အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၁၅။ ဘုရားသခင်ကို ဆန့်ကျင်သည့် ဘာသာရေးလောက၏ အနှစ်သာရကို ခွဲခြားသိမြင်ပုံ

၃) ဘုရားသခင်၏ အသစ်သောအမှုတော် အဆင့်တိုင်းသည် အဘယ်ကြောင့် ဘာသာရေးလောက၏ ပြင်းထန်သည့် ဆန့်ကျင်မှုနှင့် ရှုတ်ချခြင်းကို ရင်ဆိုင်ရသနည်း။ အဓိကအကြောင်းရင်းမှာ အဘယ်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား၊ လူတဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကိုတူးလေ၏။ မှီခိုရာ လင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သောသူတို့ အား ဥယျာဉ်ကိုငှါး၍၊ အခြားသောပြည်သို့သွားလေ၏။ ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှါ သူတို့ရှိရာသို့ ငယ်သားကို စေလွှတ်လေ၏။ ထိုသူသည် ငယ်သားကိုဘမ်းဆီး၍ ရိုက်ပြီးမှ လက်ချည်းလွှတ်လိုက်ကြ၏။ နောက်တဖန်အခြားသော ငယ်သားကိုသူတို့ရှိရာသို့ စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ် သဖြင့်၊ သူ၏ခေါင်းကိုမှန်၍ အယှက်ခွဲပြီးမှ လွှတ်ချလိုက်ကြ၏။ အခြားသောသူငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုသတ်ကြ၏။ အခြားသောငယ်သားများတို့တွင် အချို့ကိုရိုက်ကြ၏။ အချို့တို့ကိုသတ်ကြ၏။ ထိုကြောင့်ဥယျာဉ်ရှင်သည် မိမိ၌ချစ်သားတယောက်တည်းရှိသေးသည်ဖြစ်၍၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို နောက်ဆုံး၌ စေလွှတ်လေ၏။ ဥယျာဉ်စောင့်တို့ကလည်း၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကို သတ်ကြကုန်အံ့။ ထိုသို့ သူ၏ အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်၍၊ ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှသတ်၍ ဥယျာဉ်ပြင်သို့ ထုတ်ပစ်ကြ၏။ သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း၊ သူသည်လာ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင် ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်။” (မာ ၁၂:၁-၉)

“ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည်လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ငါတို့ သည် အဘယ်သို့ပြုလျက်နေကြသနည်း။ ထိုသူသည်များစွာသော နိမိတ်လက္ခဏာကိုပြ၏။ သူ့ကိုဤသို့စေလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကို၎င်း၊ ငါတို့အမျိုးကို၎င်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။...ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှါ တိုင်ပင်ကြံစည်ကြ၏။” (ယော ၁၁:၄၇-၅၃)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အကြောင်းမှာ တစ်ဖက်တွင် ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားမှ အစပြုလာခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင် ဘုရားသခင်ကို မသိနားမလည်ခြင်း၊ ဘုရားသခင့်အမှု၏ စည်းမျဉ်းတို့နှင့် လူသားအပေါ်ထားသည့် သူ၏အလိုတော်ကို နားမလည်ခြင်းတို့မှ အစပြုလာခြင်းဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်သော လူ့သမိုင်းထဲတွင် ယင်းရှုထောင့်နှစ်ခု ပေါင်းစပ်နေ၏။ ယုံကြည်ခြင်း၌ နုနယ်သောသူတို့အနေဖြင့် ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုကြခြင်းမှာ သူတို့ဗီဇသဘာဝထဲတွင် ဆန့်ကျင်ခြင်းသဘောထား ကိန်းအောင်းနေ၍ဖြစ်ပြီး၊ ယုံကြည်ခြင်း၌ နှစ်ပေါင်းများစွာ ကြာလာသောသူတို့က ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုကြခြင်းမှာမူ ထိုသူတို့၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားအပြင် ဘုရားသခင်ကို မသိနားမလည်ခြင်း၏ ရလဒ်ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်” မှ

ဘုရားသခင်၏အမှုသည် ဆက်လက်တိုးတက်လျက်ရှိရာ ယင်းအမှု၏ ရည်ရွယ်ချက်မှာ မပြောင်းလဲဘဲ တည်ရှိနေသော်လည်း အမှုများကို ဆောင်ရွက်သည့် နည်းလမ်းများမှာမူ အစဉ်မပြတ် ပြောင်းလဲလျက်ရှိပြီး ထိုသို့အားဖြင့် ဘုရားသခင်နောက် လိုက်လျှောက်သူများသည်လည်း ပြောင်းလဲလျက်ရှိသည်။ ဘုရားသခင်၏အမှုမှာ များပြားလာသည်နှင့်အမျှ လူသားသည် ဘုရားသခင်ကို နှံ့စပ်စွာ ပိုမိုသိမြင်လာရပြီး သူ၏ စိတ်သဘောထားသည်လည်း ဘုရားသခင်၏အမှုနှင့် လျော်ညီစွာ ပြောင်းလဲလာသည်။ သို့ရာတွင် ဘုရားသခင်၏အမှုမှာ ထာဝစဉ်ပြောင်းလဲနေတတ်သဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မသိသူများနှင့် သမ္မာတရားကိုမသိသူ စိတ်ပျက်ဖွယ် လူသားတို့သည် ဘုရားသခင်ကို ဆန့်ကျင်သူများ ဖြစ်လာကြသည်။ ဘုရားသခင်၏ အမှုသည် မည်သည့်အခါမျှ ဟောင်းနွမ်းမသွားဘဲ အမြဲတမ်းအသစ်သာ ဖြစ်နေသောကြောင့် လူသားတို့၏ အယူအဆများနှင့် မည်သည့်အခါမျှ ကိုက်ညီခြင်းမရှိပါ။ ဘုရားသခင်သည် အမှုဟောင်းကို မည်သည့်အခါမျှ ထပ်မံလုပ်ဆောင်ခြင်း မပြုသည့်အပြင် တစ်ခါမျှ မလုပ်ဆောင်ဖူးသေးသည့် အမှုကိုလည်း တစ်ဟုန်ထိုး လုပ်ဆောင်သည်။ ဘုရားသခင်သည် သူ၏အမှုကို ထပ်ခါတလဲလဲ ပြန်လုပ်ဆောင်ခြင်း မရှိသော်လည်း လူသားက ဘုရားသခင်၏ ယနေ့လက်ရှိအမှုကို ဘုရားသခင်၏ အတိတ်ကအမှုကို အခြေခံလျက် အစဉ်သဖြင့် ဝေဖန်အကဲဖြတ်လေ့ရှိသောကြောင့် ခေတ်ကာလသစ်တစ်ခု၏ အမှုအဆင့်တစ်ဆင့်စီတိုင်းကို ဆောင်ရွက်နိုင်ရန် ဘုရားသခင်အတွက် အလွန့်အလွန်ပင် ခက်ခဲလာသည်။ လူသားက မြောက်မြားလှစွာသော အတားအဆီးများကို ဖြစ်ပေါ်စေလျက်ရှိသည်။ လူသား၏ စဉ်းစားတွေးခေါ်မှုများသည် အလွန်ပင် အမြင်ကျဉ်းမြောင်းလှသည်။ ဘုရားသခင်၏အမှုကို လူတစ်ဦးတစ်ယောက်ကမျှ မသိနားမလည်ဘဲနှင့် ထိုသူအားလုံးက ထိုအမှုကို အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဘုရားသခင်နှင့် ဝေးသည့်နေရာတွင် လူသားသည် အသက်၊ သမ္မာတရားနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးရသည်။ သို့တည်းတိုင် လူသားမှာ လူသားမျိုးနွယ်အပေါ် ဘုရားသခင်ပေးသနားသည့် သာ၍ကြီးမားသော ကောင်းချီးမင်္ဂလာများကို လက်ခံရန် မဆိုထားနှင့်၊ အသက်နှင့် သမ္မာတရားကိုပင် လက်ခံခြင်းမရှိပေ။ လူသားအားလုံးသည် ဘုရားသခင်ကို ရယူလိုကြသော်လည်း ဘုရားသခင်၏ အမှုအတွင်း အပြောင်းအလဲများရှိလျှင်မူ သည်းခံနိုင်ခြင်းမရှိကြချေ။ ဘုရားသခင်၏အမှုသစ်ကို လက်မခံသူများက ဘုရားသခင်၏အမှုသည် အပြောင်းအလဲကင်းမဲ့၍ အစဉ်ထာဝရ လုံးဝဥဿုံရပ်နေသည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်ထံမှ ထာဝရကယ်တင်ခြင်းကိုရရှိရန် လိုအပ်သမျှသော အရာအားလုံးမှာ ပညတ်တော်ကို ထိန်းသိမ်းခြင်းဖြစ်ပြီး၊ မိမိတို့၏အပြစ်များကို နောင်တရပြီး ဝန်ခံနေသရွေ့၊ ဘုရားသခင်၏အလိုတော်ကို ထာဝရကျေနပ်နှစ်သိမ့်မှု ပေးနိုင်လိမ့်မည်ဟု ၎င်းတို့က ယုံကြည်ထားကြသည်။ ဘုရားသခင်သည် ပညတ်တော်အောက်၌ရှိသော ဘုရားသခင်သာလျှင် ဖြစ်နိုင်ပြီး လူသားတို့အတွက် လက်ဝါးကပ်တိုင်ပေါ်တွင် သံမှိုစွဲနှက်ခံခဲ့သော ဘုရားသခင်သာဖြစ်နိုင်သည်ဟု ၎င်းတို့က ထင်မြင်ကြကာ၊ ဘုရားသခင်သည် သမ္မာကျမ်းစာကို မကျော်လွန်နိုင်၊ မကျော်လွန်သင့် ဟူသည်မှာလည်း ၎င်းတို့၏ ထင်မြင်ချက်ပင်ဖြစ်သည်။ အဆိုပါထင်မြင်ချက်များကပင် ၎င်းတို့အား ဥပဒေသဟောင်းများသို့ ခိုင်မြဲစွာ ချုပ်နှောင်ထားစေလျက် တင်းကျပ်သော စည်းမျဉ်းများဖြင့် ချုပ်ချယ်ကန့်သတ်ထားခြင်း ဖြစ်သည်။ ဘုရားသခင်၏ မည်ကဲ့သို့သော အမှုသစ်မဆို ထိုအမှုသည် ဗျာဒိတ်များအရ သက်သေခိုင်လုံစွာ ပြနိုင်ရမည်ဖြစ်ကာ အဆိုပါအမှု၏ အဆင့်တစ်ခုစီတိုင်းတွင် စစ်မှန်သော နှလုံးသားဖြင့် သူ့နောက်တော်သို့လိုက်သောသူ အားလုံးတို့ကိုလည်း ဗျာဒိတ်များပြသရမည်၊ သို့မဟုတ်ပါက ထိုအမှုမှာ ဘုရားသခင်၏ အမှုမဟုတ်နိုင်ဟု ယုံကြည်ကြ၏။ လူသားတို့အတွက် ဘုရားသခင်ကို သိရှိနားလည်လာရန်မှာပင် လွယ်ကူသည့် ကိစ္စတစ်ခု မဟုတ်ပေ။ လူသား၏ စိတ်ပျက်ဖွယ် စိတ်နှလုံးနှင့် စိတ်ကြီးဝင်၍ မိမိသာအရေးပါသည်ဟု ထင်တတ်သော ပုန်ကန်တတ်သည့် သဘာဝဗီဇကိုပါ ထည့်ပေါင်းလိုက်ပါလျှင် ဘုရားသခင်၏အမှုသစ်ကို လက်ခံရန် လူသားအတွက် လုံးဝပို၍ပင်ခက်ခဲပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများထဲတွင် ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်တော်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း” မှ

ဘုရားသခင်၏ အမှုတွင် အသစ်ဖွံ့ဖြိုးတိုးတက်မှုများ အမြဲရှိသောကြောင့် အမှုသစ်ရှိသကဲ့သို့ ခေတ်ကုန်သွားလျက် ဟောင်းသွားသောအမှုလည်း ရှိပေသည်။ ဤအမှုဟောင်းနှင့် အမှုသစ်သည် ဆန့်ကျင်ဘက် မဟုတ်ဘဲ အပြန်အလှန် ပြည့်စုံစေကြကာ အဆင့်တိုင်းသည် ယခင်အဆင့်နောက် စဉ်တိုက်ဖြစ်ပွားသည်။ အမှုသစ်ရှိသောကြောင့် ဟောင်းသောအရာများကို အဆုံးသတ်၍ ဖယ်ရှားရမည်။ ဥပမာ- ကာလကြာရှည်စွာ ကျင့်သုံးနေသော လက်တွေ့ကျင့်သုံးပုံများနှင့် လူတို့အကျင့်ပါလျက် ပြောနေကျစကားများသည် လူ၏နှစ်ပေါင်းများစွာ အတွေ့အကြုံနှင့် သွန်သင်ချက်တို့နှင့် ပေါင်းလိုက်သောအခါ လူတို့၏စိတ်ထဲ၌ အယူအဆအမျိုးမျိုး ဖြစ်လာသည်။ လူ၏ ထိုသို့သော အယူအဆများ ဖြစ်ပေါ်လာပုံထက် ပို၍ အခါအခွင့်သင့်သည်မှာ ရှေးကာလမှ သီအိုရီများ၏ နှစ်ပေါင်းများစွာအတောအတွင်း ပျံ့နှံ့မှုတို့နှင့်ပေါင်းလျက် ဘုရားသခင်သည် မိမိ၏ စစ်မှန်သော မျက်နှာနှင့် ပင်ကိုစိတ်သဘောထားကို ပြည့်ဝစွာ ထုတ်ဖော်ပြရန်ရှိနေသေးသည်ဟူသော အချက်ဖြစ်သည်။ လူတို့ ဘုရားသခင်ကို ယုံကြည်သည့် ကာလတစ်လျှောက်တွင် အယူအဆအမျိုးမျိုး၏ လွှမ်းမိုးမှုက ဘုရားသခင်နှင့်ပတ်သက်၍ ထင်မြင်ယူဆချက်များစွာကို အဆက်မပြတ်ပေါ်ထွက်စေကာ ဆင့်ကဲပြောင်းလဲစေသဖြင့် ဘုရားသခင်ကို အစေခံသည့် ဘာသာရေးသမားများစွာသည် ဘုရားသခင်၏ ရန်သူများ ဖြစ်သွားကြသည်ဟု ပြော၍ရသည်။ ဤသို့ဖြင့် လူတို့၏ ဘာသာရေး အယူအဆများ ပြင်းထန်လေလေ၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်လေလေဖြစ်ပြီး ဘုရားသခင်၏ ရန်သူဖြစ်လေလေပင် ဖြစ်တော့သည်။ ဘုရားသခင်၏အမှုသည် အမြဲအသစ်ဖြစ်၍ ဟောင်းနွမ်းခြင်းမရှိ၊ အယူဝါဒကို မည်သည့်အခါမျှ မဖြစ်ပေါ်စေဘဲ အနည်းနှင့်အများဆိုသကဲ့သို့ အစဉ်မပြတ် ပြောင်းလဲကာ အသစ်ပြုပြင်နေသည်။ ဤအမှုသည် ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားဆိုင်ရာ ဖော်ပြချက်ဖြစ်သည်။ ၎င်းသည် ဘုရားသခင့်အမှုတော်၏ ပင်ကိုနိယာမဖြစ်သကဲ့သို့ ဘုရားသခင်က မိမိ၏စီမံခန့်ခွဲမှုကို ဆောင်ရွက်သည့် နည်းလမ်းများထဲမှတစ်ခု ဖြစ်သည်။ အကယ်၍ ဘုရားသခင်သာ ဤနည်းဖြင့် အလုပ်မလုပ်ခဲ့ပါက လူသည် ပြောင်းလဲလိမ့်မည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို သိနိုင်လိမ့်မည် မဟုတ်၊ စာတန်သည်လည်း ရှုံးနိမ့်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏အမှုထဲတွင် တစ်သမတ်တည်းမဟုတ်ဟု ထင်ရသော်လည်း စင်စစ်အားဖြင့် ပုံမှန်ဖြစ်သော ပြောင်းလဲမှုများ အစဉ်မပြတ် ဖြစ်ပေါ်သည်။ သို့သော် လူက ဘုရားသခင်ကို ယုံကြည်သည့် ပုံစံမှာမူ အတော်အတန် ကွာခြားသည်။ သူသည် ရင်းနှီးကျွမ်းဝင်ပြီးသား အယူဝါဒများနှင့် စနစ်ဟောင်းများကို ဖက်တွယ်ထားပြီး ထိုအရာများ ဟောင်းလေလေ သူ့အတွက် နှစ်လိုဖွယ်ရှိလေလေဖြစ်သည်။ လူ၏မိုက်မဲသောအသိဉာဏ်၊ ကျောက်တုံးကဲ့သို့ မာကျောသော အသိဉာဏ်က ဉာဏ်မမီနိုင်အောင် နက်နဲလှသည့် ဘုရားသခင်၏အမှုသစ်နှင့် နှုတ်ကပတ်တော်သစ်များကို မည်သို့လက်ခံနိုင်မည်နည်း။ လူသည် အမြဲအသစ်ဖြစ်လျက် ဟောင်းနွမ်းခြင်း လုံးဝမရှိသည့် ဘုရားသခင်ကို ရွံမုန်းပြီး ဆံပင်ဖြူ၍ မလှုပ်ရှားနိုင်သည့် ရှေးပဝေသဏီသမျှ ဟောင်းနွမ်းသော ဘုရားသခင်ကိုသာ နှစ်သက်သည်။ ဤသို့နှင့် လူနှင့် ဘုရားသခင်တို့တွင် အကြိုက်တစ်မျိုးစီ ရှိကြသောကြောင့် လူသည် ဘုရားသခင်၏ ရန်သူဖြစ်သွားသည်။ ဤသို့ ဆန့်ကျင်ဘက်ဖြစ်ခြင်း များစွာတို့သည် ဘုရားသခင်က နှစ်ပေါင်းခြောက်ထောင်ခန့် အမှုသစ်ကို ပြုလုပ်လာခဲ့ပြီးချိန်ဖြစ်သော ယနေ့တွင်လည်း တည်ရှိနေသေးသည်။ သို့ဖြစ်၍ ၎င်းတို့ကို ကုစား၍မရပါချေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ယနေ့အမှုကို သိသောသူများသာလျှင် ဘုရားသခင်ကို အစေခံနိုင်သည်” မှ

လူအများအပြားသည် ဘုရားသခင်၏ စုံလင်ကွဲပြားသော အမှုအမျိုးမျိုးကို မသိသောကြောင့်၊ ထို့အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိဉာဏ်နှင့် အယူဝါဒ အနည်းငယ်သာရှိသောကြောင့် ဘုရားသခင်ကို ဆန့်ကျင်၍ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်ပါလော။ ထိုကဲ့သို့သောသူများ၏ အတွေ့အကြုံများသည် အပေါ်ယံသာဖြစ်သော်လည်း ထိုသူတို့သည် သဘောသဘာဝအားဖြင့် မာနထောင်လွှားလျက် စိတ်အလိုလိုက်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ရွံရှာစက်ဆုပ်စရာအဖြစ် သဘောထား၍ သန့်ရှင်းသောဝိညာဉ်တော်၏ စည်းကမ်းများကို လျစ်လျူရှုသည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အတည်ပြုရန် ၎င်းတို့၏ ဟောင်းနွမ်းသော ပေါ့တန်သည့် လျှောက်လဲချက်များကို အသုံးပြုကြ၏။ ထိုသူတို့သည် ဟန်ဆောင်ခြင်းလည်းပြု၍ ၎င်းတို့၏ ကိုယ်ပိုင်အတတ်ပညာနှင့် စာပေကျမ်းဂန်နှံ့စပ်မှုအပေါ်၊ ထို့ပြင် ၎င်းတို့ ကမ္ဘာတစ်ဝှမ်း ခရီးသွားနိုင်စွမ်းအပေါ် လုံးဝယုံကြည်နေကြ၏။ ထိုကဲ့သို့သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်က စက်ဆုပ်မုန်းတီး၍ ငြင်းပယ်သူများ မဟုတ်ပါလော။ ထိုသူများကို ခေတ်သစ်က ဖယ်ရှားလိမ့်မည် မဟုတ်ပါလော။ ဘုရားသခင်၏ ရှေ့မှောက်သို့လာ၍ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် အမြင်တိုသူ လူကလေးများ၊ ၎င်းတို့မည်မျှတော်ကြောင်း ပြရန်သာ ကြိုးစားနေသူများ မဟုတ်ပါလော။ ကျမ်းစာအနည်းအကျဉ်း တတ်ရုံဖြင့် ထိုသူတို့သည် ကမ္ဘာ့ “ပညာရေးလောက” ကို ခွရန်ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံအယူဝါဒဖြင့် ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပြောင်းပြန်လှန်ရန် ကြိုးစားကြသည့်အပြင် ထိုအမှုကို ၎င်းတို့တွေးခေါ်ပုံ နည်းလမ်းအဆင့်ဆင့်၌သာ ဗဟိုပြုထားစေရန် ကြိုးစားကြ၏။ ထို့အပြင် ၎င်းတို့သည် အမြော်အမြင် တိုတောင်းသည့်အတွက် ဘုရားသခင်၏အနှစ် ၆၀ဝ၀ အမှုကို တစ်ချက်ကလေးကြည့်ရန် ကြိုးစားကြ၏။ ထိုသူတို့တွင် စကားပြောစရာ အကြောင်းရင်း တစ်စုံတစ်ရာ မရှိပါတကား။ အကယ်စင်စစ်မူ လူတို့၌ ဘုရားသခင်အကြောင်း အသိဉာဏ်များလေလေ၊ သူ၏အမှုကို ဝေဖန်ရန် နှေးလေလေဖြစ်သည်။ ထို့အပြင် ထိုသူတို့သည် ဘုရားသခင်၏ ယနေ့အမှုအကြောင်း သူတို့၏အသိဉာဏ် အနည်းငယ်ကိုသာ ပြောဆို၏။ သို့သော် ထိုသူတို့သည် ဝေဖန်ရာတွင် အလျင်လိုခြင်း မရှိကြပေ။ လူတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှု နည်းလေလေ၊ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို ယုံကြည်ခြင်းလွန်ကဲမှုတို့ များလေလေဖြစ်၍ ဘုရားသခင်၏ ဖြစ်ခြင်းအကြောင်းကို ဖျက်လိုဖျက်ဆီး ပိုမိုပြောလေလေဖြစ်၏၊ သို့ရာတွင် ထိုသူတို့သည် သဘောတရားများကိုသာ ပြောဆို၍ စစ်မှန်သည့် အထောက်အထားများ လုံးဝမပေးပေ။ ထိုသူတို့တွင် တန်ဖိုးလုံးဝ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ကစားပွဲတစ်ရပ်အဖြစ်သာ မြင်သူတို့သည် ပေါ့တန်သောသူများဖြစ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်နှင့် ကြုံတွေ့သည့်အခါ သတိမထားသူတို့၊ ပါးစပ်စည်းမရှိသူတို့၊ အလျင်အမြန် ဝေဖန်သူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ မှန်ကန်ခြင်းကို ငြင်းပယ်လိုသည့် ၎င်းတို့၏ သဘာဝဗီဇကို လွတ်လပ်ခွင့်ပေးထားသူတို့နှင့် စော်ကားပုတ်ခတ် ပြောဆိုမှုများလည်း ပြုလုပ်သူတို့၊ စသဖြင့် ထိုသို့လေးစားမှုမရှိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအကြောင်း အသိဉာဏ်ကင်းမဲ့သူများ မဟုတ်ပါလော။ ထို့အပြင် ထိုသူတို့သည် မာနထောင်လွှားသူများ၊ နဂိုစိတ်သဘောအရ မာနကြီး၍ ထိန်းမရသူများ မဟုတ်ပါလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ကို ထိုသို့သောသူများ လက်ခံသည့်နေ့ရက် ရောက်လာလျှင်သော်မှ ဘုရားသခင်သည် ထိုသူတို့ကို သည်းခံလိမ့်မည် မဟုတ်ပေ။ ထိုသူတို့သည် ဘုရားသခင်အတွက် အမှုဆောင်သူများအပေါ် အထင်သေးရုံမျှမက ဘုရားသခင်ကိုယ်တိုင်ကိုပင် ပုတ်ခတ်ပြောဆိုကြ၏။ ထိုကဲ့သို့ မိုက်ရူးရဲပြုမူသူများသည် ဤကာလ၌သော်လည်းကောင်း၊ နောက်ကာလ၌သော်လည်းကောင်း ခွင့်လွှတ်ခြင်းခံရမည် မဟုတ်ဘဲ ငရဲတွင် ထာဝရပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ထိုသို့သော လေးစားမှုကင်းမဲ့သူများ၊ စိတ်အလိုလိုက်သူများသည် ဘုရားသခင်ကို ယုံကြည်ဟန်ဆောင်နေကြ၍ ၎င်းတို့ ဟန်ဆောင်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ အုပ်ချုပ်မှုအမိန့်များကို စော်ကားရန် အလားအလာများလေလေ ဖြစ်သည်။ ပင်ကိုအရင်းခံ စိတ်သဘောအရ ထိန်းချုပ်ထားခြင်း မရှိသော၊ တစ်ခါမျှ မည်သူ့ကိုမျှ နာခံခဲ့ဖူးခြင်းမရှိသော ထိုမာနထောင်လွှားသူ အားလုံးတို့သည် ဤလမ်းကြောင်းပေါ်တွင် လျှောက်ကြသည် မဟုတ်ပါလော။ ထိုသူတို့သည် တစ်နေ့ပြီးတစ်နေ့ အစဉ်အသစ်ဖြစ်၍ မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသည့် ဘုရားသခင်ကို ဆန့်ကျင်ကြသည် မဟုတ်ပါလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

ဤအမှုအဆင့်သုံးဆင့်၏ တစ်ဆင့်စီကို ယခင်အဆင့်၏ အခြေခံအုတ်မြစ်အပေါ်တွင် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ကယ်တင်ခြင်းအမှုမှ သီးခြားလွတ်လပ်စွာ လုပ်ဆောင်ခြင်း မဟုတ်ပေ။ လုပ်ဆောင်သည့်ခေတ်နှင့် အမှုအမျိုးအစားတို့မှာ ကြီးမားစွာ ကွဲပြားသော်လည်း လူသားမျိုးနွယ်၏ ကယ်တင်ခြင်းသည် ၎င်း၏ဗဟိုအချက်အချာတွင် ရှိနေဆဲဖြစ်၍၊ ကယ်တင်ခြင်းအမှု၏ အဆင့်တိုင်းသည် ပြီးခဲ့သည်အဆင့်ထက် ပို၍နက်ရှိုင်း၏။ အမှု၏အဆင့်တစ်ဆင့်စီသည် ဖျက်သိမ်းခြင်းမရှိသည့် ပြီးခဲ့သည့်အဆင့်၏ အခြေခံအုတ်မြစ်မှ ဆက်လက်လုပ်ဆောင်ခြင်းဖြစ်၏။ ဤနည်းအားဖြင့် အစဉ်သစ်လွင်လျက် မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသော သူ၏အမှုတွင် ဘုရားသခင်သည် လူသားတို့ကို ယခင်က ဖော်ပြခဲ့ခြင်းမရှိသော သူ၏စိတ်နေသဘောထားကို စဉ်ဆက်မပြတ် ဖော်ထုတ်ပြနေကာ လူသားအား သူ၏အမှုသစ်နှင့် သူ၏ဖြစ်ခြင်းအသစ်ကို အစဉ်ဖော်ထုတ်ပြသနေပြီး၊ ရှေးရိုးစွဲ ဘာသာရေးကိုင်းရှိုင်းသူသည် ဤသည်ကို ခုခံရန် အစွမ်းကုန်ကြိုးစားကာ ထင်ထင်ပေါ်ပေါ်ဆန့်ကျင်သော်လည်း ဘုရားသခင်သည် သူလုပ်ရန်ရည်ရွယ်သည့် အမှုအသစ်ကို အစဉ်လုပ်ဆောင်၏။ သူ၏အမှုသည် အစဉ်ပြောင်းလဲနေလျက်ရှိ၏၊ ဤသည်အတွက်ကြောင့် လူသား၏ ဆန့်ကျင်မှုနှင့် အစဉ်တွေ့ကြုံနေ၏။ သူ၏ စိတ်နေသဘောထားသည်လည်း အစဉ်ပြောင်းလဲနေကာ၊ သူ့အမှု၏ခေတ်နှင့် လက်ခံရရှိသူတို့သည်လည်း အစဉ်ပြောင်းလဲနေ၏။ ထို့အပြင် သူသည် ယခင်က ပြုလုပ်ခဲ့ဖူးခြင်း မရှိသောအမှုကို အစဉ်ဆောင်ရွက်လျက်ရှိကာ ၎င်းနှင့်ဆန့်ကျင်ရန်အတွက် ယခင်တစ်ခါကမျှ မလုပ်ခဲ့ဖူးသောအမှုနှင့် လူသား၏အမြင်တွင် ယခင်က လုပ်ထားသည့်အမှုနှင့် ဆန့်ကျင်ပုံပေါက်သည့် အမှုကိုပင် လုပ်ဆောင်၏။ လူသားသည် အမှုတစ်မျိုးကိုသာ၊ သို့မဟုတ် ကျင့်နည်းတစ်မျိုးကိုသာ လက်ခံနိုင်၏။ လူသားအတွက် ၎င်းတို့နှင့် မကိုက်ညီသော၊ ၎င်းတို့ထက်အဆင့်မြင့်သောအမှု၊ သို့မဟုတ် ကျင့်နည်းများကို လက်ခံရန် ခက်ခဲသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အမှုအသစ်ကို အစဉ်ဆောင်ရွက်နေသဖြင့် ဘုရားသခင်၏ အမှုအသစ်ကို ဆန့်ကျင်သည့် ဘာသာရေး ကျွမ်းကျင်သူများအုပ်စု တစ်စုပြီးတစ်စု ပေါ်ပေါက်၏။ ထိုသူတို့သည် ကျွမ်းကျင်သူများ ဖြစ်လာရခြင်းမှာ အတိအကျအားဖြင့် ဘုရားသခင်သည် အစဉ်အမြဲအသစ်ဖြစ်လျက် မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသည်ကို လူသားသည် လုံးဝမသိရှိသောကြောင့်၊ ထို့ပြင် ဘုရားသခင့်အမှု၏ အခြေခံသဘောတရားများကို လုံးဝမသိသည့်အပြင် ဘုရားသခင်က လူသားကို ကယ်တင်သည့် နည်းများစွာကိုလည်း လုံးဝမသိသောကြောင့် ဖြစ်၏။ ထိုသို့ဖြစ်သောကြာင့် ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်မှလာသည့်အမှုဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်ထံမှ လာသည့်ဖြစ်သည်ဟူ၍ လူသားက လုံးဝဥဿုံ ပြောနိုင်စွမ်းမရှိပါ။ ၎င်းသည် ယခင်က နှုတ်ကပတ်တော်များနှင့် ကိုက်ညီပါက လက်ခံပြီး၊ ယခင်ကအမှုနှင့် ကွဲပြားချက်များရှိပါက ဆန့်ကျင်၍ ငြင်းပယ်သော သဘောထားကို လူအများအပြား ဖက်တွယ်ကြ၏။ ယနေ့ သင်တို့အားလုံးသည် ဤကဲ့သို့သော အခြေခံသဘောတရားများကို လိုက်နာကြသည် မဟုတ်လော။...သင်တို့သည် ဘုရားသခင်၏အမှုကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် ယနေ့အမှုကို တိုင်းတာရန် သင်တို့၏ကိုယ်ပိုင် အယူအဆများကို အသုံးပြုခြင်းမှာ သင်တို့သည် ဘုရားသခင့်အမှု၏ အခြေခံသဘောတရားများကို မသိသောကြောင့်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို လုံလောက်စွာ အလေးအနက် သဘောမထားသောကြောင့်ဖြစ်သည်ကို သိထားလော့။ ဘုရားသခင်အပေါ် သင်တို့၏ဆန့်ကျင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအပေါ် သင်တို့၏ ဟန့်တားပိတ်ဆို့ခြင်းသည် သင်တို့၏ အယူအဆများနှင့် ပင်ကိုအားဖြင့် မာနထောင်လွှားမှုကြောင့်ဖြစ်သည်ကို သိထားလော့။ ဤသည်မှာ ဘုရားသခင်၏ အမှုသည် မှားယွင်းသောကြောင့် မဟုတ်ဘဲ သင်တို့သည် သဘာဝအားဖြင့် နာခံမှုမရှိလွန်းသောကြောင့်သာ ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ယုံကြည်မှုကို တွေ့ရှိပြီးနောက် အချို့သူများသည် လူသားအနေနှင့် မည်သည့်နေရာမှ လာသည်ကိုပင် သေချာစွာ ပြောဆိုနိုင်ခြင်း မရှိသော်လည်း ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော့်အမှု၏ အမှန်များနှင့် အမှားများကို သုံးသပ်သည့် လူသိရှင်ကြား ဟောပြောမှုများကို လုပ်ဝံ့ကြသည်။ ထို့အပြင် ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်ရှိသော တမန်တော်များကို ဆုံးမခြင်းပင်ပြုကြလျက် ဝေဖန်ခြင်းများ၊ မိမိအလှည့်မရောက်မီ ပြောဆိုခြင်းများ ပြုကြ၏။ ၎င်းတို့၏ လူ့သဘာဝသည် နိမ့်ကျလွန်း၍ ထိုသူတို့တွင် အသိစိတ်အနည်းငယ်မျှပင် မရှိပေ။ ထိုကဲ့သို့သောသူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်၏အမှုက ငြင်းပယ်၍ ငရဲ၏မီးများနှင့် လောင်ကျွမ်းခံရမည့်နေ့ ရောက်လာလိမ့်မည် မဟုတ်လော။ ထိုသူတို့သည် ဘုရားသခင်၏အမှုကို မသိသော်လည်း သူ၏အမှုကို ဝေဖန်ကာ မည်သို့အမှုဆောင်ရမည်ကို ဘုရားသခင်အား ညွှန်ကြားရန်လည်း ကြိုးပမ်းကြ၏။ ထိုသို့သော ဆင်ခြင်တုံတရားမရှိသည့် လူတို့သည် ဘုရားသခင်ကို မည်သို့သိနိုင်မည်နည်း။ လူသားသည် ဘုရားသခင်ကို ရှာဖွေ၍ တွေ့ကြုံခံစားသည့် လုပ်ငန်းစဉ်အတွင်း သူ့ကိုသိလာခြင်းဖြစ်၏။ စိတ်ကူးပေါက်သည့်အတိုင်း သူ့ကို ဝေဖန်ခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုမှတစ်ဆင့် ဘုရားသခင်ကို သိလာခြင်း မဟုတ်ပေ။ ဘုရားသခင်အပေါ် လူတို့၏သိခြင်းသည် တိကျမှန်ကန်လေလေ၊ သူ့အပေါ်ဆန့်ကျင်မှု နည်းလေလေဖြစ်၏။ ၎င်းနှင့်ဆန့်ကျင်ဘက်မှာ ဘုရားသခင်အပေါ် လူတို့အသိနည်းလေလေ၊ သူ့ကိုဆန့်ကျင်ရန် အလားအလာများလေလေဖြစ်၏။ သင့်အယူအဆများ၊ သင်၏ဗီဇသဘာဝဟောင်းနှင့် သင်၏လူ့သဘာဝ၊ စရိုက်လက္ခဏာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ သဘောထားအမြင်တို့သည် သင့်အနေနှင့် ဘုရားသခင်အပေါ် ခုခံရာတွင် အသုံးပြုသည့် “ငွေလုံးငွေရင်း” ဖြစ်၍ သင်သည် ဖောက်ပြန်၍ သိက္ခာကျကာ အောက်တန်းကျလေလေ၊ ဘုရားသခင်၏ ရန်သူဖြစ်လေလေ ဖြစ်၏။ အလွန်ဆိုးရွားသော အယူအဆများရှိ၍ မိမိကိုယ်ကို မှန်ကန်သည်ဟုယူမှတ်သော စိတ်နေသဘောထား ရှိသူများသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ ရန်လိုမှုကို ပိုခံရလေဖြစ်၍၊ ထိုကဲ့သို့သောသူများသည် အန္တိခရစ်များဖြစ်ကြ၏။ သင်၏အယူအဆများကို ပြုပြင်ပြောင်းလဲခြင်း မရှိပါက ၎င်းတို့သည် ဘုရားသခင်ကို အစဉ်ဆန့်ကျင်နေလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတရှိလိမ့်မည်မဟုတ်၊ ထို့အပြင် သင်သည် သူ့ထံမှ အစဉ်အမြဲ ဝေးကွာလျက်ရှိလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်” မှ

ဖာရိရှဲတို့ ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း၏ အကြောင်းရင်းကို သင်တို့သိလိုသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိလိုသလော။ သူတို့သည် မေရှိယအကြောင်း စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်နေခဲ့ကြသည်။ ထို့အပြင် မေရှိယလာမည်ဟုသာ သူတို့ယုံကြည်ခဲ့ပြီး အသက်တာ၏ သမ္မာတရားကို မရှာခဲ့ကြ။ ထို့ကြောင့် သူတို့သည် ယနေ့တိုင် မေရှိယကို စောင့်နေဆဲဖြစ်၏။ ထိုသူတို့သည် အသက်လမ်းကို မသိ၊ သမ္မာတရားလမ်းကိုလည်း မသိသောကြောင့် ဖြစ်၏။ ဤသို့ မိုက်မဲ၊ ခေါင်းမာ၍ အသိဉာဏ်ကင်းမဲ့သူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရမည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို သူတို့သည် မည်သို့မြင်နိုင်ကြမည်နည်း။ ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုဦးတည်ရာကို မသိသဖြင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည်။ ဤသည်မှာ ယေရှုပြောသည့် သမ္မာတရားလမ်းကို သူတို့မသိသောကြောင့်ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို နားမလည်ခဲ့သောကြောင့်လည်း ဖြစ်၏။ ထို့အပြင် ထိုသူတို့သည် မေရှိယကို မည်သည့်အခါမျှ မြင်ဖူးခြင်းမရှိ၊ မေရှိယနှင့်အတူ မည်သည့်အခါမျှ အဖော်ပြုခြင်း မရှိခြင်းတို့ကြောင့် မေရှိယ၏အနှစ်သာရကို နည်းမျိုးစုံဖြင့် ဆန့်ကျင်နေစဉ်အခါပင် မေရှိယ၏ နာမအပေါ် အချည်းနှီးသော ချီးကျူးဂုဏ်ပြုမှုကိုပေးပြီး အမှားပြုခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာ၍ ဝင့်ဝါပြီး သမ္မာတရားကို နာခံခြင်းမရှိကြ။ ထိုသူတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခြေခံသဘောတရားမှာ ကိုယ်တော်၏တရားတော် မည်မျှပင်လေးနက်သည်ဖြစ်စေ၊ ကိုယ်တော်၏သြဇာအာဏာ မည်မျှပင်မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု သတ်မှတ်မခံရလျှင် ကိုယ်တော်သည် ခရစ်တော်မဟုတ် ဟူ၍ဖြစ်သည်။ ဤအမြင်များသည် ကြီးကျယ်လွန်း၍ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်” မှ

ခရစ်တော်၏ ဘုရားသဘောသဘာဝမှာ လူသားအားလုံးတို့ အထက်၌ရှိသည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခံ အရာအားလုံးအထဲ၌ သြဇာအာဏာ အမြင့်ဆုံး ဖြစ်သည်။ ယင်းသြဇာအာဏာမှာ သူ၏ဘုရားသဘောသဘာဝဖြစ်ပြီး ယင်းမှာ သူ၏ကိုယ်ပိုင်လက္ခဏာကို ဆုံးဖြတ်ပေးသည့် ဘုရားကိုယ်တိုင်၏ စိတ်သဘောထားနှင့် ဖြစ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ သာမန်လူ့သဘာဝက မည်သို့ပင်ဖြစ်စေကာမူ၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်ကို ငြင်း၍မရပေ၊ မည်သည့်ရပ်တည်ချက်မှမဆို သူပြောဆိုသည်ဖြစ်စေ၊ ဘုရားသခင်၏ အလိုတော်ကို မည်ကဲ့သို့ပင် သူနာခံသည်ဖြစ်စေ၊ ခရစ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်မဟုတ်ဟု မပြောနိုင်ပါ။ မိုက်မဲသူနှင့် အသိဉာဏ်နည်းသောသူတို့က ခရစ်တော်၏ သာမန်လူ့သဘာဝကို အပြစ်အနာအဆာ တစ်ခုကဲ့သို့ မကြာခဏ သဘောထားတတ်ကြသည်။ ခရစ်တော်သည် သူ၏ဘုရားသဘောသဘာဝကို မည်မျှပင်ဖော်ပြပြီး ဖွင့်ပြနေစေကာမူ လူသားတို့က သူသည် ခရစ်တော်ဖြစ်ကြောင်းကို အသိအမှတ် မပြုနိုင်ကြပါ။ ထို့ပြင် ခရစ်တော်သည် သူ၏နာခံခြင်းနှင့် နှိမ့်ချခြင်းတို့ကို သာ၍ဖော်ပြလေလေ၊ မိုက်မဲသူတို့က ခရစ်တော်ကို ပေါ့ပေါ့တန်တန် သဘောထားလေဖြစ်သည်။ သူ့ကို ပထုတ်ပြီး သူ့ကို အထင်သေးသည့် သဘောထားများ မွေးယူကြကာ ထို “ကြီးမြတ်သော လူသားများ” ၏ မြင့်မားသောပုံများကို စားပွဲပေါ်တွင် နေရာပေး၍ ဝတ်ပြု ကိုးကွယ်ကြသောသူ အချို့ပင်ရှိသည်။ လူသားတို့၏ ဘုရားသခင်ကို ဆန့်ကျင်မှုနှင့် မနာခံမှုတို့သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ဂုဏ်ဒြပ်မှာ ဘုရားသခင်၏ အလိုတော်ကို နာခံသည့်အချက်နှင့် ခရစ်တော်၏ သာမန် လူ့သဘာဝမှတစ်ဆင့် လာသည်၊ ဤနေရာ၌ လူသား၏ ဘုရားသခင်ကို ဆန့်ကျင်ခုခံမှုနှင့် မနာခံမှုတို့၏ အရင်းအမြစ်တို့ တည်ရှိသည်။ အကယ်၍ ခရစ်တော်၌ သူ၏လူ့သဘာဝအသွင်လည်းမရှိ၊ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကိုလည်း ဖန်ဆင်းခံတစ်ဦး၏ ရှုထောင့်မှနေ၍ မရှာဘဲ၊ ထိုအစား တန်ခိုးကြီးသော လူ့သဘာဝ ပိုင်ဆိုင်ထားမည်ဆိုပါက၊ မည်သည့် လူသားတစ်ဦးတစ်ယောက်၌မျှ မနာခံခြင်း ရှိမည်မဟုတ်ပါ။ လူသားသည် ကောင်းကင်ဘုံရှိ မျက်မြင်မတွေ့နိုင်သည့် ဘုရားသခင်ကိုသာ အမြဲတမ်း ယုံကြည်ရန် ဆန္ဒရှိနေသည့် အကြောင်းရင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်သည် လူ့သဘာဝ လုံးဝမရှိသည့်အပြင် ဖန်ဆင်းခံတစ်ဦး၏ စရိုက်မျိုး တစ်ခုမျှမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို အကြီးမြတ်ဆုံးအနေဖြင့် အစဉ်အမြဲ သဘောထား တန်ဖိုးထားလေးစားသော်လည်း ခရစ်တော်ကိုမူကား မထီမဲ့မြင်ပြုသည့် သဘောထားမျိုး ရှိတတ်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ

မျက်စိဖြင့်မမြင်ရ၊ လက်ဆုပ်လက်ကိုင်လည်းမပြနိုင်သော ဘုရားသခင်ကို အားလုံးက ချစ်ပြီး ကြိုဆိုကြသည်။ အကယ်၍ ဘုရားသခင်သည် လူတို့မမြင်နိုင်သော ဝိညာဉ်တော်တစ်ပါးသာဖြစ်ပါက လူသားတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်ရန် အလွန်လွယ်ကူသည်။ လူသားသည် မိမိ၏စိတ်ကူးစိတ်သန်းကို ဇက်ကုန်လွှတ်နိုင်ပြီး၊ မိမိကိုယ်ကို ကျေနပ်စေရန်နှင့် ပျော်ရွှင်အောင်ပြုရန် မိမိနှစ်သက်သည့် မည်သည့်ပုံရိပ်ကိုမဆို ဘုရားသခင်၏ ပုံရိပ်အဖြစ် ရွေးချယ်နိုင်သည်။ ဤနည်းအားဖြင့် လူသားသည် မိမိ၏ကိုယ်ပိုင်ဘုရားသခင်က အကြိုက်နှစ်သက်ဆုံးအရာနှင့် မိမိကို ပြုလုပ်စေလိုဆုံး မည်သည့်အရာကိုမဆို သိက္ခာစောင့်စည်းမှု မရှိဘဲနှင့် ပြုလုပ်ကောင်း ပြုလုပ်လိမ့်မည်။ ထို့အပြင် လူသားသည် သူ့ထက်ပို၍ ဘုရားသခင်ကို ပို၍သစ္စာရှိသူ၊ ပို၍ဆပ်ကပ်နိုင်သူ တစ်ဦးမျှမရှိဟု ယုံကြည်ပြီး၊ အခြားသူအားလုံးသည် တစ်ပါးအမျိုးသား ခွေးများဖြစ်ပြီး၊ ဘုရားသခင်အပေါ် သစ္စာမရှိသောသူများဖြစ်သည်ဟု ယုံကြည်သည်။ ဤအရာသည် မိမိတို့၏ ဘုရားသခင်ကို ယုံကြည်မှုမှာ မရေမရာဖြစ်ပြီး အယူဝါဒအပေါ် အခြေခံထားသည့်သူများက ရှာဖွေသည့်အရာဟု ဆိုနိုင်သည်၊ သူတို့ရှာဖွေသောအရာသည် အားလုံးအတူတူသာဖြစ်ပြီး ကွာခြားမှု အနည်းငယ်သာရှိသည်။ သူတို့၏ စိတ်ကူးများထဲမှ ဘုရားသခင်၏ ပုံရိပ်များသည် မတူညီကြခြင်းသာဖြစ်ပြီး၊ သူတို့၏ အနှစ်သာရမှာမူ အကယ်စင်စစ် အတူတူပင်ဖြစ်သည်။

လူသားသည် ဘုရားသခင်အပေါ်ထားသော သူ၏ကြောင့်ကြမဲ့သည့် ယုံကြည်မှုအပေါ် စိတ်ပူပန်မှုမရှိဘဲ မိမိစိတ်ကြိုက် ဘုရားသခင်ကို ယုံကြည်သည်။ ယင်းသည် မည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်သည့် “လူ့အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ” ထဲမှ တစ်ခုဖြစ်သည်၊ အကြောင်းမှာ လူသားသည် အခြားသူ၏ ဘုရားသခင် မဟုတ်ဘဲ မိမိ၏ကိုယ်ပိုင်ဘုရားသခင်ကို ယုံကြည်သောကြောင့်ဖြစ်သည်၊ ယင်းသည် သူ၏ ကိုယ်ပိုင်ပုဂ္ဂလိက ပိုင်ဆိုင်မှုဖြစ်ပြီး လူတိုင်းနီးပါးသည် ဤသို့သော ပုဂ္ဂလိကပိုင်ဆိုင်မှုမျိုးရှိကြ၏။ လူတို့သည် ဤပိုင်ဆိုင်မှုကို အဖိုးထိုက်သော ရတနာတစ်ခုအဖြစ် သတ်မှတ်ကြသော်လည်း ဘုရားသခင်အတွက်မူ ထိုထက် ပို၍နိမ့်ကျသောအရာ၊ သို့မဟုတ် ပို၍အသုံးမကျသောအရာ မရှိတော့ပေ၊ အကြောင်းမှာ လူသား၏ ဤပုဂ္ဂလိက ပိုင်ဆိုင်မှုထက် ဘုရားသခင်အား ဆန့်ကျင်ခြင်းကို ပို၍ရှင်းလင်းစွာပြသသည့်အရာ မရှိသောကြောင့်တည်း။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုကြောင့် ဘုရားသခင်သည် လူသားတို့ တွေ့မြင်၊ ထိတွေ့နိုင်သည့် လက်ဆုပ်လက်ကိုင်ပြနိုင်သော ပုံသဏ္ဌာန်ရှိသည့် ဇာတိခန္ဓာဖြစ်လာခြင်းဖြစ်သည်။ သူသည် ပုံသဏ္ဌာန်မရှိသော ဝိညာဉ်တော်မဟုတ်ဘဲ လူသားအနေဖြင့် ထိတွေ့ဆက်သွယ်ကာ တွေ့မြင်နိုင်သော ဇာတိခန္ဓာဖြစ်သည်။ သို့ရာတွင် လူတို့ယုံကြည်သည့် ဘုရားအများစုသည် ပုံသဏ္ဌာန်ကင်းမဲ့သော၊ ဇာတိခန္ဓာမရှိသည့် နတ်ဘုရားများဖြစ်ပြီး၊ ၎င်းတို့မှာ စိတ်ကြိုက်ပုံသဏ္ဌာန်နှင့်လည်း ဖြစ်နေသည်။ ဤသို့ဖြင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် ဘုရားသခင်ကို ယုံကြည်သောသူ အများစု၏ ရန်သူဖြစ်လာပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခဲ့သည်ဟူသော အချက်ကို လက်မခံနိုင်သည့် သူများသည်လည်း ထိုနည်းတူပင် ဘုရားသခင်၏ ရန်ဘက်များဖြစ်လာကြသည်။ လူသား၌ အယူအဆများရှိနေသည်မှာ သူ၏စဉ်းစားမှုပုံစံ၊ သို့မဟုတ် သူ၏ပုန်ကန်တတ်မှုကြောင့် မဟုတ်ဘဲ လူသား၏ ဤပုဂ္ဂလိကပိုင်ဆိုင်မှုကြောင့်ဖြစ်သည်။ ဤပိုင်ဆိုင်မှုကြောင့် လူအများစုသည် သေဆုံးကြပြီး၊ ထိတွေ့၍မရ၊ မမြင်တွေ့နိုင်၊ မတည်ရှိသော မရေရာသည့် ဤဘုရားကသာလျှင် အမှန်တကယ်တွင် လူသား၏အသက်တာကို ဖျက်ဆီးနေခြင်း ဖြစ်သည်။ လူ၏အသက်တာသည် လူ့ဇာတိခံယူသော ဘုရားသခင်ကြောင့် ဆုံးရှုံးပျက်စီးရခြင်း မဟုတ်ပေ၊ ကောင်းကင်ဘုံရှင် ဘုရားသခင်ကြောင့် ပျက်စီးရခြင်းလည်း သာ၍မဟုတ်ပေ၊ ထိုသို့ဖြစ်ရခြင်းမှာ လူ၏ ကိုယ်ပိုင်စိတ်ကူးထဲမှ ဘုရားကြောင့်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ

လူသားများအားလုံးသည် ယေရှု၏ မျက်နှာတော်အစစ်ကို မြင်လိုကြပြီး သူနှင့်အတူ ရှိလိုကြ၏။ ယေရှုကို မမြင်လို သို့မဟုတ် သူနှင့်အတူ မရှိလိုပါဟု မည်သည့်ညီအစ်ကိုမောင်နှမ တစ်ဦးတစ်ယောက်ကမျှ ပြောမည်မဟုတ်ကြောင်း ငါယုံကြည်သည်။ ယေရှုကို သင်တို့မမြင်ဖူးမီ၊ ဆိုလိုသည်မှာ လူဇာတိခံယူထားသော ဘုရားသခင်ကို သင်တို့မမြင်ဖူးမီ၊ သင်တို့တွင် ဥပမာအားဖြင့် ယေရှု၏ပုံပန်း၊ သူ၏စကားပြောပုံ၊ သူ၏ဘဝနေထိုင်ပုံ အစရှိသည်တို့အပေါ် ထင်မြင်ချက်မျိုးစုံ လက်သင့်ခံထားနိုင်ဖွယ်ရှိသည်။ သို့ရာတွင် သင်တို့သည် သူ့ကို အမှန်တကယ်မြင်ရသည့်အခါ သင်တို့၏ ထင်မြင်ချက်များသည် လျင်မြန်စွာ ပြောင်းလဲသွားလိမ့်မည်။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ သင်တို့သိလိုသလော။ လူသား၏သဘောထားကို လျစ်လျူရှု၍ မရသည်မှာ မှန်သော်လည်း၊ ခရစ်တော်၏အနှစ်သာရကို လူသားက ပြောင်းလဲရန်မှာ ပို၍ပင် သည်းမခံနိုင်စရာဖြစ်သည်။ သင်တို့သည် ခရစ်တော်ကို ထာဝရအသက်ရှင်သောသူ သို့မဟုတ် ပညာရှိဟု မှတ်ယူသော်လည်း ခရစ်တော်အား ဘုရားသဘောသဘာဝ၏ အနှစ်သာရကို ပိုင်ဆိုင်ထားသော သာမန်လူဟု မည်သူကမျှ မှတ်ယူခြင်းမရှိ။ ထိုအတိုင်းဆိုလျှင် ဘုရားသခင်ကို မြင်တွေ့ရန် နေ့ရောညပါ တောင့်တကြသူအများအပြားသည် အကယ်စင်စစ် ဘုရားသခင်၏ရန်သူများဖြစ်ပြီး သူနှင့် သဟဇာတမဖြစ်ကြပေ။ ဤသည်မှာ လူသားဘက်က အမှားမဟုတ်ပေသလော။ ယခုတိုင်အောင် သင်တို့သည် သင်တို့၏ယုံကြည်ချက်နှင့် သစ္စာစောင့်သိမှုတို့နှင့်ဆိုပါက ခရစ်တော်၏မျက်နှာတော်ကို ရှုမြင်ထိုက်ရန် လုံလောက်သည်ဟု ထင်နေကြဆဲဖြစ်သည်။ သို့သော် ပို၍လက်တွေ့ကျသောအရာများဖြင့် မိမိကိုယ်ကို ပြင်ဆင်ထားကြရန် သင်တို့ကို ငါတိုက်တွန်းပေ၏။ အကြောင်းမူကား အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ခရစ်တော်နှင့်ထိတွေ့ဆက်ဆံခဲ့သူ အများအပြားမှာ ကျရှုံးခဲ့ကြသည် သို့မဟုတ် ကျရှုံးကြလိမ့်မည် ဖြစ်သောကြောင့်ဖြစ်သည်၊ ထိုသူတို့အားလုံးသည် ဖာရိရှဲတို့၏အခန်းကဏ္ဍမှ ပါဝင်ကြ၏။ သင်တို့ကျရှုံးရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ ဤသည်မှာ သင်တို့၏အယူအဆများထဲတွင် ကြီးမြတ်ထည်ဝါပြီး ကြည်ညိုလေးစားထိုက်သော ဘုရားသခင်တစ်ပါး ရှိနေခြင်းကြောင့်သာလျှင် ဖြစ်သည်။ သို့သော် အမှန်တရားမူကား လူသား၏အလိုအတိုင်းမဟုတ်။ ခရစ်တော်သည် ကြီးမြတ်ထည်ဝါခြင်းမရှိရုံသာမက သူသည် အထူးသဖြင့် သေးသိမ်၏။ သူသည် လူသားဖြစ်ရုံသာမက သာမန်လူသားတစ်ဦးဖြစ်၏။ သူသည် ကောင်းကင်ဘုံသို့ တက်ကြွသွားနိုင်ခြင်း မရှိရုံသာမက မြေကြီးပေါ်၌ပင် လွတ်လပ်စွာ သွားလာနိုင်ခြင်းမရှိ။ ထိုသို့ဖြစ်သောကြောင့် လူများက “စစ်မှန်သောခရစ်တော်” ကြွလာရန် စောင့်စားနေဆဲ အချိန်ကာလတစ်လျှောက်တွင် သူ့အား သာမန်လူတစ်ဦးကို ဆက်ဆံရသကဲ့သို့ ဆက်ဆံကြ၏၊ သူနှင့်အတူရှိစဉ် သူ့ကို ပေါ့ပေါ့တန်တန် ဆက်ဆံကြပြီး သူ့ကို ဂရုမစိုက်ဘဲ ပြောဆိုကြ၏။ သင်တို့သည် ကြွလာပြီးသော ခရစ်တော်ကို သာမန်လူတစ်ဦးကဲ့သို့ သဘောထားပြီး သူ၏နှုတ်ကပတ်တော်များကို သာမန်လူတစ်ဦး၏စကားကဲ့သို့ မှတ်ယူ၏။ ဤအကြောင်းကြောင့် ခရစ်တော်ထံမှ မည်သည့်အရာကိုမျှ သင်တို့မရရှိသည့်အပြင် သင်တို့၏အကျည်းတန်မှုကို အလင်းတွင် လုံးဝမြင်သာအောင် ပြသခဲ့ပြီဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်” မှ

စာတန်၏ လူသားကို ဖျက်ဆီးခြင်းသည် လူသား၏ ဘုရားသခင်ကို အတိုက်အခံပြုခြင်းနှင့် ပုန်ကန်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ လူသားသည် စာတန်၏ ဖျက်ဆီးမှုကို ခံထားရသောကြောင့် လူ့အသိဉာဏ်ထုံသွားကာ၊ ကိုယ်ကျင့်တရား ယိုယွင်းပြီး သူ၏အတွေးများ ဆုတ်ယုတ်သွား၍ သူ၌ ခေတ်နောက်ကျော့သော စိတ်ပိုင်းဆိုင်ရာ ရှုမြင်ပုံလည်း ရှိလာသည်။ စာတန်၏ ဖျက်ဆီးခြင်းမခံရမီ လူသားသည် သဘာဝအားဖြင့် ဘုရားသခင်နောက်လိုက်ကာ သူ၏နှုတ်ကပတ်တော်ကို ကြားပြီးနောက် ၎င်းတို့ကို နာခံခဲ့သည်။ သူ၌ ပင်ကိုအားဖြင့် ယုတ္တိတန်သော အသိစိတ်နှင့် အသိတရားရှိခဲ့ပြီး ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ခဲ့သည်။ စာတန်၏ ဖျက်ဆီးမှုကိုခံရပြီးနောက် သူ၏နဂိုအသိစိတ်၊ နဂိုအသိတရားနှင့် လူ့သဘာဝသည် ထုံထိုင်းသွားကာ စာတန်၏ ထိခိုက်စေခြင်းကို ခံခဲ့ရသည်။ ထိုကြောင့် သူသည် ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်အပေါ်ချစ်ခြင်း ပျောက်ဆုံးခဲ့ရသည်။ လူ့အသိစိတ် မူမမှန်ဖြစ်လာကာ၊ သူ၏စိတ်သဘောထားသည် တိရိစ္ဆာန်၏ စိတ်သဘောထားနှင့် တူလာ၍ ဘုရားသခင်ကို သူ၏ပုန်ကန်ခြင်းသည် သာ၍ပင် အကြိမ်ရေစိပ်လာကာ သာ၍ပြင်းထန်လာသည်။ သို့ပါလျက် လူသားသည် ထိုအခြင်းအရာကို သိမှတ်ခြင်း၊ ရိပ်မိခြင်းမရှိဘဲ မဆင်မခြင် ဆန့်ကျင်ပုန်ကန်ခြင်းသာ ပြုလေသည်။ လူသား၏ စိတ်သဘောထားကို ဖွင့်ပြခြင်းသည် လူ့အသိစိတ်၊ ထိုးထွင်းသိမြင်စွမ်းနှင့် အသိတရားတို့ကို ထုတ်ဖော်ပြခြင်းဖြစ်သည်၊ ထို့ပြင် သူ၏အသိစိတ်နှင့် ထိုးထွင်းအမြင်တို့သည် အကောင်းပကတိ မဟုတ်တော့သည်သာမက သူ၏အသိတရားသည် အလွန်အမင်း ထိုင်းမှိုင်းလာခြင်းကြောင့် သူ့စိတ်သဘောထားသည် ဘုရားသခင်ကို ပုန်ကန်ခြင်းဖြစ်သည်။...

ဖောက်ပြန်ပျက်စီးသော လူ့စိတ်သဘောထားကို ဖွင့်ပြသော အကြောင်းရင်းသည် အခြားမဟုတ်၊ သူ၏ထုံထိုင်းသောအသိတရား၊ မလိုမုန်းထားသော သဘာဝနှင့် ယုတ္တိမတန်သော အသိစိတ်တို့ဖြစ်သည်၊ အကယ်၍ လူသား၏ အသိတရားနှင့် အသိစိတ်သည် နဂိုအခြေအနေ ပြန်လည်ရရှိပါက၊ ဘုရားသခင်ရှေ့တွင် အသုံးခံထိုက်သူ ဖြစ်လာပေမည်။ လူသားသည် ဘုရားသခင်ကို တိုး၍ပုန်ကန်လာကာ၊ ယေရှုကို ကားတိုင်တွင် သံနှင့်ရိုက်၍ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်ကို သူ့အိမ်သို့ ဝင်ခွင့်ပိတ်ပင်သည်သာမက၊ ဘုရားသခင်၏ ဇာတိခန္ဓာကို ရှုတ်ချကာ၊ ထိုဇာတိခန္ဓာကို စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍ အောက်တန်းကျသည်ဟု ရှုမြင်သည့်အထိ ပြင်းထန်လာခြင်းသည် လူ့အသိတရား ထုံမြဲထုံခြင်း၊ လူ့အသိစိတ် လူစဉ်မမီသည့်အပြင် ပို၍ပို၍ ထိုင်းမှိုင်းခြင်းကြောင့် ဖြစ်သည်။ အကယ်၍ လူသား၌ လူ့သဘာဝ အနည်းငယ်မျှ ရှိခဲ့သော် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာကို ထိုသို့ရက်စက်စွာ ဆက်ဆံမည်မဟုတ်ပေ၊ အကယ်၍ သူ၌ အသိစိတ် အနည်းငယ်ရှိခဲ့သော် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာအပေါ် အလွန်ရက်စက်ခဲ့လိမ့်မည် မဟုတ်ပေ၊ အကယ်၍ သူ၌ အသိတရား အနည်းငယ်မျှ ရှိခဲ့လျှင်လည်း လူ့ဇာတိခံယူသော ဘုရားသခင်ကို ထိုနည်းဖြင့် အလွန် “ကျေးဇူးတင်” ခဲ့လိမ့်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင် လူ့ဇာတိခံယူသော ကာလတွင် အသက်ရှင်လျက် ထိုကဲ့သို့ ကောင်းမွန်သော အခွင့်အရေးကိုပေးခဲ့သူ ဘုရားသခင်အား ကျေးဇူးမတင်နိုင်ရုံသာမက၊ ဘုရားသခင် ကြွလာခြင်းကို ကျိန်ဆို၏၊ သို့မဟုတ် ဘုရားသခင် လူ့ဇာတိခံယူခြင်းကို လုံးဝဂရုမစိုက်သည့်အပြင် ဆန့်ကျင်ခြင်းနှင့် ငြီးငွေ့ခြင်းသာလျှင် ရှိခဲ့သည်။ ဘုရားသခင် ကြွဆင်းလာခြင်းကို လူသားသည် မည်သို့သဘောထားသည်ဖြစ်စေ၊ လူသားသည် ဘုရားသခင်ကို စိုးစဉ်းမျှ ကြိုဆိုခြင်း မရှိဘဲ၊ သူ့ထံမှ မဆင်မခြင် တောင်းဆိုခြင်းမျိုးကို ပြုလုပ်တတ်သော်ငြားလည်း၊ ရှင်းရှင်းပြောရလျှင် ဘုရားသခင်သည် အစဉ်အမြဲပင် မိမိအမှုတော်ကို မတွန့်မဆုတ် ဆောင်ရွက်ခဲ့သည်။ လူ့စိတ်သဘောထားသည် အလွန်ရက်စက်တတ်လာ၍၊ သူ့အသိစိတ်သည် အလွန်ထိုင်းမှိုင်းလာကာ၊ သူ၏အသိတရားသည်လည်း နတ်ဆိုး၏ လုံးဝနင်းခြေဖျက်ဆီးမှုကို ခံခဲ့ရ၍ ကြာမြင့်စွာကတည်းကပင် လူ၏နဂိုအသိတရား မဟုတ်တော့ပါ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်နှင့် ရန်ဘက်ပြုခြင်းဖြစ်သည်” မှ

ယခင်က:ဘာသာရေးသင်းအုပ်များနှင့် အကြီးအကဲများသည် ဖာရိရှဲများ၏လမ်းကြောင်းကို လျှောက်နေကြသည်ဟု အဘယ်ကြောင့် ပြောရသနည်း။ သူတို့၏ အနှစ်သာရမှာ အဘယ်နည်း။

နောက်တစ်ခုသို့:ဘာသာရေး သင်းအုပ်များနှင့် အကြီးအကဲများကို ဘုရားသခင်မှ အမှန်တကယ် ခန့်ထားခြင်းလော။ ဘာသာရေးသင်းအုပ်များနှင့် အကြီးအကဲများကို လက်ခံပြီး နာခံခြင်းက လူတစ်ဦး၏ ဘုရားသခင်အား နာခံပြီး လိုက်လျှောက်ခြင်းအား ကိုယ်စားပြုနိုင်ပါသလော။ ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ