အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၅။ ဘုရားသခင်ကို ဆန့်ကျင်သည့် ဘာသာရေးလောက၏ အနှစ်သာရကို ခွဲခြားသိမြင်ပုံ

၁) သခင်ယေရှုသည် ဖာရိရှဲများကို အဘယ်ကြောင့် ကျိန်ဆဲခဲ့သနည်း။ ဖာရိရှဲများ၏ အနှစ်သာရမှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

သင်တို့သည်အဆက်ဆက်ခံသော် နည်းဥပဒေကိုအမှီပြု၍ ဘုရားသခင်၏ပညတ်တော် ကို အဘယ်ကြောင့်လွန်ကျူးကြသနည်း။ ဘုရားသခင်၏ပညတ်တော်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည် မိဘကိုနှုတ်ဖြင့်ပြစ်မှား ၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။ သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊ ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟုဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။ လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ ချဉ်း ကပ်၍ နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။” (မ ၁၅:၃-၉)

လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမ အိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။

လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။

လမ်းပြသောလူကန်းတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလျှင်မတည်။ ဗိမာန်တော်၏ ရွှေကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟုသင်တို့ဆိုကြ၏။ လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုရွှေကားမြတ်သလော။ ထိုရွှေကို သန့် ရှင်းစေသော ဗိမာန်တော်ကားမြတ်သလော။ တနည်းကား၊ ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်။ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သက္ကာကို တိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။ လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုပူဇော်သက္ကာကား မြတ်သလော။ ထို ပူဇော်သက္ကာကို သန့်ရှင်းစေသော ယဇ်ပလ္လင်ကားမြတ်သလော။ ထို့ကြောင့် ယဇ်ပလ္လင်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ယဇ်ပလ္လင်မှစ၍ ယဇ်ပလ္လင်ပေါ်မှာ ရှိသမျှကို တိုင် တည်၍ ကျိန်ဆိုသတည်း။ ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ဗိမာန်တော်မှစ၍ ဗိမာန်တော်၌ ကျိန်းဝပ်တော်မူသောသူ ကို တိုင်တည်၍ ကျိန်ဆိုသတည်း။ ကောင်းကင်ဘုံကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ပလ္လင်တော်ကို၎င်း၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူကို၎င်း တိုင်တည်၍ကျိန်ဆိုသတည်း။

လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇိယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတပါးကို သနား ခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။ လမ်းပြသောလူကန်းတို့၊ သင်တို့သည် ခြင်တကောင်ကိုမျှ မပါစေခြင်းငှါ ရေကိုစစ်လျက်နှင့် ကုလား အုပ်ကို မျိုကြ၏။

လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဖလား၊ လင်ပန်းကို အပြင်၌ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။ မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ရှေ့ဦးစွာ ဆေးကြောလော့။ သို့ပြုလျှင် အပြင် ကား သန့်ရှင်းလိမ့်မည်။

လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။ ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။

လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်မှစ၍ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ်၍ တန်ဆာဆင်သဖြင့်၊ ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိလျှင်၊ ပရောဖက်တို့ကို သက်သည်အမှုကိုလက်မခံပြီဟု ဆိုကြ၏။ ထိုသို့ဆိုသော်၊ သင်တို့သည် ပရောဖက်တို့ကိုသတ်သောသူတို့၏ အမျိုးအနွယ်ဖြစ်သည်ကို ကိုယ်အဘို့ ကိုယ်သက်သေခံကြ၏။ သို့ဖြစ်၍ ဘိုးဘေးတို့၏ အကျင့်ပမာဏကိုမှီအောင် ကျင့်ကြလော့။ မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း။ ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက်ပညာရှိကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါ စေလွှတ်၏။ ထိုသူအချို့တို့ကိုကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ်၌ ရိုက်၍ တမြို့မှတမြို့သို့ ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည်။ ထို့ကြောင့် ဖြောင့်မတ်သော အာဗေလ၏အသွေးမှစ၍၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏ အကြား ၌ သင်တို့သတ်ကြသော ဗာရခိသားဇာခရိ၏အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော် ကောင်းတို့၏အသွေးသည် သင်တို့ ခေါင်းပေါ်သို့ ရောက်လိမ့်မည်။ ငါအမှန်ဆိုသည်ကား၊ ဤအရာများတို့သည် ယခုဖြစ်သောလူများအပေါ်သို့ ရောက်ကြလိမ့်မည်။” (မ ၂၃:၁၃-၃၆)

“လူအစုအဝေးတို့သည် ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုသတ်စေခြင်းငှါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူ အကြီးအကဲတို့သည် လူများကို တိုက်တွန်းသွေးဆောင်ကြ၏။ ထို့ကြောင့် မြို့ဝန်မင်းသည်၊ ဤသူနှစ်ယောက်တို့တွင် သင်တို့သည်အဘယ်သူကို လွှတ်စေချင်သနည်း ဟု လူများကို တဖန်မေးသောအခါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု လျှောက်ကြ၏။ ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် ခရစ်ဟု ခေါ်ဝေါ်သော ယေရှုကို အဘယ်သို့ ပြုရမည်နည်းဟု မေးပြန်သော်၊ ထိုသူအပေါင်းတို့က၊ သူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု ဆိုကြ၏။ မြို့ဝန်မင်းကလည်း အဘယ်ကြောင့်နည်း။ အဘယ်အပြစ်ကို ပြုဘိသနည်းဟုမေးလျှင်၊ ထိုသူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည် သာ၍ဟစ်ကြ၏။ ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ၍ လူများ ရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သော သူ၏အသွေးနှင့်ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို၏။ ထိုလူအပေါင်းတို့က သူ၏အသွေးသည် ငါတို့၏ ခေါင်းပေါ်၌၎င်း တည်ရှိပါစေဟု ပြန်ပြောကြ၏။ ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတို့အား လွှတ်လေ၏။ ယေရှုကိုကား ရိုက်ပြီးလျှင် လက်ဝါး ကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ၏။” (မ ၂၇: ၂၀-၂၆)

“ယေရှုကလည်း၊ ဘုရားသခင်သည် သင်တို့အဘမှန်လျှင်။ သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရားသခင့်အထံတော်မှ ထွက်ကြွရောက်လာ၏။ ကိုယ်အလိုအလျောက်လာသည် မဟုတ်။ ဘုရားသခင်သည်ငါ့ကိုစေလွှတ်တော်မူ၏။ အဘယ်ကြောင့်ငါ့စကားကို နားမလည်ကြသနည်း။ ငါ၏ ဒေသနာကိုနာမခံမယူနိုင်သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။ သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌သစ္စာတရား မရှိ သောကြောင့် သစ္စာတရား၌မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်းဖြစ်၏။ ငါသည်သစ္စာစကားကို ပြောသောကြောင့် သင်တို့မယုံကြ။ ငါ၌ အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူဘော်ပြသနည်း။ သစ္စာစကားကိုငါပြောသည်မှန်လျှင် အဘယ်ကြောင့်သင်တို့ မယုံကြသနည်း။ ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့ သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။” (ယော ၈:၄၂-၄၇)

အချင်းမြွေဆိုးအမျိုးတို့၊ အဆိုးဖြစ်လျက် ကောင်းသောစကားကို အဘယ်သို့ပြောနိုင်မည်နည်း။ စိတ် နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။” (မ ၁၂:၃၄)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

၁၀။ သခင်ယေရှုအပေါ် ဖာရိရှဲတို့ရဲ့ ဝေဖန်အကဲဖြတ်ခြင်း

ရှင်မာကု ၃:၂၁-၂၂ ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ထွက်သွားကြ၏။ ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။

၁၁။ ဖာရိရှဲတွေကို သခင်ယေရှု ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခြင်း

ရှင်မဿဲ ၁၂:၃၁-၃၂ ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။

ရှင်မဿဲ ၂၃:၁၃-၁၅ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကို လူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမအိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။

အပေါ်မှာ ခွဲထားသော စာပိုဒ်နှစ်ပိုဒ်ရှိသည်။ ပထမတစ်ခုကို အရင်ကြည့်ရအောင်။ သခင်ယေရှုအပေါ် ဖာရိရှဲတို့ရဲ့ ဝေဖန်အကဲဖြတ်ခြင်း။

သမ္မာကျမ်းစာမှာ သခင်ယေရှုကိုယ်တိုင်အပေါ် ဖာရိရှဲတို့၏ သုံးသပ်ချက်နှင့် သူလုပ်ဆောင်ခဲ့သော အရာတို့က။ “သူသည် အရူးဖြစ်၏ဟုဆို၍ ... သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။” (ရှင်မာကု ၃:၂၁-၂၂) ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့၏ သခင်ယေရှုအပေါ် ဝေဖန်အကဲဖြတ်ခြင်းက သံယောင်လိုက်နေခြင်း သို့မဟုတ် လျှောက်စဉ်းစားခြင်းမဟုတ်ပေ။ သူ့အပြုအမူတို့အပေါ်မှာ သူတို့ မြင်ရ ကြားရခြင်းတို့မှလာသော သခင်ယေရှုအပေါ် သူတို့၏ ကောက်ချက်ချခြင်းဖြစ်သည်။ သူတို့၏ ကောက်ချက်က အပေါ်ယံအားဖြင့် တရားမျှတမှုနှင့် ပြုလုပ်ထားပြီး ခိုင်မာသည်ဟု လူတို့ထင်ရသော်လည်း သခင်ယေရှုကို သူတို့ အကဲဖြတ်ဝေဖန်သော မာနကြီးခြင်းက သူတို့အတွက်ပင် ခံယူရန် ခက်ခဲသည်။ သခင်ယေရှုအပေါ် သူတို့၏ ထိန်းမနိုင်သိမ်းမရသော အမုန်းစွမ်းအားတို့မှာ သူတို့၏ ကိုယ်ပိုင် ကြမ်းတမ်းသောရည်ရွယ်ချက်တို့၊ သူတို့၏ ဆိုးယုတ်သော စာတန်သဘောပါဝင်သော မျက်နှာရိပ်မျက်နှာကဲတို့နှင့် ဘုရားသခင်ကို ဆန့်ကျင်သော သူတို့၏ မလိုမုန်းထားသော အကျင့်စရိုက်တို့ကို ထုတ်ဖော်ပြသနေပါသည်။ သခင်ယေရှုအပေါ် သူတို့၏ အကဲဖြတ်ဝေဖန်ခြင်းမှာ သူတို့ပြောသောအရာတို့သည် သူတို့၏ ကြမ်းတမ်းသော ရည်ရွယ်ချက်တို့၊ မနာလိုမှု၊ ဘုရားသခင်နှင့် သမ္မာတရားအပေါ် သူတို့၏ ရန်လိုမှု၏ ဆိုးသွမ်းပြီး မလိုမုန်းထားသော အကျင့်စရိုက်တို့အားဖြင့် တွန်းအားပေးခြင်းခံရသည်။ သခင်ယေရှု၏ အပြုအမူတို့၏ အရင်းအမြစ်ကို သူတို့ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်သကဲ့သို့ သူပြောခဲ့၊ လုပ်ခဲ့သမျှတို့၏ အနှစ်သာရကိုလည်း သူတို့ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်ခဲ့ပေ။ သို့သော်လည်း သူတို့သည် သူလုပ်ဆောင်ခဲ့သောအရာတို့ကို မစဉ်းမစားဘဲနှင့်၊ စိတ်မရှည်စွာနှင့်၊ ရူးသွပ်စွာနှင့်၊ တမင် အန္တရာယ်ပြုသော တိုက်ခိုက်ခြင်းတို့နှင့် နှိမ်ချခြင်းတို့ပြုလုပ်ခဲ့သည်။ ၎င်းသည် သူ၏ဝိညာဉ်တော်ဖြစ်သော သန့်ရှင်းသော ဝိညာဉ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို လက်လွတ်စပယ်နှင့် နှိမ်ချခြင်းအဆင့်ထိရောက်နေပါသည်။ “သူသည် အရူးဖြစ်၏” “သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏” ဟု သူတို့ပြောသည်မှာ ဤသည်ကို သူတို့ဆိုလိုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဗေလဇဗုလဖြစ်သည်။ နတ်ဆိုးမင်းဖြစ်သည်ဟု သူတို့ပြောခဲ့သည်။ ဘုရားသခင်၏ ဝိညာဉ်တော်က လွှမ်းခြုံထားသော ဇာတိခန္ဓာ၏ လုပ်ဆောင်မှုကို ရူးသွပ်ခြင်းဟု သူတို့က ဖော်ဆောင်ခဲ့သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကို ဗေလဇဗုလအဖြစ်၊ နတ်ဆိုးမင်းအဖြစ် စော်ကားခဲ့ရုံမက ဘုရားသခင်၏ အလုပ်ကို သူတို့ ရှုတ်ချခဲ့သည်။ သခင်ယေရှုကို၊ ခရစ်တော်ကို သူတို့ ရှုတ်ချပြီး ထိခိုက်စော်ကားခဲ့ကြသည်။ သူတို့၏ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် ထိပါးစော်ကားခြင်း၏ အနှစ်သာရက စာတန်၏ အနှစ်သာရနှင့် နတ်ဆိုး၏ ဘုရားသခင်ပေါ် ဆန့်ကျင်ခြင်းနှင့် ထိပါးစော်ကားခြင်းတို့နှင့် လုံးဝ အတူတူပင်ဖြစ်သည်။ သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားတို့ကို ကိုယ်စားပြုရုံတင်မကဘဲ စာတန်၏ အသွင်ဆောင်သူတို့ဖြစ်ကြသည်။ သူတို့သည် လူသားမျိုးနွယ်ကြားထဲမှာ စာတန်အတွက် လမ်းကြောင်းတစ်ခုဖြစ်သည်။ သူတို့သည် စာတန်၏ ကြံရာပါများ၊ သတင်းစကားပို့ဆောင်သူများ ဖြစ်ကြသည်။ သခင်ယေရှုခရစ်တော်အပေါ် သူတို့၏ ထိပါးစော်ကားခြင်းနှင့် ရှုတ်ချမှု၏ အနှစ်သာရသည် အဆင့်အတန်းအတွက် ဘုရားသခင်အပေါ် သူတို့၏ ရုန်းကန်ကြိုးစားခြင်း၊ ဘုရားသခင်နှင့် ယှဉ်ပြိုင်ခြင်း၊ ဘုရားသခင်ကို အဆက်မပြတ် စမ်းသပ်ခြင်းတို့ဖြစ်ကြပါသည်။ ဘုရားသခင်အပေါ် သူတို့ဆန့်ကျင်ခြင်း၏ အနှစ်သာရနှင့် သူ့အပေါ် ရန်လိုသော သူတို့၏ သဘောထားနှင့် သူတို့၏စကားလုံးများ၊ သူတို့၏ အတွေးများသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို တိုက်ရိုက် ထိပါးစော်ကားပြီး အမျက်ထွက်စေပါသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ပြောခဲ့ခြင်း၊ လုပ်ခဲ့ခြင်းအပေါ်မှာ ကျိုးကြောင်းသင့်မြတ်သော တရားစီရင်မှုကို သတ်မှတ်ခဲ့သည်။ သူတို့၏လုပ်ဆောင်ချက်တို့ကို သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်စော်ကားသော အပြစ်တရားအဖြစ် သတ်မှတ်ခဲ့သည်။ ဤအပြစ်သည် ဤဘ၀နှင့် တမလွန်ဘဝ နှစ်ခုလုံး၌ ခွင့်လွှတ်၍မရပေ၊ အောက်ပါကျမ်းပိုဒ်၌ ပြောထားသကဲ့သို့ပင်ဖြစ်သည်၊ “...ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ” နှင့် “...သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” ...

...ကျမ်းစာ၏ ဤစာပိုဒ်နှစ်ပိုဒ်ထဲမှာ သင်တို့ တစ်ခုခု သတိပြုမိကြသလော။ တစ်ချို့လူတို့က သူတို့ ဘုရားသခင်၏ အမျက်ဒေါသကို မြင်သည်ဟု ပြောသည်။ တစ်ချို့လူတို့က လူသားမျိုးနွယ်၏ ထိပါးစော်ကားမှုကို သည်းမခံသော၊ လူတို့က ဘုရားသခင်ကို ထိပါးစော်ကားသော အရာတစ်ခုခုလုပ်လျှင် သူ၏ ခွင့်လွှတ်ခြင်းကို မရနိုင်သော၊ ဘုရားသခင်၏ စိတ်သဘောထားကိုမြင်သည်ဟု ပြောသည်။ လူတို့က ဤစာပိုဒ်နှစ်ခုမှာ ဘုရားသခင်၏ အမျက်ဒေါသနှင့် လူသားမျိုးနွယ်၏ စော်ကားခြင်းကို သည်းမခံခြင်းကိုမြင်ပြီး သိမြင်သော်လည်း သူ့သဘောထားကို သူတို့ အမှန်တကယ်နားမလည်သေးချေ။ ဤစာပိုဒ်နှစ်ခုမှာ ဘုရားသခင်၏ စစ်မှန်သောသဘောနှင့် ပတ်သက်ခြင်းရှိနေပြီး သူ့ကို ထိပါးစော်ကားပြီး အမျက်ထွက်စေသော သူတို့ဆီသို့ ချဉ်းကပ်ထားပါသည်။ ကျမ်းစာမှာရှိသော ဤစာပိုဒ်က သူ့သဘောထားနှင့် ချဉ်းကပ်ပုံ၏ စစ်မှန်သော အဓိပ္ပာယ်ပါဝင်နေပါသည်။ “သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” လူတို့က ဘုရားသခင်ကို ထိပါးစော်ကားသောအခါ၌၊ သူ့ကို အမျက်ထွက်စေသောအခါ၌၊ သူသည် ဆုံးဖြတ်ချက်တစ်ခုကို ထုတ်ပြန်သည်။ ဤဆုံးဖြတ်ချက်က သူ၏ နောက်ဆုံးရလဒ်ဖြစ်သည်။ ဤသည်ကို သမ္မာကျမ်းစာထဲမှာ ဤကဲ့သို့ဖော်ပြထားသည်။ “ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။” (ရှင်မဿဲ ၁၂:၃၁) နှင့် “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။” (ရှင်မဿဲ ၂၃:၁၃)

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ

ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလက ယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုကြသော်လည်း၊ အဆုံးတွင် အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ ကားတိုင်၌ရိုက်ထားသည့် အတိုင်းအတာအထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာ၏။ ၎င်းတို့၏အနှစ်သာရကား အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတရှိသည့် လမ်းခရီးကို ရှာဖွေခဲ့ခြင်း မပြုခဲ့သည် မဟုတ်သလော။ သမ္မာကျမ်းစာ၏စကားလုံးတိုင်းအပေါ် ၎င်းတို့စိုးရိမ်လွန်ကဲခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒနှင့် ငါ့အမှု၏ အဆင့်နှင့် နည်းနာများကိုမူ လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာ၏ စကားလုံးများကို တင်းတင်းကျပ်ကျပ် လိုက်နာခဲ့ကြသူများဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်နှင့် ဂုဏ်သိက္ခာကိုထိန်းသိမ်းထားရန်နှင့် သမ္မာတရား၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို လက်ဝါးကပ်တိုင်တွင် ရိုက်ထားသည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် ဤသည်ကို သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်သာနှင့် လူတို့၏နှလုံးသားရှိ သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန် ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ်ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေသင့်သည်” မှ

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်က ယေရှုကို ကားတိုင်ပေါ်တွင် ရိုက်ထားပြီးနောက် ယုဒလူမျိုးများ မည်သို့ဖြစ်သွားခဲ့ကြသည်ကိုလည်းကောင်း ပြန်ပြောင်းသတိရလော့။ ယုဒလူမျိုးများသည် ဣသရေလပြည်မှ နှင်ထုတ်ခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများဆီသို့ ပြန့်နှံ့ရောက်ရှိသွားခဲ့ကြသည်။ လူအများအပြား အသတ်ခံခဲ့ရပြီး ယုဒလူမျိုးတစ်မျိုးလုံးသည် မကြုံစဖူးသော ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ သူတို့သည် ဘုရားသခင်ကို ကားတိုင်ပေါ်တွင် ရိုက်ခဲ့ကြပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့ကြကာ ဘုရားသခင်၏ စိတ်နေသဘောထားကို ထိပါးစော်ကားခဲ့ကြသည်။ သူတို့လုပ်ခဲ့သည့် အပြစ်ကို သူတို့ပေးဆပ်ခဲ့ရပြီး သူတို့လုပ်ရပ်များ၏ နောက်ဆက်တွဲ အကျိုးဆက်ကို ခံခဲ့ကြရသည်။ သူတို့သည် ဘုရားသခင်ကို ရှုတ်ချခဲ့သည်၊ ငြင်းပယ်ခဲ့သည်၊ သို့အတွက်ကြောင့် သူတို့တွင် ဘုရားသခင်၏ အပြစ်ပေးခံရခြင်းဟူသည့် ကံကြမ္မာတစ်ခုသာ ရှိလေသည်။ ဤသည်မှာ သူတို့၏ တိုင်းနိုင်ငံနှင့် လူမျိုးအပေါ် သူတို့၏အုပ်ချုပ်သူများက သက်ရောက်စေခဲ့သော ခါးသီးဖွယ် အကျိုးဆက်နှင့် ဘေးဒုက္ခပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” မှ

ဖာရိရှဲတို့ ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း၏ အကြောင်းရင်းကို သင်တို့သိလိုသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိလိုသလော။ သူတို့သည် မေရှိယအကြောင်း စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်နေခဲ့ကြသည်။ ထို့အပြင် မေရှိယလာမည်ဟုသာ သူတို့ယုံကြည်ခဲ့ပြီး အသက်တာ၏ သမ္မာတရားကို မရှာခဲ့ကြ။ ထို့ကြောင့် သူတို့သည် ယနေ့တိုင် မေရှိယကို စောင့်နေဆဲဖြစ်၏။ ထိုသူတို့သည် အသက်လမ်းကို မသိ၊ သမ္မာတရားလမ်းကိုလည်း မသိသောကြောင့် ဖြစ်၏။ ဤသို့ မိုက်မဲ၊ ခေါင်းမာ၍ အသိဉာဏ်ကင်းမဲ့သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရမည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို သူတို့သည် မည်သို့မြင်နိုင်ကြမည်နည်း။ ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဦးတည်ရာကို မသိသဖြင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည်။ ဤသည်မှာ ယေရှုပြောသည့် သမ္မာတရားလမ်းကို သူတို့မသိသောကြောင့်ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို နားမလည်ခဲ့သောကြောင့်လည်း ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို မည်သည့်အခါမျှ မြင်ဖူးခြင်းမရှိ၊ မေရှိယနှင့်အတူ မည်သည့်အခါမျှ အဖော်ပြုခြင်း မရှိခြင်းတို့ကြောင့် မေရှိယ၏အနှစ်သာရကို နည်းမျိုးစုံဖြင့် ဆန့်ကျင်နေစဉ်အခါပင် မေရှိယ၏ နာမအပေါ် အချည်းနှီးသော ချီးကျူးဂုဏ်ပြုမှုကိုပေးပြီး အမှားပြုခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာ၍ ဝင့်ဝါပြီး သမ္မာတရားကို နာခံခြင်းမရှိကြ။ ထိုသူတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခြေခံသဘောတရားမှာ ကိုယ်တော်၏တရားတော် မည်မျှပင်လေးနက်သည်ဖြစ်စေ၊ ကိုယ်တော်၏သြဇာအာဏာ မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု သတ်မှတ်မခံရလျှင် ကိုယ်တော်သည် ခရစ်တော်မဟုတ် ဟူ၍ဖြစ်သည်။ ဤအမြင်များသည် ကြီးကျယ်လွန်း၍ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်” မှ

ယခင်က:ဘုရားသခင်သည် သူ၏အမှုတော်ကို လက်ခံပြီး နာခံသည့် အသင်းတော်ကိုသာ အဘယ်ကြောင့် ကောင်းချီးပေးသနည်း။ ကိုယ်တော်သည် ဘာသာရေးအဖွဲ့အစည်းများကို အဘယ်ကြောင့် ကျိန်ဆဲသနည်း။

နောက်တစ်ခုသို့:ဘာသာရေးသင်းအုပ်များနှင့် အကြီးအကဲများသည် ဖာရိရှဲများ၏လမ်းကြောင်းကို လျှောက်နေကြသည်ဟု အဘယ်ကြောင့် ပြောရသနည်း။ သူတို့၏ အနှစ်သာရမှာ အဘယ်နည်း။

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ