓမ္မဟောင်းကျမ်း၏ ပညတ်ချက်နှင့်အညီ အမှုပြုခဲ့ခြင်း မဟုတ်ဘဲ၊ ထိုသြဝါဒများကို ချိုးဖောက်ခဲ့နှင့်ပြီးဖြစ်သည်။ သို့သော် ဣသရေလ အမျိုးသားတို့သည် သမ္မာကျမ်းစာကို အလွန်အကြူး ဖက်တွယ်ထားပြီး၊ ယေရှုကို ပြစ်တင်ရှုတ်ချခဲ့သည်၊ ဤသည်မှာ ယေရှု၏အမှုတော်ကို ငြင်းပယ်နေခြင်း မဟုတ်သလော။ ယနေ့ ဘာသာရေးလောကသည်လည်း သမ္မာကျမ်းစာကို အလွန်အကြူး ဖက်တွယ်ထားပြီး၊ အချို့သောသူတို့က “သမ္မာကျမ်းစာသည် သန့်ရှင်းသောစာအုပ်တစ်အုပ်ဖြစ်ပြီး ယင်းကို ဖတ်ရှုရမည်” ဟု ပြောဆိုကြသည်။ အချို့သောသူတို့က “ဘုရားသခင်၏ အမှုကို ထာဝရ ထိန်းသိမ်းထားရမည််၊ ဓမ္မဟောင်းကျမ်းသည် ဣသရေလလူမျိုးများနှင့် ထားရှိခဲ့သည့် ဘုရားသခင်၏ ပဋိညာဉ်ဖြစ်ပြီး၊ ၎င်းကို ဘေးဖယ်ထား၍ မရနိုင်၊ ဥပုသ်နေ့ရက်ကို အစဉ် စောင့်ထိန်းရမည်” ဟု ဆိုကြသည်။ သူတို့သည် ရယ်စရာ မကောင်းကြပေဘူးလော။ ယေရှုသည် အဘယ်ကြောင့် ဥပုသ်နေ့ရက်ကို မစောင့်ထိန်းခဲ့သနည်း။ သူသည် မကောင်းမှုကို ကျူးလွန်နေခဲ့သလော။ မည်သူက ယင်းကဲ့သို့သော အမှုအရာများကို စေ့စပ်သေချာစွာ နားလည်နိုင်သနည်း။ လူတို့သည် သမ္မာကျမ်းစာကို မည်သို့ပင် ဖတ်ရှုသည်ဖြစ်စေ၊ ၎င်းတို့၏ သဘောပေါက် နားလည်နိုင်စွမ်းများကို အသုံးပြုလျက် ဘုရားသခင်၏ အမှုကို သိနားလည်ရန် မဖြစ်နိုင်ပေ။ ထိုသူတို့သည် ဘုရားသခင်အကြောင်း စစ်မှန်သည့် အသိပညာကို မရရုံသာမက၊ ၎င်းတို့၏ အယူအဆများသည် သာ၍ပင် ထူးခြားစွာ ဆိုးရွားလာသည်မှာ ဘုရားသခင်ကို ၎င်းတို့သည် စတင်ဆန့်ကျင်သည်အထိ ဖြစ်လာလိမ့်မည်။ ယနေ့ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း မရှိခဲ့လျှင်၊ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကြောင့် ဖျက်ဆီးခြင်းခံကြရလျက် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုများအကြား သေဆုံးကြလိမ့်မည်။

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။